"မင်္ဂလာပါ အကိုပိုင် ရှင့်"
"ဟုတ်ကဲ့ မင်္ဂလာပါဗျ"
သက်ပိုင် စင်အောက်ရှိ သတင်းထောက်မလေးအား ပြန်လည်နှုတ်ခွန်းဆက်လိုက်ရင်း ပြုံးပြ
လိုက်တော့ ထိုမိန်းကလေးကအနည်းငယ်ရှက်ရမ်းရမ်းသွားပုံ။
ထို့နောက် သူမက ကိုယ်ရှိန်သတ်လိုက်ရင်း တည်ငြိမ်စွာ မေးခွန်းများအား
ဆက်လက်မေးတော့သည်။
"အကိုပိုင်ရဲ့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ I See Youဆိုတဲ့ Horrorစာအုပ်က ရောင်းမလောက်ဖြစ်နေတယ်ကြားတယ်။
အကိုစစထုတ်ချင်းတုန်းက အခုလိုအခြေအနေကိုကြိုတွေးထားခဲ့မိသေးလားရှင့်"
"ကျွန်တော်သာ ဒီလိုအခြေအနေကိုကြိုတွေးမိထားခဲ့မယ်ဆိုရင် အုပ်ရေများများထုတ်ခဲ့မိမှာပါ"
"နောက်ထပ်ကော ဘာစာအုပ်တွေထုတ်ဖို့ထပ်ရှိသေး..."
သတင်းမလေး၏ စကားပင်မဆုံးသေး
စင်အောက်တွင်ထိုင်နေသော သတင်းထောက်များအနက်မှ တစ်ယောက်က ရုတ်တရက်ထလာ၍ မေးခွန်းအားကြားဖြတ်မေးသည်။
"အကို နောက်ထပ်စာအုပ်ထုတ်ရင်ဘယ်လိုစာအုပ်ထုတ်ဖို့စီစဥ်ထားသလဲဗျ"
နောက်ပြီးတွင်တော့ တစ်ယောက်ပြီးတစ်ယောက် ကြားဖြတ်ကာ အစုလိုက်အပြုံလိုက်ဇွတ်မေးလာကြတော့သည်။
တဖျက်ဖျက်လက်နေသော ကင်မရာမီးများစွာကြောင့် သက်ပိုင်တစ်ယောက်ခေါင်းပင်မူးလာသလိုလို။
ထိုအခါသက်ပိုင်၏ မန်နေဂျာဖြစ်သူကစင်ပေါ်သို့တက်လာ၍ တည်ငြိမ်စွာပြောလိုက်သည်က
"ကျေးဇူးပြုပြီး တစ်ယောက်ချင်းစီဖြည်းဖြည်းမေးပေးကြပါ။
မေးစရာရှိပါက လက်ထောင်ပေးပါ"
မန်နေဂျာ၏စကားကြောင့် သတင်းထောက်တိုင်းကငြိမ်ကုန်ကြ၍ သူ့ခုံကိုယ့်ခုံတွင်ကိုယ်စီပြန်ထိုင်နေကြသည်။
သက်ပိုင် သူ၏မန်နေဂျာအားစိတ်ထဲကနေကျေးဇူးအကြီးကြီးတင်လိုက်မိပါ၏။
"မေးလို့ရပါပြီ"
မန်နေဂျာဆီမှ ထိုကဲ့သို့အသံထွက်လာသည်နှင့်တပြိုင်နက်
သတင်းထောက်တိုင်းကလက်အားအပြိုင်အဆိုင်ထောင်ကြသည်။
ကျောင်းတုန်းကလို
ဆရာမ စာရတဲ့သူလက်ထောင်ဆိုရင်တော့ မည်သူမျှထောင်မည်မဟုတ်ကြချေ။
သက်ပိုင် လက်ထောင်ထားသည့် သတင်းထောက်များထဲမှ တစ်ယောက်အား ရွေးလိုက်သည်။
"ဟုတ်ကဲ့ မင်္ဂလာပါ အကိုပိုင်။
အရှေ့ကသူတွေမေးသွားသလိုပဲ
ဘာစာအုပ်တွေထပ်ပြီးထုတ်ဖို့ရှိသလဲဗျ။
ပြီးတော့ စာအုပ်ရောင်းပွဲရှိတယ်ဆိုတာကောတကယ်ပဲလားဗျ"
သက်ပိုင် မိုက် အားတချက်မြောက်လိုက်ရင်း နှုတ်ခမ်းအားကပ်ကာ အမေးခွန်းများအားပြန်လည်ဖြေဆိုလိုက်သည်။
"ဘယ်စာအုပ်တွေထုတ်ဖို့ရှိသလဲဆိုတာကတော့ Surprise မို့မပြောပြသေးပါဘူးဗျ။
စာအုပ်ရောင်းပွဲရှိတာကတော့ တကယ်ပါ။အဲ့စာအုပ်ရောင်းပွဲမှာကျွန်တော်ကိုယ်တိုင်ဝယ်ယူသူတိုင်းကို လက်မှတ်ပါ တစ်ခါတည်းထိုးပေးသွားမှာပါဗျ"
"စာဖတ်သူတွေကမေးနေကြတယ်
အကိုပိုင်ရဲ့မျက်လုံးတွေက မျက်ကပ်မှန်တပ်ထားတာလားတဲ့"
သက်ပိုင် ထိုမေးခွန်းကြောင့်အနည်းငယ်ရယ်လိုက်ရင်း ပြန်လည်ဖြေဆိုလိုက်သည်။
"မဟုတ်ပါဘူး
နဂိုကတည်းအရောင်အတိုင်းပါပဲ။
ကျွန်တော့်အမေစီကနေအမွှေရထားတာပါ"
သက်ပိုင်မှာ အောင်မြင်နေပြီးဖြစ်သော စာရေးဆရာတစ်ယောက်ဖြစ်၍
သူထုတ်သောစာအုပ်တိုင်းမှာလည်း
အမြဲလိုလို ရောင်းမလောက်ခဲ့သည်အထိကို ရောင်းအားကောင်းခဲ့သည်။
မထူမပါးမျက်ခုံးမျက်တန်းများအပြင်
ပယင်းရောင်မျက်ဝန်းများက ညှို့အားအပြည့်၊ထို့အပြင် သေသပ်လှသောမျက်နှာထက်၌ အစိတ်အပိုင်းများကသူ့နေရာနှင့်သူ အစီအစဥ်ကျစွာနှင့် တည်ရှိနေသည်မှာ ငေးမောလောက်စရာ။
6ပေကျော်အရပ်အမောင်းအပြင် ပုခုံးကျယ်ကျယ်နှင့်
ဝတ်စားဆင်ယင်ပုံသာမက လူနေမှုပုံစံများကအစ အကုန်လုံးမှာပြီးပြည့်စုံလှသည်။
ခန္ဓာကိုယ်အချိုးအစားက ယောက်ျားလေးများ၌ရှိသင့်ရှိထိုက်သော အချိုးအစားဖြစ်၍ ကိုယ်ကျပ်အင်္ကျီလိုမျိုးဝတ်ထားလျှင် ကြွက်သားများနှင့်မာဆယ်တို့ကပိုမို၍ပေါ်လွင်လှသည်။
ကုန်ကုန်ပြောရလျှင် မိန်းကလေးတိုင်းကသာမက အချို့သောယောက်ျားလေးများကပါလိုချင်ကြသော Typeမျိုးဖြစ်၍ လူအများအမြင်တွင်လုံးဝဟာကွက်မရှိသူမျိုးဖြစ်သည်။
စာအုပ်တွေပန်းချီကားတွေကိုသဘောကျပြီး အပြောအဆိုကလည်းပျားသကာထက်ချိုလှသည့်အပြင်
ဗဟုသုတ ကြွယ်ဝယုံတင်သာမက လိမ္မာရေးခြားလည်းရှိသဖြင့်
ယောက္ခမတိုင်းတော်ချင်သော
သားမက်အမျိုအစားဆိုလျှင်လည်း
မမှား။
သို့သော် ထိုကဲ့သို့ပြီးပြည့်စုံသည်ဟုထင်ရသော သူ၏ အတိတ်ဟာထင်ထားသလောက်တော့ မလှပခဲ့ပါချေ။
သက်ပိုင် အသက်8နှစ် 9နှစ်အရွယ်ထိ သက်ပိုင်တို့ မိသားစုဘဝဟာ
ပျော်စရာကောင်းနေခဲ့ပါသော်လည်း
သက်ပိုင် 10နှစ်အရွယ်တွင်တော့ အမေဖြစ်သူက တပါးသောယောက်ျား
တစ်ယောက်နှင့် ဖောက်ပြားခဲ့၍
သက်ပိုင်တို့သားအဖအား ချန်ရစ်ခဲ့သည်။
ထိုအချိန်မှစ၍ သက်ပိုင်၏အဖေက
အမေ့
အားအလွန်တရာမုန်းတီးခဲ့၍
ဒေါသနှင့်အမုန်းတရားများအား သက်ပိုင်ပေါ်သို့ အကုန်ပုံချခဲ့သည်။
မေမေ့ဆီမှ အမွေရထားသော
သက်ပိုင်၏
ပယင်းရောင်မျက်လုံးများအား မြင်တိုင်းဖောက်ထုတ်ပစ်ချင်တဲ့အထိကို
ဖေဖေက မေမေ့ကို နာကျည်းခဲ့သည်။
အရင်တုန်းက အလုပ်ကြိုးစားပြီးမိသားစုကိုအမြဲပျော်အောင်ထားတဲ့ဖေဖေဟာ မေမေထားခဲ့တဲ့အချိန်မှစ၍
အရက်တွေသောက်လာကာ
လူမှန်းသူမှန်းမသိဖြစ်လာခဲ့သည်။
အရက်မူးတိုင်း မေမေ့ကိုဘယ်လောက်မုန်းကြောင်း၊နာကျည်းကြောင်းပြော၍သက်ပိုင်ကို ရိုက်နှက်သည်မှာ နေ့တိုင်းအလိုလို။
ထို့ကြောင့် ဖေဖေအရက်သောက်သည့်အချိန်တိုင်း တစ်နေရာရာမှာအမြဲသွားပုန်းလေ့ရှိသည်။မပုန်းရင် သူအရိုက်ခံရမည်ကိုး။
နောက်ဖေးခြံက အန်တီကြီးရဲ့ခွေးအိမ်လေးထဲမှာလည်းသွားပုန်းဖူးသလို
အိမ်နားက အမှိုက်ပုံနားမှာလည်းသွားပုန်းဖူးသည်။
ပြောရလျှင် သူငယ်ငယ်ကပုန်းသည့်နေရာမှာတော့အတော့်ပင်တော်ခဲ့ပါသည်။ နေရာလည်းအတော့်ကိုစုံခဲ့သည်မဟုတ်လား။
သတ်ပစ်ချင်လောက်အောင်မုန်းသည့်ဖေဖေ နှင့် ယောက်ျားတစ်ယောက်ကြောင့်စွန့်ပစ်သွားခဲ့သည့်မေမေ။
သူ၏ငယ်ဘဝဟာတကယ့်ပင်မှောင်မိုက်နေခဲ့ပါသည်။
နောက်ပိုင်း သူ့အသက် 12နှစ်အရွယ်မှာတော့ ဖေဖေက ကင်ဆာနှင့်ဆုံးပါးသွားခဲ့၍ မိဘမဲ့ကျောင်းအားအပို့ခံခဲ့ရသည်။
ထိုအခါအေးချမ်းမည်မလား မမှတ်လိုက်ပါနှင့်
ကျောင်းရောက်ပြီး နှစ်ရက်အကြာမှစ၍ အမြဲလိုလိုအနိုင်ကျင့်ခံရသည်။
ပယင်းရောင်မျက်လုံးများကြောင့် နတ်ဆိုးဟူ၍ သူ့ကို
ဘယ်ကလေးကမှမပေါင်းချင်ကြသည့်အပြင် အချို့သော ကလေးများဆိုလျှင် လူလစ်ရင်လစ်သလို ခြေထောက်နှင့်ကန်ကျောက်တာထိုးတာ အစရှိသဖြင့်နည်းမျိုးစုံနှင့် အနိုင်ကျင့်ခံခဲ့ရသည်။
ပြောရလျှင် သူအဆုံးစီရင်
ဖို့ပင်ကြိုးစားခဲ့ဖူးပါ၏။
သူ၏လက်ကောက်ဝတ်က ဓားရာက သတ်သေပင်။
သူတကယ့်ကို လူ့လောကကြီးထဲကနေပျောက်ကွယ်သွားချင်ခဲ့မိဖူးပါသည်။
အသက်ရှင်ဖို့ အကြောင်းပြချက်လေးတစ်ခုကိုမတွေ့ခဲ့မချင်းပေါ့.....။
*********
လွန်ခဲ့သော 15နှစ်ခန့်က~
သက်ပိုင်တစ်ယောက်
ပထမဆုံးနိုးလာတော့ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက စိမ်းဖျော့ရောင်မျက်နှာကျက်တစ်ခု။
အသိစိတ်ပြန်ဝင်လာချိန်မှာ လက်ကောက်ဝတ်မှဒဏ်ရာက
ဆစ်ကနဲနှင့်။
သူမသေသေးဘူးပဲ...။
ထိုကဲ့သို့တွေးလိုက်မိတော့ သက်ပိုင်မျက်ဝန်းထဲမှမျက်ရည်များက ချောင်းငယ်တစ်ခုလို ပြိုဆင်းလာခဲ့သည်။
သူ့ကိုဘာကြောင့်များ ပေးသေခွင့်
မပေးခဲ့ကြရတာလဲ...
ဘာကြောင့်လဲ။
အဖေကောအမေကောမရှိတဲ့အပြင်
နေ့တိုင်းအလိုလိုအနိုင်ကျင့်ခံရတဲ့
သူ့လိုလူ။ အိမ်မက်တွေ၊မျှော်လင့်ချက်တွေလည်း မရှိတော့သလို သူ့ကမ္ဘာဟာလည်းမှောင်မိုက်နေခဲ့ပြီးပြီ။
နွေးထွေးမှုမပြောနဲ့ ပွေ့ဖက်မှုသေးသေးလေးတောင်မရနိုင်တဲ့ သူဟာအထီးကျန်ဆန်လာခဲ့တာ ဘယ်နှနှစ်များတောင်ရှိပြီလဲ။
သူတကယ်ပဲ လက်လျှော့ပစ်ချင်နေမိသည်။
သူ့ကိုလိုအပ်တဲ့သူမရှိတဲ့ ဒီကမ္ဘာမှာ
သူဟာဘယ်သူ့အတွက်များရှင်သန်ပေးရဦးမှာများလဲ။
သူတကယ်ပဲ ပင်ပန်းနေပြီဖြစ်၏။
သက်ပိုင် ကုတင်ပေါ်ကနေထလိုက်၍ သူ၏လက်အားမြှောက်ကာ ကြည့်လိုက်သည်။
သူ၏လက်ကောက်ဝတ်ရှိ စည်းထားသောပတ်တီးဖြူဖြူပေါ်တွင်
အနီရောင်သွေးကွက်တို့က စွန်းထင်လျက်။
ဘေးဘီကိုကြည့်မိတော့ အခန်းထဲ၌ သူတစ်ယောက််တည်းကလွဲ၍ လူဆိုလို့အရိပ်ကလေးပင်မရှိခဲ့ချေ။
ဒါကိုကြည့်ခြင်းအားဖြင့် ဒီနေရာမှာသူ့ကိုဂရုစိုက်တဲ့သူဘယ်သူမှမရှိကြောင်းသိနိုင်ပေသည်။
လက်ကပတ်တီးကလည်း သူတို့ကျောင်းမှာလူသတ်သေတယ်ဆိုတာမျိုး မဖြစ်အောင်လို့ တာဝန်အရလုပ်ပေးခဲ့ခြင်းသာလျှင်။
တကယ်လို့ သေသွားခဲ့သည်ရှိသော်
သူတို့လည်း ကြိုးစား ကယ်ခဲ့ပါတယ်
ဆိုတဲ့ ဆင်ခြေပေးနိုင်အောင်သာဖြစ်၏။
ဒီအတွေးတွေဟာ သက်ပိုင်အပိုတွေလျှောက်တွေးနေခြင်းမဟုတ်။
သက်ပိုင်လိုအဖြစ်မျိုး ကျောင်းသားနှစ်ယောက်ကလည်း ကြုံတွေ့ခဲ့ရခြင်းကြောင့်ဖြစ်သည်။
သက်ပိုင်နှင့်မတူသည့်အရာ တစ်ခုကတော့ သူတို့က သက်ပိုင်လို
သက်ဆိုးမရှည်ခဲ့ချေ။
သက်ပိုင် ကုတင်အောက်ရှိ
ဖိနပ်ကို စီးလိုက်၍ အခန်းအပြင်ထွက်ရန်ကြိုးစားလိုက်သည်။
လက်ကောက်ဝတ်ကိုသေချာ
လှီးခဲ့ပေမဲ့လို့ ဓားမကိုင်တတ်၍ လက်ချော်သွားတာလားတော့မသိ
မသေသည့်အပြင် လမ်းလျှောက်ဖို့တောင်အားရှိနေသေးသည်။
သက်ဆိုးရှည်တာမှ အတော့်ကိုသက်ဆိုးရှည်တာ။
အခန်းတံခါးနားကို မရရအောင် လျှောက်သွားလိုက်၍ တံခါးလက်ကိုင်ဘုကို ထိလိုက်တဲ့အခိုက်မှာပဲ လက်များကတုန်ရီလာကာ ပိုလို့တောင်ငိုချင်လာသဖြင့် ဒူးထောက်ကာတံခါးရှေ့၌ထိုင်ချကာ ငိုကြွေးလိုက်မိသည်။
သူတကယ့်ကိုအထီးကျန်နေခဲ့ပါ၏။
ဘာကြောင့်များ နွေးထွေးမှု
သေးသေးလေးတောင်မပေးနိုင်ကြရတာလဲ။တကယ့်ကို သေးသေးလေးပါပဲ....တစ်ခေါက်လောက်များဖြစ်ဖြစ်
ပွေ့ဖက်ပေးရင်ကို
သူနောက်တစ်ခေါက်သတ်သေဖို့ကြိုးစားမှာမဟုတ်တော့သလို
တသက်လုံးကြိုးကြိုးစားစားရှင်သန်သွားမှာပါ။
သူတကယ်လိုအပ်နေတာက
ပွေ့ဖက်မှုသေးသေးလေးတစ်ခုကိုပါပဲ။
စိမ်းဖျော့ဖျော့အခန်းငယ်လေးထဲ၌
မီးရောင်က ခပ်မှိန်မှိန်သာလင်းနေသည်။
တံခါးချပ်အရှေ့၌ ငိုကြွေးနေသောကောင်လေး၏ အထီးကျန်မှုတွေကို
မည်သူကများ ဖြေဖျောက်ပေးနိုင်မှာတဲ့လဲလေ...။
******
ယနေ့ဟာ လပြည့်ညမို့ထင်၏
လရောင်ဟာ ဂေဟာ၏နောက်ဖေးဘက်လမ်းကြားလေးထဲသို့ ဖြာကျနေလျက်ရှိသည်။
သက်ပိုင်ဒူးတုတ်ကာ ထိုင်ရင်း
လပြည့်ဝန်းကြီးအား မော့ကြည့်မိသည်။
မေမေကပြောဖူးတယ်။
လပြည့်ညတွေမှာ လကိုကြည့်ပြီးဆုတစ်ဆုကိုတောင်းရင် ပြည့်တယ်တဲ့လေ။
ဒါဟာ အမှန်တရားဟုတ်မဟုတ် မသိပေမဲ့လို့ သက်ပိုင်အတွက်တော့
ဒီယုံကြည်မှုလေးက မျှော်လင့်ချက်သေးသေးလေးတစ်ခုဖြစ်နေခဲ့သည်။
သက်ပိုင် လပြည့်ဝန်းကြီးအား စေ့စေ့ကြည့်ရင်း ပါးစပ်မှခပ်တိုးတိုးရေရွတ်လိုက်သည်။
"ကျွန်တော့်ကို ပွေ့ဖက်ပေးမဲ့သူတစ်ယောက်၊ချစ်ပေးမဲ့သူတစ်ယောက်လောက် ရှိလာပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်"
သက်ပိုင် ဘာမှမပြောပဲ ထိုနေရာ၌သာ
အတော့်အကြာ ငြိမ်နေမိသည်။
ထိုအချိန်မှာပဲ ဘေးမှ စီးကရက်နံ့သင်းသင်းအားရလိုက်၍ ရုတ်တရက်
လှည့်ကြည့်မိတော့ နက်စွေးစွေးမျက်ဝန်းတစ်စုံနှင့် အကြည့်သွားဆုံသည်။
ရုတ်တရက်ဆန်လွန်းလှသဖြင့် သက်ပိုင်ကိုယ်လေးက တုန်ကနဲဖြစ်သွားပြီးအတော့်ပင်ကြောက်လန့်သွားပုံပင်။
လန့်လည်းလန့်စရာပင် သူ့အနောက်၌ထိုင်နေသော သူ၏မျက်နှာဟာ ခန့်ညားလှပါသော်လည်းပဲ
ထိုသူ၏ ဘယ်ဘက်မျက်လုံးတွင်ကန့်လန့်ဖြတ်အမာရွတ်ကြီးကရှိနေသည်။
ထိုအပြင် စီးကရက်ကိုင်ထားသည့် ဘယ်ဘက်လက် တစ်လျှောက်တွင် တက်တူးများက အပြည့်ထိုးထား၍
အကြည့်တို့က ကြောက်မက်ဖွယ်ကောင်းလှသည်။
ပို၍ကြောက်ဖို့ကောင်းသည်က သက်ပိုင်၏အနောက်သို့ဘယ်အချိန်ကရောက်လာခဲ့မှန်းမသိတာကိုပင်။
သက်ပိုင် စကားပင်မပြောနိုင်ပဲ ဦးလေးကြီးအား
ဒီတိုင်းတွေတွေကြီးစိုက်ကြည့်နေမိ၏။
ထိုအခါဦးလေးကြီးက သူ့ကို
မျက်လုံးမှေးကာကြည့်၍ ပါးစပ်၌ကိုက်ခဲထားသော စီးကရက်ကိုလက်ကြားသို့ကူးပြောင်းလိုက်သည်။
ထို့နောက် စီးကရက်ငွေ့များအားမှုတ်ထုတ်လိုက်သည့်ပုံမှာ အတော့်ပင်ဆွဲဆောင်မှုရှိလှ၏။
စီးကရက်နံ့မခံနိုင်သူပီပီ ထိုဦးလေးကြီးမှုတ်ထုတ်လိုက်သော စီးကရက်ငွေ့တို့ကြောင့် လူကအသက်ရှူကျပ်မတတ်ဖြစ်သွားကာ ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။
ထိုအချင်းအရာကိုမြင်တော့ ဦးလေးကြီးကချက်ချင်းပဲ စီးကရက်ကိုမြေပြင်ပေါ်သို့ပစ်ချကာ သားရည်ဖိနပ်
နှင့်နင်းခြေလိုက်၏။
ဘာရယ်မဟုတ်သော်လည်း သူ့ကိုငဲ့ပေးတဲ့သူဆိုတာမရှိတာကြောင့် ဦးလေးကြီး၏အပြုအမူမှာ သူ့ကိုအနည်းငယ်ရွှင်လန်းသွားစေသည်။
"ဟေ့ကောင်လေး"
"ဗ..ဗျ..ဗျာ"
ထစ်ငေါ့နေသော သူ၏စကားသံကိုကြားတော့ဦးလေးကြီးက ရယ်သည်။
"ညဥ့်နက်နေပြီ တစ်ယောက်တည်းဘာလာလုပ်နေတာလဲ မကြောက်ဘူးလား"
"ဦးလေးကြီးကရော ဒီကိုဘာလာလုပ်တာလဲ မ.... မကြောက်ဘူးလား"
သူမေးတာကိုမဖြေပဲ သူ့ကိုပြန်မေးလာသောအရှေ့မှကောင်လေးကြောင့် စိုင်းအောင်မင်းခန့်တစ်ယောက် အချီကြီးကိုသဘောကျသွားရတော့သည်။
အမ်...ဦးလေးကြီးလို့ခေါ်တာကိုတော့သိပ်မကြိုက်ပေမဲ့လို့ပေါ့
ဘာလို့ဆိုသူ့အသက်က 22ပဲရှိသေးတာလေ။
"ငါ့အသက်က 22ပဲရှိသေးတယ်။
ဘာဦးလေးကြီးလဲ ရိုက်လိုက်ရ"
စိုင်း ထိုကဲ့သို့စနောက်ကာပြောလိုဿ်သော်လည်း အရှေ့မှကောင်လေးငယ်ကတော့ အတော့်ပင်ကြောက်သွားဟန်။
"ဟေ့ကောင်လေး
မင်းနာမည်ဘယ်လိုခေါ်လဲ"
"အောင်သက်ပိုင်ပါ"
"အသက်ကကော"
"ဆယ့်..ဆယ့်နှစ်"
"ငယ်သေးတာပဲ...
အကိုလို့ခေါ် ငါ့ကို"
"လေးလေးငယ်.."
မဝံ့မရဲလေးနှင့် လေးလေးငယ်လို့ခေါ်လာသော ပေါက်စလေးကြောင့်
သူအသည်းပင်ယားသွားရသည်။
သူငယ််ငယ်ကတည်းက တူလေးတစ်ယောက်လိုချင်ခဲ့တာမဟုတ်လား။
"အမ်....အဲ့လိုခေါ်လည်းရပါတယ်"
"...."
"ဒါနဲ့ မင်းလက်ကဘာဖြစ်တာလဲ"
ထိုမေးခွန်းကိုကြားတော့
ပေါက်စက ရှက်သွားဟန် လက်ကိုကျောနောက်သို့ဝှက်ကာ သူ မမြင်အောင်လုပ်သည်။
စိုင်း သူ၏ကုတ်အားချွတ်လိုက်၍
ကောင်လေးငယ်အား သူ၏နောက်ကျောဘက်ရှိဒဏ်ရာများအား လှည့်ပြလိုက်သည်။
"ဘယ်လိုလဲ မိုက်လား"
"......"
စိုင်း အင်္ကျီကိုပြန်ဝတ်လိုက်၍
ထိတ်လန့်နေဟန်ရှိသော ပေါက်စ၏ခေါင်းအား အသာပုတ်လိုက်သည်။
"နောက်တစ်ခါ အဲ့လိုမလုပ်နဲ့"
"ဗျာ"
"မင်းသိလား
သေချင်တာနဲ့သေရတာကိုမကြောက်တာနဲ့က လုံးဝမတူဘူးဆိုတာ။
ငါဆိုမသေချင်ဘူး ဒါပေမဲ့သေရမှာကိုလည်းမကြောက်ဘူး။
လူဆိုတာက မွေးဖွားပြီးရင်သေရမှာပဲ။
ဒါပေမဲ့ရှင်သန်နေရတဲ့ကာလ အတွင်းတော့ကောင်းကောင်းစားပြီး ကောင်းကောင်းရှင်သန်ရမှာပေါ့"
"......"
"မင်းသိလား အချို့ဆိုအသက်ရှင်ချင်လို့တောင် ငါ့ရှေ့မှာဒူးထောက်တောင်းပန်တဲ့သူတွေရှိတယ်။
မင်းကဘာလို့သေချင်ရတာလဲ"
"ဒါဆို သားကရော ဘာလို့အသက်ရှင်နေရမှာလဲ"
"ဘာ?"
"အသက်ရှင်ဖို့အကြောင်းပြချက်ကောရှိလို့လား။
အမေကထားသွားတယ်။အဖေကလည်းသေသွားပြီ။ဒါအပြင်နေ့တိုင်း နေ့တိုင်းအနိုင်ကျင်ခံနေရတယ် ရှောင်ဖယ်ခံနေရတယ်၊နတ်ဆိုးလို့အပြောခံရတယ်!အမေ့လို မျက်လုံးရှိတာနဲ့ပဲ သားကနတ်ဆိုးဖြစ်သွားကောလား!
သားလည်း...လူပါပဲဗျာ"
အော်ဟစ်ကာ ငိုယိုနေသော
သူ့အရှေ့မှပေါက်စအား စိုင်း
ပွေ့ဖက်လိုက်မိသည်။
"အင်း ပင်ပန်းသွားပြီ ပေါက်စ"
"အူဝါးးးးး ဟင့်
သားကို ဘယ်သူမှမဖက်ပေးကြဘူး
ရွှတ်ပြီးတော့..သားကိုဘယ်သူမှမလိုအပ်ကြဘူး"
စိုင်း ထိုကောင်လေးအား ပွေ့ဖက်ထားရင် ခေါင်းလေးအားပုတ်ပေးနေမိသည်။
"ငါအခုမင်းကိုဖက်ပေးနေပြီမဟုတ်လား...ပြီးတော့ မင်းကိုလိုအပ်တဲ့သူတွေရှိလာမှာပါ။မင်းမရှိရင်မဖြစ်မဲ့သူတွေပေါ့ အများကြီးမဟုတ်တောင်
တစ်ယောက်တော့ရှိမှာပါ"
"ဟင့်"
"ဒါကြောင့် ထမင်းကိုကောင်းကောင်းစားပြီး ကောင်းကောင်းရှင်သန်သွား။
မင်းအိမ်မက်တွေကိုဖြစ်အောင်လုပ်
ဒဏ်ရာအများဆုံးလူကအသန်မာဆုံးလူပဲတဲ့ ပေါက်စရဲ့။
ဒါကြောင့် ဒဏ်ရာတွေရလည်း ပြိုလဲသွားလို့မဖြစ်ဘူးနော် ကြားရဲ့လား"
"........."
"မင်းနားလည်မှန်း ငါသိပါတယ်။
မင်းငါနဲ့ အတူလမ်းလျှောက်ချင်လား"
"သားလမ်းမလျှောက်နိုင်ဘူး...."
"ငါကျောပိုးမယ်"
ပေါက်စ၏ကိုယ်မှာ သိပ်ကိုပေါ့လွန်းသည်ဟုဆိုရမည်။ဒီကောင်လေး ထမင်းလည်းကောင်းကောင်းမစားဘူးထင်ပါရဲ့လေ။
စိုင်း ပေါက်စကို ကျောပိုးရင် လမ်းမကြီးထက်သို့ လျှောက်လာမိသည်။
ဂေဟာကို နောက်မှပြန်
ပို့လည်းကိစ္စမရှိပါဘူးလေ။
"လေးလေးငယ်"
"အင်း"
"ကျေးဇူးပါ"
"ဘာလို့လဲ"
"သားကိုဖက်ပေးလို့"
"ကျေးဇူးတင်ရင် မင်းကဘာပြန်ပေးမှာလဲ"
"သားကြီးလာရင်...."
"အမ် မင်းကြီးလာရင်?"
"လေးလေးငယ်ကို ပြန်ပြီးကျောပိုးမယ်"
"ဟက် မင်းလိုသေးသေးလေးကလား"
"သားကအရပ်ရှည်လာမှာ...ထမင်းများများစားပြီးအားရှိအောင်လုပ်မယ်..ပြီးရင်လေးလေးငယ်ကို ကျောပိုးလို့ရပြီလေ..ကတိ"
"အင်းကတိ"
သက်ပိုင် လေးလေးငယ်၏ကျောပြင်ထက်တွင်မျက်နှာအပ်ရင် အနောက်ကနေ လေးလေးငယ်၏ လည်ပင်းအားဖက်ထားမိသည်။
"မင်းသိလား ပေါက်စ၊မင်းမျက်လုံးတွေကလှတယ်။နတ်ဆိုးနဲ့တူတယ်ဘာညာဆိုတဲ့ ပလီတိခြောက်ချက်တွေကို
မယုံနဲ့ ဟုတ်ပြီလား"
"ဟုတ်"
"ငါတောင်သဘောကျတယ်၊
မိုက်တယ်လေ"
ဒါဟာ ပထမဆုံးအကြိမ်အဖြစ် သူ၏
မျက်လုံးအရောင်များကို သဘောကျမိခြင်းပင်။
ဘာကြောင့်လဲလို့မေးရင်တော့
လေးလေးငယ်က သဘောကျလို့ လို့ပြန်ဖြေမိလိမ့်မည်ထင်ပါ၏။
အမာရွတ်အများကြီးနဲ့ ကြောက်စရာကောင်းတယ်ဟုထင်ရတဲ့ လေးလေးငယ်ရဲ့ ရင်ခွင်ဟာ သိပ်ကိုနွေးထွေးလွန်းသလို
အသားမာတွေတက်နေတဲ့ လက်ဖဝါးဟာ သူ့ကိုလုံခြုံမှုဆိုတဲ့အရာကို ခံစားစေခဲ့၍
နက်စွေးစွေးမျက်ဝန်းတို့က သူ့ကိုမှောင်မိုက်နေတဲ့ကမ္ဘာကြီးထဲကနေ ဆွဲထုတ်ပေးခဲ့ပါ၏။
လပြည့်နေ့မှာဆုတောင်းရင် ပြည့်မယ်ဆိုတဲ့ မေမေစကားဟာ အလိမ်အညာတစ်ခုမဟုတ်ခဲ့ဘူးထင်ပါ၏။
ဒီလိုနဲ့ပဲ လေးလေးငယ်ဟာ
သူရဲ့မှောင်မိုက်ပြီး အဆုံးမရှိတဲ့ကမ္ဘာကြီးထဲ လမ်းပြကြယ်လေးတစ်ခုအနေနဲ့စတင်ဝင်ရောက်လာခဲ့ပါတော့သည်။
******
သူ၏ပုခုံးထက်၌ အိပ်ပျော်သွားသော
ပေါက်စကြောင့် စိုင်းပြုံးလိုက်မိသည်။
ဒီကောင်လေး စပြီးဆုတောင်းတဲ့အချိန်ကတည်းက သူအနောက်ကနေတိတ်တဆိတ်နားထောင်နေခဲ့တာဖြစ်ပြီး ဒီကောင်လေး၏အထီးကျန်ဆန်မှုတွေဟာဘယ်လောက် ပြင်းပျှနေသလဲဆိုတာ သူခံစားမိခဲ့၏။
အကြောင်းပြချက်ရယ် ရေရေရာရာမရှိပဲ သူဒီကောင်လေးကိုဆက်၍အသက်ရှင်နေစေချင်ခဲ့သည်။
ဖြစ်နိုင်တာကတော့ သူသနားမိသွားတာကြောင့်ဖြစ်ပါလိမ့်မည်။
မာဖီယားတစ်ယောက်က သနားတတ်တယ်ဆိုတာ နည်းနည်းတော့ရယ်စရာကောင်းနေပေမဲ့လည်းပေါ့လေ။
စိုင်း သူ့ပုခုံးထက်တွင်အိပ်ပျော်နေသောကောင်လေးငယ်အား
တိုးတိုးလေး ပြောလိုက်သည်။
အဲ့စကားလေးကတော့...
"မင်းကိုချစ်တဲ့သူတွေ အနာဂတ်မှာအများကြီးရှိလာမှာပါကွာ"
*************
Alexander AN(Ah Nyo)
Mar.31.2023
part(1)လည်းဖတ်ပြီးကြပြီဆိုတော့
သဘောကျကြရဲ့လားဟင်။
သဘောကျရင် Ongoingလိုက်ပေး
ကြနော်
ဟွန်းဟွန်း😾
Voteပေးသွားကြဖို့လည်းမမေ့ပါနဲ့လို့UwU
ချစ်တယ်အာဘွား💗
*******
"မဂၤလာပါ အကိုပိုင္ ႐ွင့္"
"ဟုတ္ကဲ့ မဂၤလာပါဗ်"
သက္ပိုင္ စင္ေအာက္႐ွိ သတင္းေထာက္မေလးအား ျပန္လည္ႏႈတ္ခြန္းဆက္လိုက္ရင္း ျပဳံးျပ
လိုက္ေတာ့ ထိုမိန္းကေလးကအနည္းငယ္႐ွက္ရမ္းရမ္းသြားပုံ။
ထို႔ေနာက္ သူမက ကိုယ္႐ွိန္သတ္လိုက္ရင္း တည္ၿငိမ္စြာ ေမးခြန္းမ်ားအား
ဆက္လက္ေမးေတာ့သည္။
"အကိုပိုင္ရဲ႕ မၾကာေသးခင္ကမွထြက္႐ွိထားတဲ့ I See Youဆိုတဲ့ Horrorစာအုပ္က ေရာင္းမေလာက္ျဖစ္ေနတယ္ၾကားတယ္။
အကိုစစထုတ္ခ်င္းတုန္းက အခုလိုအေျခအေနကိုႀကိဳေတြးထားခဲ့မိေသးလား႐ွင့္"
"ကြၽန္ေတာ္သာ ဒီလိုအေျခအေနကိုႀကိဳေတြးမိထားခဲ့မယ္ဆိုရင္ အုပ္ေရမ်ားမ်ားထုတ္ခဲ့မိမွာပါ"
"ေနာက္ထပ္ေကာ ဘာစာအုပ္ေတြထုတ္ဖို႔ထပ္႐ွိေသး..."
သတင္းမေလး၏ စကားပင္မဆုံးေသး
စင္ေအာက္တြင္ထိုင္ေနေသာ သတင္းေထာက္မ်ားအနက္မွ တစ္ေယာက္က ႐ုတ္တရက္ထလာ၍ ေမးခြန္းအားၾကားျဖတ္ေမးသည္။
"အကို ေနာက္ထပ္စာအုပ္ထုတ္ရင္ဘယ္လိုစာအုပ္ထုတ္ဖို႔စီစဥ္ထားသလဲဗ်"
ေနာက္ၿပီးတြင္ေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ၾကားျဖတ္ကာ အစုလိုက္အျပဳံလိုက္ဇြတ္ေမးလာၾကေတာ့သည္။
တဖ်က္ဖ်က္လက္ေနေသာ ကင္မရာမီးမ်ားစြာေၾကာင့္ သက္ပိုင္တစ္ေယာက္ေခါင္းပင္မူးလာသလိုလို။
ထိုအခါသက္ပိုင္၏ မန္ေနဂ်ာျဖစ္သူကစင္ေပၚသို႔တက္လာ၍ တည္ၿငိမ္စြာေျပာလိုက္သည္က
"ေက်းဇူးျပဳၿပီး တစ္ေယာက္ခ်င္းစီျဖည္းျဖည္းေမးေပးၾကပါ။
ေမးစရာ႐ွိပါက လက္ေထာင္ေပးပါ"
မန္ေနဂ်ာ၏စကားေၾကာင့္ သတင္းေထာက္တိုင္းကၿငိမ္ကုန္ၾက၍ သူ႕ခုံကိုယ့္ခုံတြင္ကိုယ္စီျပန္ထိုင္ေနၾကသည္။
သက္ပိုင္ သူ၏မန္ေနဂ်ာအားစိတ္ထဲကေနေက်းဇူးအႀကီးႀကီးတင္လိုက္မိပါ၏။
"ေမးလို႔ရပါၿပီ"
မန္ေနဂ်ာဆီမွ ထိုကဲ့သို႔အသံထြက္လာသည္ႏွင့္တၿပိဳင္နက္
သတင္းေထာက္တိုင္းကလက္အားအၿပိဳင္အဆိုင္ေထာင္ၾကသည္။
ေက်ာင္းတုန္းကလို
ဆရာမ စာရတဲ့သူလက္ေထာင္ဆိုရင္ေတာ့ မည္သူမွ်ေထာင္မည္မဟုတ္ၾကေခ်။
သက္ပိုင္ လက္ေထာင္ထားသည့္ သတင္းေထာက္မ်ားထဲမွ တစ္ေယာက္အား ေ႐ြးလိုက္သည္။
"ဟုတ္ကဲ့ မဂၤလာပါ အကိုပိုင္။
အေ႐ွ႕ကသူေတြေမးသြားသလိုပဲ
ဘာစာအုပ္ေတြထပ္ၿပီးထုတ္ဖို႔႐ွိသလဲဗ်။
ၿပီးေတာ့ စာအုပ္ေရာင္းပြဲ႐ွိတယ္ဆိုတာေကာတကယ္ပဲလားဗ်"
သက္ပိုင္ မိုက္ အားတခ်က္ေျမာက္လိုက္ရင္း ႏႈတ္ခမ္းအားကပ္ကာ အေမးခြန္းမ်ားအားျပန္လည္ေျဖဆိုလိုက္သည္။
"ဘယ္စာအုပ္ေတြထုတ္ဖို႔႐ွိသလဲဆိုတာကေတာ့ Surprise မို႔မေျပာျပေသးပါဘူးဗ်။
စာအုပ္ေရာင္းပြဲ႐ွိတာကေတာ့ တကယ္ပါ။အဲ့စာအုပ္ေရာင္းပြဲမွာကြၽန္ေတာ္ကိုယ္တိုင္ဝယ္ယူသူတိုင္းကို လက္မွတ္ပါ တစ္ခါတည္းထိုးေပးသြားမွာပါဗ်"
"စာဖတ္သူေတြကေမးေနၾကတယ္
အကိုပိုင္ရဲ႕မ်က္လုံးေတြက မ်က္ကပ္မွန္တပ္ထားတာလားတဲ့"
သက္ပိုင္ ထိုေမးခြန္းေၾကာင့္အနည္းငယ္ရယ္လိုက္ရင္း ျပန္လည္ေျဖဆိုလိုက္သည္။
"မဟုတ္ပါဘူး
နဂိုကတည္းအေရာင္အတိုင္းပါပဲ။
ကြၽန္ေတာ္႕အေမစီကေနအေမႊရထားတာပါ"
သက္ပိုင္မွာ ေအာင္ျမင္ေနၿပီးျဖစ္ေသာ စာေရးဆရာတစ္ေယာက္ျဖစ္၍
သူထုတ္ေသာစာအုပ္တိုင္းမွာလည္း
အၿမဲလိုလို ေရာင္းမေလာက္ခဲ့သည္အထိကို ေရာင္းအားေကာင္းခဲ့သည္။
မထူမပါးမ်က္ခုံးမ်က္တန္းမ်ားအျပင္
ပယင္းေရာင္မ်က္ဝန္းမ်ားက ညိႇဳ႕အားအျပည့္၊ထို႔အျပင္ ေသသပ္လွေသာမ်က္ႏွာထက္၌ အစိတ္အပိုင္းမ်ားကသူ႕ေနရာႏွင့္သူ အစီအစဥ္က်စြာႏွင့္ တည္႐ွိေနသည္မွာ ေငးေမာေလာက္စရာ။
6ေပေက်ာ္အရပ္အေမာင္းအျပင္ ပုခုံးက်ယ္က်ယ္ႏွင့္
ဝတ္စားဆင္ယင္ပုံသာမက လူေနမႈပုံစံမ်ားကအစ အကုန္လုံးမွာၿပီးျပည့္စုံလွသည္။
ခႏၶာကိုယ္အခ်ိဳးအစားက ေယာက်္ားေလးမ်ား၌႐ွိသင့္႐ွိထိုက္ေသာ အခ်ိဳးအစားျဖစ္၍ ကိုယ္က်ပ္အက်ႌလိုမ်ိဳးဝတ္ထားလွ်င္ ႂကြက္သားမ်ားႏွင့္မာဆယ္တို႔ကပိုမို၍ေပၚလြင္လွသည္။
ကုန္ကုန္ေျပာရလွ်င္ မိန္းကေလးတိုင္းကသာမက အခ်ိဳ႕ေသာေယာက်္ားေလးမ်ားကပါလိုခ်င္ၾကေသာ Typeမ်ိဳးျဖစ္၍ လူအမ်ားအျမင္တြင္လုံးဝဟာကြက္မ႐ွိသူမ်ိဳးျဖစ္သည္။
စာအုပ္ေတြပန္းခ်ီကားေတြကိုသေဘာက်ၿပီး အေျပာအဆိုကလည္းပ်ားသကာထက္ခ်ိဳလွသည့္အျပင္
ဗဟုသုတ ႂကြယ္ဝယုံတင္သာမက လိမၼာေရးျခားလည္း႐ွိသျဖင့္
ေယာကၡမတိုင္းေတာ္ခ်င္ေသာ
သားမက္အမ်ိဳအစားဆိုလွ်င္လည္း
မမွား။
သို႔ေသာ္ ထိုကဲ့သို႔ၿပီးျပည့္စုံသည္ဟုထင္ရေသာ သူ၏ အတိတ္ဟာထင္ထားသေလာက္ေတာ့ မလွပခဲ့ပါေခ်။
သက္ပိုင္ အသက္8ႏွစ္ 9ႏွစ္အ႐ြယ္ထိ သက္ပိုင္တို႔မိသားစုဘဝဟာေပ်ာ္စရာေကာင္းေနခဲ့ပါေသာ္လည္း
သက္ပိုင္ 10ႏွစ္အ႐ြယ္တြင္ေတာ့ အေမျဖစ္သူက တပါးေသာေယာက်္ားတစ္ေယာက္ႏွင့္ေဖာက္ျပားခဲ့၍
သက္ပိုင္တို႔သားအဖအား ခ်န္ရစ္ခဲ့သည္။
ထိုအခ်ိန္မွစ၍ သက္ပိုင္၏အေဖက
အေမ့
အားအလြန္တရာမုန္းတီးခဲ့၍
ေဒါသႏွင့္အမုန္းတရားမ်ားအား သက္ပိုင္ေပၚသို႔အကုန္ပုံခ်ခဲ့သည္။
ေမေမ့ဆီမွ အေမြရထားေသာ
သက္ပိုင္၏
ပယင္းေရာင္မ်က္လုံးမ်ားအား ျမင္တိုင္းေဖာက္ထုတ္ပစ္ခ်င္တဲ့အထိကို
ေဖေဖက ေမေမ့ကို နာက်ည္းခဲ့သည္။
အရင္တုန္းက အလုပ္ႀကိဳးစားၿပီးမိသားစုကိုအၿမဲေပ်ာ္ေအာင္ထားတဲ့ေဖေဖဟာ ေမေမထားခဲ့တဲ့အခ်ိန္မွစ၍
အရက္ေတြေသာက္လာကာ
လူမွန္းသူမွန္းမသိျဖစ္လာခဲ့သည္။
အရက္မူးတိုင္း ေမေမ့ကိုဘယ္ေလာက္မုန္းေၾကာင္း၊နာက်ည္းေၾကာင္းေျပာ၍သက္ပိုင္ကို ႐ိုက္ႏွက္သည္မွာ ေန႔တိုင္းအလိုလို။
ထို႔ေၾကာင့္ ေဖေဖအရက္ေသာက္သည့္အခ်ိန္တိုင္း တစ္ေနရာရာမွာအၿမဲသြားပုန္းေလ့႐ွိသည္။မပုန္းရင္ သူအ႐ိုက္ခံရမည္ကိုး။
ေနာက္ေဖးျခံက အန္တီႀကီးရဲ႕ေခြးအိမ္ေလးထဲမွာလည္းသြားပုန္းဖူးသလို
အိမ္နားက အမိႈက္ပုံနားမွာလည္းသြားပုန္းဖူးသည္။
ေျပာရလွ်င္ သူငယ္ငယ္ကပုန္းသည့္ေနရာမွာေတာ့အေတာ္႕ပင္ေတာ္ခဲ့ပါသည္။ ေနရာလည္းအေတာ္႕ကိုစုံခဲ့သည္မဟုတ္လား။
သတ္ပစ္ခ်င္ေလာက္ေအာင္မုန္းသည့္ေဖေဖ ႏွင့္ ေယာက်္ားတစ္ေယာက္ေၾကာင့္စြန္႔ပစ္သြားခဲ့သည့္ေမေမ။
သူ၏ငယ္ဘဝဟာတကယ့္ပင္ေမွာင္မိုက္ေနခဲ့ပါသည္။
ေနာက္ပိုင္း သူ႕အသက္ 12ႏွစ္အ႐ြယ္မွာေတာ့ ေဖေဖက ကင္ဆာႏွင့္ဆုံးပါးသြားခဲ့၍ မိဘမဲ့ေက်ာင္းအားအပို႔ခံခဲ့ရသည္။
ထိုအခါေအးခ်မ္းမည္မလား မမွတ္လိုက္ပါႏွင့္
ေက်ာင္းေရာက္ၿပီး ႏွစ္ရက္အၾကာမွစ၍ အၿမဲလိုလိုအႏိုင္က်င့္ခံရသည္။
ပယင္းေရာင္မ်က္လုံးမ်ားေၾကာင့္ နတ္ဆိုးဟူ၍ သူ႕ကိုဘယ္ကေလးကမွမေပါင္းခ်င္ၾကသည့္အျပင္ အခ်ိဳ႕ေသာကေလးမ်ားဆိုလွ်င္ လူလစ္ရင္လစ္သလို ေျခေထာက္ႏွင့္ကန္ေက်ာက္တာထိုးတာ အစ႐ွိသျဖင့္နည္းမ်ိဳးစုံႏွင့္ အႏိုင္က်င့္ခံခဲ့ရသည္။
ေျပာရလွ်င္ သူအဆုံးစီရင္
ဖို႔ပင္ႀကိဳးစားခဲ့ဖူးပါ၏။
သူ၏လက္ေကာက္ဝတ္က ဓားရာက သတ္ေသပင္။
သူတကယ့္ကို လူ႕ေလာကႀကီးထဲကေနေပ်ာက္ကြယ္သြားခ်င္ခဲ့မိဖူးပါသည္။
အသက္႐ွင္ဖို႔ အေၾကာင္းျပခ်က္ေလးတစ္ခုကိုမေတြ႕ခဲ့မခ်င္းေပါ့.....။
*********
လြန္ခဲ့ေသာ 15ႏွစ္ခန္႔က~
သက္ပိုင္တစ္ေယာက္
ပထမဆုံးႏိုးလာေတာ့ မ်က္လုံးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတာက စိမ္းေဖ်ာ့ေရာင္မ်က္ႏွာက်က္တစ္ခု။
အသိစိတ္ျပန္ဝင္လာခ်ိန္မွာ လက္ေကာက္ဝတ္မွဒဏ္ရာက
ဆစ္ကနဲႏွင့္။
သူမေသေသးဘူးပဲ...။
ထိုကဲ့သို႔ေတြးလိုက္မိေတာ့ သက္ပိုင္မ်က္ဝန္းထဲမွမ်က္ရည္မ်ားက ေခ်ာင္းငယ္တစ္ခုလို ၿပိဳဆင္းလာခဲ့သည္။
သူ႕ကိုဘာေၾကာင့္မ်ား ေပးေသခြင့္
မေပးခဲ့ၾကရတာလဲ...
ဘာေၾကာင့္လဲ။
အေဖေကာအေမေကာမ႐ွိတဲ့အျပင္
ေန႔တိုင္းအလိုလိုအႏိုင္က်င့္ခံရတဲ့
သူ႕လိုလူ။ အိမ္မက္ေတြ၊ေမွ်ာ္လင့္ခ်က္ေတြလည္း မ႐ွိေတာ့သလို သူ႕ကမ႓ာဟာလည္းေမွာင္မိုက္ေနခဲ့ၿပီးၿပီ။
ေႏြးေထြးမႈမေျပာနဲ႔ ေပြ႕ဖက္မႈေသးေသးေလးေတာင္မရႏိုင္တဲ့ သူဟာအထီးက်န္ဆန္လာခဲ့တာ ဘယ္ႏွႏွစ္မ်ားေတာင္႐ွိၿပီလဲ။
သူတကယ္ပဲ လက္ေလွ်ာ့ပစ္ခ်င္ေနမိသည္။
သူ႕ကိုလိုအပ္တဲ့သူမ႐ွိတဲ့ ဒီကမ႓ာမွာ
သူဟာဘယ္သူ႕အတြက္မ်ား႐ွင္သန္ေပးရဦးမွာမ်ားလဲ။
သူတကယ္ပဲ ပင္ပန္းေနၿပီျဖစ္၏။
သက္ပိုင္ ကုတင္ေပၚကေနထလိုက္၍ သူ၏လက္အားေျမႇာက္ကာ ၾကည့္လိုက္သည္။
သူ၏လက္ေကာက္ဝတ္႐ွိ စည္းထားေသာပတ္တီးျဖဴျဖဴေပၚတြင္
အနီေရာင္ေသြးကြက္တို႔က စြန္းထင္လ်က္။
ေဘးဘီကိုၾကည့္မိေတာ့ အခန္းထဲ၌ သူတစ္ေယာက္္တည္းလြဲ၍ လူဆိုလို႔အရိပ္ကေလးပင္မ႐ွိခဲ့ေခ်။
ဒါကိုၾကည့္ျခင္းအားျဖင့္ ဒီေနရာမွာသူ႕ကိုဂ႐ုစိုက္တဲ့သူဘယ္သူမွမ႐ွိေၾကာင္းသိႏိုင္ေပသည္။
လက္ကပတ္တီးကလည္း သူတို႔ေက်ာင္းမွာလူသတ္ေသတယ္ဆိုတာမ်ိဳး မျဖစ္ေအာင္လို႔ တာဝန္အရလုပ္ေပးခဲ့ျခင္းသာလွ်င္။
တကယ္လို႔ ေသသြားခဲ့သည္႐ွိေသာ္
သူတို႔လည္းႀကိဳးစားကယ္ခဲ့ပါတယ္
ဆိုတဲ့ ဆင္ေျခေပးႏိုင္ေအာင္သာျဖစ္၏။
ဒီအေတြးေတြဟာ သက္ပိုင္အပိုေတြေလွ်ာက္ေတြးေနျခင္းမဟုတ္။
သက္ပိုင္လိုအျဖစ္မ်ိဳး ေက်ာင္းသားႏွစ္ေယာက္ကလည္း ၾကဳံေတြ႕ခဲ့ရျခင္းေၾကာင့္ျဖစ္သည္။
သက္ပိုင္ႏွင့္မတူသည့္အရာ တစ္ခုကေတာ့ သူတို႔က သက္ပိုင္လို
သက္ဆိုးမ႐ွည္ခဲ့ေခ်။
သက္ပိုင္ ကုတင္ေအာက္႐ွိ
ဖိနပ္ကို စီးလိုက္၍ အခန္းအျပင္ထြက္ရန္ႀကိဳးစားလိုက္သည္။
လက္ေကာက္ဝတ္ကိုေသခ်ာ
လွီးခဲ့ေပမဲ့လို႔ ဓားမကိုင္တတ္၍ လက္ေခ်ာ္သြားတာလားေတာ့မသိ
မေသသည့္အျပင္ လမ္းေလွ်ာက္ဖို႔ေတာင္အား႐ွိေနေသးသည္။
သက္ဆိုး႐ွည္တာမွ အေတာ္႕ကိုသက္ဆိုး႐ွည္တာ။
အခန္းတံခါးနားကို မရရေအာင္ ေလွ်ာက္သြားလိုက္၍ တံခါးလက္ကိုင္ဘုကို ထိလိုက္တဲ့အခိုက္မွာပဲ လက္မ်ားကတုန္ရီလာကာ ပိုလို႔ေတာင္ငိုခ်င္လာသျဖင့္ ဒူးေထာက္ကာတံခါးေ႐ွ႕၌ထိုင္ခ်ကာ ငိုေႂကြးလိုက္မိသည္။
သူတကယ့္ကိုအထီးက်န္ေနခဲ့ပါ၏။
ဘာေၾကာင့္မ်ား ေႏြးေထြးမႈ
ေသးေသးေလးေတာင္မေပးႏိုင္ၾကရတာလဲ။တကယ့္ကို ေသးေသးေလးပါပဲ....တစ္ေခါက္ေလာက္မ်ားျဖစ္ျဖစ္
ေပြ႕ဖက္ေပးရင္ကို
သူေနာက္တစ္ေခါက္သတ္ေသဖို႔ႀကိဳးစားမွာမဟုတ္ေတာ့သလို
တသက္လုံးႀကိဳးႀကိဳးစားစား႐ွင္သန္သြားမွာပါ။
သူတကယ္လိုအပ္ေနတာက
ေပြ႕ဖက္မႈေသးေသးေလးတစ္ခုကိုပါပဲ။
စိမ္းေဖ်ာ့ေဖ်ာ့အခန္းငယ္ေလးထဲ၌ မီးေရာင္ကခပ္မွိန္မွိန္သာလင္းေနသည္။
တံခါးခ်ပ္အေ႐ွ႕၌ ငိုေႂကြးေနေသာေကာင္ေလး၏အထီးက်န္မႈေတြကို
မည္သူကမ်ား ေျဖေဖ်ာက္ေပးႏိုင္မွာတဲ့လဲေလ...။
******
ယေန႔ဟာ လျပည့္ညမို႔ထင္၏
လေရာင္ဟာ ေဂဟာ၏ေနာက္ေဖးဘက္လမ္းၾကားေလးထဲသို႔ ျဖာက်ေနလ်က္႐ွိသည္။
သက္ပိုင္ဒူးတုတ္ကာ ထိုင္ရင္း
လျပည့္ဝန္းႀကီးအား ေမာ့ၾကည့္မိသည္။
ေမေမကေျပာဖူးတယ္။
လျပည့္ညေတြမွာ လကိုၾကည့္ၿပီးဆုတစ္ဆုကိုေတာင္းရင္ ျပည့္တယ္တဲ့ေလ။
ဒါဟာ အမွန္တရားဟုတ္မဟုတ္ မသိေပမဲ့လို႔ သက္ပိုင္အတြက္ေတာ့
ဒီယုံၾကည္မႈေလးက ေမွ်ာ္လင့္ခ်က္ေသးေသးေလးတစ္ခုျဖစ္ေနခဲ့သည္။
သက္ပိုင္ လျပည့္ဝန္းႀကီးအား ေစ့ေစ့ၾကည့္ရင္း ပါးစပ္မွခပ္တိုးတိုးေရ႐ြတ္လိုက္သည္။
"ကြၽန္ေတာ္႕ကို ေပြ႕ဖက္ေပးမဲ့သူတစ္ေယာက္၊ခ်စ္ေပးမဲ့သူတစ္ေယာက္ေလာက္ ႐ွိလာပါေစလို႔ ကြၽန္ေတာ္ဆုေတာင္းပါတယ္"
သက္ပိုင္ ဘာမွမေျပာပဲ ထိုေနရာ၌သာ
အေတာ္႕အၾကာ ၿငိမ္ေနမိသည္။
ထိုအခ်ိန္မွာပဲ ေဘးမွ စီးကရက္နံ႔သင္းသင္းအားရလိုက္၍ ႐ုတ္တရက္
လွည့္ၾကည့္မိေတာ့ နက္ေစြးေစြးမ်က္ဝန္းတစ္စုံႏွင့္ အၾကည့္သြားဆုံသည္။
႐ုတ္တရက္ဆန္လြန္းလွသျဖင့္ သက္ပိုင္ကိုယ္ေလးက တုန္ကနဲျဖစ္သြားၿပီးအေတာ္႕ပင္ေၾကာက္လန္႔သြားပုံပင္။
လန္႔လည္းလန္႔စရာပင္ သူ႕အေနာက္၌ထိုင္ေနေသာ သူ၏မ်က္ႏွာဟာ ခန္႔ညားလွပါေသာ္လည္းပဲ
ထိုသူ၏ ဘယ္ဘက္မ်က္လုံးတြင္ကန္႔လန္႔ျဖတ္အမာ႐ြတ္ႀကီးက႐ွိေနသည္။
ထိုအျပင္ စီးကရက္ကိုင္ထားသည့္ ဘယ္ဘက္လက္တစ္ေလွ်ာက္တြင္ တက္တူးမ်ားကအျပည့္ထိုးထား၍
အၾကည့္တို႔က ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
ပို၍ေၾကာက္ဖို႔ေကာင္းသည္က သက္ပိုင္၏အေနာက္သို႔ဘယ္အခ်ိန္ကေရာက္လာခဲ့မွန္းမသိတာကိုပင္။
သက္ပိုင္ စကားပင္မေျပာႏိုင္ပဲ ဦးေလးႀကီးအား
ဒီတိုင္းေတြေတြႀကီးစိုက္ၾကည့္ေနမိ၏။
ထိုအခါဦးေလးႀကီးက သူ႕ကို
မ်က္လုံးေမွးကာၾကည့္၍ ပါးစပ္၌ကိုက္ခဲထားေသာ စီးကရက္ကိုလက္ၾကားသို႔ကူးေျပာင္းလိုက္သည္။
ထို႔ေနာက္ စီးကရက္ေငြ႕မ်ားအားမႈတ္ထုတ္လိုက္သည့္ပုံမွာ အေတာ္႕ပင္ဆြဲေဆာင္မႈ႐ွိလွ၏။
စီးကရက္နံ႔မခံႏိုင္သူပီပီ ထိုဦးေလးႀကီးမႈတ္ထုတ္လိုက္ေသာ စီးကရက္ေငြ႕တို႔ေၾကာင့္ လူကအသက္႐ွဴက်ပ္မတတ္ျဖစ္သြားကာ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေတာ့သည္။
ထိုအခ်င္းအရာကိုျမင္ေတာ့ ဦးေလးႀကီးကခ်က္ခ်င္းပဲ စီးကရက္ကိုေျမျပင္ေပၚသို႔ပစ္ခ်ကာ သားရည္ဖိနပ္
ႏွင့္နင္းေျခလိုက္၏။
ဘာရယ္မဟုတ္ေသာ္လည္း သူ႕ကိုငဲ့ေပးတဲ့သူဆိုတာမ႐ွိတာေၾကာင့္ ဦးေလးႀကီး၏အျပဳအမူမွာ သူ႕ကိုအနည္းငယ္႐ႊင္လန္းသြားေစသည္။
"ေဟ့ေကာင္ေလး"
"ဗ..ဗ်..ဗ်ာ"
ထစ္ေငါ့ေနေသာ သူ၏စကားသံကိုၾကားေတာ့ဦးေလးႀကီးက ရယ္သည္။
"ညဥ့္နက္ေနၿပီ တစ္ေယာက္တည္းဘာလာလုပ္ေနတာလဲ မေၾကာက္ဘူးလား"
"ဦးေလးႀကီးကေရာ ဒီကိုဘာလာလုပ္တာလဲ မ.... မေၾကာက္ဘူးလား"
သူေမးတာကိုမေျဖပဲ သူ႕ကိုျပန္ေမးလာေသာအေ႐ွ႕မွေကာင္ေလးေၾကာင့္ စိုင္းေအာင္မင္းခန္႔တစ္ေယာက္ အခ်ီႀကီးကိုသေဘာက်သြားရေတာ့သည္။
အမ္...ဦးေလးႀကီးလို႔ေခၚတာကိုေတာ့သိပ္မႀကိဳက္ေပမဲ့လို႔ေပါ့
ဘာလို႔ဆိုသူ႕အသက္က 22ပဲ႐ွိေသးတာေလ။
"ငါ့အသက္က 22ပဲ႐ွိေသးတယ္။
ဘာဦးေလးႀကီးလဲ ႐ိုက္လိုက္ရ"
စိုင္း ထိုကဲ့သို႔စေနာက္ကာေျပာလိုႆ္ေသာ္လည္း အေ႐ွ႕မွေကာင္ေလးငယ္ကေတာ့ အေတာ္႕ပင္ေၾကာက္သြားဟန္။
"ေဟ့ေကာင္ေလး
မင္းနာမည္ဘယ္လိုေခၚလဲ"
"ေအာင္သက္ပိုင္ပါ"
"အသက္ကေကာ"
"ဆယ့္..ဆယ့္ႏွစ္"
"ငယ္ေသးတာပဲ...
အကိုလို႔ေခၚ ငါ့ကို"
"ေလးေလးငယ္.."
မဝံ့မရဲေလးႏွင့္ ေလးေလးငယ္လို႔ေခၚလာေသာ ေပါက္စေလးေၾကာင့္
သူအသည္းပင္ယားသြားရသည္။
သူငယ္္ငယ္ကတည္းက တူေလးတစ္ေယာက္လိုခ်င္ခဲ့တာမဟုတ္လား။
"အမ္....အဲ့လိုေခၚလည္းရပါတယ္"
"...."
"ဒါနဲ႔ မင္းလက္ကဘာျဖစ္တာလဲ"
ထိုေမးခြန္းကိုၾကားေတာ့
ေပါက္စက ႐ွက္သြားဟန္ လက္ကိုေက်ာေနာက္သို႔ဝွက္ကာ သူ မျမင္ေအာင္လုပ္သည္။
စိုင္း သူ၏ကုတ္အားခြၽတ္လိုက္၍
ေကာင္ေလးငယ္အား သူ၏ေနာက္ေက်ာဘက္႐ွိဒဏ္ရာမ်ားအား လွည့္ျပလိုက္သည္။
"ဘယ္လိုလဲ မိုက္လား"
"......"
စိုင္း အက်ႌကိုျပန္ဝတ္လိုက္၍
ထိတ္လန္႔ေနဟန္႐ွိေသာ ေပါက္စ၏ေခါင္းအား အသာပုတ္လိုက္သည္။
"ေနာက္တစ္ခါ အဲ့လိုမလုပ္နဲ႔"
"ဗ်ာ"
"မင္းသိလား
ေသခ်င္တာနဲ႔ေသရတာကိုမေၾကာက္တာနဲ႔က လုံးဝမတူဘူးဆိုတာ။
ငါဆိုမေသခ်င္ဘူး ဒါေပမဲ့ေသရမွာကိုလည္းမေၾကာက္ဘူး။
လူဆိုတာက ေမြးဖြားၿပီးရင္ေသရမွာပဲ။
ဒါေပမဲ့႐ွင္သန္ေနရတဲ့ကာလ အတြင္းေတာ့ေကာင္းေကာင္းစားၿပီး ေကာင္းေကာင္း႐ွင္သန္ရမွာေပါ့"
"......"
"မင္းသိလား အခ်ိဳ႕ဆိုအသက္႐ွင္ခ်င္လို႔ေတာင္ ငါ့ေ႐ွ႕မွာဒူးေထာက္ေတာင္းပန္တဲ့သူေတြ႐ွိတယ္။
မင္းကဘာလို႔ေသခ်င္ရတာလဲ"
"ဒါဆို သားကေရာ ဘာလို႔အသက္႐ွင္ေနရမွာလဲ"
"ဘာ?"
"အသက္႐ွင္ဖို႔အေၾကာင္းျပခ်က္ေကာ႐ွိလို႔လား။
အေမကထားသြားတယ္။အေဖကလည္းေသသြားၿပီ။ဒါအျပင္ေန႔တိုင္း ေန႔တိုင္းအႏိုင္က်င္ခံေနရတယ္ ေ႐ွာင္ဖယ္ခံေနရတယ္၊နတ္ဆိုးလို႔အေျပာခံရတယ္!အေမ့လို မ်က္လုံး႐ွိတာနဲ႔ပဲ သားကနတ္ဆိုးျဖစ္သြားေကာလား!
သားလည္း...လူပါပဲဗ်ာ"
ေအာ္ဟစ္ကာ ငိုယိုေနေသာ
သူ႕အေ႐ွ႕မွေပါက္စအား စိုင္း
ေပြ႕ဖက္လိုက္မိသည္။
"အင္း ပင္ပန္းသြားၿပီ ေပါက္စ"
"အူဝါးးးးး ဟင့္
သားကို ဘယ္သူမွမဖက္ေပးၾကဘူး
႐ႊတ္ၿပီးေတာ့..သားကိုဘယ္သူမွမလိုအပ္ၾကဘူး"
စိုင္း ထိုေကာင္ေလးအား ေပြ႕ဖက္ထားရင္ ေခါင္းေလးအားပုတ္ေပးေနမိသည္။
"ငါအခုမင္းကိုဖက္ေပးေနၿပီမဟုတ္လား...ၿပီးေတာ့ မင္းကိုလိုအပ္တဲ့သူေတြ႐ွိလာမွာပါ။မင္းမ႐ွိရင္မျဖစ္မဲ့သူေတြေပါ့ အမ်ားႀကီးမဟုတ္ေတာင္
တစ္ေယာက္ေတာ့႐ွိမွာပါ"
"ဟင့္"
"ဒါေၾကာင့္ ထမင္းကိုေကာင္းေကာင္းစားၿပီး ေကာင္းေကာင္း႐ွင္သန္သြား။
မင္းအိမ္မက္ေတြကိုျဖစ္ေအာင္လုပ္
ဒဏ္ရာအမ်ားဆုံးလူကအသန္မာဆုံးလူပဲတဲ့ ေပါက္စရဲ႕။
ဒါေၾကာင့္ ဒဏ္ရာေတြရလည္း ၿပိဳလဲသြားလို႔မျဖစ္ဘူးေနာ္ ၾကားရဲ႕လား"
"........."
"မင္းနားလည္မွန္း ငါသိပါတယ္။
မင္းငါနဲ႔ အတူလမ္းေလွ်ာက္ခ်င္လား"
"သားလမ္းမေလွ်ာက္ႏိုင္ဘူး...."
"ငါေက်ာပိုးမယ္"
ေပါက္စ၏ကိုယ္မွာ သိပ္ကိုေပါ့လြန္းသည္ဟုဆိုရမည္။ဒီေကာင္ေလး ထမင္းလည္းေကာင္းေကာင္းမစားဘူးထင္ပါရဲ႕ေလ။
စိုင္း ေပါက္စကို ေက်ာပိုးရင္ လမ္းမႀကီးထက္သို႔ ေလွ်ာက္လာမိသည္။
ေဂဟာကို ေနာက္မွျပန္
ပို႔လည္းကိစၥမ႐ွိပါဘူးေလ။
"ေလးေလးငယ္"
"အင္း"
"ေက်းဇူးပါ"
"ဘာလို႔လဲ"
"သားကိုဖက္ေပးလို႔"
"ေက်းဇူးတင္ရင္ မင္းကဘာျပန္ေပးမွာလဲ"
"သားႀကီးလာရင္...."
"အမ္ မင္းႀကီးလာရင္?"
"ေလးေလးငယ္ကို ျပန္ၿပီးေက်ာပိုးမယ္"
"ဟက္ မင္းလိုေသးေသးေလးကလား"
"သားကအရပ္႐ွည္လာမွာ...ထမင္းမ်ားမ်ားစားၿပီးအား႐ွိေအာင္လုပ္မယ္..ၿပီးရင္ေလးေလးငယ္ကို ေက်ာပိုးလို႔ရၿပီေလ..ကတိ"
"အင္းကတိ"
သက္ပိုင္ ေလးေလးငယ္၏ေက်ာျပင္ထက္တြင္မ်က္ႏွာအပ္ရင္ အေနာက္ကေန ေလးေလးငယ္၏ လည္ပင္းအားဖက္ထားမိသည္။
"မင္းသိလား ေပါက္စ၊မင္းမ်က္လုံးေတြကလွတယ္။နတ္ဆိုးနဲ႔တူတယ္ဘာညာဆိုတဲ့ ပလီတိေျခာက္ခ်က္ေတြကို
မယုံနဲ႔ ဟုတ္ၿပီလား"
"ဟုတ္"
"ငါေတာင္သေဘာက်တယ္၊
မိုက္တယ္ေလ"
ဒါဟာ ပထမဆုံးအႀကိမ္အျဖစ္ သူ၏
မ်က္လုံးအေရာင္မ်ားကို သေဘာက်မိျခင္းပင္။
ဘာေၾကာင့္လဲလို႔ေမးရင္ေတာ့
ေလးေလးငယ္က သေဘာက်လို႔ လို႔ျပန္ေျဖမိလိမ့္မည္ထင္ပါ၏။
အမာ႐ြတ္အမ်ားႀကီးနဲ႔ ေၾကာက္စရာေကာင္းတယ္ဟုထင္ရတဲ့ ေလးေလးငယ္ရဲ႕ ရင္ခြင္ဟာ သိပ္ကိုေႏြးေထြးလြန္းသလို
အသားမာေတြတက္ေနတဲ့ လက္ဖဝါးဟာ သူ႕ကိုလုံျခဳံမႈဆိုတဲ့အရာကို ခံစားေစခဲ့၍
နက္ေစြးေစြးမ်က္ဝန္းတို႔က သူ႕ကိုေမွာင္မိုက္ေနတဲ့ကမ႓ာႀကီးထဲကေန ဆြဲထုတ္ေပးခဲ့ပါ၏။
လျပည့္ေန႔မွာဆုေတာင္းရင္ ျပည့္မယ္ဆိုတဲ့ ေမေမစကားဟာ အလိမ္အညာတစ္ခုမဟုတ္ခဲ့ဘူးထင္ပါ၏။
ဒီလိုနဲ႔ပဲ ေလးေလးငယ္ဟာ
သူရဲ႕ေမွာင္မိုက္ၿပီး အဆုံးမ႐ွိတဲ့ကမ႓ာႀကီးထဲ လမ္းျပၾကယ္ေလးတစ္ခုအေနနဲ႔စတင္ဝင္ေရာက္လာခဲ့ပါေတာ့သည္။
******
သူ၏ပုခုံးထက္၌ အိပ္ေပ်ာ္သြားေသာ
ေပါက္စေၾကာင့္ စိုင္းျပဳံးလိုက္မိသည္။
ဒီေကာင္ေလး စၿပီးဆုေတာင္းတဲ့အခ်ိန္ကတည္းက သူအေနာက္ကေနတိတ္တဆိတ္နားေထာင္ေနခဲ့တာျဖစ္ၿပီး ဒီေကာင္ေလး၏အထီးက်န္ဆန္မႈေတြဟာဘယ္ေလာက္ ျပင္းပွ်ေနသလဲဆိုတာ သူခံစားမိခဲ့၏။
အေၾကာင္းျပခ်က္ရယ္ ေရေရရာရာမ႐ွိပဲ သူဒီေကာင္ေလးကိုဆက္၍အသက္႐ွင္ေနေစခ်င္ခဲ့သည္။
ျဖစ္ႏိုင္တာကေတာ့ သူသနားမိသြားတာေၾကာင့္ျဖစ္ပါလိမ့္မည္။
မာဖီယားတစ္ေယာက္က သနားတတ္တယ္ဆိုတာ နည္းနည္းေတာ့ရယ္စရာေကာင္းေနေပမဲ့လည္းေပါ့ေလ။
စိုင္း သူ႕ပုခုံးထက္တြင္အိပ္ေပ်ာ္ေနေသာေကာင္ေလးငယ္အား
တိုးတိုးေလး ေျပာလိုက္သည္။
အဲ့စကားေလးကေတာ့...
"မင္းကိုခ်စ္တဲ့သူေတြ အနာဂတ္မွာအမ်ားႀကီး႐ွိလာမွာပါကြာ"
*************
Alexander AN(Ah Nyo)
Mar.31.2023
part(1)လည္းဖတ္ၿပီးၾကၿပီဆိုေတာ့
သေဘာက်ၾကရဲ႕လားဟင္။
သေဘာက်ရင္ Ongoingလိုက္ေပး
ၾကေနာ္
ဟြန္းဟြန္း😾
Voteေပးသြားၾကဖို႔လည္းမေမ့ပါနဲ႔လို႔UwU
ခ်စ္တယ္အာဘြား💗
*******