part-3(uni)

551 81 31
                                    

ရှာတွေ့ပြီ! ရှာတွေ့တာကဟုတ်တယ်
ဒါပေမယ့် ၀ေး၀ေးကပဲသွားသွားငေးနေတဲ့ဘ၀ကနေမတက်တာတော့အမှန်ပဲ။အရှင့်သားရဲ့လှောင်ပြုံးကြီးကိုနေ့တိုင်းခံရတဲ့ဒဏ်ကလဲနည်းတာမဟုတ်။

"အော် လူတိုင်းလူတိုင်းအချစ်မှာပျော်၀င်သွားရင်ကြောက်စိတ်၀င်တယ်ဆိုတဲ့ဖခမည်းတော်စကားကတယ်မှန်သကိုး ငါတို့သူရဲကောင်းကြီးတောင်
အလှလေးဆီကိုနှလုံးသားပေးလိုက်ရပြီး
ရွာထောင့်ကနေသွားသွားခိုးကြည့်ရုံပဲလုပ်ရဲတယ်တဲ့
အံ့ဘ"

ထုံးစံအတိုင်းစကားသင်ပေးရင်းခနဲ့နေတဲ့မင်းသားကို မျက်စောင်းတစ်ချက်ပစ်ကြွေးလိုက်ပြီး
စာကိုသာဆက်ရေးနေလိုက်သည်။

အရှင့်သားကနဂိုကတည်းကရွတ်နောက်နောက်အကျင့်ရှိတာကလဲတစ်ကြောင်း
သူနဲ့စကားပြောရန်တိုင်းပြည်ဘာသာစကားသင်ပါဆိုတာတောင်မသင်ပဲ သူနှစ်ခြိုက်ရာသာပြောလာသည်မှာ ၁၅နှစ်တောင်ရှိလျော့မည်။ခုကျမှ
ကောက်ငါငင်ငါ ချစ်ကြောင်းတွေပြောချင်နေ၍
စာထသင်နေတဲ့သူငယ်ချင်းကိုကြည့်မရသည်က
တကြောင်း
ရရင်ရသလိုနှိမ်ကာအပြစ်ချနေ၏။

" you need to shut your mouth!
Okay umm..umm how do you say
'You have pretty eyes ' in your language "

ရှက်ရှက်နဲ့မေးလိုက်ကာမှတစ်ဟားဟားအော်ရီလာတာကြောင့်  Bibleကစိတ်အိုက်သွားကာထိုနေရာမှထထွက်လာသည်။ သူသည်ဒီအတောအတွင်း ဘာသာစကားသင်နေသည်မှာအတော်တိုးတက်မှုရှိသည်။ စိတ်လှုပ်ရှားတာပဲဖြစ်ဖြစ် စိတ်ရှုပ်ထွေးတာပဲဖြစ်ဖြစ် အဲ့သလိုဖြစ်တဲ့အချိန်ကျရင်တော့စာလုံးတွေရောကာဘာပြောရမှန်းမသိဖြစ်တာကလွဲ၍ကျန်တာအကုန်အဆင်ပြေသည်။

လောကမှဘယ်အရာမှအလွယ်တကူမရပါ။
လွယ်လွယ်နဲ့ရသည့်အရာတွေက ပျက်စီးတာများသည်။ အပေးရှိရင် အယူလဲရှိတာကြောင့်
စာသင်ရတာဟာအလွယ်ကြီးရယ်တော့မဟုတ်။
သို့သော်ပင်ပန်းတိိုင်း ခမောက်ကိုခပ်လျှောလျှောဆောင်းကာ ညနေမလင်းမမှောင်အချိန်မှာ တိုင်းပြည်အစွန်ကမီးအလင်းရောင်မှိန်မှိန်အောက်
တစ်ကုပ်ကုပ်အလုပ်ကြိုးစားရင်း ရီကာမောကာ ပျော်နေသည့်မျက်နှာလေးကိုမြင်ရရင် ရင်မောတာတွေ စိတ်ပင်ပန်းတာတွေက နန်းတော်ထဲကရေကန်ထဲကိုခုန်ဆင်းသွားသလိုပျောက်ကွယ်သွားသည်။

This is How Mr. English Hunt My Heart(completed) Where stories live. Discover now