This is How Mr. English Hunt...

By JaySumettikul

9.9K 1.1K 313

"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား" More

Part-1(uni)
Part-1(zawgyi)
part-2(uni)
Part-2(zawgyi)
part-3(uni)
part-3(zawgyi)
part-4(uni)
part-4(zawgyi)
Part-5(uni)
part-5(zawgyi)
part-6(uni)
part-6(zawgyi )
part-7(uni)
part-7(Zawgyi)
part-8(uni)
part-8(zawgyi)
Part-9(uni)
Part-9(zawgyi)
part-10(uni)
part-10(zawgyi)
Final(uni)
final(zawgyi)
ကျေးဇူးတင်လွှာ
Extra(uni)
Extra(zawgyi)
Extra-2(uni)

Extra-2(zawgyi)

153 3 0
By JaySumettikul

သစ်သားခုံလေးတွေ ၄ခုံတွဲကာ သူတို့မှာယူထားတဲ့  cake ကိုစောင့်ရင်း ရွာထဲကအမျိုးသမီးတစ်စုကအရှင်နဲ့ သူ့ကြင်သူကိုခိုးကြည့်တလှည့်ပေါ်တင်ကြည့်တစ်လှည့်နဲ့ကွက်ကြည့်ကွက်ကြည့်။

"ပြန်လာရင် စိတ်ကြိုက်အကြင်နာပေးခိုင်းမှာလား"

"ကဲ လျှာကိုရှည်တယ် သွားစရာရှိတာသွားတာမဟုတ်ဘူး ခုလိုမလိုတာပြောနေတာအချိန်ပုတ်ပြီး နေမစောင်းခင်အိမ်ပြန်မရောက်ရင်
ထပ်နာမှာနော်!"

ဗိုက်ခေါက်ကိုဆွဲလိမ်လိုက်မှ

"အ့ အ့ သွားပြီလို့ "

ဒီလောက်ထိချိန်းလားခြောက်လားလုပ်နေတာကို မသွားသေးပဲ ပါးနှစ်ဖက်ကိုလက်နဲ့ဖျစ်ညစ်ပြီး မွှေးကြူပြီးကာ ထွက်ပြေးသွားတော့သည်။

"ဂရုစိုက်သွားအုန်းနော်!! Wen အတွက်အချိုတွေဝယ်မလာခဲ့နဲ့အုန်း"

လက်၂ဖက်ကိုပြကာ တစ်ရိပ်ရိပ် ရွာအစပ်ကိုပြေးသွားသူကိုကြည့်ပြီး Build ကသက်ပြင်းသာချမိသည်။ အရှင်က လူကြီးခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ကလေးလိုပဲ။ ခုထိထိန်းရတုန်း။ 

ဒီရက်ပိုင်း နိုင်ငံရပ်ခြား တိုင်းတပါးက
ကုန်ပစ္စည်းတွေအသစ်ရောက်တာမို့ Build တို့ပေါင်မုန့်ဆိုင်လေးအတွက် ပစ္စည်းအသစ်အဆန်းလေးတွေစမ်းကြည့်ချင်သည်။

အရင်ကဆို ချောကလတ်အတုံးကြီးတွေကို
ဝယ်ယူကာ  သူ့မှာကြိတ်ရချေရနဲ့ ။ကွက်ကီးထဲချောကလတ်အပိုင်းအစလေးတွေကကို
ထည့်ဖို့ဆိုရင်လဲ ချောကလတ်အတုံးကြီးဆီကနေ လှီးဖြတ်ကာ အသေးလေးတွေဖြစ်အောင်ပြန်တုံးရနဲ့ လက်ဝင်သည်။ယခုတော့
Chocolate chips ဟုခေါ်သော ကြိတ်ချေပြီးသားချောကလတ်အသေးတုံးလေးတွေတင်သွင်းတာမို့ သူ့ဘက်ကိုအရမ်းအဆင်ပြေစေပြီးသက်သာစေတာမို့ ၀ယ်ကိုဝယ်ယူရမည်။

နောက်ပြီး ရွာထဲက အခြားမုန့်ဆိုင်တွေက
တိုင်းတစ်ပါးစကားမတက်တာကြောင့်
ဈေးညှိနှိုင်းရာတွင် ကြားထဲက ဘာသာပြန်သူကအလိမ်ကြီးလိမ်ကာ ဈေးတွေမတန်တဆတောင်းသည်မို့ မ၀ယ်ကြတော့ Buildရဲ့ဆိုင်မှာဒါမျိုးလေးတွေနှင့်လုပ်ရောင်းလျှင် ရောင်းအားအရမ်းတက်နိုင်သည်။

တိုင်းတစ်ပါးသားကိုအိမ်ထောင်ဦးစီးလုပ်ခိုင်းထားတော့ဒီတစ်ချက်တော့ကိုယ်ကအသာချည်းပဲ။

____

"မုန့်ဆိုင်ပိုင်ရှင် ကအရှင့်ကိုအမြဲဒီလိုပဲဆက်ဆံတာလား"

မှာထားတဲ့ cakeကိုသွားချပြီး ပြန်အထွက်မည်အလုပ်အဒေါ်အရွယ်မိန်းမကြီးတစ်ခုကလက်ကိုအတင်းဆွဲကစပ်စုသည်။

"အဲ ဒီလိုပါပဲ"

"အို အရှင်ကသည်းခံတက်တဲ့ယောက်ျားပဲ
အိမ်သူကဒီလောက်သွက်တာကိုမငြိုငြင်ရှာဘူး ဒါပေမယ့် ဘယ်လိုပဲသည်းခံနိုင်နိုင်
ဒါမျိုးကကြာလာရင်ရေရှည်မကောင်းဘူးနော်
အမျိုးသား၂ယောက်ရဲ့ဆက်ဆံရေးမှာဆိုပိုဆိုးလိမ့်မယ်ပေါ့"

တစ်ဖက်စောင်းနင်းစကားတွေကိုခွန်းတုံ့ပြန်ဖို့ကြိုးစားလိုက်ပေမယ့် သူ့မှာပြောစရာဘာမှမရှိ။ချစ်သူရည်းစားဘ၀ကတည်းက အိမ်ထောင်ကျတဲ့ထိ သူ့ပုံစံကခပ်မာမာ
ခပ်ကြောကြောပဲလေ ။အတည်အရှင်ကသူ့ကိုအများကြီးသည်းခံခဲ့ရတာ။

"လာထိုင် ကြီးကြီးတို့ပြောပြမယ်"

ဤမှစ၍ lectureရိုက်တာ ကိတ်မုန့်၂လုံးကုန်မှ ဆိုင်ကထပြီးသူတို့နေထိုင်ရာအရပ်ရပ်ကိုပြန်တော့သည်။ Build နားထဲမှာတော့အငွေ့တွေထွက်လာတော့မည်လို့ခံစားရလောက်တဲ့ထိပူထူလို့။

____

Chocolate chips တွေရောင်းတဲ့လူက အရင်တိုင်းပြည်မှာရင်းနှီးခဲ့ဖူးသူဖြစ်တာကြောင့်
တိုင်းပြည်အခြေအနေအရပ်ရပ်ရော အလာဘ
သလာဘပြောရင်း နေမင်းကြီးက ၀ှစ်ကနဲဝင်သွားတာတောင်မသိလိုက်။ အာချောင်နေမိတာ ခုတော့ တကျီကျီမြည်ချင်နေတဲ့ သစ်သားအိမ်ထဲ အသံမမြည်အောင်ခြေဖွဖွလေးနဲ့နင်းနေရသည်။

"ယောင်္ကျား ပြန်လာတာလား"

ကျွီကနဲမြည်နေတာအိမ်ကြမ်းပြင်ဆိုပေမယ့်
ယောင်တောင်ပေါင်တောင်နဲ့ ပါးစပ်ကိုသာလှမ်းအုပ်လိုက်မိသည်။

"ဟို..ဟို I'm sorry. That'll never happen again. I promise . forgive me please? Please? "

"ဘာမှမဖြစ်ပါဘူး ထားလိုက်ပါ ဒီနားလာခဲ့အုန်း "

သူ့ကိုမဆူတဲ့အပြင် ခွေခွေလေးလှဲနေတဲ့
ခပ်အိအိအိပ်ယာနဘေးကိုလက်လေးနဲ့ပုတ်ပြလာတာကြောင့် Bible  ကခေါင်းလေးကိုကုတ်ကာဘေးနားဝင်လှဲလိုက်သည်။

ရင်ဘတ်ကိုမျက်နှာအပ်ပြီး ခါးကိုတစ်ရစ်ချင်းလာသွယ်နေတဲ့လက်သွယ်သွယ်လေးတွေကိုမသိချင်ယောင်ဆောင်ရင်း နှာခေါင်းအောက်ကခေါင်းလုံးလုံးလေးကိုကောက်နမ်းလိုက်သည်။  ထူးဆန်းပေစွ!

"လွမ်းနေတာအရမ်းပဲ"

"ရင်ဘတ်ထဲနွေးနွေးကြီးခံစားနေရတယ် အချစ်ရယ် တကယ်နှလုံးသားတွေအရည်ပျော်ကုန်ပြီထင်တယ် ဘယ်နှယ့်လုပ်ကြမလဲ"

စကားအဆန်းတွေကစလာပြီမို့ ပါးစပ်ရှေ့ကရင်ဘတ်ကြီးကိုကုန်းကိုက်ချင်ပေမယ့်
'ယောကျာ်းတွေကအဲ့လိုဆိုစိတ်ပျက်ပြီး ချွဲချွဲနွဲ့နွဲ့လေးတွေကိုရှာတက်ကြတယ်'
ဆိုတဲ့စကားကနားထဲပြန်ဝင်လာတာကြောင့်
အရှင့်ကိုမော့ကြည့်ရင်းငိုမဲ့မဲ့လေးဖြစ်သွားသည်။ အရှင်ကသူ့အကျင့်စရိုက်ကိုသဘောမကျလို့ ထားခဲ့ရင်ဘယ့်နှယ့်လုပ်ကြမလဲ။

"အယ် ဘယ်လိုဖြစ်တုန်း
နဂိုကမှ ခံနိုင်ရည်ကလက်တစ်ဆစ်ရယ်ပါ
အဲ့လိုရုပ်လေးလုပ်တော့ ဒီယောကျာ်းကဘယ်ခံနိုင်တော့မလဲ ကိုယ်ပါငိုချင်နေပြီ"

သူပါတစ်ကယ်ရောငိုမယ့်ဒီဇိုင်းကြီးမို့  build ကသူ့အတွေးတွေအပြင်ကိုထုတ်လွှတ်လိုက်သည်။

"Bui ပုံစံကိုမကြိုက်ဘူးလားဟင် မချွဲမနွဲ့တက်ပဲ ဒီလိုဘောက်ဆက်ဆက်ဖြစ်နေတာကိုမကြိုက်ရင်ကြိုပြောပေးပါလားအရှင် တောင်းဆိုတာပါ တက်နိုင်သမျှပြင်ပါ့မယ်"

အရှင်  Bible ကစိတ်ရှုပ်ထွေးသွားဟန်နဲ့မျက်ခေါင်းတွေကတွန့်ချိုးလျှက်

"အိုဘယ့်နှယ် အဲ့လိုကြီးတွေးရတာတုန်း
နဂိုကတည်းက မင်းကိုတွေ့ရင်တကြွကြွတရွရွဖြစ်နေရတဲ့လူပါဆိုနေ
အဲ့လိုတွေဟန်ဆောင်ဖို့မလိုပါဘူး
ရှိရင်းစွဲလေးကိုတောင်အသက်မရှူပဲနဲ့ချစ်ချင်နေတာချည်းကို"

သူ့ပုံစံအတိုင်းစကားတွေကိုကွန့်ကာညွှန့်ကာ ဖြေရှင်းပေမယ့် Build ကလဲကွန့်ကာ ညွှန့်ကာအထွန့်တက်ချင်သည်။

"ဒါပေမယ့် သူတို့..သူတို့ပြောတာကကျ"

"ဘယ်သူလဲ ဘယ်သူပြောတာလဲ
အဲ့ပြောတဲ့သူတို့ကို သူတို့လင်ကမချစ်လို့နေမယ် "

"ဟယ်သူများကိုအဲ့လိုမပြောရဘူးလေအရှင်ရယ်"

နှုတ်ခမ်းကိုတစ်တောင်လောက်ထော်ကာသူ့နှလုံးရောဂါအမြစ်လှလှလေးကိုစိတ်မကောင်းဖြစ်အောင်လုပ်တဲ့လူတွေကို ကျိန်ဆဲနေသည်မှာလဲရစရာကိုမရှိတော့။

"စိတ်မကောင်းမဖြစ်တော့နဲ့နော် ဘယ်လိုနေနေမြတ်နိုးတယ် တီကောင်ဖြစ်သွားရင်တောင်
မြေကွက်ဝယ်ပြီး မွေးပြီးချစ်မှာလို့!"

-J

I got the idea for Extra-2 from this message ^^ I just wanna say thank you to this person. Hope you enjoy it.

Continue Reading

You'll Also Like

4.4K 152 7
waring❗️(18+) ပါတာတွေ ၊ အရိုင်းဆန်ပြီး psycho ဘက်သွားတာတွေ၊ ယုတ်မာမှုတွေ၊ တွေ မကြိုက်ရင် ဒါကိုမဖတ်ဖို့ ပြောချင်ပါတယ် ဗျ! Author- Aurora🍓
1.3M 56.9K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.1M 36.5K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
15.9K 1K 51
အချစ်ကို အချစ်လို့ ဝန်ခံတတ်လာအောင် ဘယ်အရာက သင်ပေးလိုက်တာလဲ? ဒီမေးခွန်းရဲ့ အဖြေကို ဒီ Fiction လေးထဲမှာဝင်ရှာလိုက်နော် ဟီး🤭🙆‍♀️ ကောင်လေးနှစ်ယောက်ကို...