အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

165K 21.6K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF Chapter-(51 + 52)

1.4K 179 22
By Cup-Of-Luckiness

CHAPTER-(51)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူတုံ့ချီ စတိတ်ခ်အပိုင်းလေးကိုဖြတ်ကာ ချူရှောင်းကို စနောက်လိုက်၏။

"ရှောင်းရှောင်းလေးက ချစ်ချင်နေပြီလား? အမေ၊အဖေတို့နဲ့ ရှိနေရတဲ့အခြေအနေလိုမျိူး မရှိနိုင်တော့ဘူးလေ?"

"ဘယ်ရှိနိုင်ပါ့မလဲ! အဖေအမေတို့နဲ့ရှိနေရင် နူးညံပြီးချိုသာတဲ့ ပတ်ဝန်းကျင်မျိူးလေးရှိနေတာ၊ တကယ်ကောင်းတယ်။"

ချူရှောင်း သူတို့နှစ်ဦးလုံးအတွက် ဝိုင်နီတွေထပ်ဖြည့်ပေးရင်း သိလိုစွာမေးလိုက်သည်။

"အဖေ၊ ပရောဂျက်အစီအစဥ်တွေ ဆွေးနွေး​တုန်းက အကုန်အဆင်ပြေတယ်မလား? ဘယ်ချိန် အကောင်အထည်ဖော်ဖို့ စီစဥ်ထားလဲ? အဖွဲ့ကော ထောင်ပြီးပြီလား?"

ချူတုံချီနဲ့ဖန်ချင်းတို့ ခေါင်းတခါခါနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်သံတွေပေါက်ထွက်လာတော့သည်။

"သူကအလုပ်သရဲ ဖြစ်တော့မယ်။ အနာဂတ်မှာ သမီးကိုကုမ္ပဏီလက်လွဲပေးပြီးရင် ငါတို့အတူ ထမင်းစားချိန်မရှိအောင် အလုပ်များနေမယ်ထင်တယ်။ အဲ့လိုမဖြစ်ရဘူး။ တို့တွေ သမီးကိုအစောကြီးအာဏာကိုင်ခွင့် မပေးနိုင်ဘူး။ နှစ်နည်းနည်းကြာအောင် လက်ထောက်အနေနဲ့ပဲ လုပ်ခွင့်ပေးရမယ်။"

ဖန်ချင်း သဘောတူကြောင်း ခေါင်းငြိမ့်လာ၏။

"ကျွန်မတို့သူမကို အလုပ်တွေအများကြီး ခိုင်းလို့မဖြစ်ဘူး။ အရင်တုန်းက သူမအလုပ်လုပ်ရတာ အရမ်း​ကြိုက်မှန်း သတိမထားမိဘူးလေ။ အခုတော့ သမီးက ကျွန်မထက်နောက်ကျမှအိပ်ရာဝင်ပြီး အလုပ်သွားရင်လည်း လက်ဖက်ရည်နဲ့ညွှန်ကြားချက်စာဖိုင်တွေ ပြင်ပြီးနေပြီ။"

ချူတုံ့ချီက ဓားနဲ့ခရင်းကိုချပြီး သူ့ဇနီးကိုအရှက်ရစွာ ကြည့်လိုက်၏။

"မင်းက တမင်ထုတ်ကြွားနေတာပဲကွာ! ရှောင်းရှောင်း သမီးကအမေရဲ့လက်ထောက်ဖြစ်လာတာ ကြာနေပြီဆိုတော့ အဖေ့ရဲ့လက်ထောက်ခဏလာလုပ်သင့်ပြီနော်။ မတူညီတဲ့နည်းလမ်းတွေနဲ့ ကိစ္စတွေကိုကိုင်တွယ်မယ်ဆို အဖေတို့ကြားအပြောင်းအလဲဖြစ်ပြီး ပိုသင်ယူနိုင်မှာ။"

"ကျွန်မရှေ့တည့်တည့်မှာတောင် ဘယ်လိုလုပ် ကျွန်မတို့ကြားသပ်လျိုနိုင်ရတာလဲ?'

"သူမက ငါ့သမီးပဲလေ။ အဲ့လိုလုပ်ဖို့ လိုသေးလို့လား?'

ချူရှောင်းတစ်ယောက် သူတို့ကြားကဆက်ဆံရေးကို မနှောင့်ယှက်ဘဲ ခေါင်းငုံ့ကာသာ တိတ်တဆိတ်စားနေတော့သည်။ သူမရဲ့မူလခန့်မှန်းချက်က မှန်ကန်နေကာ ဘယ်သူကမှလိုချင်မနေတဲ့ ဧည့်သည်လေး ဖြစ်လာရ၏။ သာယာတဲ့ညဟာ ရွှေအပိုင်းအစပေါင်းများစွာ တန်သည်တဲ့။ အခုတော့ သူမကတတိယဘီးလုံးလေး ဖြစ်လာဖို့သက်သက်နဲ့ ရွှေတွင်းအကြီးစားကြီးကို လက်လွှတ်မိပြီ!

ဒါပေါ့! အဲ့ဒီအတွဲရဲ့ ဆွေးနွေးပွဲမှာ 'သပ်လျိုတဲ့အကြောင်း' တစ်ခုမှ ထွက်မလာပါချေ။ ချူရှောင်းတစ်ယောက် ဘာပဲဖြစ်နေပါစေ၊ အလုပ်ကိုကောင်းကောင်းစီမံနိုင်မယ်လို့ သူတို့အနေနဲ့ ယုံကြည်ချက်ရှိနေမှတော့ ချူရှောင်းလုပ်ချင်တာ လုပ်ခွင့်ပြုထားပြီး ကိစ္စတွေကိုနဂိုရှိနေကျအတိုင်းထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

သူတို့ကအလုပ်အကြောင်း ပြောလာမှတော့ ချူရှောင်း သူမအစီအစဥ်ရဲ့ အကြောင်းဘက်ကို စကားစလာသည်။

"ရှောင်းဟန်နဲ့သမီးက အတူအလုပ်လုပ်ပြီး ယိမိသားစုရဲ့ကုန်တံဆိပ်နာမည်ကို လွှဲယူဖို့စီစဥ်နေတယ်။ နက်ဖြန်မှ သမီးတို့အစီအစဥ်တွေ ပို့လိုက်မယ်။ သမီးကတော့ အဖွဲ့တစ်ခုစီစဥ်ပြီး ကိုယ့်ဘာသာရှောင်းမိသားစုနဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ချူတုံ့ချီ အံ့အားသင့်လို့သွားသည်။

"ဘာလို့ယိမိသားစုရဲ့ ကုန်တံဆိပ်အမည်ကို လိုချင်ရတာလဲ? သူတို့တွေ သမီးကို နှောင့်ယှက်လို့လား? အဖေ့ကိုပြော။ သူတို့ကို ဖြေရှင်းဖို့အဖေကူပေးမယ်။"

ချုရှောင်း ပြုံးကာပြော၏။

"သမီးဘာသာ လုပ်ခွင့်ပေးပါနော်။ သူတို့တွေက ပြသနာရှာပြီး ဆက်တိုက်အနှောင့်အယှက် ပေးနေတာ။ သမီးသူတို့ကို သဘောမတွေ့မှတော့ အသုံးချဖို့သင်ထားတာတွေကို အသုံးချခွင့်တော့ ပေးပါ။"

ဖန်ချင်း ခိုင်မာစွာ ခေါင်းငြိမ့်လိုက်သည်။

"အိုကေ၊ မနက်ဖြန်ကျရင် သမီးရုံးခန်းရွေးဖို့ ကူညီပါ့မယ်။ ဒါဆို ယိမိသားစုကိုအကဲဖြတ်ဖို့အဖွဲ့အတွက် လူရွေးလို့ရပြီ။ ဒါပေမယ့် ဘာလို့ရှောင်းဟန်နဲ့မှ လုပ်ရတာလဲ? သူကရော ဘာလို့သမီးနဲ့ပူးပေါင်းဖို့ သဘောတူလိုက်တာလဲ?"

"သမီးယိချန်ကို သတိပေးနေတာ ရှောင်းဟန်အမှတ်တမဲ့ ကြားသွားတယ်။ ယိမိသားစုရဲ့ပရောဂျက်က တောက်ပတဲ့အလားအလာတွေနဲ့ အကျိုးအမြတ်တွေက အများကြီးရှိတယ်ဆိုတဲ့ အတွင်းသတင်းရထားတယ်ဆိုတာ သူပြောပြတယ်။ ဒါကြောင့် အလုပ်တူတူလုပ်ပြီး သူတို့ကိုဖြုတ်ချဖို့ ပြောလာတာပဲ။ သမီးကတော့ သင်ယူဖို့ကောင်းတဲ့ အတွေ့အကြုံလို့ယူဆမိပြီး လက်ခလိုက်တယ်။ သမီးတို့က အေးအတူပူအမျှပဲ မျှခံကြမှာ။ သူတို့ကို သမီးတို့ဘာသာဝါးမျိုဖို့က မဖြစ်နိုင်ပေမယ့် ရှောင်းမိသားစုနဲ့ ဖြိုခွဲမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။"

ချူတုံ့ချီ မျက်ခုံးပင့်လျက်

"Mr.ရှောင်းက လက်ဦးမှုယူပြီး သမီးနဲ့ ပူးပေါင်းဖို့အဆိုပြုခဲ့တာလား? သူ့မှာအတွင်းသတင်းတွေရထားမှတော့ သူ့ဘာသာကုန်တံဆိပ်နာမည်ကို လက်လွှဲယူနိုင်တယ်၊ အဖေတို့နဲ့ အောင်မြင်မှုအသီးအပွင့်တွေ မျှယူဖို့မှမလိုတာ။"

ယောက်ျားတစ်ယောက်ရဲ့ ရှုထောင့်ကနေ စဥ်းစားလိုက်ကာ သူချူရှောင်းကို သတိပေး၏။

"စီးပွားရေးက စီးပွားရေးပဲ။ သူနဲ့သီးခြားတွေ့တဲ့အခါ ဂရုစိုက်ပါ။ သူ့ကို အနိုင်ကျင့်ခွင့်မပေးနဲ့။ ဒီကမ္ဘာမှာ ဘယ်ဟာမှအလကား မရဘူး။ ဒါကြောင့် ပြသနာတစ်ခုခု ကြုံလာတဲ့အခါ သေချာအာရုံစိုက်ပြီးစေ့စေ့စပ်စပ် တွေးကြည့်ပါ။"

ချုရှောင်း ခပ်ဖျော့ဖျော့ အပြုံးလေးပေးကာ

"သမီး သိပါတယ် အဖေ။"

အနုင်ကျင့်တယ်? မဖြစ်နိုင်တာ။ နှစ်ဖက်လုံး အနိုင်ရနေတဲ့ အခြေအနေကြီးကို။
(T/N: win-win situation)

တကယ်တော့ အဲ့အနက်ရောင်ရှက်အင်္ကျီနဲ့ ဥက္ကဋ္ဌရှောင်းက အတော်လေးရည်မွန်ပုံပေါ်တယ်.....ချူရှောင်းတစ်ယောက် တကယ်ကြီးပြန်သွားကာ အဲ့ဒီဝိုင်နီခွက်ကိုသာသောက်ချင်မိတော့သည်။

CHAPTER-(52)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ဒီတစ်ကြိမ်မှာ ချု​ရှောင်းကပရောဂျက်ရဲ အမှီခိုကင်းတဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာရုံတင်မကဘဲ ချူနဲ့ရှောင်းမိသားစုတို့ရဲ့ ပူးပေါင်းမှုအတွက်လည်း ကိုယ်စားပြုလေသည်။ သူမရဲ့တစ်ချိန်က အားလပ်ဖူးခဲ့တဲ့အချိန်ဇယားလေးကလည်း ရုတ်တရက်အရေးကြီးတာဝန်တွေနဲ့ ပြည့်နှက်သွားတော့သည်။

ဒါတွေအားလုံးအပြင် သူမကိုလည်း ကုမ္ပဏီအပေါ်ဆုံးထပ်မှာရှိတဲ့ မိဘတွေရဲ့ရုံးခန်းဘေးက ကိုယ်ပိုင်လွတ်လပ်တဲ့ ရုံးခန်းလေးပေးထားသေးသည်။ ရုံးခန်းက အရမ်းမကြီးမခမ်းနားပေမယ့် အဲ့တာကသူမရဲ့ကုမ္ပဏီက လက်ရှိအဆင့်အတန်းနဲ့ လိုက်ဖက်၏။ သူမရဲ့ ရုတ်တရက်တိုးမြင့်သွားတဲ့နေရာနဲ့ လွတ်လပ်မှုရဲ့အောင်မြင်မှုက တခြားသူတွေရဲ့ ပါးစပ်ဖျားမှာအတင်းပြောစရာ ခေါင်းစဥ်တစ်ခု ဖြစ်လာတော့သည်။

လက်ရှိအချိန်ကုမ္ပဏီမှာ အလုပ်သမားတွေအရမ်းများနေကြတော့ ချုတုံ့ချီနဲ့ဖန်ချင်းက လူတိုင်းရဲ့ပါးစပ်ပေါက်တွေ ပိတ်အောင်မလုပ်နိုင်ချေ။ ချူရှောင်းက သူတို့ရဲ့တကယ့်သမီးဖြစ်နေမှတော့ သဲသဲလှုပ်ချစ်တတ်တဲ့မိဘနှစ်ပါးက သူမကိုအရမ်းအလိုလိုက်တယ်လို့တခြားအလုပ်သမားတွေ မတွေးဘဲမနေနိုင်တော့ပေ။

ကံကောင်းစွာနဲ့ ချူရှောင်းနဲ့ရှောင်းဟန်တို့က သူတို့ပူးပေါင်းမှု ဘယ်လောက်
အကျိုးအမြတ်များလဲ သိကြသည်။ တခြားတစ်ဖက်က တခြားသူတွေကတော့ ယိမိသားစုတွေကသူတွေနဲ့ တူတယ်ဆိုတဲ့အတွေးတွေ ရှိကြပြီးသူတို့ရဲ့ပူးပေါင်းမှုကိုလည်း ပရောဂျက်အသေးစားတစ်ခု အဖြစ်သာမြင်ကြ၏။ တခြားရာထူးကြီးတွေကတော့ သူတို့ကိုအထင်သေးကြပြီး ကိုယ်ပိုင်အမြင်တွေရှိကြပေမယ့် ဘယ်သူကမှ သူတို့ရဲ့ပရောဂျက်ကို မပိတ်ပင်ရဲကြပါချေ။  သူတို့ရဲ့အကြံပေးချက်တွေကနေဖြစ်လာနိုင်တဲ့ ဘယ်လိုဆုံးရှုံးမှုမျိိုးကိုမှ တာဝန်မခံချင်ကြတာကြောင့် သူတို့အများဆုံး လုပ်ကြသည့်အရာက အစည်းအဝေးအတွင်း ပူးပေါင်းမှုနဲ့ပတ်သတ်ပြီး သူတို့ရဲ့ရပ်တည်ချက်တွေကို အခိုင်အမာပြောကြတာပင်။

ဒီနေ့တွေမှာ ချူရှောင်းတစ်ယောက် သူမရဲ့အမှီခိုကင်းတဲ့ပရောဂျက်အတွက် အဖွဲ့ဝင်တွေရွေးတာရယ်၊ အစည်းအဝေးတွေမှာ သူမချမှတ်ထားတဲ့မှတ်စုတိုတွေ ပြန်စီရတာရယ်၊ ပရောဂျက်နှစ်ခုကို လုပ်နေရတာရယ်နဲ့ အလုပ်များနေလေသည်။ သူမရဲ့ပြည့်ကျပ်နေနဲ့ အချိန်ဇယားကြားထဲမှာတောင် တက္ကသိုလ်ကအတန်းတွေတတ်ပြီး သူမအမျိုးမျိုးသောဘာသာရပ်တွေက သင်ကြားလာတဲ့ဗဟုသုတတွေကို ပြန်ကြည့်လေသည်။ ဒါကြောင့် ဥက္ကဋ္ဌ ရှောင်း အိမ်ကဝိုင်နီအကြောင်း မေ့သွားတာပင် အတော်ကြာလို့နေပြီဖြစ်သည်။ နေ့ကောညပါ မရပ်မနားအလုပ်လုပ်တာအပြင် ရှောင်းဟန်နဲ့ပြောကြတဲ့ဗီဒီယိုကောလ်တွေက အလုပ်လုပ်ဖို့အကြောင်းတွေသာ_ မရေရာတဲ့ အရာမျိုးတွေ ကင်းမဲ့လျက်။

ချုရှောင်းက ရှောင်းဟန်ကို ဖုန်းချလိုက်ပြီးနောက် သူကသူ့ရဲ့အတွင်းရေးမှူးကို ဖုန်းဆက်လိုက်၏။

"ကျွန်တော်တို့ရဲ့အစည်းအဝေး တစ်နာရီခွဲအတွင်းမှာ ပရောဂျက်နဲ့ပတ်သတ်သမျှ နောက်ဆုံးအချက်အလက်တွေကို သိချင်တယ်။ နက်ဖြန်တုံ့ဖန်အုပ်စုနဲ့ အစည်းအဝေးအတွက် ပိုကောင်းတဲ့အစီအစဥ်တွေကို ဖန်တီးဖို့ကြိုးစားနေလို့ လူတိုင်းကိုမူရင်းအဆိုပြုတင်သွင်းလွှာမှာ သူတို့ကိုယ်တိုင် အပြောင်းအလဲလေးတွေ လုပ်စေချင်တယ်။ အခုတော့ missချူရဲ့ လက်ထောက်နဲ့ဆက်သွယ်ပြီး နှစ်ဘက်လုံးအတွက်သင့်တော်မယ့်အချိန်နဲ့ ချိန်းဆိုထားလိုက်ပါ။"

"အဲ့တာဝန်ကို ခုချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်၊ ဥက္ကဋ္ဌရှောင်း။"

အတွင်းရေးမှူး အခန်းထဲကထွက်သွားတာနဲ့ ရှောင်းဟန်ရဲ့အမိန့်တွေကို မပို့ခင် ဂရုချက်ထဲမှာ ရေခဲတုံးအကြီးကြီးရဲ့စတစ်ကာကို ပို့လိုက်လေသည်။ လူတိုင်းကတော့ သူတို့ရဲ့လက်ရှိအခြေအနေအတွက် ပူပန်နေကြ၏။ သူတို့ရှုထောင့်ကဆို ဥက္ကဋ္ဌရှောင်းက ဆေးမှားသောက်ပြီး သူ့ရဲ့ပရောဂျက်အသေးလေးတွေကအစ စိတ်အားထက်သန်နေတဲ့ အလုပ်သရဲအဖြစ်ပြောင်းသွားပြီလို့တောင် ထင်ရသည်။ တုံ့ဖန်နဲ့ပိုကြီးတဲ့ ပူးပေါင်းမှုကိုအာရုံစိုက်ရမယ့်အစား ပရောဂျက်အသေးလေးတွေကို ဘာလို့အာရုံစိုက်နေလဲ ဘယ်သူကမှနားမလည်တော့ပေ။ ပရောဂျက်အသေးလေးမှာ သူတို့အလုပ်လုပ်နေတဲ့သူတဲ့ ပိုပြီးအစည်းအဝေးတွေ စီစဥ်ရုံသာမက အဲ့ပရောဂျက်နဲ့ပတ်သတ်တဲ့ အရာမှန်သမျှကို ပိုပြီးစည်းကမ်းတင်းကျပ်၏။ နောက်ထပ် အဲ့ဒီပရောဂျက်အသေးလေးပေါ်မှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေကို သူတို့မသိတဲ့ရည်ရွယ်ချက်အတွက် အချိန်ပိုဆင်းဖို့တောင် အမိန့်ပေးသေးသည်။

သူတို့မှာ ဘယ်လိုထင်မြင်ချက်တွေရှိရှိ ဘယ်သူကမှ ဥက္ကဌရှောင်းအမိန့်ကို လျစ်လျူရူ၊ ဆန့်ကျင့်ဖို့ မရဲပါချေ။ ဒါနဲ့ပဲ အဲ့ဒီပရောဂျက်အဖွဲ့ရဲ့ ဝန်ထမ်းတွေက တတ်နိုင်သမျှအမြန်ဆုံး စျေးပြိုင်တင်သွင်းလွှာတွေရဲ့ ချွတ်ယွင်းချက်တွေကိုထုတ်ဖို့ သူတို့ဦးနှောက်တွေဆွဲဆန့်ရတော့သည်။

အစည်းအဝေးမှာ ဝန်ထမ်းတွေအားလုံး ဥက္ကဋ္ဌ ရှောင်း ဆီကနေ  နွေးထွေးမှုမရှိတဲ့လေထုကို ခံစားလိုက်ရသည်။ သူတို့တွေက သူတို့ရွေးထားတဲ့စာဖိုင်တွေကနေ အငြင်းပွားတဲ့အရင်းခံအကြောင်းတွေကို ဂရုတစိုက်အသေးစိတ်ပြင်ဆင်လာပြီး အဆူခံဖို့ စောင့်နေလေသည်။ မျှော်လင့်မထားတာက မူလစာဖိုင်ကပြသနာတွေအများကြီးကို မြင်ပြီးတာတောင် သူတို့ရဲ့ကြိုးစားမှုရလဒ်ကို ဥက္ကဋ္ဌရှောင်းက တကယ်ကြီးကျေနပ်နေလေသည်။

ရှောင်းဟန် သူတို့ရဲ့အာရုံစိုက်မှုကိုရဖို့ စားပွဲကိုခေါက်လိုက်၏။

"ကျွန်တော့တို့တွေရဲ့ မနက်ဖြန်တုံ့ဖန်အုပ်စုနဲ့ အစည်းအဝေးမှာ ပိုတိုးတတ်တဲ့အဆိုတင်သွင်းလွှာကို ဖန်တီးဖို့ မင်းတို့အကြံညဏ်တွေပိုပြီး ထုတ်ပြောရမယ်၊ စီမံကြရမယ်။ ဒီစာဖိုင်ထဲက ပြသနာဖြစ်စေတဲ့တစ်စုံတစ်ရာကို ရှာတွေ့တဲ့ဘယ်သူမဆို သင့်တော်သလိုဘောနပ်စ် ဆုချမယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက်အစည်းအဝေးက ဒီမှာပြီးပြီ။"

ရှောင်းဟန်အခန်းထဲက ထွက်သွားတာနဲ့ ဥက္ကဌရှောင်း ဘာကိုအာရုံထားဖို့ ကြိုးစားနေလဲဆိုတာ မသေချာတဲ့အတွက် တုန်လှုပ်မှူနဲ့အချင်းချင်း ကြည့်လိုက်ကြ၏။

အုပ်စုထဲကတစ်ယောက်က သာမန်အတိုင်း နောက်လိုက်၏။

" ဥက္ကဋ္ဌရှောင်းက ဒါကိုတုံ့ဖန်နဲ့အစည်းအဝေးလုပ်ဖို့အတွက် လုပ်နေတာတော့ မဖြစ်နိုင်ပါဘူးနော်။ ဟုတ်တယ်မလား?"

တကယ်နားထောင်နေကြတဲ့ သူတွေတောင်မှ အတည်ကြီးမတွေးကြတာဆိုတော့ ဘယ်သူကမှ ဒီအခြေအနေကိုအလေးအနက် တွေးမနေပါချေ။ လူတိုင်းက ရိုးရိုးလေးရယ်မောရင်း ချို့ယွင်းချက်တွေကိုထုတ်ဖော်ဖို့ စူးစမ်းရှာဖွေကြတော့သည်။ ချူရှောင်းကိုတွေ့ဖို့ အကြောင်းပြချက်လေးရှာချင်ရုံနဲ့ ရှောင်းဟန်အရမ်းကြိုးစားနေတာကိုတော့ ဘယ်သူမှတွေးမိမှာမဟုတ်ပေ။

လိုက်ရှာလို့ပဲ ရနိုင်တဲ့အလှတစ်ပါး....

မှောင်မည်း၊ရှည်လျားတဲ့ ညတာအလယ်မှာ ရှောင်းဟန်တစ်ယောက် ဘုရင်မတစ်ပါးသွင်ပြင်လို ဝတ်စားထားတဲ့ချူ​ရှောင်းကို အံ့အားသင့်စွာအမှတ်တမဲ့တွေ့လိုက်တဲ့ အိမ်မက်လေးတစ်ခု မက်ခဲ့လေသည်။ သူ့အိမ်မက်ထဲကချူရှောင်းက ညစာစားပွဲမှာဝတ်ခဲ့တဲ့ အနက်ရောင်၊စိန်တွေနဲ့ ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားလေရဲ့။ တစ်ချို့သော အကြောင်းပြချက်တွေကြောင့် သူဘယ်လောက်ပဲကြိုးစားပါစေ၊ ဘာပဲလုပ်ပါစေ သူမဆီကိုတော့ လက်ဆန့်လို့ မမှီနိုင်ခဲ့ပါချေ။

7.4.2023

CHAPTER-(51))☕︎
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

ခ်ဴတုံ႕ခ်ီ စတိတ္ခ္အပိုင္းေလးကိုျဖတ္ကာ ခ်ဴေရွာင္းကို စေနာက္လိုက္၏။

"ေရွာင္းေရွာင္းေလးက ခ်စ္ခ်င္ေနၿပီလား? အေမ၊အေဖတို႔နဲ႕ ရွိေနရတဲ့အေျခအေနလိုမ်ိဴး မရွိနိုင္ေတာ့ဘူးေလ?"

"ဘယ္ရွိနိုင္ပါ့မလဲ! အေဖအေမတို႔နဲ႕ရွိေနရင္ ႏူးညံၿပီးခ်ိဳသာတဲ့ ပတ္ဝန္းက်င္မ်ိဴးေလးရွိေနတာ၊ တကယ္ေကာင္းတယ္။"

ခ်ဴေရွာင္း သူတို႔ႏွစ္ဦးလုံးအတြက္ ဝိုင္နီေတြထပ္ျဖည့္ေပးရင္း သိလိုစြာေမးလိုက္သည္။

"အေဖ၊ ပေရာဂ်က္အစီအစဥ္ေတြ ေဆြးႏြေးတုန္းက အကုန္အဆင္ေျပတယ္မလား? ဘယ္ခ်ိန္ အေကာင္အထည္ေဖာ္ဖို႔ စီစဥ္ထားလဲ? အဖြဲ႕ေကာ ေထာင္ၿပီးၿပီလား?"

ခ်ဴတုံခ်ီနဲ႕ဖန္ခ်င္းတို႔ ေခါင္းတခါခါႏွင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ရယ္သံေတြေပါက္ထြက္လာေတာ့သည္။

"ကြၽန္မတို႔သူမကို အလုပ္ေတြအမ်ားႀကီး ခိုင္းလို႔မျဖစ္ဘူး။ အရင္တုန္းက သူမအလုပ္လုပ္ရတာ အရမ္းႀကိဳက္မွန္း သတိမထားမိဘူးေလ။ အခုေတာ့ သမီးက ကြၽန္မထက္ေနာက္က်မွအိပ္ရာဝင္ၿပီး အလုပ္သြားရင္လည္း လက္ဖက္ရည္နဲ႕ၫႊန္ၾကားခ်က္စာဖိုင္ေတြ ျပင္ၿပီးေနၿပီ။"

ဖန္ခ်င္း သေဘာတူေၾကာင္း ေခါင္းၿငိမ့္လာ၏။

"ကြၽန္မတို႔သူမကို အလုပ္ေတြအမ်ားႀကီး ခိုင္းလို႔မျဖစ္ဘူး။ အရင္တုန္းက သူမအလုပ္လုပ္ရတာ အရမ္းႀကိဳက္မွန္း သတိမထားမိဘူးေလ။ အခုေတာ့ သမီးက ကြၽန္မထက္ေနာက္က်မွအိပ္ရာဝင္ၿပီး အလုပ္သြားရင္လည္း လက္ဖက္ရည္နဲ႕ၫႊန္ၾကားခ်က္စာဖိုင္ေတြ ျပင္ၿပီးေနၿပီ။"

ခ်ဴတုံ႕ခ်ီက ဓားနဲ႕ခရင္းကိုခ်ၿပီး သူ႕ဇနီးကိုအရွက္ရစြာ ၾကည့္လိုက္၏။

"မင္းက တမင္ထုတ္ႂကြားေနတာပဲကြာ! ေရွာင္းေရွာင္း သမီးကအေမရဲ႕လက္ေထာက္ျဖစ္လာတာ ၾကာေနၿပီဆိုေတာ့ အေဖ့ရဲ႕လက္ေထာက္ခဏလာလုပ္သင့္ၿပီေနာ္။ မတူညီတဲ့နည္းလမ္းေတြနဲ႕ ကိစၥေတြကိုကိုင္တြယ္မယ္ဆို အေဖတို႔ၾကားအေျပာင္းအလဲျဖစ္ၿပီး ပိုသင္ယူနိုင္မွာ။"

"ကြၽန္မေရွ႕တည့္တည့္မွာေတာင္ ဘယ္လိုလုပ္ ကြၽန္မတို႔ၾကားသပ္လ်ိဳနိုင္ရတာလဲ?'

"သူမက ငါ့သမီးပဲေလ။ အဲ့လိုလုပ္ဖို႔ လိုေသးလို႔လား?'

ခ်ဴေရွာင္းတစ္ေယာက္ သူတို႔ၾကားကဆက္ဆံေရးကို မႏွောင့္ယွက္ဘဲ ေခါင္းငုံ႕ကာသာ တိတ္တဆိတ္စားေနေတာ့သည္။ သူမရဲ႕မူလခန့္မွန္းခ်က္က မွန္ကန္ေနကာ ဘယ္သူကမွလိုခ်င္မေနတဲ့ ဧည့္သည္ေလး ျဖစ္လာရ၏။ သာယာတဲ့ညဟာ ေ႐ႊအပိုင္းအစေပါင္းမ်ားစြာ တန္သည္တဲ့။ အခုေတာ့ သူမကတတိယဘီးလုံးေလး ျဖစ္လာဖို႔သက္သက္နဲ႕ ေ႐ႊတြင္းအႀကီးစားႀကီးကို လက္လႊတ္မိၿပီ!

ဒါေပါ့! အဲ့ဒီအတြဲရဲ႕ ေဆြးႏြေးပြဲမွာ 'သပ္လ်ိဳတဲ့အေၾကာင္း' တစ္ခုမွ ထြက္မလာပါေခ်။ ခ်ဴေရွာင္းတစ္ေယာက္ ဘာပဲျဖစ္ေနပါေစ၊ အလုပ္ကိုေကာင္းေကာင္းစီမံနိုင္မယ္လို႔ သူတို႔အေနနဲ႕ ယုံၾကည္ခ်က္ရွိေနမွေတာ့ ခ်ဴေရွာင္းလုပ္ခ်င္တာ လုပ္ခြင့္ျပဳထားၿပီး ကိစၥေတြကိုနဂိုရွိေနက်အတိုင္းထားလိုက္ဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။

သူတို႔ကအလုပ္အေၾကာင္း ေျပာလာမွေတာ့ ခ်ဴေရွာင္း သူမအစီအစဥ္ရဲ႕ အေၾကာင္းဘက္ကို စကားစလာသည္။

"ေရွာင္းဟန္နဲ႕သမီးက အတူအလုပ္လုပ္ၿပီး ယိမိသားစုရဲ႕ကုန္တံဆိပ္နာမည္ကို လႊဲယူဖို႔စီစဥ္ေနတယ္။ နက္ျဖန္မွ သမီးတို႔အစီအစဥ္ေတြ ပို႔လိုက္မယ္။ သမီးကေတာ့ အဖြဲ႕တစ္ခုစီစဥ္ၿပီး ကိုယ့္ဘာသာေရွာင္းမိသားစုနဲ႕ ပူးေပါင္းနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။"

ခ်ဴတုံ႕ခ်ီ အံ့အားသင့္လို႔သြားသည္။

"ဘာလို႔ယိမိသားစုရဲ႕ ကုန္တံဆိပ္အမည္ကို လိုခ်င္ရတာလဲ? သူတို႔ေတြ သမီးကို ႏွောင့္ယွက္လို႔လား? အေဖ့ကိုေျပာ။ သူတို႔ကို ေျဖရွင္းဖို႔အေဖကူေပးမယ္။"

ခ်ဳေရွာင္း ၿပဳံးကာေျပာ၏။

"သမီးဘာသာ လုပ္ခြင့္ေပးပါေနာ္။ သူတို႔ေတြက ျပသနာရွာၿပီး ဆက္တိုက္အႏွောင့္အယွက္ ေပးေနတာ။ သမီးသူတို႔ကို သေဘာမေတြ႕မွေတာ့ အသုံးခ်ဖိဳ႕သင္ထားတာေတြကို အသုံးခ်ခြင့္ေတာ့ ေပးပါ။"

ဖန္ခ်င္း ခိုင္မာစြာ ေခါင္းၿငိမ့္လိုက္သည္။

"အိုေက၊ မနက္ျဖန္က်ရင္ သမီး႐ုံးခန္းေ႐ြးဖို႔ ကူညီပါ့မယ္။ ဒါဆို ယိမိသားစုကိုအကဲျဖတ္ဖို႔အဖြဲ႕အတြက္ လူေ႐ြးလို႔ရၿပီ။ ဒါေပမယ့္ ဘာလို႔ေရွာင္းဟန္နဲ႕မွ လုပ္ရတာလဲ? သူကေရာ ဘာလို႔သမီးနဲ႕ပူးေပါင္းဖို႔ သေဘာတူလိုက္တာလဲ?"

"သမီးယိခ်န္ကို သတိေပးေနတာ ေရွာင္းဟန္အမွတ္တမဲ့ ၾကားသြားတယ္။ ယိမိသားစုရဲ႕ပေရာဂ်က္က ေတာက္ပတဲ့အလားအလာေတြနဲ႕ အက်ိဳးအျမတ္ေတြက အမ်ားႀကီးရွိတယ္ဆိုတဲ့ အတြင္းသတင္းရထားတယ္ဆိုတာ သူေျပာျပတယ္။ ဒါေၾကာင့္ အလုပ္တူတူလုပ္ၿပီး သူတို႔ကိုျဖဳတ္ခ်ဖိဳ႕ ေျပာလာတာပဲ။ သမီးကေတာ့ သင္ယူဖို႔ေကာင္းတဲ့ အေတြ႕အႀကဳံလို႔ယူဆမိၿပီး လက္ခလိုက္တယ္။ သမီးတို႔က ေအးအတူပူအမွ်ပဲ မွ်ခံၾကမွာ။ သူတို႔ကို သမီးတို႔ဘာသာဝါးမ်ိဳဖို႔က မျဖစ္နိုင္ေပမယ့္ ေရွာင္းမိသားစုနဲ႕ ၿဖိဳခြဲမယ္ဆိုရင္ေတာ့ အဆင္ေျပပါတယ္။"

ခ်ဴတုံ႕ခ်ီ မ်က္ခုံးပင့္လ်က္

"Mr.ေရွာင္းက လက္ဦးမႈယူၿပီး သမီးနဲ႕ ပူးေပါင္းဖို႔အဆိုျပဳခဲ့တာလား? သူ႕မွာအတြင္းသတင္းေတြရထားမွေတာ့ သူ႕ဘာသာကုန္တံဆိပ္နာမည္ကို လက္လႊဲယူနိုင္တယ္၊ အေဖတို႔နဲ႕ ေအာင္ျမင္မႈအသီးအပြင့္ေတြ မွ်ယူဖို႔မွမလိုတာ။"

ေယာက္်ားတစ္ေယာက္ရဲ႕ ရႈေထာင့္ကေန စဥ္းစားလိုက္ကာ သူခ်ဴေရွာင္းကို သတိေပး၏။

"စီးပြားေရးက စီးပြားေရးပဲ။ သူနဲ႕သီးျခားေတြ႕တဲ့အခါ ဂ႐ုစိုက္ပါ။ သူ႕ကို အနိုင္က်င့္ခြင့္မေပးနဲ႕။ ဒီကမၻာမွာ ဘယ္ဟာမွအလကား မရဘူး။ ဒါေၾကာင့္ ျပသနာတစ္ခုခု ႀကဳံလာတဲ့အခါ ေသခ်ာအာ႐ုံစိုက္ၿပီးေစ့ေစ့စပ္စပ္ ေတြးၾကည့္ပါ။"

ခ်ဳေရွာင္း ခပ္ေဖ်ာ့ေဖ်ာ့ အၿပဳံးေလးေပးကာ

"သမီး သိပါတယ္ အေဖ။"

အႏုင္က်င့္တယ္? မျဖစ္နိုင္တာ။ ႏွစ္ဖက္လုံး အနိုင္ရေနတဲ့ အေျခအေနႀကီးကို။
(T/N: win-win situation)

တကယ္ေတာ့ အဲ့အနက္ေရာင္ရွက္အကၤ်ီနဲ႕ ဥကၠ႒ေရွာင္းက အေတာ္ေလးရည္မြန္ပုံေပၚတယ္.....ခ်ဴေရွာင္းတစ္ေယာက္ တကယ္ႀကီးျပန္သြားကာ အဲ့ဒီဝိုင္နီခြက္ကိုသာေသာက္ခ်င္မိေတာ့သည္။

CHAPTER-(52))☕︎
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

ဒီတစ္ႀကိမ္မွာ ခ်ဳေရွာင္းကပေရာဂ်က္ရဲ အမွီခိုကင္းတဲ့ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာ႐ုံတင္မကဘဲ ခ်ဴနဲ႕ေရွာင္းမိသားစုတို႔ရဲ႕ ပူးေပါင္းမႈအတြက္လည္း ကိုယ္စားျပဳေလသည္။ သူမရဲ႕တစ္ခ်ိန္က အားလပ္ဖူးခဲ့တဲ့အခ်ိန္ဇယားေလးကလည္း ႐ုတ္တရက္အေရးႀကီးတာဝန္ေတြနဲ႕ ျပည့္ႏွက္သြားေတာ့သည္။

ဒါေတြအားလုံးအျပင္ သူမကိုလည္း ကုမၸဏီအေပၚဆုံးထပ္မွာရွိတဲ့ မိဘေတြရဲ႕႐ုံးခန္းေဘးက ကိုယ္ပိုင္လြတ္လပ္တဲ့ ႐ုံးခန္းေလးေပးထားေသးသည္။ ႐ုံးခန္းက အရမ္းမႀကီးမခမ္းနားေပမယ့္ အဲ့တာကသူမရဲ႕ကုမၸဏီက လက္ရွိအဆင့္အတန္းနဲ႕ လိုက္ဖက္၏။ သူမရဲ႕ ႐ုတ္တရက္တိုးျမင့္သြားတဲ့ေနရာနဲ႕ လြတ္လပ္မႈရဲ႕ေအာင္ျမင္မႈက တျခားသူေတြရဲ႕ ပါးစပ္ဖ်ားမွာအတင္းေျပာစရာ ေခါင္းစဥ္တစ္ခု ျဖစ္လာေတာ့သည္။

လက္ရွိအခ်ိန္ကုမၸဏီမွာ အလုပ္သမားေတြအရမ္းမ်ားေနၾကေတာ့ ခ်ဳတုံ႕ခ်ီနဲ႕ဖန္ခ်င္းက လူတိုင္းရဲ႕ပါးစပ္ေပါက္ေတြ ပိတ္ေအာင္မလုပ္နိုင္ေခ်။ ခ်ဴေရွာင္းက သူတို႔ရဲ႕တကယ့္သမီးျဖစ္ေနမွေတာ့ သဲသဲလႈပ္ခ်စ္တတ္တဲ့မိဘႏွစ္ပါးက သူမကိုအရမ္းအလိုလိုက္တယ္လို႔တျခားအလုပ္သမားေတြ မေတြးဘဲမေနနိုင္ေတာ့ေပ။

ကံေကာင္းစြာနဲ႕ ခ်ဴေရွာင္းနဲ႕ေရွာင္းဟန္တို႔က သူတို႔ပူးေပါင္းမႈ ဘယ္ေလာက္
အက်ိဳးအျမတ္မ်ားလဲ သိၾကသည္။ တျခားတစ္ဖက္က တျခားသူေတြကေတာ့ ယိမိသားစုေတြကသူေတြနဲ႕ တူတယ္ဆိုတဲ့အေတြးေတြ ရွိၾကၿပီးသူတို႔ရဲ႕ပူးေပါင္းမႈကိုလည္း ပေရာဂ်က္အေသးစားတစ္ခု အျဖစ္သာျမင္ၾက၏။ တျခားရာထူးႀကီးေတြကေတာ့ သူတို႔ကိုအထင္ေသးၾကၿပီး ကိုယ္ပိုင္အျမင္ေတြရွိၾကေပမယ့္ ဘယ္သူကမွ သူတို႔ရဲ႕ပေရာဂ်က္ကို မပိတ္ပင္ရဲၾကပါေခ်။ သူတို႔ရဲ႕အႀကံေပးခ်က္ေတြကေနျဖစ္လာနိုင္တဲ့ ဘယ္လိုဆုံးရႈံးမႈမ်ိိုးကိုမွ တာဝန္မခံခ်င္ၾကတာေၾကာင့္ သူတို႔အမ်ားဆုံး လုပ္ၾကသည့္အရာက အစည္းအေဝးအတြင္း ပူးေပါင္းမႈနဲ႕ပတ္သတ္ၿပီး သူတို႔ရဲ႕ရပ္တည္ခ်က္ေတြကို အခိုင္အမာေျပာၾကတာပင္။

ဒီေန႕ေတြမွာ ခ်ဴေရွာင္းတစ္ေယာက္ သူမရဲ႕အမွီခိုကင္းတဲ့ပေရာဂ်က္အတြက္ အဖြဲ႕ဝင္ေတြေ႐ြးတာရယ္၊ အစည္းအေဝးေတြမွာ သူမခ်မွတ္ထားတဲ့မွတ္စုတိုေတြ ျပန္စီရတာရယ္၊ ပေရာဂ်က္ႏွစ္ခုကို လုပ္ေနရတာရယ္နဲ႕ အလုပ္မ်ားေနေလသည္။ သူမရဲ႕ျပည့္က်ပ္ေနနဲ႕ အခ်ိန္ဇယားၾကားထဲမွာေတာင္ တကၠသိုလ္ကအတန္းေတြတတ္ၿပီး သူမအမ်ိဳးမ်ိဳးေသာဘာသာရပ္ေတြက သင္ၾကားလာတဲ့ဗဟုသုတေတြကို ျပန္ၾကည့္ေလသည္။ ဒါေၾကာင့္ ဥကၠ႒ ေရွာင္း အိမ္ကဝိုင္နီအေၾကာင္း ေမ့သြားတာပင္ အေတာ္ၾကာလို႔ေနၿပီျဖစ္သည္။ ေန႕ေကာညပါ မရပ္မနားအလုပ္လုပ္တာအျပင္ ေရွာင္းဟန္နဲ႕ေျပာၾကတဲ့ဗီဒီယိုေကာလ္ေတြက အလုပ္လုပ္ဖို႔အေၾကာင္းေတြသာ_ မေရရာတဲ့ အရာမ်ိဳးေတြ ကင္းမဲ့လ်က္။

ခ်ဳေရွာင္းက ေရွာင္းဟန္ကို ဖုန္းခ်လိဳက္ၿပီးေနာက္ သူကသူ႕ရဲ႕အတြင္းေရးမႉးကို ဖုန္းဆက္လိုက္၏။

"ကြၽန္ေတာ္တို႔ရဲ႕အစည္းအေဝး တစ္နာရီခြဲအတြင္းမွာ ပေရာဂ်က္နဲ႕ပတ္သတ္သမွ် ေနာက္ဆုံးအခ်က္အလက္ေတြကို သိခ်င္တယ္။ နက္ျဖန္တုံ႕ဖန္အုပ္စုနဲ႕ အစည္းအေဝးအတြက္ ပိုေကာင္းတဲ့အစီအစဥ္ေတြကို ဖန္တီးဖို႔ႀကိဳးစားေနလို႔ လူတိုင္းကိုမူရင္းအဆိုျပဳတင္သြင္းလႊာမွာ သူတို႔ကိုယ္တိုင္ အေျပာင္းအလဲေလးေတြ လုပ္ေစခ်င္တယ္။ အခုေတာ့ missခ်ဴရဲ႕ လက္ေထာက္နဲ႕ဆက္သြယ္ၿပီး ႏွစ္ဘက္လုံးအတြက္သင့္ေတာ္မယ့္အခ်ိန္နဲ႕ ခ်ိန္းဆိုထားလိုက္ပါ။"

"အဲ့တာဝန္ကို ခုခ်က္ခ်င္း ေဆာင္႐ြက္လိုက္ပါ့မယ္၊ ဥကၠ႒ေရွာင္း။"

အတြင္းေရးမႉး အခန္းထဲကထြက္သြားတာနဲ႕ ေရွာင္းဟန္ရဲ႕အမိန့္ေတြကို မပို႔ခင္ ဂ႐ုခ်က္ထဲမွာ ေရခဲတုံးအႀကီးႀကီးရဲ႕စတစ္ကာကို ပို႔လိုက္ေလသည္။ လူတိုင္းကေတာ့ သူတို႔ရဲ႕လက္ရွိအေျခအေနအတြက္ ပူပန္ေနၾက၏။ သူတို႔ရႈေထာင့္ကဆို ဥကၠ႒ေရွာင္းက ေဆးမွားေသာက္ၿပီး သူ႕ရဲ႕ပေရာဂ်က္အေသးေလးေတြကအစ စိတ္အားထက္သန္ေနတဲ့ အလုပ္သရဲအျဖစ္ေျပာင္းသြားၿပီလို႔ေတာင္ ထင္ရသည္။ တုံ႕ဖန္နဲ႕ပိုႀကီးတဲ့ ပူးေပါင္းမႈကိုအာ႐ုံစိုက္ရမယ့္အစား ပေရာဂ်က္အေသးေလးေတြကို ဘာလို႔အာ႐ုံစိုက္ေနလဲ ဘယ္သူကမွနားမလည္ေတာ့ေပ။ ပေရာဂ်က္အေသးေလးမွာ သူတို႔အလုပ္လုပ္ေနတဲ့သူတဲ့ ပိုၿပီးအစည္းအေဝးေတြ စီစဥ္႐ုံသာမက အဲ့ပေရာဂ်က္နဲ႕ပတ္သတ္တဲ့ အရာမွန္သမွ်ကို ပိုၿပီးစည္းကမ္းတင္းက်ပ္၏။ ေနာက္ထပ္ အဲ့ဒီပေရာဂ်က္အေသးေလးေပၚမွာ အလုပ္လုပ္ေနၾကတဲ့ဝန္ထမ္းေတြကို သူတို႔မသိတဲ့ရည္႐ြယ္ခ်က္အတြက္ အခ်ိန္ပိုဆင္းဖို႔ေတာင္ အမိန့္ေပးေသးသည္။

သူတို႔မွာ ဘယ္လိုထင္ျမင္ခ်က္ေတြရွိရွိ ဘယ္သူကမွ ဥကၠဌေရွာင္းအမိန့္ကို လ်စ္လ်ဴ႐ူ၊ ဆန့္က်င့္ဖို႔ မရဲပါေခ်။ ဒါနဲ႕ပဲ အဲ့ဒီပေရာဂ်က္အဖြဲ႕ရဲ႕ ဝန္ထမ္းေတြက တတ္နိုင္သမွ်အျမန္ဆုံး ေစ်းၿပိဳင္တင္သြင္းလႊာေတြရဲ႕ ခြၽတ္ယြင္းခ်က္ေတြကိုထုတ္ဖို႔ သူတို႔ဦးႏွောက္ေတြဆြဲဆန့္ရေတာ့သည္။

အစည္းအေဝးမွာ ဝန္ထမ္းေတြအားလုံး ဥကၠ႒ ေရွာင္း ဆီကေန ႏြေးေထြးမႈမရွိတဲ့ေလထုကို ခံစားလိုက္ရသည္။ သူတို႔ေတြက သူတို႔ေ႐ြးထားတဲ့စာဖိုင္ေတြကေန အျငင္းပြားတဲ့အရင္းခံအေၾကာင္းေတြကို ဂ႐ုတစိုက္အေသးစိတ္ျပင္ဆင္လာၿပီး အဆူခံဖို႔ ေစာင့္ေနေလသည္။ ေမွ်ာ္လင့္မထားတာက မူလစာဖိုင္ကျပသနာေတြအမ်ားႀကီးကို ျမင္ၿပီးတာေတာင္ သူတို႔ရဲ႕ႀကိဳးစားမႈရလဒ္ကို ဥကၠ႒ေရွာင္းက တကယ္ႀကီးေက်နပ္ေနေလသည္။

ေရွာင္းဟန္ သူတို႔ရဲ႕အာ႐ုံစိုက္မႈကိုရဖို႔ စားပြဲကိုေခါက္လိုက္၏။

"ကြၽန္ေတာ့တို႔ေတြရဲ႕ မနက္ျဖန္တုံ႕ဖန္အုပ္စုနဲ႕ အစည္းအေဝးမွာ ပိုတိုးတတ္တဲ့အဆိုတင္သြင္းလႊာကို ဖန္တီးဖို႔ မင္းတို႔အႀကံညဏ္ေတြပိုၿပီး ထုတ္ေျပာရမယ္၊ စီမံၾကရမယ္။ ဒီစာဖိုင္ထဲက ျပသနာျဖစ္ေစတဲ့တစ္စုံတစ္ရာကို ရွာေတြ႕တဲ့ဘယ္သူမဆို သင့္ေတာ္သလိုေဘာနပ္စ္ ဆုခ်မယ္။ ဘာပဲျဖစ္ျဖစ္ ဒီေန႕အတြက္အစည္းအေဝးက ဒီမွာၿပီးၿပီ။"

ေရွာင္းဟန္အခန္းထဲက ထြက္သြားတာနဲ႕ ဥကၠဌေရွာင္း ဘာကိုအာ႐ုံထားဖို႔ ႀကိဳးစားေနလဲဆိုတာ မေသခ်ာတဲ့အတြက္ တုန္လႈပ္မႉနဲ႕အခ်င္းခ်င္း ၾကည့္လိုက္ၾက၏။

အုပ္စုထဲကတစ္ေယာက္က သာမန္အတိုင္း ေနာက္လိုက္၏။

" ဥကၠ႒ေရွာင္းက ဒါကိုတုံ႕ဖန္နဲ႕အစည္းအေဝးလုပ္ဖို႔အတြက္ လုပ္ေနတာေတာ့ မျဖစ္နိုင္ပါဘူးေနာ္။ ဟုတ္တယ္မလား?"

တကယ္နားေထာင္ေနၾကတဲ့ သူေတြေတာင္မွ အတည္ႀကီးမေတြးၾကတာဆိုေတာ့ ဘယ္သူကမွ ဒီအေျခအေနကိုအေလးအနက္ ေတြးမေနပါေခ်။ လူတိုင္းက ရိုးရိုးေလးရယ္ေမာရင္း ခ်ိဳ႕ယြင္းခ်က္ေတြကိုထုတ္ေဖာ္ဖို႔ စူးစမ္းရွာေဖြၾကေတာ့သည္။ ခ်ဴေရွာင္းကိုေတြ႕ဖို႔ အေၾကာင္းျပခ်က္ေလးရွာခ်င္႐ုံနဲ႕ ေရွာင္းဟန္အရမ္းႀကိဳးစားေနတာကိုေတာ့ ဘယ္သူမွေတြးမိမွာမဟုတ္ေပ။

လိုက္ရွာလို႔ပဲ ရနိုင္တဲ့အလွတစ္ပါး....

ေမွာင္မည္း၊ရွည္လ်ားတဲ့ ညတာအလယ္မွာ ေရွာင္းဟန္တစ္ေယာက္ ဘုရင္မတစ္ပါးသြင္ျပင္လို ဝတ္စားထားတဲ့ခ်ဴေရွာင္းကို အံ့အားသင့္စြာအမွတ္တမဲ့ေတြ႕လိုက္တဲ့ အိမ္မက္ေလးတစ္ခု မက္ခဲ့ေလသည္။ သူ႕အိမ္မက္ထဲကခ်ဴေရွာင္းက ညစာစားပြဲမွာဝတ္ခဲ့တဲ့ အနက္ေရာင္၊စိန္ေတြနဲ႕ ညေနခင္းဝတ္စုံကို ဝတ္ဆင္ထားေလရဲ႕။ တစ္ခ်ိဳ႕ေသာ အေၾကာင္းျပခ်က္ေတြေၾကာင့္ သူဘယ္ေလာက္ပဲႀကိဳးစားပါေစ၊ ဘာပဲလုပ္ပါေစ သူမဆီကိုေတာ့ လက္ဆန့္လို႔ မမွီနိုင္ခဲ့ပါေခ်။

7.4.2023

Continue Reading

You'll Also Like

647 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...
87.2K 11.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
22.7K 2.9K 37
Title - ခင္ပြန္းသည္ ကိုကိုလူၾကမ္းႀကီး/ The Husband was the Long Aotian/ I, this husband was once the Long Aotian. Happy Ending. Both Zawgyi and Unico...
83.6K 9.3K 119
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...