EP-18

9.1K 711 17
                                    

4 months later
ကြိုးတိုက်ခန်းတစ်ခုမှာနေရင်းကျောင်းဆက်တက်ခဲ့တယ် နှိုင်းနဲ့အန်တီဦးသာသိတဲ့နေရာပေါ့ ပြီးတော့ ကော်ဖီဆိုင်မှာလဲအချိန်ပိုင်းအလုပ်ဝင်လုပ်ဖြစ်သည် သီရိမြိုင်ကနေ ထွက်ခွာလာခဲ့တဲ့ တစ်နှစ်ပတ်လုံးမာမီ့အကြောင်းမတွေးမိ စိတ်မပူမိတဲ့ရက်ဟူ၍မရှိ အချစ်ဆိုတဲ့အရာကလဲထူးဆန်းသား ဦးနှောက်ကသာမုန်းဖို့တိုက်တွန်းခဲ့ပေမဲ့ နှလုံးသားက မမုန်းနိုင်ခဲ့ဘူးမဟုတ်လား

'မှာထားတာလေးတွေရပါပြီရှင့်'

'ဒီမှာပိုက်ဆံပါ'

'ဝယ်ယူအားပေးမှု့အတွက်ကျေးဇူးတင်ပါတယ်'

ဆိုင်ကဝန်ထမ်းအချင်းချင်းကြားမှာတောင် ကြိုးကအချစ်ခံလေးပင်

'ကြိုး ဒီမှာ စား'

'Wow အရသာအရမ်းရှိတာပဲ'

'မမရဲ့ကြိုးလေးစားဖို့တကူးတကစပရှယ်ချက်လာတာ မကောင်းပဲနေမလား'

'ချွင်!'

ဆိုင်ထဲလူဝင်လာရင်တံခါးဝကခေါင်းလောင်းလေးကအသံမြည်တာမို့ အားလုံးဆိုင်ထဲဝင်လာသူကိုကြည့်လိုက်ကြတယ်

'ကြိုဆို... ဪ မင်းသူပြန်လာပြီပဲ'

မင်းသူဆိုသည်ကား ကြိုးတို့ဆိုင်ရဲ့ deli orderတွေကိုလိုက်ပို့ပေးတဲ့ဝန်ထမ်းကောင်လေးပင် ပြီးတော့ ကြိုးကိုကြိုက်နေသူလည်းဖြစ်သည် မင်းသူကကြိုးတို့ထိုင်တဲ့ဝိုင်းဆီလျှောက်လာကာခုံတစ်ခုံဆွဲပြီး ဝင်ထိုင်တယ်

'သွားပို့တာပြန်လှချေလား'

'Deliတွေ စားသုံးသူတွေဆီကိုရောက်ဖို့အမြန်ဆုံးလမ်းတွေကိုသိတယ်လေ ဒါပေမဲ့တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်မဲ့အမြန်ဆုံးလမ်းကိုတော့မသိဘူး'

'Wow proကြီးဟ တော်ကီကြွယ်တယ်ကွာ'

မင်းသူက

'ကြိုး'

'အင်း'

'ပိတ်ရက်ကျအားလား'

'ဘာလို့'

'ရုပ်ရှင်တူတူသွားကြည့်ကြမလား'

'အခန်းမှာ tv ရှိတယ် ဖုန်းမှာ Netflix ရှိတယ် ရုပ်ရှင်ရုံသွားစရာမလိုဘူး'

သီရိမြိုင်Место, где живут истории. Откройте их для себя