"လေးလေးငယ်"
ဟူသော ခေါ်သံအောက်တွင် စိုင်းတစ်ယောက် စက္ကန့်အနည်းငယ်လောက်ငြိမ်သက်သွားမိရသည်။
လေးလေးငယ်တဲ့လား။
စိုင်း စာရေးဆရာဖြစ်သူကို ငုံ့ကြည့်ရင်း ကြောင်အ နေမိသည်။
Paiဟူသော စာရေးဆရာဟာ သူ့ကိုအံ့သြတကြီးနှင့် မော့ကြည့်နေသည့်အပြင် သူ၏အင်္ကျီစလေးကိုလည်း လက်ချောင်းရှည်ရှည်တို့ဖြင့် မရဲတရဲလေးဆုပ်ကိုင်ထားလို့နေသည်။
သူတို့သိကြလို့လား။
ပယင်းမျက်ဝန်းတို့နှင့် စက္ကန့်အနည်းငယ် အကြည့်ချင်းစုံလိုက်မိ
သည့်အချိန်တွင်တော့ ဒီလူငယ်ဟာဘယ်သူမှန်း စိုင်းသေချာစွာသိရှိသွားရတော့၏။
"ပေါက်စ လား"
သူ၏ ပေါက်စ ဆိုသောအသံကိုကြားတော့ စာရေးဆရာလေးမှာ သိပ်ကိုပျော်ရွှင်သွားဟန်။
"အင်း မှတ်မိ.."
သက်ပိုင်၏ စကားပင်မဆုံးသေး
နံဘေးရှိ မန်နေဂျာက ချောင်းဟန့်လိုက်သောကြောင့် အသိစိတ်ပြန်ဝင်သွားရသည်။
သူအခုလက်မှတ်ထိုးပွဲကမပြီးသေးဘူးပဲ။
သက်ပိုင် လေးလေးငယ်အားမျက်နှာငယ်လေးနှင့်ကြည့်လိုက်၍
ခပ်တိုးတိုးလေးပြောလိုက်သည်။
"လေးလေးငယ် ကျွန်တော့်ကိုဟိုနားက ကော်ဖီဆိုင်မှာ
စောင့်နေပေးလို့ရမလားဟင်။ ပွဲပြီးတာနဲ့ တန်းလာခဲ့မယ်လေနော်..."
စိုင်း သူ့အား ပါပီမျက်လုံးတို့နှင့် ကြည့်နေသော ပေါက်စကြောင့် ငယ်ငယ်က သူသိကျွမ်းခဲ့တဲ့ကလေးလေးမှန်း ပိုမိုသေချာသွားရသည်။
ခေါင်းအား တချက်ငြိမ့်လိုက်ရင်း
ပေါက်စအား စောင့်ရန် ကော်ဖီဆိုင်သို့သွားမည်အလုပ် လှမ်းဆွဲခံလိုက်ရသည့် လက်တစ်စုံကြောင့်ပြန်လည် လှည့်ကြည့်လိုက်၏။
"သေချာပေါက်စောင့်နေပေးပါနော်
လေးလေးငယ်။ထွက်မသွားပါနဲ့"
စိုင်းအား ပျောက်ကွယ်သွားမည်စိုး
သည့်အလား ဆုပ်ကိုင်ထားသည်မှာ ချည်နှောင်ထားချင်နေသည့်ပုံ။
"စောင့်နေမှာမို့ အေးဆေးလုပ်"
"ဟုတ်"
ကျောခိုင်းကာ ထွက်သွားသော လေးလေးငယ်၏နောက်ကျောပြင်ကိုကြည့်ရင်း အတိတ်တုန်းက သူ့ဘဝထဲကနေထွက်သွားခဲ့တုန်းကအချိန်ကိုပြန်လည်သတိရမိသည်။
လေးလေးငယ်ဟာ အရင်တုန်းကလို
နုဆဲပျိုဆဲပင်။
တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ စိတ်မြန်လက်မြန်ရှိနဲ့အကျင့်စရိုက်တွေဟာလည်း မြေတမှုန်စာလေးပင်မပြောင်းလဲ။
အဖြူရောင်ရှပ်လက်ရှည်ကို တံတောင်ထိခေါက်တင်ထားသောကြောင့် ဘယ်ဘက်လက်ရှိ တက်တူးတို့ဟာလည်း လစ်ဟာပြထားသကဲ့သို့။
ဆင်စွယ်ရောင် အသားအရည်ပေါ်၌ မဲနက်နေသည့်တက်တူးများရှိနေသည်မှာ အနုပညာတစ်ခုလို။
ဘယ်ဘက်မျက်လုံးရှိ အမာရွတ်ကြောင့်လည်း ကြည့်ရဆိုးသွားသည်ဟုမျိုးမရှိသည့်အပြင် ပိုမို၍ခန့်ညားနေသေးသည်။
သူ လေးလေးငယ့်ကိုအခုလိုမျိုးတွေ့ရလိမ့်မည်ဟု မတွေးထားခဲ့။
လေးလေးငယ်ဟာ ဟိုးအတိတ်တုန်းကလိုမျိုး သူ၏ဘဝထဲကို ရုတ်ချည်းတန်စွာဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပြန်ပါ၏။
***
စိုင်း ကော်ဖီဆိုင်မှတဆင့် လက်မှတ်ထိုးပွဲရှိ စာရေးဆရာငယ်လေးအားကြည့်နေမိသည်။
ပေါက်စတောင် တော်တော်
လေးအရွယ်ရောက်ပြီပဲ။
ငယ်ငယ်က သူ့ရင်ခွင်ထဲ ရှိုက်ငိုနေခဲ့
သည့်ကလေးလေးက အခုတော့တစ်ယောက်တည်းရပ်တည်နိုင်ခဲ့တယ်တဲ့လေ။
ချစ်ပေမဲ့သူမရှိလို့ သူ့ကိုပွေ့ဖက်ပေးဖို့တောင်းဆိုခဲ့တဲ့ ကလေးလေးကိုအခုတော့ ချစ်တဲ့သူတွေအများကြီးရှိနေပြီပင်။
မရှင်သန်ချင်တော့လို့ လက်ကောက်ဝတ်ကိုဓားနဲ့လှီးခဲ့တဲ့ 13နှစ်အရွယ် ပေါက်စလေးက
အခုတော့ ကောင်းကောင်းရှင်သန်နေခဲ့တဲ့အပြင် အောင်မြင်တဲ့သူတစ်ယောက်တောင်ဖြစ်နေခဲ့ပြီဖြစ်၏။
ဒီခံစားချက်က မိဘတစ်ယောက်၏ခံစားချက်လိုမျိုး
တသိမ့်သိမ့်နှင့်ကြည်နူးရသည့်အပြင် ဂုဏ်ယူရသည်။
"ကောင်းကောင်းရှင်သန်ခဲ့တာပဲ ပေါက်စ"
***
ကော်ဖီနှစ်ခွက်အား ကိုင်ရင်း စိုင်းဆီသို့ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာသော လူငယ်တစ်ယောက်။
ထိုလူငယ်မှာ အညိုရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီအနက်အားတွဲဖက်ဝတ်ဆင်ထားသည်။
ပယင်းရောင်မျက်ဝန်းများမှာ အဝေးကနေကြည့်မိတာတောင် အတော့်ပင် ထင်ရှား၍ အကြည့်တို့မှာဆွဲဆောင်မှုအပြည့်နှင့်။
ပန်းနုရောင်သန်းနေသော နှုတ်ခမ်းတို့ဟာလည်း မျက်စိပဒေဿရှိလှသည့်အပြင် မြင်သူတိုင်း အကြိမ်ကြိမ်ပြန်၍ငေးရလောက်သည်အထိကို ချောမောလှသည်။
6ပေကျော်အရပ်အမောင်းနှင့် ခန္ဓာကိုယ်အချိုးအစားက ယောက်ျားတိုင်းမရနိုင်သော အရာဖြစ်သည်။
မျက်နှာတွင်လည်း တည်ငြိမ်ရင့်ကျက်မှုကအတိုင်းသား။
မည်သည့်ရှုထောင့်ကပင်ကြည့်ပါစေ
ဒီလူငယ်ဟာအဘက်ဘက်ကနေပြည့်စွုလွန်းပါ၏။
အမ်....ဒီကောင်လေးက သူ့ထပ်ပင်ပို၍အရပ်ရှည်နေသည်ကိုတော့ စိုင်းသိပ်မကျေနပ်နိုင်ပေ။
"စောင့်ရတာ ကြာသွားသလား
လေးလေးငယ်"
"ကြာတယ်"
ခပ်ပြတ်ပြတ် ပြန်ဖြေလာသော လေးလေးငယ်ကြောင့် သက်ပိုင်ပြုံးလိုက်မိသည်။
သူဒီလူသားကို ဘယ်နှနှစ်တောင်စောင့်ခဲ့လိုက်ရသလဲ။
သူ့မျက်စိရှေ့တည့်တည့်မှာ ကော်ဖီထိုင်သောက်နေတာတောင် အိမ်မက်လို့ထင်နေမိတုန်းပဲ။
"အိမ်မက်မဟုတ်ဘူးမလားဟင်"
သက်ပိုင် ကိုယ်တိုင်ပင် မသိလိုက်ခင်
လက်တစ်ဖက်က လေးလေးငယ်၏ပါးပေါ်သို့ကျရောက်သွားသည်။
အသိစိတ်ပြန်ဝင်လာသည့်အခါတွင်တော့ ချက်ချင်း လက်ကိုပြန်ရုတ်၍ခေါင်းအားအောက်သို့ငုံ့လိုက်မိသည်။
လေးလေးငယ် စိတ်ဆိုးသွားလောက်မလားလေ။
သက်ပိုင် မဝံ့မရဲနှင့်လေးလေးငယ်အားမော့ကြည့်မိတော့ လေးလေးငယ်ကသူ့ကိုပြုံးပြသည်။
ပြီးတော့ ပြောသည်က "အိမ်မက်မဟုတ်ပါဘူး ပေါက်စ ရ"တဲ့လေ။
နွေးထွေးတဲ့ခံစားချက်နှင့်အတူ မျက်ရည်ပူတို့ဟာ ပါးပြင်ထက်သို့ကျဆင်းလာကြသည်။
ထိုအချင်းအရာကိုမြင်တော့
လေးလေးငယ်က ပျာယာခတ်သွားကာ
Tissueယူ၍ ကမန်းကတမ်း မျက်ရည်များကို သုတ်ပေးသည်။
"ဘာလို့ငိုတာတုန်း ပေါက်စရဲ့
ငါဘာလုပ်မိသွားလို့လဲ။မငိုပါနဲ့ကွာ"
"ပျော်လို့ပါ...ကျွန်တော် လေးလေးငယ်ကိုပြန်မတွေ့ရဘူးတောင် ထင်နေခဲ့တာဗျ"
".......ငါမင်းကို ပြန်လာရှာခဲ့တယ်"
လေးလေးငယ်၏ ခပ်တိုးတိုးစကားသံဟာ သက်ပိုင်၏နားစည်အပြင် နှလုံးသားကိုပါရိုက်ခတ်သွားခဲ့သည်။
လေးလေးငယ်ကို သူ့ကိုပြန်ရှာခဲ့တယ်တဲ့လေ။
"...."
"ငါဒီကိုရောက်ရောက်ချင်း မင်းရဲ့ကျောင်းဆီကိုသွားခဲ့ပေမဲ့ မင်းကိုမတွေ့ခဲ့ဘူး။ဟိုဟိုဒီဒီလိုက်စုံစမ်းခဲ့ပေမဲ့လည်း အစအနတောင် ငါရှာမရခဲ့ဘူး။
မတွေးကောင်းပေမဲ့ မင်းကိုမရှိတော့ဘူးလို့ထင်ခဲ့တာ....
တကယ်ပဲမင်းကိုရောက်နေခဲ့တာလဲကွာ"
"ကျွန်တော်..."
"ဒါပေမဲ့အခုလိုတွေ့လိုက်ရတော့လည်း ရုတ်ချည်းဆန်ပေမဲ့ ပျော်ပါတယ်။မင်းကောင်းကောင်းရှင်သန်ခဲ့တာပဲ ပေါက်စ။ ငါမင်းအတွက်ဂုဏ်ယူရတယ်.....အောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေကမင်းနဲ့ထိုက်တန်ပါတယ်"
လေးလေးငယ်၏ မျက်ဝန်းတို့တွင် နူးညံမှုနှင့်လေးနက်မှုတို့ကအပြည့်။
သူ့အိမ်မက်တွေဟာ တကယ်ဖြစ်သွားခဲ့ပြီ။သူလေးလေးငယ် ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ။
ဒီခံစားချက်က နှစ်ရှည်လများမက်နေခဲ့တဲ့အိမ်မက်ကြီး ပြီးဆုံးသွားခဲ့သည့်ခံစားချက်မျိုး။
ဒီကမ္ဘာပေါ်က ဘာနဲ့မှပင်မလဲနိုင်လောက်အောင် အဖိုးတန်လှသည့်အခိုက်အတန့်။
အသက်ရှင်နေရတဲ့ အဓိပ္ပါယ်ဟာလည်းအခုမှပြီးပြည့်စုံသွားတာမျိုး။
"လေးလေးငယ်ကြောင့်ပါ...
လေးလေးငယ်သာမရှိခဲ့ရင် ကျွန်တော်ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လား။ကျွန်တော်ဆိုတာက လေးလေးငယ်ကြောင့်ဖြစ်တည်လာတာပါဗျာ"
"ဒါဆို ငါ့ကိုငါဂုဏ်ယူသင့်လား"
"ဒါပေါ့ဗျာ"
"ဟားဟား"
ကော်ဖီဆိုင်ခန်းငယ်လေးထဲ၌ ရယ်သံတို့ဟာပြည့်နှက်သွားသည့်အလျောက် ပြန်လည်တွေ့ဆုံမှုတို့ဟာလည်း ချိုမြိန်နေခဲ့ပါသည်။
****
"ကျွန်တော် လိုက်ပို့ပေးမယ်လေ"
"ရတယ်ရတယ်။ ငါ့မှာ ကားပါခဲ့တယ်။မင်းလည်းအလုပ်ရှုပ်နေရောပေါ့။ငါ့ကြောင့်နဲ့ အလုပ်ချိန်ပဲ့သွားပြီထင်တယ်"
"လေးလေးငယ်အတွက်ဆို အလုပ်ချိန်တင်မဟုတ်ဘူး ကျွန်တော့်အချိန်တွေအကုန်လုံးကိုပါပေးနိုင်ပါတယ်ဗျာ"
ထိုကဲ့သို့ပြောတော့ လေးလေးငယ်က ရယ်သည်။
"အေးပါကွာ..
အခုတော့သွားပြီ နောက်မှတွေ့ကြတာပေါ့"
"လေးလေးငယ်..ခဏ"
"ဘာတုန်း"
"ကျွန်တော့်ကို ဖက်ပေးလို့ရမလားဟင်..."
"ဘယ်လို?"
သူ့စကား ကြောင့်လေးလေးငယ်က
ကြောင်တောင်တောင်ဖြစ်သွားကာ ခေါင်းစောင်းကာကြည့်သည်။
သူတောင်းဆိုတာ များလွန်းနေပြီ။
"ဘာ..ဘာမှမဟုတ်ပါဘူး။သွားတော့လေ လေးလေးငယ်။"
လေးလေးငယ်က သူ့ကိုမကျေနပ်ဟန်နှင့် မျက်မှောင်ကြုပ်ကြည့်သည်။
အကြည့်တို့က တည်ငြိမ်ချက်မှာ
သက်ပိုင်တောင် ရှောင်ပုန်းချင်မိသွားသည်။
"ဒီကိုလာခဲ့"ဟူသောအသံနှင့်အတူ လက်နှစ်ဖက်ကိုဖြန့်ကျက်ပေးသော လေးလေးငယ်။
သက်ပိုင် လေးလေးငယ်ဆီသို့အပြေးလေးသွားလိုက်၍ ကလေးတစ်ယောက်ကဲ့သို့ပြေးဖက်လိုက်မိသည်။
လေးလေးငယ်ကိုဖက်ရသည့်အခိုက်အတန့်...။အရင်လိုနွေးထွေးနေတုန်းပဲ။
ကျွန်တော့်ရဲ့လုံခြုံရာလေး ဘယ်လောက်တောင်လွမ်းနေခဲ့ရသလဲ။
"အသက်ကဖြင့် 25ကျော်နေပြီ အခုထိသောက်ကလေးက လုပ်တုန်း။
မိုးထိုးမဲ့အရပ်နဲ့မှမလိုက် ကလန်ကလားနဲ့"
ပါးစပ်ကသာ ပွစိပွစိပြောနေတာ
သက်ပိုင်ကိုတော့ လေးလေးငယ်ဟာဆက်လက် ထွေးပွေ့ထားခဲ့ပါ၏။
သက်ပိုင်က
လေးလေးငယ် ထက်အရပ်ပိုရှည်နေတာမို့ ခါးကိုကိုင်းလိုက်ရင်း လေးလေးငယ်၏ပုခုံးပေါ်သို့မှီလိုက်၏။
"မင်းဖက်ချင်တဲ့အချိန်တိုင်း ငါမင်းကိုဖက်ပေးမှာပါ ခွေးကောင်လေးရဲ့"
ထိုစကားကြောင့် သက်ပိုင်၏နှလုံးသားမှာနွေးထွေးသွားရသည်။
လေးလေးငယ်ဟာအရင်လိုပဲ ကြင်နာဆဲပင်။
"ကျေးဇူးပါ လေးလေးငယ်"
"အင်း"
******
"Boss ပြန်ရောက်ပြီလား"
"အန်ကယ် ပြန်ရောက်ပြီပေါ့"
စက် ၏အသံကမီးဖိုခန်းထဲမှလာတာဖြစ်၍ သင်းရတနာ၏အသံကတော့ ဧည့်ခန်းထဲကလာတာဖြစ်သည်။
ပုံမှန်ကိုတော့ စိုင်းအိမ်မှာတစ်ယောက်တည်းနေပေမဲ့ စက်နှင့်တူမ ဖြစ်သူကတော့ နေ့စဥ်နဲ့အမျှလာနေလေ့ရှိသည်။တစ်ခါတစ်လေမှာတော့ လင်းသန့်ပါ ပါလာတတ်၏။
စက်ကသူတို့ကိုမနက်စာ၊နေ့လယ်စာ၊ညစာ စသည်တို့ကိုပြင်ဆင်ပေးလေ့ရှိ၍
သင်းရတနာကတော့ သူရဲ့Korea Seriesတွေနဲ့အခြားသော ဇာတ်ကားတွေကိုသူ့အိမ်မှာလာကြည့်တာဖြစ်သည်။
လင်းသန့်ကတော့ သူ့ချစ်သူ စက်လင်းလျှံကြောင့်လာခြင်းပင်။
"အန်ကယ် သမီးစာအုပ်တွေကော"
"ဒီမှာ"
လက်ထဲမှာ စာအုပ်အထုပ်ကြီးအား သင်းရတနာလက်ထဲကိုကမ်းပေးလိုက်တော့ တက်ကြွစွာဖြင့်ဧည့်ခန်းထဲသို့သယ်သွားသည်။
အမ်...တစ်ခုခုမေ့ခဲ့သလိုပဲ။ဘာမေ့ခဲ့တာပါလိမ့်။
မိနစ်အနည်းငယ်ကြာသွားသည့်အခါတွင်တော့ စိုင်းအောင်မင်းခန့်တစ်ယောက်သူမေ့လျော့သွားခဲ့သည့်အရာကိုသိရှိသွားခဲ့လေသည်။
အဲ့တာကတော့...
"အန်ကယ်! Paiရဲ့လက်မှတ်တွေကော!!!"
ဟုတ်ပါသည်။ စကားပြောနေတာနဲ့ပဲ လက်မှတ်တောင်းဖို့ကိစ္စကိုသူလုံးလုံးမေ့သွားခဲ့သည်ပင်။
"အမ်......မေ့သွားတာ"
"ဟာာာာ သမီးက Paiလက်မှတ်လိုချင်လို့ဖြင့်ဝယ်ခိုင်းလိုက်ပါတယ်ဆို"
သင်းရတနာက ကြေကွဲသွားဟန်နှင့်ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ကာ ပြောနေသည်။
"ငါသူ့ကိုနောက်တစ်ခါကျထိုးပေးဖို့ပြောလိုက်မှာမို့ စိတ်ကောက်မနေနဲ့"
"အန်ကယ်က သူနဲ့သိလို့အဲ့လိုပြောတာလား"
"သူ့နဲ့သိတာမို့ ကြမ်းပြင်ပေါ်ထိုင်မနေနဲ့ နောက်တစ်ခါတောင်းခဲ့ပေးမယ်"
ထိုအခါမှ တူမတော်က တက်ကြွစွာထတော့သည်။နောက်တော့ ပြောသည်က
"ဒီတခါတော့ ခွင့်လွှတ်ပေးလိုက်ပါမယ်"တဲ့လေ။
"ဒါနဲ့ လင်းသန့်လည်းမတွေ့ပါလား"
တပည့်ဖြစ်သူအား ထိုကဲ့သို့မေးလိုက်တော့ စက်ကခပ်တည်တည်ပြန်ဖြေသည်။
"သူကျွန်တော့်ကို စိတ်ကောက်ပြီး လမ်းခွဲသွားတယ် Boss"
"ဟမ် စိတ်ကောက်ပြန်ပြီလား"
"ဟုတ်ကဲ့"
"အေးကွာ မင်းကလည်းသူ့ကိုကောင်းကောင်းလေး ဂရုစိုက်ပေးလိုက်ဦး။ သူကမင်းကိုအတော်လေးသဘောကျနေတာကွ။
သူအခုလို လူတစ်ယောက်တည်းနဲ့ကိနေတာမျိုး ငါ့ဖြင့်မမြင်ဘူးပေါင်။မင်းနဲ့မို့လို့ ဒါတောင်"
"......"
"သူက ကလေးဆန်တတ်ပေမဲ့လည်း တကယ်တမ်းတော့ ရင့်ကျက်ပါတယ်။မင်းကိုချစ်လို့ မင်းရှေ့မှာဆိုကလေးဆန်သွားတာ"
"ကျွန်တော်က ကလေးဆန်တာတွေကိုမကြိုက်ဘူး"
"အဲ့တော့ လင်းသန့်ကိုမကြိုက်ဘူးလား"
"......."
မကြိုက်ဘူးဟုပြောလိုက်လျှင်လည်း Boss၏ညီဖြစ်တာကြောင့် မပြောရဲချေ။
စက် ရေငုံနှုတ်ပိတ်နေမိတုန်းမှာပဲ။Boss၏ဖုန်းက ဖုန်းဝင်လာသည်။
"ဟဲလို အမေ"
*........*
"ဘယ်လို လင်းသန့်က Blind date သွားတွေ့တယ်?!"
ထိုစကားကိုကြားသည့်အခါတွင်တော့ စက်၏ ဓားကိုကိုင်ထားသောလက်တို့ကတင်းကျပ်သွားသည်။
Blind dateတဲ့လား။လင်းသန့် မင်းကငါ့ကိုလာစိန်ခေါ်နေတာလား။
"ကလေးဆန်လွန်းတယ်"
သူ သဝန်တိုအောင်လုပ်နေတာဆိုရင်တော့ အသုံးမဝင်။သူမှ လင်းသန့်ကိုမချစ်တာဒါကြောင့် သဝန်တိုစရာအကြောင်းအရင်းလည်းမရှိချေ။
နောက်မှ "ကိုစက်"ဆိုပြီးလာတောင်းပန်မှ ပစ်ထားပစ်ဦးမယ်။
စက်ထိုကဲ့သို့ကျိန်းဝါးလိုက်၍ ဟင်းကိုသာဆက်လက်ချက်နေလိုက်တော့သည်။
စက်လင်းလျှံမသိသည်ကတော့ မကြာခင် မုန်တိုင်းလာတော့မည်ဆိုတာကိုပင်။
*******
Alexander AN(Ah Nyo)
Apr.8.2023
*******
"ေလးေလးငယ္"
ဟူေသာ ေခၚသံေအာက္တြင္ စိုင္းတစ္ေယာက္ စကၠန္႔အနည္းငယ္ေလာက္ၿငိမ္သက္သြားမိရသည္။
ေလးေလးငယ္တဲ့လား။
စိုင္း စာေရးဆရာျဖစ္သူကို ငုံ႔ၾကည့္ရင္း ေၾကာင္အ ေနမိသည္။
Paiဟူေသာ စာေရးဆရာဟာ သူ႕ကိုအံ့ၾသတႀကီးႏွင့္ ေမာ့ၾကည့္ေနသည့္အျပင္ သူ၏အက်ႌစေလးကိုလည္း လက္ေခ်ာင္း႐ွည္႐ွည္တို႔ျဖင့္ မရဲတရဲေလးဆုပ္ကိုင္ထားလို႔ေနသည္။
သူတို႔သိၾကလို႔လား။
ပယင္းမ်က္ဝန္းတို႔ႏွင့္ စကၠန္႔အနည္းငယ္ အၾကည့္ခ်င္းစုံလိုက္မိ
သည့္အခ်ိန္တြင္ေတာ့ ဒီလူငယ္ဟာဘယ္သူမွန္း စိုင္းေသခ်ာစြာသိ႐ွိသြားရေတာ့၏။
"ေပါက္စ လား"
သူ၏ ေပါက္စ ဆိုေသာအသံကိုၾကားေတာ့ စာေရးဆရာေလးမွာ သိပ္ကိုေပ်ာ္႐ႊင္သြားဟန္။
"အင္း မွတ္မိ.."
သက္ပိုင္၏ စကားပင္မဆုံးေသး
နံေဘး႐ွိ မန္ေနဂ်ာက ေခ်ာင္းဟန္႔လိုက္ေသာေၾကာင့္ အသိစိတ္ျပန္ဝင္သြားရသည္။
သူအခုလက္မွတ္ထိုးပြဲကမၿပီးေသးဘူးပဲ။
သက္ပိုင္ ေလးေလးငယ္အားမ်က္ႏွာငယ္ေလးႏွင့္ၾကည့္လိုက္၍
ခပ္တိုးတိုးေလးေျပာလိုက္သည္။
"ေလးေလးငယ္ ကြၽန္ေတာ္႕ကိုဟိုနားက ေကာ္ဖီဆိုင္မွာ
ေစာင့္ေနေပးလို႔ရမလားဟင္။ ပြဲၿပီးတာနဲ႔ တန္းလာခဲ့မယ္ေလေနာ္..."
စိုင္း သူ႕အား ပါပီမ်က္လုံးတို႔ႏွင့္ ၾကည့္ေနေသာ ေပါက္စေၾကာင့္ ငယ္ငယ္က သူသိကြၽမ္းခဲ့တဲ့ကေလးေလးမွန္း ပိုမိုေသခ်ာသြားရသည္။
ေခါင္းအား တခ်က္ၿငိမ့္လိုက္ရင္း
ေပါက္စအား ေစာင့္ရန္ ေကာ္ဖီဆိုင္သို႔သြားမည္အလုပ္ လွမ္းဆြဲခံလိုက္ရသည့္ လက္တစ္စုံေၾကာင့္ျပန္လည္ လွည့္ၾကည့္လိုက္၏။
"ေသခ်ာေပါက္ေစာင့္ေနေပးပါေနာ္
ေလးေလးငယ္။ထြက္မသြားပါနဲ႔"
စိုင္းအား ေပ်ာက္ကြယ္သြားမည္စိုး
သည့္အလား ဆုပ္ကိုင္ထားသည္မွာ ခ်ည္ေႏွာင္ထားခ်င္ေနသည့္ပုံ။
"ေစာင့္ေနမွာမို႔ ေအးေဆးလုပ္"
"ဟုတ္"
ေက်ာခိုင္းကာ ထြက္သြားေသာ ေလးေလးငယ္၏ေနာက္ေက်ာျပင္ကိုၾကည့္ရင္း အတိတ္တုန္းက သူ႕ဘဝထဲကေနထြက္သြားခဲ့တုန္းကအခ်ိန္ကိုျပန္လည္သတိရမိသည္။
ေလးေလးငယ္ဟာ အရင္တုန္းကလို
ႏုဆဲပ်ိဳဆဲပင္။
တည္ၿငိမ္တဲ့မ်က္ဝန္းေတြနဲ႔ စိတ္ျမန္လက္ျမန္႐ွိနဲ႔အက်င့္စ႐ိုက္ေတြဟာလည္း ေျမတမႈန္စာေလးပင္မေျပာင္းလဲ။
အျဖဴေရာင္႐ွပ္လက္႐ွည္ကို တံေတာင္ထိေခါက္တင္ထားေသာေၾကာင့္ ဘယ္ဘက္လက္႐ွိ တက္တူးတို႔ဟာလည္း လစ္ဟာျပထားသကဲ့သို႔။
ဆင္စြယ္ေရာင္ အသားအရည္ေပၚ၌ မဲနက္ေနသည့္တက္တူးမ်ား႐ွိေနသည္မွာ အႏုပညာတစ္ခုလို။
ဘယ္ဘက္မ်က္လုံး႐ွိ အမာ႐ြတ္ေၾကာင့္လည္း ၾကည့္ရဆိုးသြားသည္ဟုမ်ိဳးမ႐ွိသည့္အျပင္ ပိုမို၍ခန္႔ညားေနေသးသည္။
သူ ေလးေလးငယ့္ကိုအခုလိုမ်ိဳးေတြ႕ရလိမ့္မည္ဟု မေတြးထားခဲ့။
ေလးေလးငယ္ဟာ ဟိုးအတိတ္တုန္းကလိုမ်ိဳး သူ၏ဘဝထဲကို ႐ုတ္ခ်ည္းတန္စြာျဖင့္ ျပန္လည္ဝင္ေရာက္လာခဲ့ျပန္ပါ၏။
***
စိုင္း ေကာ္ဖီဆိုင္မွတဆင့္ လက္မွတ္ထိုးပြဲ႐ွိ စာေရးဆရာငယ္ေလးအားၾကည့္ေနမိသည္။
ေပါက္စေတာင္ ေတာ္ေတာ္
ေလးအ႐ြယ္ေရာက္ၿပီပဲ။
ငယ္ငယ္က သူ႕ရင္ခြင္ထဲ ႐ိႈက္ငိုေနခဲ့
သည့္ကေလးေလးက အခုေတာ့တစ္ေယာက္တည္းရပ္တည္ႏိုင္ခဲ့တယ္တဲ့ေလ။
ခ်စ္ေပမဲ့သူမ႐ွိလို႔ သူ႕ကိုေပြ႕ဖက္ေပးဖို႔ေတာင္းဆိုခဲ့တဲ့ ကေလးေလးကိုအခုေတာ့ ခ်စ္တဲ့သူေတြအမ်ားႀကီး႐ွိေနၿပီပင္။
မ႐ွင္သန္ခ်င္ေတာ့လို႔ လက္ေကာက္ဝတ္ကိုဓားနဲ႔လွီးခဲ့တဲ့ 13ႏွစ္အ႐ြယ္ ေပါက္စေလးက
အခုေတာ့ ေကာင္းေကာင္း႐ွင္သန္ေနခဲ့တဲ့အျပင္ ေအာင္ျမင္တဲ့သူတစ္ေယာက္ေတာင္ျဖစ္ေနခဲ့ၿပီျဖစ္၏။
ဒီခံစားခ်က္က မိဘတစ္ေယာက္၏ခံစားခ်က္လိုမ်ိဳး
တသိမ့္သိမ့္ႏွင့္ၾကည္ႏူးရသည့္အျပင္ ဂုဏ္ယူရသည္။
"ေကာင္းေကာင္း႐ွင္သန္ခဲ့တာပဲ ေပါက္စ"
***
ေကာ္ဖီႏွစ္ခြက္အား ကိုင္ရင္း စိုင္းဆီသို႔ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ လွမ္းလာေသာ လူငယ္တစ္ေယာက္။
ထိုလူငယ္မွာ အညိဳေရာင္ တီ႐ွပ္ႏွင့္ ဂ်င္းေဘာင္းဘီအနက္အားတြဲဖက္ဝတ္ဆင္ထားသည္။
ပယင္းေရာင္မ်က္ဝန္းမ်ားမွာ အေဝးကေနၾကည့္မိတာေတာင္ အေတာ္႕ပင္ ထင္႐ွား၍ အၾကည့္တို႔မွာဆြဲေဆာင္မႈအျပည့္ႏွင့္။
ပန္းႏုေရာင္သန္းေနေသာ ႏႈတ္ခမ္းတို႔ဟာလည္း မ်က္စိပေဒႆ႐ွိလွသည့္အျပင္ ျမင္သူတိုင္း အႀကိမ္ႀကိမ္ျပန္၍ေငးရေလာက္သည္အထိကို ေခ်ာေမာလွသည္။
6ေပေက်ာ္အရပ္အေမာင္းႏွင့္ ခႏၶာကိုယ္အခ်ိဳးအစားက ေယာက်္ားတိုင္းမရႏိုင္ေသာ အရာျဖစ္သည္။
မ်က္ႏွာတြင္လည္း တည္ၿငိမ္ရင့္က်က္မႈကအတိုင္းသား။
မည္သည့္႐ႈေထာင့္ကပင္ၾကည့္ပါေစ
ဒီလူငယ္ဟာအဘက္ဘက္ကေနျပည့္စြဳလြန္းပါ၏။
အမ္....ဒီေကာင္ေလးက သူ႕ထပ္ပင္ပို၍အရပ္႐ွည္ေနသည္ကိုေတာ့ စိုင္းသိပ္မေက်နပ္ႏိုင္ေပ။
"ေစာင့္ရတာ ၾကာသြားသလား
ေလးေလးငယ္"
"ၾကာတယ္"
ခပ္ျပတ္ျပတ္ ျပန္ေျဖလာေသာ ေလးေလးငယ္ေၾကာင့္ သက္ပိုင္ျပဳံးလိုက္မိသည္။
သူဒီလူသားကို ဘယ္ႏွႏွစ္ေတာင္ေစာင့္ခဲ့လိုက္ရသလဲ။
သူ႕မ်က္စိေ႐ွ႕တည့္တည့္မွာ ေကာ္ဖီထိုင္ေသာက္ေနတာေတာင္ အိမ္မက္လို႔ထင္ေနမိတုန္းပဲ။
"အိမ္မက္မဟုတ္ဘူးမလားဟင္"
သက္ပိုင္ ကိုယ္တိုင္ပင္ မသိလိုက္ခင္
လက္တစ္ဖက္က ေလးေလးငယ္၏ပါးေပၚသို႔က်ေရာက္သြားသည္။
အသိစိတ္ျပန္ဝင္လာသည့္အခါတြင္ေတာ့ ခ်က္ခ်င္း လက္ကိုျပန္႐ုတ္၍ေခါင္းအားေအာက္သို႔ငုံ႔လိုက္မိသည္။
ေလးေလးငယ္ စိတ္ဆိုးသြားေလာက္မလားေလ။
သက္ပိုင္ မဝံ့မရဲႏွင့္ေလးေလးငယ္အားေမာ့ၾကည့္မိေတာ့ ေလးေလးငယ္ကသူ႕ကိုျပဳံးျပသည္။
ၿပီးေတာ့ ေျပာသည္က "အိမ္မက္မဟုတ္ပါဘူး ေပါက္စ ရ"တဲ့ေလ။
ေႏြးေထြးတဲ့ခံစားခ်က္ႏွင့္အတူ မ်က္ရည္ပူတို႔ဟာ ပါးျပင္ထက္သို႔က်ဆင္းလာၾကသည္။
ထိုအခ်င္းအရာကိုျမင္ေတာ့
ေလးေလးငယ္က ပ်ာယာခတ္သြားကာ
Tissueယူ၍ ကမန္းကတမ္း မ်က္ရည္မ်ားကို သုတ္ေပးသည္။
"ဘာလို႔ငိုတာတုန္း ေပါက္စရဲ႕
ငါဘာလုပ္မိသြားလို႔လဲ။မငိုပါနဲ႔ကြာ"
"ေပ်ာ္လို႔ပါ...ကြၽန္ေတာ္ ေလးေလးငယ္ကိုျပန္မေတြ႕ရဘူးေတာင္ ထင္ေနခဲ့တာဗ်"
".......ငါမင္းကို ျပန္လာ႐ွာခဲ့တယ္"
ေလးေလးငယ္၏ ခပ္တိုးတိုးစကားသံဟာ သက္ပိုင္၏နားစည္အျပင္ ႏွလုံးသားကိုပါ႐ိုက္ခတ္သြားခဲ့သည္။
ေလးေလးငယ္ကို သူ႕ကိုျပန္႐ွာခဲ့တယ္တဲ့ေလ။
"...."
"ငါဒီကိုေရာက္ေရာက္ခ်င္း မင္းရဲ႕ေက်ာင္းဆီကိုသြားခဲ့ေပမဲ့ မင္းကိုမေတြ႕ခဲ့ဘူး။ဟိုဟိုဒီဒီလိုက္စုံစမ္းခဲ့ေပမဲ့လည္း အစအနေတာင္ ငါ႐ွာမရခဲ့ဘူး။
မေတြးေကာင္းေပမဲ့ မင္းကိုမ႐ွိေတာ့ဘူးလို႔ထင္ခဲ့တာ....
တကယ္ပဲမင္းကိုေရာက္ေနခဲ့တာလဲကြာ"
"ကြၽန္ေတာ္..."
"ဒါေပမဲ့အခုလိုေတြ႕လိုက္ရေတာ့လည္း ႐ုတ္ခ်ည္းဆန္ေပမဲ့ ေပ်ာ္ပါတယ္။မင္းေကာင္းေကာင္း႐ွင္သန္ခဲ့တာပဲ ေပါက္စ။ ငါမင္းအတြက္ဂုဏ္ယူရတယ္.....ေအာင္ျမင္မႈနဲ႔ေပ်ာ္႐ႊင္မႈေတြကမင္းနဲ႔ထိုက္တန္ပါတယ္"
ေလးေလးငယ္၏ မ်က္ဝန္းတို႔တြင္ ႏူးညံမႈႏွင့္ေလးနက္မႈတို႔ကအျပည့္။
သူ႕အိမ္မက္ေတြဟာ တကယ္ျဖစ္သြားခဲ့ၿပီ။သူေလးေလးငယ္ ဂုဏ္ယူရတဲ့သူတစ္ေယာက္ျဖစ္ေအာင္ ဘယ္ေလာက္ေတာင္ႀကိဳးစားခဲ့ရသလဲ။
ဒီခံစားခ်က္က ႏွစ္႐ွည္လမ်ားမက္ေနခဲ့တဲ့အိမ္မက္ႀကီး ၿပီးဆုံးသြားခဲ့သည့္ခံစားခ်က္မ်ိဳး။
ဒီကမ႓ာေပၚက ဘာနဲ႔မွပင္မလဲႏိုင္ေလာက္ေအာင္ အဖိုးတန္လွသည့္အခိုက္အတန္႔။
အသက္႐ွင္ေနရတဲ့ အဓိပၸါယ္ဟာလည္းအခုမွၿပီးျပည့္စုံသြားတာမ်ိဳး။
"ေလးေလးငယ္ေၾကာင့္ပါ...
ေလးေလးငယ္သာမ႐ွိခဲ့ရင္ ကြၽန္ေတာ္ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာတဲ့လား။ကြၽန္ေတာ္ဆိုတာက ေလးေလးငယ္ေၾကာင့္ျဖစ္တည္လာတာပါဗ်ာ"
"ဒါဆို ငါ့ကိုငါဂုဏ္ယူသင့္လား"
"ဒါေပါ့ဗ်ာ"
"ဟားဟား"
ေကာ္ဖီဆိုင္ခန္းငယ္ေလးထဲ၌ ရယ္သံတို႔ဟာျပည့္ႏွက္သြားသည့္အေလ်ာက္ ျပန္လည္ေတြ႕ဆုံမႈတို႔ဟာလည္း ခ်ိဳၿမိန္ေနခဲ့ပါသည္။
****
"ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ေလ"
"ရတယ္ရတယ္။ ငါ့မွာ ကားပါခဲ့တယ္။မင္းလည္းအလုပ္႐ႈပ္ေနေရာေပါ့။ငါ့ေၾကာင့္နဲ႔ အလုပ္ခ်ိန္ပဲ့သြားၿပီထင္တယ္"
"ေလးေလးငယ္အတြက္ဆို အလုပ္ခ်ိန္တင္မဟုတ္ဘူး ကြၽန္ေတာ္႕အခ်ိန္ေတြအကုန္လုံးကိုပါေပးႏိုင္ပါတယ္ဗ်ာ"
ထိုကဲ့သို႔ေျပာေတာ့ ေလးေလးငယ္က ရယ္သည္။
"ေအးပါကြာ..
အခုေတာ့သြားၿပီ ေနာက္မွေတြ႕ၾကတာေပါ့"
"ေလးေလးငယ္..ခဏ"
"ဘာတုန္း"
"ကြၽန္ေတာ္႕ကို ဖက္ေပးလို႔ရမလားဟင္..."
"ဘယ္လို?"
သူ႕စကား ေၾကာင့္ေလးေလးငယ္က
ေၾကာင္ေတာင္ေတာင္ျဖစ္သြားကာ ေခါင္းေစာင္းကာၾကည့္သည္။
သူေတာင္းဆိုတာ မ်ားလြန္းေနၿပီ။
"ဘာ..ဘာမွမဟုတ္ပါဘူး။သြားေတာ့ေလ ေလးေလးငယ္။"
ေလးေလးငယ္က သူ႕ကိုမေက်နပ္ဟန္ႏွင့္ မ်က္ေမွာင္ၾကဳပ္ၾကည့္သည္။
အၾကည့္တို႔က တည္ၿငိမ္ခ်က္မွာ
သက္ပိုင္ေတာင္ ေ႐ွာင္ပုန္းခ်င္မိသြားသည္။
"ဒီကိုလာခဲ့"ဟူေသာအသံႏွင့္အတူ လက္ႏွစ္ဖက္ကိုျဖန္႔က်က္ေပးေသာ ေလးေလးငယ္။
သက္ပိုင္ ေလးေလးငယ္ဆီသို႔အေျပးေလးသြားလိုက္၍ ကေလးတစ္ေယာက္ကဲ့သို႔ေျပးဖက္လိုက္မိသည္။
ေလးေလးငယ္ကိုဖက္ရသည့္အခိုက္အတန္႔...။အရင္လိုေႏြးေထြးေနတုန္းပဲ။
ကြၽန္ေတာ္႕ရဲ႕လုံျခဳံရာေလး ဘယ္ေလာက္ေတာင္လြမ္းေနခဲ့ရသလဲ။
"အသက္ကျဖင့္ 25ေက်ာ္ေနၿပီ အခုထိေသာက္ကေလးက လုပ္တုန္း။
မိုးထိုးမဲ့အရပ္နဲ႔မွမလိုက္ ကလန္ကလားနဲ႔"
ပါးစပ္ကသာ ပြစိပြစိေျပာေနတာ
သက္ပိုင္ကိုေတာ့ ေလးေလးငယ္ဟာဆက္လက္ ေထြးေပြ႕ထားခဲ့ပါ၏။
သက္ပိုင္က
ေလးေလးငယ္ ထက္အရပ္ပို႐ွည္ေနတာမို႔ ခါးကိုကိုင္းလိုက္ရင္း ေလးေလးငယ္၏ပုခုံးေပၚသို႔မွီလိုက္၏။
"မင္းဖက္ခ်င္တဲ့အခ်ိန္တိုင္း ငါမင္းကိုဖက္ေပးမွာပါ ေခြးေကာင္ေလးရဲ႕"
ထိုစကားေၾကာင့္ သက္ပိုင္၏ႏွလုံးသားမွာေႏြးေထြးသြားရသည္။
ေလးေလးငယ္ဟာအရင္လိုပဲ ၾကင္နာဆဲပင္။
"ေက်းဇူးပါ ေလးေလးငယ္"
"အင္း"
******
"Boss ျပန္ေရာက္ၿပီလား"
"အန္ကယ္ ျပန္ေရာက္ၿပီေပါ့"
စက္ ၏အသံကမီးဖိုခန္းထဲမွလာတာျဖစ္၍ ေနာ္သင္းရတနာ၏အသံကေတာ့ ဧည့္ခန္းထဲကလာတာျဖစ္သည္။
ပုံမွန္ကိုေတာ့ စိုင္းအိမ္မွာတစ္ေယာက္တည္းေနေပမဲ့ စက္ႏွင့္တူမ ျဖစ္သူကေတာ့ ေန႔စဥ္နဲ႔အမွ်လာေနေလ့႐ွိသည္။တစ္ခါတစ္ေလမွာေတာ့ လင္းသန္႔ပါ ပါလာတတ္၏။
စက္ကသူတို႔ကိုမနက္စာ၊ေန႔လယ္စာ၊ညစာ စသည္တို႔ကိုျပင္ဆင္ေပးေလ့႐ွိ၍
သင္းရတနာကေတာ့ သူရဲ႕Korea Seriesေတြနဲ႔အျခားေသာ ဇာတ္ကားေတြကိုသူ႕အိမ္မွာလာၾကည့္တာျဖစ္သည္။
လင္းသန္႔ကေတာ့ သူ႕ခ်စ္သူ စက္လင္းလွ်ံေၾကာင့္လာျခင္းပင္။
"အန္ကယ္ သမီးစာအုပ္ေတြေကာ"
"ဒီမွာ"
လက္ထဲမွာ စာအုပ္အထုပ္ႀကီးအား သင္းရတနာလက္ထဲကိုကမ္းေပးလိုက္ေတာ့ တက္ႂကြစြာျဖင့္ဧည့္ခန္းထဲသို႔သယ္သြားသည္။
အမ္...တစ္ခုခုေမ့ခဲ့သလိုပဲ။ဘာေမ့ခဲ့တာပါလိမ့္။
မိနစ္အနည္းငယ္ၾကာသြားသည့္အခါတြင္ေတာ့ စိုင္းေအာင္မင္းခန္႔တစ္ေယာက္သူေမ့ေလ်ာ့သြားခဲ့သည့္အရာကိုသိ႐ွိသြားခဲ့ေလသည္။
အဲ့တာကေတာ့...
"အန္ကယ္! Paiရဲ႕လက္မွတ္ေတြေကာ!!!"
ဟုတ္ပါသည္။ စကားေျပာေနတာနဲ႔ပဲ လက္မွတ္ေတာင္းဖို႔ကိစၥကိုသူလုံးလုံးေမ့သြားခဲ့သည္ပင္။
"အမ္......ေမ့သြားတာ"
"ဟာာာာ သမီးက Paiလက္မွတ္လိုခ်င္လို႔ျဖင့္ဝယ္ခိုင္းလိုက္ပါတယ္ဆို"
သင္းရတနာက ေၾကကြဲသြားဟန္ႏွင့္ၾကမ္းျပင္ေပၚငုတ္တုတ္ထိုင္ကာ ေျပာေနသည္။
"ငါသူ႕ကိုေနာက္တစ္ခါက်ထိုးေပးဖို႔ေျပာလိုက္မွာမို႔ စိတ္ေကာက္မေနနဲ႔"
"အန္ကယ္က သူနဲ႔သိလို႔အဲ့လိုေျပာတာလား"
"သူ႕နဲ႔သိတာမို႔ ၾကမ္းျပင္ေပၚထိုင္မေနနဲ႔ ေနာက္တစ္ခါေတာင္းခဲ့ေပးမယ္"
ထိုအခါမွ တူမေတာ္က တက္ႂကြစြာထေတာ့သည္။ေနာက္ေတာ့ ေျပာသည္က
"ဒီတခါေတာ့ ခြင့္လႊတ္ေပးလိုက္ပါမယ္"တဲ့ေလ။
"ဒါနဲ႔ လင္းသန္႔လည္းမေတြ႕ပါလား"
တပည့္ျဖစ္သူအား ထိုကဲ့သို႔ေမးလိုက္ေတာ့ စက္ကခပ္တည္တည္ျပန္ေျဖသည္။
"သူကြၽန္ေတာ္႕ကို စိတ္ေကာက္ၿပီး လမ္းခြဲသြားတယ္ Boss"
"ဟမ္ စိတ္ေကာက္ျပန္ၿပီလား"
"ဟုတ္ကဲ့"
"ေအးကြာ မင္းကလည္းသူ႕ကိုေကာင္းေကာင္းေလး ဂ႐ုစိုက္ေပးလိုက္ဦး။ သူကမင္းကိုအေတာ္ေလးသေဘာက်ေနတာကြ။
သူအခုလို လူတစ္ေယာက္တည္းနဲ႔ကိေနတာမ်ိဳး ငါ့ျဖင့္မျမင္ဘူးေပါင္။မင္းနဲ႔မို႔လို႔ ဒါေတာင္"
"......"
"သူက ကေလးဆန္တတ္ေပမဲ့လည္း တကယ္တမ္းေတာ့ ရင့္က်က္ပါတယ္။မင္းကိုခ်စ္လို႔ မင္းေ႐ွ႕မွာဆိုကေလးဆန္သြားတာ"
"ကြၽန္ေတာ္က ကေလးဆန္တာေတြကိုမႀကိဳက္ဘူး"
"အဲ့ေတာ့ လင္းသန္႔ကိုမႀကိဳက္ဘူးလား"
"......."
မႀကိဳက္ဘူးဟုေျပာလိုက္လွ်င္လည္း Boss၏ညီျဖစ္တာေၾကာင့္ မေျပာရဲေခ်။
စက္ ေရငုံႏႈတ္ပိတ္ေနမိတုန္းမွာပဲ။Boss၏ဖုန္းက ဖုန္းဝင္လာသည္။
"ဟဲလို အေမ"
*........*
"ဘယ္လို လင္းသန္႔က Blind date သြားေတြ႕တယ္?!"
ထိုစကားကိုၾကားသည့္အခါတြင္ေတာ့ စက္၏ ဓားကိုကိုင္ထားေသာလက္တို႔ကတင္းက်ပ္သြားသည္။
Blind dateတဲ့လား။လင္းသန္႔ မင္းကငါ့ကိုလာစိန္ေခၚေနတာလား။
"ကေလးဆန္လြန္းတယ္"
သူ သဝန္တိုေအာင္လုပ္ေနတာဆိုရင္ေတာ့ အသုံးမဝင္။သူမွ လင္းသန္႔ကိုမခ်စ္တာဒါေၾကာင့္ သဝန္တိုစရာအေၾကာင္းအရင္းလည္းမ႐ွိေခ်။
ေနာက္မွ "ကိုစက္"ဆိုၿပီးလာေတာင္းပန္မွ ပစ္ထားပစ္ဦးမယ္။
စက္ထိုကဲ့သို႔က်ိန္းဝါးလိုက္၍ ဟင္းကိုသာဆက္လက္ခ်က္ေနလိုက္ေတာ့သည္။
စက္လင္းလွ်ံမသိသည္ကေတာ့ မၾကာခင္ မုန္တိုင္းလာေတာ့မည္ဆိုတာကိုပင္။
*******
Alexander AN(Ah Nyo)
Apr.8.2023
*******