အခန်းရှေ့မှာယောက်ယက်ခက်နေတဲ့မြတ် လက်နှစ်ဖက်ကလဲအငြိမ်မနေနိုင်ပဲလက်ကိုရိုက်လိုက်ခေါင်းကိုပုတ်လိုက်နဲ့အခန်းရှေ့မှာကူးကလန်ခတ်နေသည်ကိုကြည့်ပြီးမေမေကမျက်စိနောက်လာပြီမို့
'ငြိမ်ငြိမ်ထိုင်နေစမ်းမြတ်'
'ကြိုး သူ သူအဆင်ပြေမှာပါနော်'
မျှော်လင့်ချက်တွေပြည့်နေတဲ့အကြည့်နဲ့မေးနေတဲ့သမီးဖြစ်သူကိုကြည့်ရင်းသက်ပြင်းအရှည်ကြီးချကာ
'မြတ်ကိုမေမေမကြိုက်တာအဲ့တာပဲ လုပ်ချင်တာတယ် လုပ်ပြီးပြန်ရင်လည်းနောက်တကရပြီ'
'မြတ်လဲရည်မှမရည်ရွယ်ပဲ မြတ်ဒေါသအရမ်းထွက်သွားတာနဲ့ စိတ်မထိန်းနိုင်ဖြစ်သွားတာကို'
'အဲ့စိတ်ကိုမရရအောင်ထိန်းမှပေါ့ အခုကြည့်စမ်းကလေးကိုမသေကောင်းမပျောက်ကောင်းအဲ့လောက်ထိရိုက်စရာလား'
မြတ်ကမေမေ့ရဲ့လက်မောင်းကိုအားရပါးရရိုက်နှက်လေသည်
'မြတ်ပြောတယ်လေ စိတ်မထိန်းနိုင်ဖြစ်သွားတာလို့ တမင်ရည်ရွယ်ပြီးလုပ်တာမှမဟုတ်တာ'
'အေးအေး ငါမှားတာ ငါပဲမှားတာ ညည်းကလေ မြတ်စွာဘုရားကိုယ်တိုင်ဆင်းလာပြီးဆုံးမရင်တောင်လက်ခံမဲ့သူမဟုတ်မှန်းငါမေ့သွားတာ'
မြတ်နဲ့ မေမေစကားပြောနေတုန်းမမ အခန်းထဲကထွက်လာသည် မြတ် မမဆီကိုအပြေးလေးသွားကာ မမရဲ့လက်ကိုအားကိုးတကြီးကိုင်ရင်း
'မမ သူဘယ်လိုနေလဲ'
'ကိုယ့်လက်ဆကိုယ်မသိဘူးလားမြတ် နင့်ကိုတော့ ငါပြောမနိုင်တော့ဘူး ငါကြိုးကိုဆေးလိမ်းပေးထားတယ် အားနည်းနေလို့လဲဆေးသွင်းပေးထားတယ် အိပ်ဆေးပေးထားတာမို့အိပ်ပျော်နေလိမ့်မယ် နှိုင်းပြောတယ် ကြိုးအခုတလောအိပ်ရေးတွေပျက်တယ်တဲ့ သူအေးဆေးအိပ်ပါစေ'
'အင်း ဒါဆိုမြတ်အထဲဝင်သွားလိုက်တော့မယ်နော်'
အခန်းထဲဝင်ဖို့လုပ်တဲ့မြတ်ရဲ့လက်ကိုမမကဆွဲထားသည်
'မြတ်'
'ဟင် ပြောလေ မမ'
'ကျန်ခဲ့တဲ့တစ်ပတ်ကကြိုးမွေးနေ့ဆိုတာသတိရရဲ့လား'
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"