Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[58]

281 10 0
By --KO--

[Unicode]

" Hello daddy "

" ကာစီနိုဝိုင်းက စာရင်းတွေကို mail ပို့ထားတယ်။ စစ်ကြည့်ပြီး ပြန်မွန်းမံရမယ့် နေရာတွေကို ဒီနေ့မကုန်ခင် အကုန်ပြန်တင်ပြ "

" ဒါပေမယ့် ကျွန်တော် ဒီနေ့ချိန်းထားတာရှိတယ် "

" ဖြစ်နိုင်ရင် daddy ကအဲ့စာရင်းတွေကို အခုတောင်လိုချင်နေတာ။ သိတဲ့အတိုင်း daddy  အချိန်တွေက မလောက်ဘူးလေ သားဘက်မှာလည်း အလုပ်တွေနည်းနည်းပါးနေတာပဲ မဟုတ်လား "

" သိပါပြီ ဒီညနေအပြီးလွှဲပေးလိုက်မယ် "

လက်ကိုင်ဖုန်းက ရှင်းရဲ့ ဆိုဖာပေါ်ပစ်တင်လိုက်သည့်အရှိန်ကြောင့် ပုံပျက်ပန်းပျက် ပြုတ်ကျသွားခဲ့လေသည်။လေပြေညှင်းနဲ့ စကားပြောနေတဲ့ ကိုးလ်ကို လှမ်းကြည့်လိုက်ချိန်တွင် ရှင်းရဲ့ စိတ်ထဲက ပြဿနာမီးတောက်များက ချက်ချင်းပြေငြိမ်းသွားခဲ့သည်။

" တစ်ကယ်ပဲ ဒါကဘယ်လို ခံစားချက်မျိုးလဲ....သူ့မျက်နှာလေး မြင်လိုက်ရရုံနဲ့ အဆင်မပြေမှုတွေအားလုံး မေ့ပျောက်သွားတယ် "

ကိုးလ်ရဲ့ တခစ်ခစ်ရယ်သံလေး ပေါ်ထွက်လာချိန်တွင် ရှင်းကလည်း အတူတကွ လိုက်ပါပြုံးနေမိလေသည်။ သူကိုယ်တိုင်တောင် မရိပ်မိလိုက်ခင် အချိန်လေးမှာပေါ့။

ရှင်းရဲ့အရိပ်က စကားလက်ဆုံကျနေသော လူနှစ်ယောက်ထံ အုပ်မိုးသွားချိန်တွင် နှစ်ယောက်လုံး တစ်ပြိုင်နက် မေ့ကြည့်လာကြလေသည်။

" ကိုးလ် ကိုယ်အရေးကြီး အလုပ်လေးပေါ်လာလို့ မနက်ဖြန်မှ ကိုယ်နဲ့အတူ အပြင်သွားကြမလား "

" ရတယ်လေ "

"စိတ်မပူပါနဲ့ ကိုးလ်မပျင်းရအောင် လေပြေ ဂရုစိုက်ထားလိုက်မယ် "

" အင်း .....ဒါနဲ့ ကိုကို လေပြေကဒ်ထဲကို မုန်ဖိုးထပ်ဖြည့်ပေးထားတယ် ကုန်အောင်သုံးဖို့ မမေ့နဲ့ "

" အာ...ဟိုတစ်ပါတ်က ပေးထားတာတွေတောင် မကုန်သေးဘူး "

လေပြေရဲ့ ဆံပင်ကို ရှင်း ဆွဲဖွလိုက်တဲ့အခါ ဆံသားများက လက်ကြားထဲ လျှိုဝင်ကုန်ကြလေသည်။

" ဟုတ်သားပဲ ကိုးလ်အတွက်ကော "

" ကျွန်တော်က မလိုပါဘူး "

" ကိုးလ်က ကျတော့ ကိုယ်ရှိရင်ရပြီ‌ ....ကိုးလ်လိုချင်တာ မှန်သမျှ ကိုယ်ကိုယ်တိုင် လိုက်ရှင်းပေးမယ်။ ကိုယ်က ကိုးလ်ရဲ့ black card ပဲလေ "

" အော် ! "

လေပြေညှင်းမှာ သူမအစ်ကိုအား ခေါင်းတခါခါဖြင့် မျက်နှာလွှဲလိုက်ပြီး ရှုတ်မဲ့နေတဲ့ သူမမျက်နှာကို ဘယ်သူမှမမြင်အောင် ကြိုးပမ်းလိုက်သည်။

နောက်တစ်နေ့မနက်ပိုင်း ၈ နာရီလောက်တွင် လေပြေရှင်းက ကိုးလ်ရဲ့ အခန်းတံခါးကို တက်ကြွမှုများအပြည့်ဖြင့် ဆည်းလည်းသံလေး ထွက်အောင် တီးခေါက်လိုက်သည်။ တုန့်ပြန်လာသည့် တံခါး၏နောက်ကွယ်တွင် ရှင်း စောင့်ဆိုင်းသူ အမျိုးသားမှာ ပန်းပွင့်တစ်ထောင် မျက်နှာငယ်စေမည့် အပြုံးမျိုးဖြင့် စီးကြိုနေသည်။

" အဆင်သင့်ဖြစ်ပြီလား "

" အင်း "

" အရင်တစ်ခေါက်က ပင်လယ်ဘက်ကို သွားထားတာဆိုတော့ ကိုယ်တို့ ဒီတစ်ခါ တောင်တန်းတွေဘက်ကို သွားကြတာပေါ့ "

" အင်း "

နှစ်ယောက်လုံး ကားနဲ့ထွက်ခွာသွားချိန်တွင် လေပြေညှင်းတစ်ယောက်သာ အိမ်စောင့်အဖြစ် ကျန်ရစ်ခံခဲ့ရလေသည်။ တစ်ချိန်တည်းမှာပင် အိမ်ပြင်ခိုးထွက်ပြီး လွတ်လွတ်လပ်လပ်နေချင်တဲ့ သူမရဲ့ မဟာအကြံအစည်ကို စတင်အကောင်အထည် ဖော်ထုတ်တော့သည်။

ကားပေါ်မှာ ပင်ပန်းလွန်းလို့ ကိုးလ်က အရင်အိပ်ပျော်သွားပြီး လေပြေရှင်းတစ်ယောက်ထဲသာ တိတ်ဆိတ်နေတဲ့ ခရီးကို ဖြတ်သန်းခဲ့ရပြန်လေသည်။အသားကုန်မောင်းနှင်ခဲ့ပြီး ညလည်လောက်အရောက်တွင် " ခရာနွယ် " တောင်တန်းတွေရှိရာ ရှမ်းပြည်နယ်ကို ရောက်ရှိခဲ့လေပြီ။

" ကိုးလ် ကိုယ်‌တို့တွေရောက်ပြီ "

" အမ်.....ဟုတ်လား "

" ပင်ပန်းနေပြီလား ဒီမှာနည်းနည်းအေးတယ် '

" ရပါတယ် "

" ကိုယ် ဟော်တယ်ကို ဘိုကင်လုပ်ပြီးသွားပြီ။ အထဲရောက်မှ အေးဆေးထပ်အိပ်တော့ ဟုတ်ပြီလား "

" အင်း "

မျက်လုံးများကို ပွတ်သပ်လိုက်ရင်း ကိုးလ်က ပြန်ဖြေလေသည်။

ရှင်းက နှစ်ယောက်ခန်းတစ်ခန်းကို ယူခဲ့တာဖြစ်သည်ကိုသာ သတိထားမိလိုက်ပြီး ကျန်သည့်ကိစ္စများက ကိုးလ်ခေါင်းထဲ ဝင်ရောက်မလာခဲ့တော့ပေ။ ပင်ပန်းသည့် ဒဏ်နှင့်ကားမူးသည့် အရှိန်တို့ကိုပေါင်းလျက် ကိုးလ်က ကုတင်ပေါ်တက်လိုက်ချင်း ချက်ချင်းအိပ်ပျော်သွားခဲ့သည်။

တစ်ခဏလေးအတွင်းမှာတင် မျက်လုံးထဲတိုးဝင်ဖို့ ခွင့်တောင်းနေသော နေရောင်ခြည်နွေးပျပျလေးက ကိုးလ်ကို အိပ်ယာထဖို့ နှိုးနေသယောင်ပင်။ အနေအထားအား ဆန့်ကျင်ဘက်သို့ လှည့်လိုက်သည့်အခါ အိစက်သည့် ကုတင်မွေ့ယာကြောင့် ကိုးလ်ရဲ့ ခန္ဓာကိုယ်က အထဲဣောကိုနစ်မြုပ်သွားခဲ့သည်။ ခန္ဓာကိုယ်ပေါ်က ပေါ့ပါးသော ဝတ်စုံကို ဂရုမစိုက်မိခင် မိမိရောက်ရှိနေသည့် နေရာအား အာရုံမစိုက်မိခင် မျက်တောင်ရှည်များ ဖုံးအုပ်ထားသော မျက်ဝန်းများကို ဖွင့်လှစ်လိုက်ချိန် ပထမဆုံးဝင်လာသည့် အတွေးများမှာ -

" ငါခဏလေးပဲ မျက်လုံးမှိတ်လိုက်တာပါ ပြန်ဖွင့်လိုက်တော့ မိုးတောင်လင်းနေပြီလား ! "

ခန္ဓာကိုယ်ပေါ်အကြည့်ရောက်သွားချိန်တွင် ညအိပ်ဝတ်စုံအနက်ရောင်က အကျအနနေရာယူနေသည်အား တွေ့လိုက်ရသည်။ မှတ်မိသလောက်ဆိုလျှင် သူဟာမနေ့ညက ရေတောင်မချိုးဘဲ အိပ်ပျော်သွားခဲ့ရခြင်းဖြစ်သည်မှာ သေချာသည်ထက် ဟိုဘက်ကမ်းတောင် လွန်ပေမည်။ မနက်ရောက်လာချိန်တွင် မနေ့ကအင်္ကျီနဲ့မတူတော့ပေ ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသောအတွေးမှာ ရှင်းက သူ့ကိုလဲပေးထားခြင်းပင်။

ကိုးလ်ရဲ့ မျက်နှာက တမုတ်ချင်းပင် နီရဲလာရပြီး အောက်နှုတ်ခမ်းကို ကိုက်လျက် ခံစားချက်များကို ထိန်းချုပ်လိုက်သော်လည်း ရင်ဘတ်ထဲက နှလုံးခုန်သံကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။ တံခါးဖွင့်သံတစ်သံနဲ့အတူ ရေချိုးခန်းထဲက ထွက်လာသော ရှင်းနဲ့ မျက်နှာချင်းဆိုင်မိကြလေသည်။

" နိုးလာပြီလား "

" အင်း ကျွန်တော် ရေသွားချိုးလိုက်ဦးမယ် "

" ကောင်းပြီ ကိုယ် ကိုးလ်အဆင့်သင့်စားလို့ရအောင် မနက်စာ ကြိုမှာထားလိုက်မယ် အခန်းထဲမှာပဲ စားကြတာပေါ့ "

" အင်း "

ခေါင်းညိတ်လျက် ပြန်ဖြေလိုက်ရင်း ကိုးလ်က ရေချိုးခန်းထဲ တန်းတန်းမတ်မတ်ပြေးဝင်သွားတော့သည်။

လေပြေရှင်းရဲ့ ခပ်သဲ့သဲ့ရယ်သံလေး ကြားလိုက်ရတဲ့အခါ ကိုးလ်ရဲ့ နက်ရွက်ဖျားများအား ပိုလို့နီလာစေလေသည်။

ကိုးလ်ရေချိုးခန်းထဲကနေ အဝတ်အစားလဲပြီး ပြန်ထွက်လာချိန်တွင် မြင်လိုက်ရသည့်အစားအသောက်များကြောင့် ကိုယ့်ကိုကိုယ်ပင် ထိန်းချုပ်မှုများ လွတ်ထွက်သွားခဲ့တော့သည်။ အရောင်အသွေးစုံလင်ပြီး ကြည့်လိုက်ရုံဖြင့် အဆင့်အတန်းမြင့်မားမည်ဟုထင်ရသော ထိုအရာများကြောင့် ကိုးလ်ရဲ့လက်များက စားပွဲပေါ်မှာပဲ ကြိမ်ဖန်များစွာ ကူးလူးဖြတ်သန်းနေခဲ့သည်မှာ မရပ်မနား။

ရှင်းက " နင်မယ် " ဟူသော စကားတစ်ခွန်းနှင့် ရေထည့်ပေးလာချိန်တွင် အနည်းငယ်ရှက်ရွံ့သွားသော မျက်နှာက တမှုတ်ချင်းနီရဲလာပြန်သည်။

အားလုံးစားသောက်ပြီးသွားချိန်မှ ကိုးလ်က သူတို့ရောက်နေသော အခန်း၏ပုံပန်းသဏ္ဌာန်နှင့် ပတ်ဝန်းကျင်ကို သတိထားမိလေသည်။ အခန်းက နှစ်ယောက်ခန်းတစ်ခန်းဖြစ်ပြီး ဧည့်ခန်းရယ် ၊တစ်ယောက်အိပ် ကုတင်နှစ်ခုရယ် ရေချိုးခန်းအိမ်သာရယ် ၊အဝတ်အစားလဲခန်းရယ်နှင့် ရိုးရိုးရှင်းရှင်းပင်။ ဘေးပတ်ပတ်လည်တွင် ဝါကျင့်ကျင့်အရောင်ရောနေသော အဖြူဘက်သွားသည့် လိုက်ကာများက ဝန်းရံနေသည်။ တစ်ခုလောက်ဆွဲဖွင့်လိုက်ပါလျှင် မှန်သားအပြည့်ဖြင့် ဖောက်ထွင်းမြင်နိုင်သော နံရံတစ်ခုက စီးကြိုနေပြီး အပြင်ဘက်က ပတ်ဝန်းကျင်အား တစ်သားတည်းခံစားရစေသည်။

" တော်တော် လှတာပဲ "

" သဘောကျလား "

" အင်း "

ဝရံတာဘက် ကိုးလ်ခြေလှမ်းချလိုက်ချိန်တွင် အေးစက်စက်လေထုက လွှမ်းခြုံလာတာကြောင့် ခန္ဓာကိုယ်က မသိမသာတုန်လှုပ်သွားသော်လည်း မြူတွေကြားမှာ မရပ်မနားထိုးဖောက်နေတဲ့ ရောင်ခြည်တန်းလေးကြောင့် အထဲပြန်ဝင်ဖို့ရာ မစဉ်းစားမိခဲ့ပေ။ တစ်သက်နဲ့တစ်ကိုယ် ဒီလိုအသက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်အား မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့ခြင်း မရှိတာကြောင့် ကိုးလ်အနေဖြင့် မျက်တောင်ခတ်လိုက်ချိန် ကွယ်ပျောက်သွားသည့် စက္ကန့်စိတ်၏တစ်ပိုင်းလေးကပင် နှမျောတသဖြစ်စရာကောင်းလှသည်ဟု တွေးထင်မိသောကြောင့် သူဟာမျက်တောင်တစ်ချက်မှပင် မခတ်မိခဲ့ချေ။ ကြာလာသည့်အခါ မျက်ဝန်းများက စပ်လာကာ ဝေဒနာအားခံစားရသည်အထိ ကိုးလ်က ခေါင်းမာစွာ တောင့်ခံခဲ့သည်။

အနောက်ဘက်က ခြေသံတိုးဖွဲဖွဲလေးနဲ့ တံခါးဆွဲဖွင့်လိုက်သော အသံကြားလိုက်ရတဲ့အခါ ကိုးလ်က ဘယ်သူလဲဆိုတာ သေချာသိနေသည့်အတွက် အနောက်လှည့်မကြည့်မိခဲ့ပေ။ သို့သော်ငြား ပုခုံးပေါ်ရောက်လာသော စောင်အပါးတစ်ထည်ကြောင့် ကိုးလ်ရဲ့ အမြင်အာရုံအလုံးစုံသည့် လေပြေရှင်းထံ အခြေစိုက်သွား‌တော့သည်။

" အေးနေတုန်းပဲ နေမကောင်းမဖြစ်စေနဲ့ "

ရှင်းနှုတ်ဖျားမှ နွေးထွေးစွာ ထွက်လာသော စကားဖြစ်လေသည်။

" ဒီနေရာက အရမ်းလှတာပဲ တောင်တန်းတွေက တင်စားလို့မမှီအောင် လှတယ်ဆိုတာသိပေမယ့် ကျွန်တော် ရှင်းနဲ့အတူသွားခဲ့တဲ့ ပင်လယ်ကို ပိုသဘောကျတယ်.....ကျွန်တော်တို့ရဲ့ ပထမဆုံး ခရီးလေးလေ "

" ကောင်းပြီ ကိုယ်တို့နောက်တစ်ခေါက် ထပ်သွားကြတာပေါ့ "

" အင်း....ဒါနဲ့ကျွန်တော် ငယ်ငယ်က သိခဲ့တဲ့မိဘမဲ့ ဂေဟာတစ်ခုရှိတယ် ရှင်းကို ခေါ်သွားချင်တယ် "

" ကောင်းပြီလေ "

" မဟုတ်ဘူး ရှင်း‌ သေချာပေါက် လိုက်ခဲ့ရမယ်....ကျွန်တော် ငယ်ငယ်က ဘယ်လိုလူမျိုးဖြစ်ခဲ့တယ်ဆိုတာ ရှင်းကို သိစေချင်တယ် "

" မင်းနဲ့ ပက်သက်သမျှအရာအားလုံး ကိုယ်သဘောကျပါတယ် "

" ကျွန်တော်လည်း အဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ် "

ကိုးလ်ရဲ့အသံက တိမ်ဝင်ကာ ဝမ်းနည်းဖွယ်ကောင်းနေကြောင်းကို ရှင်းက ချက်ချင်းတန်းသိသွားလေသည်။

" မစိုးရိမ်ပါနဲ့ ကိုယ်မင်းအနားမှာရှိနေရင် ဘာမှမဖြစ်စေရပါဘူး  "

" အခုချိန်မှာ အဲ့တာတွေ မတွေးကြရအောင်ပါ။ ကျွန်တော်လေ သေချာပေါက် ရှင်းကို မိဘမဲ့ဂေဟာ ခေါ်သွားချင်တယ်....သေချာပေါက် ရှင်းက မလိုက်နိုင်တော့ဘူးဆိုတာ သိပေမယ့်လဲပေါ့ "

" ကိုယ်လိုက်ခဲ့မှာပါ....ကိုးလ်က ဒီလောက်တောင် ခေါ်သွားချင်နေတာ အရမ်းထူးခြားတဲ့နေရာဖြစ်မယ်ဆိုတာ ကိုယ်ပြောရဲတယ် "

" ရှင်း မလိုက်နိုင်ဘူးလေ "

" ဟမ် "

ကိုးလ်ရဲ့ စကားများက သေချာပေါက် လေပြေရှင်းဟာ သူနဲ့အတူမလိုက်နိုင်ဟု ယုံကြည်ထားသောကြောင့် ရှင်း ခမျာ ဝမ်းနည်းသွားရရှာလေသည်။

" ရှင်းက ပုံမှန်ထက်အလုပ်များတဲ့လူမလား "

ထပ်ဖြည့်စွက်၍ ကိုးလ်ပြောလာသည့် စကားတစ်ခွန်းပါပင်။

" အဝတ်အစားသွားလဲတော့ ကိုယ်တို့ခရီးလေးကို အကြိုးရှိရှိဖြတ်သန်းရအောင် "

" အင်း "

အမိန့်နာခံစွာ ကိုးလ်က အထဲပြန်ဝင်သွားပြီး ဝါကျင့်ကျင့်ရောင်သန်းနေသော Hoodie အပွတစ်ထည်နဲ့အတူ မဆိုသလောက်လေး ပွယောင်းနေသော အသားရောင်ဘောင်းဘီ တစ်ထည်အား ပြောင်းလဲဝတ်ဆင်ထားလေသည်။

လေပြေရှင်းမှာတော့ဖြင့် ခြေမျက်စိအထက်နားလောက်ထိရှည်သော အညိုရောင် long-coat တစ်ထည်သည် မြင်နေကျပုံစံဖြင့် ကွဲထွက်ကာ ဝတ်ဆင်ထားသော်လည်း အတော်လေး လိုက်ဖက်သည်ဟု ဆိုရပေမည်။ အထဲက အဖြူရောင်အင်္ကျီလက်ရှည်နဲ့ စွတ်စွတ်ဖြူနေတဲ့ ဘောင်းဘီရှည်တို့ကြောင့် ရှင်းက အပြင်ဘက်မှာ ကျဆင်းနေသော မြူတွေနဲ့ထင်ယိုးမှားဖွယ်နိုင်ရာ ဖြစ်နေတော့သည်။

" ပြီးပြီလား "

ကိုးလ်က ပြုံးပြလာသည်အားမြင်သော် ရှင်းက ဆက်ပြောလာခဲ့သည်။

" သွားကြမယ် "

ခရာနွယ်တောင်တန်းတွေဟု ခေါ်ဆိုရခြင်းအကြောင်းအရင်းမှာ ထူးဆန်းသည့် ပါးစပ်ပြော ဒဏ္ဍာရီတစ်ပုဒ်ကို အခြေခံထားခြင်း ဖြစ်လေသည်။

တစ်ခါက ရှမ်းပြည်နယ်ရဲ့ ရွာတစ်ရွာမှာ အလွန်လှပတဲ့ မိန်းကလေးတစ်ဦး ရှိခဲ့ဖူးလေသည်။ သေချာပေါက် ရွာရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေထဲက တစ်ခုမှာ မိမိတို့နဲ့ မျိုးနွယ်တူနဲ့သာ လက်ထပ်ခွင့်ရှိပြီး ပြင်ပသွေးနှောလက်မခံသည့် ကိစ္စရပ်ပင်။ သူမရဲ့အလှဂုဏ်သတင်းက ကျော်ဇောလွန်းတာကြောင့် ဘေးပတ်ပတ်လည်က ရွာသားမှန်သမျှက သူမကို လက်ထပ်နိုင်ဖို့ အသည်းအသန် ယှဉ်ပြိုင်လုယက်ကြသည်အထိ လှရက်နိုင်လွန်းသူဖြစ်သည်။ သို့သော်ငြား သူမရဲ့ ဇာတ်သိမ်းကတော့ လှလှပပ ဇာတ်မသိမ်းနိုင်ခြင်း မရှိခဲ့ပေ။

ထိုမိန်းမပျိုလေး၏ နာမည်သည်ကား နန်းခရာနွယ်ဟု အမည်တွင်ပြီး သူမ၏ အလှအပသည်ကား သေစေနိုင်သည့် လက်နက်တစ်ခုဖြစ်ခဲ့လေသည်။ ထိုလက်နက်က ထက်ရှလွန်းတာကြောင့် သူမကိုယ်တိုင်ပင် အန္တရာယ်ကျရောက်ခဲ့သည် အထိပင်။

ပယင်းရောင်သန်းနေသော မိန်းမပျိုလေး၏ မျက်ဝန်းသည်  မြွေတစ်ကောင်၏ ညှို့ယူနိုင်စွမ်းတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ရှည်လျားကော့ညွတ်သည့် မျက်တောင်ရှည်များက တံစမြိတ်က ဓနိဖျားလေးအတိုင်း ခပ်စိပ်စိပ်ဖြင့် နေရာယူဖြန့်ကျက်နေခဲ့သည်။ ဖြူဖွေးသည်ဟု ဆိုရာထက် ဝင်းဝါနေသော အသားအရည်ကြောင့် ခရာနွယ်က တစ်မူထူးနေခြင်းဖြစ်ကာ အပြစ်ဆိုဖွယ်ရာမရှိသော ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းက သူမအလှကို ကျက်သရေတိုးစေသည်။ ရိုးရာဝတ်စုံ မိုးပြာရောင်အား ဆင်မြန်းထားလျက် သူမကို မြင်တွေ့လိုက်ရတိုင်းတွင် လူတိုင်း၏ အမြတ်တနိုးတန်ဖိုးထားသည့် အကြည့်များဟာ သူမကိုယ်ပေါ်မှာ အတိုင်းသား။

ပြဿနာအစတိုင်းသည် မကိုးကွယ်ထိုက်သော အချစ်က စတင်ခဲ့သည်ကြီးသာ။ ရွာ၏ အဖိုးမဖြတ်နိုင်သော မိန်းကလေးသည် အလည်လာသော နယ်မြေခြားက အမျိုးသားနှင့် ချစ်ကျွမ်းဝင်ခဲ့လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ခရာနွယ်နဲ့ချစ်သူယောက်ျားလေး၏ အချစ်တို့က ပိုမိုခိုင်မြဲလာခဲ့ပြီး လက်ထပ်ဖို့ကြံရွယ်အထိ ဖြစ်လာကြလေတော့သည်။

သို့သော်ငြား ကမ္ဘာပေါ်မှာ ဖြောင့်ဖြူးသော အချစ်ခရီးလမ်းဆိုတာ ရှိပါမည်တဲ့လား။ အချစ်ဟူသည် ခယောင်းလမ်းနဲ့ခင်းပြီး မျက်ရည်များနှင့်ပျိုးထားသော စက်ဆုတ်ဖွယ် မရဏလမ်းတစ်ခုသာ။

ရွာသားများက သူမ၏ အချစ်ရေးကို သိရှိသွားကြပြီးသည့်အခါ စက္ကန့်မလပ်ပင် လူငယ်နှစ်ဦး၏ အချစ်ရေးကို ခံစားချက်မဲ့သည့် စကားများဖြင့် အစိမ်းလိုက်ခွဲရန် ကြိုးစားကြပေတော့သည်။

" နန်းခရာနွယ် နင်မသိလေရောလား ငါတို့ရဲ့ရိုးရာကို ဖောက်ဖျက်တာလား "

" ကျွန်မသိတယ်....ဒါပေမယ့် ကျွန်မသူတစ်ယောက်ထဲကိုပဲ ချစ်တယ် ....သူရော သူရော "

သူမအနားတွင်မရှိလေသော ချစ်သူကို ပြာဝေနေသောအသံများဖြင့် ခေါ်တွင်နေခဲ့ပုံမှာ သနားချင့်စဖွယ်ကောင်းလွန်းလှ၏။

ဝမ်းနည်းမျက်ရည်များဖြင့် အမေဖြစ်သူ၏ အဝတ်စကိုမြေပြင်ပေါ်မှ အားကိုးတကြီး လှမ်းကိုင်လိုက်ချိန်တွင် ထိုလက်ဟာ ချက်ချင်းပုတ်ချခံလိုက်ရသည်။ ထို့ပြင် သူမကို သနားငဲ့ညှာစွာဖြင့် ပေးကမ်းလိုက်သော စကားတစ်ခွန်းမှာကား _

" သမီးမိုက် !  "

" ဘာဖြစ်လို့လဲ ဒါကျွန်မဘဝလေ ကိုယ့်ဘဝတောင် ကိုယ့်စိတ်တိုင်းကျ ဘာလို့ဆုံးဖြတ်လို့မရ,ရတာလဲ "

" ငါတို့ရွာသားဖြစ်နေရင် နင့်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ မရှိရဘူး "

ရွာ၏အကြီးအကဲဖြစ်သော လူတစ်ယောက်က ခရာနွယ်ရဲ့စကားကို ဖြတ်ပြောလေသည်။

" သူနဲ့တွေ့ချင်တယ် ရှင်တို့သူ့ကို ဘယ်ခေါ်သွားလိုက်ကြတာလဲ "

" အခုချက်ချင်း နေဝင်တာနဲ့ လက်ထပ်ဖို့ပြင်ထား ။ ရှမ်းပြည်တစ်နယ်လုံးမှာရှိတဲ့ လူပျိုယောက်ျားလေးတိုင်း ပါဝင်ခွင့်ရှိတယ်။ အဲ့ဒီ့ထဲကတစ်ယောက်နဲ့ လက်ထပ်ကိုထပ်ရမယ် "

" မဟုတ်ဘူး.....ငါလက်မထပ်ဘူး "

" သူ့ကိုခေါ်သွားလိုက်ကြ အခန်းထဲကအခန်းပြင်မထွက်စေနဲ့ "

အဖေဖြစ်သူ၏ အမိန့်သံအောက်တွင် ခရာနွယ်ဟာ မျက်ရည်အဝိုင်းသားနှင့် ပြောစရာစကားများ ပျောက်ရှသွားခဲ့ရသည်။

ဘေးပတ်ပတ်လည်က အလုံပိတ်ထားလျက် အလင်းရောင်ဟူသည် ထရံကြားထဲမှ အတင်းကာရောတိုးဝင်နေသော အစက်အပျောက်များသာရှိသည်။ အခန်းလွတ်ထဲတွင် လေရဲ့သိပ်သည်းဆက အဆများစွာကြီးမားနေသကဲ့သို့ ခရာနွယ်ဟာ တစ်ချက်ရှိုက်လျက် ငိုမိလိုက်တိုင်း အသက်ရှုပင်ကြပ်လာရသည်။ တံခါးကိုအထဲကနေထုရိုက်လိုက်တိုင်း အပြင်ဘက်က သော့ခလောက်၏ တုန်ခါသွားသံကို ကြားနေကာ စဉ်ဆက်မပျက်ထုရိုက်နေမှုသည် လက်ဖဝါးပြင်တစ်ခုလုံး ပွန်းပဲ့ကာ သွေးစို့လာသည်အထိ ‌ဆိုးရွားလာမှ သူမက ရပ်တန့်သွားခဲ့သည်။

" ရှင်ဘယ်မှာလဲ....ကျွန်မရှင်နဲ့တွေ့ချင်တယ်.....ကျွန်မကို လာမရှာတော့ဘူးလားဟင် "

ခရာနွယ်ရဲ့ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ဖြစ်သည့် မျက်ရည်များက မေးစေ့မှတစ်ဆင့် ကြမ်းပြင်ပေါ်ပြုတ်ကျသွားချိန်တွင် နောက်ထပ်မျက်ရည်စီးကြောင်းတစ်ခုက ငိုကြွေးရန်အသင့်ဖြစ်နေပြန်သည်။

သူမကပါးစပ်မှ " ရှင့်ကိုကျွန်မစောင့်နေတယ် "ဟူသော စာသားကိုသာ အဆက်မပြတ်ရေရွတ်နေခဲ့ပြီး သိပ်လှတဲ့နေဝင်ချိန်က သူမအတွက် နိမိတ်ဆိုးကို ဖန်တီးပေးသကဲ့သို့ စက်ဆုတ်ဖွယ် ကောင်းနေခဲ့သည်။

နေဝင်သည်နှင့်တစ်ပြိုင်နက် အလုံပိတ်ထားသော အခန်းက ပွင့်လာပြီး ခရာနွယ်ကို သတိုးသမီးဝတ်စုံဆင်မြန်းပေးလျက် အပြင်ကို ဆွဲခေါ်သွားကြလေသည်။ ပျော်ရွှင်ကာ အလှဆုံးဖြစ်နေရမည့် သတိုးသမီးတစ်လက်သည် မျက်ရည်တွေနဲ့ ပနှံသင့်နေပြီး ဈာပနအခမ်းအနားတက်ရသလို အသည်းခိုက်မတတ် ငိုကြွေးနေခဲ့သည်။

ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါ မှောင်ရီပျိုးနေတဲ့ ပတ်ဝန်းကျင်က ခရာနွယ်၏  ကံကြမ္မာဆိုးကို လက်ယက်ခေါ်နေသလို။ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ပျော့ပြောင်းတဲ့ဆံနွယ်ကြားမှာ ထုံးဖွဲ့ရစ်နှောင်ထားသည့် ဆံထိုးကို ဆွဲဖြုတ်လိုက်တဲ့အခါ ကျောပြင်ထက်သို့ ကပိုကရို ကျဆင်းလာကုန်ကြသည်။

ချွန်ထက်သည့်ဆံထိုးကို လည်တိုင်ထက် တင်လိုက်ပြီး နောက်ဆုံးအသက်ကယ်ကြိုးမျှင်အား ရှာတွေ့လိုက်သကဲ့သို့ သူမက ခြိမ်းခြောက်စကားဆိုလာခဲ့သည်။

" ငါလက်မထပ်ချင်ဘူး.....ငါလက်မထပ်ချင်ဘူး။ သူ့ကိုခေါ်လာခဲ့ မဟုတ်ရင် ငါကိုယ့်ကိုကိုယ် သတ်သေလိုက်မယ် "

လူအားလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အနားကပ်လာတာနဲ့ သူ့ကိုယ်သူ ထိခိုက်အောင်လုပ်ပစ်မယ်ဟူသော ခရာနွယ်၏ စကားကြောင့် ဘယ်သူမှအနားကပ်မလာရဲကြပေ။ စက်ဝိုင်းသဖွယ်ဝိုင်းဖွဲ့ထားသော လူပေါင်းများစွာအကြားတွင် အမျိုးသားများ ရာချီအောင်ပါဝင်သော်လည်း သူမရှာနေသည့် ယောက်ျားကိုတော့ မတွေ့ခဲ့ပေ။

" သူကော....သူ့ကိုတွေ့ချင်တယ်....သူဘာလို့ ကျွန်မကိုလာမခေါ်ရတာလဲ "

" သူမရှိတော့ဘူး ....သူပြန်မလာတော့ဘူး "

လူအုပ်ထဲက ထွက်လာသော အသံတစ်သံကြောင့် ခရာနွယ်၏ ငိုကြွေးခြင်းများ ရပ်တန့်သွားကာ ပယင်းရောင်မျက်ဝန်းများက သွေးကြောများထောင်နေလျက် အနီရောင်အဖြစ်ကို ကူးပြောင်းသွားလေတော့သည်။

" ဘာဖြစ်လို့လဲ "

" ......... "

နောက်ထပ်ဘယ်သူမှ ပြန်ဖြေမလာခဲ့တော့ပေ။

ထိုဖြစ်ရပ်အပြီးတွင် အားလုံးက ခရာနွယ်ကို အတင်းအကြပ်လက်ထပ်ဖို့ မတိုက်တွန်းတော့သော်လည်း သွေးနှောနဲ့လက်ထပ်မှာကိုလည်း ခွင့်မပြုခဲ့ပေ။

သူမက ရွာထိပ်ကတောင်ပေါ်တွင် အိမ်တစ်လုံးဆောက်လိုက်ပြီး နေ့စဉ်မပျက် သူမချစ်သူပြန်လာမှာကို ပြတင်းပေါက်တစ်ဆင့် စောင့်ဆိုင်းနေခဲ့သည်။ ထိုနေရာမှ လှမ်းကြည့်လိုက်ပါလျှင်  မြင်ကွင်းအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရပြီး ရွာထဲကိုသွားမည်ဆိုပါက သူမအိမ်ကို ပထမဆုံး ကျော်ဖြတ်ရမည်ပေ။

သို့သော် နှစ်တွေသာအလီလီပြောင်းသွားပြီး ပန်းတွေသာညှိုးငယ်သွားခဲ့ရသည် သူမချစ်သောအမျိုးသားက တစ်ခါလေးမှပြန်လာမတွေ့ခဲ့ပေ။ ခရာနွယ်က တစ်ကြိမ်လောက်တော့ဖြစ်ဖြစ် ရည်းစားဖြစ်သူ၏မျက်နှာကို ပြန်တွေ့နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း အချိန်အတိုင်းအတာတစ်ခုအကြာတွင် ထိုယုံကြည်ချက်လေးသည်လည်း ပျက်သုန်းသွားခဲ့ရသည်။

" ရှင် ပြန်မလာတော့ဘူးလားဟင်.....ကျွန်မကို ပြန်လာမတွေ့တော့ဘူးလား....ကျွန်မကို နည်းနည်းလေးတောင် သတိမရ‌တော့ဘူးလား။ "

အလွန်တရာလှပသည့် မျက်တောင်ဖျားက မျက်ရည်တစ်စက်ကြောင့် စိုစွတ်သွားသည့်အခါ  ကဗျာစာဖွဲ့မမှီလောက်အောင် တင့်တယ်သော်ငြား အလှတရားပိုင်ရှင်မှာတော့ ပျက်သုန်းသွားသော မျှော်လင့်ချက်အတွက် ကယ်တင်ရာဆေးဟူသည် နတ္ထိဖြစ်ခဲ့ရသည်။

" ရှင် ပန်းတွေကို သိပ်သဘောကျတာပဲမလား။ ကျွန်မကျိန်ဆိုတယ် ကျွန်မအသက်ရှင်သမျှ ကာလပတ်လုံး ရှင့်ကိုစောင့်ဆိုင်းနေမယ် သေဆုံးသွားခဲ့ရင်လည်း ကျွန်မဝိညာည်က ရှင်တစ်ယောက်ထဲအတွက်ပဲ။ ဒီရွာမှာ ရှိသမျှပန်းတွေအကုန်ညှိုးပြီး ကျွန်မတစ်ယောက်ထဲသာ ရှင့်လက်ထဲမှာ ပွင့်လန်းလာမယ့် ပန်းတစ်ပွင့် ဖြစ်ရမယ်။  "

ထိုစကားအား နှလုံးသားနဲ့ဆိုပြီးသော် အလွမ်းဝေဒနာမှာ ကုရာဆေးမရှိလေသည့်အတွက် ထိုဝေဒနာအား သည်းမခံနိုင်တော့သည့်အဆုံးတွင် ခရာနွယ်တစ်ယောက် သေဆုံးခြင်းဟုအမည်တပ်သော ငြိမ်းချမ်းရာစက်ဝန်းထဲ အပြီးတိုင်ပျောက်ကွယ်သွားလေတော့သည်။

" သူသေဆုံးပြီး 7 ရက်အကြာမှာပဲ ရွာမှာ ထူးဆန်းတဲ့ပန်းတွေပွင့်လာတယ်။ တစ်ခါမှအဲ့လိုပန်းမျိုး မပွင့်ဖူးဘူးတော့ ရွာသားတွေအကုန်လုံး တအံ့တဩဖြစ်ကုန်ကြတာပေါ့။ ပန်းတွေက တစ်ရွာလုံးရဲ့ နေရာတိုင်းမှာ ပွင့်နေကြတာ  တောင်ခြေတွေရော တောင်ပေါ်တွေပါမကျန်အကုန်လုံးပဲ။ နောက်တော့ ခရာနွယ်ကိုအစွဲပြုပြီး တံပိုးခရာနွယ်ဆိုပြီးခေါ်ကျရာကနေ တောင်ပတ်ပတ်လည်မှာလည်း ထိုပန်းတွေကိုမြင်ရတာကြောင့် ခရာနွယ်တောင်တန်းတွေပြီး ခေါ်တွင်လာခဲ့ကြတာ။ ‌ရွာမှာတစ်ခြား ဘယ်ပန်းမှမပွင့်တော့ဘဲ တံပိုးခရာနွယ်ပန်းတွေနဲ့ကြီး ပြည့်နှက်နေခဲ့တာ သူမရဲ့နောက်ဆုံးကျိန်စာကိုတောင် ပြန်အမှတ်ရမိစေတယ်။ "

" အာ ......ဒီလိုဆိုတအားသနားဖို့ကောင်းတာပေါ့ "

ကိုးလ်က စိတ်မကောင်းဖြစ်နေဟန်ဖြင့် သမိုင်းကြောင်း ရှင်းပြနေသော ရွာခံတစ်ဦးကို ပြောလိုက်လေသည်။

" အဲ့ပန်းရဲ့ အဓိပ္ပါယ်ကို ကျွန်တော်သိတယ် "

တံပိုးခရာနွယ်ပန်းအား လက်ညှိုးထိုးလိုက်ရင်း ကိုးလ်က ဆက်ပြောလာခဲ့သည်။

" ဘယ်တော့မှပြန်မလာတဲ့သူကို ကမ္ဘာမြေတည်သမျှ စောင့်ဆိုင်းနေမယ် " တဲ့

" မင်းက ဗဟုသုတကြွယ်ဝသားပဲ "

" ဟီးဟီး.... ဒါပေမယ့် နောက်ကွယ်မှာ ဒီလိုဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်လမ်းရှိမှန်းတော့ မသိခဲ့ဘူး "

သူသေဆုံးပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ခရာနွယ်ရဲ့ရည်းစားဖြစ်သူက လုံးဝပြန်မလာခဲ့ဘူး

" ဒီလောက်လှတဲ့ရည်းစားကို ဘယ်လိုလူကများ ထားရက်ခဲ့နိုင်တာလဲ "

" ပြန်လာလို့မရတော့နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ် "

" ဗျာ ! "

" ဒါတွေက ကျွန်တော်တို့ မမြင်နိုင်တဲ့ အတိတ်ကအကြောင်းအရာတွေပါ အမှန်တစ်ကယ်လည်း ဖြစ်နိုင်သလို ယုံတမ်းပုံပြင်တွေလည်း ဖြစ်နိုင်တယ် ဘယ်သူမှသေချာမသိဘူး "

လမ်းပြနဲ့ကိုးလ်က အပြန်အလှယ်စကားလက်ဆုံကျနေတာကြောင့် ဘေးကတစ်လျှောက်လုံး ပါဝင်နေသော ရှင်းမှာ အပိုလူတစ်ယောက်လိုပင် ခံစားလာရလေသည်။ ထို့ကြောင့် ရှင်းက လမ်းပြအား ပညာသားပါပါ ပထုတ်လိုက်ပြီး ကိုးလ်နဲ့နှစ်ယောက်ထဲ အချိန်ဖြုန်းရန်အတွက်ငှာ အကြံအစည်တစ်ခု ဖန်တီးလိုက်ရသည်။

" ရှင်းရော ခရာနွယ်ရဲ့ ကောင်လေးက ဘာလို့သူ့ဆီပြန်မလာတာလို့ထင်လဲ "

" ပုံပြင်ထဲက မသိစေချင်တဲ့ ပဟေဠိကို ဘာလို့အဖြေရှာဖို့ကြိုးစားနေတာလဲ "

" အာ ပဟေဠိဆိုတာ အဖြေရှာဖို့ လုပ်ထားတာပဲမဟုတ်ဘူးလား "

ရှင်းက နှစ်လိုဖွယ်ကောင်းအောင် ပြုံးလိုက်ပြီး ကိုးလ်ရဲ့ခေါင်းကို ပွတ်သပ်လိုက်သည်။

" ကောင်းပြီ ကိုယ်အရှုံးပေးပါတယ် "

" ဒါဆို ရှင်း ပြောကြည့်လေ "

" ကိုယ့်အထင်တော့.... "

ရှင်းက ဦးနှောက်ထဲက ရှိသမျှအကြံဉာဏ်အားလုံးကို ညှစ်ထုတ်နေသည့် ပုံစံမျိုးလုပ်ပြလိုက်သည့်အခါ ကိုးလ်က စိတ်ဝင်တစားနဲ့ နားရွက်များထောင်ကာ နားစွင့်လာလေသည်။

" အရင်လည်ပတ်ကြရင် ပိုကောင်းမယ်ထင်တယ် "

" ဟင်း....ကောင်းပြီလေ "

ကိုးလ်ရဲ့ စိတ်ပျက်သွားသော အမူအယာလေးမှာ ရှင်းရဲ့အပြုံးကို ပိုလို့အသက်ဝင်လာအောင် ဖန်တီးပေးသည့် အကြောင်းပြချက်ကောင်း ဖြစ်ပေသည်။

နှစ်ယောက်လုံး ထင်ပေါ်ကျော်ကြားသော မြို့ပေါ်ကဈေးထဲ လည်ပါတ်ကြရန် တိုင်ပင်လိုက်ကြပြီး ထိုအကြံကို ချက်ချင်းအကောင်အထည်ဖော်ရန် ကြိုးပမ်းကြပေတော့သည်။ နာမည်ကြီး ရှမ်းရိုးရာအစားအစာတွေလည်းရှိသလို ရိုးရာပစ္စည်းများနှင့် ဈေးကအတော်လေး စုံလင်သည်ဟုပြောရပေမည်။ မကြာသေးခင်က မနက်စာ စားထားပြီးသားဖြစ်သော်လည်း ရှမ်းပဲပြုတ်နံ့က နှာခေါင်းထဲတိုးဝင်လာတဲ့အခါ ကိုးလ်က တစ်ဖန်ဗိုက်ပြန်ဆာလာလေသည်။

ရာသီဥတုက နေရောင်ပျပျလေးတစ်ခုသာ ဆောင်ကျဉ်းပေးနေတာကြောင့် အအေးဓာတ်က လုံးဝလျော့သွားခြင်းမရှိခဲ့ပေ။ ကိုးလ်ရဲ့လက်ဖျားများက သိသိသာသာတုန်ယင်နေခဲ့ပြီး နှာသီးထိပ်လေးနဲ့ နှတ်ခမ်းများမှာကား ပန်းရောင်မှတစ်ဆင့် အနီရောင်သန်းလုနီးပါး ကူးပြောင်းနေခဲ့သည်။

ဆိုင်တစ်ဆိုင်မှ မာဖလာတစ်ထည်အား ဝယ်လိုက်ကာ ကိုးလ်ရဲ့လက်ကိုဆွဲယူရင်း ရုတ်တရက်မို့ လန့်သွားသော ထိုလူသားကို ရှင်းက သူကိုယ်တိုင်အမြတ်တနိုးဝယ်ထားသော ပစ္စည်းကို ဆင်မြန်းပေးလိုက်သည်။

" ရှင်း ဒါက "

" ဝတ်ထားလိုက် "

" ရှင်းကကော "

" ကိုယ်က ကိစ္စမရှိဘူး "

‌မာဖလာကြောင့် ကိုးလ်ရဲ့ မျက်နှာတစ်ဝက်က ပျောက်ကွယ်နေခဲ့လေပြီး အေးစ်နေသော လက်ဖျားများမှာ ရဲ့ရဲ့ တယုတယဆုပ်ကိုင်မှုကို ခံယူထားရလေသည်။

" ဒီလိုဆို မအေးတော့ဘူးမလား "

လေပြေရှင်း၏ စကားအတွက် ကိုးလ်ရဲ့တုန့်ပြန်မှုမှာကား အတော်လေး ရိုးရှင်းပေသည်။ သူဟာ မျက်နှာတစ်ခုလုံး မုန်လာဥနီတစ်လုံးလို နီရဲလာခဲ့ပြီး မျက်ဝန်းများက လပြည့်ဝန်းလို့ ဝိုင်းစက်လာကာ ထိုမျက်ဝန်းထဲတွင် ကြယ်ရောင်လက်နေသည့် အစက်အပျောက်များကို တွေ့မြင်ရပေသည်။

" ဘာဖြစ်လို့လဲ "

ရှင်းက စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည့်အခါ ကိုးလ်က စိတ်လှုပ်ရှားစွာဖြင့် အဖြေပြန်ပေးလာသည်။

" ဘာ....ဘာမှဖြစ်ပါဘူး "

" တစ်ခုခုဖြစ်ရင် ကိုယ့်ကို တန်းပြောနော် "

ခေါင်းတွင်တွင်ညိတ်ရင်း ကိုးလ် ပြန်ဖြေလိုက်သည့်အခါ ရှင်းက စိတ်အေးသွားဟန်ဖြင့် လက်ကိုဆွဲပြီး ရှေ့ကဦးဆောင်ခေါ်သွားလေသည်။

_____________________________________
စာရေးသူမှာ ပြောစရာလေးအချို့ရှိပါတယ်-

ပထမဆုံးအနေနဲ့ KO က ကိုယ်ပိုင် world ထောင်ပြီးရေးတဲ့သူဖြစ်တဲ့အတွက် fic ထဲမှာ ရှိတဲ့အရာတွေက စိတ်ကူးသက်သက် ဖန်တီးထားတဲ့အရာတွေသာ ဖြစ်တာကြောင့် အပြင်ဘက်လောကနဲ့ တူမတူမတိုက်ကြပါနဲ့ လုံးဝတူမှာမဟုတ်ပါဘူး။

ဥပမာ- ရှမ်းပြည်နယ်က အပြင်မှာလည်း တစ်ကယ်ရှိပြီး ficထဲမှာလည်း တည်ရှိနေတယ်ဆိုပြီး ထည့်ရေးထားတယ်ပေါ့နော် ဒါပေမယ့် ficထဲက ရှမ်းပြည်နယ်မှာ ခရာနွယ်ရာဇဝင် ရှိခဲ့ပေမယ့် တကယ့်အပြင်ဘက်က ရှမ်းပြည်မှာ ခရာနွယ်က ရှိချင်မှရှိမှာပါ။

နောက်တစ်ခုက ခရာနွယ်ပုံပြင်ပါ။ ဒီထဲမှာ ထည့်ရေးထားတဲ့ အရမ်းလှတဲ့ အမျိုးသမီးလေး ခရာနွယ်အကြောင်းက KO လိုင်းသုံးရင်း fbပေါ်မှာ တံပိုးခရာနွယ်ပန်းကို အမှတ်မထင်တွေ့လိုက်လို့ ရေးဖို့အကြံရခဲ့တာပါ။

တံပိုးခရာနွယ်ပန်းရဲ့ အဓိပ္ပါယ်က - " ကမ္ဘာကြီးပြိုကျပျက်ဆီးသွားရင်တောင် ကိုယ်ကတော့ မင်းကိုပဲစောင့်နေမယ် "  တဲ့

လိုရင်းကိုပြန်သွားရရင် ခရာနွယ်ပုံပြင်ဟာလည်း တံပိုးခရာနွယ်ရဲ့ အဓိပ္ပါယ်ပေါ်လွင်အောင်လို့ KO ဖန်တီးထားတဲ့အရာ တစ်ခုသာသာပါ။ အဲ့တာကြောင့် fic ထဲမှာ တံပိုးခရာနွယ်ရဲ့ အဓိပ္ပါယ်တစ်ခုထဲကသာ အမှန်တစ်ကယ်ဖြစ်ပြီး ကျန်တာက KOဖန်တီးထားတဲ့ အရာတွေဖြစ်ကြောင်းပါလို့ ပြောချင်လို့ပါ။ တော်ကြာခရာနွယ်ရာဇဝင်က အပြင်မှာတစ်ကယ်ရှိတယ် ထင်နေကြမှာဆိုးလို့ပါ။ နားမလည်ရင်  ကျွန်တော့်ကို လာမေးလို့ရပါတယ်။

ဒါကတော့ တံပိုးခရာနွယ်ပန်းရဲ့ပုံပါ

___________________________________

[Zawgyi]

" Hello daddy "

" ကာစီႏိုဝိုင္းက စာရင္းေတြကို mail ပို႔ထားတယ္။ စစ္ၾကည့္ၿပီး ျပန္မြန္းမံရမယ့္ ေနရာေတြကို ဒီေန႔မကုန္ခင္ အကုန္ျပန္တင္ျပ "

" ဒါေပမယ့္ ကြၽန္ေတာ္ ဒီေန႔ခ်ိန္းထားတာရွိတယ္ "

" ျဖစ္ႏိုင္ရင္ daddy ကအဲ့စာရင္းေတြကို အခုေတာင္လိုခ်င္ေနတာ။ သိတဲ့အတိုင္း daddy  အခ်ိန္ေတြက မေလာက္ဘူးေလ သားဘက္မွာလည္း အလုပ္ေတြနည္းနည္းပါးေနတာပဲ မဟုတ္လား "

" သိပါၿပီ ဒီညေနအၿပီးလႊဲေပးလိုက္မယ္ "

လက္ကိုင္ဖုန္းက ရွင္းရဲ႕ ဆိုဖာေပၚပစ္တင္လိုက္သည့္အရွိန္ေၾကာင့္ ပုံပ်က္ပန္းပ်က္ ျပဳတ္က်သြားခဲ့ေလသည္။ေလေျပညႇင္းနဲ႔ စကားေျပာေနတဲ့ ကိုးလ္ကို လွမ္းၾကည့္လိုက္ခ်ိန္တြင္ ရွင္းရဲ႕ စိတ္ထဲက ျပႆနာမီးေတာက္မ်ားက ခ်က္ခ်င္းေျပၿငိမ္းသြားခဲ့သည္။

" တစ္ကယ္ပဲ ဒါကဘယ္လို ခံစားခ်က္မ်ိဳးလဲ....သူ႔မ်က္ႏွာေလး ျမင္လိုက္ရ႐ုံနဲ႔ အဆင္မေျပမႈေတြအားလုံး ေမ့ေပ်ာက္သြားတယ္ "

ကိုးလ္ရဲ႕ တခစ္ခစ္ရယ္သံေလး ေပၚထြက္လာခ်ိန္တြင္ ရွင္းကလည္း အတူတကြ လိုက္ပါၿပဳံးေနမိေလသည္။ သူကိုယ္တိုင္ေတာင္ မရိပ္မိလိုက္ခင္ အခ်ိန္ေလးမွာေပါ့။

ရွင္းရဲ႕အရိပ္က စကားလက္ဆုံက်ေနေသာ လူႏွစ္ေယာက္ထံ အုပ္မိုးသြားခ်ိန္တြင္ ႏွစ္ေယာက္လုံး တစ္ၿပိဳင္နက္ ေမ့ၾကည့္လာၾကေလသည္။

" ကိုးလ္ ကိုယ္အေရးႀကီး အလုပ္ေလးေပၚလာလို႔ မနက္ျဖန္မွ ကိုယ္နဲ႔အတူ အျပင္သြားၾကမလား "

" ရတယ္ေလ "

"စိတ္မပူပါနဲ႔ ကိုးလ္မပ်င္းရေအာင္ ေလေျပ ဂ႐ုစိုက္ထားလိုက္မယ္ "

" အင္း .....ဒါနဲ႔ ကိုကို ေလေျပကဒ္ထဲကို မုန္ဖိုးထပ္ျဖည့္ေပးထားတယ္ ကုန္ေအာင္သုံးဖို႔ မေမ့နဲ႔ "

" အာ...ဟိုတစ္ပါတ္က ေပးထားတာေတြေတာင္ မကုန္ေသးဘူး "

ေလေျပရဲ႕ ဆံပင္ကို ရွင္း ဆြဲဖြလိုက္တဲ့အခါ ဆံသားမ်ားက လက္ၾကားထဲ လွ်ိဳဝင္ကုန္ၾကေလသည္။

" ဟုတ္သားပဲ ကိုးလ္အတြက္ေကာ "

" ကြၽန္ေတာ္က မလိုပါဘူး "

" ကိုးလ္က က်ေတာ့ ကိုယ္ရွိရင္ရၿပီ‌ ....ကိုးလ္လိုခ်င္တာ မွန္သမွ် ကိုယ္ကိုယ္တိုင္ လိုက္ရွင္းေပးမယ္။ ကိုယ္က ကိုးလ္ရဲ႕ black card ပဲေလ "

" ေအာ္ ! "

ေလေျပညႇင္းမွာ သူမအစ္ကိုအား ေခါင္းတခါခါျဖင့္ မ်က္ႏွာလႊဲလိုက္ၿပီး ရႈတ္မဲ့ေနတဲ့ သူမမ်က္ႏွာကို ဘယ္သူမွမျမင္ေအာင္ ႀကိဳးပမ္းလိုက္သည္။

ေနာက္တစ္ေန႔မနက္ပိုင္း ၈ နာရီေလာက္တြင္ ေလေျပရွင္းက ကိုးလ္ရဲ႕ အခန္းတံခါးကို တက္ႂကြမႈမ်ားအျပည့္ျဖင့္ ဆည္းလည္းသံေလး ထြက္ေအာင္ တီးေခါက္လိုက္သည္။ တုန႔္ျပန္လာသည့္ တံခါး၏ေနာက္ကြယ္တြင္ ရွင္း ေစာင့္ဆိုင္းသူ အမ်ိဳးသားမွာ ပန္းပြင့္တစ္ေထာင္ မ်က္ႏွာငယ္ေစမည့္ အၿပဳံးမ်ိဳးျဖင့္ စီးႀကိဳေနသည္။

" အဆင္သင့္ျဖစ္ၿပီလား "

" အင္း "

" အရင္တစ္ေခါက္က ပင္လယ္ဘက္ကို သြားထားတာဆိုေတာ့ ကိုယ္တို႔ ဒီတစ္ခါ ေတာင္တန္းေတြဘက္ကို သြားၾကတာေပါ့ "

" အင္း "

ႏွစ္ေယာက္လုံး ကားနဲ႔ထြက္ခြာသြားခ်ိန္တြင္ ေလေျပညႇင္းတစ္ေယာက္သာ အိမ္ေစာင့္အျဖစ္ က်န္ရစ္ခံခဲ့ရေလသည္။ တစ္ခ်ိန္တည္းမွာပင္ အိမ္ျပင္ခိုးထြက္ၿပီး လြတ္လြတ္လပ္လပ္ေနခ်င္တဲ့ သူမရဲ႕ မဟာအႀကံအစည္ကို စတင္အေကာင္အထည္ ေဖာ္ထုတ္ေတာ့သည္။

ကားေပၚမွာ ပင္ပန္းလြန္းလို႔ ကိုးလ္က အရင္အိပ္ေပ်ာ္သြားၿပီး ေလေျပရွင္းတစ္ေယာက္ထဲသာ တိတ္ဆိတ္ေနတဲ့ ခရီးကို ျဖတ္သန္းခဲ့ရျပန္ေလသည္။အသားကုန္ေမာင္းႏွင္ခဲ့ၿပီး ညလည္ေလာက္အေရာက္တြင္ " ခရာႏြယ္ " ေတာင္တန္းေတြရွိရာ ရွမ္းျပည္နယ္ကို ေရာက္ရွိခဲ့ေလၿပီ။

" ကိုးလ္ ကိုယ္‌တို႔ေတြေရာက္ၿပီ "

" အမ္.....ဟုတ္လား "

" ပင္ပန္းေနၿပီလား ဒီမွာနည္းနည္းေအးတယ္ '

" ရပါတယ္ "

" ကိုယ္ ေဟာ္တယ္ကို ဘိုကင္လုပ္ၿပီးသြားၿပီ။ အထဲေရာက္မွ ေအးေဆးထပ္အိပ္ေတာ့ ဟုတ္ၿပီလား "

" အင္း "

မ်က္လုံးမ်ားကို ပြတ္သပ္လိုက္ရင္း ကိုးလ္က ျပန္ေျဖေလသည္။

ရွင္းက ႏွစ္ေယာက္ခန္းတစ္ခန္းကို ယူခဲ့တာျဖစ္သည္ကိုသာ သတိထားမိလိုက္ၿပီး က်န္သည့္ကိစၥမ်ားက ကိုးလ္ေခါင္းထဲ ဝင္ေရာက္မလာခဲ့ေတာ့ေပ။ ပင္ပန္းသည့္ ဒဏ္ႏွင့္ကားမူးသည့္ အရွိန္တို႔ကိုေပါင္းလ်က္ ကိုးလ္က ကုတင္ေပၚတက္လိုက္ခ်င္း ခ်က္ခ်င္းအိပ္ေပ်ာ္သြားခဲ့သည္။

တစ္ခဏေလးအတြင္းမွာတင္ မ်က္လုံးထဲတိုးဝင္ဖို႔ ခြင့္ေတာင္းေနေသာ ေနေရာင္ျခည္ေႏြးပ်ပ်ေလးက ကိုးလ္ကို အိပ္ယာထဖို႔ ႏႈိးေနသေယာင္ပင္။ အေနအထားအား ဆန႔္က်င္ဘက္သို႔ လွည့္လိုက္သည့္အခါ အိစက္သည့္ ကုတင္ေမြ႕ယာေၾကာင့္ ကိုးလ္ရဲ႕ ခႏၶာကိုယ္က အထဲဣောကိုနစ္ျမဳပ္သြားခဲ့သည္။ ခႏၶာကိုယ္ေပၚက ေပါ့ပါးေသာ ဝတ္စုံကို ဂ႐ုမစိုက္မိခင္ မိမိေရာက္ရွိေနသည့္ ေနရာအား အာ႐ုံမစိုက္မိခင္ မ်က္ေတာင္ရွည္မ်ား ဖုံးအုပ္ထားေသာ မ်က္ဝန္းမ်ားကို ဖြင့္လွစ္လိုက္ခ်ိန္ ပထမဆုံးဝင္လာသည့္ အေတြးမ်ားမွာ -

" ငါခဏေလးပဲ မ်က္လုံးမွိတ္လိုက္တာပါ ျပန္ဖြင့္လိုက္ေတာ့ မိုးေတာင္လင္းေနၿပီလား ! "

ခႏၶာကိုယ္ေပၚအၾကည့္ေရာက္သြားခ်ိန္တြင္ ညအိပ္ဝတ္စုံအနက္ေရာင္က အက်အနေနရာယူေနသည္အား ေတြ႕လိုက္ရသည္။ မွတ္မိသေလာက္ဆိုလွ်င္ သူဟာမေန႔ညက ေရေတာင္မခ်ိဳးဘဲ အိပ္ေပ်ာ္သြားခဲ့ရျခင္းျဖစ္သည္မွာ ေသခ်ာသည္ထက္ ဟိုဘက္ကမ္းေတာင္ လြန္ေပမည္။ မနက္ေရာက္လာခ်ိန္တြင္ မေန႔ကအက်ႌနဲ႔မတူေတာ့ေပ ျဖစ္ႏိုင္ေခ်ရွိသည့္ တစ္ခုတည္းေသာအေတြးမွာ ရွင္းက သူ႔ကိုလဲေပးထားျခင္းပင္။

ကိုးလ္ရဲ႕ မ်က္ႏွာက တမုတ္ခ်င္းပင္ နီရဲလာရၿပီး ေအာက္ႏႈတ္ခမ္းကို ကိုက္လ်က္ ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္လိုက္ေသာ္လည္း ရင္ဘတ္ထဲက ႏွလုံးခုန္သံကိုေတာ့ မထိန္းခ်ဳပ္ႏိုင္ခဲ့ေပ။ တံခါးဖြင့္သံတစ္သံနဲ႔အတူ ေရခ်ိဳးခန္းထဲက ထြက္လာေသာ ရွင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္မိၾကေလသည္။

" ႏိုးလာၿပီလား "

" အင္း ကြၽန္ေတာ္ ေရသြားခ်ိဳးလိုက္ဦးမယ္ "

" ေကာင္းၿပီ ကိုယ္ ကိုးလ္အဆင့္သင့္စားလို႔ရေအာင္ မနက္စာ ႀကိဳမွာထားလိုက္မယ္ အခန္းထဲမွာပဲ စားၾကတာေပါ့ "

" အင္း "

ေခါင္းညိတ္လ်က္ ျပန္ေျဖလိုက္ရင္း ကိုးလ္က ေရခ်ိဳးခန္းထဲ တန္းတန္းမတ္မတ္ေျပးဝင္သြားေတာ့သည္။

ေလေျပရွင္းရဲ႕ ခပ္သဲ့သဲ့ရယ္သံေလး ၾကားလိုက္ရတဲ့အခါ ကိုးလ္ရဲ႕ နက္႐ြက္ဖ်ားမ်ားအား ပိုလို႔နီလာေစေလသည္။

ကိုးလ္ေရခ်ိဳးခန္းထဲကေန အဝတ္အစားလဲၿပီး ျပန္ထြက္လာခ်ိန္တြင္ ျမင္လိုက္ရသည့္အစားအေသာက္မ်ားေၾကာင့္ ကိုယ့္ကိုကိုယ္ပင္ ထိန္းခ်ဳပ္မႈမ်ား လြတ္ထြက္သြားခဲ့ေတာ့သည္။ အေရာင္အေသြးစုံလင္ၿပီး ၾကည့္လိုက္႐ုံျဖင့္ အဆင့္အတန္းျမင့္မားမည္ဟုထင္ရေသာ ထိုအရာမ်ားေၾကာင့္ ကိုးလ္ရဲ႕လက္မ်ားက စားပြဲေပၚမွာပဲ ႀကိမ္ဖန္မ်ားစြာ ကူးလူးျဖတ္သန္းေနခဲ့သည္မွာ မရပ္မနား။

ရွင္းက " နင္မယ္ " ဟူေသာ စကားတစ္ခြန္းႏွင့္ ေရထည့္ေပးလာခ်ိန္တြင္ အနည္းငယ္ရွက္႐ြံ႕သြားေသာ မ်က္ႏွာက တမႈတ္ခ်င္းနီရဲလာျပန္သည္။

အားလုံးစားေသာက္ၿပီးသြားခ်ိန္မွ ကိုးလ္က သူတို႔ေရာက္ေနေသာ အခန္း၏ပုံပန္းသဏၭာန္ႏွင့္ ပတ္ဝန္းက်င္ကို သတိထားမိေလသည္။ အခန္းက ႏွစ္ေယာက္ခန္းတစ္ခန္းျဖစ္ၿပီး ဧည့္ခန္းရယ္ ၊တစ္ေယာက္အိပ္ ကုတင္ႏွစ္ခုရယ္ ေရခ်ိဳးခန္းအိမ္သာရယ္ ၊အဝတ္အစားလဲခန္းရယ္ႏွင့္ ႐ိုး႐ိုးရွင္းရွင္းပင္။ ေဘးပတ္ပတ္လည္တြင္ ဝါက်င့္က်င့္အေရာင္ေရာေနေသာ အျဖဴဘက္သြားသည့္ လိုက္ကာမ်ားက ဝန္းရံေနသည္။ တစ္ခုေလာက္ဆြဲဖြင့္လိုက္ပါလွ်င္ မွန္သားအျပည့္ျဖင့္ ေဖာက္ထြင္းျမင္ႏိုင္ေသာ နံရံတစ္ခုက စီးႀကိဳေနၿပီး အျပင္ဘက္က ပတ္ဝန္းက်င္အား တစ္သားတည္းခံစားရေစသည္။

" ေတာ္ေတာ္ လွတာပဲ "

" သေဘာက်လား "

" အင္း "

ဝရံတာဘက္ ကိုးလ္ေျခလွမ္းခ်လိုက္ခ်ိန္တြင္ ေအးစက္စက္ေလထုက လႊမ္းၿခဳံလာတာေၾကာင့္ ခႏၶာကိုယ္က မသိမသာတုန္လႈပ္သြားေသာ္လည္း ျမဴေတြၾကားမွာ မရပ္မနားထိုးေဖာက္ေနတဲ့ ေရာင္ျခည္တန္းေလးေၾကာင့္ အထဲျပန္ဝင္ဖို႔ရာ မစဥ္းစားမိခဲ့ေပ။ တစ္သက္နဲ႔တစ္ကိုယ္ ဒီလိုအသက္ဝင္ေနတဲ့ ပန္းခ်ီကားတစ္ခ်ပ္အား မ်က္ျမင္ကိုယ္ေတြ႕ ျမင္ဖူးခဲ့ျခင္း မရွိတာေၾကာင့္ ကိုးလ္အေနျဖင့္ မ်က္ေတာင္ခတ္လိုက္ခ်ိန္ ကြယ္ေပ်ာက္သြားသည့္ စကၠန႔္စိတ္၏တစ္ပိုင္းေလးကပင္ ႏွေမ်ာတသျဖစ္စရာေကာင္းလွသည္ဟု ေတြးထင္မိေသာေၾကာင့္ သူဟာမ်က္ေတာင္တစ္ခ်က္မွပင္ မခတ္မိခဲ့ေခ်။ ၾကာလာသည့္အခါ မ်က္ဝန္းမ်ားက စပ္လာကာ ေဝဒနာအားခံစားရသည္အထိ ကိုးလ္က ေခါင္းမာစြာ ေတာင့္ခံခဲ့သည္။

အေနာက္ဘက္က ေျခသံတိုးဖြဲဖြဲေလးနဲ႔ တံခါးဆြဲဖြင့္လိုက္ေသာ အသံၾကားလိုက္ရတဲ့အခါ ကိုးလ္က ဘယ္သူလဲဆိုတာ ေသခ်ာသိေနသည့္အတြက္ အေနာက္လွည့္မၾကည့္မိခဲ့ေပ။ သို႔ေသာ္ျငား ပုခုံးေပၚေရာက္လာေသာ ေစာင္အပါးတစ္ထည္ေၾကာင့္ ကိုးလ္ရဲ႕ အျမင္အာ႐ုံအလုံးစုံသည့္ ေလေျပရွင္းထံ အေျခစိုက္သြား‌ေတာ့သည္။

" ေအးေနတုန္းပဲ ေနမေကာင္းမျဖစ္ေစနဲ႔ "

ရွင္းႏႈတ္ဖ်ားမွ ေႏြးေထြးစြာ ထြက္လာေသာ စကားျဖစ္ေလသည္။

" ဒီေနရာက အရမ္းလွတာပဲ ေတာင္တန္းေတြက တင္စားလို႔မမွီေအာင္ လွတယ္ဆိုတာသိေပမယ့္ ကြၽန္ေတာ္ ရွင္းနဲ႔အတူသြားခဲ့တဲ့ ပင္လယ္ကို ပိုသေဘာက်တယ္.....ကြၽန္ေတာ္တို႔ရဲ႕ ပထမဆုံး ခရီးေလးေလ "

" ေကာင္းၿပီ ကိုယ္တို႔ေနာက္တစ္ေခါက္ ထပ္သြားၾကတာေပါ့ "

" အင္း....ဒါနဲ႔ကြၽန္ေတာ္ ငယ္ငယ္က သိခဲ့တဲ့မိဘမဲ့ ေဂဟာတစ္ခုရွိတယ္ ရွင္းကို ေခၚသြားခ်င္တယ္ "

" ေကာင္းၿပီေလ "

" မဟုတ္ဘူး ရွင္း‌ ေသခ်ာေပါက္ လိုက္ခဲ့ရမယ္....ကြၽန္ေတာ္ ငယ္ငယ္က ဘယ္လိုလူမ်ိဳးျဖစ္ခဲ့တယ္ဆိုတာ ရွင္းကို သိေစခ်င္တယ္ "

" မင္းနဲ႔ ပက္သက္သမွ်အရာအားလုံး ကိုယ္သေဘာက်ပါတယ္ "

" ကြၽန္ေတာ္လည္း အဲ့လိုျဖစ္ဖို႔ေမွ်ာ္လင့္ပါတယ္ "

ကိုးလ္ရဲ႕အသံက တိမ္ဝင္ကာ ဝမ္းနည္းဖြယ္ေကာင္းေနေၾကာင္းကို ရွင္းက ခ်က္ခ်င္းတန္းသိသြားေလသည္။

" မစိုးရိမ္ပါနဲ႔ ကိုယ္မင္းအနားမွာရွိေနရင္ ဘာမွမျဖစ္ေစရပါဘူး  "

" အခုခ်ိန္မွာ အဲ့တာေတြ မေတြးၾကရေအာင္ပါ။ ကြၽန္ေတာ္ေလ ေသခ်ာေပါက္ ရွင္းကို မိဘမဲ့ေဂဟာ ေခၚသြားခ်င္တယ္....ေသခ်ာေပါက္ ရွင္းက မလိုက္ႏိုင္ေတာ့ဘူးဆိုတာ သိေပမယ့္လဲေပါ့ "

" ကိုယ္လိုက္ခဲ့မွာပါ....ကိုးလ္က ဒီေလာက္ေတာင္ ေခၚသြားခ်င္ေနတာ အရမ္းထူးျခားတဲ့ေနရာျဖစ္မယ္ဆိုတာ ကိုယ္ေျပာရဲတယ္ "

" ရွင္း မလိုက္ႏိုင္ဘူးေလ "

" ဟမ္ "

ကိုးလ္ရဲ႕ စကားမ်ားက ေသခ်ာေပါက္ ေလေျပရွင္းဟာ သူနဲ႔အတူမလိုက္ႏိုင္ဟု ယုံၾကည္ထားေသာေၾကာင့္ ရွင္း ခမ်ာ ဝမ္းနည္းသြားရရွာေလသည္။

" ရွင္းက ပုံမွန္ထက္အလုပ္မ်ားတဲ့လူမလား "

ထပ္ျဖည့္စြက္၍ ကိုးလ္ေျပာလာသည့္ စကားတစ္ခြန္းပါပင္။

" အဝတ္အစားသြားလဲေတာ့ ကိုယ္တို႔ခရီးေလးကို အႀကိဳးရွိရွိျဖတ္သန္းရေအာင္ "

" အင္း "

အမိန႔္နာခံစြာ ကိုးလ္က အထဲျပန္ဝင္သြားၿပီး ဝါက်င့္က်င့္ေရာင္သန္းေနေသာ Hoodie အပြတစ္ထည္နဲ႔အတူ မဆိုသေလာက္ေလး ပြေယာင္းေနေသာ အသားေရာင္ေဘာင္းဘီ တစ္ထည္အား ေျပာင္းလဲဝတ္ဆင္ထားေလသည္။

ေလေျပရွင္းမွာေတာ့ျဖင့္ ေျခမ်က္စိအထက္နားေလာက္ထိရွည္ေသာ အညိဳေရာင္ long-coat တစ္ထည္သည္ ျမင္ေနက်ပုံစံျဖင့္ ကြဲထြက္ကာ ဝတ္ဆင္ထားေသာ္လည္း အေတာ္ေလး လိုက္ဖက္သည္ဟု ဆိုရေပမည္။ အထဲက အျဖဴေရာင္အက်ႌလက္ရွည္နဲ႔ စြတ္စြတ္ျဖဴေနတဲ့ ေဘာင္းဘီရွည္တို႔ေၾကာင့္ ရွင္းက အျပင္ဘက္မွာ က်ဆင္းေနေသာ ျမဴေတြနဲ႔ထင္ယိုးမွားဖြယ္ႏိုင္ရာ ျဖစ္ေနေတာ့သည္။

" ၿပီးၿပီလား "

ကိုးလ္က ၿပဳံးျပလာသည္အားျမင္ေသာ္ ရွင္းက ဆက္ေျပာလာခဲ့သည္။

" သြားၾကမယ္ "

ခရာႏြယ္ေတာင္တန္းေတြဟု ေခၚဆိုရျခင္းအေၾကာင္းအရင္းမွာ ထူးဆန္းသည့္ ပါးစပ္ေျပာ ဒ႑ာရီတစ္ပုဒ္ကို အေျခခံထားျခင္း ျဖစ္ေလသည္။

တစ္ခါက ရွမ္းျပည္နယ္ရဲ႕ ႐ြာတစ္႐ြာမွာ အလြန္လွပတဲ့ မိန္းကေလးတစ္ဦး ရွိခဲ့ဖူးေလသည္။ ေသခ်ာေပါက္ ႐ြာရဲ႕ ဓေလ့ထုံးတမ္းအစဥ္အလာေတြထဲက တစ္ခုမွာ မိမိတို႔နဲ႔ မ်ိဳးႏြယ္တူနဲ႔သာ လက္ထပ္ခြင့္ရွိၿပီး ျပင္ပေသြးေႏွာလက္မခံသည့္ ကိစၥရပ္ပင္။ သူမရဲ႕အလွဂုဏ္သတင္းက ေက်ာ္ေဇာလြန္းတာေၾကာင့္ ေဘးပတ္ပတ္လည္က ႐ြာသားမွန္သမွ်က သူမကို လက္ထပ္ႏိုင္ဖို႔ အသည္းအသန္ ယွဥ္ၿပိဳင္လုယက္ၾကသည္အထိ လွရက္ႏိုင္လြန္းသူျဖစ္သည္။ သို႔ေသာ္ျငား သူမရဲ႕ ဇာတ္သိမ္းကေတာ့ လွလွပပ ဇာတ္မသိမ္းႏိုင္ျခင္း မရွိခဲ့ေပ။

ထိုမိန္းမပ်ိဳေလး၏ နာမည္သည္ကား နန္းခရာႏြယ္ဟု အမည္တြင္ၿပီး သူမ၏ အလွအပသည္ကား ေသေစႏိုင္သည့္ လက္နက္တစ္ခုျဖစ္ခဲ့ေလသည္။ ထိုလက္နက္က ထက္ရွလြန္းတာေၾကာင့္ သူမကိုယ္တိုင္ပင္ အႏၲရာယ္က်ေရာက္ခဲ့သည္ အထိပင္။

ပယင္းေရာင္သန္းေနေသာ မိန္းမပ်ိဳေလး၏ မ်က္ဝန္းသည္  ေႁမြတစ္ေကာင္၏ ညႇိဳ႕ယူႏိုင္စြမ္းေတြနဲ႔ ျပည့္ႏွက္ေနခဲ့ၿပီး ရွည္လ်ားေကာ့ၫြတ္သည့္ မ်က္ေတာင္ရွည္မ်ားက တံစၿမိတ္က ဓနိဖ်ားေလးအတိုင္း ခပ္စိပ္စိပ္ျဖင့္ ေနရာယူျဖန႔္က်က္ေနခဲ့သည္။ ျဖဴေဖြးသည္ဟု ဆိုရာထက္ ဝင္းဝါေနေသာ အသားအရည္ေၾကာင့္ ခရာႏြယ္က တစ္မူထူးေနျခင္းျဖစ္ကာ အျပစ္ဆိုဖြယ္ရာမရွိေသာ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ အရပ္အေမာင္းက သူမအလွကို က်က္သေရတိုးေစသည္။ ႐ိုးရာဝတ္စုံ မိုးျပာေရာင္အား ဆင္ျမန္းထားလ်က္ သူမကို ျမင္ေတြ႕လိုက္ရတိုင္းတြင္ လူတိုင္း၏ အျမတ္တႏိုးတန္ဖိုးထားသည့္ အၾကည့္မ်ားဟာ သူမကိုယ္ေပၚမွာ အတိုင္းသား။

ျပႆနာအစတိုင္းသည္ မကိုးကြယ္ထိုက္ေသာ အခ်စ္က စတင္ခဲ့သည္ႀကီးသာ။ ႐ြာ၏ အဖိုးမျဖတ္ႏိုင္ေသာ မိန္းကေလးသည္ အလည္လာေသာ နယ္ေျမျခားက အမ်ိဳးသားႏွင့္ ခ်စ္ကြၽမ္းဝင္ခဲ့ေလသည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ခရာႏြယ္နဲ႔ခ်စ္သူေယာက္်ားေလး၏ အခ်စ္တို႔က ပိုမိုခိုင္ၿမဲလာခဲ့ၿပီး လက္ထပ္ဖို႔ႀကံ႐ြယ္အထိ ျဖစ္လာၾကေလေတာ့သည္။

သို႔ေသာ္ျငား ကမာၻေပၚမွာ ေျဖာင့္ျဖဴးေသာ အခ်စ္ခရီးလမ္းဆိုတာ ရွိပါမည္တဲ့လား။ အခ်စ္ဟူသည္ ခေယာင္းလမ္းနဲ႔ခင္းၿပီး မ်က္ရည္မ်ားႏွင့္ပ်ိဳးထားေသာ စက္ဆုတ္ဖြယ္ မရဏလမ္းတစ္ခုသာ။

႐ြာသားမ်ားက သူမ၏ အခ်စ္ေရးကို သိရွိသြားၾကၿပီးသည့္အခါ စကၠန႔္မလပ္ပင္ လူငယ္ႏွစ္ဦး၏ အခ်စ္ေရးကို ခံစားခ်က္မဲ့သည့္ စကားမ်ားျဖင့္ အစိမ္းလိုက္ခြဲရန္ ႀကိဳးစားၾကေပေတာ့သည္။

" နန္းခရာႏြယ္ နင္မသိေလေရာလား ငါတို႔ရဲ႕႐ိုးရာကို ေဖာက္ဖ်က္တာလား "

" ကြၽန္မသိတယ္....ဒါေပမယ့္ ကြၽန္မသူတစ္ေယာက္ထဲကိုပဲ ခ်စ္တယ္ ....သူေရာ သူေရာ "

သူမအနားတြင္မရွိေလေသာ ခ်စ္သူကို ျပာေဝေနေသာအသံမ်ားျဖင့္ ေခၚတြင္ေနခဲ့ပုံမွာ သနားခ်င့္စဖြယ္ေကာင္းလြန္းလွ၏။

ဝမ္းနည္းမ်က္ရည္မ်ားျဖင့္ အေမျဖစ္သူ၏ အဝတ္စကိုေျမျပင္ေပၚမွ အားကိုးတႀကီး လွမ္းကိုင္လိုက္ခ်ိန္တြင္ ထိုလက္ဟာ ခ်က္ခ်င္းပုတ္ခ်ခံလိုက္ရသည္။ ထို႔ျပင္ သူမကို သနားငဲ့ညႇာစြာျဖင့္ ေပးကမ္းလိုက္ေသာ စကားတစ္ခြန္းမွာကား _

" သမီးမိုက္ !  "

" ဘာျဖစ္လို႔လဲ ဒါကြၽန္မဘဝေလ ကိုယ့္ဘဝေတာင္ ကိုယ့္စိတ္တိုင္းက် ဘာလို႔ဆုံးျဖတ္လို႔မရ,ရတာလဲ "

" ငါတို႔႐ြာသားျဖစ္ေနရင္ နင့္မွာ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ဆိုတာ မရွိရဘူး "

႐ြာ၏အႀကီးအကဲျဖစ္ေသာ လူတစ္ေယာက္က ခရာႏြယ္ရဲ႕စကားကို ျဖတ္ေျပာေလသည္။

" သူနဲ႔ေတြ႕ခ်င္တယ္ ရွင္တို႔သူ႔ကို ဘယ္ေခၚသြားလိုက္ၾကတာလဲ "

" အခုခ်က္ခ်င္း ေနဝင္တာနဲ႔ လက္ထပ္ဖို႔ျပင္ထား ။ ရွမ္းျပည္တစ္နယ္လုံးမွာရွိတဲ့ လူပ်ိဳေယာက္်ားေလးတိုင္း ပါဝင္ခြင့္ရွိတယ္။ အဲ့ဒီ့ထဲကတစ္ေယာက္နဲ႔ လက္ထပ္ကိုထပ္ရမယ္ "

" မဟုတ္ဘူး.....ငါလက္မထပ္ဘူး "

" သူ႔ကိုေခၚသြားလိုက္ၾက အခန္းထဲကအခန္းျပင္မထြက္ေစနဲ႔ "

အေဖျဖစ္သူ၏ အမိန႔္သံေအာက္တြင္ ခရာႏြယ္ဟာ မ်က္ရည္အဝိုင္းသားႏွင့္ ေျပာစရာစကားမ်ား ေပ်ာက္ရွသြားခဲ့ရသည္။

ေဘးပတ္ပတ္လည္က အလုံပိတ္ထားလ်က္ အလင္းေရာင္ဟူသည္ ထရံၾကားထဲမွ အတင္းကာေရာတိုးဝင္ေနေသာ အစက္အေပ်ာက္မ်ားသာရွိသည္။ အခန္းလြတ္ထဲတြင္ ေလရဲ႕သိပ္သည္းဆက အဆမ်ားစြာႀကီးမားေနသကဲ့သို႔ ခရာႏြယ္ဟာ တစ္ခ်က္ရႈိက္လ်က္ ငိုမိလိုက္တိုင္း အသက္ရႈပင္ၾကပ္လာရသည္။ တံခါးကိုအထဲကေနထု႐ိုက္လိုက္တိုင္း အျပင္ဘက္က ေသာ့ခေလာက္၏ တုန္ခါသြားသံကို ၾကားေနကာ စဥ္ဆက္မပ်က္ထု႐ိုက္ေနမႈသည္ လက္ဖဝါးျပင္တစ္ခုလုံး ပြန္းပဲ့ကာ ေသြးစို႔လာသည္အထိ ‌ဆိုး႐ြားလာမွ သူမက ရပ္တန႔္သြားခဲ့သည္။

" ရွင္ဘယ္မွာလဲ....ကြၽန္မရွင္နဲ႔ေတြ႕ခ်င္တယ္.....ကြၽန္မကို လာမရွာေတာ့ဘူးလားဟင္ "

ခရာႏြယ္ရဲ႕ ဝမ္းနည္းေၾကကြဲျခင္း အထိမ္းအမွတ္ျဖစ္သည့္ မ်က္ရည္မ်ားက ေမးေစ့မွတစ္ဆင့္ ၾကမ္းျပင္ေပၚျပဳတ္က်သြားခ်ိန္တြင္ ေနာက္ထပ္မ်က္ရည္စီးေၾကာင္းတစ္ခုက ငိုေႂကြးရန္အသင့္ျဖစ္ေနျပန္သည္။

သူမကပါးစပ္မွ " ရွင့္ကိုကြၽန္မေစာင့္ေနတယ္ "ဟူေသာ စာသားကိုသာ အဆက္မျပတ္ေရ႐ြတ္ေနခဲ့ၿပီး သိပ္လွတဲ့ေနဝင္ခ်ိန္က သူမအတြက္ နိမိတ္ဆိုးကို ဖန္တီးေပးသကဲ့သို႔ စက္ဆုတ္ဖြယ္ ေကာင္းေနခဲ့သည္။

ေနဝင္သည္ႏွင့္တစ္ၿပိဳင္နက္ အလုံပိတ္ထားေသာ အခန္းက ပြင့္လာၿပီး ခရာႏြယ္ကို သတိုးသမီးဝတ္စုံဆင္ျမန္းေပးလ်က္ အျပင္ကို ဆြဲေခၚသြားၾကေလသည္။ ေပ်ာ္႐ႊင္ကာ အလွဆုံးျဖစ္ေနရမည့္ သတိုးသမီးတစ္လက္သည္ မ်က္ရည္ေတြနဲ႔ ပႏွံသင့္ေနၿပီး ဈာပနအခမ္းအနားတက္ရသလို အသည္းခိုက္မတတ္ ငိုေႂကြးေနခဲ့သည္။

ေကာင္းကင္ေပၚကို ေမာ့ၾကည့္လိုက္တဲ့အခါ ေမွာင္ရီပ်ိဳးေနတဲ့ ပတ္ဝန္းက်င္က ခရာႏြယ္၏  ကံၾကမၼာဆိုးကို လက္ယက္ေခၚေနသလို။ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး ေပ်ာ့ေျပာင္းတဲ့ဆံႏြယ္ၾကားမွာ ထုံးဖြဲ႕ရစ္ေႏွာင္ထားသည့္ ဆံထိုးကို ဆြဲျဖဳတ္လိုက္တဲ့အခါ ေက်ာျပင္ထက္သို႔ ကပိုက႐ို က်ဆင္းလာကုန္ၾကသည္။

ခြၽန္ထက္သည့္ဆံထိုးကို လည္တိုင္ထက္ တင္လိုက္ၿပီး ေနာက္ဆုံးအသက္ကယ္ႀကိဳးမွ်င္အား ရွာေတြ႕လိုက္သကဲ့သို႔ သူမက ၿခိမ္းေျခာက္စကားဆိုလာခဲ့သည္။

" ငါလက္မထပ္ခ်င္ဘူး.....ငါလက္မထပ္ခ်င္ဘူး။ သူ႔ကိုေခၚလာခဲ့ မဟုတ္ရင္ ငါကိုယ့္ကိုကိုယ္ သတ္ေသလိုက္မယ္ "

လူအားလုံးက လႈပ္လႈပ္ရွားရွားျဖစ္သြားကာ အနားကပ္လာတာနဲ႔ သူ႔ကိုယ္သူ ထိခိုက္ေအာင္လုပ္ပစ္မယ္ဟူေသာ ခရာႏြယ္၏ စကားေၾကာင့္ ဘယ္သူမွအနားကပ္မလာရဲၾကေပ။ စက္ဝိုင္းသဖြယ္ဝိုင္းဖြဲ႕ထားေသာ လူေပါင္းမ်ားစြာအၾကားတြင္ အမ်ိဳးသားမ်ား ရာခ်ီေအာင္ပါဝင္ေသာ္လည္း သူမရွာေနသည့္ ေယာက္်ားကိုေတာ့ မေတြ႕ခဲ့ေပ။

" သူေကာ....သူ႔ကိုေတြ႕ခ်င္တယ္....သူဘာလို႔ ကြၽန္မကိုလာမေခၚရတာလဲ "

" သူမရွိေတာ့ဘူး ....သူျပန္မလာေတာ့ဘူး "

လူအုပ္ထဲက ထြက္လာေသာ အသံတစ္သံေၾကာင့္ ခရာႏြယ္၏ ငိုေႂကြးျခင္းမ်ား ရပ္တန႔္သြားကာ ပယင္းေရာင္မ်က္ဝန္းမ်ားက ေသြးေၾကာမ်ားေထာင္ေနလ်က္ အနီေရာင္အျဖစ္ကို ကူးေျပာင္းသြားေလေတာ့သည္။

" ဘာျဖစ္လို႔လဲ "

" ......... "

ေနာက္ထပ္ဘယ္သူမွ ျပန္ေျဖမလာခဲ့ေတာ့ေပ။

ထိုျဖစ္ရပ္အၿပီးတြင္ အားလုံးက ခရာႏြယ္ကို အတင္းအၾကပ္လက္ထပ္ဖို႔ မတိုက္တြန္းေတာ့ေသာ္လည္း ေသြးေႏွာနဲ႔လက္ထပ္မွာကိုလည္း ခြင့္မျပဳခဲ့ေပ။

သူမက ႐ြာထိပ္ကေတာင္ေပၚတြင္ အိမ္တစ္လုံးေဆာက္လိုက္ၿပီး ေန႔စဥ္မပ်က္ သူမခ်စ္သူျပန္လာမွာကို ျပတင္းေပါက္တစ္ဆင့္ ေစာင့္ဆိုင္းေနခဲ့သည္။ ထိုေနရာမွ လွမ္းၾကည့္လိုက္ပါလွ်င္  ျမင္ကြင္းအားလုံးကို ရွင္းရွင္းလင္းလင္းျမင္ရၿပီး ႐ြာထဲကိုသြားမည္ဆိုပါက သူမအိမ္ကို ပထမဆုံး ေက်ာ္ျဖတ္ရမည္ေပ။

သို႔ေသာ္ ႏွစ္ေတြသာအလီလီေျပာင္းသြားၿပီး ပန္းေတြသာညႇိဳးငယ္သြားခဲ့ရသည္ သူမခ်စ္ေသာအမ်ိဳးသားက တစ္ခါေလးမွျပန္လာမေတြ႕ခဲ့ေပ။ ခရာႏြယ္က တစ္ႀကိမ္ေလာက္ေတာ့ျဖစ္ျဖစ္ ရည္းစားျဖစ္သူ၏မ်က္ႏွာကို ျပန္ေတြ႕ႏိုင္လိမ့္မည္ဟု ယုံၾကည္ထားခဲ့ေသာ္လည္း အခ်ိန္အတိုင္းအတာတစ္ခုအၾကာတြင္ ထိုယုံၾကည္ခ်က္ေလးသည္လည္း ပ်က္သုန္းသြားခဲ့ရသည္။

" ရွင္ ျပန္မလာေတာ့ဘူးလားဟင္.....ကြၽန္မကို ျပန္လာမေတြ႕ေတာ့ဘူးလား....ကြၽန္မကို နည္းနည္းေလးေတာင္ သတိမရ‌ေတာ့ဘူးလား။ "

အလြန္တရာလွပသည့္ မ်က္ေတာင္ဖ်ားက မ်က္ရည္တစ္စက္ေၾကာင့္ စိုစြတ္သြားသည့္အခါ  ကဗ်ာစာဖြဲ႕မမွီေလာက္ေအာင္ တင့္တယ္ေသာ္ျငား အလွတရားပိုင္ရွင္မွာေတာ့ ပ်က္သုန္းသြားေသာ ေမွ်ာ္လင့္ခ်က္အတြက္ ကယ္တင္ရာေဆးဟူသည္ နတၳိျဖစ္ခဲ့ရသည္။

" ရွင္ ပန္းေတြကို သိပ္သေဘာက်တာပဲမလား။ ကြၽန္မက်ိန္ဆိုတယ္ ကြၽန္မအသက္ရွင္သမွ် ကာလပတ္လုံး ရွင့္ကိုေစာင့္ဆိုင္းေနမယ္ ေသဆုံးသြားခဲ့ရင္လည္း ကြၽန္မဝိညာည္က ရွင္တစ္ေယာက္ထဲအတြက္ပဲ။ ဒီ႐ြာမွာ ရွိသမွ်ပန္းေတြအကုန္ညႇိဳးၿပီး ကြၽန္မတစ္ေယာက္ထဲသာ ရွင့္လက္ထဲမွာ ပြင့္လန္းလာမယ့္ ပန္းတစ္ပြင့္ ျဖစ္ရမယ္။  "

ထိုစကားအား ႏွလုံးသားနဲ႔ဆိုၿပီးေသာ္ အလြမ္းေဝဒနာမွာ ကုရာေဆးမရွိေလသည့္အတြက္ ထိုေဝဒနာအား သည္းမခံႏိုင္ေတာ့သည့္အဆုံးတြင္ ခရာႏြယ္တစ္ေယာက္ ေသဆုံးျခင္းဟုအမည္တပ္ေသာ ၿငိမ္းခ်မ္းရာစက္ဝန္းထဲ အၿပီးတိုင္ေပ်ာက္ကြယ္သြားေလေတာ့သည္။

" သူေသဆုံးၿပီး 7 ရက္အၾကာမွာပဲ ႐ြာမွာ ထူးဆန္းတဲ့ပန္းေတြပြင့္လာတယ္။ တစ္ခါမွအဲ့လိုပန္းမ်ိဳး မပြင့္ဖူးဘူးေတာ့ ႐ြာသားေတြအကုန္လုံး တအံ့တဩျဖစ္ကုန္ၾကတာေပါ့။ ပန္းေတြက တစ္႐ြာလုံးရဲ႕ ေနရာတိုင္းမွာ ပြင့္ေနၾကတာ  ေတာင္ေျခေတြေရာ ေတာင္ေပၚေတြပါမက်န္အကုန္လုံးပဲ။ ေနာက္ေတာ့ ခရာႏြယ္ကိုအစြဲျပဳၿပီး တံပိုးခရာႏြယ္ဆိုၿပီးေခၚက်ရာကေန ေတာင္ပတ္ပတ္လည္မွာလည္း ထိုပန္းေတြကိုျမင္ရတာေၾကာင့္ ခရာႏြယ္ေတာင္တန္းေတြၿပီး ေခၚတြင္လာခဲ့ၾကတာ။ ‌႐ြာမွာတစ္ျခား ဘယ္ပန္းမွမပြင့္ေတာ့ဘဲ တံပိုးခရာႏြယ္ပန္းေတြနဲ႔ႀကီး ျပည့္ႏွက္ေနခဲ့တာ သူမရဲ႕ေနာက္ဆုံးက်ိန္စာကိုေတာင္ ျပန္အမွတ္ရမိေစတယ္။ "

" အာ ......ဒီလိုဆိုတအားသနားဖို႔ေကာင္းတာေပါ့ "

ကိုးလ္က စိတ္မေကာင္းျဖစ္ေနဟန္ျဖင့္ သမိုင္းေၾကာင္း ရွင္းျပေနေသာ ႐ြာခံတစ္ဦးကို ေျပာလိုက္ေလသည္။

" အဲ့ပန္းရဲ႕ အဓိပၸါယ္ကို ကြၽန္ေတာ္သိတယ္ "

တံပိုးခရာႏြယ္ပန္းအား လက္ညႇိဳးထိုးလိုက္ရင္း ကိုးလ္က ဆက္ေျပာလာခဲ့သည္။

" ဘယ္ေတာ့မွျပန္မလာတဲ့သူကို ကမာၻေျမတည္သမွ် ေစာင့္ဆိုင္းေနမယ္ " တဲ့

" မင္းက ဗဟုသုတႂကြယ္ဝသားပဲ "

" ဟီးဟီး.... ဒါေပမယ့္ ေနာက္ကြယ္မွာ ဒီလိုဝမ္းနည္းဖို႔ေကာင္းတဲ့ ဇာတ္လမ္းရွိမွန္းေတာ့ မသိခဲ့ဘူး "

သူေသဆုံးၿပီး ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ ခရာႏြယ္ရဲ႕ရည္းစားျဖစ္သူက လုံးဝျပန္မလာခဲ့ဘူး

" ဒီေလာက္လွတဲ့ရည္းစားကို ဘယ္လိုလူကမ်ား ထားရက္ခဲ့ႏိုင္တာလဲ "

" ျပန္လာလို႔မရေတာ့ႏိုင္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္ "

" ဗ်ာ ! "

" ဒါေတြက ကြၽန္ေတာ္တို႔ မျမင္ႏိုင္တဲ့ အတိတ္ကအေၾကာင္းအရာေတြပါ အမွန္တစ္ကယ္လည္း ျဖစ္ႏိုင္သလို ယုံတမ္းပုံျပင္ေတြလည္း ျဖစ္ႏိုင္တယ္ ဘယ္သူမွေသခ်ာမသိဘူး "

လမ္းျပနဲ႔ကိုးလ္က အျပန္အလွယ္စကားလက္ဆုံက်ေနတာေၾကာင့္ ေဘးကတစ္ေလွ်ာက္လုံး ပါဝင္ေနေသာ ရွင္းမွာ အပိုလူတစ္ေယာက္လိုပင္ ခံစားလာရေလသည္။ ထို႔ေၾကာင့္ ရွင္းက လမ္းျပအား ပညာသားပါပါ ပထုတ္လိုက္ၿပီး ကိုးလ္နဲ႔ႏွစ္ေယာက္ထဲ အခ်ိန္ျဖဳန္းရန္အတြက္ငွာ အႀကံအစည္တစ္ခု ဖန္တီးလိုက္ရသည္။

" ရွင္းေရာ ခရာႏြယ္ရဲ႕ ေကာင္ေလးက ဘာလို႔သူ႔ဆီျပန္မလာတာလို႔ထင္လဲ "

" ပုံျပင္ထဲက မသိေစခ်င္တဲ့ ပေဟဠိကို ဘာလို႔အေျဖရွာဖို႔ႀကိဳးစားေနတာလဲ "

" အာ ပေဟဠိဆိုတာ အေျဖရွာဖို႔ လုပ္ထားတာပဲမဟုတ္ဘူးလား "

ရွင္းက ႏွစ္လိုဖြယ္ေကာင္းေအာင္ ၿပဳံးလိုက္ၿပီး ကိုးလ္ရဲ႕ေခါင္းကို ပြတ္သပ္လိုက္သည္။

" ေကာင္းၿပီ ကိုယ္အရႈံးေပးပါတယ္ "

" ဒါဆို ရွင္း ေျပာၾကည့္ေလ "

" ကိုယ့္အထင္ေတာ့.... "

ရွင္းက ဦးေႏွာက္ထဲက ရွိသမွ်အႀကံဉာဏ္အားလုံးကို ညႇစ္ထုတ္ေနသည့္ ပုံစံမ်ိဳးလုပ္ျပလိုက္သည့္အခါ ကိုးလ္က စိတ္ဝင္တစားနဲ႔ နား႐ြက္မ်ားေထာင္ကာ နားစြင့္လာေလသည္။

" အရင္လည္ပတ္ၾကရင္ ပိုေကာင္းမယ္ထင္တယ္ "

" ဟင္း....ေကာင္းၿပီေလ "

ကိုးလ္ရဲ႕ စိတ္ပ်က္သြားေသာ အမူအယာေလးမွာ ရွင္းရဲ႕အၿပဳံးကို ပိုလို႔အသက္ဝင္လာေအာင္ ဖန္တီးေပးသည့္ အေၾကာင္းျပခ်က္ေကာင္း ျဖစ္ေပသည္။

ႏွစ္ေယာက္လုံး ထင္ေပၚေက်ာ္ၾကားေသာ ၿမိဳ႕ေပၚကေဈးထဲ လည္ပါတ္ၾကရန္ တိုင္ပင္လိုက္ၾကၿပီး ထိုအႀကံကို ခ်က္ခ်င္းအေကာင္အထည္ေဖာ္ရန္ ႀကိဳးပမ္းၾကေပေတာ့သည္။ နာမည္ႀကီး ရွမ္း႐ိုးရာအစားအစာေတြလည္းရွိသလို ႐ိုးရာပစၥည္းမ်ားႏွင့္ ေဈးကအေတာ္ေလး စုံလင္သည္ဟုေျပာရေပမည္။ မၾကာေသးခင္က မနက္စာ စားထားၿပီးသားျဖစ္ေသာ္လည္း ရွမ္းပဲျပဳတ္နံ႔က ႏွာေခါင္းထဲတိုးဝင္လာတဲ့အခါ ကိုးလ္က တစ္ဖန္ဗိုက္ျပန္ဆာလာေလသည္။

ရာသီဥတုက ေနေရာင္ပ်ပ်ေလးတစ္ခုသာ ေဆာင္က်ဥ္းေပးေနတာေၾကာင့္ အေအးဓာတ္က လုံးဝေလ်ာ့သြားျခင္းမရွိခဲ့ေပ။ ကိုးလ္ရဲ႕လက္ဖ်ားမ်ားက သိသိသာသာတုန္ယင္ေနခဲ့ၿပီး ႏွာသီးထိပ္ေလးနဲ႔ ႏွတ္ခမ္းမ်ားမွာကား ပန္းေရာင္မွတစ္ဆင့္ အနီေရာင္သန္းလုနီးပါး ကူးေျပာင္းေနခဲ့သည္။

ဆိုင္တစ္ဆိုင္မွ မာဖလာတစ္ထည္အား ဝယ္လိုက္ကာ ကိုးလ္ရဲ႕လက္ကိုဆြဲယူရင္း ႐ုတ္တရက္မို႔ လန႔္သြားေသာ ထိုလူသားကို ရွင္းက သူကိုယ္တိုင္အျမတ္တႏိုးဝယ္ထားေသာ ပစၥည္းကို ဆင္ျမန္းေပးလိုက္သည္။

" ရွင္း ဒါက "

" ဝတ္ထားလိုက္ "

" ရွင္းကေကာ "

" ကိုယ္က ကိစၥမရွိဘူး "

‌မာဖလာေၾကာင့္ ကိုးလ္ရဲ႕ မ်က္ႏွာတစ္ဝက္က ေပ်ာက္ကြယ္ေနခဲ့ေလၿပီး ေအးစ္ေနေသာ လက္ဖ်ားမ်ားမွာ ရဲ႕ရဲ႕ တယုတယဆုပ္ကိုင္မႈကို ခံယူထားရေလသည္။

" ဒီလိုဆို မေအးေတာ့ဘူးမလား "

ေလေျပရွင္း၏ စကားအတြက္ ကိုးလ္ရဲ႕တုန႔္ျပန္မႈမွာကား အေတာ္ေလး ႐ိုးရွင္းေပသည္။ သူဟာ မ်က္ႏွာတစ္ခုလုံး မုန္လာဥနီတစ္လုံးလို နီရဲလာခဲ့ၿပီး မ်က္ဝန္းမ်ားက လျပည့္ဝန္းလို႔ ဝိုင္းစက္လာကာ ထိုမ်က္ဝန္းထဲတြင္ ၾကယ္ေရာင္လက္ေနသည့္ အစက္အေပ်ာက္မ်ားကို ေတြ႕ျမင္ရေပသည္။

" ဘာျဖစ္လို႔လဲ "

ရွင္းက စိုးရိမ္စြာျဖင့္ ေမးျမန္းလိုက္သည့္အခါ ကိုးလ္က စိတ္လႈပ္ရွားစြာျဖင့္ အေျဖျပန္ေပးလာသည္။

" ဘာ....ဘာမွျဖစ္ပါဘူး "

" တစ္ခုခုျဖစ္ရင္ ကိုယ့္ကို တန္းေျပာေနာ္ "

ေခါင္းတြင္တြင္ညိတ္ရင္း ကိုးလ္ ျပန္ေျဖလိုက္သည့္အခါ ရွင္းက စိတ္ေအးသြားဟန္ျဖင့္ လက္ကိုဆြဲၿပီး ေရွ႕ကဦးေဆာင္ေခၚသြားေလသည္။

_____________________________________
စာေရးသူမွာ ေျပာစရာေလးအခ်ိဳ႕ရွိပါတယ္-

ပထမဆုံးအေနနဲ႔ KO က ကိုယ္ပိုင္ world ေထာင္ၿပီးေရးတဲ့သူျဖစ္တဲ့အတြက္ fic ထဲမွာ ရွိတဲ့အရာေတြက စိတ္ကူးသက္သက္ ဖန္တီးထားတဲ့အရာေတြသာ ျဖစ္တာေၾကာင့္ အျပင္ဘက္ေလာကနဲ႔ တူမတူမတိုက္ၾကပါနဲ႔ လုံးဝတူမွာမဟုတ္ပါဘူး။

ဥပမာ- ရွမ္းျပည္နယ္က အျပင္မွာလည္း တစ္ကယ္ရွိၿပီး ficထဲမွာလည္း တည္ရွိေနတယ္ဆိုၿပီး ထည့္ေရးထားတယ္ေပါ့ေနာ္ ဒါေပမယ့္ ficထဲက ရွမ္းျပည္နယ္မွာ ခရာႏြယ္ရာဇဝင္ ရွိခဲ့ေပမယ့္ တကယ့္အျပင္ဘက္က ရွမ္းျပည္မွာ ခရာႏြယ္က ရွိခ်င္မွရွိမွာပါ။

ေနာက္တစ္ခုက ခရာႏြယ္ပုံျပင္ပါ။ ဒီထဲမွာ ထည့္ေရးထားတဲ့ အရမ္းလွတဲ့ အမ်ိဳးသမီးေလး ခရာႏြယ္အေၾကာင္းက KO လိုင္းသုံးရင္း fbေပၚမွာ တံပိုးခရာႏြယ္ပန္းကို အမွတ္မထင္ေတြ႕လိုက္လို႔ ေရးဖို႔အႀကံရခဲ့တာပါ။

တံပိုးခရာႏြယ္ပန္းရဲ႕ အဓိပၸါယ္က - " ကမာၻႀကီးၿပိဳက်ပ်က္ဆီးသြားရင္ေတာင္ ကိုယ္ကေတာ့ မင္းကိုပဲေစာင့္ေနမယ္ "  တဲ့

လိုရင္းကိုျပန္သြားရရင္ ခရာႏြယ္ပုံျပင္ဟာလည္း တံပိုးခရာႏြယ္ရဲ႕ အဓိပၸါယ္ေပၚလြင္ေအာင္လို႔ KO ဖန္တီးထားတဲ့အရာ တစ္ခုသာသာပါ။ အဲ့တာေၾကာင့္ fic ထဲမွာ တံပိုးခရာႏြယ္ရဲ႕ အဓိပၸါယ္တစ္ခုထဲကသာ အမွန္တစ္ကယ္ျဖစ္ၿပီး က်န္တာက KOဖန္တီးထားတဲ့ အရာေတြျဖစ္ေၾကာင္းပါလို႔ ေျပာခ်င္လို႔ပါ။ ေတာ္ၾကာခရာႏြယ္ရာဇဝင္က အျပင္မွာတစ္ကယ္ရွိတယ္ ထင္ေနၾကမွာဆိုးလို႔ပါ။ နားမလည္ရင္  ကြၽန္ေတာ့္ကို လာေမးလို႔ရပါတယ္။


ဒါကေတာ့ တံပို႔ခရာႏြယ္ပန္းရဲ႕ ပုံပါ

Continue Reading

You'll Also Like

12.1K 1K 7
String colla ထဲမှာပါတဲ့ SK fiction လေးပါ။
174K 12.6K 53
အေးချမ်းရာကို ဖန်တီးပေးသည်မို့ မင်းဟာ ကိုယ့်ရဲ့ အေးမြရိပ်မြုံကလေး...။ ကိုယ့်နှလုံးသားရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်ကာကလေး....။ ေအးခ်မ္းရာကို ဖန္တီးေပးသ...
821K 69.6K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
796K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....