you are cool

Por tuminkoe

7.9K 708 360

မောင်.....မောင်က ငါ့ကို အဲ့လောက်ထိရူးသွပ်စေတယ်....... ကိုကို......ကိုကိုထက်ကျွန်တော်က ပိုချစ်တယ် ဘာလို့ဆို မြ... Más

Ⓘⓝⓣⓡⓞ
Ⓞⓝⓔ
Ⓣⓗⓡⓔⓔ
Ⓕⓞⓤⓡ
Ⓕⓘⓥⓔ
Ⓢⓘⓧ
Ⓢⓔⓥⓔⓝ
Ⓔⓘⓖⓗⓣ
Ⓝⓘⓝⓔ
Ⓣⓔⓝ
Ⓔⓛⓔⓥⓔⓝ
Ⓣⓦⓔⓛⓥⓔ
Ⓣⓗⓘⓡⓣⓔⓔⓝ
Ⓕⓞⓤⓡⓣⓔⓔⓝ
Ⓕⓘⓕⓣⓔⓔⓝ
Ⓢⓘⓧⓣⓔⓔⓝ
seventeen
Ⓔⓘⓖⓗⓣⓔⓔⓝ
Ⓝⓘⓝⓔⓣⓔⓔⓝ
ⓣⓦⓔⓝⓣⓨ
twenty one
twenty two
twenty three
twenty four
twenty five
twenty six
twenty seven
မောင့်အတွက်
twenty-eight
Missing
twenty-nine

Ⓣⓦⓞ

307 32 11
Por tuminkoe

"ကျောင်းသွားမတက်ခင် သားမေမေရဲ့ အမျိုးတွေဆီ မန္တလေးကို အလည်သွားပါ့လား"

Jiminတွေတွေကလေး စဉ်းစားရသည်။အဘိုးတစ်ယောက်တည်း ခြံနဲ့ မဖြစ်သေးပါဘူး
သူကျောင်းပြန်မသွားခင် အဘိုးကိုကူရအုံးမယ်လေ

"မသွားချင်ပါဘူး"

အဘိုးက မြေးဖြစ်သူရဲ့စိတ်ကိုသိတာမို့ ပုခုံးကလေးသာ ဖတ်လိုက်သည်။

"မြေး တောင်ကြီးကျောင်းသွားတက်လည်း အဘိုးဘေး ဘယ်သူမှမရှိဘူးမြေးငယ် အဘိုးကို မင်းညီမဝမ်းကွဲတွေလာကူကြပါတယ် "

Jiminပြုံးကာ ခူးပြီးသား မုန့်လာထုပ်ပွင့်တွေကို တောင်းထဲ ရေတွက် ထည့်နေလိုက်တော့သည်။

"အဘိုး ကားငှားလိုက်တော့မယ်နော်မြေး"

"ဟုတ်"

°°°°
မန္တလေးကို မရောက်တော့တာ ၅နှစ်သားကတည်းမလား အခုပြန်သွားရမယ်ဆိုတော့ ရင်ထဲ တစ်မျိုးလေး မေမေ့ အမျိုးတွေက ရောက်ရောက်ချင်း ဘယ်တုန်းကမှ ခြေမချခဲ့တဲ့သူ့ကို မျက်ဝန်းစိမ်းများနှင့် ကြိုဆိုကြမလား ရွှန်းလက်တောက်ပတဲ့ မျပ်ဝန်းတွေနဲ့ဘဲ ကြိုဆိုနေကြမလား ဒါမှမဟုတ်အမွေလိုချင်လို့ အခုမှလာတယ်လို့ရော ထင်နိုင်တာဘဲ...

မေမေက သူ့မိဘတွေ သဘောမတူတဲ့ဓနုလူမျိုးတိုင်းရင်းလူငယ်လေးဖေဖေနဲ့ ခိုးရာလိုက်ပြေးခဲ့၍ မေမေ့ခဗျာမန္တလေးက အိမ်ကို ခြေချခွင့်တောင်မရခဲ့ရှာဘူးတဲ့ သူ့ကိုမွေးလာမှသာ မေမေ့အမျိုးတွေက ပြန်ခေါ်တယ်ဆိုလားဘဲ

ဖွားဖွားဒေါ်ရွှေမြခက်ဟာ သိပ်ချမ်းသာသလို သိပ်အတ္တလည်းကြီးပြန်တယ် သမီးဖြစ်သူကို ပြန်ခေါ်တာတောင်မှ မေမေနဲ့မြေးဖြစ်သူကိုဘဲခေါ်ပြီး အဖေ့ကို သူ့အိမ်ရိပ်မနင်းရဘူးတဲ့လေ

အတိတ်ကမိဘတွေအကြောင်း တွေးနေလိုက်တာ ...​သြော် မန္တလေးရောက်နေပြီဘဲ....

တံခွန်တိုင်ဝိုင်းကိုရောက်၍ မန္တလေးမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုတွေ့ရပြီ.....

ကားလေးသည် ၈၄လမ်းမပေါ်သို့ တစ်လှိမ့်ချင်း လှိမ့်၍နေပြီ  နှလုံးခုန်နှုန်းကလည်း တဒုတ်ဒုတ်နဲ့စည်းချက်ကျနေပေပြီ.....

ရောက်ပြီ ကားပေါ်က ဆင်းလိုက်သည်နှင့် လူနှစ်ယောက်အရပ်လောက်ရှိသည့် ခြံတံခါးကြီးကို မော့ကြည့်လိုက်လေသည်။ဘဲလ်ကိုနှိပ်လိုက်တဲ့အချိန် ရင်တွေဟာ စောဏကရင်ခုန်နှုန်းထက် အဆမတန်ခုန်ရပြန်ပြီ

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ"

အဒေါ်ကြီးတစ်ယောက်လာဖွင့်ပေးသည်။သူ့မျက်နှာထားက ခပ်မာမာ အသားရည်ကတော့ မေမေ့လိုဘဲ ဝါဝင်းလှသည်။ပါတိတ်ဝမ်းဆက် စိမ်းပြာကို ကျော့မော့စွာ ဝတ်ထားပြီး လည်ပင်းမှာ တဖြတ်ဖြတ်လက်နေတဲ့ စိန်ဘယက်ကို တွေ့ရ၍ ဒါဟာ ဒေါ်ဒေါ် ဒေါ်မြခက်နွယ် ဘဲပေါ့

"ဖွားဖွားဒေါ်ရွှေမြခက်နဲ့ တွေ့ချင်လို့ပါ"

"သြော်...."

ဒေါ်ဒေါ်ဟာ မျက်ခုံးပင့်၍ လာလာ ဆိုပြီး သူ့ကို ဦးဆောင်ခေါ်သွားလေသည်။

အိမ်ထဲကိုရောက်သည်နှင့် ကျွန်းထိုင်ခုံကြီးတွေပေါ်ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။ဧည့်ခန်းနံရံမှာ ပန်းချီကားချပ်တွေ ချိတ်ဆွဲထားသည်ကိုလည်းတွေ့ရသည်။ပန်းချီးကားတွေကတကယ့် လက်ရာမြောက် ပညာရှင်ကြီးတွေရဲ့ လက်ရာတွေဖြစ်မည်။
မန္တလေးတောင်ခြေက ခြင်္သေ့ကြီးနှစ်ကောင်ပုံကို ပန်းချီဆွဲထားတာ သိပ်အသက်ဝင်လှသည်။အမျိုးသမီးငယ်လေး ပတ္တလားတီခတ်နေပုံ၊မြန်မာအမျိုးသားတို့ ဆိုင်းတီးခတ်နေပုံ၊မန္တလေးကျုံးမြို့ရိုးကြီးနဲ့အတူ နောက်ခံက မန္တလေးတောင်ကြီးပုံ စတဲ့ ပန်းချီကားချပ်တွေ...။နံရံထောင့်စွန်းမှာ ကျွန်းစားပွဲ ခြေတံရှည်တစ်ခုံရှိသည်။ထိုခုံပေါ်မှာ မြန်မာ့ တူရိယာ တစ်မျိုးဖြစ်သည့် စောင်း ကို ကျကျနနတင်ထားတာဟာ ဧည့်ခန်းနဲ့သိပ်ပနံတင့်နေလေသည်။

ရုတ်တရက် လှေကားပေါ်ကနေ ခြေသံကြားလိုက်ရ၍ ခေါင်းကို ပြန်လှည့်ကာ မတ်တပ်ရပ်လိုက်တော့သည်။

သိပ်လှတဲ့ အမျိုးသမီးကြီးပါလား မေမေနဲ့တူတယ် တကယ်ကမေမေနဲ့တူတာ မဟုတ်ပါဘူး မေမေက ထိုအမျိုးသမီးကြီးနဲ့တူတာပါ။

ထိုအမျိုးသမီးကြီးဘေးမှာ ဒေါ်ဒေါ်ပါ ပါသည်။

ထိုအမျိုးသမီးကြီးသည် စောဏက ဒေါ်ဒေါ်လိုတော့ မဟုတ် မဝတ်အစားက ရိုးရှင်းသည် ချည်ထည်အင်္ကျီရင်ဖုံးးအညိုနှင့် ချည်ထည်ထဘီ အညိုကိုဘဲ ဝတ်ဆင်ထားတာ သူ့ကိုယ်ပေါ်မှာတော့ ဘယ်လက်ဝတ်ရတနာအဆင်တန်ဆာမှဝတ်ဆင်မထားချေ။ဆံထုံးကိုမြင့်မြင့်ထုံးထားလိုက်တာများ တည်ကြည်သူပါ့လားဟု သူမမျက်နှာထားမှာပေါ်လွင်နေသည်။

"မင်းက ဂျီမင်လား"

"ဟုတ်ပါတယ်"

"ဒါဆို ငါ့မြေးပေါ့"

"ဟုတ်ပါတယ်"

"ဟွန်းး ဘယ်ဆိုးလို့လဲ အဖေ့ဘက်ကအဘိုးစကားတော့ နားထောင်တတ်သား ဘာဘဲ ဖြစ်ဖြစ် မင်းကိုတွေ့ချင်နေတာလို့ အဖွားစာလှမ်းပို့ထားလိုက်တာ"

"ဟုတ်ကဲ့"

ကြိုဆိုမှုမရှိတဲ့ မျက်ဝန်းငယ်ဟာ သူ့ကိုတွေ့ချင်ပါတယ်တဲ့လား ဘာကိစ္စရှိလို့ပါလိမ့်

အဖွားဟာ ဂျီမင့်ကို ခေါင်းအစ ခြေအဆုံး တစ်ချက်အကဲခတ်ပြီးမှ ထိုင်ခုံပေါ်ဝင်ထိုင်သည်။ဒေါ်ဒေါ်ကလည်း အဖွားဘေး ဝင်ထိုင်လေသည်။

"ဒါ မင်းအဒေါ် မင်းအမေရဲ့ အစ်မ ဒေါ်မြခက်နွယ်လေ မင်းဘယ်မှတ်မိပါ့မလဲ"

"မှတ်မိပါတယ် ဖွားဖွား"

ဖွားဖွားကပြုံးလိုက်သည်။ထိုအပြုံးက ချိုသာမှုမရှိဘဲ ခနဲ့တဲ့အပြုံးဆို ပိုမှန်ပါလိမ့်မည်။

"တောင်ကြီးမှာ ဘယ်မေဂျာယူထားလဲ"

ဒေါ်ဒေါ်က ဝင်မေး၍ Jiminပြာပြာသလဲ ပြန်ဖြေလိုက်သည်။

"Chemistryပါဒေါ်ဒေါ်"

"ကဲ ငွေခင် ညည်းအစ်ကိုလေးကို အခန်းထဲ လိုက်ပို့လိုက်အုံး"

"ဟုတ်ကဲ့ မမကြီး"

ငွေခင်ဆိုတဲ့ ကောင်မလေးက ဒေါ်ဒေါ့်စကားဆုံးသည်နှင့် အသံရောလူပါ ရောက်လာသည်။

"နေနေ ကျွန်တော့်ပါကျွန်တော် သယ်ပါ့မယ်"

သုံးထပ်တိုက်ကြီးရဲ့ အပေါ်ဆုံးထပ် အခန်းမှာ ကျွန်တော့်ကိုထားသည်။ဖွားဖွားကသိပ်ဟန်ဆောင်ကောင်းလှသည်။သွေးအေးသလိုမျိုးနဲ့တကယ့်တကယ် သူ့ကိုဖွားဖွား သတိရနေခဲ့ပုံရသည်။ဒီအခန်းက မေမေဒေါ်မြခက်သွယ်ရဲ့သား ဂျီမင့်အတွက် ဖွားဖွား ပြင်ဆင်ထားပုံရသည်။ အခန်းထဲမှာ မြေးယောက်ျားလေးအတွက် အဝတ်အစားတွေ အဆင်သင့်ထည့်ပေးထားသလို အခုခေတ်ယောက်ျားလေးတွေအများစု စုဆောင်းတတ်ကြတဲ့ ITပစ္စည်းတွေပါ ခေတ်နှင့်အညီထားထားပေးသည်။အိပ်ယာဘေးက စားပွဲပေါ်မှာလည်း မြေးဖြစ်သူငယ်ငယ်ကပုံလေး တင်ထားတာတွေ့ရတာမို့ သူ ချိုမြစွာ ပြုံးလိုက်မိသွားသည်ထင်သည်။

ကျွန်တော်ကတော့ ဖွားဖွားတို့ကို သတိတောင်မရခဲ့ဘူး ဒါမှန်သောစကားပါ....

°°°°°
"မုန်းးးးးး"

မန္တလေးကိုတစ်ယောက်တည်းလာတာမို့ မုန်းကမကျေမနပ် ဆူဆောင့်ဆောင့်နဲ့ ဒါန်းပေါ်ပေကပ်ထိုင်နေသည်။

"ငါဝေယံတို့နဲ့လာတာ နင်က မိန်းကလေး နေရာတကာ လိုက်ချင်နေတာလား"

သူမ သူ့ကို မျက်စောင်းထိုးကာ စကားပြန်ပြောသည်။

"ငါက မိန်းကလေး ဟုတ်တယ် အဲ့မိန်းကလေးဘဲ ထယ်ယောင်းဆိုတဲ့ ကောင်လေးနောက် ငါတစ်ကောက်ကောက်လိုက်နေရတာ ဒီမှာ  ထယ်ယောင်းးး ငါနင့်ကိုသိပ်သံယောဇဉ်ရှိတာမို့ တွယ်ကပ်နေတာ နင်မိဘတွေကြောင့် ငါ့ကို တွဲသွားတွဲလာလုပ်နေရတာကိုငြီးငွေ့တာလား"

ထယ်ယောင်း ဘာမှပြန်ပြောမနေတော့ပေ။ခြံထောင့်က ပိတောက်ပင်ကိုသာ တွေတွေလေးကြည့်နေလိုက်သည်။

"ငါ ​ပြောတာကြားလား ထယ်ယောင်း"

"ကြားတယ် ငါစိတ်မကြည်ဘူး မုန်း ....ဒီကိုလာတာ နင့်မှာ စိတ်မချစရာ ဘာရှိလဲ တကယ်ပြောတာ ငါ့ထက်သာတဲ့သူရှိမှာပါ နင်သူ့ကိုဘဲရွေးလိုက်"

"ငါကနင့်ကိုဘဲ ချစ်တာလေ"

ထယ်ယောင်း မုန်းဘက်ကို မျက်မှောင်ကြီးကြုံ့ကာ ကြည့်တော့ မုန်းလက်ကလေးကာကာ

"sorry ထယ် ငါ မိန်းကလေးဖြစ်ပြီး စမပြောသင့်ဘူး"

ထယ်ယောင်း ထိုနေရာကနေ အိမ်ထဲ ထသွားလိုက်တော့သည်။

ဒီအိမ်က ဝေယံတို့အိမ်ဆိုပေမယ့် ထယ်ယောင်းအတွက်တံခါးမရှိဓါးမရှိ စိတ်ကြိုက်ဝင်ထွက်နိုင်သည်။ဝေယံမိဘတွေကလည်း ပင်းတယမှာနေကြသည်။ဒီအိမ်ကသူတို့ အလည်လာမှ တည်းကြသည့်အိမ်ဖြစ်သည်။အခုဝေယံ့မိဘတွေ မပါပေမယ့် ဝေယံ့ အဒေါ်တွေတော့ပါသည်။

မုန်းကားစက်နိုးကာ ခြံထဲက ထွက်သွားမှ ထယ်ယောင်း ဝရံတာကနေ အိမ်ထဲ ပြန်ဝင်လိုက်တော့သည်။မုန်းတို့အိမ်လည်း မန္တလေးမှာရှိ၍ ထွေထူးစိတ်ပူစရာဘာမျှတော့ရှိမနေပေ။

အိပ်ခန်းထဲ ဝင်လိုက်သည်နှင့်မီးပျက်နေတာကြောင့် ပြတင်းက လိုက်ကာကို ဖွင့်ချလိုက်သည်။တစ်ဖက်တိုက်မှာလည်း သူ့လိုဘဲ ပြတင်းပေါက်နား ငူငူငေါင်ငေါင်ကြီး ထိုင်ဆွေးနေတဲ့ လူတစ်ယောက်မြင်ရတော့ ထယ်ယောင်း ပြုံးလိုက်မိသည်။အားရှိသွားသလိုလည်းခံစားရသည်။

ဘဝတူတွေရှိသေးသားကို....

ထိုသူက ရုတ်တရက် သူငေးနေတာမြင်သွား၍ ထယ်ယောင်းရင်ထဲ ဒုတ်ခနဲဖြစ်ကာ လိုက်ကာဘေး ပြေးကပ်လိုက်ရ၏။ရင်ဘတ်ကိုအသာဖိကာ အသက်ဖြည်းဖြည်းရှူပြီး ပြတင်းပေါက်ကို ခေါင်းကလေးအသာစောင်း၍ကြည့်လိုက်တော့ မျက်ဝန်းတစ်စုံနဲ့ ထိပ်တိုက်ရင်ဆိုင်မိသည်။လက်ဖျားလေးတွေ အေးစက်လာကာ ခြေမကိုင်မိလက်မကိုင်မိနဲ့  လက်ဖဝါးချင်းချင်း ပွတ်သပ်နေကာငေးကြည့်နေလိုက်မိ၏။

ထိုလူသားငယ်.....

ပုန်းတလုတ်ရေကန်နားမှာ တွေ့ခဲ့ဖူးတဲ့ ညိုလုံးလုံး ကုတ်အင်္ကျီလေးနဲ့က ထိုလူသားငယ်မလားး

ဂျီမင် လက်ဝေ့ပြကာ မိတ်ဆက်မည်လုပ်တော့ ထိုလူသားလေးဟာ လိုက်ကာ ချကာ သူ့မြင်ကွင်းထဲက ပျောက်သွားခဲ့ပြီ.....

°°°°

"YKKO ကြေးအိုးစားမလား ထယ်ယောင်း"

"မင်းတို့စားနှင့်လေ ငါအောက်ထပ်ခဏ ပတ်ကြည့်လိုက်အုံးမယ် "

"ဖုန်းဆက်လိုက်မယ် စားပြီးတာနဲ့ "

"OK"

ထယ်ယောင်း အပေါ်ထပ်ကနေ အောက်ထပ်တို့ပြန်ဆင်းလာခဲ့တော့သည်။ဝေယံတို့ကတော့ မင်္ဂလာမန္တလေးရောက်တာနဲ့ ကြေးအိုးမသောက်ဘဲကိုမနေဘူး

ထယ်ယောင်းဓာတ်လှေကားထဲ ဝင်လိုက်တော့လူတစ်ယောက်ပါဝင်လာသည်။အစကအမှတ်တမဲ့ပေမယ့် ထိုလူကဘလူကိုကြည့်နေသလိုခံစားရတာမို့ ထယ်ယောင်းတစ်ချက်ကြည့်လိုက်သည်။

"အမလေး"

လန့်ကာ နောက်သို ဆုတ်လိုက်၍ခါးထက်လက်တစ်စုံရောက်လာသည်။ထယ်ယောင်းကို မှီလိုက်၍ လဲကျယိုင်ကျမည်စိုး၍ လှမ်းဖမ်းလိုက်လေသည်။

"အဆင်ပြေလား"

နောက်ကလူရဲ့အသံမလား

ထယ်ယောင်း ခေါင်းငြိမ့်လိုက်သည်။

"Sorryပါဗျာ ကျွန်တော်တို့သူငဟ်ချင်းတွေ ပြဇာတ်တိုက်မှာမို့သရဲ မျက်နှာဖုံးဝယ်လာတာ စွပ်ထားမိတာ"

ထယ်ယောင်းအားဘေးကသူက မျက်နှာဖုံးချွတ်ကာ တောင်းပန်တော့ ထယ်ယောင်း ဘာမှပြန်​မပြောလိုက်တော့ပေ။အခုမှ သတိထားမိသည်။ထယ်ယောင်းလူတစ်ယောက်ကိုမှီထားတာ ထိုသူက ထယ်ယောင်း ခါးထက်ကိုသိုင်းဖက်ထားဆဲဘဲ

ထယ်ယောင်းနောက်လှည့်ကြည့်တော့ ရင်ထဲ ဗုံတီးသလို တဒုန်းဒုန်းခုန်သွား၏။မနေ့ကတွေ့တာ ထိုသူဘဲလားး မျက်စံလေးတွေက ထယ်ယောင်း မျက်ဝန်းငယ်ကို ညှို့ယူနိုင်စွမ်းရှိသလို ထိုသူရဲ့ နှာတံခပ်ပေါ်ပေါ်ကလူကိုငုံ့ကြည့်လိုက်စဉ် နမ်းမိတော့မှာမို့ မျက်နှာကိုအမြန်ရှေ့လှည့်ပစ်လိုက်သည်။

"အဆင်ပြေလားဗျ"

ထိုအခါမှ ထယ်ယောင်း မှီထားတာကနေ ဖယ်ကာ "ပြေတယ်"ဟု ခပ်ဆတ်ဆတ်ပြောလိုက်မိသည်။

ဂျီမင် ဘာရယ်မဟုတ်ဘူး ပြုံးကာသဘောကျနေသည်။ပွယောင်းယောင်းဆံနွယ်လေးနဲ့ထိုလူသားဟာ အင်္ကျီအနက် sport shirtအပွနဲ့ဘောင်းဘီshorts အတိုအဖြူလေးကို ကွင်းဖိနပ် အနက်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာ အူယားစရာလေး

တီ....

ဓာတ်လှေကားပွင့်သွားပြီမို့ ထယ်ယောင်းအမြန်ထွက်လာလိုက်သည်။

"ဒီမှာဗျ"

ထယ်ယောင်းနောက်လှည့်ကြည့်တော့

"ကျွန်တော်က ဒီကိုပထမဆုံးရောက်ဖူးတာ ဆိုင်ကယ်ထားတဲ့နေရာ ဘယ်လိုသွားရမလဲ"

"သြော်"

ထယ်ယောင်း ခေါင်းငြိမ့်ကာ

"ဘယ်မှာထားတာလဲ ရှေ့က စတန်းလား နောက်ထဲထိဝင်လာပြီးဆိုင်ကယ်ထားတာလား"

"ကွေ့ပတ်ဝင်လာရတာဘဲ"

သူ့ရဲ့ နှုတ်ခမ်းထူထူက ပြုံးရယ်ကာ ပြောတော့ ထယ်ယောင်း ထို နှုတ်ခမ်းဖူးလေးကို ငေးနေမိပြန်သည်။

"ဒါနဲ့ ပင်းတယကလား"

လမ်းသွားရင်း ထိုသူမေးလိုက်တာကြောင့် ထယ်ယောင်းခြေလှမ်းကလေးရပ်သွားကာ ထိုသူ့ကို တစ်ချက်ကြည့်သည်။

"ကျွန်တော်လည်း ပင်းတယကပါ"

"သြော်..."

ထယ်ယောင်း  ထိုသူ့ကို ဆိုင်ကယ်standဆီလိုက်ပို့ပေးရုံတင်မက ဆိုင်ကယ်များတာကြောင့် ဆိုင်ကယ်ပါ ကူရှာပေးလိုက်သည်။ထိုသူ့ဆိုင်ကယ်က BMW S1000RR တဲ့လေ ထယ်ယောင်း မျက်ခုံးလေးပင့်ကာ နှုတ်ခမ်းထက်ကွေးညွတ်ကာ ပြုံးလိုက်မိ၏။

တကယ်ဘဲ ထိုသူ့ဆိုင်ကယ်ပေါ်တက်သွားချိန် ထယ်ယောင်းစောဏက ထိုသူနဲ့ဆိုင်ကယ်ဟာ သိပ်လိုက်ဖက်မှာဘဲ တွေးမိတာတကယ်မှန်နေတာဘဲ တကယ်လိုက်ဖက်တာဘဲ

"ကျေးဇူးနော်"

"အင်း ရပါတယ်"

ထိုသူဆိုင်ကယ်မောင်းထွက်သွားလေသည်။

°°°°

MinV တအားဖတ်ချင်နေကြတာမို့ MinVပါဘဲလို့😊









Zawgyi












°°°°



အတိတျကမိဘတှအေကွောငျး တှေးနလေိုကျတာ ...သွောျ မန်တလေးရောကျနပွေီဘဲ....



















"ဟုတျကဲ့"

ကွိုဆိုမှုမရှိတဲ့ မကြျဝနျးငယျဟာ သူ့ကိုတှေ့ခငြျပါတယျတဲ့လား ဘာကိစ်စရှိလို့ပါလိမျ့














°°°°°




















°°°°




"OK"


































°°°°

MinV တအားဖတျခငြျနကွေတာမို့ MinVပါဘဲလို့😊

Seguir leyendo

También te gustarán

959 168 11
အိမ်ကြီးတစ်အိမ်ထဲတွင် ချစ်ရသူပြန်အလာကို စောင့်မျှော်နေသည့် တစ်စုံတစ်ရာ ရှိနေခဲ့ပါ၏~~ Uni / Zaw
20.7K 3K 21
528ကို နောက်ထပ် 972 ပေါင်းပြီးတော့ 1500အဖြစ် ပြောင်းလဲမယ်ဆိုရင်ရော.....ဆရာခွင့်ပြုမှာလား... ♡︎5͢2͢8͢ T͢o͢ 1͢5͢0͢0͢♡︎ OTP-HOPEKOOK TOP-JUNG HOSEOK BOT...
20.8K 1K 19
innocent don't read this fic us you like I request your read this fic you don't speak the bash ကြိုက်​မှဖတ်​ပါ ဖတ်​ပြီးရင်​လဲမဆဲကြပါနဲ့​နော်​ကြိ...
665 84 9
WESTERN FICTION ဖြစ်ပါသည်။ OC Character များကို main ထားပြီး BTS ကို Side Character အဖြစ်သာ ထည့်သွင်းမှာဖြစ်ပါသည်။ သဘာလွန်စွမ်းအားများနှင့် ရှင်သန်...