အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

164K 21.6K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF Chapter-(44+45)

1.4K 229 29
By Cup-Of-Luckiness

CHAPTER-(44)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ပိတ်ရက်မတိုင်ခင် ယိချန်ချူရှောင်းကို လိုက်လိမ့်မည်ဟု ပိုင်ရွယ်ဝေ့မျှော်လင့်ထားတာကြောင့် ကျောင်းကားပါကင်နေရာကို အရင်သွားပြီး သူ့ကိုစောင့်နေလိုက်၏။

******

ချုရှောင်း ကျောင်းကိုကားမောင်းလာပြီး ကားထဲကထွက်ထွက်ချင်းပဲ ပိုင်ရွယ်ဝေ့တားတာ ခံလိုက်ရသည်။ သူမကိုမြင်တော့ မျက်ရည်တွေပြိုကျလာတော့မ​ယောင်ဟန်ဆောင်တဲ့ မိန်းကလေးအဖြစ်နဲ့ ချူရှောင်း အေးစက်စက်ကြည့်လိုက်သည်။

"ရှောင်းရှောင်း၊ အားချန် ငါနဲ့လမ်းခွဲသွားပြီ။"

ပိုင်ရွယ်ဝေ့ ရှိုက်လိုက်၏။

"လမ်းခွဲနစ်နာကြေးအနေနဲ့ တိုက်ခန်းကိုပေးသွားတယ်။ သူဘာလို့ ဒီလိုလုပ်လဲ သိလားဟင်? ရှောင်းရှောင်း ငါသူ့ကို ဆွဲမထားနိုင်တော့ဘူး။ သူဘာလို့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့လဲ ငါနားမလည်တော့ဘူး။ အရင်သောကြာကတောင် သူအကောင်းကြီးရှိသေးတယ်။ မကြာတော့တဲ့ အနာဂတ်မှာ ငါတို့ခရီးထွက်ဖို့တောင် သဘောတူထားကြတာ။"

ချူရှောင်း သူမကိုဘေးကိုတွန်းကာ ထွက်လာလိုက်သည်။

"ဆန်ကုန်မြေလေးကောင်နဲ့ စျေးပေါပေါမိန်းမကြားက ရွံစရာကိစ္စတွေကို စိတ်မဝင်စားလို့ ငါ့မျက်စိရှေ့ကနေ ထွက်သွားပေးပါ။"

ပိုင်ရွယ်ဝေ့ အတွန်းခံရလို့ယိုင်သွားရင်းက ချူရှောင်းကိုဆွဲဖို့ ရုန်းကန်လိုက်သည်။

"အားချန် နင့်ကိုလာရှာသေးလား? သူကနင့်အကြောင်းပဲ အမြဲတွေးနေတာ။ အရာအားလုံးအတွက် တောင်းပန်ပါတယ်။ ကူညီပေးချင်ပေမယ့် ငါ—ငါ သူ့ကိုအရာအားလုံး ပေးပြီးသွားပြီ။ ငါအခု သူ့ကလေးတောင် ရှိနေလောက်တယ်။ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူနဲ့ပြန်မတွဲပါနဲ့နော်။ သူ့ကိုငါဆီကနေ မယူသွားပါနဲ့။ နော်?"

ချူရှောင်း ကြက်သေသေသွား၏။ သူမတစ်ဖန်ပြန်လှည့်လာကာ ပိုင်ရွယ်ဝေ့ကိုအကဲခတ်ဖို့ နေကာမျက်မှန်ကို ချွတ်လိုက်လေသည်။

"သူကနင့်ကို သစ်စိမ်းချိူးချိူးသွားတာတောင် နင့်မှာသူနဲ့ရတဲ့ကလေး ရှိနေတယ်လို့ပြောနေတာလား?"

"ဟုတ်တယ် ရှောင်းရှောင်း၊ ငါနင့်ကိုအမှားလုပ်မိတယ်ဆိုတာ သိပါတယ်။ ငါ့ကိုယ်ငါနောင်တရပြီး အပြစ်တင်နေပေမယ့် ငါကယိချန်နဲ့သက်ဆိုင်နေပါပြီ။ အရင်ရက်တွေက အိပ်ငိုက်ပြီး ပျို့တတ်နေတာနဲ့ ငါတို့ကသန္ဓေတားဆေးတွေ မသုံးတော့ ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။ သူ့ကိုမှ ဆုံးရှုံးရရင် ငါဖြေမဆည်နိုင်ဘူး။ ရှောင်းရှောင်း နင့်မှာအရာရာပြည့်စုံပေမယ့် ငါ့မှာကအားချန်ပဲရှိတာပါ။ ငါ တောင်းပန်ပါတယ်နော်။ ကျေးဇူးပြုပြီး သူ့ကိုတော့ ရှိခွင့်လေးပေးပါ၊ ဟင်? ငါ့မှာလည်း တခြားရွေးချယ်စရာ မရှိလို့ပါ။ တောင်းပန်ပါတယ်....."

ချူရှောင်းသူမမျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ဖို့ မေးစေ့ကနေ ဆွဲမော့လိုက်၏။

"ယိချန်နင့်ကိုဘာလို့ လမ်းခွဲကြေးပေးလဲ သိလား? ဘာလို့လဲဆိုတော့ နင်သူ့အပေါ်မျက်နှာချိုသွေးနေသမျှက အိမ်ယာအသေးလေးလောက်ပဲ တန်တာမို့လေ။ အဲ့လူကို ငါ့ဆီကနေ နင်ခိုးသွားပေမယ့် ငါ့ဂုဏ်သိက္ခာနဲ့အဆင့်အတန်းကိုတော့ ဘယ်တော့မှခိုးလို့ရမှာ မဟုတ်ဘူး။ ယိမိသားစုထဲ လက်ထပ်ဝင်နိုင်လောက်အောင် ကံကောင်းရင်တောင် နင်က တခြားသူတွေကိုတွယ်ကပ်ပြီး ကိုယ့်အမြင့်ကိုလှမ်းရတဲ့ နွယ်ပန်းလိုသူမျိူးသာသာပဲ။ နင်ဒါကိုလက်ခံပြီး အဲ့ဒီဆန်ကုန်မြေလေးကို ကျန်တဲ့ဘဝတစ်လျောက်လုံး မှီခိုနေရလိမ့်မယ်။ နင့်မှာ တကယ့်အာဏာနဲ့ လွတ်လပ်မှုအစစ်အမှန်ကို ဘယ်တော့မှ ခံစားဖူးမှာမဟုတ်ဘူး။"

ယိချန် ကားပါကင်ထိုးတဲ့နေရာကို မောင်းနှင်လာခဲ့သည်။ အမျိုးသမီးနှစ်ယောက်ကို သူတွေ့သွားချိန်မှာတော့ ကားပေါ်ကမဆိုင်းမတွဆင်းပြီး သူတို့ဆီအပြေးသွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ?"

ချူရှောင်း  ပိုင်ရွယ်ဝေ့မျက်နှာကိုလွှတ်ပြီး သူမလက်ကိုတစ်ရှုးနှင့်သုတ်ကာ ယိချန်မျက်နှာဆီ ပစ်ပေါက်လိုက်၏။

"ကိုယ့်ခွေးကို ထိန်း ပြီးတော့ ငါပြောတာတွေကိုလည်း သတိရဦး။ ယိမိသားစုကို စောစောမွဲသွားအောင်လုပ်နိုင်ရင်လည်း စိတ်မရှိပါဘူး။"

ချူရှောင်းလှည့်ကာ ထွက်သွားတော့သည်။ ယိချန်ကသူမနောက် ကမန်းကတန်းပြေးလိုက်ဖို့ လုပ်နေတုန်းမှာပဲ...

"ချုရှောင်း! ချူရှောင်း!"

ယိချန်ချူရှောင်းနောက်ကို မလိုက်နိုင်ခင် ပိုင်ရွယ်ဝေ့သူ့ကို လာဖက်ကာ တိုင်တန်းတော့သည်။

"အားချန် သူမကျွန်မကို ဘယ်လိုအရှက်ခွဲလဲ မြင်လိုက်တယ်မလား? ရှင်ဘာဖြစ်နေတာလဲ? ဘာလို့ကျွန်မနဲ့ လမ်းခွဲတာလဲ? ရှင်...."

"ပိုင်ရွယ်ဝေ့"

ယိချန် မျက်မှောင်ကြုံ့ကာ အဝေးကိုတွန်းလိုက်၏။

"ချူရှောင်းကို ဘာလို့လာတွေ့တာလဲ? သူမကပဲမင်းကို ရှာတဲ့သူလို့ပြောပြီး ငါ့ကိုမလှည့်စားနဲ့နော်။ ဒါက ကားပါကင်နေရာ၊ မင်းမှာ ကားတောင်မရှိဘူး။"

သူမသူ့ကို နာကျင်စွာ ကြည့်လိုက်သည်။

"ရှင့်ကို လာစောင့်တာ။ ရှင်က ကျွန်မဖုန်းနဲ့စာတွေကို မဖြေမှတော့ လူကိုယ်တိုင်လာချည်းကပ်ရတာပေါ့။ အဆုံးသတ်ကတော့ ချူရှောင်းကျွန်မကိုမြင်တဲ့အချိန် လှောင်ပြောင်ပြီးအရှက်ခွဲသွားတယ်လေ။"

မျက်ရည်တွေ သူမပါးပေါ် စီးကျလာရင်းမှ

"အားချန် ကျွန်မသူမအပေါ် မှားခဲ့မှန်းသိပါတယ်။ သူမမှာ အရှက်ခွဲခွင့်လည်း ရှိပါတယ်။ ရှင့်အတွက်ကြောင့်နဲ့ တစ်မိသားစုလုံးအပေါ် သစ္စာဖောက်ခဲ့တာ။ ရှင်က ကျွန်မမှာရှိတဲ့တစ်ခုတည်းသော တစ်ယောက်တည်းသော သူပါ။ ကျွန်မကို ဒီလိုစွန့်ခွာသွားလို့ မရဘူးလေ..."

သူရဲ့စိတ်မချမ်းသာစရာ အပြုအမှုကိုတွေ့အပြီး ယိချန်သူမအတွက် အနည်းငယ်စိတ်မကေားင်သော်ငြား သူ့အဖေပြောခဲ့တဲ့စကားကို ပြန်အမှတ်ရသွားတော့သည်။

"ပိုင်မိသားစုရဲ့ အမေနဲ့သမီးက ချူမိသားစုကိုသစ္စာဖောက်ဖို့ နှလုံးသားရှိရင် ဒါကအနာဂတ်မှာ ယိမိသားစုကိုလည်း သစ္စာဖောက်လာနိုင်တယ်လို့ ဆိုလိုတာပဲ။"

CHAPTER-(45)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

စိတ်ထဲမှာအဲ့လိုရှိလာတာနဲ့ သူ့ရဲ့သနားမှုတွေလည်း လွင့်ပြယ်သွားတော့သည်။ ဒါ့အပြင်အဲ့ဒီခံစားချက်တွေက သူ့ကိုပထမနေရာက အထင်အမြင်လွှဲမှားစေခဲ့၏။ သူချစ်တဲ့သူက ချူရှောင်းဖြစ်တာကြောင့် သူသူမနဲ့ဆက်ပြီး မပတ်သတ်ချင်တော့ပေ။

"ငါကမင်းအပေါ် အမှားလုပ်ခဲ့တဲ့သူလို့ပဲ တွေးလိုက်စမ်းပါ။"

ယိချန်နှလုံးသားမဲ့စွာ ပြောလာ၏။

"ငါမင်းကို လျော်ကြေးပေးမယ်။ မင်းမကျေနပ်သေးရင်လည်း နောက်ထပ်ယွမ်နှစ်သန်းပေးမယ်။ ဒါမယ့် ငါ့ကိုဆက်ပြီး မနားတမ်းအနှောင့်အယှက် မပေးနဲ့တော့။"

ပိုင်ရွယ်ဝေ့ ယိချန်လက်မောင်းကိုဆွဲပြီး ဆွဲဆွဲငင်ငင်ငိုကြွေးလေသည်။

"ကျွန်မရှင်နဲ့ရတဲ့ ကိုယ်ဝန်လွယ်ထားရရင်ကော?"

"ကလေးကို ဖျက်ချလိုက်လေ!"

ယိချန် သူမကိုလွတ်အောင်ရှောင်ပြီး ချုရှောင်းစာသင်ခန်းဆီ မောင်းထွက်သွားသည်။

အတွန်းခံလိုက်ရတဲ့ မြေပြင်ပေါ်ကသူမကို သူနောက်တောင်ပြန်မကြည့်ဘဲ ထွက်သွားပြီမှန်း နားလည်လိုက်ပြီး မုန်းတီးမှုတွေက နှလုံးသားထဲမှာပြည့်နှက်သွားတော့သည်။

သူ့ကိုမြူဆွယ်ဖို့ ဒုက္ခတွေအများကြီး ခံခဲ့ရပေမယ့် သူကတော့ အကြောင်းပြချက်ရေရေရာရာ မရှိဘဲ အဝေးကိုတွန်းထုတ်သည်။ သူမယုံကြည်ချက်ရှိရှိ နှစ်လိုဖွယ်ကောင်းအောင် လုပ်ခဲ့သမျှအားလုံးက စွန့်ပစ်ခံရတာနဲ့ အဆုံးသတ်နေဆဲ။ သူတို့က စီးပွားရေးနယ်ပယ်ရဲ့ ကောင်းကင်ဘုံမှာဖြစ်တည်လာတဲ့ စုံတွဲတွေဖြစ်တာကြောင့် အပျော်အပြက်ရန်ပွဲတွေ ပြီးသွားတဲ့အခါ သူတို့တွေအမြဲပြန်သင့်မြတ်လိမ့်မယ်လို့ ပိုင်ရွယဝေ့ယုံကြည်နေခဲ့သည်။ အမှန်တရားကတော့ သူမကိုယ်သူမ အရူးလုပ်နေမိတာပင်။

ပိုင်ရွယ်ဝေ့အံကြိတ်ကာ မတ်တပ်ရပ်၏။

သူမကချူရှောင်းကို တစ်ခါအနိုင်ယူပြီးမှတော့ သူမထပ်အနိုင်ရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဘာတွေပဲဖြစ်ဖြစ် သူမကယိကတော် ဖြစ်ကိုဖြစ်လာရမယ်!

*****

ယိချန်နဲ့ပိုင်ရွယ်ဝေ့က စာသင်ခန်းထဲကို ရှေ့ဆင့်နောက်ဆင့် ဝင်လာကြပေမယ့် ချူရှောင်းကို မတွေ့ပါချေ။ အတန်းစကသင်နေပြီး ချူရှောင်းကပေါ်မလာသေးတာကြောင့် ယိချန်မလွယ်ကူသလို ခံစားလိုက်ရသည်။ ထို့နောက် ကျောင်းဝန်းအနှံ့သူမကိုရှာဖို့ ပြေးထွက်သွားတော့သည်။

ချူရှောင်းက အတန်းစပြီး မိနစ်နှစ်ဆယ်ကြာမှ အတန်းကိုရောက်လာသည်။ သူမက နည်းပြဆရာကို ကထိကရုံးခန်းသွားနေလို့ နောက်ကျနေကြောင်း ရှင်းပြခဲ့သည်။

ပိုင်ရွယ်ဝေ့မျက်နှာမှာ ရှုံ့မဲ့မဲ့ဖြစ်သွား၏။ နောက်ဆုံးတစ်ခါ လူသိရှင်ကြားဝေဖန်ပြီး သတိပေးခံရကတည်းက သူမသင်ရိုးပေါ်မှာ လုံးဝအာရုံမစိုက်နိုင်ခဲ့ပါချေ။ သူမအတွေးတွေလည်း ရှုပ်ထွေးနေပြီး တစ်ခုခုကိုအဖြေမထုတ်နိုင်ခင် ကထိကမှာ မျက်နှာထားတင်းတင်းနဲ့ တံခါးရှေ့ရောက်လို့နေပြီ။ သူမတောင်းပန်တော့မယ့် အချိန်မှာပဲ.....

"ပိုင်ရွယ်ဝေ့ ဆရာနဲ့ရုံးခန်းကို လိုက်ခဲ့ပါ။"

တင်းကြပ်တည်ငြိမ်တဲ့လေသံနဲ့ သူပြောလာ၏။

ကျောင်းသားတွေအားလုံး သူမကိုစိုက်ကြည့်လာကြသည်။ စောစောက ချူရှောင်းကထိကကိုသွားတွေ့တယ်။ ခုကထိကက ပိုင်ရွယ်ဝေ့ကိုလာရှာတယ်။ အဲ့ဒီအဖြစ်အပျက်နှစ်ခုက ဆက်စပ်နေတာပဲ ဖြစ်ရမယ်။ ပြီးတော့ ကထိကအဲ့လောက် ဒေါသထွက်နေတာကြည့်ရရင် ဒါက ကမ္ဘာကြီးတုန်လှုပ်သွားမယ့် သတင်းပဲဖြစ်ရမယ်။

ကျောင်းသူတစ်ယောက်က တခြားသင်ရိုးတစ်ခုကို မေဂျာယူထားတဲ့ သူမရဲ့အခန်းဖော်ကို အသံမက်ဆေ့ချ်ပို့ဖို့ ခုံအောက်ငုံ့လိုက်သည်။ သူမက သူ့အခန်းဖော်ကို ပိုင်ရွယ်ဝေ့ဘာဖြစ်နေတာလဲ စုံစမ်းပေးဖို့ တောင်းဆိုသည်။ သူမပြောနေတဲ့အရာကို သူ့အတန်းဖော်တွေကြားတဲ့အခါမှာ သူမပြန်စာရတာနဲ့ချက်ချင်း သူတို့ကိုပြောပြဖို့ တောင်းဆိုကြသည်။

ပိုင်ရွယ်ဝေ့က ကထိကနဲ့ကျန်ခဲ့သည်။ ယိချန်ကိုတော့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သားတွေနဲ့အတူ ရုံးခန်းအတွင်းမှာ တွေ့လိုက်ရသည်။ ပြီးတဲ့နောက် ကားပါကင်မှာပိုင်ရွယ်ဝေ့ ချူရှောင်းကိုပြောထားတဲ့ မှတ်တမ်းကို ကထိကကဖွင့်ပြလိုက်သည်။ ဒါတွေဖြစ်တာနဲ့ ချူရှောင်းက ကထိကကိုမှတ်တမ်းလက်လွှဲပေးဖို့ သွားတွေ့ပြီး ပိုင်ရွယ်ဝေ့နဲ့ယိချန်က သူမကိုထပ်ပြီး အနှောင့်အယှက်ပေးလို့ စွပ်စွဲပြောဆိုတော့သည်။ ကြည့်ရတာ ပိုင်ရွယ်ဝေ့နဲ့ကထိကက သူတို့ကိုဆန့်ကျင့်ဖို့ အသင်းဖွဲ့ထားတဲ့ အတိုင်းပင်။

မှတ်တမ်းက သလင်းကျောက်လို ကြည်လင်နေ၏။ အဲ့ဒီမှာ ပိုင်ရွယ်ဝေ့က သူမယိချန်ကလေးရှိနေတယ်ဆိုတာနဲ့ နောက်ထပ်ဟာတွေကိုပြောရင်း ယိချန်သူမကိုပစ်သွားလို့ ငိုကြွေးနေတာ ဖော်ပြလို့နေသည်။ သူမ မှတ်တမ်းကိုလှမ်းဆွဲဖို့ကြိုးစားရင်း ကျရှုံးကာ ဖျော့တော့သွားသည်။ ကထိကက မှတ်တမ်းအဆုံးထိ ဖွင့်ပြနိုင်အောင် အပြင်းအထန် တိုက်တွန်းလေသည်။

"ချုရှောင်းက မင်းကိုအရှက်ခွဲတာပါလို့ မပြောခဲ့ဘူးလား?"

ယိချန်မှုန်မှိုင်းစွာ မေးလာ၏။

"ဒါဆိုလည်း ဘာလို့မင်းသူမကို ထပ်တလဲလဲအနှောင့်အယှက်ပေးတာကိုပဲ ကြားနေရတာလဲ? တကယ့် အမှန်တရားက ဘာလဲ?"

ယိချန်သူမကို လက်မောင်းကကိုင်ပြီး ဆွဲထုတ်တော့သည်။

"သွားကြအောင်။ ငါတို့ မင်းကိုဆေးရုံမှာ စစ်ဆေးပေးမယ်။ မင်းတကယ် ကိုယ်ဝန်ရှိနေတယ်ဆိုတာ ငါသံသဃဝင်တယ်။"

စည်းကမ်းထိန်းသိမ်းရေးက ဒေါသတကြီး မတ်တပ်ထရပ်လာသည်။

"အဲ့မှာရပ်လိုက်။ ဒီကိစ္စမရှင်းမချင်း ဘယ်သူမှထမသွားရဘူး။ မိဘတွေကို ခေါ်လိုက်!"

တံခါးအပြင်ဘက်မှာ ချောင်းနားထောင်နေတဲ့ကျောင်းသူက အတန်းတတ်နေဆဲဖြစ်တဲ့ကျောင်းသားတွေကို အသံမက်ဆေ့ချ်ပို့ပေးဖို့ နားနေခန်းကိုခြေကုန်သုတ်တော့သည်။

Cup's note:( ဖတ်စေချင်လို့ကို နှစ်ပိုင်း ပေါင်း up တာနော်)

19.3.2023

CHAPTER-(44)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

ပိတ္ရက္မတိုင္ခင္ ယိခ်န္ခ်ဴေရွာင္းကို လိုက္လိမ့္မည္ဟု ပိုင္႐ြယ္ေဝ့ေမွ်ာ္လင့္ထားတာေၾကာင့္ ေက်ာင္းကားပါကင္ေနရာကို အရင္သြားၿပီး သူ႕ကိုေစာင့္ေနလိုက္၏။

******

ခ်ဳေရွာင္း ေက်ာင္းကိုကားေမာင္းလာၿပီး ကားထဲကထြက္ထြက္ခ်င္းပဲ ပိုင္႐ြယ္ေဝ့တားတာ ခံလိုက္ရသည္။ သူမကိုျမင္ေတာ့ မ်က္ရည္ေတြၿပိဳက်လာေတာ့မေယာင္ဟန္ေဆာင္တဲ့ မိန္းကေလးအျဖစ္နဲ႕ ခ်ဴေရွာင္း ေအးစက္စက္ၾကည့္လိုက္သည္။

"ေရွာင္းေရွာင္း၊ အားခ်န္ ငါနဲ႕လမ္းခြဲသြားၿပီ။"

ပိုင္႐ြယ္ေဝ့ ရွိုက္လိုက္၏။

"လမ္းခြဲနစ္နာေၾကးအေနနဲ႕ တိုက္ခန္းကိုေပးသြားတယ္။ သူဘာလို႔ ဒီလိုလုပ္လဲ သိလားဟင္? ေရွာင္းေရွာင္း ငါသူ႕ကို ဆြဲမထားနိုင္ေတာ့ဘူး။ သူဘာလို႔လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့လဲ ငါနားမလည္ေတာ့ဘူး။ အရင္ေသာၾကာကေတာင္ သူအေကာင္းႀကီးရွိေသးတယ္။ မၾကာေတာ့တဲ့ အနာဂတ္မွာ ငါတို႔ခရီးထြက္ဖို႔ေတာင္ သေဘာတူထားၾကတာ။"

ခ်ဴေရွာင္း သူမကိုေဘးကိုတြန္းကာ ထြက္လာလိုက္သည္။

"ဆန္ကုန္ေျမေလးေကာင္နဲ႕ ေစ်းေပါေပါမိန္းမၾကားက ႐ြံစရာကိစၥေတြကို စိတ္မဝင္စားလို႔ ငါ့မ်က္စိေရွ႕ကေန ထြက္သြားေပးပါ။"

ပိုင္႐ြယ္ေဝ့ အတြန္းခံရလို႔ယိုင္သြားရင္းက ခ်ဴေရွာင္းကိုဆြဲဖို႔ ႐ုန္းကန္လိုက္သည္။

"အားခ်န္ နင့္ကိုလာရွာေသးလား? သူကနင့္အေၾကာင္းပဲ အၿမဲေတြးေနတာ။ အရာအားလုံးအတြက္ ေတာင္းပန္ပါတယ္။ ကူညီေပးခ်င္ေပမယ့္ ငါငါ သူ႕ကိုအရာအားလုံး ေပးၿပီးသြားၿပီ။ ငါအခု သူ႕ကေလးေတာင္ ရွိေနေလာက္တယ္။ ေတာင္းပန္ပါတယ္။ ေက်းဇူးျပဳၿပီး သူနဲ႕ျပန္မတြဲပါနဲ႕ေနာ္။ သူ႕ကိုငါဆီကေန မယူသြားပါနဲ႕။ ေနာ္?"

ခ်ဴေရွာင္း ၾကက္ေသေသသြား၏။ သူမတစ္ဖန္ျပန္လွည့္လာကာ ပိုင္႐ြယ္ေဝ့ကိုအကဲခတ္ဖို႔ ေနကာမ်က္မွန္ကို ခြၽတ္လိုက္ေလသည္။

"သူကနင့္ကို သစ္စိမ္းခ်ိဴးခ်ိဴးသြားတာေတာင္ နင့္မွာသူနဲ႕ရတဲ့ကေလး ရွိေနတယ္လို႔ေျပာေနတာလား?"

"ဟုတ္တယ္ ေရွာင္းေရွာင္း၊ ငါနင့္ကိုအမွားလုပ္မိတယ္ဆိုတာ သိပါတယ္။ ငါ့ကိုယ္ငါေနာင္တရၿပီး အျပစ္တင္ေနေပမယ့္ ငါကယိခ်န္နဲ႕သက္ဆိုင္ေနပါၿပီ။ အရင္ရက္ေတြက အိပ္ငိုက္ၿပီး ပ်ိဳ႕တတ္ေနတာနဲ႕ ငါတို႔ကသႏၶေတားေဆးေတြ မသုံးေတာ့ ကိုယ္ဝန္ရွိေနတာ ျဖစ္နိုင္ပါတယ္။ သူ႕ကိုမွ ဆုံးရႈံးရရင္ ငါေျဖမဆည္နိုင္ဘူး။ ေရွာင္းေရွာင္း နင့္မွာအရာရာျပည့္စုံေပမယ့္ ငါ့မွာကအားခ်န္ပဲရွိတာပါ။ ငါ ေတာင္းပန္ပါတယ္ေနာ္။ ေက်းဇူးျပဳၿပီး သူ႕ကိုေတာ့ ရွိခြင့္ေလးေပးပါ၊ ဟင္? ငါ့မွာလည္း တျခားေ႐ြးခ်ယ္စရာ မရွိလို႔ပါ။ ေတာင္းပန္ပါတယ္....."

ခ်ဴေရွာင္းသူမမ်က္လုံးေတြကို တည့္တည့္စိုက္ၾကည့္ဖို႔ ေမးေစ့ကေန ဆြဲေမာ့လိုက္၏။

"ယိခ်န္နင့္ကိုဘာလို႔ လမ္းခြဲေၾကးေပးလဲ သိလား? ဘာလို႔လဲဆိုေတာ့ နင္သူ႕အေပၚမ်က္ႏွာခ်ိဳေသြးေနသမွ်က အိမ္ယာအေသးေလးေလာက္ပဲ တန္တာမို႔ေလ။ အဲ့လူကို ငါ့ဆီကေန နင္ခိုးသြားေပမယ့္ ငါ့ဂုဏ္သိကၡာနဲ႕အဆင့္အတန္းကိုေတာ့ ဘယ္ေတာ့မွခိုးလို႔ရမွာ မဟုတ္ဘူး။ ယိမိသားစုထဲ လက္ထပ္ဝင္နိုင္ေလာက္ေအာင္ ကံေကာင္းရင္ေတာင္ နင္က တျခားသူေတြကိုတြယ္ကပ္ၿပီး ကိုယ့္အျမင့္ကိုလွမ္းရတဲ့ ႏြယ္ပန္းလိုသူမ်ိဴးသာသာပဲ။ နင္ဒါကိုလက္ခံၿပီး အဲ့ဒီဆန္ကုန္ေျမေလးကို က်န္တဲ့ဘဝတစ္ေလ်ာက္လုံး မွီခိုေနရလိမ့္မယ္။ နင့္မွာ တကယ့္အာဏာနဲ႕ လြတ္လပ္မႈအစစ္အမွန္ကို ဘယ္ေတာ့မွ ခံစားဖူးမွာမဟုတ္ဘူး။"

ယိခ်န္ ကားပါကင္ထိုးတဲ့ေနရာကို ေမာင္းႏွင္လာခဲ့သည္။ အမ်ိဳးသမီးႏွစ္ေယာက္ကို သူေတြ႕သြားခ်ိန္မွာေတာ့ ကားေပၚကမဆိုင္းမတြဆင္းၿပီး သူတို႔ဆီအေျပးသြားေတာ့သည္။

"ဘာေတြျဖစ္ေနတာလဲ?"

ခ်ဴေရွာင္း ပိုင္႐ြယ္ေဝ့မ်က္ႏွာကိုလႊတ္ၿပီး သူမလက္ကိုတစ္ရႈးႏွင့္သုတ္ကာ ယိခ်န္မ်က္ႏွာဆီ ပစ္ေပါက္လိုက္၏။

"ကိုယ့္ေခြးကို ထိန္း ၿပီးေတာ့ ငါေျပာတာေတြကိုလည္း သတိရဦး။ ယိမိသားစုကို ေစာေစာမြဲသြားေအာင္လုပ္နိုင္ရင္လည္း စိတ္မရွိပါဘူး။"

ခ်ဴေရွာင္းလွည့္ကာ ထြက္သြားေတာ့သည္။ ယိခ်န္ကသူမေနာက္ ကမန္းကတန္းေျပးလိုက္ဖို႔ လုပ္ေနတုန္းမွာပဲ...

"ခ်ဳေရွာင္း! ခ်ဴေရွာင္း!"

ယိခ်န္ခ်ဴေရွာင္းေနာက္ကို မလိုက္နိုင္ခင္ ပိုင္႐ြယ္ေဝ့သူ႕ကို လာဖက္ကာ တိုင္တန္းေတာ့သည္။

"အားခ်န္ သူမကြၽန္မကို ဘယ္လိုအရွက္ခြဲလဲ ျမင္လိုက္တယ္မလား? ရွင္ဘာျဖစ္ေနတာလဲ? ဘာလို႔ကြၽန္မနဲ႕ လမ္းခြဲတာလဲ? ရွင္...."

"ပိုင္႐ြယ္ေဝ့"

ယိခ်န္ မ်က္ေမွာင္ႀကဳံ႕ကာ အေဝးကိုတြန္းလိုက္၏။

"ခ်ဴေရွာင္းကို ဘာလို႔လာေတြ႕တာလဲ? သူမကပဲမင္းကို ရွာတဲ့သူလို႔ေျပာၿပီး ငါ့ကိုမလွည့္စားနဲ႕ေနာ္။ ဒါက ကားပါကင္ေနရာ၊ မင္းမွာ ကားေတာင္မရွိဘူး။"

သူမသူ႕ကို နာက်င္စြာ ၾကည့္လိုက္သည္။

"ရွင့္ကို လာေစာင့္တာ။ ရွင္က ကြၽန္မဖုန္းနဲ႕စာေတြကို မေျဖမွေတာ့ လူကိုယ္တိုင္လာခ်ည္းကပ္ရတာေပါ့။ အဆုံးသတ္ကေတာ့ ခ်ဴေရွာင္းကြၽန္မကိုျမင္တဲ့အခ်ိန္ ေလွာင္ေျပာင္ၿပီးအရွက္ခြဲသြားတယ္ေလ။"

မ်က္ရည္ေတြ သူမပါးေပၚ စီးက်လာရင္းမွ

"အားခ်န္ ကြၽန္မသူမအေပၚ မွားခဲ့မွန္းသိပါတယ္။ သူမမွာ အရွက္ခြဲခြင့္လည္း ရွိပါတယ္။ ရွင့္အတြက္ေၾကာင့္နဲ႕ တစ္မိသားစုလုံးအေပၚ သစၥာေဖာက္ခဲ့တာ။ ရွင္က ကြၽန္မမွာရွိတဲ့တစ္ခုတည္းေသာ တစ္ေယာက္တည္းေသာ သူပါ။ ကြၽန္မကို ဒီလိုစြန့္ခြာသြားလို႔ မရဘူးေလ..."

သူရဲ႕စိတ္မခ်မ္းသာစရာ အျပဳအမႈကိုေတြ႕အၿပီး ယိခ်န္သူမအတြက္ အနည္းငယ္စိတ္မေကားင္ေသာ္ျငား သူ႕အေဖေျပာခဲ့တဲ့စကားကို ျပန္အမွတ္ရသြားေတာ့သည္။

"ပိုင္မိသားစုရဲ႕ အေမနဲ႕သမီးက ခ်ဴမိသားစုကိုသစၥာေဖာက္ဖို႔ ႏွလုံးသားရွိရင္ ဒါကအနာဂတ္မွာ ယိမိသားစုကိုလည္း သစၥာေဖာက္လာနိုင္တယ္လို႔ ဆိုလိုတာပဲ။"

CHAPTER-(45)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

စိတ္ထဲမွာအဲ့လိုရွိလာတာနဲ႕ သူ႕ရဲ႕သနားမႈေတြလည္း လြင့္ျပယ္သြားေတာ့သည္။ ဒါ့အျပင္အဲ့ဒီခံစားခ်က္ေတြက သူ႕ကိုပထမေနရာက အထင္အျမင္လႊဲမွားေစခဲ့၏။ သူခ်စ္တဲ့သူက ခ်ဴေရွာင္းျဖစ္တာေၾကာင့္ သူသူမနဲ႕ဆက္ၿပီး မပတ္သတ္ခ်င္ေတာ့ေပ။

"ငါကမင္းအေပၚ အမွားလုပ္ခဲ့တဲ့သူလို႔ပဲ ေတြးလိုက္စမ္းပါ။"

ယိခ်န္ႏွလုံးသားမဲ့စြာ ေျပာလာ၏။

"ငါမင္းကို ေလ်ာ္ေၾကးေပးမယ္။ မင္းမေက်နပ္ေသးရင္လည္း ေနာက္ထပ္ယြမ္ႏွစ္သန္းေပးမယ္။ ဒါမယ့္ ငါ့ကိုဆက္ၿပီး မနားတမ္းအႏွောင့္အယွက္ မေပးနဲ႕ေတာ့။"

ပိုင္႐ြယ္ေဝ့ ယိခ်န္လက္ေမာင္းကိုဆြဲၿပီး ဆြဲဆြဲငင္ငင္ငိုေႂကြးေလသည္။

"ကြၽန္မရွင္နဲ႕ရတဲ့ ကိုယ္ဝန္လြယ္ထားရရင္ေကာ?"

"ကေလးကို ဖ်က္ခ်လိဳက္ေလ!"

ယိခ်န္ သူမကိုလြတ္ေအာင္ေရွာင္ၿပီး ခ်ဳေရွာင္းစာသင္ခန္းဆီ ေမာင္းထြက္သြားသည္။

အတြန္းခံလိုက္ရတဲ့ ေျမျပင္ေပၚကသူမကို သူေနာက္ေတာင္ျပန္မၾကည့္ဘဲ ထြက္သြားၿပီမွန္း နားလည္လိုက္ၿပီး မုန္းတီးမႈေတြက ႏွလုံးသားထဲမွာျပည့္ႏွက္သြားေတာ့သည္။

သူ႕ကိုျမဴဆြယ္ဖို႔ ဒုကၡေတြအမ်ားႀကီး ခံခဲ့ရေပမယ့္ သူကေတာ့ အေၾကာင္းျပခ်က္ေရေရရာရာ မရွိဘဲ အေဝးကိုတြန္းထုတ္သည္။ သူမယုံၾကည္ခ်က္ရွိရွိ ႏွစ္လိုဖြယ္ေကာင္းေအာင္ လုပ္ခဲ့သမွ်အားလုံးက စြန့္ပစ္ခံရတာနဲ႕ အဆုံးသတ္ေနဆဲ။ သူတို႔က စီးပြားေရးနယ္ပယ္ရဲ႕ ေကာင္းကင္ဘုံမွာျဖစ္တည္လာတဲ့ စုံတြဲေတြျဖစ္တာေၾကာင့္ အေပ်ာ္အျပက္ရန္ပြဲေတြ ၿပီးသြားတဲ့အခါ သူတို႔ေတြအၿမဲျပန္သင့္ျမတ္လိမ့္မယ္လို႔ ပိုင္႐ြယေဝ့ယုံၾကည္ေနခဲ့သည္။ အမွန္တရားကေတာ့ သူမကိုယ္သူမ အ႐ူးလုပ္ေနမိတာပင္။

ပိုင္႐ြယ္ေဝ့အံႀကိတ္ကာ မတ္တပ္ရပ္၏။

သူမကခ်ဴေရွာင္းကို တစ္ခါအနိုင္ယူၿပီးမွေတာ့ သူမထပ္အနိုင္ရနိုင္တယ္ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဘာေတြပဲျဖစ္ျဖစ္ သူမကယိကေတာ္ ျဖစ္ကိုျဖစ္လာရမယ္!

*****

ယိခ်န္နဲ႕ပိုင္႐ြယ္ေဝ့က စာသင္ခန္းထဲကို ေရွ႕ဆင့္ေနာက္ဆင့္ ဝင္လာၾကေပမယ့္ ခ်ဴေရွာင္းကို မေတြ႕ပါေခ်။ အတန္းစကသင္ေနၿပီး ခ်ဴေရွာင္းကေပၚမလာေသးတာေၾကာင့္ ယိခ်န္မလြယ္ကူသလို ခံစားလိုက္ရသည္။ ထို႔ေနာက္ ေက်ာင္းဝန္းအႏွံ႕သူမကိုရွာဖို႔ ေျပးထြက္သြားေတာ့သည္။

ခ်ဴေရွာင္းက အတန္းစၿပီး မိနစ္ႏွစ္ဆယ္ၾကာမွ အတန္းကိုေရာက္လာသည္။ သူမက နည္းျပဆရာကို ကထိက႐ုံးခန္းသြားေနလို႔ ေနာက္က်ေနေၾကာင္း ရွင္းျပခဲ့သည္။

ပိုင္႐ြယ္ေဝ့မ်က္ႏွာမွာ ရႈံ႕မဲ့မဲ့ျဖစ္သြား၏။ ေနာက္ဆုံးတစ္ခါ လူသိရွင္ၾကားေဝဖန္ၿပီး သတိေပးခံရကတည္းက သူမသင္ရိုးေပၚမွာ လုံးဝအာ႐ုံမစိုက္နိုင္ခဲ့ပါေခ်။ သူမအေတြးေတြလည္း ရႈပ္ေထြးေနၿပီး တစ္ခုခုကိုအေျဖမထုတ္နိုင္ခင္ ကထိကမွာ မ်က္ႏွာထားတင္းတင္းနဲ႕ တံခါးေရွ႕ေရာက္လို႔ေနၿပီ။ သူမေတာင္းပန္ေတာ့မယ့္ အခ်ိန္မွာပဲ.....

"ပိုင္႐ြယ္ေဝ့ ဆရာနဲ႕႐ုံးခန္းကို လိုက္ခဲ့ပါ။"

တင္းၾကပ္တည္ၿငိမ္တဲ့ေလသံနဲ႕ သူေျပာလာ၏။

ေက်ာင္းသားေတြအားလုံး သူမကိုစိုက္ၾကည့္လာၾကသည္။ ေစာေစာက ခ်ဴေရွာင္းကထိကကိုသြားေတြ႕တယ္။ ခုကထိကက ပိုင္႐ြယ္ေဝ့ကိုလာရွာတယ္။ အဲ့ဒီအျဖစ္အပ်က္ႏွစ္ခါက ဆက္စပ္ေနတာပဲ ျဖစ္ရမယ္။ ၿပီးေတာ့ ကထိကအဲ့ေလာက္ ေဒါသထြက္ေနတာၾကည့္ရရင္ ဒါက ကမၻာႀကီးတုန္လႈပ္သြားမယ့္ သတင္းပဲျဖစ္ရမယ္။

ေက်ာင္းသူတစ္ေယာက္က တျခားသင္ရိုးတစ္ခုကို ေမဂ်ာယူထားတဲ့ သူမရဲ႕အခန္းေဖာ္ကို အသံမက္ေဆ့ခ်္ပို႔ဖို႔ ခုံေအာက္ငုံ႕လိုက္သည္။ သူမက သူ႕အခန္းေဖာ္ကို ပိုင္႐ြယ္ေဝ့ဘာျဖစ္ေနတာလဲ စုံစမ္းေပးဖို႔ ေတာင္းဆိုသည္။ သူမေျပာေနတဲ့အရာကို သူ႕အတန္းေဖာ္ေတြၾကားတဲ့အခါမွာ သူမျပန္စာရတာနဲ႕ခ်က္ခ်င္း သူတို႔ကိုေျပာျပဖို႔ ေတာင္းဆိုၾကသည္။

ပိုင္႐ြယ္ေဝ့က ကထိကနဲ႕က်န္ခဲ့သည္။ ယိခ်န္ကိုေတာ့ စည္းကမ္းထိန္းသိမ္းေရး အဖြဲ႕သားေတြနဲ႕အတူ ႐ုံးခန္းအတြင္းမွာ ေတြ႕လိုက္ရသည္။ ၿပီးတဲ့ေနာက္ ကားပါကင္မွာပိုင္႐ြယ္ေဝ့ ခ်ဴေရွာင္းကိုေျပာထားတဲ့ မွတ္တမ္းကို ကထိကကဖြင့္ျပလိုက္သည္။ ဒါေတြျဖစ္တာနဲ႕ ခ်ဴေရွာင္းက ကထိကကိုမွတ္တမ္းလက္လႊဲေပးဖို႔ သြားေတြ႕ၿပီး ပိုင္႐ြယ္ေဝ့နဲ႕ယိခ်န္က သူမကိုထပ္ၿပီး အႏွောင့္အယွက္ေပးလို႔ စြပ္စြဲေျပာဆိုေတာ့သည္။ ၾကည့္ရတာ ပိုင္႐ြယ္ေဝ့နဲ႕ကထိကက သူတို႔ကိုဆန့္က်င့္ဖို႔ အသင္းဖြဲ႕ထားတဲ့ အတိုင္းပင္။

မွတ္တမ္းက သလင္းေက်ာက္လို ၾကည္လင္ေန၏။ အဲ့ဒီမွာ ပိုင္႐ြယ္ေဝ့က သူမယိခ်န္ကေလးရွိေနတယ္ဆိုတာနဲ႕ ေနာက္ထပ္ဟာေတြကိုေျပာရင္း ယိခ်န္သူမကိုပစ္သြားလို႔ ငိုေႂကြးေနတာ ေဖာ္ျပလို႔ေနသည္။ သူမ မွတ္တမ္းကိုလွမ္းဆြဲဖို႔ႀကိဳးစားရင္း က်ရႈံးကာ ေဖ်ာ့ေတာ့သြားသည္။ ကထိကက မွတ္တမ္းအဆုံးထိ ဖြင့္ျပနိုင္ေအာင္ အျပင္းအထန္ တိုက္တြန္းေလသည္။

"ခ်ဳေရွာင္းက မင္းကိုအရွက္ခြဲတာပါလို႔ မေျပာခဲ့ဘူးလား?"

ယိခ်န္မႈန္မွိုင္းစြာ ေမးလာ၏။

"ဒါဆိုလည္း ဘာလို႔မင္းသူမကို ထပ္တလဲလဲအႏွောင့္အယွက္ေပးတာကိုပဲ ၾကားေနရတာလဲ? တကယ့္ အမွန္တရားက ဘာလဲ?"

ယိခ်န္သူမကို လက္ေမာင္းကကိုင္ၿပီး ဆြဲထုတ္ေတာ့သည္။

"သြားၾကေအာင္။ ငါတို႔ မင္းကိုေဆး႐ုံမွာ စစ္ေဆးေပးမယ္။ မင္းတကယ္ ကိုယ္ဝန္ရွိေနတယ္ဆိုတာ ငါသံသဃဝင္တယ္။"

စည္းကမ္းထိန္းသိမ္းေရးက ေဒါသတႀကီး မတ္တပ္ထရပ္လာသည္။

"အဲ့မွာရပ္လိုက္။ ဒီကိစၥမရွင္းမခ်င္း ဘယ္သူမွထမသြားရဘူး။ မိဘေတြကို ေခၚလိုက္!"

တံခါးအျပင္ဘက္မွာ ေခ်ာင္းနားေထာင္ေနတဲ့ေက်ာင္းသူက အတန္းတတ္ေနဆဲျဖစ္တဲ့ေက်ာင္းသားေတြကို အသံမက္ေဆ့ခ်္ပို႔ေပးဖို႔ နားေနခန္းကိုေျခကုန္သုတ္ေတာ့သည္။

Cup's note:( ဖတ္ေစခ်င္လို႔ကို ႏွစ္ပိုင္း ေပါင္း up တာေနာ္)

19.3.2023

Continue Reading

You'll Also Like

599K 92.6K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
48.2K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
5.7K 735 22
ဆယ်လာသည် တစ်နေ့သူမဖတ်နေသည် နိုဗယ်ထဲသို့ကူးပြောင်းရောက်ရှိသွားသည်။ ထိုနိုဗယ်ထဲမှာ ပျက်ကပ်ကြီးကိုဇာတ်အိမ်တည်ထားသောကြောင့် သူမအလွန်ကြောက်နေမိသည်။ အရေးကြ...
44.2K 4.2K 167
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...