ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 370K 14.8K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

Extra-13( အကယ်၍)

6.7K 998 23
By Rozu_roro

Unicode

ဝေ့လျန်နှင့် သူ့သူငယ်ချင်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သူတို့မျက်စိရှေ့က အခြေအနေကို နားမလည်နိုင်ဖြစ်နေကြ၏။

ဘာတွေတုန်း?

ရှီယွင်နန်နဲ့ လော့လင်းရှန်းက တစ်ယောက်နဲ့ တစ်ယောက်သိနေကြတာလား? အဲ့လိို မဖြစ်နိုင်လောက်ဘူးလေ။

အခုအခြေအနေအရဆို သူတို့က ဧည့်ခံပွဲလာတဲ့ ဧည့်သည်တွေ၊ ရှီယွင်နန်ကတော့ စားပွဲထိုးလေ။ အဲ့ဒါဆို ဘယ်လိုလုပ် သူ့ကို မျက်နှာသာ ပေးနေရတာလဲ?

ဝေ့လျန်တစ်ယောက် နှုတ်ခမ်းထောင့်နားမှ နာကျင်မှုကို ခံစားလိုက်ရကာ ဒေါသပိုထွက်လာတော့သည်။ "သခင်လေးလော့ မှားပြောမိတာလား?"

အခု ရှီယွင်နန်ကသာ သူတို့ကို အသေရိုက်ခဲ့တယ်ဆိုတာ သိသာနေတာကြီးလေ! ဒီလိုဖရိုဖရဲအခြေအနေဖြစ်အောင်လုပ်ခဲ့တဲ့ သူကသာ တာဝန်ယူရမှာ မဟုတ်ဘူးလား?

လော့လင်းရှန်း ထိုစကားကိုကြားသည့်အခါ၊ သူက ရှီယွင်နန်အား သူ့နောက်ကို ပို့ကာ ကာကွယ်ပြောဆိုပေးတော့သည်။ "မင်းတို့နှစ်ယောက်လုံး၊ ဒီဧည့်ခံပွဲရဲ့အိမ်ရှင်က လော့မိသားစုဆိုတာ အခုထိ နားမလည်ကြသေးဘူးထင်တယ်။"

နောက်တမျိုးပြောရရင် လော့လင်းရှန်းဆိုတဲ့ သူကသာ ဘယ်ဧည့်သည်က နေရမယ် မနေရဘူးဆိုတာကို ဆုံးဖြတ်ခွင့်ရှိသူပင်။

ဝေ့လျန်တစ်ယောက် လော့လင်းရှန်း၏ မကျေမနပ် မျက်နှာထားကို သတိပြုမိသွားပြီး ခုနကလို မမောက်မာရဲတော့ဘဲ ခဏတာ ဘာမှ မပြောနိုင်ဖြစ်သွားတော့၏။

သူ့ဘေးတွင်ရပ်နေသော သူငယ်ချင်းက ပိုပါးနပ်လေသည်။ သူက ဝေ့လျန်နားသို့ တိုးတိုးလေးကပ်ပြောလာသည်။ "ဝေ့လျန် ထားလိုက်တော့။ လော့လင်းရှန်းက ရှီယွင်နန်ကို ကာကွယ်ပေးချင်နေတာ အသိအသာကြီး။ ငါတို့အခြေအနေနဲ့ဆို သူ့ကို နိုင်မှာ မဟုတ်ဘူး..."

ကိစ္စကြီးသွားပါက မကောင်းပါချေ။

ဝေ့လျန်မှာ အကြောင်းစုံကို မသိသော်လည်း လော့လင်းရှန်း၏ တဖြည်းဖြည်းအေးစက်တင်းမာလာသည့် မျက်နှာထားကို မြင်သည့်အခါ စိုးရိမ်တကြီး တံတွေးမျိုချမိလိုက်သည်။ "နားလည်မှုလွဲနေကြတာပါ။"

"နားလည်မှုလွဲတာလောက်ပဲဆိုမှတော့ လူသိရှင်ကြား ပြောနေစရာ မလိုတော့ဘူး။" လော့လင်းရှန်းက ထပ်မလျှော့တမ်းပြောလိုက်သည်။

သူက သူရှေ့ရှိ လူနှစ်ယောက်၏ မျက်နှာကို စိုက်ကြည့်ကာ သရော်လိုက်သေး၏။ "မဟုတ်ရင် သူများကို အနိုင်ကျင့်လေ ဂုဏ်သိက္ခာပိုကျလေပဲ။ ဒီကသခင်လေးနှစ်ယောက်လည်း ရှင်းရှင်းလင်းလင်း သိလောက်မှာပါ။"

ဝေ့လျန်တစ်ယောက် သူ့အတွက် ဆိုးကျိုးသာဖြစ်လာမည့်ကိစ္စတွေကို တွေးတောရင်း နှလုံးခုန်နှုန်းမြန်လာတော့သည်။

"ဒါ..ဒါလေးက အသေးအမွှားပါပဲ၊ စိုးရိမ်စရာ မလိုပါဘူး။"

ထိုစကား ပြောပြီးနောက် သူနှင့် သူ့သူငယ်ချင်းမှာ ထိုကံမကောင်းသည့် နေရာကနေ အမြန် ပြေးထွက်သွားကြတော့သည်။

ထိုနှစ်ယောက် တဖြည်းဖြည်း အဝေးရောက်သွားမှသာ လော့လင်းရှန်းက နောက်လှည့်လာပြီး ရန်ပွဲတွင် ပါသည့် နောက်တစ်ယောက်ကို စိုက်ကြည့်လာ၏။

"မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ? ဘယ်လိုဖြစ်ပြီး ရန်ဖြစ်ရတာလဲ?"

ရှီယွင်နန် နှုတ်ခမ်းကို မဲ့ကာ လိပ်ပြာမလုံစွာဖြင့် အကြည့်လွှဲလိုက်သည်။ "ကျွန်တော့်အတွက် စိတ်မပူနဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှုံးတာမှ မဟုတ်တာ။"

လော့လင်းရှန်းတစ်ယောက် ရှီယွင်နန်၏ အဝတ်အစားနှင့် သနားစရာကောင်းသည့် မျက်နှာလေးကို မြင်သည့်အခါ ဒေါသထွက်ကာ ရယ်လုနီးပါးပင်။ "ရှီယွင်နန် အခု ငါက ရန်ပွဲနိုင်တာရှုံးတာကို စိတ်ပူနေလို့လား? မင်းအိမ်မှာ စာမလုပ်ဘဲ ဘယ်လိုလုပ် ဒီမှာ စားပွဲထိုး လာလုပ်နေရတာလဲ?"

ရှီယွင်နန် လော့လင်းရှန်းအား မော့ကြည့်လိုက်၏။ သူ့ရင်ထဲရှိ သိမ်ငယ်စိတ်မှာ တလှိုင်လှိုင်တက်လာတော့သည်။

"ဟုတ်တယ်! လစာနည်းနည်းလေးရဖို့ ကျွန်တော်ဒီကို လာရတယ်။ ခင်ဗျားနဲ့ ချန်အိမ်တော်က သမီးကို တွေ့လိုက်ရရုံတင်မကဘူး ဝေ့လျန်လှောင်ပြောတာပါ ခံလိုက်ရတယ်!"

"ကျွန်တော်သာ ဒီကို မလာရင် ခင်ဗျားနဲ့ ကျွန်တော်ကြား ဘယ်လောက်ကွာခြားတယ်ဆိုတာကို သိလိုက်မှာ မဟုတ်ဘူး..." သူစကားပြောတာ ခဏရပ်လိုက်ပြီး လေသံကို လျှော့လိုက်သည်။

လော့လင်းရှန်း မသိမသာ မျက်မှောင်ကြုတ်မိသွား၏။

ရှီယွင်နန် နောက်သို့ ခြေတလှမ်းဆုတ်ကာ ရောင်ကိုင်းနေတဲ့ သူ့နှာခေါင်းလေးအား ကိုင်လျက်ဆက်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း သန်ဘက်ခါဆို ကျောင်းတက်ရတော့မှာပဲ။ အခုပြန်တာနဲ့ အထုပ်တွေ အကုန် သိမ်းထားလိုက်မယ်။ ခင်ဗျား စိတ်မပူစေရဘူး။"

သူက သူ့ခံစားချက်များကို ဖုံးကွယ်ရန် ခေါင်းလေးကို ငိုက်စိုက်ထားရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်လေသည်။ "ဘာကို တက္ကသိုလ်တက်မှ တွဲမယ့်ကိစ္စ ပြောမှာလဲ? နောက် ကျွန်တော်စိတ်ကျေနပ်အောင် ကလေးတစ်ယောက်ကို ချွေးသိပ်တဲ့စကားတွေမျိုး ခင်ဗျားပြောစရာ မလိုတော့ဘူး။"

တစ်ယောက်နဲ့ တစ်ယောက် သဘောကျတော့ကော ဘာအရေးလဲ?

မလိုက်ဖက်ရင် မလိုက်ဖက်ရုံပဲပေါ့။

ရှီယွင်နန် ထိုစကားများကို ပြောပြီးနောက် လှည့်ထွက်သွားလိုက်၏။ သူခြေလှမ်း နှစ်လှမ်းတောင် မလှမ်းလိုက်ရခင်မှာပဲ ရုတ်တရက် လော့လင်းရှန်း ပြန်ဆွဲတာကို ခံလိုက်ရသည်။

သူ့ကိုယ်လေး လေထဲမြှောက်တက်သွားသည့် အခါမှာတော့ ရှီယွင်နန်တစ်ယောက် လန့်ဖျတ်သွားပြီး လော့လင်ရှန်း သူ့ကို ချီသယ်ထားမှန်း သိလိုက်ရလေသည်။

"လော့...လော့လင်းရှန်း?" ရှီယွင်နန်၏ မထီမဲ့မြင်လုပ်တဲ့ အပြုအမူလေးမှာ ချက်ချင်းပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး ကလေးလေးတစ်ယောက်လို ထိတ်လန့်တကြား အော်မိတော့သည်။ "အောက်ချပေး!"

"ရှင်းရှင်းလင်းလင်းဖြေရှင်းဖို့ တခြားနေရာကို သွားကြမယ်။ မင်းထပ်ပြဿနာရှာရဲရင်တော့ လူတွေအားလုံး အာရုံစိုက်မိသွားမှ ကိုယ့်ကို လာအပြစ်မတင်နဲ့။"

လော့လင်းရှန်းက အလျှော့မပေးဘဲ သူ့တင်ပါးလေးကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

"ရှီယွင်နန် ကိုယ်မင်းကိုပြောထားမယ်၊ ကိုယ့်မိဘတွေ၊ ကိုယ်အစ်မ၊ ကိုယ့်ယောက်ဖ၊ အမျိုးတွေအားလုံး ဒီမှာရှိတယ်။ သူတို့အားလုံး မင်းကို တကြိမ်တည်းနဲ့ မှတ်မိသွားအောင် မင်းလုပ်လိုက်မယ်ဆိုလဲ ကိုယ်ဘယ်လိုမှ နေမှာ မဟုတ်ဘူးနော်။"

"...."

ရှီယွင်နန်တစ်ယောက် ဘာကြောင့်မှန်းမသိ ရှက်သွေးဖြာသွားတော့လေသည်။

သူတို့နှစ်ဦးမှာ သုံးလနီးပါး တမိုးအောက်တည်းတွင် နေခဲ့ကြသော်လည်း စကားပြောဖို့ အချိန်သိပ်မရခဲ့ကြ။ မီးပြတ်သွားသည့်နေ့ တခုတင်တည်းတွင် တရင်းတနှီး အိပ်ခဲ့ရသည့် အချိန်မှလွဲ ဘာမှမဖြစ်ခဲ့ကြပေ။

လော့လင်းရှန်းဆိုသည်မှာ စကားပြောတိုင်း အမြဲ အေးဆေးတည်ငြိမ်သူဖြစ်ပြီး အခုလိုအခိုက်အတန့်မျိုး တကြိမ်တခါမျှတောင် မဖြစ်ဖူးခဲ့ပါချေ။

သူပုံစံမှာ ဒေါသထွက်နေသော်လည်း ရှီယွင်နန်အပေါ် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရဲသည့်အတိုင်း ရိုက်ချက်မှာ ငြင်သာလွန်းလှ၏။

လော့လင်းရှန်းမှာ လော့အိမ်တော်ကြီးနှင့် အကျွမ်းတဝင်ရှိသူ ဖြစ်တာကြောင့် သူက ဧည့်ခံပွဲကျင်းပနေသော အဓိကအိမ်တော်ကြီးကို ကွေ့ပတ်ကာ ရှီယွင်နန်အား အနောက်ဘက်ရှိ သီးသန့်ဗီလာသို့ ခေါ်ဆောင် သွားလိုက်လေသည်။

အနီးအနားမှ ဖြတ်သွားသူမှာ လော့လင်းရှန်းအား မှတ်မိသွား၏။ "သခင်လေး..."

ခုနကထိ ရုန်းနေသည့် ရှီယွင်နန်မှာ လန့်ဖျတ်သွားပြီး လိပ်လေးအတိုင်း သူ့ခေါင်းလေးကို လော့လင်းရှန်း လက်မောင်းထဲတွင် မြှုပ်နှံထားလိုက်တော့သည်။

"ဦးလေးချင် ကျွန်တော်ကိစ္စလေးရှိလို့ လောလောဆယ်တော့ ကျွန်တော့်မိဘတွေကို မပြောပါနဲ့။" လော့လင်းရှန်းက အမိန့်စကား ပြောပြီးနောက် ချက်ချင်းပင် ဗီလာထဲသို့ ဝင်သွားတော့လေသည်။

"ဟို..ဒါက.."

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ စတုတ္ထအိမ်တော်၏ အိမ်တော်ထိန်းဖြစ်သူ ဦးလေးချင်မှာ ပုံရိပ်ယောင်တွေ မြင်ယောင်နေတာများလားလို့ တွေးမိသွားသည်။ ဘယ်လိုရည်ရွယ်ချက်ကြောင့်များ သခင်လေးက ကောင်လေးတစ်ယောက်ကို အိမ်ထဲ ချီခေါ်လာရတာလဲ?

ဘယ်လိုပဲဖြစ်ဖြစ် လော့လင်းရှန်းဆိုတာ ငယ်ငယ်လေးကတည်းက တာဝန်ယူတတ်သူမလို့ မဖွယ်မရာ ကိစ္စမျိုးတော့ မလုပ်နိုင်လောက်။

ဦးလေးချင်တစ်ယောက် သိချင်စိတ်ကို မျိုသိပ်ကာ သခင်လေး၏ အမိန့်အတိုင်း ထိုမြင်ကွင်းကို မမြင်ချင်ယောင် ဆောင်နေလိုက်တော့သည်။

.....

တံခါးမကြီးမှာ ဆောင့်ပိတ်သွားလေသည်။

ရှီယွင်နန်တစ်ယောက် မူးဝေသလို ခံစားလိုက်ရပြီး ဆိုဖာပေါ်တွင် ပုံလျက်သားလေး လဲချလိုက်သည်။ သူအသက်ဝဝရှူလိုက်ပြီး သူ့ရှေ့ရှိ လော့လင်းရှန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ဒါဘယ်နေရာလဲ?"

"လူအိုကြီးက ခြံဝင်းထဲမှာ စတုတ္ထအိမ်တော်အတွက် သီးသန့် ဗီလာ ဆောက်ပေးထားတယ်။ ဒါကိုယ့်အခန်း။"

လော့လင်းရှန်းက တဖက်သို့လှည့်သွားပြီး ဗီရိုထဲမှ သန့်ရှင်းသည့် အဝတ်အစားတစ်စုံကိုထုတ်ကာ ဆက်ပြောလာသည်။ "အဝတ်တွေချွတ်လိုက်။ ဝိုင် တွေပေနေတာ မခြောက်သေးဘူး။ အအေးမိလိမ့်မယ်။"

"ရေချိုးချင်လား? ဒါမှ မဟုတ် မျက်နှာ သုတ်ပဝါ ယူပေးရမလား?"

လော့လင်းရှန်းက သူ့အနားသို့ ကပ်ကာ မေးလာ၏။ သူ၏ ချော့မော့နေသော လေသံလေးမှာ လူကို ထင်​ယောင်ထင်မှား ဖြစ်စေသည့် အတိုင်းပင်။

"..."

ရှီယွင်နန် ရင်မှာ တုန်ယင်သွားပြီး ဘာကြောင့်မှန်းမသိ မကျေမနပ်သလို ခံစားမိလိုက်လေသည်။

လော့လင်းရှန်းလည်း သူ့စိတ်အခြေအနေကို ရိပ်မိသွားကာ သူ့အနားသို့ ပိုတိုးလိုက်၏။ "ရှီယွင်နန် မင်းအစကတည်းက ငါဘယ်သူမှန်း သိပြီးသားမလား?"

ရှီယွင်နန် အံကြိတ်ကာ မသိမသာ ခေါင်းညိတ်ပြလိုက်သည်။

အကြီးအကဲလော့က လော့မိသားစုကို တာဝန်ယူနေဆဲဖြစ်သော်လည်း လော့လင်းရှန်းမှာ အကြီးအကဲလော့၏ အချစ်ဆုံးမြေးလေးဖြစ်ကြောင်း၊ အကြီးအကဲရာထူးကို လော့လင်းရှန်းအား တိုက်ရိုက်လွှဲပေးတော့မယ့်အကြောင်း ကောလဟလများ ထွက်နေခဲ့သည်။

လော့လင်းရှန်းက ထပ်မေးလာသည်။ "ဒါဆို ကိုယ် တခြားလူတွေနဲ့ ရှုပ်တဲ့ကောလဟလတွေကော မင်းကြားဖူးလား?"

"ဟင့်အင်း။" ရှီယွင်နန် ခေါင်လေးခါပြလိုက်သည်။

ရှီယွင်နန် ဒီအကြောင်းတွေကို ကြိုစုံစမ်းထားဖူးလေသည်။

လော့လင်းရှန်းမှာ အမြဲ ထိန်းထိန်းသိမ်းသိမ်းနေတတ်သူဖြစ်၏။ တဖက်လူဘယ်လောက်ပဲ ချောနေပါစေ၊ သူ့ကို အလွယ်တကူ မလိုက်နိုင်။

လော့လင်းရှန်းက သူ့အနားသို့ တဖြည်းဖြည်း ပိုတိုးကပ်လာကာ ရှီယွင်နန် တစ်ယောက် ဆိုဖာနှင့် လော့လင်းရှန်းအကြားတွင် ပိတ်မိနေ၏။ သူသတိထားမိသည့်အချိန်မှာတော့ ပုန်းကွယ်ရန် အချိန် နှောင်းသွားလေပြီ။

"အဲ့တော့ ကိုယ်က အရက်မူးနေတဲ့ သူစိမ်းကို အိမ်ကို ထပ်ခါထပ်ခါ ခေါ်လာတတ်မယ်လို့ မင်းကထင်နေတာလား?"

"ညစာဖိတ်ကျွေးတာကို အလွယ်တကူလက်ခံပြီး အိမ်ခေါ်လာတတ်တဲ့ သူလို့ထင်နေတာလား?"

"တစ်လတစ်ထောင်တည်းနဲ့ အိမ်မှာနေခိုင်တယ်? နေ့တိုင်း သူ့ကို ညစာချက်ကျွေးဖို့ ကတိပေးတယ်? သူ ကိုယ့်ကို ပိုးပန်းဖို့တောင် ကိုယ်က ကူညီပေးနေသေးတယ်?"

"ရှီယွင်နန် ကိုယ့်ကိုပြော။ ကိုယ်ဆိုတဲ့လော့လင်းရှန်းက ကျော်ကြားမှု၊ ငွေရေးကြေးရေး ဘာတွေများ လစ်လပ်နေလို့လဲ?"

"...."

ရှီယွင်နန် တံတွေမျိုချလိုက်၏။ သူ့မှာ ပြန်မဖြေနိုင်။

တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံပုံကို နေသားကျနေတာကြောင့် သူ့အပေါ် အသေးစိတ် အလိုလိုက်မှုတွေကို လျစ်လျူရှုမိနေခဲ့သည်။

"လော့လင်းရှန်း..."

ရှီယွင်နန် မဝံ့မရဲခေါ်လိုက်၏။ သို့သော် သူ့အသံလေးမှာ သူတောင်သတိမထားမိလိုက်ဘဲ ငိုသံလေးဖြင့် တုန်ယင်နေလေသည်။ "ဒါပေမယ့် မစ္စလော့က ခင်ဗျားနဲ့ မစ္စချန်ကို သဘောတူနေတယ်လို့ လူတိုင်းက ပြောနေကြတာလေ။"

လော့လင်းရှန်းက ရှီယွင်နန် လည်ပင်းလေးကို ကိုင်ကာ ဝိုင်များဖြင့် စွန်းထင်းနေသည့် ရှီယွင်နန်၏ မေးစေ့လေးအား လက်ချောင်လေးများဖြင့် တယုတယ သုတ်ပေးလိုက်သည်။ "မင်းက သူတို့ ဘာပြောပြော ယုံတယ်ပေါ့? ဒါဆိုလည်း ဘာလို့ ကိုယ့်ကို လာမမေးလဲ?"

ရှီယွင်နန် အနည်းငယ် ယားကျိကျိခံစားရသော်လည်း ထိုတယုတယအထိအတွေ့လေးအား မရှောင်ချင်ပေ။

"ကိုယ့်အစ်မနဲ့ ကိုယ့်ယောက်ဖ အိမ်ထောင်ကျတော့ ကိုယ့်အမေက ကိုယ့်အိမ်ထောင်ရေးကို စိုးရိမ်နေတာ။ မစ္စချန်နဲ့လည်း ဒီနေ့မှ ပထမဆုံး ဆုံဖူးတာ။ အရင်ကလည်း ဘာဆက်ဆံရေးမှ မရှိသလို နောက်လည်း ဘာဆက်ဆံရေးမှ ရှိလာမှာ မဟုတ်ဘူး။"

လော့လင်းရှန်း ရှီယွင်နန်၏ နီရဲနေသော မျက်လုံးလေးကို သူ့လက်ချောင်းထိပ်လေးဖြင့် ပွတ်သပ်ရင်း သက်ပြင်းချလိုက်မိသည်။ "မင်းအခုအရွယ်မှာ အချစ်နဲ့  စိတ်လိုက်မာန်ပါ လုပ်တာကို မကွဲမှာ ကိုယ်စိုးရိမ်နေခဲ့တာ။"

"ရှီယွင်နန် လူတိုင်းရဲ့ လမ်းကြောင်းက မတူကြဘူး။ မင်းအတွက်ကောပေါ့။ မင်း တရုတ်မှာ တက္ကသိုလ် လာပြန်တက်မယ်လို့ ရွေးချယ်လိုက်ကတည်းက နောက်နှစ်က မင်းအတွက် ဘယ်လောက်အရေးကြီးလဲဆိုတဲ့ အဓိပ္ပာယ်ပဲလေ။"

"မင်းနဲ့ကိုယ် သဘောတူညီမှု လုပ်ခဲ့တယ်ဆိုတာ ကိုယ်တို့နှစ်ယောက်အကြောင်း မင်းအေးအေးဆေးဆေး စဉ်းစားဖို့အချိန်ပေးရုံတင်မကဘူး၊ မင်းခံစားချက်တွေကြောင့် စိတ်ပျံ့သွားမှာ စိုးလို့ "

"ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် နားလည်နေပြီလို့ ထင်နေခဲ့တာ၊ ဘာလို့ ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိရတော့တာလဲ?"

ရှီယွင်နန်တစ်ယောက် လော့လင်ရှန်း ဆိုလိုချင်သည့် သဘောကို နားလည်သွားကာ လော့လင်းရှန်းအား တင်းတင်းကြပ်ကြပ်မပွေ့ဖက်ဘဲ မနေနိုင်တော့။ "လော့လင်းရှန်း ကျွန်တော့်ကို စောင့်နေပါ။"

ထိုစကားမှာ တောင်းဆိုသည့် စကားဖြစ်သလို သူ့ကိုယ်သူပေးတဲ့ motivationလည်းဖြစ်သည်။

လော့လင်းရှန်းလည်း သူ့နောက်ကျောလေးကို ပြန်ပွေ့ဖက်လိုက်လေသည်။

"ဟမ်?"

"ကျွန်တော်အခု လုံလုံလောက်လောက် မတော်သေးဘူးဆိုတာ ကျွန်တော်သိပါတယ်။ မိသားစုနောက်ခံ၊ အသက်အရွယ် အတွေ့အကြုံကအစ ကွာခြားမှန်းလည်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို စောင့်နေပါ၊ တခြားသူတွေကို မချစ်လိုက်ပါနဲ့။ ကျွန်တော်က သင်ယူတာ မြန်ပါတယ်။ ကျွန်တော် တစ်နေ့..."

ကျွန်တော် တစ်နေ့ ခင်ဗျားရဲ့ ဘေးမှာ ယှဉ်ရပ်မယ်။

လော့လင်းရှန်း ရယ်ကာ ဘာမှ ပြန်မဖြေလိုက်။

"လော့လင်းရှန်း ကျွန်တော် ခင်ဗျားကို သဘောကျတယ်။ တကယ် သဘောကျတာပါ။" ရှီယွင်နန် ဖက်ထားသည့် အားကို လျော့ချကာ မဝံ့မရဲလေး နီးနီးကပ်ကပ် မျက်နှာချင်းဆိုင် ပြောလိုက်၏။

မိုးဒဏ်နှင်းဒဏ်ကိုကြံ့ကြံ့ခံကာ လောကဓံကိုဖြတ်ကျော်လာပုံရသည့် အသက်၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်၏ နုနုရွရွစကားလုံးအဖွဲ့အနွဲ့တွေမပါပဲ တမူထူးခြားပြီး ဖြူစင်သည့် "သဘောကျတယ်'' ဆိုသော  ဖွင့်ဟဝန်ခံချက်တစ်ခုမှာ မှင်သက် အံ့ဩဖွယ်ကောင်းနေဆဲပင်။

ထိုအခိုက်အတန့်တွင် လော့လင်းရှန်းတစ်ယောက် သူအရင်ကတွေးခဲ့သည့် သဘောထားများ၊ အချိန်ကန့်သတ်ချက်များမှာ အဓိပ္ပာယ်မရှိဟု ခံစားလိုက်မိသည်။ မြင်မြင်ချင်း အချစ်ဆိုသည့် စကားလုံးမှာ ရိုးစင်းပြီး ယုံကြည်စရာမကောင်းသည့် စကားဖြစ် သော်လည်း ထိုစကားလုံးတွေဟာ သူနဲ့ရှီယွင်နန်ကို ကိုယ်စားပြုနေသည့် အစစ်အမှန်ပြယုဂ်တစ်ခုပင်။

အနှေးနဲ့အမြန်ဆိုသလို သူတို့နှစ်ယောက် တွဲဖြစ်သွားကြမှာပင်။ "အင်း ဒါပေမယ့် ကိုယ်မစောင့်တော့ဘူး။"

ရှီယွင်နန် မှင်သက်သွားလေသည်။ "ဘယ်လို?"

"ကိုယ်မစောင့်တော့ဘူးလို့။" လော့လင်းရှန်းက သူတို့နှစ်ယောက်ကြား ပိုနီးကပ်သွားရန် ပိုတိုးကပ်လိုက်ပြီး သက်ပြင်းချကာ- "ကိုယ်လည်း မင်းကို သဘောကျတယ်။ တွဲကြမယ်လေ။ ဟုတ်ပြီလား?"

ဘာလို့ တက္ကသိုလ်တက်တဲ့အထိ စောင့်နေရဦးမှာလဲ?

တက္ကသိုလ်တက်တဲ့အထိ စောင့်တာကသာ သူလုပ်သင့်တာ အမှန်ဆုံးလို့ တွေးခဲ့မိတာ။

သူတခြားသူနဲ့ ချစ်သွားမှာကို ရှီယွင်နန် စိုးရိမ်နေခဲ့သလို ရှီယွင်နန် သူ့ကို ထားသွားပြီး တက္ကသိုလ်ကလူနဲ့ ကြိုက်သွားမှာကိုလည်း သူစိုးရိမ်နေခဲ့မိသည်။ အဲ့လိုလုပ်မယ့်အစား အခုတစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လက်မလွှတ်တာကသာ အကောင်းဆုံးပင်။

ရှီယွင်နန်မှာ ဖြည်းဖြည်းချင်း ပြုံးမိသွား၏။ ဖုံးထားသည့် သိမ်ငယ်စိတ်လေးမှာ တဖြည်းဖြည်းလွင့်စင် သွားတော့သည်။ "အင်း! ဒါဆို အခု ခင်ဗျားက ကျွန်တော့် ကောင်လေးပေါ့နော်?"

လော့လင်းရှန်း ရှီယွင်နန်ကို နမ်းလိုက်ချင်သော်လည်း တဖက်လူ လက်မခံနိုင်သေးမှာကို စိုးရိမ်ကာ နဖူးလေးအား ဖွဖွလေးနမ်းလိုက်သည်။ "အင်း ဒါပေမယ့် ကိုယ်ကြိုပြောထားမယ်။ တွဲမယ်ဆိုတာ လက်ထပ်ဖို့ အထိပြောတာနော်။"

နဖူးပေါ်နမ်းလာသည့် အနမ်းလေးကြောင့် ရှီယွင်နန် တစ်ယောက် စိတ်လှုပ်ရှားသွားကာ လော့လင်းရှန်း နှုတ်ခမ်းလေးကို ရဲရဲတင်းတင်း ပြန်နမ်းလိုက်သည်။ ထို့နောက် သူ့ခေါင်းလေးကို လော့လင်းရှန်း ရင်ခွင်ထဲ မြှုပ်နှံထားရင်း ရယ်လိုက်လေသည်။

"ကျွန်တော် သိပါပြီ"

"ကျွန်တော် လက်ထပ်လို့ရတဲ့ အရွယ်ရောက်ရင် လက်ထပ်ကြမယ်။ အဲ့ဒါကြောင့် လှည့်စားဖို့ မကြိုးစားနဲ့။"

လော့လင်းရှန်း အနည်းငယ် အံ့အားသင့်သွား၏။ ရှီယွင်နန် အရက်မူးပြီး သူ့ကိုပထမဆုံးအကြိမ် နမ်းခဲ့တာကိုတောင် သတိရမိသွားသည်။

ကြည့်ရတာ သူ မဟုတ်တာကို စိုးရိမ်နေခဲ့မိတာပဲ။

အခု သူက ဆယ့်ရှစ်နှစ်သာ ရှိသေးပေမယ့်၊ ရှေ့လျှောက် ပိုလူကြီးဖြစ်လာရင် ဒီချစ်သူလေး ဘယ်လောက် ပြဿနာရှာလောက်မလဲဆိုတာ သူတောင် မသိနိုင်။

"ရှီယွင်နန်"

"ဟမ်?"

"မင်း ကိုယ့်ရဲ့ အင်္ကျီကို ထပ်ပေအောင် လုပ်လိုက်ပြန်ပြီ။ မင်း ပြန်လျော်မပေးသင့်ဘူးလား?"

"အရင် အကြွေးမှတ်ထားလိုက်။ ပြီးမှ အတိုးနဲ့ ပြန်ဆပ်မယ်လေ?" ရှီယွင်နန် တိုးတိုးလေး ညည်းတွားလိုက်တော့သည်။ "ကျွန်တော် ဘာမှ မပြောဘဲ ထွက်လာတာကြာပြီ။ မော့ကောသာ သိရင် သေချာပေါက် ယွမ်တစ်ထောင်ရတော့မှာ မဟုတ်ဘူး။ ခင်ဗျား ပြန်လျော် မပေးသင့်ဘူးလား?"

သူ၏ ငွေရေးကြေးရေး စာရင်းရှင်းနေတဲ့ ပုံစံလေးကို မြင်သောအခါ လော့လင်းရှန်း ပြန်မေးလိုက်သည်။ "ကိုယ်သာ အချိန်မှီ ရောက်မလာရင် မင်း ဝေ့သခင်လေးတို့နဲ့ ဘာလုပ်မလို့လဲ? နောက်သူတို့ မင်းကို ပြဿနာရှာမှာ မကြောက်ဘူးလား?"

"ကျစ် သူတို့ကို ကြောက်ရမှာလား? နှစ်ယောက်စလုံး ဘာမှ မလုပ်နိုင်တဲ့ သခင်လေးတွေ။ သူတို့က ဘာကျင့်ဝတ်မှ ရှိတာ မဟုတ်ဘူး။ ဝိုင်ကို တမင်အကြောင်းပြပြီး ကျွန်တော့်ကို ဆူပူချင်တာလေ။ သူတို့ကို သိပ်အကြမ်းကြီး မရိုက်လိုက်ရဘူးလို့တောင် တွေးနေမိတာ။"

လော့လင်းရှန်း မျက်ခုံးပင့်ကာ ကူကယ်ရာမဲ့စွာ မေးလိုက်တော့သည်။ "အခုထိ မင်းလုပ်တာ မှန်တယ်လို့ တွေးနေတုန်းပေါ့?"

"..."

ရှီယွင်နန်မှာ လော့မိသားစု ပိုင်နက်ထဲတွင် ရှိနေသေးတာကို အမှတ်ရသွားပြီး ချောင်းဟန့်ကာ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။ "အာ့... ကျွန်တော့်လက်က နည်းနည်းနာနေတယ်။ လက်မောင်းကလည်း ယောင်နေပြီ။ သူတို့နှစ်ယောက် ပေါင်းပြီး ကျွန်တော့်ကို အနိုင်ကျင့်တာလည်း မမှန်ဘူးလေ။"

သူသရုပ်ဆောင်နေတာကို မြင်တော့ လော့လင်းရှန်း ပြန်စနောက်လိုက်တော့သည်။ "တကယ်လား? မင်းခုနကပဲ သူတို့ကို အားရပါးရရိုက်နေတာမဟုတ်ဘူးလား? သခင်လေးရှီ ဒီလောက်စကေးကျွမ်းမှန်း ကိုယ် မသိခဲ့ဘူး။"

ရှီယွင်နန် ပြုံးကာ နှာမှုတ်လိုက်တော့သည်။ "ခင်ဗျား ခုနကလေးတင် ကျွန်တော့်ကို ကလေးလေးလို ချော့နေတာ မဟုတ်ဘူးလား? ဘယ်လိုလုပ် ချက်ချင်းကြီး ပြောင်းသွားရတာလဲ?"

"ဟုတ်ပါပြီ။ ပြဿနာ မရှာနဲ့တော့။ ရေချိုးပြီးရင် အဝတ်အစားလဲလိုက်။" လော့လင်းရှန်း ပြုံးကာ အချိန်ကို တချက်ကြည့်လိုက်သည်။ "ကိုယ် အဘိုးနဲ့ တခြားသူတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်။ ပြီးရင် အိမ်ပြန်ကြတာပေါ့။"

သဘက်ခါ တရားဝင် ကျောင်းတက်ရတော့မည်ဖြစ်ကာ သူ့တွင် ထုပ်ပိုးစရာတွေ အများကြီး ကျန်နေသေးတာကြောင့် အိမ်စောစောပြန်ပြီး အနားယူလိုက်တာက ပိုကောင်းလေသည်။

အိမ်ပြန်ကြမယ် ဆိုသည့် စကားလေးကြောင့် ရှီယွင်နန် ရင်ထဲထိသွားကာ လော့လင်းရှန်း လည်စလုတ်လေးကို နမ်းချလိုက်သည်။ "အမ်း"

လော့လင်းရှန်း မျက်လုံးလေးတွေမှာ မသိမသာ မည်းမှောင်သွားတော့၏။

"မဆိုးနဲ့"

"အိုး"

ရှီယွင်နန်၏ အသံလေးမှာ ပရောပရည်လုပ်နေသလိုပင်။ "ကောင်းပါပြီ။ အိမ်ပြန်ကြမယ်။"

....

နှစ်ရက်အကြာတွင်—

ရှီယွင်နန် ကျောင်းသို့ အစီရင်ခံရန် သွားလိုက်လေသည်။ အင်ပါယာမြို့တော်၏ အမှတ်(၂) အထက်တန်းကျောင်းမှာ ကြားရက်များတွင် ကျောင်းအဆောင်နေရပြီး ပိတ်ရက် အိမ်ပြန်ရသည့် စနစ်ကို ကျင့်သုံးထား၏။ အထူးသဖြင့် တတိယနှစ် အထက်တန်းကျောင်းသားများမှာ အရေးကြီး အခြေအနေမှလွဲ ကျောင်းဝင်းထဲမှ ထွက်ခွင့် မရှိ။

ပြည်တွင်းနှင့် ပြည်ပ သင်ရိုးများက အမြဲ တူမနေပေ။

ရှီယွင်နန် နိုင်ငံခြားတွင် အဆင့်ကောင်းကောင်းရခဲ့သော်လည်း လော့လင်းရှန်းနှင့် သူ၏ အနာဂတ်အတွက် အခုချိန်တွင် ပိုမကြိုးစားဘဲ မနေနိုင်။ ထို့ကြောင့် သူ့energyအားလုံးကို စာထဲမှာသာ မြှုပ်နှံထားလေသည်။

ညတိုင်း လော့လင်းရှန်းထံမှ ဂွတ်နိုက်မက်ဆေ့ချ်ရရုံမှလွဲ ကျန်တဲ့အချိန်များမှာ တကယ့်ကို Long-distance relationshipပင်။

စားပွဲပေါ်ရှိ ဖုန်းမှာ တုန်ခါသွား၏။ ကြိုတင် နှိုးဆက်ပေးထားသော alarmအသံပင်။

လော့လင်းရှန်းနှင့် အစီအစဉ်အသစ်အကြောင်း ဆွေးနွေးနေသော ယွီရှော့တစ်ယောက် ထိုအသံကို ကြားသည့်အခါ နားမလည်နိုင်စွာ မေးလိုက်မိသည်။  "လေးခွဲပဲရှိသေးတာလေ။ ဘာလို့ alarmပေးထားတာလဲ?"

"ဒီနေ့က သောကြာနေ့" လော့လင်းရှန်းက ပြန်ဖြေရင်း alarmကိုပိတ်ကာ သူ့ပစ္စည်းတွေကို စတင် သိမ်းဆည်းတော့သည်။

"အမ် အဲ့တော့?"

ယွီရှော့နားမလည်နိုင်တော့။ သူတို့လို လုပ်ငန်းကြီးလုပ်နေရတဲ့သူတွေက အမြဲ အလုပ်များနေကြလေ။ သူ့တို့မှာ အလုပ်ချိန်နဲ့ နားရက်ကို ဘယ်လိုလုပ် ခွဲနိုင်မှာလဲ?

"ဒီအချက်လေးချက်ကိုပဲ ထောက်ပြလိုက်။ ပြီးတော့ စီမံကိန်းဌာနကိုလည်း အနာပေးလိုက်ဦး။ တနင်္လာနေ့မှာ ပြန်တွေ့မယ်၊ အရေးကြီး ကိစ္စမရှိရင် ပိတ်ရက် ဖုန်းမခေါ်နဲ့။"

လော့လင်းရှန်း၏ လုပ်ဆောင်ချက်များမှာ လျှင်မြန် ပြတ်သားနေ၏။ သူက စကားလုံးလေးအနည်းငယ်ဖြင့် ညွှန်ကြားပြီးနောက် အလုပ်ဆင်းရန် အဆင်သင့်ဖြစ်နေလေပြီ။

"..."

ယွီရှော့ သူ့သူငယ်ချင်းကို ကြည့်နေရင်း တံခါးမှ မထွက်သွားမီ အလျင်စလို တားလိုက်တော့သည်။ "မဟုတ်သေးဘူး။ မင်းအရင်က တခါမှ ရုံးစောစောမဆင်းဘူးလေ။ မင်းက အမြဲ သူဌေးထိုင်ခုံမှာပဲ ထိုင်ပြီး အလုပ်ကြိုးစားနေခဲ့တာ။ ဒီနေ့ တစ်ယောက်ယောက်နဲ့ တွေ့မှာမလို့ လောနေတာလား?"

လော့လင်းရှန်း ရေးရေးလေးပြုံးကာ ပြန်မေးလိုက်သည်။ "သိချင်လား?"

ယွီရှော့ အလိုလိုသိစိတ်အရ ပြောချလိုက်မိ၏။ "မင်း ရည်းစားရနေတာလား?"

လော့လင်းရှန်း သူ့အမေးစကားကို သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဘယ်တုန်းကလဲ? ဘယ်သူလဲ? မင်းအခု ဘယ်သွားမလို့လဲ?"

ယွီရှော့တစ်ယောက် မေးခွန်းသုံးခွန်းဆက်တိုက်မေးပြီးနောက် သူ၏ မက်မွန်ပွင့် သဏ္ဍန်မျက်လုံးလေးတွေမှာ အံ့ဩသည့်အရိပ်အယောင်များဖြင့် စွန်းထင်းနေသည်။ သိသိသာသာကိုပင် လော့လင်းရှန်း ချစ်တတ်လိမ့်မည်ဟု သူမထင်ထားခဲ့။

လော့လင်းရှန်းမှာ အလျင်လိုနေတာကြောင့် လောလောဆယ် ထပ်မရှင်းပြနိုင်သေးပေ။

သူ စိတ်ကောင်းဝင်နေတာကြောင့် ယွီရှော့ပုခုံးလေးကို ပုတ်ကာ ပြန်ပြောလိုက်၏။ "ပြီးခဲ့တဲ့ တပတ်ကပဲ။ မင်းလောလောဆယ် လျှို့ဝှက်ထားဦး။ ငါအခု အမှတ်(၂) အထက်တန်းကျောင်းကို အမြန်သွားရမယ်။"

"ဘယ်ကိုလဲ? ဘာလို့လဲ?"

"သူက ကြိုးကြိုးစားစား စာသင်နေတာလေ။ ကျောင်း သွားကြိုမလို့။"

"..."

ယွီရှော့မှာ လော့လင်းရှန်း နောက်ကျောကို စိုက်ကြည့်ရင်း တကိုယ်လုံး ခွေးစာဖြင့် အပက်ခံလိုက်ရတာကြောင့် ခဏတာ မတုံ့ပြန်နိုင်ဖြစ်သွားတော့သည်။

အထက်တန်းကျောင်း?

မင်းရဲ့ရည်းစားကို ကျောင်းသွားကြိုမယ်?

ဘယ်လို? လော့လင်းရှန်း မင်းက ပိပိရိရိ ဖုံးထားတာပဲ!

....

လော့လင်းရှန်း ကျောင်းဂိတ်ဝသို့ရောက်သည့်အခါ ပတ်ပတ်လည်တွင် မိဘများ၏ ကားများမှာ နေရာယူထားပြီးလေပြီ။

ကျောင်းခေါင်းလောင်းသံမြည်ပြီးနောက် ကျောင်းဂိတ်တံခါးလည်း ပွင့်လာ၏။

သိပ်မကြာခင်မှာပင် ကျောင်းဝတ်စုံဝတ်ထားသည့် ကျောင်းသားလေးတွေ ထွက်လာကြသည်။ လူအုပ်ကြီးကြောင့် ကားပိတ်နေမှာကို စိုးကာ သူ ကားအပြင်ဘက်တွင် စောင့်လျက် ရှီယွင်နန်ဆီ မက်ဆေ့ချ်ပို့လိုက်ဖို့လည်း မမေ့။

[ကိုယ် ကျောင်းဝင်ပေါက်နားမှာ၊ ဂိတ်စောင့် အခန်းရဲ့ ညာဘက် ဆယ်မီတာလောက်မှာ စောင့်နေတယ်။]

ရှီယွင်နန်ဆီ မက်ဆေ့ချ်က လျှင်မြန်စွာ ရောက်ချလာ၏- [အတန်းပိုင် ဆရာက စကားပြောနေတုန်းပဲ။ ရှူး]

ထိုစာကို မြင်သည့်အခါ လော့လင်းရှန်း တစ်ယောက် မသိမသာ ပြုံးမိသွားလေသည်။

သူကားနားတွင် နေရောင်တဖြည်းဖြည်း ဝင်သွားသည်အထိ စိတ်ရှည်ရှည်စောင့်ဆိုင်းနေရင်း သူမြင်ချင်သည့် ပုံရိပ်လေးအား ကျောင်းဂိတ်နားတွင် တွေ့လိုက်ရသည်။

ကျောင်းဝတ်စုံလေးဝတ်ထားသည့် ရှီယွင်နန်မှာ ဂိတ်မှ ထွက်လာပြီး သူ့ဘေးတွင်လည်း သူနှင့် ရွယ်တူ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်ပါရှိနေသည်။ သူ(SYN)၏ ရုပ်ရည် စိတ်နေစိတ်ထားကို ကြည့်ရုံနဲ့တင် ကျောင်းတွင် နာမည်ကြီးမှာ သေချာပေါက်ပင်။

နှစ်ယောက်သား ကျောင်းအပြင်ဘက် လျှောက်လာရင်း စကားစမြည်ပြောနေကြ၏။

နောက်တစ်စက္ကန့်မှာပင် ရှီယွင်နန်က သူ့အား သတိထားမိသွားပြီး သူ့ဘေးမှ ကောင်လေးကို ထားကာ သူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးလာတော့သည်။

လော့လင်းရှန်း မသိစိတ်က လက်ကိုဆန့်ကာ သူ့အားပွေ့ဖက်လိုက်လေသည်။ "ဘာတွေ လောနေတာလဲ?"

ရှီယွင်နန်တစ်ယောက် ပြုံးကာ သူတို့နှစ်ယောက်တည်းသာ ကြားသည့် လေသံလေးဖြင့် ပြောလိုက်သည်။  "လော့လင်းရှန်း ကျွန်တော်ခင်ဗျားကို အရမ်းလွမ်းတာပဲ။"

"ပင်ပန်းနေပြီလား?"

"ခင်ဗျားကို တွေ့ရင် မပင်ပန်းတော့ဘူး"

နှစ်ယောက်သား ချိုမြိန်သော စကားလေးတွေ ပြောနေရင်း အနောက်ကနေ မေးသံလေးထွက်လာသည်။ "ယွင်နန် ဒါက မင်းရဲ့ အစ်ကိုကြီးလား?"

"...."

အကိုကြီး?

ရှီယွင်နန် နှင့် လော့လင်းရှန်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ရှီယွင်နန်က နောက်လှည့်ကာ အမြန်ပြန်ဖြေလိုက်သည်။ "ပေါယန် သူက တကယ်တော့.."

ငြင်းဆိုသည့် စကား ဆုံးအောင် မပြောလိုက်ရခင်မှာဘဲ သူ့ဘေးရှိ လော့လင်းရှန်းက ကြားဖြတ်ဖြေပေးလာသည်။ "ဟုတ်တယ် သူ့ကို ကျောင်းလာကြိုတာလေ။ မင်းက ယွင်နန်ရဲ့ အတန်းဖော်လား?"

"ဟုတ်ပါတယ်။ နိဟောင်။ ကျွန်တော့်နာမည်က စုန့်ပေါယန်ပါ ကျွန်တော်က ယွင်နန်ရဲ့ အတန်းဖော် အခန်းဖော်ပါ။"

လော့လင်းရှန်း ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့။

ဒါကိုမြင်တော့ ရှီယွင်နန်က အရင်နှုတ်ဆက်လိုက်လေသည်။ "ပေါယန် ငါသွားနှင့်ပြီ။"

စုန့်ပေါယန်က ဖော်ဖော်ရွေရွေ ပြန်ဖြေလာသည်။ "ဟုတ်ပြီ။ လမ်းမှာ ဂရုစိုက်နော်။ မင်းနားမလည်တာရှိရင် ငါ့ကို ဆက်သွယ်လိုက်။"

"ကောင်းပြီ။"

လော့လင်းရှန်းကတော့ သူတို့နှစ်ဦးရဲ့ စကားသံတွေကို တိတ်တဆိတ်သာ နားထောင်နေ၏။ စုန့်ပေါယန် ထွက်သွားမှသာ ရှီယွင်နန်အား ကားပေါ်တက်ရန် အချက် ပြလိုက်သည်။

"ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘာလို့ ရှင်းမပြလိုက်တာလဲ? ဟမ် ကော..?"

ထိုအခေါ်အဝေါ်လေးကို စဉ်းစားရင်း ရှီယွင်နန် ပြုံးနေမိ၏။

"မင်းက အခု တတိယနှစ်လေ။ လူတွေမင်းအကြောင်းပြောပြီး ပညာရေးထိမခိုက်အောင် ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မပြောတာ ပိုကောင်းတယ်လေ"

"ဟုတ်ပါပြီ၊ ကျွန်တော် ခင်ဗျား စကားကို နားထောင်ပါ့မယ်။"

ရှီယွင်နန်ကတော့ သိပ်စိတ်မပူပါ။ သူ့အတွက်တော့ လော့လင်းရှန်းက သူ့ချစ်သူဆိုတဲ့ အချက်ကို တကမ္ဘာလုံးကို ပြောပြချင်နေခဲ့မိသည်။

သို့သော်လည်း လော့လင်းရှန်း ပြောတာမှန်လေသည်။ တရုတ်နိုင်ငံတွင် လိင်တူလက်ထပ်ခြင်းဥပဒေကို အတည်ပြုထားသော်လည်း ပတ်ဝန်းကျင်ကတော့ နိုင်ငံခြားလို့ ပွင့်လင်း မမြင်သာသေးပေ။

ယခု သူက ကျောင်းစာပေါ်သာ အာရုံစိုက်ထားရမည်ဖြစ်တာကြောင့် ပြဿနာတွေကို ရှောင်ရှားထားတာ ပိုကောင်းလေသည်။

"ဒီည အိမ်မှာ မစားတော့ဘူး။ ကိုယ်မင်းကို စားသောက်ဆိုင်ဆီ ခေါ်သွားပေးမယ်လေ? မနက်ဖြန် သန်ဘက်ခါ အိမ်မှာ စာလုပ်တဲ့အချိန်ကျရင် ကိုယ် မင်းအတွက် တစ်နေ့ သုံးနပ်ပြင်ပေးမယ်။"

လော့လင်းရှန်း၏ အစီအစဉ်ကို ကြားသည့်အခါ ရှီယွင်နန်၏ နှလုံးသားလေး ပျားရည်များဖြင့် ပြည့်နက်သွားတော့သည်။ "ကောင်းပြီ ကျွန်တော် ခင်ဗျား စကားကို နားထောင်မယ်။"

ဒီလို ကျောင်းပိတ်ရင် သူ့ကို ကျောင်းလာကြိုပြီး အဖော်လုပ်ပေးတဲ့ ခံစားချက်မျိုး မခံစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ? သူတရုတ်မှာ စာလာပြန်သင်တာက သူချခဲ့ဖူးသမျှ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ!

......

ညနေ ဆယ်နာရီခွဲတွင်—

ရှီယွင်နန် အိမ်စာများ လုပ်ပြီးသွားကာ ဆေးကြောသန့်စင်ပြီးနောက် လော့လင်းရှန်း အိပ်ခန်းတံခါးကို ခေါက်လိုက်သည်။ တစ်ဝက်သာ ပိတ်ထားသည့် တံခါးလေးအား တွန်းဖွင့်လိုက်ရာ ခုတင် အစွန်းတွင် ထိုင်နေသည့် လော့လင်းရှန်းအား တွေ့လိုက်ရလေသည်။

ရှီယွင်နန် သိလျက်သားနှင့် မေးလိုက်သည်။ "အိပ်တော့မှာလား?"

လော့လင်းရှန်း တဘလက်ကို ချကာ သူ့ကိုခေါ်လိုက်သည်။ "ဒီကိုလာလေ၊ ဒီည အတူတူအိပ်ချင်လား?"

"အင်း!"

ရှီယွင်နန် ထိုစကားကို စောင့်ဆိုင်းနေတာပင်။ သူချက်ချင်း တံခါးကို ပိတ်ကာ လော့လင်းရှန်းဆီ လျှောက်သွားလိုက်၏။

ရုတ်​တရက်​ သူ့အိတ်​ကပ်​ထဲရှိ ဖုန်းမှာ မက်ဆေ့ချ်တစ်စောင်​ဝင်လာကာ တုန်ခါသွားသည်။

ရှီယွင်နန် လော့လင်းရှန်း ရှေ့မှာတင် စာကို ဖွင့်ကြည့်လိုက်သည်။ စုန့်ပေါ်ယန်ထံမှ စာပင်။ [ပိတ်ရက်တွေ့ချင်လား? ငါအရင်တုန်းက မှတ်ထားတဲ့ သင်္ချာ မှတ်စုတွေ တွေ့လို့လေ။ မင်းကို ပေးလို့ရတယ်။]

လော့လင်းရှန်း မက်ဆေ့ချ်ပို့သူ နာမည်ကို မြင်သော်လည်း  တမင်တကာ မေးလိုက်သည်။ "ဘယ်သူပို့တာလဲ?"

"ကျောင်းဂိတ်ဝမှာတုန်းက တွေ့ခဲ့တဲ့ စုန့်ပေါယန်။ သူက အတန်းခေါင်းဆောင်လေ။ ကျွန်တော်ကြားတာတော့ သူက အမြဲ တော့ပ်သရီး ဝင်တယ်တဲ့။ သူက တော်တော် ချောတယ်မလား?"

"...ကိုယ့်ကို မေးတယ်ပေါ့?"

လော့လင်းရှန်း သူ့ချစ်သူလေးအား အပြုံးဖြင့် စိုက်ကြည့်နေသော်လည်း အမှန်တကယ်တော့ ချဉ်စူးသည့် အရိပ်အယောင်လေးတွေ ရှိနေသည်။

ရှီယွင်နန် ရုတ်တရက် သဘောပေါက်သွားကာ သူ့မျက်လုံးထဲတွင် စချင်နောက်ချင်သည့် အရိပ်အယောင်လေးတွေ ပေါ်လာတော့သည်။

သူက ဖုန်းအား အိပ်ရာဘေးတွင် တင်ထားလိုက်ပြီး လော့လင်းရှန်း ပေါင်ပေါ်တွင် ခွထိုင်ကာ အပြုံးလေးဖြင့် အနားတိုးကပ်လိုက်သည်။ "သဝန်တိုတာလား? ကျွန်တော်တို့ အတန်းထဲကလူတွေ ပြောတာကြားလို့ ကြုံတုန်း ပြောပြတာပါ။"

"ရုပ်ချောတာကို ကြည့်ရင်တော့ ကျွန်တော့်ချစ်သူကသာ ပလ္လင်ပေါ်မှာပေါ့။"

လော့လင်းရှန်း ဝန်မခံဘဲ သူ၏ ခါးသေးသေးလေးအား ဖက်ထားလိုက်သည်။ "သဝန်မတိုပါဘူး။ အရွယ်တောင်မရောက်သေးတဲ့ အထက်တန်းကျောင်းသားလေးကို ဘာလို့ သဝန်တိုရမှာလဲ?"

ရှီယွင်နန် ခေါင်းလေးညိတ်ကာ ပြောလိုက်သည်။ "ဒါနဲ့ သူက ဒီနေ့ ကျွန်တော့်ကို တစ်ခု သတိပေးလိုက်တာပဲ။"

"ဘာကို သတိပေးလိုက်တာလဲ?" လော့လင်းရှန်းက ချက်ချင်းပင် ပြန်မေးကာ ရှီယွင်နန်အား တင်းတင်းကြပ်ကြပ် ပိုဖက်ထားလိုက်သည်။

"အခေါ်အဝေါ်လေ။ အာ နာမည်အရင်း ခေါ်ဖို့ကျ သိပ်မရင်းနှီးသလိုကြီး။ လင်းရှန်းလို့ ခေါ်တာကျ သိပ်မထူးခြားသလိုပဲ..."

ရှီယွင်နန် လော့လင်းရှန်း ပုခုံးကိုဖက်ကာ တမင်နှိုးဆွလိုက်သည်။ "ကောကောလို့ ခေါ်မယ်လေ။ ဘယ်လိုလဲ?"

"..."

လော့လင်းရှန်းက ပြန်မဖြေ။

"ခင်ဗျား မကြိုက်ဘူးလား?" ရှီယွင်နန် တမင် ခေါင်းလေးစောင်းပြီး နား အနားကပ်ကာ ထပ်လှုံဆော်လိုက်သည်။ "ကောကော?"

လော့လင်းရှန်းတစ်ယောက် အသက်ရှူသံ ကမောက်ကမ ဖြစ်သွားတော့လေသည်။ "တော်တော့"

ရှီယွင်နန် အမြန်ပင် တုံ့ပြန်လိုက်၏။ လော့လင်းရှန်း ချုပ်တည်းနေတာကို မြင်တော့ သူပိုပို စချင်လာကာအခေါ်အဝေါ် တမျိုးပြီး တမျိုး ခေါ်တော့သည်။

"မစ္စတာလော့?"

"လော့လင်းရှန်း?"

"ကောကော?"

ခေါ်လိုက်တိုင်း ထွက်လာသော အသံတိုးတိုးလေးထဲရှိ အသက်ရှူသံနွေးနွေးလေးမှာ လော့လင်းရှန်း နှလုံးသားအား ရိုက်ခတ်သွားလေသည်။ သူ့အား  စနောက်နေသည့် ရှီယွင်နန်ကို စိုက်ကြည့်ကာ ပြောလိုက်တော့သည်။ "လျှောက်မခေါ်နဲ့တော့။"

ဝေဒနာကို မမြည်းစမ်းဖူးရသေးသည့် ရှီယွင်နန်က ထပ်ပြောလာ၏။ "ခင်ဗျား ကြိုက်လား မကြိုက်ဘူးလား? ပြန်ဖြေရမယ်လေ။"

"ကောကော...အမ်.."

နောက်ထပ် လှုံ့ဆော်မှုအပြီးမှာတော့ လော့လင်းရှန်းရှီယွင်နန် နှုတ်ခမ်းကို နမ်းချလိုက်တော့လေသည်။ သူက သူ့ချစ်သူ၏ ခေါင်းလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။

အနမ်းမှာ နှုတ်ခမ်းနှင့် သွားကြားထဲ ထိုးဝင်ကာ အတွင်းထဲသို့ နစ်ဝင်သည့် အထိ ပြင်းလှ၏။

အဆင့်သင့်မပြင်ထားရသေးသည့် ရှီယွင်နန်တစ်ယောက် ရုတ်တရက်အနမ်းကြောင့် မှင်သက်သွားလေသည်။ သူ့လျှာဖျားလေး စကားမပြောနိုင်လောက်တဲ့အထိ ထုံကျင်သွားမှာသာ သူ ညည်းတွားလိုက်မိ၏။

ကြောင်အော်သံလို ညည်းတွားသံလေးအား လော့လင်းရှန်း ကြားလိုက်သည့်အခါ သူ့မျက်လုံးများ မည်းမှောင်သွားတော့သည်။

သူက အနမ်းကိုရပ်လိုက်ပြီး နောက်သို့ဆုတ်ကာ ရှီယွင်နန် နှုတ်ခမ်းလေးအား ကိုက်ချလိုက်သည်။ "လိမ္မာလေ။ မျက်လုံး မှိတ်ထား။"

ရှီယွင်နန် ပင့်သက်ရှိုက်လိုက်၏။ သူ့နားနှင့် ပါးလေးမှာ ရှက်စိတ်ကြောင့် ကြက်သွေးရောင် သမ်းနေသည်။ သိသိသာသာကိုပင် သူ့တွင် အနမ်း အတွေ့အကြုံမရှိခဲ့။ သို့သော် မြည်းစမ်းကြည့်ပြီးနောက်မှာတော့ သူတောင်မသိလိုက်ဘဲ ရှေ့သို့တိုးကာ ပြောလိုက်မိသည်။ "ကျွန်တော် ထပ်နမ်းချင်သေးတယ်။"

သူ့အတွေးတွေကို မမျိုသိပ်နိုင်သည့် လော့လင်းရှန်းမှာ ရှီယွင်နန် စကားများကြောင့် ချက်ချင်းပင် လှုံ့ဆော်ခံလိုက်ရ၏။ သူက ချက်ချင်းပင် ကိုယ်အနေအထားကို ပြောင်းကာ ရှီယွင်နန်အား ထပ်နမ်းလိုက်တော့သည်။

ရှီယွင်နန်တစ်ယောက် နူးညံ့သည့် ခေါင်းအုံးလေးကို ထိလိုက်ချိန်မှာတော့ သူမလုပ်သင့်ဘူးဆိုတဲ့ အတွေးဝင်လာကာ လန့်ဖျတ်သွားပြီး လော့လင်းရှန်းအား ကိုက်မိသွားတော့သည်။ "ခဏလေး ကျွန်တော်..."

အဆင်သင့်မဖြစ်သေးဘူးလေ။

လော့လင်းရှန်း နှုတ်ခမ်းမှ နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရကာ အံ့အားသင့်သွားပြီး စိတ်ရှည်စွာဖြင့် အေးအေးဆေးဆေး ပြောလိုက်သည်။

"မကြောက်နဲ့နော်။ ကိုယ်တို့ အဲ့လောက်အထိ မလုပ်ဘူး။"

"တကယ်လား?"

"အင်း"

လော့လင်းရှန်း ခုနကလို မကြမ်းတမ်းဘဲ ရှီယွင်နန် နှုတ်ခမ်းလေးအား ပိုညင်သာစွာ ထပ်နမ်းလိုက်သည်။

ရှီယွင်နန်တစ်ယောက် ခုနကလို စိုးရိမ်သည့်ခံစားချက်မျိုး မခံစားရတော့။ သူ၏ အမြန်သင်ယူတတ်သည့် စွမ်းရည်ဖြင့် လော့လင်းရှန်း လျှာဖျားလေးအား ပြန်ထိတွေ့လိုက်သည်။

ဗလုံးဗထွေး ညည်းသံတွေမှာ ဆက်တိုက်ထွက်ပေါ်လာပြီး အနမ်းများမှာ ထိန်းမရသိမ်းမရ ရှည်ကြာလို့နေသည်။

ရှီယွင်နန်တစ်ယောက် လော့လင်းရှန်း ရင်ခွင်ထဲတွင် အိပ်ပျော်သွားမှသာ တခါမျှမတွေးဖူးခဲ့သည့် အသိက သူ့အား အံ့ဩမှင်သက်သွားစေတော့လေသည်...။

နမ်းတာက တကယ့်ကို စွဲတာပဲ။







(အားလုံးပဲ မြန်မာနှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ တော်လှန်ရေးအတွက် projectလေးတွေမှာလည်း ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီပေးကြပါဦးနော်။ Updateကြာသွားလို့ တကယ်ပဲ အားနာမိပါတယ်။ အားလုံးပဲ goodnightပါရှင့်)





Zawgyi


ေဝ့လ်န္ႏွင့္ သူ႔သူငယ္ခ်င္းမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း သူတို႔မ်က္စိေရွ႕က အေျခအေနကို နားမလည္ႏိုင္ျဖစ္ေနၾက၏။

ဘာေတြတုန္း?

ရွီယြင္နန္နဲ႔ ေလာ့လင္းရွန္းက တစ္ေယာက္နဲ႔ တစ္ေယာက္သိေနၾကတာလား? အဲ့လိို မျဖစ္ႏိုင္ေလာက္ဘူးေလ။

အခုအေျခအေနအရဆို သူတို႔က ဧည့္ခံပြဲလာတဲ့ ဧည့္သည္ေတြ၊ ရွီယြင္နန္ကေတာ့ စားပြဲထိုးေလ။ အဲ့ဒါဆို ဘယ္လိုလုပ္ သူ႔ကို မ်က္ႏွာသာ ေပးေနရတာလဲ?

ေဝ့လ်န္တစ္ေယာက္ ႏႈတ္ခမ္းေထာင့္နားမွ နာက်င္မႈကို ခံစားလိုက္ရကာ ေဒါသပိုထြက္လာေတာ့သည္။ "သခင္ေလးေလာ့ မွားေျပာမိတာလား?"

အခု ရွီယြင္နန္ကသာ သူတို႔ကို အေသ႐ိုက္ခဲ့တယ္ဆိုတာ သိသာေနတာႀကီးေလ! ဒီလိုဖ႐ိုဖရဲအေျခအေနျဖစ္ေအာင္လုပ္ခဲ့တဲ့ သူကသာ တာဝန္ယူရမွာ မဟုတ္ဘူးလား?

ေလာ့လင္းရွန္း ထိုစကားကိုၾကားသည့္အခါ၊ သူက ရွီယြင္နန္အား သူ႔ေနာက္ကို ပို႔ကာ ကာကြယ္ေျပာဆိုေပးေတာ့သည္။ "မင္းတို႔ႏွစ္ေယာက္လုံး၊ ဒီဧည့္ခံပြဲရဲ႕အိမ္ရွင္က ေလာ့မိသားစုဆိုတာ အခုထိ နားမလည္ၾကေသးဘူးထင္တယ္။"

ေနာက္တမ်ိဳးေျပာရရင္ ေလာ့လင္းရွန္းဆိုတဲ့ သူကသာ ဘယ္ဧည့္သည္က ေနရမယ္ မေနရဘူးဆိုတာကို ဆုံးျဖတ္ခြင့္ရွိသူပင္။

ေဝ့လ်န္တစ္ေယာက္ ေလာ့လင္းရွန္း၏ မေက်မနပ္ မ်က္ႏွာထားကို သတိျပဳမိသြားၿပီး ခုနကလို မေမာက္မာရဲေတာ့ဘဲ ခဏတာ ဘာမွ မေျပာႏိုင္ျဖစ္သြားေတာ့၏။

သူ႔ေဘးတြင္ရပ္ေနေသာ သူငယ္ခ်င္းက ပိုပါးနပ္ေလသည္။ သူက ေဝ့လ်န္နားသို႔ တိုးတိုးေလးကပ္ေျပာလာသည္။ "ေဝ့လ်န္ ထားလိုက္ေတာ့။ ေလာ့လင္းရွန္းက ရွီယြင္နန္ကို ကာကြယ္ေပးခ်င္ေနတာ အသိအသာႀကီး။ ငါတို႔အေျခအေနနဲ႔ဆို သူ႔ကို ႏိုင္မွာ မဟုတ္ဘူး..."

ကိစၥႀကီးသြားပါက မေကာင္းပါေခ်။

ေဝ့လ်န္မွာ အေၾကာင္းစုံကို မသိေသာ္လည္း ေလာ့လင္းရွန္း၏ တျဖည္းျဖည္းေအးစက္တင္းမာလာသည့္ မ်က္ႏွာထားကို ျမင္သည့္အခါ စိုးရိမ္တႀကီး တံေတြးမ်ိဳခ်မိလိုက္သည္။ "နားလည္မႈလြဲေနၾကတာပါ။"

"နားလည္မႈလြဲတာေလာက္ပဲဆိုမွေတာ့ လူသိရွင္ၾကား ေျပာေနစရာ မလိုေတာ့ဘူး။" ေလာ့လင္းရွန္းက ထပ္မေလွ်ာ့တမ္းေျပာလိုက္သည္။

သူက သူေရွ႕ရွိ လူႏွစ္ေယာက္၏ မ်က္ႏွာကို စိုက္ၾကည့္ကာ သေရာ္လိုက္ေသး၏။ "မဟုတ္ရင္ သူမ်ားကို အႏိုင္က်င့္ေလ ဂုဏ္သိကၡာပိုက်ေလပဲ။ ဒီကသခင္ေလးႏွစ္ေယာက္လည္း ရွင္းရွင္းလင္းလင္း သိေလာက္မွာပါ။"

ေဝ့လ်န္တစ္ေယာက္ သူ႔အတြက္ ဆိုးက်ိဳးသာျဖစ္လာမည့္ကိစၥေတြကို ေတြးေတာရင္း ႏွလုံးခုန္ႏႈန္းျမန္လာေတာ့သည္။

"ဒါ..ဒါေလးက အေသးအမႊားပါပဲ၊ စိုးရိမ္စရာ မလိုပါဘူး။"

ထိုစကား ေျပာၿပီးေနာက္ သူႏွင့္ သူ႔သူငယ္ခ်င္းမွာ ထိုကံမေကာင္းသည့္ ေနရာကေန အျမန္ ေျပးထြက္သြားၾကေတာ့သည္။

ထိုႏွစ္ေယာက္ တျဖည္းျဖည္း အေဝးေရာက္သြားမွသာ ေလာ့လင္းရွန္းက ေနာက္လွည့္လာၿပီး ရန္ပြဲတြင္ ပါသည့္ ေနာက္တစ္ေယာက္ကို စိုက္ၾကည့္လာ၏။

"မင္း ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ? ဘယ္လိုျဖစ္ၿပီး ရန္ျဖစ္ရတာလဲ?"

ရွီယြင္နန္ ႏႈတ္ခမ္းကို မဲ့ကာ လိပ္ျပာမလုံစြာျဖင့္ အၾကည့္လႊဲလိုက္သည္။ "ကြၽန္ေတာ့္အတြက္ စိတ္မပူနဲ႔။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ရႈံးတာမွ မဟုတ္တာ။"

ေလာ့လင္းရွန္းတစ္ေယာက္ ရွီယြင္နန္၏ အဝတ္အစားႏွင့္ သနားစရာေကာင္းသည့္ မ်က္ႏွာေလးကို ျမင္သည့္အခါ ေဒါသထြက္ကာ ရယ္လုနီးပါးပင္။ "ရွီယြင္နန္ အခု ငါက ရန္ပြဲႏိုင္တာရႈံးတာကို စိတ္ပူေနလို႔လား? မင္းအိမ္မွာ စာမလုပ္ဘဲ ဘယ္လိုလုပ္ ဒီမွာ စားပြဲထိုး လာလုပ္ေနရတာလဲ?"

ရွီယြင္နန္ ေလာ့လင္းရွန္းအား ေမာ့ၾကည့္လိုက္၏။ သူ႔ရင္ထဲရွိ သိမ္ငယ္စိတ္မွာ တလႈိင္လႈိင္တက္လာေတာ့သည္။

"ဟုတ္တယ္! လစာနည္းနည္းေလးရဖို႔ ကြၽန္ေတာ္ဒီကို လာရတယ္။ ခင္ဗ်ားနဲ႔ ခ်န္အိမ္ေတာ္က သမီးကို ေတြ႕လိုက္ရ႐ုံတင္မကဘူး ေဝ့လ်န္ေလွာင္ေျပာတာပါ ခံလိုက္ရတယ္!"

"ကြၽန္ေတာ္သာ ဒီကို မလာရင္ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ၾကား ဘယ္ေလာက္ကြာျခားတယ္ဆိုတာကို သိလိုက္မွာ မဟုတ္ဘူး..." သူစကားေျပာတာ ခဏရပ္လိုက္ၿပီး ေလသံကို ေလွ်ာ့လိုက္သည္။

ေလာ့လင္းရွန္း မသိမသာ မ်က္ေမွာင္ၾကဳတ္မိသြား၏။

ရွီယြင္နန္ ေနာက္သို႔ ေျခတလွမ္းဆုတ္ကာ ေရာင္ကိုင္းေနတဲ့ သူ႔ႏွာေခါင္းေလးအား ကိုင္လ်က္ဆက္ေျပာလိုက္သည္။ "ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္လည္း သန္ဘက္ခါဆို ေက်ာင္းတက္ရေတာ့မွာပဲ။ အခုျပန္တာနဲ႔ အထုပ္ေတြ အကုန္ သိမ္းထားလိုက္မယ္။ ခင္ဗ်ား စိတ္မပူေစရဘူး။"

သူက သူ႔ခံစားခ်က္မ်ားကို ဖုံးကြယ္ရန္ ေခါင္းေလးကို ငိုက္စိုက္ထားရင္း ကိုယ့္ကိုယ္ကိုယ္ ေလွာင္ရယ္လိုက္ေလသည္။ "ဘာကို တကၠသိုလ္တက္မွ တြဲမယ့္ကိစၥ ေျပာမွာလဲ? ေနာက္ ကြၽန္ေတာ္စိတ္ေက်နပ္ေအာင္ ကေလးတစ္ေယာက္ကို ေခြၽးသိပ္တဲ့စကားေတြမ်ိဳး ခင္ဗ်ားေျပာစရာ မလိုေတာ့ဘူး။"

တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာက်ေတာ့ေကာ ဘာအေရးလဲ?

မလိုက္ဖက္ရင္ မလိုက္ဖက္႐ုံပဲေပါ့။

ရွီယြင္နန္ ထိုစကားမ်ားကို ေျပာၿပီးေနာက္ လွည့္ထြက္သြားလိုက္၏။ သူေျခလွမ္း ႏွစ္လွမ္းေတာင္ မလွမ္းလိုက္ရခင္မွာပဲ ႐ုတ္တရက္ ေလာ့လင္းရွန္း ျပန္ဆြဲတာကို ခံလိုက္ရသည္။

သူ႔ကိုယ္ေလး ေလထဲေျမႇာက္တက္သြားသည့္ အခါမွာေတာ့ ရွီယြင္နန္တစ္ေယာက္ လန္႔ဖ်တ္သြားၿပီး ေလာ့လင္ရွန္း သူ႔ကို ခ်ီသယ္ထားမွန္း သိလိုက္ရေလသည္။

"ေလာ့...ေလာ့လင္းရွန္း?" ရွီယြင္နန္၏ မထီမဲ့ျမင္လုပ္တဲ့ အျပဳအမူေလးမွာ ခ်က္ခ်င္းပင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားၿပီး ကေလးေလးတစ္ေယာက္လို ထိတ္လန္႔တၾကား ေအာ္မိေတာ့သည္။ "ေအာက္ခ်ေပး!"

"ရွင္းရွင္းလင္းလင္းေျဖရွင္းဖို႔ တျခားေနရာကို သြားၾကမယ္။ မင္းထပ္ျပႆနာရွာရဲရင္ေတာ့ လူေတြအားလုံး အာ႐ုံစိုက္မိသြားမွ ကိုယ့္ကို လာအျပစ္မတင္နဲ႔။"

ေလာ့လင္းရွန္းက အေလွ်ာ့မေပးဘဲ သူ႔တင္ပါးေလးကို လက္ဝါးျဖင့္ ႐ိုက္ခ်လိုက္ေတာ့သည္။

"ရွီယြင္နန္ ကိုယ္မင္းကိုေျပာထားမယ္၊ ကိုယ့္မိဘေတြ၊ ကိုယ္အစ္မ၊ ကိုယ့္ေယာက္ဖ၊ အမ်ိဳးေတြအားလုံး ဒီမွာရွိတယ္။ သူတို႔အားလုံး မင္းကို တႀကိမ္တည္းနဲ႔ မွတ္မိသြားေအာင္ မင္းလုပ္လိုက္မယ္ဆိုလဲ ကိုယ္ဘယ္လိုမွ ေနမွာ မဟုတ္ဘူးေနာ္။"

"...."

ရွီယြင္နန္တစ္ေယာက္ ဘာေၾကာင့္မွန္းမသိ ရွက္ေသြးျဖာသြားေတာ့ေလသည္။

သူတို႔ႏွစ္ဦးမွာ သုံးလနီးပါး တမိုးေအာက္တည္းတြင္ ေနခဲ့ၾကေသာ္လည္း စကားေျပာဖို႔ အခ်ိန္သိပ္မရခဲ့ၾက။ မီးျပတ္သြားသည့္ေန႔ တခုတင္တည္းတြင္ တရင္းတႏွီး အိပ္ခဲ့ရသည့္ အခ်ိန္မွလြဲ ဘာမွမျဖစ္ခဲ့ၾကေပ။

ေလာ့လင္းရွန္းဆိုသည္မွာ စကားေျပာတိုင္း အၿမဲ ေအးေဆးတည္ၿငိမ္သူျဖစ္ၿပီး အခုလိုအခိုက္အတန္႔မ်ိဳး တႀကိမ္တခါမွ်ေတာင္ မျဖစ္ဖူးခဲ့ပါေခ်။

သူပုံစံမွာ ေဒါသထြက္ေနေသာ္လည္း ရွီယြင္နန္အေပၚ ၾကမ္းၾကမ္းတမ္းတမ္း မဆက္ဆံရဲသည့္အတိုင္း ႐ိုက္ခ်က္မွာ ျငင္သာလြန္းလွ၏။

ေလာ့လင္းရွန္းမွာ ေလာ့အိမ္ေတာ္ႀကီးႏွင့္ အကြၽမ္းတဝင္ရွိသူ ျဖစ္တာေၾကာင့္ သူက ဧည့္ခံပြဲက်င္းပေနေသာ အဓိကအိမ္ေတာ္ႀကီးကို ေကြ႕ပတ္ကာ ရွီယြင္နန္အား အေနာက္ဘက္ရွိ သီးသန္႔ဗီလာသို႔ ေခၚေဆာင္ သြားလိုက္ေလသည္။

အနီးအနားမွ ျဖတ္သြားသူမွာ ေလာ့လင္းရွန္းအား မွတ္မိသြား၏။ "သခင္ေလး..."

ခုနကထိ ႐ုန္းေနသည့္ ရွီယြင္နန္မွာ လန္႔ဖ်တ္သြားၿပီး လိပ္ေလးအတိုင္း သူ႔ေခါင္းေလးကို ေလာ့လင္းရွန္း လက္ေမာင္းထဲတြင္ ျမႇဳပ္ႏွံထားလိုက္ေတာ့သည္။

"ဦးေလးခ်င္ ကြၽန္ေတာ္ကိစၥေလးရွိလို႔ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ့္မိဘေတြကို မေျပာပါနဲ႔။" ေလာ့လင္းရွန္းက အမိန္႔စကား ေျပာၿပီးေနာက္ ခ်က္ခ်င္းပင္ ဗီလာထဲသို႔ ဝင္သြားေတာ့ေလသည္။

"ဟို..ဒါက.."

ဒီျမင္ကြင္းကိုျမင္လိုက္ရေတာ့ စတုတၳအိမ္ေတာ္၏ အိမ္ေတာ္ထိန္းျဖစ္သူ ဦးေလးခ်င္မွာ ပုံရိပ္ေယာင္ေတြ ျမင္ေယာင္ေနတာမ်ားလားလို႔ ေတြးမိသြားသည္။ ဘယ္လိုရည္႐ြယ္ခ်က္ေၾကာင့္မ်ား သခင္ေလးက ေကာင္ေလးတစ္ေယာက္ကို အိမ္ထဲ ခ်ီေခၚလာရတာလဲ?

ဘယ္လိုပဲျဖစ္ျဖစ္ ေလာ့လင္းရွန္းဆိုတာ ငယ္ငယ္ေလးကတည္းက တာဝန္ယူတတ္သူမလို႔ မဖြယ္မရာ ကိစၥမ်ိဳးေတာ့ မလုပ္ႏိုင္ေလာက္။

ဦးေလးခ်င္တစ္ေယာက္ သိခ်င္စိတ္ကို မ်ိဳသိပ္ကာ သခင္ေလး၏ အမိန္႔အတိုင္း ထိုျမင္ကြင္းကို မျမင္ခ်င္ေယာင္ ေဆာင္ေနလိုက္ေတာ့သည္။

.....

တံခါးမႀကီးမွာ ေဆာင့္ပိတ္သြားေလသည္။

ရွီယြင္နန္တစ္ေယာက္ မူးေဝသလို ခံစားလိုက္ရၿပီး ဆိုဖာေပၚတြင္ ပုံလ်က္သားေလး လဲခ်လိုက္သည္။ သူအသက္ဝဝရွဴလိုက္ၿပီး သူ႔ေရွ႕ရွိ ေလာ့လင္းရွန္းအား ေဒါသတႀကီး စိုက္ၾကည့္လိုက္၏။

"ဒါဘယ္ေနရာလဲ?"

"လူအိုႀကီးက ၿခံဝင္းထဲမွာ စတုတၳအိမ္ေတာ္အတြက္ သီးသန္႔ ဗီလာ ေဆာက္ေပးထားတယ္။ ဒါကိုယ့္အခန္း။"

ေလာ့လင္းရွန္းက တဖက္သို႔လွည့္သြားၿပီး ဗီ႐ိုထဲမွ သန္႔ရွင္းသည့္ အဝတ္အစားတစ္စုံကိုထုတ္ကာ ဆက္ေျပာလာသည္။ "အဝတ္ေတြခြၽတ္လိုက္။ ဝိုင္ ေတြေပေနတာ မေျခာက္ေသးဘူး။ အေအးမိလိမ့္မယ္။"

"ေရခ်ိဳးခ်င္လား? ဒါမွ မဟုတ္ မ်က္ႏွာ သုတ္ပဝါ ယူေပးရမလား?"

ေလာ့လင္းရွန္းက သူ႔အနားသို႔ ကပ္ကာ ေမးလာ၏။ သူ၏ ေခ်ာ့ေမာ့ေနေသာ ေလသံေလးမွာ လူကို ထင္​ေယာင္ထင္မွား ျဖစ္ေစသည့္ အတိုင္းပင္။

"..."

ရွီယြင္နန္ ရင္မွာ တုန္ယင္သြားၿပီး ဘာေၾကာင့္မွန္းမသိ မေက်မနပ္သလို ခံစားမိလိုက္ေလသည္။

ေလာ့လင္းရွန္းလည္း သူ႔စိတ္အေျခအေနကို ရိပ္မိသြားကာ သူ႔အနားသို႔ ပိုတိုးလိုက္၏။ "ရွီယြင္နန္ မင္းအစကတည္းက ငါဘယ္သူမွန္း သိၿပီးသားမလား?"

ရွီယြင္နန္ အံႀကိတ္ကာ မသိမသာ ေခါင္းညိတ္ျပလိုက္သည္။

အႀကီးအကဲေလာ့က ေလာ့မိသားစုကို တာဝန္ယူေနဆဲျဖစ္ေသာ္လည္း ေလာ့လင္းရွန္းမွာ အႀကီးအကဲေလာ့၏ အခ်စ္ဆုံးေျမးေလးျဖစ္ေၾကာင္း၊ အႀကီးအကဲရာထူးကို ေလာ့လင္းရွန္းအား တိုက္႐ိုက္လႊဲေပးေတာ့မယ့္အေၾကာင္း ေကာလဟလမ်ား ထြက္ေနခဲ့သည္။

ေလာ့လင္းရွန္းက ထပ္ေမးလာသည္။ "ဒါဆို ကိုယ္ တျခားလူေတြနဲ႔ ရႈပ္တဲ့ေကာလဟလေတြေကာ မင္းၾကားဖူးလား?"

"ဟင့္အင္း။" ရွီယြင္နန္ ေခါင္ေလးခါျပလိုက္သည္။

ရွီယြင္နန္ ဒီအေၾကာင္းေတြကို ႀကိဳစုံစမ္းထားဖူးေလသည္။

ေလာ့လင္းရွန္းမွာ အၿမဲ ထိန္းထိန္းသိမ္းသိမ္းေနတတ္သူျဖစ္၏။ တဖက္လူဘယ္ေလာက္ပဲ ေခ်ာေနပါေစ၊ သူ႔ကို အလြယ္တကူ မလိုက္ႏိုင္။

ေလာ့လင္းရွန္းက သူ႔အနားသို႔ တျဖည္းျဖည္း ပိုတိုးကပ္လာကာ ရွီယြင္နန္ တစ္ေယာက္ ဆိုဖာႏွင့္ ေလာ့လင္းရွန္းအၾကားတြင္ ပိတ္မိေန၏။ သူသတိထားမိသည့္အခ်ိန္မွာေတာ့ ပုန္းကြယ္ရန္ အခ်ိန္ ေႏွာင္းသြားေလၿပီ။

"အဲ့ေတာ့ ကိုယ္က အရက္မူးေနတဲ့ သူစိမ္းကို အိမ္ကို ထပ္ခါထပ္ခါ ေခၚလာတတ္မယ္လို႔ မင္းကထင္ေနတာလား?"

"ညစာဖိတ္ေကြၽးတာကို အလြယ္တကူလက္ခံၿပီး အိမ္ေခၚလာတတ္တဲ့ သူလို႔ထင္ေနတာလား?"

"တစ္လတစ္ေထာင္တည္းနဲ႔ အိမ္မွာေနခိုင္တယ္? ေန႔တိုင္း သူ႔ကို ညစာခ်က္ေကြၽးဖို႔ ကတိေပးတယ္? သူ ကိုယ့္ကို ပိုးပန္းဖို႔ေတာင္ ကိုယ္က ကူညီေပးေနေသးတယ္?"

"ရွီယြင္နန္ ကိုယ့္ကိုေျပာ။ ကိုယ္ဆိုတဲ့ေလာ့လင္းရွန္းက ေက်ာ္ၾကားမႈ၊ ေငြေရးေၾကးေရး ဘာေတြမ်ား လစ္လပ္ေနလို႔လဲ?"

"...."

ရွီယြင္နန္ တံေတြမ်ိဳခ်လိုက္၏။ သူ႔မွာ ျပန္မေျဖႏိုင္။

တစ္ေယာက္နဲ႔ တစ္ေယာက္ဆက္ဆံပုံကို ေနသားက်ေနတာေၾကာင့္ သူ႔အေပၚ အေသးစိတ္ အလိုလိုက္မႈေတြကို လ်စ္လ်ဴရႈမိေနခဲ့သည္။

"ေလာ့လင္းရွန္း..."

ရွီယြင္နန္ မဝံ့မရဲေခၚလိုက္၏။ သို႔ေသာ္ သူ႔အသံေလးမွာ သူေတာင္သတိမထားမိလိုက္ဘဲ ငိုသံေလးျဖင့္ တုန္ယင္ေနေလသည္။ "ဒါေပမယ့္ မစၥေလာ့က ခင္ဗ်ားနဲ႔ မစၥခ်န္ကို သေဘာတူေနတယ္လို႔ လူတိုင္းက ေျပာေနၾကတာေလ။"

ေလာ့လင္းရွန္းက ရွီယြင္နန္ လည္ပင္းေလးကို ကိုင္ကာ ဝိုင္မ်ားျဖင့္ စြန္းထင္းေနသည့္ ရွီယြင္နန္၏ ေမးေစ့ေလးအား လက္ေခ်ာင္ေလးမ်ားျဖင့္ တယုတယ သုတ္ေပးလိုက္သည္။ "မင္းက သူတို႔ ဘာေျပာေျပာ ယုံတယ္ေပါ့? ဒါဆိုလည္း ဘာလို႔ ကိုယ့္ကို လာမေမးလဲ?"

ရွီယြင္နန္ အနည္းငယ္ ယားက်ိက်ိခံစားရေသာ္လည္း ထိုတယုတယအထိအေတြ႕ေလးအား မေရွာင္ခ်င္ေပ။

"ကိုယ့္အစ္မနဲ႔ ကိုယ့္ေယာက္ဖ အိမ္ေထာင္က်ေတာ့ ကိုယ့္အေမက ကိုယ့္အိမ္ေထာင္ေရးကို စိုးရိမ္ေနတာ။ မစၥခ်န္နဲ႔လည္း ဒီေန႔မွ ပထမဆုံး ဆုံဖူးတာ။ အရင္ကလည္း ဘာဆက္ဆံေရးမွ မရွိသလို ေနာက္လည္း ဘာဆက္ဆံေရးမွ ရွိလာမွာ မဟုတ္ဘူး။"

ေလာ့လင္းရွန္း ရွီယြင္နန္၏ နီရဲေနေသာ မ်က္လုံးေလးကို သူ႔လက္ေခ်ာင္းထိပ္ေလးျဖင့္ ပြတ္သပ္ရင္း သက္ျပင္းခ်လိုက္မိသည္။ "မင္းအခုအ႐ြယ္မွာ အခ်စ္နဲ႔  စိတ္လိုက္မာန္ပါ လုပ္တာကို မကြဲမွာ ကိုယ္စိုးရိမ္ေနခဲ့တာ။"

"ရွီယြင္နန္ လူတိုင္းရဲ႕ လမ္းေၾကာင္းက မတူၾကဘူး။ မင္းအတြက္ေကာေပါ့။ မင္း တ႐ုတ္မွာ တကၠသိုလ္ လာျပန္တက္မယ္လို႔ ေ႐ြးခ်ယ္လိုက္ကတည္းက ေနာက္ႏွစ္က မင္းအတြက္ ဘယ္ေလာက္အေရးႀကီးလဲဆိုတဲ့ အဓိပၸာယ္ပဲေလ။"

"မင္းနဲ႔ကိုယ္ သေဘာတူညီမႈ လုပ္ခဲ့တယ္ဆိုတာ ကိုယ္တို႔ႏွစ္ေယာက္အေၾကာင္း မင္းေအးေအးေဆးေဆး စဥ္းစားဖို႔အခ်ိန္ေပး႐ုံတင္မကဘူး၊ မင္းခံစားခ်က္ေတြေၾကာင့္ စိတ္ပ်ံ႕သြားမွာ စိုးလို႔ "

"ကိုယ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေနၿပီလို႔ ထင္ေနခဲ့တာ၊ ဘာလို႔ ႐ုတ္တရက္ႀကီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ မရွိရေတာ့တာလဲ?"

ရွီယြင္နန္တစ္ေယာက္ ေလာ့လင္ရွန္း ဆိုလိုခ်င္သည့္ သေဘာကို နားလည္သြားကာ ေလာ့လင္းရွန္းအား တင္းတင္းၾကပ္ၾကပ္မေပြ႕ဖက္ဘဲ မေနႏိုင္ေတာ့။ "ေလာ့လင္းရွန္း ကြၽန္ေတာ့္ကို ေစာင့္ေနပါ။"

ထိုစကားမွာ ေတာင္းဆိုသည့္ စကားျဖစ္သလို သူ႔ကိုယ္သူေပးတဲ့ motivationလည္းျဖစ္သည္။

ေလာ့လင္းရွန္းလည္း သူ႔ေနာက္ေက်ာေလးကို ျပန္ေပြ႕ဖက္လိုက္ေလသည္။

"ဟမ္?"

"ကြၽန္ေတာ္အခု လုံလုံေလာက္ေလာက္ မေတာ္ေသးဘူးဆိုတာ ကြၽန္ေတာ္သိပါတယ္။ မိသားစုေနာက္ခံ၊ အသက္အ႐ြယ္ အေတြ႕အႀကဳံကအစ ကြာျခားမွန္းလည္း ကြၽန္ေတာ္သိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ကို ေစာင့္ေနပါ၊ တျခားသူေတြကို မခ်စ္လိုက္ပါနဲ႔။ ကြၽန္ေတာ္က သင္ယူတာ ျမန္ပါတယ္။ ကြၽန္ေတာ္ တစ္ေန႔..."

ကြၽန္ေတာ္ တစ္ေန႔ ခင္ဗ်ားရဲ႕ ေဘးမွာ ယွဥ္ရပ္မယ္။

ေလာ့လင္းရွန္း ရယ္ကာ ဘာမွ ျပန္မေျဖလိုက္။

"ေလာ့လင္းရွန္း ကြၽန္ေတာ္ ခင္ဗ်ားကို သေဘာက်တယ္။ တကယ္ သေဘာက်တာပါ။" ရွီယြင္နန္ ဖက္ထားသည့္ အားကို ေလ်ာ့ခ်ကာ မဝံ့မရဲေလး နီးနီးကပ္ကပ္ မ်က္ႏွာခ်င္းဆိုင္ ေျပာလိုက္၏။

မိုးဒဏ္ႏွင္းဒဏ္ကိုႀကံ့ႀကံ့ခံကာ ေလာကဓံကိုျဖတ္ေက်ာ္လာပုံရသည့္ အသက္၁၈ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္၏ ႏုႏု႐ြ႐ြစကားလုံးအဖြဲ႕အႏြဲ႕ေတြမပါပဲ တမူထူးျခားၿပီး ျဖဴစင္သည့္ "သေဘာက်တယ္'' ဆိုေသာ  ဖြင့္ဟဝန္ခံခ်က္တစ္ခုမွာ မွင္သက္ အံ့ဩဖြယ္ေကာင္းေနဆဲပင္။

ထိုအခိုက္အတန႔္တြင္ ေလာ့လင္းရွန္းတစ္ေယာက္ သူအရင္ကေတြးခဲ့သည့္ သေဘာထားမ်ား၊ အခ်ိန္ကန္႔သတ္ခ်က္မ်ားမွာ အဓိပၸာယ္မရွိဟု ခံစားလိုက္မိသည္။ ျမင္ျမင္ခ်င္း အခ်စ္ဆိုသည့္ စကားလုံးမွာ ႐ိုးစင္းၿပီး ယုံၾကည္စရာမေကာင္းသည့္ စကားျဖစ္ ေသာ္လည္း ထိုစကားလုံးေတြဟာ သူနဲ႔ရွီယြင္နန္ကို ကိုယ္စားျပဳေနသည့္ အစစ္အမွန္ျပယုဂ္တစ္ခုပင္။

အေႏွးနဲ႔အျမန္ဆိုသလို သူတို႔ႏွစ္ေယာက္ တြဲျဖစ္သြားၾကမွာပင္။ "အင္း ဒါေပမယ့္ ကိုယ္မေစာင့္ေတာ့ဘူး။"

ရွီယြင္နန္ မွင္သက္သြားေလသည္။ "ဘယ္လို?"

"ကိုယ္မေစာင့္ေတာ့ဘူးလို႔။" ေလာ့လင္းရွန္းက သူတို႔ႏွစ္ေယာက္ၾကား ပိုနီးကပ္သြားရန္ ပိုတိုးကပ္လိုက္ၿပီး သက္ျပင္းခ်ကာ- "ကိုယ္လည္း မင္းကို သေဘာက်တယ္။ တြဲၾကမယ္ေလ။ ဟုတ္ၿပီလား?"

ဘာလို႔ တကၠသိုလ္တက္တဲ့အထိ ေစာင့္ေနရဦးမွာလဲ?

တကၠသိုလ္တက္တဲ့အထိ ေစာင့္တာကသာ သူလုပ္သင့္တာ အမွန္ဆုံးလို႔ ေတြးခဲ့မိတာ။

သူတျခားသူနဲ႔ ခ်စ္သြားမွာကို ရွီယြင္နန္ စိုးရိမ္ေနခဲ့သလို ရွီယြင္နန္ သူ႔ကို ထားသြားၿပီး တကၠသိုလ္ကလူနဲ႔ ႀကိဳက္သြားမွာကိုလည္း သူစိုးရိမ္ေနခဲ့မိသည္။ အဲ့လိုလုပ္မယ့္အစား အခုတစ္ေယာက္ကိုတစ္ေယာက္ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၿပီး လက္မလႊတ္တာကသာ အေကာင္းဆုံးပင္။

ရွီယြင္နန္မွာ ျဖည္းျဖည္းခ်င္း ၿပဳံးမိသြား၏။ ဖုံးထားသည့္ သိမ္ငယ္စိတ္ေလးမွာ တျဖည္းျဖည္းလြင့္စင္ သြားေတာ့သည္။ "အင္း! ဒါဆို အခု ခင္ဗ်ားက ကြၽန္ေတာ့္ ေကာင္ေလးေပါ့ေနာ္?"

ေလာ့လင္းရွန္း ရွီယြင္နန္ကို နမ္းလိုက္ခ်င္ေသာ္လည္း တဖက္လူ လက္မခံႏိုင္ေသးမွာကို စိုးရိမ္ကာ နဖူးေလးအား ဖြဖြေလးနမ္းလိုက္သည္။ "အင္း ဒါေပမယ့္ ကိုယ္ႀကိဳေျပာထားမယ္။ တြဲမယ္ဆိုတာ လက္ထပ္ဖို႔ အထိေျပာတာေနာ္။"

နဖူးေပၚနမ္းလာသည့္ အနမ္းေလးေၾကာင့္ ရွီယြင္နန္ တစ္ေယာက္ စိတ္လႈပ္ရွားသြားကာ ေလာ့လင္းရွန္း ႏႈတ္ခမ္းေလးကို ရဲရဲတင္းတင္း ျပန္နမ္းလိုက္သည္။ ထို႔ေနာက္ သူ႔ေခါင္းေလးကို ေလာ့လင္းရွန္း ရင္ခြင္ထဲ ျမႇဳပ္ႏွံထားရင္း ရယ္လိုက္ေလသည္။

"ကြၽန္ေတာ္ သိပါၿပီ"

"ကြၽန္ေတာ္ လက္ထပ္လို႔ရတဲ့ အ႐ြယ္ေရာက္ရင္ လက္ထပ္ၾကမယ္။ အဲ့ဒါေၾကာင့္ လွည့္စားဖို႔ မႀကိဳးစားနဲ႔။"

ေလာ့လင္းရွန္း အနည္းငယ္ အံ့အားသင့္သြား၏။ ရွီယြင္နန္ အရက္မူးၿပီး သူ႔ကိုပထမဆုံးအႀကိမ္ နမ္းခဲ့တာကိုေတာင္ သတိရမိသြားသည္။

ၾကည့္ရတာ သူ မဟုတ္တာကို စိုးရိမ္ေနခဲ့မိတာပဲ။

အခု သူက ဆယ့္ရွစ္ႏွစ္သာ ရွိေသးေပမယ့္၊ ေရွ႕ေလွ်ာက္ ပိုလူႀကီးျဖစ္လာရင္ ဒီခ်စ္သူေလး ဘယ္ေလာက္ ျပႆနာရွာေလာက္မလဲဆိုတာ သူေတာင္ မသိႏိုင္။

"ရွီယြင္နန္"

"ဟမ္?"

"မင္း ကိုယ့္ရဲ႕ အက်ႌကို ထပ္ေပေအာင္ လုပ္လိုက္ျပန္ၿပီ။ မင္း ျပန္ေလ်ာ္မေပးသင့္ဘူးလား?"

"အရင္ အေႂကြးမွတ္ထားလိုက္။ ၿပီးမွ အတိုးနဲ႔ ျပန္ဆပ္မယ္ေလ?" ရွီယြင္နန္ တိုးတိုးေလး ညည္းတြားလိုက္ေတာ့သည္။ "ကြၽန္ေတာ္ ဘာမွ မေျပာဘဲ ထြက္လာတာၾကာၿပီ။ ေမာ့ေကာသာ သိရင္ ေသခ်ာေပါက္ ယြမ္တစ္ေထာင္ရေတာ့မွာ မဟုတ္ဘူး။ ခင္ဗ်ား ျပန္ေလ်ာ္ မေပးသင့္ဘူးလား?"

သူ၏ ေငြေရးေၾကးေရး စာရင္းရွင္းေနတဲ့ ပုံစံေလးကို ျမင္ေသာအခါ ေလာ့လင္းရွန္း ျပန္ေမးလိုက္သည္။ "ကိုယ္သာ အခ်ိန္မွီ ေရာက္မလာရင္ မင္း ေဝ့သခင္ေလးတို႔နဲ႔ ဘာလုပ္မလို႔လဲ? ေနာက္သူတို႔ မင္းကို ျပႆနာရွာမွာ မေၾကာက္ဘူးလား?"

"က်စ္ သူတို႔ကို ေၾကာက္ရမွာလား? ႏွစ္ေယာက္စလုံး ဘာမွ မလုပ္ႏိုင္တဲ့ သခင္ေလးေတြ။ သူတို႔က ဘာက်င့္ဝတ္မွ ရွိတာ မဟုတ္ဘူး။ ဝိုင္ကို တမင္အေၾကာင္းျပၿပီး ကြၽန္ေတာ့္ကို ဆူပူခ်င္တာေလ။ သူတို႔ကို သိပ္အၾကမ္းႀကီး မ႐ိုက္လိုက္ရဘူးလို႔ေတာင္ ေတြးေနမိတာ။"

ေလာ့လင္းရွန္း မ်က္ခုံးပင့္ကာ ကူကယ္ရာမဲ့စြာ ေမးလိုက္ေတာ့သည္။ "အခုထိ မင္းလုပ္တာ မွန္တယ္လို႔ ေတြးေနတုန္းေပါ့?"

"..."

ရွီယြင္နန္မွာ ေလာ့မိသားစု ပိုင္နက္ထဲတြင္ ရွိေနေသးတာကို အမွတ္ရသြားၿပီး ေခ်ာင္းဟန္႔ကာ စကားလမ္းေၾကာင္းလႊဲလိုက္ေတာ့သည္။ "အာ့... ကြၽန္ေတာ့္လက္က နည္းနည္းနာေနတယ္။ လက္ေမာင္းကလည္း ေယာင္ေနၿပီ။ သူတို႔ႏွစ္ေယာက္ ေပါင္းၿပီး ကြၽန္ေတာ့္ကို အႏိုင္က်င့္တာလည္း မမွန္ဘူးေလ။"

သူသ႐ုပ္ေဆာင္ေနတာကို ျမင္ေတာ့ ေလာ့လင္းရွန္း ျပန္စေနာက္လိုက္ေတာ့သည္။ "တကယ္လား? မင္းခုနကပဲ သူတို႔ကို အားရပါးရ႐ိုက္ေနတာမဟုတ္ဘူးလား? သခင္ေလးရွီ ဒီေလာက္စေကးကြၽမ္းမွန္း ကိုယ္ မသိခဲ့ဘူး။"

ရွီယြင္နန္ ၿပဳံးကာ ႏွာမႈတ္လိုက္ေတာ့သည္။ "ခင္ဗ်ား ခုနကေလးတင္ ကြၽန္ေတာ့္ကို ကေလးေလးလို ေခ်ာ့ေနတာ မဟုတ္ဘူးလား? ဘယ္လိုလုပ္ ခ်က္ခ်င္းႀကီး ေျပာင္းသြားရတာလဲ?"

"ဟုတ္ပါၿပီ။ ျပႆနာ မရွာနဲ႔ေတာ့။ ေရခ်ိဳးၿပီးရင္ အဝတ္အစားလဲလိုက္။" ေလာ့လင္းရွန္း ၿပဳံးကာ အခ်ိန္ကို တခ်က္ၾကည့္လိုက္သည္။ "ကိုယ္ အဘိုးနဲ႔ တျခားသူေတြကို သြားႏႈတ္ဆက္လိုက္ဦးမယ္။ ၿပီးရင္ အိမ္ျပန္ၾကတာေပါ့။"

သဘက္ခါ တရားဝင္ ေက်ာင္းတက္ရေတာ့မည္ျဖစ္ကာ သူ႔တြင္ ထုပ္ပိုးစရာေတြ အမ်ားႀကီး က်န္ေနေသးတာေၾကာင့္ အိမ္ေစာေစာျပန္ၿပီး အနားယူလိုက္တာက ပိုေကာင္းေလသည္။

အိမ္ျပန္ၾကမယ္ ဆိုသည့္ စကားေလးေၾကာင့္ ရွီယြင္နန္ ရင္ထဲထိသြားကာ ေလာ့လင္းရွန္း လည္စလုတ္ေလးကို နမ္းခ်လိုက္သည္။ "အမ္း"

ေလာ့လင္းရွန္း မ်က္လုံးေလးေတြမွာ မသိမသာ မည္းေမွာင္သြားေတာ့၏။

"မဆိုးနဲ႔"

"အိုး"

ရွီယြင္နန္၏ အသံေလးမွာ ပေရာပရည္လုပ္ေနသလိုပင္။ "ေကာင္းပါၿပီ။ အိမ္ျပန္ၾကမယ္။"

....

ႏွစ္ရက္အၾကာတြင္—

ရွီယြင္နန္ ေက်ာင္းသို႔ အစီရင္ခံရန္ သြားလိုက္ေလသည္။ အင္ပါယာၿမိဳ႕ေတာ္၏ အမွတ္(၂) အထက္တန္းေက်ာင္းမွာ ၾကားရက္မ်ားတြင္ ေက်ာင္းအေဆာင္ေနရၿပီး ပိတ္ရက္ အိမ္ျပန္ရသည့္ စနစ္ကို က်င့္သုံးထား၏။ အထူးသျဖင့္ တတိယႏွစ္ အထက္တန္းေက်ာင္းသားမ်ားမွာ အေရးႀကီး အေျခအေနမွလြဲ ေက်ာင္းဝင္းထဲမွ ထြက္ခြင့္ မရွိ။

ျပည္တြင္းႏွင့္ ျပည္ပ သင္႐ိုးမ်ားက အၿမဲ တူမေနေပ။

ရွီယြင္နန္ ႏိုင္ငံျခားတြင္ အဆင့္ေကာင္းေကာင္းရခဲ့ေသာ္လည္း ေလာ့လင္းရွန္းႏွင့္ သူ၏ အနာဂတ္အတြက္ အခုခ်ိန္တြင္ ပိုမႀကိဳးစားဘဲ မေနႏိုင္။ ထို႔ေၾကာင့္ သူ႔energyအားလုံးကို စာထဲမွာသာ ျမႇဳပ္ႏွံထားေလသည္။

ညတိုင္း ေလာ့လင္းရွန္းထံမွ ဂြတ္ႏိုက္မက္ေဆ့ခ်္ရ႐ုံမွလြဲ က်န္တဲ့အခ်ိန္မ်ားမွာ တကယ့္ကို Long-distance relationshipပင္။

စားပြဲေပၚရွိ ဖုန္းမွာ တုန္ခါသြား၏။ ႀကိဳတင္ ႏႈိးဆက္ေပးထားေသာ alarmအသံပင္။

ေလာ့လင္းရွန္းႏွင့္ အစီအစဥ္အသစ္အေၾကာင္း ေဆြးေႏြးေနေသာ ယြီေရွာ့တစ္ေယာက္ ထိုအသံကို ၾကားသည့္အခါ နားမလည္ႏိုင္စြာ ေမးလိုက္မိသည္။  "ေလးခြဲပဲရွိေသးတာေလ။ ဘာလို႔ alarmေပးထားတာလဲ?"

"ဒီေန႔က ေသာၾကာေန႔" ေလာ့လင္းရွန္းက ျပန္ေျဖရင္း alarmကိုပိတ္ကာ သူ႔ပစၥည္းေတြကို စတင္ သိမ္းဆည္းေတာ့သည္။

"အမ္ အဲ့ေတာ့?"

ယြီေရွာ့နားမလည္ႏိုင္ေတာ့။ သူတို႔လို လုပ္ငန္းႀကီးလုပ္ေနရတဲ့သူေတြက အၿမဲ အလုပ္မ်ားေနၾကေလ။ သူ႔တို႔မွာ အလုပ္ခ်ိန္နဲ႔ နားရက္ကို ဘယ္လိုလုပ္ ခြဲႏိုင္မွာလဲ?

"ဒီအခ်က္ေလးခ်က္ကိုပဲ ေထာက္ျပလိုက္။ ၿပီးေတာ့ စီမံကိန္းဌာနကိုလည္း အနာေပးလိုက္ဦး။ တနလၤာေန႔မွာ ျပန္ေတြ႕မယ္၊ အေရးႀကီး ကိစၥမရွိရင္ ပိတ္ရက္ ဖုန္းမေခၚနဲ႔။"

ေလာ့လင္းရွန္း၏ လုပ္ေဆာင္ခ်က္မ်ားမွာ လွ်င္ျမန္ ျပတ္သားေန၏။ သူက စကားလုံးေလးအနည္းငယ္ျဖင့္ ၫႊန္ၾကားၿပီးေနာက္ အလုပ္ဆင္းရန္ အဆင္သင့္ျဖစ္ေနေလၿပီ။

"..."

ယြီေရွာ့ သူ႔သူငယ္ခ်င္းကို ၾကည့္ေနရင္း တံခါးမွ မထြက္သြားမီ အလ်င္စလို တားလိုက္ေတာ့သည္။ "မဟုတ္ေသးဘူး။ မင္းအရင္က တခါမွ ႐ုံးေစာေစာမဆင္းဘူးေလ။ မင္းက အၿမဲ သူေဌးထိုင္ခုံမွာပဲ ထိုင္ၿပီး အလုပ္ႀကိဳးစားေနခဲ့တာ။ ဒီေန႔ တစ္ေယာက္ေယာက္နဲ႔ ေတြ႕မွာမလို႔ ေလာေနတာလား?"

ေလာ့လင္းရွန္း ေရးေရးေလးၿပဳံးကာ ျပန္ေမးလိုက္သည္။ "သိခ်င္လား?"

ယြီေရွာ့ အလိုလိုသိစိတ္အရ ေျပာခ်လိုက္မိ၏။ "မင္း ရည္းစားရေနတာလား?"

ေလာ့လင္းရွန္း သူ႔အေမးစကားကို သေဘာတူသည့္ အေနျဖင့္ ေခါင္းညိတ္ျပလိုက္သည္။

"ဘယ္တုန္းကလဲ? ဘယ္သူလဲ? မင္းအခု ဘယ္သြားမလို႔လဲ?"

ယြီေရွာ့တစ္ေယာက္ ေမးခြန္းသုံးခြန္းဆက္တိုက္ေမးၿပီးေနာက္ သူ၏ မက္မြန္ပြင့္ သ႑န္မ်က္လုံးေလးေတြမွာ အံ့ဩသည့္အရိပ္အေယာင္မ်ားျဖင့္ စြန္းထင္းေနသည္။ သိသိသာသာကိုပင္ ေလာ့လင္းရွန္း ခ်စ္တတ္လိမ့္မည္ဟု သူမထင္ထားခဲ့။

ေလာ့လင္းရွန္းမွာ အလ်င္လိုေနတာေၾကာင့္ ေလာေလာဆယ္ ထပ္မရွင္းျပႏိုင္ေသးေပ။

သူ စိတ္ေကာင္းဝင္ေနတာေၾကာင့္ ယြီေရွာ့ပုခုံးေလးကို ပုတ္ကာ ျပန္ေျပာလိုက္၏။ "ၿပီးခဲ့တဲ့ တပတ္ကပဲ။ မင္းေလာေလာဆယ္ လွ်ိဳ႕ဝွက္ထားဦး။ ငါအခု အမွတ္(၂) အထက္တန္းေက်ာင္းကို အျမန္သြားရမယ္။"

"ဘယ္ကိုလဲ? ဘာလို႔လဲ?"

"သူက ႀကိဳးႀကိဳးစားစား စာသင္ေနတာေလ။ ေက်ာင္း သြားႀကိဳမလို႔။"

"..."

ယြီေရွာ့မွာ ေလာ့လင္းရွန္း ေနာက္ေက်ာကို စိုက္ၾကည့္ရင္း တကိုယ္လုံး ေခြးစာျဖင့္ အပက္ခံလိုက္ရတာေၾကာင့္ ခဏတာ မတုံ႔ျပန္ႏိုင္ျဖစ္သြားေတာ့သည္။

အထက္တန္းေက်ာင္း?

မင္းရဲ႕ရည္းစားကို ေက်ာင္းသြားႀကိဳမယ္?

ဘယ္လို? ေလာ့လင္းရွန္း မင္းက ပိပိရိရိ ဖုံးထားတာပဲ!

....

ေလာ့လင္းရွန္း ေက်ာင္းဂိတ္ဝသို႔ေရာက္သည့္အခါ ပတ္ပတ္လည္တြင္ မိဘမ်ား၏ ကားမ်ားမွာ ေနရာယူထားၿပီးေလၿပီ။

ေက်ာင္းေခါင္းေလာင္းသံျမည္ၿပီးေနာက္ ေက်ာင္းဂိတ္တံခါးလည္း ပြင့္လာ၏။

သိပ္မၾကာခင္မွာပင္ ေက်ာင္းဝတ္စုံဝတ္ထားသည့္ ေက်ာင္းသားေလးေတြ ထြက္လာၾကသည္။ လူအုပ္ႀကီးေၾကာင့္ ကားပိတ္ေနမွာကို စိုးကာ သူ ကားအျပင္ဘက္တြင္ ေစာင့္လ်က္ ရွီယြင္နန္ဆီ မက္ေဆ့ခ်္ပို႔လိုက္ဖို႔လည္း မေမ့။

[ကိုယ္ ေက်ာင္းဝင္ေပါက္နားမွာ၊ ဂိတ္ေစာင့္ အခန္းရဲ႕ ညာဘက္ ဆယ္မီတာေလာက္မွာ ေစာင့္ေနတယ္။]

ရွီယြင္နန္ဆီ မက္ေဆ့ခ်္က လွ်င္ျမန္စြာ ေရာက္ခ်လာ၏- [အတန္းပိုင္ ဆရာက စကားေျပာေနတုန္းပဲ။ ရွဴး]

ထိုစာကို ျမင္သည့္အခါ ေလာ့လင္းရွန္း တစ္ေယာက္ မသိမသာ ၿပဳံးမိသြားေလသည္။

သူကားနားတြင္ ေနေရာင္တျဖည္းျဖည္း ဝင္သြားသည္အထိ စိတ္ရွည္ရွည္ေစာင့္ဆိုင္းေနရင္း သူျမင္ခ်င္သည့္ ပုံရိပ္ေလးအား ေက်ာင္းဂိတ္နားတြင္ ေတြ႕လိုက္ရသည္။

ေက်ာင္းဝတ္စုံေလးဝတ္ထားသည့္ ရွီယြင္နန္မွာ ဂိတ္မွ ထြက္လာၿပီး သူ႔ေဘးတြင္လည္း သူႏွင့္ ႐ြယ္တူ အရပ္ရွည္ရွည္ ေကာင္ေလးတစ္ေယာက္ပါရွိေနသည္။ သူ(SYN)၏ ႐ုပ္ရည္ စိတ္ေနစိတ္ထားကို ၾကည့္႐ုံနဲ႔တင္ ေက်ာင္းတြင္ နာမည္ႀကီးမွာ ေသခ်ာေပါက္ပင္။

ႏွစ္ေယာက္သား ေက်ာင္းအျပင္ဘက္ ေလွ်ာက္လာရင္း စကားစျမည္ေျပာေနၾက၏။

ေနာက္တစ္စကၠန႔္မွာပင္ ရွီယြင္နန္က သူ႔အား သတိထားမိသြားၿပီး သူ႔ေဘးမွ ေကာင္ေလးကို ထားကာ သူ႔ဆီသို႔ တန္းတန္းမတ္မတ္ ေျပးလာေတာ့သည္။

ေလာ့လင္းရွန္း မသိစိတ္က လက္ကိုဆန္႔ကာ သူ႔အားေပြ႕ဖက္လိုက္ေလသည္။ "ဘာေတြ ေလာေနတာလဲ?"

ရွီယြင္နန္တစ္ေယာက္ ၿပဳံးကာ သူတို႔ႏွစ္ေယာက္တည္းသာ ၾကားသည့္ ေလသံေလးျဖင့္ ေျပာလိုက္သည္။  "ေလာ့လင္းရွန္း ကြၽန္ေတာ္ခင္ဗ်ားကို အရမ္းလြမ္းတာပဲ။"

"ပင္ပန္းေနၿပီလား?"

"ခင္ဗ်ားကို ေတြ႕ရင္ မပင္ပန္းေတာ့ဘူး"

ႏွစ္ေယာက္သား ခ်ိဳၿမိန္ေသာ စကားေလးေတြ ေျပာေနရင္း အေနာက္ကေန ေမးသံေလးထြက္လာသည္။ "ယြင္နန္ ဒါက မင္းရဲ႕ အစ္ကိုႀကီးလား?"

"...."

အကိုႀကီး?

ရွီယြင္နန္ ႏွင့္ ေလာ့လင္းရွန္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကၿပီးေနာက္ ရွီယြင္နန္က ေနာက္လွည့္ကာ အျမန္ျပန္ေျဖလိုက္သည္။ "ေပါယန္ သူက တကယ္ေတာ့.."

ျငင္းဆိုသည့္ စကား ဆုံးေအာင္ မေျပာလိုက္ရခင္မွာဘဲ သူ႔ေဘးရွိ ေလာ့လင္းရွန္းက ၾကားျဖတ္ေျဖေပးလာသည္။ "ဟုတ္တယ္ သူ႔ကို ေက်ာင္းလာႀကိဳတာေလ။ မင္းက ယြင္နန္ရဲ႕ အတန္းေဖာ္လား?"

"ဟုတ္ပါတယ္။ နိေဟာင္။ ကြၽန္ေတာ့္နာမည္က စုန္႔ေပါယန္ပါ ကြၽန္ေတာ္က ယြင္နန္ရဲ႕ အတန္းေဖာ္ အခန္းေဖာ္ပါ။"

ေလာ့လင္းရွန္း ေခါင္းညိတ္ျပလိုက္ၿပီး ထပ္မေမးေတာ့။

ဒါကိုျမင္ေတာ့ ရွီယြင္နန္က အရင္ႏႈတ္ဆက္လိုက္ေလသည္။ "ေပါယန္ ငါသြားႏွင့္ၿပီ။"

စုန္႔ေပါယန္က ေဖာ္ေဖာ္ေ႐ြေ႐ြ ျပန္ေျဖလာသည္။ "ဟုတ္ၿပီ။ လမ္းမွာ ဂ႐ုစိုက္ေနာ္။ မင္းနားမလည္တာရွိရင္ ငါ့ကို ဆက္သြယ္လိုက္။"

"ေကာင္းၿပီ။"

ေလာ့လင္းရွန္းကေတာ့ သူတို႔ႏွစ္ဦးရဲ႕ စကားသံေတြကို တိတ္တဆိတ္သာ နားေထာင္ေန၏။ စုန္႔ေပါယန္ ထြက္သြားမွသာ ရွီယြင္နန္အား ကားေပၚတက္ရန္ အခ်က္ ျပလိုက္သည္။

"ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ဘာလို႔ ရွင္းမျပလိုက္တာလဲ? ဟမ္ ေကာ..?"

ထိုအေခၚအေဝၚေလးကို စဥ္းစားရင္း ရွီယြင္နန္ ၿပဳံးေနမိ၏။

"မင္းက အခု တတိယႏွစ္ေလ။ လူေတြမင္းအေၾကာင္းေျပာၿပီး ပညာေရးထိမခိုက္ေအာင္ ကိုယ္ေရးကိုယ္တာ ကိစၥေတြ မေျပာတာ ပိုေကာင္းတယ္ေလ"

"ဟုတ္ပါၿပီ၊ ကြၽန္ေတာ္ ခင္ဗ်ား စကားကို နားေထာင္ပါ့မယ္။"

ရွီယြင္နန္ကေတာ့ သိပ္စိတ္မပူပါ။ သူ႔အတြက္ေတာ့ ေလာ့လင္းရွန္းက သူ႔ခ်စ္သူဆိုတဲ့ အခ်က္ကို တကမာၻလုံးကို ေျပာျပခ်င္ေနခဲ့မိသည္။

သို႔ေသာ္လည္း ေလာ့လင္းရွန္း ေျပာတာမွန္ေလသည္။ တ႐ုတ္ႏိုင္ငံတြင္ လိင္တူလက္ထပ္ျခင္းဥပေဒကို အတည္ျပဳထားေသာ္လည္း ပတ္ဝန္းက်င္ကေတာ့ ႏိုင္ငံျခားလို႔ ပြင့္လင္း မျမင္သာေသးေပ။

ယခု သူက ေက်ာင္းစာေပၚသာ အာ႐ုံစိုက္ထားရမည္ျဖစ္တာေၾကာင့္ ျပႆနာေတြကို ေရွာင္ရွားထားတာ ပိုေကာင္းေလသည္။

"ဒီည အိမ္မွာ မစားေတာ့ဘူး။ ကိုယ္မင္းကို စားေသာက္ဆိုင္ဆီ ေခၚသြားေပးမယ္ေလ? မနက္ျဖန္ သန္ဘက္ခါ အိမ္မွာ စာလုပ္တဲ့အခ်ိန္က်ရင္ ကိုယ္ မင္းအတြက္ တစ္ေန႔ သုံးနပ္ျပင္ေပးမယ္။"

ေလာ့လင္းရွန္း၏ အစီအစဥ္ကို ၾကားသည့္အခါ ရွီယြင္နန္၏ ႏွလုံးသားေလး ပ်ားရည္မ်ားျဖင့္ ျပည့္နက္သြားေတာ့သည္။ "ေကာင္းၿပီ ကြၽန္ေတာ္ ခင္ဗ်ား စကားကို နားေထာင္မယ္။"

ဒီလို ေက်ာင္းပိတ္ရင္ သူ႔ကို ေက်ာင္းလာႀကိဳၿပီး အေဖာ္လုပ္ေပးတဲ့ ခံစားခ်က္မ်ိဳး မခံစားရတာ ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲ? သူတ႐ုတ္မွာ စာလာျပန္သင္တာက သူခ်ခဲ့ဖူးသမွ် ဆုံးျဖတ္ခ်က္ေတြထဲမွာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ပဲ!

......

ညေန ဆယ္နာရီခြဲတြင္—

ရွီယြင္နန္ အိမ္စာမ်ား လုပ္ၿပီးသြားကာ ေဆးေၾကာသန္႔စင္ၿပီးေနာက္ ေလာ့လင္းရွန္း အိပ္ခန္းတံခါးကို ေခါက္လိုက္သည္။ တစ္ဝက္သာ ပိတ္ထားသည့္ တံခါးေလးအား တြန္းဖြင့္လိုက္ရာ ခုတင္ အစြန္းတြင္ ထိုင္ေနသည့္ ေလာ့လင္းရွန္းအား ေတြ႕လိုက္ရေလသည္။

ရွီယြင္နန္ သိလ်က္သားႏွင့္ ေမးလိုက္သည္။ "အိပ္ေတာ့မွာလား?"

ေလာ့လင္းရွန္း တဘလက္ကို ခ်ကာ သူ႔ကိုေခၚလိုက္သည္။ "ဒီကိုလာေလ၊ ဒီည အတူတူအိပ္ခ်င္လား?"

"အင္း!"

ရွီယြင္နန္ ထိုစကားကို ေစာင့္ဆိုင္းေနတာပင္။ သူခ်က္ခ်င္း တံခါးကို ပိတ္ကာ ေလာ့လင္းရွန္းဆီ ေလွ်ာက္သြားလိုက္၏။

႐ုတ္​တရက္​ သူ႔အိတ္​ကပ္​ထဲရွိ ဖုန္းမွာ မက္ေဆ့ခ်္တစ္ေစာင္​ဝင္လာကာ တုန္ခါသြားသည္။

ရွီယြင္နန္ ေလာ့လင္းရွန္း ေရွ႕မွာတင္ စာကို ဖြင့္ၾကည့္လိုက္သည္။ စုန္႔ေပၚယန္ထံမွ စာပင္။ [ပိတ္ရက္ေတြ႕ခ်င္လား? ငါအရင္တုန္းက မွတ္ထားတဲ့ သခ်ၤာ မွတ္စုေတြ ေတြ႕လို႔ေလ။ မင္းကို ေပးလို႔ရတယ္။]

ေလာ့လင္းရွန္း မက္ေဆ့ခ်္ပို႔သူ နာမည္ကို ျမင္ေသာ္လည္း  တမင္တကာ ေမးလိုက္သည္။ "ဘယ္သူပို႔တာလဲ?"

"ေက်ာင္းဂိတ္ဝမွာတုန္းက ေတြ႕ခဲ့တဲ့ စုန္႔ေပါယန္။ သူက အတန္းေခါင္းေဆာင္ေလ။ ကြၽန္ေတာ္ၾကားတာေတာ့ သူက အၿမဲ ေတာ့ပ္သရီး ဝင္တယ္တဲ့။ သူက ေတာ္ေတာ္ ေခ်ာတယ္မလား?"

"...ကိုယ့္ကို ေမးတယ္ေပါ့?"

ေလာ့လင္းရွန္း သူ႔ခ်စ္သူေလးအား အၿပဳံးျဖင့္ စိုက္ၾကည့္ေနေသာ္လည္း အမွန္တကယ္ေတာ့ ခ်ဥ္စူးသည့္ အရိပ္အေယာင္ေလးေတြ ရွိေနသည္။

ရွီယြင္နန္ ႐ုတ္တရက္ သေဘာေပါက္သြားကာ သူ႔မ်က္လုံးထဲတြင္ စခ်င္ေနာက္ခ်င္သည့္ အရိပ္အေယာင္ေလးေတြ ေပၚလာေတာ့သည္။

သူက ဖုန္းအား အိပ္ရာေဘးတြင္ တင္ထားလိုက္ၿပီး ေလာ့လင္းရွန္း ေပါင္ေပၚတြင္ ခြထိုင္ကာ အၿပဳံးေလးျဖင့္ အနားတိုးကပ္လိုက္သည္။ "သဝန္တိုတာလား? ကြၽန္ေတာ္တို႔ အတန္းထဲကလူေတြ ေျပာတာၾကားလို႔ ႀကဳံတုန္း ေျပာျပတာပါ။"

"႐ုပ္ေခ်ာတာကို ၾကည့္ရင္ေတာ့ ကြၽန္ေတာ့္ခ်စ္သူကသာ ပလႅင္ေပၚမွာေပါ့။"

ေလာ့လင္းရွန္း ဝန္မခံဘဲ သူ၏ ခါးေသးေသးေလးအား ဖက္ထားလိုက္သည္။ "သဝန္မတိုပါဘူး။ အ႐ြယ္ေတာင္မေရာက္ေသးတဲ့ အထက္တန္းေက်ာင္းသားေလးကို ဘာလို႔ သဝန္တိုရမွာလဲ?"

ရွီယြင္နန္ ေခါင္းေလးညိတ္ကာ ေျပာလိုက္သည္။ "ဒါနဲ႔ သူက ဒီေန႔ ကြၽန္ေတာ့္ကို တစ္ခု သတိေပးလိုက္တာပဲ။"

"ဘာကို သတိေပးလိုက္တာလဲ?" ေလာ့လင္းရွန္းက ခ်က္ခ်င္းပင္ ျပန္ေမးကာ ရွီယြင္နန္အား တင္းတင္းၾကပ္ၾကပ္ ပိုဖက္ထားလိုက္သည္။

"အေခၚအေဝၚေလ။ အာ နာမည္အရင္း ေခၚဖို႔က် သိပ္မရင္းႏွီးသလိုႀကီး။ လင္းရွန္းလို႔ ေခၚတာက် သိပ္မထူးျခားသလိုပဲ..."

ရွီယြင္နန္ ေလာ့လင္းရွန္း ပုခုံးကိုဖက္ကာ တမင္ႏႈိးဆြလိုက္သည္။ "ေကာေကာလို႔ ေခၚမယ္ေလ။ ဘယ္လိုလဲ?"

"..."

ေလာ့လင္းရွန္းက ျပန္မေျဖ။

"ခင္ဗ်ား မႀကိဳက္ဘူးလား?" ရွီယြင္နန္ တမင္ ေခါင္းေလးေစာင္းၿပီး နား အနားကပ္ကာ ထပ္လႈံေဆာ္လိုက္သည္။ "ေကာေကာ?"

ေလာ့လင္းရွန္းတစ္ေယာက္ အသက္ရွဴသံ ကေမာက္ကမ ျဖစ္သြားေတာ့ေလသည္။ "ေတာ္ေတာ့"

ရွီယြင္နန္ အျမန္ပင္ တုံ႔ျပန္လိုက္၏။ ေလာ့လင္းရွန္း ခ်ဳပ္တည္းေနတာကို ျမင္ေတာ့ သူပိုပို စခ်င္လာကာအေခၚအေဝၚ တမ်ိဳးၿပီး တမ်ိဳး ေခၚေတာ့သည္။

"မစၥတာေလာ့?"

"ေလာ့လင္းရွန္း?"

"ေကာေကာ?"

ေခၚလိုက္တိုင္း ထြက္လာေသာ အသံတိုးတိုးေလးထဲရွိ အသက္ရွဴသံေႏြးေႏြးေလးမွာ ေလာ့လင္းရွန္း ႏွလုံးသားအား ႐ိုက္ခတ္သြားေလသည္။ သူ႔အား  စေနာက္ေနသည့္ ရွီယြင္နန္ကို စိုက္ၾကည့္ကာ ေျပာလိုက္ေတာ့သည္။ "ေလွ်ာက္မေခၚနဲ႔ေတာ့။"

ေဝဒနာကို မျမည္းစမ္းဖူးရေသးသည့္ ရွီယြင္နန္က ထပ္ေျပာလာ၏။ "ခင္ဗ်ား ႀကိဳက္လား မႀကိဳက္ဘူးလား? ျပန္ေျဖရမယ္ေလ။"

"ေကာေကာ...အမ္.."

ေနာက္ထပ္ လႈံ႕ေဆာ္မႈအၿပီးမွာေတာ့ ေလာ့လင္းရွန္းရွီယြင္နန္ ႏႈတ္ခမ္းကို နမ္းခ်လိုက္ေတာ့ေလသည္။ သူက သူ႔ခ်စ္သူ၏ ေခါင္းေလးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထား၏။

အနမ္းမွာ ႏႈတ္ခမ္းႏွင့္ သြားၾကားထဲ ထိုးဝင္ကာ အတြင္းထဲသို႔ နစ္ဝင္သည့္ အထိ ျပင္းလွ၏။

အဆင့္သင့္မျပင္ထားရေသးသည့္ ရွီယြင္နန္တစ္ေယာက္ ႐ုတ္တရက္အနမ္းေၾကာင့္ မွင္သက္သြားေလသည္။ သူ႔လွ်ာဖ်ားေလး စကားမေျပာႏိုင္ေလာက္တဲ့အထိ ထုံက်င္သြားမွာသာ သူ ညည္းတြားလိုက္မိ၏။

ေၾကာင္ေအာ္သံလို ညည္းတြားသံေလးအား ေလာ့လင္းရွန္း ၾကားလိုက္သည့္အခါ သူ႔မ်က္လုံးမ်ား မည္းေမွာင္သြားေတာ့သည္။

သူက အနမ္းကိုရပ္လိုက္ၿပီး ေနာက္သို႔ဆုတ္ကာ ရွီယြင္နန္ ႏႈတ္ခမ္းေလးအား ကိုက္ခ်လိုက္သည္။ "လိမၼာေလ။ မ်က္လုံး မွိတ္ထား။"

ရွီယြင္နန္ ပင့္သက္ရႈိက္လိုက္၏။ သူ႔နားႏွင့္ ပါးေလးမွာ ရွက္စိတ္ေၾကာင့္ ၾကက္ေသြးေရာင္ သမ္းေနသည္။ သိသိသာသာကိုပင္ သူ႔တြင္ အနမ္း အေတြ႕အႀကဳံမရွိခဲ့။ သို႔ေသာ္ ျမည္းစမ္းၾကည့္ၿပီးေနာက္မွာေတာ့ သူေတာင္မသိလိုက္ဘဲ ေရွ႕သို႔တိုးကာ ေျပာလိုက္မိသည္။ "ကြၽန္ေတာ္ ထပ္နမ္းခ်င္ေသးတယ္။"

သူ႔အေတြးေတြကို မမ်ိဳသိပ္ႏိုင္သည့္ ေလာ့လင္းရွန္းမွာ ရွီယြင္နန္ စကားမ်ားေၾကာင့္ ခ်က္ခ်င္းပင္ လႈံ႕ေဆာ္ခံလိုက္ရ၏။ သူက ခ်က္ခ်င္းပင္ ကိုယ္အေနအထားကို ေျပာင္းကာ ရွီယြင္နန္အား ထပ္နမ္းလိုက္ေတာ့သည္။

ရွီယြင္နန္တစ္ေယာက္ ႏူးညံ့သည့္ ေခါင္းအုံးေလးကို ထိလိုက္ခ်ိန္မွာေတာ့ သူမလုပ္သင့္ဘူးဆိုတဲ့ အေတြးဝင္လာကာ လန္႔ဖ်တ္သြားၿပီး ေလာ့လင္းရွန္းအား ကိုက္မိသြားေတာ့သည္။ "ခဏေလး ကြၽန္ေတာ္..."

အဆင္သင့္မျဖစ္ေသးဘူးေလ။

ေလာ့လင္းရွန္း ႏႈတ္ခမ္းမွ နာက်င္မႈအနည္းငယ္ကို ခံစားလိုက္ရကာ အံ့အားသင့္သြားၿပီး စိတ္ရွည္စြာျဖင့္ ေအးေအးေဆးေဆး ေျပာလိုက္သည္။

"မေၾကာက္နဲ႔ေနာ္။ ကိုယ္တို႔ အဲ့ေလာက္အထိ မလုပ္ဘူး။"

"တကယ္လား?"

"အင္း"

ေလာ့လင္းရွန္း ခုနကလို မၾကမ္းတမ္းဘဲ ရွီယြင္နန္ ႏႈတ္ခမ္းေလးအား ပိုညင္သာစြာ ထပ္နမ္းလိုက္သည္။

ရွီယြင္နန္တစ္ေယာက္ ခုနကလို စိုးရိမ္သည့္ခံစားခ်က္မ်ိဳး မခံစားရေတာ့။ သူ၏ အျမန္သင္ယူတတ္သည့္ စြမ္းရည္ျဖင့္ ေလာ့လင္းရွန္း လွ်ာဖ်ားေလးအား ျပန္ထိေတြ႕လိုက္သည္။

ဗလုံးဗေထြး ညည္းသံေတြမွာ ဆက္တိုက္ထြက္ေပၚလာၿပီး အနမ္းမ်ားမွာ ထိန္းမရသိမ္းမရ ရွည္ၾကာလို႔ေနသည္။

ရွီယြင္နန္တစ္ေယာက္ ေလာ့လင္းရွန္း ရင္ခြင္ထဲတြင္ အိပ္ေပ်ာ္သြားမွသာ တခါမွ်မေတြးဖူးခဲ့သည့္ အသိက သူ႔အား အံ့ဩမွင္သက္သြားေစေတာ့ေလသည္...။

နမ္းတာက တကယ့္ကို စြဲတာပဲ။







(အားလုံးပဲ ျမန္မာႏွစ္သစ္မွာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ။ ေတာ္လွန္ေရးအတြက္ projectေလးေတြမွာလည္း ကိုယ္တတ္ႏိုင္သေလာက္ ပါဝင္ကူညီေပးၾကပါဦးေနာ္။ Updateၾကာသြားလို႔ တကယ္ပဲ အားနာမိပါတယ္။ အားလုံးပဲ goodnightပါရွင့္)




















Continue Reading

You'll Also Like

978K 51.3K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
17.1K 417 3
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem ပါနော် 1 by 5 or maybe 6 🤭 Author -shut paann start -23,12,2023 end-
448K 55.2K 109
''Hug my Omega '' ကို မြန်မာပြန်မလို့ပါ။ အပိုင်း - 48+ 2 extras original author - lion cub English translator - xiansix #not my story #only fun tra...