Uni
ဥပဓိမောင်တစ်ယောက်သူငယ်ချင်းဖြစ်သူမြတ်ကျော်နဲ့အတူဆွေးနွေးနေတာကိုဘေးခုံမှာထိုင်ကာမျက်လုံးဝိုင်းလေးတွေဖြင့်လိုက်စပ်စုနေသူကိုတစ်ချက်ကြည့်မိသည်။တကယ်ကလေးလေးကျနေတာပဲ။
" ဒါဆိုဓားပြတွေကငါတို့မြို့ထဲရောက်လာပြီပေါ့..."
" အင်း သူတို့ကမြို့အလိုက်လိုက်ဓားပြတိုက်နေတာ...အနုနည်းအကြမ်းနည်း ပြီးတော့ သူတို့ဓားပြဗိုလ်ကကောင်လေးချောချောလေးတွေဆိုအလွတ်မပေးတတ်ဘူး။ "
ထိုစကားကိုမြတ်ကျော်ကဘေးကခွန်းရောင်ခြည်မကြားအောင်ဥပဓိမောင်နားနားကိုတိုးကပ်ကာလာပြောလေသည်။ကြားကြားချင်းဥပဓိမောင်မျက်နှာပျက်သွားသည်။ဘာလို့ဆိုသူ့ယောကျာ်းလေးကတအားချောနေတာကို...
" အမြန်ဖမ်းဖို့မင်းကူညီမှရမယ်ဥပဓိမောင် မဟုတ်ရင်..."
" ၅ရက်အတွင်းရအောင်ဖမ်း..."
" ဟမ် "
" ၅ရက်ကများလွန်းသလား..."
" မ..မဟုတ်ပါဘူး..."
ဥပဓိမောင်အပြောကြောင့်ဖမ်းရမဲ့မြတ်ကျော်ပင်လန့်သွားသည်။သူသိနေလေပြီလေ ဒီကောင်သူယောကျာ်းလေးကိုစိတ်ပူနေတယ်ဆိုတာကို။
" အရေးကြီးတာတွေကိုညကျသောက်ရင်းပြောကြတာပေါ့ အခုတော့နားလိုက်ကြအုန်း...ညနေလောက်ဆိုငါ့ညီမပြန်လာတော့မှာ..."
" အင်းကောင်းပြီလေ... မောင်တို့သွားနားကြမယ်.."
" အင်း..."
ဥပဓိမောင်ခွန်းရောင်ခြည်အားခေါ်ကာအပေါ်ထပ်ကမြတ်ကျော်ပြတဲ့အခန်းမှာနှစ်ယောက်သားဝင်နားလိုက်ကြသည်။အခန်းကသူတို့အိမ်ကအခန်းလောက်တော့မကျယ်...ကုတင်ကလဲအနည်းငယ်ကျဥ်းတာကြောင့်ခွန်းရောင်ခြည်အခက်တွေ့မိသည်။ညကျဘယ်လိုအိပ်ရပါ့မလဲ...
" ဆွေးနွေးတာကိုနားလည်သလား..."
" ဟမ်...ဟင့်အင်း..."
ဥပဓိမောင်ကကုတင်ဘေးကအံဆွဲဗီရိုအသေးလေးပေါ်ကရေခယားလေးထဲရေကိုရေခွက်လေးထဲထည့်ကာမေးလာသည်ကိုခွန်းရောင်ခြည်ခေါင်းခါမိသည်။
" အဲ့တာဘဲ မြတ်ကျော်ခေါ်ကတည်းကဒီအခန်းမှာဝင်နားနေပါလား ဘာဖြစ်လို့လဲ..."
" ငါ...ငါကြောက်တယ်.."
" ဘာကိုလဲ..."
" သူစိမ်းတွေကိုကြောက်တတ်တဲ့အကျင့် ငါ့မှာရှိတယ်...သူတို့နဲ့မရင်းနှီးသေးသ၍သူတို့ငါ့ဘေးကပ်လာရင်ကြောက်တတ်တဲ့အကျင့်ရှိတယ်.."
တံခါးဝနားမှာခေါင်းလေးငုံ့ကာလက်လေးတွေအချင်းချင်းပွတ်ရင်းဆိုလာသူဟာတကယ်ကြောက်တတ်သည့်ပုံ။ဥပဓိမောင်သောက်လက်စရေခွက်ကိုချကာကုတင်ပေါ်ထိုင်နေရာကထလို့တံခါးဝနားကမြတ်နိုးရသူလေးဘေးကိုတိုးကပ်သွားလိုက်ကာအနောက်ကပွင့်နေတဲ့တံခါးကိုပိတ်ပစ်လိုက်သည်။
" ကျုပ်ကိုကော ကြောက်လား..."
တံခါးပိတ်အပြီးခွန်းရောင်ခြည်အနားကိုတိုးကပ်လာတာကြောင့်ခွန်းရောင်ခြည်အနောက်ကိုခပ်ဖြေးဖြေးဆုတ်မိသည်။တိုးလာလေအနောက်ကိုဆုတ်သွားလေနဲ့ခွန်းရောင်ခြည်ကျောကတံခါးနဲ့တောင်ထိကပ်နေလေပြီ။
" ကြောက်လားလို့..."
" အင့်.."
လက်တစ်ဖက်ကခွန်းရောင်ခြည်ဘေးကနေအနောက်ကတံခါးကိုထောက်ထားကာတစ်ဖက်ကခွန်းရောင်ခြည်ခါးသိမ်သိမ်လေးကိုပွေ့ဖက်ထားတာကြောင့်ခွန်းရောင်ခြည်နားလေးတွေနီရဲမိသည်။
" မေးနေတာကိုမဖြေဘူးလား..."
" ဥပဓိမောင်...သူများအိမ်မှာရောက်နေတယ်ဆိုတာသတိထားအုံး..."
" မေးနေတာမှမဖြေတာ...သူစိမ်းတွေကြောက်တတ်တယ်ဆိုကျုပ်ကိုကောကြောက်လား..."
" အင်းအရမ်းဘဲ...စတွေ့ကတည်းကကောအခုထိမင်းကိုအရမ်းကြောက်တယ်..."
ချစ်ရသူဆီကသူ့အားကြောက်သည်ဆိုတဲ့စကားကြားတော့ဥပဓိမောင်ပြုံးမိသည်။သူ့အားကြောက်နေတဲ့အချိန်ဆိုကြောင်လေးလိုလက်သည်းလေးဖွက်အမြီးလေးကုတ်နေသလိုခွန်းရောင်ခြည်ကသိပ်ချစ်ဖို့ကောင်းတာ..
" အင့် ဥပဓိမောင်..."
လူအားအတင်းဖက်ကာရင်ခွင်ထဲဆွဲထည့်သူကြောင့်ခွန်းရောင်ခြည်ရုန်းမိတော့ဥပဓိမောင်ဆီကနေသက်ပြင်းဖွဖွကြားလိုက်ရတာကြောင့်ငြိမ်ငြိမ်လေးသာနေမိသည်။
" မောင်သိပ်ချစ်တာသိလား..."
" မသိဘူး..."
" မသိရင်စမ်းသပ်ကြည့်လို့ရရဲ့သားနဲ့ ကျုပ်ဆီကနေထိကရုန်းလေးလိုထိလိုက်တာနဲ့အဘယ်ကြောင့်များရုန်းကန်နေရတာတုန်း..."
ဥပဓိမောင်အမေးကိုခွန်းရောင်ခြည်မဖြေဘဲတိတ်နေမိတော့ ရင်ခွင်ထဲကနေဆွဲထုတ်ကာသူ့အားမေးဖျားကနေဆွဲယူကာအကြည့်ချင်းဆုံစေလေသည်။ရှည်လျားလှတဲ့အရပ်ကိုညှိယူကာ ဥပဓိမောင်ကခါးကုန်းပေးထားတာမို့မျက်နှာနှစ်ခုကနီးကပ်လှ။
" ကျုပ်ခင်များကိုချစ်လွန်းလို့သူများတွေမမြင်အောင်တောင်နှလုံးသားလေးထဲသိမ်းထားချင်တာ..."
" ငါ့နေရာမှာသာမိန်းကလေးတစ်ယောက်ဆိုမင်းအပြောမှာကျရှုံးသွားမှာကိုလက်ခံပါတယ်ဥပဓိမောင်..."
" ကျုပ်ကခင်များလေးကိုဘဲကျရှုံးစေချင်တာ..ဆိုးတာက ကျုပ်အပြောမှာခင်များကကျမရှုံးဘဲ ကျုပ်ကသာခင်များရဲ့ချွဲနွဲ့မှု့တွေမှာကျရှုံးသွားတာလေ..."
လူတွေရှေ့ဆိုမာထန်ထန်နေတတ်တဲ့ကောင်လေးဟာခွန်းရောင်ခြည်နဲ့စကားပြောတိုင်းရယ်မောနေတတ်သလို အခုလဲပြောရင်းသူ့မျက်နှာကိုကြည့်ကာပြုံးရယ်နေတဲ့ကောင်လေးကသိပ်ချောမောပါသည်။
" ခင်များကိုပိုင်ဆိုင်ပြီးတာတောင်ဘာလို့အမှတ်အသားမပေးသလဲသိလား။ "
အမှတ်အသားဆိုသည့်စကားမှာ ယဥ်ယဥ်ကျေးကျေးသဘောဖြင့်ပြောခြင်း။တကယ်အဓိပါယ်က ချစ်တင်းနှောခြင်းပင်။ထိုစကားကြောင့်ခွန်းရောင်ခြည်မျက်နှာလေးနီရဲရပြန်သည်။
ဥပဓိမောင်နဲ့ဆိုစကားလေးနဲ့တောင်ခွန်းရောင်ခြည်ဟာအထိမခံနိုင်တဲ့ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို။
" ကျုပ်ကခင်များယောကျာ်းပါ ယောကျာ်းဆိုတဲ့သဘောသဘာဝအရတော့ကိုယ်ချစ်ရသူရဲ့ပထမဆုံးအရာကိုလိုချင်တာပေါ့..."
" အချိန်မတန်သေးဘူးဥပဓိမောင်..."
" ကျုပ်ခင်များဆီမှာခွင့်တောင်းနေတာမဟုတ်ပါဘူး...ကျုပ်ခင်များကိုအတင်းအကျပ်အပိုင်သိမ်းထားသလိုအဲ့အရာကိုလဲအတင်းအကျပ်လုပ်ယူလို့ရပါတယ်...ကျုပ်ခင်များကိုဘယ်လောက်တန်ဖိုးထားလဲဆိုတာသိစေချင်တယ်...ဒါကြောင့်ကျုပ်အဲ့အရာကိုတော့အတင်းအကျပ်မလုပ်ယူဘူးမောင့်ခြည်။ "
ပြောရင်းခွန်းရောင်ခြည်ရဲ့ပါးတစ်ဖက်ကိုရွှတ်ခနဲလာနမ်းတာကြောင့်ခွန်းရောင်ခြည်မျက်လုံးပြူးသွားကာလက်ကလဲဥပဓိမောင်လက်မောင်းကိုရိုက်ဖို့မမေ့။
" ဒါလေးတော့ခွင့်ပြုပေးပါအချစ်ရယ် မောင်မနေနိုင်လို့ပါ..."
" ဥပဓိမောင် မင်းကိုအခွင့်အရေးပေးတာတွေများနေပြီနော် စိတ်ဆိုးခံချင်တာလား..."
" အင်း...မောင်မင်းစိတ်ဆိုးတာခံချင်တာ မင်းစိတ်ဆိုးနေချိန်ဆိုသိပ်ချစ်ဖို့ကောင်းတာ အဲ့အမူအရာလေးကြည့်ချင်လို့စိတ်ဆိုးလိုက်ပါ..."
ခွန်းရောင်ခြည်ပြောစရာစကားပင်မရှိတော့။သူချစ်ဖို့ကောင်းတာကိုကြည့်ဖို့ဘဲအကြောင်းမရှိစိတ်ဆိုးပြရမလို...
.
.
.
" စိတ်ပူပါနဲ့ အမေ့သမက်ကလေးဘာမှမဖြစ်စေရပါဘူး မနက်ဖြန်ဆိုပြန်လာမှာ...အိုဗျာ အနိုင်ကျင့်စရာလားအမေရဲ့..."
ခွန်းရောင်ခြည် ရေမိုးချိုးပြီးဥပဓိမောင်ကအပြင်သွားမည်ဆို၍လာတုန်းကအကျီကိုသာဝတ်လို့အောက်ထပ်ဆင်းလာမိသည်။အောက်ထပ်ဆင်းလာတော့ကြိုးဖုန်းလေးနဲ့သူ့အမေကိုဖုန်းပြောနေဟန်တူ သူ့ကိုတွေ့တော့ပြုံးပြကာ။
" ဒါဆိုဒါဘဲအမေ အင်းပါ...မင်္ဂလာညနေခင်းဖြစ်ပါစေခင်မျ..."
" အန်တီဆက်တာလား.."
ခွန်းရောင်ခြည်ကမေးတော့ဥပဓိမောင်ကခေါင်းငြိမ့်ပြသည်။
" အင်း...သူ့သမက်လေးပျောက်သွားမှာစိုးလို့တဲ့လေ...ဒါဖြင့်သွားကြတော့မလား။ "
" အင်း.."
သို့သည်ဖြင့်နှစ်ယောက်သားမြို့ထဲကစျေးကိုကလေးဖြင့်ထွက်လာလိုက်ကြသည်။ဟိုဘက်မြို့လောက်မစည်ပေမဲ့သူ့နေရာသူ့ဒေသနဲ့အတူအေးချမ်းလှသည်။နေရာတိုင်းကစိမ်းလဲ့ကာအမြင်အေးသည်မို့ခွန်းရောင်ခြည်စိတ်ထဲကနေသဘောကျမိသည်။
စျေးအရောက်ကားလေးကိုကားထိုးတဲ့နေရာမှာရပ်ကာနှစ်ယောက်သားစျေးအတွင်းထဲကိုလျှောက်လာလိုက်ကြသည်။မြို့ရဲ့စျေးဆိုသည့်အတွက်ကြောင့်စျေးထဲမှာစျေးသည်အစုံအလင်ရှိပြီးလာဝယ်သူတွေမှာမိန်းကလေးတွေပိုများကြလေသည်။
" ကြိုက်တာရွေးလေခွန်းရောင်ခြည်...ကြိုက်တာမတွေ့သေးလို့လား။ "
" ငါကြည့်နေပါတယ်...ဒါလေးက ဟင်!! "
ခွန်းရောင်ခြည်အကျီတန်းကအကျီတွေကိုကြည့်ရင်းအပြာရောင်တီရှပ်လေးတွေ့တာကြောင့်ကောက်ယူကာစျေးကြည့်မိတော့မျက်လုံးပြူးသွားသည်။
" စျေးနှုန်းကဘယ်လောက်ပါလိမ့် အမလေးလေး...ဒါကဆန်တစ်အိတ်စာတောင်ရှိနေတာဘဲ..."
တစ်ယောက်ထဲညဥ်းညူကာအကျီလေးအားပြန်ချသွားသူကြောင့်ဥပဓိမောင်အနောက်ကနေကြည့်ရင်းပြုံးမိသည်။သူ့နောက်မှာသူ့ယောကျာ်းမြို့အုပ်တစ်ယောက်လုံးပါလာတာတောင်သူကဒီလောက်တန်တဲ့အင်္ကျီကိုပြန်ချခဲ့သည်တဲ့လေ။
" ဒီတစ်ထည်ထည့်ထားပါ မိန်းကလေး..."
" ဟုတ်ကဲ့ရှင့်..."
အလုပ်သမားလေးကိုခုနကခွန်းရောင်ခြည်ကိုင်သွားတဲ့အင်္ကျီလေးအားပေးကာယူခိုင်းထားလိုက်သည်။ခွန်းရောင်ခြည်ကတော့ဆိုင်ကိုပတ်နေကာတစ်ထည်ပြီးတစ်ထည်စျေးတွေလိုက်ကြည့်ကာသွေးတက်နေလေသည်။
" ဒါကကော...ဗုဒ္ဓေါ မဖြစ်သေးပါဘူး ဒီဆိုင်ကစျေးကြီးလှချည်လား။ "
" အဲ့တစ်ထည် အဲ့တစ်ထည် ပြီးရင်ဟိုတန်းကတစ်တန်းလုံးထည့်..."
ခွန်းရောင်ခြည်ထိထားသမျှကိုင်ထားသမျှအထည်တွေကိုအလုပ်သမားမလေးတွေကိုယူခိုင်းတာကြောင့်ဘေးကလူတွေမှာတအံ့တသြ။
" ကျေးဇူးရှင် ဒီနေ့ရွေးလို့ပြီးပါအုံးမလား။ "
" အင်းးး တစ်ခြားဆိုင်သွားရအောင်ဥပဓိမောင် ဒီဆိုင်ကအရမ်းစျေးကြီးတာဘဲ..."
လက်ကောက်ဝတ်ကနေဆွဲကာဟန့်တားလိုက်တော့ဟိုကြည့်ဒီကြည့်နဲ့ခြေဖျားလေးထောက်ကာနားနားကပ်ပြောသူလေးကြောင့်ဥပဓိမောင်ပြုံးရယ်မိသည်။ဒါပေမဲ့ထိုအမူအရာကိုအလျင်အမြန်ထိန်းကာမျက်မှောင်တွေကျုံ့လို့။
" ကျုပ်ကိုအရှက်ခွဲနေတာလားခွန်းရောင်ခြည်...ကျုပ်ကတန်ဖိုးလေးတောင်မဝယ်ပေးနိုင်တဲ့ကောင်ဆိုပြီးအများကထင်အောင်လုပ်နေသလား..."'
" မဟုတ်ပါဘူး ငါ....ငါ့ပိုက်ဆံနဲ့မလောက်ဘူးလေ..."
" ကျုပ်ဝယ်ပေးမှာ ခင်များတိတ်တိတ်လေးသာနေစမ်းပါ ဟုတ်ပြီလား အဲ့ဟာတွေအိတ်ထဲထည့်လိုက်ရှင်းမယ်။ "
" ဘယ်ဟာ...ဟင်.."
ဥပဓိမောင်ကအနောက်ကအလုပ်သမားမလေးတွေကိုလှမ်းပြောလိုက်တာကြောင့်ဘာများလဲဆိုပြီးခွန်းရောင်ခြည်ကြည့်လိုက်တော့မျက်လုံးပြူးသွားသည်။ဒါတွေကခုနကသူကြည့်ခဲ့ထိခဲ့တဲ့အင်္ကျီတွေမဟုတ်ပါလား။
" ဥပဓိမောင် ဘာလို့အဲ့တာတွေယူရတာလဲ ငါမလိုချင်ဘူး..."
" ဒါပေမဲ့ကျုပ်လိုချင်တယ်လေ တိတ်တိတ်လေးသာနေပြီးကျုပ်ဆင်ယင်တာကိုငြိမ်ခံစမ်းပါ..."
" ကျစ်...ဥပဓိမောင်..."
တကယ်ပြောဆိုလို့မရသူကြောင့်ခွန်းရောင်ခြည်တိတ်တိတ်လေးသာနေလိုက်ရသည်။ဆိုင်ထဲကနေအရင်ဆုံးထွက်သွားသူဟာဥပဓိမောင်လုပ်ရပ်ကိုစိတ်ကောက်နေသည့်ပုံ။ချော့ရမည့်အချိန်လဲမဟုတ်သူ့လက်နှစ်ဖက်လုံးမှာအထုပ်တွေဖြင့်မအားလှ။
" ကျေးဇူးရှင် ကိုယ့်အထုပ်ကိုသယ်ပါ့အုံးလား...ကျုပ်ကိုစိတ်ဆိုးချင်ရင်နောက်မှဆိုး ဟုတ်ရဲ့လား။ "
" မင်းငါ့စကားဆိုဘယ်တော့မှနားမထောင်ဘူး..."
" ကျုပ်ကိုဂျစ်တိုက်မနေနဲ့ အရှေ့ကဖိနပ်ဆိုင်ထဲဝင်မယ်။ "
" မဝင်ဘူး။ "
ကြည့် ခွန်းရောင်ခြည်ကလေအသက်ကသာ၂၅ဆိုတာ သိပ်ကလေးဆန်တာ။ကျုပ်သည်းသည်းလှုပ်တာလဲမပြောနဲ့လေခင်များကချစ်ဖို့သိပ်ကောင်းတာကို။
" ဆိုင်ရဲ့အကောင်းဆုံးဖိနပ်ကိုပြပေးပါ...ဒီကိုလာမောင့်ခြည်။ "
ဆိုင်ထဲရောက်ရောက်ချင်းလက်ထဲကအဝတ်အစားထုတ်တွေချကာအလုပ်သမားမလေးအားပြောလို့ခွန်းရောင်ခြည်အားခုံတစ်ခုံမှာထိုင်စေလိုက်သည်။
" ဒါတွေကဆိုင်ရဲ့အကောင်းဆုံးနဲ့တစ်ရံတည်းရှိတဲ့ဖိနပ်တွေပါရှင့်..."
" အင်း.."
အလုပ်သမားမလေးနှစ်ယောက်ကဖိနပ်တွေကိုင်ကာလာရင်းဆိုတာမို့ဥပဓိမောင်ခေါင်းတစ်ချက်ငြိမ့်ပြကာချစ်ရသူရှေ့မှာဒူးတစ့်ဖက်ထောက်ထိုင်ချလိုက်သည်။အခုထိသူ့ကိုစိတ်ကောက်၍မျက်နှာလွှဲနေသူအားသူ့ခြေကျင်းဝတ်လေးကိုကိုင်လိုက်တော့ဥပဓိမောင်အားစွေကြည့်လာလေသည်။
" ဘာလုပ်သလဲဥပဓိမောင် လွှတ်..."
" ငြိမ်ငြိမ်နေ ကျုပ်ကိုကန်မိရင်ခင်များခြေထောက်ကိုဖြတ်ပစ်မယ်။ "
ထိုစကားကြောင့်ခွန်းရောင်ခြည်တိတ်သွားသည်။ခြောက်လိုက်တာကိုတကယ်ကြောက်သွားသူကြောင့်ဥပဓိမောင်ခိုးရယ်မိသည်။အလုပ်သမားမလေးတွေလက်ထဲကဖိနပ်တစ်ရံအားယူကာခွန်းရောင်ခြည်ရဲ့ခြေထောက်ဖွေးဖွေးလေးမှာကိုယ်တိုင်စီးပေးလိုက်သည်။
" ဒါကြီးကတစ်မျိုးဘဲ ကတ္တီပါအမဲရောင်ရှိသလား။ "
" ရှိပါတယ်ရှင့်...ဒီမှာပါ။ "
" ဒါလေးမဆိုးဘူး ကြိုက်သလားမောင့်ခြည်။ "
" ငါမကြိုက်ဘူးပြောလဲ မင်းယူမှာမှတ်လား မင်းဘာမင်းမေးစမ်းပါ။ "
အမေးကိုနှုတ်ခမ်းလေးဆူကာဖြေလာသူလေးကြောင့်ဥပဓိမောင်ဟက်ခနဲရယ်မိကာထိုဖိနပ်လေးကိုသာယူလိုက်သည်။ဆိုင်ထဲကနေသူ့ထပ်အရင်ထွက်သွားသူဟာအကြောင်းမရှိသူ့အပေါ်ချွဲနွဲ့လို့။
" ကျုပ်ကိုစိတ်ဆိုးနေသလား။ "
"..."
ကားနောက်ခန်းထဲအထုတ်တွေထည့်အပြီးမောင်းသူနေရာမှာဝင်ထိုင်ရင်းဘေးကစိတ်တော်ကောက်နေတဲ့ကိုယ်တော်အားမေးလိုက်တော့ဘာမှမဖြေ။
" စိတ်ဆိုးရတဲ့အကြောင်းပြချက် ကျုပ်ကိုပြော။ "
" ငါစိတ်မပါဘဲငါ့ကိုတစ်ခုတလေတောင်မမေးဘဲတွေ့ကရာလျှောက်ဝယ်တယ်..."
" ဟက်!! အဲ့တာကြောင့်လား။ "
" မင်းငါ့စကားဆိုလုံးဝနားမထောင်ဘူး။ "
" မောင်နားထောင်ပါတယ်..."
ခွန်းရောင်ခြည်တကယ်စိတ်ဆိုးမိသည်။သူ့ပိုက်ဆံနဲ့သူဝယ်ပါမည်ဆိုဒီလိုဝယ်ပေးလို့ပြန်ပေးရအောင်လဲသူပန်းရောင်းပြီးတစ်ပတ်စာပေးရင်တောင်မကျေမည့်ပုံ။
" မောင့်ကိုဆူပါ...မောင် မင်းဆူတာခံမယ်။ "
" ငါမင်းကိုအဲ့ပိုက်ဆံတွေပြန်မပေးနိုင်ဘူး...ပြီးတော့ငါအဲ့လောက်စျေးကြီးတာတွေမဝတ်ချင်ဖူး..."
" မောင်ကမင်းကိုတန်ဖိုးရှိတာတွေဘဲဆင်ယင်ချင်တာ...မောင် မင်းကိုဝတ်စေချင်လို့ဝယ်ပေးတာ ဒါကြောင့်မင်း မောင့်ကိုကုန်ကျငွေတွေပြန်ပေးစရာမလိုပါဘူးကွာ..."
" ဒီလောက်အများကြီးငါကဘယ်လိုဝတ်ရမှာလဲ.."
" တစ်နေ့သုံးထည်ဝတ် ပြီးရင်လွှတ်ပစ်လိုက် အသစ်ထပ်ဝယ်ပေးမယ်။ "
ဥပဓိမောင်အပြောအဆုံးခွန်းရောင်ခြည်ရဲ့မျက်စောင်းကဒိုင်းခနဲ။
" ပိုက်ဆံတွေသိပ်ပေါနေသလားဥပဓိမောင် ငွေရဲ့တန်ဖိုးကိုနားလည်စမ်းပါ ငွေကိုရေလိုသုံးတာမကောင်းဘူး "
" ဟက်!! အချစ်ရယ် မောင်ကမြို့ရဲ့အချမ်းသာဆုံးလူပါ..."
" ဒါပေမဲ့လဲမင်းကမြို့အုပ်လေ မင်းဒီလိုငွေကိုရေလိုသုံးနေရင် နောက်မျိုးဆက်အတွက်..နောက်မျိုးဆက် ကျစ်..."
ခွန်းရောင်ခြည်စကားကတစ်နေရာရောက်သွားတာကြောင့်ကျစ်တစ်ချက်စုပ်သတ်မိသည်။ထိုကိုဥပဓိမောင်ကတော့သဘောတကျရယ်လို့။
" သူများကိုမချစ်ဖူးဆိုပြီး သူကနောက်မျိုးဆက်ကောင်းစားဖို့တောင်တွေးနေပါပြီပေါ့လေ..."
" ငါ...ငါပြောတာအဲ့သဘောမဟုတ်ဖူးဥပဓိမောင်..."
" ဟုတ်ပါတယ် ကျုပ်ရဲ့နောက်မျိုးဆက်ဆိုမှတော့ခင်များနဲ့ပေါ့...မထင်ရဘူးနော်ခွန်းရောင်ခြည် ခင်များကအနာဂတ်အတွက်သိပ်တွေးတာဘဲ ဟားဟားး "
" အမျိုးယုတ်လေး ငါမင်းနဲ့ဆက်မပြောတော့ဘူး။ "
အမှန်ပေါ်သွားတော့လူကိုပိုစိတ်ကောက်ကာတစ််ဖက်ကိုမျက်နှာလွှဲသွားသူ။
" ကျုပ်ရှေ့မှာသိပ်ချစ်ဖို့ကောင်းပြမနေနဲ့ ဆွဲနမ်းမှဥပဓိမောင်အယုတ်တမာဆိုပြီးမကြိမ်းမောင်းနဲ့ ဟက်!! "
ဥပဓိမောင်ရယ်မောရင်းသာကားစက်နှိုးလို့သူငယ်ချင်းမြတ်ကျော်အိမ်ကိုပြန်လာလိုက်သည်။အိမ်ပြန်ရောက်တော့သူငယ်ချင်းရဲ့ညီမဖြစ်သူအေးရိပ်ပင်ပြန်ရောက်နေလေပြီ။လေးယောက်လုံးညစာအတူစားကြကာအချင်းချင်းစကားလက်ဆုံကြမိသည်။
" အကိုကြီးဥပဓိရဲ့ယောကျာ်းကချစ်စရာလေး....ဘယ်လိုရှာလာတာလဲဟင် ညီမလဲလိုချင်လို့..."
" ဘယ်ကနေရှာရမှာတုန်း သူကိုငါကစျေးထဲကနေတော်ကောက်လာတာလေ နင်လဲအိမ်ထောင်ပြုစရာရှိတာပြု နင့်အကိုလိုလူပျိုကြီးလုပ်မနေနဲ့ ဟုတ်သလား။ "
" ဟာဟျောင့် ငါကအခုမှလတ်လတ်ဆတ်ဆတ်ဘဲရှိသေးတာ...မင်းကသာအယူစောတာ ဘာမှတ် "
လူပျိုကြီးလို့ပြောတာမခံနိုင်တဲ့မြတ်ကျော်ပြန်ပတ်လိုက်တော့ညီမဖြစ်သူအေးရိပ်ကသဘောတကျရယ်မောလေသည်။ထိုစကားဝိုင်းထဲတိတ်ဆိတ်စွာထမင်းစားနေသူကတော့ခွန်းရောင်ခြည်သာ။
" ဟျောင့် ပြီးရင် သောက်ကြမယ်လေ ငါဝယ်ထားပြီပြီ..."
" အင်းကောင်းပြီလေ အရင်ဆုံးငါ့ယောကျာ်းကိုသွားသိပ်လိုက်အုံးမယ်။ "
" အေးအေး..."
ထမင်းစားအပြီးအပေါ်ထပ်ကအိပ်ခန်းကိုအရင်တက်သွားသူကြောင့်စိတ်ကောက်မပြေသေးမှန်းဥပဓိမောင်ရိပ်မိသည်။အခန်းထဲဝင်သွားတော့ကုတင်ပေါ်မှာစာအုပ်လေးဖတ်နေသူဟာသူ့အားတစ်ချက်သာစွေကြည့်လာလို့။
" မောင်...အရက်နည်းနည်းသောက်ချင်လို့.."
" ငါနဲ့ဘာဆိုင်သလဲ.."
" ဟို...မောင် မင်းခွင့်ပြုမှသောက်မှာပါမသောက်နဲ့ဆိုမောင့်သူငယ်ချင်းကိုသွားပြောပြီးချက်ချင်းလာအိပ်မှာ..."
သူနဲ့လဲမဆိုင်သူ့ကိုလာခွင့်တောင်းနေသူကြောင့်ခွန်းရောင်ခြည်သက်ပြင်းချမိသည်။ဘာမှမဖြေကြားဘဲစာအုပ်လေးအားပိတ်ကာသူ့နေရာသူထားလို့ ဗီရိုထဲကဆွယ်တာလက်ရှည်လေးကိုထုတ်ဝတ်လိုက်သည်။
" ငါလဲသောက်ချင်တယ်..."
" ဟမ်!! "
" နားကန်းနေသလား ငါ့ကိုဆရာလာမလုပ်နဲ့ မင်းသောက်ချင်သွားသောက် ခွင့်တောင်းရအောင်ငါမင်းမအေမဟုတ်ဖူး။ "
စိတ်ဆိုးနေသည်ကြောင့်ဘောက်ဆက်ဆက်ပြောကာအောက်ထပ်ဆင်းသွားသူကိုဥပဓိမောင်ကြောင်အမိသည်။သူအရက်သောက်မှာကိုမတားဘဲခွန်းရောင်ခြည်ကပါဝင်သောက်မည်တဲ့လေ။သူသိလိုက်ရတာကခွန်းရောင်ခြည်စိတ်ဆိုးရင်အရွဲ့တိုက်တတ်တယ်ဆိုတာပင်။
ဆက်ရန်
Zg
" ဟမ် "
" ၅ရက်ကများလွန်းသလား..."
" မ..မဟုတ်ပါဘူး..."
" အင်း..."
" ဟမ်...ဟင့်အင်း..."
" ငါ...ငါကြောက်တယ်.."
" ဘာကိုလဲ..."
" ကြောက်လားလို့..."
" အင့်.."
" အင့် ဥပဓိမောင်..."
" မသိဘူး..."
.
.
.
" အန်တီဆက်တာလား.."
" အင်း.."
ဈေးအရောက်ကားလေးကိုကားထိုးတဲ့နေရာမှာရပ်ကာနှစ်ယောက်သားဈေးအတွင်းထဲကိုလျှောက်လာလိုက်ကြသည်။မြို့ရဲ့ဈေးဆိုသည့်အတွက်ကြောင့်ဈေးထဲမှာဈေးသည်အစုံအလင်ရှိပြီးလာဝယ်သူတွေမှာမိန်းကလေးတွေပိုများကြလေသည်။
ခွန်းရောင်ခြည်အကျီတန်းကအကျီတွေကိုကြည့်ရင်းအပြာရောင်တီရှပ်လေးတွေ့တာကြောင့်ကောက်ယူကာဈေးကြည့်မိတော့မျက်လုံးပြူးသွားသည်။
" ဈေးနှုန်းကဘယ်လောက်ပါလိမ့် အမလေးလေး...ဒါကဆန်တစ်အိတ်စာတောင်ရှိနေတာဘဲ..."
" ဟုတ်ကဲ့ရှင့်..."
" ဒါကကော...ဗုဒ္ဓေါ မဖြစ်သေးပါဘူး ဒီဆိုင်ကဈေးကြီးလှချည်လား။ "
" အင်းးး တစ်ခြားဆိုင်သွားရအောင်ဥပဓိမောင် ဒီဆိုင်ကအရမ်းဈေးကြီးတာဘဲ..."
" ဘယ်ဟာ...ဟင်.."
" ကျစ်...ဥပဓိမောင်..."
" မဝင်ဘူး။ "
" အင်း.."
"..."
" ဟက်!! အဲ့တာကြောင့်လား။ "
" မောင်နားထောင်ပါတယ်..."
" ငါမင်းကိုအဲ့ပိုက်ဆံတွေပြန်မပေးနိုင်ဘူး...ပြီးတော့ငါအဲ့လောက်ဈေးကြီးတာတွေမဝတ်ချင်ဖူး..."
အမှန်ပေါ်သွားတော့လူကိုပိုစိတ်ကောက်ကာတစ်ဖက်ကိုမျက်နှာလွှဲသွားသူ။
" ဘယ်ကနေရှာရမှာတုန်း သူကိုငါကဈေးထဲကနေတော်ကောက်လာတာလေ နင်လဲအိမ်ထောင်ပြုစရာရှိတာပြု နင့်အကိုလိုလူပျိုကြီးလုပ်မနေနဲ့ ဟုတ်သလား။ "
" အေးအေး..."
" ငါနဲ့ဘာဆိုင်သလဲ.."
" ငါလဲသောက်ချင်တယ်..."
" ဟမ်!! "
ဆက်ရန်