[Unicode]
လက်ရှိတွင် သူတို့နှစ်ယောက်လုံးမှာ လမ်းဘေးဆိုင်တစ်ခုတွင် ရောက်နေခြင်းဖြစ်ကာ ရှင်းက ထိုဒေသထွက် အစားအစာများကို သိပ်သဘောမတွေ့သော်လည်း ကိုးလ်ကတော့ အတော်လေးကြိုက်နှစ်သက်သည် ထင်ပေသည်။ မရပ်မနားစားနေခဲ့သည်မှာ နောက်ဆုံးတွင် လမ်းပင်မလျှောက်နိုင်တော့သည်အထိ ကိုယ်ဝန်သည် သုံးလဗိုက်ကလေးလို အနည်ငယ်ဖောင်းကာ လုံးဝန်းနေမည်ကို တွေးကြည့်လိုက်ရုံဖြင့် ရှင်းခမျာ ရယ်ချင်လာရသည်။
" ဖွီး "
ရယ်သံသည် မအောင့်အီးနိုင်သည့် နောက်ဆုံးတွင် အပြင်ဘက်သို့အသံထွက်သွားလေသည်။
" ဟင် ! "
အသံတစ်ချက်ပြုလျက် ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်နေသော ကိုးလ်က မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် နားမလည်နိုင်သော အမူအယာလုပ်လျက် မော့ကြည့်လာပြီး ခဏအကြာတွင် အကြောင်းအရာကို သိသွားသည့် ပုံစံဖြင့် နားရွက်ဖျားများက နီလာကာ ပါးပြင်မှာ အသားရောင်မှပင် အရောင်းပြေးလေးတစ်ခု ဖြတ်ပြေးသွားလျက် ခေါင်းပြန်ငုံ့သွားလေသည်။
" ဘာဖြစ်တာလဲ "
ရှင်းက ရယ်သံစွက်လျက် မေးလိုက်သည့်အခါ ထိုလူသားမှာ ခေါင်းပြန်ခါပြလာလေသည်။
" ကိုယ့်ကိုယ်ပြောလေ မင်းမပြောရင် ကိုယ်ကသိပါမလား "
" ......... "
" ကျွန်တော်က ရယ်စရာကောင်းနေလား "
မဝံ့မရဲဖြစ်နေသည့်အသံသည်ကား တိုးဖွဲ့ဖွဲ့လေး ထွက်ပေါ်လာလေသည်။
" မဟုတ်ပါဘူး "
" ဒါဆို..... "
" မင်းက အရမ်းချစ်ဖို့ကောင်းနေလို့လေ ....ဒါကြောင့်ကိုယ်မထိန်းနိုင်ဘဲ ရယ်လိုက်မိတာ "
ခေါင်းငုံ့ထားလျက်မှပင် ကိုးလ်တစ်ချက်ပြုံးလိုက်သည်ကို တစ်ခဏလေးဆိုသော်လည်း လေပြေရှင်းတစ်ယောက် အမိဖမ်းလိုက်နိုင်လေသည်။
" ဗိုက်ဝပြီလား "
" အင်း "
" အမှတ်တရအဖြစ် ဈေးထဲမှာ ဝယ်ချင်တာရှိသေးလား "
ကိုးလ်က တစ်ချက်စဉ်းစားလိုက်ပြီး သူ့ထံတွင် ပိုက်ဆံနဲ့တူသောအရာဆို၍ ငယ်ငယ်ကဆော့ခဲ့သော သစ်ရွက်များပင် ပါမလာကြောင်းသတိရလိုက်သောအခါ ချက်ချင်းငြင်းဆန်လိုက်လေသည်။
" မရှိပါဘူး "
" အော်.....သေချာပြီလား "
" အင်း "
ခေါင်းညိတ်ရင်း ပြန်ဖြေလာသော ကိုးလ်ကို ရှင်းက လက်တစ်ဖက် မေးထောက်ထားလျက် အနေအထားဖြင့် ပြုံးရင်းတုန့်ပြန်လေသည်။
" ကောင်းပြီလေ ကိုးလ်က အထူးတလည်လိုချင်တာမျိုး မရှိဘူးဆိုတော့ ကိုယ်ပေးတာကိုပဲ ယူတော့ပေါ့ _
" ဟမ်? "
လေပြေရှင်းရဲ့စကားများက လျှို့ဝှက်ဆန်းကျယ်သော ပဟေဋိများအသွင်ဖြင့် နားထဲဝင်ရောက်လာသောအခါ အရည်အသွေးနိမ့်သော ဦးနှောက်ဆဲလ်များကြောင့် သူဟာ ယောင်ချာချာလေးအသွင် ကူးပြောင်းသွားပြန်လေသည်။
" ဟုတ်ပြီ...အရမ်းစဉ်းစားမနေနဲ့တော့ ဆံပင်တွေတောင်ဖြူလာတော့မယ် "
" ဒါပေမယ့် ....ရှင်း...ဘာ ဘာလုပ်တာလဲ "
ရုတ်တရက် မြေကြီးပေါ်ထိုင်ချလိုက်သော ရှင်းကြောင့် ကိုးလ်ရဲ့မျက်လုံးများက ဝိုင်းစက်သွားရုံသာမက အသံများလည်း ထစ်ငေါ့ကုန်ရလေသည်။ နောက်ထပ်အပြုအမူတစ်ခုအား ထပ်လုပ်လိုက်ချိန်တွင် အသိဉာဏ်အားလုံး ပြာဝေသွားပြီး တတီတီမြည်နေသည့်အသံများသာ ကြီးစိုးလာရသည်အထိ လေပြေရှင်းရဲ့ ထိုးနှက်ချက်များက ပြင်းထန်လွန်းပေတော့သည်။
ဖိနပ်ကိုချွတ်လျက် ကိုးလ်ခြေဖဝါးကို ဒူးပေါ်တင်လိုက်သည့် အပြုအမူကြောင့် ကိုးလ်က ရှက်ရွံ့စိတ်နှင့် အားနာစိတ်တို့ဒွန်တွဲလျက် ပြန်ဆွဲယူလိုက်သော်ငြား ရှင်းက ခြေချင်းဝတ်ကို သန်မာခြင်းမည်သည့် လက်ဖြင့်ပြန်ဆုပ်ကိုင်လာသည်။
" ငြိမ်ငြိမ်နေ....ကိုယ်အလုပ်ရှုပ်နေတယ်လေ "
" ဒါပေမယ့် ဒါကြီးကမကောင်းပါဘူး ...သူများခြေထောက်ကို ရှင်း မရွံဘူးလား "
" ကိုယ်ရွံရင် လွန်ခဲ့တဲ့ ၅ နှစ်ထဲက ကိုးလ်ကို အဲ့နေရာမှာပဲ ပစ်ထားလိုက်မှာ "
" ဗျာ ! "
" ပြီးပြီ "
" ခြေကျင်းတစ်ခုလား "
" အင်း ဟိုတစ်ခေါက်က ကိုးလ်ရဲ့ဆွဲကြိုးကို ဖျက်ဆီးလိုက်တယ်လေ "
" ပြန်မဝယ်ပေးလည်း ရတာပဲကို "
" ပြန်ဝယ်ပေးတာမဟုတ်ဘူး ဒါကိုယ့်အဖေက အမေ့ကိုလက်ဆောင်ပေးခဲ့တာ.....ကိုယ်ကြီးလာတော့ အမေက တန်ဖိုးထားပြီး စောင့်ရှောက်ချင်တဲ့လူတွေ့လာရင် ပေးရမယ်လို့ပြောသွားတယ်။ "
" ဒါကအရမ်းတန်ဖိုးကြီးလွန်းတယ် "
" ယူထားလိုက်ပါ.....ကိုယ်ကြည်ဖြူလို့ပေးတာပဲ "
" မဟုတ်ဘူးလေ....ရှင်း။ ဒီခြေကျင်းက ရှင်းအတွက် တစ်ကယ်အရေးပါတဲ့လူ ၊ ရှင်း ကာကွယ်ပေးချင်တဲ့လူ ၊ရှင်း တန်ဖိုးထားတဲ့လူကိုပဲ ပေးသင့်တယ် "
" နားမလည်သေးဘူးလား ကိုယ်အခုအဲ့လူကိုပဲ ပေးနေတာပဲလေ "
" ဗျာ ! "
တစ်ခဏမျှ ကိုးလ်မှင်သက်သွားပြီးနောက် အသိစိတ်ပြန်ဝင်လာလေသည်။
" သူငယ်ချင်းလိုပဲဆိုရင် တော်ပါတော့.... ကျွန်တော် ရှင်းနဲ့ သူငယ်ချင်းမဖြစ်ချင်တော့ဘူး.....ဒီဆက်ဆံရေးကို အဆုံးသတ်သင့်ပြီ "
ကိုးလ်မျက်နှာလေး ပျက်ယွင်းသွားသည်ကိုမြင်လိုက်သော် လေပြေရှင်းမှာ ပျာပျာသလဲ ဗြောင်းဆန်လျက်သား။
" ဘာလို့စိတ်ဆိုးသွားတာလဲ ကိုယ်ဘာအမှားလုပ်မိလို့လဲ "
" ရှင်း ဘာမှမလုပ်ပါဘူး....ဒီနှစ်တွေထဲမှာ ကျွန်တော်ကသာ အရူးတစ်ယောက်လို မရနိုင်မှန်းသိတဲ့အရာကို မျှော်လင့်နေတာ "
" ဘာစကားလဲ "
လေသံကိုမြှင့်လျက် ရှင်း အော်လိုက်သော စကားတစ်ခွန်း၏အဆုံးသတ်တွင် ထပ်ထူကျနေသော မျက်ဝန်းနှစ်စုံအနက် ဘယ်သူကမှ အရှုံးမပေးချင်ခဲ့ကြပေ။
" ပင်ပန်းနေပြီလို့မထင်ဘူးလား "
ကိုးလ်ရဲ့အသံက ညှို့ယူနိုင်စွမ်းနှင့် ကြည်လင်မှုတို့ယှဉ်တွဲလာချိန်တွင် လေပြေရှင်းရဲ့စိတ်ကို ဝေဝါးထွေပြားလာအောင် နှောက်ယှက်သွားခဲ့လေသည်။
" ကျွန်တော့်အထင် ရှင်း နားလည်သင့်ပြီ "
ကိုးလ်ရဲ့ အသံလှိုင်းက အဖက်ဖက်က တိုက်စစ်ဆင်နေသည့် စစ်ဗျူဟာတစ်ခုနှယ်ပင် ။ မိမိရဲ့ ဝိဉာည်နှင့်အသိစိတ်တို့အား ခန္ဓာကိုယ်မှ ခွဲထုတ်နေသကဲ့သို့ ရှင်း ခံစားလိုက်ရပြီး နာကျင်မှုတစ်ရပ်ကိုလည်း အစပျိုးစေခဲ့သည်။
တစ်ချိန်တည်းမှာပင် လွတ်လပ်ရေးရနေသော လေပြေရှင်းမှာ အိမ်ပြင်ထွက်ပြီး အောင်ပွဲခံရန် ကြံစည်နေခြင်းအား အလွန်အမင်း ဂုဏ်ယူနေသည့် အသွင်အပြင်နှင့်ပင်။ မကြာသေးခင်က ရရှိလိုက်သော သူငယ်ချင်းအသစ်ခခခခခခ်ခနှင့်လည်း အပြင်လျှောက်လည်တတ်သည့်အပြင် တိမ်ယံဆင့်ကိုလည်း ဖုန်းဆက်ပြီး စိတ်ဒုက္ခပေးဖို့ တစ်ရက်ကလေးမှ မေ့လျော့မနေခဲ့ပေ။
" ကိုဆင့် လေပြေ လာလည်လို့ရမလား "
" ရှင်း ဆူမှာမကြောက်ဘူးလား "
" ကိုကိုက အိမ်မှာမရှိဘူး ခရီးထွက်သွားတယ်။ ကိုဆင့်ဆီသွားတာပဲ စိတ်မဆိုးလောက်ပါဘူး .....အိမ်မှာလေပြေတစ်ယောက်ထဲ မနေချင်လို့ပါ.....နော်....နော် "
မတတ်သာတော့သည့်နောက်ဆုံးတွင် တိမ်ယံဆင့်တစ်ယောက် လေပြေညှင်းကို အိမ်အထိ သွားခေါ်ကာ ကိုယ်တိုင်အကြိုအပို့လုပ်လိုက်ရလေသည်။
ထိုမိန်းကလေးမှာ ကိုကိုနှစ်ယောက်လုံး၏ ရင်နှစ်သည်းချာ အချစ်တော်များ ဖြစ်လေသည့်အတွက် မတော်တဆ ခလုတ်တိုက်မိသည်ကပင် ကာယကံရှင် သူမထက် အစ်ကိုနှစ်ယောက်က ပိုလို့ရင်နာမဆုံးဖြစ်ရမည်ပေ။ ထို့ကြောင့် လေပြေညှင်းအား ဂရုစိုက်စောင့်ရှောက်ရမည်မှာ လေပြေရှင်းနဲ့ တိမ်ယံဆင့်တို့၏ တာဝန်တစ်ခုလို ဖြစ်လာရသည်။
" ဝါး......ဒါကအိမ်နဲ့တောင်မတူတော့ဘူးလေ နန်းတော်ကြီးလိုပဲ "
" ပန်းခြံက အရမ်းလှတာပဲ ။သဘာဝနဲ့ထိတွေ့နေရသလိုဘဲ...ဒါ့အပြင် ပင်လယ်တောင်ရှိသေးတယ်။"
" နတ်ပြည်ရောက်နေသလိုဘဲ "
" တော်ပြီ "
လေပြေညှင်း၏ ချီးမွှန်းခန်းများက ဆင့် စကားတစ်ခွန်းထဲနှင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးကုန်လေသည်။
" အခန်းလိုက်ပြမယ် "
" ဒါနဲ့ကိုဆင့်....သူရော "
" ဘယ်...... "
" ဘယ်သူ "ဆိုတဲ့စကားကို တစ်ဆက်တည်းမပြောလိုက်မိခင် လေပြေညှင်း ရည်ညွှန်းနေသူကို ဆင့် ချက်ချင်း သဘောပေါက်သွားသောကြောင့် ထိုစကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်ထားလိုက်သည်။
လက်ကောက်ဝတ်ကနာရီကို တစ်ချက်ငုံ့ကြည့်လိုက်ချိန်ဝယ် အချိန်မှာ ပြဒါးရံ လမ်းလျှောက်ထွက်လေ့ရှိသည့် အချိန်ပင်ဖြစ်တာကြောင့် ယွန်းဟေမီနှင့်အပြင်ထွက်သွားသည်မှာ သေချာလှပေသည်။
" လမ်းလျှောက်ထွက်နေလောက်တယ် "
" အော.....ကိုဆင့် စိတ်မဆိုးဘူးမလား။ လေပြေက အရမ်းဝင်ပါလွန်းနေတာ မဟုတ်ပါဘူး....ဒီတိုင်း ကိုယ့်အစ်ကိုရဲ့ ရည်းစားအကြောင်း နည်းနည်းလောက် ပိုသိချင်လို့ပါ "
ဆင့်က ခပ်ဖွဖွလေးပြုံးလျက် လက်ကိုမြှောက်ကာ လေပြေရဲ့ဆံပင်များကို ဆွဲဖွလိုက်လေသည်။
" ကိုကိုဘယ်တုန်းက လေပြေကို စိတ်ဆိုးဖူးလို့လဲ "
စကားလက်ဆုံကျနေမှုတို့မှာကား အပြင်ဘက်မှ အရိပ်လေးနှစ်ခုကို မြင်လိုက်ရသော် အသံအစုံအလင်မှာ ရပ်တန့်တုံ့ဆိုင်းသွားခဲ့တော့သည်။
" သူ...သူက "
ယွန်းဟေမီက ငယ်ငယ်ရွယ်ရွယ်နှင့် သွက်လက်ကာ ချစ်စရာကောင်းသော လေပြေညှင်းအား တွေ့လိုက်ချိန်တွင် အာမေဠိတ်သံပြု၍ ဆင့်ကို အမေးသဘောဆောင်သော မျက်ဝန်းအကြည့်များအသုံးပြုလာကာ မျက်လုံးချင်းစကားပြောလာသည်။
" ကျွန်တော့်ညီမပါ "
ဆင့်က ချက်ချင်းပင်အဖြေပြန်ပေးလိုက်လေသည်။
" မင်းမှာညီမရှိတာလား ? "
နောက်ဆက်တွဲအနေဖြင့် ပြဒါးရံဆိုလိုက်သော စကားက ဆင့်ရဲ့ အလျင်လိုနေသော အဖြေများနဲ့ ဆုံကြရသောအခါ ပတ်ဝန်းကျင်က အနည်းငယ်မျှ ငြိမ်သက်သွားခဲ့လေတော့သည်။
" အင်း....လေပြေက ကျွန်တော့်ကိုမတွေ့တာကြာပြီမို့လို့ စိတ်ပူလို့လိုက်လာတာ....သူဒီမှာတစ်ပါတ်လောက်တော့ နေလိမ့်မယ် "
" ........... "
ငြိမ်သက်နေသော ပတ်ဝန်းကျင်နှင့်အတူ ပြဒါးရံ၏ နှုတ်ဆိတ်နေခြင်းကို ဆင့်ကသာ ဖြိုခွဲလိုက်သည်။
" ရံ ခင်ဗျားအဆင်ပြေရဲ့လား "
" အင်း "
" လေပြေ ဒါက ပြဒါးရံ ၊ဒါက ယွန်းဟေမီ "
" နှစ်ယောက်လုံးပဲ ဒါက လေပြေညှင်းတဲ့ "
တိမ်ယံဆင့်က ရိုးရာအစဉ်အလာအတိုင်း နာမည်မိတ်ဆက်ပေးလိုက်လေသည်။ မဟုတ်လျှင် ရိုင်းရာကျပေဦးမည် မဟုတ်ပါလား။
" နာမည်က ဘာလို့ဒီလောက် ရင်းနှီးနေရတာလဲ"
ယွန်းဟေမီက ထိုနာမည်ထဲက အငွေ့အသက်တစ်စုံတစ်ရာကို ဦးစွာသတိထားမိလျက် ရေရွတ်လာခဲ့သည်။
" ရှင်းရဲ့ ညီမပါ....ကျွန်တော့်ညီမဆိုလည်း ဟုတ်တယ် "
" ဪ.....ဒါကြောင့်ကိုး "
" မမ လေပြေက ဒီနေရာနဲ့သိပ်မရင်းနှီးလို့ လိုက်ပြလို့ရမလားဟင် "
" ရတာပေါ့ မမကအမြဲတမ်းညီမလေးတစ်ယောက်လောက် လိုချင်နေခဲ့တာ ..... ဒီလောက်ချစ်ဖို့ကောင်းတဲ့ညီမလေးကို ဘယ်သူကငြင်းရက်မှာလဲ "
" အွန်း....ဒီတိုင်းသာ ဆက်သွားနေရင် မမကိုကြိုက်မိတော့မှာပဲ "
ဆူညံနေသော အသံပေါင်းရာချီသည် အမျိုးသမီးနှစ်ယောက်ထံမှ တရဆက်ထွက်ပေါ်နေပြီး စကားပေါင်းထောင်ချီပြောနေတာတောင် မောလာဟန်မပြသော ထိုနှစ်ယောက်ကို ဆင့် ခေါင်းခါရင်းဖြင့်သာ လက်လျော့လိုက်ရသည်။
" Alex ....ရံလေးကို အပ်ခဲ့မယ်နော်.....မမတို့အပြင်ခဏသွားဦးမယ် "
ဆင့်ရဲ့ ပြန်တုန့်ပြန်မည်အမူအယာမှာ လက်ချင်းချိတ်လျက် အိမ်ပြင်ထွက်သွားသော ထိုနှစ်ယောက်ကြောင့် စကားလုံးများကို လည်ချောင်းထဲ အတင်းကာရော ပြန်မြိုချလိုက်ရလေသည်။
" မမ ကိုပြဒါးရံက အပြင်မှာ ပိုချောတာပဲနော်...ကိုဆင့် သူ့ဆီမှာကျရှုံးသွားတာ မဆန်းတော့ပါဘူး "
" မှားနေပြီ ရံလေးကသာ ဆင့်ဆီမှာ ကျရှုံးသွားတာ "
ဤသည်မှာ မသွားခင် ထိုနှစ်ယောက် တီးတိုးတီးတိုးဖြင့်ပြောနေသော စကားသံများပင်။
" ရံကို ကျွန်တော်ပြောစရာရှိတယ် "
" အင်း "
" ဒီနေ့မှဘာလို့ အရမ်းတိတ်ဆိတ်နေတာလဲ "
" ဒါမင်းပြောချင်နေတယ်ဆိုတဲ့ စကားလား "
" မဟုတ်ပါဘူး.....ကျွန်တော်ပြောမှာ မျက်နှာက ဘာလို့သဝန်တိုတဲ့ပုံပေါက်နေတာလဲ "
" ငါမဟုတ်ပါဘူး "
" လိမ်နေတယ် "
" ....... "
" လေပြေက တစ်ကယ့်ကို ညီမလေးတစ်ယောက်လိုပါပဲ "
" ........ "
မျက်နှာကိုလွှဲလျက် နှုတ်ခမ်းများကို စေ့တင်းထားသော ပြဒါးရံကိုကြည့်ရင်း တိမ်ယံဆင့်မှာ မထိန်းချုပ်နိုင်သော ရယ်ချင်စိတ်များကို လွတ်လပ်ခွင့်ပေးလျက် ရယ်မောလာတော့သည်။
" မင်း ! "
ပြဒါးရံက မိမိမှာအလှောင်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၍ထင်သည်။ အံကိုကြိတ်လျက် စိတ်ဆိုးမာန်ဆိုး တစ်ခွန်းခေါ်လာသော်လည်း မကြေနပ်သည့်အသွင်ဖြင့် မျက်နှာပြန်လွှဲသွားသည်။
" Sorry ....မရည်ရွယ်ပါဘူး "
သို့သော်ငြား တိမ်ယံဆင့်ရဲ့ တောင်းပန်စကားက ပြဒါးရံအတွက် မထိရောက်လေသည့်အတွက် ထိုအလှောင်ပြောင်ခံရပ်ဝန်းကနေ ပြဒါးရံတစ်ယောက် လှည့်ထွက်ဖို့သာ ကြိုးစားလိုက်တော့သည်။
သို့သော် ထိုအတိုင်းသာ လွယ်လွယ်ကူကူထွက်သွားခွင့် ပေးလိုက်ပါလျှင်မူ တိမ်ယံဆင့်မှာ တိမ်ယံဆင့်မဟုတ်တော့ပေ။ ပြဒါးရံရဲ့ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ပြီး ချက်ချင်းဆိုသလို ညှင်သာသည့်အသံကို အသုံးပြုလျက် တိုးဖွဖွလေးဆိုလိုက်သည်။ ဆွဲငြင်ညှို့ယူမှုများဟာလည်း မမေ့မလျော့ ပါမြဲပါနေဆဲပင်။
" ဘယ်လဲ.....ကျွန်တော်ခုထိ သတင်းကောင်း မပြောရသေးဘူးလေ "
" ဘာလဲ "
တိမ်ယံဆင့်က မိမိရဲ့လက်သွယ်သွယ်ကို မြှောက်လျက် ပြဒါးရံရဲ့ မျက်နှာအစိတ်အပိုင်းများကို ခပ်ဖြေးဖြေး ထိတွေ့ကိုင်တွယ်နေခဲ့လေသည်။ အနည်းငယ်လေးမျှ အားထည့်လိုက်ပါလျှင့် ထိုမျက်နှာလေးမှာ ကြေမွသွားသည့် ကြွေရုပ်လေးအလား အလွန်အမင်း တယုတယနိုင်စွာဖြင့်။
" မကြာခင်မှာ ဒီအစိတ်အပိုင်းလေးတွေ အကုန်ပြန်စုံတော့မယ်ထင်တယ် "
နီးကပ်သည်ထက်ပိုသော အနေအထားကြောင့် တိမ်ယံဆင့်ရဲ့ ကိုယ်သင်းရနံ့နဲ့ စကားပြောစဉ်က ရိုက်ခတ်လာသော လေငွေ့နွေးနွေးတို့အကြား ပြဒါးရံရဲ့ နှလုံးသားလေးမှာ တစ်စက္ကန့်အတွင်း ကြိမ်နှုန်းများစွာဖြင့် ခုန်ပေါက်သွားခဲ့လေသည်။
" ဘာသဘောလဲ "
" ကျွန်တော့်လူက ပြန်ဆက်သွယ်လာတယ် မျက်လုံးအတွက် အလှူရှင်ရှာတွေ့ပြီဆိုပေမယ့် ကျွန်တော်ရွေးထားတဲ့ ဆရာဝန်က အချိန်ဇယားပြည့်နေတာကြောင့် တစ်ပါတ်နောက်ဆုတ်လိုက်ရတယ် "
" အရမ်းမမြန်လွန်းဘူးလား "
" မြန်တာမကောင်းဘူးလား.....ကျွန်တော်ဖြင့် အခုတောင် ချက်ချင်းခွဲစိတ်စေချင်နေပြီ "
" နေပါဦး...ငါအဆင်သင့်မဖြစ်သေးဘူး "
" ရံ...ဘာမှကြောက်စရာမလိုဘူး။ ခွဲစိတ်မှုက အဆင်ပြေမှာပါ "
" အဆင်မပြေခဲ့ရင်ကော "
" ကျွန်တော့်ကိုယုံ...ကျွန်တော် ရံ မျက်လုံးကို မရ,ရအောင် ပြန်ကုပေးမယ် "
ပြဒါးရံရဲ့လက်ကို ဆုပ်ကိုင်လိုက်ရင်း စိုးရိမ်ကြောင့်ကြနေတဲ့ ထိုလူသားရဲ့ စိတ်အခြေအနေကို ဆင့် တတ်စွမ်းသလောက် ကုသပေးနေခဲ့သည်။ နောက်ဆုံး အချိန်အတိုင်းအတာ တစ်ခုတွင် နှစ်ယောက်သား ဆိုဖာပေါ်မှာထိုင်နေရင်း အသက်ရှုနှုန်းများပုံမှန်ပြန်ဖြစ်လာသော ပြဒါးရံကို ကြည့်လိုက်တဲ့အခါ ဆင့် ပုခုံးပေါ်မှီလျက် အိပ်ပင်ပျော်နေလေပြီ။
တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ ဆူဆူညံညံအသံပြုလျက် တံခါးပေါက်မှဝင်လာသော လေပြေကို ဆင့်က နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းတင်လျက် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည့်အခါ လေပြေညှင်းက ထိုအမူအယာအား နားလည်လိုက်သည့်အသွင်ဖြင့် ငြိမ်ကျသွားလေသည်။
" ရှင်းကို ဖုန်းဆက်ပြီးသွားပြီလား "
" ထူးဆန်းတယ် လေပြေဆက်နေတာ အရမ်းကြာနေပြီ ခေါ်လို့မရဘူး "
" ခဏနေမှ ထပ်ဆက်ကြည့်လိုက်မယ် "
" ကြည့်ရတာ အဲ့နေရာက လိုင်းမမိဘူးပဲနေမယ်.....မဟုတ်ရင် ကိုကိုက မကိုင်စရာအကြောင်း မရှိဘူးလေ "
" အင်း "
" ဒါဆို လေပြေလည်း သွားနားတော့မယ် "
" အင်း "
ကမ်းခြေကဘက်က နေဝင်ချိန်သည် အတော်လေးရှုမျှော်ဖွယ်ကောင်းသည့် ပန်းချီကားတစ်ချက်နှင့် အလားသဏ္ဌာန်တူညီလေသည်။ သဘာဝတရားက တန်ဖိုးမဖြတ်နိုင်သည့် ရတနာလေးတစ်ခုအသွင်ဆောင်နေတာကြောင့် သူတို့လေးယောက်လုံး နေဝင်ချိန်တွင် ကမ်းစပ်ကိုသွားပြီး တရိပ်ရိပ်နဲ့ ပေါ်ထွက်လာတဲ့ လကို ကြည့်ခဲ့ကြသည်။ ပြဒါးရံကတော့ ချွင်းချက်တစ်ခုပေါ့။
ညစာစားပွဲကလည်း အသစ်ပိုလာသော လူတစ်ယောက်ကြောင့် ရယ်မောသံများ ဝေဆာနေလျက်သားဖြင့် ညချိန်ခါမှာ ပန်းတွေပွင့်နေသယောင် အထင်မှားမိနိုင်ဖွယ်အတိပင်။ တစ်ရက်တာကတော့ ပြေပြေပျစ်ပျစ်ဖြင့် ရှုမငြီးနိုင်စွာ ပြီးဆုံးသွားခဲ့ပြန်ပါသည်။
တိမ်တိုက်ထဲက ထိုးထွက်လာဟန် အရိပ်အယောင်ပြလျက် လောကတစ်ခွင် အလင်းဆောင်သူ နေမင်းသူရိန်ဟာ အတိအလင်းထွက်ပေါ်လာပြီ ဖြစ်သော်လည်း လေပြေရှင်းက အလင်းရောင်နဲ့တူသော အရာဆိုဝေးစွ ခပ်စိပ်စိပ်အေးနေသော အငွေ့အသက်များကို ခံစားနေရခြင်းကြောင့် နိုးထလာခဲ့လေသည်။
စိတ်မကြည်လင်ကာ ရှုပ်ထွေးနေသော်ငြား သတိထားမိလိုက်တာတစ်ခုမှာ အလွန်အမင်း မူးနှောက်နေသော ခေါင်းတစ်ခုလုံးနှင့် အမှောင်အတိဖုံးနေသော အမြင်အာရုံတို့ပင်။ ထို့ပြင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအချို့မှာလည်း တစ်စုံတစ်ခု၏ ထိန်းချုပ်ခြင်း ခံထားရသည့်အတွက် စိတ်တိုင်းကျ မလှုပ်ရှားနိုင်ဖြစ်နေရကာ ပင့်သက်ရှိုက်လိုက်ချိန်တွင် လက်ကောက်ဝတ်က နာကျင်မှုတစ်ရပ်ကိုပါ ခံစားလိုက်ရသည်။
" ဘာတွေဖြစ်နေတာလဲ "
တီးတိုးရေရွတ်သံတစ်ခုနှင့်အတူ နှာခေါင်းထဲတိုးဝင်လာသော ညှီစို့စို့သွေးနံ့များက လေပြေရှင်းရဲ့ နတ်ဘုရားနှယ် မျက်နှာသွင်ပြင်ကို ပျက်ယွင်းသွားစေသည်။
" ငါလက်နောက်ပြန် ကြိုးတုပ်ခံထားရတာလား? "
ဖြစ်အင်အလုံးစုံကို စီစစ်လိုက်အပြီးတွင် မိမိမှာ မျက်လုံးများကိုပါ ပိတ်စတစ်ခုနှင့် အစည်းခံထားရကြောင်း သိရှိသွားလေသည်။ သိပ်မဝေးသော နေရာတစ်ခုတွင် နာနာကျင်ကျင် ညီးညူနေသည့် လူတစ်ယောက်ရှိနေပြီး ထိုလူမှာအတော်လေး နှိပ်စက်ခံထားပုံရကာ အသက်ကိုပင် အားတင်း၍ ရှုနေရလေသည်။
ရှင်း အနေဖြင့် မည်သည့်အရာကိုမှ နားလည်နိုင်စွမ်းမရှိသေးသည့်အပြင် မကြာသေးခင်ကမှ သူဟာကိုးလ်နဲ့အတူ ရှိနေခဲ့တာဖြစ်ပြီး အသိစိတ်ပြန်ဝင်လာချိန်တွင် ဘာမှန်းမသိတဲ့ နေရာတစ်ခုကို ရောက်နေကာ အဖမ်းစီးခံထားရလေသည်။ ပြောကာမှ အခုချိန်တွင် ကိုးလ်လည်း ဘယ်ကိုရောက်လို့ ရောက်နေမှန်း သူမသိပေ။ သူ့ဘေးနားက နှိပ်စက်ခံထားရသော လူသာ ကိုးလ် ဖြစ်မည်ဆိုပါကဟူသော အတွေးဝင်လာခိုက် ရှင်းက ဆိုးဆိုးဝါးဝါး ရုန်းကန်လှုပ်ရှားလာတာကြောင့် တတိယလူထံမှ စကားသံထွက်ပေါ်လာသည်။
" နိုးလာပြီလား ? "
အမြင်အာရုံကို ပိတ်ပင်ထားသောကြောင့် လေပြေရှင်းရဲ့ အကြားအာရုံက သာမာန်ထက်ပိုပြီး စူးရှနေသယောင် ဖြစ်နေခဲ့လေသည်။ ထိုအသံသည် ရင်းနှီးနေသော အငွေ့အသက်များ ပျော်ဝင်နေသည်ဟု ခံစားရသော်ငြား အမှန်စင်စစ်တွင်လည်း ရင်းနှီးမနေခဲ့ပေ။ အသံထဲတွင် အမျိုးအမည်မသိသော ဖိအားတစ်ခုပါဝင်နေကာ ရှင်းကို သတိကြီးကြီးထားရန် အသိပေးနေပါသလို။
" ဘယ်သူလဲ....ငါနဲ့အတူပါလာတဲ့တစ်ယောက်ကော "
" အို.....သူ့ကိုအခုထိ ရှာနေတုန်းလား။ ကိုယ့်အခြေအနေ ကိုယ်မသိဘူးပဲ "
" ဘာစကားလဲ မင်းတို့သူ့ကိုဘာလုပ်လိုက်တာလဲ "
" ......... "
" ပြန်ဖြေစမ်း "
" သနားစရာလေးပါလား "
အလှောင်ပြောင်ခံလိုက်ရသည့်အတွက် ရှင်းမှာ ပိုလို့စိတ်တိုလာရလေသည်။
" လေပြေရှင်း မင်းအတွက် ငါယူဆောင်လာတဲ့ ကပ်ဆိုးက အခုတရားဝင် စတင်ပြီပဲ "
ဘာစကားမှပြန်မပြောနိုင်ခင်မှာတင် မျက်လုံးပေါ်က ပိတ်စကိုလာထိနေသည့် လူတစ်ယောက်၏လက်ကြောင့် ရှင်းက အံကိုကြိတ်ကာ အသံတိတ်ကျိန်ဆဲခြင်းများ စတင်နေခဲ့လေသည်။ နောက်ဆုံး အမြင်အာရုံက ရှင်းလင်းသွားချိန်တွင် လေပြေရှင်းဟာ သူ့ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးကြွေမွသွားဟန်တူသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ခြေထောက်နားမှာ အိုင်ထွန်းနေသည့် သွေးများနှင့်အတူ ရှင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည့် ထိုမြင်ကွင်းမှာကား လူတစ်ယောက်တည်းကြောင့် ဖြစ်ပေါ်လာသည်ချည်းသာ။ အနက်ရောင်တစ်ခါမှ မဝတ်ဖူးတာကြောင့် ရှင်းဟာ ထိုသူသည် အနက်ရောင်ကို မနှစ်မြို့ဘူးဟု ထင်ခဲ့ဖူးသည်။ အမှန်စင်စစ်တွင် ထိုသူဟာ ရှင်းမသိအောင် ဖုံးကွယ်ထားခဲ့ခြင်းသာ ။ ခန္ဓာကိုယ်တစ်ခုလုံးအား အမှောင်ထုထဲ ဆွဲသွင်းဟန်တူသည့် အနက်ရောင်သည် ဖြူဝင်းနေသည့်အသားရေနှင့် အလွန်ပင်ပနှံသင့် လိုက်ဖက်နေသည်။
" ဘာလို့ဘာစကားမှမပြောတော့တာလဲ.....ကျွန်တော့်ကို စိမ်းကားသွားပြီလား..... ရှင်း "
" မင်း...ဘယ်သူလဲ "
" ကျွန်တော်က ရှင်း တစ်ချိန်လုံးတွေ့ချင်နေတဲ့ လူပဲလေ "
အံ့ဩကာ မှင်သက်နေသည့် လေပြေရှင်းအစား ထိုလူဟာ နာမည်တစ်ခုကို ထုတ်ပြောလာသည်။
" ကိုးလ် "
ရှင်းရဲ့ မျက်လုံးအိမ်များက တုန်ယင်နေခဲ့လျက်သားဖြင့် မိမိရှေ့ရှိ ထိုင်ခုံပေါ်မှာထိုင်နေသူဟာ သေချာပေါက် ကိုးလ်ဖြစ်နေပါသော်ငြား ကိုးလ်နှင့် လုံးဝဆင်တူမနေခဲ့ပေ။ မျက်နှာတစ်ခုထဲကသာ ဆင်တူနေသည့် အစိတ်အပိုင်းဖြစ်ပြီး အဝတ်အစားဝတ်ပုံ၊ စကားပြောဟန် ၊အမူအကျင့်နှင့် နေထိုင်ပုံနည်းဟူသမျှသည် သူထိတွေ့ခဲ့ဖူးသော ကိုးလ်နှင့် လားလားမျှ သက်ဆိုင်မနေခဲ့သည့် လူတစ်ယောက်နှယ်ပင်။
" မင်းကသူမဟုတ်ဘူး "
" ကျွန်တော်ပဲလေ ....ဒါကမှ ကျွန်တော့်ပုံစံအစစ်အမှန်။ လူကြောက်တတ်ပြီး သိမ်မွေ့နူးညံ့တဲ့ ကိုးလ်လား....ဟား....ဟား...ရယ်ရတယ် ....အကုန်အတုအယောင်တွေပဲ။ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ ဟန်ဆောင်ခဲ့တဲ့ အရာတွေသက်သက်....နားလည်လား "
" မင်းက ဦးစစ်ဟန်လား "
" Bingo "
လက်ဖြောင့်တစ်ချက်တီးလျက် ရှင်း စကားက မှန်ကန်ကြောင်း ပြန်အဖြေပေးလေသည်။
" ခင်ဗျားအမြဲထင်နေခဲ့တဲ့ ယုန်သူငယ်လေး မဟုတ်ဘူး....ဝံပုလွေကို အမဲလိုက်မယ့် ခြင်္သေ့တစ်ကောင်ပဲ ကျွန်တော်က "
မယုံကြည်နိုင်တာထက် အမှန်တရားကို လက်မခံနိုင်သော အငွေ့အသက်များက ရှင်းဆီမှာ အတိုင်းသား။
" အခုတရားဝင် ပြန်မိတ်ဆက်ရတော့မှာပေါ့နော် "
ကိုးလ်နဲ့မတူသော ကိုးလ်ရဲ့မျက်နှာထက်တွင် အမည်ဖော်မရသော အပြုံးတစ်ခုက လှလှပပ ချိတ်ဆွဲလာခဲ့လေသည်။
" ပထမဆုံးတွေ့ဆုံခြင်းပါ ကျွန်တော့်နာမည် ကိုးလ်စစ်ဟန် လို့ခေါ်တယ် "
ရှင်းက ထိုင်ခုံပေါ်မှနေ၍ ကိုးလ်စစ်ဟန် ကမ်းလင့်လာသော လက်တစ်ဖက်ကို မျက်နှာလွှဲ၍ ငြင်းပယ်လိုက်တဲ့အခါ ထိုသူက ကျေကျေနပ်နပ်ကြီး ရယ်မောလာလေသည်။
ဤသူတွင် အားနည်းပျော့ညံ့မှုများ လုံးဝတည်ရှိမနေခဲ့ပေ။ သန်မာကာ အကြံအစည်ကြီးသော အရည်အချင်းများသည် ထိုကြည့်ပျော်ဖွယ်ကောင်းသော မျက်နှာလေးဖြင့် မလိုက်မဖက်။
" ငါးနှစ်လုံး ငါ့ကိုလိမ်ခဲ့တာပေါ့ "
" မဟုတ်ရင်ကော စိတ်ရင်းမှန်လို့ထင်နေတာလား "
ရုတ်တရက် ရှင်းရဲ့ ရင်ဘတ်တစ်ခြမ်းက အတိုင်းအဆမဲ့သည့် နာကျင်မှုများ နှိုးဆွခံလိုက်ရသလို အသည်းခိုက်မတတ် နာကျင်လာတော့လေသည်။ အကျွင်းမဲ့ယုံကြည်ထားသော လူတစ်ယောက် ၊မိမိကိုယ်ထက် ပိုကာကွယ်ပေးချင်သော ထိုတစ်ယောက်မှာ နောက်ကျောက်ဘက်မှ အသွားထက်သော ဓားတစ်ချောင်းဖြင့် ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် ထုတ်ချင်းပေါက် ထိုးသွင်းနေသကဲ့သို့ နာကျင်မှုသည်ကား ကူကယ်ရာဆေးမရှိနိုင်အောင် ပြင်းပြနက်ရှိုင်းနေခဲ့တော့သည်။
ကိုးလ်ပါးစပ်က " နောက်နေတာ "ပါဟု တစ်ခွန်းပြောလိုက်လျှင်တောင် သူဟာ ယုံကြည်ပေးမည့် လူတစ်ယောက်ပါပေ။ ဒီကြားထဲမှာ သူတို့အတူတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေကော လေတိုက်တိုင်း လွင့်ပါသွားမယ့် သဲမှုန်လေးတွေမျိုးမှ မဟုတ်ဘဲ။
" အဲ့နေ့က ငါနဲ့ထမင်းတူတူစားဖို့ မင်းစောင့်နေခဲ့တာ မဟုတ်ဘူးလား "
" ဟုတ်တယ် ကျွန်တော်စောင့်နေခဲ့တယ်.... နောက်ပြီး ရှင်းကို သေနတ်နဲ့ပစ်ခဲ့တာလည်း ကျွန်တော်ပဲ "
" ပထမဆုံးတွေ့ဆုံခြင်းကလည်း လုပ်ကြံဖန်တီးထားတာပဲ "
" KK မှာ အလုပ်ဝင်ခဲ့တာလည်း ခင်ဗျားနဲ့ပိုနီးစပ်ချင်လို့၊ ပွဲမှာ mirror နှစ်ယောက်ဖြစ်နေတာလည်း ကျွန်တော့်လက်ချက်ပဲ။ KKမှာ ဆက်နေပြီး ခင်ဗျားကို ချဉ်းကပ်ဖို့ အဲ့ပွဲကို နိုင်ကိုနိုင်မှရမှာလေ။ ဒါကြောင့် လေဆိပ်မှာ mirror အစစ်ကိုပြန်ပေးဆွဲပြီး ကျွန်တော့်လူကို အစားထိုးခဲ့တာ......Mirror အစစ်ပေါ်သွားတာတောင် ကျွန်တော့်ဒီဇိုင်းက ဘာလို့ရွေးချယ်ခံရတာလဲဆိုတော့ ဖက်ရှင်လောကရဲ့ ဘုရင်မက ချုပ်ထားတာမလို့လေ "
" ဘာ ! "
" အံ့ဩသွားလား....အဲ့တာ Nora Mabel ချုပ်ထားတဲ့ဒီဇိုင်း။ ကျွန်တော့်မှာ အမြဲတမ်း ဒုတိယအစီအစဉ်ဆိုတာရှိတယ် . ....ဒါကြောင့် ကျွန်တော်က ရှင်းရှေ့မှာ အမြဲခြေတစ်လှမ်းကျောနေမှာဘဲ "
" ဟက် ....အစကနေအဆုံးထိ ငါက မင်းကျားကွက်ပေါ်က နယ်ရုပ်တစ်ရုပ်ဆိုတာထက် မပိုခဲ့ဘူးပေါ့ "
" ဒါပေါ့ "
" အဆောက်အဦးပျက်ထဲမှာ အဖမ်းခံရတဲ့ကိစ္စကလည်း ဟန်ပြသက်သက်ပဲ ဖြစ်ခဲ့တာပေါ့.....ငါတစ်ချိန်လုံးအရူးလုပ်ခံနေခဲ့ရတာပဲပေါ့....ဟား....ဟား... "
" No No အဲ့နေ့က ရှင်း အရမ်းခေါင်းမာနေလို့ တော်တော်လေး စွန့်စားလိုက်ရတယ်......ရှင်းသာ လိမ်လိမ်မာမာလေးနဲ့ စကားနားထောင်ပြီး ထွက်သွားလိုက်ရင် ကိစ္စတွေက ဒီလောက်ထိရှုပ်မသွားဘူး။ မှတ်မိသေးလား အဲ့နေ့က တိမ်ယံဆင့် ပြောဖူးခဲ့တယ်လေ ဗုံးက အသံနဲ့ ထိန်းချုပ်မှရတာဆိုတဲ့ အရာကို....ကျွန်တော်သာ Stop လို့တစ်ချက်ပြောလိုက်ရင် အဲ့ဗုံးပေါ်က အချိန်တွေက ရိုရိုကျိုးကျိုးနဲ့ ရပ်တန့်ကုန်ကြမှာ။ ဒါပေမယ့် အတူတူအသေခံဖို့လုပ်နေတဲ့ အရူးတစ်ကောင်ကြောင့် ကျွန်တော့်အစီအစဉ်တွေ အကုန်ပျက်ဆီးတော့မလို့ "
" ငါမင်းကို နောက်ဆုံးအနေနဲ့မေးမယ် "
" ...... "
" ဒီငါးနှစ်လုံးမှာ မင်းအတွက် အစစ်အမှန်ဆိုတာကော ရှိခဲ့ဖူးလား "
" မရှိဘူး "
တုန့်ဆိုင်းခြင်းမရှိ ကိုးလ်စစ်ဟန် ပြန်ဖြေလာလေသည်။
" ဟက်....တစ်ကယ့်ကို ဦးစစ်ဟန်ပီသပါပေတယ် "
" မြှောက်ပင့်လွန်းနေပါပြီ "
ကိုးလ်စစ်ဟန်ရဲ့ အနက်ရောင်ဖိနပ်မှာပေနေတဲ့ သွေးစအချို့ကို ရှင်း အမြင်အာရုံက ဖမ်းဆုပ်နိုင်လိုက်သော်လည်း ဤသည်မှာ သူ့သွေးတွေမဟုတ်တာကိုတော့ ရှင်းကောင်းကောင်းသိလေသည်။ ဒဏ်ရာနှင့်တူသော အရာဟူ၍ ရှင်းဆီတွင် လက်ကောက်ဝတ်က ကြိုးရာတစ်ခုထဲသာရှိသည်။
" ခေါင်းနဲ့နဲ့မူးနေသေးတယ်မလား.... sorry ကျွန်တော် ကိုယ့်ကိုကိုယ်မထိန်းနိုင်လိုက်ဘူး...အိပ်မွေ့ချတုန်းက လက်လွန်သွားတယ် "
" မင်းအိပ်မွေ့ချတတ်တယ် "
" ဟုတ်တယ်လေ.....အဲ့တာကတော်တော်လေး အသုံးဝင်တာ ရှင်းရဲ့ အသေးစားမှတ်ဉာဏ်လေးတွေကိုတောင် ဖျက်ခဲ့ဖူးတယ် "
" တစ်ချိန်လုံး မင်းထုတ်ပြတဲ့အပိုင်းတွေကိုပဲ ငါမြင်ခဲ့ရတာပဲ .....အရာရာတိုင်းက အတုအယောင်တွေကြီးကပဲ "
ကိုးလ်စစ်ဟန်သည် မြင့်မားလှသည့် တောင်ထိပ်တစ်ခုအား ခြေထောက်အောက်တွင် နင်းခြေထားနိုင်သည့် အမူအယာမျိုးဖြင့် ရှင်းကို အပေါ်စီးမှ ငုံ့ကြည့်လာသည်။
" မေးစရာရှိသေးလား "
အသံကအေးစက်ကာ ခံစားချက်မဲ့လှသည့်အပြင် လေပြေရှင်း အမြဲတစေ သဘောကျရပါသည့် မျက်နှာမှာ မိမိ၏မဟာရန်သူတော်ရဲ့ မျက်နှာဖုံးတစ်ခုဖြစ်နေမှန်း သိလိုက်ရတဲ့အခါ ရှင်းက ထိုမျက်နှာနဲ့ဝေးရာကို အကြည့်လွှဲပစ်လိုက်သည်။
" ဒါဆို ကျွန်တော်အခု လူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ် "
ရှင်းနဲ့ သိပ်မဝေးသော အမှောင်ထုထဲက ထောင့်တစ်နေရာမှ လူတစ်ယောက်ကို ဆွဲထုတ်လာကြပြီး လေပြေရှင်းရဲ့ ဘေးနားတွင်နေရာချပေးလေသည်။ အစပိုင်းတွင်မူ ထိုသူဟာ အမှောင်ထဲရောက်နေတာကြောင့် ဘယ်သူလဲဆိုတာကို ရှင်း မဝေခွဲနိုင်ခဲ့ခြင်းဖြစ်ကာ အခုမျက်နှာအား မြင်တွေ့ရချိန်တွင် လေပြေရှင်းအဖို့ ဒုတိယအကြိမ် အံ့အားသင့်သော မျက်နှာအမူအယာမှာ တစ်ဖန်ပြန်ထွက်လာပြန်သည်။
" Daddy "
_____________________________
Note /
Surprise !!! , Villain ချောချောလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ(◕દ◕)။ အာ Villain ရယ်လို့လည်း မဟုတ်ဘူးပေါ့ သူလည်း သူ့ခံစားချက်နဲ့သူဆိုတော့😇။ ဒီအပိုင်းကို ဇာတ်လမ်းကျောရိုး စစဉ်းစားထဲက တစ်ချိန်လုံးရေးချင်နေခဲ့တာ 2 နှစ်ကျော်မှပဲ လက်တွေ့အကောင်အထည် ဖော်နိုင်တော့တယ်။
စာလုံးပေါင်းမစစ်ရသေးလို့ အမှားတွေပါနေရင် သည်းခံဖတ်ပေးကြပါ🌸
__________________________________
[Zawgyi]
လက္ရွိတြင္ သူတို႔ႏွစ္ေယာက္လုံးမွာ လမ္းေဘးဆိုင္တစ္ခုတြင္ ေရာက္ေနျခင္းျဖစ္ကာ ရွင္းက ထိုေဒသထြက္ အစားအစာမ်ားကို သိပ္သေဘာမေတြ႕ေသာ္လည္း ကိုးလ္ကေတာ့ အေတာ္ေလးႀကိဳက္ႏွစ္သက္သည္ ထင္ေပသည္။ မရပ္မနားစားေနခဲ့သည္မွာ ေနာက္ဆုံးတြင္ လမ္းပင္မေလွ်ာက္ႏိုင္ေတာ့သည္အထိ ကိုယ္ဝန္သည္ သုံးလဗိုက္ကေလးလို အနည္ငယ္ေဖာင္းကာ လုံးဝန္းေနမည္ကို ေတြးၾကည့္လိုက္႐ုံျဖင့္ ရွင္းခမ်ာ ရယ္ခ်င္လာရသည္။
" ဖြီး "
ရယ္သံသည္ မေအာင့္အီးႏိုင္သည့္ ေနာက္ဆုံးတြင္ အျပင္ဘက္သို႔အသံထြက္သြားေလသည္။
" ဟင္ ! "
အသံတစ္ခ်က္ျပဳလ်က္ ထိုင္ခုံေပၚ ေျခပစ္လက္ပစ္ထိုင္ေနေသာ ကိုးလ္က မ်က္လုံးဝိုင္းဝိုင္းေလးမ်ားျဖင့္ နားမလည္ႏိုင္ေသာ အမူအယာလုပ္လ်က္ ေမာ့ၾကည့္လာၿပီး ခဏအၾကာတြင္ အေၾကာင္းအရာကို သိသြားသည့္ ပုံစံျဖင့္ နား႐ြက္ဖ်ားမ်ားက နီလာကာ ပါးျပင္မွာ အသားေရာင္မွပင္ အေရာင္းေျပးေလးတစ္ခု ျဖတ္ေျပးသြားလ်က္ ေခါင္းျပန္ငုံ႔သြားေလသည္။
" ဘာျဖစ္တာလဲ "
ရွင္းက ရယ္သံစြက္လ်က္ ေမးလိုက္သည့္အခါ ထိုလူသားမွာ ေခါင္းျပန္ခါျပလာေလသည္။
" ကိုယ့္ကိုယ္ေျပာေလ မင္းမေျပာရင္ ကိုယ္ကသိပါမလား "
" ......... "
" ကြၽန္ေတာ္က ရယ္စရာေကာင္းေနလား "
မဝံ့မရဲျဖစ္ေနသည့္အသံသည္ကား တိုးဖြဲ႕ဖြဲ႕ေလး ထြက္ေပၚလာေလသည္။
" မဟုတ္ပါဘူး "
" ဒါဆို..... "
" မင္းက အရမ္းခ်စ္ဖို႔ေကာင္းေနလို႔ေလ ....ဒါေၾကာင့္ကိုယ္မထိန္းႏိုင္ဘဲ ရယ္လိုက္မိတာ "
ေခါင္းငုံ႔ထားလ်က္မွပင္ ကိုးလ္တစ္ခ်က္ၿပဳံးလိုက္သည္ကို တစ္ခဏေလးဆိုေသာ္လည္း ေလေျပရွင္းတစ္ေယာက္ အမိဖမ္းလိုက္ႏိုင္ေလသည္။
" ဗိုက္ဝၿပီလား "
" အင္း "
" အမွတ္တရအျဖစ္ ေဈးထဲမွာ ဝယ္ခ်င္တာရွိေသးလား "
ကိုးလ္က တစ္ခ်က္စဥ္းစားလိုက္ၿပီး သူ႔ထံတြင္ ပိုက္ဆံနဲ႔တူေသာအရာဆို၍ ငယ္ငယ္ကေဆာ့ခဲ့ေသာ သစ္႐ြက္မ်ားပင္ ပါမလာေၾကာင္းသတိရလိုက္ေသာအခါ ခ်က္ခ်င္းျငင္းဆန္လိုက္ေလသည္။
" မရွိပါဘူး "
" ေအာ္.....ေသခ်ာၿပီလား "
" အင္း "
ေခါင္းညိတ္ရင္း ျပန္ေျဖလာေသာ ကိုးလ္ကို ရွင္းက လက္တစ္ဖက္ ေမးေထာက္ထားလ်က္ အေနအထားျဖင့္ ၿပဳံးရင္းတုန႔္ျပန္ေလသည္။
" ေကာင္းၿပီေလ ကိုးလ္က အထူးတလည္လိုခ်င္တာမ်ိဳး မရွိဘူးဆိုေတာ့ ကိုယ္ေပးတာကိုပဲ ယူေတာ့ေပါ့ _
" ဟမ္? "
ေလေျပရွင္းရဲ႕စကားမ်ားက လွ်ိဳ႕ဝွက္ဆန္းက်ယ္ေသာ ပေဟဋိမ်ားအသြင္ျဖင့္ နားထဲဝင္ေရာက္လာေသာအခါ အရည္အေသြးနိမ့္ေသာ ဦးေႏွာက္ဆဲလ္မ်ားေၾကာင့္ သူဟာ ေယာင္ခ်ာခ်ာေလးအသြင္ ကူးေျပာင္းသြားျပန္ေလသည္။
" ဟုတ္ၿပီ...အရမ္းစဥ္းစားမေနနဲ႔ေတာ့ ဆံပင္ေတြေတာင္ျဖဴလာေတာ့မယ္ "
" ဒါေပမယ့္ ....ရွင္း...ဘာ ဘာလုပ္တာလဲ "
႐ုတ္တရက္ ေျမႀကီးေပၚထိုင္ခ်လိုက္ေသာ ရွင္းေၾကာင့္ ကိုးလ္ရဲ႕မ်က္လုံးမ်ားက ဝိုင္းစက္သြား႐ုံသာမက အသံမ်ားလည္း ထစ္ေငါ့ကုန္ရေလသည္။ ေနာက္ထပ္အျပဳအမူတစ္ခုအား ထပ္လုပ္လိုက္ခ်ိန္တြင္ အသိဉာဏ္အားလုံး ျပာေဝသြားၿပီး တတီတီျမည္ေနသည့္အသံမ်ားသာ ႀကီးစိုးလာရသည္အထိ ေလေျပရွင္းရဲ႕ ထိုးႏွက္ခ်က္မ်ားက ျပင္းထန္လြန္းေပေတာ့သည္။
ဖိနပ္ကိုခြၽတ္လ်က္ ကိုးလ္ေျခဖဝါးကို ဒူးေပၚတင္လိုက္သည့္ အျပဳအမူေၾကာင့္ ကိုးလ္က ရွက္႐ြံ႕စိတ္ႏွင့္ အားနာစိတ္တို႔ဒြန္တြဲလ်က္ ျပန္ဆြဲယူလိုက္ေသာ္ျငား ရွင္းက ေျခခ်င္းဝတ္ကို သန္မာျခင္းမည္သည့္ လက္ျဖင့္ျပန္ဆုပ္ကိုင္လာသည္။
" ၿငိမ္ၿငိမ္ေန....ကိုယ္အလုပ္ရႈပ္ေနတယ္ေလ "
" ဒါေပမယ့္ ဒါႀကီးကမေကာင္းပါဘူး ...သူမ်ားေျခေထာက္ကို ရွင္း မ႐ြံဘူးလား "
" ကိုယ္႐ြံရင္ လြန္ခဲ့တဲ့ ၅ ႏွစ္ထဲက ကိုးလ္ကို အဲ့ေနရာမွာပဲ ပစ္ထားလိုက္မွာ "
" ဗ်ာ ! "
" ၿပီးၿပီ "
" ေျခက်င္းတစ္ခုလား "
" အင္း ဟိုတစ္ေခါက္က ကိုးလ္ရဲ႕ဆြဲႀကိဳးကို ဖ်က္ဆီးလိုက္တယ္ေလ "
" ျပန္မဝယ္ေပးလည္း ရတာပဲကို "
" ျပန္ဝယ္ေပးတာမဟုတ္ဘူး ဒါကိုယ့္အေဖက အေမ့ကိုလက္ေဆာင္ေပးခဲ့တာ.....ကိုယ္ႀကီးလာေတာ့ အေမက တန္ဖိုးထားၿပီး ေစာင့္ေရွာက္ခ်င္တဲ့လူေတြ႕လာရင္ ေပးရမယ္လို႔ေျပာသြားတယ္။ "
" ဒါကအရမ္းတန္ဖိုးႀကီးလြန္းတယ္ "
" ယူထားလိုက္ပါ.....ကိုယ္ၾကည္ျဖဴလို႔ေပးတာပဲ "
" မဟုတ္ဘူးေလ....ရွင္း။ ဒီေျခက်င္းက ရွင္းအတြက္ တစ္ကယ္အေရးပါတဲ့လူ ၊ ရွင္း ကာကြယ္ေပးခ်င္တဲ့လူ ၊ရွင္း တန္ဖိုးထားတဲ့လူကိုပဲ ေပးသင့္တယ္ "
" နားမလည္ေသးဘူးလား ကိုယ္အခုအဲ့လူကိုပဲ ေပးေနတာပဲေလ "
" ဗ်ာ ! "
တစ္ခဏမွ် ကိုးလ္မွင္သက္သြားၿပီးေနာက္ အသိစိတ္ျပန္ဝင္လာေလသည္။
" သူငယ္ခ်င္းလိုပဲဆိုရင္ ေတာ္ပါေတာ့.... ကြၽန္ေတာ္ ရွင္းနဲ႔ သူငယ္ခ်င္းမျဖစ္ခ်င္ေတာ့ဘူး.....ဒီဆက္ဆံေရးကို အဆုံးသတ္သင့္ၿပီ "
ကိုးလ္မ်က္ႏွာေလး ပ်က္ယြင္းသြားသည္ကိုျမင္လိုက္ေသာ္ ေလေျပရွင္းမွာ ပ်ာပ်ာသလဲ ေျဗာင္းဆန္လ်က္သား။
" ဘာလို႔စိတ္ဆိုးသြားတာလဲ ကိုယ္ဘာအမွားလုပ္မိလို႔လဲ "
" ရွင္း ဘာမွမလုပ္ပါဘူး....ဒီႏွစ္ေတြထဲမွာ ကြၽန္ေတာ္ကသာ အ႐ူးတစ္ေယာက္လို မရႏိုင္မွန္းသိတဲ့အရာကို ေမွ်ာ္လင့္ေနတာ "
" ဘာစကားလဲ "
ေလသံကိုျမႇင့္လ်က္ ရွင္း ေအာ္လိုက္ေသာ စကားတစ္ခြန္း၏အဆုံးသတ္တြင္ ထပ္ထူက်ေနေသာ မ်က္ဝန္းႏွစ္စုံအနက္ ဘယ္သူကမွ အရႈံးမေပးခ်င္ခဲ့ၾကေပ။
" ပင္ပန္းေနၿပီလို႔မထင္ဘူးလား "
ကိုးလ္ရဲ႕အသံက ညႇိဳ႕ယူႏိုင္စြမ္းႏွင့္ ၾကည္လင္မႈတို႔ယွဥ္တြဲလာခ်ိန္တြင္ ေလေျပရွင္းရဲ႕စိတ္ကို ေဝဝါးေထြျပားလာေအာင္ ေႏွာက္ယွက္သြားခဲ့ေလသည္။
" ကြၽန္ေတာ့္အထင္ ရွင္း နားလည္သင့္ၿပီ "
ကိုးလ္ရဲ႕ အသံလႈိင္းက အဖက္ဖက္က တိုက္စစ္ဆင္ေနသည့္ စစ္ဗ်ဴဟာတစ္ခုႏွယ္ပင္ ။ မိမိရဲ႕ ဝိဉာည္ႏွင့္အသိစိတ္တို႔အား ခႏၶာကိုယ္မွ ခြဲထုတ္ေနသကဲ့သို႔ ရွင္း ခံစားလိုက္ရၿပီး နာက်င္မႈတစ္ရပ္ကိုလည္း အစပ်ိဳးေစခဲ့သည္။
တစ္ခ်ိန္တည္းမွာပင္ လြတ္လပ္ေရးရေနေသာ ေလေျပရွင္းမွာ အိမ္ျပင္ထြက္ၿပီး ေအာင္ပြဲခံရန္ ႀကံစည္ေနျခင္းအား အလြန္အမင္း ဂုဏ္ယူေနသည့္ အသြင္အျပင္ႏွင့္ပင္။ မၾကာေသးခင္က ရရွိလိုက္ေသာ သူငယ္ခ်င္းအသစ္ခခခခခခ္ခႏွင့္လည္း အျပင္ေလွ်ာက္လည္တတ္သည့္အျပင္ တိမ္ယံဆင့္ကိုလည္း ဖုန္းဆက္ၿပီး စိတ္ဒုကၡေပးဖို႔ တစ္ရက္ကေလးမွ ေမ့ေလ်ာ့မေနခဲ့ေပ။
" ကိုဆင့္ ေလေျပ လာလည္လို႔ရမလား "
" ရွင္း ဆူမွာမေၾကာက္ဘူးလား "
" ကိုကိုက အိမ္မွာမရွိဘူး ခရီးထြက္သြားတယ္။ ကိုဆင့္ဆီသြားတာပဲ စိတ္မဆိုးေလာက္ပါဘူး .....အိမ္မွာေလေျပတစ္ေယာက္ထဲ မေနခ်င္လို႔ပါ.....ေနာ္....ေနာ္ "
မတတ္သာေတာ့သည့္ေနာက္ဆုံးတြင္ တိမ္ယံဆင့္တစ္ေယာက္ ေလေျပညႇင္းကို အိမ္အထိ သြားေခၚကာ ကိုယ္တိုင္အႀကိဳအပို႔လုပ္လိုက္ရေလသည္။
ထိုမိန္းကေလးမွာ ကိုကိုႏွစ္ေယာက္လုံး၏ ရင္ႏွစ္သည္းခ်ာ အခ်စ္ေတာ္မ်ား ျဖစ္ေလသည့္အတြက္ မေတာ္တဆ ခလုတ္တိုက္မိသည္ကပင္ ကာယကံရွင္ သူမထက္ အစ္ကိုႏွစ္ေယာက္က ပိုလို႔ရင္နာမဆုံးျဖစ္ရမည္ေပ။ ထို႔ေၾကာင့္ ေလေျပညႇင္းအား ဂ႐ုစိုက္ေစာင့္ေရွာက္ရမည္မွာ ေလေျပရွင္းနဲ႔ တိမ္ယံဆင့္တို႔၏ တာဝန္တစ္ခုလို ျဖစ္လာရသည္။
" ဝါး......ဒါကအိမ္နဲ႔ေတာင္မတူေတာ့ဘူးေလ နန္းေတာ္ႀကီးလိုပဲ "
" ပန္းၿခံက အရမ္းလွတာပဲ ။သဘာဝနဲ႔ထိေတြ႕ေနရသလိုဘဲ...ဒါ့အျပင္ ပင္လယ္ေတာင္ရွိေသးတယ္။"
" နတ္ျပည္ေရာက္ေနသလိုဘဲ "
" ေတာ္ၿပီ "
ေလေျပညႇင္း၏ ခ်ီးမႊန္းခန္းမ်ားက ဆင့္ စကားတစ္ခြန္းထဲႏွင့္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ဆုံးကုန္ေလသည္။
" အခန္းလိုက္ျပမယ္ "
" ဒါနဲ႔ကိုဆင့္....သူေရာ "
" ဘယ္...... "
" ဘယ္သူ "ဆိုတဲ့စကားကို တစ္ဆက္တည္းမေျပာလိုက္မိခင္ ေလေျပညႇင္း ရည္ၫႊန္းေနသူကို ဆင့္ ခ်က္ခ်င္း သေဘာေပါက္သြားေသာေၾကာင့္ ထိုစကားကို တစ္ဝက္တစ္ပ်က္ျဖင့္ ရပ္တန႔္ထားလိုက္သည္။
လက္ေကာက္ဝတ္ကနာရီကို တစ္ခ်က္ငုံ႔ၾကည့္လိုက္ခ်ိန္ဝယ္ အခ်ိန္မွာ ျပဒါးရံ လမ္းေလွ်ာက္ထြက္ေလ့ရွိသည့္ အခ်ိန္ပင္ျဖစ္တာေၾကာင့္ ယြန္းေဟမီႏွင့္အျပင္ထြက္သြားသည္မွာ ေသခ်ာလွေပသည္။
" လမ္းေလွ်ာက္ထြက္ေနေလာက္တယ္ "
" ေအာ.....ကိုဆင့္ စိတ္မဆိုးဘူးမလား။ ေလေျပက အရမ္းဝင္ပါလြန္းေနတာ မဟုတ္ပါဘူး....ဒီတိုင္း ကိုယ့္အစ္ကိုရဲ႕ ရည္းစားအေၾကာင္း နည္းနည္းေလာက္ ပိုသိခ်င္လို႔ပါ "
ဆင့္က ခပ္ဖြဖြေလးၿပဳံးလ်က္ လက္ကိုေျမႇာက္ကာ ေလေျပရဲ႕ဆံပင္မ်ားကို ဆြဲဖြလိုက္ေလသည္။
" ကိုကိုဘယ္တုန္းက ေလေျပကို စိတ္ဆိုးဖူးလို႔လဲ "
စကားလက္ဆုံက်ေနမႈတို႔မွာကား အျပင္ဘက္မွ အရိပ္ေလးႏွစ္ခုကို ျမင္လိုက္ရေသာ္ အသံအစုံအလင္မွာ ရပ္တန႔္တုံ႔ဆိုင္းသြားခဲ့ေတာ့သည္။
" သူ...သူက "
ယြန္းေဟမီက ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ သြက္လက္ကာ ခ်စ္စရာေကာင္းေသာ ေလေျပညႇင္းအား ေတြ႕လိုက္ခ်ိန္တြင္ အာေမဠိတ္သံျပဳ၍ ဆင့္ကို အေမးသေဘာေဆာင္ေသာ မ်က္ဝန္းအၾကည့္မ်ားအသုံးျပဳလာကာ မ်က္လုံးခ်င္းစကားေျပာလာသည္။
" ကြၽန္ေတာ့္ညီမပါ "
ဆင့္က ခ်က္ခ်င္းပင္အေျဖျပန္ေပးလိုက္ေလသည္။
" မင္းမွာညီမရွိတာလား ? "
ေနာက္ဆက္တြဲအေနျဖင့္ ျပဒါးရံဆိုလိုက္ေသာ စကားက ဆင့္ရဲ႕ အလ်င္လိုေနေသာ အေျဖမ်ားနဲ႔ ဆုံၾကရေသာအခါ ပတ္ဝန္းက်င္က အနည္းငယ္မွ် ၿငိမ္သက္သြားခဲ့ေလေတာ့သည္။
" အင္း....ေလေျပက ကြၽန္ေတာ့္ကိုမေတြ႕တာၾကာၿပီမို႔လို႔ စိတ္ပူလို႔လိုက္လာတာ....သူဒီမွာတစ္ပါတ္ေလာက္ေတာ့ ေနလိမ့္မယ္ "
" ........... "
ၿငိမ္သက္ေနေသာ ပတ္ဝန္းက်င္ႏွင့္အတူ ျပဒါးရံ၏ ႏႈတ္ဆိတ္ေနျခင္းကို ဆင့္ကသာ ၿဖိဳခြဲလိုက္သည္။
" ရံ ခင္ဗ်ားအဆင္ေျပရဲ႕လား "
" အင္း "
" ေလေျပ ဒါက ျပဒါးရံ ၊ဒါက ယြန္းေဟမီ "
" ႏွစ္ေယာက္လုံးပဲ ဒါက ေလေျပညႇင္းတဲ့ "
တိမ္ယံဆင့္က ႐ိုးရာအစဥ္အလာအတိုင္း နာမည္မိတ္ဆက္ေပးလိုက္ေလသည္။ မဟုတ္လွ်င္ ႐ိုင္းရာက်ေပဦးမည္ မဟုတ္ပါလား။
" နာမည္က ဘာလို႔ဒီေလာက္ ရင္းႏွီးေနရတာလဲ"
ယြန္းေဟမီက ထိုနာမည္ထဲက အေငြ႕အသက္တစ္စုံတစ္ရာကို ဦးစြာသတိထားမိလ်က္ ေရ႐ြတ္လာခဲ့သည္။
" ရွင္းရဲ႕ ညီမပါ....ကြၽန္ေတာ့္ညီမဆိုလည္း ဟုတ္တယ္ "
" ဪ.....ဒါေၾကာင့္ကိုး "
" မမ ေလေျပက ဒီေနရာနဲ႔သိပ္မရင္းႏွီးလို႔ လိုက္ျပလို႔ရမလားဟင္ "
" ရတာေပါ့ မမကအၿမဲတမ္းညီမေလးတစ္ေယာက္ေလာက္ လိုခ်င္ေနခဲ့တာ ..... ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ညီမေလးကို ဘယ္သူကျငင္းရက္မွာလဲ "
" အြန္း....ဒီတိုင္းသာ ဆက္သြားေနရင္ မမကိုႀကိဳက္မိေတာ့မွာပဲ "
ဆူညံေနေသာ အသံေပါင္းရာခ်ီသည္ အမ်ိဳးသမီးႏွစ္ေယာက္ထံမွ တရဆက္ထြက္ေပၚေနၿပီး စကားေပါင္းေထာင္ခ်ီေျပာေနတာေတာင္ ေမာလာဟန္မျပေသာ ထိုႏွစ္ေယာက္ကို ဆင့္ ေခါင္းခါရင္းျဖင့္သာ လက္ေလ်ာ့လိုက္ရသည္။
" Alex ....ရံေလးကို အပ္ခဲ့မယ္ေနာ္.....မမတို႔အျပင္ခဏသြားဦးမယ္ "
ဆင့္ရဲ႕ ျပန္တုန႔္ျပန္မည္အမူအယာမွာ လက္ခ်င္းခ်ိတ္လ်က္ အိမ္ျပင္ထြက္သြားေသာ ထိုႏွစ္ေယာက္ေၾကာင့္ စကားလုံးမ်ားကို လည္ေခ်ာင္းထဲ အတင္းကာေရာ ျပန္ၿမိဳခ်လိုက္ရေလသည္။
" မမ ကိုျပဒါးရံက အျပင္မွာ ပိုေခ်ာတာပဲေနာ္...ကိုဆင့္ သူ႔ဆီမွာက်ရႈံးသြားတာ မဆန္းေတာ့ပါဘူး "
" မွားေနၿပီ ရံေလးကသာ ဆင့္ဆီမွာ က်ရႈံးသြားတာ "
ဤသည္မွာ မသြားခင္ ထိုႏွစ္ေယာက္ တီးတိုးတီးတိုးျဖင့္ေျပာေနေသာ စကားသံမ်ားပင္။
" ရံကို ကြၽန္ေတာ္ေျပာစရာရွိတယ္ "
" အင္း "
" ဒီေန႔မွဘာလို႔ အရမ္းတိတ္ဆိတ္ေနတာလဲ "
" ဒါမင္းေျပာခ်င္ေနတယ္ဆိုတဲ့ စကားလား "
" မဟုတ္ပါဘူး.....ကြၽန္ေတာ္ေျပာမွာ မ်က္ႏွာက ဘာလို႔သဝန္တိုတဲ့ပုံေပါက္ေနတာလဲ "
" ငါမဟုတ္ပါဘူး "
" လိမ္ေနတယ္ "
" ....... "
" ေလေျပက တစ္ကယ့္ကို ညီမေလးတစ္ေယာက္လိုပါပဲ "
" ........ "
မ်က္ႏွာကိုလႊဲလ်က္ ႏႈတ္ခမ္းမ်ားကို ေစ့တင္းထားေသာ ျပဒါးရံကိုၾကည့္ရင္း တိမ္ယံဆင့္မွာ မထိန္းခ်ဳပ္ႏိုင္ေသာ ရယ္ခ်င္စိတ္မ်ားကို လြတ္လပ္ခြင့္ေပးလ်က္ ရယ္ေမာလာေတာ့သည္။
" မင္း ! "
ျပဒါးရံက မိမိမွာအေလွာင္ခံလိုက္ရသည္ဟု ခံစားလိုက္ရ၍ထင္သည္။ အံကိုႀကိတ္လ်က္ စိတ္ဆိုးမာန္ဆိုး တစ္ခြန္းေခၚလာေသာ္လည္း မေၾကနပ္သည့္အသြင္ျဖင့္ မ်က္ႏွာျပန္လႊဲသြားသည္။
" Sorry ....မရည္႐ြယ္ပါဘူး "
သို႔ေသာ္ျငား တိမ္ယံဆင့္ရဲ႕ ေတာင္းပန္စကားက ျပဒါးရံအတြက္ မထိေရာက္ေလသည့္အတြက္ ထိုအေလွာင္ေျပာင္ခံရပ္ဝန္းကေန ျပဒါးရံတစ္ေယာက္ လွည့္ထြက္ဖို႔သာ ႀကိဳးစားလိုက္ေတာ့သည္။
သို႔ေသာ္ ထိုအတိုင္းသာ လြယ္လြယ္ကူကူထြက္သြားခြင့္ ေပးလိုက္ပါလွ်င္မူ တိမ္ယံဆင့္မွာ တိမ္ယံဆင့္မဟုတ္ေတာ့ေပ။ ျပဒါးရံရဲ႕ လက္တစ္ဖက္ကို လွမ္းဆြဲလိုက္ၿပီး ခ်က္ခ်င္းဆိုသလို ညႇင္သာသည့္အသံကို အသုံးျပဳလ်က္ တိုးဖြဖြေလးဆိုလိုက္သည္။ ဆြဲျငင္ညႇိဳ႕ယူမႈမ်ားဟာလည္း မေမ့မေလ်ာ့ ပါၿမဲပါေနဆဲပင္။
" ဘယ္လဲ.....ကြၽန္ေတာ္ခုထိ သတင္းေကာင္း မေျပာရေသးဘူးေလ "
" ဘာလဲ "
တိမ္ယံဆင့္က မိမိရဲ႕လက္သြယ္သြယ္ကို ေျမႇာက္လ်က္ ျပဒါးရံရဲ႕ မ်က္ႏွာအစိတ္အပိုင္းမ်ားကို ခပ္ေျဖးေျဖး ထိေတြ႕ကိုင္တြယ္ေနခဲ့ေလသည္။ အနည္းငယ္ေလးမွ် အားထည့္လိုက္ပါလွ်င့္ ထိုမ်က္ႏွာေလးမွာ ေၾကမြသြားသည့္ ေႂကြ႐ုပ္ေလးအလား အလြန္အမင္း တယုတယႏိုင္စြာျဖင့္။
" မၾကာခင္မွာ ဒီအစိတ္အပိုင္းေလးေတြ အကုန္ျပန္စုံေတာ့မယ္ထင္တယ္ "
နီးကပ္သည္ထက္ပိုေသာ အေနအထားေၾကာင့္ တိမ္ယံဆင့္ရဲ႕ ကိုယ္သင္းရနံ႔နဲ႔ စကားေျပာစဥ္က ႐ိုက္ခတ္လာေသာ ေလေငြ႕ေႏြးေႏြးတို႔အၾကား ျပဒါးရံရဲ႕ ႏွလုံးသားေလးမွာ တစ္စကၠန႔္အတြင္း ႀကိမ္ႏႈန္းမ်ားစြာျဖင့္ ခုန္ေပါက္သြားခဲ့ေလသည္။
" ဘာသေဘာလဲ "
" ကြၽန္ေတာ့္လူက ျပန္ဆက္သြယ္လာတယ္ မ်က္လုံးအတြက္ အလႉရွင္ရွာေတြ႕ၿပီဆိုေပမယ့္ ကြၽန္ေတာ္ေ႐ြးထားတဲ့ ဆရာဝန္က အခ်ိန္ဇယားျပည့္ေနတာေၾကာင့္ တစ္ပါတ္ေနာက္ဆုတ္လိုက္ရတယ္ "
" အရမ္းမျမန္လြန္းဘူးလား "
" ျမန္တာမေကာင္းဘူးလား.....ကြၽန္ေတာ္ျဖင့္ အခုေတာင္ ခ်က္ခ်င္းခြဲစိတ္ေစခ်င္ေနၿပီ "
" ေနပါဦး...ငါအဆင္သင့္မျဖစ္ေသးဘူး "
" ရံ...ဘာမွေၾကာက္စရာမလိုဘူး။ ခြဲစိတ္မႈက အဆင္ေျပမွာပါ "
" အဆင္မေျပခဲ့ရင္ေကာ "
" ကြၽန္ေတာ့္ကိုယုံ...ကြၽန္ေတာ္ ရံ မ်က္လုံးကို မရ,ရေအာင္ ျပန္ကုေပးမယ္ "
ျပဒါးရံရဲ႕လက္ကို ဆုပ္ကိုင္လိုက္ရင္း စိုးရိမ္ေၾကာင့္ၾကေနတဲ့ ထိုလူသားရဲ႕ စိတ္အေျခအေနကို ဆင့္ တတ္စြမ္းသေလာက္ ကုသေပးေနခဲ့သည္။ ေနာက္ဆုံး အခ်ိန္အတိုင္းအတာ တစ္ခုတြင္ ႏွစ္ေယာက္သား ဆိုဖာေပၚမွာထိုင္ေနရင္း အသက္ရႈႏႈန္းမ်ားပုံမွန္ျပန္ျဖစ္လာေသာ ျပဒါးရံကို ၾကည့္လိုက္တဲ့အခါ ဆင့္ ပုခုံးေပၚမွီလ်က္ အိပ္ပင္ေပ်ာ္ေနေလၿပီ။
တစ္ခ်ိန္တည္းမွာပင္ အျပင္ဘက္မွ ဆူဆူညံညံအသံျပဳလ်က္ တံခါးေပါက္မွဝင္လာေသာ ေလေျပကို ဆင့္က ႏႈတ္ခမ္းေပၚ လက္ညႇိဳးတစ္ေခ်ာင္းတင္လ်က္ စူးစူးဝါးဝါး စိုက္ၾကည့္လိုက္သည့္အခါ ေလေျပညႇင္းက ထိုအမူအယာအား နားလည္လိုက္သည့္အသြင္ျဖင့္ ၿငိမ္က်သြားေလသည္။
" ရွင္းကို ဖုန္းဆက္ၿပီးသြားၿပီလား "
" ထူးဆန္းတယ္ ေလေျပဆက္ေနတာ အရမ္းၾကာေနၿပီ ေခၚလို႔မရဘူး "
" ခဏေနမွ ထပ္ဆက္ၾကည့္လိုက္မယ္ "
" ၾကည့္ရတာ အဲ့ေနရာက လိုင္းမမိဘူးပဲေနမယ္.....မဟုတ္ရင္ ကိုကိုက မကိုင္စရာအေၾကာင္း မရွိဘူးေလ "
" အင္း "
" ဒါဆို ေလေျပလည္း သြားနားေတာ့မယ္ "
" အင္း "
ကမ္းေျခကဘက္က ေနဝင္ခ်ိန္သည္ အေတာ္ေလးရႈေမွ်ာ္ဖြယ္ေကာင္းသည့္ ပန္းခ်ီကားတစ္ခ်က္ႏွင့္ အလားသဏၭာန္တူညီေလသည္။ သဘာဝတရားက တန္ဖိုးမျဖတ္ႏိုင္သည့္ ရတနာေလးတစ္ခုအသြင္ေဆာင္ေနတာေၾကာင့္ သူတို႔ေလးေယာက္လုံး ေနဝင္ခ်ိန္တြင္ ကမ္းစပ္ကိုသြားၿပီး တရိပ္ရိပ္နဲ႔ ေပၚထြက္လာတဲ့ လကို ၾကည့္ခဲ့ၾကသည္။ ျပဒါးရံကေတာ့ ခြၽင္းခ်က္တစ္ခုေပါ့။
ညစာစားပြဲကလည္း အသစ္ပိုလာေသာ လူတစ္ေယာက္ေၾကာင့္ ရယ္ေမာသံမ်ား ေဝဆာေနလ်က္သားျဖင့္ ညခ်ိန္ခါမွာ ပန္းေတြပြင့္ေနသေယာင္ အထင္မွားမိႏိုင္ဖြယ္အတိပင္။ တစ္ရက္တာကေတာ့ ေျပေျပပ်စ္ပ်စ္ျဖင့္ ရႈမၿငီးႏိုင္စြာ ၿပီးဆုံးသြားခဲ့ျပန္ပါသည္။
တိမ္တိုက္ထဲက ထိုးထြက္လာဟန္ အရိပ္အေယာင္ျပလ်က္ ေလာကတစ္ခြင္ အလင္းေဆာင္သူ ေနမင္းသူရိန္ဟာ အတိအလင္းထြက္ေပၚလာၿပီ ျဖစ္ေသာ္လည္း ေလေျပရွင္းက အလင္းေရာင္နဲ႔တူေသာ အရာဆိုေဝးစြ ခပ္စိပ္စိပ္ေအးေနေသာ အေငြ႕အသက္မ်ားကို ခံစားေနရျခင္းေၾကာင့္ ႏိုးထလာခဲ့ေလသည္။
စိတ္မၾကည္လင္ကာ ရႈပ္ေထြးေနေသာ္ျငား သတိထားမိလိုက္တာတစ္ခုမွာ အလြန္အမင္း မူးေႏွာက္ေနေသာ ေခါင္းတစ္ခုလုံးႏွင့္ အေမွာင္အတိဖုံးေနေသာ အျမင္အာ႐ုံတို႔ပင္။ ထို႔ျပင္ သူ႔ခႏၶာကိုယ္ အစိတ္အပိုင္းအခ်ိဳ႕မွာလည္း တစ္စုံတစ္ခု၏ ထိန္းခ်ဳပ္ျခင္း ခံထားရသည့္အတြက္ စိတ္တိုင္းက် မလႈပ္ရွားႏိုင္ျဖစ္ေနရကာ ပင့္သက္ရႈိက္လိုက္ခ်ိန္တြင္ လက္ေကာက္ဝတ္က နာက်င္မႈတစ္ရပ္ကိုပါ ခံစားလိုက္ရသည္။
" ဘာေတြျဖစ္ေနတာလဲ "
တီးတိုးေရ႐ြတ္သံတစ္ခုႏွင့္အတူ ႏွာေခါင္းထဲတိုးဝင္လာေသာ ညႇီစို႔စို႔ေသြးနံ႔မ်ားက ေလေျပရွင္းရဲ႕ နတ္ဘုရားႏွယ္ မ်က္ႏွာသြင္ျပင္ကို ပ်က္ယြင္းသြားေစသည္။
" ငါလက္ေနာက္ျပန္ ႀကိဳးတုပ္ခံထားရတာလား? "
ျဖစ္အင္အလုံးစုံကို စီစစ္လိုက္အၿပီးတြင္ မိမိမွာ မ်က္လုံးမ်ားကိုပါ ပိတ္စတစ္ခုႏွင့္ အစည္းခံထားရေၾကာင္း သိရွိသြားေလသည္။ သိပ္မေဝးေသာ ေနရာတစ္ခုတြင္ နာနာက်င္က်င္ ညီးညဴေနသည့္ လူတစ္ေယာက္ရွိေနၿပီး ထိုလူမွာအေတာ္ေလး ႏွိပ္စက္ခံထားပုံရကာ အသက္ကိုပင္ အားတင္း၍ ရႈေနရေလသည္။
ရွင္း အေနျဖင့္ မည္သည့္အရာကိုမွ နားလည္ႏိုင္စြမ္းမရွိေသးသည့္အျပင္ မၾကာေသးခင္ကမွ သူဟာကိုးလ္နဲ႔အတူ ရွိေနခဲ့တာျဖစ္ၿပီး အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ ဘာမွန္းမသိတဲ့ ေနရာတစ္ခုကို ေရာက္ေနကာ အဖမ္းစီးခံထားရေလသည္။ ေျပာကာမွ အခုခ်ိန္တြင္ ကိုးလ္လည္း ဘယ္ကိုေရာက္လို႔ ေရာက္ေနမွန္း သူမသိေပ။ သူ႔ေဘးနားက ႏွိပ္စက္ခံထားရေသာ လူသာ ကိုးလ္ ျဖစ္မည္ဆိုပါကဟူေသာ အေတြးဝင္လာခိုက္ ရွင္းက ဆိုးဆိုးဝါးဝါး ႐ုန္းကန္လႈပ္ရွားလာတာေၾကာင့္ တတိယလူထံမွ စကားသံထြက္ေပၚလာသည္။
" ႏိုးလာၿပီလား ? "
အျမင္အာ႐ုံကို ပိတ္ပင္ထားေသာေၾကာင့္ ေလေျပရွင္းရဲ႕ အၾကားအာ႐ုံက သာမာန္ထက္ပိုၿပီး စူးရွေနသေယာင္ ျဖစ္ေနခဲ့ေလသည္။ ထိုအသံသည္ ရင္းႏွီးေနေသာ အေငြ႕အသက္မ်ား ေပ်ာ္ဝင္ေနသည္ဟု ခံစားရေသာ္ျငား အမွန္စင္စစ္တြင္လည္း ရင္းႏွီးမေနခဲ့ေပ။ အသံထဲတြင္ အမ်ိဳးအမည္မသိေသာ ဖိအားတစ္ခုပါဝင္ေနကာ ရွင္းကို သတိႀကီးႀကီးထားရန္ အသိေပးေနပါသလို။
" ဘယ္သူလဲ....ငါနဲ႔အတူပါလာတဲ့တစ္ေယာက္ေကာ "
" အို.....သူ႔ကိုအခုထိ ရွာေနတုန္းလား။ ကိုယ့္အေျခအေန ကိုယ္မသိဘူးပဲ "
" ဘာစကားလဲ မင္းတို႔သူ႔ကိုဘာလုပ္လိုက္တာလဲ "
" ......... "
" ျပန္ေျဖစမ္း "
" သနားစရာေလးပါလား "
အေလွာင္ေျပာင္ခံလိုက္ရသည့္အတြက္ ရွင္းမွာ ပိုလို႔စိတ္တိုလာရေလသည္။
" ေလေျပရွင္း မင္းအတြက္ ငါယူေဆာင္လာတဲ့ ကပ္ဆိုးက အခုတရားဝင္ စတင္ၿပီပဲ "
ဘာစကားမွျပန္မေျပာႏိုင္ခင္မွာတင္ မ်က္လုံးေပၚက ပိတ္စကိုလာထိေနသည့္ လူတစ္ေယာက္၏လက္ေၾကာင့္ ရွင္းက အံကိုႀကိတ္ကာ အသံတိတ္က်ိန္ဆဲျခင္းမ်ား စတင္ေနခဲ့ေလသည္။ ေနာက္ဆုံး အျမင္အာ႐ုံက ရွင္းလင္းသြားခ်ိန္တြင္ ေလေျပရွင္းဟာ သူ႔ကမာၻႀကီးတစ္ခုလုံး ပ်က္ဆီးေႂကြမြသြားဟန္တူသည့္ ျမင္ကြင္းတစ္ခုကို ျမင္ေတြ႕လိုက္ရသည္။
ေျခေထာက္နားမွာ အိုင္ထြန္းေနသည့္ ေသြးမ်ားႏွင့္အတူ ရွင္းကို ပါးစပ္အေဟာင္းသားျဖစ္သြားေစသည့္ ထိုျမင္ကြင္းမွာကား လူတစ္ေယာက္တည္းေၾကာင့္ ျဖစ္ေပၚလာသည္ခ်ည္းသာ။ အနက္ေရာင္တစ္ခါမွ မဝတ္ဖူးတာေၾကာင့္ ရွင္းဟာ ထိုသူသည္ အနက္ေရာင္ကို မႏွစ္ၿမိဳ႕ဘူးဟု ထင္ခဲ့ဖူးသည္။ အမွန္စင္စစ္တြင္ ထိုသူဟာ ရွင္းမသိေအာင္ ဖုံးကြယ္ထားခဲ့ျခင္းသာ ။ ခႏၶာကိုယ္တစ္ခုလုံးအား အေမွာင္ထုထဲ ဆြဲသြင္းဟန္တူသည့္ အနက္ေရာင္သည္ ျဖဴဝင္းေနသည့္အသားေရႏွင့္ အလြန္ပင္ပႏွံသင့္ လိုက္ဖက္ေနသည္။
" ဘာလို႔ဘာစကားမွမေျပာေတာ့တာလဲ.....ကြၽန္ေတာ့္ကို စိမ္းကားသြားၿပီလား..... ရွင္း "
" မင္း...ဘယ္သူလဲ "
" ကြၽန္ေတာ္က ရွင္း တစ္ခ်ိန္လုံးေတြ႕ခ်င္ေနတဲ့ လူပဲေလ "
အံ့ဩကာ မွင္သက္ေနသည့္ ေလေျပရွင္းအစား ထိုလူဟာ နာမည္တစ္ခုကို ထုတ္ေျပာလာသည္။
" ကိုးလ္ "
ရွင္းရဲ႕ မ်က္လုံးအိမ္မ်ားက တုန္ယင္ေနခဲ့လ်က္သားျဖင့္ မိမိေရွ႕ရွိ ထိုင္ခုံေပၚမွာထိုင္ေနသူဟာ ေသခ်ာေပါက္ ကိုးလ္ျဖစ္ေနပါေသာ္ျငား ကိုးလ္ႏွင့္ လုံးဝဆင္တူမေနခဲ့ေပ။ မ်က္ႏွာတစ္ခုထဲကသာ ဆင္တူေနသည့္ အစိတ္အပိုင္းျဖစ္ၿပီး အဝတ္အစားဝတ္ပုံ၊ စကားေျပာဟန္ ၊အမူအက်င့္ႏွင့္ ေနထိုင္ပုံနည္းဟူသမွ်သည္ သူထိေတြ႕ခဲ့ဖူးေသာ ကိုးလ္ႏွင့္ လားလားမွ် သက္ဆိုင္မေနခဲ့သည့္ လူတစ္ေယာက္ႏွယ္ပင္။
" မင္းကသူမဟုတ္ဘူး "
" ကြၽန္ေတာ္ပဲေလ ....ဒါကမွ ကြၽန္ေတာ့္ပုံစံအစစ္အမွန္။ လူေၾကာက္တတ္ၿပီး သိမ္ေမြ႕ႏူးညံ့တဲ့ ကိုးလ္လား....ဟား....ဟား...ရယ္ရတယ္ ....အကုန္အတုအေယာင္ေတြပဲ။ လိုခ်င္တဲ့ပန္းတိုင္ေရာက္ဖို႔ ဟန္ေဆာင္ခဲ့တဲ့ အရာေတြသက္သက္....နားလည္လား "
" မင္းက ဦးစစ္ဟန္လား "
" Bingo "
လက္ေျဖာင့္တစ္ခ်က္တီးလ်က္ ရွင္း စကားက မွန္ကန္ေၾကာင္း ျပန္အေျဖေပးေလသည္။
" ခင္ဗ်ားအၿမဲထင္ေနခဲ့တဲ့ ယုန္သူငယ္ေလး မဟုတ္ဘူး....ဝံပုေလြကို အမဲလိုက္မယ့္ ျခေသၤ့တစ္ေကာင္ပဲ ကြၽန္ေတာ္က "
မယုံၾကည္ႏိုင္တာထက္ အမွန္တရားကို လက္မခံႏိုင္ေသာ အေငြ႕အသက္မ်ားက ရွင္းဆီမွာ အတိုင္းသား။
" အခုတရားဝင္ ျပန္မိတ္ဆက္ရေတာ့မွာေပါ့ေနာ္ "
ကိုးလ္နဲ႔မတူေသာ ကိုးလ္ရဲ႕မ်က္ႏွာထက္တြင္ အမည္ေဖာ္မရေသာ အၿပဳံးတစ္ခုက လွလွပပ ခ်ိတ္ဆြဲလာခဲ့ေလသည္။
" ပထမဆုံးေတြ႕ဆုံျခင္းပါ ကြၽန္ေတာ့္နာမည္ ကိုးလ္စစ္ဟန္ လို႔ေခၚတယ္ "
ရွင္းက ထိုင္ခုံေပၚမွေန၍ ကိုးလ္စစ္ဟန္ ကမ္းလင့္လာေသာ လက္တစ္ဖက္ကို မ်က္ႏွာလႊဲ၍ ျငင္းပယ္လိုက္တဲ့အခါ ထိုသူက ေက်ေက်နပ္နပ္ႀကီး ရယ္ေမာလာေလသည္။
ဤသူတြင္ အားနည္းေပ်ာ့ညံ့မႈမ်ား လုံးဝတည္ရွိမေနခဲ့ေပ။ သန္မာကာ အႀကံအစည္ႀကီးေသာ အရည္အခ်င္းမ်ားသည္ ထိုၾကည့္ေပ်ာ္ဖြယ္ေကာင္းေသာ မ်က္ႏွာေလးျဖင့္ မလိုက္မဖက္။
" ငါးႏွစ္လုံး ငါ့ကိုလိမ္ခဲ့တာေပါ့ "
" မဟုတ္ရင္ေကာ စိတ္ရင္းမွန္လို႔ထင္ေနတာလား "
႐ုတ္တရက္ ရွင္းရဲ႕ ရင္ဘတ္တစ္ျခမ္းက အတိုင္းအဆမဲ့သည့္ နာက်င္မႈမ်ား ႏႈိးဆြခံလိုက္ရသလို အသည္းခိုက္မတတ္ နာက်င္လာေတာ့ေလသည္။ အကြၽင္းမဲ့ယုံၾကည္ထားေသာ လူတစ္ေယာက္ ၊မိမိကိုယ္ထက္ ပိုကာကြယ္ေပးခ်င္ေသာ ထိုတစ္ေယာက္မွာ ေနာက္ေက်ာက္ဘက္မွ အသြားထက္ေသာ ဓားတစ္ေခ်ာင္းျဖင့္ ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သတ္သြားေအာင္ ထုတ္ခ်င္းေပါက္ ထိုးသြင္းေနသကဲ့သို႔ နာက်င္မႈသည္ကား ကူကယ္ရာေဆးမရွိႏိုင္ေအာင္ ျပင္းျပနက္ရႈိင္းေနခဲ့ေတာ့သည္။
ကိုးလ္ပါးစပ္က " ေနာက္ေနတာ "ပါဟု တစ္ခြန္းေျပာလိုက္လွ်င္ေတာင္ သူဟာ ယုံၾကည္ေပးမည့္ လူတစ္ေယာက္ပါေပ။ ဒီၾကားထဲမွာ သူတို႔အတူတူ ျဖတ္သန္းခဲ့တဲ့ အမွတ္တရေလးေတြေကာ ေလတိုက္တိုင္း လြင့္ပါသြားမယ့္ သဲမႈန္ေလးေတြမ်ိဳးမွ မဟုတ္ဘဲ။
" အဲ့ေန႔က ငါနဲ႔ထမင္းတူတူစားဖို႔ မင္းေစာင့္ေနခဲ့တာ မဟုတ္ဘူးလား "
" ဟုတ္တယ္ ကြၽန္ေတာ္ေစာင့္ေနခဲ့တယ္.... ေနာက္ၿပီး ရွင္းကို ေသနတ္နဲ႔ပစ္ခဲ့တာလည္း ကြၽန္ေတာ္ပဲ "
" ပထမဆုံးေတြ႕ဆုံျခင္းကလည္း လုပ္ႀကံဖန္တီးထားတာပဲ "
" KK မွာ အလုပ္ဝင္ခဲ့တာလည္း ခင္ဗ်ားနဲ႔ပိုနီးစပ္ခ်င္လို႔၊ ပြဲမွာ mirror ႏွစ္ေယာက္ျဖစ္ေနတာလည္း ကြၽန္ေတာ့္လက္ခ်က္ပဲ။ KKမွာ ဆက္ေနၿပီး ခင္ဗ်ားကို ခ်ဥ္းကပ္ဖို႔ အဲ့ပြဲကို ႏိုင္ကိုႏိုင္မွရမွာေလ။ ဒါေၾကာင့္ ေလဆိပ္မွာ mirror အစစ္ကိုျပန္ေပးဆြဲၿပီး ကြၽန္ေတာ့္လူကို အစားထိုးခဲ့တာ......Mirror အစစ္ေပၚသြားတာေတာင္ ကြၽန္ေတာ့္ဒီဇိုင္းက ဘာလို႔ေ႐ြးခ်ယ္ခံရတာလဲဆိုေတာ့ ဖက္ရွင္ေလာကရဲ႕ ဘုရင္မက ခ်ဳပ္ထားတာမလို႔ေလ "
" ဘာ ! "
" အံ့ဩသြားလား....အဲ့တာ Nora Mabel ခ်ဳပ္ထားတဲ့ဒီဇိုင္း။ ကြၽန္ေတာ့္မွာ အၿမဲတမ္း ဒုတိယအစီအစဥ္ဆိုတာရွိတယ္ . ....ဒါေၾကာင့္ ကြၽန္ေတာ္က ရွင္းေရွ႕မွာ အၿမဲေျခတစ္လွမ္းေက်ာေနမွာဘဲ "
" ဟက္ ....အစကေနအဆုံးထိ ငါက မင္းက်ားကြက္ေပၚက နယ္႐ုပ္တစ္႐ုပ္ဆိုတာထက္ မပိုခဲ့ဘူးေပါ့ "
" ဒါေပါ့ "
" အေဆာက္အဦးပ်က္ထဲမွာ အဖမ္းခံရတဲ့ကိစၥကလည္း ဟန္ျပသက္သက္ပဲ ျဖစ္ခဲ့တာေပါ့.....ငါတစ္ခ်ိန္လုံးအ႐ူးလုပ္ခံေနခဲ့ရတာပဲေပါ့....ဟား....ဟား... "
" No No အဲ့ေန႔က ရွင္း အရမ္းေခါင္းမာေနလို႔ ေတာ္ေတာ္ေလး စြန႔္စားလိုက္ရတယ္......ရွင္းသာ လိမ္လိမ္မာမာေလးနဲ႔ စကားနားေထာင္ၿပီး ထြက္သြားလိုက္ရင္ ကိစၥေတြက ဒီေလာက္ထိရႈပ္မသြားဘူး။ မွတ္မိေသးလား အဲ့ေန႔က တိမ္ယံဆင့္ ေျပာဖူးခဲ့တယ္ေလ ဗုံးက အသံနဲ႔ ထိန္းခ်ဳပ္မွရတာဆိုတဲ့ အရာကို....ကြၽန္ေတာ္သာ Stop လို႔တစ္ခ်က္ေျပာလိုက္ရင္ အဲ့ဗုံးေပၚက အခ်ိန္ေတြက ႐ို႐ိုက်ိဳးက်ိဳးနဲ႔ ရပ္တန႔္ကုန္ၾကမွာ။ ဒါေပမယ့္ အတူတူအေသခံဖို႔လုပ္ေနတဲ့ အ႐ူးတစ္ေကာင္ေၾကာင့္ ကြၽန္ေတာ့္အစီအစဥ္ေတြ အကုန္ပ်က္ဆီးေတာ့မလို႔ "
" ငါမင္းကို ေနာက္ဆုံးအေနနဲ႔ေမးမယ္ "
" ...... "
" ဒီငါးႏွစ္လုံးမွာ မင္းအတြက္ အစစ္အမွန္ဆိုတာေကာ ရွိခဲ့ဖူးလား "
" မရွိဘူး "
တုန႔္ဆိုင္းျခင္းမရွိ ကိုးလ္စစ္ဟန္ ျပန္ေျဖလာေလသည္။
" ဟက္....တစ္ကယ့္ကို ဦးစစ္ဟန္ပီသပါေပတယ္ "
" ေျမႇာက္ပင့္လြန္းေနပါၿပီ "
ကိုးလ္စစ္ဟန္ရဲ႕ အနက္ေရာင္ဖိနပ္မွာေပေနတဲ့ ေသြးစအခ်ိဳ႕ကို ရွင္း အျမင္အာ႐ုံက ဖမ္းဆုပ္ႏိုင္လိုက္ေသာ္လည္း ဤသည္မွာ သူ႔ေသြးေတြမဟုတ္တာကိုေတာ့ ရွင္းေကာင္းေကာင္းသိေလသည္။ ဒဏ္ရာႏွင့္တူေသာ အရာဟူ၍ ရွင္းဆီတြင္ လက္ေကာက္ဝတ္က ႀကိဳးရာတစ္ခုထဲသာရွိသည္။
" ေခါင္းနဲ႔နဲ႔မူးေနေသးတယ္မလား.... sorry ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္မထိန္းႏိုင္လိုက္ဘူး...အိပ္ေမြ႕ခ်တုန္းက လက္လြန္သြားတယ္ "
" မင္းအိပ္ေမြ႕ခ်တတ္တယ္ "
" ဟုတ္တယ္ေလ.....အဲ့တာကေတာ္ေတာ္ေလး အသုံးဝင္တာ ရွင္းရဲ႕ အေသးစားမွတ္ဉာဏ္ေလးေတြကိုေတာင္ ဖ်က္ခဲ့ဖူးတယ္ "
" တစ္ခ်ိန္လုံး မင္းထုတ္ျပတဲ့အပိုင္းေတြကိုပဲ ငါျမင္ခဲ့ရတာပဲ .....အရာရာတိုင္းက အတုအေယာင္ေတြႀကီးကပဲ "
ကိုးလ္စစ္ဟန္သည္ ျမင့္မားလွသည့္ ေတာင္ထိပ္တစ္ခုအား ေျခေထာက္ေအာက္တြင္ နင္းေျခထားႏိုင္သည့္ အမူအယာမ်ိဳးျဖင့္ ရွင္းကို အေပၚစီးမွ ငုံ႔ၾကည့္လာသည္။
" ေမးစရာရွိေသးလား "
အသံကေအးစက္ကာ ခံစားခ်က္မဲ့လွသည့္အျပင္ ေလေျပရွင္း အၿမဲတေစ သေဘာက်ရပါသည့္ မ်က္ႏွာမွာ မိမိ၏မဟာရန္သူေတာ္ရဲ႕ မ်က္ႏွာဖုံးတစ္ခုျဖစ္ေနမွန္း သိလိုက္ရတဲ့အခါ ရွင္းက ထိုမ်က္ႏွာနဲ႔ေဝးရာကို အၾကည့္လႊဲပစ္လိုက္သည္။
" ဒါဆို ကြၽန္ေတာ္အခု လူတစ္ေယာက္နဲ႔မိတ္ဆက္ေပးမယ္ "
ရွင္းနဲ႔ သိပ္မေဝးေသာ အေမွာင္ထုထဲက ေထာင့္တစ္ေနရာမွ လူတစ္ေယာက္ကို ဆြဲထုတ္လာၾကၿပီး ေလေျပရွင္းရဲ႕ ေဘးနားတြင္ေနရာခ်ေပးေလသည္။ အစပိုင္းတြင္မူ ထိုသူဟာ အေမွာင္ထဲေရာက္ေနတာေၾကာင့္ ဘယ္သူလဲဆိုတာကို ရွင္း မေဝခြဲႏိုင္ခဲ့ျခင္းျဖစ္ကာ အခုမ်က္ႏွာအား ျမင္ေတြ႕ရခ်ိန္တြင္ ေလေျပရွင္းအဖို႔ ဒုတိယအႀကိမ္ အံ့အားသင့္ေသာ မ်က္ႏွာအမူအယာမွာ တစ္ဖန္ျပန္ထြက္လာျပန္သည္။
" Daddy "
_____________________________
Note /
Surprise !!! , Villain ေခ်ာေခ်ာေလးနဲ႔ မိတ္ဆက္ေပးလိုက္ပါၿပီ(◕દ◕)။ အာ Villain ရယ္လို႔လည္း မဟုတ္ဘူးေပါ့ သူလည္း သူ႔ခံစားခ်က္နဲ႔သူဆိုေတာ့😇။ ဒီအပိုင္းကို ဇာတ္လမ္းေက်ာ႐ိုး စစဥ္းစားထဲက တစ္ခ်ိန္လုံးေရးခ်င္ေနခဲ့တာ 2 ႏွစ္ေက်ာ္မွပဲ လက္ေတြ႕အေကာင္အထည္ ေဖာ္ႏိုင္ေတာ့တယ္။
စာလုံးေပါင္းမစစ္ရေသးလို႔ အမွားေတြပါေနရင္ သည္းခံဖတ္ေပးၾကပါ🌸