My Husband Hates Me ( Complet...

Por Eros_90

1.8M 81.1K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... Mais

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 7 ( Unicode )

41.2K 2.3K 132
Por Eros_90

အပိုင်း - ၇

ဆရာဝန်ပြန်သွားတဲ့အချိန်မှာတော့ မကိုဋ်တစ်ယောက်
မေ့မြောနေဆဲဖြစ်သည့်ကောင်လေးကို ခပ်တိုးတိုး
တောင်းပန်လိုက်မိတော့၏။

" တောင်းပန်ပါတယ် ငါ့ကြောင့်မင်းမှာနစ်နာမှုတွေ
ရှိသွားရပြီး အများကြီးနာကျင်ခဲ့ရလို့ ငါက
တောင်းပန်ပါတယ်"

*
*
*
*
*
*
*
*

" မင်း ဘယ်လိုနေသေးလဲ "

" ဒီအိမ်ကို ဘယ်အချိန်ပြန်ခေါ်လာတာလဲ "

" မင်းနေလို့ကောင်းလားမေးနေတာကို အရင်ဖြေလေ
ကွာ ၊ ဒီအိမ်ကိုဘယ်အချိန်ပြန်ခေါ်လာလဲဆိုတာက
အရေးကြီးလို့လား "

" နေကောင်းပြီ၊ ဟိုဘက်အိမ်ပြန်မယ် "

သက်ထက်ပန်ရဲ့ပုံစံက အရာအားလုံးကိုမှတ်မိနေ
တာတောင် လုံးဝစိတ်ဆိုးဟန်မပြ။ ခံစားချက်တွေကို
မျိုသိပ်ထားပုံရလေသည်။ အမှန်ဆို သူအရမ်းစိတ်ဆိုး
နေရမှာလေ ။ စကားလုံးတွေနဲ့ဖြစ်ဖြစ် တိုက်ခိုက်ပြော
ဆိုနေရမှာ။အခုအခြေအနေကြီးက သွေးအေးလွန်းနေ
တာကြောင့် နည်းနည်းတော့လန့်စရာကောင်းသည်။

" ကျွန်တော်ဟိုဘက်အိမ်ကိုပြန်မယ်လို့ ပြောနေတယ်
လေ"

" စိတ်တောင်မကူးနဲ့ ၊ ဟိုဘက်အိမ်ကမင်းအတွက်
မလုံခြုံလို့ဒီကိုပြန်ခေါ်လာတာ ၊ ဒီအိမ်မှာနေတာက
မင်းအတွက် အန္တရာယ်အကင်းဆုံးနဲ့အဆင်အပြေဆုံးပဲ "

" ဒါပေမဲ့ ကျွန်တော်မနေချင်ဘူးလေ ခင်ဗျားဘာလုပ်
ခဲ့လဲဆိုတာကို မမေ့သေးဘူးမဟုတ်လား ခင်ဗျားလိုလူနဲ့
မျက်နှာချင်းဆိုင်ပြီးနေရလောက်အောင် ကျွန်တော်
အရှက်မမဲ့သေးဘူး "

" မင်းနေကောင်းအောင်သာအရင်လုပ်ပါ ၊ ပြီးမှ
ကျန်တဲ့ကိစ္စကိုဆက်ပြီးဆွေးနွေးမယ် "

" ကျွန်တော် ဒီမှာမနေချင် "

" မနေချင်လဲ နေရမှာပဲသက်ထက်ပန် ၊ မင်းအတွက်
အန္တရာယ်ရှိတယ်ဆိုနဲ့စကားက အပြောင်အပျက်
ဟာသပြောနေတာမဟုတ်ဘူး ၊ တကယ်အန္တရာယ်ရှိလို့
ငါပြောနေရတာ ငါ့ကိုမကျေနပ်တာဖြစ်နေတာကို
နားလည်တယ်ငါ့ကိုမကျေနပ်ယုံနဲ့တော့ မင်းအသက်ကို
အလောင်းအစားမလုပ်နဲ့လေ "

" ဘယ်သူကများ ကျွန်တော့်ကို အန္တရာယ်ပေးမှာလဲ
ကျွန်တော်နဲ့ရန်ညှိုးရန်စရှိနေတဲ့သူက ဘယ်သူမှမရှိဘူး "

" မင်းမိဘတွေလဲ ဘယ်သူနဲ့မှရန်ညှိုးရန်စမရှိဘဲ
အသတ်ခံလိုက်ရတာကိုမမေ့နဲ့ ၊ အဲဒီအမှုတရားခံ
အခုထိမပေါ်သေးတာကိုက မင်းအတွက်အန္တရာယ်
ရှိနေတာနားလည်လား ငါပြောတာကို မင်းမိဘတွေ
အတွက်တရားမျှတမှုရအောင် ငါလုပ်ပေးမယ်
အဲအချိန်ထိမင်းအထိအခိုက်မရှိဘဲ အသက်ရှင်နေဖို့
လိုအပ်တယ် "

သူ့မိဘတွေအကြောင်းပါလာတော့ ပီဘိကလေးငယ်
တစ်ယောက်လို မျက်ရည်ဝဲလာရှာသည်။ မိဘတွေသာ
ရှိနေရင် အခုချိန်ထိ အဖေနဲ့အဖေရဲ့ရင်ခွင်ထဲမှာ
ကလေးသေးသေးလေးလို နေနေဦးမယ်ထင်ပါရဲ့ ။

မျက်လွှာချပြီးငြိမ်နေရာကနေ ကုတင်ပေါ်မှာထပြီးထိုင်ဖို့
ပြင်နေတာကြောင့် သွားကူညီပေးတော့ ကိုယ့်လက်ထဲ
ကနေသိသိသာသာရုန်းထွက်သွားသည်။ သက်ထက်ပန်
ဆိုတာပျော့ပျောလေးနဲ့ခေါင်းမာတက်နဲ့သူမှန်းလည်း
ကိုယ်သိနေပြီးသားပဲလေ။ သူ့အလိုကိုမလိုက်ဘဲ
ထိုင်လို့အဆင်ပြေအောင် ကူညီပေးလိုက်သည်။

" ငါ ဒီရက်ပိုင်းထဲ အလုပ်ရှုပ်နေတယ်ဆိုတော့ မင်းလို
သမျှကို အိမ်ကလူတွေကိုခိုင်းပါ ၊ သူတို့အကုန်လုပ်ပေး
လိမ့်မယ် ၊ ထပ်ပြီးပြောရမယ်ဆိုရင် ငါမသိဘဲခိုးပြန်ဖို့
နောက်ထပ်တွေးမနေပါနဲ့၊ မင်းနေကောင်းရင် ငါတို့ကြား
မှာ သေသေချာချာဆွေးနွေးစကားပြောရမယ်အပိုင်းတွေ
ရှိတယ် ၊ အဲတော့မြန်မြန်နေကောင်းအောင်လုပ် ၊
အခုအချိန်ကလည်း မင်းတစ်ယောက်ထဲ စိတ်အေး
လက်အေး အနားယူသင့်တဲ့အချိန်ဆိုတော့ ငါသွားတော့
မယ် ဆေးတွေကိုအချိန်မလွဲအောင်ဂရုစိုက်ပြီးသောက်"

အခန်းထဲကနေထွက်ခွာသွားသူရဲ့ ကျောပြင်ကိုကြည့်ရင်း
လက်သီးကိုသာ ကျစ်နေအောင်ဆုတ်ထားမိတော့သည်။
ဒါပေမဲ့ အခုချိန်ထိကိုယ့်ခန္ဓာကိုယ်ရဲ့နာကျင်မှုက အရှင်း
ပျောက်မသွားသေး ။ပြောရမယ်ဆို ထိုသူကို စိတ်ထဲ
ရှိတဲ့အတိုင်ပြောလိုက်ဖို့ကိုပင်အားမရှိသေး ။ သူပြောခဲ့
သလိုပဲ ဒီအချိန်မှာကိုယ်ပြန်လည်အားပြည့်လာဖို့သာ
အဓိကအနေနဲ့ ဂရုစိုက်သင့်တယ်လို့တွေးလိုက်မိတော့၏။

*
*
*
*
*
*
*
*

စားပွဲခုံပေါ်တွင်ချထားတာကြောင့် ရှင်းလင်းစွာမြင်နေရတဲ့
စာချုပ်နှစ်စောင်ကို ပြူးကြောင်ကြောင်နဲ့ကြည့်နေရင်း

" လက်ထပ်မယ် ဟုတ်လား ၊ နေပါဦး ဘယ်သူ့
သဘောနဲ့ဘယ်သူ့ခွင့်ပြုချက်ကိုယူပြီး ဒီလက်ထပ်
စာချုပ်နှစ်စောင်ကိုပြင်ဆင်လာတာလဲ ၊ ခင်ဗျား
ရူးများသွားတာလားဟင် "

အရင်ကဆို ကိုယ့်ကို ကိုကိုလို့ခေါ်တက်ပြီး သူ့ကိုယ်သူ
သားဆိုသည့်နာမ်စားလေးကိုသုံးတက်သည့် ခပ်အေးအေး
ကောင်လေးကအခုဆိုရင် ခင်ဗျားဆိုသည့်အသုံးအနှုန်းကို
ပါးစပ်ကမချတော့ပေ ။

" စာချုပ်နှစ်စောင်ကို ဒီတိုင်းယူလာပေးလို့မင်းအမြင်မှာ
သေးဖွဲသိမ်နုတ်တယ်လို့် ထင်ကောင်းထင်လိမ့်မယ် ၊
အမှန်တော့ ဒီစာချုက်ကို ငါ့ရှေ့နေနဲ့သေချာပြင်ဆင်လာ
တာပါ၊ မင်းငါနဲ့လက်ထပ်ပြီးတာနဲ့ ငါ့အိမ်သားတစ်ယောက်
ကရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အကုန်ရစေရမယ်၊
ပိုင်ဆိုင်မှုတွေကအစပေါ့ "

" Sorry ပါ ၊ ကျွန်တော်ခင်ဗျားနဲ့ လက်မထပ်နိုင်ပါဘူး ၊
ဒီရက်ပိုင်းထဲ ခင်ဗျားကိုဘာစကားမှအများကြီးမပြောခဲ့
တာက ဖြစ်ပြီးသွားတဲ့ကိစ္စတွေကိုကျေနပ်နေခဲ့လို့ ငြိမ်ခံ
နေတာမဟုတ်ဘူး ၊ လူ့အရိုင်းအစိုင်းကောင်တစ်ယောက်နဲ့
စကားယှဉ်ပြီးမပြောချင်တော့လို့ ၊ ခင်ဗျား ကျွန်တော်ကို
အမြဲတမ်းမုန်းနေခဲ့တာကိုသိတယ် ၊ အဲလိုမုန်းနေတာကို
ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ဘူး ၊ ဒါကငါ့အကိုဆိုတဲ့
စိတ်ကိုအမြဲမွေးမြူထားတာ ၊ ဒါပေမဲ့ အခုတော့အတွေး
တွေရောအမြင်တွေပါပြောင်းလဲသွားရပြီ ၊ ဘယ်အကိုက
သူ့ညီကို သွေးသားစပ်ယှက်မှာလဲမဟုတ်ဘူးလား ၊
လုပ်ရက်လိုက်တာလို့ပဲတွေးနိုင်တော့တယ် ၊ ရွံတယ်
ခင်ဗျားကို တအားရွံတယ် "

မကိုဋ်ကတော့ ကိုယ့်အပေါ်သူ့အမုန်းတရားတွေကို
ဖွင့်ဟပြောပြနေတဲ့ကောင်လေးကို ခပ်ပြုံးပြုံးသာ
ကြည့်နေမိတော့သည်။သူက ကိုယ့်အပေါ်ကို
အကိုတစ်ယောက်လိုစိတ်မျိုးမွေးမြူခဲ့တယ်ဆိုရင်တောင်
ကိုယ်ကသူ့ကိုညီတစ်ယောက်လိုဘယ်တုန်းကမှမမြင်ခဲ့ ။
ဒါကြောင့်ပဲသူနဲ့ကိုယ် အတူနေခဲ့သည့်အခိုက်အတန့်ဟာ
ညီကိုနှစ်ယောက်ကြားထဲကအမှားမဟုတ်ဘူး ။
ယောကျ်ားလေးနှစ်ယောက်ကြားထဲက သွေးသား
စပ်ယှက်မှုသက်သက်ပဲ။

" ရွံပါ ရပါတယ် ဘယ်လောက်ပဲရွံရွံကိုယ်က
မင်းယောကျ်ားဖြစ်လာမှာ အမှန်တရားဘဲ "

" ခင်ဗျားကို လက်မထပ်ဘူးလို့ပြောနေတယ်လေ ၊
နားကန်းနေတာလား


" ငါ့ကိုလက်မထပ်ရင် ဘယ်သူ့ကိုလက်ထပ်မှာလဲ ၊
ပြောစမ်းပါဦး ၊ မင်းနဲ့ငါက အတူနေပြီးသွားပြီလေ
အဲဒါကိုတောင် မင်းကခေါင်းမာချင်နေတာလား "

" ကျွန်တော့်ဆန္ဒမပါတဲ့ အဖြစ်အပျက်တစ်ခုအတွက်နဲ့
တော့ ကျွန်တော့်ဘဝကို ခင်ဗျားလက်ထဲထိုးမထည့်နိုင်
ဘူး ၊ထပ်ပြောပါမယ် ခင်ဗျားကိုလက်မထပ်နိုင်ပါဘူး "

ကိုယ့်စကားဆုံးတာနဲ့ အေးစက်စက်ရီမောသံက
အခန်းထဲမှာထွက်ပေါ်လာသည်။ ဒီလူရူးများနေတာလား
ဆိုသည့်စိတ်နဲ့ဒီတိုင်းပဲမျက်မှောင်ကျုံကြည့်နေမိ၏ ။
တဖက်လူကတော့ အားရအောင်ရီပြီးကာမှ

" ဒီမှာကြည့်လိုက်စမ်းသက်ထက်ပန် ဒါလေးကို
မင်းကြည့်သင့်တယ်ထင်တယ် "

စကားဆုံးတာနဲ့ သူ့ဖုန်းကိုဖွင့်လိုက်ရင်း Video ဖိုင်
တစ်ခုကိုပြသလာလေသည်။ မြင်လိုက်ရသည့်
အရာကြောင့်

" ခင် ခင်ဗျား ၊ ဒါကိုဘယ်အချိန် "

အံ့သြစိတ်နဲ့စကားပင်ဆက်မပြောနိုင်သည့်အချိန် တဖက်
လူက ဖုန်းကိုပြန်ပိတ်လိုက်ရင်း

" ငါ့မှာဒါထက်ဆိုးတဲ့ Video တွေရှိသေးတယ်
လိုင်းပေါ်တင်ပေးလိုက်ရမလား ၊ အင်း လိုင်းပေါ်တင်တဲ့
အချိန်မင်းကိုလည်းTag တွဲလိုက်မယ်လေ ၊ မင်းလည်း
ပါနေတဲ့Video ဆိုတော့ မင်းအပေါင်းအသင်းတွေလဲ
ကြည့်သင့်တာပေါ့ ဟုတ်တယ်မို့လား ငါကဆင်ဆာဖြတ်
ထားမှာမဟုတ်ဘူးနော် ဒီတိုင်းတင်ပေးလိုက်မှာ "

Video ထဲမှာ မြင်လိုက်ရသည့်ပုံကြောင့် သက်ထက်ပန်
အာခေါင်တွေပင်ခြောက်သွေ့သွားရ၏ ။ အဝတ်ဗလာနဲ့
လူနှစ်ယောက်အိပ်ယာထဲတွင် နမ်းရှိုက်နေကျသည်။
အနမ်းတွေဆီကထွက်ကျလာသည့် အသံတွေကိုပင်
ကြားနေရသေး၏ ။ အပေါ်ကနမ်းနေတဲ့သူကို သေချာ
မမြင်ရသည့်တိုင်ကိုယ်ရဲ့မျက်နှာက တစ်ဝက်လောက်
ပေါ်နေလေသည်။ ထို့ထက်ပိုဆိုးတဲ့Video ရှိနေသေး
တယ်ဆိုတာကအတူနေခဲ့သည့်အချိန်တွေကို ရိုက်ထား
တာများလား ။အတွေးနဲ့တင်ရှက်လာရပြီး ဒီလိုမျိုးတွေက
လိုင်းပေါ်မှာသာ ပျံ့နှံ့သွားခဲ့ရင်ဆိုသည့်အတွေးဖြင့်
ရှက်လွန်းလို့ မျက်ရည်ပင်ကျချင်လာတော့သည်။

" ခင်ဗျား ခင်ဗျား ဒါကြီးကတော့ ဒါကြီးကတော့
တကယ်လွန်အားကြီးလိုက်တာ ဘာလို့လဲ ကျွန်တော့်ကို
မုန်းတယ်ဆိုပြီး ဘယ်လိုစိတ်နဲ့အခုလောက်အထိ
လုပ်နိုင်ရတာလဲ မုန်းတယ်ဆိုရင် လွှတ်ပေးလိုက်ရမှာပေါ့
ဘာလို့အခုတွေဆွဲထားနေရတာလဲ ခင်ဗျားက
ကြောက်စရာကောင်းလိုက်တာ လူတစ်ယောက်ရဲ့ဘဝနဲ့
အဲလိုနည်းနဲ့ဖျက်စီးမှရမှာလား ဘာလို့လဲ ဘာလို့လဲလို့!! "

ဒေါသစိတ်ကြောင့် အသားကုန်အော်လိုက်မိပေမယ့်
တဖက်လူကတော့ အေးဆေးစွာပင်ရှိနေသည်။

မကိုဋ်ကတော့ ကိုယ်ဘာပြောပြောယုံနေသည့် ခပ်နုံနုံ
ကောင်လေးကို သဘောကျနေမိတော့သည်။မျက်ရည်
လည်ရွှဲနဲ့ငိုနေပုံက ကလေးငယ်ပေါက်စလေးလိုပင်။
ဘာကြောင့်ဆိုသည့်အကြောင်းပြချင်ကို မတွေးချင်
သေးပါ။အခုလောလောဆယ်ကိုယ့်စိတ်ထဲမှာ
ဒီကောင်လေးကိုအပိုင်လိုချင်သည်။ တစ်ညတာ
အထိအတွေ့တွေကို ကိုယ်သဘောကျသည်။ နောက်ပြီး
သူ့နှလုံးခုန်သံကို အမြဲတစေနားထောင်ချင်သည်။သူရဲ့
တဒိတ်ဒိတ်နဲ့ခုန်နေသည့်ရင်ခုန်သံကို ကြားနေရခြင်းက
ရှိန်းငယ်ကိုအလွမ်းပြေစေသည်။ဒီအချက်နဲ့တင် သူ့ကို
ပိုင်ဆိုင်ချင်မိတာ ။

" အင်း ငါဒီထက်ဆိုးတာတွေမလုပ်မိခင်မှာ ငါ့ကို
လက်ထပ်လိုက် သက်ထက်ပန်၊ ငါကတိပေးတယ်
မင်းကို ပြည့်စုံတာထက်တောင် ပိုပြီးပြည့်စုံအောင်
ထားပေးမယ် ၊ အဲဒါကြောင့် ငါ့စကားကိုနားထောင် "

" ခင်ဗျားသဘောအတိုင်း စာရွက်ပေါ်မှာလက်မှတ်ထိုး
ပေးရင် ခင်ဗျားမှာရှိနေတဲ့Videoဖိုင်တွေ အကုန်
ဖျက်ပေးမှာလား "

" သေချာပေါက်ဖျက်ပေးမယ် ယောကျ်ားကတိ"

" နောက်ပြီး ကျွန်တော်ကို သီးသန့်နေခွင့်ပေးမှာလား ၊
ခင်ဗျား ကျွန်တော့်ကိုလုံးဝလာမရှုပ်ဘဲနဲ့လေ "

" ယူထားတဲ့ယောကျ်ားကို အလှကြည့်နေရအောင်
ငါကအာသဝေါကုန်ခမ်းနေတဲ့သူမဟုတ်ဘူး သက်ထက်ပန်
ကုတင်ပေါ်ကိစ္စတွေကို ငါ့အိမ်ထောင်ဖက်နဲ့ကျိန်းသေပေါက်
လုပ်ဦးမှာဘဲ၊အကြိမ်ပေါင်းများစွာပေါ့ ငါမရှောင်နိုင်တဲ့
ကိစ္စအတွက်တော့ကတိမပေးနိုင်ဘူး၊ဝမ်းနည်းပါတယ်၊
ဒါပေမဲ့တစ်ခုတော့ကတိပေးမယ်၊ အခုအကြိမ်လိုမျိုး
မင်းမနာကျင်စေရတော့ဘူး စိတ်ချ"

" ဒါပေမဲ့ ခင်ဗျားမချစ်တဲ့သူနဲ့ အတူတူနေလို့မရဘူးလေ
အဲနေ့ညကလည်း ခင်ဗျားမူးနေလို့သာဖြစ်ခဲ့တာ
နောက်ဆုံးအချိန်ထိ ခင်ဗျားချစ်သူကိုပဲတမ်းတခဲ့တာ
မဟုတ်ဘူးလား "

" အဲဒါကို စိတ်မကောင်းဖြစ်နေတာလား အင်းပါ
နောက်တစ်ခါဆိုရင် မင်းနာမည်ကိုငြီးပေးမယ်
ဟုတ်ပြီလား "

" ခင် ခင်ဗျား လူယုတ်မာကောင် "

" ခွမ်း! !"

ရှက်စိတ်ကြောင့် ဘေးနားမှာအသင့်ရှိနေသည့်ပန်းအိုးနဲ့
ပစ်ပေါက်လိုက်မိတော့သည်။တဖက်လူကရှောင်လိုက်တာ
ကြောင့် ပန်းအိုးကကြမ်းပြင်ပေါ်ပြုတ်ကျပြီး အစိတ်စိတ်
အမွှာမွှာကွဲသွားရတော့၏ ။

မကိုဋ်လဲ ခေါင်းမာနေသည့်ကောင်လေးကို ချော့မော့ပြီး
ပြောချင်စိတ်ရှိမနေတော့ပါ။ချော့လည်းရမယ့်ပုံမပေါ်
ဘူးလေ။

" လက်မှတ်ထိုးလိုက်သက်ထက်ပန် ငါ ပိုဆိုးတဲ့အခြေ
အနေတွေကိုမဖန်တီးမိခင် လက်မှတ်ထိုးလိုက်တော့ ၊
လက်မှတ်ထိုးပြီး ငါ့ရဲ့တရားဝင်အမျိုးသားနေရာမှာ
နေမလား ၊ ဒါမှမဟုတ်ရင် လိုင်းပေါ်မှာအရှက်ကွဲခံ
မလား ၊ အခုချက်ချင်းရွေးချယ်ပေတော့ ငါ့ဘက်ကနေ
အခြားသူတွေကိုစောင့်နေပေးရတာမျိုးကို တကယ်သဘော
မကျဘူး အခုချက်ချင်းဆုံးဖြတ်၊ အဲဒီဆုံးဖြတ်ချက်ကပဲ
မင်းနတ်ပြည်တက်မလား ငရဲဆင်းမလားဆိုတာကို
ငါဆုံးဖြတ်ပေးမယ်၊ ငါပိုင်ဆိုင်ပြီးသားမင်းကို
သူများလက်ထဲ အလွယ်တကူထည့်မယ်ထင်နေလား ၊
ငါမှမရရင် ကျန်တဲ့သူတွေပါအနားမကပ်ချင်အောင်
ဖျက်စီးပြစ်လိုက်မယ် နားလည်လား "

အတင်းအကျပ် ဖိအားပေးခံရသည့်အခြေအနေတွင်
သက်ပန်လက်ဖဝါးတို့ အေးစက်လာသည့်အထိ
တုန်လှုပ်လာမိတော့၏။ ကိုယ်မြင်ခဲ့ဘူးသည်။
Socialပေါ်မှာ ထွက်ပေါ်လာသည့်အရှက်ရဖွယ်
Video တွေ ။ကိုယ်သာ ဒီလိုအဖြစ်မျိုးကြံရမယ်ဆိုရင်
အတွေးကအဆုံးအထိပင်ဆက်ပြီးမတွေးနိုင်ချေ။
တဖက်ကလူအနေနဲ့လည်း ဘာလိုအခုလိုတွေလုပ်နေမှန်း
နားမလည်နိုင်တော့ချေ။

" လက်မှတ်ထိုးလိုက်သက်ထက်ပန် ၊ ကိုယ့်စကားကို
နားထောင် ၊ ကိုယ့်ကလေးက လိမ္မာတယ်မဟုတ်လား"

ကြောက်နေသည့်စိတ်ကို တည်ငြိမ်အောင်ပြန်ထိန်း
လိုက်ပြီး ထိုသူနှင့် မျက်လုံးချင်းအကြည့်ဆုံလိုက်သည်။

" ခင်ဗျားသဘောကျအတိုင်း ဒီစာချုပ်မှာလက်မှတ်
ထိုးရမယ်ဆိုရင် ကျွန်တော့်ဆန္ဒတစ်ခုကိုလည်း
ုပြန်လိုက်လျောပေး "

" မင်းဆန္ဒကဘာလဲ ငါ့ကိုပြောပြ"

" လာခဲ့ ခင်ဗျားအခန်းထဲကိုအခုသွားမယ် "

ကုတင်ဘေးမှာ အဆင်သင့်ရှိနေသည့်ဂျိုင်းထောက်ကို
လှမ်းယူလိုက်ရင်း တဆက်ထဲ စာချုပ်နှစ်စောင်ကိုပါ
ဆွဲယူလာလိုက်သည် ။

" ဘာလုပ်မလို့လဲ သက်ထက်ပန် "

" အခန်းထဲရောက်ရင် ပြောပြမယ် "

အခန်းတံခါးကဖွင့်ပြီးဝင်လာလိုက်သည်။ အိပ်ယာဘေးနား
အထိလျှောက်သွားလိုက်ပြီး ညအိပ်မီးအိမ်တင်ထားသည့်
ခုံပေါ်မှာစာချုပ်နှစ်စောင်ကိုပစ်ချလိုက်ရင်း

" ဒီစာချုပ်မှာလက်မှတ်ထိုးစေချင်ရင် ဒီအံဆွဲထဲက
လက်စွပ်နှစ်ကွင်းကျွန်တော့်ကိုပေး ၊ နောက်ပြီးအဲထဲက
ဓာတ်ပုံကိုဖျက်စီးပြစ် ကျွန်တော့မျက်စိအရှေ့မှာဘဲ "

ကြားလိုက်ရသည့်စကားကြောင့် မကိုဋ်စိတ်တိုသွားရ
လေတော့သည်။ ဒါပေမဲ့စိတ်ထိန်းလိုက်ရင်း

"လက်စွပ်ကမင်းလိုချင်ရင် ဒီထက်ကောင်းတာကို
ငါလုပ်ပေးမယ် အခုဟာက မင်းလက်နဲ့မတော်
လောက်ဘူး ၊ဓာတ်ပုံကလည်း မင်းစိတ်အနှောက်
အယှက်မဖြစ်ရအောင်ငါသေသေချာချာသိမ်းထားပေးမှာမို့
စိတ်မပူနဲ့ "

" ဘယ်သူကစိတ်ပူနေလို့လဲ ၊ နှမျောလား ခင်ဗျား
တန်ဖိုးထားတဲ့သက်မဲ့အရာတွေကိုဖျက်စီးခံရမယ်ဆိုတော့
နှမျောစိတ်ဝင်လား ၊ အဲလိုနှမျောတက်ရင် သက်ရှိ
လူသားတစ်ယောက်ဖြစ်တဲ့ကျွန်တော်က အစွန်းအထင်း
မရှိခဲ့တဲ့ဘဝလေးကို ဘယ်လောက်တောင်နှမျောနေမလဲ
ခင်ဗျားကိုယ်ချင်းစာတက်ရမှာပေါ့ ၊ ဘာလို့ ဘာလို့များ
ကျွန်တော့်ဘဝကိုအလွယ်တကူဖျက်စီးပြစ်တာလဲ
ဘာလို့ ဘာလို့များ "

ကိုယ့်ကို လက်လှမ်းမှီသလောက် ထုရိုက်နေတဲ့
ကောင်လေးကိုကြည့်ပြီး မကိုဋ့်စိတ်ထဲမကောင်း ။
မသိတော့ဘူး ။ဘာကြောင့်များဒီကောင်လေးကို
အပိုင်ယူချင်နေမှန်း ကိုယ့်စိတ်ကိုယ်လဲနားမလည်နိုင်
တော့ဘူး ။ ဝမ်းနည်းစွာရှိုက်ငိုနေနဲ့ကောင်လေးကို
ခဏလောက်ဖက်ထားလိုက်မိတော့သည်။ ရုန်းကန်နေ
ပေမယ့် လွှတ်မပေးမိ။

" ကိုယ် ဘာလုပ်ပေးရမလဲသက်ထက်ပန် ကိုယ့်ကို
ပြောပြ ငိုတော့မငိုစမ်းနဲ့ကွာ ငါမချော့တက်ဘူး"

" ဖျက်စီးပြစ်လေ ကျွန်တော့်မျက်စိရှေ့မှာပဲ ခင်ဗျား
တန်ဖိုးထားတဲ့အရာအားလုံးကို အခုချက်ချင်းဖျက်စီး
ပြစ်လိုက် ၊ဒါမှ နာကျင်မှုဆိုတာကို ခင်ဗျား
ကိုယ်ချင်းစာတက်မှာ "

ပြောရင်းနဲ့ ကိုယ့်ရင်ဘက်တွေကို ထုရိုက်ကာငိုနေသည့်
ကောင်လေး။ ငိုရလွန်းလို့မောနေပုံပင်ရလေသည်။
ရင်ခွင်ထဲမှာရှိနေသည့်မျက်နှာလေးကို လက်တစ်ဖက်နဲ့
ဆွဲမော့လိုက်ရင်း

" မငိုတော့နဲ့ မောနေလိမ့်မယ် ၊ မင်းစိတ်ချမ်းသာ
အောင် ကိုယ်လုပ်ပေးမယ် ဟုတ်ပြီလား "


Eros_90

13.4.23 ( ည  ၉ နာရီ  ၃၅ မိနစ် )

16.4.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။

(A/N - စိတ်ချမ်းသာစရာမရှိတဲ့အခြေအနေတွေမှာ
လမ်းပေါ်ထွက်ပြီးပျော်ပါးတာမျိုးမလုပ်ကျဖို့ တောင်းဆို
ပါရစေ စာဖတ်သူတွေရေ။ စာရေးသူလဲ သုံးရက်ကိုမှ
နာရီဝက်ပဲလာတဲ့ မီးကိုအားကိုပြီးဖုန်းထဲမှာရှိတဲ့အားလေးနဲ့
ရေးထားတာပါ။ ပျော်စရာနှစ်သစ်ဖြစ်ပါစေလို့တော့
ဆုမတောင်းတော့ပါဘူး ။စောက်ပုလက်အောက်မှာ
နေရတဲ့အချိန်တွေက ပျော်စရာမှမရှိတာကိုုး ။
ပြောချင်ရာပြောပြီးပြီဆိုတော့ မအေ-ိုးစောက်ပုနဲ့
ခွေးသူတောင်းစား EPC ကို နှစ်သစ်မှာအဝဆဲနေပါ့မယ်။

*ခွေးသူတောင်းစား စောက်ပု။ကိုယ်မေကို-ိုး စောက်ပု

*ခွေးသူတောင်းစား EPC  ကိုယ်မေကို-ိုး EPC








Continuar a ler

Também vai Gostar

149K 24.1K 64
දුප්පත් අහිංසක කොල්ලෙක් ආවොත් ඔයාගේ ඔෆිස් එකට... ඔයාව දැක්කත් එයා බයේ වෙව්ලනවනම්.. ඔයා මොකද කරන්නේ... 💚 හඃ හඃ තව තවත් බය කරනවා... හැබැයි ඉතින් ආදරේට...
160K 25.2K 19
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
29K 2.8K 19
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...