မူးဝေမှု့များနဲ့နိုးထလာခဲ့တယ် အားမရှိလို့ခန္ဓာကိုယ်ကမလှုပ်ချင်ပေမဲ့ဒီလိုဆက်လှဲနေလို့လဲမဖြစ်တာမို့ ထဖို့လက်ထောက်လိုက်တော့
'အ'
လက်မှာတပ်ထားတဲ့ဆေးပိုက်ကအပ်ကြောင့်အသဲခိုက်မတက်နာကျင်သွားရသည်
'နိုးပြီလားကြိုး'
ဘေးအသံပိုင်ရှင်ကိုမကြည့်လဲသိနေတဲ့နှလုံးသားထဲထိစွဲနေတဲ့အသံ
ကုတင်ဘေးကဆိုဖာမှာထိုင်နေတဲ့ မြတ်
'မမက အကြောဆေးသွင်းထားပေးတာ ဒီလိုအချိန်မှာဘယ်လိုနေရမလဲဆိုတာဆေးကျောင်းသူတစ်ယောက်အနေနဲ့သိတယ်မလား'
မြတ် ကြိုးရှိရာကုတင်မှာဘေးစောင်းဝင်ထိုင်ရင်းကြိုးရဲ့ပါးလေးကိုကိုင်ဖို့လုပ်တော့ အကိုင်မခံပဲမျက်နှာကိုတစ်ဖက်ကိုသာလှည့်နေသွားတယ်
'စာမေးပွဲအတွက်စာလုပ်ရမယ်ဆိုတာဟုတ်ပေမဲ့လဲအခုလိုအဟာရပျက်တဲ့အထိမစားမသောက်ပဲနေတာကိုတော့မာမီတကယ်စိတ်ဆိုးတယ်ကွယ်'
မြတ်ပြောသမျှကိုအဖက်မလုပ်တဲ့ကြိုး
ဒီအချိန်မှာကြိုးကိုတစ်ယောက်ထဲလွှတ်ထားသင့်မှန်းနားလည်တာမို့ အခန်းထဲကနေထွက်သွားဖို့ဆိုဖာကနေထလိုက်သည်
'ခဏနေရင်တို့မနက်စာပို့ခိုင်းလိုက်... တို့လာပို့ပေးမယ် ဖြစ်ခဲ့သမျှကိစ္စအားလုံးအတွက်တို့မှာတာဝန်ရှိတာမို့ အပြစ်တင်ချင်ရင်လက်စားချေချင်ရင် နေကောင်းအောင်အရင်လုပ်ပါ မာမီအဆင်သင့်ပဲမို့လို့'
အခန်းထဲကထွက်ဖို့ lock အကိုင်မှာ
'ဘာလို့မကယ်ခဲ့တာလဲ'
'တို့မင်းကိုပြောပြီးပြီပဲ'
'ကြိုးလေ မာမီ့ကိုအရမ်းမုန်းတယ်'
အရမ်းမုန်းတယ်တဲ့ စကားလေးခွန်းတည်းပါ ဒါပေမဲ့ နေအစင်း ပေါင်းများစွာထိုးသလိုရင်ထဲပူလောင်ရပါရဲ့ lockကိုင်ထားတဲ့ မြတ်လက်များတုန်ရီနေသည် ကြိုးမမြင်နိုင်လို့တော်သေးပါရဲ့
#မင်းဘယ်လိုမုန်းမုန်းတို့က မင်းကိုတို့ကအသက်ထက်ပိုချစ်တယ်#
စိတ်ထဲမှာတော့ထိုသို့ရေရွတ်မိပေမဲ့ နှုတ်ကတော့
'ချစ်တာ မုန်းတာ မင်းအပိုင်းပဲ နွယ်ကြိုး
ငါအရင်ကလဲ မင်းကိုပြောဖူးတယ် မင်းကငါ့လောင်းရိပ်အောက်ကလူ ငါ့ဆီကထွက်သွားဖို့မကြိုးစားနဲ့ ကြိုးစားရင်
ငါဖန်တီးထားတဲ့မင်းကိုငါကိုယ်တိုင်ဖျက်စီးပစ်ဖို့ဝန်မလေးဘူး'
မြတ်လဲအခန်းထဲကအထွက် အခန်းတံခါးဆီပစ်ပေါက်လိုက်တဲ့အထဲကဖန်ကွဲသံတစ်အိမ်လုံးကိုဖုန်းသွားတယ်
'ဘာဖြစ်ကြတာလဲ ဟမ် ငါဘာမှလိုက်မမှီတော့ဘူးမြတ်ရယ် ဘာကိစ္စမို့ပစ္စည်းတွေပစ်ခွဲတဲ့အထိဖြစ်ကြတာလဲ'
မြတ်ရှေ့ရောက်လာတဲ့ မေမေနဲ့ မမ
'သူသိသွားပြီ'
ဟုခပ်သဲ့သဲ့ပြုံးကာပြောပေမဲ့ မြတ်ရင်ထဲဘာဖြစ်နေလဲ နှစ်ယောက်လုံးသိကြတယ်
'အဆင်ပြေရဲ့လားမြတ်'
'ပြေသွားမှာပါ မြတ်မသိပဲ ဘယ်သူမှ ကြိုးအခန်းကိုမသွားကြနဲ့ ဖြတ်တောင်မလျှောက်ကြနဲ့'
မြတ်တစ်ယောက်ကြိုးကိုဘယ်မှသွားလို့မရအောင်အခန်းထဲပဲထားတယ် သူစိမ်းမပြောနဲ့ မေမေနဲ့မမကိုတောင် ကြိုးနဲ့တွေ့ခွင့်မပေးပါ
'ကြီးကြီးအေးမြ မြတ်ကို နေ့လယ်စာပြင်ပေး'
'အယ် မြတ် အစောကြီးစားတော့မလို့လား'
'ကြိုးအတွက်ပါ သူကနေ့လယ်စာစောစောစားတဲ့အကျင့်ရှိလို့'
ထမင်းကန်ကန်လေးကိုင်ကာအပေါ်တက်ခဲ့တယ် စားပွဲပေါ်ကမနက်စာကထားခဲ့တဲ့ပန်းကန်အရာမယွင်းသေးတာကြောင့်မြတ် သက်ပြင်းချမိတယ်
အခန်းထဲမှာ ကြိုးမရှိ ဝေ့ဝိုက်ရှာမိတော့ ရေချိုးခန်းတံခါးအောက်ကနေထွက်နေတဲ့အငွေ့များ တံခါးဆွဲဖွင့်ကြည့်လိုက်တော့ ရေချိုးခန်းကြမ်းပြင်မှာမွစာကျဲနေတဲ့သောက်ပြီးသားဆေးလိပ်များနဲ့ bathtub ထဲမှာသောက်လက်စဆေးလိပ်တစ်လိပ်နဲ့ ကြိုး
'မင်းဒါဘာတွေလုပ်နေတာလဲ ဟမ်'
ကြိုးလက်ထဲကဆေးလိပ်ကိုယူကာလွှင့်ပစ်လိုက်တယ်
'မြင်တဲ့အတိုင်းပဲလေ'
'ဒီအကျင့်တွေဘယ်ကရတာလဲ မင်းဘယ်တုန်းတည်းကသောက်တက်နေတာလဲ'
'ရှင့်ဆီကပေါ့ ဒေါ်မြတ်သီရိဆွေရဲ့ တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုး ဆေးလိပ်သောက်တက်တဲ့ရှင့်နားအတူနေတဲ့ ကျွန်မဆေးလိပ်သောက်တက်တာဆန်းသလား မထူးဆန်းဘူးလေ ဟုတ်တယ်မလား'
ကြိုးလက်ထဲကစဆေးလိပ်ကိုယူကာလွှတ်ပစ်လိုက်တာမို့ ကြိုး က မီးခြစ်နဲ့နောက်တစ်လိပ်ထပ်ညှိဖို့ပြင်နေတယ်
'မင်းတို့သည်းခံနိုင်စွမ်းရည်ကိုစမ်းသပ်နေသလား နွယ်ကြိုး!'
'ထင်ချင်သလိုထင် i don't care😏 '
ကြိုးကိုအခန်းထဲကိုပြန်ဆွဲထုတ်လာခဲ့တယ်
'မင်းစိတ်အခြေနေအဆင်ပြေရင် ငါတို့ပြန်စကားပြောကြရအောင် ဒီမှာနေ့လယ်စာ စားထားလိုက်'
'ခွမ်း'
ကြိုး ထမင်းပန်ကန်ကိုမှောက်ပလိုက်တယ်
'မင်း'
'ရိုက်မလား ရိုက်လေ ခါးပတ်ယူဦးမလား'
ကြိုးပခုံးကိုကိုင်လှုပ်ကာ
'မင်းကိုတို့မလုပ်ရက်မှန်းသိလို့ ဒီလိုအတင့်ရဲနေသလား နွယ်ကြိုး မင်းနိုင်ပါတယ် ကျေးဇူးပြုပြီး ငါနေ့လယ်စာထပ်လာပို့ပေးမယ် စားပါကြိုးရယ် နော်
'လွှတ်ပေးပါတော့ ကြိုးဒီလှောင်အိမ်ထဲထပ်မနေနိုင်တော့ဘူး'
'ထွက်သွားတော့ရော မင်းဘယ်မှာနေနိုင်မလဲ မင်းကိုစွန့်ပစ်ခဲ့တဲ့ အဲ့မိသားစုဆီလား ဒါမှမဟုတ် ဟိုကောင်သုခမွန်ဆီလား သူက နင့်ကိုဖြူဖြူစင်စင်ချစ်တယ်များထင်နေသလား'
'မိဘနှစ်ပါးလုံးကိုသေအောင်ပစ်ထားခဲ့ပြီး သူတို့ကလေးကိုငယ်ငယ်တည်းကနှိပ်စက်တဲ့ မိန်းမဆီမှာနေတာထက်စာရင်တော့ ယောကျ်ားတစ်ယောက်နဲ့အတူတူအိပ်ပေးရတဲ့ဘဝကပိုသာမှာ'
'ဖြန်း!'
မြတ်ရိုက်ချက်ကြောင့် ကြိုးဟာ လဲကျသွားတယ်
'ထစမ်း'
ကြိုးကိုဆွဲကာအခန်းထဲကထွက်လာတော့
'ဘာဖြစ်လာကြတာလဲ'
'မေမေ ဘေးဖယ်'
'ဘွားဘွား ကြိုးကိုကယ်ပါ ကြိုး မာမီ့ကိုကြောက်တယ်'
'မြတ် ဒေါသနဲ့မဆုံးဖြတ်ပဲခေါင်းအေးအေးထားပြီး'
'မတားနဲ့မေမေ'
'လုပ်ချင်တိုင်းတွေလုပ်မနေနဲ့မြတ် ကလေးကိုကြည့်ဦး'
'မတားနဲ့မေမေ သူကအလိုလိုက်ထားလို့အရမ်းရောင့်တက်လွန်းတယ် မဆုံးမလို့မရတော့ဘူး'
'နင်လူလား မကောင်းဆိုးဝါးလားမြတ် ကလေးကိုသနားပါဦးလား'
'မသနားနိုင်ဘူး ဖယ်ကြ'
မြတ်ရဲ့အပြုမူတိုင်းမှာကြင်နာယုယမှု့များမရှိတော့ပေ
မြတ် ကြိုးကိုတန်းတစ်ခုမှာလက်ကနေချီနှောင်ကာဆွဲထားတယ်
'လွှတ်ပါ ကြိုးကိုလွှတ်ပေးပါ'
'လွှတ်ပေးရမယ် ဟုတ်လား ဆုတောင်း'
'မြတ် ကလေးကိုဘာမှမလုပ်နဲ့ ငါပြောတာကြားလား ကလေးတစ်ခုခုဖြစ်ရင်နင့်ကိုငါကိုယ်တိုင်သတ်မှာနော်'
'မြတ်သီရိဆွေ ငါညည်းအမေနော် တံခါးဖွင့်လို့ငါပြောနေတယ်နော်'
အပြင်ကနေတံခါးကိုထုရိုက်နေတဲ့မေမေနဲ့မမ
'မင်းကတကယ်ကံကောင်းတာပဲနော် မင်းကိုကာကွယ်ပေးတက်တဲ့အဘွားလဲရှိတယ် အန်တီလဲရှိတယ် ပြီးတော့မင်းကိုစောက်ရမ်းချစ်တဲ့တို့ကိုလဲပိုင်ဆိုင်ထားတယ် ဒါတောင်မင်းကတို့ဆီကနေထွက်ပြေးပြီးဟိုအကောင်ရဲ့အောက်မှာသွားနေချင်တာပေါ့ ဟုတ်လား ဟမ်'
မာမီကသူ့ညာဘက်လက်နဲ့ကြိုးရဲ့ပါးကိုအားနဲ့ဖျစ်ထားသည်မို့ကြိုးနာကျင်နေပြီ
'မင်းကတို့အရမ်းအလိုလိုက်ထားလို့အရမ်းတွေသတ္တိရှိနေတယ်ပေါ့ဟုတ်လား စိတ်ချ အဲ့သတ္တိတွေကိုငါရိုက်ချိုးပေးမယ်'
'မာမီ!'
'ရှူး...တိုးတိုးနေ'
ကြိုးနဲ့နှုတ်ခမ်းကိုလက်ညိုးကပ်ကာအသံထပ်မထွက်လာစေရန်တားသည်
'တို့ဆူညံတာတွေမုန်းတာသိတယ်မလား တိတ်တိတ်လေးနေ တို့ဒေါသထွက်လာရင်မလွယ်မှန်းမင်းသိတယ်မလား'
အခန်းထောင့်ကဗီဒိုဆီလျှောက်သွားကာဖွင့်ပြီး တစ်ခုခုကိုယူလာတယ်
'ဝှစ်'
တုတ်တစ်ချောင်းကိုဝှေ့ယမ်းရင်းကြိုးအနားကိုပြန်ရောက်လာသည်
'မှတ်မိလား တို့မင်းကိုငယ်ငယ်ကရိုက်နေကျကြိမ်တုတ်လေးလေ နှုတ်ဆက်လိုက်ပါဦး မတွေ့တာကြာပြီမလား'
ကြိုးရဲ့မျက်နှာနားကိုတုတ်ကိုကပ်ပြသည်မို့ကြိုးမျက်နှာတစ်ဖက်ကိုလှည့်ထားလိုက်သည်
'မင်းရဲ့ပိုင်ရှင်ကမင်းကိုမတွေ့ချင်ပုံပဲကြိမ်တုတ်လေးရေ ကဲ
နွယ်ကြိုး ဘာလုပ်ရမယ်သိတယ်မလား'
မာမီကကြိုးကိုရိုက်ရင်အချက်ရေကိုကြိုးကိုရေတွက်ခိုင်းတက်သည်
'တို့မင်းကိုဆယ်ချက်ပဲရိုက်မယ် မင်းကရေ ဟုတ်ပြီလား'
'ရွှမ်း!'
ကြိုးမအော်မိအောင်နှုတ်ခမ်းကိုတင်းတင်းကိုက်ထားလိုက်သည်
'မြတ်သီရိဆွေတော်တော့လို့'
'မြတ်ရေတော်တော့ အခြေနေတွေကိုပိုဆိုးအောင်မလုပ်ပါနဲ့'
အပြင်ကမမနဲ့မေမေတို့ရဲ့အသံဟာမြတ်နားထဲမဝင်တော့ပါ မြတ်စိတ်ထဲရှိနေသည်ကား ဒီကလေးမရဲ့မြတ်ကိုလွန်ဆန်ချင်တဲ့သတ္တိကိုရိုက်ချိုးရမည်ဆိုတာပဲ
'မရေတွက်ရင် တစ်ချက်လို့မယူဆဘူးနော်'
'ရွှမ်း!'
'ရွှမ်း!'
'ရုန်းမနေနဲ့နွယ်ကြိုး ငြိမ်ငြိမ်နေ ဒီဇာတ်လမ်းမင်းစတာ'
'ရွှမ်း!'
'မင်းကပဲတင်းခံနိုင်လား ငါကပဲရိုက်နိုင်လားကြည့်ရသေးတာပေါ့'
'ရွှမ်း!!'
'အ'
'နောက်ဆုံးတော့အသံထွက်လာပြီပဲ ဒါပေမဲ့ ဒါရေတွက်တာလို့မယူဆဘူးနော်'
'ရွှမ်း!'
'တစ်'
'ရွှမ်း'
'နှစ်'
'အဲ့လိုမှပေါ့ကလေးရဲ့ လိမ္မာစမ်းပါ နောက်ထပ်၈ချက်ပဲသည်းခံလိုက်'
မာမီကအသက်သာကြီးလာတယ် မာမီ့အားကအရင်ထပ်တောင်များလာသည် မာမီ့ရိုက်ချက်တွေကအရိုးကိုပါထိသလိုခံစားရသည် ကြိုး ဘယ်လိုမှသည်းမခံနိုင်တော့ပါ
'လူလေးကသာငယ်သေးတယ် မင်းစကားတွေကတစ်ဖက်သားကိုသေစေနိုင်သည်ထိပြင်းထန်နေတာမသိဘူးလား တို့မင်းကိုယ်အရာအားလုံးသင်ပေးခဲ့တယ် ဒါပေမဲ့ ကိုယ်ချင်းစာတက်အောင်မသင်ပေးမိခဲ့ဘူးထင်ပါရဲ့'
'မာမီ ကြိုး ကြိုးတောင်းပန်ပါတယ် တော်ပါတော့'
'ရှူး တိုးတိုးနေ စကားသံထပ်ထွက်လာရင်ပိုဆိုးမှာနော်'
မြတ် ကြိုးပါးစပ်ကိုတိတ်နဲ့ကပ်လိုက်တယ်
'ဆက်မရေတွက်တော့နဲ့ တို့ဘာသာရေတွက်မယ် မင်းအသံကြားရတာကတို့ကိုအရမ်းနာကျင်စေတယ်ကြိုး စိတ်ချပါ တို့ကမင်းကို တို့နာကျင်မှု့ရဲ့ 5%လောက်ပဲပြန်ခံစားစေမှာ ကိုယ်ချင်းစာတက်အောင်'
'ရွှမ်း'
'အွန့်'
ကြိုးကိုယ်ပေါ်ကိုအဆက်မပျက်ရောက်လာတဲ့ရိုက်ချက်တွေ ကြိုးနာကျင်တယ် မာမီကြိုးကိုထပ်နာကျင်အောင်မလုပ်တော့ဘူးထင်ခဲ့တာ မာမီပြောင်းလဲသွားခဲ့ပြီထင်ခဲ့တာ
နောက်ဆုံးတော့ မာမီက မာမီပါပဲ
'ရွှမ်း'
ကြိုးမှာအော်ဖို့အားလဲမရှိတော့ပါ နာကျင်တယ် ခန္ဓာကိုယ်ထပ်နှလုံးသားကပိုနာကျင်တယ် မကြာပါ ကြိုးအရာအားလုံးမေ့သွားခဲ့လေသည်
'ကြိုး ခေါင်းမော့ထား ကြိုး နွယ်ကြိုး ငါပြောနေတယ်လေ'
မြတ်ရှေ့ကမလှုပ်တော့တဲ့ကြိုး
'ကြိုး ကြိုး ကလေးသတိထားပါဦး ကြိုး'
Vote and follow please
'အ'
'နိုးပြီလားကြိုး'
'ဘာလို့မကယ်ခဲ့တာလဲ'
'သူသိသွားပြီ'
'အဆင်ပြေရဲ့လားမြတ်'
'မြင်တဲ့အတိုင်းပဲလေ'
'ခွမ်း'
'မင်း'
'မိဘနှစ်ပါးလုံးကိုသေအောင်ပစ်ထားခဲ့ပြီး သူတို့ကလေးကိုငယ်ငယ်တည်းကနှိပ်စက်တဲ့ မိန်းမဆီမှာနေတာထက်စာရင်တော့ ယောက်ျားတစ်ယောက်နဲ့အတူတူအိပ်ပေးရတဲ့ဘဝကပိုသာမှာ'
'ဖြန်း!'
'ထစမ်း'
'ဘာဖြစ်လာကြတာလဲ'
'မေမေ ဘေးဖယ်'
'မတားနဲ့မေမေ'
'မသနားနိုင်ဘူး ဖယ်ကြ'
'မာမီ!'
'ရှူး...တိုးတိုးနေ'
'ဝှစ်'
'ရွှမ်း!'
'ရွှမ်း!'
'ရွှမ်း!'
'ရွှမ်း!'
'ရွှမ်း!!'
'အ'
'ရွှမ်း!'
'တစ်'
'ရွှမ်း'
'နှစ်'
'ရွှမ်း'
'အွန့်'
'ရွှမ်း'
Vote and follow please