သီရိမြိုင်

By Mayhmue17

371K 21.5K 853

"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်" More

EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-18
EP-19
EP-20
EP-21
EP-22
EP-23
EP-24
EP-25
EP-26
EP-27
EP-28 Final
gl

EP-17

10.4K 768 49
By Mayhmue17

အခန်းရှေ့မှာယောက်ယက်ခက်နေတဲ့မြတ် လက်နှစ်ဖက်ကလဲအငြိမ်မနေနိုင်ပဲလက်ကိုရိုက်လိုက်ခေါင်းကိုပုတ်လိုက်နဲ့အခန်းရှေ့မှာကူးကလန်ခတ်နေသည်ကိုကြည့်ပြီးမေမေကမျက်စိနောက်လာပြီမို့

'ငြိမ်ငြိမ်ထိုင်နေစမ်းမြတ်'

'ကြိုး သူ သူအဆင်ပြေမှာပါနော်'

မျှော်လင့်ချက်တွေပြည့်နေတဲ့အကြည့်နဲ့မေးနေတဲ့သမီးဖြစ်သူကိုကြည့်ရင်းသက်ပြင်းအရှည်ကြီးချကာ

'မြတ်ကိုမေမေမကြိုက်တာအဲ့တာပဲ လုပ်ချင်တာတယ် လုပ်ပြီးပြန်ရင်လည်းနောက်တကရပြီ'

'မြတ်လဲရည်မှမရည်ရွယ်ပဲ မြတ်ဒေါသအရမ်းထွက်သွားတာနဲ့ စိတ်မထိန်းနိုင်ဖြစ်သွားတာကို'

'အဲ့စိတ်ကိုမရရအောင်ထိန်းမှပေါ့ အခုကြည့်စမ်းကလေးကိုမသေကောင်းမပျောက်ကောင်းအဲ့လောက်ထိရိုက်စရာလား'

မြတ်ကမေမေ့ရဲ့လက်မောင်းကိုအားရပါးရရိုက်နှက်လေသည်

'မြတ်ပြောတယ်လေ စိတ်မထိန်းနိုင်ဖြစ်သွားတာလို့ တမင်ရည်ရွယ်ပြီးလုပ်တာမှမဟုတ်တာ'

'အေးအေး ငါမှားတာ ငါပဲမှားတာ ညည်းကလေ မြတ်စွာဘုရားကိုယ်တိုင်ဆင်းလာပြီးဆုံးမရင်တောင်လက်ခံမဲ့သူမဟုတ်မှန်းငါမေ့သွားတာ'

မြတ်နဲ့ မေမေစကားပြောနေတုန်းမမ အခန်းထဲကထွက်လာသည် မြတ် မမဆီကိုအပြေးလေးသွားကာ မမရဲ့လက်ကိုအားကိုးတကြီးကိုင်ရင်း

'မမ သူဘယ်လိုနေလဲ'

'ကိုယ့်လက်ဆကိုယ်မသိဘူးလားမြတ် နင့်ကိုတော့ ငါပြောမနိုင်တော့ဘူး ငါကြိုးကိုဆေးလိမ်းပေးထားတယ် အားနည်းနေလို့လဲဆေးသွင်းပေးထားတယ် အိပ်ဆေးပေးထားတာမို့အိပ်ပျော်နေလိမ့်မယ် နှိုင်းပြောတယ် ကြိုးအခုတလောအိပ်ရေးတွေပျက်တယ်တဲ့ သူအေးဆေးအိပ်ပါစေ'

'အင်း  ဒါဆိုမြတ်အထဲဝင်သွားလိုက်တော့မယ်နော်'

အခန်းထဲဝင်ဖို့လုပ်တဲ့မြတ်ရဲ့လက်ကိုမမကဆွဲထားသည်

'မြတ်'

'ဟင် ပြောလေ မမ'

'ကျန်ခဲ့တဲ့တစ်ပတ်ကကြိုးမွေးနေ့ဆိုတာသတိရရဲ့လား'

ကြိုးရဲ့မွေးနေ့? ဟုတ်သားပဲကြိုးရဲ့မွေးနေ့
မြတ်တကယ်ပဲမေ့နေခဲ့သည်မဟုတ်လား

'မေ့နေတယ်မလား နင် ကြိုးလေးကိုတကယ်ရောချစ်ရဲ့လား
မြတ် မြတ်ချည်နှောင်တဲ့ကြိုးတွေထဲ ကြိုးကိုမမွန်းကြပ်ပါစေနဲ့ သူအခုမှကလေးသာသာရှိသေးတယ် မမ ဒါပဲပြောချင်တယ်'

မြတ် အိပ်ပျော်နေတဲ့ကြိုးရဲ့ဘေးမှာထိုင်ရင်းကြိုးလက်ကလေးကိုကိုင်ကာ ပါးနဲ့အပ်ထားမိတယ်

'မာမီ့လုပ်ရက်တွေလွန်သွားပြန်တယ်ကလေးရယ်
ဒါပေမဲ့ သိစေချင်တယ် အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့အတ္တ တွေဆိုတာကို ချစ်တယ်ကလေးရယ် နိုးလာပြီးမာမီ့ကိုအပြစ်လာပြောပါတော့'

ကြိုးမေ့နေတာ၂ရက်ရှိပြီ အခုထိသတိရမလာပေး ခပ်ဖောင်းဖောင်းပါးလေးဟာခုတွေ့ပျောက်ကွယ်နေပြီ
နေ့နေ့ညညကြိုးနားကမခွာတဲ့မြတ်

'မြတ် သွား ညစာသွားစား ငါကြိုးနားနေပေးမယ်'

'တော်ပါပြီ စားချင်စိတ်လဲမရှိပါဘူး ကြိုးနိုးလာကာမှပဲတူတူစားတော့မယ်'

'သူနိုးမလာခင်နင်လဲသွားလိမ့်မယ် သွား'

'မသွားဘူး'

မြတ်တို့ညီအမစကားပြောနေတုန်း

'ဟင့်အင် မလုပ်ပါနဲ့ တောင်းပန်ပါတယ်'

ကြိုးဆီမှစကားသံတိုးတိုးလေးထွက်ပေါ်လာတာမို့ညီအစ်မနှစ်ယောက် ကုတင်ဆီအပြေး​လေးသွားကာကြိုးကိုလှုပ်နှိုးလိုက်တယ်

'ကြိုး ကြိုးသတိထားဦး'

'တီတီဦး..တီတီဦး...'

ကလေးတစ်ယောက်လိုအော်ဟစ်ငိုယိုပြီးဦးရင်ခွင်ထဲတိုးဝင်လာတဲ့ကြိုး

'ကြိုးကြောက်တယ် အန်တီဦးရောဘွားဘွားရောမကောင်းဘူး ကြိုးကိုမကာကွယ်ပေးကြဘူး ကြိုးကိုတစ်ယောက်တည်းပစ်ထားကြတယ်'

'တီတီတောင်းပန်ပါတယ်ကွယ် တီတီညကြိုးလေးထပ်မထားခဲ့တော့ဘူး နော်'

'ကြိုး မာမီကလေ'

'မလာနဲ့ အနားမလာပါနဲ့ တောင်းပန်ပါတယ် ကြိုးအနားကိုမလာပါနဲ့'

ကြိုး မြတ်ကိုကြည့်ကာ ကြောက်လန့်ကာနောက်ဆုတ်သွားကုတင်ခေါင်းရင်းရောက်နေလေပြီ

'လာ မြတ်

ဦး မြတ်ကိုအပြင်ဆွဲထုတ်လာခဲ့တယ်

'သူဘာဖြစ်တာလဲ'

'Trumaဖြစ်သွားတာနေမယ်'

'Truma?'

'မတော်တဆမှု့ရဲ့နောက်ဆက်တွဲခံစားရတဲ့လက္ခဏာကိုပြောတာ အဲ့နေ့ကအဖြစ်အပျက်ကိုလန့်သွားလို့နေမယ်'

'အာ နဂိုတည်းကမုန်းနေပါတယ်ဆို ပိုမုန်းမိအောင်လုပ်နေမိပြန်ပြီ ဘာလို့ပြသနာကိုပိုကြီးအောင်လုပ်နေမိတာလဲ'

နံရံကိုလက်နဲ့အားရပါးရရိုက်နေတဲ့မြတ်

'မြတ် စိတ်ထိန်းစမ်း ကြိုးခုတလောသူကြုံတွေ့ခဲ့ရတာဆွေကြောင့်ပင်ပန်းပြီးနေမကောင်းဖြစ်နေတဲ့အချိန် နင်သန်မာရမယ်လေ မမပြောတာနားလည်လား သန်မာရမယ် ကြိုးကိုကာကွယ်ပေးရမယ် ဟုတ်တယ်မလား'

'အင်း'

'အဲ့တာကြောင့် စိတ်ထိန်းစမ်း'

'အွန်းပါ'

'သွားအနားယူလိုက် စားဖို့တစ်ခုခုပို့ခိုင်းလိုက်မယ်'

'အွန်း'

အချိန်တစ်ပတ်ကြာခဲ့ပြီ ကြိုးကလဲပုံမှန်အသိစိတ်ပြန်ဖြစ်လာသလို  မြတ်ကလဲပုံမှန်လိုအလုပ်ကိစ္စတွေပြန်လုပ်နေပြီ

'မြေးရေ'

အရာရာပုံမှန်ပြန်ဖြစ်ပေမဲ့ ကြိုးဟာ ပျော်ပျော်နေတက်တဲ့ကလေးမ မဟုတ်တော့ပဲစကားသိပ်နည်းသွားတယ် အမြဲတမ်းလဲငေးငိုင်နေတာ အပြုံးတို့လဲပျောက်ကွယ်သွားလေပြီ ကုတင်ပေါ်မှာထိုင်နေတဲ့ကြိုးဘေးကိုရောက်လာတဲ့ဘွားဘွား

'နေကောင်းသွားပြီလား သက်သာလား'

'ဟုတ်'

ဘွားဘွားကကြိုးရဲ့ပါးလေးကိုလက်နဲ့ခပ်ဖွဖွလေးကိုင်ရင်း

'ပိန်သွားလိုက်တာကွယ် ငါ့မြေးရဲ့ပါးဖောင်းဖောင်းလေးတွေတောင်ပျောက်ကုန်ပြီ မဖြစ်ပါဘူးအရင်လိုပုံစံလေးပြန်ဖြစ်အောင်အားရှိတာတွေများများစားရမယ် အေးမြကိုငါမြေးကြိုက်တာတွေချက်ခိုင်းရမယ် မဟုတ်သေးပါဘူး ငါကိုယ်တိုင်ချက်မယ်'

'ရပါတယ်ဘွားဘွားရယ်'

'ငါ့မြေးလေးတိတ်ဆိတ်သွားလိုက်တာကွယ် အရင်လိုအပြုံးအရယ်မရှိတော့ပါလားကွယ်'

'ကြိုး သိပ်ပင်ပန်းနေလို့ပါ'

'အဖြစ်အပျက်တွေကကြာခဲ့ပါပြီကွယ် ဘွား သမီးအပြစ်တွေအတွက် ဘွားပြန်လုပ်ပေးရမလဲ ဘယ်လိုလုပ်ပေးရင် ကြိုးလေးပျော်နိုင်မလဲ'

'မနှစ်ကမွေးနေ့တုန်းက ဘွားက လိုချင်တာတောင်းလို့ပြောတယ်မလား ကြိုးလိုချင်တာရှိမှတောင်းမယ်လို့ပြောခဲ့တယ်လေ အခုပေးနိုင်မလား'

'ဘာလိုချင်လဲ စျေးဘယ်လောက်ပေးရပေးရ ဒီအဘွားက ရအောင်ဝယ်ပေးမယ်'

'ကြိုး ဒီမိသားစုဆီကနေထွက်သွားပါရစေတော့ ကြိုးအရမ်းနာကျင်နေရလို့ပါ မိဘတွေကိုသေစေခဲ့သူကိုမမုန်းနိုင်တဲ့ကိုယ့်ကိုကိုရွံတယ် ကျေးဇူးပြုပြီး'

'ဒါတော့အဘွားမဖြည့်ဆည်းပေးနိုင်ဘူး မြေးသာထွက်သွားမယ်ဆိုရင် မြတ် သူ.. သူတစ်ခုခုဖြစ်သွားလိမ့်မယ်'

'ဘွားဘွားကတစ်ကိုယ်ကောင်းဆန်လွန်းတယ် ဘွားသမီးအတွက်ပဲဘွားကတွေးတယ် ကြိုးအတွက်ရော ဟမ် ကြိုးအတွက်လဲကြည့်ပါဦးလား'

'ကြိုက်သလိုစွပ်စွဲပါကွယ် မြေးတောင်းဆိုတာကိုတော့လက်မခံပါရစေနဲ့'

'သီရိမြိုင်စံအိမ်ကလူတွေက ဂတိကိုအသက်ထပ်စောင့်ထိန်းတယ်လို့သင်ယူခဲ့ရတာ တကယ်ကျတော့စကားတစ်ခွန်းပါပဲလား '

သီရိမြိုင်ကိုအထင်သေးသလိုပြောရင်မခံနိုင်တဲ့ဘွားဘွားရဲ့အားနည်းချက်ကိုသိတာမို့ ကြိုးထိုအချက်ကိုဖိကာပြောလိုက်သည်

'ကောင်းပြီ  ဖြစ်စေရမယ်'

မြတ်တစ်ယောက် အလုပ်စာရင်းတွေစစ်နေတုန်း မေမေအခန်းထဲဝင်လာတယ်

'မြတ်'

'မေမေ'

'ဘာလုပ်နေတာလဲ'

'အော်ဒါစာရင်းစစ်နေတာလေ ဒီအပတ်ကြာသပတေးဆိုကုန်ပစ္စည်းတွေကိုပို့ရတော့မှာလေ အဲ့တာသေချာအောင်ပြန်စစ်နေတာ'

'ဒါဆိုမအားဘူးပေါ့'

'မေမေဘာခိုင်းစရာရှိလို့လဲ'

'မေမေ မြတ်ကိုခိုင်းစရာရှိလို့ ကြိုးအတွက်နဲ့ပက်သက်ပြီးပေါ့'

'အင်း ပြောနေ ဘာများလဲ မြတ်လုပ်ပေးမယ်'

'မြေးလေးအတွက်ယတြာလေးချေခိုင်းချင်လို့'

မြတ်ဟာ ဗေဒင် ယတြာမယုံ ဒါပေမဲ့ ကြိုးအတွက်ဆိုဘာမဆိုလုပ်ပေးမယ်မှန်းသိသည်

'အင်း မြတ်လုပ်ပေးမယ်'

'နက်ဖြန်ဘုရားမှာသွားယတြာချေရမှာ အေးမြကိုအကုန်ပြင်ခိုင်းထားလိုက်မယ်'

'ဟုတ် မေမေ မြတ်သွားလိုက်မယ်'

အပြင်သွားခါနီးမြတ်တစ်ယောက်ခြံအစောင့်တွေအိမ်ဝန်ထမ်းတွေကိုအထပ်ထပ်မှာနေတယ်

'မြတ် သွားမယ်နော် မေမေ'

'အေးအေး'

မြတ်ကားလေး  ခြံထဲကထွက်သွားကာမြင်ကွင်းကပျောက်သွားတာနဲ့

'အိမ်ကလူတွေအကုန်လုံးရဲ့ဖုန်းငါ့ကိုပေးစမ်း'

ဖုန်းတွေအကုန်ပုံးထဲထည့်ပြီး

'ကားအသင့်ပြင်စမ်း ငါအပြင်သွားမလို့'

ကြိုး နောက်ဆုံးအနေနဲ့ မြတ်အခန်းထဲဝင်ကာ
နံရံကမာမီ့ပုံကိုကြည့်ရင်း

'ပျော်ရွှင်ခဲ့ရပါတယ် အချစ်ဆိုတာဘာလဲမှန်းကိုလဲသိခဲ့ရပါတယ် နှုတ်ဆက်ခဲ့ပါတယ် ကြိုးရဲ့ချစ်ရတဲ့မာမီ'

အိမ်ထဲကထွက်ဖို့လုပ်တဲ့ကြိုးကိုအစောင့်တစ်ယောက်ကတားသည်

'မမလေး အိမ်အပြင်ထွက်လို့မရဘူးဗျ'

အိမ်ထဲကထွက်ဖို့လုပ်နေတဲ့ကြိုးကိုတားတဲ့အစောင့်

'ငါ့မြေးရှေ့ကနေဖယ်ပေးလိုက်စမ်း'

'မေမေကြီး bossက'

ဘွားဘွားမူရဲ့အကြည့်ကြောင့်နောက်ဆုတ်သွားကြတယ်

'ငါကသာသီရိမြိုင်ရဲ့အရှင်သခင်အစစ်ပဲ ဘာလဲနင်တို့ကငါအသက်ကြီးပြီ ငါ့စကားကိုနားထဲသွင်းစရာမလိုဘူးလို့သဘောထားကြတာလား ဟမ်'

ဘွားဘွားရဲ့ဆူပူခြိမ်းခြောက်သံနဲ့ကြွေပြားပေါ်တုတ်ကောက်ကိုစောင့်ချလိုက်သံဟာ စင်ဝင်အောက်မှာပဲ့တင်ထပ်နေသည်

'မ မဟုတ်ပါဘူးမေမေကြီး'

'သူ့ရှေ့ကနေဖယ်လိုက်အခု ကားပေါ်တက် ကြိုး'

အစောင့်တွေလဲတားဖို့ဘယ်လိုမှမဖြစ်နိုင် bossပြန်လာဖို့သာဆုတောင်းနေကြတယ်
တုန်ရီနေတဲ့ကြိုးရဲ့လက်ကလေးကိုဘွားဘွားကဆုပ်ကိုင်ပေးရင်း

'မြေး ကြောက်နေတာလား'

'အင်း'

' စိတ်မပူနဲ့ ဘွားကာကွယ်ပေးမယ်'

'ကြိုးထွက်သွားလဲမာမီအဆင်ပြေမှာပါနော်'

'သူ အဆင်ပြေသွားမှာပါ'

'မေမေကြီးနောက်ကကားက'

'မြတ်!'

'မာမီလား'

မြတ်တစ်ယောက် အိမ်က cctvတွေကိုဖုန်းနဲ့ချိတ်ထားတာမို့ မေမေ့အကြံစည်ကိုသိကာမြန်မြန်ပြန်လာခဲ့တယ်

'Rain မြန်မြန်

'Bossရှေ့မှာ ကြိုးတို့ကား'

'ပိတ်ရပ်လိုက်'

'ဘွားဘွား'

ကားရှေ့ကနေပိတ်ရပ်ပြီးဆင်းလာတဲ့ မြတ်
ကားထဲကနေအတင်းဆွဲထုတ်တယ်

'မထိပါနဲ့ ကြိုးကိုမထိပါနဲ့ လွှတ်ပါ'

'မြတ် မြေးခန္ဓာကိုယ်ပေါ်ကနေနင့်လက်ကိုဖယ်လိုက်'

'မေမေ'

'နင်သူ့ကိုဘယ်အချိန်ထိထပ်ပိတ်လှောင်ထားဦးမှာလဲ ဟင်
နင့်အတ္တတွေကိုလျှော့ပါဦးမြတ်ရယ်'

'ဒါအတ္တမဟုတ်ဘူး သူ့ကိုချစ်တဲ့စိတ်တွေမေမေရဲ့'

'ဒါပေမဲ့နင်ပေးနေတာတွေကိုမေတ္တာတွေမဟုတ်ဘူး ဝေဒနာတွေကြီးပဲ'

'ဝေဒနာ?'

'လွှတ် လွှတ်'

မြတ်လက်ဆီကနေရုန်းထွက်ကာ
မေမေ့နောက်ကိုဝင်ပုန်းတဲ့ ကြိုး

'ကြိုး မာမီ့ကိုသိပ်မုန်းနေလား မာမီ့နားနေရမှာအဲ့လောက်ကြောက်သလား'

မြတ်ရဲ့မျက်ဝန်းထဲ ကြိုးရဲ့သူ့ကိုကြောက်ရွံ့နေတဲ့အပြုမူကြောင့်နာကျင်မှု့တွေ ကြိုးအပေါ်လုပ်ထားမိတာတွေအတွက်နောင်တတွေ ကြိုးသူ့ဆီကနေထွက်သွားမှာကိုကြောက်တဲ့ကြောက်စိတ်တွေဟာ မျက်ဝန်းထဲထင်ဟပ်နေသည်

'ကြိုး မာမီနဲ့မနေချင်တော့ဘူး မာမီကကြိုးမိဘတွေကိုသတ်တယ် ကြိုးကိုလဲအနိုင်ကျင့်တယ် မာမီ့ကိုမုန်းတယ်'

'တကယ်ပဲ တို့လောင်းရိပ်အောက်ကထွက်သွားချင်ပြီလား'

ကြိုး ခေါင်းတဆက်ဆက်ငြိမ့်ပြလိုက်တယ်
ကားနဲ့ရောက်လာတဲ့ ဦးနဲ့နှိုင်း

'မမကရော မမကရော မေမေနဲ့တစ်ဖွဲ့ထဲလား'

ဘာတုန့်ပြန်ချက်မှမရှိ

'အင်းပါ မြတ်နားလည်ပါပြီခေါ်သွားတော့'

'မြတ်'

'မြတ်စိတ်မပြောင်းခင် သူ့ကိုခေါ်သွားပါတော့'

မမနဲ့နှိုင်းက ကြိုးကိုခေါ်သွားတယ်
ထွက်သွားသောကလေးကိုကြည့်ရင်း

#အပူပင်မရှိ တို့ဝေးရာမှ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေကလေးငယ်#

Vote and follow please
အပိုင်းတွေတိုတယ်လို့လူတိုင်းပြောကြတယ် မတိုပါဘူး အလုံး၂၀၀၀ကျော်တောင်ရေးထားတာကို😕😕.
ဒါနဲ့ ttမှာသီရိမြိုင်နဲ့ပက်သက်တဲ့ editလေးတွေတွေ့တယ် ကျေးဇူးတင်ပါတယ် သဘောကျပေးကြလို့ များများလေး support ပေးကြပါဦး












'မမ သူဘယ်လိုနေလဲ'




'မြတ်'

'ဟင် ပြောလေ မမ'










'မသွားဘူး'




'ကြိုး ကြိုးသတိထားဦး'

'တီတီဦး..တီတီဦး...'




'ကြိုး မာမီကလေ'



'လာ မြတ်


'သူဘာဖြစ်တာလဲ'


'Truma?'





'အင်း'


'အွန်းပါ'


'အွန်း'


'မြေးရေ'



'ဟုတ်'



'ရပါတယ်ဘွားဘွားရယ်'





'ဘာလိုချင်လဲ ဈေးဘယ်လောက်ပေးရပေးရ ဒီအဘွားက ရအောင်ဝယ်ပေးမယ်'







'ကောင်းပြီ  ဖြစ်စေရမယ်'


'မြတ်'

'မေမေ'

'ဘာလုပ်နေတာလဲ'


'ဒါဆိုမအားဘူးပေါ့'






'အင်း မြတ်လုပ်ပေးမယ်'




'မြတ် သွားမယ်နော် မေမေ'

'အေးအေး'











'မေမေကြီး bossက'




'မ မဟုတ်ပါဘူးမေမေကြီး'



'မြေး ကြောက်နေတာလား'

'အင်း'



'သူ အဆင်ပြေသွားမှာပါ'

'မေမေကြီးနောက်ကကားက'

'မြတ်!'

'မာမီလား'


'Rain မြန်မြန်


'ပိတ်ရပ်လိုက်'

'ဘွားဘွား'




'မေမေ'




'ဝေဒနာ?'

'လွှတ် လွှတ်'










'မြတ်'




Vote and follow please

Continue Reading

You'll Also Like

408K 16.4K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
395K 21.6K 36
ဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....
31.5K 2.1K 14
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာ...
237K 16.2K 28
နှင်းဆီနီတွေကြိုက်တတ်တဲ့ မမနီ ဆိုတဲ့အမျိုးသမီးဟာ ကျွန်မအတွက် မြတ်နိုးစရာ🌹♥ Start Date**12-2-2022 End Date***26-5-2022