ဦးဂျွန် ( Kookjin )

Od YoneYone_2054

51.7K 7.6K 1.4K

ဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23 Více

🤎intro 🤎
🤎1 🤎
🤎2🤎
🤎3🤎
🤎4🤎
🤎5🤎
🤎 6🤎
🤎7🤎
🤎8🤎
🤎9🤎
🤎10🤎
🤎11🤎
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎
🤎16🤎
🤎17🤎
🤎18🤎
🤎19🤎
🤎20🤎
🤎21🤎
🤎22🤎
🤎23🤎
🤎24🤎
🤎25🤎
🤎26🤎
🤎27🤎
🤎28🤎
🤎29🤎
🤎30🤎
🤎31🤎
🤎33 🤎
🤎 ending 🤎
🤎 အပိုင်းပို 🤎

🤎32🤎

967 186 15
Od YoneYone_2054

လေးလံနေသော မျက်ခွံများကို ဖြည်းညှင်းစွာဖွင့်လိုက်တော့ ပထဦးစွာ မျက်နှာကျက်ဖြူဖြူကိုမြင်လိုက်ရသည်။ ထို့နောက် နှာခေါင်းထဲသို့ တိုး၀င်လာတဲ့ ပိုးသတ်ဆေးရနံ့တွေ။ ခွဲစိတ်ပြီးဘယ်နှစ်ရက်လောက် သူအိပ်ပျော်သွားခဲ့လဲမသိ။ ဒီလိုပြန်နိုးလာ
ပုံထောက်ရင် သူဟာ ခွဲစိတ်မှုအောင်မြင်ခဲ့လို့ပဲဖြစ်ပါလိမ့်မည်။

“ဟယ် သားငယ်လေး နိုးလာပြီ”

မေမေ့အသံ ကြားလိုက်ရသည်။ ဖြည်းညှင်းစွာခေါင်းစောင်း၍ကြည့်တော့ မေမေနဲ့ဖေဖေဟာသူ့အနားမှာ။ ဦးဂျွန်ကရော....ဘယ်မှာလဲ။

“မေ...မေ”

သူ အားယူ၍ ဖြည်းညှင်းစွာခေါ်လိုက်တော့ မေမေက မျက်ရည်တွေနဲ့ခေါင်းတငြိမ့်ငြိမ့်။ ဆေးသွင်းထားတဲ့ သူ့လက်ခုံလေးကို ဖွဖွလေးဆုပ်ကိုင်ရင်းမေမေက ရှုံးပွဲချငိုလေ၏။

“မေမေ့သားလေး နိုးလာဖို့.....မေမေ အများကြီးဆုတောင်းခဲ့ရတာ! ကျေးဇူးတင်ပါတယ် နိုးလာပေးခဲ့လို့ ကျေးဇူတင်ပါတယ် မေမေ့သားရယ်!!”

မေမေဟာ ငိုနေခဲ့တာ ရှိုက်ကြီးတငင်။ မေမေငိုတာမြင်တော့ သူ့မျက်၀န်းတွေလည်း တောင်မခံနိုင်။သူပါ ရော၍ငိုမိသည်။ ထိုအခါ ဖေဖေက မေမေ့မျက်ရည်တွေကိုတစ်လှည့်၊ သူ့မျက်ရည်တွေကိုတစ်လှည့် သုတ်ပေးရသူ ဖြစ်လာတော့သည်။

“မငိုပါနဲ့ကွာ မင်းတို့သားအမိကလဲ....မင်းတို့ငိုတော့ငါလည်းငိုချင်တာပေါ့”

“ကျွန်မက ၀မ်းသာလို့ငိုတာလေ”

“ငါလည်း၀မ်းသာတယ်လေ မျက်ရည်မှ
မထွက်လာတာ ”

ဖေဖေက ရယ်သံကျဲကျဲနဲ့ဆိုတော့ မေမေရောသူပါငိုနေရင်း ရယ်မိသွားကြသည်။ ခဏကြာတော့ဖေဖေက ဆရာ၀န်ခေါ်ဖို့ထွက်သွားသည်။မေမေနဲ့သူသာ အခန်းထဲကျန်ခဲ့သည်။

“မေမေ ....”

“ပြောလေ သားငယ် ဘာစားချင်လို့လဲ မေမေ
ဘာလုပ်ပေးရမလဲ ”

“ဟို....ဟို”

သူဆက်ပြောချင်ခဲ့ပေမယ့် မပြောနိုင်။ စကားတွေဟာ လည်ချောင်း၀၌ အားစေးမိသလို ကပ်ညှိနေခဲ့သည်။ မေမေက ဒါကိုသဘောပေါက်သည်ထင်ပါ၏။ သူ့လက်တွေကို ဆုပ်ကိုင်လာရင်း.....။

“သားငယ် ခေါင်းထဲတွေးနေတဲ့အရာကို မေမေတို့သိပါတယ် ဒါပေမယ့် သားလေး ဆက်ပြီးမတွေးလို့မဖြစ်ဘူးလားဟင်....မေမေ သားကို ဖြစ်နိုင်ရင်
ဘယ်သူနဲ့မှ မပက်သက်စေချင်တော့ဘူးကွယ်။သူတို့ဆီက သားလေး ရုန်းထွက်လာပါတော့ နော်”

ဆော့ဂျင် အဖြေမပေးရဲ။ ရုန်းထွက်နိုင်ခဲ့ရင်တောင်ခလုတ်တိုက်တိုင်း သတိရနေမယ့်လူဖြစ်နေလို့ကတိတွေပေးလိုက်ရင် မတည်တဲ့အခါ ရင်ဆိုင်ရမည့် အပြစ်ဒဏ်တွေကို သူသိပ်ကြောက်ပါသည်။

“သားကို မေမေ အတင်းမလုပ်ခိုင်းပါဘူး။
အရင်ဆုံး အေးဆေးနားနော်”

“ဟုတ် ကဲ့ ”

ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့ကြလဲ မသိပေမယ့် သူဆက်၍ မမေးချင်တော့ပါ။ သူနဲ့လည်းမဆိုင်တော့ဘူးလေ။ ဦးဂျွန်ရော၊ ဦးဂျွန်မိသားစုကပါ သူနဲ့မဆိုင်တော့ဘူး။ ဆိုင်တယ်လို့ နှလုံးသားကတွေးနေမိရင်
တောင် ဘယ်အရာ၀တ္ထုကမှ မင်းနဲ့မဆိုင်တော့ဘူးဆိုပြီး ဦးနှောက်က သတိခဏခဏပေးနေတယ်။

ဆော့ဂျင် အများကြီး ဆက်မတွေးတော့။ မျက်လုံးများကိုသာ မှိတ်ချထားလိုက်သည်။ ထိုအခါ ပူပူနွေးနွေး မျက်ရည်တွေ စီးကျသွားတာကို ခံစားလိုက်ရသည်။

#####

ရက်အတော်ကြာ ဆေးရုံမှာနေခဲ့ပြီးသည့်နောက်ဆရာ၀န်ခွင့်ပြုချက်နှင့်အတူ ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ မေမေကတော့ ဆေးရုံဆင်းသည်နှင့်တစ်ပြိုင်နက် ဆော့ဂျင်အား နိုင်ငံခြားပို့ဖို့ အတင်းစီစဉ်နေခဲ့သည်။ ဖေဖေကတော့ ထိုကိစ္စအား ဘာမှ၀င်မပြော။
မေမေတစ်ယောက်ထဲ တက်ကြွစွာ စီစဉ်နေခဲ့တာပင်။

“ဖေဖေ....ကားကို ဒီမှာရပ်ပေးပါလား
ပန်းခြံထဲ သားလမ်းခဏလောက် လျှောက်ချင်လို့”

လမ်းကွေ့လေးထဲသို့ ကားလေးမ၀င်ခင် ဆော့ဂျင်ပြောလိုက်တော့ ဖေဖေက ကားရပ်ပေးသည်။မေမေကတော့ တစ်ယောက်ထဲထားချင်ပုံမပေါ်။ ကားရပ်သည်နှင့် အပေါ်ထပ်အနွေးထည်ကို သေချာ၀တ်ကာ
ကားပေါ်မှဆင်းလိုက်မိသည်။

“အကြာကြီးမရဘူးနော် သားငယ်”

“ဟုတ် သိပါတယ်မေမေ ခဏလောက် လေညှင်းခံပြီးရင် ပြန်လာခဲ့ပါမယ်”

“အင်းအင်း”

ဖေဖေတို့ကားလေး လမ်းထဲကွေ့၀င်သွားသည်။ထိုအခါမှ ပန်းခြံလေးထဲ လမ်းလျှောက်လာရင်းဒန်းကလေးဆီ ထိုင်ချလိုက်သည်။ မြေပြင်ပေါ်သို့ခြေထောက် ထောက်ရင်း ဒန်းကို အရှိန်နည်းနည်း
ဖြင့်လွှဲလိုက်တော့ သူ့ဆံပင်ကောက်ကောက်လေးတွေ ဝဲခနဲဖြစ်သွားရသည်။

ဆံပင်တွေဝဲသွားရင်.....မမဟန်ကို သိပ်သတိရတာပဲ။ဘာတွေများ လုပ်နေလို့ ၊ ဘယ်ဆီကိုများ ခရီးလွန်နေလို့ သူ့ကိုခဏတောင် လာမတွေ့နိုင်တာလဲ။

ပစ်ထားရက်တဲ့ နှစ်ယောက်လုံးကို ဖြစ်နိုင်ရင်
ခေါ်၍မေးချင်သည်။ သူဟာ ဒီလောက်တောင်သတိရစရာ မကောင်းတဲ့ လူတစ်ယောက်ဖြစ်သွားပြီလားလို့။

ကျွန်တော့်ဘ၀တစ်ခုလုံးမှာ သူတို့နှစ်ယောက်ကအဓိက ဇာတ်ကောင်တွေ ဖြစ်ခဲ့သလောက်
သူတို့နှစ်ယောက်ရဲ့ဘ၀မှာတော့ ကျွန်တော်ကဖြတ်လျှောက်သာသာပဲ ထင်ပါတယ်။

ကျွန်တော်ဟာ အစထဲက မသက်ဆိုင်တဲ့အရာတွေကိုအပိုင်မလုပ်ခဲ့သင့်မှန်း နားမလည်တော့ အရာရာမှာBalance မညီခဲ့တာပေါ့။

ဒန်းကလေးစီးရင်း မြင်နေကျလမ်းပေါ်
ရန်တွေဖြစ်လိုက် စလိုက်နောက်လိုက်
အချိန်တွေကို သတိရတော့
အသိစိတ်တွေမှာ လိမ္မော်ရောင်တွေ။

မူးမူးနဲ့ မောင်နှမနှစ်ယောက်ကို
အထင်လွဲလို့ စကားများခဲ့တဲ့
အပင်ဘေးကိုကြည့်တော့
ဆရာ၀န်နားကြပ်တွေကို ပိုသတိရတယ်။

သတိရစိတ်တွေများလာတော့ လူဟာခံနိုင်ရည်မဲ့စွာ မျက်ရည်တွေတာကျိုးကုန်သည်။ အဖတ်ဆယ်စရာမရသည်အထိ ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့သူ့
အတွက် ဒီတစ်ကြိမ်မှာတော့
ပွေ့ဖက်ပေးမယ့်လူတွေ မရှိကြတော့ဘူး။

ထိုနေ့က ပန်းခြံထဲ ငိုနေခဲ့တဲ့ ကောင်လေးကို
ခပ်လှမ်းလှမ်းမှ ငေးကြည့်နေခဲ့တဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်ဆိုတာ မသိခဲ့။

#####

“I wanna be with you....and I wanna stay with you ”

ဖုန်းထဲမှ လွင့်ပြယ်နေသော ဂျီမင်းရဲ့သီချင်းသံဟာအခန်းထဲညံနေသည်။ ဒီရက်ပိုင်း ဘယ်နှစ်ခါမြောက်နားထောင်ချင်လဲဆိုတာ သေချာမမှတ်မိ။ သီချင်းစာသားတွေဟာ ခံစားချက်နဲ့တိုက်ဆိုင်လွန်းလို့နားထောင်မိတိုင်း ငိုရတာ အကြိမ်ကြိမ်။

ဂျီမင်းကတော့ သီချင်းရဲ့အောင်မြင်မှုတွေနဲ့အတူOverseasတွေ မကြာခဏထွက်နေရသည်။ သူနဲ့‌အဆက်အသွယ်သိပ်မလုပ်ဖြစ်။ ဂျီမင်းဘ၀လေးကတေ့ာ သူဝါသနာပါရာနဲ့ ဖြတ်သန်းရင်း လှပနေခဲ့သည်။

“Just take it all. I'm nothing without your love”

အသည်းကွဲသီချင်းတွေ နားထောင်ရတာ
ပထမဆုံးဆိုရင် ပင်ပန်းပေမယ့်
ပင်ပန်းရတာကို သဘောကျသွားပြီး
တဖြည်းဖြည်းနဲ့ နာကျင်ရတာကိုလည်း
နာကျင်ရတယ်လို့ မခံစားရတော့ဘဲ
ရင်ထဲက နာကျင်တာကိုလည်း နာတဲ့အတိုင်း
နေသားကျ‌သွားမှာ။

အတူရှိချင်တယ်လို့ အော်ငိုခဲ့တဲ့ စက္ကန့်တိုင်းမှာ၀င်သက်ထွက်သက်တိုင်း တူတူပြန်ချစ်ပါရစေလို့ဆုတောင်းသမျှ အခိုက်အတန့်တွေတိုင်းမှာဘယ်တော့မှ မထားခဲ့ဘူးလို့ ကတိတွေ ပေးချင်တယ်။

အမှတ်တရတွေ အများကြီးရှိတဲ့ နှလုံးသားဆိုတဲ့အခန်းထဲမှာ သူနဲ့ပတ်သက်တဲ့ အကြောင်းတွေအပြည့်။ ထာ၀ရ ဘယ်တော့မှ မဟောင်းနွမ်းမယ့်အကန့်လေးထဲ ထည့်ထည့်သိမ်းထားခဲ့ရတယ်။

အမှတ်တရတွေဟာ နောက်တစ်ကြိမ်
ပြန်မရတော့သလို ကြယ်တွေကိုလည်း
နောက်တစ်ကြိမ် ထက်ပြီးတူတူကြည့်လို့မရတော့ဘူးလို့ တွေးတွေးငိုပေမယ့်  ဒီလောက်ပါပဲ......။ဒီလောက်ပဲပေါ့။

“ဒေါက် ဒေါက် ”

အခန်းတံခါးခေါက်သံကြောင့် မျက်ရည်တွေကိုသုတ်ကာ တံခါးအမြန်ဖွင့်ပေးလိုက်ရသည်။

“သားငယ်လေး ဘာလုပ်နေတာလဲ”

“သီချင်းနားထောင်နေတာပါ မေမေ”

“ဟုတ်လား။ မေမေက သားကိုပြောစရာရှိလို့”

“ဟုတ် မေမေ လာလေ ”

အခန်းထဲ မေမေက၀င်လာသည်။ မွေ့ယာပေါ်တင်ပါးလွှဲထိုင်ရင်း သူမလက်ထဲမှ စာရွတ်စာတမ်းနဲ့ဓာတ်ပုံအချို့ကို ထုတ်ပြလာသည်။

“ဘာတွေလဲ မေမေ”

“သားတက်ရမယ့် ဩစီက ကျောင်းတစ်ခုပဲ။
အရမ်းနာမည်ကြီးပြီး အသင်အပြ ကောင်းတယ်တဲ့မေမေ အားလုံးစီစဉ်ပြီးပြီ။ သားလေးက သွားတက်လိုက်ရုံပဲ လေယာဉ်လတ်မှတ်ပါ ဖြတ်ပြီးပြီ”

မေမေပေးတဲ့ စာရွတ်စာတမ်းတွေကိုကြည့်တော့Australia နိုင်ငံရဲ့ နာမည်ကြီးကျောင်းတစ်ခု။မေမေက သူဝါသနာပါတဲ့ Biomedical မေဂျာနဲ့လျှောက်ထား
ပေးသည်။ ထို့နောက် စာရွတ်စာတမ်းတွေကိုဖတ်ကြည့်နေရင်း မေမေက သူ့လက်ထဲ ဓာတ်ပုံတွေထည့်ပေးလာသည်။

“ဒါက ကျောင်းရဲ့ campus ပုံတွေ။ သားလေးမြင်ဖူးထားအောင် ကြည့်ဖို့ မေမေ ပြင်လာခဲ့တာ။သားလေး ကြိုက်ရဲ့လား”

“အားလုံးစီစဉ်ပြီးမှ ကြိုက်ရဲ့လားမေးတော့
ဘာထူးမှာတဲ့လဲ အားလုံးကို သားစိတ်တိုင်းကျပါတယ် မေမေ ”

မေမေက သူ့စကားအဆုံးပြုံးသွားသည်။ ထို့နောက်လိုအပ်တဲ့ ပြင်ဆင်မှုနဲ့ ကျောင်းကိစ္စတွေပြောပြီးသန်ဘက်ခါ မနက်စီးရမယ့်လေယာဉ်လတ်မှတ်ကိုပါတစ်ခါထဲပေးသွားသည်။ မေမေ အခန်းထဲကထွက်သွားတော့မှ ကုတင်ပေါ်၌ ပြန့်ကျဲနေသောလေယာဉ်လတ်မှတ်နဲ့ စာရွတ်စာတမ်းတွေကိုကြည့်
ရင်း အော်ငိုချင်စိတ်ဟာ အလိပ်လိုက်။

“ဦးဂျွန်......တစ်နေရာရာကနေ ပေါ်လာရင်
ကောင်းမှာပဲဗျာ ”

ဒီအချိန်ဆို ဘာတွေများလုပ်နေမလဲ။ ၀မ်နဲ့များပျော်ရွှင်နေကြမလား။ သူကတော့ အတွေးများနဲ့ညပေါင်းများစွာကို ကူးခတ်ခဲ့ပေမယ့် ဦးဂျွန်ကတော့အတွေးနည်းနည်း ၀မ်ပေးတဲ့ ဂရုစိုက်မှုများများနဲ့သေချာပေါက် ပျော်ရွှင်နေမှာပဲ။

အဆက်အသွယ်တွေဖြတ်ပြီး ဝေးရာကိုပြေးသွားတဲ့လူကို ဖြစ်နိုင်ရင် ဆိုးလ်မြို့ရဲ့ တစ်နေရာရာမှာပခုံးချင်း၀င်တိုက်ချင်သေးသည်။ ပခုံးစွန်လေးတိုက်မိရုံနဲ့၊ တစ်ကြိမ်မျှ ငေးကြည့်ရရုံနဲ့တင်သူ အများကြီး တင်းတိမ်နိုင်ပါသည်။

ကုတင်ပေါ်က စာရွတ်များကိုဖယ်ကာ ပြတင်းပေါက်နားသို့ထလာခဲ့လိုက်သည်။ အရင်က ဒီပြတင်း ပေါက်ကနေလှမ်းကြည့်ရင် ခပ်လှမ်းလှမ်းမှာဦးဂျွန်အိမ်ကလေး ရှိတယ်။ မေမေစိုက်ထားတဲ့နှင်းဆီပန်းတွေကို မြင်ရတယ်။ အခုတော့ ဦးဂျွန်အိမ်ကလေးလည်း မရှိတော့။ မေမေ့နှင်းဆီတွေလည်းမရှိတော့။ အရာအားလုံးဟာ လပိုင်းအတွင်း
ပြောင်းလဲသွားခဲ့တာ။

နှင်းဆီပန်းကလေးနဲ့ ချော့ခံခဲ့ရတဲ့ နေ့ရက်တွေဆီပြန်သွားချင်တယ်။ မဖြစ်နိုင်မှန်းသိပေမယ့် ဦးဂျွန်ကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲရောက်ရောက် သတိ‌ရနေတုန်းပဲ။

မတော်တဆများ တွေ့ဖြစ်ခဲ့ရင်
ပြောခဲ့ချင်ပါတယ်။
နှလုံးသားတွေ ထပ်တူကျခဲ့ရလို့
ကျေးဇူးတင်ပါတယ်......။

####

“ဟိုရောက်ရင် အစားအသောက် ဂရုစိုက်နော်‌
မေမေ့ကိုလည်း ဖုန်းတစ်ပတ်ကို သုံးခါလောက်ဆက် Part time jobတွေ မလုပ်နဲ့နော် လိုတာမှန်သမျှ မေမေ့ကိုပြော အကုန်ပို့ပေးမယ်”

“တစ်ခုခု အခက်အခဲဖြစ်ရင် ကျောင်းကောင်စီကိုတိုင် ပြဿနာတက်ရင် သားတက်နေတဲ့ကျောင်းမှာ
ဖေဖေ့သူငယ်ချင်းသမီး မယ်လွန်ဆိုတာရှိတယ်။သူနဲ့အဆက်အသွယ်လည်း လုပ်ထား ....”

“စာလည်းသေချာလုပ်
ကျန်းမာရေးလည်း ဂရုစိုက်
ပျော်ပျော်နေမယ်လို့ မျှော်လင့်နေမယ်နော်....”

မေမေတို့စကားတွေကို ခေါင်းအထပ်ထပ်ငြိမ့်ကာနေလိုက်သည်။ တကယ်ဆို ဘယ်ခွဲချင်မလဲ။ဒီမိသားစုရော၊ ဒီမြေရော ၊ ပြီးတော့ ကိုယ့်အိမ်ရော။အရာအားလုံးက အမှတ်တရတွေ အပြည့်ဖြစ်ခဲ့လို့
မခွဲချင်တာဟာ မဆန်း။ သူ့အား မျက်ရည်တွေနဲ့ကြည့်ပြီးငိုနေခဲ့တဲ့ မေမေကမှပိုဆန်းသည်။သူပဲအတင်းလွှတ်ပြီး....။

“မေမေက မငိုနဲ့လေ
မေမေငိုရင် ဆော့ဂျင် ငိုချင်တာပေါ့”

“မငိုပါဘူး မေမေက မေမေ့သားလေးကို
ခွဲရမှာမို့”

“အဲ့တာဆိုလည်း ပြန်ခေါ်ထားလိုက် ”

“ကဲကဲ တော်တော့ လေယာဉ်ထွက်ချိန်နီးပြီ
သားလေး အထဲ၀င်တော့ ဖေဖေတို့ပြန်ပြီ”

“မေမေတို့ ဂရုစိုက်နော် ....တစ်ခုခုဆို သားကို
Video call ခေါ်လိုက်”

“အေးပါကွာ...”

“မေမေ့သားလေး ဂရုစိုက်နော်!”

မေမေသည် ငို၍မဆုံးကာ ဖေဖေမှအတင်းဆွဲခေါ်ထုတ်သွားရသည်။ မေမေတို့ ထွက်သွားတော့မှပဲသက်ပြင်းချကာ ခရီးဆောင်အိတ်ကို ဆွဲရင်း လေယာဉ်လက်မှတ်ဖြတ်တဲ့နေရာဆီ တက်လာခဲ့သည်။

“ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ”

လက်မှတ်ဖြတ်ပြီးသည့်နောက် လေယာဉ်ပေါ်သို့တက်လာခဲ့သည်။ သူ့‌ခုံနံပါတ်က ၂၀၊ ပြတင်းပေါက်နားမှာဖြစ်ပြီး သူ့ဘေး၌ လူတစ်ယောက်ရှိသည်။ထိုလူမလာခင် အရင်၀င်ထိုင်လိုက်သည်။

ထိုင်ပြီးသိပ်မကြာ။ သူ့ဘေးသို့ ခရီးသည်တစ်ယောက် ရောက်လာသည်။ တစ်ကိုယ်လုံးအညိုရောင်တွေချည်း ၀တ်ဆင်ထားကာ mask တပ်ထားသည်။ ဒါတွင်မကသေး။ ဘယ်ဖက်လက်၌ အညိုရောင်လက်ပတ်နာရီလေးတစ်ခု၀တ်ထားပြီး မျက်မှန်အဝိုင်းလေးတပ်ထား၏။

သူကြည့်နေရင်း ထိုလူက သူ့ပစ္စည်းများကိုနေရာချနေသည်မို့ ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲလိုက်သည်။ ထိုအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့်ချက်ချင်း လေယာဉ်ပေါ်က ပြေးဆင်းကာအိမ်ပြန်ချင်သွားရလေသည်။

ကောင်းကင်ပြာပြာထက် ဝဲလွင့်နေတဲ့ တိမ်စိုင်တွေ။ရုတ်တရက် မေမေ့ကို သတိရသွားသည်။ မေမေကကောင်းကင်ပြာပြာတွေဆို သိပ်သဘောကျတာ။

ခရီးမထွက်ရသေးပေမယ့် Homesick‌ကို စတင်ခံစားလာရတဲ့ ကလေးငယ်။ မျက်၀န်းတွေ ပူထူလာကာအရည်ကြည်တွေ မျက်တောင်၌စိုစွတ်လာသည်။သုံးလေးကြိမ်လောက် မျက်တောင်ခပ်လိုက်တော့သိသိသာသာ ကျဆင်းသွားတဲ့ ပါးပြင်ပေါ်မှ မျက်
ရည်စီးကြောင်းတွေ။

ရောက်တောင်မရောက်သေးဘူး ။
Homesick ဝေဒနာဟာ သိပ်ဆိုးသည်။

မေမေနဲ့ဖေဖေ့ကိုလည်း လွမ်း။ ဦးဂျွန်ကိုလည်းလွမ်း။ မမဟန်ကိုလည်း လွမ်းသွားသလို ဆေးကုဖူးတဲ့ရွာငယ်ကိုလည်း လွမ်းသွားသည်။

“အဟင့်! ဟင့် ရွှတ်"

နှပ်တွေပါ သုတ်ရင်း ကလေးငယ်သည်
အငိုမတိတ်တော့။ မကြာခင် လေယာဉ်ထွက်တော့မှာမို့ ခါးပတ်ပတ်ရန် လေယာဉ်မယ် သတိလာပေးတော့မှ အငိုတိတ်သွားသည်။ ဒါတောင် တအင့်အင့်နဲ့ရိူက်နေတုန်း။

ခါးပတ်ကို သေချာပတ်ကာ ထိုင်ခုံပေါ် ကျောမှီ၍မျက်လုံးများကို မှိတ်ချလိုက်သည်။ ထိုစဉ် မျက်လုံးထဲမြင်ယောင်လာတဲ့ အညိုရောင်တွေ။ ပြီးတော့ရေမွှေးရနံ့ခပ်သင်းသင်း။ တစ်စုံတစ်ယောက် သူ့ကိုစိုက်ကြည့်နေသလိုလည်း ခံစားလာရသည်။

ထိုစဉ် သူ့လက်ဖမိုးလေးအား ဆုပ်ကိုင်လာတဲ့လက်ဖဝါးကြီးကြီးတစ်ခု.....။ ဆတ်ခနဲ မျက်၀န်းတွေကို ဖွင့်ကြည့်မိလိုက်သည်။

“ဦး....ဂျွန်”

ပီပီသသအသံလေးနဲ့ သူခေါ်လိုက်တော့
ဦးဂျွန်ကပြုံးသည်။ ကြည့်နေစဉ်အတွင်းမှာပဲ maskကိုချွတ်ပြတော့ ရေးရေးလေးမြင်လိုက်ရတဲ့ နူတ်ခမ်းမွှေးနဲ့ဦးဂျွန်။ ဆံပင်တွေပိုရှည်ကာ မျက်မှန်ကလေးတပ်ထားရသည်။

“တကယ်ပဲ...”

“ဦးဂျွန်ကို ထားပြီး တစ်ယောက်ထဲ
ထွက်သွားတော့မယ်ပေါ့ ”

“ဟင်”

သူ့အား မျက်ရည်တွေနဲ့ ငေးနေသော ကလေးငယ်ကိုကြည့်ပြီး ဦးဂျွန် နူတ်ခမ်းလေးတွေ ကွေးတက်သွားသည်အထိ ပြုံးမိသွားသည်။ ဒီကလေးလေးကိုဒီလို‌ဆုံရဖို့ သူဘယ်လောက်အထိ ကြိုးစားခဲ့ရလဲ
ဆိုတာ သူအသိဆုံး။

ကြောင်အစွာ ငေးနေတဲ့ ကလေးလေးအနားကိုတိုးကာ ခပ်တိုးတိုးလေးပြောလိုက်သည်။

“ဒီလမ်းကိုရွေးဖို့ နှလုံးသား တစ်ခုပဲ
လိုခဲ့တယ် ကလေးငယ်”........တဲ့။

ထို့နောက် ဆိုးလ်ကောင်းကင်ပေါ်သို့ အရှိန်ထိုးပျံသန်းသွားတဲ့ လေယာဉ်ဖြူဖြူ......။

TBC.....






















#####












အသိစိတျတှမှော လိမ်မောျရောငျတှေ။




#####

“I wanna be with you....and I wanna stay with you ”



“Just take it all. I'm nothing without your love”
























####


































TBC.....

Pokračovat ve čtení

Mohlo by se ti líbit

34.6K 4K 27
တချို့ဆုံတွေ့ခြင်းတွေက ဝဠ်ကြွေးတွေသာဆိုရင် မျှော်လင့်စရာ တစ်စုံတစ်ရာမှ မရှိခဲ့ပေမယ့်လည်း မဆုံနိုင်တဲ့လမ်းတွေရဲ့ အဆုံးသတ်တဲ့အထိ အသွေးအသားထဲကနေ ရူးနေအေ...
3.9K 452 20
ကောင်လေးတွေကိုလွမ်းလို့ အဖော်ပြုပေးချင်တဲ့စိတ်ကြောင့် ဟာသလေးနှောပြီးရေးထားတာဖြစ်ပါတယ်။
44.7K 3.1K 72
ဖတ်ကြည့်နော်😉😉
6.7K 692 38
ငါဘယ်​​တော့မှ အရက်​မ​သောက်​​တော့ပါဘူး ရန်​လဲမဖြစ်​​တော့ဘူး က​လေးမကြိုက်​တာ​တွေလဲ ဘာတစ်​ခုမှမလုပ်​​တော့ပါဘူး ကင်​...