🤎33 🤎

1.2K 188 11
                                    

ဂယက်တွေမရှိတဲ့ ညချမ်းလေးပါ ဦးဂျွန်။

အမှတ်တရတွေဟာ အိပ်ယာ၀င်ချိန်တွေရောက်ရင်ဦးနှောက်ထဲ ဖြတ်ခနဲဆိုသလို ပေါ်လာတတ်လို့ဦးဂျွန်သာ အနားမှာတူတူရှိရင် အရာရာဟာ အညိုရောင်တွေပါပဲ။

ဦးဂျွန်ဟာ နွေတစ်နွေဆို
သူက မေပယ်။
သံသရာတစ်ကွေ့မဟုတ် တစ်ကွေ့တော့
သူတို့ ဆုံကြ ကြွေကြရမယ်။

ဘယ်လို ကံကြမ္မာပဲ ဖြစ်နေပါစေ။
ဦးဂျွန်သာ အညိုရောင်တွေ ၀တ်နေမယ်ဆို
သံသရာဟာ တဆုံးလှနေမှာ။

ဦးဂျွန်သာ သူ့အနားရှိရင်လေ
လောကကြီးနဲ့ ပခုံးချင်းညှိပြီး
အရာခပ်သိမ်း အညိုရောင်တွေ
ပြောင်းလဲလိုက်မှာ။

ချစ်တယ်ဆိုတိုင်း မပြီးတဲ့အရာတွေမှာ
နှလုံးသားတွေ ဖလှယ်ကြဖို့
အရာရာမှာ အညိုရောင်တွေ ခြယ်ရင်း
အတောင်ပံတွေ ဖြန့်ကြမယ်...။

အဆုံးထိ လိုက်နိုင်ရဲ့လား.....ဦးဂျွန်။

####

ဆောင်းလေတွေသုန်တော့
နှစ်ယောက်အတူ စိတ်ကူးထားတဲ့
ဆရာ၀န်အိမ်မက်တွေကို သတိရတယ်။

အထူးကုလုပ်မယ်.....ဆေးကုမယ်ဆိုတဲ့
အိမ်မက်တွေဆီ ပြန်ရောက်တော့ လူက
အမှတ်တရတွေထဲက မရုန်းနိုင်လို့
လက်ရှိကို ပြန်ဆွဲနေရတယ် ကလေးငယ်။

ဖွင့်ဟလို့မရတဲ့ စာမျက်နှာတွေနဲ့
နားမလည်ခဲ့တဲ့ ဇာတ်ကွက်တွေမှာ
လူတွေက မသိခဲ့တဲ့ အရာတွေ
အများကြီးပဲ ကလေးငယ်။

ဆရာ၀န်ကြီးက သိပ်အားမလို အားမရပဲဆိုတဲ့ စကားတွေနဲ့ကျင့်သားရနေပေမယ့်
ကလေးငယ်ကို သိပ်ချစ်တတ်တာတော့
ကလေးငယ်အပြင် ဘယ်သူသိနိုင်မလဲ။

ချစ်ခဲ့တာကလွဲရင် ဘာမှမရှိတဲ့ဘ၀မှာ
ငယ်သူမို့ ဆိုးဆိုးပေပေတွေလည်း မရှိခဲ့ပါဘူး။အရာခပ်သိမ်း ဒီကလေးလေးဆီမှာပဲ
ကျရှူံးခဲ့သူမို့ .....ချစ်ခြင်းမေတ္တာကို
မငြင်းပယ်နိုင်ခဲ့ခြင်းတွေပါ။

ငယ်စဉ်ကာလတွေမှာ ကူးသန်းခဲ့ရတဲ့
ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ်တွေ။
နုနယ်ပျိုပြစ်တဲ့အရွယ်မှာ မသိမသာ
ခိုးကိုင်ခဲ့ရတဲ့ လက်ချောင်းလေးတွေ။
ဝိုင်းအုံချစ်လေးမို့ လှလှပပလေး
ထိန်းကျောင်းခဲ့ပေမယ့် အရွယ်ရောက်တဲ့အခါဒီရင်ခွင်က စုန်တက်သွားတော့ အတောင်ပံလေးတွေသေးငယ်သိမ်နုတ်ခဲ့ရတာပါ ကလေးငယ်။

ဦးဂျွန် ( Kookjin )Where stories live. Discover now