🤎7🤎

1.7K 233 32
                                    

“ကင်ဆော့ဂျင်!!!”

ရင်းနှီး‌မလိုနဲ့ အက်ကွဲနေတဲ့ အသံကြောင့် မမဟန်နဲ့
သူနဲ့တူတူ လှည့်ကြည့်မိလိုက်သည်။ အသံပိုင်ရှင်မှာ
မှိန်ပျပျနီယွမ်မီးအောက်မှ သူ့ထံ ပြေးလာနေသည်။
အနားရောက်မှ ထင်ရှားသွားတဲ့ မျက်နှာနှင့်အတူ
ဆွဲဆောင့်ခံလိုက်ရသည့် သူ။

“အား ဦးဂျွန်”

ဦးဂျွန်က သူ့ဘက်ကိုဆွဲဆောင့်ခေါ်ရုံတင်မဟုတ်။
အသက်ရှူသံပြင်းပြင်းနဲ့ သူ့အနောက်မှာဖွက်ထား
သေးသည်။ ဒါတွင်မကသေး။ မြန်ဆန်လွန်းတဲ့
အဖြစ်အပျက်တွေကြား ကြောင်စီစီဖြစ်နေတဲ့
မမဟန်ကို ခပ်စူးစူးကြည့်နေသေးသည်။

“ဦးဂျွန် ဘာလုပ်တာလဲ ဟင် အရက်နံ့တွေနဲ့
သောက်လာတာလား”

“အဲ့တာ အသာနေစမ်းပါ သူက ဘယ်သူလဲ
ဘယ်ကလဲ ဘာတော်တာလဲ ညအချိန်မတော်ကြီး
မိန်းကလေးတစ်ယောက်နဲ့ အခုလိုအူမြူးနေရတဲ့
အထိ မင်းအားနေတာလား ဟမ်! ငါ့ကျတော့နည်း
အမျိုးမျိုးနဲ့ရှောင်ပြေးနေတယ်!!”

“ဦးဂျွန်!!!!”

“ဒီမှာ! အထင်လွဲနေပြီ သူက ကျွန်မမောင်
ကျွန်မက သူ့အစ်မ ရှင်ထင်နေသလိုမဟုတ်ဖူး!
မိုးကြိုးတွေတော့ပစ်ကုန်တော့မှာပဲ ”

လိမ္မော်ရောင်လိုလို နီကြောင်ကြောင်လိုလို ဆံပင်တွေနဲ့ ကောင်မလေးက ဦးဂျွန်ကိုမျက်စောင်းထိုးကာ
ပြောလိုက်သည်များ။ စိတ်ထဲထောင်းခနဲ။ တစ်ချိန်
ထဲမှာပဲ အထင်လွဲသွားတာကို သတိထားမိတော့
အမူးတောင်ပြေသွားရသလိုလို။

လှည့်ကြည့်လိုက်တော့ ဆုပ်ကိုင်ထားတဲ့လက်ပိုင်
ရှင်လမင်းလေးဟာ မျက်မှောင်ကျုံ့၍ သူ့ကိုကြည့်
နေသည်။ ဘာလဲ။ အခုက သူအထင်လွဲသွားလို့
သူ့ကိုစိတ်ဆိုးသွားတာလား။ညအချိန်မတော်ကြီး
မြင်မိလို့ အထင်လွဲသွားတာက သူ့အပြစ်လား။

“ဦးဂျွန် ကျွန်တော်နဲ့လိုက်ခဲ့”

ဆုပ်ကိုင်ထားတဲ့ လက်ကိုဆွဲဖြုတ်ပြီး ပန်းခြံထဲကို
လျှောက်သွားသည့် လမင်းလေး။ သူ့အားပြောသွား
ပုံက အေးတိအေးစက်။ အမြဲတမ်း သူ့စကားနား
ထောင်ခဲ့တဲ့ကလေးလေးက အခုလို ဘ၀င်မကျတဲ့
လေသံနဲ့ပြောတော့ ကြောက်မိပါသည်။ကြောက်ရပါ
သည်။

ဦးဂျွန် ( Kookjin )Dove le storie prendono vita. Scoprilo ora