အရှင်မင်းကြီးနေမကောင်းဘူး [ C...

By dream_n99

696K 72.7K 1.6K

Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Announcement
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
paid group
Chapter 40
Chapter 41
Giveaway 🎉
Chapter 42
Chapter 43
Chapter 44
Giveaway 🎉
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92 Extra 1
Chapter 93 Extra 2
Notification

Chapter 56

6.1K 799 16
By dream_n99


နောက်ရက်အနည်းငယ်အတွင်းမှာ လျောင်ချင်းချင်းဟာလယ်ယာစိုက်ပျိုးရေးထွက်ကုန်ဌာနက ကိစ္စရပ်တွေကိုစီစဉ်ပေးခဲ့ပြီး သူမခြံဝန်းထဲကအာလူးတွေကိုဂရုစိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမအထုတ်အပိုးတွေကပြင်ပြီးလုနီးပါးဖြစ်နေပြီ။

တော်ဝင်ကိုယ်လုပ်တော်တွေက သူမရဲ့လျောင်အိမ်တော်ကိုသုံးရက်တာပြန်နိုင်ခြင်းကို မနာလိုဖြစ်နေကြပေမဲ့ ‌ဧကရာဇ်ကျင်းလိကတော့သိပ်ကြည်ပုံမရ‌ပေ။ သူမမထွက်ခွာခင်တစ်ရက်မှာဧကရာဇ်ကျင်းလိက သူမအရှေ့မှာထိုင်ပြီးလျှောက်တင်လွှာတွေကိုသုံးသပ်နေခဲ့တယ်။ မကြာခဏဆိုသလို သူကသူမကိုလှမ်းလှမ်းကြည့်နေသည်။

လျောင်ချင်းချင်းက အရင်ဘဝမှာမိသားစုမရှိခဲ့ဘူး။ သူမရဲ့နှလုံးသားထဲမှာ မိသားစုချစ်ခြင်းမေတ္တာကို ပြင်းပြင်းပြပြတောင့်တနေခဲ့တာဖြစ်သည်။ ပုံမှန်အားဖြင့် သူမကကမ္ဘာတုန်လောက်ဖွယ်ချစ်ခြင်းမေတ္တာကိုပြသတဲ့ ရုပ်ရှင်တွေနဲ့တီဗွီရှိုးတွေကိုကြည့်တဲ့အခါမှာ သိပ်အများကြီးမခံစားရပေမဲ့ ကြည်နူးဖွယ်မိသားစုချစ်ခြင်းမေတ္တာကို ကြည့်လိုက်မိတာနဲ့ ရုပ်ရှင်ရုံထဲမှာတတ်မတတ်ချက်မတတ်ငိုတတ်သည်။ သူမအိမ်ပြန်ရောက်လာတောင်မှ အိပ်ရာပေါ်မှာထိုင်ပြီး ဆက်ငိုတတ်တယ်။

သူမကမိသားစုချစ်ခြင်းမေတ္တာကိုတောင့်တခဲ့တယ်။ ထို့ကြောင့် သူမကဧကရီမယ်တော်ကြီးကိုနှလုံးသားတစ်ခုလုံးနဲ့ အကြွင်းမဲ့ဆက်ဆံခဲ့တာ။ အရင်က အကြီးဆုံးသခင်ကြီးလျောင်ရဲ့ကဖျက်ကယက်လုပ်မှုကြောင့် သူမကတမင်တကာဒုတိယသခင်ကြီးလျောင်နဲ့ကျီရှီဆီကနေ ဝေးဝေးနေခဲ့တာဖြစ်သည်။ အခုအကြီးဆုံးသခင်ကြီးလျောင်နဲ့ဒုတိယသခင်ကြီးလျောင်တို့ ဆက်ဆံရေးပြတ်တောက်သွားတာမို့ သူမသွားပြီးသူတို့ကိုတွေ့နိုင်ပြီဖြစ်သည်။ သူမမျက်နှာတစ်ခုလုံးက မျှော်လင့်စောင့်စားခြင်းတွေနဲ့ ပြည့်နေသည်။

ဒီအခြင်းအရာကဧကရာဇ်ကျင်းလိကို အနည်းငယ်မကျေမနပ်ဖြစ်သွားစေပြီး ချောင်းဖွဖွဟန့်လိုက်တယ်။ လျောင်ချင်းချင်း ဧကရာဇ်ကျင်းလိကိုကြည့်လိုက်တယ်။ ဧကရာဇ်ကျင်းလိကသူမကိုကြည့်မလာခဲ့ဘူး။

လျောင်ချင်းချင်း ဧကရာဇ်ကျင်းလိအတွက်လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။

" အရှင်မင်းကြီး အာစွတ်အောင်ရေလေးသောက်ပါအုံး အရှင်ချောင်းဆိုးနေတာ ဒီကိုယ်လုပ်တော်ကြားလိုက်တယ်"

" အင်း"
ဧကရာဇ်ကျင်းလိ စိတ်မဝင်စားသယောင်နဲ့ပြောလိုက်သည်။

" မင်းမနက်ဖြန်ကျရင်သွားတော့မှာမလား"

" အွန်း"

" လမ်းမှာဂရုစိုက်"

" ဟုတ်"

" ကောင်းပြီ"

" ‌မင်းလျောင်အိမ်တော်မှာနေသားမကျရင် စောစောပြန်လာလို့ရတယ်"

" သုံးရက်ထဲသွားမှာလေ"

" မင်းကရက်တိုလွန်းတယ်လို့ထင်တာလား?"

" ???"

ဘာကြောင့်များ ဧကရာဇ်ကျင်းလိအနားကလေထုကမူမမှန်ပြန်ဘူးလို့ ခံစားနေရတာပါလိမ့်? ငါက'တိုတယ်'လို့ဖြေသင့်တာလား ဒါမှမဟုတ် 'ကြာတယ်' လို့ဖြေသင့်တာလား? လျောင်ချင်းချင်း ကိုယ့်ကိုကိုယ်အားတင်းကာပြန်ဖြေလိုက်ရတယ်။

" အနေတော်ပဲ အနေတော်ပါပဲ ...အရမ်းလည်းမကြာအရမ်းလည်းမတိုပါဘူး။ အရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီးတို့ကအမျှော်မြင်ကြီးမားပါတယ်"

" အင်း မင်းနေသားမကျရင် စောစာပြန်လာလို့ရတယ် တော်ဝင်အစောင့်အကြပ်ခေါင်းဆောင်က‌ လျောင်အိမ်တော်ကိုမင်းနဲ့အတူလိုက်လိမ့်မယ် မင်းသူ့ကိုပြောလိုက်လို့ရတယ်"

" ဟုတ်ကဲ့ပါ"

ဧကရာဇ်ကျင်းလိ လျောင်ချင်းချင်းကိုကြည့်လိုက်ပြီး ခံစားချက်တွေရှုပ်ထွေးနေခဲ့သည်။ ညဘက်အိပ်ရာဝင်ကြတဲ့အခါ ဧကရာဇ်ကျင်းလိကလျောင်ချင်းချင်းကို တိတ်ဆိတ်စွာပွေ့ဖက်ထားခဲ့သည်။ လျောင်ချင်းချင်းက ဒီနေ့မှာအကြာကြီးအလုပ်ရှုပ်နေခဲ့တာကြောင့် မကြာခင်မှာပဲအိပ်ပျော်သွားတော့သည်။

နောက်တစ်ရက် အာရုံတတ်ခါစအချိန်တွင် ဧကရာဇ်ကျင်းလိမှာနံနက်ခင်းတရားရုံးအတွက်နိုးထလာပြီး လျောင်ချင်းချင်းလည်းနိုးလာခဲ့သည်။

" ဘာလို့အစောကြီးထတာလဲ?"
ဧကရာဇ်ကျင်းလိမေးလိုက်သည်။

" ဒီနေ့ လျောင်အိမ်တော်ကိုပြန်မလို့လေ"

လျောင်ချင်းချင်းက မသဲမကွဲအသံတိုးတိုးနဲ့ပြန်ဖြေလိုက်သည်။

" မင်းကအရမ်းစိတ်အားထက်သန်နေတာပဲ"

" အွန်း"

ဧကရာဇ်ကျင်းလိ အဝတ်အစားစတင်ဝတ်လိုက်ပြီး လျောင်ချင်းချင်းလည်းလိုက်ထလာသည်။ ဧကရာဇ်ကျင်းလိကလီရှန်းအဆောင်ကထွက်ခွာဖို့ပြင်ချိန်မှာ လျောင်ချင်းချင်းလည်းအတူတူပဲ။ ဧကရာဇ်ကျင်းလိကလျောင်ချင်းချင်းအရှေ့မှာရပ်လိုက်ကာ သူမလက်လေးကိုကိုင်လိုက်တယ်။

" ကျန်း မနက်ခင်းညီလာခံသွားတော့မယ် လျောင်အိမ်တော်မှာတစ်ခုခုဖြစ်ရင် မင်းကျန်းကိုအချိန်မရွေးလူလွှတ်ပြီးစာပို့လို့ရတယ်"

" အင်း ဒါဆို သုံးရက်အတွင်းပြန်တွေ့ကြမယ်နော် အရှင်မင်းကြီး "

လျောင်ချင်းချင်း အပြုံးလေးနဲ့ပြောလိုက်သည်။

" ဘာကြောင့်ပြုံးနေတာလဲ? ကျန်းနဲ့ခွဲရမှာတအားပျော်နေတာလား?"

" သုံးရက်ထဲဟာကို"

" အင်း ကျန်းသွားပြီ"

" ဒီကိုယ်လုပ်တော် အရှင်မင်းကြီးကိုရိုသေစွာပို့ဆောင်ပါတယ်"

ဧကရာဇ်ကျင်းလိ လီရှန်းအဆောင်ကနေထွက်ခွာလာခဲ့သည်။ တခဏလမ်းလျှောက်ပြီးတဲ့နောက်မှာ သူ့ကိုယ်သူမထိန်းနိုင်ပဲပြန်လှည့်ကြည့်လိုက်မိတော့ လျောင်ချင်းချင်းကရထားလုံးထဲဝင်နေပြီး ရထားလုံးကထွက်ခွာတော့မှာကိုတွေ့လိုက်သည်။ လျောင်ချင်းချင်း သူ့ဆီကနေတစတစ‌ဝေးသွားသည်နှင့်အမျှ အကြောင်းပြချက်တချို့ကြောင့်သူအေးစက်လာခဲ့သည်။

...ကျန်းကနည်းနည်းတော့စိတ်မချမ်းသာဖြစ်ရပေမဲ့ သုံးရက်ထဲပါပဲလေ....

သူတော်ဝင်ရုံးတော်ဆီလှည့်ထွက်လာခဲ့တယ်။

လျောင်ချင်းချင်း ရထားလုံးထဲဝင်လိုက်ပြီး တော်ဝင်အစောင့်အကြပ်တွေနဲ့အခြားသူရဲ့ကာကွယ်မှုအောက်ကနေ နန်းတော်မှထွက်ခွာလာခဲ့သည်။ နောက်ဆုံးတော့ သူမတစ်ယောက်ထဲရထားလုံးထဲမှာထိုင်နိုင်ပြီ။ ရထားလုံးပြတင်းကန့်လန့်ကာကို သူမအသာအယာမတင်လိုက်တယ်။

လက်ရှိအချိန်က အာရုံတတ်ခါစဖြစ်ပြီး လမ်းရဲ့ဘေးနှစ်ဖက်စလုံးမှာချည်ကြမ်းအင်္ကျီတွေဝတ်ဆင်ထားကြတဲ့ ဈေးသည်တွေရှိနှင့်နေပြီးဖြစ်ကာ သူတို့ရဲ့ဆိုင်ခန်းတွေပေါ်မှာပစ္စည်းပစ္စယတွေခင်းကျဉ်းရင်းအလုပ်များနေကြတယ်။
အဲ့ဒါတွေကဘာတွေလဲဆိုတာ လျောင်ချင်းချင်းကောင်းကောင်းမမြင်နိုင်ပေမဲ့ အရာအားလုံးအသစ်အဆန်းဖြစ်နေသည်။ အဲ့ဒါကနှစ်ဆယ့်တစ်ရာစုမှာနေရတာနဲ့တူပေမဲ့ အနည်းငယ်တော့ကွဲပြားသည်။ သူမအနောက်ကိုကြည့်လိုက်မိပြီး သူမရထားလုံးနောက်မှာ အစောင့်အကြပ်တွေအများအပြားလိုက်ပါလာကြောင်း ရုတ်တရက်သိလိုက်သည်။ သူမအရှေ့ကိုပြန်ကြည့်လိုက်မိတော့ လူပင်လယ်ကြီးရှိနေသည်။

သူမလန့်ဖျပ်သွားတယ်။ ဧကရာဇ်ကျင်းလိကတကယ်ပဲ သူမနောက်လိုက်ဖို့ လူအများကြီးလွှတ်လိုက်တာပဲ။ ဒါတော့အရမ်းဟန်များလွန်းသွားပြီ!

ဒါပေမဲ့လဲ သူမကနန်းတော်ကနေထွက်လာခဲ့ပြီဖြစ်တာမို့ လက်ခံလိုက်ရသည်။ ကောင်းကင်ကြီးကပိုပိုလင်းလာပြီး သူမကန့်လန်ကာကိုတစ်ချိန်လုံးထပ်မ,မထားနိုင်တော့ဘူး။ ကန့်လန်ကာအဟကြားကနေသာ အပြင်ဘက်အခြေအနေကိုလှမ်းကြည့်တော့တယ်။ အချိန်တိုလေးအတွင်းမှာပဲ သူမလျောင်အိမ်တော်ကိုရောက်ရှိလာခဲ့သည်။

သူမကိုပထဆုံးခရီးဦးကြိုပြုလိုက်တဲ့အရာက ဗျောက်အိုးဖောက်သံဖြစ်ပြီး သူမကိုထိတ်လန့်သွားစေခဲ့တယ်။ ဟယ်ရှန်းနဲ့တခြားလူတွေရဲ့အကူညီနဲ့ သူမရထားလုံးထဲကထွက်လာခဲ့သည်။

"ရှီးကျောက်ရုန်မယ်မယ်ကိုနှုတ်ခွန်းဆက်သပါတယ်! မယ်မယ်ကျန်းခန့်သာလို့မာပါစေ!"

သူတို့တွေက တညီတညွတ်ထဲအော်လိုက်ကြသည်။ လျောင်ချင်းချင်း သူတို့အပေါ်အကြည့်ပို့လိုက်ပြီး လျောင်အိမ်အိမ်တော်ရဲ့ဝင်ပေါက်မှာ ဒူးထောက်နေတဲ့လူအတန်းလိုက်ကိုတွေ့လိုက်သည်။ ထိုလူတွေကြားက ဒုတိယသခင်ကြီးလျောင်၊ကျီရှီနဲ့ သူမမောင်လေးလျောင်ချင်အန်းကို သူမခပ်မြန်မြန်မှတ်မိလိုက်သည်။

သုံးယောက်ကပြောင်ယောင်တဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားတယ်ဆိုသော်ငြား သူတို့အဝတ်တွေကအကြိမ်ပေါင်းမသိနိုင်အောင် လျှော်ဖွပ်ခံထားရမှန်း လျောင်ချင်းချင်းမြင်နိုင်တယ်။ သူမကမူလကိုယ်ရဲ့မှတ်ဉာဏ်တွေကိုပိုင်ဆိုင်ထားခဲ့တာကြောင့်ဖြစ်မယ် ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါ သူမအနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ဒုတိယသခင်ကြီးလျောင်နဲ့ကျီရှီကိုထူပေးဖို့ သူမကပျာကယာအရှေ့တိုးသွားလိုက်သည်။

" မမကြီး!"

လျောင်ချင်အန်းကပျော်ရွှင်စွာခေါ်လိုက်သည်။

" မရိုင်းပြနဲ့"

ဒုတိယသခင်ကြီးလျောင်က ချက်ချင်းမာန်မဲလိုက်သည်။

လျောင်ချင်အန်းက အလျင်မြန်ခေါင်းငုံ့ချလိုက်ပြီး နှုတ်ဆိတ်သွားသည်။ သို့သော် လျောင်ချင်းချင်းက သူမမောင်ငယ်လေးလျောင်ချင်အန်းကိုချစ်ခင်သွားတယ်။ လျောင်ချင်းချင်းက မျက်လုံးတွေနီရဲနေပြီဖြစ်တဲ့ကျီရှီဘက် လှည့်လိုက်သည်။ လျောင်ချင်းချင်း ချက်ချင်းပင်သွေးကစကားပြောမှုမျိုးခံစားလိုက်ရပြီး ညင်သာစွာခေါ်လိုက်သည်။

" အမေ"

ကျီရှီမှာချက်ချင်းပင် မျက်ရည်တွေကျဆင်းလာပြီး မသင့်လျော်မည်ကိုစိုးရိမ်ကာသူမလက်တွေနဲ့အလျင်မြန်သုတ်လိုက်ပြီး မဆိုင်းမတွပြောလိုက်သည်။

" ရှီးကျောက်ရုန်မယ်မယ် ကျေးဇူးပြုပြီးအထဲဝင်ပါရှင်"

လျောင်ချင်းချင်းမှာ လူအုပ်ကြီးဖြင့်ဝန်းရံကာ လျောင်အိမ်တော်ထဲဝင်လိုက်သည်။ မူလကလျောင်အိမ်တော်က ခြံဝန်းနှစ်ခုပါအိမ်တော်‌ငယ်လေးဖြစ်တယ်။ ဒါပေမဲ့ လျောင်ချင်းချင်းကိုကြိုဆိုဖို့အတွက် အိမ်တော်ရဲ့အနောက်ဘက်မှာခြံဝန်းငယ်လေးဆောက်လုပ်ခဲ့တယ်။ တစ်အိမ်လုံးကသန့်ရှင်းပြီး ‌သပ်သပ်ရပ်ရပ်နဲ့ရိုးရှင်းကာ လျောင်ချင်းချင်းအတော်လေးသဘောကျသွားခဲ့သည်။

လျောင်ချင်းချင်းလောကဝတ်အရ ဒုတိယသခင်ကြီးလျောင်၊ကျီရှီတို့နဲ့ အပေါ်ယံစကားအချို့ပြောခဲ့ပြီး ထို့နောက် ကျီရှီနဲ့အတူခြံဝန်းငယ်လေးထဲဝင်သွားခဲ့ပြီး သူမခေါင်းကိုလှည့်လိုက်သည်နဲ့ လျောင်ချင်အန်းကိုတွေ့လိုက်ရသည်။

ကျီရှီလှည့်ကြည့်ပြီး မေးလိုက်သည်။

" မင်းကဒီကိုဘာ‌အတွက်ရောက်နေတာလဲ?"

" ကျွန်တော် မမကြီးနဲ့စကားပြောဖို့လာတာပါ"

လျောင်ချင်အန်းပြောလိုက်သည်။

" ဘာကြောင့်မို့မင်းအဖော်ပြုတာလိုရမှာလဲ?"

" အမေ ကျွန်တော်ကငယ်သေးတယ် ကျွန်တော်မမကြီးနဲ့စကားပြောလို့ရပါသေးတယ်"

" ဟုတ်ပါတယ် အမေရယ် သူ့ကိုဝင်လာခိုင်းလိုက်ပါ"

လျောင်ချင်းချင်း ဝင်ပြောလိုက်သည်။

ကျီရှီ သူတို့ကိုထပ်မတားဆီးတော့ဘူး။ လျောင်ချင်အန်းကဒီနှစ်မှာ ကိုးနှစ်သာရှိသေးသည်။ သူ့အစ်မကြီးနဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေက အနည်းငယ်ဝေဝါးနေပြီဖြစ်သည်။ သူ့အစ်မကြီးကအလွန်ညင်သာသိမ်မွေ့ပြီး သူ့အပေါ်ကောင်းကောင်းဆက်ဆံတာကိုပဲ မှတ်မိတော့သည်။ သူ့အစ်မကြီးကအရမ်းလှလာလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့မိဘူး။ သူမနဲ့ရင်းနှီးချင်စိတ်ကို သူမထိန်းနိုင်ပေ။

သူ့အစ်မကြီးဖြစ်နေတဲ့ လျောင်ချင်းချင်းကတော့ ဒီလိုချစ်ခြင်းမေတ္တာဗုန်းဘောလအောကို တခါမှမတွေ့ကြုံမခံစားဖူးဘူး။ ကျီရှီကသူမရဲ့နန်းတွင်းထဲကဘဝအကြောင်းကိုမေးမြန်းခဲ့ပြီး လျောင်ချင်အန်းက သူမစားဖို့သစ်သီးတစ်ချို့ယူလာပေးခဲ့သည်။ သူတို့ကသူမလိုအပ်သမျှကို အလိုက်တသိစီစဉ်‌ပေးသည်။ သူမဆီမှာနွေးထွေးမှုကတလိပ်လိပ်တတ်လာသည်။

ဒါပေမဲ့ နန်းတော်ထဲကဧကရာဇ်ကျင်းလိမှာတော့ လုံးဝမနွေးထွေးနေခဲ့ဘူး။ တော်ဝင်ရုံးတော်ရပ်ဆိုင်းပြီးတဲ့နောက်မှာ သူကကိစ္စရပ်တွေကိုဆွေးနွေးဖို့ တော်ဝင်စာကြည့်ဆောင်ဆီသွားခဲ့သည်။ ပြီးဆုံးသွားတဲ့နောက် အကျင့်ပါစွာနဲ့လီရှန်းအဆောင်ဆီထွက်လာခဲ့သည်။

ဖူရှန်းကသူ့ကိုသတိပေးလိုက်သည်။
" အရှင်မင်းကြီး ရှီးကျောက်ရုန်ကလျောင်အိမ်တော်ကိုပြန်သွားပါတယ်"

ဧကရာဇ်ကျင်းလိ တခဏအေးခဲသွားခဲ့ပြီး ထို့နောက် တကိုယ်လုံးမသက်မသာခံစားလိုက်ရတယ်။ သူကကျန်းချန်နန်းဆောင်ဆီပြန်သွားခဲ့ပြီး နေ့လည်ခင်းတရေးတမောအိပ်ရာမှာ ကောင်းကောင်းမအိပ်နိုင်ခဲ့ဘူး။ ညနေစောင်းတော့လည်း ကျန်းချန်နန်းဆောင်ကအိပ်ရာပေါ်မှာလဲလျောင်းနေခဲ့ပြီး အိပ်မပျော်နိုင်ဘူး။ သူ့ခေါင်းကမကိုက်တော့ပေမဲ့ သူ့နှလုံးသားမှာတစ်ခုခုဖြစ်နေသလိုခံစားရတယ်။

ဘာဖြစ်တာလဲ?

နေရာတိုင်းမှာတစ်ခုခုဖြစ်နေသလိုပဲလို့ခံစားရပြီး သူ့မှာအိပ်လို့မပျော်နိုင်ဘူး။

သူကလီရှန်းအဆောင်ကိုလာခဲ့ပြီး လျောင်ချင်းချင်းအိပ်ရာမှာအိပ်စက်ခဲ့သည်။ လူးကာလှိမ့်ကာနဲ့အိပ်ပျော်အောင်ကြိုးစားပြီးနောက် ညနက်မှအိပ်ပျော်သွားတော့တယ်။ အလုပ်များခဲ့တဲ့နေ့အပြီးနောက်တစ်ရက်မှာ သူကစိတ်ဓာတ်ကျတဲ့မျက်နှာနဲ့ လီရှန်းအဆောင်ထဲမှာထိုင်နေခဲ့ပြီး ခေါ်လိုက်သည်။

" ဖူရှန်း.."

" ဒီအစေခံရှိပါတယ်!"

ဖူရှန်း ခန်းမဆောင်ထဲအလျင်အမြန်ဝင်လာခဲ့သည်။

" ဒီနေ့ရာသီဥတုက မနေ့ကထက်ပိုအေးနေတာလား?"

" ???"

မအေးပါဘူး။ ဖူရှန်းကဧကရာဇ်ကျင်းလိဘာကိုဆိုလိုချင်မှန်းမသိပဲ ပြောလိုက်သည်။

" အရှင်မင်းကြီးကိုဖြေကြားပါတယ် နည်းနည်းတော့အေးသလိုရှိပါတယ်"

" ရှီးကျောက်ရုန်က အအေးဒဏ်ကိုအကြောက်ဆုံးဆိုတာ ကျန်းမှတ်မိတယ်"

" ???"
ဘာဆိုင်လို့လဲ ခင်ဗျာ?

" အေးစက်လိုက်တဲ့နေ့ပဲ"

" ???"
နွေရာသီတောင်ရောက်နေပြီလေ အရှင်မင်းကြီးရယ်!

" ဒီလိုအေးတဲ့နေ့နဲ့ လျောင်အိမ်တော်ကရှီးကျောက်ရုန်က....."

ဧကရာဇ်ကျင်းလိ မျက်ခုံးတွေတွန့်ချိုးသွားသည်။

ဖူရှန်းမှာ စဉ်းစားချင့်ချိန်ကြည့်ပြီး ရုတ်တရက်အလင်းပေါက်သွားတယ်။ သူကအနည်းငယ်သတိထားပြီးပြောလိုက်သည်။

" ဒီအစေခံကြားထားတာ ရာဇဝတ်တရားသူကြီးလျောင်ကဖြောင့်မတ်တဲ့အမတ်တစ်ယောက်ဖြစ်တာမို့ သူကသူတို့စိုက်ပျိုးထားတဲ့အသီးအရွက်တွေကိုစားပြီး ကိုယ်တိုင်ရက်လုပ်ထားတဲ့အထည်ကိုဝတ်ဆင်ကြတယ်တဲ့ သဘာဝအလျောက်ပဲ နန်းတော်မှာလိုသက်သောင့်သက်သာရှိမှာမဟုတ်ဘူး"

" ဟုတ်တယ် ရှီးကျောက်ရုန်အအေးမိသွားနိုင်ပြီး သူ့ဆီကနေကျန်းကိုကူးလာရင် မကောင်းဘူး"

" ???"
ဖူရှန်းမှာစိတ်ရှုပ်ထွေးသွားတော့တာပါပဲ။

ဧကရာဇ်ကျင်းလိ ဆတ်ခနဲမတ်တပ်ထရပ်ကာ ပြောလိုက်သည်။
" ကျန်း ရှီးကျောက်ရုန်ကိုစောင်တစ်ထည်ပို့ပေးလိုက်မယ်!"

" ???"

ဖူရှန်းမှာ အံ့ဩမှုနဲ့နှုတ်ခမ်းထောင့်တွေတွန့်သွားတော့သည်။





Zawgyi

ေနာက္ရက္အနည္းငယ္အတြင္းမွာ ေလ်ာင္ခ်င္းခ်င္းဟာလယ္ယာစိုက္ပ်ိဳးေရးထြက္ကုန္ဌာနက ကိစၥရပ္ေတြကိုစီစဥ္ေပးခဲ့ၿပီး သူမၿခံဝန္းထဲကအာလူးေတြကိုဂ႐ုစိုက္ခဲ့သည္။ တစ္ခ်ိန္တည္းမွာပဲ သူမအထုတ္အပိုးေတြကျပင္ၿပီးလုနီးပါးျဖစ္ေနၿပီ။

ေတာ္ဝင္ကိုယ္လုပ္ေတာ္ေတြက သူမရဲ႕ေလ်ာင္အိမ္ေတာ္ကိုသုံးရက္တာျပန္နိုင္ျခင္းကို မနာလိုျဖစ္ေနၾကေပမဲ့ ဧကရာဇ္က်င္းလိကေတာ့သိပ္ၾကည္ပုံမရေပ။ သူမမထြက္ခြာခင္တစ္ရက္မွာဧကရာဇ္က်င္းလိက သူမအေရွ႕မွာထိုင္ၿပီးေလွ်ာက္တင္လႊာေတြကိုသုံးသပ္ေနခဲ့တယ္။ မၾကာခဏဆိုသလို သူကသူမကိုလွမ္းလွမ္းၾကည့္ေနသည္။

ေလ်ာင္ခ်င္းခ်င္းက အရင္ဘဝမွာမိသားစုမရွိခဲ့ဘူး။ သူမရဲ႕ႏွလုံးသားထဲမွာ မိသားစုခ်စ္ျခင္းေမတၱာကို ျပင္းျပင္းျပျပေတာင့္တေနခဲ့တာျဖစ္သည္။ ပုံမွန္အားျဖင့္ သူမကကမၻာတုန္ေလာက္ဖြယ္ခ်စ္ျခင္းေမတၱာကိုျပသတဲ့ ႐ုပ္ရွင္ေတြနဲ႕တီဗြီရွိုးေတြကိုၾကည့္တဲ့အခါမွာ သိပ္အမ်ားႀကီးမခံစားရေပမဲ့ ၾကည္ႏူးဖြယ္မိသားစုခ်စ္ျခင္းေမတၱာကို ၾကည့္လိုက္မိတာနဲ႕ ႐ုပ္ရွင္႐ုံထဲမွာတတ္မတတ္ခ်က္မတတ္ငိုတတ္သည္။ သူမအိမ္ျပန္ေရာက္လာေတာင္မွ အိပ္ရာေပၚမွာထိုင္ၿပီး ဆက္ငိုတတ္တယ္။

သူမကမိသားစုခ်စ္ျခင္းေမတၱာကိုေတာင့္တခဲ့တယ္။ ထို႔ေၾကာင့္ သူမကဧကရီမယ္ေတာ္ႀကီးကိုႏွလုံးသားတစ္ခုလုံးနဲ႕ အႂကြင္းမဲ့ဆက္ဆံခဲ့တာ။ အရင္က အႀကီးဆုံးသခင္ႀကီးေလ်ာင္ရဲ႕ကဖ်က္ကယက္လုပ္မႈေၾကာင့္ သူမကတမင္တကာဒုတိယသခင္ႀကီးေလ်ာင္နဲ႕က်ီရွီဆီကေန ေဝးေဝးေနခဲ့တာျဖစ္သည္။ အခုအႀကီးဆုံးသခင္ႀကီးေလ်ာင္နဲ႕ဒုတိယသခင္ႀကီးေလ်ာင္တို႔ ဆက္ဆံေရးျပတ္ေတာက္သြားတာမို႔ သူမသြားၿပီးသူတို႔ကိုေတြ႕နိုင္ၿပီျဖစ္သည္။ သူမမ်က္ႏွာတစ္ခုလုံးက ေမွ်ာ္လင့္ေစာင့္စားျခင္းေတြနဲ႕ ျပည့္ေနသည္။

ဒီအျခင္းအရာကဧကရာဇ္က်င္းလိကို အနည္းငယ္မေက်မနပ္ျဖစ္သြားေစၿပီး ေခ်ာင္းဖြဖြဟန႔္လိုက္တယ္။ ေလ်ာင္ခ်င္းခ်င္း ဧကရာဇ္က်င္းလိကိုၾကည့္လိုက္တယ္။ ဧကရာဇ္က်င္းလိကသူမကိုၾကည့္မလာခဲ့ဘူး။

ေလ်ာင္ခ်င္းခ်င္း ဧကရာဇ္က်င္းလိအတြက္လက္ဖက္ရည္ငွဲ႕ေပးလိုက္သည္။

" အရွင္မင္းႀကီး အာစြတ္ေအာင္ေရေလးေသာက္ပါအုံး အရွင္ေခ်ာင္းဆိုးေနတာ ဒီကိုယ္လုပ္ေတာ္ၾကားလိုက္တယ္"

" အင္း"
ဧကရာဇ္က်င္းလိ စိတ္မဝင္စားသေယာင္နဲ႕ေျပာလိုက္သည္။

" မင္းမနက္ျဖန္က်ရင္သြားေတာ့မွာမလား"

" အြန္း"

" လမ္းမွာဂ႐ုစိုက္"

" ဟုတ္"

" ေကာင္းၿပီ"

" မင္းေလ်ာင္အိမ္ေတာ္မွာေနသားမက်ရင္ ေစာေစာျပန္လာလို႔ရတယ္"

" သုံးရက္ထဲသြားမွာေလ"

" မင္းကရက္တိုလြန္းတယ္လို႔ထင္တာလား?"

" ???"

ဘာေၾကာင့္မ်ား ဧကရာဇ္က်င္းလိအနားကေလထုကမူမမွန္ျပန္ဘူးလို႔ ခံစားေနရတာပါလိမ့္? ငါက'တိုတယ္'လို႔ေျဖသင့္တာလား ဒါမွမဟုတ္ 'ၾကာတယ္' လို႔ေျဖသင့္တာလား? ေလ်ာင္ခ်င္းခ်င္း ကိုယ့္ကိုကိုယ္အားတင္းကာျပန္ေျဖလိုက္ရတယ္။

" အေနေတာ္ပဲ အေနေတာ္ပါပဲ ...အရမ္းလည္းမၾကာအရမ္းလည္းမတိုပါဘူး။ အရွင္မင္းႀကီးနဲ႕ဧကရီမယ္ေတာ္ႀကီးတို႔ကအေမွ်ာ္ျမင္ႀကီးမားပါတယ္"

" အင္း မင္းေနသားမက်ရင္ ေစာစာျပန္လာလို႔ရတယ္ ေတာ္ဝင္အေစာင့္အၾကပ္ေခါင္းေဆာင္က ေလ်ာင္အိမ္ေတာ္ကိုမင္းနဲ႕အတူလိုက္လိမ့္မယ္ မင္းသူ႕ကိုေျပာလိုက္လို႔ရတယ္"

" ဟုတ္ကဲ့ပါ"

ဧကရာဇ္က်င္းလိ ေလ်ာင္ခ်င္းခ်င္းကိုၾကည့္လိုက္ၿပီး ခံစားခ်က္ေတြရႈပ္ေထြးေနခဲ့သည္။ ညဘက္အိပ္ရာဝင္ၾကတဲ့အခါ ဧကရာဇ္က်င္းလိကေလ်ာင္ခ်င္းခ်င္းကို တိတ္ဆိတ္စြာေပြ႕ဖက္ထားခဲ့သည္။ ေလ်ာင္ခ်င္းခ်င္းက ဒီေန႕မွာအၾကာႀကီးအလုပ္ရႈပ္ေနခဲ့တာေၾကာင့္ မၾကာခင္မွာပဲအိပ္ေပ်ာ္သြားေတာ့သည္။

ေနာက္တစ္ရက္ အာ႐ုံတတ္ခါစအခ်ိန္တြင္ ဧကရာဇ္က်င္းလိမွာနံနက္ခင္းတရား႐ုံးအတြက္နိုးထလာၿပီး ေလ်ာင္ခ်င္းခ်င္းလည္းနိုးလာခဲ့သည္။

" ဘာလို႔အေစာႀကီးထတာလဲ?"
ဧကရာဇ္က်င္းလိေမးလိုက္သည္။

" ဒီေန႕ ေလ်ာင္အိမ္ေတာ္ကိုျပန္မလို႔ေလ"

ေလ်ာင္ခ်င္းခ်င္းက မသဲမကြဲအသံတိုးတိုးနဲ႕ျပန္ေျဖလိုက္သည္။

" မင္းကအရမ္းစိတ္အားထက္သန္ေနတာပဲ"

" အြန္း"

ဧကရာဇ္က်င္းလိ အဝတ္အစားစတင္ဝတ္လိုက္ၿပီး ေလ်ာင္ခ်င္းခ်င္းလည္းလိုက္ထလာသည္။ ဧကရာဇ္က်င္းလိကလီရွန္းအေဆာင္ကထြက္ခြာဖို႔ျပင္ခ်ိန္မွာ ေလ်ာင္ခ်င္းခ်င္းလည္းအတူတူပဲ။ ဧကရာဇ္က်င္းလိကေလ်ာင္ခ်င္းခ်င္းအေရွ႕မွာရပ္လိုက္ကာ သူမလက္ေလးကိုကိုင္လိုက္တယ္။

" က်န္း မနက္ခင္းညီလာခံသြားေတာ့မယ္ ေလ်ာင္အိမ္ေတာ္မွာတစ္ခုခုျဖစ္ရင္ မင္းက်န္းကိုအခ်ိန္မေ႐ြးလူလႊတ္ၿပီးစာပို႔လို႔ရတယ္"

" အင္း ဒါဆို သုံးရက္အတြင္းျပန္ေတြ႕ၾကမယ္ေနာ္ အရွင္မင္းႀကီး "

ေလ်ာင္ခ်င္းခ်င္း အၿပဳံးေလးနဲ႕ေျပာလိုက္သည္။

" ဘာေၾကာင့္ၿပဳံးေနတာလဲ? က်န္းနဲ႕ခြဲရမွာတအားေပ်ာ္ေနတာလား?"

" သုံးရက္ထဲဟာကို"

" အင္း က်န္းသြားၿပီ"

" ဒီကိုယ္လုပ္ေတာ္ အရွင္မင္းႀကီးကိုရိုေသစြာပို႔ေဆာင္ပါတယ္"

ဧကရာဇ္က်င္းလိ လီရွန္းအေဆာင္ကေနထြက္ခြာလာခဲ့သည္။ တခဏလမ္းေလွ်ာက္ၿပီးတဲ့ေနာက္မွာ သူ႕ကိုယ္သူမထိန္းနိုင္ပဲျပန္လွည့္ၾကည့္လိုက္မိေတာ့ ေလ်ာင္ခ်င္းခ်င္းကရထားလုံးထဲဝင္ေနၿပီး ရထားလုံးကထြက္ခြာေတာ့မွာကိုေတြ႕လိုက္သည္။ ေလ်ာင္ခ်င္းခ်င္း သူ႕ဆီကေနတစတစေဝးသြားသည္ႏွင့္အမွ် အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္သူေအးစက္လာခဲ့သည္။

...က်န္းကနည္းနည္းေတာ့စိတ္မခ်မ္းသာျဖစ္ရေပမဲ့ သုံးရက္ထဲပါပဲေလ....

သူေတာ္ဝင္႐ုံးေတာ္ဆီလွည့္ထြက္လာခဲ့တယ္။

ေလ်ာင္ခ်င္းခ်င္း ရထားလုံးထဲဝင္လိုက္ၿပီး ေတာ္ဝင္အေစာင့္အၾကပ္ေတြနဲ႕အျခားသူရဲ႕ကာကြယ္မႈေအာက္ကေန နန္းေတာ္မွထြက္ခြာလာခဲ့သည္။ ေနာက္ဆုံးေတာ့ သူမတစ္ေယာက္ထဲရထားလုံးထဲမွာထိုင္နိုင္ၿပီ။ ရထားလုံးျပတင္းကန႔္လန႔္ကာကို သူမအသာအယာမတင္လိုက္တယ္။

လက္ရွိအခ်ိန္က အာ႐ုံတတ္ခါစျဖစ္ၿပီး လမ္းရဲ႕ေဘးႏွစ္ဖက္စလုံးမွာခ်ည္ၾကမ္းအကၤ်ီေတြဝတ္ဆင္ထားၾကတဲ့ ေဈးသည္ေတြရွိႏွင့္ေနၿပီးျဖစ္ကာ သူတို႔ရဲ႕ဆိုင္ခန္းေတြေပၚမွာပစၥည္းပစၥယေတြခင္းက်ဥ္းရင္းအလုပ္မ်ားေနၾကတယ္။
အဲ့ဒါေတြကဘာေတြလဲဆိုတာ ေလ်ာင္ခ်င္းခ်င္းေကာင္းေကာင္းမျမင္နိုင္ေပမဲ့ အရာအားလုံးအသစ္အဆန္းျဖစ္ေနသည္။ အဲ့ဒါကႏွစ္ဆယ့္တစ္ရာစုမွာေနရတာနဲ႕တူေပမဲ့ အနည္းငယ္ေတာ့ကြဲျပားသည္။ သူမအေနာက္ကိုၾကည့္လိုက္မိၿပီး သူမရထားလုံးေနာက္မွာ အေစာင့္အၾကပ္ေတြအမ်ားအျပားလိုက္ပါလာေၾကာင္း ႐ုတ္တရက္သိလိုက္သည္။ သူမအေရွ႕ကိုျပန္ၾကည့္လိုက္မိေတာ့ လူပင္လယ္ႀကီးရွိေနသည္။

သူမလန႔္ဖ်ပ္သြားတယ္။ ဧကရာဇ္က်င္းလိကတကယ္ပဲ သူမေနာက္လိုက္ဖို႔ လူအမ်ားႀကီးလႊတ္လိုက္တာပဲ။ ဒါေတာ့အရမ္းဟန္မ်ားလြန္းသြားၿပီ!

ဒါေပမဲ့လဲ သူမကနန္းေတာ္ကေနထြက္လာခဲ့ၿပီျဖစ္တာမို႔ လက္ခံလိုက္ရသည္။ ေကာင္းကင္ႀကီးကပိုပိုလင္းလာၿပီး သူမကန႔္လန္ကာကိုတစ္ခ်ိန္လုံးထပ္မ,မထားနိုင္ေတာ့ဘူး။ ကန႔္လန္ကာအဟၾကားကေနသာ အျပင္ဘက္အေျခအေနကိုလွမ္းၾကည့္ေတာ့တယ္။ အခ်ိန္တိုေလးအတြင္းမွာပဲ သူမေလ်ာင္အိမ္ေတာ္ကိုေရာက္ရွိလာခဲ့သည္။

သူမကိုပထဆုံးခရီးဦးႀကိဳျပဳလိုက္တဲ့အရာက ေဗ်ာက္အိုးေဖာက္သံျဖစ္ၿပီး သူမကိုထိတ္လန႔္သြားေစခဲ့တယ္။ ဟယ္ရွန္းနဲ႕တျခားလူေတြရဲ႕အကူညီနဲ႕ သူမရထားလုံးထဲကထြက္လာခဲ့သည္။

"ရွီးေက်ာက္႐ုန္မယ္မယ္ကိုႏႈတ္ခြန္းဆက္သပါတယ္! မယ္မယ္က်န္းခန႔္သာလို႔မာပါေစ!"

သူတို႔ေတြက တညီတၫြတ္ထဲေအာ္လိုက္ၾကသည္။ ေလ်ာင္ခ်င္းခ်င္း သူတို႔အေပၚအၾကည့္ပို႔လိုက္ၿပီး ေလ်ာင္အိမ္အိမ္ေတာ္ရဲ႕ဝင္ေပါက္မွာ ဒူးေထာက္ေနတဲ့လူအတန္းလိုက္ကိုေတြ႕လိုက္သည္။ ထိုလူေတြၾကားက ဒုတိယသခင္ႀကီးေလ်ာင္၊က်ီရွီနဲ႕ သူမေမာင္ေလးေလ်ာင္ခ်င္အန္းကို သူမခပ္ျမန္ျမန္မွတ္မိလိုက္သည္။

သုံးေယာက္ကေျပာင္ေယာင္တဲ့အဝတ္အစားေတြကိုဝတ္ဆင္ထားတယ္ဆိုေသာ္ျငား သူတို႔အဝတ္ေတြကအႀကိမ္ေပါင္းမသိနိုင္ေအာင္ ေလွ်ာ္ဖြပ္ခံထားရမွန္း ေလ်ာင္ခ်င္းခ်င္းျမင္နိုင္တယ္။ သူမကမူလကိုယ္ရဲ႕မွတ္ဉာဏ္ေတြကိုပိုင္ဆိုင္ထားခဲ့တာေၾကာင့္ျဖစ္မယ္ ဒီျမင္ကြင္းကိုျမင္လိုက္ရတဲ့အခါ သူမအနည္းငယ္တုန္လႈပ္သြားခဲ့သည္။ ဒုတိယသခင္ႀကီးေလ်ာင္နဲ႕က်ီရွီကိုထူေပးဖို႔ သူမကပ်ာကယာအေရွ႕တိုးသြားလိုက္သည္။

" မမႀကီး!"

ေလ်ာင္ခ်င္အန္းကေပ်ာ္႐ႊင္စြာေခၚလိုက္သည္။

" မရိုင္းျပနဲ႕"

ဒုတိယသခင္ႀကီးေလ်ာင္က ခ်က္ခ်င္းမာန္မဲလိုက္သည္။

ေလ်ာင္ခ်င္အန္းက အလ်င္ျမန္ေခါင္းငုံ႕ခ်လိဳက္ၿပီး ႏႈတ္ဆိတ္သြားသည္။ သို႔ေသာ္ ေလ်ာင္ခ်င္းခ်င္းက သူမေမာင္ငယ္ေလးေလ်ာင္ခ်င္အန္းကိုခ်စ္ခင္သြားတယ္။ ေလ်ာင္ခ်င္းခ်င္းက မ်က္လုံးေတြနီရဲေနၿပီျဖစ္တဲ့က်ီရွီဘက္ လွည့္လိုက္သည္။ ေလ်ာင္ခ်င္းခ်င္း ခ်က္ခ်င္းပင္ေသြးကစကားေျပာမႈမ်ိဳးခံစားလိုက္ရၿပီး ညင္သာစြာေခၚလိုက္သည္။

" အေမ"

က်ီရွီမွာခ်က္ခ်င္းပင္ မ်က္ရည္ေတြက်ဆင္းလာၿပီး မသင့္ေလ်ာ္မည္ကိုစိုးရိမ္ကာသူမလက္ေတြနဲ႕အလ်င္ျမန္သုတ္လိုက္ၿပီး မဆိုင္းမတြေျပာလိုက္သည္။

" ရွီးေက်ာက္႐ုန္မယ္မယ္ ေက်းဇူးျပဳၿပီးအထဲဝင္ပါရွင္"

ေလ်ာင္ခ်င္းခ်င္းမွာ လူအုပ္ႀကီးျဖင့္ဝန္းရံကာ ေလ်ာင္အိမ္ေတာ္ထဲဝင္လိုက္သည္။ မူလကေလ်ာင္အိမ္ေတာ္က ၿခံဝန္းႏွစ္ခုပါအိမ္ေတာ္ငယ္ေလးျဖစ္တယ္။ ဒါေပမဲ့ ေလ်ာင္ခ်င္းခ်င္းကိုႀကိဳဆိုဖို႔အတြက္ အိမ္ေတာ္ရဲ႕အေနာက္ဘက္မွာၿခံဝန္းငယ္ေလးေဆာက္လုပ္ခဲ့တယ္။ တစ္အိမ္လုံးကသန႔္ရွင္းၿပီး သပ္သပ္ရပ္ရပ္နဲ႕ရိုးရွင္းကာ ေလ်ာင္ခ်င္းခ်င္းအေတာ္ေလးသေဘာက်သြားခဲ့သည္။

ေလ်ာင္ခ်င္းခ်င္းေလာကဝတ္အရ ဒုတိယသခင္ႀကီးေလ်ာင္၊က်ီရွီတို႔နဲ႕ အေပၚယံစကားအခ်ိဳ႕ေျပာခဲ့ၿပီး ထို႔ေနာက္ က်ီရွီနဲ႕အတူၿခံဝန္းငယ္ေလးထဲဝင္သြားခဲ့ၿပီး သူမေခါင္းကိုလွည့္လိုက္သည္နဲ႕ ေလ်ာင္ခ်င္အန္းကိုေတြ႕လိုက္ရသည္။

က်ီရွီလွည့္ၾကည့္ၿပီး ေမးလိုက္သည္။

" မင္းကဒီကိုဘာအတြက္ေရာက္ေနတာလဲ?"

" ကြၽန္ေတာ္ မမႀကီးနဲ႕စကားေျပာဖို႔လာတာပါ"

ေလ်ာင္ခ်င္အန္းေျပာလိုက္သည္။

" ဘာေၾကာင့္မို႔မင္းအေဖာ္ျပဳတာလိုရမွာလဲ?"

" အေမ ကြၽန္ေတာ္ကငယ္ေသးတယ္ ကြၽန္ေတာ္မမႀကီးနဲ႕စကားေျပာလို႔ရပါေသးတယ္"

" ဟုတ္ပါတယ္ အေမရယ္ သူ႕ကိုဝင္လာခိုင္းလိုက္ပါ"

ေလ်ာင္ခ်င္းခ်င္း ဝင္ေျပာလိုက္သည္။

က်ီရွီ သူတို႔ကိုထပ္မတားဆီးေတာ့ဘူး။ ေလ်ာင္ခ်င္အန္းကဒီႏွစ္မွာ ကိုးႏွစ္သာရွိေသးသည္။ သူ႕အစ္မႀကီးနဲ႕ပတ္သတ္တဲ့မွတ္ဉာဏ္ေတြက အနည္းငယ္ေဝဝါးေနၿပီျဖစ္သည္။ သူ႕အစ္မႀကီးကအလြန္ညင္သာသိမ္ေမြ႕ၿပီး သူ႕အေပၚေကာင္းေကာင္းဆက္ဆံတာကိုပဲ မွတ္မိေတာ့သည္။ သူ႕အစ္မႀကီးကအရမ္းလွလာလိမ့္မယ္လို႔ သူမေမွ်ာ္လင့္ထားခဲ့မိဘူး။ သူမနဲ႕ရင္းႏွီးခ်င္စိတ္ကို သူမထိန္းနိုင္ေပ။

သူ႕အစ္မႀကီးျဖစ္ေနတဲ့ ေလ်ာင္ခ်င္းခ်င္းကေတာ့ ဒီလိုခ်စ္ျခင္းေမတၱာဗုန္းေဘာလေအာကို တခါမွမေတြ႕ႀကဳံမခံစားဖူးဘူး။ က်ီရွီကသူမရဲ႕နန္းတြင္းထဲကဘဝအေၾကာင္းကိုေမးျမန္းခဲ့ၿပီး ေလ်ာင္ခ်င္အန္းက သူမစားဖို႔သစ္သီးတစ္ခ်ိဳ႕ယူလာေပးခဲ့သည္။ သူတို႔ကသူမလိုအပ္သမွ်ကို အလိုက္တသိစီစဥ္ေပးသည္။ သူမဆီမွာႏြေးေထြးမႈကတလိပ္လိပ္တတ္လာသည္။

ဒါေပမဲ့ နန္းေတာ္ထဲကဧကရာဇ္က်င္းလိမွာေတာ့ လုံးဝမႏြေးေထြးေနခဲ့ဘူး။ ေတာ္ဝင္႐ုံးေတာ္ရပ္ဆိုင္းၿပီးတဲ့ေနာက္မွာ သူကကိစၥရပ္ေတြကိုေဆြးႏြေးဖို႔ ေတာ္ဝင္စာၾကည့္ေဆာင္ဆီသြားခဲ့သည္။ ၿပီးဆုံးသြားတဲ့ေနာက္ အက်င့္ပါစြာနဲ႕လီရွန္းအေဆာင္ဆီထြက္လာခဲ့သည္။

ဖူရွန္းကသူ႕ကိုသတိေပးလိုက္သည္။
" အရွင္မင္းႀကီး ရွီးေက်ာက္႐ုန္ကေလ်ာင္အိမ္ေတာ္ကိုျပန္သြားပါတယ္"

ဧကရာဇ္က်င္းလိ တခဏေအးခဲသြားခဲ့ၿပီး ထို႔ေနာက္ တကိုယ္လုံးမသက္မသာခံစားလိုက္ရတယ္။ သူကက်န္းခ်န္နန္းေဆာင္ဆီျပန္သြားခဲ့ၿပီး ေန႕လည္ခင္းတေရးတေမာအိပ္ရာမွာ ေကာင္းေကာင္းမအိပ္နိုင္ခဲ့ဘူး။ ညေနေစာင္းေတာ့လည္း က်န္းခ်န္နန္းေဆာင္ကအိပ္ရာေပၚမွာလဲေလ်ာင္းေနခဲ့ၿပီး အိပ္မေပ်ာ္နိုင္ဘူး။ သူ႕ေခါင္းကမကိုက္ေတာ့ေပမဲ့ သူ႕ႏွလုံးသားမွာတစ္ခုခုျဖစ္ေနသလိုခံစားရတယ္။

ဘာျဖစ္တာလဲ?

ေနရာတိုင္းမွာတစ္ခုခုျဖစ္ေနသလိုပဲလို႔ခံစားရၿပီး သူ႕မွာအိပ္လို႔မေပ်ာ္နိုင္ဘူး။

သူကလီရွန္းအေဆာင္ကိုလာခဲ့ၿပီး ေလ်ာင္ခ်င္းခ်င္းအိပ္ရာမွာအိပ္စက္ခဲ့သည္။ လူးကာလွိမ့္ကာနဲ႕အိပ္ေပ်ာ္ေအာင္ႀကိဳးစားၿပီးေနာက္ ညနက္မွအိပ္ေပ်ာ္သြားေတာ့တယ္။ အလုပ္မ်ားခဲ့တဲ့ေန႕အၿပီးေနာက္တစ္ရက္မွာ သူကစိတ္ဓာတ္က်တဲ့မ်က္ႏွာနဲ႕ လီရွန္းအေဆာင္ထဲမွာထိုင္ေနခဲ့ၿပီး ေခၚလိုက္သည္။

" ဖူရွန္း.."

" ဒီအေစခံရွိပါတယ္!"

ဖူရွန္း ခန္းမေဆာင္ထဲအလ်င္အျမန္ဝင္လာခဲ့သည္။

" ဒီေန႕ရာသီဥတုက မေန႕ကထက္ပိုေအးေနတာလား?"

" ???"

မေအးပါဘူး။ ဖူရွန္းကဧကရာဇ္က်င္းလိဘာကိုဆိုလိုခ်င္မွန္းမသိပဲ ေျပာလိုက္သည္။

" အရွင္မင္းႀကီးကိုေျဖၾကားပါတယ္ နည္းနည္းေတာ့ေအးသလိုရွိပါတယ္"

" ရွီးေက်ာက္႐ုန္က အေအးဒဏ္ကိုအေၾကာက္ဆုံးဆိုတာ က်န္းမွတ္မိတယ္"

" ???"
ဘာဆိုင္လို႔လဲ ခင္ဗ်ာ?

" ေအးစက္လိုက္တဲ့ေန႕ပဲ"

" ???"
ႏြေရာသီေတာင္ေရာက္ေနၿပီေလ အရွင္မင္းႀကီးရယ္!

" ဒီလိုေအးတဲ့ေန႕နဲ႕ ေလ်ာင္အိမ္ေတာ္ကရွီးေက်ာက္႐ုန္က....."

ဧကရာဇ္က်င္းလိ မ်က္ခုံးေတြတြန႔္ခ်ိဳးသြားသည္။

ဖူရွန္းမွာ စဥ္းစားခ်င့္ခ်ိန္ၾကည့္ၿပီး ႐ုတ္တရက္အလင္းေပါက္သြားတယ္။ သူကအနည္းငယ္သတိထားၿပီးေျပာလိုက္သည္။

" ဒီအေစခံၾကားထားတာ ရာဇဝတ္တရားသူႀကီးေလ်ာင္ကေျဖာင့္မတ္တဲ့အမတ္တစ္ေယာက္ျဖစ္တာမို႔ သူကသူတို႔စိုက္ပ်ိဳးထားတဲ့အသီးအ႐ြက္ေတြကိုစားၿပီး ကိုယ္တိုင္ရက္လုပ္ထားတဲ့အထည္ကိုဝတ္ဆင္ၾကတယ္တဲ့ သဘာဝအေလ်ာက္ပဲ နန္းေတာ္မွာလိုသက္ေသာင့္သက္သာရွိမွာမဟုတ္ဘူး"

" ဟုတ္တယ္ ရွီးေက်ာက္႐ုန္အေအးမိသြားနိုင္ၿပီး သူ႕ဆီကေနက်န္းကိုကူးလာရင္ မေကာင္းဘူး"

" ???"
ဖူရွန္းမွာစိတ္ရႈပ္ေထြးသြားေတာ့တာပါပဲ။

ဧကရာဇ္က်င္းလိ ဆတ္ခနဲမတ္တပ္ထရပ္ကာ ေျပာလိုက္သည္။
" က်န္း ရွီးေက်ာက္႐ုန္ကိုေစာင္တစ္ထည္ပို႔ေပးလိုက္မယ္!"

" ???"

ဖူရွန္းမွာ အံ့ဩမႈနဲ႕ႏႈတ္ခမ္းေထာင့္ေတြတြန႔္သြားေတာ့သည္။


Continue Reading

You'll Also Like

1.5M 248K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
137K 16K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
119K 10.1K 70
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...