^^ That pic 😆😆 I found it from Pinterest
Unicode
"ထယ်ယောင်း........ Mr. Jeon ရဲ့ အိမ်က ထွက်ဖို့ဆိုတာ မလွယ်ဘူး.... ကိုယ်တို့က အခြေအနေကို ကြည့်ပြီး လှုပ်ရှားရမှာမို့လို့ ထယ်ယောင်းဘက်က သတိရှိဖို့တော့ လိုတယ်....ပြီးတော့ ဒီမှာ..... "
စကားပြောေနရင်း ဖုန်းအသေးလေးကို ထယ်ယောင်းလက်ထဲသို့ ထည့်ပေးလိုက်သော ပတ်ခ်ဘိုဂမ်။
"ဒီဖုန်းထဲမှာ ကိုယ့်ဖုန်းနံပါတ်ပါတယ်....ထယ်ယောင်း တစ်ခုခု ပြောစရာရှိရင် ဆက်သွယ်လိုက်..... သတိထားပါ Mr. Jeon မမြင်စေနဲ့.... "
"ဟို...ခင်ဗျားဘက်ကလည်း ဖုန်းခေါ်တာ နည်းနည်း ဆင်ခြင်ပေးစေချင်တယ်... ဂျောင်ကုက မထင်ရင် မထင်သလို ကျနော့်ကို ခေါ်တတ်တာမို့လို့ "
ထယ်ယောင်းစကားအပြီး ပတ်ခ်ဘိုဂမ်မှာ ခေါင်းငြိမ့်၍ အသိအမှတ်ပြုလိုက်သည်။ ထို့နောက် စိမ်းသွားသော မီးပွိုင့်ကြောင့် ပတ်ခ်ဘိုဂမ်မှာ steering wheel ကို ကိုင်လိုက်ရင်း ခပ်မြန်မြန် စမောင်းလေသည်။ လက်ပတ်နာရီကို ကြည့်မိလိုက်သော် ခြောက်နာရီ ထိုးရန် ဆယ့်ငါးမိနစ်အလို....။
ရုတ်တရက် ဖုန်းလာသော အသံကြောင့် ဘိုဂမ်မှာ ကောက်ကိုင်လိုက်သော် မင်ဟိုဆီမှ ဖြစ်နေသည်။
"ဆရာ!!Mr.Jeon အင်ချွန်းကေန seoul ကို ရောက်လာပြီ!!!!!''
ကြားလိုက်ရသော စကားကြောင့် ပတ်ခ်ဘိုဂမ် ခေါင်းတည့်တည့်ကို မိုးကြိုး ပစ်လိုက်သလိုပင်။ သူသေချာတွက်ချက်ထားတာပါ!!အင်ချွန်းဘက် မှာရှိတဲ့ Jeon Gangဘက်က စက်ရုံတွေကို အပြီး စစ်ဖို့ဆိုရင် အနည်းဆုံးတော့ ညခြောက်နာရီလောက်မှ အပြီးသတ်နိုင်မှာ။
ဒါပေမယ့် ခြောက်နာရီမှာ အပြီးမသတ်တဲ့အပြင်
အခု ဆိုးလ်မြို့ထဲကိုပါ ရောက်နေတဲ့ Mr. Jeon။ ဘာလို့များ ထင်ထားတာထက် ပိုစောနေရတာလဲ!!
"ကောင်လေး! ခါးပတ်သေချာပတ်ထား "
ပတ်ခ်ဘိုဂမ်၏ စကားကြောင့် ထယ်ယောင်း မျက်ဝန်းများမှာ ထိတ်လန့်စွာ ဝိုင်းခနဲ။
_______________
Jiwoo Noona ကိုမြင်လိုက်ပြီးကတည်းက လုပ်စရာကျန်သေးသော ကိစ္စများကို အကုန်ပစ်ထားခဲ့ပြီး ယွန်းဂီကို အင်ချွန်းဘက်ရှိ ကျန်သေးသော စက်ရုံများကို ဦးစီးပြီး စစ်ဆေးရန် အမိန့်ပေးထားခဲ့သည်။
ပြိုလဲနေသော မိမိပုံစံကို မည်သူမှ မမြင်စေချင်သည့်အတွက် မိမိMansionရှိရာသို့ တစ်ယောက်တည်း ကားမောင်းလာခဲ့လိုက်သည်။
လီဗာကို အသားကုန် နင်းတင်ရင်း တရကြမ်း ကားမောင်းနေမိသော ဂျောင်ကုသည် အတိတ်က လိုက်သော အရိပ်များထံမှ ထွက်ပြေးနေရသော သားကောင် ပမာ။
တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် steering wheelကို မြဲမြံအောင် အားတင်း၍ ဆုပ်ကိုင်ထားကာ အသက်ကို လု၍ ရှူနေရသော ဂျောင်ကုမှာ မြင်ယောင်လာနေမိသော အတိတ်ဟောင်းမှ ပုံရိပ်များကြောင့် ရုပ်ကြိုးပျက်။
နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်ကြီးမှာ အသက်ကို မည်မျှပင် ခက်ခက်ခဲခဲ လုရှူနေရသည်ဆိုတာ ပေါ်လွင်စေသည် ။
သူဟာ သူများတွေလို သာမန်မိသားစုဆီက မွေးဖွားလာခဲ့ရတာမဟုတ်ဘူး။
Mafia Gang ေခါင်းဆောင်ရဲ့ သားတစ်ယောက်.......။
ဒါကြောင့်မို့ ရက်စက်ကြမ်းကြုတ်တဲ့ Mafia လောကမှာ
နေသားမကျခဲ့ရတဲ့ သူ့ရဲ့ငယ်ဘဝ။ ဖခင်ဖြစ်သူ
ကတော့ ရဲရင့်ပြီး ရက်စက်တဲ့ မာဖီးယား Gang ခေါင်းဆောင်။
ရက်စက်မှု၊ သွေးအေးမှု၊ ထိုးနှက်မှုတွေ၊
ယောကျာ်း ဆန်မှုတွေ ကိန်းအောင်းနေအောင် ဖခင်ဖြစ်သူရဲ့ လောင်းရိပ်အောက်မှာ ပုံသွင်းခံပြီး ကြီးပြင်းခဲ့ရတဲ့ ဂျွန်ဂျောင်ကုဆိုတဲ့ လက်ရှိမာဖီးယား ဂိုဏ်းချုပ်ရဲ့ ငယ်ဘဝဟာ ပန်းခင်းလမ်း မဟုတ်ခဲ့တာတော့ သေချာသည်။
ဆူးခရောင်းလမ်းထက်ပင် ပို၍ ဆိုးသွမ်းခဲ့သော ငရဲလမ်းဟုပင် တင်စားရလောက်အောင် အတိတ်က ဖြတ်ကျော်ခဲ့ရသည့် နေ့ရက်များမှာ အလွန် အကျည်းတန်စရာ ။
ကယ်တင်ပေးကြပါ....။ သူ ဒီဘဝမှာ နေမပျော်ခဲ့ဘူး...။
ဒီဘဝကနေ သူလွတ်မြောက်ချင်ခဲ့တယ်။
ဒါေပမယ့် ဘယ်သူမှ မကယ်တင်ပေးနိုင်ခဲ့ကြဘူး။ လှောင်အိမ်ထဲ ပိတ်မိနေခဲ့တဲ့ သူ့ဘဝရဲ့ နေ့ရက်တွေက စိတ်ပျက်စရာ အမှောင်အတိ။
အဖေပြီးတော့...အမေ....။
သူ့ဘဝမှာ အမေဆိုတာတော့ မရှိခဲ့ဘူး ။
သူ့ကို မွေးပြီးချင်းမှာပဲ အမေ ဆိုတဲ့ အမျိုးသမီးက
နောက်အိမ်ထောင်တစ်ခု ပြုသွားခဲ့တယ်။ အမြဲတမ်း ရက်စက်ရတာကို ပျော်မွေ့နေတတ်တဲ့ မကောင်းဆိုးဝါး မာဖီးယား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အဖေ...... သေချာတာကတော့ Jeon မျိုးဆက် မပျက်ဖို့အတွက် အလိုမတူဘဲ အမေဖြစ်သူကို rape ပြီး သိမ်းပိုက်ခဲ့တာမို့လို့ ။
အမေအရင်းဖြစ်သူ ကိုယ်တိုင်ကိုက
ရွံစရာကောင်းတဲ့ လူရဲ့သားဆိုပြီး ဂျွန်ဂျောင်ကုဆိုတဲ့ ကျူပ်ကို နာကြည်းနေတာတော့ ဘယ်ဆန်းပါမလဲ.... ။
ဂျွန်ဂျောင်ကုရဲ့ငယ်ဘဝမှာ မိသားစုနဲ့ အတူဖြတ်သန်းခဲ့
တုန်းက အများဆုံး ခံစားခဲ့ရတာက ဘာလဲလို့မေးရင်
နွေးထွေးမှုလား?
အချစ်လား?
ဂရုစိုက်မှုတွေလား?
ဟက် ...... နိုး။
ဖခင်ဖြစ်သူက ပေးတဲ့ မရေတွက်နိုင်လှခဲ့တဲ့ ရိုက်နှက်မှုတွေ ။
ဂျွန်ဂျောင်ကုဆိုတာ ဖခင်ဖြစ်သူရဲ့ စံသတ်မှတ်ချက်တွေကို ဘယ်တော့မှ လိုက် မမီခဲ့တဲ့ သုံးစားလို့မရခဲ့တဲ့ ပျော့တီးပျော့ဖတ်ကောင်တစ်ယောက််မို့လို့ Jeon Gangအနာဂတ် ပျောက်တော့မယ်လို့ လူအများက ထင်ကြေးပေးခံရတဲ့အထိ....။ ထို့ကြောင့် ဖခင်ဖြစ်သူက သူ့ကို ဘယ်လိုလုပ် စိတ်တိုင်းကျခဲ့ပါ့မည်နည်း။
အသက်ခုနှစ်နှစ်အရွယ်လောက်မှာကတည်းက အရေပြားတွေက နာကျင်မှုကိုတောင် မသိတော့တဲ့အထိ ထံုထိုင်းနေခဲ့ပြီ။
"ဟားဟားဟား...... ရယ်ရလွန်းတယ် "
ကားကို တဟုန်ထိုးမောင်းနှင်နေရင်း တဖျတ်ဖျတ်ဖြင့် ရုပ်ရှင်ကား ဇာတ်ဝင်ခန်းများပမာ မျက်ဝန်းထဲတွင် ပြန်မြင်ယောင်လာသော အတိတ်က ပုံရိပ်များကြောင့် အသံထွက်ကာ ဟားတိုက် ရယ်မိလိုက်သည်။
လူတိုင်းက ဂျွန်ဂျောင်ကုဆိုတာနဲ့ ကြောက်ရွှံကြတယ် ။
ရို့ကျိုးကြတယ် ။
မုန်းတီးကြတယ် ။
ဘာလို့လဲဆိုေတာ့ သူက ရက်စက်တဲ့ မာဖီးယားလောကကြီးကို ဦးဆောင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်မို့လို့။
လူသတ်ပြီး ဒုစရိုက်နဲ့ ပိုက်ဆံရှာနေရတဲ့ ကောင်မို့လို့။
ရှင်းရှင်းပြောရရင် အချစ်မရှိတော့ အားနည်းချက်မရှိတဲ့ သူဟာ အရက်စက်တတ်ဆုံး ဖြစ်နေတာ အထူးအဆန်းတော့ မဟုတ်ပေ။
ဒါပေမယ့် သူ သွားလေရာမှာ အရိပ်မည်းကြီး လိုက်နေတတ်တယ်။
လူတွေ ဖယ်ကြဥ်ကြတယ်။ စည်းစိမ်ဓန ကြွယ်ဝပေမယ့် သူရဲ့ဘဝက တကယ်တော့ ဆားမပါတဲ့ ဟင်းတစ်ခွက်လို
အနှစ်သာရ ကင်းမဲ့လွန်းတယ်။
ခြောက်ကပ်လွန်းတယ်။
ချမ်းသာကြွယ်ဝပြီး လူတကာ ကြောက်ရွ့ံခစားရတဲ့
မာဖီးယားဂိုဏ်းချုပ်ဘဝကိုလည်း
သူ မနှစ်ခြိုက်သလို မခုံမင်ပါဘူး ။
တကယ်တော့ လူတွေရဲ့ မျက်ရည်ကို မြင်ရတာ ကြိုက်တယ်ဆိုတဲ့
ကျနော်ကလည်း လူသားတစ်ယောက်ပဲ မို့လို့ ။
ဟားတိုက်သော ရယ်သံသည်ကား အက်ရှရှ၊ မျက်ဝန်းများမှ
မျက်ရည်စများ ပြည့်လျှံလာ၍ တစ်စက်ချင်း ပါးပြင်တစ်လျှောက်
ခုန်ပေါက်ကျဆင်းနေသည့်တိုင် ဂျွန်ဂျောင်ကုဆိုသူသည်
ကံကြမ္မာကို အလှောင်မပျက် ရယ်နေဆဲ။
_________________
ပတ်ခ်ဘိုဂမ်ကားကို ဝုန်းခနဲ အမြန်ထိုးရပ်သည်နှင့် ထယ်ယောင်းမှာ
ဝရုန်းသုန်းကား ကားတံခါးဖွင့်ကာ ဆင်းပြေးလေသည်။
ထို့နောက် ဥယျာဉ်တော်၏ ခြံတံခါးကို တွန်းဖွင့်၍ ပြေးဝင်လေသည်။ ပြေးနေစဥ် အဝေးမှ မြင်လိုက်ရသော ပုံရိပ်ကြောင့် ထယ်ယောင်းပြေးလက်စ ခြေလှမ်းများမှာ တုံ့ခနဲ ရပ်တန့်သွားသည်။
ကံတရားက မိမိဘက်တွင် အမြဲတမ်း မရှိနေခဲ့။
ဥယျာဉ် ေဘးရှိ ရေကူးကန် ကျယ်ကြီးဆီသို့ အပေါ်ပိုင်းဗလာကျင်းနှင့် အောက်ပိုင်း တဘက်တစ်ထည်သာ ပတ်၍ ဦးတည်လာနေသော ဂျွန်ဂျောင်ကုကြောင့် ထယ်ယောင်းတစ်ယောက် ထိတ်လန့်တကြား နီးစပ်ရာ ပန်းပင်ချုံများနောက်သို့ ထိုင်ချလိုက်ပြီး အမြန်ပင်ပုန်းလိုက်သည်။
"နေပါအုံး သူရေကူးပြီးတဲ့အထိ ချုံပုတ်နောက်မှာ ငါထိုင်စောင့်ရတော့မှာလား......."
ကင်မ်ထယ်ယောင်းတစ်ယောက် စိတ်ပျက်စွာ ေရရွတ်မိရင်း ဂျောင်ကု အခြေအနေအား အကဲခတ်ရန် ချုံနွယ်များကြားမှ ခိုးကြည့်လိုက်သောအခါ မြင်လိုက်ရသော ပုံစံကြောင့် ထယ်ယောင်း တစ်ကိုယ်လုံး တောင့်တင်းကုန်သည်။
အောက်ပိုင်းကို ပတ်ထားသော တဘက်ကိုပါ ချွတ်ချလိုက်ပြီး အတွင်းခံဘောင်းဘီ တစ်ထည်တည်းနှင့် ဂျွန်ဂျောင်ကု....။
မိမိ မြင်နေရသော ခနာကိုယ် အချိုးအဆကလည်း အတော် မိုက်သည်ဟုတော့ ဆိုရမည်။ ကျယ်ပြောသော ရင်အုံတောင့်တောင့်၊သေးသွယ်သော ခါးသွယ်သွယ်၊ ကျစ်လစ်သသော ဗိုက်နှင့် ထိုပေါ်က ကြွက်သားများမှာ အမြှောင်းလိုက်။
ထို့ပြင် ညာဘက်လက်တစ်လျှောက်လုံးမှာလည်း ဆေးမှင်ကြောင်တွေ အပြည့်။ ရေကူးကန်ကျယ်ကြီးထဲသို့ ဝုန်းခနဲ ခုန်ချလိုက်ပြီး ဆံပင်များကို အပေါ်သို့ သပ်တင်လိုက်သောအခါ ထင်ရှားစွာ ပေါ်လွင်လာသည့် ဘေးစောင်းအနေအထားဖြင့် မြင်လိုက်ရသော မေးရိုးထင်းထင်းနှင့်အတူ အချိုးအစားကျသော မျက်နှာ။
"ကျစ် ငါဘာလို့ အသေးစိတ် ကြည့်မိနေတာလဲ "
အကုန်လုံးချုံပြောရရင် ဂျွန်ဂျောင်ကုက မကောင်းဆိုးဝါး စိတ်လေး ရှိနေတာကလွဲရင် ကျန်တာက ပြည့်စုံလွန်းသည်။
ချမ်းသာတယ်။ ရုပ်ရည် ကြည့်ကောင်းတယ် ။ ရဲရင့်တယ် ။ နာမည်လည်းကြီးတယ် ။ သူ့လို အာဏာကြီးပြီး ကြွယ်ဝတဲ့ သူဌေးတစ်ယောက်က သူကြိုက်တဲ့
မိန်းကလေးတွေကို ခေါင်းခေါက်ပြီးတောင် ရွေးလို့ရပါရက်နဲ့ ဘာလို့ အရေးမပါတဲ့ မိမိကို ဆွဲထားရတာလဲ ဆိုတာ ကင်မ်ထယ်ယောင်း တကယ်နားမလည်နိုင်။
ဆင်းလည်းရဲတယ်။ ပညာလည်းမတတ် ၊ ရှင်းရှင်းပြောရ
ရင် ကော်ဖီလေးတစ်ခွက်ပဲ ဖျော်တတ်တာကို ဘာလို့များ သူ့အရိပ်အောက်ကနေ မလွှတ်ပေးနိုင်ရတာလဲ။
သူ့ပါဝါနဲ့ဆိုရင် အဆင့်မြင့် နာမည်ကြီး စာဖိုမှုးတွေ၊ ကော်ဖီဖျော်တဲ့လူတွေ ခေါ်လို့ရပါရက်နဲ့ မိမိကို မလွှတ်ပေးတာက မိမိကို အသားလွတ်နှိပ်စက်ဖို့အတွက် သက်သက်လား။
ဟင်း ဒါပေမယ့် သေချာ ပြန်စဥ်းစားကြည့်မယ်ဆိုရင်
သူ့လို အလုပ်များတဲ့ လူတစ်ယောက်က ဘာမှအဖြစ်မရှိတဲ့ ငါ့လိုလူအတွက် အချိန်ကုန်ခံနေမှာ မဟုတ်ဘူး။
သူ့အတွက်လည်း အကျိုးအမြတ်ဆိုလို့ မိမိဖျော်တိုက်တဲ့ ခါးသက်သက် ကော်ဖီတစ်ခွက်ပဲ။
ငါ့ထက်ကောင်းတဲ့လူတွေ လောကကြီးမှာ အများရှိရက်နဲ့...ဘာလို့ ငါ့ကော်ဖီမှ စွဲလမ်းနေရတာလဲ ဂျွန်ဂျောင်ကု။
အတွေးများေနစဥ် ရုတ်တရက် မိမိ ဖိနပ်ပေါ်တွင် တစ်ခုခု လှုပ်နေသည်ဟူသော ခံစားချက်ကြောင့် ထိုသို့ အကြည့်ရောက်မိသွားသော် မြင်လိုက်သည့် အရာကြီးကြောင့် ထယ်ယောင်းသွေးများ ပြောင်းပြန်စီးသွားသလို ။
မိမိ ဖိနပ်ပေါ်တွင် စိတ်ပြေနပြေ ထိုင်နေသော
ခပ်ထွားထွား အစိမ်းရင့်ရောင် ဖားပြုပ်ကြီး။
ထိုအချိန်တွင် ထယ်ယောင်းသည် မိမိဖိနပ်ပေါ်တွင် မလှုပ်မယှက်ဘဲ ထိုင်နေသော ဖားပြုပ်ကြီးအား ကြောက်သည့်စိတ်ဖြင့် မျက်ရည်များ အလိုလို ဝဲတက်လာပြီး မလှုပ်မယှက်ဘဲ အသံကျယ်ကြီးဖြင့် ငယ်သံပါအောင် စအော်မိတော့သည်။
"အားးးးးးး!!!!!!!!!!!!ကယ်ကြပါ"
ကြားလိုက်ရသော အော်သံကြောင့် ဂျောင်ကုမှာ ရေကူးခတ်နေရာမှ ချက်ချင်းရပ်လိုက်မိသည်။
"ဘယ်သူလဲ!!''
မိမိ တိတ်ဆိတ်စွာ အနားယူနေသည့်အချိန်မှာ ရုတ်တရက် ကြားလိုက်ရသော အော်သံကြောင့် ဂျောင်ကု အာရုံများ နောက်ကျိကုန်သည် ။ နဂိုကတည်းက မိမိ စိတ်များရှုပ်ထွေးနေသည်မို့ ယခု မိမိ အနားယူနေသည်အား အနှောင့်အယှက်ခံလိုက်ရသည်ကြောင့် စိတ်ထဲတွင် ဘဝင်တော့ မကျမိ။
ဒီရေကူးကန်နားကို မိမိ ခွင့်ပြုချက်မရဘဲ လာရဲတာ ဘယ်ကောင်လဲ.... ။
ဂျောင်ကုမှာ ရေကူးကန်ပေါ်မှ အပေါ်သို့ တက်ကာ တဘတ်တစ်ထည် အမြန်ပတ်လိုက်ရင်း
အသံလာရာ နေရာသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။
"အားးးးးးးး ထွက်သွား!!!!!!ဂျောင်ကု!!!!!!!ငါ့ကို ကယ်ပါအုံး!!!!!!!အီးဟီး!!!!!ဒီမှာ!!"
ရုတ်တရက် မိမိထံသို့ ဦးတည်လာနေသော ဂျောင်ကုကို မြင်လိုက်ရသောကြောင့် အလောတကြီး လက်ယမ်းပြလိုက်ရင်း ငိုကြီးချက်မဖြင့် အကူအညီလှမ်းတောင်းမိသည်။
ထိုအချိန်တွင် ဂျောင်ကုကို ကြောက်ရကောင်းမှန်းလည်းမသိတော့။ အခုသိတာက ဒီ ဖားပြုပ်ကောင် မိမိဖိနပ်ပေါ်က ဆင်းဖို့ပဲ ။
"မင်း-မင်းဘာလုပ်!-"
ဂျောင်ကုမှာ စကားမဆုံးခင် ဘူးသီးလုံးလောက် မျက်ရည်များကျနေသော ကင်မ်ထယ်ယောင်း၏ ပုံစံကြောင့် ပြောစရာ စကားများ တိတ်ဆိတ်သွားခဲ့သည်။
ကင်မ်ထယ်ယောင်းမှာ လက်ညိုးကြီး တထိုးထိုးနှင့် ငိုနေသည်မို့ လက်ညိုးညွန်ပြရာ ကြည့်မိလိုက်တော့
ဖားပြုပ်တစ်ကောင်။
နေပါအုံး အဲ့ဖားပြုပ်ကလည်း တက်စရာရှားလို့ ဘာလို့ ကင်မ်ထယ်ယောင်း ဖိနပ်ပေါ်မှ တက်ရတာတုန်း။
ဟိုကလည်း အသားကုန်ေအာ်ငို....ဒီဖားပြုပ်ကလည်း ဖြုံတောင်မဖြုံ...။ မြင်လိုက်ရသော အခြေအနေကို ကြည့်ပြီး ဂျောင်ကု စိတ်နောက်ကျိနေရာမှ အနည်းငယ် ရယ်ချင်သွားသည်။
ဘယ်နှယ့် မကြီးမငယ်နဲ့ ဖားပြုတ်ကြောင့် ငိုရတယ်လို့။
"ဟိတ်ကောင်!!!!!!မင်းစိုက်ကြည့်မနေဘဲ အဲ့ဖားပြုပ်ကို
ဖယ်ပေးလေ!!!!"
"ကင်မ်ထယ်ယောင်း! မင်းပြောနေတာ ဘယ်သူလဲဆိုတာ သိလား!!ေသနတ်နဲ့ ပစ်ထည့်လိုက်ရ!!!!!"
"အီးဟီးးးမြန်မြန် ဖယ်ပေးပါ!!!!!တော်ကြာ အကျီအပေါ် ခုန်တက်လာလိမ့်မယ် ဂျွန်ဂျောင်ကု!!!!!!!!''
အသားကုန်အော်ငိုလျက် ပြောနေသောကြောင့် ဂျောင်ကု သက်ပြင်းချလိုက်မိသည်။
တော်ကြာ....သက်တော်စောင့်တွေ အသံကြားလို့ လိုက်လာမှဖြင့် ကိစ္စတေွ ပိုရှုပ်ကုန်တော့မယ်....။
ကင်မ်ထယ်ယောင်း ဖိနပ်ပေါ်မှ ဖားပြုပ်ကြီးကို လက်တစ်ဖက်ဖြင့် ကောက်၍ ဆုပ်ကိုင်လိုက်ပြီး ကင်မ်ထယ်ယောင်း အား ထိုဖားပြုပ်ကို မြှောက်ပြလိုက်ကာ
"မင်းကြောက်တာ ဒါလား"
"အားးးးးးး ဟုတ်တယ်!!!!!!!မြန်မြန်လွှင့်ပစ်လိုက်လေ!!!!!!!"
ဂျောင်ကုမှာ မျက်နှာသေဖြင့် အဝေးသို့ ထိုဖားပြုပ်ကို လွှင့်ပစ်လိုက်သော် ခုန်ဆွခုန်ဆွဖြင့် ထွက်သွားသော ဖားပြုပ်ကြီး။
ကင်မ်ထယ်ယောင်း ငိုရင်လည်း ငိုချင်စရာပါပဲ။ခုနက ဖားပြုပ်က ခပ်ကြီးကြီး အမျိုးအစား။
"မင်း ငိုနေတာ ရပ်တော့မှာလား...ကြားရတာ ကျက်သရေတုံးတယ် "
"မင်းကိုယ်ချင်းမစာဘဲ မပြောစမ်းနဲ့ ရွတ်* ငါ့-ငါ့နေရာက မင်းစဥ်းစားကြည့်ပါလား "
"မင်းနေရာမှာဆို ငါ့ဖိနပ်တစ်ဖက်နဲ့ သေအောင်
တက်နင်းပစ်လိုက်ပြီးပြီ "
"အီးဟီးးးငါက မင်းလိုမှ မဟုတ်တာ သနားတတ်တာကိုးးး"
သနားတတ်တယ်လုပ်နေသေးတယ်။ ခုနကပဲ ဖားပြုပ်ကြီးကို လွှင့်ပစ်ဖို့ ပြောတာ သူမဟုတ်တဲ့ အတိုင်း ။ အခုမှ ကရုဏာရှင်လိုလို ဘာလိုလို ။
အမြင်ကတ်ကတ်ဖြင့် ဂျောင်ကုမှာ ရွဲ့ရန်ပြင်လိုက်ပြီး
"မင်းသနားတယ်ဆိုတဲ့ ဖားပြုပ်ကြီး....မင်းခေါင်းပေါ်မှာ"
"အားးးးးး ကြောက်တယ်!!!!!ဖယ်ပေး! !!!!!!!"
ပြောနေရင်း မိမိပေါ်ကို ဆွေ့ခနဲ ခုန်တက်ပြီး မိမိလည်တိုင်ကို ခပ်တင်းတင်း ကုပ်တွယ်ဖက်လိုက်
သော ထယ်ယောင်းကြောင့် ဂျောင်ကု အသက်ရှုပင် ရပ်မတတ် ဖြစ်သွားသည်။
To be continued
ZawGYi
"ထယ္ေယာင္း........ Mr. Jeon ရဲ႕ အိမ္က ထြက္ဖို႔ဆိုတာ မလြယ္ဘူး.... ကိုယ္တို႔က အေျခအေနကို ၾကည့္ၿပီး လႈပ္ရွားရမွာမို႔လို႔ ထယ္ေယာင္းဘက္က သတိရွိဖို႔ေတာ့ လိုတယ္....ၿပီးေတာ့ ဒီမွာ..... "
စကားေျပာေနရင္း ဖုန္းအေသးေလးကို ထယ္ေယာင္းလက္ထဲသို႔ ထည့္ေပးလိုက္ေသာ ပတ္ခ္ဘိုဂမ္။
"ဒီဖုန္းထဲမွာ ကိုယ့္ဖုန္းနံပါတ္ပါတယ္....ထယ္ေယာင္း တစ္ခုခု ေျပာစရာရွိရင္ ဆက္သြယ္လိုက္..... သတိထားပါ Mr. Jeon မျမင္ေစနဲ႕.... "
"ဟို...ခင္ဗ်ားဘက္ကလည္း ဖုန္းေခၚတာ နည္းနည္း ဆင္ျခင္ေပးေစခ်င္တယ္... ေဂ်ာင္ကုက မထင္ရင္ မထင္သလို က်ေနာ့္ကို ေခၚတတ္တာမို႔လို႔ "
ထယ္ေယာင္းစကားအၿပီး ပတ္ခ္ဘိုဂမ္မွာ ေခါင္းၿငိမ့္၍ အသိအမွတ္ျပဳလိုက္သည္။ ထို႔ေနာက္ စိမ္းသြားေသာ မီးပြိုင့္ေၾကာင့္ ပတ္ခ္ဘိုဂမ္မွာ steering wheel ကို ကိုင္လိုက္ရင္း ခပ္ျမန္ျမန္ စေမာင္းေလသည္။ လက္ပတ္နာရီကို ၾကည့္မိလိုက္ေသာ္ ေျခာက္နာရီ ထိုးရန္ ဆယ့္ငါးမိနစ္အလို....။
႐ုတ္တရက္ ဖုန္းလာေသာ အသံေၾကာင့္ ဘိုဂမ္မွာ ေကာက္ကိုင္လိုက္ေသာ္ မင္ဟိုဆီမွ ျဖစ္ေနသည္။
"ဆရာ!!Mr.Jeon အင္ခြၽန္းကေန seoul ကို ေရာက္လာၿပီ!!!!!''
ၾကားလိုက္ရေသာ စကားေၾကာင့္ ပတ္ခ္ဘိုဂမ္ ေခါင္းတည့္တည့္ကို မိုးႀကိဳး ပစ္လိုက္သလိုပင္။ သူေသခ်ာတြက္ခ်က္ထားတာပါ!!အင္ခြၽန္းဘက္ မွာရွိတဲ့ Jeon Gangဘက္က စက္႐ုံေတြကို အၿပီး စစ္ဖို႔ဆိုရင္ အနည္းဆုံးေတာ့ ညေျခာက္နာရီေလာက္မွ အၿပီးသတ္နိုင္မွာ။
ဒါေပမယ့္ ေျခာက္နာရီမွာ အၿပီးမသတ္တဲ့အျပင္
အခု ဆိုးလ္ၿမိဳ႕ထဲကိုပါ ေရာက္ေနတဲ့ Mr. Jeon။ ဘာလို႔မ်ား ထင္ထားတာထက္ ပိုေစာေနရတာလဲ!!
"ေကာင္ေလး! ခါးပတ္ေသခ်ာပတ္ထား "
ပတ္ခ္ဘိုဂမ္၏ စကားေၾကာင့္ ထယ္ေယာင္း မ်က္ဝန္းမ်ားမွာ ထိတ္လန့္စြာ ဝိုင္းခနဲ။
___
Jiwoo Noona ကိုျမင္လိုက္ၿပီးကတည္းက လုပ္စရာက်န္ေသးေသာ ကိစၥမ်ားကို အကုန္ပစ္ထားခဲ့ၿပီး ယြန္းဂီကို အင္ခြၽန္းဘက္ရွိ က်န္ေသးေသာ စက္႐ုံမ်ားကို ဦးစီးၿပီး စစ္ေဆးရန္ အမိန့္ေပးထားခဲ့သည္။
ၿပိဳလဲေနေသာ မိမိပုံစံကို မည္သူမွ မျမင္ေစခ်င္သည့္အတြက္ မိမိMansionရွိရာသို႔ တစ္ေယာက္တည္း ကားေမာင္းလာခဲ့လိုက္သည္။
လီဗာကို အသားကုန္ နင္းတင္ရင္း တရၾကမ္း ကားေမာင္းေနမိေသာ ေဂ်ာင္ကုသည္ အတိတ္က လိုက္ေသာ အရိပ္မ်ားထံမွ ထြက္ေျပးေနရေသာ သားေကာင္ ပမာ။
တုန္ယင္ေနေသာ လက္ႏွစ္ဖက္ျဖင့္ steering wheelကို ၿမဲၿမံေအာင္ အားတင္း၍ ဆုပ္ကိုင္ထားကာ အသက္ကို လု၍ ရႉေနရေသာ ေဂ်ာင္ကုမွာ ျမင္ေယာင္လာေနမိေသာ အတိတ္ေဟာင္းမွ ပုံရိပ္မ်ားေၾကာင့္ ႐ုပ္ႀကိဳးပ်က္။
နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနေသာ ရင္ဘတ္ႀကီးမွာ အသက္ကို မည္မွ်ပင္ ခက္ခက္ခဲခဲ လုရႉေနရသည္ဆိုတာ ေပၚလြင္ေစသည္ ။
သူဟာ သူမ်ားေတြလို သာမန္မိသားစုဆီက ေမြးဖြားလာခဲ့ရတာမဟုတ္ဘူး။
Mafia Gang ေခါင္းေဆာင္ရဲ႕ သားတစ္ေယာက္.......။
ဒါေၾကာင့္မို႔ ရက္စက္ၾကမ္းၾကဳတ္တဲ့ Mafia ေလာကမွာ
ေနသားမက်ခဲ့ရတဲ့ သူ႕ရဲ႕ငယ္ဘဝ။ ဖခင္ျဖစ္သူ
ကေတာ့ ရဲရင့္ၿပီး ရက္စက္တဲ့ မာဖီးယား Gang ေခါင္းေဆာင္။
ရက္စက္မႈ၊ ေသြးေအးမႈ၊ ထိုးႏွက္မႈေတြ၊
ေယာက်ာ္း ဆန္မႈေတြ ကိန္းေအာင္းေနေအာင္ ဖခင္ျဖစ္သူရဲ႕ ေလာင္းရိပ္ေအာက္မွာ ပုံသြင္းခံၿပီး ႀကီးျပင္းခဲ့ရတဲ့ ဂြၽန္ေဂ်ာင္ကုဆိုတဲ့ လက္ရွိမာဖီးယား ဂိုဏ္းခ်ဳပ္ရဲ႕ ငယ္ဘဝဟာ ပန္းခင္းလမ္း မဟုတ္ခဲ့တာေတာ့ ေသခ်ာသည္။
ဆူးခေရာင္းလမ္းထက္ပင္ ပို၍ ဆိုးသြမ္းခဲ့ေသာ ငရဲလမ္းဟုပင္ တင္စားရေလာက္ေအာင္ အတိတ္က ျဖတ္ေက်ာ္ခဲ့ရသည့္ ေန႕ရက္မ်ားမွာ အလြန္ အက်ည္းတန္စရာ ။
ကယ္တင္ေပးၾကပါ....။ သူ ဒီဘဝမွာ ေနမေပ်ာ္ခဲ့ဘူး...။
ဒီဘဝကေန သူလြတ္ေျမာက္ခ်င္ခဲ့တယ္။
ဒါေပမယ့္ ဘယ္သူမွ မကယ္တင္ေပးနိုင္ခဲ့ၾကဘူး။ ေလွာင္အိမ္ထဲ ပိတ္မိေနခဲ့တဲ့ သူ႕ဘဝရဲ႕ ေန႕ရက္ေတြက စိတ္ပ်က္စရာ အေမွာင္အတိ။
အေဖၿပီးေတာ့...အေမ....။
သူ႕ဘဝမွာ အေမဆိုတာေတာ့ မရွိခဲ့ဘူး ။
သူ႕ကို ေမြးၿပီးခ်င္းမွာပဲ အေမ ဆိုတဲ့ အမ်ိဳးသမီးက
ေနာက္အိမ္ေထာင္တစ္ခု ျပဳသြားခဲ့တယ္။ အၿမဲတမ္း ရက္စက္ရတာကို ေပ်ာ္ေမြ႕ေနတတ္တဲ့ မေကာင္းဆိုးဝါး မာဖီးယား ေခါင္းေဆာင္ တစ္ေယာက္ျဖစ္တဲ့ အေဖ...... ေသခ်ာတာကေတာ့ Jeon မ်ိဳးဆက္ မပ်က္ဖို႔အတြက္ အလိုမတူဘဲ အေမျဖစ္သူကို rape ၿပီး သိမ္းပိုက္ခဲ့တာမို႔လို႔ ။
အေမအရင္းျဖစ္သူ ကိုယ္တိုင္ကိုက
႐ြံစရာေကာင္းတဲ့ လူရဲ႕သားဆိုၿပီး ဂြၽန္ေဂ်ာင္ကုဆိုတဲ့ က်ဴပ္ကို နာၾကည္းေနတာေတာ့ ဘယ္ဆန္းပါမလဲ.... ။
ဂြၽန္ေဂ်ာင္ကုရဲ႕ငယ္ဘဝမွာ မိသားစုနဲ႕ အတူျဖတ္သန္းခဲ့
တုန္းက အမ်ားဆုံး ခံစားခဲ့ရတာက ဘာလဲလို႔ေမးရင္
ႏြေးေထြးမႈလား?
အခ်စ္လား?
ဂ႐ုစိုက္မႈေတြလား?
ဟက္ ...... နိုး။
ဖခင္ျဖစ္သူက ေပးတဲ့ မေရတြက္နိုင္လွခဲ့တဲ့ ရိုက္ႏွက္မႈေတြ ။
ဂြၽန္ေဂ်ာင္ကုဆိုတာ ဖခင္ျဖစ္သူရဲ႕ စံသတ္မွတ္ခ်က္ေတြကို ဘယ္ေတာ့မွ လိုက္ မမီခဲ့တဲ့ သုံးစားလို႔မရခဲ့တဲ့ ေပ်ာ့တီးေပ်ာ့ဖတ္ေကာင္တစ္ေယာက္္မို႔လို႔ Jeon Gangအနာဂတ္ ေပ်ာက္ေတာ့မယ္လို႔ လူအမ်ားက ထင္ေၾကးေပးခံရတဲ့အထိ....။ ထို႔ေၾကာင့္ ဖခင္ျဖစ္သူက သူ႕ကို ဘယ္လိုလုပ္ စိတ္တိုင္းက်ခဲ့ပါ့မည္နည္း။
အသက္ခုႏွစ္ႏွစ္အ႐ြယ္ေလာက္မွာကတည္းက အေရျပားေတြက နာက်င္မႈကိုေတာင္ မသိေတာ့တဲ့အထိ ထံုထိုင္းေနခဲ့ၿပီ။
"ဟားဟားဟား...... ရယ္ရလြန္းတယ္ "
ကားကို တဟုန္ထိုးေမာင္းႏွင္ေနရင္း တဖ်တ္ဖ်တ္ျဖင့္ ႐ုပ္ရွင္ကား ဇာတ္ဝင္ခန္းမ်ားပမာ မ်က္ဝန္းထဲတြင္ ျပန္ျမင္ေယာင္လာေသာ အတိတ္က ပုံရိပ္မ်ားေၾကာင့္ အသံထြက္ကာ ဟားတိုက္ ရယ္မိလိုက္သည္။
လူတိုင္းက ဂြၽန္ေဂ်ာင္ကုဆိုတာနဲ႕ ေၾကာက္႐ႊံၾကတယ္ ။
ရို႔က်ိဳးၾကတယ္ ။
မုန္းတီးၾကတယ္ ။
ဘာလို႔လဲဆိုေတာ့ သူက ရက္စက္တဲ့ မာဖီးယားေလာကႀကီးကို ဦးေဆာင္ေနတဲ့ မေကာင္းဆိုးဝါးတစ္ေကာင္မို႔လို႔။
လူသတ္ၿပီး ဒုစရိုက္နဲ႕ ပိုက္ဆံရွာေနရတဲ့ ေကာင္မို႔လို႔။
ရွင္းရွင္းေျပာရရင္ အခ်စ္မရွိေတာ့ အားနည္းခ်က္မရွိတဲ့ သူဟာ အရက္စက္တတ္ဆုံး ျဖစ္ေနတာ အထူးအဆန္းေတာ့ မဟုတ္ေပ။
ဒါေပမယ့္ သူ သြားေလရာမွာ အရိပ္မည္းႀကီး လိုက္ေနတတ္တယ္။
လူေတြ ဖယ္ၾကဥ္ၾကတယ္။ စည္းစိမ္ဓန ႂကြယ္ဝေပမယ့္ သူရဲ႕ဘဝက တကယ္ေတာ့ ဆားမပါတဲ့ ဟင္းတစ္ခြက္လို
အႏွစ္သာရ ကင္းမဲ့လြန္းတယ္။
ေျခာက္ကပ္လြန္းတယ္။
ခ်မ္းသာႂကြယ္ဝျပီး လူတကာ ေၾကာက္႐ြ႕ံခစားရတဲ့
မာဖီးယားဂိုဏ္းခ်ဳပ္ဘဝကိုလည္း
သူ မႏွစ္ၿခိဳက္သလို မခုံမင္ပါဘူး ။
တကယ္ေတာ့ လူေတြရဲ႕ မ်က္ရည္ကို ျမင္ရတာ ႀကိဳက္တယ္ဆိုတဲ့
က်ေနာ္ကလည္း လူသားတစ္ေယာက္ပဲ မို႔လို႔ ။
ဟားတိုက္ေသာ ရယ္သံသည္ကား အက္ရွရွ၊ မ်က္ဝန္းမ်ားမွ
မ်က္ရည္စမ်ား ျပည့္လွ်ံလာ၍ တစ္စက္ခ်င္း ပါးျပင္တစ္ေလွ်ာက္
ခုန္ေပါက္က်ဆင္းေနသည့္တိုင္ ဂြၽန္ေဂ်ာင္ကုဆိုသူသည္
ကံၾကမၼာကို အေလွာင္မပ်က္ ရယ္ေနဆဲ။
_____
ပတ္ခ္ဘိုဂမ္ကားကို ဝုန္းခနဲ အျမန္ထိုးရပ္သည္ႏွင့္ ထယ္ေယာင္းမွာ
ဝ႐ုန္းသုန္းကား ကားတံခါးဖြင့္ကာ ဆင္းေျပးေလသည္။
ထို႔ေနာက္ ဥယ်ာဥ္ေတာ္၏ ၿခံတံခါးကို တြန္းဖြင့္၍ ေျပးဝင္ေလသည္။ ေျပးေနစဥ္ အေဝးမွ ျမင္လိုက္ရေသာ ပုံရိပ္ေၾကာင့္ ထယ္ေယာင္းေျပးလက္စ ေျခလွမ္းမ်ားမွာ တုံ႕ခနဲ ရပ္တန့္သြားသည္။
ကံတရားက မိမိဘက္တြင္ အၿမဲတမ္း မရွိေနခဲ့။
ဥယ်ာဥ္ ေဘးရွိ ေရကူးကန္ က်ယ္ႀကီးဆီသို႔ အေပၚပိုင္းဗလာက်င္းႏွင့္ ေအာက္ပိုင္း တဘက္တစ္ထည္သာ ပတ္၍ ဦးတည္လာေနေသာ ဂြၽန္ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းတစ္ေယာက္ ထိတ္လန့္တၾကား နီးစပ္ရာ ပန္းပင္ခ်ဳံမ်ားေနာက္သို႔ ထိုင္ခ်လိဳက္ၿပီး အျမန္ပင္ပုန္းလိုက္သည္။
"ေနပါအုံး သူေရကူးၿပီးတဲ့အထိ ခ်ဳံပုတ္ေနာက္မွာ ငါထိုင္ေစာင့္ရေတာ့မွာလား......."
ကင္မ္ထယ္ေယာင္းတစ္ေယာက္ စိတ္ပ်က္စြာ ေရ႐ြတ္မိရင္း ေဂ်ာင္ကု အေျခအေနအား အကဲခတ္ရန္ ခ်ဳံႏြယ္မ်ားၾကားမွ ခိုးၾကည့္လိုက္ေသာအခါ ျမင္လိုက္ရေသာ ပုံစံေၾကာင့္ ထယ္ေယာင္း တစ္ကိုယ္လုံး ေတာင့္တင္းကုန္သည္။
ေအာက္ပိုင္းကို ပတ္ထားေသာ တဘက္ကိုပါ ခြၽတ္ခ်လိဳက္ၿပီး အတြင္းခံေဘာင္းဘီ တစ္ထည္တည္းႏွင့္ ဂြၽန္ေဂ်ာင္ကု....။
မိမိ ျမင္ေနရေသာ ခနာကိုယ္ အခ်ိဳးအဆကလည္း အေတာ္ မိုက္သည္ဟုေတာ့ ဆိုရမည္။ က်ယ္ေျပာေသာ ရင္အုံေတာင့္ေတာင့္၊ေသးသြယ္ေသာ ခါးသြယ္သြယ္၊ က်စ္လစ္သေသာ ဗိုက္ႏွင့္ ထိုေပၚက ႂကြက္သားမ်ားမွာ အျမႇောင္းလိုက္။
ထို႔ျပင္ ညာဘက္လက္တစ္ေလွ်ာက္လုံးမွာလည္း ေဆးမွင္ေၾကာင္ေတြ အျပည့္။ ေရကူးကန္က်ယ္ႀကီးထဲသို႔ ဝုန္းခနဲ ခုန္ခ်လိဳက္ၿပီး ဆံပင္မ်ားကို အေပၚသို႔ သပ္တင္လိုက္ေသာအခါ ထင္ရွားစြာ ေပၚလြင္လာသည့္ ေဘးေစာင္းအေနအထားျဖင့္ ျမင္လိုက္ရေသာ ေမးရိုးထင္းထင္းႏွင့္အတူ အခ်ိဳးအစားက်ေသာ မ်က္ႏွာ။
"က်စ္ ငါဘာလို႔ အေသးစိတ္ ၾကည့္မိေနတာလဲ "
အကုန္လုံးခ်ဳံေျပာရရင္ ဂြၽန္ေဂ်ာင္ကုက မေကာင္းဆိုးဝါး စိတ္ေလး ရွိေနတာကလြဲရင္ က်န္တာက ျပည့္စုံလြန္းသည္။
ခ်မ္းသာတယ္။ ႐ုပ္ရည္ ၾကည့္ေကာင္းတယ္ ။ ရဲရင့္တယ္ ။ နာမည္လည္းႀကီးတယ္ ။ သူ႕လို အာဏာႀကီးၿပီး ႂကြယ္ဝတဲ့ သူေဌးတစ္ေယာက္က သူႀကိဳက္တဲ့
မိန္းကေလးေတြကို ေခါင္းေခါက္ၿပီးေတာင္ ေ႐ြးလို႔ရပါရက္နဲ႕ ဘာလို႔ အေရးမပါတဲ့ မိမိကို ဆြဲထားရတာလဲ ဆိုတာ ကင္မ္ထယ္ေယာင္း တကယ္နားမလည္နိုင္။
ဆင္းလည္းရဲတယ္။ ပညာလည္းမတတ္ ၊ ရွင္းရွင္းေျပာရ
ရင္ ေကာ္ဖီေလးတစ္ခြက္ပဲ ေဖ်ာ္တတ္တာကို ဘာလို႔မ်ား သူ႕အရိပ္ေအာက္ကေန မလႊတ္ေပးနိုင္ရတာလဲ။
သူ႕ပါဝါနဲ႕ဆိုရင္ အဆင့္ျမင့္ နာမည္ႀကီး စာဖိုမႈးေတြ၊ ေကာ္ဖီေဖ်ာ္တဲ့လူေတြ ေခၚလို႔ရပါရက္နဲ႕ မိမိကို မလႊတ္ေပးတာက မိမိကို အသားလြတ္ႏွိပ္စက္ဖို႔အတြက္ သက္သက္လား။
ဟင္း ဒါေပမယ့္ ေသခ်ာ ျပန္စဥ္းစားၾကည့္မယ္ဆိုရင္
သူ႕လို အလုပ္မ်ားတဲ့ လူတစ္ေယာက္က ဘာမွအျဖစ္မရွိတဲ့ ငါ့လိုလူအတြက္ အခ်ိန္ကုန္ခံေနမွာ မဟုတ္ဘူး။
သူ႕အတြက္လည္း အက်ိဳးအျမတ္ဆိုလို႔ မိမိေဖ်ာ္တိုက္တဲ့ ခါးသက္သက္ ေကာ္ဖီတစ္ခြက္ပဲ။
ငါ့ထက္ေကာင္းတဲ့လူေတြ ေလာကႀကီးမွာ အမ်ားရွိရက္နဲ႕...ဘာလို႔ ငါ့ေကာ္ဖီမွ စြဲလမ္းေနရတာလဲ ဂြၽန္ေဂ်ာင္ကု။
အေတြးမ်ားေနစဥ္ ႐ုတ္တရက္ မိမိ ဖိနပ္ေပၚတြင္ တစ္ခုခု လႈပ္ေနသည္ဟူေသာ ခံစားခ်က္ေၾကာင့္ ထိုသို႔ အၾကည့္ေရာက္မိသြားေသာ္ ျမင္လိုက္သည့္ အရာႀကီးေၾကာင့္ ထယ္ေယာင္းေသြးမ်ား ေျပာင္းျပန္စီးသြားသလို ။
မိမိ ဖိနပ္ေပၚတြင္ စိတ္ေျပနေျပ ထိုင္ေနေသာ
ခပ္ထြားထြား အစိမ္းရင့္ေရာင္ ဖားျပဳပ္ႀကီး။
ထိုအခ်ိန္တြင္ ထယ္ေယာင္းသည္ မိမိဖိနပ္ေပၚတြင္ မလႈပ္မယွက္ဘဲ ထိုင္ေနေသာ ဖားျပဳပ္ႀကီးအား ေၾကာက္သည့္စိတ္ျဖင့္ မ်က္ရည္မ်ား အလိုလို ဝဲတက္လာၿပီး မလႈပ္မယွက္ဘဲ အသံက်ယ္ႀကီးျဖင့္ ငယ္သံပါေအာင္ စေအာ္မိေတာ့သည္။
"အားးးးးးး!!!!!!!!!!!!ကယ္ၾကပါ"
ၾကားလိုက္ရေသာ ေအာ္သံေၾကာင့္ ေဂ်ာင္ကုမွာ ေရကူးခတ္ေနရာမွ ခ်က္ခ်င္းရပ္လိုက္မိသည္။
"ဘယ္သူလဲ!!''
မိမိ တိတ္ဆိတ္စြာ အနားယူေနသည့္အခ်ိန္မွာ ႐ုတ္တရက္ ၾကားလိုက္ရေသာ ေအာ္သံေၾကာင့္ ေဂ်ာင္ကု အာ႐ုံမ်ား ေနာက္က်ိကုန္သည္ ။ နဂိုကတည္းက မိမိ စိတ္မ်ားရႈပ္ေထြးေနသည္မို႔ ယခု မိမိ အနားယူေနသည္အား အႏွောင့္အယွက္ခံလိုက္ရသည္ေၾကာင့္ စိတ္ထဲတြင္ ဘဝင္ေတာ့ မက်မိ။
ဒီေရကူးကန္နားကို မိမိ ခြင့္ျပဳခ်က္မရဘဲ လာရဲတာ ဘယ္ေကာင္လဲ.... ။
ေဂ်ာင္ကုမွာ ေရကူးကန္ေပၚမွ အေပၚသို႔ တက္ကာ တဘတ္တစ္ထည္ အျမန္ပတ္လိုက္ရင္း
အသံလာရာ ေနရာသို႔ ခပ္ျမန္ျမန္ေလွ်ာက္သြားလိုက္သည္။
"အားးးးးးးး ထြက္သြား!!!!!!ေဂ်ာင္ကု!!!!!!!ငါ့ကို ကယ္ပါအုံး!!!!!!!အီးဟီး!!!!!ဒီမွာ!!"
႐ုတ္တရက္ မိမိထံသို႔ ဦးတည္လာေနေသာ ေဂ်ာင္ကုကို ျမင္လိုက္ရေသာေၾကာင့္ အေလာတႀကီး လက္ယမ္းျပလိုက္ရင္း ငိုႀကီးခ်က္မျဖင့္ အကူအညီလွမ္းေတာင္းမိသည္။
ထိုအခ်ိန္တြင္ ေဂ်ာင္ကုကို ေၾကာက္ရေကာင္းမွန္းလည္းမသိေတာ့။ အခုသိတာက ဒီ ဖားျပဳပ္ေကာင္ မိမိဖိနပ္ေပၚက ဆင္းဖို႔ပဲ ။
"မင္း-မင္းဘာလုပ္!-"
ေဂ်ာင္ကုမွာ စကားမဆုံးခင္ ဘူးသီးလုံးေလာက္ မ်က္ရည္မ်ားက်ေနေသာ ကင္မ္ထယ္ေယာင္း၏ ပုံစံေၾကာင့္ ေျပာစရာ စကားမ်ား တိတ္ဆိတ္သြားခဲ့သည္။
ကင္မ္ထယ္ေယာင္းမွာ လက္ညိုးႀကီး တထိုးထိုးႏွင့္ ငိုေနသည္မို႔ လက္ညိုးၫြန္ျပရာ ၾကည့္မိလိုက္ေတာ့
ဖားျပဳပ္တစ္ေကာင္။
ေနပါအုံး အဲ့ဖားျပဳပ္ကလည္း တက္စရာရွားလို႔ ဘာလို႔ ကင္မ္ထယ္ေယာင္း ဖိနပ္ေပၚမွ တက္ရတာတုန္း။
ဟိုကလည္း အသားကုန္ေအာ္ငို....ဒီဖားျပဳပ္ကလည္း ၿဖဳံေတာင္မၿဖဳံ...။ ျမင္လိုက္ရေသာ အေျခအေနကို ၾကည့္ၿပီး ေဂ်ာင္ကု စိတ္ေနာက္က်ိေနရာမွ အနည္းငယ္ ရယ္ခ်င္သြားသည္။
ဘယ္ႏွယ့္ မႀကီးမငယ္နဲ႕ ဖားျပဳတ္ေၾကာင့္ ငိုရတယ္လို႔။
"ဟိတ္ေကာင္!!!!!!မင္းစိုက္ၾကည့္မေနဘဲ အဲ့ဖားျပဳပ္ကို
ဖယ္ေပးေလ!!!!"
"ကင္မ္ထယ္ေယာင္း! မင္းေျပာေနတာ ဘယ္သူလဲဆိုတာ သိလား!!ေသနတ္နဲ႕ ပစ္ထည့္လိုက္ရ!!!!!"
"အီးဟီးးးျမန္ျမန္ ဖယ္ေပးပါ!!!!!ေတာ္ၾကာ အက်ီအေပၚ ခုန္တက္လာလိမ့္မယ္ ဂြၽန္ေဂ်ာင္ကု!!!!!!!!''
အသားကုန္ေအာ္ငိုလ်က္ ေျပာေနေသာေၾကာင့္ ေဂ်ာင္ကု သက္ျပင္းခ်လိဳက္မိသည္။
ေတာ္ၾကာ....သက္ေတာ္ေစာင့္ေတြ အသံၾကားလို႔ လိုက္လာမွျဖင့္ ကိစၥေတြ ပိုရႈပ္ကုန္ေတာ့မယ္....။
ကင္မ္ထယ္ေယာင္း ဖိနပ္ေပၚမွ ဖားျပဳပ္ႀကီးကို လက္တစ္ဖက္ျဖင့္ ေကာက္၍ ဆုပ္ကိုင္လိုက္ၿပီး ကင္မ္ထယ္ေယာင္း အား ထိုဖားျပဳပ္ကို ျမႇောက္ျပလိုက္ကာ
"မင္းေၾကာက္တာ ဒါလား"
"အားးးးးးး ဟုတ္တယ္!!!!!!!ျမန္ျမန္လႊင့္ပစ္လိုက္ေလ!!!!!!!"
ေဂ်ာင္ကုမွာ မ်က္ႏွာေသျဖင့္ အေဝးသို႔ ထိုဖားျပဳပ္ကို လႊင့္ပစ္လိုက္ေသာ္ ခုန္ဆြခုန္ဆြျဖင့္ ထြက္သြားေသာ ဖားျပဳပ္ႀကီး။
ကင္မ္ထယ္ေယာင္း ငိုရင္လည္း ငိုခ်င္စရာပါပဲ။ခုနက ဖားျပဳပ္က ခပ္ႀကီးႀကီး အမ်ိဳးအစား။
"မင္း ငိုေနတာ ရပ္ေတာ့မွာလား...ၾကားရတာ က်က္သေရတုံးတယ္ "
"မင္းကိုယ္ခ်င္းမစာဘဲ မေျပာစမ္းနဲ႕ ႐ြတ္* ငါ့-ငါ့ေနရာက မင္းစဥ္းစားၾကည့္ပါလား "
"မင္းေနရာမွာဆို ငါ့ဖိနပ္တစ္ဖက္နဲ႕ ေသေအာင္
တက္နင္းပစ္လိုက္ၿပီးၿပီ "
"အီးဟီးးးငါက မင္းလိုမွ မဟုတ္တာ သနားတတ္တာကိုးးး"
သနားတတ္တယ္လုပ္ေနေသးတယ္။ ခုနကပဲ ဖားျပဳပ္ႀကီးကို လႊင့္ပစ္ဖို႔ ေျပာတာ သူမဟုတ္တဲ့ အတိုင္း ။ အခုမွ က႐ုဏာရွင္လိုလို ဘာလိုလို ။
အျမင္ကတ္ကတ္ျဖင့္ ေဂ်ာင္ကုမွာ ႐ြဲ႕ရန္ျပင္လိုက္ၿပီး
"မင္းသနားတယ္ဆိုတဲ့ ဖားျပဳပ္ႀကီး....မင္းေခါင္းေပၚမွာ"
"အားးးးးး ေၾကာက္တယ္!!!!!ဖယ္ေပး! !!!!!!!"
ေျပာေနရင္း မိမိေပၚကို ေဆြ႕ခနဲ ခုန္တက္ၿပီး မိမိလည္တိုင္ကို ခပ္တင္းတင္း ကုပ္တြယ္ဖက္လိုက္
ေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကု အသက္ရႈပင္ ရပ္မတတ္ ျဖစ္သြားသည္။
To be continued