အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

164K 21.6K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF Chapter-(41)

1.4K 220 9
By Cup-Of-Luckiness

CHAPTER-(41)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

သူပထမဆုံး ရှောင်းဟန်ကိုနှုတ်ဆက်ပြီး သူမကိုအမူအရာ ပြလာသည်။

"Mr.ရှောင်း သူမက....?"

ရှောင်းဟန် သူမကိုသူနဲ့ မိတ်ဆက်ပေးလိုက်သည်။

"သူမက အရှေ့ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာချူနဲ့ဒါရိုက်တာဖန်တို့ရဲ့သမီး miss ချူရှောင်းပါ။"

ချူရှောင်းပြုံးလိုက်၏။

"Mr.ချန် ကျွန်မအမေက သိပ်နေလို့မကောင်းလို့ ဒီနေ့စားပွဲကို မတတ်နိုင်ဘူး။ ဒါကြောင့် မိဘတွေကိုယ်စား ကျွန်မကပဲဝမ်းမြောက်စကား လာပြောတာပါ။ ရိုင်းပြသလိုများ ဖြစ်သွားရင် ကျွန်မတို့ကိုခွင့်လွှတ်ပေးပါ။"

"ဒီတော့ မိန်းကလေးက missချူပေါ့။ စိတ်မပူပါနဲ့ missချူ ဒါရိုက်တာဖန်ရဲ့ ကျန်းမာရေးက အရမ်းအရေးကြီးတယ်။ အခု ကျေးဇူးပြုပြီး အထဲကိုဝင်ထိုင်ပါ။ ကျွန်တော်အဖေက ဝမ်းကွဲတွေနဲ့ စကားပြောနေတာ မင်းတို့နှစ်ယောက် အထဲဝင်ပြီး သူတို့နဲ့တွေ့ပါလား?"

သူတို့မျှော်လင့်ထားတာထက် Mr.ချန်က ပိုပြီးသဘောထားပွင့်လင်းကာ ချန်မိသားစုရဲ့ အင်အားကသတိထားလောက်စရာပေမယ့် Mr.ချန်ကတော့ အတော်လေးနှိမ့်ချတတ်သည်။

ဧည့်သည်တွေထပ်ရောက်မလာခင်ထိ သူတို့တွေလမ်းလျောက်နေကြပြီး Mr.ချန်က ဧည့်သည်သစ်တွေကို ကြိုဆိုဖို့ အကြောင်းပြချက်ပေးပြီး ထွက်သွားတော့သည်။

ရှောင်းဟန်က ချူရှောင်းနားနား သူ့နှုတ်ခမ်းပါးတွေကို ကပ်ပြီး

"Mr.ချန်က စီနီယာMr.ချန်ရဲ့ တတိယသားပဲ။ သူကချိုသာတယ် နားလည်ရခက်ပြီး မိတ်ဆွေတွေနဲ့အဆက်အသွယ်တွေ လုပ်တဲ့နေရာမှာတော်တယ်။ ခြုံကြည့်ရင်တော့ သူကကောင်းတဲ့သူပါ။ ကျရှုံးနေတဲ့ လူတစ်ယောက်ကို ဘယ်တော့မှဒုက္ခပေးမှာ မဟုတ်ဘူး။ ပတ်သတ်ကြည့်ဖို့ အဖြစ်နိုင်ဆုံးလူက သူပဲ။"

ချူရှောင်း ခေါင်းလေးငဲ့ရင်း သူ့ကိုပြုံးပြလိုက်သည်။

"ဒါက မိန်းမလှလေးတစ်ယောက်လို ကျကျနနဝတ်လိုက်တာရဲ့ အကျိုးတွေပေါ့လေ။ အရင်တုန်းက Mr.ရှောင်းက ဒီလိုစိတ်အားထက်သန်ပြီး နွေးထွေးတဲ့သူ မဟုတ်ပါဘူး။"

သူတို့ရဲ့ အပြန်အလှန်ပြောစကားတွေအတွင်း သူတို့နှစ်ယောက်က တစ်ယောက်ရဲ့အသက်ရှုသံကို တစ်ယောက်ကခံစားမိသည်အထိ နီးကပ်နေပြီဖြစ်သည်။ ရှောင်းဟန်ကအရင် အဝေးကိုကြည့်လိုက်ပြီး:

"မင်းကိုဂရုစိုက်ပါမယ်လို့ ဒါရိုက်တာဖန်ကို ကတိပေးထားတယ်။"

ချုရှောင်း ခေါင်းငြိမ့်လိုက်၏။

"ဒီတော့ ဒါကြောင့်ကိုး။"

အလိုအလျောက်တုံ့ပြန်မှုအရ ရှောင်းဟန်ထပ်ဖြည့် ပြောလာသည်။

"ဒါပေါ့ဗျာ။ ကျွန်တော် Missချုကို တကယ်လေးစားတာကြောင့်လည်း ပါတာပေါ့။"

ချူရှောင်းက အပြုံးဖျော့ဖျော့လေးနှင့်

"ကျွန်မလည်း Mr.ရှောင်းကို တကယ်လေးစားမိပါတယ်။"

သူတိုနှစ်ယောက် လူအုပ်ကြားထဲဝင်လိုက်တာကြောင့် စကားပြောနေတာရပ်လိုက်ကြသည်။ သူတို့က လက်ဆောင်တွေကို စီနီယာ Mr.ချန်ဆီ ပို့ဆောင်ပြီး ရှောင်းဟန်ကချူရှောင်း စီနီယာMr.ချန်ကိုသိအောင်နဲ့ တခြားစီးပွားရေးနယ်ပယ်ထဲက ထင်ရှားတဲ့သူတွေကိုသိအောင် ကူညီရင်းထပ်ပြီးမိတ်ဆက်ပေးပြန်သည်။

ရှောင်းဟန်ကိုလေ့လာပြီးနောက် လူအချို့က အရှေ့ကော်ပိုရေးရှင်းနဲ့ရှောင်းမိသားစုကြားက ပူးပေါင်းမှုကို အနည်းငယ်အကဲခတ်မိကြ၏။ မိသားစုနှစ်ခုက တကယ်ကြီးအဆင်ပြေပြေ ရှိနေမှတော့ အလုပ်ကလည်း အတော်လေး ချောမွေ့နေပုံရသည်။ မဟုတ်ရင် ရှောင်းဟန်လို  အေးစက်စက်မထုံတတ်သေးနံရံကြီးက ချုမိသားစုရဲ့သမီးကို လမ်းပြနေမှာမဟုတ်ပေ။

ထပ်ပြောရရင် လူငယ်နှစ်ယောက် အတူရှိနေတာက တောက်ပနေတဲ့အတွဲအလားပင်။ လူအတော်များများမှာတော့ ရေးတေးတေးယူဆချက်တွေ ရှိနေကြသည်။

ယိမိသားစုက အချိန်တိုအတွင်း သူတို့နောက်ကရောက်လာပြီး စီနီယာMr.ချန်ကို ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ဖို့ ဆုတောင်းပေးနေကြသည်။

ဆွန်းကျယ်က ရှေ့ကိုတစ်လှမ်းတိုးရင်း ချူရှောင်းလက်ကို လှမ်းဆွဲလာသည်။

"ရှောင်းရှောင်း အခုတစ်လော အလုပ်များတဲ့ပျားလေး ဖြစ်လာတာပဲ! ဒေါ်လေးနဲ့ ပစ္စည်းတွေလျောက်မကြည့်နိုင်လောက်အောင် အလုပ်များနေတာပဲနော်! ဒီနေ့ နောက်ဆုံးတော့ သမီးကို ထပ်တွေ့ရပြီပဲ။"

ဆွန်းကျယ်ရဲ့ ဆွဲထားမှုကနေ သူ့လက်ကိုလွတ်ဖို့ အခွင့်အရေးကို အရယူရင်း ချူရှောင်း စာပွဲထိုးဆီက ရှန်ပိန်တစ်ခွက်ကို ယူလိုက်ပြီး စိမ်းကားစွာ ပြုံးပြလိုက်၏။

"မတွေ့တာကြာပြီနော်...ယိကတော်"

ဆွန်းကျယ်နဲ့ချူရှောင်းကြားက ရိုသေသမှုနဲ့သုံးတဲ့ အသုံးအနှုန်းတွေက ချက်ချင်းတိုးလာလေသည်။ သူတို့မိသားစုတွေရဲ့ နှောင်ကြိုးတွေဖြတ်လိုက်တာကို သိနေတဲ့လူတွေကတော့ အနီးကပ်အာရုံစိုက်နေကြပြီး မိန်းမငယ်လေးရဲ့အမူအရာက အဆင်မပြေကြောင်းထင်ရှားနေသည်က အသိသာကြီးပင်။ သူတို့က သူမကိုချည်းကပ်ဖို့ သတ္တိရှိနေဆဲဖြစ်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေတာကို ကြည့်ရရင် ဒီအခြေအနေကြီးတစ်ခုလုံးက ယိမိသားစုကို အရှက်မရှိတဲ့ပုံ ပေါ်နေစေသည်။ သာမန်လူဆိုပါက ဒါမျိိူးလုပ်နိုင်မည် မဟုတ်ပေ။

ဒါ့အပြင် လူတွေကယိချန်ရဲ့အဖော်ကိုကြည့်ရင်း ဒွိဟဖြစ်မှုတွေ ပေါ်ပေါက်လာတော့သည်။ ဒါက ဘာအဓိပ္ပါယ်လဲ? ချူရှောင်းနဲ့ဆင်တူတဲ့ အမျိုးသမီး အဖော်ကိုခေါ်လာတယ်ဆိုတာ ရွံရှာစရာပဲ မဟုတ်လား?"

ရှောင်းဟန်နဲ့ချူရှောင်းက စီနီယာMr.ချန်နဲ့ ခဏလောက်စကားပြောနေကြပြီးနောက် ဘေးကိုရှောင်ထွက်သွားတော့သည်။ ရှောင်းမိသားစုနဲ့ အရှေ့ကော်ပိုရေးရှင်းနဲ့ပူးပေါင်းချင်သူတွေကတော့ အရှေ့ကိုတစ်လှမ်းတိုးပြီး နှုတ်ဆက်လာကြသည်။ ရှောင်းဟန်က ချူရှောင်းနဲ့ လူတော်တော်များများကို မိတ်ဆက်ပေးလေသည်။ အစကနေအဆုံးအထိတိုင်အောင် ချူရှောင်းက ယိချန်ကိုအသိအမှတ်ပြုနှုတ်ဆက်မလာပေ: သူကယိမိသားစုရဲ့ လက်အောက်ငယ်သားလေး တစ်ယောက်အလား.....

တခြားတစ်ဖက်က ယိချန်ကတော့ ချူရှောင်းကို ပိုပိုပြီးသတိထားမိလာတော့သည်။ သူမအနီးမှာ ရှိနေရင် ချူရှောင်းရဲ့တစ်ပွင့်စိန်နက်နားဆွဲက ရှောင်းဟန်ရဲ့လက်ကြယ်သီးနဲ့ လိုက်ဖက်နေတာကိုပင် တွေ့နေရသည်။ ဒါတင်မကသေး သူတို့နှစ်ယောက် နီးနီးကပ်ကပ်စကားပြောနေပြီး ချူရှောင်းကရှောင်းဟန်ကို ပျော်ရွှင်စွာပြုံးပြနေတာကိုပါ မြင်နေရသည်။ ရှောင်းဟန်ကမပြုံးပေမယ့် သူတခြားသူတွေနဲ့ရှိနေချိန်ထက် သူမနဲ့ရှိနေချိန်မှာ သူ့အမူအရာက ပိုပြီးသိမ်မွေ့နေတာက ရှင်းရှင်းလင်းလင်းပင်။

13.3.2023

CHAPTER-(41)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

သူပထမဆုံး ေရွာင္းဟန္ကိုႏႈတ္ဆက္ၿပီး သူမကိုအမူအရာ ျပလာသည္။

"Mr.ေရွာင္း သူမက....?"

ေရွာင္းဟန္ သူမကိုသူနဲ႕ မိတ္ဆက္ေပးလိုက္သည္။

"သူမက အေရွ႕ေကာ္ပိုေရးရွင္းရဲ႕ ဒါရိုက္တာခ်ဴနဲ႕ဒါရိုက္တာဖန္တို႔ရဲ႕သမီး miss ခ်ဴေရွာင္းပါ။"

ခ်ဴေရွာင္းၿပဳံးလိုက္၏။

"Mr.ခ်န္ ကြၽန္မအေမက သိပ္ေနလို႔မေကာင္းလို႔ ဒီေန႕စားပြဲကို မတတ္နိုင္ဘူး။ ဒါေၾကာင့္ မိဘေတြကိုယ္စား ကြၽန္မကပဲဝမ္းေျမာက္စကား လာေျပာတာပါ။ ရိုင္းျပသလိုမ်ား ျဖစ္သြားရင္ ကြၽန္မတို႔ကိုခြင့္လႊတ္ေပးပါ။"

"ဒီေတာ့ မိန္းကေလးက missခ်ဴေပါ့။ စိတ္မပူပါနဲ႕ missခ်ဴ ဒါရိုက္တာဖန္ရဲ႕ က်န္းမာေရးက အရမ္းအေရးႀကီးတယ္။ အခု ေက်းဇူးျပဳၿပီး အထဲကိုဝင္ထိုင္ပါ။ ကြၽန္ေတာ္အေဖက ဝမ္းကြဲေတြနဲ႕ စကားေျပာေနတာ မင္းတို႔ႏွစ္ေယာက္ အထဲဝင္ၿပီး သူတို႔နဲ႕ေတြ႕ပါလား?"

သူတို႔ေမွ်ာ္လင့္ထားတာထက္ Mr.ခ်န္က ပိုၿပီးသေဘာထားပြင့္လင္းကာ ခ်န္မိသားစုရဲ႕ အင္အားကသတိထားေလာက္စရာေပမယ့္ Mr.ခ်န္ကေတာ့ အေတာ္ေလးႏွိမ့္ခ်တတ္သည္။

ဧည့္သည္ေတြထပ္ေရာက္မလာခင္ထိ သူတို႔ေတြလမ္းေလ်ာက္ေနၾကၿပီး Mr.ခ်န္က ဧည့္သည္သစ္ေတြကို ႀကိဳဆိုဖို႔ အေၾကာင္းျပခ်က္ေပးၿပီး ထြက္သြားေတာ့သည္။

ေရွာင္းဟန္က ခ်ဴေရွာင္းနားနား သူ႕ႏႈတ္ခမ္းပါးေတြကို ကပ္ၿပီး

"Mr.ခ်န္က စီနီယာMr.ခ်န္ရဲ႕ တတိယသားပဲ။ သူကခ်ိဳသာတယ္ နားလည္ရခက္ၿပီး မိတ္ေဆြေတြနဲ႕အဆက္အသြယ္ေတြ လုပ္တဲ့ေနရာမွာေတာ္တယ္။ ၿခဳံၾကည့္ရင္ေတာ့ သူကေကာင္းတဲ့သူပါ။ က်ရႈံးေနတဲ့ လူတစ္ေယာက္ကို ဘယ္ေတာ့မွဒုကၡေပးမွာ မဟုတ္ဘူး။ ပတ္သတ္ၾကည့္ဖို႔ အျဖစ္နိုင္ဆုံးလူက သူပဲ။"

ခ်ဴေရွာင္း ေခါင္းေလးငဲ့ရင္း သူ႕ကိုၿပဳံးျပလိုက္သည္။

"ဒါက မိန္းမလွေလးတစ္ေယာက္လို က်က်နနဝတ္လိုက္တာရဲ႕ အက်ိဳးေတြေပါ့ေလ။ အရင္တုန္းက Mr.ေရွာင္းက ဒီလိုစိတ္အားထက္သန္ၿပီး ႏြေးေထြးတဲ့သူ မဟုတ္ပါဘူး။"

သူတို႔ရဲ႕ အျပန္အလွန္ေျပာစကားေတြအတြင္း သူတို႔ႏွစ္ေယာက္က တစ္ေယာက္ရဲ႕အသက္ရႈသံကို တစ္ေယာက္ကခံစားမိသည္အထိ နီးကပ္ေနၿပီျဖစ္သည္။ ေရွာင္းဟန္ကအရင္ အေဝးကိုၾကည့္လိုက္ၿပီး:

"မင္းကိုဂ႐ုစိုက္ပါမယ္လို႔ ဒါရိုက္တာဖန္ကို ကတိေပးထားတယ္။"

ခ်ဳေရွာင္း ေခါင္းၿငိမ့္လိုက္၏။

"ဒီေတာ့ ဒါေၾကာင့္ကိုး။"

အလိုအေလ်ာက္တုံ႕ျပန္မႈအရ ေရွာင္းဟန္ထပ္ျဖည့္ ေျပာလာသည္။

"ဒါေပါ့ဗ်ာ။ ကြၽန္ေတာ္ Missခ်ဳကို တကယ္ေလးစားတာေၾကာင့္လည္း ပါတာေပါ့။"

ခ်ဴေရွာင္းက အၿပဳံးေဖ်ာ့ေဖ်ာ့ေလးႏွင့္

"ကြၽန္မလည္း Mr.ေရွာင္းကို တကယ္ေလးစားမိပါတယ္။"

သူတိုႏွစ္ေယာက္ လူအုပ္ၾကားထဲဝင္လိုက္တာေၾကာင့္ စကားေျပာေနတာရပ္လိုက္ၾကသည္။ သူတို႔က လက္ေဆာင္ေတြကို စီနီယာ Mr.ခ်န္ဆီ ပို႔ေဆာင္ၿပီး ေရွာင္းဟန္ကခ်ဴေရွာင္း စီနီယာMr.ခ်န္ကိုသိေအာင္နဲ႕ တျခားစီးပြားေရးနယ္ပယ္ထဲက ထင္ရွားတဲ့သူေတြကိုသိေအာင္ ကူညီရင္းထပ္ၿပီးမိတ္ဆက္ေပးျပန္သည္။

ေရွာင္းဟန္ကိုေလ့လာၿပီးေနာက္ လူအခ်ိဳ႕က အေရွ႕ေကာ္ပိုေရးရွင္းနဲ႕ေရွာင္းမိသားစုၾကားက ပူးေပါင္းမႈကို အနည္းငယ္အကဲခတ္မိၾက၏။ မိသားစုႏွစ္ခုက တကယ္ႀကီးအဆင္ေျပေျပ ရွိေနမွေတာ့ အလုပ္ကလည္း အေတာ္ေလး ေခ်ာေမြ႕ေနပုံရသည္။ မဟုတ္ရင္ ေရွာင္းဟန္လို ေအးစက္စက္မထုံတတ္ေသးနံရံႀကီးက ခ်ဳမိသားစုရဲ႕သမီးကို လမ္းျပေနမွာမဟုတ္ေပ။

ထပ္ေျပာရရင္ လူငယ္ႏွစ္ေယာက္ အတူရွိေနတာက ေတာက္ပေနတဲ့အတြဲအလားပင္။ လူအေတာ္မ်ားမ်ားမွာေတာ့ ေရးေတးေတးယူဆခ်က္ေတြ ရွိေနၾကသည္။

ယိမိသားစုက အခ်ိန္တိုအတြင္း သူတို႔ေနာက္ကေရာက္လာၿပီး စီနီယာMr.ခ်န္ကို ေပ်ာ္႐ႊင္ဖြယ္ေမြးေန႕ျဖစ္ဖို႔ ဆုေတာင္းေပးေနၾကသည္။

ဆြန္းက်ယ္က ေရွ႕ကိုတစ္လွမ္းတိုးရင္း ခ်ဴေရွာင္းလက္ကို လွမ္းဆြဲလာသည္။

"ေရွာင္းေရွာင္း အခုတစ္ေလာ အလုပ္မ်ားတဲ့ပ်ားေလး ျဖစ္လာတာပဲ! ေဒၚေလးနဲ႕ ပစၥည္းေတြေလ်ာက္မၾကည့္နိုင္ေလာက္ေအာင္ အလုပ္မ်ားေနတာပဲေနာ္! ဒီေန႕ ေနာက္ဆုံးေတာ့ သမီးကို ထပ္ေတြ႕ရၿပီပဲ။"

ဆြန္းက်ယ္ရဲ႕ ဆြဲထားမႈကေန သူ႕လက္ကိုလြတ္ဖို႔ အခြင့္အေရးကို အရယူရင္း ခ်ဴေရွာင္း စာပြဲထိုးဆီက ရွန္ပိန္တစ္ခြက္ကို ယူလိုက္ၿပီး စိမ္းကားစြာ ၿပဳံးျပလိုက္၏။

"မေတြ႕တာၾကာၿပီေနာ္...ယိကေတာ္"

ဆြန္းက်ယ္နဲ႕ခ်ဴေရွာင္းၾကားက ရိုေသသမႈနဲ႕သုံးတဲ့ အသုံးအႏႈန္းေတြက ခ်က္ခ်င္းတိုးလာေလသည္။ သူတို႔မိသားစုေတြရဲ႕ ႏွောင္ႀကိဳးေတြျဖတ္လိုက္တာကို သိေနတဲ့လူေတြကေတာ့ အနီးကပ္အာ႐ုံစိုက္ေနၾကၿပီး မိန္းမငယ္ေလးရဲ႕အမူအရာက အဆင္မေျပေၾကာင္းထင္ရွားေနသည္က အသိသာႀကီးပင္။ သူတို႔က သူမကိုခ်ည္းကပ္ဖို႔ သတၱိရွိေနဆဲျဖစ္ၿပီး ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ေနတာကို ၾကည့္ရရင္ ဒီအေျခအေနႀကီးတစ္ခုလုံးက ယိမိသားစုကို အရွက္မရွိတဲ့ပုံ ေပၚေနေစသည္။ သာမန္လူဆိုပါက ဒါမ်ိိူးလုပ္နိုင္မည္ မဟုတ္ေပ။

ဒါ့အျပင္ လူေတြကယိခ်န္ရဲ႕အေဖာ္ကိုၾကည့္ရင္း ဒြိဟျဖစ္မႈေတြ ေပၚေပါက္လာေတာ့သည္။ ဒါက ဘာအဓိပ္ပါယ်လဲ? ခ်ဴေရွာင္းနဲ႕ဆင္တူတဲ့ အမ်ိဳးသမီး အေဖာ္ကိုေခၚလာတယ္ဆိုတာ ႐ြံရွာစရာပဲ မဟုတ္လား?"

ေရွာင္းဟန္နဲ႕ခ်ဴေရွာင္းက စီနီယာMr.ခ်န္နဲ႕ ခဏေလာက္စကားေျပာေနၾကၿပီးေနာက္ ေဘးကိုေရွာင္ထြက္သြားေတာ့သည္။ ေရွာင္းမိသားစုနဲ႕ အေရွ႕ေကာ္ပိုေရးရွင္းနဲ႕ပူးေပါင္းခ်င္သူေတြကေတာ့ အေရွ႕ကိုတစ္လွမ္းတိုးၿပီး ႏႈတ္ဆက္လာၾကသည္။ ေရွာင္းဟန္က ခ်ဴေရွာင္းနဲ႕ လူေတာ္ေတာ္မ်ားမ်ားကို မိတ္ဆက္ေပးေလသည္။ အစကေနအဆုံးအထိတိုင္ေအာင္ ခ်ဴေရွာင္းက ယိခ်န္ကိုအသိအမွတ္ျပဳႏႈတ္ဆက္မလာေပ: သူကယိမိသားစုရဲ႕ လက္ေအာက္ငယ္သားေလး တစ္ေယာက္အလား.....

တျခားတစ္ဖက္က ယိခ်န္ကေတာ့ ခ်ဴေရွာင္းကို ပိုပိုၿပီးသတိထားမိလာေတာ့သည္။ သူမအနီးမွာ ရွိေနရင္ ခ်ဴေရွာင္းရဲ႕တစ္ပြင့္စိန္နက္နားဆြဲက ေရွာင္းဟန္ရဲ႕လက္ၾကယ္သီးနဲ႕ လိုက္ဖက္ေနတာကိုပင္ ေတြ႕ေနရသည္။ ဒါတင္မကေသး သူတို႔ႏွစ္ေယာက္ နီးနီးကပ္ကပ္စကားေျပာေနၿပီး ခ်ဴေရွာင္းကေရွာင္းဟန္ကို ေပ်ာ္႐ႊင္စြာၿပဳံးျပေနတာကိုပါ ျမင္ေနရသည္။ ေရွာင္းဟန္ကမၿပဳံးေပမယ့္ သူတျခားသူေတြနဲ႕ရွိေနခ်ိန္ထက္ သူမနဲ႕ရွိေနခ်ိန္မွာ သူ႕အမူအရာက ပိုၿပီးသိမ္ေမြ႕ေနတာက ရွင္းရွင္းလင္းလင္းပင္။

13.3.2023

Continue Reading

You'll Also Like

390K 59K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
83.2K 10.2K 87
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Year 2019 Status in COO 122 Chapters + 32 S...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...