အပိုင်း - ၅
" သားမျက်ရည်တွေ ကိုကို့အကျႌမှာပေကုန်ပြီ "
" အေးပေါ့ အခုတော့ငါအကျႌပြန်လဲရတော့မယ်
မသိရင်ခွေးပေါက်လေး အီနေတာကျနေတာပဲကွာ "
" ဟိုလေ သားကြောင့်ဆိုတော့ အကျႌတွေလိုက်ပြီး
ရွေးပေးရမလားဟင် "
ရတယ် ငါ့ဘာသာလုပ်လိုက်မယ်လို့ပြောလိုက်ချင်ပေမယ့်
ထပ်ငိုနေမှာစိုးတာနဲ့
" ဒါပေါ့ မင်းကြောင့်ဖြစ်တဲ့ဟာ မင်းလိုက်ရွေးပေးရမှာပေါ့ "
*
*
*
*
*
*
*
*
" လူဇော်ရဲ့သတင်းကို ဘာတွေကြားရသေးလဲ "
" ဒီကောင်ခြေရာပျောက်နေတယ်ဆရာ ၊ သတင်းကြားရ
သလောက်ဆိုရင် ထိုင်းဖက်ကမ်းကိုရောက်နေတယ်ကြားရ
တယ် ၊ ရဲလက်ကနေလွတ်အောင်ရှောင်နေတဲ့ပုံပဲ "
" အဲကောင်ကြာကြာမရှောင်နိုင်ဘူး ငါပြန်ရောက်နေတယ်ဆိုတာကိုသိရင် ကျိန်းသေပြန်ဝင်လာလိမ့်မယ် ၊ သူ့သတင်းအတိအကျရအောင်သာစုံစမ်းထား ၊ အဓိက,က
သူ ဒီဘက်ကိုပြန်မရောက်လာခင် သတင်းရဖို့်လိုတယ် ၊
ဒီကောင်က မြေခွေးလိုကောင်မျိုး "
" သူက သက်ထက်ပန်ကိုလဲ အလွတ်ပေးမယ့်ပုံတော့
မပေါ်ဘူး "
" သက်ထက်ပန်အတွက်က အရမ်းတော့စိတ်မပူစရာမရှိ
တော့ဘူး ၊ ငါ့အရိပ်အာဝါသအောက်မှာရောက်နေတဲ့သူကို
ရှေ့ကလူတွေလိုမျိုး လက်လွတ်စပယ်သူမလုပ်ရဲတော့တာ
သေချာတယ်၊ ငါ့ရဲ့အရိပ်အာဝါသအောက်ကလူကိုထိလာရင် သူဘယ်လိုပြန်ခံစားရမလဲဆိုတာ ဒင်းကောင်းကောင်းသိထား
ပြီးသားလေ "
" ဆရာကို အသိပေးစရာရှိသေးတယ် ၊ ဟိုဘက်ကနေ
အဆက်အသွယ်ရလာပြီ ၊ ဆရာပြောထားတဲ့ကိစ္စကို
သူတို့လက်ခံတယ်တဲ့ ၊ လုပ်ငန်းလက်လွှဲယူမယ့်သူဌေးအသစ်ကလည်း ဥရောပဘက်ကလို့ပြောတယ် ၊ သူတို့နဲ့ပူးပေါင်း
ဖို့အဆင်ပြေတယ်ပေါ့ ၊ သူတို့ကတော့ ဆရာ့ကိုနောက်ဆုံး
အနေနဲ့တစ်ခေါက်လောက်တော့ ပြန်စဉ်းစားပါဦးပြောတယ်၊
လုပ်ငန်းကရနေတဲ့အကျိုးအမြတ်က မနည်းဘူးဆိုတော့လေ ၊
ရပ်လိုက်ဖို့ကို လုံးဝဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဆရာ့အတွက်
ရပိုင်ခွင့်အားလုံးကို လွှဲပြောင်းပေးပါ့မယ်တဲ့ ၊ ဆရာက ငွေသားအနေနဲ့လက်ခံယူချင်တယ်ဆိုရင်လည်း အဲဒီငွေကြေးပမာဏအားလုံးကို တရားဝင်ငွေကြေးအနေနဲ့ ဒီဘက်ကိုစီးဆင်းလာစေဖို့ သူတို့က နည်းလမ်းရှာထားပြီပြောတယ် "
" အစီအစဉ်အတိုင်းဆက်လုပ်ခိုင်းလိုက် ၊ လွှဲပြောင်းမယ့်ကိစ္စအတွက် ငါ့ကိုယ်စားမင်းသွားရလိမ့်မယ်၊ ဒီရက်ပိုင်းထဲအလုပ်တွေရသလောက်ဖြတ်ထား "
" ဟုတ်ကဲ့ပါဆရာ "
" ဆရာ သက်ထက်ပန်အပြင်မှာရောက်နေပါတယ် "
လက်ထောက်ဖြစ်သူနဲ့စကားပြောနေတုန်းမှာပင် အတွင်းရေးမှူး
အမျိုးသမီးရဲ့ အကြောင်းကြားလာမှုကြောင့်
" ဝင်လာခိုင်းလိုက် "
စကားဆုံးပြီးသိပ်မကြာခင်ဘဲ အခန်းထဲဝင်လာသည့်
တဒေါက်ဒေါက်အသံကို ကြားလိုက်ရတော့သည်။
ပြီးတာနဲ့အခန်းထဲဝင်လာသည့် သက်ထက်ပန်။
ဘာလိုလိုနဲ့ ဒီကောက်လေး ကိုယ့်အိမ်မှာရောက်နေတာ
ခြောက်လကျော်နေပြီဖြစ်သည်။ ပုံမှန်ဆေးကုသမှုခံယူနေ
သည့်သူ့ခြေထောက်တွေက အရင်ကထက်အများကြီးအခြေအနေကောင်းလာကာ အခုဆိုရင် ဂျိုင်းထောက်အကူအညီနဲ့
လမ်းလျှောက်နေနိုင်ပြီ။
" ကိုကို ထမင်းဆာနေပြီလား "
သူယူလာသည့်ထမင်းဂျိုင့်ကို မြှောက်ပြကာ မေးလာတာကြောင့်
" မဆာသေးပါဘူး မင်းရော ထမင်းစားလာပြီလား "
" ပြန်သွားမှစားတော့မယ် ဗိုက်မဆာသေးလို့ ထမင်းဂျိုင့်
ထားခဲ့မယ်နော်ကိုကို ၊ ဘမောင်က ဒီကနေပြန်ရင်
ကြီးကြီးနွယ်ကို တစ်ပတ်စာဈေးဝယ်ထားဖို့အတွက်
လိုက်ပို့ပေးရဦးမှာဆိုတော့လေ "
" ဟုတ်ပြီ ထားခဲ့လိုက် ၊ မင်းရောဘာတွေလိုလဲ ၊ လိုတာရှိရင်တစ်ခါထဲမှာလိုက်နော် "
" ဟုတ် ဟုတ် အဲဒါဆိုသားပြန်ပြီ ၊ အချိုတည်းဖို့
ပူတင်းဖုတ်လာပေးထားတယ် ရေခဲသေတ္တာထဲထည့်သိမ်း
ခိုင်းထားပြီးမှစားနော် "
စကားစမပြတ်တဲ့ကောင်လေးကို ခေါင်းသာညှိမ့်ပြလိုက်တော့သည်။ ကိုယ့်အရိပ်အခြေကိုကြည့်ပြီးတာနဲ့ အခန်းအပြင်ပြန် ထွက်သွားသည့်ကောင်လေးရဲ့နောက်ကျောကို ခဏတော့ကြည့်လိုက်မိသေး၏။ ပေါင်လည်လောက်သာရှိသည့်ဘောင်းဘီတိုလေးတွေကို မဝတ်ပါနဲ့ပြောလည်း ပြောစကားနားမထောင်။
လူကောင်ကသေးရတဲ့ကြားထဲ အဲလိုတွေဝတ်စားနေတော့
မသိရင်အလည် အလယ်တန်းကျောင်းသားလောက်သာရှိသေးတယ်လို့ထင်ရတာမျိုး ။
တကယ်တော့ ကိုယ့်အိမ်ကိုရောက်နေသည့်အချိန်မှာပင်
သက်ထက်ပန်တစ်ယောက် အသက်ဆယ့်ရှစ်နှစ်ပြည့်ခဲ့လေပြီ။
အသက်ဆိုကာမှ ရှေ့လထဲမှာမွေးနေ့ရောက်တော့မည့်
ချစ်ရသူကိုသတိရမိသွားပြန်၏။ ဒီနှစ်လဲ သူမရှိတော့တဲ့
မွေးနေ့ပွဲကိုကျင်းပပေးရဦးမည်။
" သတိရတယ် သတိရတယ်ရှိန်းရယ် ၊ မင်းကတော့
အေးချမ်းနေလောက်ရောပေါ့၊ အကိုမှာတော့ ဒီနေ့ထိမင်းကို
မေ့မရသေးဘူးလေ "
*
*
*
*
*
*
*
*
သက်ထက်ပန်တစ်ယောက်ပျင်းပျင်းရှိတာနဲ့ အိမ်သန့်ရှင်းရေး
လုပ်နေလိုက်သည်။ တစ်နေ့တစ်နေ့ ဘာအလုပ်မှာမရှိဘဲ
နေရတဲ့ရက်တွေလတွေကကြာလာတော့ လူပိုကြီးလိုခံစား
နေရကြောင့် ဘယ်သူကမှမခိုင်းရပါဘဲ အိမ်မှာရှိနေသည့်
အလုပ်တွေထဲကမှ ကိုယ်လုပ်လို့ရသည့်တစ်ချို့အလုပ်တွေကို
ဝိုင်းကူပေးဖြစ်သည်။ဒီနေ့တော့ အခန်းသန့်ရှင်းရေးလုပ်မယ် အတွေးနဲ့ ကိုကိုအခန်းထဲကိုဝင်လာလိုက်ပြီး သန့်ရှင်းရေးလုပ်ပေးဖြစ်သည်။
လျှော်ရမယ့်အဝတ်တွေကိုယူပြီး လျှော်လို့ရသလောက်
လျှော်ပေးထားလိုက်၏။ခြေထောက်တွေက သိပ်ပြီးမကောင်း
သေးတာကြောင့် ကြမ်းပြင်မှာထိုင်လို့မရသေး။ ခွေးခြေခုံပုလေးပေါ်မှာထိုင်ပြီး အဝတ်လျှော်ရသည်။ အစပိုင်းတုန်းကတော့ သူ့အလုပ်တွေကိုမလုပ်ဖို့ ကိုကိုကတားသေးသည်။
ကိုယ်က ခေါင်းမာမာနဲ့ဆက်လုပ်ပေးနေလို့ အခုနောက်ပိုင်းတော့ လွှတ်ထားလိုက်ပုံရ၏။ လျှော်ပြီးသားအဝတ်တွေကို
ခြင်းတောင်းထဲထည့်ပြီး ကိုယ့်လက်တွေကိုရေစင်အောင်
သုတ်လိုက်သည်။ ပြီးတာနဲ့ရေချိုးခန်းထဲကနေပြန်ထွက်
လာပြီး အိပ်ခန်းထဲမှာဆက်ပြီးသန့်ရှင်းရေးလုပ်လိုက်သည်။
ခုံပေါ်ကိုအဝတ်နဲ့ဖုန်သုတ်နေသည့်အချိန် သော့တန်းလန်း
နဲ့အံဆွဲတစ်ခုကိုမြင်မိတာကြောင့် ဘာရယ်မဟုတ် ဖွင့်ကြည့်
လိုက်မိ၏ ။ခါတိုင်းဆို ကိုကိုက သူ့အခန်းထဲကဗီဒိုတွေ
အံဆွဲတွေအကုန်လုံးကို သော့ခတ်ပြီးထားနေကျပေမယ့်
ဒီနေ့တော့မေ့သွားပုံရလေသည်။ အံဆွဲကိုဖွင့်ကြည့်လိုက်တော့
မှောက်ရက်သားထည့်ထားသည့်ဓာတ်ပုံတစ်ခု။သူ့ရဲ့ဘေးမှာ
တော့ အနီရောင်ရတနာဘူးလေးတစ်ခု။
သူများရဲ့ပစ္စည်းတွေကို စပ်စပ်စုစုယူမကြည့်သင့်ဘူးဆိုတာကို
သိနေသည့်တိုင် ထိုပစ္စည်းတွေဆီလက်လှမ်းမိသွားသည်။
ဓာတ်ပုံလေးထဲတွင် ကိုကိုက အခြားအမျိုးသားတစ်ဦးကို
ကျောပြင်နဲ့ ဒူးခေါင်းအောက်ကနေ ပွေ့ချီထားလေသည်။
သူ့ရင်ခွင်ထဲကအမျိုးသားလေးကလည်း ကိုကို့လည်တိုင်တွေဆီပြန်ပြီးသိုင်းဖတ်ထားသေး၏ ။ တစ်ဆယ့်ရှစ်နှစ်တာကာလအတွင်း ကိုကိုရဲ့အားရပါးရပြုံးရီနေသောပုံကို သက်ပန်တစ်ခါမှမမြင်ဘူးခဲ့ပါ။ဓာတ်ပုံထဲမှာတော့ ကိုကိုက သွားဖြူဖြူလေးတွေပေါ်သည့်အထိ ရီမောနေလေရဲ့။
ဓာတ်ပုံလေးကိုအသာပြန်ချပြီး ဘေးနာကကတ္တီပါဘူးအနီရောင်လေးဆီလက်လှမ်းယူပြီးဖွင့်ကြည့်လိုက်မိတော့ စိန်တစ်လုံးမြှပ်ထားသည့် အဖြူရောင်ပလက်တီနမ်လက်စွပ်လေးနှစ်ကွင်း
နှင့် အပြာရောင်ဖျော့ဖျော့စာရွက်ခေါက်လေးတစ်ခု ။ စာရွက်ခေါက်လေးကိုဖွင့်ပြီးဖတ်ကြည့်လိုက်တော့
* ဒါက ရှိန်းငယ်တစ်ဦးတည်းသာပိုင်ဆိုင်ခွင့်ရှိတဲ့ ကိုယ့်ရဲ့
တန်ဖိုးထားမှုပါ။Marry me! *
" ဒါက ဘာလုပ်နေတာလဲ သက်ထက်ပန်!! "
အနီးကပ်အအော်ခံလိုက်ရသည့်အသံကြောင့်
တစ်ကိုယ်လုံးတုန်တက်သွားရလောက်သည့်အထိ လန့်သွားပြီး
လက်ထဲမှာကိုင်ထားသည့် လက်စွပ် ရောစာရွက်ခေါက်ပါ
ကြမ်းပြင်ပေါ်ပြုတ်ကျသွားရလေတော့သည်။ လက်စွပ်နဲ့
ကြမ်းပြင်ထိခတ်သွားသည့်အသံဟာ ကြားခဲ့ဖူးသမျှထဲတွင်
အကျယ်လောင်ဆုံးအသံလို့တောင် ထင်လိုက်မိတော့၏ ။
ကြမ်းပြင်ပေါ်ကျသွားသည့် လက်စွပ်နဲ့စာရွက်ရွက် ငုံ့ယူလိုက်တဲ့သူက ခေါင်းမော့ပြီး ကိုယ့်ကိုကြည့်လာချိန်မှာတော့
မျက်လုံးထဲကသွေးကြောတွေပင် ပေါက်ကွဲထွက်မတက်
နီရဲနေလေတော့သည်။ ကိုကိုဘာကြောင့်များ ဒီလောက်
ဒေါသထွက်သွားရတာပါလိမ့် ။
" ငါ မေးနေတယ်လေသက်ထက်ပန် မင်းဘာတွေလုပ်နေတာလဲလို့ "
" အခန်း အခန်းသန့်ရှင်းရေးလုပ်ပေးတာပါ ၊ အံဆွဲက
သော့ပွင့်နေလို့ ဒီတိုင်းယူကြည့်လိုက်မိတာ "
" သူများအခန်းထဲဝင်ပြီးရင် ပိုင်ရှင်ခွင့်ပြုချက်မရဘဲ အဲလိုမျိုးတွေလိုက်ပြီးကိုင်လိုမရဘူးဆိုတာ မင်းမသိတာလား
သက်ထက်ပန် ၊ မင်းသောက်ဆင့်ကဘာမို့လို့ ငါ့အခန်းထဲဝင်
ပြီး ငါ့ပစ္စည်းတွေကို လိုက်ကိုင်နေရတာလဲ "
" ကိုကို စကားပြောတာမမိုက်ရိုင်းနဲ့နော် ၊ ကိုကို့ကောင်လေး
အတွက်လက်စွပ်ကိုဒီတိုင်းကြည့်လိုက်မိယုံဘဲ ၊ ပိုင်ရှင်ခွင့်ပြု
ချက်မရဘဲကိုင်မိတာ သားမှားသွားတယ်၊ အဲဒီအတွက်လဲသားတောင်းပန်တယ်၊ ဒါပေမဲ့ ကိုကိုအနေနဲ့သားကို
ဒီလောက်အထိ စကားရိုင်းရိုင်းတွေသုံးစရာလိုလို့လား ၊
အဲဒီလက်စွပ်ကို သားကဝတ်နေလို့လား "
" ဒီလက်စွပ်ကို မင်းဝတ်ချင်ရင်လည်း မင်းငါနဲ့အိပ်ပေးမှ
ရမယ်၊ ဘယ်လိုလဲငါနဲ့အိပ်ပေးမလား ၊ ငါ့ပစ္စည်းတွေကို
ငါ့ခွင့်ပြုချက်မရဘဲ အခုလိုတွေထိချင်ကိုင်ချင်နေတယ်ဆို
ငါကသဘောထားကြီးပေးမယ်လေ ၊ မင်းကငါနဲ့ပြန်အိပ်ပေး
လိုက် "
ကြားလိုက်ရသည့်စကားကြောင့် ဘာမှပြန်ပြီးမပြော
နိုင်ရလောက်အောင် ကြက်သေသေမိသွား၏။ ကိုကိုက
ကိုကိုက ဘာလို့များကိုယ့်ကိုဒီလောက်ထိပြောနိုင်ရတာလဲ။
ထင်မထားဘူး ။တကယ်ကိုထင်မထားမိဘူး ။
" ဒီလောက်ထိ ဒီလောက်ထိသားကိုပြောရက်တာလား ၊
ထင်မထားဘူး ကိုကိုက အဲလောက်ထိတောင် သားကိုမုန်း
နေမယ်လို့ထင်မထားဘူး၊ အိပ်ယာပေါ်ကကိစ္စအထိ ပြောထွက်တာတကယ်အံ့သြလိုက်တာ ၊ သားမနက်ကို ဟိုဘက်အိမ်
မှာဘဲပြန်နေပါ့မယ်၊ သားလည်း ကိုကို့ရှေ့ကိုဘယ်တော့မှပြန်မလာဘူး၊ ကိုကိုလည်း သားရှေ့ကိုဘယ်တော့မှထပ်မလာတော့နဲ့ "
" မင်းလိုကောင်နဲ့ပတ်သက်ရင် ငါပြောမထွက်တာ ဘာမှမရှိဘူး ရှင်းလား ၊ ငါ့စောင့်ရှောက်မှုအောက်မှာ အေးအေးဆေးဆေးနေချင်ရင် ငါ့ကိုယ်ပိုင်ဘဝထဲကဘယ်အရာကိုမှဝင်
မပါနဲ့ ၊ မဆိုင်သလိုနေ၊ မမေ့နဲ့ ငါ့ချစ်သူကိုမင်းသတ်ခဲ့တာ၊
သူ့ရဲ့နှလုံးသားနဲ့ ဒီနေ့ထိမင်းအသက်ရှင်နေရသေးတာ ၊
အဲဒါကိုမမေ့နဲ့ ၊ ရှိန်းကမင်းရဲ့ကျေးဇူးရှင်ပဲ ၊ မင်းသေတဲ့အထိလက်ခံရမယ့်အမှန်တရား ၊ ငါ့က ကောင်းကောင်းမွန်မွန်
ဆက်ဆံပေးယုံနဲ့ ငါ့ဆီကနေ ဘာတွေများထပ်ပြီးမျှော်လင့်နေလဲ ၊ မင်းက ငါ့ချစ်သူကိုသတ်ခဲ့လို့ ငါသိပ်မုန်းရတဲ့သူပဲ၊
ငါမင်းကို သိပ်မုန်းတယ် သက်ထက်ပန် "
" ကျွန်တော်ကရော ခင်ဗျားကိုချစ်နေတာကျလို့ "
ပြောပြီးတာနဲ့ အခန်းထဲကနေထွက်လာခဲ့တော့သည်။
ကိုယ့်အခန်းကို ပြန်ရောက်တဲ့အထိစိတ်တွေကမငြိမ်နိုင်သေး။
ဒေါသစိတ်ကြောင့် စကားလည်းပြောနိုင်တဲ့အင်အားမရှိတော့ချေ။ နာတယ် အပြောခံလိုက်ရတဲ့စကားလုံးတွေတိုင်းအတွက်
ရင်ဘက်ထဲကနာတယ်။
*
*
*
*
*
*
*
*
" ဒုန်း! ဒုန်း! ဒုန်း! သက်ထက်ပန် အခုတံခါးလာဖွင့်စမ်း၊
မင်းတံခါးလာမဖွင့်ရင် ငါသော့ဖျက်ပြီးဝင်လာမှာနော်၊
ဒုန်း ဒုန်း ဒုန်း "
အိမ်မက်လား အပြင်ကအချိန်တွေလား သေချာမသိခင်
နားထဲမှာတော့ တဒုန်းဒုန်းအသံတွေကိုကြားနေရသည်။
နေ့လည်ပိုင်းအိမ်ကိုပြန်ရောက်ထဲက မထတမ်းအိပ်နေမိတာ။ မနေ့ကဖြစ်ခဲ့တဲ့ပြဿနာကြောင့် ကိုယ်အိမ်မှာ
ကိုယ်ပြန်နေဖို့ပဲဆုံးဖြတ်ပြီး ပြန်လာခြင်းဖြစ်သည်။
အိမ်ကိုပြန်ရောက်လာတော့ လူမနေတာကြာနေပြီဖြစ်တဲ့
အိမ်ထဲမှာ ဖုန်တွေကအလိမ်းလိမ်းတက်နေလေသည်။
ကိုယ်တိုင်က တစ်အိမ်လုံးကိုမရှင်းနိုင်တာကြောင့်
ကိုယ့်အခန်းလေးကိုပဲ တစ်ကိုယ်စာနေလို့ရယုံ လှဲကျင်းပြီး
အိပ်နေလိုက်တော့သည်။ ဘာမှစားချင်စိတ်လဲရှိမနေတာကြောင့် နိုးလာလိုက်ပြန်အိပ်လိုက်နဲ့ အခုတံခါးကိုထုနေသည့်
အသံကြောင့်နိုးလာတော့ ညဆယ်နှစ်နာရီကျော်နေလေပြီ။
" ဒုန်း! ဒုန်း! ဒုန်း! သက်ထက်ပန် အခုတံခါးလာဖွင့်စမ်းလို့
ငါပြောနေတယ်လေ "
အိမ်ရှေ့ခန်းကနေ တံခါးကိုထုသံ အော်ဟစ်သံတွေကို
ကြားလိုက်ရပြန်သည်။ဆိတ်ငြိမ်ရပ်ကွက်မို့ ညဘက်ကြီး
ဒီအသံကို ပတ်ဝန်းကျင်ကကြားရမှာသေချာသည်။
ဂျိုင်းထောက်အကူအညီနဲ့ အိမ်ရှေ့ကိုအမြန်သွားပြီး
တံခါးဖွင့်ပေးလိုက်ကာ
" ညဘက်ကြီး ဘာလာလုပ်တာလဲကိုကို ကျွန်တော် ဒီမှာပြန်လာနေမယ်လို့ပြောခဲ့ပြီး အမေ့ "
စကားပင်မဆုံးသေးခင် ဂျိုင်းထောက်တွေဆွဲယူတာခံလိုက်ရပြီး
အခြားလက်တစ်ဖက်နဲ့ သိမ်းကျုံးပွေ့ဖက်တာခံလိုက်ရသည်။
တဆက်ထဲဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြောက်သွားရ၏။ ကိုယ့်ကိုပွေ့ချီလိုက်ခြင်းဖြစ်လေသည်။
" ကိုကို ဘာလုပ်တာလဲ အခုချက်ချင်းအောက်ကိုပြန်ချပေး"
ကိုယ်ပြောနေသည့်စကားတို့ကိုအရေးမစိုက်ဘဲ အခန်းထဲထိ
ပွေ့ချီလာကာ ကုတင်ပေါ်ပစ်ချခံလိုက်ရသည်။ ပြီးတာနဲ့
အကျႌကော်လံကိုဆွဲကိုင်ရင်း
" ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီအိမ်ကိုပြန်လာတာလဲ ၊ တစ်ယောက်ထဲနေပြီး သေချင်နေတာလား "
တထောင်းထောင်းထနေသည့်အရက်နံ့ကိုသည်းမခံနိုင်စွာပဲ ကိုကို့လက်တွေကိုရိုက်ထုတ်ပစ်လိုက်တော့သည်။
" မူးနေရင် ကိုယ့်အိမ်ကိုယ်ပြန်နေလိုက်နော် ၊ သားကိုလာမရှုပ်နဲ့ "
" ရှုပ်တော့ ဘာဖြစ်လဲ ငါကမင်းဘဝကိုတောင် ဝင်ပြီးရှုပ်ဖို့အထိတွေးထားတာ ၊ ဒါမှငါ့အတွက်တရားမျှတာမှာပေါ့"
စကားအဆုံးတွင် သက်ထက်ပန်၏ နှုတ်ခမ်းတို့ ပူနွေးစိုစွတ်သွားရလေတော့သည်။ မယုံကြည်နိုင်တဲ့အခိုက်အတန့်ကြောင့်ကိုယ်တိုင်လဲ အသက်ရှုရပ်သွားသလိုခံစားလိုက်ရတော့၏ ။
Eros_90
7.4.23 ( ည ၉ နာရီ ၁၅ မိနစ် )
10.4.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။