แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ†แ‚

2K 336 0
By PannKhattWaiio


အပိုင်း ၆၂
စတားနက်ဝေါ့က ချက်ချင်းဆိုသလို ပွက်လောရိုက်သွားတော့သည်။ လူအများစု၏ တမင်ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားသော အကွက်များအောက်တွင် စတားနက်ဝေါ့ တစ်ခုလုံး၏ စိတ်ဝင်စားမှုအများဆုံးကို သိမ်းကြုံး ယူသွားတော့သည်။ အကြောင်းမူကား ယွမ့်ထန်းက အခုတလော မကြာခဏ ထင်ပေါ်ကျော်ကြားနေပြီး သူ့အကြောင်းသတင်းများကလည်း မကြာခဏ ပါနေသည်။ သည်တစ်ကြိမ်ကိစ္စက ယခင်တစ်ခေါက်ထက်ပို၍ ပြင်းထန်သည်။ သို့ရာတွင် ကီးဘုတ်စစ်သည်တော်များကဲ့သို့ သူတို့၏ဖြောင့်မတ်မှန်ကန်သော စိတ်သဘောထားကို ပြသသည်ဆိုသော အမူအရာမျိုးကို လုပ်နေသူများမှ လွဲလျှင် ပြည်သူပြည်သားအများစုက ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိကြသည်။ နောက်ဆုံးသင်ခန်းစာအရ ပြည်သူများအားလုံးက လေသံကြားတိုင်း မိုးရွာမည်ဟု မယုံကြည်ရဲကြချေ။ သူတို့က ရေတပ်၏ဦးဆောင်မှု သို့မဟုတ် လူအများ၏ တမင်ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပေးမှုများ၏အောက်တွင် နစ်မြောပါသွားမည်ကို စိုးရိမ်နေကြလေသည်။ ထို့အစား သူတို့က သူတို့၏ကိုယ်ပိုင်မေးခွန်းများကိုသာ ထုတ်ဖော်ကြသည်။

[အချစ်ဆေးရည် .. အမျိုးသမီးခိုင်က အရင်နှစ်တွေအတွင်းမှာ ခါးသီးတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တယ်ဆိုကတည်းက ဘာလို့ သူမရဲ့လက်တွေက အရမ်းကို ကြည်လင်ဖျော့တော့နူးညံ့မယ့်ပုံစံ ပေါ်နေတာလဲ]

[ယောင်ကွမ်း .. ဗီဒီယိုကိုပြင်ဆင်ထားတဲ့ အက်ဖက်တွေကြောင့်လား]

[ဆားစိမ်ငါးကလည်းငါးပါပဲ .. အပေါ်က ကွန်မန့်ပေးတဲ့တစ်ယောက် ဒီခွေးကောင်ကျိုးက ဗျူးတီးအက်ဖက်တွေ မဖွင့်ထားဘူးဆိုတာ သေချာကြည့်ရုံနဲ့ သိနိုင်တယ် မဟုတ်ဘူးလား၊ သတင်းထောက်ရဲ့လက်ကို မမြင်ဘူးလား]

[လေတိုက်နေပြီ .. ငါလည်းတင်ဆက်သူက ဒီလိုလူမျိုးမဟုတ်ဘူးလို့ ထင်တယ်၊ အကြောင်းပြချက်တစ်ခုခုတော့ ရှိနေမှာပဲ]

[ဝူမင် .. တင်ဆက်သူက လိုအပ်တဲ့နေရာတွေမှာ ကူညီဖို့တောင် အများကြီး လှူဒါန်းခဲ့တာ၊ သူက ကိုယ်ပိုင်မိသားစုအတွက် ကပ်စေးနည်းမယ့်လူမျိုးမှ မဟုတ်တာ၊ ငါ့အထင် တစ်ခုခုတော့ မှားနေပြီ]

[ကြင်နာစမ်းပါ .. ငါတို့က ငါတို့ချည်းပဲ သီးသန့် အနှစ်မချုပ်သင့်သေးဘူး၊ တင်ဆက်သူကိုယ်တိုင် ရှင်းပြချက် ထုတ်လာတာကို စောင့်သင့်တယ်၊ အက်ယွမ့်ထန်းဗွီ]

ယွမ့်ထန်းမှ အင်တာနက်ပေါ်တွင် ထိပ်ဆုံးသို့ရောက်နေမည်ဟု မထင်ထားပြန်ချေ။ သူ ချက်ချင်း သိသွားသည့်အချိန်တွင် သူ၏ပရိတ်သတ်အများစုက သူ့အကြောင်း ထောက်ခံသည့်စာ အရှည်ကြီးများကို တင်ပေးနေပြီဖြစ်သည်။

“ယွမ့်ထန်းရဲ့နိုင်ငံတကာအဆင့် အထောက်အပံ့အဖွဲ့အစည်းဗွီ .. ငါတို့က အရင်ဆုံးပြည်သူပြည်သားတွေနဲ့ ဂျယ်လီပျော့တွေအားလုံးကို တည်တည်ငြိမ်ငြိမ်နေကြဖို့ ပြောချင်တယ်၊ ဒီကိစ္စက အမှန်လား အမှားလားဆိုတာ ငါတို့ မသိနိုင်သေးဘူး၊ ဒါ့အပြင် အခုလက်ရှိအနေအထားအရ တစ်ဖက်သူရဲ့မျက်မြင်သက်သေတွေနဲ့ ပစ္စည်းသက်သေတွေက မလုံလောက်ဘူး[ပုံ ၁][ပုံ ၂][ပုံ ၃]”
“ပထမဦးဆုံးအနေနဲ့ ဝေ့ကျိုးက အရင်က ယွမ့်ထန်းကို အသရေဖျက်ဖို့ ကြိုးစားခဲ့သေးတယ်၊ နောက်တော့ လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုနဲ့ တရားစွဲခံလိုက် ရတယ်၊ ဒါပေမယ့် သူက သူ့ရဲ့ကျန်းမာရေး အကြောင်းပြချက်ကြောင့် အခုအချိန်အထိ အမိန့်ချမခံရသေးဘူး၊ အသေးစိတ် အချက်အလက်တွေကို ဒီပုံ ၁ မှာပဲ ကြည့်၊ ဒုတိယတစ်ချက်အနေနဲ့ အမျိုးသမီးခိုင်က သူ့ရဲ့ကလေးနှစ်ယောက်ကို ထောက်ပံ့ဖို့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတယ်လို့ ပြောထားတယ်၊ ဒါပေမယ့် ဗီဒီယိုထဲက သူ့ရဲ့လက်တွေက အသားမာတစ်ခုတောင် မရှိနေတာကိုမြင်နေရတာပဲ၊ ရှင်းလင်းပြီး နူးညံ့နေတာ အသိသာကြီး၊ ငါဆိုရင် အိမ်အလုပ်လုပ်ခဲတဲ့ သာမန်ရုံးဝန်ထမ်း တစ်ယောက်ပါ၊ ဒါပေမယ့် ငါ့မှာ အသားမာအနည်းငယ် ရှိတယ်၊ အနှစ်ချုပ်က ပုံ ၂ မှာပြထားတဲ့ ဒီဇယားကိုကြည့်၊ တတိယတစ်ချက်အနေနဲ့ ယွမ့်ထန်းက ဘယ်လိုလူလည်း ဆိုတာ ငါတို့ ရှင်းရှင်းလင်းလင်း သိနေတယ်၊ အားလုံးခြုံပြောရရင် သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး ဆေးရုံမှာ ကိုမာဝင်နေခဲ့တာ ငါးနှစ်တောင် ကြာသွားခဲ့တယ်၊ သူ ငါးနှစ်ကြာပြီးတဲ့နောက်မှာ ပြန်နိုးထလာတဲ့အချိန်မှာ အများပြည်သူအတွက် ဝန်ဆောင်မှုတွေပေးဖို့ စိတ်ထားထက်သန်နေတုန်းပဲ၊ ပုံ ၃ မှာ ပြထားတဲ့ဆေးရုံမှတ်တမ်းတွေနဲ့ အလှူမှတ်တမ်းတွေမှာဆိုရင် အမျိုးမျိုးသော အဖွဲ့အစည်းတွေရဲ့ အသေးစိတ် အချက်အလက် တရားဝင် လွှဲပြောင်းပေးစာတမ်းတွေ တရားဝင်ပါနေတယ်”

“ထပ်ပြောရရင် ငါ မေးချင်တာက အမျိုးသမီးခိုင်က ကလေးတွေကို အဲဒီလောက်အထိ ဂရုစိုက်တဲ့အမေမျိုးဆိုရင် ဒီငါးနှစ်အတွင် ယွမ့်ထန်း ဆေးရုံတက်နေတုန်းက သူက ဘယ်ကိုရောက်နေတာလဲ”

ဝေ့ပေါ်ရှိပုံများက ရှင်းလင်းပြတ်သား လွန်းသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ကြီးမားသော ရိုက်ချက်ကြီး ဖြစ်နိုင်သည်။ ထိုအချက်က ယွမ့်ထန်း၏ပရိတ်သတ်များကို ရူးသွပ်သွားစေလုနီးပါး ဖြစ်သည်။ နေ့တစ်ဝက်တည်းနှင့်ပင် ထိုပိုစ့်ကို ဝေမျှသူက သန်းငါးဆယ်ကျော်သွားသည်။

သူ၏အလင်းဦးနှောက်က တုန်ခါလာသည့်အခါ ရဲ့သခင်လေး၏အသံက ထွက်လာသည်။

“အရူး ဒါက အရူးလို သက်သေပြချက်တွေပဲ မဟုတ်လား၊ မင်းကို ဘယ်သူက ဒါသုံးဖို့ပြောလဲ”

“ရဲ့သခင်လေး စိတ်အေးအေးထားပါ”

သူ၏မျက်ဝန်းတွင် အေးစက်သောအလင်းက လက်နေသော်လည်း အဆိပ်ပြင်းသော လေသံမျိုးဖြင့် ပြောလိုက်သည်။

“ဒါက ပထမအဆင့်ခြေလှမ်းပဲ ရှိပါသေးတယ်၊ ခိုင်ရှင်းက ယွမ့်ထန်းရဲ့ အမေအရင်းပါ၊ ဒီလိုအမေမျိုးက ကိုယ့်သားကို ဒုက္ခပေးမယ်လို့ ဘယ်သူက ယုံမှာလဲ၊ ယွမ့်ထန်းက သူ့ကိုယ်သူ ဘယ်လိုဖုံးကွယ်ထားသလဲ ဆိုတာကို မသိပေမယ့် သူ့ရဲ့မျက်နှာအစစ်အမှန်ကို ဖော်ထုတ်ဖို့ အချိန်အနည်းငယ် လိုအပ်နေတာပါ”

“ဟမ့် အဲဒီလိုဆိုရင်ကောင်းမယ်”
ရဲ့သခင်လေးက နှာခေါင်းရှုံ့သည်။

“မင်းဒီတစ်ကြိမ် ဒီကိစ္စကိုလည်း ထပ်ပြီးဖျက်ဆီးမယ်ဆိုရင် အကျိုးဆက်ကို ကိုယ့်ဘာသာ တာဝန်ယူ”

“ဟုတ်ကဲ့”

ထိုသို့ယဉ်ကျေးစွာ တုံ့ပြန်လိုက်သော်လည်း ဝေ့ကျိုး၏မျက်ဝန်းများတွင်မူ မုန်းတီးမှုများက ပြည့်နှက်နေသည်။

ဝေ့ကျိုးက သူနှင့်ပတ်သက်သောဗီဒီယိုကို တင်လိုက်ခြင်းအား ရှာတွေ့သွားသည့်နောက်တွင် ယွမ့်ထန်း၏ ပထမဆုံးတုံ့ပြန်မှုက ထိတ်လန့်ခြင်းလည်း မရှိသလို ဒေါသလည်း မထွက်ချေ။ ထို့အစား ကူကယ်ရာမဲ့သွားသည်။ သူက ဝေ့ကျိုးကိုပင် သွားနှုတ်ဆက်ချင်သေးသည်။

“မင်းက အသက်ဘယ်နှစ်နှစ်လဲ”

ဗီဒီယိုထဲတွင် သူ၏အမေဟု ပြောသော သရုပ်ဆောင်ပြနေသည့် အမျိုးသမီးသရုပ်ဆောင်မှုကို ကြည့်ပြီးနောက်တွင် သူ ဒေါသထွက်လွန်းသဖြင့် ရယ်ချင်သွားသည်။

“ဟုတ်တယ်၊ ဒါက သရုပ်ဆောင်ထားတာပဲ”

မူလပိုင်ရှင်၏မှတ်ဉာဏ်တွေ မရှိဘဲနဲ့တောင် သူကိုယ်တိုင်က ရုပ်ရှင်ဧကရာဇ်တစ်ပါး မဟုတ်ဘဲနဲ့တောင်မှ ဘယ်လိုတောင် သရုပ်ဆောင်ထားသလဲဆိုတာ သိသာနေတာပဲ၊ ဒီမိန်းမက ဒီလောက်အထိ အသည်းအသန် အော်ငိုနေပေမယ့် မျက်လုံးတွေက မနီရဲနေဘူး၊ ရဲနေတာက အရောင်ဆိုးထားတာပဲ၊ နောက်ပြီး မျက်ရည်တွေက မနည်းညှစ်ထုတ် နေရသေးတယ်၊ နောက်ဆုံးမှပဲ လက်ကို တဖျန်းဖျန်း ရိုက်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်နေခဲ့တာ။

အရာအားလုံးကို ကြည့်လိုက်ခြင်းအားဖြင့် သူမက ယွမ့်ထန်းကို သေချာဂရုစိုက်ခြင်း မရှိကြောင်း သိသာနေသည်။

ထိုအမျိုးသမီးက ယခင်ယွမ့်ထန်း၏အမေ ဖြစ်လောက်ကြောင်း သတိထားမိသောအခါ ထိုစကားလုံးသုံးခြင်းကပင် ရွံစရာကောင်းနေပြီဟု ခံစားရသည်။

ထိုသို့သနားစရာကောင်းအောင် ဟန်ဆောင်ပြပြီး သူ့အား ငွေညှစ်ချင်သည့်ဖြစ်စဉ်နှင့် ရင်ဆိုင်ရသောအချိန်တွင် သူ၏နှလုံးသားထဲတွင် မသက်မသာ ဖြစ်လာသည်။ ထိုခံစားချက်က သူ၏ကိုယ်ပိုင်ခံစားချက် မဟုတ်ချေ။ သူနှင့်ခိုင်ရှင်းက ပြောရလျှင်သူစိမ်းများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမသက်မသာဖြစ်သော ခံစားချက်များနှင့် အလိုအလျောက် ဖြစ်ပေါ်လာသည့်ဒေါသများက နဂိုမူလပိုင်ရှင်၏ ကျန်ရစ်နေသေးသော စိတ်ဆန္ဒများ ဖြစ်လောက်လေသည်။ သူက ထိုအမျိုးသမီးကို မြင်ချိန်တွင် မသိစိတ်အရ အလိုလို ထိုခံစားချက်များက ထွက်ပေါ်လာခြင်းဖြစ်သည်။

သူက ယွမ့်ယွီ အိပ်ယာကုတင်ပေါ်တွင် လဲလျောင်းနေသော ပုံစံကို မြင်ချိန်တွင်မူ ဝမ်းနည်းကာ စိတ်ဓါတ်ကျသွားရသည်။

ယွမ့်ထန်းအနေဖြင့် တစ်ဖက်သူများနှင့် သိရခြင်းက နောက်ကျသော်လည်း သူ၏စိတ်အခြေအနေကမူ ထိုသို့မဟုတ်ချေ။ ဟော်ယွန်ရီကလည်း ပထမဆုံးအကြိမ် မတော်တဆမှုကို ရှာတွေ့ခဲ့ခြင်းဖြစ်လေရာ ချက်ချင်းဆိုသလို သူ၏ညီငယ်ဖြစ်သူကို အကြောင်းကြားလိုက်သည်။ သူတို့က ယွမ့်ထန်းထံသို့သွားကာ ထိုကိစ္စကို ဆွေးနွေးနိုင်သည့်တိုင်အောင် ကြိုတင်ပြင်ဆင်မှုများကို အရင်တုံ့ပြန်ရမည်ပေ။

ဟော်ယွန်ချန်းက ထိုဖြစ်စဉ်အားလုံးကို သေချာဂရုစိုက် စစ်ဆေးသည်။ သို့သော် သူက ကိုယ်ပိုင် လိုအပ်ချက်ကြောင့်နှင့် သူ၏ရာထူးအာဏာကို ထုတ်မသုံးချင်သည့်အတွက် သူ၏ရှာဖွေမှုလမ်းကြောင်းက ပြောင်းထားရသည်။ သိပ်မကြာခင်အချိန်တွင် ခိုင်ရှင်းနှင့် ပတ်သက်သော အကြောင်းအရာများကို သူ သိလိုက်ရသည်။ ခိုင်ရှင်း၏ စတားနက်ဝေါ့အကောင့်ကို သူသိလိုက်ရသည်။

ခိုင်ရှင်းက ဗီဒီယိုထဲတွင် သူမ အဓိကတာဝန်ယူရလောက်သော အကြောင်းအရာများကို ဖယ်ခွာလျက် အခြားသော အကြောင်းအရာများကိုသာ ရွေးချယ်ပြောပြထားသည်။ သူမက ယွမ့်ထန်းဟာ ရုပ်ရှင်ရိုက်နေကျ ဖြစ်ပြီး သူမနှင့်ယွမ့်ယွီထံ မကြာခဏပိုက်ဆံအနည်းငယ်ပို့ လေ့ရှိသည်ဟု ဆိုထားသော်လည်း သူကိုယ်တိုင်အတွက်ကမူ နေထိုင်စရိတ်နှင့် အသုံးစရိတ်များအတွက် တစ်သောင်းနှစ်သောင်းခန့်သာ ချန်ပြီး ကျန်သောအရာအားလုံးကို လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်ကို ဖယ်ချန်ထားခဲ့သည်။ သည်နှစ်များအတွင် သူ ပို့ပေးခဲ့သော ပိုက်ဆံများက မနည်းပါးတော့ချေ။ လတိုင်းလိုလို သူက သန်းနှင့်ချီ ပို့ဆောင်ပေးနေခဲ့ခြင်း ဖြစ်သည်။ ထိုပိုက်ဆံများနှင့် သာမန်မိသားစုတွင် တစ်ဘဝလုံး နေထိုင်သွားရန် လုံလောက်လေသည်။ သူ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဒဏ်ရာရပြီး ကိုမာဝင်နေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ယခုအချိန်အထိ ထပ်ပို့ပေးနေခဲ့အုံးမည်မှာ သေချာသည်။ သူ၏ဦးနှောက်မှ ဒဏ်ရာက ပြင်းထန်သောကြောင့် သူ အတိတ်က မှတ်ဉာဏ်ကို မေ့သွားခဲ့ပြီး သည်အမေနှင့်ကလေးကို သတိမရတော့သည့်အတွက်သာလျှင် ပိုက်ဆံကို မလွှဲပြောင်းနိုင်တော့ခြင်းလည်း ဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့် ခိုင်ရှင်းက သတင်းရပြီးသည်နှင့် ပိုက်ဆံတောင်းရန် ယခုကဲ့သို့သရုပ်ဆောင်ခြင်း ဖြစ်လောက်သည်။

အကောင်းဆုံးနည်းလမ်းနှင့် ပြန်လည်တိုက်ခိုက်နိုင်ရန်အလို့ငှာ ကိုယ့်ကိုယ်ကိုနှင့် ရန်သူကို အကောင်းဆုံး သိထားရပေမည်။ ထို့ကြောင့် ဟော်ယွန်ချန်းက ယွမ့်ထန်း၏ယခင် ဖျော်ဖြေရေးကုမ္ပဏီသို့ ဆက်သွယ်လိုက်သည်။ သူက ယွမ့်ထန်း၏အိမ်အခြေအနေကို မေးမြန်းချင်သည်။ ယွမ့်ထန်းက ကုမ္ပဏီနှင့် စတင်ပွဲဦးထွက်ကတည်းက စာချုပ်ချုပ်ဆိုခဲ့သောကြောင့် နှစ်ပေါင်းများစွာကြာ အလုပ်လုပ်ခဲ့လေရာ ကုမ္ပဏီကလည်း တစ်စုံတစ်ရာ သိထားလောက်လေသည်။

သေချာစွာပင် သူတို့က ယွမ့်ထန်း၏ယခင်အေးဂျင့်နှင့် ဆက်သွယ်ရရှိခဲ့သည်။ ယွမ့်ထန်းက သူ၏မိသားစုအကြောင်း တစ်ကြိမ်သော်မျှ ထုတ်ပြောဖူးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ထိုအေးဂျင့်အနေနှင့် မိသားစုထံသို့ ပိုက်ဆံပို့သည့်ကိစ္စကို မသိထားချေ။

သူက လူသစ်ဖြစ်ခဲ့ချိန်က ထိုအေးဂျင့်က သူ၏လက်အောက်တွင် အနုပညာရှင်အများစုကို ကိုင်တွယ်ထားသည်။ ထို့ကြောင့် ယွမ့်ထန်းတစ်ယောက်တည်းကို အာရုံမစိုက်နိုင်ခဲ့ချေ။ သူ၏သိနားလည်နိုင်စွမ်းက အကန့်အသတ် ရှိနေသည်။ ယွမ့်ထန်း၏လုပ်ဆောင်နိုင်စွမ်းအားက တိုးမြင့်လာပြီး တက်ကြွကြောင်းသာလျှင် သူက သိရှိထားသည်။ လေ့ကျင့်ခြင်းတွင်ဖြစ်စေ၊ အလုပ်လုပ်ခြင်းတွင်ဖြစ်စေ သူက ဘယ်တော့မှ တစ်နေ့မှ အနားမယူခဲ့ဖူးချေ။ သူက ပိုက်ဆံရနိုင်သည့် အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ကိုင်လေ့ရှိကာ လက်လျှော့လေ့ မရှိခဲ့ချေ။ ထို့ကြောင့် ထိုမျှ ကြိုးစားတက်ကြွသော အနုပညာရှင်မျိုးက ရှားပါးလွန်းသည်။ ယွမ့်ထန်း၏ အခြေအနေက ကောင်းမွန်ခြင်း မရှိသည့်အတွက် ထိုအေးဂျင့်အနေနှင့် သူ့အား အခွင့်အရေးပေါင်းများစွာကို ပေးအပ်လိုခဲ့လေသည်။

သို့သော် ဗီဒီယိုထဲတွင် ခိုင်ရှင်းပြောထားသည့်အတိုင်းဆိုလျှင် သူမက မမျှမတ ဆက်ဆံခံရကာ ဆက်သွယ်၍ မရအောင်ကိုပင် ဖုန်းနံပါတ်ကို ပိတ်ဆို့ထားသည်ဟု ဆိုခဲ့သည်။ ထိုအခါ အေးဂျင့်က ဒေါသထွက်သွားတော့သည်။ ယွမ့်ထန်းက မတော်တဆ ဖြစ်ပြီးကတည်းက ထိုမိန်းမက တစ်ခါမျှပင် မဆက်သွယ်လာခဲ့ဖူးခြင်း မရှိခဲ့ချေ။ တစ်ကြိမ်က ဆက်သွယ်လာခဲ့သော်လည်း သူက ဖုန်းကို လက်ခံဖြေဆိုပြီး ယွမ့်ထန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ကာ ကိုမာဝင်သွားကြောင်း သိသည်နှင့် ထပ်မခေါ်တော့ချေ။ ထို့အစား မည်သည့်အချိန်က ကုမ္ပဏီနှင့် ဆက်သွယ်ပြီး ဖုန်းပိတ်ထားသည်ဟု ပြောလာကြောင်းကို သူတို့ နားမလည်ကြတော့ချေ။

ထို့အပြင် သူမ ဖုန်းဆက်ခဲ့ချိန်ကလည်း ယွမ့်ထန်းအတွက် လျော်ကြေးတောင်းခဲ့သေးသည်။ ထိုအချိန်က ယွမ့်ထန်းက ကိုမာဝင်ခဲ့ရုံမျှသာလျှင်ဖြစ်ပြီး သေဆုံးခဲ့ခြင်း မရှိသေးပေ။ ထို့အပြင် သူ့အတွက်လည်း ကုသစရိုက်များစွာက လိုအပ်နေသေးလေရာ သူက ကုမ္ပဏီမှ သက်တမ်းရှည်အလုပ်သမားတစ်ယောက် ဖြစ်သည့်အတွက် ရုပ်ရှင်ဧကရာဇ်ဘွဲ့ကိုလည်း ရထားခဲ့သေးလေရာ ကုမ္ပဏီက သူ့အတွက် ကုသစရိတ်ကို ပေးအပ်ခဲ့သည်။ သို့သော် မိသားစုက ထိုသို့ လာရောက်တောင်းခံခြင်းကို သူတို့က လက်မခံနိုင်ချေ။ ထိုအေးဂျင့်က ထိုမိန်းမက သူ့သား၏သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ကြောင်း နားလည်ထားသဖြင့် မိထွေးတစ်ယောက်ဟုသာ ထင်သည်။ ထို့ကြောင့် ယွမ့်ထန်း၏ အလင်းဦးနှောက်မှတစ်ဆင့် ဖုန်းကို ပိတ်ဆို့ထားခဲ့ခြင်းလည်း ဖြစ်သည်။ ငါးနှစ်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည့်တိုင်အောင် ထိုမိန်းမက နတ်ဆိုးမတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသေးလေရာ သူက အလွန်ဆွံ့အ မိနေလေတော့သည်။

အခြေအနေအရပ်ရပ်နှင့် ယွမ့်ထန်းနှင့်မိသားစုမှ ဆက်ဆံရေးက အလွန်အမင်း အားနည်းကြောင်း စုံစမ်းခဲ့ပြီးနောက်တွင် ထိုခိုင်ရှင်းအမည်ရသော အမျိုးသမီးက ယွမ့်ထန်း၏အမေအရင်း ဖြစ်သည့်တိုင်အောင် ပိုက်ဆံကိုသာလျှင် အသိအမှတ်ပြုပြီး သူ့ကိုယ်သူလည်း အသိအမှတ်ပြုထားခြင်း မရှိခဲ့ချေ။ ထိုမိန်းမက နှစ်တိုင်းလိုလို ပိုက်ဆံကိုသာ တောင်းခံနေလေ့ ရှိသည်။ မတော်တဆမှု ဖြစ်ပြီးနောက်တွင် သူမ ပထမဆုံး စိုးရိမ်သည်က သူ့သား၏အသက်ဆိုသည်ထက် ယွမ့်ထန်းနှင့် သက်ဆိုင်သော မှန်ကန်စွာ ရရှိရမည့်လျော်ကြေး ဖြစ်သည်။

ဟော်ညီအစ်ကိုများက ထိုကဲ့သို့သောမိခင်မျိုးကို တတ်နိုင်သမျှ မြန်မြန် သံယောဇဉ် ဖြတ်တောက်လိုသည်။ သို့ရာတွင် အခြေအနေက ယခင်နှင့် ကွာခြားသွားသည်။ မည်သို့ပင်ဆိုစေ ဒါက မိသားစုကိစ္စဖြစ်သည်။ သူတို့ညီအစ်ကိုအပြင် လူနှစ်ယောက်က ဝင်ရောက် မစွက်ဖက်သင့်ချေ။ ထို့ကြောင့် ဘောင်ကျော်သလို ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သက်သေများကိုသာ မှတ်တမ်းတင်နိုင်ခဲ့သည်။ အရာအားလုံးကို ယူဆောင်လာပြီးနောက်တွင် သူတို့က ယွမ့်ထန်း၏အိမ်သို့ ထွက်လာခဲ့လိုက်သည်။

“ဥက္ကဌဟော်၊ မာရှယ်ဟော်”

ယွမ့်ထန်း၏စိတ်အခြေအနေကမူ တည်ငြိမ်သည်။ သူက ထိုလူများကိုပင် အအေးဖျော်ပေးသေးကာ သုံးယောက်အတူ ဆိုဖာတွင် ဝင်ထိုင်လိုက်ကြသည်။

“ကျွန်တော့်အမေဆိုတဲ့ တစ်ယောက်ကိစ္စကြောင့် ရောက်လာခဲ့တာလား”

ဟော်ယွန်ချန်းက ခေါင်းညိတ်ပြီးနောက် စိုးရိမ်တကြီးကြည့်သည်။ ယွမ့်ထန်းကမူ နွေးထွေးသွားသလို ခံစားလိုက်ရပြီးပြုံးလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်၊ ကျွန်တော် သူမကိုလည်း မမှတ်မိဘူးလေ၊ ဒီတော့ ဘယ်လိုမှ မခံစားရဘူး၊ နောက်ပြီး ကျွန်တော့်ပရိတ်သတ်တွေက ကျွန်တော့်အတွက် ထုတ်ဖော်ပြောဆို ပေးကြတဲ့အပြင် ကျွန်တော့်ကိုလည်း ယုံကြည်ကြတယ်၊ သူတို့က ကျွန်တော့်ကို ထောက်ပံ့ကြတဲ့အတွက် တကယ့်ကို ပျော်ရွှင်မိပါတယ်”

မည်သို့ပင်ဆိုစေ ကိုယ်ပိုင်မိသားစုကိစ္စနှင့်ပတ်သက်၍ အထင်လွဲခံရသော ကိစ္စများက အများပြည်သူသိသည်အထိ တရားဝင်ဖြစ်သွားလျှင် ရှင်းရမလွယ်ကူတော့ချေ။

ဟော်ယွန်ရီက အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။

“မင်းအနေနဲ့ ဆေးရုံက မင်း မှတ်ဉာဏ်ပျောက်နေတယ်ဆိုတဲ့ အကြောင်းအရာ တရားဝင် ထုတ်ပေးထားတဲ့ ဆေးစာရွက်ကို ဝေ့ပေါ်မှာ တင်သင့်တယ်လို့ ထင်တယ်၊ ငါတို့ကလည်း မင်းရဲ့မိသားစုအခြေအနေတွေ အားလုံးကို စုံစမ်းစစ်ဆေးခဲ့ပြီးပြီ၊ ဒီတော့ အတည်ပြုပေးနိုင်တယ်၊ နောက်ပြီး မင်းအနေနဲ့ နှစ်ပေါင်းများစွာ တိုင်အောင် လတိုင်းနီးပါး ပိုက်ဆံအားလုံးနီးပါးကို အဲဒီမိန်းမဆီကို ပို့ပေးခဲ့တဲ့သက်သေကတင် ဒီလိုလူမျိုးက ဘယ်လိုလူမျိုးလဲဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ၊ အဲဒီအချိန်က မင်းက ဒဏ်ရာရသွားခဲ့တော့ အဲဒီမိန်းမက မင်းရဲ့ဖျော်ဖြေရေးကုမ္ပဏီကို ဆက်သွယ်လာခဲ့ပြီး ပိုက်ဆံတောင်းခဲ့တယ်၊ သူတို့ကိုတောင် တရားစွဲချင်ခဲ့သေးတယ်၊ နောက်ဆုံးအနေနဲ့ ဒီကိစ္စတွေအားလုံးကို မှတ်တမ်းတင်နိုင်ခဲ့တယ်၊ ဒီတော့ ငါတို့အားလုံးမှာ သက်သေရှိတယ်လို့ပြောနိုင်တယ်”

“ကျေးဇူးတင်ပါတယ်”
ယွမ့်ထန်းက ထိုနှစ်ယောက်ကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ ထိုလူများက သူ့အား အလွန်ကူညီကြသည်။

ဟော်ယွန်ချန်းကပြောသည်။
“ဒီကိစ္စကို တရားဝင်ဖြေရှင်းချင်လား၊ ဘယ်အချိန်ဖြေရှင်းချင်လဲ”

သူက မျက်လွှာချလိုက်ပြီးနောက် အတန်ငယ်တွေးတောသည်။ ထို့နောက် ခေါင်းပြန်မော့ကာ ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။

“ကျွန်တော် အချိန်တစ်ခုကြာတဲ့အထိ မဖြေရှင်းချင်သေးဘူး၊ ကျွန်တော် မွေးရပ်မြေဂြိုလ်ကို သွားပြီး ကိစ္စတွေအားလုံးကို အတည်ပြုချင်တယ်”


အပိုင္း ၆၂
စတားနက္ေဝါ့က ခ်က္ခ်င္းဆိုသလို ပြက္ေလာရိုက္သြားေတာ့သည္။ လူအမ်ားစု၏ တမင္ရည္႐ြယ္ခ်က္ရွိရွိ လႈပ္ရွားေသာ အကြက္မ်ားေအာက္တြင္ စတားနက္ေဝါ့ တစ္ခုလုံး၏ စိတ္ဝင္စားမႈအမ်ားဆုံးကို သိမ္းႀကဳံး ယူသြားေတာ့သည္။ အေၾကာင္းမူကား ယြမ့္ထန္းက အခုတေလာ မၾကာခဏ ထင္ေပၚေက်ာ္ၾကားေနၿပီး သူ႕အေၾကာင္းသတင္းမ်ားကလည္း မၾကာခဏ ပါေနသည္။ သည္တစ္ႀကိမ္ကိစၥက ယခင္တစ္ေခါက္ထက္ပို၍ ျပင္းထန္သည္။ သို႔ရာတြင္ ကီးဘုတ္စစ္သည္ေတာ္မ်ားကဲ့သို႔ သူတို႔၏ေျဖာင့္မတ္မွန္ကန္ေသာ စိတ္သေဘာထားကို ျပသသည္ဆိုေသာ အမူအရာမ်ိဳးကို လုပ္ေနသူမ်ားမွ လြဲလွ်င္ ျပည္သူျပည္သားအမ်ားစုက ဆင္ျခင္သုံးသပ္နိုင္စြမ္း ရွိၾကသည္။ ေနာက္ဆုံးသင္ခန္းစာအရ ျပည္သူမ်ားအားလုံးက ေလသံၾကားတိုင္း မိုး႐ြာမည္ဟု မယုံၾကည္ရဲၾကေခ်။ သူတို႔က ေရတပ္၏ဦးေဆာင္မႈ သို႔မဟုတ္ လူအမ်ား၏ တမင္ရည္႐ြယ္ခ်က္ရွိရွိ လမ္းေၾကာင္းေပးမႈမ်ား၏ေအာက္တြင္ နစ္ေျမာပါသြားမည္ကို စိုးရိမ္ေနၾကေလသည္။ ထို႔အစား သူတို႔က သူတို႔၏ကိုယ္ပိုင္ေမးခြန္းမ်ားကိုသာ ထုတ္ေဖာ္ၾကသည္။

[အခ်စ္ေဆးရည္ .. အမ်ိဳးသမီးခိုင္က အရင္ႏွစ္ေတြအတြင္းမွာ ခါးသီးတဲ့ဘဝကို ပိုင္ဆိုင္ခဲ့တယ္ဆိုကတည္းက ဘာလို႔ သူမရဲ႕လက္ေတြက အရမ္းကို ၾကည္လင္ေဖ်ာ့ေတာ့ႏူးညံ့မယ့္ပုံစံ ေပၚေနတာလဲ]

[ေယာင္ကြမ္း .. ဗီဒီယိုကိုျပင္ဆင္ထားတဲ့ အက္ဖက္ေတြေၾကာင့္လား]

[ဆားစိမ္ငါးကလည္းငါးပါပဲ .. အေပၚက ကြန္မန႔္ေပးတဲ့တစ္ေယာက္ ဒီေခြးေကာင္က်ိဳးက ဗ်ဴးတီးအက္ဖက္ေတြ မဖြင့္ထားဘူးဆိုတာ ေသခ်ာၾကည့္႐ုံနဲ႕ သိနိုင္တယ္ မဟုတ္ဘူးလား၊ သတင္းေထာက္ရဲ႕လက္ကို မျမင္ဘူးလား]

[ေလတိုက္ေနၿပီ .. ငါလည္းတင္ဆက္သူက ဒီလိုလူမ်ိဳးမဟုတ္ဘူးလို႔ ထင္တယ္၊ အေၾကာင္းျပခ်က္တစ္ခုခုေတာ့ ရွိေနမွာပဲ]

[ဝူမင္ .. တင္ဆက္သူက လိုအပ္တဲ့ေနရာေတြမွာ ကူညီဖို႔ေတာင္ အမ်ားႀကီး လႉဒါန္းခဲ့တာ၊ သူက ကိုယ္ပိုင္မိသားစုအတြက္ ကပ္ေစးနည္းမယ့္လူမ်ိဳးမွ မဟုတ္တာ၊ ငါ့အထင္ တစ္ခုခုေတာ့ မွားေနၿပီ]

[ၾကင္နာစမ္းပါ .. ငါတို႔က ငါတို႔ခ်ည္းပဲ သီးသန႔္ အႏွစ္မခ်ဳပ္သင့္ေသးဘူး၊ တင္ဆက္သူကိုယ္တိုင္ ရွင္းျပခ်က္ ထုတ္လာတာကို ေစာင့္သင့္တယ္၊ အက္ယြမ့္ထန္းဗြီ]

ယြမ့္ထန္းမွ အင္တာနက္ေပၚတြင္ ထိပ္ဆုံးသို႔ေရာက္ေနမည္ဟု မထင္ထားျပန္ေခ်။ သူ ခ်က္ခ်င္း သိသြားသည့္အခ်ိန္တြင္ သူ၏ပရိတ္သတ္အမ်ားစုက သူ႕အေၾကာင္း ေထာက္ခံသည့္စာ အရွည္ႀကီးမ်ားကို တင္ေပးေနၿပီျဖစ္သည္။

“ယြမ့္ထန္းရဲ႕နိုင္ငံတကာအဆင့္ အေထာက္အပံ့အဖြဲ႕အစည္းဗြီ .. ငါတို႔က အရင္ဆုံးျပည္သူျပည္သားေတြနဲ႕ ဂ်ယ္လီေပ်ာ့ေတြအားလုံးကို တည္တည္ၿငိမ္ၿငိမ္ေနၾကဖို႔ ေျပာခ်င္တယ္၊ ဒီကိစၥက အမွန္လား အမွားလားဆိုတာ ငါတို႔ မသိနိုင္ေသးဘူး၊ ဒါ့အျပင္ အခုလက္ရွိအေနအထားအရ တစ္ဖက္သူရဲ႕မ်က္ျမင္သက္ေသေတြနဲ႕ ပစၥည္းသက္ေသေတြက မလုံေလာက္ဘူး[ပုံ ၁][ပုံ ၂][ပုံ ၃]”
“ပထမဦးဆုံးအေနနဲ႕ ေဝ့က်ိဳးက အရင္က ယြမ့္ထန္းကို အသေရဖ်က္ဖို႔ ႀကိဳးစားခဲ့ေသးတယ္၊ ေနာက္ေတာ့ လွ်ို႔ဝွက္ခ်က္ေတြ ေပါက္ၾကားေစမႈနဲ႕ တရားစြဲခံလိုက္ ရတယ္၊ ဒါေပမယ့္ သူက သူ႕ရဲ႕က်န္းမာေရး အေၾကာင္းျပခ်က္ေၾကာင့္ အခုအခ်ိန္အထိ အမိန႔္ခ်မခံရေသးဘူး၊ အေသးစိတ္ အခ်က္အလက္ေတြကို ဒီပုံ ၁ မွာပဲ ၾကည့္၊ ဒုတိယတစ္ခ်က္အေနနဲ႕ အမ်ိဳးသမီးခိုင္က သူ႕ရဲ႕ကေလးႏွစ္ေယာက္ကို ေထာက္ပံ့ဖို႔ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့ရတယ္လို႔ ေျပာထားတယ္၊ ဒါေပမယ့္ ဗီဒီယိုထဲက သူ႕ရဲ႕လက္ေတြက အသားမာတစ္ခုေတာင္ မရွိေနတာကိုျမင္ေနရတာပဲ၊ ရွင္းလင္းၿပီး ႏူးညံ့ေနတာ အသိသာႀကီး၊ ငါဆိုရင္ အိမ္အလုပ္လုပ္ခဲတဲ့ သာမန္႐ုံးဝန္ထမ္း တစ္ေယာက္ပါ၊ ဒါေပမယ့္ ငါ့မွာ အသားမာအနည္းငယ္ ရွိတယ္၊ အႏွစ္ခ်ဳပ္က ပုံ ၂ မွာျပထားတဲ့ ဒီဇယားကိုၾကည့္၊ တတိယတစ္ခ်က္အေနနဲ႕ ယြမ့္ထန္းက ဘယ္လိုလူလည္း ဆိုတာ ငါတို႔ ရွင္းရွင္းလင္းလင္း သိေနတယ္၊ အားလုံးၿခဳံေျပာရရင္ သူက ဒဏ္ရာျပင္းျပင္းထန္ထန္ ရထားၿပီး ေဆး႐ုံမွာ ကိုမာဝင္ေနခဲ့တာ ငါးႏွစ္ေတာင္ ၾကာသြားခဲ့တယ္၊ သူ ငါးႏွစ္ၾကာၿပီးတဲ့ေနာက္မွာ ျပန္နိုးထလာတဲ့အခ်ိန္မွာ အမ်ားျပည္သူအတြက္ ဝန္ေဆာင္မႈေတြေပးဖို႔ စိတ္ထားထက္သန္ေနတုန္းပဲ၊ ပုံ ၃ မွာ ျပထားတဲ့ေဆး႐ုံမွတ္တမ္းေတြနဲ႕ အလႉမွတ္တမ္းေတြမွာဆိုရင္ အမ်ိဳးမ်ိဳးေသာ အဖြဲ႕အစည္းေတြရဲ႕ အေသးစိတ္ အခ်က္အလက္ တရားဝင္ လႊဲေျပာင္းေပးစာတမ္းေတြ တရားဝင္ပါေနတယ္”

“ထပ္ေျပာရရင္ ငါ ေမးခ်င္တာက အမ်ိဳးသမီးခိုင္က ကေလးေတြကို အဲဒီေလာက္အထိ ဂ႐ုစိုက္တဲ့အေမမ်ိဳးဆိုရင္ ဒီငါးႏွစ္အတြင္ ယြမ့္ထန္း ေဆး႐ုံတက္ေနတုန္းက သူက ဘယ္ကိုေရာက္ေနတာလဲ”

ေဝ့ေပၚရွိပုံမ်ားက ရွင္းလင္းျပတ္သား လြန္းသည္။ တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ ႀကီးမားေသာ ရိုက္ခ်က္ႀကီး ျဖစ္နိုင္သည္။ ထိုအခ်က္က ယြမ့္ထန္း၏ပရိတ္သတ္မ်ားကို ႐ူးသြပ္သြားေစလုနီးပါး ျဖစ္သည္။ ေန႕တစ္ဝက္တည္းႏွင့္ပင္ ထိုပိုစ့္ကို ေဝမွ်သူက သန္းငါးဆယ္ေက်ာ္သြားသည္။

သူ၏အလင္းဦးေႏွာက္က တုန္ခါလာသည့္အခါ ရဲ႕သခင္ေလး၏အသံက ထြက္လာသည္။

“အ႐ူး ဒါက အ႐ူးလို သက္ေသျပခ်က္ေတြပဲ မဟုတ္လား၊ မင္းကို ဘယ္သူက ဒါသုံးဖို႔ေျပာလဲ”

“ရဲ႕သခင္ေလး စိတ္ေအးေအးထားပါ”

သူ၏မ်က္ဝန္းတြင္ ေအးစက္ေသာအလင္းက လက္ေနေသာ္လည္း အဆိပ္ျပင္းေသာ ေလသံမ်ိဳးျဖင့္ ေျပာလိုက္သည္။

“ဒါက ပထမအဆင့္ေျခလွမ္းပဲ ရွိပါေသးတယ္၊ ခိုင္ရွင္းက ယြမ့္ထန္းရဲ႕ အေမအရင္းပါ၊ ဒီလိုအေမမ်ိဳးက ကိုယ့္သားကို ဒုကၡေပးမယ္လို႔ ဘယ္သူက ယုံမွာလဲ၊ ယြမ့္ထန္းက သူ႕ကိုယ္သူ ဘယ္လိုဖုံးကြယ္ထားသလဲ ဆိုတာကို မသိေပမယ့္ သူ႕ရဲ႕မ်က္ႏွာအစစ္အမွန္ကို ေဖာ္ထုတ္ဖို႔ အခ်ိန္အနည္းငယ္ လိုအပ္ေနတာပါ”

“ဟမ့္ အဲဒီလိုဆိုရင္ေကာင္းမယ္”
ရဲ႕သခင္ေလးက ႏွာေခါင္းရႈံ႕သည္။

“မင္းဒီတစ္ႀကိမ္ ဒီကိစၥကိုလည္း ထပ္ၿပီးဖ်က္ဆီးမယ္ဆိုရင္ အက်ိဳးဆက္ကို ကိုယ့္ဘာသာ တာဝန္ယူ”

“ဟုတ္ကဲ့”

ထိုသို႔ယဥ္ေက်းစြာ တုံ႕ျပန္လိုက္ေသာ္လည္း ေဝ့က်ိဳး၏မ်က္ဝန္းမ်ားတြင္မူ မုန္းတီးမႈမ်ားက ျပည့္ႏွက္ေနသည္။

ေဝ့က်ိဳးက သူႏွင့္ပတ္သက္ေသာဗီဒီယိုကို တင္လိုက္ျခင္းအား ရွာေတြ႕သြားသည့္ေနာက္တြင္ ယြမ့္ထန္း၏ ပထမဆုံးတုံ႕ျပန္မႈက ထိတ္လန႔္ျခင္းလည္း မရွိသလို ေဒါသလည္း မထြက္ေခ်။ ထို႔အစား ကူကယ္ရာမဲ့သြားသည္။ သူက ေဝ့က်ိဳးကိုပင္ သြားႏႈတ္ဆက္ခ်င္ေသးသည္။

“မင္းက အသက္ဘယ္ႏွစ္ႏွစ္လဲ”

ဗီဒီယိုထဲတြင္ သူ၏အေမဟု ေျပာေသာ သ႐ုပ္ေဆာင္ျပေနသည့္ အမ်ိဳးသမီးသ႐ုပ္ေဆာင္မႈကို ၾကည့္ၿပီးေနာက္တြင္ သူ ေဒါသထြက္လြန္းသျဖင့္ ရယ္ခ်င္သြားသည္။

“ဟုတ္တယ္၊ ဒါက သ႐ုပ္ေဆာင္ထားတာပဲ”

မူလပိုင္ရွင္၏မွတ္ဉာဏ္ေတြ မရွိဘဲနဲ႕ေတာင္ သူကိုယ္တိုင္က ႐ုပ္ရွင္ဧကရာဇ္တစ္ပါး မဟုတ္ဘဲနဲ႕ေတာင္မွ ဘယ္လိုေတာင္ သ႐ုပ္ေဆာင္ထားသလဲဆိုတာ သိသာေနတာပဲ၊ ဒီမိန္းမက ဒီေလာက္အထိ အသည္းအသန္ ေအာ္ငိုေနေပမယ့္ မ်က္လုံးေတြက မနီရဲေနဘူး၊ ရဲေနတာက အေရာင္ဆိုးထားတာပဲ၊ ေနာက္ၿပီး မ်က္ရည္ေတြက မနည္းညွစ္ထုတ္ ေနရေသးတယ္၊ ေနာက္ဆုံးမွပဲ လက္ကို တဖ်န္းဖ်န္း ရိုက္ၿပီး သနားစရာေကာင္းေအာင္ ဟန္ေဆာင္ေနခဲ့တာ။

အရာအားလုံးကို ၾကည့္လိုက္ျခင္းအားျဖင့္ သူမက ယြမ့္ထန္းကို ေသခ်ာဂ႐ုစိုက္ျခင္း မရွိေၾကာင္း သိသာေနသည္။

ထိုအမ်ိဳးသမီးက ယခင္ယြမ့္ထန္း၏အေမ ျဖစ္ေလာက္ေၾကာင္း သတိထားမိေသာအခါ ထိုစကားလုံးသုံးျခင္းကပင္ ႐ြံစရာေကာင္းေနၿပီဟု ခံစားရသည္။

ထိုသို႔သနားစရာေကာင္းေအာင္ ဟန္ေဆာင္ျပၿပီး သူ႕အား ေငြညွစ္ခ်င္သည့္ျဖစ္စဥ္ႏွင့္ ရင္ဆိုင္ရေသာအခ်ိန္တြင္ သူ၏ႏွလုံးသားထဲတြင္ မသက္မသာ ျဖစ္လာသည္။ ထိုခံစားခ်က္က သူ၏ကိုယ္ပိုင္ခံစားခ်က္ မဟုတ္ေခ်။ သူႏွင့္ခိုင္ရွင္းက ေျပာရလွ်င္သူစိမ္းမ်ား ျဖစ္ၾကသည္။ ထို႔ေၾကာင့္ ထိုမသက္မသာျဖစ္ေသာ ခံစားခ်က္မ်ားႏွင့္ အလိုအေလ်ာက္ ျဖစ္ေပၚလာသည့္ေဒါသမ်ားက နဂိုမူလပိုင္ရွင္၏ က်န္ရစ္ေနေသးေသာ စိတ္ဆႏၵမ်ား ျဖစ္ေလာက္ေလသည္။ သူက ထိုအမ်ိဳးသမီးကို ျမင္ခ်ိန္တြင္ မသိစိတ္အရ အလိုလို ထိုခံစားခ်က္မ်ားက ထြက္ေပၚလာျခင္းျဖစ္သည္။

သူက ယြမ့္ယြီ အိပ္ယာကုတင္ေပၚတြင္ လဲေလ်ာင္းေနေသာ ပုံစံကို ျမင္ခ်ိန္တြင္မူ ဝမ္းနည္းကာ စိတ္ဓါတ္က်သြားရသည္။

ယြမ့္ထန္းအေနျဖင့္ တစ္ဖက္သူမ်ားႏွင့္ သိရျခင္းက ေနာက္က်ေသာ္လည္း သူ၏စိတ္အေျခအေနကမူ ထိုသို႔မဟုတ္ေခ်။ ေဟာ္ယြန္ရီကလည္း ပထမဆုံးအႀကိမ္ မေတာ္တဆမႈကို ရွာေတြ႕ခဲ့ျခင္းျဖစ္ေလရာ ခ်က္ခ်င္းဆိုသလို သူ၏ညီငယ္ျဖစ္သူကို အေၾကာင္းၾကားလိုက္သည္။ သူတို႔က ယြမ့္ထန္းထံသို႔သြားကာ ထိုကိစၥကို ေဆြးေႏြးနိုင္သည့္တိုင္ေအာင္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို အရင္တုံ႕ျပန္ရမည္ေပ။

ေဟာ္ယြန္ခ်န္းက ထိုျဖစ္စဥ္အားလုံးကို ေသခ်ာဂ႐ုစိုက္ စစ္ေဆးသည္။ သို႔ေသာ္ သူက ကိုယ္ပိုင္ လိုအပ္ခ်က္ေၾကာင့္ႏွင့္ သူ၏ရာထူးအာဏာကို ထုတ္မသုံးခ်င္သည့္အတြက္ သူ၏ရွာေဖြမႈလမ္းေၾကာင္းက ေျပာင္းထားရသည္။ သိပ္မၾကာခင္အခ်ိန္တြင္ ခိုင္ရွင္းႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ားကို သူ သိလိုက္ရသည္။ ခိုင္ရွင္း၏ စတားနက္ေဝါ့အေကာင့္ကို သူသိလိုက္ရသည္။

ခိုင္ရွင္းက ဗီဒီယိုထဲတြင္ သူမ အဓိကတာဝန္ယူရေလာက္ေသာ အေၾကာင္းအရာမ်ားကို ဖယ္ခြာလ်က္ အျခားေသာ အေၾကာင္းအရာမ်ားကိုသာ ေ႐ြးခ်ယ္ေျပာျပထားသည္။ သူမက ယြမ့္ထန္းဟာ ႐ုပ္ရွင္ရိုက္ေနက် ျဖစ္ၿပီး သူမႏွင့္ယြမ့္ယြီထံ မၾကာခဏပိုက္ဆံအနည္းငယ္ပို႔ ေလ့ရွိသည္ဟု ဆိုထားေသာ္လည္း သူကိုယ္တိုင္အတြက္ကမူ ေနထိုင္စရိတ္ႏွင့္ အသုံးစရိတ္မ်ားအတြက္ တစ္ေသာင္းႏွစ္ေသာင္းခန႔္သာ ခ်န္ၿပီး က်န္ေသာအရာအားလုံးကို လႊဲေျပာင္းေပးခဲ့သည့္ ျဖစ္စဥ္ကို ဖယ္ခ်န္ထားခဲ့သည္။ သည္ႏွစ္မ်ားအတြင္ သူ ပို႔ေပးခဲ့ေသာ ပိုက္ဆံမ်ားက မနည္းပါးေတာ့ေခ်။ လတိုင္းလိုလို သူက သန္းႏွင့္ခ်ီ ပို႔ေဆာင္ေပးေနခဲ့ျခင္း ျဖစ္သည္။ ထိုပိုက္ဆံမ်ားႏွင့္ သာမန္မိသားစုတြင္ တစ္ဘဝလုံး ေနထိုင္သြားရန္ လုံေလာက္ေလသည္။ သူ လြန္ခဲ့ေသာ ႏွစ္အနည္းငယ္ခန႔္က ဒဏ္ရာရၿပီး ကိုမာဝင္ေနခဲ့ျခင္းေၾကာင့္သာ မဟုတ္လွ်င္ ယခုအခ်ိန္အထိ ထပ္ပို႔ေပးေနခဲ့အုံးမည္မွာ ေသခ်ာသည္။ သူ၏ဦးေႏွာက္မွ ဒဏ္ရာက ျပင္းထန္ေသာေၾကာင့္ သူ အတိတ္က မွတ္ဉာဏ္ကို ေမ့သြားခဲ့ၿပီး သည္အေမႏွင့္ကေလးကို သတိမရေတာ့သည့္အတြက္သာလွ်င္ ပိုက္ဆံကို မလႊဲေျပာင္းနိုင္ေတာ့ျခင္းလည္း ျဖစ္သည္။ ထိုအေၾကာင္းျပခ်က္ေၾကာင့္ ခိုင္ရွင္းက သတင္းရၿပီးသည္ႏွင့္ ပိုက္ဆံေတာင္းရန္ ယခုကဲ့သို႔သ႐ုပ္ေဆာင္ျခင္း ျဖစ္ေလာက္သည္။

အေကာင္းဆုံးနည္းလမ္းႏွင့္ ျပန္လည္တိုက္ခိုက္နိုင္ရန္အလို႔ငွာ ကိုယ့္ကိုယ္ကိုႏွင့္ ရန္သူကို အေကာင္းဆုံး သိထားရေပမည္။ ထို႔ေၾကာင့္ ေဟာ္ယြန္ခ်န္းက ယြမ့္ထန္း၏ယခင္ ေဖ်ာ္ေျဖေရးကုမၸဏီသို႔ ဆက္သြယ္လိုက္သည္။ သူက ယြမ့္ထန္း၏အိမ္အေျခအေနကို ေမးျမန္းခ်င္သည္။ ယြမ့္ထန္းက ကုမၸဏီႏွင့္ စတင္ပြဲဦးထြက္ကတည္းက စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေသာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာၾကာ အလုပ္လုပ္ခဲ့ေလရာ ကုမၸဏီကလည္း တစ္စုံတစ္ရာ သိထားေလာက္ေလသည္။

ေသခ်ာစြာပင္ သူတို႔က ယြမ့္ထန္း၏ယခင္ေအးဂ်င့္ႏွင့္ ဆက္သြယ္ရရွိခဲ့သည္။ ယြမ့္ထန္းက သူ၏မိသားစုအေၾကာင္း တစ္ႀကိမ္ေသာ္မွ် ထုတ္ေျပာဖူးျခင္းမရွိခဲ့ေပ။ ထို႔ေၾကာင့္ ထိုေအးဂ်င့္အေနႏွင့္ မိသားစုထံသို႔ ပိုက္ဆံပို႔သည့္ကိစၥကို မသိထားေခ်။

သူက လူသစ္ျဖစ္ခဲ့ခ်ိန္က ထိုေအးဂ်င့္က သူ၏လက္ေအာက္တြင္ အႏုပညာရွင္အမ်ားစုကို ကိုင္တြယ္ထားသည္။ ထို႔ေၾကာင့္ ယြမ့္ထန္းတစ္ေယာက္တည္းကို အာ႐ုံမစိုက္နိုင္ခဲ့ေခ်။ သူ၏သိနားလည္နိုင္စြမ္းက အကန႔္အသတ္ ရွိေနသည္။ ယြမ့္ထန္း၏လုပ္ေဆာင္နိုင္စြမ္းအားက တိုးျမင့္လာၿပီး တက္ႂကြေၾကာင္းသာလွ်င္ သူက သိရွိထားသည္။ ေလ့က်င့္ျခင္းတြင္ျဖစ္ေစ၊ အလုပ္လုပ္ျခင္းတြင္ျဖစ္ေစ သူက ဘယ္ေတာ့မွ တစ္ေန႕မွ အနားမယူခဲ့ဖူးေခ်။ သူက ပိုက္ဆံရနိုင္သည့္ အခြင့္အေရးတိုင္းကို ဖမ္းဆုပ္ကိုင္ေလ့ရွိကာ လက္ေလွ်ာ့ေလ့ မရွိခဲ့ေခ်။ ထို႔ေၾကာင့္ ထိုမွ် ႀကိဳးစားတက္ႂကြေသာ အႏုပညာရွင္မ်ိဳးက ရွားပါးလြန္းသည္။ ယြမ့္ထန္း၏ အေျခအေနက ေကာင္းမြန္ျခင္း မရွိသည့္အတြက္ ထိုေအးဂ်င့္အေနႏွင့္ သူ႕အား အခြင့္အေရးေပါင္းမ်ားစြာကို ေပးအပ္လိုခဲ့ေလသည္။

သို႔ေသာ္ ဗီဒီယိုထဲတြင္ ခိုင္ရွင္းေျပာထားသည့္အတိုင္းဆိုလွ်င္ သူမက မမွ်မတ ဆက္ဆံခံရကာ ဆက္သြယ္၍ မရေအာင္ကိုပင္ ဖုန္းနံပါတ္ကို ပိတ္ဆို႔ထားသည္ဟု ဆိုခဲ့သည္။ ထိုအခါ ေအးဂ်င့္က ေဒါသထြက္သြားေတာ့သည္။ ယြမ့္ထန္းက မေတာ္တဆ ျဖစ္ၿပီးကတည္းက ထိုမိန္းမက တစ္ခါမွ်ပင္ မဆက္သြယ္လာခဲ့ဖူးျခင္း မရွိခဲ့ေခ်။ တစ္ႀကိမ္က ဆက္သြယ္လာခဲ့ေသာ္လည္း သူက ဖုန္းကို လက္ခံေျဖဆိုၿပီး ယြမ့္ထန္းက ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားခဲ့ကာ ကိုမာဝင္သြားေၾကာင္း သိသည္ႏွင့္ ထပ္မေခၚေတာ့ေခ်။ ထို႔အစား မည္သည့္အခ်ိန္က ကုမၸဏီႏွင့္ ဆက္သြယ္ၿပီး ဖုန္းပိတ္ထားသည္ဟု ေျပာလာေၾကာင္းကို သူတို႔ နားမလည္ၾကေတာ့ေခ်။

ထို႔အျပင္ သူမ ဖုန္းဆက္ခဲ့ခ်ိန္ကလည္း ယြမ့္ထန္းအတြက္ ေလ်ာ္ေၾကးေတာင္းခဲ့ေသးသည္။ ထိုအခ်ိန္က ယြမ့္ထန္းက ကိုမာဝင္ခဲ့႐ုံမွ်သာလွ်င္ျဖစ္ၿပီး ေသဆုံးခဲ့ျခင္း မရွိေသးေပ။ ထို႔အျပင္ သူ႕အတြက္လည္း ကုသစရိုက္မ်ားစြာက လိုအပ္ေနေသးေလရာ သူက ကုမၸဏီမွ သက္တမ္းရွည္အလုပ္သမားတစ္ေယာက္ ျဖစ္သည့္အတြက္ ႐ုပ္ရွင္ဧကရာဇ္ဘြဲ႕ကိုလည္း ရထားခဲ့ေသးေလရာ ကုမၸဏီက သူ႕အတြက္ ကုသစရိတ္ကို ေပးအပ္ခဲ့သည္။ သို႔ေသာ္ မိသားစုက ထိုသို႔ လာေရာက္ေတာင္းခံျခင္းကို သူတို႔က လက္မခံနိုင္ေခ်။ ထိုေအးဂ်င့္က ထိုမိန္းမက သူ႕သား၏ေသျခင္း ရွင္ျခင္းကို ဂ႐ုမစိုက္ေၾကာင္း နားလည္ထားသျဖင့္ မိေထြးတစ္ေယာက္ဟုသာ ထင္သည္။ ထို႔ေၾကာင့္ ယြမ့္ထန္း၏ အလင္းဦးေႏွာက္မွတစ္ဆင့္ ဖုန္းကို ပိတ္ဆို႔ထားခဲ့ျခင္းလည္း ျဖစ္သည္။ ငါးႏွစ္က လ်င္ျမန္စြာ ကုန္ဆုံးသြားခဲ့သည့္တိုင္ေအာင္ ထိုမိန္းမက နတ္ဆိုးမတစ္ေကာင္ကဲ့သို႔ ထြက္ေပၚလာေသးေလရာ သူက အလြန္ဆြံ႕အ မိေနေလေတာ့သည္။

အေျခအေနအရပ္ရပ္ႏွင့္ ယြမ့္ထန္းႏွင့္မိသားစုမွ ဆက္ဆံေရးက အလြန္အမင္း အားနည္းေၾကာင္း စုံစမ္းခဲ့ၿပီးေနာက္တြင္ ထိုခိုင္ရွင္းအမည္ရေသာ အမ်ိဳးသမီးက ယြမ့္ထန္း၏အေမအရင္း ျဖစ္သည့္တိုင္ေအာင္ ပိုက္ဆံကိုသာလွ်င္ အသိအမွတ္ျပဳၿပီး သူ႕ကိုယ္သူလည္း အသိအမွတ္ျပဳထားျခင္း မရွိခဲ့ေခ်။ ထိုမိန္းမက ႏွစ္တိုင္းလိုလို ပိုက္ဆံကိုသာ ေတာင္းခံေနေလ့ ရွိသည္။ မေတာ္တဆမႈ ျဖစ္ၿပီးေနာက္တြင္ သူမ ပထမဆုံး စိုးရိမ္သည္က သူ႕သား၏အသက္ဆိုသည္ထက္ ယြမ့္ထန္းႏွင့္ သက္ဆိုင္ေသာ မွန္ကန္စြာ ရရွိရမည့္ေလ်ာ္ေၾကး ျဖစ္သည္။

ေဟာ္ညီအစ္ကိုမ်ားက ထိုကဲ့သို႔ေသာမိခင္မ်ိဳးကို တတ္နိုင္သမွ် ျမန္ျမန္ သံေယာဇဥ္ ျဖတ္ေတာက္လိုသည္။ သို႔ရာတြင္ အေျခအေနက ယခင္ႏွင့္ ကြာျခားသြားသည္။ မည္သို႔ပင္ဆိုေစ ဒါက မိသားစုကိစၥျဖစ္သည္။ သူတို႔ညီအစ္ကိုအျပင္ လူႏွစ္ေယာက္က ဝင္ေရာက္ မစြက္ဖက္သင့္ေခ်။ ထို႔ေၾကာင့္ ေဘာင္ေက်ာ္သလို ျဖစ္သြားမည္ကို စိုးရိမ္ခဲ့ျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ သက္ေသမ်ားကိုသာ မွတ္တမ္းတင္နိုင္ခဲ့သည္။ အရာအားလုံးကို ယူေဆာင္လာၿပီးေနာက္တြင္ သူတို႔က ယြမ့္ထန္း၏အိမ္သို႔ ထြက္လာခဲ့လိုက္သည္။

“ဥကၠဌေဟာ္၊ မာရွယ္ေဟာ္”

ယြမ့္ထန္း၏စိတ္အေျခအေနကမူ တည္ၿငိမ္သည္။ သူက ထိုလူမ်ားကိုပင္ အေအးေဖ်ာ္ေပးေသးကာ သုံးေယာက္အတူ ဆိုဖာတြင္ ဝင္ထိုင္လိုက္ၾကသည္။

“ကြၽန္ေတာ့္အေမဆိုတဲ့ တစ္ေယာက္ကိစၥေၾကာင့္ ေရာက္လာခဲ့တာလား”

ေဟာ္ယြန္ခ်န္းက ေခါင္းညိတ္ၿပီးေနာက္ စိုးရိမ္တႀကီးၾကည့္သည္။ ယြမ့္ထန္းကမူ ေႏြးေထြးသြားသလို ခံစားလိုက္ရၿပီးၿပဳံးလိုက္သည္။

“ကြၽန္ေတာ္ အဆင္ေျပပါတယ္၊ ကြၽန္ေတာ္ သူမကိုလည္း မမွတ္မိဘူးေလ၊ ဒီေတာ့ ဘယ္လိုမွ မခံစားရဘူး၊ ေနာက္ၿပီး ကြၽန္ေတာ့္ပရိတ္သတ္ေတြက ကြၽန္ေတာ့္အတြက္ ထုတ္ေဖာ္ေျပာဆို ေပးၾကတဲ့အျပင္ ကြၽန္ေတာ့္ကိုလည္း ယုံၾကည္ၾကတယ္၊ သူတို႔က ကြၽန္ေတာ့္ကို ေထာက္ပံ့ၾကတဲ့အတြက္ တကယ့္ကို ေပ်ာ္႐ႊင္မိပါတယ္”

မည္သို႔ပင္ဆိုေစ ကိုယ္ပိုင္မိသားစုကိစၥႏွင့္ပတ္သက္၍ အထင္လြဲခံရေသာ ကိစၥမ်ားက အမ်ားျပည္သူသိသည္အထိ တရားဝင္ျဖစ္သြားလွ်င္ ရွင္းရမလြယ္ကူေတာ့ေခ်။

ေဟာ္ယြန္ရီက အနည္းငယ္ ေတြးေတာၿပီးေနာက္ ေျပာလိုက္သည္။

“မင္းအေနနဲ႕ ေဆး႐ုံက မင္း မွတ္ဉာဏ္ေပ်ာက္ေနတယ္ဆိုတဲ့ အေၾကာင္းအရာ တရားဝင္ ထုတ္ေပးထားတဲ့ ေဆးစာ႐ြက္ကို ေဝ့ေပၚမွာ တင္သင့္တယ္လို႔ ထင္တယ္၊ ငါတို႔ကလည္း မင္းရဲ႕မိသားစုအေျခအေနေတြ အားလုံးကို စုံစမ္းစစ္ေဆးခဲ့ၿပီးၿပီ၊ ဒီေတာ့ အတည္ျပဳေပးနိုင္တယ္၊ ေနာက္ၿပီး မင္းအေနနဲ႕ ႏွစ္ေပါင္းမ်ားစြာ တိုင္ေအာင္ လတိုင္းနီးပါး ပိုက္ဆံအားလုံးနီးပါးကို အဲဒီမိန္းမဆီကို ပို႔ေပးခဲ့တဲ့သက္ေသကတင္ ဒီလိုလူမ်ိဳးက ဘယ္လိုလူမ်ိဳးလဲဆိုတာကို သက္ေသျပဖို႔ လုံေလာက္ေနၿပီ၊ အဲဒီအခ်ိန္က မင္းက ဒဏ္ရာရသြားခဲ့ေတာ့ အဲဒီမိန္းမက မင္းရဲ႕ေဖ်ာ္ေျဖေရးကုမၸဏီကို ဆက္သြယ္လာခဲ့ၿပီး ပိုက္ဆံေတာင္းခဲ့တယ္၊ သူတို႔ကိုေတာင္ တရားစြဲခ်င္ခဲ့ေသးတယ္၊ ေနာက္ဆုံးအေနနဲ႕ ဒီကိစၥေတြအားလုံးကို မွတ္တမ္းတင္နိုင္ခဲ့တယ္၊ ဒီေတာ့ ငါတို႔အားလုံးမွာ သက္ေသရွိတယ္လို႔ေျပာနိုင္တယ္”

“ေက်းဇူးတင္ပါတယ္”
ယြမ့္ထန္းက ထိုႏွစ္ေယာက္ကို ေက်းဇူးတင္စိတ္အျပည့္ျဖင့္ ၾကည့္လိုက္သည္။ ထိုလူမ်ားက သူ႕အား အလြန္ကူညီၾကသည္။

ေဟာ္ယြန္ခ်န္းကေျပာသည္။
“ဒီကိစၥကို တရားဝင္ေျဖရွင္းခ်င္လား၊ ဘယ္အခ်ိန္ေျဖရွင္းခ်င္လဲ”

သူက မ်က္လႊာခ်လိဳက္ၿပီးေနာက္ အတန္ငယ္ေတြးေတာသည္။ ထို႔ေနာက္ ေခါင္းျပန္ေမာ့ကာ ျဖည္းညင္းစြာ ေခါင္းခါလိုက္သည္။

“ကြၽန္ေတာ္ အခ်ိန္တစ္ခုၾကာတဲ့အထိ မေျဖရွင္းခ်င္ေသးဘူး၊ ကြၽန္ေတာ္ ေမြးရပ္ေျမၿဂိဳလ္ကို သြားၿပီး ကိစၥေတြအားလုံးကို အတည္ျပဳခ်င္တယ္”







Continue Reading

You'll Also Like

3.4M 217K 52
แ€แ€แ€นแ€แ€ฌ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€แ€ฑแ€ฌแ€›แ€ญแ€ฏแ€„แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€แ€แ€นแ€แ€ฌแ€€ แ€™แ€ญแ€”แ€บแ€ธแ€™แ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ทแ€กแ€œแ€พ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€šแ€บ แ€แ€แ€นแ€แ€ฌแ€€ แ€…แ€ฌแ€™แ€แ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€€แ€ญแ€ฏแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บ
253K 9.1K 39
แ€–แ€ฎแ€ธแ€”แ€…แ€บแ€„แ€พแ€€แ€บแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ท แ€›แ€„แ€บแ€€แ€ฝแ€ฒแ€™แ€แ€แ€บแ€กแ€ฑแ€ฌแ€บแ€Ÿแ€…แ€บแ€žแ€ถแ€Ÿแ€ฌ แ€œแ€ฑแ€ฌแ€„แ€บแ€€แ€ปแ€ฝแ€™แ€บแ€ธแ€กแ€ถแ€ทแ€†แ€ฒแ€†แ€ฒ แ€กแ€แ€ฑแ€ฌแ€„แ€บแ€•แ€ถแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€กแ€แ€ฐ แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€€แ€ฝแ€šแ€บแ€•แ€ปแ€€แ€บแ€…แ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€ฑแ€ฌแ€ทแ€™แ€šแ€บแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌ แ€„แ€ซแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บ...
1.1M 89.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.