'နွယ့်'
မြတ်ကိုကျောခိုင်းကလျှောက်သွားနေတဲ့နွယ်
'နွယ် ငါ့ကိုစောင့်ပါဦး နွယ့်'
မြတ်ဘယ်လိုခေါ်ခေါ်မြတ်ကိုလှည့်မကြည့်သောနွယ်
'နွယ့် နွယ့် ငါ့ကိုမထားခဲ့ပါနဲ့နွယ်ရယ် ငါ့ကိုမထားခဲ့ပါနဲ့ နွယ့်'
'နွယ့်'
'နိုးလာပြီလားမြတ်'
'ရတု'
တော်သေးတာပေါ့အိမ်မက်ဖြစ်နေလို့ အပြင်မှာသာတကယ်ဆိုရင် မြတ်ရူးရလိမ့်မယ်
'နွယ်ရော နွယ်ဘယ်မှာလဲ နွယ့်ကိုရှာတွေ့ပြီလား'
ရတုဖက်ကတိတ်ဆိတ်နေမှု့ကြောင့်မြတ်ဒေါသထွက်လာတာအမှန်ပင်
'ဘာလို့ ပါးစပ်ပိတ်နေရတာလဲရတု နွယ်ရောလို့'
'ငါပြန်လွှတ်လိုက်ပြီ'
'ဘာ!'
'ငါသူ့ကိုသူ့အိမ်ပြန်ပို့လိုက်ပြီ'
'ငါနင့်ကိုအဲ့လိုလုပ်ဖို့ခိုင်းလို့လား ဟမ်'
ရတုရဲ့အင်္ကျီကော်လံစများကိုပြဲမတတ်ထိဆွဲကာအော်ဟစ်ပြောနေမိတယ်
'ဘာကြောင့်လဲ ဘယ်သူ့သဘောနဲ့လဲ သူ့ကိုပြန်လွှတ်လိုက်ရတာလဲ'
'သူ့မှာကိုယ်ဝန်ရှိနေပီ'
'ဘာ!'
ရတုကော်လံစများကိုဆွဲထားတဲ့လက်များလျှောကျသွားသည်
'သူ့မှာဇင်ကိုလတ်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပီအရူးမရဲ့'
ရတုစကားကြောင့်ကုတင်ပေါ်ခြေလွတ်လက်လွတ်ပြန်ထိုင်ချလိုက်တဲ့ မြတ်ကိုကြည့်ကာရတုသနားမိတယ်
'ဒီမှာ သူ့စာ နင်အဖျားရှိေနတယ် အေးအေးဆေးဆေးအနားယူလိုက်ဦး သက်သာမှငါကိုယ်တိုင်သီရိမြိုင်ကိုပြန်ပို့ပေးမယ်'
အားလုံးထွက်သွားကာမှ မြတ်စာလေးဖွင့်ကြည့်မိတယ်
#ဒီစာဖတ်နေချိန်ဆို နင်သတိရနေလောက်ပြီ
ငါပြောပါတယ် အချိန်လွန်ခဲ့ပြီလို့ ငါ့မှာသူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ဘယ်လိုရခဲ့လဲဆိုတာတော့နင်နားေထာင်ချင်မယ်မထင်သလို ငါလဲပြန်မပြောပြချင်တော့ဘူး ကိုဇင်ကိုလတ်ကိုမချစ်ရင်တောင် ငါ့ကလေးကိုမိစုံဖစုံနဲ့ကြီးပြင်းလာစေချင်တယ်မြတ်ရယ် ပြီးတော့ငါပြန်ရောက်တာနဲ့နင့်ကိုသူတို့စွဲချက်တင်ထားတာတွေအကုန်ငါရုတ်သိမ်းဖို့ပြောပေးမယ်မြတ် ပျော်ခဲ့ရပါတယ်မြတ်
နင့်ရဲ့ နွယ် #
ငါ့ရဲ့နွယ်တဲ့ မဟုတ်ဘူး ငါမဆိုင်ဆိုင်လိုက်ရတဲ့နွယ်
ဘယ်လိုခံနိုင်ရည်မျိုးနဲ့မြတ်အသက်ရှင်ရပါ့မလဲ
အခန်းပြင်ကရတုတစ်ယောက်မြတ်ရဲ့အော်ဟစ်ငိုကြွေးသံများကြောင့် မြတ်လိုပဲဝမ်းနည်းနေရတယ်
'သတို့သမီးပြုံးပါဦးဗျ'
မင်္ဂလာခန်းမထဲကဧည့်သည်တွေကိုဧည့်ခံရင်း ဓါတ်ပုံရိုက်နေကြတယ် လူတိုင်းပျော်နေပေမဲ့ မပျော်နိုင်သူက နွယ်ပင်
'အဆင်ပြေရဲ့လား နွယ်'
'ဟုတ် ပြေပါတယ်ကိုလတ်'
'သားတို့ ဟိုဘက်မှာလူကြီးတွေကိုသွားနှုတ်ဆက်လိုက်ဦး'
'သတို့သမီးကအလှလေးပဲကွ ကိုလတ်'
'မစပါနဲ့ဗျာ နွယ်ရှက်သွားဦးမယ်'
'Wow ဟိုမှာမြတ်သီရိဆွေမလား'
မြတ်ဟာသူဝတ်နေကျမြန်မာဝတ်စုံမဟုတ်ပဲ လူငယ်ဆန်ဆန်ဝတ်ထားတယ်
'ညည်းဘာလာလုပ်တာလဲမြတ်'
ဇင်ကိုလတ်၏မိဘတွေကမြတ်ရဲ့ရှေ့မှာဝင်တားသည်
'သူငယ်ချင်းရဲ့မင်္ဂလာပွဲကိုလာဂုဏ်ပြုတာလေ ပြီးတော့အန်တီတို့ကတယ်သတ္တိရှိနေတာလား မြတ်ရဲ့လမ်းကိုပိတ်ရဲတယ်ဆိုတော့'
'မေမေ ဖယ်ပေးလိုက်ပါ'
မြတ် သတို့သားနဲ့ မပိုင်ဆိုင်လိုက်ရတဲ့မြတ်ရဲ့အမျိုးသမီးလေးဆီတစ်လမ်းချင်းလျှောက်သွားလိုက်တယ်
'Congratulations နော်ကိုဇင်ကိုလတ်'
'ကျေးဇူးမြတ်'
သုံးယောက်ကြားတိတ်ဆိတ်မှု့အတိပင်
'ကိုခဏရှောင်ပေးမယ်လေ နွယ်တို့ပြောစရာရှိတာတွေပြောလို့ရအောင်'
'ကျေးဇူးနော်အကို'
'ရပါတယ်နွယ်ရဲ့ စကားပြောနှင့်ကြနော် အကိုဟိုဘက်မှာဧည့်ခံနေမယ်'
'ဟုတ်'
နွယ်တစ်ယောက်အလှဆုံးပြုံးကာမြတ်ကိုကြည့်ရင်း
'အရမ်းလှနေတယ်မြတ်'
'ငါ့ပင်ကိုယ်အားနည်းချက်ကိုကလှနေခြင်းပဲလေ
သတို့သမီးထက်လှလို့မဖြစ်ဘူးဆိုပြီးသာမာန်ပဲပြင်ထားပေမဲ့လဲ လှသွားတော့အားနာမိတယ်'
နွယ် က ပါးစပ်လေးကိုလက်ကလေးနဲ့အုပ်ကာရယ်တယ်
ရယ်ပါနွယ် နင်ပျော်အောင်လုပ်ပေးဖို့ကငါ့တာဝန်ပဲလေ
'သူ့ရင်ခွင်မှာ နင်ပျော်မယ်မလားနွယ် မပျော်ဘူးလို့ပြောရင်ငါချက်ခြင်းကားတင်ပြေးမှာ'
နွယ်က မြတ်ရဲ့လက်မောင်းကိုခပ်ဖွဖွထုကာရယ်ပြန်သည်
'ပျော်အောင်နေမှာပါ'
'ပျော်မှဖြစ်မယ်နွယ် ဒါမှငါလက်လွှတ်ရကျိုးနပ်မှာ'
မြတ် နွယ့်ကိုပြုံးကြည့်ကာ
'သတို့သမီးဝတ်စုံနဲ့သိပ်လှတာပဲနွယ်ရယ် မြတ်ဖြင့်ကြည့်လို့တောင်မဝဘူး'
'တောင်းပန်ပါတယ်မြတ်ရယ်'
'အောဟော ဘာလို့ငိုရတာလဲ တိတ်တိတ် အလှတွေပျက်ကုန်မယ်'
အရင်လိုနွယ့်မျက်ရည်သုတ်ပေးတဲ့မြတ်လက်များကို နွယ်မြတ်နိုးရပါလေရဲ့
'ဟော ပြောလေကဲလေပါလား မငိုပါနဲ့ဆိုကွယ်'
'ငါ့ကိုဖက်ပါလား မြတ်'
'နင့်အမျိုးသားမနာလိုဖြစ်နေပါဦးမယ်'
'ဖက်မှသာဖက်စမ်းပါအရူးရဲ့'
ဇင်ကိုလတ်လဲအဝေးကနေသူတို့ကိုကြည့်နေရုံသာတက်နိုင်တယ်
'ငါ မင်္ဂလာပွဲပြီးတာနဲ့ သူနဲ့ swizကိုလိုက်သွားရတော့မယ်'
'အွန်း'
'ငါ့ကိုလေဆိပ်ထိလိုက်ပို့ပေးနိုင်မလား'
'နင်တောင်းဆိုတာငါငြင်းဖူးလို့လား နွယ် '
နှစ်ယောက်သားလက်ချင်းကိုင်ထားကြတယ် အကြည့်ချင်းဆုံနေကြတယ် ဘာမှမပြောကြပေမဲ့ ရင်ထဲကစကားတွေကိုမပြောလဲနားလည်နေကြတယ်
'ငါကားထဲကစောင့်နေမယ် နွယ် နောက်မို့ဆို နင့်ယောက္ခမတွေစိုက်ကြည့်နေတာနဲ့ ငါ့ခန္ဓာကိုယ်ကြီးပေါက်သွားလိမ့်မယ်'
စိတ်လွတ်ကိုယ်လွတ်အတူတူရယ်မောခဲ့ကြလေရဲ့
နွယ်တို့ထွက်သွားပြီး ၇ လအကြာ နွယ့်အမေသေသွားတယ်
အချိန်တွေကြာသွားပေမဲ့ နွယ်နဲ့မြတ် အဆက်သွယ်မပျက်ခဲ့ပေ
လူကိုယ်တိုင်မတွေ့ဖြစ်ကြပေမဲ့ လေလှိုင်းကနေအမြဲဆက်သွယ်နေခဲ့ကြတယ်
'ဘယ်တော့လောက်မွေးမယ်ပြောလဲ'
'နောက်အပတ်ထဲလို့ပြောတယ် ကိုလတ်လဲကြိုတင်ပြင်ဆင်နေတယ်'
'အွန်း ကောင်းပါတယ် ပြီးတော့နင်စိတ်မပူပါနဲ့ အဲ့ကဆေးရုံတွေကအရမ်းကောင်းတယ် ဆရာဝန်တွေကလဲတော်တယ်'
'ငါမီးဖွားချိန်နင့်ကိုအနားမှာရှိနေစေချင်တယ် နင်ရှိရင်ငါကြောက်မှာမဟုတ်ဘူး'
'ကိုလတ်ရှိနေတာပဲ မကြောက်ပါနဲ့ ငါဒီမှာအလုပ်တွေကပြည့်နေတော့ မလာနိုင်လောက်ဘူး'
'အွန်းပါ အာ့ဆိုဒါပဲနော်'
......
'မကြောက်နဲ့နော် နွယ် ကိုရှိတယ်'
'နွယ့်'
ဒီအသံ ဘယ်တော့မှမေ့မရတဲ့အသံ
'မြတ် '
'မြတ်'
'ကိုလတ် မြတ်သူနဲ့ခွဲခန်းထဲဝင်ပေးလို့ရမလား ကိုလတ်အစား'
'အွန်းဝင်လေ ကိုအပြင်ကပဲစောင့်မယ်'
'မကြောက်နဲ့နော် နွယ် ငါရှိတယ်'
ခွဲခန်းထဲနွယ့်အော်သံဆူညံနေသည်
'အား....'
'အားတင်းထားနော်နွယ် စိတ်မလျှော့လိုက်နဲ့'
'အင်း..........'
နွယ်နာကျင်မှု့တွေနဲ့ရုန်းကန်နေရပေမဲ့ ပင်ပန်းတယ်လို့မခံစားရ ဘာလို့ဆို မြတ်ကကလေးမီးဖွားပြီးသည်ထိနွယ့်ရဲ့လက်ကိုဆုပ်ကိုင်ပေးထားသည်မို့လို့ပင် မြတ်ကအခုချိန်ထိနွယ့်အတွက်အားဆေးလေးဖြစ်နေတုန်းပင်
နွယ်သမီးမိန်းကလေးမွေးခဲ့တယ် နွယ့်လိုပဲလှလှပပလေးမွေးဖွားလာတယ်
'သမီးလေးကအကိုနဲ့တူတာတွေ့လား'
'ဘယ်ကသာနွယ်နဲ့တူတာ နွယ်နဲ့တူလို့လှတာ'
သူနဲ့တူလို့ငါနဲ့တူလို့ဆိုပြီးအငြင်းပွားနေတဲ့လင်မယားကိုငေးကြည့်ကာ မြတ်ပြုံးမိတယ်
'မြတ် ချီကြည့်ပါလား'
'ဟင့်အင် သေးသေးပိစိလေးတွေကိုအသဲယားလို့ မြတ်ကြောင့်တစ်ခုခုဖြစ်သွားမှာကြောက်တယ်'
'လာပါ ချီကြည့်'
မြတ်လက်ထဲရောက်လာတဲ့ အနှီပေါက်စလေး မြတ်ကိုကြည့်ကာရီနေလေတယ်
'သမီးလေးကမြတ်ကိုချစ်တဲ့ပုံပဲ'
နွယ့်အပေါ်ထားခဲ့တဲ့အချစ်တွေဟာ ကလေးအပေါ်ရောက်ရှိသွားခဲ့တယ်
'မြတ် ကိုလတ်ပြောစရာရှိတယ် ခဏ'
'ပြောလေ'
'အကယ်၍ ကိုလတ်တစ်ခုခုဖြစ်ခဲ့ရင် နွယ်နဲ့သမီးလေးကိုမြတ်လက်ထဲအပ်တယ်နော်'
'နိမိတ်မရှိနမာမရှိဘာစကားတွေလဲ'
'ကိုလတ်ဆီခြိမ်းခြောက်စာတွေရောက်တယ် ကိုလတ်အကိုတွေထဲကပဲဖြစ်မယ် သူတို့တောင်းတဲ့ပမာဏကိုမပေးရင်သတ်မယ်လို့'
'မြတ်ကာကွယ်ပေးမှာမို့စိတ်မပူပါနဲ့'
ကဘေးမွေးပီးသိပ်မကြာ နွယ်တို့မြန်မာမှာပြန်အချေချတယ် ကလေးကမြတ်ကိုသိပ်ခင်တွယ်တယ် မြတ်ချီမှအငိုတိတ်တယ် နွယ်တို့လင်မယားတွေ ကိုလတ်တို့မိဘတွေအိမ်သွားတယ် မြတ်ဆီမှာကလေးကိုထားခဲ့တယ်
'ပူတူးတူးရေ အ ရီတာ ကလေးကရီတာပေါ့'
စားပွဲပေါ်ကမြည်နေတဲ့မြတ်ရဲ့ဖုန်း
'သမီးလေးရော'
'ရှိတယ် ဘေးမှာဆော့နေတယ်'
'မြတ် ငါတို့မြို့ထဲဝင်လာနေပီ **လမ်းကိုကလေးကိုခေါ်ပီးမြန်မြန်လာခဲ့'
'ဘာလို့လဲရုတ်တရက်ကြီး'
'ငါတို့မြန်မာနိုင်ငံကနေထွက်သွားတော့မယ်ပြန်မလာတော့ဘူး ဘယ်တော့မှ'
မြတ်ကလေးကိုခေါ်ကာကားနဲ့ထွက်ခဲ့တယ်
လေးခွဆုံလမ်းမှာ နွယ်တို့ကားနဲ့တွေ့တယ် ဒါပေမဲ့
'ဝုန်း..'
ကုန်ကားဟာနွယ်တို့ကားကိုအရှိန်နဲ့တိုက်သွားတယ်
'နွယ့်'
နွယ်တစ်ယောက်ကားလမ်းမပေါ်မှာသွေးအလိမ်းလိမ်းနဲ့ပင်
မြတ် နွယ့်ဆီကိုပြေးသွားလိုက်ကာ နွယ့်ကိုရင်ခွင်ထဲထွေးပွေ့ထားလိုက်တယ်
'ကိုလက် ကိုလတ်'
မှောက်ခုံဖြစ်နေတဲ့ကားထဲကိုလတ်ဟာအသက်ရှိသည့်ပုံမပေါ်တော့ချေ
'သ သမီးလေးရော'
'ပါတယ် ကားထဲမှာအိပ်ပျော်နေတယ်'
'သမီး သမီးလေးကိုစောင့်ရှောက်ပေးနော် မြတ်'
'ငါတို့ကလေးကို အတူတူပျိုးထောင်မယ်လေနွယ်ရယ် နင် ဘာမှမဖြစ်ရဘူး နော် နွယ် ငါကယ်မယ်နော် ငါနင့်ကိုကယ်မယ်'
' ငါ့ကြောင့်ကျတဲ့နင့်မျက်ရည်တွေကို ငါသိပ်မြတ်နိုးတာပဲ'
'နွယ်ရယ်'
နွယ့်လက်လေးကိုယူကာ မြတ်ပါးမှာကပ်ထားမိတယ်
'မြတ်'
'ပြောလေနွယ်'
'ငါ ငါနင့်ကိုချစ်တာ နင် နင် သိတယ်မလား'
'သိပါတယ်နွယ်ရယ် ငါသိပါတယ်'
'က ကလေးကိုခေါ်ပီးထွက်သွားတော့ ကားကပေါက်ကွဲသွားတော့မှာ'
'နွယ် '
'သွား သွားပါမြတ်ရယ်'
နွယ် သူမရဲ့လက်ကျန်အားလေးနဲ့မြတ်ကိုတွန်းထုတ်နေမိသည်
'ငါနင်နဲ့ပဲအတူရှိချင်တာနွယ်ရဲ့ နင်မရှိတော့တဲ့ဘဝကဘာမှအသုံးမဝင်ဘူး'
'ငါ့ကိုယ်ပွားလေးနင့်နားရှိနေတယ်လေ နင် နင်ဘယ်တော့မှတစ်ယောက်ထဲမဖြစ်စေရဘူး'
'နွယ်'
'ထွက်သွားပါတော့ ငါ့ကိုချစ်တယ်ဆိုရင်'
မြတ် နွယ့်ရဲ့နဖူးလေးကိုနောက်ဆုံးအကြိမ်မြတ်မြတ်နိုးနိုးနမ်းရှိုက်ရင်းထိုနေရာကနေအဝေးဆုံးကိုမောင်းထွက်ခဲ့တယ်
'ချစ်တယ် မြတ်ရယ်'
နွယ် ကားထဲမှာ သေဆုံးနေပြီဖြစ်တဲ့သူမရဲ့ခင်ပွန်းကိုလှမ်းကြည့်ရင်း
'နောင်ဘဝဆိုတာရှိလို့နွယ်နဲ့ထပ်တွေ့ခဲ့ရင် နွယ့်ကိုမချစ်ပါနဲ့အကို'
နွယ်နောက်ဆုံးအကြိမ်ကောင်းကင်ကြီးကိုတဝကြည့်ပြီးမျက်လုံးစုံမှိတ်လိုက်တယ်
'ဝုန်း!!'
မြတ်ကားနဲ့ထွက်သွားပြီးစက္ကန့်ပိုင်းအကြာပေါက်ကွဲသံများဖုန်းလွှမ်းသွားတယ် မြတ် ကားကိုလမ်းဘေးမှာရပ်ရင်း ကားစီယာဒိုင်ကိုလက်နဲ့ထုကာအားရပါးရအော်ငိုနေခဲ့သည်
#ခဏတာတွေ့ခဲ့ရခြင်းပေမဲ့နင့်အချစ်တွေကြောင့်ငါပျော်ရပါတယ်မြတ် နောက်ဘဝဆိုတာရှိခဲ့ရင် ထပ်ဆုံချင်တယ်#
လက်နှစ်ဖက်ထဲမျက်နှာအပ်ကာကြိုးငိုကြွေးနေခဲ့မိသည်
ကြိုး မာမီ့ကိုသနားမိတယ် ကြိုးတို့သားအမိကြောင့်ပဲထပ်တလဲလဲခံစားနေရပါရောလား
အိပ်ပျော်နေတဲ့မြတ်လက်ကလေးကိုကိုင်ကာ
'အခုကစပီး မာမီမောင်းထုတ်ရင်တောင် ကြိုးဘယ်တော့မှထွက်မသွားတော့ဘူး'
vote and follow please
'နွယ့်'
'နွယ့်'
'နိုးလာပြီလားမြတ်'
'ရတု'
'ငါပြန်လွှတ်လိုက်ပြီ'
'ဘာ!'
'ဘာ!'
'ဒီမှာ သူ့စာ နင်အဖျားရှိနေတယ် အေးအေးဆေးဆေးအနားယူလိုက်ဦး သက်သာမှငါကိုယ်တိုင်သီရိမြိုင်ကိုပြန်ပို့ပေးမယ်'
ငါပြောပါတယ် အချိန်လွန်ခဲ့ပြီလို့ ငါ့မှာသူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ဘယ်လိုရခဲ့လဲဆိုတာတော့နင်နားထောင်ချင်မယ်မထင်သလို ငါလဲပြန်မပြောပြချင်တော့ဘူး ကိုဇင်ကိုလတ်ကိုမချစ်ရင်တောင် ငါ့ကလေးကိုမိစုံဖစုံနဲ့ကြီးပြင်းလာစေချင်တယ်မြတ်ရယ် ပြီးတော့ငါပြန်ရောက်တာနဲ့နင့်ကိုသူတို့စွဲချက်တင်ထားတာတွေအကုန်ငါရုတ်သိမ်းဖို့ပြောပေးမယ်မြတ် ပျော်ခဲ့ရပါတယ်မြတ်
နင့်ရဲ့ နွယ် #
'အဆင်ပြေရဲ့လား နွယ်'
'ဟုတ် ပြေပါတယ်ကိုလတ်'
'မေမေ ဖယ်ပေးလိုက်ပါ'
'ကျေးဇူးမြတ်'
'ကျေးဇူးနော်အကို'
'ဟုတ်'
'အရမ်းလှနေတယ်မြတ်'
'ပျော်အောင်နေမှာပါ'
'ငါ့ကိုဖက်ပါလား မြတ်'
'အွန်း'
......
'နွယ့်'
'မြတ် '
'မြတ်'
'အား....'
'အင်း..........'
'မြတ် ချီကြည့်ပါလား'
'လာပါ ချီကြည့်'
'ပြောလေ'
'သမီးလေးရော'
'ဝုန်း..'
'နွယ့်'
'ကိုလက် ကိုလတ်'
'သ သမီးလေးရော'
'နွယ်ရယ်'
'မြတ်'
'ပြောလေနွယ်'
'နွယ် '
'သွား သွားပါမြတ်ရယ်'
'နွယ်'
'ချစ်တယ် မြတ်ရယ်'
'ဝုန်း!!'
vote and follow please
'