'နွယ့်'
မြတ်ကိုကျောခိုင်းကလျှောက်သွားနေတဲ့နွယ်
'နွယ် ငါ့ကိုစောင့်ပါဦး နွယ့်'
မြတ်ဘယ်လိုခေါ်ခေါ်မြတ်ကိုလှည့်မကြည့်သောနွယ်
'နွယ့် နွယ့် ငါ့ကိုမထားခဲ့ပါနဲ့နွယ်ရယ် ငါ့ကိုမထားခဲ့ပါနဲ့ နွယ့်'
'နွယ့်'
'နိုးလာပြီလားမြတ်'
'ရတု'
တော်သေးတာပေါ့အိမ်မက်ဖြစ်နေလို့ အပြင်မှာသာတကယ်ဆိုရင် မြတ်ရူးရလိမ့်မယ်
'နွယ်ရော နွယ်ဘယ်မှာလဲ နွယ့်ကိုရှာတွေ့ပြီလား'
ရတုဖက်ကတိတ်ဆိတ်နေမှု့ကြောင့်မြတ်ဒေါသထွက်လာတာအမှန်ပင်
'ဘာလို့ ပါးစပ်ပိတ်နေရတာလဲရတု နွယ်ရောလို့'
'ငါပြန်လွှတ်လိုက်ပြီ'
'ဘာ!'
'ငါသူ့ကိုသူ့အိမ်ပြန်ပို့လိုက်ပြီ'
'ငါနင့်ကိုအဲ့လိုလုပ်ဖို့ခိုင်းလို့လား ဟမ်'
ရတုရဲ့အင်္ကျီကော်လံစများကိုပြဲမတတ်ထိဆွဲကာအော်ဟစ်ပြောနေမိတယ်
'ဘာကြောင့်လဲ ဘယ်သူ့သဘောနဲ့လဲ သူ့ကိုပြန်လွှတ်လိုက်ရတာလဲ'
'သူ့မှာကိုယ်ဝန်ရှိနေပီ'
'ဘာ!'
ရတုကော်လံစများကိုဆွဲထားတဲ့လက်များလျှောကျသွားသည်
'သူ့မှာဇင်ကိုလတ်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပီအရူးမရဲ့'
ရတုစကားကြောင့်ကုတင်ပေါ်ခြေလွတ်လက်လွတ်ပြန်ထိုင်ချလိုက်တဲ့ မြတ်ကိုကြည့်ကာရတုသနားမိတယ်
'ဒီမှာ သူ့စာ နင်အဖျားရှိေနတယ် အေးအေးဆေးဆေးအနားယူလိုက်ဦး သက်သာမှငါကိုယ်တိုင်သီရိမြိုင်ကိုပြန်ပို့ပေးမယ်'
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"