အရှင်မင်းကြီးနေမကောင်းဘူး [ C...

By dream_n99

697K 72.7K 1.6K

Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Announcement
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
paid group
Chapter 40
Chapter 41
Giveaway 🎉
Chapter 42
Chapter 43
Chapter 44
Giveaway 🎉
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92 Extra 1
Chapter 93 Extra 2
Notification

Chapter 51

6.4K 792 22
By dream_n99


လျောင်ချင်းချင်းနိုးလာတော့ သူမဘေးမှာဧကရာဇ်ကျင်းလိမရှိတော့ပေ။

" သခင်မ အိပ်ပျော်နေတာရှီချန်တစ်ဝက်(တစ်နာရီ)လောက်ရှိပါပြီ"

ဟယ်ရှန်းပြောလိုက်သည်။

" အဲ့လောက်ကြာသွားလား? အရှင်မင်းကြီးရော?"

" အရှင်မင်းကြီးက နာရီဝက်ပဲအိပ်သွားခဲ့တာပါ"

" ....."

ဧကရာဇ်ကျင်းလိကတကယ့်ကိုလူနဲ့မတူတာပဲ။ တစ်နှစ်မှာ ၃၆၅ရက်ရှိပြီး သူ့ဘဝရဲ့၃၆၄ရက်ကပင်ပန်းနေရတယ်။

" အရှင်မင်းကြီးဘယ်သွားလဲ? စကားတစ်ခုခုချန်ခဲ့သေးလား?"

" အရှင်မင်းကြီးကတော်ဝင်စာကြည့်ဆောင်ဆီပြန်သွားတာဖြစ်ပြီး သခင်မကိုအတွေးမလွန်ပဲ အာလူးတွေပဲကောင်းကောင်းစိုက်ပျိုးနေဖို့ပြောသွားခဲ့ပါတယ်"

လျောင်ချင်းချင်း ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူမလည်းတစ်ခုခုလုပ်ချင်နေခဲ့တာဖြစ်သည်။ ဒါပေမဲ့သူမကပမွှားကိုယ်လုပ်တော်လေးတစ်ယောက်လေ။ တော်ဝင်မောင်းမဆောင်ထဲမှာအကြာကြီးနေထိုင်ခဲ့တာတောင် ဒုတိယသခင်ကြီးလျောင်နဲ့ကျီရှီကိုကူညီဖို့ သူမဘာတစ်ခုမှမလုပ်ပေးနိုင်ဘူး။

သေသေချာချာစဉ်းစားဆင်ခြင်ပြီးတဲ့နောက်မှာ သူတို့ကိုကူညီဖို့ဆိုတာကမဖြစ်နိုင်ပေ။ အရှင်မင်းကြီးက သူမကိုစိတ်ပူမနေပဲအာလူးတွေစိုက်နေဖို့ပြောခဲ့ပြီး သူမကလည်းလုပ်ပါ့မယ်လို့ပြောခဲ့တယ်။ အာလူးတွေကြီးထွားလာတဲ့အခါ ကြီးမြတ်တဲ့ဝေ့ပြည်ကြီးထဲမှာ အံဝင်ခွင်ကျဖြစ်နိုင်သည်။ ဒါကပြောင်မြောက်တဲ့အောင်မြင်မှုတစ်ခုဖြစ်မှာဖြစ်ပြီး ဒုတိယသခင်ကြီးလျောင်နဲ့အခြားသူတွေမှာ အကျိုးဖြစ်ထွန်းနိုင်သည်။

မူလကိုယ်ရဲ့မှတ်ဉာဏ်တွေနဲ့ဆိုတော့ သူမမှာဒုတိယသခင်ကြီးလျောင်နဲ့ကျီရှီအတွက် ခံစားချက်တွေရှိနေသေးသည်။ ထို့ကြောင့် ဒုတိယသခင်ကြီးလျောင်အကြောင်းအခြေအနေတိုးတတ်မှုကိုလဲနားစွင့်နေရင်း သူမအာလူးတွေကိုကြိုးကြိုးစားစားဂရုစိုက်ခဲ့ပြီး မှတ်တမ်းတင်ခဲ့သည်။

နောက်ရက်တွေမှာ ဒုတိယသခင်ကြီးလျောင်နဲ့ပတ်သတ်တဲ့ သဲလွန်စအနည်းငယ်ရရှိခဲ့တယ်။ ဧကရာဇ်ကျင်းလိက သူကိုင်တွယ်လိုက်မယ်လို့ သူမကိုကတိပေးသွားတယ်ဆိုတော့ သူမသိပ်မများကြီးမစုံစမ်းခဲ့ဘူး။ သူမဘဝကိုပုံမှန်အတိုင်းရှေ့ဆက်နေခဲ့သည်။

သူမဟာသဖြစ်မှာကိုကြည့်ဖို့စောင့်နေတဲ့ ကိုယ်လုပ်တော်အချို့ဟာ ဒီလိုဖြစ်ရပ်ကြီးပြီးတဲ့နောက်မှာ လျောင်ချင်းချင်းဟာအဆင့်လဲမချမခံရသလို အပြစ်လဲအပေးမခံရတာကိုတွေ့သွားကြတယ်။ ဧကရာဇ်ကျင်းလိကလျောင်ချင်းချင်းကို ဂရုစိုက်တယ်ဆိုတာ သူတို့သိသွားကြပြီး လျောင်ချင်းချင်းနဲ့ပတ်သတ်လို့ သူတို့စ,ပြီးချီတုံချတုံဖြစ်လာကြတယ်။ လျောင်ချင်းချင်းဟာ ဘာမှမဖြစ်ခဲ့သလိုပြုမူပြီး သူတို့ကို"မမ၊ညီမလေး"လို့ပုံမှန်ခေါ်မြဲပဲ။

သို့သော် ဒုတိယသခင်ကြီးလျောင်နဲ့ပတ်သတ်တဲ့အကြောင်းတချို့ကို သူမပြန်ကြားနေရဆဲပင်ဖြစ်သည်။ ဧကရာဇ်ကျင်းလိဟာဒုတိယသခင်ကြီးလျောင်ရဲ့နာမည်ကို စိတ်ရင်းမှန်နဲ့ရှင်းလင်းပေးချင်တာလို့ ပြောကြသည်။ ဒါပေမဲ့ ရုံးတော်ထဲကလူတချို့ကတော့ ဒုတိယသခင်ကြီးလျောင်ကခိုးယူထားတဲ့ ရွှေတွေအကုန်လုံးနဲ့ဖမ်းဆီးရမိခဲ့လို့ ချက်ချင်းအပြစ်ပေးသင့်တယ်လို့ ယုံကြည်နေကြပြီး သူတို့ကဧကရာဇ်ကျင်းလိကိုဆက်တိုက်ဖိအားပေးနေကြတယ်။

ဧကရာဇ်ကျင်းလိကလျစ်လျူရှုထားတာကိုမြင်တော့ လျောင်ချင်းချင်းကိုပါ ယောင်းဖေး(မိစ္ဆာကိုယ်လုပ်တော်)လို့ပြောလာကြသည်။

ဧကရာဇ်ကျင်းလိတိုက်ရိုက်ပင်ပြန်မေးလိုက်သည်။

" ကျန်းရဲ့ရှီးကျောက်ရုန်ကဘယ်လိုယောင်း(မိစ္ဆာ)အမျိုးအစားလဲဆိုတာ ချစ်ခင်ရတဲ့ငယ်သားကပဲကျန်းကိုပြောပြပါအုံး?"

ထိုအမတ်အိုကြီးမှာ ဆွံ့အသွားတော့သည်။

ဧကရာဇ်ကျင်းလိပြောလိုက်သည်။
" ချစ်ခင်ရတဲ့ငယ်သား.. ကျန်းကနဂါးစင်စစ်ဖြစ်ပြီး ကောင်းကင်ရဲ့သားတော်ပဲ မိစ္ဆာတွေနဲ့မကောင်းဆိုးဝါးဝိဉာဉ်တွေက ကျန်းအနားလာခွင့်မရှိဘူး ရှီးကျောက်ရုန်ကမိစ္ဆာလို့မောင်မင်းကပြောခဲ့တယ် ဆိုတော့ကာ မောင်မင်းကကျန်းကိုနဂါးစင်စစ်မဟုတ်ဘူးလို့ သွယ်ဝိုက်ညွှန်းဆိုတာလား?"

ထိုအမတ်အိုကြီးမှာ ဒုန်းခနဲဒူးထောက်ကျသွားသည်။ ဧကရာဇ်ကျင်းလိမှာ'ယောင်းဖေး'ဆိုတဲ့စကားကို ချက်ချင်းပင်ပြည်ဖုံးကားလိပ်ချလိုက်တော့သည်။

ဒါပေမဲ့ ဒုတိယသခင်ကြီးလျောင်ရဲ့ပြသာနာကတော့ ဒုံရင်းကဒုံရင်းပင်။ ဧကရာဇ်ကျင်းလိဟာလုံးလုံးပူပန်မနေလေဘူး။ သူကနေ့တိုင်းသွားစစ်ဆေးဖို့ တစ်ယောက်ယောက်ကိုအမိန့်ပေးထားပြီး တရက်မှာအနည်းဆုံးတစ်ကြိမ်တော့လျောင်ချင်းချင်းဆီသွားလည်တယ်။

ဧကရာဇ်ကျင်းလိရဲ့အလျင်မလိုပဲအလုပ်လုပ်တဲ့နည်းကို လျောင်ချင်းချင်းသတိထားမိပါသည်။ ဒါပေမဲ့ ခုတလောတစ်ယောက်ယောက်ကသူမနောက်လိုက်ပြီး လီရှန်းအဆောင်ကိုစောင့်ကြည့်နေတယ်လို့ သူမခံစားနေရတယ်။ သူမကြည့်ခဲ့ဖူးတဲ့နန်းတွင်းဒရာမာကို သူမတွေးလိုက်မိတယ်။ တစ်ယောက်ယောက်ကအမှားတွေရှာပြီး သူမရဲ့အရှိုက်ကိုတိုက်ခိုက်ဖို့ သူမနဲ့လီရှန်းအဆောင်ကိုစောင့်ကြည့်နေတာဖြစ်နိုင်သည်။

ချက်ချင်းပင် သူမသတိဝီရိယပိုလို့တောင်ရှိလာသည်။ သူမဟယ်ရှန်းနဲ့ကျန်သူတွေကိုစုစည်းပြီး လီရှန်းအဆောင်ထဲမှာ ဆွေးနွေးပွဲကြီးတစ်ခုကျင်းပလိုက်တယ်။ သူမကလူတိုင်းကို သင့်လျော်စွာပြုမူပြောဆိုဖို့၊ သတိထားပြီးလုပ်ကိုင်ဖို့၊ မူမမှန်တာမှန်သမျှသူမကိုအကြောင်းကြားဖို့ ညွှန်ကြားထားလိုက်သည်။

ရက်အနည်းငယ်ပြီးတဲ့နောက်မှာ ဆယ့်ငါးရက်နေ့ရောက်လာသည်။ လျောင်ချင်းချင်းမှာ ဧကရာဇ်ကျင်းလိကိုကြိုဆိုဖို့ အထူးတလည်ပိုက်ဆံသုံးခဲ့ပြီး ညစာစားပွဲတစ်ခုပြင်ဆင်ထားသည်။ သို့ပေမဲ့ စောင့်ဆိုင်းပြီးနောက်မှာ ဧကရာဇ်ကျင်းလိရောက်လာတာကို သူမမမြင်ခဲ့ရပေ။ သူမဟယ်ရှန်းကို အခြေအနေစုံစမ်းခိုင်းလိုက်ပြီး ဧကရာဇ်ကျင်းလိကလျန်ကွေ့ဖေးဆီသွားခဲ့တဲ့အကြောင်းကို သိလိုက်ရသည်။

သူကလျန်ကွေ့ဖေးနန်းဆောင်ဆီသွားတာလား?

ဧကရာဇ်ကျင်းလိ လင်းဟွနန်းဆောင်ဘက်ခြေဦးမလှည့်တာကြာပြီဖြစ်သည်။

ဘာကြောင့်လင်းဟွနန်းဆောင်ဆီသွားဖို့ တွေးခဲ့တာလဲ?

ဟယ်ရှန်း စိတ်ပူပန်စွာပြောလိုက်သည်။

" သခင်မရေ ဒုတိယသခင်ကြီးကြောင့် အရှင်မင်းကြီးက....."

" မဟုတ်ဘူး"
လျောင်ချင်းချင်း ငြင်းဆိုလိုက်သည်။

" ဒါဆို..."

" သူကဒီတိုင်းလျန်ကွေ့ဖေးဆီသွားရုံပါပဲ ကိစ္စကြီးမှမဟုတ်တာ"

မနှစ်တုန်းကဆို ဧကရာဇ်ကျင်းလိကလျန်ကွေ့ဖေးဆီမကြာခဏသွားခဲ့တာပဲဟာ။ လျောင်ချင်းချင်းဟာဘာမှမခံစားရဘူး။ ဘာကြောင့်လဲဆိုတော့ ဧကရာဇ်ကျင်းလိကိုယ်ကအဆိပ်မိထားတာကနေမသက်သာသေးပဲ သူကလျန်ကွေ့ဖေးကိုဘာမှမလုပ်နိုင်တာကို သူမသိထားသည်လေ။ ဒါပေမဲ့ သူမနည်းနည်းတော့စိတ်ဓာတ်ကျသွားသည်။

ထူးဆန်းလိုက်တာ!

ထိုစဉ် လျန်ကွေ့ဖေးမှာ ဧကရာဇ်ကျင်းလိရဲ့လာရောက်မှုကြောင့် ပျော်ရွှင်နေလေတယ်။ ဟိုတုန်းက သူမဧကရာဇ်ကျင်းလိရဲ့အသွင်အပြင်ကိုမထင်မှတ်ပဲတွေ့ခဲ့ရပြီး သူမကိုဧကရီဖြစ်ချင်တဲ့ဆန္ဒဖြစ်ပေါ်လာစေခဲ့တယ်။ သူမအဖေကိုဧကရာဇ်ကျင်းလိနဲ့ဧကရီမယ်တော်ကြီးကိုဖိအားပေးခိုင်းခဲ့‌ပြီး နန်းတွင်းထဲဝင်ရောက်ခဲ့တယ်။ အဲ့ဒီနောက်မှာ လျန်ကွေ့ဖေးဖြစ်လာဖို့ နည်းလမ်းအကုန်အသုံးပြုခဲ့သည်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွက်တော့ ဧကရာဇ်ကျင်းလိကသူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါသည်။ လျောင်ချင်းချင်း ပေါ်မလာခင်အထိပေါ့လေ။ လျောင်ချင်းချင်းပေါ်လာတာနဲ့ ဧကရာဇ်ကျင်းလိက သူ့အာရုံတွေအကုန်လုံး လျောင်ချင်းချင်းဆီ စုပုံထားတော့တယ်။ အခု လျောင်ချင်းချင်းအဖေကပြစ်မှုကျူးလွန်ထားတယ်ဆိုတော့ ဧကရာဇ်ကျင်းလိကလျောင်ချင်းချင်းကိုသဘောမတွေ့တော့တာများလား?

လျန်ကွေ့ဖေး ပျော်ရွှင်သွားတယ်။ ဧကရာဇ်ကျင်းလိလာမယ်ဆိုတာ သူမစောစောသိရင်ဝတ်စားပြင်ဆင်ထားမှာပေါ့။ လက်ရှိမှာ သူမကသူ့ကိုအပြုံးလေးနဲ့ကြိုဆိုလိုက်သည်။

" ထနိုင်ပါပြီလျန်ကွေ့ဖေး"
ဧကရာဇ်ကျင်းလိ အထက်ပိုင်းထိုင်ခုံမှာထိုင်လိုက်သည်။

" ဟုတ်ကဲ့"
လျန်ကွေ့ဖေး အပြုံးလေးနဲ့ထရပ်ကာ ဧကရာဇ်ကျင်းလိအတွက် ကိုယ်တိုင်ကိုယ်ကျရေ‌နွေးကြမ်းငှဲ့ပေးလိုက်တယ်။ ဧကရာဇ်ကျင်းလိ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်လိုက်ကာ သောက်လိုက်သည်။ လျန်ကွေ့ဖေး‌ပြုံးလိုက်ပြီး စကားပြောစရာအကြောင်းအရာရှာဖွေလိုက်သည်။

" ဒီတလောရာသီဥတုကကောင်းမွန်ပြီး လကအလွန်တောက်ပနေတာပဲနော် အရှင်မင်းကြီး"

ဧကရာဇ်ကျင်းလိ စိတ်မဝင်စားစွာပြောလိုက်သည်။

" ဆယ့်ငါးရက်နေ့မှလကမတောက်ပရင် ဘယ်အချိန်သွားတောက်ပမလဲ?"

"......"

လျန်ကွေ့ဖေး ထင်မြင်ချက်ကိုအဆုံးသတ်ပြီးပြောလိုက်သည်။

" အရှင်မင်းကြီးပြောတာမှန်ပါတယ် ဒီနေ့ရာသီဥတုကိုကတကယ့်ကိုကောင်းနေတာပါ"

" ကောင်းပြီ လျန်ကွေ့ဖေး ဟန်ဆောင်မနေနဲ့တော့"

လျန်ကွေ့ဖေး အေးခဲသွားသည်။ ဧကရာဇ်ကျင်းလိ နက်မှောင်တဲ့မျက်လုံးတွေကိုပင့်ကာပြောလိုက်သည်။

" ရှန်ဖေးကကျန်းကိုအားလုံးပြောတယ်"

လျန်ကွေ့ဖေးမျက်နှာတောင့်တင်းသွားတော့သည်။




စာရေးသူ‌မှာပြောစရာလေးရှိပါတယ်:--

ဧကရာဇ်ကျင်းလိ: ကျန်းရဲ့နန်းတွင်း‌အကောက်ကြံတဲ့စကေးကိုကျန်းတကယ်ပဲလေးစားမိတယ်!

လျောင်ချင်းချင်း:(⁠☉⁠。⁠☉⁠)⁠!



Zawgyi

ေလ်ာင္ခ်င္းခ်င္းနိုးလာေတာ့ သူမေဘးမွာဧကရာဇ္က်င္းလိမရွိေတာ့ေပ။

" သခင္မ အိပ္ေပ်ာ္ေနတာရွီခ်န္တစ္ဝက္(တစ္နာရီ)ေလာက္ရွိပါၿပီ"

ဟယ္ရွန္းေျပာလိုက္သည္။

" အဲ့ေလာက္ၾကာသြားလား? အရွင္မင္းႀကီးေရာ?"

" အရွင္မင္းႀကီးက နာရီဝက္ပဲအိပ္သြားခဲ့တာပါ"

" ....."

ဧကရာဇ္က်င္းလိကတကယ့္ကိုလူနဲ႕မတူတာပဲ။ တစ္ႏွစ္မွာ ၃၆၅ရက္ရွိၿပီး သူ႕ဘဝရဲ႕၃၆၄ရက္ကပင္ပန္းေနရတယ္။

" အရွင္မင္းႀကီးဘယ္သြားလဲ? စကားတစ္ခုခုခ်န္ခဲ့ေသးလား?"

" အရွင္မင္းႀကီးကေတာ္ဝင္စာၾကည့္ေဆာင္ဆီျပန္သြားတာျဖစ္ၿပီး သခင္မကိုအေတြးမလြန္ပဲ အာလူးေတြပဲေကာင္းေကာင္းစိုက္ပ်ိဳးေနဖို႔ေျပာသြားခဲ့ပါတယ္"

ေလ်ာင္ခ်င္းခ်င္း ေခါင္းညိတ္လိုက္သည္။ တကယ္ေတာ့ သူမလည္းတစ္ခုခုလုပ္ခ်င္ေနခဲ့တာျဖစ္သည္။ ဒါေပမဲ့သူမကပမႊားကိုယ္လုပ္ေတာ္ေလးတစ္ေယာက္ေလ။ ေတာ္ဝင္ေမာင္းမေဆာင္ထဲမွာအၾကာႀကီးေနထိုင္ခဲ့တာေတာင္ ဒုတိယသခင္ႀကီးေလ်ာင္နဲ႕က်ီရွီကိုကူညီဖို႔ သူမဘာတစ္ခုမွမလုပ္ေပးနိုင္ဘူး။

ေသေသခ်ာခ်ာစဥ္းစားဆင္ျခင္ၿပီးတဲ့ေနာက္မွာ သူတို႔ကိုကူညီဖို႔ဆိုတာကမျဖစ္နိုင္ေပ။ အရွင္မင္းႀကီးက သူမကိုစိတ္ပူမေနပဲအာလူးေတြစိုက္ေနဖို႔ေျပာခဲ့ၿပီး သူမကလည္းလုပ္ပါ့မယ္လို႔ေျပာခဲ့တယ္။ အာလူးေတြႀကီးထြားလာတဲ့အခါ ႀကီးျမတ္တဲ့ေဝ့ျပည္ႀကီးထဲမွာ အံဝင္ခြင္က်ျဖစ္နိုင္သည္။ ဒါကေျပာင္ေျမာက္တဲ့ေအာင္ျမင္မႈတစ္ခုျဖစ္မွာျဖစ္ၿပီး ဒုတိယသခင္ႀကီးေလ်ာင္နဲ႕အျခားသူေတြမွာ အက်ိဳးျဖစ္ထြန္းနိုင္သည္။

မူလကိုယ္ရဲ႕မွတ္ဉာဏ္ေတြနဲ႕ဆိုေတာ့ သူမမွာဒုတိယသခင္ႀကီးေလ်ာင္နဲ႕က်ီရွီအတြက္ ခံစားခ်က္ေတြရွိေနေသးသည္။ ထို႔ေၾကာင့္ ဒုတိယသခင္ႀကီးေလ်ာင္အေၾကာင္းအေျခအေနတိုးတတ္မႈကိုလဲနားစြင့္ေနရင္း သူမအာလူးေတြကိုႀကိဳးႀကိဳးစားစားဂ႐ုစိုက္ခဲ့ၿပီး မွတ္တမ္းတင္ခဲ့သည္။

ေနာက္ရက္ေတြမွာ ဒုတိယသခင္ႀကီးေလ်ာင္နဲ႕ပတ္သတ္တဲ့ သဲလြန္စအနည္းငယ္ရရွိခဲ့တယ္။ ဧကရာဇ္က်င္းလိက သူကိုင္တြယ္လိုက္မယ္လို႔ သူမကိုကတိေပးသြားတယ္ဆိုေတာ့ သူမသိပ္မမ်ားႀကီးမစုံစမ္းခဲ့ဘူး။ သူမဘဝကိုပုံမွန္အတိုင္းေရွ႕ဆက္ေနခဲ့သည္။

သူမဟာသျဖစ္မွာကိုၾကည့္ဖို႔ေစာင့္ေနတဲ့ ကိုယ္လုပ္ေတာ္အခ်ိဳ႕ဟာ ဒီလိုျဖစ္ရပ္ႀကီးၿပီးတဲ့ေနာက္မွာ ေလ်ာင္ခ်င္းခ်င္းဟာအဆင့္လဲမခ်မခံရသလို အျပစ္လဲအေပးမခံရတာကိုေတြ႕သြားၾကတယ္။ ဧကရာဇ္က်င္းလိကေလ်ာင္ခ်င္းခ်င္းကို ဂ႐ုစိုက္တယ္ဆိုတာ သူတို႔သိသြားၾကၿပီး ေလ်ာင္ခ်င္းခ်င္းနဲ႕ပတ္သတ္လို႔ သူတို႔စ,ၿပီးခ်ီတုံခ်တဳံျဖစ္လာၾကတယ္။ ေလ်ာင္ခ်င္းခ်င္းဟာ ဘာမွမျဖစ္ခဲ့သလိုျပဳမူၿပီး သူတို႔ကို"မမ၊ညီမေလး"လို႔ပုံမွန္ေခၚၿမဲပဲ။

သို႔ေသာ္ ဒုတိယသခင္ႀကီးေလ်ာင္နဲ႕ပတ္သတ္တဲ့အေၾကာင္းတခ်ိဳ႕ကို သူမျပန္ၾကားေနရဆဲပင္ျဖစ္သည္။ ဧကရာဇ္က်င္းလိဟာဒုတိယသခင္ႀကီးေလ်ာင္ရဲ႕နာမည္ကို စိတ္ရင္းမွန္နဲ႕ရွင္းလင္းေပးခ်င္တာလို႔ ေျပာၾကသည္။ ဒါေပမဲ့ ႐ုံးေတာ္ထဲကလူတခ်ိဳ႕ကေတာ့ ဒုတိယသခင္ႀကီးေလ်ာင္ကခိုးယူထားတဲ့ ေ႐ႊေတြအကုန္လုံးနဲ႕ဖမ္းဆီးရမိခဲ့လို႔ ခ်က္ခ်င္းအျပစ္ေပးသင့္တယ္လို႔ ယုံၾကည္ေနၾကၿပီး သူတို႔ကဧကရာဇ္က်င္းလိကိုဆက္တိုက္ဖိအားေပးေနၾကတယ္။

ဧကရာဇ္က်င္းလိကလ်စ္လ်ဴရႈထားတာကိုျမင္ေတာ့ ေလ်ာင္ခ်င္းခ်င္းကိုပါ ေယာင္းေဖး(မိစ္ဆာကိုယ္လုပ္ေတာ္)လို႔ေျပာလာၾကသည္။

ဧကရာဇ္က်င္းလိတိုက္ရိုက္ပင္ျပန္ေမးလိုက္သည္။

" က်န္းရဲ႕ရွီးေက်ာက္႐ုန္ကဘယ္လိုေယာင္း(မိစ္ဆာ)အမ်ိဳးအစားလဲဆိုတာ ခ်စ္ခင္ရတဲ့ငယ္သားကပဲက်န္းကိုေျပာျပပါအုံး?"

ထိုအမတ္အိုႀကီးမွာ ဆြံ႕အသြားေတာ့သည္။

ဧကရာဇ္က်င္းလိေျပာလိုက္သည္။
" ခ်စ္ခင္ရတဲ့ငယ္သား.. က်န္းကနဂါးစင္စစ္ျဖစ္ၿပီး ေကာင္းကင္ရဲ႕သားေတာ္ပဲ မိစ္ဆာေတြနဲ႕မေကာင္းဆိုးဝါးဝိဉာဥ္ေတြက က်န္းအနားလာခြင့္မရွိဘူး ရွီးေက်ာက္႐ုန္ကမိစ္ဆာလို႔ေမာင္မင္းကေျပာခဲ့တယ္ ဆိုေတာ့ကာ ေမာင္မင္းကက်န္းကိုနဂါးစင္စစ္မဟုတ္ဘူးလို႔ သြယ္ဝိုက္ၫႊန္းဆိုတာလား?"

ထိုအမတ္အိုႀကီးမွာ ဒုန္းခနဲဒူးေထာက္က်သြားသည္။ ဧကရာဇ္က်င္းလိမွာ'ေယာင္းေဖး'ဆိုတဲ့စကားကို ခ်က္ခ်င္းပင္ျပည္ဖုံးကားလိပ္ခ်လိဳက္ေတာ့သည္။

ဒါေပမဲ့ ဒုတိယသခင္ႀကီးေလ်ာင္ရဲ႕ျပသာနာကေတာ့ ဒုံရင္းကဒုံရင္းပင္။ ဧကရာဇ္က်င္းလိဟာလုံးလုံးပူပန္မေနေလဘူး။ သူကေန႕တိုင္းသြားစစ္ေဆးဖို႔ တစ္ေယာက္ေယာက္ကိုအမိန႔္ေပးထားၿပီး တရက္မွာအနည္းဆုံးတစ္ႀကိမ္ေတာ့ေလ်ာင္ခ်င္းခ်င္းဆီသြားလည္တယ္။

ဧကရာဇ္က်င္းလိရဲ႕အလ်င္မလိုပဲအလုပ္လုပ္တဲ့နည္းကို ေလ်ာင္ခ်င္းခ်င္းသတိထားမိပါသည္။ ဒါေပမဲ့ ခုတေလာတစ္ေယာက္ေယာက္ကသူမေနာက္လိုက္ၿပီး လီရွန္းအေဆာင္ကိုေစာင့္ၾကည့္ေနတယ္လို႔ သူမခံစားေနရတယ္။ သူမၾကည့္ခဲ့ဖူးတဲ့နန္းတြင္းဒရာမာကို သူမေတြးလိုက္မိတယ္။ တစ္ေယာက္ေယာက္ကအမွားေတြရွာၿပီး သူမရဲ႕အရွိုက္ကိုတိုက္ခိုက္ဖို႔ သူမနဲ႕လီရွန္းအေဆာင္ကိုေစာင့္ၾကည့္ေနတာျဖစ္နိုင္သည္။

ခ်က္ခ်င္းပင္ သူမသတိဝီရိယပိုလို႔ေတာင္ရွိလာသည္။ သူမဟယ္ရွန္းနဲ႕က်န္သူေတြကိုစုစည္းၿပီး လီရွန္းအေဆာင္ထဲမွာ ေဆြးႏြေးပြဲႀကီးတစ္ခုက်င္းပလိုက္တယ္။ သူမကလူတိုင္းကို သင့္ေလ်ာ္စြာျပဳမူေျပာဆိုဖို႔၊ သတိထားၿပီးလုပ္ကိုင္ဖို႔၊ မူမမွန္တာမွန္သမွ်သူမကိုအေၾကာင္းၾကားဖို႔ ၫႊန္ၾကားထားလိုက္သည္။

ရက္အနည္းငယ္ၿပီးတဲ့ေနာက္မွာ ဆယ့္ငါးရက္ေန႕ေရာက္လာသည္။ ေလ်ာင္ခ်င္းခ်င္းမွာ ဧကရာဇ္က်င္းလိကိုႀကိဳဆိုဖို႔ အထူးတလည္ပိုက္ဆံသုံးခဲ့ၿပီး ညစာစားပြဲတစ္ခုျပင္ဆင္ထားသည္။ သို႔ေပမဲ့ ေစာင့္ဆိုင္းၿပီးေနာက္မွာ ဧကရာဇ္က်င္းလိေရာက္လာတာကို သူမမျမင္ခဲ့ရေပ။ သူမဟယ္ရွန္းကို အေျခအေနစုံစမ္းခိုင္းလိုက္ၿပီး ဧကရာဇ္က်င္းလိကလ်န္ေကြ႕ေဖးဆီသြားခဲ့တဲ့အေၾကာင္းကို သိလိုက္ရသည္။

သူကလ်န္ေကြ႕ေဖးနန္းေဆာင္ဆီသြားတာလား?

ဧကရာဇ္က်င္းလိ လင္းဟြနန္းေဆာင္ဘက္ေျခဦးမလွည့္တာၾကာၿပီျဖစ္သည္။

ဘာေၾကာင့္လင္းဟြနန္းေဆာင္ဆီသြားဖို႔ ေတြးခဲ့တာလဲ?

ဟယ္ရွန္း စိတ္ပူပန္စြာေျပာလိုက္သည္။

" သခင္မေရ ဒုတိယသခင္ႀကီးေၾကာင့္ အရွင္မင္းႀကီးက....."

" မဟုတ္ဘူး"
ေလ်ာင္ခ်င္းခ်င္း ျငင္းဆိုလိုက္သည္။

" ဒါဆို..."

" သူကဒီတိုင္းလ်န္ေကြ႕ေဖးဆီသြား႐ုံပါပဲ ကိစၥႀကီးမွမဟုတ္တာ"

မႏွစ္တုန္းကဆို ဧကရာဇ္က်င္းလိကလ်န္ေကြ႕ေဖးဆီမၾကာခဏသြားခဲ့တာပဲဟာ။ ေလ်ာင္ခ်င္းခ်င္းဟာဘာမွမခံစားရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဧကရာဇ္က်င္းလိကိုယ္ကအဆိပ္မိထားတာကေနမသက္သာေသးပဲ သူကလ်န္ေကြ႕ေဖးကိုဘာမွမလုပ္နိုင္တာကို သူမသိထားသည္ေလ။ ဒါေပမဲ့ သူမနည္းနည္းေတာ့စိတ္ဓာတ္က်သြားသည္။

ထူးဆန္းလိုက္တာ!

ထိုစဥ္ လ်န္ေကြ႕ေဖးမွာ ဧကရာဇ္က်င္းလိရဲ႕လာေရာက္မႈေၾကာင့္ ေပ်ာ္႐ႊင္ေနေလတယ္။ ဟိုတုန္းက သူမဧကရာဇ္က်င္းလိရဲ႕အသြင္အျပင္ကိုမထင္မွတ္ပဲေတြ႕ခဲ့ရၿပီး သူမကိုဧကရီျဖစ္ခ်င္တဲ့ဆႏၵျဖစ္ေပၚလာေစခဲ့တယ္။ သူမအေဖကိုဧကရာဇ္က်င္းလိနဲ႕ဧကရီမယ္ေတာ္ႀကီးကိုဖိအားေပးခိုင္းခဲ့ၿပီး နန္းတြင္းထဲဝင္ေရာက္ခဲ့တယ္။ အဲ့ဒီေနာက္မွာ လ်န္ေကြ႕ေဖးျဖစ္လာဖို႔ နည္းလမ္းအကုန္အသုံးျပဳခဲ့သည္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြက္ေတာ့ ဧကရာဇ္က်င္းလိကသူမကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့ပါသည္။ ေလ်ာင္ခ်င္းခ်င္း ေပၚမလာခင္အထိေပါ့ေလ။ ေလ်ာင္ခ်င္းခ်င္းေပၚလာတာနဲ႕ ဧကရာဇ္က်င္းလိက သူ႕အာ႐ုံေတြအကုန္လုံး ေလ်ာင္ခ်င္းခ်င္းဆီ စုပုံထားေတာ့တယ္။ အခု ေလ်ာင္ခ်င္းခ်င္းအေဖကျပစ္မႈက်ဴးလြန္ထားတယ္ဆိုေတာ့ ဧကရာဇ္က်င္းလိကေလ်ာင္ခ်င္းခ်င္းကိုသေဘာမေတြ႕ေတာ့တာမ်ားလား?

လ်န္ေကြ႕ေဖး ေပ်ာ္႐ႊင္သြားတယ္။ ဧကရာဇ္က်င္းလိလာမယ္ဆိုတာ သူမေစာေစာသိရင္ဝတ္စားျပင္ဆင္ထားမွာေပါ့။ လက္ရွိမွာ သူမကသူ႕ကိုအၿပဳံးေလးနဲ႕ႀကိဳဆိုလိုက္သည္။

" ထနိုင္ပါၿပီလ်န္ေကြ႕ေဖး"
ဧကရာဇ္က်င္းလိ အထက္ပိုင္းထိုင္ခုံမွာထိုင္လိုက္သည္။

" ဟုတ္ကဲ့"
လ်န္ေကြ႕ေဖး အၿပဳံးေလးနဲ႕ထရပ္ကာ ဧကရာဇ္က်င္းလိအတြက္ ကိုယ္တိုင္ကိုယ္က်ေရႏြေးၾကမ္းငွဲ႕ေပးလိုက္တယ္။ ဧကရာဇ္က်င္းလိ လက္ဖက္ရည္ခြက္ကိုေကာက္ကိုင္လိုက္ကာ ေသာက္လိုက္သည္။ လ်န္ေကြ႕ေဖးၿပဳံးလိုက္ၿပီး စကားေျပာစရာအေၾကာင္းအရာရွာေဖြလိုက္သည္။

" ဒီတေလာရာသီဥတုကေကာင္းမြန္ၿပီး လကအလြန္ေတာက္ပေနတာပဲေနာ္ အရွင္မင္းႀကီး"

ဧကရာဇ္က်င္းလိ စိတ္မဝင္စားစြာေျပာလိုက္သည္။

" ဆယ့္ငါးရက္ေန႕မွလကမေတာက္ပရင္ ဘယ္အခ်ိန္သြားေတာက္ပမလဲ?"

"......"

လ်န္ေကြ႕ေဖး ထင္ျမင္ခ်က္ကိုအဆုံးသတ္ၿပီးေျပာလိုက္သည္။

" အရွင္မင္းႀကီးေျပာတာမွန္ပါတယ္ ဒီေန႕ရာသီဥတုကိုကတကယ့္ကိုေကာင္းေနတာပါ"

" ေကာင္းၿပီ လ်န္ေကြ႕ေဖး ဟန္ေဆာင္မေနနဲ႕ေတာ့"

လ်န္ေကြ႕ေဖး ေအးခဲသြားသည္။ ဧကရာဇ္က်င္းလိ နက္ေမွာင္တဲ့မ်က္လုံးေတြကိုပင့္ကာေျပာလိုက္သည္။

" ရွန္ေဖးကက်န္းကိုအားလုံးေျပာတယ္"

လ်န္ေကြ႕ေဖးမ်က္ႏွာေတာင့္တင္းသြားေတာ့သည္။




စာေရးသူမွာေျပာစရာေလးရွိပါတယ္:

ဧကရာဇ္က်င္းလိ: က်န္းရဲ႕နန္းတြင္းအေကာက္ႀကံတဲ့စေကးကိုက်န္းတကယ္ပဲေလးစားမိတယ္!

ေလ်ာင္ခ်င္းခ်င္း:()!




Continue Reading

You'll Also Like

1.5M 190K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
1.5M 248K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
138K 16.2K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
570K 66.4K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...