Unicode
“ဘာတွေလုပ်နေပြန်တာလဲ”
“ကိုယ့်အတွက် ကိုယ့်ဘာသာစီစဉ်နေတာ”
“ရှိုင်း!”
ဒါဟာ အမိန့်ဆန်ဆန်ရာဇသံတွေမပေးခင်ခေါ်လေ့ရှိတဲ့ ခပ်မာမာအသံတစ်ခုပဲ။ ဂရုမစိုက်ချင်တော့ဘူး။ ဘယ်ရာဇသံကိုမှ မလိုက်နာချင်တော့ဘူး။ တန်ဖိုးအရှိဆုံးအချိန်တစ်ခုကိုဆုံးရှုံးခဲ့ရတာ အဲ့ရာဇသံတွေကို မတွန်းလှန်နိုင်ခဲ့လို့ဆိုတာ သူကောင်းကောင်းကြီးမှတ်မိသည်။
“မာမီလုပ်နေသမျှက ရှိုင်းလေးကောင်းဖို့ချည်းပဲ။ ဘာလို့နားမလည်နိုင်တာလဲ။ ဘယ်မိဘကမှ ကိုယ့်သားသမီးကိုဒုက္ခရောက်အောင်မလုပ်ဘူးကွ”
မာမီ့နှုတ်ခမ်းရဲရဲတွေကထွက်ကျလာတဲ့စကားအတွက် သူ့မှာတုန့်ပြန်စရာ မဲ့ပြုံးသာရှိသည်။ မာမီပြောတာတွေကိုမယုံဘူး။ မာမီ့ကိုမယုံဘူး။ တစ်လောကလုံးကိုလည်းမယုံဘူး။
“မာမီစီစဉ်ပေးတဲ့ driver ကို ကိုယ်လက်မခံဘူး။ ဦးကြီးမောင်မလိုက်ရင် အောင်ခန့်ကိုခေါ်သွားမယ်။”
“ရှိုင်း!”
မာမီ့ကိုရော မာမီ့အသံကိုရော ကျောခိုင်းထားခဲ့ပြီး ခြေလှမ်းကျဲတွေနဲ့ အဆင်သင့်ရပ်ထားတဲ့ကားပေါ်တက်လိုက်သည်။ ကား driver နေရာမှာ သူ့အလိုက်ကိုသိစွာရောက်နေပေးသော အောင်ခန့်ကြောင့် နည်းနည်းစိတ်ကျေနပ်သလိုရှိသွားသည်။ ရှိုင်းခက်သွယ်တဲ့ တစ်ယောက်ပဲရှိတယ်။ ဘယ်သူ့ဩဇာမှ သူ့အပေါ်မလွှမ်းနိုင်ဘူး။ လက်ဖြောက်တစ်ချက်တီး အလိုတစ်ခါပြည့်အောင်ထိ အကုန်လုံးကိုစေစားပြမယ်။ မကြောက်မလန့်ရှေ့တိုးရဲတဲ့လူက သေမင်းနှုတ်ခမ်းဝကိုကိုယ့်စရိတ်နဲ့ကိုယ်လာရမယ့်လူပဲဖြစ်လိမ့်မယ်။
“ဘယ်မလဲကိုသိန်းဟန် ပေါ်မလာသေးပါလား”
မဲ့ပြုံးချီထားတဲ့ နှုတ်ခမ်းအစုံက သူ့ဂွင်ထဲတော့ရောက်လာပြီ။အပီရိုက်ချဖို့ပဲကျန်တော့တယ်ဆိုတဲ့အတွေးနဲ့ ပြုံးနေကြောင်းသိသာထင်ရှားလှသည်။
“ကိုလင်းညွှန့် ခင်ဗျားလောလှချည်လား”
“ဟင်းး..လောတာတော့မဟုတ်ဘူးပေါ့ဗျာ စည်းမဲ့ဘောင်မဲ့ လွတ်ထွက်သွားမှာစိုးလို့”
“ဟေ့လူ”
အသံခပ်အုပ်အုပ်ခေါ်သော်လည်း ကိုသိန်းဟန်ဟာလှည့်မကြည့်ပဲ ဆက်ပြောနေသည်။ တံခါးတွင်ရပ်လျက်လက်ပိုက်ကာကြည့်နေတဲ့ ဆက်ခံသူကလည်း အေးဆေးပင်နားထောင်နေသည်။ ကိုလင်းညွှန့် စကားလည်းဆုံးရော လက်ခုပ်ဩဘာပေးပင်ပေးလိုက်သေးသည်။
“ဖြောင်း! ဖြောင်း! ဖြောင်း!”
“အဆင်ပြေသားပဲ ဦးလင်းညွှန့် အဟက် ဆက်ပြောပါဦး ကိုယ့်အကြောင်း လွဲမှာစိုးလို့ ထောက်ပေးမယ် ဆက်ပြောပါဦး”
“ဆက်..ဆက်ခံသူ..”
စားပွဲထိပ်တွင်ဝင်ထိုင်ကာ ခြေချိတ်ထိုင်နေသူကိုကြည့်ရင်း ဒူးတွေပါမခိုင်ချင်တော့။ မျက်လုံးအကြည့်တစ်ခုချင်းစီက ဦးလင်းညွှန့်အား ဝါးမျိုနေသလိုလိုပင်။
“ဆက်ပြောလေ”
ဒီစကားမှာတော့ သူ့မျက်နှာထက်အပြုံးပျောက်သွားပြီ။ အေးစက်စက်နိုင်သွားပြီ။ မိန်းမဖြစ်ရင် ဦးစီးခွင့်မရှိဘူးလို့ ပြောတဲ့ပါးစပ်တွေ ခါလီသွားအောင် သူလုပ်နိုင်သည်။ မတည်ဖူးတဲ့ကရုဏာတရားကို ရေစစ်နဲ့စစ်ထုတ်ပေးထားတာကိုတောင် ကျေးဇူးတင်ရကောင်းမှန်းမသိ။
“ကိုယ်ကမိန်းမမို့ ဆက်ခံသူမဖြစ်ထိုက်ဘူးထင်ရင် စိန်ခေါ်ပွဲ တစ်ခုလုပ်ကြမလား။ အလျော်အစားတော့ကြီးမယ်။ အဟက်! ဘယ်လိုလဲ ဦးလင်းညွန့် ကိုယ့်ကိုဆွဲချချင်တယ်မလား။ စိန်ခေါ်ရဲလား”
ခုနလေးက မိုးလားကဲလားလုပ်နေသူမှာ သူမဟုတ်တော့သလိုကိုငြိမ်ကုတ်နေ၏။ အသက်ပင်ရှူရဲ့လားမသိ။ အပြောပဲရှိပြီး သတ္တိမရှိတဲ့အတန်းစားသည် ရှိုင်းခက်သွယ်၏ ဒုတိယအမုန်းဆုံးအတန်းစားဖြစ်သည်။ ဖိုးဖိုးမျက်နှာကြောင့် ဒီလောက်နှင့်သာပြီးလိုက်သည်။ meeting ခန်းထဲမှသူမထွက်ခင်အထိကို ငြိမ်သက်နေ၏။ လှုပ်ရှားမှုပင် ဖြေးဖြေးရွေ့ရွေ့နိုင်ကြသည်။ဒီလိုသက်ကြားအိုတွေကသူ့ကိုကန့်ကွက်နေသေးသည်တဲ့။အံ့ဩစရာ။
အနီးတွင်ရပ်နေသောမနီလာက
“ဒုဥက္ကဌ ကုမ္ပဏီကခေါ်ထားတဲ့ တာဝန်ခံအင်ဂျင်နီယာအသစ် သုံးယောက်ရှိပါတယ် အဲ့ဒါ sideခွဲချပေးရမယ်လို့ ဥက္ကဌကြီး မှာထားပါတယ်”
“သူတို့ fileတွေကို email နဲ့ပို့ပေး ငါစစ်ကြည့်မယ်”
“ဟုတ်ကဲ့”
ဒုဥက္ကဌရုံးခန်းဟူသော အခန်းရှေ့အရောက်တွင် ခြေလှမ်းတို့ကိုရပ်လိုက်သည်။ ခေါင်းလေးငဲ့ကာ တစ်ချက်ကြည့်မိသည်။ ဒီနေ့ဒီအချိန်မှစပြီး သူကျင်လည်သမျှပတ်ဝန်းကျင်မှာ သူသာလျှင် ထိပ်တန်းဖြစ်စေရတော့မည်။ ကိုယ့်စရိတ်နဲ့ကိုယ်သေတွင်းတူးကြမည့်လူတွေအတွက်လည်းစိတ်မကောင်းဖြစ်မိသည်။ ရှိုင်းခက်သွယ်မှာက အရှားပါးဆုံးကကရုဏာတရားဖြစ်သည်။ အဲ့အတွက် ကြိုတင်အားနာထားရတော့မှာပဲ။ ကြိုဆိုနေသောအခန်းအသစ်လေးထဲ လှမ်းဝင်လိုက်ရင်း ဒီနေ့အတွက်သူ့တာဝန်တွေကိုစတင်လိုက်တော့သည်။
မနက်တည်းကထိုင်နေရတာမို့ မဒီ့ဒူးတွေ အတော်လေးထုံကျင်နေပြီ။ လက်ကနာရီအဝိုင်းလေးကိုကြည့်မိတော့ သူ့တာဝန်အတိုင်း ၁၂နာရီကိုတန်းလို့ညွှန်ပြနေချေပြီ။ မနက်ကတည်းက အိပ်ယာကထဆို အပေါ်တက်ခဲ့ရတာကြောင့် မနက်စာဆိုတာလည်းမစားရသေး။ ဒီကြားထဲ ပြဿနာမီးကမွှေလေတော့ ဒီနေ့အဖို့တော့နေ့လည်စာလည်းငတ်ပြန်ပြီထင်ပါသည်။ ဗိုက်ထဲကဆာလောင်မှုက တကျုတ်ကျုတ်ဖြင့် ပိုတိုးလို့ဆာလောင်လာခဲ့သည်။ ဒီနေရာ၊ဒီအရပ်ကို မဒီရောက်နေခဲ့တာပဲအမှားတစ်ခုလား။ အဲ့နေ့ကသာ တီဆွေနဲ့မတွေ့ခဲ့ရင် သူဒီအိမ်မရောက်လာမှာကတော့ အသေအချာပဲဖြစ်ပါသည်။
လွန်ခဲ့သောတစ်ပတ်ခန့်.....
“အမေ... အမေ..ဆန်ပြုတ်လေးထသောက်လိုက်ဦးနော်”
အခန်းထဲရှိဖြူဖြူဖျော့ဖျော့ခန္ဓာကိုယ်နှင့်မကျန်းမာလှသော အမေ့ကို ထူကာမဒီ ဆန်ပြုတ်တိုက်ဖို့ပြင်ရသည်။ ဖိစီးလှသောနှလုံးရောဂါဒဏ်ကြောင့် အမေသည် ရှိရင်းစွဲအသက်ထက်ပင်ပိုမို ညှိုးရော်နေပြီ။ ဆေးဝါးကောင်းကောင်းနဲ့ကုပေးချင်ပါသော်လည်းမတတ်နိုင်။ အဖေသည်လည်း ဒီအသက်အရွယ်အထိ မနားရရှာပဲ နေပူမိုးရွာမရှောင် လက်သမားကြီးဖြစ်နေရရှာသည်။
“အမေသက်သာရဲ့လားဟင် နှလုံးကအရမ်းအောင့်နေလား”
“သက်သာပါတယ်...ဆေးလည်းကျန်သေးတယ်”
“ဟုတ်လို့လား မဒီဟိုတစ်နေ့အလုပ်ကပြန်လာတော့ ဝင်ဝယ်လာတာ သုံးရက်စာတည်းပါ”
အမေ့ကိုပြောမနေတော့ပဲ ကိုယ့်ဘာသာပဲဆေးထုတ်ယူကြည့်လိုက်သည်။ ထင်တဲ့အတိုင်းကို ဆေးကကုန်နေပြီပဲ။ အမေ့က မဒီတို့တွေစိတ်ညစ်မှာစိုးလို့ ခုလိုတွေ ဖုံးကွယ်တတ်သည်ကိုမဒီသိထားလို့သာတော်တော့သည်။ ပြောမယ့်သာပြောရတာ။ တကယ့်တကယ်သွားဝယ်ဖို့စိတ်ကူးမိတော့ လက်ထဲရှိတဲ့ ၅ထောင်တန်တစ်ရွက်နဲ့ကမလောက်မငှ။ ဆေးအပြင် ထမင်းချိုင့်တွေအတွက်ကရှိသေးသည်မဟုတ်ပါလား။ အလတ်ကောင်နဲ့ အငယ်ကောင်အတွက်ထမင်းချိုင့်။ပြီးတော့အဖေ။ မဒီကတော့ တစ်နပ်စာလောက်လွှတ်လိုက်ရလည်း ကိစ္စမရှိ။
“အမေ မဒီ လမ်းထိပ်ခဏသွားဦးမယ် ဖြစ်တယ်မလား အလတ်ကောင်တို့လည်း ပြန်ရောက်တော့မှာပါ။ ”
“ရတယ် ရတယ် မြန်မြန်ပြန်လာဦး ”
“ဟုတ်ကဲ့အမေ”
မဒီ့လက်ထဲပါသွားတဲ့ တစ်ခုတည်းသော၅ထောင်တန်လေးကို အမေမမြင်ဖို့သာဆုတောင်းခဲ့ပြီး ခေါင်းရင်းကကြီးမေအိမ်ဘက်ကူးလိုက်သည်။ ကြီးမေတို့ခြံထဲမှာ မဒီတို့ကကပ်နေရတာဖြစ်သည်။ ယောက်ျားဖြစ်သူရှေ့တွင်တော့ အိမ်လခပေးနေတာလို့ ခဏခဏပြောတတ်ပေမယ့် တစ်လကို ၁သောင်း၊၂သောင်းနဲ့တင် ပြီးသွားတတ်တဲ့ ကြီးမေက မဒီတို့ကိုတော့တကယ်ကောင်းသည်။ သားသမီးလည်းမရှိတော့ မဒီတို့မောင်နှမတွေကသာ သူ့အတွက်သံယောဇဉ်အမျှင်ကလေးတွေဖြစ်ရသည်သာ။
အခုလည်း ကြီးမေအိမ်က စက်ဘီးလေးဂျောက်ဂျက်ကို အပြင်သွားဖို့အတွက်လာငှားခြင်းသာ။
“ကြီးမေရေ”
“ဝေ..”
“ဘယ်မှာလဲ အနောက်မှာလား”
“အေးသမီး အနောက်လာခဲ့”
ကြီးမေ့အသံကြည်ကြည်ကိုကြားပြီးတဲ့နောက်မှာတော့ အိမ်ပေါ်မတက်တော့ပဲ အောက်ဘက်ကနေ မီးဖိုအနောက်ပေါက်ဆီလျှောက်သွားလိုက်သည်။ ခပ်ဝဝကြီးမေက ရေကပြင်မှာထိုင်ပြီး ထမင်းအိုးငှဲ့နေလေရဲ့။
“ကြီးမေ မဒီ ဂျောက်ဂျက်လာငှားတာ”
“ယူသွားလေသမီးရဲ့ ဘယ်လဲဆေးဝယ်ပဲလား”
မဒီမညာလိုတော့ပါ။ခေါင်းသာညိတ်လိုက်ရသည်။ဆေးဖိုးတင်မဟုတ်ပဲ ပါးစပ်လှုပ်ဖို့ပါပါကြောင်းတော့ မဒီမပြောဖြစ်ခဲ့ပါ။
“ရော့ ကြီးမေ ပေးတယ်မပြောနဲ့ ညည်းအမေက မာနကြီးတစ်ခွဲသားအေ့ ညီအစ်မဆိုပြီးလည်းမရဘူး။ မာနာကခပ်ကြီးကြီး။ မရှိမာနဆိုပဲ။”
“ကျေးဇူးတင်ပါတယ်ကြီးမေ မဒီအလုပ်ကြိုးစားပြီး ကြီးမေကျေးဇူးတွေပြန်ဆပ်ပါ့မယ်”
“အေးပါအေ စောင့်ကြည့်ဦးမယ်။ ညည်းကအကြီးဆုံး အစ်မကြီးအမိရာအေ့။ ကိုယ့်ထက်အငယ်တွေ နည်းယူမမှားအောင်နေ။ ငါ့သမီးကလိမ္မာတော့ ကြီးမေသိပ်တော့မပူပါဘူး”
ပိုက်ဆံတစ်ထောင်တန်အလိပ်ကလေးအတင်းထိုးပေးရင်းပြောလာတဲ့ ကြီးမေစကားကြောင့်ပြုံးရသည်။ အမေမကြားအောင်တိုးတိုးလေးပြောနေပုံက အမေ့ကိုချစ်လည်းချစ်၊ အမေ့မာနကိုလည်း မထိပါးချင်တဲ့ အမိအရာနေရတဲ့အစ်မကြီးတစ်ယောက်ရဲ့ပုံစံဟာ ကြီးမေဆီမှာရှင်းရှင်းလင်းလင်းလေ။
“ကြီးမေ မဒီသွားလိုက်ဦးမယ် အလတ်ကောင်ပြန်လာရင်လေ အပြင်လျှောက်မကစားနဲ့ဦးလို့ ပြောပေးနော်ကြီးမေ”
“အေးအေးပြောလိုက်မယ်”
ကြီးမေအော်သံကြားတော့ရိပ်ခနဲပြုံးရင်း ဂျောက်ဂျက်ကိုနင်းလာခဲ့သည်။ ဂျောက်ဂျက်လို့ခေါ်တဲ့စက်ဘီးကအဲ့နာမည်ဖြစ်လာတော့ရှင်းပါသည်။ ဒီစကိဘီးကကြီးမေယောက်ျားရဲ့စက်ဘီးဟောင်းလေး။ အဟောင်းဆိုတာမှတော်တော်ဟောင်းနေတဲ့အဟောင်း။ ဟောင်းလွန်းလို့ တစ်ခါနင်းတိုင်း ဂျောက်ဂျက်ဂျောက်ဂျက်မြည်နေလို့ စက်ဘီးဂျောက်ဂျက်ဖြစ်သွားတာပါပဲ။ဒီလိုအဟောင်းစက်ဘီးလေးတစ်စီးတောင်မပိုင်နိုင်တဲ့အထိမဒီတို့ကချမ်းသာလှပါသည်။
ဆင်ခြေဖုံးရပ်ကွက်လမ်းတွေဆိုတော့လည်း စက်ဘီးနဲ့လူတစ်ယောက်တော်တော်မှရှောင်လိုက်ရပါသည်။ လမ်းထိပ်ရောက်တော့မှ စက်ဘီးကောင်းကောင်းစီးလို့ရသည်။ မဒီတို့နေတဲ့နေရာနဲ့ ဈေးလေးနဲ့က အနည်းဆုံးမိနစ်၁၀လောက်တော့သွားရသည်။ လမ်းလျှောက်ရင်တော့ မိနစ်၂၀ အစိတ်နီးပါးပေါ့။ ညနေစောင်းခါနီးဆိုတော့ ဈေးမပိတ်ခင်အမြန်နင်းသွားလိုက်သည်။
“ကျွီ...! ဒေါ်ကြီးဘေးကို ဘေးကို!”
ဘရိတ်မကောင်း၊ဘဲမပါသော ဂျောက်ဂျက်လေးသည် ထိုအဒေါ်ကြီးကိုရှောင်ရင်း မြောင်းထဲခေါင်းစိုက်သွား၏။ မဒီလား။ မဒီကတော့လွတ်ပါတယ်။ အန္တရာယ်အငွေ့အသက်ရတာနဲ့ စက်ဘီးပေါ်ကအော်တိုခုန်ဆင်းပြီးသား။
“ဘာဖြစ်သွားသေးလဲသမီးရရဲ့လား”
“ရပါတယ် အန်တီ အန်တီရော ဘာဖြစ်သွားသေးလဲ ဟီးး မဒီ့စက်ဘီးက ဘဲရော ဘရိတ်ရောအဆင်မပြေဘူး”
ထိုင်နေရာမှကုန်းထလိုက်ရင်း အားနာနာနဲ့ဟီးခနဲရယ်ပြလိုက်ရသည်။ တခြားအဒေါ်ကြီးတွေလို မဒီ့ကိုပြောဆိုမယ်ထင်ထားပေမယ့် ဂရုတစိုက်ရှိတဲ့ပုံကြောင့် မဒီရန်အတွေ့မခံရတော့ဘူးစိတ်နဲ့ ရင်ထဲကအလုံးကြီးကျသွားလေတော့သည်။
“သမီးကိုမြင်ဖူးနေသလိုပဲ နေပါဦး..ကိုဖိုးသက်သမီးလေးလား ဟုတ်ရဲ့လား ရုပ်ကတော်တော်ဆင်တယ်”
“ဟယ် အန်တီကအဖေ့ကိုသိတယ်..”
“အမလေးဝမ်းသာလိုက်တာ မမြင့်မေရောနေကောင်းရဲ့လားသမီး”
“အမေကတော့တရှောင်ရှောင်ပါပဲ မဒီတို့မှမကုနိုင်တာ”
ဒေါ်ဆွေမြင့်တစ်ယောက် အရှေ့မှကလေးမလေးကိုကရုဏာသက်မိသည်။ ရုပ်လေးကလှတာမှ တော်တော်လှတဲ့အထဲပါသည်။ နေရတဲ့ဘဝကတော့ရုပ်ရည်လေးလို မလှပနိုင်ပါပြီ။
“ကုရမှာပေါ့ ဒါနဲ့ သမီးဘာလာဝယ်တာလဲ ဈေးပိတ်ဦးမယ်အရင်သွားဝယ်လိုက်ပါလားအန်တီဒီမှာစောင့်နေမယ် ”
“ဟိုက်! မဒီမေ့သွားတာ ခဏလေးနော်အန်တီ”
ကိုယ့်နှဖူးကိုယ်ရိုက်ရင်း စက်ဘီးလေးကိုဒေါက်ထောက်ကာ ဆေးပိုစတာတွေသိမ်းနေပြီဖြစ်သော ဆေးဆိုင်ဆီ လှစ်ကနဲပြေးဝင်ရသည်။ ရောင်းပေးပေမယ့် များများစားစားမဝယ်နိုင်တော့ မျက်စောင်းလေးတော့အထိုးခံရတာပေါ့။ သူကိုယ်က ပိတ်ခါနီးလေးမှရောက်လာတာကို။ ဆေးဝယ်ပြီးတော့အငယ်နှစ်ကောင်နဲ့အဖေ့ထမင်းချိုင့်အတွက် ပဲသီးလေးသုံးစည်းနဲ့ ကြက်ဥလေးနှစ်လုံးဝယ်ခဲ့လိုက်သည်။ လက်ထဲမှာပိုက်ဆံနည်းနည်းကျန်တာနဲ့ ငါးခြောက်တစ်ထုပ်ဝယ်ကာ အပြင်ပြန်ထွက်လာလိုက်သည်။ဈေးလေးအမြန်ဝယ်ပြီး စက်ဘီးနားရပ်စောင့်နေတဲ့အန်တီကြောင့် ဟီးခနဲတစ်ချက်လှမ်းရယ်ပြကာ ခပ်သွက်သွက်လေးလျှောက်သွားလိုက်သည်။
“အန်တီ မဒီတို့အိမ်လိုက်ခဲ့ပါလား နည်းနည်းတော့မှောင်နေပေမယ့် မဒီ့စက်ဘီးနဲ့ပြန်လိုက်ပို့ပေးပါ့မယ် လိုက်ခဲ့ပါလားဟင်”
“အန်တီက မနက် ရန်ကုန်ပြန်ရမှာဆိုတော့ လိုက်ခဲ့မယ်ကွယ် ဒီလည်းလတိုင်းပြန်လာနိုင်တာမဟုတ်တော့”
“ဟုတ်ကဲ့အန်တီ တက်လို့ရပြီအန်တီ”
“တကယ်နင်းနိုင်တာသေချာလို့လား ခုနကပြောတော့ဘရိတ်လည်းမကောင်းဘူးဆို”
“ဒါကတော့ မဒီ့မှာပါးစပ်ပါတယ်လေ ဘရိတ်ထက်ပါးစပ်ကပိုမြန်ပါတယ်”
စကားတွတ်ထိုးရင်း အန်တီလည်း မဒီ့စက်ဘီးနောက်ကပါလာသည်။ မဒီတို့လမ်းထိပ်ရောက်တော့ ထုံးစံအတိုင်းစက်ဘီးတွန်း လမ်းဆင်းလျှောက်ရတော့တာပါပဲ။
“ကြီးမေရေ ဂျောက်ဂျက်ထားခဲ့ပြီနော်”
“အေးအေး”
ကြီးမေအိမ် စက်ဘီးထားပြီးမှ အိမ်ဘက်ကူးကာ အိမ်ရှေ့ ပြတင်းပေါက်လေးနားမှာထိုင်နေတဲ့ အမေ့ကိုတစ်ခါဆော်ဩရပြန်သည်။
“အမေ အမေရေ ဧည့်သည်ပါလာတယ် အဖေရောပြန်မရောက်သေးဘူးလား”
“ဘယ်ကဧည့်သည်တုန်းသမီးရဲ့ ဟယ်.. ဆွေဆွေ”
“ဟုတ်ပါတယ်မမမေရဲ့ ဆွေဆွေပါ”
မဒီ့မျက်လုံးထဲ အမေခုလောက်ထိဝမ်းသာတာမျိုးမမြင်ဖူးပေ။ အဖေ့နောက်ခြေစုံပစ်လိုက်လာသူအမေ့ကို အမေ့အသိုင်းအဝိုင်းဟာ ဝိုင်းပယ်ထားကြသည်လေ။ ကြီးမေဆိုတာကလည်း အမေ့ရဲ့ညီမဝမ်းကွဲရယ်ပါ။
“မမမေရယ် ပိန်လိုက်တာ နေလို့မကောင်းဘူးဆို သမီးလေးပြောတယ်”
“ဒီလိုပါပဲဆွေဆွေရယ် အသက်ထွက်မှပျောက်မယ့်ရောဂါထင်ပါရဲ့”
မဒီတစ်ကိုယ်လုံး ကြက်သီးတွေဖြန်းကနဲထသွားရလောက်အောင်အထိ ထိုစကားဟာ ထိချက်ပြင်းသည်။ မဒီ့ဘဝမှာ မိသားစုကသာပထမ၊မိသားစုကသာ ဒုတိယ။
“အမေ့ အဲ့လိုမပြောနဲ့ အမေဘာမှမဖြစ်ရဘူးသိလား မဒီဘာပဲလုပ်ရလုပ်ရ အမေ့ကိုအသက်ရှည်ကြီးနေရအောင်လုပ်ပေးမှာ”
“ဟုတ်သားပဲမမမေရယ် ကလေးတွေစိတ်မကောင်းဖြစ်အောင်”
“ဒါနဲ့ဆွေဆွေဘယ်လာလဲ သမီးနဲ့ရောဈေးမှာတွေ့ခဲ့တာလား”
“ဟုတ်တယ်မမမေ ဆွေလည်းဈေးလာတာ သမီးနဲ့တွေ့တာပဲ ရုပ်ကလည်း ကိုဖိုးသက်ရုပ်ဆိုတော့ အလွယ်လေးမှတ်မိတာပေါ့မမမေရယ်”
အန်တီဆွေရော အမေရော နှစ်ယောက်လုံးပြုံးလို့။ ထိုစဉ်ဖေဖေပြန်ရောက်လာပြီး အလတ်ကောင်နဲ့ အငယ်လေးပါတစ်ပါတည်းပါလာကြသည်။
“ဟေ့ ဆွေဆွေပါလား ရန်ကုန်မှာဆို အလည်ပြန်လာတာလား”
“ဟုတ်တယ် ကိုဖိုးသက်ရေ ခွင့်ကတစ်ပတ်ရတယ် မနက်ဖြန်တော့ပြန်ရမယ် အလုပ်ရောအဆင်ပြေရဲ့လား”
“မငတ်ရုံပါပဲဟာ ငါတို့ကျမှ လုံးလည်ချာလည်ကိုလိုက်နေတာပဲ ငါလည်းဒီဝဲထဲက ငါ့မိသားစုကိုခေါ်မထုတ်နိုင်ဘူး။ ညံ့ပါတယ်ဟာ ငါညံ့ပါတယ်”
မဒီ့မျက်ဝန်းတွေစိုစွတ်လာသည်။ မဒီ့မိဘတွေပင်ပန်းနေတာတောင် မဒီဘာမှမလုက်ပေးနိုင်ပဲ ဒီတိုင်းကြည့်နေရတာဟာ တကယ်ဆိုးရွားလွန်းသည်။ မဒီ့လစာလေးက အတိုးဆပ်ဘာညာနဲ့ ဘာမှဖြစ်ဖြစ်မည်အောင်လုံလောက်မှုမရှိပဲကို။
“အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ ဒါနဲ့ သမီးကြီးကကျောင်းနေသလား ဘယ်နှတန်းလဲ”
“ကျောင်းကပြီးပြီ။ ဘွဲ့ရပြီးကတည်းကရှာကျွေးနေတာပါဟာ။ ဘွဲ့ရလည်း အလကားပါပဲ။ နင်သိတဲ့အတိုင်း စက္ကူတစ်ရွက်ထက်မပိုဘူး။ ကဲဆွေဆွေရေ နင့်တူမနဲ့စကားပြောနှင့်ဦး နင့်အစ်မနားလို့ရအောင် ငါအိပ်ရာပြင်ပေးလိုက်ဦးမယ် ..ဟေ့ သားငယ် မင်းအစ်ကိုဘယ်ရောက်သွားပြန်ပြီလဲ”
“ကြီးမေတို့အိမ်မှာပေါ့ ကိုလတ်ရေ!အဖေခေါ်နေတယ်”
ဆူညံညံအသံတွေရဲ့နောက်မှာ အန်တီဆွေ့ကို အိမ်ရှေ့ ကွပ်ပျစ်ဆီ ခေါ်လာခဲ့လိုက်သည်။
“အန်တီ ထိုင်ဦး”
“မမမေရောဂါက အတော်ဆိုးသလား”
“အမှန်တကယ်ဆိုခွဲစိတ်ရမှာ မဒီတို့မတတ်နိုင်လို့”
“ကဲပါသမီးရယ် ဒါနဲ့ ကျောင်းပြီးတာကြာပြီလား”
“မဒီ ကျောင်းပြီးတာ ငါးနှစ်တောင်ရှိတော့မယ်။ အလုပ်လုပ်ရင်း သင်တန်းတက်မယ်ကြံပေမယ့် မတတ်နိုင်ပါဘူး အန်တီရယ်။ ဟီး..အဲ့ဒါနဲ့ ဘွဲ့ရပေမယ့် နေရာမရတာပေါ့။”
“သမီးအသက်က”
“၂၆ထဲမှာပါအန်တီ”
“ဒီအရွယ်တွေရောက်ကုန်ကြပြီကို လစာကရောကလေးရဲ့”
“၂သိန်းအန်တီ”
“မဆိုးပါဘူးလေ..အဲ..ဒါနဲ့ တစ်မျိုးတော့မထင်ပါနဲ့ကွယ်”
မဒီ့စိတ်ဝင်တစားနားသာစွင့်လိုက်မိသည်။ တစ်မျိုးမထင်ပါနဲ့ဆိုတော့လည်း အင်း...မထင်တော့ပါဘူးလေ။
“အန်တီအကူအညီလေးတောင်းချင်လို့”
“ဟုတ်ကဲ့အန်တီ ပြောပါ”
“အန်တီနေတဲ့အိမ်ကမမလေး နောက်တစ်ပတ်လောက်နေရင် နိုင်ငံခြားကပြန်ရောက်မှာ အဲ့ဒါ မမလေးအတွက်အတွင်းရေးမှူးရှာခိုင်းထားတာ။အဲ့ဒါ သမီးကူညီပေးပါလားကွယ်”
နေရင်းထိုင်ရင်း မရင်နှီးတဲ့အလုပ်တစ်ခုကိုလုပ်ရတော့မှာလား။
“လစာလည်းမနည်းရစေပါဘူးသမီးရယ် အန်တီတာဝန်ယူပါတယ်။
“ဒါဆို အမေတို့ကရော..”
မဒီ့စိတ်ထဲ စွန့်စားလိုက်ချင်ပေမယ့် အတွေးထဲ ထားခဲ့ရမယ့် တန်ဖိုးရှိရတနာတွေကို တွေးမိလိုက်တော့ မဒီ့စိတ်တွေခဲဆွဲခံရသလိုလေးလံသွားတော့တာပါပဲ။
“စိတ်မပူပါနဲ့သမီးရယ်။ အိမ်ကိုထောက်ဖို့၊ နဲ့ သမီးအမေဆေးဖိုးတွေကိုလည်း လစာအပြင်ဘက်ကထပ်ပေးမယ်။ ကူညီပါသမီးရယ်။”
“လစာကဘယ်လောက်ရမှာလဲဟင်”
“ခန့်မှန်းချေ၆သိန်းလောက်ပေါ့သမီး”
“၆သိန်းတောင်!”
ခေါင်းညိတ်ပြကာပြုံးပြတော့ အရှေ့ကကလေးမလေးက မယုံနိုင်ဟန်နဲ့ တအံ့တဩဖြစ်နေရှာသည်။
“မဒီလိုက်မယ် အန်တီဆွေ”
မဒီ့လစာရဲ့၃ဆမို့ မဒီလုံးဝကိုတက်ကြွစွာပြောမိသည်။ ဒီငွေလောက်ဆို ဟိုအဒေါ်ကြီးခေါင်းပုံဖြတ်နေမှုတွေကို အလွယ်တကူရပ်ပစ်လို့ရနိုင်သည်။ သို့သော်...
“မလိုက်ရဘူးမေမဒီ!”
အန်တီ့လက်ကို ကိုင်လှုပ်ရင်းပြောနေတဲ့မဒီ့လက်လေးတွေရပ်တန့်သွားသည်။ ဟိန်းထွက်သွားတဲ့အသံဟာ အဖေ့ဆီမှဆိုတော့ ပိုလို့ပင်တုန်လှုပ်သွားမိသည်။ အဖေဟာတစ်ခါမှ မအော်ငေါက်ဖူးဘူးလေ။
“အန်တီဆွေလည်းရှိတယ်လေအဖေရယ်”
“အတွင်းရေးမှူးဟုတ်လား..ညည်းတီဗွီတွေထဲမမြင်ဖူးဘူးလား။ သူဌေးကထိကပါးရိကပါးနဲ့ ဟေ့ မိမဒီမလိုက်ရဘူး!”
အဖေ့ဆီက အဲ့စကားကြီးကြားတော့ မဒီရယ်ရမလို၊ငိုရမလိုဖြစ်သွားသည်။ အန်တီဆွေကလည်းရယ်ချင်နေဟန်ရှိသည်။ အဖေ့ပုံကတကယ်ကြီး မာဆက်ဆက်အနေအထားဖြစ်နေလို့သာမရယ်ဖြစ်ကြတာ။
“ဟာ..ကိုဖိုးသက်ကလည်း သူဌေးကမိန်းကလေးပါ ဘယ်ကယောက်ျားရမှာလဲ ပြီးတော့မမလေးတို့အိမ်မှာပဲကျွန်မနဲ့နေရမှာ အလုပ်ကလည်း ကျွန်မသင်ပေးမှာပါ”
“အဖေ ကြားလားဟင် မိန်းကလေးတဲ့။ မဒီလိုက်သွားချင်တယ် မဒီလိမ်လိမ်မာမာနေပါ့မယ်။ နော်အဖေ”
“......”
အဖေဟာ စကားမပြန်တော့ပါ။မဒီ့ကို လှည့်ပင်မကြည့်။
“အဖေ ဖြစ်ချင်တာထက် ဖြစ်သင့်တာလုပ်ရတော့မယ်အချိန်ဖြစ်နေပြီအဖေ။ အငယ်လေးတွေအတွက်အနာဂတ်ကအရှည်ကြီး။ ပြီးတော့အမေ့ကျန်းမာရေးအတွက်ငွေလိုတယ်။ အဖေလည်းအသက်ကြီးပြီ နားသင့်ပြီ။ မဒီ့ကိုယုံပါ။ မဒီ့ပုခုံးပေါ် အဲ့ဒီဝန်ထုပ်ကြီးကို ယုံယုံကြည်ကြည်နဲ့တင်လိုက်ပါ။ မဒီချစ်တဲ့လူတွေအတွက် မဒီအားကိုးထိုက်ချင်ပါတယ်။ မဒီ့ကိုယုံပေးပါနော်”
အသံကိုထိန်းကာပြောပေမယ့် မျက်ရည်တွေဟာ ပါးနှစ်ဖက်ထက်မှာ စီးကျလို့။ ရှိုက်သံတစ်ချက်မထွက်အောင်မဒီပြောနေပါသည်။ တကယ့်တကယ်ရှိုက်သံထွက်လာတာကတော့ မဒီ့ရှေ့မှအဖေ့ဆီကဖြစ်သည်။
“အဖေယုံပါတယ် ငါ့သမီးကိုအဖေယုံတယ်။ ဒါပေမယ့်~~မခိုင်းရက်ဘူး”
“အဖေရယ်...
တောသားကြီးအဖေ့စိတ်ထဲမှာတော့ အတွင်းရေးမှူးဆိုတာ သူဌေးဖြစ်သူရဲ့အသုံးတော်ခံလို့ ထင်နေရှာသည်။ မိဘရဲ့စိတ်စေတနာကို မဒီသိမြင်လိုက်ရတော့ မဒီ့မျက်ရည်တွေ အတားအဆီးမရှိတော့ပြီ။သားအဖနှစ်ယောက်ကြောင့်ဘေးနားကလူတွေလည်းမျက်ရည်တွေဖြစ်ကုန်သည်။ ထိုကနေတစ်ဆင့် မဒီ ဒီအိမ်ကြီးကိုစရောက်ခဲ့ရတာဖြစ်သည်။ ဒီကိုရောက်တော့လည်း ရတဲ့လစာမှာအမှန်တကယ်ကြီးဖြစ်သော်လည်း အတွင်းရေးမှူးဆိုတာကိုတော့ သူမေးချင်စိတ်မရှိတော့ပါ။
“မဒီ..”
မဒီ့အတွေးတို့သည် ခေါ်သံတစ်ခုဝင်ရောက်လာမှသာ တွေးလက်စပြတ်သွားတော့သည်။ အခန်းတံခါးဆီလှည့်ကြည့်တော့ ထမင်းပန်းကန်ထည့်ထားသည့် လင်ဗန်းကိုင်ကာရပ်နေသည့် တီဆွေ့ကိုတွေ့ရသည်။
“ဟုတ်ကဲ့တီဆွေ”
“မမပို့ခိုင်းလိုက်တာ သမီးမနက်ထဲကမစားရသေးဘူးမလား စားလိုက်”
မဒီ့မှာ ရှေ့ကထမင်းပန်းကန်ကြည့်ရင်း တံတွေးတစ်ချက်မြိုချလိုက်မိသည်။ ဗိုက်ကလည်း ခုနကထက်ပင် ပိုဆာလာသလိုလို။ သို့သော် မမလေးပြသွားတဲ့ CCTV သေးသေးလေးဆီ အကြည့်ရောက်သွားတော့ ဝမ်းနည်းစွာနဲ့ငြင်းရတော့မည့် ထမင်းတစ်နပ်စာအတွက် မျက်ရည်လေးပါလည်ချင်ချင်။
“မစားတော့ဘူး တီဆွေ မမလေးက CCTV နဲ့ကြည့်နေမှာတဲ့ မဒီ့ကို ထိုင်နေရာကမရွေ့ရဘူးတဲ့”
ဒေါ်ဆွေမြင့် သက်ပြင်းရှည်တစ်ချက်ပဲချနိုင်တော့သည်။ မမလေးကလည်း မမှားတော့ အပြစ်တင်ဖို့ နည်းနည်း ကျဉ်းကြပ်သည့်အခြေအနေမလား။
“မဒီ သမီးသေချာနားထောင်နော် တီဆွေပြောပြမယ်။ မမလေးသမီးကို ခုလိုဘာလို့အပြစ်ပေးလဲ သမီးသိလား”
တီဆွေ့အသံကတည်ငြိမ်သည်။ စကားဆုံးတော့သက်ပြင်းယဲ့ယဲ့ရှိုက်၏။ မဒီလည်းမဒီသိသလောက်ပြန်ဖြေရပါသည်။
“မမလေးရဲ့ကြွေပန်းအိုးလေး မဒီ့ကြောင့်ကွဲသွားလို့ပါ တီဆွေ”
“သမီးကြောင့်..အဲ.. သမီးအတွက်လည်း မတော်တဆပဲမဟုတ်ဘူးလား ကဲထားပါလေ..မနက်ကကွဲသွားတဲ့ပန်းအိုးလေးက အင်း မမလေးရဲ့ရတနာလိုပဲ..”
“ဟုတ်..”
မမလေးရဲ့မနက်ကအကြည့်တွေကိုပြန်စဉ်းစားမိသည်။ ကျောချမ်းစရာအတိပင်။ မဒီ့ကိုတောင်စူးစူးရဲရဲကြည့်ကာ တန်ဖိုးမသိတဲ့အောက်တန်းစားတွေလို့တောင်ပြောသွားသေးသည်လေ။ မမလေးပြောတာကိုခံငြင်းရအောင်ကလည်း မဒီမှ တကယ်ကြီးအဲ့ပန်းအိုးတန်ဖိုးမသိပဲ။
“သူပြောတာပိုက်ဆံအရေအတွက်ကိုပြောတာမဟုတ်ဘူးသမီး”
“ရှင်..”
4066words
4:40pm
*****
Next! Next!
Zawgyi
ဘာေတြလုပ္ေနျပန္တာလဲ
ကိုယ့္အတြက္ ကိုယ့္ဘာသာစီစဥ္ေနတာ
ရွိုင္း!
ဒါဟာ အမိန႔္ဆန္ဆန္ရာဇသံေတြမေပးခင္ေခၚေလ့ရွိတဲ့ ခပ္မာမာအသံတစ္ခုပဲ။ ဂ႐ုမစိုက္ခ်င္ေတာ့ဘူး။ ဘယ္ရာဇသံကိုမွ မလိုက္နာခ်င္ေတာ့ဘူး။ တန္ဖိုးအရွိဆုံးအခ်ိန္တစ္ခုကိုဆုံးရႈံးခဲ့ရတာ အဲ့ရာဇသံေတြကို မတြန္းလွန္နိုင္ခဲ့လို႔ဆိုတာ သူေကာင္းေကာင္းႀကီးမွတ္မိသည္။
မာမီလုပ္ေနသမွ်က ရွိုင္းေလးေကာင္းဖို႔ခ်ည္းပဲ။ ဘာလို႔နားမလည္နိုင္တာလဲ။ ဘယ္မိဘကမွ ကိုယ့္သားသမီးကိုဒုကၡေရာက္ေအာင္မလုပ္ဘူးကြ
မာမီ့ႏႈတ္ခမ္းရဲရဲေတြကထြက္က်လာတဲ့စကားအတြက္ သူ႕မွာတုန႔္ျပန္စရာ မဲ့ၿပဳံးသာရွိသည္။ မာမီေျပာတာေတြကိုမယုံဘူး။ မာမီ့ကိုမယုံဘူး။ တစ္ေလာကလုံးကိုလည္းမယုံဘူး။
မာမီစီစဥ္ေပးတဲ့ driver ကို ကိုယ္လက္မခံဘူး။ ဦးႀကီးေမာင္မလိုက္ရင္ ေအာင္ခန႔္ကိုေခၚသြားမယ္။
ရွိုင္း!
မာမီ့ကိုေရာ မာမီ့အသံကိုေရာ ေက်ာခိုင္းထားခဲ့ၿပီး ေျခလွမ္းက်ဲေတြနဲ႕ အဆင္သင့္ရပ္ထားတဲ့ကားေပၚတက္လိုက္သည္။ ကား driver ေနရာမွာ သူ႕အလိုက္ကိုသိစြာေရာက္ေနေပးေသာ ေအာင္ခန႔္ေၾကာင့္ နည္းနည္းစိတ္ေက်နပ္သလိုရွိသြားသည္။ ရွိုင္းခက္သြယ္တဲ့ တစ္ေယာက္ပဲရွိတယ္။ ဘယ္သူ႕ဩဇာမွ သူ႕အေပၚမလႊမ္းနိုင္ဘူး။ လက္ေျဖာက္တစ္ခ်က္တီး အလိုတစ္ခါျပည့္ေအာင္ထိ အကုန္လုံးကိုေစစားျပမယ္။ မေၾကာက္မလန႔္ေရွ႕တိုးရဲတဲ့လူက ေသမင္းႏႈတ္ခမ္းဝကိုကိုယ့္စရိတ္နဲ႕ကိုယ္လာရမယ့္လူပဲျဖစ္လိမ့္မယ္။
ဘယ္မလဲကိုသိန္းဟန္ ေပၚမလာေသးပါလား
မဲ့ၿပဳံးခ်ီထားတဲ့ ႏႈတ္ခမ္းအစုံက သူ႕ဂြင္ထဲေတာ့ေရာက္လာၿပီ။အပီရိုက္ခ်ဖိဳ႕ပဲက်န္ေတာ့တယ္ဆိုတဲ့အေတြးနဲ႕ ၿပဳံးေနေၾကာင္းသိသာထင္ရွားလွသည္။
ကိုလင္းၫႊန႔္ ခင္ဗ်ားေလာလွခ်ည္လား
ဟင္းး..ေလာတာေတာ့မဟုတ္ဘူးေပါ့ဗ်ာ စည္းမဲ့ေဘာင္မဲ့ လြတ္ထြက္သြားမွာစိုးလို႔
ေဟ့လူ
အသံခပ္အုပ္အုပ္ေခၚေသာ္လည္း ကိုသိန္းဟန္ဟာလွည့္မၾကည့္ပဲ ဆက္ေျပာေနသည္။ တံခါးတြင္ရပ္လ်က္လက္ပိုက္ကာၾကည့္ေနတဲ့ ဆက္ခံသူကလည္း ေအးေဆးပင္နားေထာင္ေနသည္။ ကိုလင္းၫႊန႔္ စကားလည္းဆုံးေရာ လက္ခုပ္ဩဘာေပးပင္ေပးလိုက္ေသးသည္။
ေျဖာင္း! ေျဖာင္း! ေျဖာင္း!
အဆင္ေျပသားပဲ ဦးလင္းၫႊန႔္ အဟက္ ဆက္ေျပာပါဦး ကိုယ့္အေၾကာင္း လြဲမွာစိုးလို႔ ေထာက္ေပးမယ္ ဆက္ေျပာပါဦး
ဆက္..ဆက္ခံသူ..
စားပြဲထိပ္တြင္ဝင္ထိုင္ကာ ေျခခ်ိတ္ထိုင္ေနသူကိုၾကည့္ရင္း ဒူးေတြပါမခိုင္ခ်င္ေတာ့။ မ်က္လုံးအၾကည့္တစ္ခုခ်င္းစီက ဦးလင္းၫႊန႔္အား ဝါးမ်ိဳေနသလိုလိုပင္။
ဆက္ေျပာေလ
ဒီစကားမွာေတာ့ သူ႕မ်က္ႏွာထက္အၿပဳံးေပ်ာက္သြားၿပီ။ ေအးစက္စက္နိုင္သြားၿပီ။ မိန္းမျဖစ္ရင္ ဦးစီးခြင့္မရွိဘူးလို႔ ေျပာတဲ့ပါးစပ္ေတြ ခါလီသြားေအာင္ သူလုပ္နိုင္သည္။ မတည္ဖူးတဲ့က႐ုဏာတရားကို ေရစစ္နဲ႕စစ္ထုတ္ေပးထားတာကိုေတာင္ ေက်းဇူးတင္ရေကာင္းမွန္းမသိ။
ကိုယ္ကမိန္းမမို႔ ဆက္ခံသူမျဖစ္ထိုက္ဘူးထင္ရင္ စိန္ေခၚပြဲ တစ္ခုလုပ္ၾကမလား။ အေလ်ာ္အစားေတာ့ႀကီးမယ္။ အဟက္! ဘယ္လိုလဲ ဦးလင္းၫြန႔္ ကိုယ့္ကိုဆြဲခ်ခ်င္တယ္မလား။ စိန္ေခၚရဲလား
ခုနေလးက မိုးလားကဲလားလုပ္ေနသူမွာ သူမဟုတ္ေတာ့သလိုကိုၿငိမ္ကုတ္ေန၏။ အသက္ပင္ရႉရဲ႕လားမသိ။ အေျပာပဲရွိၿပီး သတၱိမရွိတဲ့အတန္းစားသည္ ရွိုင္းခက္သြယ္၏ ဒုတိယအမုန္းဆုံးအတန္းစားျဖစ္သည္။ ဖိုးဖိုးမ်က္ႏွာေၾကာင့္ ဒီေလာက္ႏွင့္သာၿပီးလိုက္သည္။ meeting ခန္းထဲမွသူမထြက္ခင္အထိကို ၿငိမ္သက္ေန၏။ လႈပ္ရွားမႈပင္ ေျဖးေျဖးေ႐ြ႕ေ႐ြ႕နိုင္ၾကသည္။ဒီလိုသက္ၾကားအိုေတြကသူ႕ကိုကန႔္ကြက္ေနေသးသည္တဲ့။အံ့ဩစရာ။
အနီးတြင္ရပ္ေနေသာမနီလာက
ဒုဥကၠဌ ကုမၸဏီကေခၚထားတဲ့ တာဝန္ခံအင္ဂ်င္နီယာအသစ္ သုံးေယာက္ရွိပါတယ္ အဲ့ဒါ sideခြဲခ်ေပးရမယ္လို႔ ဥကၠဌႀကီး မွာထားပါတယ္
သူတို႔ fileေတြကို email နဲ႕ပို႔ေပး ငါစစ္ၾကည့္မယ္
ဟုတ္ကဲ့
ဒုဥကၠဌ႐ုံးခန္းဟူေသာ အခန္းေရွ႕အေရာက္တြင္ ေျခလွမ္းတို႔ကိုရပ္လိုက္သည္။ ေခါင္းေလးငဲ့ကာ တစ္ခ်က္ၾကည့္မိသည္။ ဒီေန႕ဒီအခ်ိန္မွစၿပီး သူက်င္လည္သမွ်ပတ္ဝန္းက်င္မွာ သူသာလွ်င္ ထိပ္တန္းျဖစ္ေစရေတာ့မည္။ ကိုယ့္စရိတ္နဲ႕ကိုယ္ေသတြင္းတူးၾကမည့္လူေတြအတြက္လည္းစိတ္မေကာင္းျဖစ္မိသည္။ ရွိုင္းခက္သြယ္မွာက အရွားပါးဆုံးကက႐ုဏာတရားျဖစ္သည္။ အဲ့အတြက္ ႀကိဳတင္အားနာထားရေတာ့မွာပဲ။ ႀကိဳဆိုေနေသာအခန္းအသစ္ေလးထဲ လွမ္းဝင္လိုက္ရင္း ဒီေန႕အတြက္သူ႕တာဝန္ေတြကိုစတင္လိုက္ေတာ့သည္။
မနက္တည္းကထိုင္ေနရတာမို႔ မဒီ့ဒူးေတြ အေတာ္ေလးထုံက်င္ေနၿပီ။ လက္ကနာရီအဝိုင္းေလးကိုၾကည့္မိေတာ့ သူ႕တာဝန္အတိုင္း ၁၂နာရီကိုတန္းလို႔ၫႊန္ျပေနေခ်ၿပီ။ မနက္ကတည္းက အိပ္ယာကထဆို အေပၚတက္ခဲ့ရတာေၾကာင့္ မနက္စာဆိုတာလည္းမစားရေသး။ ဒီၾကားထဲ ျပႆနာမီးကေမႊေလေတာ့ ဒီေန႕အဖို႔ေတာ့ေန႕လည္စာလည္းငတ္ျပန္ၿပီထင္ပါသည္။ ဗိုက္ထဲကဆာေလာင္မႈက တက်ဳတ္က်ဳတ္ျဖင့္ ပိုတိုးလို႔ဆာေလာင္လာခဲ့သည္။ ဒီေနရာ၊ဒီအရပ္ကို မဒီေရာက္ေနခဲ့တာပဲအမွားတစ္ခုလား။ အဲ့ေန႕ကသာ တီေဆြနဲ႕မေတြ႕ခဲ့ရင္ သူဒီအိမ္မေရာက္လာမွာကေတာ့ အေသအခ်ာပဲျဖစ္ပါသည္။
လြန္ခဲ့ေသာတစ္ပတ္ခန႔္.....
အေမ... အေမ..ဆန္ျပဳတ္ေလးထေသာက္လိုက္ဦးေနာ္
အခန္းထဲရွိျဖဴျဖဴေဖ်ာ့ေဖ်ာ့ခႏၶာကိုယ္ႏွင့္မက်န္းမာလွေသာ အေမ့ကို ထူကာမဒီ ဆန္ျပဳတ္တိုက္ဖို႔ျပင္ရသည္။ ဖိစီးလွေသာႏွလုံးေရာဂါဒဏ္ေၾကာင့္ အေမသည္ ရွိရင္းစြဲအသက္ထက္ပင္ပိုမို ညွိုးေရာ္ေနၿပီ။ ေဆးဝါးေကာင္းေကာင္းနဲ႕ကုေပးခ်င္ပါေသာ္လည္းမတတ္နိုင္။ အေဖသည္လည္း ဒီအသက္အ႐ြယ္အထိ မနားရရွာပဲ ေနပူမိုး႐ြာမေရွာင္ လက္သမားႀကီးျဖစ္ေနရရွာသည္။
အေမသက္သာရဲ႕လားဟင္ ႏွလုံးကအရမ္းေအာင့္ေနလား
သက္သာပါတယ္...ေဆးလည္းက်န္ေသးတယ္
ဟုတ္လို႔လား မဒီဟိုတစ္ေန႕အလုပ္ကျပန္လာေတာ့ ဝင္ဝယ္လာတာ သုံးရက္စာတည္းပါ
အေမ့ကိုေျပာမေနေတာ့ပဲ ကိုယ့္ဘာသာပဲေဆးထုတ္ယူၾကည့္လိုက္သည္။ ထင္တဲ့အတိုင္းကို ေဆးကကုန္ေနၿပီပဲ။ အေမ့က မဒီတို႔ေတြစိတ္ညစ္မွာစိုးလို႔ ခုလိုေတြ ဖုံးကြယ္တတ္သည္ကိုမဒီသိထားလို႔သာေတာ္ေတာ့သည္။ ေျပာမယ့္သာေျပာရတာ။ တကယ့္တကယ္သြားဝယ္ဖို႔စိတ္ကူးမိေတာ့ လက္ထဲရွိတဲ့ ၅ေထာင္တန္တစ္႐ြက္နဲ႕ကမေလာက္မငွ။ ေဆးအျပင္ ထမင္းခ်ိဳင့္ေတြအတြက္ကရွိေသးသည္မဟုတ္ပါလား။ အလတ္ေကာင္နဲ႕ အငယ္ေကာင္အတြက္ထမင္းခ်ိဳင့္။ၿပီးေတာ့အေဖ။ မဒီကေတာ့ တစ္နပ္စာေလာက္လႊတ္လိုက္ရလည္း ကိစၥမရွိ။
အေမ မဒီ လမ္းထိပ္ခဏသြားဦးမယ္ ျဖစ္တယ္မလား အလတ္ေကာင္တို႔လည္း ျပန္ေရာက္ေတာ့မွာပါ။
ရတယ္ ရတယ္ ျမန္ျမန္ျပန္လာဦး
ဟုတ္ကဲ့အေမ
မဒီ့လက္ထဲပါသြားတဲ့ တစ္ခုတည္းေသာ၅ေထာင္တန္ေလးကို အေမမျမင္ဖို႔သာဆုေတာင္းခဲ့ၿပီး ေခါင္းရင္းကႀကီးေမအိမ္ဘက္ကူးလိုက္သည္။ ႀကီးေမတို႔ၿခံထဲမွာ မဒီတို႔ကကပ္ေနရတာျဖစ္သည္။ ေယာက္်ားျဖစ္သူေရွ႕တြင္ေတာ့ အိမ္လခေပးေနတာလို႔ ခဏခဏေျပာတတ္ေပမယ့္ တစ္လကို ၁ေသာင္း၊၂ေသာင္းနဲ႕တင္ ၿပီးသြားတတ္တဲ့ ႀကီးေမက မဒီတို႔ကိုေတာ့တကယ္ေကာင္းသည္။ သားသမီးလည္းမရွိေတာ့ မဒီတို႔ေမာင္ႏွမေတြကသာ သူ႕အတြက္သံေယာဇဥ္အမွ်င္ကေလးေတြျဖစ္ရသည္သာ။
အခုလည္း ႀကီးေမအိမ္က စက္ဘီးေလးေဂ်ာက္ဂ်က္ကို အျပင္သြားဖို႔အတြက္လာငွားျခင္းသာ။
ႀကီးေမေရ
ေဝ..
ဘယ္မွာလဲ အေနာက္မွာလား
ေအးသမီး အေနာက္လာခဲ့
ႀကီးေမ့အသံၾကည္ၾကည္ကိုၾကားၿပီးတဲ့ေနာက္မွာေတာ့ အိမ္ေပၚမတက္ေတာ့ပဲ ေအာက္ဘက္ကေန မီးဖိုအေနာက္ေပါက္ဆီေလွ်ာက္သြားလိုက္သည္။ ခပ္ဝဝႀကီးေမက ေရကျပင္မွာထိုင္ၿပီး ထမင္းအိုးငွဲ႕ေနေလရဲ႕။
ႀကီးေမ မဒီ ေဂ်ာက္ဂ်က္လာငွားတာ
ယူသြားေလသမီးရဲ႕ ဘယ္လဲေဆးဝယ္ပဲလား
မဒီမညာလိုေတာ့ပါ။ေခါင္းသာညိတ္လိုက္ရသည္။ေဆးဖိုးတင္မဟုတ္ပဲ ပါးစပ္လႈပ္ဖို႔ပါပါေၾကာင္းေတာ့ မဒီမေျပာျဖစ္ခဲ့ပါ။
ေရာ့ ႀကီးေမ ေပးတယ္မေျပာနဲ႕ ညည္းအေမက မာနႀကီးတစ္ခြဲသားေအ့ ညီအစ္မဆိုၿပီးလည္းမရဘူး။ မာနာကခပ္ႀကီးႀကီး။ မရွိမာနဆိုပဲ။
ေက်းဇူးတင္ပါတယ္ႀကီးေမ မဒီအလုပ္ႀကိဳးစားၿပီး ႀကီးေမေက်းဇူးေတြျပန္ဆပ္ပါ့မယ္
ေအးပါေအ ေစာင့္ၾကည့္ဦးမယ္။ ညည္းကအႀကီးဆုံး အစ္မႀကီးအမိရာေအ့။ ကိုယ့္ထက္အငယ္ေတြ နည္းယူမမွားေအာင္ေန။ ငါ့သမီးကလိမၼာေတာ့ ႀကီးေမသိပ္ေတာ့မပူပါဘူး
ပိုက္ဆံတစ္ေထာင္တန္အလိပ္ကေလးအတင္းထိုးေပးရင္းေျပာလာတဲ့ ႀကီးေမစကားေၾကာင့္ၿပဳံးရသည္။ အေမမၾကားေအာင္တိုးတိုးေလးေျပာေနပုံက အေမ့ကိုခ်စ္လည္းခ်စ္၊ အေမ့မာနကိုလည္း မထိပါးခ်င္တဲ့ အမိအရာေနရတဲ့အစ္မႀကီးတစ္ေယာက္ရဲ႕ပုံစံဟာ ႀကီးေမဆီမွာရွင္းရွင္းလင္းလင္းေလ။
ႀကီးေမ မဒီသြားလိုက္ဦးမယ္ အလတ္ေကာင္ျပန္လာရင္ေလ အျပင္ေလွ်ာက္မကစားနဲ႕ဦးလို႔ ေျပာေပးေနာ္ႀကီးေမ
ေအးေအးေျပာလိုက္မယ္
ႀကီးေမေအာ္သံၾကားေတာ့ရိပ္ခနဲၿပဳံးရင္း ေဂ်ာက္ဂ်က္ကိုနင္းလာခဲ့သည္။ ေဂ်ာက္ဂ်က္လို႔ေခၚတဲ့စက္ဘီးကအဲ့နာမည္ျဖစ္လာေတာ့ရွင္းပါသည္။ ဒီစကိဘီးကႀကီးေမေယာက္်ားရဲ႕စက္ဘီးေဟာင္းေလး။ အေဟာင္းဆိုတာမွေတာ္ေတာ္ေဟာင္းေနတဲ့အေဟာင္း။ ေဟာင္းလြန္းလို႔ တစ္ခါနင္းတိုင္း ေဂ်ာက္ဂ်က္ေဂ်ာက္ဂ်က္ျမည္ေနလို႔ စက္ဘီးေဂ်ာက္ဂ်က္ျဖစ္သြားတာပါပဲ။ဒီလိုအေဟာင္းစက္ဘီးေလးတစ္စီးေတာင္မပိုင္နိုင္တဲ့အထိမဒီတို႔ကခ်မ္းသာလွပါသည္။
ဆင္ေျခဖုံးရပ္ကြက္လမ္းေတြဆိုေတာ့လည္း စက္ဘီးနဲ႕လူတစ္ေယာက္ေတာ္ေတာ္မွေရွာင္လိုက္ရပါသည္။ လမ္းထိပ္ေရာက္ေတာ့မွ စက္ဘီးေကာင္းေကာင္းစီးလို႔ရသည္။ မဒီတို႔ေနတဲ့ေနရာနဲ႕ ေဈးေလးနဲ႕က အနည္းဆုံးမိနစ္၁၀ေလာက္ေတာ့သြားရသည္။ လမ္းေလွ်ာက္ရင္ေတာ့ မိနစ္၂၀ အစိတ္နီးပါးေပါ့။ ညေနေစာင္းခါနီးဆိုေတာ့ ေဈးမပိတ္ခင္အျမန္နင္းသြားလိုက္သည္။
ကြၽီ...! ေဒၚႀကီးေဘးကို ေဘးကို!
ဘရိတ္မေကာင္း၊ဘဲမပါေသာ ေဂ်ာက္ဂ်က္ေလးသည္ ထိုအေဒၚႀကီးကိုေရွာင္ရင္း ေျမာင္းထဲေခါင္းစိုက္သြား၏။ မဒီလား။ မဒီကေတာ့လြတ္ပါတယ္။ အႏၱရာယ္အေငြ႕အသက္ရတာနဲ႕ စက္ဘီးေပၚကေအာ္တိုခုန္ဆင္းၿပီးသား။
ဘာျဖစ္သြားေသးလဲသမီးရရဲ႕လား
ရပါတယ္ အန္တီ အန္တီေရာ ဘာျဖစ္သြားေသးလဲ ဟီးး မဒီ့စက္ဘီးက ဘဲေရာ ဘရိတ္ေရာအဆင္မေျပဘူး
ထိုင္ေနရာမွကုန္းထလိုက္ရင္း အားနာနာနဲ႕ဟီးခနဲရယ္ျပလိုက္ရသည္။ တျခားအေဒၚႀကီးေတြလို မဒီ့ကိုေျပာဆိုမယ္ထင္ထားေပမယ့္ ဂ႐ုတစိုက္ရွိတဲ့ပုံေၾကာင့္ မဒီရန္အေတြ႕မခံရေတာ့ဘူးစိတ္နဲ႕ ရင္ထဲကအလုံးႀကီးက်သြားေလေတာ့သည္။
သမီးကိုျမင္ဖူးေနသလိုပဲ ေနပါဦး..ကိုဖိုးသက္သမီးေလးလား ဟုတ္ရဲ႕လား ႐ုပ္ကေတာ္ေတာ္ဆင္တယ္
ဟယ္ အန္တီကအေဖ့ကိုသိတယ္..
အမေလးဝမ္းသာလိုက္တာ မျမင့္ေမေရာေနေကာင္းရဲ႕လားသမီး
အေမကေတာ့တေရွာင္ေရွာင္ပါပဲ မဒီတို႔မွမကုနိုင္တာ
ေဒၚေဆြျမင့္တစ္ေယာက္ အေရွ႕မွကေလးမေလးကိုက႐ုဏာသက္မိသည္။ ႐ုပ္ေလးကလွတာမွ ေတာ္ေတာ္လွတဲ့အထဲပါသည္။ ေနရတဲ့ဘဝကေတာ့႐ုပ္ရည္ေလးလို မလွပနိုင္ပါၿပီ။
ကုရမွာေပါ့ ဒါနဲ႕ သမီးဘာလာဝယ္တာလဲ ေဈးပိတ္ဦးမယ္အရင္သြားဝယ္လိုက္ပါလားအန္တီဒီမွာေစာင့္ေနမယ္
ဟိုက္! မဒီေမ့သြားတာ ခဏေလးေနာ္အန္တီ
ကိုယ့္ႏွဖူးကိုယ္ရိုက္ရင္း စက္ဘီးေလးကိုေဒါက္ေထာက္ကာ ေဆးပိုစတာေတြသိမ္းေနၿပီျဖစ္ေသာ ေဆးဆိုင္ဆီ လွစ္ကနဲေျပးဝင္ရသည္။ ေရာင္းေပးေပမယ့္ မ်ားမ်ားစားစားမဝယ္နိုင္ေတာ့ မ်က္ေစာင္းေလးေတာ့အထိုးခံရတာေပါ့။ သူကိုယ္က ပိတ္ခါနီးေလးမွေရာက္လာတာကို။ ေဆးဝယ္ၿပီးေတာ့အငယ္ႏွစ္ေကာင္နဲ႕အေဖ့ထမင္းခ်ိဳင့္အတြက္ ပဲသီးေလးသုံးစည္းနဲ႕ ၾကက္ဥေလးႏွစ္လုံးဝယ္ခဲ့လိုက္သည္။ လက္ထဲမွာပိုက္ဆံနည္းနည္းက်န္တာနဲ႕ ငါးေျခာက္တစ္ထုပ္ဝယ္ကာ အျပင္ျပန္ထြက္လာလိုက္သည္။ေဈးေလးအျမန္ဝယ္ၿပီး စက္ဘီးနားရပ္ေစာင့္ေနတဲ့အန္တီေၾကာင့္ ဟီးခနဲတစ္ခ်က္လွမ္းရယ္ျပကာ ခပ္သြက္သြက္ေလးေလွ်ာက္သြားလိုက္သည္။
အန္တီ မဒီတို႔အိမ္လိုက္ခဲ့ပါလား နည္းနည္းေတာ့ေမွာင္ေနေပမယ့္ မဒီ့စက္ဘီးနဲ႕ျပန္လိုက္ပို႔ေပးပါ့မယ္ လိုက္ခဲ့ပါလားဟင္
အန္တီက မနက္ ရန္ကုန္ျပန္ရမွာဆိုေတာ့ လိုက္ခဲ့မယ္ကြယ္ ဒီလည္းလတိုင္းျပန္လာနိုင္တာမဟုတ္ေတာ့
ဟုတ္ကဲ့အန္တီ တက္လို႔ရၿပီအန္တီ
တကယ္နင္းနိုင္တာေသခ်ာလို႔လား ခုနကေျပာေတာ့ဘရိတ္လည္းမေကာင္းဘူးဆို
ဒါကေတာ့ မဒီ့မွာပါးစပ္ပါတယ္ေလ ဘရိတ္ထက္ပါးစပ္ကပိုျမန္ပါတယ္
စကားတြတ္ထိုးရင္း အန္တီလည္း မဒီ့စက္ဘီးေနာက္ကပါလာသည္။ မဒီတို႔လမ္းထိပ္ေရာက္ေတာ့ ထုံးစံအတိုင္းစက္ဘီးတြန္း လမ္းဆင္းေလွ်ာက္ရေတာ့တာပါပဲ။
ႀကီးေမေရ ေဂ်ာက္ဂ်က္ထားခဲ့ၿပီေနာ္
ေအးေအး
ႀကီးေမအိမ္ စက္ဘီးထားၿပီးမွ အိမ္ဘက္ကူးကာ အိမ္ေရွ႕ ျပတင္းေပါက္ေလးနားမွာထိုင္ေနတဲ့ အေမ့ကိုတစ္ခါေဆာ္ဩရျပန္သည္။
အေမ အေမေရ ဧည့္သည္ပါလာတယ္ အေဖေရာျပန္မေရာက္ေသးဘူးလား
ဘယ္ကဧည့္သည္တုန္းသမီးရဲ႕ ဟယ္.. ေဆြေဆြ
ဟုတ္ပါတယ္မမေမရဲ႕ ေဆြေဆြပါ
မဒီ့မ်က္လုံးထဲ အေမခုေလာက္ထိဝမ္းသာတာမ်ိဳးမျမင္ဖူးေပ။ အေဖ့ေနာက္ေျခစုံပစ္လိုက္လာသူအေမ့ကို အေမ့အသိုင္းအဝိုင္းဟာ ဝိုင္းပယ္ထားၾကသည္ေလ။ ႀကီးေမဆိုတာကလည္း အေမ့ရဲ႕ညီမဝမ္းကြဲရယ္ပါ။
မမေမရယ္ ပိန္လိုက္တာ ေနလို႔မေကာင္းဘူးဆို သမီးေလးေျပာတယ္
ဒီလိုပါပဲေဆြေဆြရယ္ အသက္ထြက္မွေပ်ာက္မယ့္ေရာဂါထင္ပါရဲ႕
မဒီတစ္ကိုယ္လုံး ၾကက္သီးေတြျဖန္းကနဲထသြားရေလာက္ေအာင္အထိ ထိုစကားဟာ ထိခ်က္ျပင္းသည္။ မဒီ့ဘဝမွာ မိသားစုကသာပထမ၊မိသားစုကသာ ဒုတိယ။
အေမ့ အဲ့လိုမေျပာနဲ႕ အေမဘာမီမျဖစ္ရဘူးသိလား မဒီဘာပဲလုပ္ရလုပ္ရ အေမ့ကိုအသက္ရွည္ႀကီးေနရေအာင္လုပ္ေပးမွာ
ဟုတ္သားပဲမမေမရယ္ ကေလးေတြစိတ္မေကာင္းျဖစ္ေအာင္
ဒါနဲ႕ေဆြေဆြဘယ္လာလဲ သမီးနဲ႕ေရာေဈးမွာေတြ႕ခဲ့တာလား
ဟုတ္တယ္မမေမ ေဆြလည္းေဈးလာတာ သမီးနဲ႕ေတြ႕တာပဲ ႐ုပ္ကလည္း ကိုဖိုးသက္႐ုပ္ဆိုေတာ့ အလြယ္ေလးမွတ္မိတာေပါ့မမေမရယ္
အန္တီေဆြေရာ အေမေရာ ႏွစ္ေယာက္လုံးၿပဳံးလို႔။ ထိုစဥ္ေဖေဖျပန္ေရာက္လာၿပီး အလတ္ေကာင္နဲ႕ အငယ္ေလးပါတစ္ပါတည္းပါလာၾကသည္။
ေဟ့ ေဆြေဆြပါလား ရန္ကုန္မွာဆို အလည္ျပန္လာတာလား
ဟုတ္တယ္ ကိုဖိုးသက္ေရ ခြင့္ကတစ္ပတ္ရတယ္ မနက္ျဖန္ေတာ့ျပန္ရမယ္ အလုပ္ေရာအဆင္ေျပရဲ႕လား
မငတ္႐ုံပါပဲဟာ ငါတို႔က်မွ လုံးလည္ခ်ာလည္ကိုလိုက္ေနတာပဲ ငါလည္းဒီဝဲထဲက ငါ့မိသားစုကိုေခၚမထုတ္နိုင္ဘူး။ ညံ့ပါတယ္ဟာ ငါညံ့ပါတယ္
မဒီ့မ်က္ဝန္းေတြစိုစြတ္လာသည္။ မဒီ့မိဘေတြပင္ပန္းေနတာေတာင္ မဒီဘာမွမလုက္ေပးနိုင္ပဲ ဒီတိုင္းၾကည့္ေနရတာဟာ တကယ္ဆိုး႐ြားလြန္းသည္။ မဒီ့လစာေလးက အတိုးဆပ္ဘာညာနဲ႕ ဘာမွျဖစ္ျဖစ္မည္ေအာင္လုံေလာက္မႈမရွိပဲကို။
အဲ့လိုလည္း ဘယ္ဟုတ္ပါ့မလဲ ဒါနဲ႕ သမီးႀကီးကေက်ာင္းေနသလား ဘယ္ႏွတန္းလဲ
ေက်ာင္းကၿပီးၿပီ။ ဘြဲ႕ရၿပီးကတည္းကရွာေကြၽးေနတာပါဟာ။ ဘြဲ႕ရလည္း အလကားပါပဲ။ နင္သိတဲ့အတိုင္း စကၠဴတစ္႐ြက္ထက္မပိုဘူး။ ကဲေဆြေဆြေရ နင့္တူမနဲ႕စကားေျပာႏွင့္ဦး နင့္အစ္မနားလို႔ရေအာင္ ငါအိပ္ရာျပင္ေပးလိုက္ဦးမယ္ ..ေဟ့ သားငယ္ မင္းအစ္ကိုဘယ္ေရာက္သြားျပန္ၿပီလဲ
ႀကီးေမတို႔အိမ္မွာေပါ့ ကိုလတ္ေရ!အေဖေခၚေနတယ္
ဆူညံညံအသံေတြရဲ႕ေနာက္မွာ အန္တီေဆြ႕ကို အိမ္ေရွ႕ ကြပ္ပ်စ္ဆီ ေခၚလာခဲ့လိုက္သည္။
အန္တီ ထိုင္ဦး
မမေမေရာဂါက အေတာ္ဆိုးသလား
အမွန္တကယ္ဆိုခြဲစိတ္ရမွာ မဒီတို႔မတတ္နိုင္လို႔
ကဲပါသမီးရယ္ ဒါနဲ႕ ေက်ာင္းၿပီးတာၾကာၿပီလား
မဒီ ေက်ာင္းၿပီးတာ ငါးႏွစ္ေတာင္ရွိေတာ့မယ္။ အလုပ္လုပ္ရင္း သင္တန္းတက္မယ္ႀကံေပမယ့္ မတတ္နိုင္ပါဘူး အန္တီရယ္။ ဟီး..အဲ့ဒါနဲ႕ ဘြဲ႕ရေပမယ့္ ေနရာမရတာေပါ့။
သမီးအသက္က
၂၆ထဲမွာပါအန္တီ
ဒီအ႐ြယ္ေတြေရာက္ကုန္ၾကၿပီကို လစာကေရာကေလးရဲ႕
၂သိန္းအန္တီ
မဆိုးပါဘူးေလ..အဲ..ဒါနဲ႕ တစ္မ်ိဳးေတာ့မထင္ပါနဲ႕ကြယ္
မဒီ့စိတ္ဝင္တစားနားသာစြင့္လိုက္မိသည္။ တစ္မ်ိဳးမထင္ပါနဲ႕ဆိုေတာ့လည္း အင္း...မထင္ေတာ့ပါဘူးေလ။
အန္တီအကူအညီေလးေတာင္းခ်င္လို႔
ဟုတ္ကဲ့အန္တီ ေျပာပါ
အန္တီေနတဲ့အိမ္ကမမေလး ေနာက္တစ္ပတ္ေလာက္ေနရင္ နိုင္ငံျခားကျပန္ေရာက္မွာ အဲ့ဒါ မမေလးအတြက္အတြင္းေရးမႉးရွာခိုင္းထားတာ။အဲ့ဒါ သမီးကူညီေပးပါလားကြယ္
ေနရင္းထိုင္ရင္း မရင္ႏွီးတဲ့အလုပ္တစ္ခုကိုလုပ္ရေတာ့မွာလား။
လစာလည္းမနည္းရေစပါဘူးသမီးရယ္ အန္တီတာဝန္ယူပါတယ္။
ဒါဆို အေမတို႔ကေရာ..
မဒီ့စိတ္ထဲ စြန႔္စားလိုက္ခ်င္ေပမယ့္ အေတြးထဲ ထားခဲ့ရမယ့္ တန္ဖိုးရွိရတနာေတြကို ေတြးမိလိုက္ေတာ့ မဒီ့စိတ္ေတြခဲဆြဲခံရသလိုေလးလံသြားေတာ့တာပါပဲ။
စိတ္မပူပါနဲ႕သမီးရယ္။ အိမ္ကိုေထာက္ဖို႔၊ နဲ႕ သမီးအေမေဆးဖိုးေတြကိုလည္း လစာအျပင္ဘက္ကထပ္ေပးမယ္။ ကူညီပါသမီးရယ္။
လစာကဘယ္ေလာက္ရမွာလဲဟင္
ခန့္မွန္းေခ်၆သိန္းေလာက္ေပါ့သမီး
၆သိန္းေတာင္!
ေခါင္းညိတ္ျပကာၿပဳံးျပေတာ့ အေရွ႕ကကေလးမေလးက မယုံနိုင္ဟန္နဲ႕ တအံ့တဩျဖစ္ေနရွာသည္။
မဒီလိုက္မယ္ အန္တီေဆြ
မဒီ့လစာရဲ႕၃ဆမို႔ မဒီလုံးဝကိုတက္ႂကြစြာေျပာမိသည္။ ဒီေငြေလာက္ဆို ဟိုအေဒၚႀကီးေခါင္းပုံျဖတ္ေနမႈေတြကို အလြယ္တကူရပ္ပစ္လို႔ရနိုင္သည္။ သို႔ေသာ္...
မလိုက္ရဘူးေမမဒီ!
အန္တီ့လက္ကို ကိုင္လႈပ္ရင္းေျပာေနတဲ့မဒီ့လက္ေလးေတြရပ္တန႔္သြားသည္။ ဟိန္းထြက္သြားတဲ့အသံဟာ အေဖ့ဆီမွဆိုေတာ့ ပိုလို႔ပင္တုန္လႈပ္သြားမိသည္။ အေဖဟာတစ္ခါမွ မေအာ္ေငါက္ဖူးဘူးေလ။
အန္တီေဆြလည္းရွိတယ္ေလအေဖရယ္
အတြင္းေရးမႉးဟုတ္လား..ညည္းတီဗြီေတြထဲမျမင္ဖူးဘူးလား။ သူေဌးကထိကပါးရိကပါးနဲ႕ ေဟ့ မိမဒီမလိုက္ရဘူး!
အေဖ့ဆီက အဲ့စကားႀကီးၾကားေတာ့ မဒီရယ္ရမလို၊ငိုရမလိုျဖစ္သြားသည္။ အန္တီေဆြကလည္းရယ္ခ်င္ေနဟန္ရွိသည္။ အေဖ့ပုံကတကယ္ႀကီး မာဆက္ဆက္အေနအထားျဖစ္ေနလို႔သာမရယ္ျဖစ္ၾကတာ။
ဟာ..ကိုဖိုးသက္ကလည္း သူေဌးကမိန္းကေလးပါ ဘယ္ကေယာက္်ားရမွာလဲ ၿပီးေတာ့မမေလးတို႔အိမ္မွာပဲကြၽန္မနဲ႕ေနရမွာ အလုပ္ကလည္း ကြၽန္မသင္ေပးမွာပါ
အေဖ ၾကားလားဟင္ မိန္းကေလးတဲ့။ မဒီလိုက္သြားခ်င္တယ္ မဒီလိမ္လိမ္မာမာေနပါ့မယ္။ ေနာ္အေဖ
......
အေဖဟာ စကားမျပန္ေတာ့ပါ။မဒီ့ကို လွည့္ပင္မၾကည့္။
အေဖ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာလုပ္ရေတာ့မယ္အခ်ိန္ျဖစ္ေနၿပီအေဖ။ အငယ္ေလးေတြအတြက္အနာဂတ္ကအရွည္ႀကီး။ ၿပီးေတာ့အေမ့က်န္းမာေရးအတြက္ေငြလိုတယ္။ အေဖလည္းအသက္ႀကီးၿပီ နားသင့္ၿပီ။ မဒီ့ကိုယုံပါ။ မဒီ့ပုခုံးေပၚ အဲ့ဒီဝန္ထုပ္ႀကီးကို ယုံယုံၾကည္ၾကည္နဲ႕တင္လိုက္ပါ။ မဒီခ်စ္တဲ့လူေတြအတြက္ မဒီအားကိုးထိုက္ခ်င္ပါတယ္။ မဒီ့ကိုယုံေပးပါေနာ္
အသံကိုထိန္းကာေျပာေပမယ့္ မ်က္ရည္ေတြဟာ ပါးႏွစ္ဖက္ထက္မွာ စီးက်လိဳ႕။ ရွိုက္သံတစ္ခ်က္မထြက္ေအာင္မဒီေျပာေနပါသည္။ တကယ့္တကယ္ရွိုက္သံထြက္လာတာကေတာ့ မဒီ့ေရွ႕မွအေဖ့ဆီကျဖစ္သည္။
အေဖယုံပါတယ္ ငါ့သမီးကိုအေဖယုံတယ္။ ဒါေပမယ့္~~မခိုင္းရက္ဘူး
အေဖရယ္...
ေတာသားႀကီးအေဖ့စိတ္ထဲမွာေတာ့ အတြင္းေရးမႉးဆိုတာ သူေဌးျဖစ္သူရဲ႕အသုံးေတာ္ခံလို႔ ထင္ေနရွာသည္။ မိဘရဲ႕စိတ္ေစတနာကို မဒီသိျမင္လိုက္ရေတာ့ မဒီ့မ်က္ရည္ေတြ အတားအဆီးမရွိေတာ့ၿပီ။သားအဖႏွစ္ေယာက္ေၾကာင့္ေဘးနားကလူေတြလည္းမ်က္ရည္ေတြျဖစ္ကုန္သည္။ ထိုကေနတစ္ဆင့္ မဒီ ဒီအိမ္ႀကီးကိုစေရာက္ခဲ့ရတာျဖစ္သည္။ ဒီကိုေရာက္ေတာ့လည္း ရတဲ့လစာမွာအမွန္တကယ္ႀကီးျဖစ္ေသာ္လည္း အတြင္းေရးမႉးဆိုတာကိုေတာ့ သူေမးခ်င္စိတ္မရွိေတာ့ပါ။
မဒီ..
မဒီ့အေတြးတို႔သည္ ေခၚသံတစ္ခုဝင္ေရာက္လာမွသာ ေတြးလက္စျပတ္သြားေတာ့သည္။ အခန္းတံခါးဆီလွည့္ၾကည့္ေတာ့ ထမင္းပန္းကန္ထည့္ထားသည့္ လင္ဗန္းကိုင္ကာရပ္ေနသည့္ တီေဆြ႕ကိုေတြ႕ရသည္။
ဟုတ္ကဲ့တီေဆြ
မမပို႔ခိုင္းလိုက္တာ သမီးမနက္ထဲကမစားရေသးဘူးမလား စားလိုက္
မဒီ့မွာ ေရွ႕ကထမင္းပန္းကန္ၾကည့္ရင္း တံေတြးတစ္ခ်က္ၿမိဳခ်လိဳက္မိသည္။ ဗိုက္ကလည္း ခုနကထက္ပင္ ပိုဆာလာသလိုလို။ သို႔ေသာ္ မမေလးျပသြားတဲ့ CCTV ေသးေသးေလးဆီ အၾကည့္ေရာက္သြားေတာ့ ဝမ္းနည္းစြာနဲ႕ျငင္းရေတာ့မည့္ ထမင္းတစ္နပ္စာအတြက္ မ်က္ရည္ေလးပါလည္ခ်င္ခ်င္။
မစားေတာ့ဘူး တီေဆြ မမေလးက CCTV နဲ႕ၾကည့္ေနမွာတဲ့ မဒီ့ကို ထိုင္ေနရာကမေ႐ြ႕ရဘူးတဲ့
ေဒၚေဆြျမင့္ သက္ျပင္းရွည္တစ္ခ်က္ပဲခ်နိဳင္ေတာ့သည္။ မမေလးကလည္း မမွားေတာ့ အျပစ္တင္ဖို႔ နည္းနည္း က်ဥ္းၾကပ္သည့္အေျခအေနမလား။
မဒီ သမီးေသခ်ာနားေထာင္ေနာ္ တီေဆြေျပာျပမယ္။ မမေလးသမီးကို ခုလိုဘာလို႔အျပစ္ေပးလဲ သမီးသိလား
တီေဆြ႕အသံကတည္ၿငိမ္သည္။ စကားဆုံးေတာ့သက္ျပင္းယဲ့ယဲ့ရွိုက္၏။ မဒီလည္းမဒီသိသေလာက္ျပန္ေျဖရပါသည္။
မမေလးရဲ႕ေႂကြပန္းအိုးေလး မဒီ့ေၾကာင့္ကြဲသြားလို႔ပါ တီေဆြ
သမီးေၾကာင့္..အဲ.. သမီးအတြက္လည္း မေတာ္တဆပဲမဟုတ္ဘူးလား ကဲထားပါေလ..မနက္ကကြဲသြားတဲ့ပန္းအိုးေလးက အင္း မမေလးရဲ႕ရတနာလိုပဲ..
ဟုတ္..
မမေလးရဲ႕မနက္ကအၾကည့္ေတြကိုျပန္စဥ္းစားမိသည္။ ေက်ာခ်မ္းစရာအတိပင္။ မဒီ့ကိုေတာင္စူးစူးရဲရဲၾကည့္ကာ တန္ဖိုးမသိတဲ့ေအာက္တန္းစားေတြလို႔ေတာင္ေျပာသြားေသးသည္ေလ။ မမေလးေျပာတာကိုခံျငင္းရေအာင္ကလည္း မဒီမွ တကယ္ႀကီးအဲ့ပန္းအိုးတန္ဖိုးမသိပဲ။
သူေျပာတာပိုက္ဆံအေရအတြက္ကိုေျပာတာမဟုတ္ဘူးသမီး
ရွင္..
4066words
4:40pm
*****
Next! Next!