အပိုင်း ၆၀
“အာ”
ဂေးဘတ်ကလည်း များများစားစား မတွေးတော့ဘဲ စိတ်လှုပ်ရှားစွာ ဖိတ်ခေါ်လိုက်သည်။
“စစ်တပ်က ကန်တင်းက စားစရာတွေက အရသာ အရမ်းကောင်းတယ်လို့ ငါ ကြားထားတယ်၊ မင်း နေ့လည်စာ မစားရသေးဘူးဆိုရင် ငါတို့နဲ့အတူစားရင် ဘယ်လိုလဲ”
ဟော်ယွန်ချန်းက မုန့်ဘူးပေါ်မှ စားစရာဟူ၍ ရေးသားထားသော စကားလုံးနေရာကို လက်ညှိုးဖြင့် အသာအယာ တိတ်ဆိတ်စွာ ဖိနှိပ်ပြီးနောက်တွင် ဖျော့တော့စွာ ပြန်ဖြေလိုက်သည်။
“အရှင်ပဲသွားပါ၊ ကျွန်တော် ဖိုင်တွေ အရင်စစ်လိုက်ပါအုံးမယ်”
“ကောင်းပြီလေ၊ ဒါဆိုလည်း”
ဂေးဘတ်က စိတ်ပျက်လက်ပျက်ဖြင့် ပုခုံးတွန့်လိုက်ပြီးနောက် သူ့ကို လမ်းညွှန်ပြနေသော အရာရှိနှစ်ယောက် နောက်မှ လိုက်ကာ ကန်တင်းရှိရာဘက်သို့ သွားသည်။
သူတို့အားလုံးက ကန်တင်းသို့ရောက်သွားသည်နှင့် ဂေးဘတ်နှင့် အခြားသူများအားလုံးက စားစရာများ၏အနံ့များကို ရလိုက်ကြသည်။ ကြီးမားသော ခန်းမကြီးထဲတွင် စားသောက်နေကြသော စစ်သားသောင်းကျော်ကို မြင်လိုက်ရကာ လေးစားစွာပြောလိုက်သည်။
“တကယ်အံ့ဩဖို့ကောင်းတာပဲ၊ လူကြီးမင်းယွမ့်ထန်းမှာ လက်ထောက် ဘယ်လောက်တောင်ရှိနေတာလဲ”
“ခြောက်ယောက်ပါ”
“ခြောက်ယောက်တည်းလား”
ဂေးဘတ်က မယုံကြည်နိုင်တော့ချေ။ ခြောက်ယောက်တည်းနဲ့ သည်လောက်လူတွေ အများကြီးအတွက် ပြင်ဆင်ပေးနိုင်တယ်လား။
တစ်ဖက်သူကလည်း သူက သံသယဝင်နေကြောင်းမြင်သောအခါ ရှင်းပြလာသည်။
“တကယ်တော့ အများစုကို တကယ်ချက်ထားတာက ဉာဏ်ရည်မြင့်စက်ရုပ်တွေပါပဲ၊ လူကြီးမင်းယွမ့်ထန်းရဲ့ လက်ထောက်တွေက နေ့စဉ်မီနူးတွေကို အကြမ်းဖျင်း ရေးဆွဲပေးတာ၊ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးတာကို လုပ်ပြီး ဉာဏ်ရည်မြင့်စက်ရုပ်တွေ ချက်ပြုတ်တာကိုပဲ သူတို့က စစ်ဆေးအကဲဖြတ်တာမျိုး လုပ်ကြပါတယ်”
“တကယ်လား၊ စက်ရုပ်တွေကလည်း ဟင်းချက်နိုင်တယ်လား”
ဂေးဘတ်က သိချင်စိတ်ပြင်းပြလာသည်။
“သေချာတာပေါ့၊ အရှင် စမ်းကြည့်ရင် သိပါလိမ့်မယ်”
ထိုလူက အလင်းဦးနှောက်ကို ဖွင့်ပြီးနောက် ထိုလူထွားများကို သူတို့စားချင်သည့် ဟင်းလျာများကို ရွေးချယ်စေသည်။ တိုက်ဆိုင်စွာဖြင့် သည်နေ့ဟင်းလျာများတွင် ဝက်သားနီချက်က အဓိကဟင်းလျာ ဖြစ်နေသည်။ လူထွားများက အရသာရှိသော အသားကင်ကို မြည်းစမ်းကြည့်ခဲ့ပြီးလေရာ ထိုဟင်းလျာကို တုံ့ဆိုင်းမနေဘဲ ရွေးကြတော့သည်။
သူတို့ကလည်း ခုံအလွတ်ကို ရှာပြီးသည်နှင့် ဝင်ထိုင်လိုက်ကြသည်။ တစ်ခဏခန့် ကြာပြီးနောက် စားစရာများက ရောက်လာသည်။ ပုံပန်းသွင်ပြင်ကလည်း ကောင်းမွန်ကာ ဝေစုကလည်းများသည်။ ကျန်ရစ်သည်မှာ အရသာခံရန်သာလျှင် ဖြစ်သည်။
ဂေးဘတ်က ဇွန်းကို ကောက်ကိုင်ပြီးသည်နှင့် အသားတစ်တုံးကို ပါးစပ်ထဲသို့ ထည့်သည်။ ထူထပ်သိပ်သည်းသော အနီရောင်အချဉ်ရည်နှင့် နူးညံ့သောအသားက ကောင်းမွန်လွန်းသော်လည်း တစ်စုံတစ်ရာက လစ်လပ်နေသလို ခံစားနေရသည်။ မည်သို့ပင်ဆိုစေ သူတို့က မနေ့က အရသာခံခဲ့ရသလောက် ကောင်းမွန်ခြင်းမရှိနေခဲ့ချေ။ ထိုဟင်းပွဲက အလွန်အမင်းအရသာရှိလွန်းသည်။ သူတို့က အလွန်အမင်း သဘောကျကြကာ အီသည့် ခံစားချက်ကိုလည်း မရချေ။ သည်တစ်ပွဲကမူ အရသာမဆိုးသော်လည်း ယွမ့်ထန်း၏အဆင့်နှင့်နှို င်းယှဉ်သော် ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ကိုသာလျှင် မီလေသည်။
“မင်းတို့က ငါ့ကို လူကြီးမင်းယွမ့်ထန်းကို ခေါ်သွားခွင့်မပြုမှတော့ ငါ ဒီစက်ရုပ်တွေ ယူသွားလို့ရမလား”
ဂေးဘတ်က ရုတ်တရက်မေးလိုက်သည်။
ထိုလူက တုံ့ဆိုင်းသွားသည်။
“ဒါ ဒါက အရှင်မင်းကြီးနဲ့ပဲ ညှိနှိုင်းသင့်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက်က ဒီလိုဆုံးဖြတ်ပိုင်ခွင့်အာဏာ မရှိပါဘူး”
“ငါ အခုပဲ ဒီနေ့လည်ခင်းမှာ ချန်းကျီးကို သွားရှာပြီး ဒီအကြောင်းအရာကို ပြောလိုက်မယ်”
ဂေးဘတ်က ပြောဆိုပြီးသည်နှင့် သူ၏ရှေ့မှ ပန်းကန်လွတ်ကိုကြည့်သည်။
“ငါ နောက်တစ်ပန်းကန်ရမလား”
“ငါတို့လည်း လိုတယ်”
…
ယွမ့်ထန်းက ဂေးဘတ်တို့အဖွဲ့က အင်ပါယာ၏ အရည်အသွေးမြင့်စက်ရုပ်များကို ယူသွားချင်သည်ဟု မသိထားချေ။ သူက နေ့လည်စာစားပြီးနောက်တွင် တရေးတမောအိပ်ကာ ညနေခင်း တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြန်လည်ပြင်ဆင်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူက အစိုးရကိုယ်ရေးကိုယ်တာ လက်ထောက်က သူ့အား ဆက်သွယ်လာပြီး ဂေးဘတ်တို့အတွက် နေ့လည်စာပြင်ပေးခြင်းက အလွန်အမင်း နည်းလွန်းသည်ဟုပြောလာသည်။ ဂေးဘတ်က စားသောက်ပြီးနောက်တွင် မဝသည့်အတွက် ညနေစာအတွက် များများပြင်ဆင်ရန် တောင်းဆိုလာခြင်း ဖြစ်သည်။
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ် .. အိုးဟိုးဟိုး လွှင့်နေပြီ၊ ရွှိန်ကြူးအမဲသားကို စောင့်နေတာ]
[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး .. အဲဒီသတင်းကို ရထားကတည်းက တံတွေးက ကျနေတာ မရပ်တော့ဘူး]
[ဆားစိမ်ငါးကလည်းငါးပါပဲ .. အမဲသားရသွားတဲ့ကံကောင်းတဲ့သူက ကိုယ်တိုင်ကိုယ်လာပြီး တင်ပြတယ်၊ အရမ်းအရမ်းအရမ်း မဟာကိုအရသာရှိလွန်းတယ်]
[လီယွဲ့ကျင် .. လာစမ်းပါ၊ အပေါ်က ကွန်မန့် မန့်သွားတဲ့တစ်ယောက်ကို ဝိုင်းပြီး ကန်ပေးကြစမ်းပါ]
ကြည့်ရှုသူများ၏ ထိုသို့အချင်းချင်းပြောဆိုနေကြ၊ ဆွေးနွေးမှုများအလယ်တွင် ယွမ့်ထန်းက ပြုံးကာ သူ ပုံမှန်နှုတ်ဆက်သည့်ဖြစ်စဉ်ကိုစတင်သည်။
“အားလုံးပဲမင်္ဂလာပါ၊ ကိုယ်ကတော့မင်းတို့ရဲ့တင်ဆက်သူယွမ့်ထန်းပါ၊ ဒီနေ့ ကိုက မင်းတို့ကို ရွှိန်ကြူးဝက်သားနဲ့ ရတနာရှစ်သွယ်အသားလုံးကို ချက်ပြမှာပါ”
[ရှောင်စိန့်ရဲ့ အသားဥရည် .. ဟေး နာမည်ကိုကြားရုံနဲ့တင် ငါ့ရဲ့ပါးစပ်က အရည်ကျနေပြီ]
ရွှိန်ကြူးအမဲသားကို ချက်ပြုတ်သည့်ဖြစ်စဉ်က ရွှိန်ကြူးငါးကို ချက်ပြုတ်သည့်ဖြစ်စဉ်နှင့် အတူတူသာလျှင် ဖြစ်သော်လည်း ပါဝင်ပစ္စည်းများက ပိုများသွားလေသည်။ ပန်းစည်းများအပြင် အာလူးများကလည်း လိုအပ်ကာ မှိုဂေါ်ဖီထုပ် စသည်ဖြင့်တို့ကိုလည်း ထပ်ဖြည့်နိုင်သေးသည်။ အသားနှင့်အရွက်များ၏ ပေါင်းစပ်မှုက ထမင်းနှင့်စားသုံးလျှင် အလွန်အရသာရှိသွားစေမည်ဖြစ်သည်။
ယွမ့်ထန်းက ပထမဦးစွာ အမဲသားမိုးခိုသားအပိုင်းအစကြီးကိုယူပြီး မီးဖိုချောင်သုံးဓါးဖြင့် ခပ်ပါးပါးလှီးဖြတ်ပြီး ဆား၊ ပဲ၊ ပဲငန်ပြာရည်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနှင့် ဂျင်းရောထားသော အရည်၊ ဟင်းချက်ဆီ၊ အသားမှုန့်တို့ကို ရောမွှေထားလိုက်သည်။ ထို့နောက် အရသာအားလုံးကို အသားက စုပ်ယူနိုင်ရန်အတွက် မိနစ် ၂၀ ခန့်နှပ်ထားသည်။
သူက အသုံးပြုမည့်ဟင်းရွက်များအားလုံးကို ဆေးကြောထားလိုက်ပြီး ရေနွေးပူထဲထည့်ကာ ရေနွေးဖျောထားလိုက်သည်။ ထို့နောက် နောက်ပိုင်း အသုံးပြုရန်အတွက် ဘေးဘက်တွင် ထားထားလိုက်လေသည်။
သူက ဒယ်ပြားထဲတွင် ဆီကိုထည့်ကာ အပူပေးသည်နှင့် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ထည့်သည်။ ထို့နောက် ပဲငန်ပြာရည်အနောက်နှင့် ငရုတ်ဆီတို့ကို ထည့်သည်။ သူက အပူချိန်နိမ့်နိမ့်ဖြင့် နီရဲသောအဆီရည်များ ထွက်လာသည်အထိ မွှေနှောက်ပြီးနောက်တွင် ရေနှင့်ဆားတို့ကို ထပ်ဖြည့်ထည့်သည်။ အနီရောင်အနှစ်က ဆူပွက်လာပြီးနောက်တွင် ယွမ့်ထန်းက သူ နှပ်ထားသော အမဲသားများကို ထည့်လိုက်သည်။ အမဲသားအရောင်များက ပြောင်းလာချိန်တွင် ယွမ့်ထန်းက ပန်းကန်လုံးထဲတွင် ရေနွေးဖျောကာ ထားထားသော ဟင်းရွက်များအားလုံးကို ရောထည့်လိုက်ပြန်သည်။ ငရုတ်သီးမှုန့်အခြောက်၊ ငရုတ်ပွတောင့်တို့ကို ထည့်ပြီးနောက်တွင် ပွက်ပွက်ဆူနေသော ဆီအတွင်း နှစ်မြှုပ်သွားစေကာ အစပ်အရသာပြင်းပြင်းက လှိုင်ထွက်လာတော့သည်။
[ငါကတော့ ငြိမ်းအေးမှုကိုပဲလိုလားတယ် .. အိုဘုရားရေ အနံ့က မွှေးလိုက်တာ]
[အေပရယ်လရဲ့ သိုးမွှေးလည်ပင်းထောင်လေးက အမွှေးလေးက ပွတ်သပ်ကျီစယ်နေတယ် .. အရသာက ပိုကောင်းမှာသေချာတယ်၊ စပ်လည်းစပ်မယ့်ပုံပဲ၊ ငါ့ရဲ့လည်ချောင်းကတော့ ပူတက်သွားပြီ၊ ဒီအစပ်အရသာက စပ်ဖျင်းဖျင်းဖြစ်လွန်းတယ်၊ ဒါပေမယ့် အရသာကတော့ အရမ်းအရမ်းကိုကောင်းတယ်]
အနီရဲရဲအမဲသားက တောက်ပသော အနီရောင်အရည်များအပြင် အစိမ်းရောင်အရွက်များ၊ နုတ်နုတ်စင်းထားသော ကြက်သွန်မြိတ်တို့နှင့် ပေါင်းစပ်လိုက်သည့်အခါက ပုံပန်းသွင်ပြင်က အလွန်လှပသွားတော့သည်။ ထိုသို့သော ရောင်စုံမြင်ကွင်းက စားချင်စဖွယ်ဖြစ်ပြီး ပြင်းထန်သည့်အစပ်အရသာနှင့် ပေါင်းစပ်ထားသေးသည်။ ထို့အပြင် အမဲသားပြားများကလည်း ခပ်ပါးပါးလှီးကာ ထည့်ထားသေးသည့်အပြင် ထိုအစပ်အရည်ဖြင့် ပေါင်းချက်ထားသည့်အတွက် အရသာက ချွင်းချက်မရှိ ကောင်းမွန်လွန်းသွားသည်။ နောက်ပြီး အသား၏နူးညံ့မှုကလည်း ကပ်ပါနေသေးသည်။ ထို့ကြောင့် စားလေလေ ပို၍ ဆွဲဆောင်ခံရလေလေဖြစ်လာသည်။
[ဂေးဘတ် .. အရသာရှိလွန်းတယ်၊ လူကြီးမင်းယွမ့်ထန်းက ငါ့ရဲ့အစာအိမ်နဲ့ နှလုံးသားကို တကယ်ကိုပဲ ချက်ပြုတ်နိုင်စွမ်းရည်နဲ့ သိမ်းကြုံးဆွဲဆောင်ထားတော့တာပဲ၊ မင်းက သူတို့ကို ယစ်မူးအောင်လုပ်ပြီး သာယာမှုထဲ နှစ်မြုပ်သွားအောင် လုပ်နေသလိုပဲ၊ ဒီလိုနည်းလမ်းနဲ့ ပြန်ပြီး တာဝန်တွေကို ပြန်လည်လုပ်ဆောင်ဖို့မေ့သွားပြီ]
[ဖုန်းကျင်းကျင်းကျင်းကျင်း .. ငါ ဒီဝန်ခံတဲ့စကားလုံးတွေနဲ့ ယှဉ်နိုင်အောင်တောင် မပြောနိုင်တော့ဘူး]
[အမြစ်ကိုလျစ်လျူရှုပြီး ထည့်ပို့ပေးလိုက် .. ဟား ဟား ဟား ဟား ဟား ငါကတော့ ရယ်ရလွန်းလို့သေရတော့မယ်]
ယွမ့်ထန်းက ထိုလူများ၏ နှလုံးသား၏ ခံစားချက် ဖွင့်ဟပြောဆိုမှုများကို လျစ်လျူရှုထားလိုက်ပြီးနောက် ဒုတိယမြောက်ဟင်းလျာကို ဆက်လုပ်သည်။
ရတနာရှစ်သွယ် အသားလုံးနှင့် ပျော်ရွှင်ခြင်းလေးသွယ်အသားလုံးတို့က နာမည်ခြင်း တူညီသော်လည်း လုပ်နည်းများကမူ ကွာခြားလေသည်။ ပထမဦးစွာ သူက ကြိတ်ထားသော ဝက်ဗိုက်သားများကို လိုအပ်သည်။ အရှိန်နှုန်းမြန်ရန်အလို့ငှာ ယွမ့်ထန်းက မီးဖိုချောင်သုံးဓါးနှစ်လက်လုံးကို ယူပြီးအသားများကို စင်းနှီပြားပေါ်တင်ပြီး တဒုတ်ဒုတ်ခုတ်သည်။ ကျွတ်ဆတ်ကာ သေသပ်သောလှုပ်ရှားမှုက ကြည့်ရှုသူများကို အော်ဟစ်မိချင်စိတ် ဖြစ်လာစေသည်။ ထိုကဲ့သို့သော ဓါးကိုင်စွမ်းရည်က အလွန်အမင်း ကြည့်ကောင်းလွန်းသည်။
ထို့နောက် သူက လှပစွာ ကြိတ်ချေပြီးသော ထိုအသားများကို အသားလုံးအဖြစ် ပုံဖော်ပြောင်းရသည်။ သို့သော် ထိုအသားလုံးက အလွန်ကြီးလွန်းနေသည်။ တစ်လုံးချင်းစီတိုင်းက အရွယ်ရောက်လူတစ်ယောက်၏ လက်သီးတစ်ဆုပ်စာ ရှိနေပြီး ထိုအသားလုံးများက သာမန်အရွယ်အစားရှိသည့် ပန်းကန်ပြားတစ်ချပ်အပြည့် နေရာယူသွားနိုင်သည်။
ယွမ့်ထန်းက ဆီကိုဒယ်ပြားပေါ် ထည့်ကာ အပူပေးသည်။ ဆီက စတင်ပူလာသည်နှင့် သူက ထိုဒယ်ပြားထဲသို့ အသားလုံးများကို စထည့်တော့သည်။ အသားလုံးများက ကြီးမားနေလေသည့်အပြင် အချိန်အတန်ကြာချက်ရန် လိုအပ်သော်လည်း မျက်နှာပြင်က အရောင်ပြောင်းသည်အထိသာ စောင့်ပြီးလျှင် ယွမ့်ထန်းက ဒယ်ပြားထဲမှ ထုတ်လိုက်ကာ ဘုတ်ပြားထဲသို့ ပြန်တင်ပြီးနောက် ဓါးဖြင့် ငါးပုံတစ်ပုံခန့်ကို လှီးဖြတ်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုအသားလုံးများက အပြင်ဘက်ကိုသာ ချက်ပြုတ်ထားခြင်းဖြစ်ပြီး အတွင်းဘက်က ပန်းရောင်သန်း နေသေးသည်။
[မော့ရှီမင် .. အာ မကျက်သေးဘူးမဟုတ်လား]
[အချစ်ဆေးရည် .. မစိုးရိမ်စမ်းပါနဲ့၊ ထပ်ကြော်မှာပေါ့]
သို့ရာတွင် ကြည့်ရှုသူများအားလုံးက မမျှော်လင့်ထားသည်မှာ ယွမ့်ထန်းက ဇွန်းတစ်ချောင်းကို ထုတ်ပြီးနောက် အတွင်းမှ အသားစိမ်းများအားလုံးကို ခြစ်ထုတ်လိုက်ပြီး ကြွပ်ရွနေသည့်အပြင်ခွံကိုသာ ချန်ထားခဲ့ခြင်းဖြစ်သည်။
[ကျင်းသုန် .. ဝိုးဝိုး ဒါက ဘာလဲ၊ ကြည့်လို့တော့ ကောင်းတယ်]
ထိုအခိုက် ယွမ့်ထန်းက စတင်ပြီး အသားလုံးအတွင်း အဆာပလာကို ဖြည့်သည့် ဖြစ်စဉ်ကို စတင်တော့သည်။ ရတနာရှစ်သွယ်အသားလုံးဆိုသည်မှာ အရသာရှိသော ပါဝင်ပစ္စည်းရှစ်မျိုး ဖြည့်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ရတနာရှစ်သွယ်ထဲတွင် မှို၊ သခွားသီး၊ ကြက်သား၊ ပဲ၊ ကြက်သွန်၊ ကြက်ဥနှင့် မျှစ်များ ပါလေသည်။ အားလုံးကို ကြိတ်ခြေထားပြီး အတူတကွ ရောကြော်ထားကာ ငရုတ်ကောင်း၊ ဆားနှင့် သကြားအနည်းငယ်ဖြင့် အရသာဖြည့်ထားသည့်အတွက် အရသာက အလွန်ကောင်းမွန်ပြီးသားဖြစ်သည်။ စတင်အသုံးပြုလိုက်သည်နှင့် မွှေးပျံ့သည့်အရသာကပင် ပြင်းထန်စွာ ထွက်ပေါ်လာနေလေပြီ။
အစာပလာဖြည့်ပြီးနောက်တွင် သူက တူးထုတ်ထားသော အသားများကို ပြန်ဖြည့်လိုက်သည်။ ထို့နောက် ယွမ့်ထန်းက ဒယ်ပြားပေါ်သို့ ပြန်တင်လိုက်ကာ အပြင်ဘက်အရောင် ပြန်ပြောင်းသည်အထိ ကြော်ထားလိုက်သည်။ အသားလုံး၏ အပြင်ဘက်အရောင်တစ်ခုလုံးက အပြည့်အဝ အရောင်ပြောင်းသွားမှသာ ယွမ့်ထန်းက ပန်းကန်ပြားပေါ်သို့ပြန်တင်သည်။
ကြည့်ရှုသူများကမူ လက်သီးဆုပ်မျှကြီးမားသော အသားလုံးနှစ်လုံးကိုကြည့်ကာ ကြောင်တောင်တောင်ဖြစ်နေကြသည်။
[ကျီချုံမော့ရန် .. အိုဘုရားရေ ငါ ဒီလောက်ကြီးတဲ့အသားလုံးကြီးကို ဘယ်လိုကိုက်ရမှာလဲ]
[ထရန့်စပါးရန့်လေး .. ဓါးနဲ့ဖြတ်ဖို့လိုမှာထင်တယ်]
“ဟုတ်တယ်၊ မင်းတို့စားတဲ့အချိန်ကျရင် ဓါးနဲ့လှီးဖြတ်နိုင်တယ်၊ ဒါပေမယ့် အားလုံးပဲ အပူမလောင်အောင် သတိထားကြပါ”
ယွမ့်ထန်းက အရသာခံနိုင်ရန်အတွက် ဇွန်းတစ်ဇွန်းကိုအသုံးပြုကာ အသားလုံးကို ပိုင်းဖြတ်ပေးလိုက်သည်။
အပြင်မှမွှေးပျံ့ကာ ကြွပ်ရွသောအသားလုံးက အလွန်ဝါး၍ကောင်းသည်။ အတွင်းက အစာပလာများကလည်း အရည်ရွှမ်းကာ အရသာရှိနေသေးသည်။ ထို့ကြောင့် အရသာနှင့် ခံစားချက်က ပျော်ရွှင်မှုနှစ်ဆကဲ့သို့ ဖြစ်သွားကာ အလွန်အမင်း စွဲလမ်းဖွယ်ရာဖြစ်သည်။ မြောက်မြားလှသော သလင်းပန်းများက ဖန်သားပြင်တွင် ပွင့်လန်းသွားတော့သည်။ ကြည့်ရှုနေသူများအားလုံးက ထိုမျှ မမျှော်လင့်ထားသော အရသာ၏ဆွဲဆောင်မှုက ခံလိုက်ရလေပြီ။
[နွေဦးပျားရည် .. အရသာရှိတယ်]
[လမင်း .. တင်ဆက်သူ အရမ်းချစ်တယ်နော်၊ အသားလုံးက အရမ်းအရသာရှိတာပဲ]
“ရွှိန်ကြူးအမဲသားကို မဲနှိုက်ဖို့ကအဆင်မသင့်ဘူးဖြစ်နေတယ်၊ ဒီတော့ ရတနာရှစ်သွယ်အသားလုံးကိုပဲ ဒီနေ့အတွက် ဆုလာဘ်အနေနဲ့ပေးလိုက်တော့မယ်”
ထို့နောက် သူက အသားအချဉ်ရည်နှင့် ကျန်သော ပါဝင်ပစ္စည်းများကို ကြည့်ပြီးနောက်တွင် အရေအတွက်ကို ဆုံးဖြတ်လိုက်သည်။
“ဒီနေ့ ရှစ်ယောက်မဲနှိုက်ပေးမယ်၊ အားလုံးပဲ ကံကောင်းဖို့မျှော်လင့်ပါတယ်”
[ပျံလွှားငှက်လေးက ပျံသန်းနေပြီ .. စကြာဝဠာကြီးရဲ့အရှင်သခင် ကျေးဇူးပြုပြီး ငါ့ကို အနိုင်ရရှိခွင့်ပေးပါ]
[စတေးခံ .. သန်းတစ်ရာမှာတစ်ယောက်ပဲ အခွင့်အရေးရှိမယ်ဆိုရင်တောင်မှ ငါ တိုက်ခိုက်ဖို့လိုအပ်တယ်၊ ငါ့ရဲ့တစ်နှစ်တာလုံး တည်ရှိခဲ့တဲ့ကံကောင်းမှုတွေအားလုံးကို ဒီအသားလုံးကို ရအောင် ယူရမယ်]
[မြောင်မြောင်က တင်ဆက်သူ ချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် .. တင်ဆက်သူ တောင်းပန်ပါတယ်၊ ငါတကယ်ပဲ ဒီအသားလုံးကို စားချင်တယ် ဝူးဟူး]
အဆုံးတွင် ယွမ့်ထန်းက နှလုံးသားပျော့ပျောင်းသွားလေရာ ရင်းနှီးကျွမ်းဝင်သော အိုင်တီများကိုသာ ရွေးချယ်လိုက်သည်။
“ဂုဏ်ယူပါတယ်၊ ရေအရောင်က ဖန်သားလိုပဲ၊ မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကိုကြိုက်တယ်၊ သခင်မချွီ၊ အိုင်တီ၁၈၂၂၀ ၁၀၂ … တို့အားလုံး မဲပေါက်သွားကြပါတယ်၊ ဆုလာဘ်တွေအားလုံးကို သိပ်မကြာခင်မှာ ထည့်ပေးလိုက်မှာဖြစ်လို့ အားလုံးပဲ စာစစ်ကြဖို့မမေ့ပါနဲ့”
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက်တွင် ယွမ့်ထန်းက ဆက်ကြော်ရသည်။ ထို့နောက် ရတနာရှစ်သွယ်အမဲသားလုံးများကို ဆက်လုပ်လေသည်။
သူက ဂေးဘတ်အတွက် ရွှိန်ကြူး အမဲသားအတုံးကြီးနှစ်တုံးနှင့် အသားတုံးလေးတုံးကို ပေးလိုက်ပြီး ထမင်းဖြူကိုလည်း ထည့်ပေးလိုက်သည်။ သည်တစ်ကြိမ်တွင် သူက သူတို့ ဗိုက်အပြည့်စားရန်မျှော်လင့်လေသည်။
ဟော်ညီအစ်ကိုအတွက်မူ ရွှိန်ကြူးအမဲသားနှင့် ရတနာရှစ်သွယ်အသားလုံးတို့ကို ဝေစုရကြသည်။ ဟော်ယွန်ချန်းက အစပ်ကြိုက်သောကြောင့် ရတနာရှစ်သွယ် အသားလုံးနှင့်အတူ အချဉ်ရည်ကိုလည်း တသီးတသန့်ထည့်ပေးလိုက်သေးသည်။
အပိုင္း ၆၀
အာ
ေဂးဘတ္ကလည္း မ်ားမ်ားစားစား မေတြးေတာ့ဘဲ စိတ္လႈပ္ရွားစြာ ဖိတ္ေခၚလိုက္သည္။
"စစ္တပ္က ကန္တင္းက စားစရာေတြက အရသာ အရမ္းေကာင္းတယ္လို႔ ငါ ၾကားထားတယ္၊ မင္း ေန႕လည္စာ မစားရေသးဘူးဆိုရင္ ငါတို႔နဲ႕အတူစားရင္ ဘယ္လိုလဲ"
ေဟာ္ယြန္ခ်န္းက မုန႔္ဘူးေပၚမွ စားစရာဟူ၍ ေရးသားထားေသာ စကားလုံးေနရာကို လက္ညွိုးျဖင့္ အသာအယာ တိတ္ဆိတ္စြာ ဖိႏွိပ္ၿပီးေနာက္တြင္ ေဖ်ာ့ေတာ့စြာ ျပန္ေျဖလိုက္သည္။
"အရွင္ပဲသြားပါ၊ ကြၽန္ေတာ္ ဖိုင္ေတြ အရင္စစ္လိုက္ပါအုံးမယ္"
"ေကာင္းၿပီေလ၊ ဒါဆိုလည္း"
ေဂးဘတ္က စိတ္ပ်က္လက္ပ်က္ျဖင့္ ပုခုံးတြန႔္လိုက္ၿပီးေနာက္ သူ႕ကို လမ္းၫႊန္ျပေနေသာ အရာရွိႏွစ္ေယာက္ ေနာက္မွ လိုက္ကာ ကန္တင္းရွိရာဘက္သို႔ သြားသည္။
သူတို႔အားလုံးက ကန္တင္းသို႔ေရာက္သြားသည္ႏွင့္ ေဂးဘတ္ႏွင့္ အျခားသူမ်ားအားလုံးက စားစရာမ်ား၏အနံ႕မ်ားကို ရလိုက္ၾကသည္။ ႀကီးမားေသာ ခန္းမႀကီးထဲတြင္ စားေသာက္ေနၾကေသာ စစ္သားေသာင္းေက်ာ္ကို ျမင္လိုက္ရကာ ေလးစားစြာေျပာလိုက္သည္။
"တကယ္အံ့ဩဖို႔ေကာင္းတာပဲ၊ လူႀကီးမင္းယြမ့္ထန္းမွာ လက္ေထာက္ ဘယ္ေလာက္ေတာင္ရွိေနတာလဲ"
"ေျခာက္ေယာက္ပါ"
"ေျခာက္ေယာက္တည္းလား"
ေဂးဘတ္က မယုံၾကည္နိုင္ေတာ့ေခ်။ ေျခာက္ေယာက္တည္းနဲ႕ သည္ေလာက္လူေတြ အမ်ားႀကီးအတြက္ ျပင္ဆင္ေပးနိုင္တယ္လား။
တစ္ဖက္သူကလည္း သူက သံသယဝင္ေနေၾကာင္းျမင္ေသာအခါ ရွင္းျပလာသည္။
"တကယ္ေတာ့ အမ်ားစုကို တကယ္ခ်က္ထားတာက ဉာဏ္ရည္ျမင့္စက္႐ုပ္ေတြပါပဲ၊ လူႀကီးမင္းယြမ့္ထန္းရဲ႕ လက္ေထာက္ေတြက ေန႕စဥ္မီႏူးေတြကို အၾကမ္းဖ်င္း ေရးဆြဲေပးတာ၊ ပါဝင္ပစၥည္းေတြကို ျပင္ဆင္ေပးတာကို လုပ္ၿပီး ဉာဏ္ရည္ျမင့္စက္႐ုပ္ေတြ ခ်က္ျပဳတ္တာကိုပဲ သူတို႔က စစ္ေဆးအကဲျဖတ္တာမ်ိဳး လုပ္ၾကပါတယ္"
"တကယ္လား၊ စက္႐ုပ္ေတြကလည္း ဟင္းခ်က္နိုင္တယ္လား"
ေဂးဘတ္က သိခ်င္စိတ္ျပင္းျပလာသည္။
"ေသခ်ာတာေပါ့၊ အရွင္ စမ္းၾကည့္ရင္ သိပါလိမ့္မယ္"
ထိုလူက အလင္းဦးႏွောက္ကို ဖြင့္ၿပီးေနာက္ ထိုလူထြားမ်ားကို သူတို႔စားခ်င္သည့္ ဟင္းလ်ာမ်ားကို ေ႐ြးခ်ယ္ေစသည္။ တိုက္ဆိုင္စြာျဖင့္ သည္ေန႕ဟင္းလ်ာမ်ားတြင္ ဝက္သားနီခ်က္က အဓိကဟင္းလ်ာ ျဖစ္ေနသည္။ လူထြားမ်ားက အရသာရွိေသာ အသားကင္ကို ျမည္းစမ္းၾကည့္ခဲ့ၿပီးေလရာ ထိုဟင္းလ်ာကို တုံ႕ဆိုင္းမေနဘဲ ေ႐ြးၾကေတာ့သည္။
သူတို႔ကလည္း ခုံအလြတ္ကို ရွာၿပီးသည္ႏွင့္ ဝင္ထိုင္လိုက္ၾကသည္။ တစ္ခဏခန႔္ ၾကာၿပီးေနာက္ စားစရာမ်ားက ေရာက္လာသည္။ ပုံပန္းသြင္ျပင္ကလည္း ေကာင္းမြန္ကာ ေဝစုကလည္းမ်ားသည္။ က်န္ရစ္သည္မွာ အရသာခံရန္သာလွ်င္ ျဖစ္သည္။
ေဂးဘတ္က ဇြန္းကို ေကာက္ကိုင္ၿပီးသည္ႏွင့္ အသားတစ္တုံးကို ပါးစပ္ထဲသို႔ ထည့္သည္။ ထူထပ္သိပ္သည္းေသာ အနီေရာင္အခ်ဥ္ရည္ႏွင့္ ႏူးညံ့ေသာအသားက ေကာင္းမြန္လြန္းေသာ္လည္း တစ္စုံတစ္ရာက လစ္လပ္ေနသလို ခံစားေနရသည္။ မည္သို႔ပင္ဆိုေစ သူတို႔က မေန႕က အရသာခံခဲ့ရသေလာက္ ေကာင္းမြန္ျခင္းမရွိေနခဲ့ေခ်။ ထိုဟင္းပြဲက အလြန္အမင္းအရသာရွိလြန္းသည္။ သူတို႔က အလြန္အမင္း သေဘာက်ၾကကာ အီသည့္ ခံစားခ်က္ကိုလည္း မရေခ်။ သည္တစ္ပြဲကမူ အရသာမဆိုးေသာ္လည္း ယြမ့္ထန္း၏အဆင့္ႏွင့္ႏွို င္းယွဥ္ေသာ္ ၆၀၊ ၇၀ ရာခိုင္ႏႈန္းေလာက္ကိုသာလွ်င္ မီေလသည္။
"မင္းတို႔က ငါ့ကို လူႀကီးမင္းယြမ့္ထန္းကို ေခၚသြားခြင့္မျပဳမွေတာ့ ငါ ဒီစက္႐ုပ္ေတြ ယူသြားလို႔ရမလား"
ေဂးဘတ္က ႐ုတ္တရက္ေမးလိုက္သည္။
ထိုလူက တုံ႕ဆိုင္းသြားသည္။
"ဒါ ဒါက အရွင္မင္းႀကီးနဲ႕ပဲ ညွိႏွိုင္းသင့္ပါတယ္၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဒီလိုဆုံးျဖတ္ပိုင္ခြင့္အာဏာ မရွိပါဘူး"
"ငါ အခုပဲ ဒီေန႕လည္ခင္းမွာ ခ်န္းက်ီးကို သြားရွာၿပီး ဒီအေၾကာင္းအရာကို ေျပာလိုက္မယ္"
ေဂးဘတ္က ေျပာဆိုၿပီးသည္ႏွင့္ သူ၏ေရွ႕မွ ပန္းကန္လြတ္ကိုၾကည့္သည္။
"ငါ ေနာက္တစ္ပန္းကန္ရမလား"
"ငါတို႔လည္း လိုတယ္"
ယြမ့္ထန္းက ေဂးဘတ္တို႔အဖြဲ႕က အင္ပါယာ၏ အရည္အေသြးျမင့္စက္႐ုပ္မ်ားကို ယူသြားခ်င္သည္ဟု မသိထားေခ်။ သူက ေန႕လည္စာစားၿပီးေနာက္တြင္ တေရးတေမာအိပ္ကာ ညေနခင္း တိုက္ရိုက္ထုတ္လႊင့္မႈအတြက္ ျပန္လည္ျပင္ဆင္ေနၿပီ ျဖစ္သည္။ ထိုအခ်ိန္တြင္ သူက အစိုးရကိုယ္ေရးကိုယ္တာ လက္ေထာက္က သူ႕အား ဆက္သြယ္လာၿပီး ေဂးဘတ္တို႔အတြက္ ေန႕လည္စာျပင္ေပးျခင္းက အလြန္အမင္း နည္းလြန္းသည္ဟုေျပာလာသည္။ ေဂးဘတ္က စားေသာက္ၿပီးေနာက္တြင္ မဝသည့္အတြက္ ညေနစာအတြက္ မ်ားမ်ားျပင္ဆင္ရန္ ေတာင္းဆိုလာျခင္း ျဖစ္သည္။
[ေျမာင္ေျမာင္က တင္ဆက္သူခ်က္သမွ်ဟင္းလ်ာတိုင္းကို ႀကိဳက္တယ္ .. အိုးဟိုးဟိုး လႊင့္ေနၿပီ၊ ႐ႊိန္ၾကဴးအမဲသားကို ေစာင့္ေနတာ]
[သစ္ပင္မဖက္ဘဲမေနနိုင္ဘူး .. အဲဒီသတင္းကို ရထားကတည္းက တံေတြးက က်ေနတာ မရပ္ေတာ့ဘူး]
[ဆားစိမ္ငါးကလည္းငါးပါပဲ .. အမဲသားရသြားတဲ့ကံေကာင္းတဲ့သူက ကိုယ္တိုင္ကိုယ္လာၿပီး တင္ျပတယ္၊ အရမ္းအရမ္းအရမ္း မဟာကိုအရသာရွိလြန္းတယ္]
[လီယြဲ႕က်င္ .. လာစမ္းပါ၊ အေပၚက ကြန္မန႔္ မန႔္သြားတဲ့တစ္ေယာက္ကို ဝိုင္းၿပီး ကန္ေပးၾကစမ္းပါ]
ၾကည့္ရႈသူမ်ား၏ ထိုသို႔အခ်င္းခ်င္းေျပာဆိုေနၾက၊ ေဆြးႏြေးမႈမ်ားအလယ္တြင္ ယြမ့္ထန္းက ၿပဳံးကာ သူ ပုံမွန္ႏႈတ္ဆက္သည့္ျဖစ္စဥ္ကိုစတင္သည္။
"အားလုံးပဲမဂၤလာပါ၊ ကိုယ္ကေတာ့မင္းတို႔ရဲ႕တင္ဆက္သူယြမ့္ထန္းပါ၊ ဒီေန႕ ကိုက မင္းတို႔ကို ႐ႊိန္ၾကဴးဝက္သားနဲ႕ ရတနာရွစ္သြယ္အသားလုံးကို ခ်က္ျပမွာပါ"
[ေရွာင္စိန႔္ရဲ႕ အသားဥရည္ .. ေဟး နာမည္ကိုၾကား႐ုံနဲ႕တင္ ငါ့ရဲ႕ပါးစပ္က အရည္က်ေနၿပီ]
႐ႊိန္ၾကဴးအမဲသားကို ခ်က္ျပဳတ္သည့္ျဖစ္စဥ္က ႐ႊိန္ၾကဴးငါးကို ခ်က္ျပဳတ္သည့္ျဖစ္စဥ္ႏွင့္ အတူတူသာလွ်င္ ျဖစ္ေသာ္လည္း ပါဝင္ပစၥည္းမ်ားက ပိုမ်ားသြားေလသည္။ ပန္းစည္းမ်ားအျပင္ အာလူးမ်ားကလည္း လိုအပ္ကာ မွိုေဂၚဖီထုပ္ စသည္ျဖင့္တို႔ကိုလည္း ထပ္ျဖည့္နိုင္ေသးသည္။ အသားႏွင့္အ႐ြက္မ်ား၏ ေပါင္းစပ္မႈက ထမင္းႏွင့္စားသုံးလွ်င္ အလြန္အရသာရွိသြားေစမည္ျဖစ္သည္။
ယြမ့္ထန္းက ပထမဦးစြာ အမဲသားမိုးခိုသားအပိုင္းအစႀကီးကိုယူၿပီး မီးဖိုေခ်ာင္သုံးဓါးျဖင့္ ခပ္ပါးပါးလွီးျဖတ္ၿပီး ဆား၊ ပဲ၊ ပဲငန္ျပာရည္၊ င႐ုတ္ေကာင္း၊ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းေရာထားေသာ အရည္၊ ဟင္းခ်က္ဆီ၊ အသားမႈန႔္တို႔ကို ေရာေမႊထားလိုက္သည္။ ထို႔ေနာက္ အရသာအားလုံးကို အသားက စုပ္ယူနိုင္ရန္အတြက္ မိနစ္ ၂၀ ခန႔္ႏွပ္ထားသည္။
သူက အသုံးျပဳမည့္ဟင္း႐ြက္မ်ားအားလုံးကို ေဆးေၾကာထားလိုက္ၿပီး ေရႏြေးပူထဲထည့္ကာ ေရႏြေးေဖ်ာထားလိုက္သည္။ ထို႔ေနာက္ ေနာက္ပိုင္း အသုံးျပဳရန္အတြက္ ေဘးဘက္တြင္ ထားထားလိုက္ေလသည္။
သူက ဒယ္ျပားထဲတြင္ ဆီကိုထည့္ကာ အပူေပးသည္ႏွင့္ ႏုတ္ႏုတ္စင္းထားေသာ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီတို႔ကို ထည့္သည္။ ထို႔ေနာက္ ပဲငန္ျပာရည္အေနာက္ႏွင့္ င႐ုတ္ဆီတို႔ကို ထည့္သည္။ သူက အပူခ်ိန္နိမ့္နိမ့္ျဖင့္ နီရဲေသာအဆီရည္မ်ား ထြက္လာသည္အထိ ေမႊႏွောက္ၿပီးေနာက္တြင္ ေရႏွင့္ဆားတို႔ကို ထပ္ျဖည့္ထည့္သည္။ အနီေရာင္အႏွစ္က ဆူပြက္လာၿပီးေနာက္တြင္ ယြမ့္ထန္းက သူ ႏွပ္ထားေသာ အမဲသားမ်ားကို ထည့္လိုက္သည္။ အမဲသားအေရာင္မ်ားက ေျပာင္းလာခ်ိန္တြင္ ယြမ့္ထန္းက ပန္းကန္လုံးထဲတြင္ ေရႏြေးေဖ်ာကာ ထားထားေသာ ဟင္း႐ြက္မ်ားအားလုံးကို ေရာထည့္လိုက္ျပန္သည္။ င႐ုတ္သီးမႈန႔္အေျခာက္၊ င႐ုတ္ပြေတာင့္တို႔ကို ထည့္ၿပီးေနာက္တြင္ ပြက္ပြက္ဆူေနေသာ ဆီအတြင္း ႏွစ္ျမႇုပ္သြားေစကာ အစပ္အရသာျပင္းျပင္းက လွိုင္ထြက္လာေတာ့သည္။
[ငါကေတာ့ ၿငိမ္းေအးမႈကိုပဲလိုလားတယ္ .. အိုဘုရားေရ အနံ႕က ေမႊးလိုက္တာ]
[ေအပရယ္လရဲ႕ သိုးေမႊးလည္ပင္းေထာင္ေလးက အေမႊးေလးက ပြတ္သပ္က်ီစယ္ေနတယ္ .. အရသာက ပိုေကာင္းမွာေသခ်ာတယ္၊ စပ္လည္းစပ္မယ့္ပုံပဲ၊ ငါ့ရဲ႕လည္ေခ်ာင္းကေတာ့ ပူတက္သြားၿပီ၊ ဒီအစပ္အရသာက စပ္ဖ်င္းဖ်င္းျဖစ္လြန္းတယ္၊ ဒါေပမယ့္ အရသာကေတာ့ အရမ္းအရမ္းကိုေကာင္းတယ္]
အနီရဲရဲအမဲသားက ေတာက္ပေသာ အနီေရာင္အရည္မ်ားအျပင္ အစိမ္းေရာင္အ႐ြက္မ်ား၊ ႏုတ္ႏုတ္စင္းထားေသာ ၾကက္သြန္ၿမိတ္တို႔ႏွင့္ ေပါင္းစပ္လိုက္သည့္အခါက ပုံပန္းသြင္ျပင္က အလြန္လွပသြားေတာ့သည္။ ထိုသို႔ေသာ ေရာင္စုံျမင္ကြင္းက စားခ်င္စဖြယ္ျဖစ္ၿပီး ျပင္းထန္သည့္အစပ္အရသာႏွင့္ ေပါင္းစပ္ထားေသးသည္။ ထို႔အျပင္ အမဲသားျပားမ်ားကလည္း ခပ္ပါးပါးလွီးကာ ထည့္ထားေသးသည့္အျပင္ ထိုအစပ္အရည္ျဖင့္ ေပါင္းခ်က္ထားသည့္အတြက္ အရသာက ခြၽင္းခ်က္မရွိ ေကာင္းမြန္လြန္းသြားသည္။ ေနာက္ၿပီး အသား၏ႏူးညံ့မႈကလည္း ကပ္ပါေနေသးသည္။ ထို႔ေၾကာင့္ စားေလေလ ပို၍ ဆြဲေဆာင္ခံရေလေလျဖစ္လာသည္။
[ေဂးဘတ္ .. အရသာရွိလြန္းတယ္၊ လူႀကီးမင္းယြမ့္ထန္းက ငါ့ရဲ႕အစာအိမ္နဲ႕ ႏွလုံးသားကို တကယ္ကိုပဲ ခ်က္ျပဳတ္နိုင္စြမ္းရည္နဲ႕ သိမ္းႀကဳံးဆြဲေဆာင္ထားေတာ့တာပဲ၊ မင္းက သူတို႔ကို ယစ္မူးေအာင္လုပ္ၿပီး သာယာမႈထဲ ႏွစ္ျမဳပ္သြားေအာင္ လုပ္ေနသလိုပဲ၊ ဒီလိုနည္းလမ္းနဲ႕ ျပန္ၿပီး တာဝန္ေတြကို ျပန္လည္လုပ္ေဆာင္ဖို႔ေမ့သြားၿပီ]
[ဖုန္းက်င္းက်င္းက်င္းက်င္း .. ငါ ဒီဝန္ခံတဲ့စကားလုံးေတြနဲ႕ ယွဥ္နိုင္ေအာင္ေတာင္ မေျပာနိုင္ေတာ့ဘူး]
[အျမစ္ကိုလ်စ္လ်ဴရႈၿပီး ထည့္ပို႔ေပးလိုက္ .. ဟား ဟား ဟား ဟား ဟား ငါကေတာ့ ရယ္ရလြန္းလို႔ေသရေတာ့မယ္]
ယြမ့္ထန္းက ထိုလူမ်ား၏ ႏွလုံးသား၏ ခံစားခ်က္ ဖြင့္ဟေျပာဆိုမႈမ်ားကို လ်စ္လ်ဴရႈထားလိုက္ၿပီးေနာက္ ဒုတိယေျမာက္ဟင္းလ်ာကို ဆက္လုပ္သည္။
ရတနာရွစ္သြယ္ အသားလုံးႏွင့္ ေပ်ာ္႐ႊင္ျခင္းေလးသြယ္အသားလုံးတို႔က နာမည္ျခင္း တူညီေသာ္လည္း လုပ္နည္းမ်ားကမူ ကြာျခားေလသည္။ ပထမဦးစြာ သူက ႀကိတ္ထားေသာ ဝက္ဗိုက္သားမ်ားကို လိုအပ္သည္။ အရွိန္ႏႈန္းျမန္ရန္အလို႔ငွာ ယြမ့္ထန္းက မီးဖိုေခ်ာင္သုံးဓါးႏွစ္လက္လုံးကို ယူၿပီးအသားမ်ားကို စင္းႏွီျပားေပၚတင္ၿပီး တဒုတ္ဒုတ္ခုတ္သည္။ ကြၽတ္ဆတ္ကာ ေသသပ္ေသာလႈပ္ရွားမႈက ၾကည့္ရႈသူမ်ားကို ေအာ္ဟစ္မိခ်င္စိတ္ ျဖစ္လာေစသည္။ ထိုကဲ့သို႔ေသာ ဓါးကိုင္စြမ္းရည္က အလြန္အမင္း ၾကည့္ေကာင္းလြန္းသည္။
ထို႔ေနာက္ သူက လွပစြာ ႀကိတ္ေခ်ၿပီးေသာ ထိုအသားမ်ားကို အသားလုံးအျဖစ္ ပုံေဖာ္ေျပာင္းရသည္။ သို႔ေသာ္ ထိုအသားလုံးက အလြန္ႀကီးလြန္းေနသည္။ တစ္လုံးခ်င္းစီတိုင္းက အ႐ြယ္ေရာက္လူတစ္ေယာက္၏ လက္သီးတစ္ဆုပ္စာ ရွိေနၿပီး ထိုအသားလုံးမ်ားက သာမန္အ႐ြယ္အစားရွိသည့္ ပန္းကန္ျပားတစ္ခ်ပ္အျပည့္ ေနရာယူသြားနိုင္သည္။
ယြမ့္ထန္းက ဆီကိုဒယ္ျပားေပၚ ထည့္ကာ အပူေပးသည္။ ဆီက စတင္ပူလာသည္ႏွင့္ သူက ထိုဒယ္ျပားထဲသို႔ အသားလုံးမ်ားကို စထည့္ေတာ့သည္။ အသားလုံးမ်ားက ႀကီးမားေနေလသည့္အျပင္ အခ်ိန္အတန္ၾကာခ်က္ရန္ လိုအပ္ေသာ္လည္း မ်က္ႏွာျပင္က အေရာင္ေျပာင္းသည္အထိသာ ေစာင့္ၿပီးလွ်င္ ယြမ့္ထန္းက ဒယ္ျပားထဲမွ ထုတ္လိုက္ကာ ဘုတ္ျပားထဲသို႔ ျပန္တင္ၿပီးေနာက္ ဓါးျဖင့္ ငါးပုံတစ္ပုံခန႔္ကို လွီးျဖတ္သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း ထိုအသားလုံးမ်ားက အျပင္ဘက္ကိုသာ ခ်က္ျပဳတ္ထားျခင္းျဖစ္ၿပီး အတြင္းဘက္က ပန္းေရာင္သန္း ေနေသးသည္။
[ေမာ့ရွီမင္ .. အာ မက်က္ေသးဘူးမဟုတ္လား]
[အခ်စ္ေဆးရည္ .. မစိုးရိမ္စမ္းပါနဲ႕၊ ထပ္ေၾကာ္မွာေပါ့]
သို႔ရာတြင္ ၾကည့္ရႈသူမ်ားအားလုံးက မေမွ်ာ္လင့္ထားသည္မွာ ယြမ့္ထန္းက ဇြန္းတစ္ေခ်ာင္းကို ထုတ္ၿပီးေနာက္ အတြင္းမွ အသားစိမ္းမ်ားအားလုံးကို ျခစ္ထုတ္လိုက္ၿပီး ႂကြပ္႐ြေနသည့္အျပင္ခြံကိုသာ ခ်န္ထားခဲ့ျခင္းျဖစ္သည္။
[က်င္းသုန္ .. ဝိုးဝိုး ဒါက ဘာလဲ၊ ၾကည့္လို႔ေတာ့ ေကာင္းတယ္]
ထိုအခိုက္ ယြမ့္ထန္းက စတင္ၿပီး အသားလုံးအတြင္း အဆာပလာကို ျဖည့္သည့္ ျဖစ္စဥ္ကို စတင္ေတာ့သည္။ ရတနာရွစ္သြယ္အသားလုံးဆိုသည္မွာ အရသာရွိေသာ ပါဝင္ပစၥည္းရွစ္မ်ိဳး ျဖည့္ထားျခင္းကို ဆိုလိုျခင္းျဖစ္သည္။ ရတနာရွစ္သြယ္ထဲတြင္ မွို၊ သခြားသီး၊ ၾကက္သား၊ ပဲ၊ ၾကက္သြန္၊ ၾကက္ဥႏွင့္ မွ်စ္မ်ား ပါေလသည္။ အားလုံးကို ႀကိတ္ေျခထားၿပီး အတူတကြ ေရာေၾကာ္ထားကာ င႐ုတ္ေကာင္း၊ ဆားႏွင့္ သၾကားအနည္းငယ္ျဖင့္ အရသာျဖည့္ထားသည့္အတြက္ အရသာက အလြန္ေကာင္းမြန္ၿပီးသားျဖစ္သည္။ စတင္အသုံးျပဳလိုက္သည္ႏွင့္ ေမႊးပ်ံ့သည့္အရသာကပင္ ျပင္းထန္စြာ ထြက္ေပၚလာေနေလၿပီ။
အစာပလာျဖည့္ၿပီးေနာက္တြင္ သူက တူးထုတ္ထားေသာ အသားမ်ားကို ျပန္ျဖည့္လိုက္သည္။ ထို႔ေနာက္ ယြမ့္ထန္းက ဒယ္ျပားေပၚသို႔ ျပန္တင္လိုက္ကာ အျပင္ဘက္အေရာင္ ျပန္ေျပာင္းသည္အထိ ေၾကာ္ထားလိုက္သည္။ အသားလုံး၏ အျပင္ဘက္အေရာင္တစ္ခုလုံးက အျပည့္အဝ အေရာင္ေျပာင္းသြားမွသာ ယြမ့္ထန္းက ပန္းကန္ျပားေပၚသို႔ျပန္တင္သည္။
ၾကည့္ရႈသူမ်ားကမူ လက္သီးဆုပ္မွ်ႀကီးမားေသာ အသားလုံးႏွစ္လုံးကိုၾကည့္ကာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနၾကသည္။
[က်ီခ်ဳံေမာ့ရန္ .. အိုဘုရားေရ ငါ ဒီေလာက္ႀကီးတဲ့အသားလုံးႀကီးကို ဘယ္လိုကိုက္ရမွာလဲ]
[ထရန႔္စပါးရန႔္ေလး .. ဓါးနဲ႕ျဖတ္ဖို႔လိုမွာထင္တယ္]
"ဟုတ္တယ္၊ မင္းတို႔စားတဲ့အခ်ိန္က်ရင္ ဓါးနဲ႕လွီးျဖတ္နိုင္တယ္၊ ဒါေပမယ့္ အားလုံးပဲ အပူမေလာင္ေအာင္ သတိထားၾကပါ"
ယြမ့္ထန္းက အရသာခံနိုင္ရန္အတြက္ ဇြန္းတစ္ဇြန္းကိုအသုံးျပဳကာ အသားလုံးကို ပိုင္းျဖတ္ေပးလိုက္သည္။
အျပင္မွေမႊးပ်ံ့ကာ ႂကြပ္႐ြေသာအသားလုံးက အလြန္ဝါး၍ေကာင္းသည္။ အတြင္းက အစာပလာမ်ားကလည္း အရည္႐ႊမ္းကာ အရသာရွိေနေသးသည္။ ထို႔ေၾကာင့္ အရသာႏွင့္ ခံစားခ်က္က ေပ်ာ္႐ႊင္မႈႏွစ္ဆကဲ့သို႔ ျဖစ္သြားကာ အလြန္အမင္း စြဲလမ္းဖြယ္ရာျဖစ္သည္။ ေျမာက္ျမားလွေသာ သလင္းပန္းမ်ားက ဖန္သားျပင္တြင္ ပြင့္လန္းသြားေတာ့သည္။ ၾကည့္ရႈေနသူမ်ားအားလုံးက ထိုမွ် မေမွ်ာ္လင့္ထားေသာ အရသာ၏ဆြဲေဆာင္မႈက ခံလိုက္ရေလၿပီ။
[ႏြေဦးပ်ားရည္ .. အရသာရွိတယ္]
[လမင္း .. တင္ဆက္သူ အရမ္းခ်စ္တယ္ေနာ္၊ အသားလုံးက အရမ္းအရသာရွိတာပဲ]
"႐ႊိန္ၾကဴးအမဲသားကို မဲႏွိုက္ဖို႔ကအဆင္မသင့္ဘူးျဖစ္ေနတယ္၊ ဒီေတာ့ ရတနာရွစ္သြယ္အသားလုံးကိုပဲ ဒီေန႕အတြက္ ဆုလာဘ္အေနနဲ႕ေပးလိုက္ေတာ့မယ္"
ထို႔ေနာက္ သူက အသားအခ်ဥ္ရည္ႏွင့္ က်န္ေသာ ပါဝင္ပစၥည္းမ်ားကို ၾကည့္ၿပီးေနာက္တြင္ အေရအတြက္ကို ဆုံးျဖတ္လိုက္သည္။
"ဒီေန႕ ရွစ္ေယာက္မဲႏွိုက္ေပးမယ္၊ အားလုံးပဲ ကံေကာင္းဖို႔ေမွ်ာ္လင့္ပါတယ္"
[ပ်ံလႊားငွက္ေလးက ပ်ံသန္းေနၿပီ .. စၾကာဝဠာႀကီးရဲ႕အရွင္သခင္ ေက်းဇူးျပဳၿပီး ငါ့ကို အနိုင္ရရွိခြင့္ေပးပါ]
[စေတးခံ .. သန္းတစ္ရာမွာတစ္ေယာက္ပဲ အခြင့္အေရးရွိမယ္ဆိုရင္ေတာင္မွ ငါ တိုက္ခိုက္ဖို႔လိုအပ္တယ္၊ ငါ့ရဲ႕တစ္ႏွစ္တာလုံး တည္ရွိခဲ့တဲ့ကံေကာင္းမႈေတြအားလုံးကို ဒီအသားလုံးကို ရေအာင္ ယူရမယ္]
[ေျမာင္ေျမာင္က တင္ဆက္သူ ခ်က္သမွ်ဟင္းလ်ာတိုင္းကိုႀကိဳက္တယ္ .. တင္ဆက္သူ ေတာင္းပန္ပါတယ္၊ ငါတကယ္ပဲ ဒီအသားလုံးကို စားခ်င္တယ္ ဝူးဟူး]
အဆုံးတြင္ ယြမ့္ထန္းက ႏွလုံးသားေပ်ာ့ေပ်ာင္းသြားေလရာ ရင္းႏွီးကြၽမ္းဝင္ေသာ အိုင္တီမ်ားကိုသာ ေ႐ြးခ်ယ္လိုက္သည္။
"ဂုဏ္ယူပါတယ္၊ ေရအေရာင္က ဖန္သားလိုပဲ၊ ေျမာင္ေျမာင္က တင္ဆက္သူခ်က္သမွ် ဟင္းလ်ာတိုင္းကိုႀကိဳက္တယ္၊ သခင္မခြၽီ၊ အိုင္တီ၁၈၂၂၀ ၁၀၂ တို႔အားလုံး မဲေပါက္သြားၾကပါတယ္၊ ဆုလာဘ္ေတြအားလုံးကို သိပ္မၾကာခင္မွာ ထည့္ေပးလိုက္မွာျဖစ္လို႔ အားလုံးပဲ စာစစ္ၾကဖို႔မေမ့ပါနဲ႕"
တိုက္ရိုက္ထုတ္လႊင့္မႈကို ပိတ္ၿပီးေနာက္တြင္ ယြမ့္ထန္းက ဆက္ေၾကာ္ရသည္။ ထို႔ေနာက္ ရတနာရွစ္သြယ္အမဲသားလုံးမ်ားကို ဆက္လုပ္ေလသည္။
သူက ေဂးဘတ္အတြက္ ႐ႊိန္ၾကဴး အမဲသားအတုံးႀကီးႏွစ္တုံးႏွင့္ အသားတုံးေလးတုံးကို ေပးလိုက္ၿပီး ထမင္းျဖဴကိုလည္း ထည့္ေပးလိုက္သည္။ သည္တစ္ႀကိမ္တြင္ သူက သူတို႔ ဗိုက္အျပည့္စားရန္ေမွ်ာ္လင့္ေလသည္။
ေဟာ္ညီအစ္ကိုအတြက္မူ ႐ႊိန္ၾကဴးအမဲသားႏွင့္ ရတနာရွစ္သြယ္အသားလုံးတို႔ကို ေဝစုရၾကသည္။ ေဟာ္ယြန္ခ်န္းက အစပ္ႀကိဳက္ေသာေၾကာင့္ ရတနာရွစ္သြယ္ အသားလုံးႏွင့္အတူ အခ်ဥ္ရည္ကိုလည္း တသီးတသန႔္ထည့္ေပးလိုက္ေသးသည္။