part-10(uni)

462 77 27
                                    

ရင်ဘတ်ကဒဏ်ရာကိုဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးကာ ဆေးရွက်ရည်ကိုသေချာ
ထည့်ပေးနေရင်းကနေ အားပါသွားတော့ Bible ကတစ်ချက်ကျွတ်စုတ်လိုက်မိသည်။

"အရမ်းနာနေလားခနလေးပဲသည်းခံ"
နှုတ်ခမ်းလေးစုလိုက်ချွန်လိုက်ဖြင့် လေအေးအေးလေးတွေကိုမှုတ်ပေးရင်း ဆေးဆက်ထည့်နေတဲ့လူကိုအသည်းတွေယားလာသည်။

သူ့မေမေနဲ့သူ့ဖေဖေ ဘာတွေစားပြီးမွေးခဲ့လို့ဒီလောက်တောင်လှနိုင်ရတာလဲမသိဘူး။
အသက်ရှင်နေအုန်းမည်ဆိုရင် ဦးရီး ဒေါ်ဒေါ့်ကို ဘာတွေကျွေးပြီး မွေးခိုင်းခဲ့သလဲ ဆိုပြီးသွားကိုမေးအုန်းမည်။ ဒီယောက်ကျားအတော်ကိုလှ! ။

"ပြီးပြီ"
သွေးအနည်းငယ်စွန်းနေတဲ့ ပိတ်စဖြူဖြူတွေကိုသိမ်းရင်း အခန်းပြင်ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း အရှင်ကတော့ငေးကျန်ခဲ့သည်။

ခုခြေနေက သူကလဲကျွန်တော့ကိုဘာမှမပြောဘူး  ကျွန်တော်ကလဲဘာမှမလုပ်တက်ဘူး
ကျွန်တော်တို့ကဘာတွေမှန်းလဲမသိဘူး ဆိုတာကြီးမျိုးဖြစ်နေပြီလေ။

ဒါပေမယ့် ဒဏ်ရာဒဏ်ချက်တွေကိုမြင်တော့
စိတ်ပူပေးနေတဲ့အရိပ်လေးတွေအတွေးထဲဖြတ်ပြေးသွားတော့လဲ ပြုံးမိတာပေါ့။
အသည်းအသက်လေးက သူ့အပေါ် အရေးစိုက်လာပြီး ဖာသိဖာသာမဟုတ်တော့ဘူးလေ။ပြောင်းလဲလာပြီဆိုတာသိသာသည်။

"သက်သာလား" ဘယ်ချိန်ကအခန်းထဲရောက်နေမှန်းမသိ ခြေသံလုံလုံနဲ့ပြန်၀င်လာခဲ့ပုံပေါ်သည်။

"No it hurts နာတယ်"

"ဟင် သမားတော်သွားပင့်ပေးရမလား"

"The pain is in my heart. It is because I can't kiss your dimples"

အူတူတူအူလည်လည်ရုပ်ကလေးနဲ့ ဟမ်ကနဲခေါင်းစောင်းကြည့်လာတဲ့ကောင်ကလေးကိုလူရှာကြေးစားက အနားကိုတိုးလာရန်လက်ဟန်ခြေဟန်နဲ့ပြလိုက်သည်။

"နာတယ်လို့  ပါးချိုင့်လေးကို စတွေ့ကတည်းကအကြင်နာပေးချင်ပေမယ့် ခုချိန်ထိမျိုသိပ်ထားရတဲ့စိတ်ကသိကအောက်က
ရင်ဘတ်တွေအောင့်စေတယ်လို့"

နား နားကိုကပ်ပြောရင်း စာကြောင်းအဆုံးမှာလေနဲ့နားရွက်ရဲရဲကိုမှုတ်လိုက်တာမို့ Build ကသူ့နားရွက်လေးတွေကိုကမန်းကတန်းအုပ်လိုက်မိသည်။

This is How Mr. English Hunt My Heart(completed) Where stories live. Discover now