🤎17🤎

1.1K 216 19
                                    

"ဒီဆေးလေးသောက်လိုက်နော်
ငှက်ဖျားမဟုတ်ပါဘူး။ ရိုးရိုးအအေးပက်တာပါ။ဆောင်းတွင်းဆိုတော့ သိတဲ့အတိုင်း အပူအအေးမမျှရင် ရောဂါထူတယ်"

"ဟုတ်ကဲ့ဆရာ၀န်ကြီး"

"ဆေးမှန်မှန်သောက်ပေးနော်
ဆေးပတ်လည်တဲ့အခါ သက်သာသွားလိမ့်မယ်။နွေးနွေးထွေးထွေးနေပါ။ အိပ်တဲ့အခါ ခြင်ထောင်ထောင်ပြီးအိပ်"

"ဟုတ်ကဲ့ဆရာ.."

"အစာအမာတွေ ခဏရှောင်ထားအုံး
ဆန်ပြုတ်လေးပဲသောက် အစာမာတွေစားတဲ့အခါရိုးရိုးအဖျားကနေ အူရောင်ငန်းဖျားဖြစ်သွားမှာစိုးလို့"

"ဟုတ် ဟုတ် ဆရာ၀န်ကြီး"

လူနာတွေတစ်ယောက်ပြီးတစ်ယောက် ကုသပေးနေတဲ့ ဆရာ၀န်ကြီးကို ကြည့်ရင်း ဆော့ဂျင်ပြုံးလိုက်မိသည်။ ဒီနေ့နဲ့ဆို ရွာကိုရောက်တာ တစ်ပတ်ကျော်ပြီ။အိမ်ကိုလည်း ဖုန်းမဆက်မိသလို၊ ဦးဂျွန်လည်းဖုန်းပြောနေတာမျိုးမတွေ့။ ဆေးထောက်ပံ့တဲ့ကိစ္စတွေ
မရှိသေးပေမယ့် လိုအပ်တာရှိရင် ဦးဂျွန်က ရုံးချုပ်ကိုစာရေးတင်သည်။

သူလည်းထို့နည်းတူ။ ဖုန်းလိုင်းမမိတာရယ်၊ မြို့ပေါ်မ‌တက်ဖြစ်သေးတာရယ် ပေါင်းပြီး ဖုန်းကိုင်ဖို့နေနေသာသာ ဂိမ်းဆော့ဖို့တောင် မေ့လျော့နေခဲ့သည်။ဒါလည်းကောင်းတာပဲ။ မျက်စိမထိခိုက်တော့ဘူးပေါ့။

"ဒီမှာ! ဒီမှာ!"

"ဟမ် အင်း ဆရာ၀န်ကြီး"

"လူနာကိုသွေးပေါင်ချိန်ဖို့ပြောတာ မကြားဘူးလား"

"အာ...ဟုတ်ကဲ့။ မကြားလိုက်လို့ပါ"

"အလုပ်ချိန် သတိလေးတော့ကပ်မှပေါ့.."

"ဗျာ"

"ဟုတ်တယ်လေ။ ဆေးခန်းထဲနှစ်ယောက်ပဲရှိတာ။တစ်ယောက်က အတွေးလွန်နေရင် ဘယ်ဖြစ်မလဲ။မြန်မြန်သွား....
သွေးပေါင်ချိန်ပေး"

ဆော့ဂျင် မျက်နှာပျက်ပျက်ဖြင့် သွေးပေါင်ချိန်ရမယ့်လူနာဆီ ထွက်လာခဲ့သည်။ ဘယ်လိုတောင်သူ့ချစ်သူကိုပြောရက်တာလဲ။ သူပြောပုံက မသိရင်ကိုယ်ကပဲ အလုပ်မလုပ်ဘဲ အချောင်ခိုနေသလိုလို။
စိတ်ကူးယဉ်ပြီး အလုပ်ကိုမေ့နေသလိုလို။ရတယ်လေ ။ မလုပ်ဘူး။ ဘာမှမလုပ်နိုင်ဘူး။

ဦးဂျွန် ( Kookjin )Nơi câu chuyện tồn tại. Hãy khám phá bây giờ