Unicode
ရှီယွင်နန်တစ်ယောက် ကောင်းကောင်းမအိပ်ခဲ့ရသည်မှာ ကြာပြီမို့ တစ်ညလုံး သက်တောင့်သက်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ မျက်လုံးလေးကိုမှိတ်ထားရင် သူလုပ်နေကျအတိုင်း အပျင်းကြောဆန့်လိုက်၏။ သို့သော် နောက်တစက္ကန့်မှာပင် သူ့လက်ချောင်းလေးတွေက နွေးထွေးမှုကို ထိတွေ့သွားသည်။
သူလက်ညှိုးလေးနှင့် ထိုးကြည့်လိုက်သည့်အခါ အနည်းငယ် စူးရှရှ ခံစားလိုက်ရ၏။
ရှီယွင်နန် မျက်လုံးလေးဖွင့်ကြည့်လိုက်သည့်အခါ သူ့လက်ချောင်းများက လော့လင်းရှန်း မေးစေ့ကို ကျူးလွန်နေမှန်း တွေ့လိုက်ရလေသည်။
လော့လင်းရှန်းလည်း နိုးလာပြီး သူ့အား စိုက်ကြည့်ကာ— "ကိုင်လို့ ဝပြီလား? မင်းက အိပ်နေရင်း ဟိုလှုပ်ဒီလှုပ် အရမ်းလုပ်တာပဲ။"
"..."
ရှီယွင်နန် ခဏတာ မှင်သက်နေပြီးနောက် သူ့နားရွက်လေးမှာ နီရဲလာတော့သည်။
သူဟာ အခုချိန်တွင် တဖက်လူ၏ လက်မောင်းအား လူသား ခေါင်းအုံးအဖြစ် အတင်းအကြပ်အသုံးပြုထားပြီး လော့လင်းရှန်း ရင်ခွင်ထဲတွင် ကွေးကွေးလေးရှိနေ၏။
ရှီယွင်နန် ဘေးသို့ အမြန်ရွှေ့လိုက်သည်။ သူ့မျက်လုံးထောင့်ကနေ လေအေးပေးစက်ကို တွေ့လိုက်သည့်အခါ ညက အဖြစ်အပျက်ကို ပြန်အမှတ်ရသွား၏။ "မီး ပြန်ကောင်းသွားပြီလား?"
"အင်း သိပ်မကြာလိုက်ဘူး။"
လော့လင်းရှန်း အမှန်အတိုင်းပြောလိုက်ပြီး သူ့အနားသို့ တိုးကပ်လိုက်သည်။ "ဒါပေမယ့် ကိုယ့်ရင်ခွင်ထဲမှာ အိပ်နေတဲ့သူကတော့ ဘယ်လောက်အော်နှိုးနှိုး လုံးဝမနိုးဘူးလေ"
"ရှီယွင်နန် မင်းကိုယ့် အိပ်ရာပေါ်မှာပဲ အိပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတာလား?"
နှစ်ယောက်သားမှာ အရမ်းနီးကပ်နေလွန်းတာကြောင့် မနက်ခင်း အနမ်းလေးကို ဖလှယ်တော့မည့် အတိုင်းပင်။
ရှီယွင်နန် ခဏတာ လန့်ဖျတ်သွားပြီးနောက် ပါးပြင် တွေမှာ ပူနွေးလာလေသည်။ "ခင်ဗျား ကျွန်တော့်ကို နှိုးတယ်ပေါ့? ကျွန်တော် ဘာလို့ မမှတ်မိတာပါလိမ့်?"
လော့လင်းရှန်းက မျက်ခုံးပင့်ကာ သူ့အမေးကို တိုက်ရိုက် ပြန်မဖြေ။ သူ အရင် တစ်ဖက်သို့လှည့်ကာ ထလိုက်ပြီး ပြောလိုက်သည်။ "အိပ်ရေးဝရင် ထပြီး မျက်နှာသစ်တော့။ ပြီးရင် ခြေသလုံးက ဒဏ်ရာကို ဆေးထည့်။"
"အိုး ဟုတ်ပါပြီ။"
အမှန်တော့ ရှီယွင်နန်တွင် အိပ်ရာပေါ်မှာ လှဲနေတတ်သည့် အကျင့်ရှိ၏။ နေ့တိုင်း အိပ်ရာက နိုးလာတာနှင့် နာရီဝက်လောက် အိပ်ရာပေါ်တွင် လှဲနေတတ်သည်။
သို့သော်လည်း ယခုတွင် သူဟာ တခြားလူတစ်ယောက်၏ ခုတင်ပေါ်တွင် လှဲနေတာကြောင့်၊ မရဲတင်းရဲပေ။ သူ ရေမိုး ချိုးပြီးသည့်အခါ လော့လင်းရှန်းမှာထားတဲ့ မနက်စာကိုလည်း ခင်းကျင်းထားပြီးလေပြီ။
ရှီယွင်နန်တစ်ယောက် ပင်လယ်စာ ဆန်ပြုတ်ကို သောက်နေသော်လည်း သူ့စိတ်က အစားအသောက်အပေါ်တွင် ရှိမနေ။ သူ့မျက်လုံးများက မျက်နှာချင်းဆိုင်ရှိ လော့လင်းရှန်းကိုသာ ခိုးခိုးကြည့်နေမိ၏။
သူက အမြဲအအိပ်ဆက်တယ်။ အထူးသဖြင့် မနေ့ညကလို မီးပျက်နေတဲ့ အခြေအနေဆိုရင်ပေါ့။ ဒါပေမယ့် မနေ့ညက သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာကိုတော့ ဝန်ခံရမှာပဲ!
သူ လော့လင်းရှန်းကို သိတာမကြာသေးပေမယ့်လည်း လော့လင်းရှန်းဆီကနေ ယုံကြည်အားထားရတဲ့ ခံစားမျိုးကိုတော့ ရှီယွင်နန် အကြိမ်ကြိမ် ခံစားမိ၏။
မျက်နှာချင်းဆိုင်မှ စူးစူးရှရှ စိုက်ကြည့်ခံနေရသည့် လော့လင်းရှန်းတစ်ယောက် အနည်းငယ် ပူလောင်လာကာ သူ့အား အသံဖြင့် သတိပေးလိုက်သည်။ "မင်း ဘာလို့ ငါ့ကို ကြည့်နေတာလဲ?"
"ချောလို့။
ရှီယွင်နန်ကလည်း သူအလှအပကို ကြိုက်တယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်မနေပါ။
လော့လင်းရှန်း ဆက်မစားတော့ဘဲ မနိုင်ဘူးဆိုတဲ့ မျက်နှာထားလေးဖြင့် မေးလာသည်။ "ဒီနေ့ ဘာအစီအစဉ်တွေရှိလဲ?"
"စာအုပ်ဆိုင်သွားပြီး ကျောင်းသုံး ပစ္စည်းတွေ ဝယ်မလို့။ ပြည်တွင်းက သင်ရိုးနဲ့ အကျွမ်းတဝင်ဖြစ်အောင်လုပ်ရမယ်လေ။ စက်တင်ဘာလ စတက်ရတော့မှာဆိုတော့ စာမလိုက်နိုင်မှာ စိုးတယ်။"
ရှီယွင်နန်က ဆန်ပြုတ်တစ်ဇွန်းခပ်သောက်ကာ ဆက်ပြောလာသည်။ "ဒါနဲ့ ကျွန်တော် နွေရာသီ အချိန်ပိုင်း အလုပ်လည်း ရှာနေတယ်"
ဝမ်ရိပေက သူ့အား နေထိုင်စရိတ် ပေးချင်သော်လည်း၊ သက်တူရွယ်တူဖြစ်တဲ့ ရှီယွင်နန်မှာ သူ့အစ်ကိုအပေါ် ငွေရေးကြေးရေး ဖိအား မပေးချင်။
သူ ဒုတိယနှစ်ဝက် စတက်ပါက အာရုံတွေများပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက် အချိန်ပိုင်းအလုပ်ရှာဖို့ကလည်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့ လုပ်မယ့်အစား နွေရာသီအားလပ်ရက်ကို စာသင်စရိတ်စုဖို့အတွက် အသုံးချရလေမည်။
"..."
လော့လင်းရှန်း ဘာမှ ပြန်မပြောလိုက်ချေ။
ရှီယွင်နန် အချိန်ပိုင်းလုပ်ပြီး နေထိုင်စရိတ်ပေးမှာကို သူအစက တားချင်သော်လည်း ရှီယွင်နန်မှာ အသွေးအသားထဲက မာနရှိပြီး ကိုယ့်ကိုယ်ကို လေးစားသူမှန်း၊ တစ်ဖက်လူမှာလည်း သူ့နည်းသူဟန်နှင့် ရှင်သန်မယ့် နည်းလမ်းရှိကြောင်း သူတွေးမိသွားသည်။
သူ့ကိုယ်ပိုင် အတွေးအခေါ်ဖြင့် တစ်ဖက်လူ၏ အစီအစဉ်ကို ပိတ်ပင်တာမျိုး သူ မလုပ်သင့်။
"ဟုတ်ပါပြီ ဒီည ဘာစားချင်လဲ?" လော့လင်းရှန်း စကားလမ်းကြောင်း လွှဲလိုက်၏။ အစားအသောက်ဖိုးအပါလို့ သူပြောခဲ့တာကြောင့်၊ တစ်နပ်တောင် လွတ်လို့ မဖြစ်ပေ။
"အမ်..." ရှီယွင်နန် လေးလေးနက်နက် စဉ်းစားကာ—
"ငါး စားချင်တယ်၊ အရိုးမျှင်ထားတဲ့ ငါး၊ ခင်ဗျား ချက်ပေးလို့ ရမလား?"
လော့လင်းရှန်း ငြိမ်ကျသွား၏။
သူ၏ ဟင်းချက်စွမ်းရည်မှာ သိပ်မကောင်းလှ။ ရိုးရိုးဟင်းလျာလောက်သာ ချက်နိုင်လေသည်။
အစကတော့ မှာစားဖို့သာ မေးလိုက်တာဖြစ်သော်လည်း ရှီယွင်နန်က ဒီလို စိတ်အားထက်သန်စွာ တောင်းဆိုလာမယ်လို့ သူ မထင်ထားပေ။
လော့လင်းရှန်း မျက်လုံးထဲ တုံ့ဆိုင်းနေသော အရိပ်အယောင်ကို တွေ့သည့်အခါ ရှီယွင်နန် သတိတကြီး ပြန်မေးလိုက်သည်။ "ခင်ဗျား မချက်တတ်ဘူးလား? ဒါဆို ခင်ဗျား ချက်တတ်တဲ့ဟာ ချက်ပါ။ ကျွန်တော်က အစားမရွေးပါဘူး။"
"သိပြီ မင်းအတွက် ချက်ပေးမယ်"
"ဘာကိုလဲ?"
"အရိုးထွင်ပြီးသား ငါးပေါင်း"
ရှီယွင်နန် သူ့ကတိကို မှတ်ထားလိုက်ပြီး အပြုံးလေးနဲ့ လက်ကျန် ဆန်ပြုတ်လေးကို အကုန်သောက်ချလိုက်၏။
ဆယ့်ငါးမိနစ်အကြာတွင်—
လော့လင်းရှန်း ကားထဲသို့ ဝင်လိုက်သော်လည်း အလျင်စလို မမောင်းသေးပေ။
သူက ဖုန်းကိုဖွင့်ကာ ငါးအသားပေါင်းနည်းကို သေသေချာချာ လေ့လာနေခဲ့၏။ သောင်းနှင့်ချီသော အမှာစာများကတောင် ဒီကိစ္စလောက် မရှုပ်ထွေးလောက်ဘူးဟု သူခံစားနေရလေသည်။
-ခင်ဗျား ချက်ပေးလို့ရမလား?
ရှီယွင်နန်၏ မျှော်လင့်တကြီး စောင့်မျှော်နေသော မျက်လုံးလေးက သူ့စိတ်ထဲ ပြန်ပေါ်လာ၏။
နောက်ဆုံးတော့ လော့လင်းရှန်း သက်ပြင်းချကာ ဟင်းချက်နည်းအဆင့်ဆင့် ဝဘ်ဆိုက်အား သူ၏ favorite စာမျက်နှာထဲသို့ ထည့်ထားလိုက်ရတော့သည်။
...
ရှီယွင်နန်တစ်ယောက် လစာကောင်းကောင်းဖြင့် ယုံကြည်စိတ်ချရသော အချိန်ပိုင်းအလုပ်ကို ရရှိခဲ့၏။
သူဌေးမှာ နိုင်ငံခြားတွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး အသက်လေးဆယ်ကျော်လောက်မှာပင် ပိုက်ဆံတွေအများကြီး စုမိထားလေပြီ။ ယခုတွင် သူက အင်ပါယာမြို့တော်၏ အချက်အချာကျသည့်နေရာတွင် ဝိုင်စက်ရုံကို တည်ထောင်ထား၏။ သူဟာ အမြတ်အစွန်းကို ဂရုမစိုက်သည့် အေးအေးလူလူ သူဌေးတစ်ယောက်ဖြစ်သည်။
ရှီယွင်နန် လုပ်ရသည့် အလုပ်မှာလည်း ရိုးရှင်းလှ၏။ သူဟာ မှာယူလို့ရသည့် ဝဘ်ဆိုက်နှင့် အင်ပါယာမြို့တော်အတွင်းရှိ ဝိုင်အရောင်းဆိုင်များ၏ အဝင်အထွက်စာရင်းကို တာဝန်ယူထားသည်။
ဒါ့အပြင် စာလေ့လာလို့ရမည့် အချိန်လည်း ရလေသည်။
ရှီယွင်နန်နှင့် လော့လင်းရှန်း၏ နေ့စဉ်လည်ပတ်ပုံမှာ အတူတူပင်။ တစ်ယောက်က အလုပ်အပေါ် အာရုံစိုက်နေပြီး နောက်တစ်ယောက်က ပညာရေးအပေါ် အာရုံစိုက်နေကာ တစ်နေ့လျှင် မနက်စာ စားချိန်နှင့် ညစာ စားချိန်မှသာ တွေ့ဖြစ်ကြ၏။
သို့သော်လည်း ရှီယွင်နန်မှာတော့ ထိုရိုးရိုးရှင်းရှင်းဘဝလေးကနေ "အိမ်" ဆိုသည့် အရသာကို အပြည့်အဝခံစားမိသည်။
အချိန်ကုန်သည်မှာ မြန်ဆန်လွန်းလှကာ ဩဂုတ်လသို့ ရောက်ရှိလာ၏။
ဆိုင်အ၀င်ဝမှ အော်တို ကြိုဆိုသံ ထွက်လာသည်။
"မော့ကော"
တဖက် စာရေးဝန်ထမ်း၏ အသံကိုကြားသောအခါ ရှီယွင်နန် လက်ထဲက ဘောပင်ကိုချလိုက်ပြီး အမြန် ထရပ်လိုက်သည်။
မော့ကော ဆိုသည့် သူဌေးမှာ ရှီယွင်နန်အား ရှာနေလေသည်။ "ရှောင်ရှီ ဒီလကုန်ရင် ထွက်မှာလား?"
ရှီယွင်နန် ခေါင်းညိတ်ကာ— "ဟုတ်၊ မနက်ဖြန်နောက်ဆုံးနေ့ပါ၊ ကျောင်းက လာမယ့် တနင်္လာဆိုစပြီလေ။"
ထိုစကားကြားသည့်အခါ မော့ကောက "ကျစ်" ဟု စုပ်သပ်လိုက်ပြီး၊ တိတ်တဆိတ်ဆွေးနွေးရန် သူ့အား တဖက်သို့ ဆွဲခေါ်သွားတော့သည်။ "ဒီလာမယ့် စနေ ငါတို့ ဝိုင်တွေရဲ့ ကိုယ်စားလှယ်အနေနဲ့ မင်း ဧည့်ခံစားသောက်ပွဲတစ်ခု တက်ပေးလို့ရလား?"
ရှီယွင်နန်က ချီတုံချတုံ ပြန်မေးလိုက်သည်။ "ဧည့်ခံ စားသောက်ပွဲ?"
"မင်း အင်ပါယာမြို့တော်က လော့မိသားစုကို သိတယ်မလား?" သူဌေးက ရှီယွင်နန်အား အလုပ်ကြိုးစားသည့် ကလေးတစ်ယောက်ဟု မှတ်ယူထားကာ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှ ဂုဏ်သတင်းကြီးသည့် လော့မိသားစုအကြောင်း တမင်တကာ မိတ်ဆက်ပေးလာသည်။
"..."
ရှီယွင်နန် ချောင်းဟန့်ကာ— "မော့ကော ဘာလို့ ကျွန်တော့်ကို ခေါ်တာလဲ?"
"ငါက လော့မိသားစုဧည့်ခံပွဲ တာဝန်ခံနဲ့ သူငယ်ချင်းလေ။ အဲ့တော့ ငါတို့ မိသားစုရဲ့ ဝိုင်အဆက်အသွယ်တွေအရ သူက ငါတို့ ဝိုင်ကို ဧည့်ခံပွဲမှာ သုံးမလို့တဲ့။"
"အမှားလုပ်မိတာမျိုးတွေ မဖြစ်အောင် အခြေအနေကို ဂရုတစိုက်စောင့်ကြည့်ဖို့ ဝိုင်သယ်မယ့် လူကို လွှတ်ပေးဖို့ လိုတယ်လေ"
"ငါကိုယ်တိုင် သွားသင့်ပေမယ့် ငါ့ဇနီး ကလေးမွေးမယ့် ရက်ကနီးနေလို့ အချိန်ရှင်းထားမှ ဖြစ်မှာ။ မင်းက ရုပ်လေးကလည်း ချောသလို ထက်မြတ်တဲ့ ကလေးလေ။ ငါတို့ စက်ရုံကိုယ်စားပြုအနေနဲ့ ကွက်တိပဲ။"
မော့ကောက ရှီယွင်နန်အား တကယ့်ကို အရေးပေးလေသည်။ သူက ရှီယွင်နန် ပုခုံးလေးပေါ် လက်တင်ကာ ဆွေးနွေးလာသည်။ "ပွဲက အနည်းဆုံး သုံးနာရီ လေးနာရီလောက်ပဲကြာမှာ၊ ငါ မင်းလစာထဲ ယွမ်တစ်ထောင် အပိုထပ်ပေးမယ်လေ။ ရှောင်ကျိုးလည်း သဘောတူပြီးပြီ၊ နှစ်ယောက်တူတူသွားကြပေါ့။"
လော့မိသားစုမှာ ချမ်းသာပြီး အင်အားကြီးမားလေသည်။ မော့ကောတစ်ယောက် ဤလုပ်ငန်းတစ်ခုတည်းမှ အမြတ်ငွေ ယွမ်ငါးသန်း၊ ခြောက်သန်းအထိ ရရှိထားတာကြောင့် သူ၏ ဝန်ထမ်းအား ရက်ရက်ရောရော ပေးသည်မှာ သဘာဝကျလှသည်။
"ကောင်းပါပြီ မော့ကော ကျွန်တော့်ကို ဒီအခွင့်အရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။" ရှီယွင်နန် ချက်ချင်းပင် သဘောတူလိုက်၏။
ခန်းမထဲဝင်ပြီး ဝိုင်တွေကို စောင်ကြည့်ရတဲ့ တာဝန်က မခက်။ ဧည့်ခံပွဲမှာသာ သူတို့ ဝိုင်ကို ကြိုက်တဲ့သူတွေရှိရင် ဖောက်သည်ရဖို့ လွယ်ကူသွားလေပြီ။
ကျောင်းစတက်မှာကို မနှောင့်နှေးစေသလို၊ နေထိုင်စရိတ်အတွက် အပိုငွေလည်း ရရှိနိုင်မည်။ အရေးကြီးဆုံးက လော့မိသားစုဧည့်ခံပွဲဆိုတော့ လော့လင်းရှန်းလည်း ရောက်လာမယ် မဟုတ်လား?
မော့ကော တစ်ယောက် အလွန်ကျေနပ်သွားတော့သည်။ "ပွဲက စားပွဲထိုးတွေအတွက် သီးသန့်ဝတ်စုံရှိတယ်။ မင်းရဲ့ ဆိုဒ်ကိုပြောလေ။ မနက်ဖြန် မင်းဆီ တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်မယ်"
"ကောင်းပါပြီ"
...
လော့မိသားစု၏ ဧည့်ခံပွဲအား လော့မိသားစု အိမ်ယာတွင် ကျင်းပထားသည်။
ရှီယွင်နန်တို့ ဝိုင်ပို့ဆောင်ရေး ကားနှင့်အတူ လိုက်လာကြ၏။ ပင်မဂိတ်ဝကနေ ခန်းမဆီသို့ ငါးမိနစ် ခြောက်မိနစ်လောက် မောင်းရသည်။
"ဟေ့ ချမ်းသာတဲ့လူတွေကတော့ ပိုလွန်းပါတယ်ကွာ။ ဒီလောက်ကြီးတဲ့ အိမ်ကြီးမှာ လူဘယ်နှစ်ယောက်တောင် နေနိုင်လောက်လဲ?" ဒါရိုက်ဘာမှာ မညည်းတွားဘဲ မနေနိုင်တော့။ "ရှောင်ရှီ၊ ရှောင်ကျိုး မင်းတို့ကော အဲ့လိုထင်တယ်မလား?"
"အင်း"
ရှီယွင်နန် တုံ့ပြန်လိုက်ပြီး သူ့စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွား၏။
ဒီလို ပိုက်ဆံရှာသည့် အခွင့်အရေးသာ မရခဲ့ပါက သူလိုလူမျိုးဟာ ဒီလိုဇိမ်ခံအိမ်ကြီးထဲ ဝင်ခွင့်ရမည်မဟုတ်ပါချေ။
ရာစုနှစ် ချမ်းသာလာသည့် လော့မိသားစုနှင့်ယှဉ်လျှင် ရှီမိသားစု၏ ချမ်းသာကြွယ်ဝမှုများမှာ အသေးအဖွဲ့သာ။ ဒါ့အပြင် သူဟာ အရေးမပေးခံရသည့် သခင်လေး တစ်ဦးပင်။
လော့လင်းရှန်းဟာ များသောအားဖြင့် သာမန်အိမ်လေးတွင်သာ နေနေသော်လည်း အကြီးအကဲလော့၏ အချစ်ဆုံးမြေးလေးဆိုတာကို ရှီယွင်နန် အစောကြီးကတည်းက ကြားဖူးနေခဲ့သည်။
လမ်းများအားလုံးဟာ ရောမကို ဦးတည်နေသကဲ့သို့၊ လော့လင်းရှန်းဟာလည်း ရောမမြို့လယ်တွင် ကြီးပြင်းလာသူဖြစ်လေသည်။
အရင်တုန်းကတော့ တမိုးအောက်တည်း နေခဲ့ရတာမလို့ သူတို့နှစ်ယောက်ကြား ဒီလောက်ခြားနားနေမယ်ဆိုတာ ရှီယွင်နန် သဘော မပေါက်ခဲ့။ အခု နှိုင်းယှဉ်ကြည့်မှသာ သူတို့နှစ်ယောက်၏ နောက်ခံတွေက လုံးဝခြားနားနေမှန်း ရှီယွင်နန် သဘောပေါက်သွားတော့လေသည်။
"ရှောင်ရှီ ဘာတွေ စဉ်းစားနေတာလဲ? ငါတို့ရောက်ပြီနော်"
ဆရာစုန့်က ကားကိုရပ်လိုက်ပြီး အတွေးလွန်နေသည့် ရှီယွင်နန်အား မေးလာသည်။
ရှီယွင်နန် သူဝတ်ထားသည့် စားပွဲထိုး အဝတ်အစားကို သေသေသပ်သပ် ပြန့်အောင် ပြင်ဆင်လိုက်ပြီး၊ သူ့စိတ်အခြေအနေကို အမြန်ထိန်းကာ ကားပေါ်မှ ဆင်းလိုက်တော့သည်။
...
ညနေ ခြောက်နာရီခွဲသည်နှင့် တိတိကျကျ ပွဲကို စတင်တော့၏။
ရှီယွင်နန်ကတော့ ဧည့်သည့်များကို ဧည့်ခံကျွေးမွေးသည့် အခြားစားပွဲထိုးများနှင့်မတူပါ။ သူက သူတို့ကိုယ်ပိုင်အမှတ်တံဆိပ် ဝိုင်စင်ဘေးတွင်သာ အေးအေးဆေးဆေးရပ်နေပေးရန် လိုအပ်လေသည်။
ကောလဟလများတွင် အမြဲကြားနေရခဲ့သည့် အကြီးအကဲ လော့ပိုင်ရှန်းမှာ အသက်ကိုးဆယ့်လေးနှစ်ရှိနေပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းပြီး ခံခံညားညား ရှိနေတုန်းပင်။
သူ့အနားတွင် ရှိနေသည့် သားသမီး မြေးများမှလွဲ တခြားဧည့်သည်တွေမှာ ရဲရဲတင်းတင်း စကားသွားမပြောရဲကြ။
"လူအိုကြီးက လော့လင်းရှန်းကို သဘောအကျဆုံးလို့ ပြောနေကြတာ မအံ့ဩတော့ပါဘူး။ သူတို့နှစ်ယောက်က တော်တော် တူတာပဲ။" ရှီယွင်နန်တစ်ယောက် လော့လင်းရှန်း အသက်ကြီးလာရင် ဖြစ်သွားမည့် မျက်နှာထားကို စိတ်ကူးယဉ်တွေးတောနေရင်း ပါးစပ်လေးကိုအုပ်ကာ ရယ်နေမိသည်။
ရှီယွင်နန် ခမ်းနားသည့် ခန်းမကြီးထဲ လှမ်းကြည့်နေရင်း ခန်းမကြီး၏ အလယ်တွင် သူတွေးတောနေသည့် လူ၏ ပုံရိပ်လေးအား တွေ့လိုက်ရလေသည်။
လော့လင်းရှန်းက အနက်ရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး၊ ချောမောသည့် ရုပ်ရည် ရှည်လျားသည့် အရပ်ကြောင့် လူအုပ်ထဲတွင် ထင်းနေသည်။
လော့လင်းရှန်းတို့ တမိသားစုလုံးမှာ ချောမောကြပြီး၊ သူတို့၏ အမူအရာ ဂုဏ်ကျက်သရေမှာ အခြားသူများ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ဝေးကွာလှ၏။
ရှီယွင်နန်သာမက ခန်းမထဲရှိ အခြား သခင်လေး များ သခင်မလေးများကပါ သူ့ကို သဘောတကျ ဝိုင်းကြည့်နေကြသည်။
"ငါကြားတာတော့ မစ္စလော့က လော့လင်းရှန်းနဲ့ ချန်မိသားစုက သမီးကို လက်ထပ်ပေးဖို့ စီစဉ်နေတာတဲ့။"
"တကယ်ကြီးလား? ချန်မိသားစုရဲ့ သမီးက ဘယ်သူလဲ?"
"ချန်ခယ့်ချင်းလေ၊ ဇွန်လလောက်ကမှ အမေရိက Ridge တက္ကသိုလ်ကနေ ဘွဲ့ရထားတာ။ လော့လင်းရှန်းနဲ့ သူက အသက်တူတူလောက်ပဲ... လော့နဲ့ ချန်က အမြဲတမ်း ဆက်ဆံရေးကောင်းကြတယ်လေ။ မိဘတွေက သူတို့ကို ပေးစားဖို့လုပ်နေတာ၊ တစ်ဆယ်မှာ ရှစ်လောက်တော့ သေချာပေါက် အောင်မြင်မှာပဲ"
"အဲ့ဒါက မသေချာပါဘူး။ လော့လင်းရှန်းကို ကြိုက်တဲ့သူတွေ အများကြီးရှိတာပဲ။ သူ မလိုချင်ရင် ဘယ်သူက အတင်းအကြပ်လုပ်နိုင်မှာလဲ?"
"ချမ်းသာတဲ့ မိသားစုတွေကြားမှာ အချစ်ဆိုတာ ဒုတိယပဲ..."
...
ရှီယွင်နန်တစ်ယောက် သူ့ဘေးပတ်ပတ်လည်ရှိ ဆွေးနွေးစကားသံကို ကြားလိုက်ရသည့်အခါ၊ ပျော်မြူးနေသည့် စိတ်လေးကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့သွားတော့၏။
ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရတယ်၊ အသက်လည်း တူတူပဲ၊ မိသားစုအခြေအနေကလည်း ကောင်းတယ်။ ပြီးတော့ မိဘပေးစားတဲ့သူ။
လက်တွေ့ဆန်လွန်းနဲ့ စကားလုံးတွေဟာ သူ့အတွေးထဲ ပဲ့တင်ထပ်နေသည်။
အခုချိန်တွင် ရှီယွင်နန်မှာ လော့လင်းရှန်း သူ့ကို သတိပြုမိသွားဖို့ကို မျှော်လင့်နေသလို၊ လော့လင်းရှန်း သူ့ကို သတိပြုမိသွားမှာကိုလည်း ကြောက်နေမိ၏။
စိတ်လိုက်မာန်ပါ လှမ်းသွားတော့မယ့် ခြေလှမ်းလေးဟာ နောက်ဆုံးတော့ နောက်ကို ပြန်ဆုတ်သွားလေသည်။
ရုတ်တရတ် အချင်းချင်း နောက်ပြောင်နေသည့် လူချမ်းသာ သခင်လေး နှစ်ယောက်နှင့် ရှီယွင်နန်မှာ တိုက်မိသွားပြီး သူတို့လက်ထဲမှ ဝိုင်တွေဟာလည်း သူ့အပေါ်သို့ လွင့်စင်လာတော့သည်။
နီညိုရောင် ဝိုင်များဟာ ချက်ချင်းပင် အဖြူရောင် အင်္ကျီလေးအပေါ် စွန်းထင်းသွားပြီး အချိန်တိုအတွင်း သန့်စင်ဖို့ခက်သည့် အစွန်းအကွက်များ ဖြစ်သွားသည်။
"ဖာ့ခ် မင်းမျက်လုံးမပါဘူးလား?"
သူ့ရှေ့ရှိ လူချမ်းသာ သခင်လေးကတော့ သူ့လက်ခုံပေါ်ရှိ ဝိုင်စက်လေးကို ဒေါသတကြီး ခါထုတ်နေရင်း အသံတိုးတိုးဖြင့် ကျိန်ဆဲလာသည်။
ရှီယွင်နန် သူ့အနေအထားကို အမှတ်ရသွားကာ ဒေါသကို မျိုသိပ်လိုက်သည်။ "တောင်းပန်ပါတယ် ကျွန်တော်..."
"ဟေး နေဦး မင်းကို ရင်းနှီးနေသလိုပဲ"
တဖက်လူက ရှီယွင်နန်၏ မျက်နှာအား စူးစူးစိုက်စိုက် ကြည့်လာပြီးနောက် ပြုံးကာ—
"ဒုတိယသခင်လေးရှီမလား?"
တစ်ချိန်တည်းမှာပင် ရှီယွင်နန်လည်း တဖက်လူကို မှတ်မိသွား၏။ သူ့ရှေ့ကလူမှာ ဝေ့မိသားစုမှ သခင်လေးပင်။ အရင်တုန်းက တခြားပွဲတစ်ခုတွင် သူတို့နှစ်ဦး ဆုံခဲ့ဖူးကြ၏။
ရှီယွင်နန်ထက်စာရင် သခင်လေးဝေ့မှာ သူ၏ အမည်ခံညီလေး ရှီးခယ့်ယွဲ့နှင့် ပိုရင်းနှီးသည်။
ရှီယွင်နန်မှန်း သေချာသွားပြီးနောက် သခင်လေးဝေ့က ချက်ချင်းပင် လှောင်ပြောင်သရော်လာတော့သည်။ "အချိန်တွေက အရာအားလုံးကို ပြောင်းလဲနိုင်တာပါလား။ အဲ့တော့ မင်းက စားပွဲထိုး အဝတ်အစား ဝတ်ရတဲ့ အဆင့်တောင် ရောက်သွားပြီပေါ့? မရှက်ဘူးလား?"
ရှီယွင်နန်ကတော့ ကြမ်းပြင်ပေါ်မှ ဝိုင်ဖန်ခွက်ကိုသာ ကောက်နေပြီး ဝိုင်တာဝါအောက်ရှိ recycle အမှိုက်ပုံးထဲသို့ထည့်လိုက်သည်။ ထို့နောက် ဝိုင်ဖန်ခွက်အသစ်ကို ကမ်းပေးလိုက်၏။ "သခင်လေးဝေ့ ဒီဝိုင်ခွက်အသစ်ကို ယူလိုက်ပါ။"
ရှီယွင်နန်က တော်တော်လေး စဉ်းစားဆင်ခြင်တတ် သူပင်။ ယခုအချိန်တွင် သူဟာ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာရလေမည်။ တစ်ဖက်သား၏ တမင်တကာ လှောင်ပြောင်စကားသံတွေဟာ သူ့အား ဒေါသမထွက်စေနိုင်။ သူ၏ လေသံမှာ မာန်တက်မနေသလို၊ နှိမ့််လည်း မနှိမ့်ချနေပေ။
သို့သော်လည်း ရှီယွင်နန် ထေ့ငေါ့ပြောနေတယ်ဟု သခင်လေးဝေ့ ထင်သွားတာတော့ နှမြောစရာပင်။
သခင်လေးဝေ့က ရှီယွင်နန်၏ ဝိုင်ဖန်ခွက်ကို ပုတ်ချကာ— "ငါ့ကို အချိုသတ်ဖို့ အဲ့လို ဝိုင်အပေါ်စားတွေ မသုံးနဲ့။ ရှီယွင်နန်က ဘယ်လို ဝိုင်ကောင်းကောင်းမျိုး ရောင်းနိုင်မှာမို့လို့လဲ?"
"ဒီလိုပွဲကြီးကို ကြောင်ပေါင်းစုံ ခွေးပေါင်းစုံ ဝင်လာနိုင်တယ်လို့ မင်းက ထင်နေတာလား?"
ဝိုင်နီတွေဟာ ရှီယွင်နန်၏ ပါးပြင်နှင့် မေးစေ့ကနေ စီးကျလာပြီး သူ့အင်္ကျီပေါ် ထပ်စီးကျလာ၏။
ရှီယွင်နန်နှင့် တူတူလိုက်လာသည့် ရှောင်ကျိုးမှာလည်း မှင်သက်သွားတော့သည်။ ဒီလို မလိုမုန်းထားတဲ့ သခင်လေးတွေ ဘယ်ကရောက်လာမှန်း သူသေချာနားမလည်နိုင်တော့။
ရှီယွင်နန် ခပ်တိုးတိုးရယ်လိုက်၏။ သူ့မျက်လုံးလေးများမှာ အေးစက်စက် ခံစားချက် ကင်းမဲ့နေသည်။ "ဒီဝိုင်ကို လော့မိသားစု ကိုယ်တိုင်ရွေးထားတာ။ ကျွန်တော်တို့ကိုလည်း လော့မိသားစုက ခေါ်ထားတာ။ သခင်လေးဝေ့ မကျေနပ်ရင် ဘာလို့ မစ္စတာလော့ကို တိုက်ရိုက်သွားမမေးလဲ?"
"မင်း..." သခင်လေးဝေ့မှာ နင်သွားတော့လေသည်။
ရှီယွင်နန်က သူ့မျက်နှာပေါ်ရှိ ဝိုင်စက်တွေကို သုတ်ကာ ထပ်မေးလိုက်သည်။ "ဧည့်သည်တွေရဲ့ အတန်းရှင်း ရသွားအောင်ကော ကျွန်တော် ကူညီပေးရဦးမလား?"
သခင်လေးဝေ့မှာ မှင်သက်သွား၏။ သူ့ဘေးနားရှိ သူငယ်ချင်းကလည်း တစ်ခုခုဖြစ်နေပြီမှန်း ရိပ်မိသွားကာ ချက်ချင်းပင် တိုးတိုးလေးပြောလာသည်။ "ဝေ့လျန် တော်လိုက်တော့။ လော့မိသားစု သတိထားမိသွားရင် ငါတို့မိဘတွေအတွက်ပါ မကောင်းဘူး"
အချိန်အခါ မသင့်လျော်သေးကြောင့် သခင်လေးဝေ့လည်း သိလေသည်။ ကံကောင်းစွာဖြင့် အခုချိန် ရှီယွင်နန်ကလည်း သူ့အပေါ် တကယ်ပဲ ဘာမှ ပြန်မလုပ်နိုင်ပေ။ ထို့ကြောင့် သူ့သူငယ်ချင်းနဲ့သာ အလိုက်အထိုက် ထွက်သွားတော့၏။
ထောင့်နားတွင် ပြက်ရက်ပြုနေခဲ့သည့် ပြဇာတ်သေးသေးလေးမှာ မြန်မြန်ဆန်ဆန်ပဲ ကလန့်ကာ ချသွားတော့သည်။
စားပွဲထိုးရှောင်ကျိုးမှာ ချက်ချင်းပင် သူ့အနားလျှောက်လာပြီး wet tissueကမ်းပေးလာသည်။ "ရှောင်ရှီ အဆင်ပြေရဲ့လား? အဲ့လို လူချမ်းသာ သခင်လေးတွေက ဒေါသကြီးတယ်။ မင်းသူတို့ကို မနာခံရင် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံကြမှာ။ ဝမ်းမနည်းနဲ့နော်။"
ရှီယွင်နန် သူ့လုပ်ဖော်ကိုင်ဖက်ထံမှ တစ်ရှူးလှမ်းယူရင်း ဘာကြောင့်မှန်းမသိ လော့လင်းရှန်းကို ကြည့်မိလိုက်၏။
တချိန်တည်းမှာပင်၊ လော့လင်းရှန်းက ဘေးတွင် ငယ်ရွယ် ချောမောပြီး ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦးနှင့်အတူ ရပ်နေ၏။ ကျန်တဲ့ နှစ်ယောက်ကတော့ နှစ်ဖက်မိဘတွေဖြစ်လောက်ပြီး သူတို့က ခွက်ချင်းတိုက်လျက် တစ်ခုခုကို ဆွေးနွေးနေပုံပင်။
"..."
ရှီယွင်နန်မှာ ဒီလို သက်တူရွယ်တူ သခင်လေးများထံမှ လှောင်ပြောင်စကားသံများကို ကျင့်သားရနေပြီဖြစ်၏။ မတရားခံရသည့် ကိစ္စဟာ မျက်စိတမှိတ်အတွင်း မေ့ပျောက်သွားနိုင်တာကြောင့် သူ့အတွက်တော့ အသေးအဖွဲ့မျှသာဖြစ်သည်။
သို့သော်လည်း မလှမ်းမကမ်းရှိ မြင်ကွင်းဟာ သူ့အား ထိတ်လန့်သွားစေလေသည်။
"ကျိုးကော ကျွန်တော် အရင် သွားသန့်ရှင်းလိုက်ဦးမယ်။ ဝိုင်တာဝါကို ကြည့်ထားပေးလို့ရမလား?"
"ကိစ္စမရှိဘူး။"
လုပ်ဖော်ကိုင်ဖက်ထံမှ ခွင့်ပြုချက်ရသည့်အခါ ရှီယွင်နန် ချက်ချင်းပင် ခန်းမထဲမှ အမြန် ထွက်လာလိုက်သည်။
...
မလှမ်းမကမ်းရှိ တစ်နေရာတွင်—
လော့လင်းရှန်းတစ်ယောက် လျှပ်တပြက်ထွက်သွားသည့် ပုံရိပ်ကို သတိထားမိသွား၏။ ရင်းနှီိးနေသည့် နောက်ကျောလေးကြောင့် သူ့ဝိုင်ခွက်ကိုချကာ နောက်ကနေ လိုက်သွားဖို့ ပြင်လိုက်သည်။
"လင်းရှန်း" မစ္စလော့က သူ့သားထွက်သွားတော့မှာကို ရိပ်မိကာ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။
"ဘယ်သွားမလို့လဲ?"
လော့လင်းရှန်းက ချန်မိသားစုအား လောကဝတ်အရပြုံးပြလိုက်ပြီး မစ္စလော့အနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မား ကျွန်တော့်ကို တခြားသူတွေနဲ့ အောင်သွယ်ပေးတာရပ်တော့။"
မစ္စတာလော့မှာ သူ့သားကို အတင်းအကြပ်တိုက်တွန်းရတာ မကြိုက်သော်လည်း နှမြောနေမိ၏။
"ဘာလို့လဲ.? "
လော့လင်းရှန်း သူ့ရင်ထဲက စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။ "ကျွန်တော် သဘောကျတဲ့သူရှိတယ်။ အဆင်ပြေရင် သူ့ကိုပဲ လက်ထပ်မှာ။"
မစ္စလော့တစ်ယောက် ရုတ်တရက်သတင်းကြောင့် ရှော့ရသွား၏။
ပြီးခဲ့တဲ့နှစ်လ သုံးလောက်ကမှ သူကြိုက်တဲ့သူ မရှိဘူးဆို၊ အခုတော့ သဘောကျတဲ့သူ ရှိသလို လက်ထပ်ဖို့ကိုပါ တွေးနေပြီတဲ့လား?
မစ္စလော့ သေသေချာချာ မမေးမြန်းခင် လော့လင်းရှန်း အမြန်ထွက်လာလိုက်တော့သည်။
ဖြတ်ခနဲ မြင်လိုက်သည့်လူမှာ သူထင်နေတဲ့လူ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒီနေရာတွင် လူချမ်းသာအသိုင်းအဝိုင်းတွေရဲ့ ထုံတမ်းအစဉ်အလာတွေအရ ဝတ်ကျေတမ်းကျေ ဟန်ဆောင်ကာ မနေချင်တော့။
လော့လင်းရှန်း၏ ပြတ်သားသည့် ပုံစံကိုတွေ့သည့်အခါ ချန်ခယ့်ချင်းတည်တည်ငြိမ်ငြိမ်ပြုံးလိုက်တော့သည်။ "ပါးနဲ့မား မစ္စလော့နဲ့ အေးအေးဆေးဆေးစကားဆက်ပြောကြပါ။ သမီးသွားထိုင်လိုက်ဦးမယ်။"
လော့လင်းရှန်း သူမကို စိတ်မဝင်စားမှန်း သူမ သိထားပြီးသော်လည်း နှစ်ဖက်မိဘများရှေ့တွင် ယဉ်ကျေးပျူငှါဖို့က လိုအပ်နေသေးသည်။
တစ်ယောက်နဲ့ တစ်ယောက် အချိန်းမဖြုန်းတာလည်း ကောင်းပါတယ်လေ။
...
အင်္ကျီမှာ တော်တော်လေး စိုရွှဲနေလေပြီ။
ရှီယွင်နန် ဝိုင်အစွန်းအထင်းများကို မသန့်စင်ဘဲ မီးဖိုချောင်သို့သွားကာ ဝိုင်တစ်ပုလင်းကို သွားယူလိုက်၏။ ထို့နောက် ဝေ့လျန်ထွက်သွားသည့် လမ်းအတိုင်း လိုက်သွားလိုက်ရာ အဓိက အိမ်တော်ကြီး၏ ခြံနောက်တွင် ဆေးလိပ်သောက်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
ရှီယွင်နန် ပုလင်းအဖုံးကို ဖွင့်ကာ သူတို့နား အမြန် ချဉ်းကပ်သွားလိုက်သည်။
ဆေးလိပ်သောက်နေသည့် ဝေ့လျန်တစ်ယောက် သူ့နောက်မှ ခြေသံများကြားလို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် စပျစ်ဝိုင်များဖြင့် လောင်းချခံလိုက်ရသည်။
ရှီယွင်နန်ကတော့ သူ၏ ဆိုးရွားလွန်းသည့် ပုံစံကို သဘောကျကာ အကြောက်လန့်မရှိ ပြုံးလိုက်၏။ "ဝေ့လျန် မင်းငါ့အပေါ် လောင်းချသလို၊ ငါလည်း မင်းအပေါ် ပြန်လောင်းချလိုက်ပြီဆိုတော့ ငါတို့ကျေပြီ။"
သူဟာ စားပွဲထိုးဖြစ်ဖြစ်၊ ရှီအိမ်တော်က သခင်လေးဖြစ်ဖြစ်၊ ဘယ်အဆင့်တန်းက လူဖြစ်ဖြစ်၊ တစ်ဖက်လူက ဒီလို လောင်းချခွင့်မရှိပါ။
ပထမ အကြိမ်ကတော့ ဝေ့လျန် မတော်တဆ လောင်းချမိတာဖြစ်သလို၊ သူ့အလုပ်အရ သေချာပေါက် သည်းခံဖို့ လိုအပ်လေသည်။ သို့သော်လည်း ဒုတိယအကြိမ်ကတော့ တမင်လုပ်မှန်း သိသာလှသည်။
ရှီယွင်နန်မှာ ခန်းမထဲတွင် ပေါက်ကွဲမထွက်ချင်ခဲ့။ တခြားသူတွေ ပျော်နေတာကိုလည်း မနှောင့်ယှက်ချင်။ ဒါ့အပြင် လော့လင်းရှန်းကိုလည်း ထိုမြင်ကွင်းကို ပေးမမြင်ချင်ခဲ့ပါ။
ရှီယွင်နန် နိုင်ငံခြားတွင် နေခဲ့ရတဲ့ နှစ်တွေအတွင်း အငြိုးကြီးလာခဲ့၏။
ဒီနေ့ ပြန်မချနိုင်ရင်တောင် အနာဂတ်မှာ ချနိုင်ဖို့ သူအားအင်တွေ စုဆောင်းထားမှာပဲ။ သူဟာ စိတ်သဘောထားကောင်းသူမဟုတ်။ သူ၏ မကျေပွဲကို သူတော်စင်လို သည်းခံနေမည်မဟုတ်ပါ။
သခင်လေးဝေ့၏ မျက်နှာမှာ ဝိုင်များဖြင့် ပေကျံသွား၏။ သူ၏ အထူးသီးသန့် မှားထားသည့် ဝတ်စုံမှာလည်း ညစ်ပတ်သွားလေပြီ။ သူအံ့ကြိတ်ကာ မျက်နှာကို သုတ်လျက် အော်တော့သည်။ "ရှီယွင်နန် မင်း သေချင်နေတာလား?"
သူက ပြောနေရင်း ရှီယွင်နန်အား လက်သီးဖြင့်ထိုးရန် ရွယ်လိုက်၏။
တဖက်လူ ကျေအေးပေးမည်မဟုတ်မှန်း ရှီယွင်နန် ထင်ထားပြီးပြီ ဖြစ်တာကြောင့် သခင်လေးဝေ့၏ ခေါင်းအား လက်ထဲတွင်ရှိနေသော ပုလင်းဖြင့် ရိုက်ချလိုက်တော့သည်။
"-အားးးး!"
တဖက်လူမှာ လေးဖက်ထောက်လျက် နောက်သို့လှဲကျသွား၏။
ဒါကိုမြင်တော့ သခင်လေးဝေ့၏ သူငယ်ချင်းကလည်း ချက်ချင်းရှေ့သို့တက်ကာ ရန်ပွဲထဲ ဝင်ပါလာသည်။
ရှီယွင်နန်မှာ သူ့ရင်ထဲတွင် မွန်းကြပ်နေတာကြောင့် လှုပ်ရှားလိုက်တိုင်း ရက်စက်ပြင်းထန်လွန်းလှသည်။ နှစ်ယောက် တစ်ယောက်ဖြစ်သော်လည်း သူကရှုံးမနေ။ နှစ်ယောက်သား ငိုကြွေးမတတ်အော်သည့်အထိ သူက ရိုက်နှက်နေ၏။
"ဘာလုပ်နေတာလဲ? လော့အိမ်တော်ကို ရန်ဖြစ်တဲ့နေရာထင်နေကြတာလား?"
မကျေမနပ်ထွက်လာသည့် အသံဟာ ရှီယွင်နန်နှင့် ဝေ့လျန်၏ ရန်ပွဲကို ရပ်တန့်သွားစေလေသည်။
"..."
ရှီယွင်နန်မှာ ရုတ်တရက်ကြီး လော့လင်းရှန်း ပေါ်လာမယ်လို့ မထင်ထားပေ။ သူ၏ ညစ်ပတ်နေသည့် စားပွဲထိုးအဝတ်အစားများကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလိုခံစားလိုက်မိ၏။
"ဒီီကိုလာ"
လော့လင်းရှန်းက ရှီယွင်နန်အား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူစိတ်မကောင်းသလို ကူကယ်ရာမဲ့နေသလိုပါ ခံစားလိုက်ရ၏။ တစ်ဖက်လူ၏ မျက်နှာမှာ ဝိုင်များဖြင့် ပေကျံနေတာကြောင့် လမ်းပျောက်နေသည့် ကြောင်လေးကဲ့သို့ ညစ်ပတ်နေသလို ချစ်ဖို့လည်းကောင်းနေသည်။
လော့လင်းရှန်း၏ စူးစူးစိုက်စိုက်အကြည့်ကို ရှီယွင်နန် ခံနိုင်ရည်မရှိကာ သူရှေ့သို့ လှမ်းလာလိုက်သည်။ သူ့ရှေ့ရှိ လော့လင်းရှန်းကို စိုက်ကြည့်ရင်း သူမှားသွားပြီလို့ ခံစားမိသော်လည်း အလျှော့မပေးချင်နေ။
တွေ့တယ်မလား?
တခြားသူတွေ ကောင်းကောင်းမွန်မွန် အဝတ်အစားတွေနဲ့ ခန်းမထဲမှာ စားသောက်နေချိန် သူကတော့ ဒီမှာ ညစ်ပတ်နေတဲ့ စားပွဲထိုးအဝတ်အစားနဲ့ လူတွေကို ရိုက်နှက်နေတယ်လေ။
ရှီမိသားစုကလည်း သူ့ကိုမလိုချင်ဘူး။ ရွယ်တူတွေကလည်း သူ့ကိုလှောင်ကြတယ်။ သူဘယ်နေရာပဲရောက်ရောက် လော့လင်းရှန်းနဲ့ မထိုက်တန်ဘူး။
သူတို့နှစ်ယောက်ကြားက လေထုမှာ အနည်းငယ် တင်းမာနေ၏။
နောက်ဆုံးတော့ ဝေ့လန်နဲ့ သူ့သူငယ်ချင်းမှာ ရှီယွင်နန် ချုပ်ထားရာကနေ လွတ်မြောက်သွားတာကြောင့် အတူတူထရပ်လိုက်ကြသည်။
ဒီရှီယွင်နန်ဆိုတဲ့ အကောင်က လူကို အသေရိုက်တာပဲ!
သူတိုနှစ်ယောက်လုံး ပြန်မချနိုင်တာ ရှက်ဖို့ကောင်းလွန်းတယ်! ဘယ်လောက်တောင် ကြာသွားပြီလဲ? သူတို့နှစ်ယောက်လုံး အသေရိုက်ခံထားရလို့ တစ်ကိုယ်လုံး နာနေပြီလေ!
ဝေ့လျန်တစ်ယောက် သွေးထွက်နေသည့် ပါးစပ်ကိုအုပ်ထားရင်း ဒေါသထွက်လာ၏။
သူတို့ လော့လင်းရှန်း အနေထားကို ကြောက်ပေမယ့် လည်း သူတို့ကိုယ်သူတို့ ရှီယွင်နန်ထက် ပိုပြောခွင့်ရှိတယ်လို့ ထင်နေကြလေသည်။
"သခင်လေးလော့ ဒီစားပွဲထိုးက..."
စိတ်မကောင်းစွာနဲ့ပဲ ထိုမကျေမနပ်တိုင်တောချက်အား ပြီးဆုံးအောင် မတိုင်လိုက်ရ။
လော့လင်းရှန်းက ရှီယွင်နန်အား သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ ခုနက ရှီယွင်နန်၏ ရက်ရက်စက်စက်ရိုက်ချက်တွေကို သူသတိမပြုမိလိုက်။ သူ့လေသံမှာ သူ၏ အချစ်ကလေးအား ချော့မြူနေသကဲ့သို့ နူးညံညင်သာလွန်းလှသည်—
"သူတို့နှစ်ယောက် မင်းကို အနိုင်ကျင့်ကြတာလား? ဘယ်နားထိသွားသေးလဲ?"
Zawgyi
ရွီယြင္နန္တစ္ေယာက္ ေကာင္းေကာင္းမအိပ္ခဲ့ရသည္မွာ ၾကာၿပီမို႔ တစ္ညလုံး သက္ေတာင့္သက္သာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့သည္။ မ်က္လုံးေလးကိုမွိတ္ထားရင္ သူလုပ္ေနက်အတိုင္း အပ်င္းေၾကာဆန္႔လိုက္၏။ သို႔ေသာ္ ေနာက္တစကၠန္႔မွာပင္ သူ႔လက္ေခ်ာင္းေလးေတြက ေႏြးေထြးမႈကို ထိေတြ႕သြားသည္။
သူလက္ညႇိဳးေလးႏွင့္ ထိုးၾကည့္လိုက္သည့္အခါ အနည္းငယ္ စူးရွရွ ခံစားလိုက္ရ၏။
ရွီယြင္နန္ မ်က္လုံးေလးဖြင့္ၾကည့္လိုက္သည့္အခါ သူ႔လက္ေခ်ာင္းမ်ားက ေလာ့လင္းရွန္း ေမးေစ့ကို က်ဴးလြန္ေနမွန္း ေတြ႕လိုက္ရေလသည္။
ေလာ့လင္းရွန္းလည္း ႏိုးလာၿပီး သူ႔အား စိုက္ၾကည့္ကာ— "ကိုင္လို႔ ဝၿပီလား? မင္းက အိပ္ေနရင္း ဟိုလႈပ္ဒီလႈပ္ အရမ္းလုပ္တာပဲ။"
"..."
ရွီယြင္နန္ ခဏတာ မွင္သက္ေနၿပီးေနာက္ သူ႔နား႐ြက္ေလးမွာ နီရဲလာေတာ့သည္။
သူဟာ အခုခ်ိန္တြင္ တဖက္လူ၏ လက္ေမာင္းအား လူသား ေခါင္းအုံးအျဖစ္ အတင္းအၾကပ္အသုံးျပဳထားၿပီး ေလာ့လင္းရွန္း ရင္ခြင္ထဲတြင္ ေကြးေကြးေလးရွိေန၏။
ရွီယြင္နန္ ေဘးသို႔ အျမန္ေ႐ႊ႕လိုက္သည္။ သူ႔မ်က္လုံးေထာင့္ကေန ေလေအးေပးစက္ကို ေတြ႕လိုက္သည့္အခါ ညက အျဖစ္အပ်က္ကို ျပန္အမွတ္ရသြား၏။ "မီး ျပန္ေကာင္းသြားၿပီလား?"
"အင္း သိပ္မၾကာလိုက္ဘူး။"
ေလာ့လင္းရွန္း အမွန္အတိုင္းေျပာလိုက္ၿပီး သူ႔အနားသို႔ တိုးကပ္လိုက္သည္။ "ဒါေပမယ့္ ကိုယ့္ရင္ခြင္ထဲမွာ အိပ္ေနတဲ့သူကေတာ့ ဘယ္ေလာက္ေအာ္ႏႈိးႏႈိး လုံးဝမႏိုးဘူးေလ"
"ရွီယြင္နန္ မင္းကိုယ့္ အိပ္ရာေပၚမွာပဲ အိပ္မယ္လို႔ စိတ္ပိုင္းျဖတ္ထားတာလား?"
ႏွစ္ေယာက္သားမွာ အရမ္းနီးကပ္ေနလြန္းတာေၾကာင့္ မနက္ခင္း အနမ္းေလးကို ဖလွယ္ေတာ့မည့္ အတိုင္းပင္။
ရွီယြင္နန္ ခဏတာ လန္႔ဖ်တ္သြားၿပီးေနာက္ ပါးျပင္ ေတြမွာ ပူေႏြးလာေလသည္။ "ခင္ဗ်ား ကြၽန္ေတာ့္ကို ႏႈိးတယ္ေပါ့? ကြၽန္ေတာ္ ဘာလို႔ မမွတ္မိတာပါလိမ့္?"
ေလာ့လင္းရွန္းက မ်က္ခုံးပင့္ကာ သူ႔အေမးကို တိုက္႐ိုက္ ျပန္မေျဖ။ သူ အရင္ တစ္ဖက္သို႔လွည့္ကာ ထလိုက္ၿပီး ေျပာလိုက္သည္။ "အိပ္ေရးဝရင္ ထၿပီး မ်က္ႏွာသစ္ေတာ့။ ၿပီးရင္ ေျခသလုံးက ဒဏ္ရာကို ေဆးထည့္။"
"အိုး ဟုတ္ပါၿပီ။"
အမွန္ေတာ့ ရွီယြင္နန္တြင္ အိပ္ရာေပၚမွာ လွဲေနတတ္သည့္ အက်င့္ရွိ၏။ ေန႔တိုင္း အိပ္ရာက ႏိုးလာတာႏွင့္ နာရီဝက္ေလာက္ အိပ္ရာေပၚတြင္ လွဲေနတတ္သည္။
သို႔ေသာ္လည္း ယခုတြင္ သူဟာ တျခားလူတစ္ေယာက္၏ ခုတင္ေပၚတြင္ လွဲေနတာေၾကာင့္၊ မရဲတင္းရဲေပ။ သူ ေရမိုး ခ်ိဳးၿပီးသည့္အခါ ေလာ့လင္းရွန္းမွာထားတဲ့ မနက္စာကိုလည္း ခင္းက်င္းထားၿပီးေလၿပီ။
ရွီယြင္နန္တစ္ေယာက္ ပင္လယ္စာ ဆန္ျပဳတ္ကို ေသာက္ေနေသာ္လည္း သူ႔စိတ္က အစားအေသာက္အေပၚတြင္ ရွိမေန။ သူ႔မ်က္လုံးမ်ားက မ်က္ႏွာခ်င္းဆိုင္ရွိ ေလာ့လင္းရွန္းကိုသာ ခိုးခိုးၾကည့္ေနမိ၏။
သူက အၿမဲအအိပ္ဆက္တယ္။ အထူးသျဖင့္ မေန႔ညကလို မီးပ်က္ေနတဲ့ အေျခအေနဆိုရင္ေပါ့။ ဒါေပမယ့္ မေန႔ညက သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္တာကိုေတာ့ ဝန္ခံရမွာပဲ!
သူ ေလာ့လင္းရွန္းကို သိတာမၾကာေသးေပမယ့္လည္း ေလာ့လင္းရွန္းဆီကေန ယုံၾကည္အားထားရတဲ့ ခံစားမ်ိဳးကိုေတာ့ ရွီယြင္နန္ အႀကိမ္ႀကိမ္ ခံစားမိ၏။
မ်က္ႏွာခ်င္းဆိုင္မွ စူးစူးရွရွ စိုက္ၾကည့္ခံေနရသည့္ ေလာ့လင္းရွန္းတစ္ေယာက္ အနည္းငယ္ ပူေလာင္လာကာ သူ႔အား အသံျဖင့္ သတိေပးလိုက္သည္။ "မင္း ဘာလို႔ ငါ့ကို ၾကည့္ေနတာလဲ?"
"ေခ်ာလို႔။
ရွီယြင္နန္ကလည္း သူအလွအပကို ႀကိဳက္တယ္ဆိုတဲ့ အခ်က္ကို ဖုံးကြယ္မေနပါ။
ေလာ့လင္းရွန္း ဆက္မစားေတာ့ဘဲ မႏိုင္ဘူးဆိုတဲ့ မ်က္ႏွာထားေလးျဖင့္ ေမးလာသည္။ "ဒီေန႔ ဘာအစီအစဥ္ေတြရွိလဲ?"
"စာအုပ္ဆိုင္သြားၿပီး ေက်ာင္းသုံး ပစၥည္းေတြ ဝယ္မလို႔။ ျပည္တြင္းက သင္႐ိုးနဲ႔ အကြၽမ္းတဝင္ျဖစ္ေအာင္လုပ္ရမယ္ေလ။ စက္တင္ဘာလ စတက္ရေတာ့မွာဆိုေတာ့ စာမလိုက္ႏိုင္မွာ စိုးတယ္။"
ရွီယြင္နန္က ဆန္ျပဳတ္တစ္ဇြန္းခပ္ေသာက္ကာ ဆက္ေျပာလာသည္။ "ဒါနဲ႔ ကြၽန္ေတာ္ ေႏြရာသီ အခ်ိန္ပိုင္း အလုပ္လည္း ရွာေနတယ္"
ဝမ္ရိေပက သူ႔အား ေနထိုင္စရိတ္ ေပးခ်င္ေသာ္လည္း၊ သက္တူ႐ြယ္တူျဖစ္တဲ့ ရွီယြင္နန္မွာ သူ႔အစ္ကိုအေပၚ ေငြေရးေၾကးေရး ဖိအား မေပးခ်င္။
သူ ဒုတိယႏွစ္ဝက္ စတက္ပါက အာ႐ုံေတြမ်ားၿပီး စေန၊ တနဂၤေႏြ ပိတ္ရက္ အခ်ိန္ပိုင္းအလုပ္ရွာဖို႔ကလည္း မျဖစ္ႏိုင္ေပ။ ထိုကဲ့သို႔ လုပ္မယ့္အစား ေႏြရာသီအားလပ္ရက္ကို စာသင္စရိတ္စုဖို႔အတြက္ အသုံးခ်ရေလမည္။
"..."
ေလာ့လင္းရွန္း ဘာမွ ျပန္မေျပာလိုက္ေခ်။
ရွီယြင္နန္ အခ်ိန္ပိုင္းလုပ္ၿပီး ေနထိုင္စရိတ္ေပးမွာကို သူအစက တားခ်င္ေသာ္လည္း ရွီယြင္နန္မွာ အေသြးအသားထဲက မာနရွိၿပီး ကိုယ့္ကိုယ္ကို ေလးစားသူမွန္း၊ တစ္ဖက္လူမွာလည္း သူ႔နည္းသူဟန္ႏွင့္ ရွင္သန္မယ့္ နည္းလမ္းရွိေၾကာင္း သူေတြးမိသြားသည္။
သူ႔ကိုယ္ပိုင္ အေတြးအေခၚျဖင့္ တစ္ဖက္လူ၏ အစီအစဥ္ကို ပိတ္ပင္တာမ်ိဳး သူ မလုပ္သင့္။
"ဟုတ္ပါၿပီ ဒီည ဘာစားခ်င္လဲ?" ေလာ့လင္းရွန္း စကားလမ္းေၾကာင္း လႊဲလိုက္၏။ အစားအေသာက္ဖိုးအပါလို႔ သူေျပာခဲ့တာေၾကာင့္၊ တစ္နပ္ေတာင္ လြတ္လို႔ မျဖစ္ေပ။
"အမ္..." ရွီယြင္နန္ ေလးေလးနက္နက္ စဥ္းစားကာ—
"ငါး စားခ်င္တယ္၊ အ႐ိုးမွ်င္ထားတဲ့ ငါး၊ ခင္ဗ်ား ခ်က္ေပးလို႔ ရမလား?"
ေလာ့လင္းရွန္း ၿငိမ္က်သြား၏။
သူ၏ ဟင္းခ်က္စြမ္းရည္မွာ သိပ္မေကာင္းလွ။ ႐ိုး႐ိုးဟင္းလ်ာေလာက္သာ ခ်က္ႏိုင္ေလသည္။
အစကေတာ့ မွာစားဖို႔သာ ေမးလိုက္တာျဖစ္ေသာ္လည္း ရွီယြင္နန္က ဒီလို စိတ္အားထက္သန္စြာ ေတာင္းဆိုလာမယ္လို႔ သူ မထင္ထားေပ။
ေလာ့လင္းရွန္း မ်က္လုံးထဲ တုံ႔ဆိုင္းေနေသာ အရိပ္အေယာင္ကို ေတြ႕သည့္အခါ ရွီယြင္နန္ သတိတႀကီး ျပန္ေမးလိုက္သည္။ "ခင္ဗ်ား မခ်က္တတ္ဘူးလား? ဒါဆို ခင္ဗ်ား ခ်က္တတ္တဲ့ဟာ ခ်က္ပါ။ ကြၽန္ေတာ္က အစားမေ႐ြးပါဘူး။"
"သိၿပီ မင္းအတြက္ ခ်က္ေပးမယ္"
"ဘာကိုလဲ?"
"အ႐ိုးထြင္ၿပီးသား ငါးေပါင္း"
ရွီယြင္နန္ သူ႔ကတိကို မွတ္ထားလိုက္ၿပီး အၿပဳံးေလးနဲ႔ လက္က်န္ ဆန္ျပဳတ္ေလးကို အကုန္ေသာက္ခ်လိုက္၏။
ဆယ့္ငါးမိနစ္အၾကာတြင္—
ေလာ့လင္းရွန္း ကားထဲသို႔ ဝင္လိုက္ေသာ္လည္း အလ်င္စလို မေမာင္းေသးေပ။
သူက ဖုန္းကိုဖြင့္ကာ ငါးအသားေပါင္းနည္းကို ေသေသခ်ာခ်ာ ေလ့လာေနခဲ့၏။ ေသာင္းႏွင့္ခ်ီေသာ အမွာစာမ်ားကေတာင္ ဒီကိစၥေလာက္ မရႈပ္ေထြးေလာက္ဘူးဟု သူခံစားေနရေလသည္။
-ခင္ဗ်ား ခ်က္ေပးလို႔ရမလား?
ရွီယြင္နန္၏ ေမွ်ာ္လင့္တႀကီး ေစာင့္ေမွ်ာ္ေနေသာ မ်က္လုံးေလးက သူ႔စိတ္ထဲ ျပန္ေပၚလာ၏။
ေနာက္ဆုံးေတာ့ ေလာ့လင္းရွန္း သက္ျပင္းခ်ကာ ဟင္းခ်က္နည္းအဆင့္ဆင့္ ဝဘ္ဆိုက္အား သူ၏ favorite စာမ်က္ႏွာထဲသို႔ ထည့္ထားလိုက္ရေတာ့သည္။
...
ရွီယြင္နန္တစ္ေယာက္ လစာေကာင္းေကာင္းျဖင့္ ယုံၾကည္စိတ္ခ်ရေသာ အခ်ိန္ပိုင္းအလုပ္ကို ရရွိခဲ့၏။
သူေဌးမွာ ႏိုင္ငံျခားတြင္ အလုပ္လုပ္ခဲ့သူျဖစ္ၿပီး အသက္ေလးဆယ္ေက်ာ္ေလာက္မွာပင္ ပိုက္ဆံေတြအမ်ားႀကီး စုမိထားေလၿပီ။ ယခုတြင္ သူက အင္ပါယာၿမိဳ႕ေတာ္၏ အခ်က္အခ်ာက်သည့္ေနရာတြင္ ဝိုင္စက္႐ုံကို တည္ေထာင္ထား၏။ သူဟာ အျမတ္အစြန္းကို ဂ႐ုမစိုက္သည့္ ေအးေအးလူလူ သူေဌးတစ္ေယာက္ျဖစ္သည္။
ရွီယြင္နန္ လုပ္ရသည့္ အလုပ္မွာလည္း ႐ိုးရွင္းလွ၏။ သူဟာ မွာယူလို႔ရသည့္ ဝဘ္ဆိုက္ႏွင့္ အင္ပါယာၿမိဳ႕ေတာ္အတြင္းရွိ ဝိုင္အေရာင္းဆိုင္မ်ား၏ အဝင္အထြက္စာရင္းကို တာဝန္ယူထားသည္။
ဒါ့အျပင္ စာေလ့လာလို႔ရမည့္ အခ်ိန္လည္း ရေလသည္။
ရွီယြင္နန္ႏွင့္ ေလာ့လင္းရွန္း၏ ေန႔စဥ္လည္ပတ္ပုံမွာ အတူတူပင္။ တစ္ေယာက္က အလုပ္အေပၚ အာ႐ုံစိုက္ေနၿပီး ေနာက္တစ္ေယာက္က ပညာေရးအေပၚ အာ႐ုံစိုက္ေနကာ တစ္ေန႔လွ်င္ မနက္စာ စားခ်ိန္ႏွင့္ ညစာ စားခ်ိန္မွသာ ေတြ႕ျဖစ္ၾက၏။
သို႔ေသာ္လည္း ရွီယြင္နန္မွာေတာ့ ထို႐ိုး႐ိုးရွင္းရွင္းဘဝေလးကေန "အိမ္" ဆိုသည့္ အရသာကို အျပည့္အဝခံစားမိသည္။
အခ်ိန္ကုန္သည္မွာ ျမန္ဆန္လြန္းလွကာ ဩဂုတ္လသို႔ ေရာက္ရွိလာ၏။
ဆိုင္အ၀င္ဝမွ ေအာ္တို ႀကိဳဆိုသံ ထြက္လာသည္။
"ေမာ့ေကာ"
တဖက္ စာေရးဝန္ထမ္း၏ အသံကိုၾကားေသာအခါ ရွီယြင္နန္ လက္ထဲက ေဘာပင္ကိုခ်လိုက္ၿပီး အျမန္ ထရပ္လိုက္သည္။
ေမာ့ေကာ ဆိုသည့္ သူေဌးမွာ ရွီယြင္နန္အား ရွာေနေလသည္။ "ေရွာင္ရွီ ဒီလကုန္ရင္ ထြက္မွာလား?"
ရွီယြင္နန္ ေခါင္းညိတ္ကာ— "ဟုတ္၊ မနက္ျဖန္ေနာက္ဆုံးေန႔ပါ၊ ေက်ာင္းက လာမယ့္ တနလၤာဆိုစၿပီေလ။"
ထိုစကားၾကားသည့္အခါ ေမာ့ေကာက "က်စ္" ဟု စုပ္သပ္လိုက္ၿပီး၊ တိတ္တဆိတ္ေဆြးေႏြးရန္ သူ႔အား တဖက္သို႔ ဆြဲေခၚသြားေတာ့သည္။ "ဒီလာမယ့္ စေန ငါတို႔ ဝိုင္ေတြရဲ႕ ကိုယ္စားလွယ္အေနနဲ႔ မင္း ဧည့္ခံစားေသာက္ပြဲတစ္ခု တက္ေပးလို႔ရလား?"
ရွီယြင္နန္က ခ်ီတုံခ်တုံ ျပန္ေမးလိုက္သည္။ "ဧည့္ခံ စားေသာက္ပြဲ?"
"မင္း အင္ပါယာၿမိဳ႕ေတာ္က ေလာ့မိသားစုကို သိတယ္မလား?" သူေဌးက ရွီယြင္နန္အား အလုပ္ႀကိဳးစားသည့္ ကေလးတစ္ေယာက္ဟု မွတ္ယူထားကာ အထက္တန္းလႊာ အသိုင္းအဝိုင္းထဲမွ ဂုဏ္သတင္းႀကီးသည့္ ေလာ့မိသားစုအေၾကာင္း တမင္တကာ မိတ္ဆက္ေပးလာသည္။
"..."
ရွီယြင္နန္ ေခ်ာင္းဟန္႔ကာ— "ေမာ့ေကာ ဘာလို႔ ကြၽန္ေတာ့္ကို ေခၚတာလဲ?"
"ငါက ေလာ့မိသားစုဧည့္ခံပြဲ တာဝန္ခံနဲ႔ သူငယ္ခ်င္းေလ။ အဲ့ေတာ့ ငါတို႔ မိသားစုရဲ႕ ဝိုင္အဆက္အသြယ္ေတြအရ သူက ငါတို႔ ဝိုင္ကို ဧည့္ခံပြဲမွာ သုံးမလို႔တဲ့။"
"အမွားလုပ္မိတာမ်ိဳးေတြ မျဖစ္ေအာင္ အေျခအေနကို ဂ႐ုတစိုက္ေစာင့္ၾကည့္ဖို႔ ဝိုင္သယ္မယ့္ လူကို လႊတ္ေပးဖို႔ လိုတယ္ေလ"
"ငါကိုယ္တိုင္ သြားသင့္ေပမယ့္ ငါ့ဇနီး ကေလးေမြးမယ့္ ရက္ကနီးေနလို႔ အခ်ိန္ရွင္းထားမွ ျဖစ္မွာ။ မင္းက ႐ုပ္ေလးကလည္း ေခ်ာသလို ထက္ျမတ္တဲ့ ကေလးေလ။ ငါတို႔ စက္႐ုံကိုယ္စားျပဳအေနနဲ႔ ကြက္တိပဲ။"
ေမာ့ေကာက ရွီယြင္နန္အား တကယ့္ကို အေရးေပးေလသည္။ သူက ရွီယြင္နန္ ပုခုံးေလးေပၚ လက္တင္ကာ ေဆြးေႏြးလာသည္။ "ပြဲက အနည္းဆုံး သုံးနာရီ ေလးနာရီေလာက္ပဲၾကာမွာ၊ ငါ မင္းလစာထဲ ယြမ္တစ္ေထာင္ အပိုထပ္ေပးမယ္ေလ။ ေရွာင္က်ိဳးလည္း သေဘာတူၿပီးၿပီ၊ ႏွစ္ေယာက္တူတူသြားၾကေပါ့။"
ေလာ့မိသားစုမွာ ခ်မ္းသာၿပီး အင္အားႀကီးမားေလသည္။ ေမာ့ေကာတစ္ေယာက္ ဤလုပ္ငန္းတစ္ခုတည္းမွ အျမတ္ေငြ ယြမ္ငါးသန္း၊ ေျခာက္သန္းအထိ ရရွိထားတာေၾကာင့္ သူ၏ ဝန္ထမ္းအား ရက္ရက္ေရာေရာ ေပးသည္မွာ သဘာဝက်လွသည္။
"ေကာင္းပါၿပီ ေမာ့ေကာ ကြၽန္ေတာ့္ကို ဒီအခြင့္အေရးေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္။" ရွီယြင္နန္ ခ်က္ခ်င္းပင္ သေဘာတူလိုက္၏။
ခန္းမထဲဝင္ၿပီး ဝိုင္ေတြကို ေစာင္ၾကည့္ရတဲ့ တာဝန္က မခက္။ ဧည့္ခံပြဲမွာသာ သူတို႔ ဝိုင္ကို ႀကိဳက္တဲ့သူေတြရွိရင္ ေဖာက္သည္ရဖို႔ လြယ္ကူသြားေလၿပီ။
ေက်ာင္းစတက္မွာကို မေႏွာင့္ေႏွးေစသလို၊ ေနထိုင္စရိတ္အတြက္ အပိုေငြလည္း ရရွိႏိုင္မည္။ အေရးႀကီးဆုံးက ေလာ့မိသားစုဧည့္ခံပြဲဆိုေတာ့ ေလာ့လင္းရွန္းလည္း ေရာက္လာမယ္ မဟုတ္လား?
ေမာ့ေကာ တစ္ေယာက္ အလြန္ေက်နပ္သြားေတာ့သည္။ "ပြဲက စားပြဲထိုးေတြအတြက္ သီးသန္႔ဝတ္စုံရွိတယ္။ မင္းရဲ႕ ဆိုဒ္ကိုေျပာေလ။ မနက္ျဖန္ မင္းဆီ တစ္ေယာက္ေယာက္ကို လာပို႔ခိုင္းလိုက္မယ္"
"ေကာင္းပါၿပီ"
...
ေလာ့မိသားစု၏ ဧည့္ခံပြဲအား ေလာ့မိသားစု အိမ္ယာတြင္ က်င္းပထားသည္။
ရွီယြင္နန္တို႔ ဝိုင္ပို႔ေဆာင္ေရး ကားႏွင့္အတူ လိုက္လာၾက၏။ ပင္မဂိတ္ဝကေန ခန္းမဆီသို႔ ငါးမိနစ္ ေျခာက္မိနစ္ေလာက္ ေမာင္းရသည္။
"ေဟ့ ခ်မ္းသာတဲ့လူေတြကေတာ့ ပိုလြန္းပါတယ္ကြာ။ ဒီေလာက္ႀကီးတဲ့ အိမ္ႀကီးမွာ လူဘယ္ႏွစ္ေယာက္ေတာင္ ေနႏိုင္ေလာက္လဲ?" ဒါ႐ိုက္ဘာမွာ မညည္းတြားဘဲ မေနႏိုင္ေတာ့။ "ေရွာင္ရွီ၊ ေရွာင္က်ိဳး မင္းတို႔ေကာ အဲ့လိုထင္တယ္မလား?"
"အင္း"
ရွီယြင္နန္ တုံ႔ျပန္လိုက္ၿပီး သူ႔စိတ္ထဲတြင္ အနည္းငယ္ ဝမ္းနည္းသြား၏။
ဒီလို ပိုက္ဆံရွာသည့္ အခြင့္အေရးသာ မရခဲ့ပါက သူလိုလူမ်ိဳးဟာ ဒီလိုဇိမ္ခံအိမ္ႀကီးထဲ ဝင္ခြင့္ရမည္မဟုတ္ပါေခ်။
ရာစုႏွစ္ ခ်မ္းသာလာသည့္ ေလာ့မိသားစုႏွင့္ယွဥ္လွ်င္ ရွီမိသားစု၏ ခ်မ္းသာႂကြယ္ဝမႈမ်ားမွာ အေသးအဖြဲ႕သာ။ ဒါ့အျပင္ သူဟာ အေရးမေပးခံရသည့္ သခင္ေလး တစ္ဦးပင္။
ေလာ့လင္းရွန္းဟာ မ်ားေသာအားျဖင့္ သာမန္အိမ္ေလးတြင္သာ ေနေနေသာ္လည္း အႀကီးအကဲေလာ့၏ အခ်စ္ဆုံးေျမးေလးဆိုတာကို ရွီယြင္နန္ အေစာႀကီးကတည္းက ၾကားဖူးေနခဲ့သည္။
လမ္းမ်ားအားလုံးဟာ ေရာမကို ဦးတည္ေနသကဲ့သို႔၊ ေလာ့လင္းရွန္းဟာလည္း ေရာမၿမိဳ႕လယ္တြင္ ႀကီးျပင္းလာသူျဖစ္ေလသည္။
အရင္တုန္းကေတာ့ တမိုးေအာက္တည္း ေနခဲ့ရတာမလို႔ သူတို႔ႏွစ္ေယာက္ၾကား ဒီေလာက္ျခားနားေနမယ္ဆိုတာ ရွီယြင္နန္ သေဘာ မေပါက္ခဲ့။ အခု ႏႈိင္းယွဥ္ၾကည့္မွသာ သူတို႔ႏွစ္ေယာက္၏ ေနာက္ခံေတြက လုံးဝျခားနားေနမွန္း ရွီယြင္နန္ သေဘာေပါက္သြားေတာ့ေလသည္။
"ေရွာင္ရွီ ဘာေတြ စဥ္းစားေနတာလဲ? ငါတို႔ေရာက္ၿပီေနာ္"
ဆရာစုန္႔က ကားကိုရပ္လိုက္ၿပီး အေတြးလြန္ေနသည့္ ရွီယြင္နန္အား ေမးလာသည္။
ရွီယြင္နန္ သူဝတ္ထားသည့္ စားပြဲထိုး အဝတ္အစားကို ေသေသသပ္သပ္ ျပန္႔ေအာင္ ျပင္ဆင္လိုက္ၿပီး၊ သူ႔စိတ္အေျခအေနကို အျမန္ထိန္းကာ ကားေပၚမွ ဆင္းလိုက္ေတာ့သည္။
...
ညေန ေျခာက္နာရီခြဲသည္ႏွင့္ တိတိက်က် ပြဲကို စတင္ေတာ့၏။
ရွီယြင္နန္ကေတာ့ ဧည့္သည့္မ်ားကို ဧည့္ခံေကြၽးေမြးသည့္ အျခားစားပြဲထိုးမ်ားႏွင့္မတူပါ။ သူက သူတို႔ကိုယ္ပိုင္အမွတ္တံဆိပ္ ဝိုင္စင္ေဘးတြင္သာ ေအးေအးေဆးေဆးရပ္ေနေပးရန္ လိုအပ္ေလသည္။
ေကာလဟလမ်ားတြင္ အၿမဲၾကားေနရခဲ့သည့္ အႀကီးအကဲ ေလာ့ပိုင္ရွန္းမွာ အသက္ကိုးဆယ့္ေလးႏွစ္ရွိေနၿပီျဖစ္ေသာ္လည္း က်န္းမာသန္စြမ္းၿပီး ခံခံညားညား ရွိေနတုန္းပင္။
သူ႔အနားတြင္ ရွိေနသည့္ သားသမီး ေျမးမ်ားမွလြဲ တျခားဧည့္သည္ေတြမွာ ရဲရဲတင္းတင္း စကားသြားမေျပာရဲၾက။
"လူအိုႀကီးက ေလာ့လင္းရွန္းကို သေဘာအက်ဆုံးလို႔ ေျပာေနၾကတာ မအံ့ဩေတာ့ပါဘူး။ သူတို႔ႏွစ္ေယာက္က ေတာ္ေတာ္ တူတာပဲ။" ရွီယြင္နန္တစ္ေယာက္ ေလာ့လင္းရွန္း အသက္ႀကီးလာရင္ ျဖစ္သြားမည့္ မ်က္ႏွာထားကို စိတ္ကူးယဥ္ေတြးေတာေနရင္း ပါးစပ္ေလးကိုအုပ္ကာ ရယ္ေနမိသည္။
ရွီယြင္နန္ ခမ္းနားသည့္ ခန္းမႀကီးထဲ လွမ္းၾကည့္ေနရင္း ခန္းမႀကီး၏ အလယ္တြင္ သူေတြးေတာေနသည့္ လူ၏ ပုံရိပ္ေလးအား ေတြ႕လိုက္ရေလသည္။
ေလာ့လင္းရွန္းက အနက္ေရာင္ ဝတ္စုံျပည့္ကို ဝတ္ဆင္ထားၿပီး၊ ေခ်ာေမာသည့္ ႐ုပ္ရည္ ရွည္လ်ားသည့္ အရပ္ေၾကာင့္ လူအုပ္ထဲတြင္ ထင္းေနသည္။
ေလာ့လင္းရွန္းတို႔ တမိသားစုလုံးမွာ ေခ်ာေမာၾကၿပီး၊ သူတို႔၏ အမူအရာ ဂုဏ္က်က္သေရမွာ အျခားသူမ်ား လက္လွမ္းမမီႏိုင္ေလာက္တဲ့အထိ ေဝးကြာလွ၏။
ရွီယြင္နန္သာမက ခန္းမထဲရွိ အျခား သခင္ေလး မ်ား သခင္မေလးမ်ားကပါ သူ႔ကို သေဘာတက် ဝိုင္းၾကည့္ေနၾကသည္။
"ငါၾကားတာေတာ့ မစၥေလာ့က ေလာ့လင္းရွန္းနဲ႔ ခ်န္မိသားစုက သမီးကို လက္ထပ္ေပးဖို႔ စီစဥ္ေနတာတဲ့။"
"တကယ္ႀကီးလား? ခ်န္မိသားစုရဲ႕ သမီးက ဘယ္သူလဲ?"
"ခ်န္ခယ့္ခ်င္းေလ၊ ဇြန္လေလာက္ကမွ အေမရိက Ridge တကၠသိုလ္ကေန ဘြဲ႕ရထားတာ။ ေလာ့လင္းရွန္းနဲ႔ သူက အသက္တူတူေလာက္ပဲ... ေလာ့နဲ႔ ခ်န္က အၿမဲတမ္း ဆက္ဆံေရးေကာင္းၾကတယ္ေလ။ မိဘေတြက သူတို႔ကို ေပးစားဖို႔လုပ္ေနတာ၊ တစ္ဆယ္မွာ ရွစ္ေလာက္ေတာ့ ေသခ်ာေပါက္ ေအာင္ျမင္မွာပဲ"
"အဲ့ဒါက မေသခ်ာပါဘူး။ ေလာ့လင္းရွန္းကို ႀကိဳက္တဲ့သူေတြ အမ်ားႀကီးရွိတာပဲ။ သူ မလိုခ်င္ရင္ ဘယ္သူက အတင္းအၾကပ္လုပ္ႏိုင္မွာလဲ?"
"ခ်မ္းသာတဲ့ မိသားစုေတြၾကားမွာ အခ်စ္ဆိုတာ ဒုတိယပဲ..."
...
ရွီယြင္နန္တစ္ေယာက္ သူ႔ေဘးပတ္ပတ္လည္ရွိ ေဆြးေႏြးစကားသံကို ၾကားလိုက္ရသည့္အခါ၊ ေပ်ာ္ျမဴးေနသည့္ စိတ္ေလးကေန ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈကင္းမဲ့သြားေတာ့၏။
ဂုဏ္သတင္းႀကီးတဲ့ တကၠသိုလ္ကေန ဘြဲ႕ရတယ္၊ အသက္လည္း တူတူပဲ၊ မိသားစုအေျခအေနကလည္း ေကာင္းတယ္။ ၿပီးေတာ့ မိဘေပးစားတဲ့သူ။
လက္ေတြ႕ဆန္လြန္းနဲ႔ စကားလုံးေတြဟာ သူ႔အေတြးထဲ ပဲ့တင္ထပ္ေနသည္။
အခုခ်ိန္တြင္ ရွီယြင္နန္မွာ ေလာ့လင္းရွန္း သူ႔ကို သတိျပဳမိသြားဖို႔ကို ေမွ်ာ္လင့္ေနသလို၊ ေလာ့လင္းရွန္း သူ႔ကို သတိျပဳမိသြားမွာကိုလည္း ေၾကာက္ေနမိ၏။
စိတ္လိုက္မာန္ပါ လွမ္းသြားေတာ့မယ့္ ေျခလွမ္းေလးဟာ ေနာက္ဆုံးေတာ့ ေနာက္ကို ျပန္ဆုတ္သြားေလသည္။
႐ုတ္တရတ္ အခ်င္းခ်င္း ေနာက္ေျပာင္ေနသည့္ လူခ်မ္းသာ သခင္ေလး ႏွစ္ေယာက္ႏွင့္ ရွီယြင္နန္မွာ တိုက္မိသြားၿပီး သူတို႔လက္ထဲမွ ဝိုင္ေတြဟာလည္း သူ႔အေပၚသို႔ လြင့္စင္လာေတာ့သည္။
နီညိဳေရာင္ ဝိုင္မ်ားဟာ ခ်က္ခ်င္းပင္ အျဖဴေရာင္ အက်ႌေလးအေပၚ စြန္းထင္းသြားၿပီး အခ်ိန္တိုအတြင္း သန္႔စင္ဖို႔ခက္သည့္ အစြန္းအကြက္မ်ား ျဖစ္သြားသည္။
"ဖာ့ခ္ မင္းမ်က္လုံးမပါဘူးလား?"
သူ႔ေရွ႕ရွိ လူခ်မ္းသာ သခင္ေလးကေတာ့ သူ႔လက္ခုံေပၚရွိ ဝိုင္စက္ေလးကို ေဒါသတႀကီး ခါထုတ္ေနရင္း အသံတိုးတိုးျဖင့္ က်ိန္ဆဲလာသည္။
ရွီယြင္နန္ သူ႔အေနအထားကို အမွတ္ရသြားကာ ေဒါသကို မ်ိဳသိပ္လိုက္သည္။ "ေတာင္းပန္ပါတယ္ ကြၽန္ေတာ္..."
"ေဟး ေနဦး မင္းကို ရင္းႏွီးေနသလိုပဲ"
တဖက္လူက ရွီယြင္နန္၏ မ်က္ႏွာအား စူးစူးစိုက္စိုက္ ၾကည့္လာၿပီးေနာက္ ၿပဳံးကာ—
"ဒုတိယသခင္ေလးရွီမလား?"
တစ္ခ်ိန္တည္းမွာပင္ ရွီယြင္နန္လည္း တဖက္လူကို မွတ္မိသြား၏။ သူ႔ေရွ႕ကလူမွာ ေဝ့မိသားစုမွ သခင္ေလးပင္။ အရင္တုန္းက တျခားပြဲတစ္ခုတြင္ သူတို႔ႏွစ္ဦး ဆုံခဲ့ဖူးၾက၏။
ရွီယြင္နန္ထက္စာရင္ သခင္ေလးေဝ့မွာ သူ၏ အမည္ခံညီေလး ရွီးခယ့္ယြဲ႕ႏွင့္ ပိုရင္းႏွီးသည္။
ရွီယြင္နန္မွန္း ေသခ်ာသြားၿပီးေနာက္ သခင္ေလးေဝ့က ခ်က္ခ်င္းပင္ ေလွာင္ေျပာင္သေရာ္လာေတာ့သည္။ "အခ်ိန္ေတြက အရာအားလုံးကို ေျပာင္းလဲႏိုင္တာပါလား။ အဲ့ေတာ့ မင္းက စားပြဲထိုး အဝတ္အစား ဝတ္ရတဲ့ အဆင့္ေတာင္ ေရာက္သြားၿပီေပါ့? မရွက္ဘူးလား?"
ရွီယြင္နန္ကေတာ့ ၾကမ္းျပင္ေပၚမွ ဝိုင္ဖန္ခြက္ကိုသာ ေကာက္ေနၿပီး ဝိုင္တာဝါေအာက္ရွိ recycle အမႈိက္ပုံးထဲသို႔ထည့္လိုက္သည္။ ထို႔ေနာက္ ဝိုင္ဖန္ခြက္အသစ္ကို ကမ္းေပးလိုက္၏။ "သခင္ေလးေဝ့ ဒီဝိုင္ခြက္အသစ္ကို ယူလိုက္ပါ။"
ရွီယြင္နန္က ေတာ္ေတာ္ေလး စဥ္းစားဆင္ျခင္တတ္ သူပင္။ ယခုအခ်ိန္တြင္ သူဟာ အလုပ္ႀကိဳးစားၿပီး ပိုက္ဆံရွာရေလမည္။ တစ္ဖက္သား၏ တမင္တကာ ေလွာင္ေျပာင္စကားသံေတြဟာ သူ႔အား ေဒါသမထြက္ေစႏိုင္။ သူ၏ ေလသံမွာ မာန္တက္မေနသလို၊ ႏွိမ့္္လည္း မႏွိမ့္ခ်ေနေပ။
သို႔ေသာ္လည္း ရွီယြင္နန္ ေထ့ေငါ့ေျပာေနတယ္ဟု သခင္ေလးေဝ့ ထင္သြားတာေတာ့ ႏွေျမာစရာပင္။
သခင္ေလးေဝ့က ရွီယြင္နန္၏ ဝိုင္ဖန္ခြက္ကို ပုတ္ခ်ကာ— "ငါ့ကို အခ်ိဳသတ္ဖို႔ အဲ့လို ဝိုင္အေပၚစားေတြ မသုံးနဲ႔။ ရွီယြင္နန္က ဘယ္လို ဝိုင္ေကာင္းေကာင္းမ်ိဳး ေရာင္းႏိုင္မွာမို႔လို႔လဲ?"
"ဒီလိုပြဲႀကီးကို ေၾကာင္ေပါင္းစုံ ေခြးေပါင္းစုံ ဝင္လာႏိုင္တယ္လို႔ မင္းက ထင္ေနတာလား?"
ဝိုင္နီေတြဟာ ရွီယြင္နန္၏ ပါးျပင္ႏွင့္ ေမးေစ့ကေန စီးက်လာၿပီး သူ႔အက်ႌေပၚ ထပ္စီးက်လာ၏။
ရွီယြင္နန္ႏွင့္ တူတူလိုက္လာသည့္ ေရွာင္က်ိဳးမွာလည္း မွင္သက္သြားေတာ့သည္။ ဒီလို မလိုမုန္းထားတဲ့ သခင္ေလးေတြ ဘယ္ကေရာက္လာမွန္း သူေသခ်ာနားမလည္ႏိုင္ေတာ့။
ရွီယြင္နန္ ခပ္တိုးတိုးရယ္လိုက္၏။ သူ႔မ်က္လုံးေလးမ်ားမွာ ေအးစက္စက္ ခံစားခ်က္ ကင္းမဲ့ေနသည္။ "ဒီဝိုင္ကို ေလာ့မိသားစု ကိုယ္တိုင္ေ႐ြးထားတာ။ ကြၽန္ေတာ္တို႔ကိုလည္း ေလာ့မိသားစုက ေခၚထားတာ။ သခင္ေလးေဝ့ မေက်နပ္ရင္ ဘာလို႔ မစၥတာေလာ့ကို တိုက္႐ိုက္သြားမေမးလဲ?"
"မင္း..." သခင္ေလးေဝ့မွာ နင္သြားေတာ့ေလသည္။
ရွီယြင္နန္က သူ႔မ်က္ႏွာေပၚရွိ ဝိုင္စက္ေတြကို သုတ္ကာ ထပ္ေမးလိုက္သည္။ "ဧည့္သည္ေတြရဲ႕ အတန္းရွင္း ရသြားေအာင္ေကာ ကြၽန္ေတာ္ ကူညီေပးရဦးမလား?"
သခင္ေလးေဝ့မွာ မွင္သက္သြား၏။ သူ႔ေဘးနားရွိ သူငယ္ခ်င္းကလည္း တစ္ခုခုျဖစ္ေနၿပီမွန္း ရိပ္မိသြားကာ ခ်က္ခ်င္းပင္ တိုးတိုးေလးေျပာလာသည္။ "ေဝ့လ်န္ ေတာ္လိုက္ေတာ့။ ေလာ့မိသားစု သတိထားမိသြားရင္ ငါတို႔မိဘေတြအတြက္ပါ မေကာင္းဘူး"
အခ်ိန္အခါ မသင့္ေလ်ာ္ေသးေၾကာင့္ သခင္ေလးေဝ့လည္း သိေလသည္။ ကံေကာင္းစြာျဖင့္ အခုခ်ိန္ ရွီယြင္နန္ကလည္း သူ႔အေပၚ တကယ္ပဲ ဘာမွ ျပန္မလုပ္ႏိုင္ေပ။ ထို႔ေၾကာင့္ သူ႔သူငယ္ခ်င္းနဲ႔သာ အလိုက္အထိုက္ ထြက္သြားေတာ့၏။
ေထာင့္နားတြင္ ျပက္ရက္ျပဳေနခဲ့သည့္ ျပဇာတ္ေသးေသးေလးမွာ ျမန္ျမန္ဆန္ဆန္ပဲ ကလန္႔ကာ ခ်သြားေတာ့သည္။
စားပြဲထိုးေရွာင္က်ိဳးမွာ ခ်က္ခ်င္းပင္ သူ႔အနားေလွ်ာက္လာၿပီး wet tissueကမ္းေပးလာသည္။ "ေရွာင္ရွီ အဆင္ေျပရဲ႕လား? အဲ့လို လူခ်မ္းသာ သခင္ေလးေတြက ေဒါသႀကီးတယ္။ မင္းသူတို႔ကို မနာခံရင္ ႐ိုင္း႐ိုင္းစိုင္းစိုင္း ဆက္ဆံၾကမွာ။ ဝမ္းမနည္းနဲ႔ေနာ္။"
ရွီယြင္နန္ သူ႔လုပ္ေဖာ္ကိုင္ဖက္ထံမွ တစ္ရွဴးလွမ္းယူရင္း ဘာေၾကာင့္မွန္းမသိ ေလာ့လင္းရွန္းကို ၾကည့္မိလိုက္၏။
တခ်ိန္တည္းမွာပင္၊ ေလာ့လင္းရွန္းက ေဘးတြင္ ငယ္႐ြယ္ ေခ်ာေမာၿပီး က်က္သေရရွိသည့္ အမ်ိဳးသမီးတစ္ဦးႏွင့္အတူ ရပ္ေန၏။ က်န္တဲ့ ႏွစ္ေယာက္ကေတာ့ ႏွစ္ဖက္မိဘေတြျဖစ္ေလာက္ၿပီး သူတို႔က ခြက္ခ်င္းတိုက္လ်က္ တစ္ခုခုကို ေဆြးေႏြးေနပုံပင္။
"..."
ရွီယြင္နန္မွာ ဒီလို သက္တူ႐ြယ္တူ သခင္ေလးမ်ားထံမွ ေလွာင္ေျပာင္စကားသံမ်ားကို က်င့္သားရေနၿပီျဖစ္၏။ မတရားခံရသည့္ ကိစၥဟာ မ်က္စိတမွိတ္အတြင္း ေမ့ေပ်ာက္သြားႏိုင္တာေၾကာင့္ သူ႔အတြက္ေတာ့ အေသးအဖြဲ႕မွ်သာျဖစ္သည္။
သို႔ေသာ္လည္း မလွမ္းမကမ္းရွိ ျမင္ကြင္းဟာ သူ႔အား ထိတ္လန္႔သြားေစေလသည္။
"က်ိဳးေကာ ကြၽန္ေတာ္ အရင္ သြားသန္႔ရွင္းလိုက္ဦးမယ္။ ဝိုင္တာဝါကို ၾကည့္ထားေပးလို႔ရမလား?"
"ကိစၥမရွိဘူး။"
လုပ္ေဖာ္ကိုင္ဖက္ထံမွ ခြင့္ျပဳခ်က္ရသည့္အခါ ရွီယြင္နန္ ခ်က္ခ်င္းပင္ ခန္းမထဲမွ အျမန္ ထြက္လာလိုက္သည္။
...
မလွမ္းမကမ္းရွိ တစ္ေနရာတြင္—
ေလာ့လင္းရွန္းတစ္ေယာက္ လွ်ပ္တျပက္ထြက္သြားသည့္ ပုံရိပ္ကို သတိထားမိသြား၏။ ရင္းႏွီိးေနသည့္ ေနာက္ေက်ာေလးေၾကာင့္ သူ႔ဝိုင္ခြက္ကိုခ်ကာ ေနာက္ကေန လိုက္သြားဖို႔ ျပင္လိုက္သည္။
"လင္းရွန္း" မစၥေလာ့က သူ႔သားထြက္သြားေတာ့မွာကို ရိပ္မိကာ လက္ေကာက္ဝတ္ကို ဆြဲလိုက္သည္။
"ဘယ္သြားမလို႔လဲ?"
ေလာ့လင္းရွန္းက ခ်န္မိသားစုအား ေလာကဝတ္အရၿပဳံးျပလိုက္ၿပီး မစၥေလာ့အနားသို႔ကပ္ကာ တိုးတိုးေလး ေျပာလိုက္သည္။ "မား ကြၽန္ေတာ့္ကို တျခားသူေတြနဲ႔ ေအာင္သြယ္ေပးတာရပ္ေတာ့။"
မစၥတာေလာ့မွာ သူ႔သားကို အတင္းအၾကပ္တိုက္တြန္းရတာ မႀကိဳက္ေသာ္လည္း ႏွေျမာေနမိ၏။
"ဘာလို႔လဲ.? "
ေလာ့လင္းရွန္း သူ႔ရင္ထဲက စကားေတြကို ပြင့္ပြင့္လင္းလင္း ေျပာခ်လိုက္သည္။ "ကြၽန္ေတာ္ သေဘာက်တဲ့သူရွိတယ္။ အဆင္ေျပရင္ သူ႔ကိုပဲ လက္ထပ္မွာ။"
မစၥေလာ့တစ္ေယာက္ ႐ုတ္တရက္သတင္းေၾကာင့္ ေရွာ့ရသြား၏။
ၿပီးခဲ့တဲ့ႏွစ္လ သုံးေလာက္ကမွ သူႀကိဳက္တဲ့သူ မရွိဘူးဆို၊ အခုေတာ့ သေဘာက်တဲ့သူ ရွိသလို လက္ထပ္ဖို႔ကိုပါ ေတြးေနၿပီတဲ့လား?
မစၥေလာ့ ေသေသခ်ာခ်ာ မေမးျမန္းခင္ ေလာ့လင္းရွန္း အျမန္ထြက္လာလိုက္ေတာ့သည္။
ျဖတ္ခနဲ ျမင္လိုက္သည့္လူမွာ သူထင္ေနတဲ့လူ ဟုတ္ဟုတ္ မဟုတ္ဟုတ္၊ ဒီေနရာတြင္ လူခ်မ္းသာအသိုင္းအဝိုင္းေတြရဲ႕ ထုံတမ္းအစဥ္အလာေတြအရ ဝတ္ေက်တမ္းေက် ဟန္ေဆာင္ကာ မေနခ်င္ေတာ့။
ေလာ့လင္းရွန္း၏ ျပတ္သားသည့္ ပုံစံကိုေတြ႕သည့္အခါ ခ်န္ခယ့္ခ်င္းတည္တည္ၿငိမ္ၿငိမ္ၿပဳံးလိုက္ေတာ့သည္။ "ပါးနဲ႔မား မစၥေလာ့နဲ႔ ေအးေအးေဆးေဆးစကားဆက္ေျပာၾကပါ။ သမီးသြားထိုင္လိုက္ဦးမယ္။"
ေလာ့လင္းရွန္း သူမကို စိတ္မဝင္စားမွန္း သူမ သိထားၿပီးေသာ္လည္း ႏွစ္ဖက္မိဘမ်ားေရွ႕တြင္ ယဥ္ေက်းပ်ဴငွါဖို႔က လိုအပ္ေနေသးသည္။
တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္းမျဖဳန္းတာလည္း ေကာင္းပါတယ္ေလ။
...
အက်ႌမွာ ေတာ္ေတာ္ေလး စို႐ႊဲေနေလၿပီ။
ရွီယြင္နန္ ဝိုင္အစြန္းအထင္းမ်ားကို မသန္႔စင္ဘဲ မီးဖိုေခ်ာင္သို႔သြားကာ ဝိုင္တစ္ပုလင္းကို သြားယူလိုက္၏။ ထို႔ေနာက္ ေဝ့လ်န္ထြက္သြားသည့္ လမ္းအတိုင္း လိုက္သြားလိုက္ရာ အဓိက အိမ္ေတာ္ႀကီး၏ ၿခံေနာက္တြင္ ေဆးလိပ္ေသာက္ေနေသာ လူႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။
ရွီယြင္နန္ ပုလင္းအဖုံးကို ဖြင့္ကာ သူတို႔နား အျမန္ ခ်ဥ္းကပ္သြားလိုက္သည္။
ေဆးလိပ္ေသာက္ေနသည့္ ေဝ့လ်န္တစ္ေယာက္ သူ႔ေနာက္မွ ေျခသံမ်ားၾကားလို႔ လွည့္ၾကည့္လိုက္ရာ ခ်က္ခ်င္းပင္ စပ်စ္ဝိုင္မ်ားျဖင့္ ေလာင္းခ်ခံလိုက္ရသည္။
ရွီယြင္နန္ကေတာ့ သူ၏ ဆိုး႐ြားလြန္းသည့္ ပုံစံကို သေဘာက်ကာ အေၾကာက္လန္႔မရွိ ၿပဳံးလိုက္၏။ "ေဝ့လ်န္ မင္းငါ့အေပၚ ေလာင္းခ်သလို၊ ငါလည္း မင္းအေပၚ ျပန္ေလာင္းခ်လိုက္ၿပီဆိုေတာ့ ငါတို႔ေက်ၿပီ။"
သူဟာ စားပြဲထိုးျဖစ္ျဖစ္၊ ရွီအိမ္ေတာ္က သခင္ေလးျဖစ္ျဖစ္၊ ဘယ္အဆင့္တန္းက လူျဖစ္ျဖစ္၊ တစ္ဖက္လူက ဒီလို ေလာင္းခ်ခြင့္မရွိပါ။
ပထမ အႀကိမ္ကေတာ့ ေဝ့လ်န္ မေတာ္တဆ ေလာင္းခ်မိတာျဖစ္သလို၊ သူ႔အလုပ္အရ ေသခ်ာေပါက္ သည္းခံဖို႔ လိုအပ္ေလသည္။ သို႔ေသာ္လည္း ဒုတိယအႀကိမ္ကေတာ့ တမင္လုပ္မွန္း သိသာလွသည္။
ရွီယြင္နန္မွာ ခန္းမထဲတြင္ ေပါက္ကြဲမထြက္ခ်င္ခဲ့။ တျခားသူေတြ ေပ်ာ္ေနတာကိုလည္း မေႏွာင့္ယွက္ခ်င္။ ဒါ့အျပင္ ေလာ့လင္းရွန္းကိုလည္း ထိုျမင္ကြင္းကို ေပးမျမင္ခ်င္ခဲ့ပါ။
ရွီယြင္နန္ ႏိုင္ငံျခားတြင္ ေနခဲ့ရတဲ့ ႏွစ္ေတြအတြင္း အၿငိဳးႀကီးလာခဲ့၏။
ဒီေန႔ ျပန္မခ်ႏိုင္ရင္ေတာင္ အနာဂတ္မွာ ခ်ႏိုင္ဖို႔ သူအားအင္ေတြ စုေဆာင္းထားမွာပဲ။ သူဟာ စိတ္သေဘာထားေကာင္းသူမဟုတ္။ သူ၏ မေက်ပြဲကို သူေတာ္စင္လို သည္းခံေနမည္မဟုတ္ပါ။
သခင္ေလးေဝ့၏ မ်က္ႏွာမွာ ဝိုင္မ်ားျဖင့္ ေပက်ံသြား၏။ သူ၏ အထူးသီးသန္႔ မွားထားသည့္ ဝတ္စုံမွာလည္း ညစ္ပတ္သြားေလၿပီ။ သူအံ့ႀကိတ္ကာ မ်က္ႏွာကို သုတ္လ်က္ ေအာ္ေတာ့သည္။ "ရွီယြင္နန္ မင္း ေသခ်င္ေနတာလား?"
သူက ေျပာေနရင္း ရွီယြင္နန္အား လက္သီးျဖင့္ထိုးရန္ ႐ြယ္လိုက္၏။
တဖက္လူ ေက်ေအးေပးမည္မဟုတ္မွန္း ရွီယြင္နန္ ထင္ထားၿပီးၿပီ ျဖစ္တာေၾကာင့္ သခင္ေလးေဝ့၏ ေခါင္းအား လက္ထဲတြင္ရွိေနေသာ ပုလင္းျဖင့္ ႐ိုက္ခ်လိုက္ေတာ့သည္။
"-အားးးး!"
တဖက္လူမွာ ေလးဖက္ေထာက္လ်က္ ေနာက္သို႔လွဲက်သြား၏။
ဒါကိုျမင္ေတာ့ သခင္ေလးေဝ့၏ သူငယ္ခ်င္းကလည္း ခ်က္ခ်င္းေရွ႕သို႔တက္ကာ ရန္ပြဲထဲ ဝင္ပါလာသည္။
ရွီယြင္နန္မွာ သူ႔ရင္ထဲတြင္ မြန္းၾကပ္ေနတာေၾကာင့္ လႈပ္ရွားလိုက္တိုင္း ရက္စက္ျပင္းထန္လြန္းလွသည္။ ႏွစ္ေယာက္ တစ္ေယာက္ျဖစ္ေသာ္လည္း သူကရႈံးမေန။ ႏွစ္ေယာက္သား ငိုေႂကြးမတတ္ေအာ္သည့္အထိ သူက ႐ိုက္ႏွက္ေန၏။
"ဘာလုပ္ေနတာလဲ? ေလာ့အိမ္ေတာ္ကို ရန္ျဖစ္တဲ့ေနရာထင္ေနၾကတာလား?"
မေက်မနပ္ထြက္လာသည့္ အသံဟာ ရွီယြင္နန္ႏွင့္ ေဝ့လ်န္၏ ရန္ပြဲကို ရပ္တန္႔သြားေစေလသည္။
"..."
ရွီယြင္နန္မွာ ႐ုတ္တရက္ႀကီး ေလာ့လင္းရွန္း ေပၚလာမယ္လို႔ မထင္ထားေပ။ သူ၏ ညစ္ပတ္ေနသည့္ စားပြဲထိုးအဝတ္အစားမ်ားကို ၾကည့္ရင္း ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္သလိုခံစားလိုက္မိ၏။
"ဒီီကိုလာ"
ေလာ့လင္းရွန္းက ရွီယြင္နန္အား စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။ သူစိတ္မေကာင္းသလို ကူကယ္ရာမဲ့ေနသလိုပါ ခံစားလိုက္ရ၏။ တစ္ဖက္လူ၏ မ်က္ႏွာမွာ ဝိုင္မ်ားျဖင့္ ေပက်ံေနတာေၾကာင့္ လမ္းေပ်ာက္ေနသည့္ ေၾကာင္ေလးကဲ့သို႔ ညစ္ပတ္ေနသလို ခ်စ္ဖို႔လည္းေကာင္းေနသည္။
ေလာ့လင္းရွန္း၏ စူးစူးစိုက္စိုက္အၾကည့္ကို ရွီယြင္နန္ ခံႏိုင္ရည္မရွိကာ သူေရွ႕သို႔ လွမ္းလာလိုက္သည္။ သူ႔ေရွ႕ရွိ ေလာ့လင္းရွန္းကို စိုက္ၾကည့္ရင္း သူမွားသြားၿပီလို႔ ခံစားမိေသာ္လည္း အေလွ်ာ့မေပးခ်င္ေန။
ေတြ႕တယ္မလား?
တျခားသူေတြ ေကာင္းေကာင္းမြန္မြန္ အဝတ္အစားေတြနဲ႔ ခန္းမထဲမွာ စားေသာက္ေနခ်ိန္ သူကေတာ့ ဒီမွာ ညစ္ပတ္ေနတဲ့ စားပြဲထိုးအဝတ္အစားနဲ႔ လူေတြကို ႐ိုက္ႏွက္ေနတယ္ေလ။
ရွီမိသားစုကလည္း သူ႔ကိုမလိုခ်င္ဘူး။ ႐ြယ္တူေတြကလည္း သူ႔ကိုေလွာင္ၾကတယ္။ သူဘယ္ေနရာပဲေရာက္ေရာက္ ေလာ့လင္းရွန္းနဲ႔ မထိုက္တန္ဘူး။
သူတို႔ႏွစ္ေယာက္ၾကားက ေလထုမွာ အနည္းငယ္ တင္းမာေန၏။
ေနာက္ဆုံးေတာ့ ေဝ့လန္နဲ႔ သူ႔သူငယ္ခ်င္းမွာ ရွီယြင္နန္ ခ်ဳပ္ထားရာကေန လြတ္ေျမာက္သြားတာေၾကာင့္ အတူတူထရပ္လိုက္ၾကသည္။
ဒီရွီယြင္နန္ဆိုတဲ့ အေကာင္က လူကို အေသ႐ိုက္တာပဲ!
သူတိုႏွစ္ေယာက္လုံး ျပန္မခ်ႏိုင္တာ ရွက္ဖို႔ေကာင္းလြန္းတယ္! ဘယ္ေလာက္ေတာင္ ၾကာသြားၿပီလဲ? သူတို႔ႏွစ္ေယာက္လုံး အေသ႐ိုက္ခံထားရလို႔ တစ္ကိုယ္လုံး နာေနၿပီေလ!
ေဝ့လ်န္တစ္ေယာက္ ေသြးထြက္ေနသည့္ ပါးစပ္ကိုအုပ္ထားရင္း ေဒါသထြက္လာ၏။
သူတို႔ ေလာ့လင္းရွန္း အေနထားကို ေၾကာက္ေပမယ့္ လည္း သူတို႔ကိုယ္သူတို႔ ရွီယြင္နန္ထက္ ပိုေျပာခြင့္ရွိတယ္လို႔ ထင္ေနၾကေလသည္။
"သခင္ေလးေလာ့ ဒီစားပြဲထိုးက..."
စိတ္မေကာင္းစြာနဲ႔ပဲ ထိုမေက်မနပ္တိုင္ေတာခ်က္အား ၿပီးဆုံးေအာင္ မတိုင္လိုက္ရ။
ေလာ့လင္းရွန္းက ရွီယြင္နန္အား သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္၏။ ခုနက ရွီယြင္နန္၏ ရက္ရက္စက္စက္႐ိုက္ခ်က္ေတြကို သူသတိမျပဳမိလိုက္။ သူ႔ေလသံမွာ သူ၏ အခ်စ္ကေလးအား ေခ်ာ့ျမဴေနသကဲ့သို႔ ႏူးညံညင္သာလြန္းလွသည္—
"သူတို႔ႏွစ္ေယာက္ မင္းကို အႏိုင္က်င့္ၾကတာလား? ဘယ္နားထိသြားေသးလဲ?"