ညဆယ်နာရီနီးပါးအချိန် ။ နီယွန်မီးရောင်ရဲ့အောက်
တိတ်ဆိတ်ငြိမ်သက်နေသည့်လမ်းမကြီး ။ လေရူးက
တသုန်သုန်တိုက်ခတ်နေသေးသည်။ အဝေးဆီမှာ
ရီသံလွင်လွင်လေးကိုကြားနေရသည်။ ထိုရီသံတို့က
နီးကပ်လာသည်နှင့်အမျှ မြင်တွေ့ရသည်က စက်ဘီးနှစ်စီးနှင့်လူနှစ်ယောက် ။ သေသေချာချာကြည်မယ်ဆိုပါက
တစ်ယောက်နဲ့တစ်ယောက်အနိုင်မခံအရှုံးမပေး စက်ဘီးပြိုင် စီးနေသည့်ကောင်လေးနှစ်ယောက် ။
လမ်းဘေးကနေ စက်ဘီးတွေကိုအားစိုက်နင်းပြီး အပြင်း
အထန်ပြိုင်ဆိုင်နေသည့်ကြားထဲကနေ ကလေးဆန်စွာ
ရီမောနေကျသေးသည်။ လမ်းမကြီးပေါ် စက်ဘီးပြိုင်စီးနေ
တုန်းမှာပင် လမ်းကြားထဲကနေ အရှိန်ဖြင့်မောင်းလာသောကားတစ်စီးက စက်ဘီးသမားတွေဆီကို တည့်မတ်စွာ
မောင်းဝင်လာလေသည်။ နှစ်ဖက်စလုံးကြောင်အသွားစဉ်
မှာပင် ကားသမားကသူ့ကားကို စက်ဘီးသမားတွေနှင့်
လွတ်ရာကိုဆွဲချဖို့ကြိုးစားခဲ့ပုံရ၏ ။ ဦးတည်ရာနေရာအနည်း
ငယ်လွဲသွားသော်လည်း စက်ဘီးတစ်စီးကိုဝင်တိုက်မိပြီးသည်
နှင့်တပြိုင်ထဲ အရှိန်ပြင်းလွန်းသည့်ကားသည်လည်း အခြား
မျက်နှာချင်းဆိုင်လမ်းကြောမှာရှိနေသည့် ကုန်တင်ကားနှင့်
ခေါင်းချင်းဆိုင်ဆောင့်မိကာ တစ်ပတ်မကာလည်ပြီးမှရပ်တန့် သွားလေတော့၏ ။အချိန်ခဏလေးအတွင်းမှာပင် ကတ္တရာ
လမ်းမကြီးထက် သွေးညှီနံ့တို့လှိုင်တက်လာလေတော့သည်။
စက္ကန့်အရေအတွက်များမှသည် မိနစ်အနည်းငယ်သို့ကူးပြောင်းသွားသည့်အခိုက်အတန့်မှာတော့ အဝေးဆီမှာ အချက်ပြမီးအနီရောင်ဖြင့်အရေးပေါ် Ambulance ကားသံကိုကြားလိုက်ရတော့သည်။တစ်နေရာစီမှာလဲကျနေသည့်လူသုံးဦးအား Ambulanceကားပေါ်ကိုတင်သည့်အချိန် အသက်ငွေ့ငွေ့ သာရှုနိုင်တော့သည့်လူတစ်ဦးက တာဝန်ရှိသူတစ်ယောက် ၏လက်ကိုလှမ်းဆွဲလာကာ
" ကယ် ကယ်ပေးပါ ကျေးဇူးပြုပြီး စက်ဘီးသမားရဲ့
အသက်ကို ရအောင်ကယ်ပေးပါ "
*
*
*
*
*
*
*
*
ဆေးရုံတစ်ခု၏အရေးပေါ်ဆွေးနွေးခန်းအတွင်း တာဝန်ရှိသူ
ဆရာဝန်ကြီးများနှင့်အတူ ထိုဆရာဝန်ကြီးများအားလုံးမြင်
နိုင်သည့်စားပွဲခုံပေါ်တွင်တင်ထားသည့် ဖိုင်တစ်ခု ။
" ဒါဆိုရင် လူနာရဲ့ဆန္ဒအတိုင်း အမြန်ဆုံးလုပ်ကျတာပေါ့
နောက်တစ်ယောက်ကလည်း အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ် ဒီထက်အချိန်နောက်ကျသွားရင် သူ့ကိုပါလက်လွှတ်ဆုံးရှုံးခံရလိမ့်မယ် အဲတော့ ဖြစ်လာမယ့်အရာအားလုံးအတွက် ကျွန်တော်ကခေါင်းဆောင်တစ်ယောက်အနေနဲ့အပြည့်အဝတာဝန်ယူမှာမို့ အခုချိန်ကစပြီးကျွန်တော့်ဆုံးဖြတ်ချက်အတိုင်းလိုက်နာပေးကျပါ "
တိကျပြတ်သားတဲ့စကားသံအဆုံးတွင် ဆွေးနွေးခန်းတံခါးပိတ်သွားလေပြီ ။ Operating Room တံခါးဖွင့်သွားလေ
သည်။ တစ်ယောက်သောသူရဲ့ဘဝချုပ်ငြိမ်းပြီး တစ်ယောက်
သောသူကတော့ သူ၏ ဘဝအသစ်ကိုစတင်လေပြီ ။
ထွက်သွားသူက လွတ်လပ်ပေါ့ပါးခြင်းတွေနှင့်။ကျန်ခဲ့တဲ့သူက လှပသောဝဋ်ကြွေးအသစ်တွေနှင့် ။
အရာအားလုံးသည် အပြစ်ကျူးလွန်သူတစ်စုံတစ်ယောက်မရှိပါဘဲနှင့် ကံတရား၏ကျီစယ်မှုသက်သက်ကြောင့်သာဖြစ်ပါလေတော့သည်။
*
*
*
*
*
*
*
*
ခေါင်းအစခြေအဆုံး နက်စွေနေသည့်ဝတ်စုံကိုဝတ်ထားသောလူတစ်ဦး ။ မျက်ဝန်းတွေကို အနက်ရောင်နေကာမျက်မှန်ဖြင့်ကွယ်ထားသဖြင့် ရှင်းလင်းစွာမမြင်ရသော်လည်း
သွေးရောင်လွှမ်းနေသည့်နှုတ်ခမ်းတို့က မသိမသာလေးတုန်ယင်နေလေသည်။ ထင်းထွက်နေသည့်မေးရိုးနှင့်ကျစ်နေအောင်
ဆုတ်ထားသည့်လက်သီးတို့က တစ်ခုခုကိုအသည်းအသန်
ထိန်းချုပ်ထားနေသည့်ဟန် ။ ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းနေသည်။ လေတိုးသံခပ်တိုးတိုးကိုသာကြားနေရ၏။
ဒီနေရာမှာသက်ရှိလူသားဆိုလို့ သုံးယောက်သာရှိသည် ။
ထိုလူတွေအားလုံးမျက်နှာမူထားသည့် ရှေ့တည့်တည့်ကို
ကြည့်မည်ဆိုလျှင်
" မောင်ရှိန်းခေါင်ယံ ( အသက် ၁၉ နှစ် )
7.12.2022 ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သည်။ "
ဆိုသည့်စာတန်းလေးနှင့် ဆေးသုတ်ထားတာမကြာသေးသဖြင့်အသစ်အတိုင်းရှိနေသည့် အုပ်ဂူလေးတစ်ခု။ထိုအုပ်ဂူပေါ်တွင်
ပန်းစည်းတစ်စည်း ။
" အဲဒီတစ်ယောက်က အခုဘယ်မှာလဲ "
အေးစက်စက်နဲ့ အမေးစကားတစ်ခွန်း ။
" ဆေးရုံမှာပဲရှိနေပါသေးတယ် ၊ အခုထိတော့သတိမရ
သေးပါဘူး "
" သူနာမည်က ဘယ်သူတဲ့လဲ ၊ ရှိန်းကို သတ်ခဲ့တဲ့ကောင်ရဲ့နာမည်ကလေ "
" ဆရာ အဲဒါကလေ အဲဒါက ဟို "
ကိုယ်မေးလိုက်သည့်စကားကိုပြန်ဖြေဖို့ တွန့်ဆုတ်နေသည့်
တပည့်ဖြစ်သူကို ဒေါသနဲ့မျက်မှောင်ကျုံ့ကြည့်လိုက်မိသည်။
ကိုယ့်ဒေါသအကြောင်းသိနေသည့် တပည့်ဖြစ်သူက
တွန့်ဆုတ်စွာနှင့်ပဲ အဖြေစကားတစ်ခွန်းပြောလာလေတော့
သည်။
" အကိုလေးရှိန်းနဲ့ မတော်တဆမှုဖြစ်ခဲ့တဲ့သူက ဟို ဟို
ဆရာကြီးရဲ့သားငယ်လေးပါ "
ကြားလိုက်ရသည့်စကားကြောင့် ခဏတာမျှအသက်ရှုရပ်တန့်
သွားရလေတော့၏ ။
" မိုးကျော် မင်း မင်းပြောချင်တာက ရှိန်းကိုသတ်ခဲ့တာက
ငါအမုန်းဆုံးလူရဲ့သားလို့တော့မပြောနဲ့နော် "
သက်ပြင်းချသံသဲ့သဲ့၏အဆုံး
" အကိုလေးရှိန်းနဲ့မတော်တဆမှုဖြစ်ခဲ့တဲ့တစ်ယောက်က
တကယ်ကိုပဲ အကိုလေးသက်ထက်ပန်ပါ ၊ ဆေးရုံမှာ
ဆရာကြီးကိုယ်တိုင်စောင့်နေတာတွေ့ခဲ့ပါတယ် "
အခုမှဘဲ မကိုဋ်ရဲ့ကမ္ဘာကြီးက တကယ်ကိုဇောက်ထိုးမိုးမျှော်
ဖြစ်သွားရပါပြီ ။ သက်ထက်ပန်တဲ့လား ။ ရှိန်းကိုသေအောင်
သတ်ခဲ့တဲ့ကောင်ကလေ ။ ကိုယ်သိပ်မုန်းတဲ့မိသားစုရဲ့
တစ်ဦးထဲသောသွေးသား ။ အဲဒီအိမ်ရိပ်ကိုတောင်မနင်းချင်လို့
ကိုယ်ကအဝေးကိုရှောင်ထွက်ခဲ့ပြီးတာတောင် ခုထိကိုရေစက် ဆိုးတွေကျန်နေသေးတာလား ။ သက်ထက်ပန်!! ကိုယ်သိပ်မုန်းတဲ့ရတဲ့ ဦးထက်အောင်နဲ့ဒေါ်နှင်းပန်းအိမ်တို့ရဲ့တစ်ဦးတည်းသောသား ။ တနည်းအားဖြင့် ကိုယ်အဖေနဲ့သူ့ရဲ့နောက်အိမ်ထောင်ကနေမွေးလာသည့် ကိုယ်နဲ့အဖေတူအမေကွဲ ညီတော်မောင်။ ညီလို့ခေါ်ရမလား ညီမလို့ခေါ်ရမလားမသိအောင်
မွေးထဲက လိင်အင်္ဂါနှစ်မျိုးပါတဲ့ကောင်။
မေမေဆုံးပြီးနှစ်တောင်မကူးခင် ကိုယ့်အဖေဆိုသူက
သူ့အတွင်းရေးမှုးဒေါ်နှင်းပန်းအိမ်နဲ့လက်ထပ်ခဲ့ပြီး
ထိုကောင်လေးကိုမွေးခဲ့ခြင်းဖြစ်သည်။ သူများနဲ့မတူတဲ့
ပုံစံနဲ့မွေးဖွားလာရတဲ့ကောင်ကို ဆေးပညာအကူအညီနဲ့
ယောက်ျားလေးတစ်ယောက်အဖြစ် ရှင်သန်နေထိုင်စေသည်။ အဲဒီအချိန်တုန်းက ကိုယ့်အသက်ကဆယ်နှစ်လောက်ရှိနေပြီမို့ ထိုအဖြစ်အပျက်တွေအားလုံးကိုမှတ်မိနေ၏ ။
ကိုယ်အရွယ်ရောက်လာသည့်အချိန် ကိုယ်မသတီသည့်
ထိုကောင်လေးက ကလေးသဘာဝ ကိုယ့်ကိုလိုက်ပြီးတွယ်
ကပ်နေလို့ ပြောဆိုမိရာကာနေစပြီး အဖေဖြစ်သူကပါ
သူ့မယားနှင့်သူ့သားဘက်နာပြီး ကိုယ့်ကိုဝင်ရောက်ပြောဆိုရာကနေ မိသားစုတွေကြား အမုန်းတရားကြီးထွားလာကာ
နောက်ဆုံးတော့ မကိုဋ်အိမ်ပေါ်ကနေဆင်းပြီးကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့ခြင်းဖြစ်သည်။
ဘဝရဲ့ရုန်းကန်နေရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့တစ်ဦးတည်း
သောအားပေးဖော်လေးက ရှိန်းခေါင်ယံဆိုသည့် ရှိန်းငယ်
သာဖြစ်၏။ ဆယ်စုနှစ်တစ်ခုအကြာ ကိုယ်ကစီးပွားရေးလောကမှာ အခြေအနေအဆင့်အတန်းတစ်ခုကိုရောက်လာသည့်အချိန်မှာတော့ ရှိန်းငယ်ကိုလက်ထပ်ခွင့်တောင်းဖို့ အားလုံးပြင် ဆင်ပြီးကာမှ အခုလိုအဖြစ်ဆိုးကိုကြုံလိုက်ရခြင်းဖြစ်လေသည်။
မတော်တဆမှုဖြစ်သည့်အချိန်တုန်းက ကိုယ့်ကနိုင်ငံခြား
ခရီးစဉ်သွားနေရခြင်းဖြစ်သည် ။ ကိုယ်ပြန်လာတော့
အရာအားလုံးကဆုံးရှုံးနေခဲ့လေပြီ ။ နောက်ဆုံးအချိန်ထိ
သူတို့သားအသက်ရှင်ဖို့ ကိုယ်ချစ်ရသူကိုအသုံးချထားသေး၏။
ဘယ်လောက်တောင် လူမဆန်လူပါးဝလိုက်ကျသလဲ။
" တောက်! !!"
ကျယ်လောင်သည့် တောက်ခေါက်သံနှင့်အတူ နှုတ်ခမ်းသားတို့ပေါက်ပြဲကုန်သည့်အထိ ကိုက်ခဲထားမိလေသည်။
" ငါ့ကို အဲကောင်ရှိတဲ့ဆေးရုံကိုလိုက်ပို့ပေး ငါကိုယ်တိုင်
ပြန်သတ်ရမှကျေနပ်မယ် "
" ဆရာ "
" ငါခိုင်းသလိုလုပ် "
အမိန်စကားအဆုံးတွင် မကိုဋ်ထွဋ်ခေါင်ဆိုသည့်လူတစ်ယောက်ကို တင်ဆောင်ထားသည့်ကားလေးသည် ဆေးရုံတစ်ခုကို
ဦးတည်မောင်းနှင်ထွက်ခွာသွားလေတော့သည်။
ဝဋ်ကြွေးတွေသာပါလာရင်
ဘယ်လောက်ပဲရေစက်ဖြတ်ဖြတ်
သံသရာတစ်ကွေ့ကွေ့မှာ
ကျိန်းသေပြန်ဆုံတွေ့ရတက်တယ်လေ ။
A/N -❗❗ incest fic မဟုတ်ပါ။
Eros_90
26.3.2023 ( ည ၇ နာရီ ၅၀ မိနစ် )
Update က ၃ရက်ကိုတစ်ပိုင်းပါ။