Extra(uni)

515 69 23
                                    

"ဒီလူကွာ ဒေါသကိုလာဆွနေတယ် ရိုက်လိုက်ရ"

"ရိုက်ရင်လဲခံပါ့မယ်"

သစ်သားအိမ်အသေးလေးထဲကထွက်လာတဲ့
ဆူဆူညံညံအသံကြောင့် အဘွားတို့တစ်သိုက်နဲ့မင်းသားကအပြင်မှာငုတ်တုတ်။

ဘယ့်နှယ့် သူငယ်ချင်းအိမ် အလည်အစားသွားမှပဲ
အိမ်ထောင်ရေးအဆင်မပြေတဲ့ချိန်နဲ့တိုးရတယ်လို့။
ကြားသုံးကြားမ၀င်ကောင်းဘူးဆိုပေမယ့်
ခုအခြေနေကမဟန်တော့။

လူရှာကြေးစားက အချစ်ကြီးသလိုအမြတ်လဲကြီးသည်။ အရင်ကတည်းက သူတန်ဖိုးထားတဲ့လူတွေအနားဆိုစိတ်သဘောထားက ပန်းပွင့်လေးလိုနုဖတ်နေပေမယ့် အခါအခွင့်မသင့်လို့ ဒေါသထွက်ရင်တော့ စုတ်ပြတ်သည်အထိ၀ုန်းဒိုင်းကြဲတက်လွန်းတာသူအသိပဲ။

ခုလဲ အ၀ေးကနေကြားနေရသလောက် ရိုက်မယ်နှက်မယ်ဖြစ်တာမို့ ပန်းပဲဆရာကိုတော့ စိတ်ပူမိသည်။
ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်သည်ဆိုပါစို့
လက်ပါတယ်ဆိုတာ အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှုပဲလေ။

ဒီလောက်ထိဖြစ်ရအောင်လဲ ပန်းပဲဆရာလေးက ဘယ်လောက်တောင်အပြစ်ကြူးလွန်နိုင်မှာလဲ။
Bible ဒီကောင်ဒေါသကြီးတာပဲနေမယ်။

"ဘွား ကျုပ်၀င်သွားလိုက်ရမလား"

အဘွားကတော့ခေါင်းကို အသာရမ်းပြီး နန်းတွင်းထဲသာပြန်ဖို့ပြောလာသည်။ သိပ်တော့မကျေနပ်ပေမယ့်
လူကြီးစကားနားထောင်တာကောင်းပါတယ်ဆိုပြီး
ပြန်လာလိုက်သည်။ နောက်နေ့ကြမှတီးကြည့်ခေါက်ကြည့်ရမည်ပေါ့။

_________

"Bro ဆင်ပြေသွားပြီလား ကြင်သူနဲ့"

နောက်နေ့စျေးထဲကို တိုင်းခန်းလှည့်လည်ရင်း။
အဟမ်း တိုင်းခန်းလှည့်လည်တာမျိုးတော့မဟုတ်ဘူးပေါ့နော်။ဖခမည်းတော်မသိအောင်
ဆောင်ကြာမြိုင်ကပြန်လာတာဆိုပေမဲ့လဲ
မင်းသားတစ်ယောက်လုံးစျေးပတ်နေမှတော့ တိုင်းခန်းလှည့်လည်တာပဲ။
အဲ့လိုလှည့်လည်ရင်းကနေ ပန်းသီးရွေးနေတဲ့ချစ်သူငယ်ချင်းကြီးနဲ့တည့်တည့်တိုးတော့ အကျိုးအကြောင်းမေးလိုက်သည်။

This is How Mr. English Hunt My Heart(completed) Donde viven las historias. Descúbrelo ahora