ဒီနေ့နဲ့ဆို ဆေးရုံမှာ သူနေရတာ နှစ်ပတ်ပြည့်တော့မည်။ ထိုနှစ်ပတ်လုံး ဦးဂျွန်လည်း မရောက်လာခဲ့သလို မမဟန်လည်းမပေါ်လာခဲ့။ မေမေနဲ့ဖေဖေသာသူ့အနားမှာရှိပြီး တစ်နေ့တစ်နေ့ ဆေးတွေပဲသွင်းနေ
ရတာမို့ စိတ်တွေလည်းပင်ပန်းလှပြီ။
ဦးဂျွန်ကို တွေ့ချင်ပေမယ့် မေမေက နေကောင်းမှသွားရမယ် ဆိုလို့။ မမဟန်ကို ဖုန်းဆက်ချင်ပေမယ့်မမဟန်က ခရီးသွားနေတယ်ဆိုလို့ သူ့စိတ်တွေကိုလျှော့ချထားရတာ။ ဖြစ်နိုင်ရင် နှစ်ယောက်လုံးကိုဖုန်းတွေတပွမ်ပွမ်ဆက်ပြီး ရစ်လိုက်ချင်သည်။
“ကျွီ ”
အခန်းထဲ မေမေ၀င်လာသည်မို့ ကုတင်ထက်ပြန်လှဲကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။မေမေကအခန်းတံခါးကို သေချာပိတ်ကာ သူ့အနားကိုဖြည်းဖြည်းချင်းလျှောက်လာသည်။ ထိုင်ခုံဆွဲယူသံကြား
လိုက်ပြီးနောက် ကျောပေးထားတဲ့ သူ့ပခုံးကိုဖွဖွလေးလာကိုင်သည်။
“သားငယ် ခဏထအုံး မေမေ ပြောစရာရှိလို့”
“ဟင် ....”
“ခဏထအုံး အရေးကြီးလို့”
ဖြည်းညှင်းစွာ မေမေ့ဘက်လှည့်ရင်း ထလိုက်သည်။ထိုအခါ မေမေက သူ့ကျောနောက်၌ ခေါင်းအုံးခုပေးပြီး သူ့အရှေ့ကို ဖိတ်စာတစ်ခုထည့်ပေးလာသည်။
“မေမေ ဘာကြီးလဲ ”
“အခုတော့ မဖွင့်နဲ့အုံး မေမေ အရင်ပြောမယ်”
“ဟုတ် ”
“သားနှလုံးအတွက် အလှူရှင်ကို ရှာတွေ့ပြီ
သန်ဘက်ခါ ခွဲစိတ်မှုလုပ်ရတော့မယ်”
“ဟာ! တကယ်လား မေမေ !”
ပျော်သွားတာတော့ အမှန်။ တောက်လျှောက်ဒုက္ခပေးလိုက် ၊လူတွေနဲ့ဝေးကွာအောင် လုပ်လိုက်နဲ့။သူ့ကိုအမျိုးမျိုးဒုက္ခပေးနေတဲ့ နှလုံးကလေ အလှူရှင်ရှာတွေ့ပြီတဲ့။ ဒီသတင်းကို မမဟန်နဲ့ဦးဂျွန်သာသိရင် ဘယ်လောက်ပျော်လိုက်မလဲ။
“အင်း အဲ့တာကြောင့် သန်ဘက်ခါမတိုင်ခင်အထိကျန်းကျန်းမာမာနေပြီး ထိခိုက်မှုမရှိအောင်သားငယ်လေးက နေပေးနော် ”
“ဟုတ်ကဲ့မေမေ ”
“ကဲ ဒါဆို ဖိတ်စာကိုဖွင့်ကြည့်”
မေမေ့စကားအဆုံး လက်ထဲရောက်နေတဲ့အဝါရောင်ဖိတ်စာလေးကို ဖွင့်ကြည့်တော့.....။
“မေမေ...ဒါ ....ဒါက”
“ဟုတ်တယ်သား ။ အဲ့တာ ဦးဂျွန်နဲ့ ၀မ်ရဲ့
စေ့စပ်ပွဲဖိတ်စာပဲ ”
“မေမေ”
“ငါ့သားကသာ သူ့ကိုသိပ်ချစ်ခဲ့တာ သူကတော့မင်းကိုမရွေးချယ်သွားဘူး တွေ့လား သားငယ်။အဲ့တာကြောင့် စိတ်ကိုဖြတ်ပြီးဘ၀အသစ်မှာနေပါတော့ .....နေ့တိုင်း သူ့ကိုမျှော်မနေပဲနဲ့ ”
“ဟင့်အင်း! ဒါတစ်ခုခုမှားနေပြီ!! မေမေတို့ ညာနေတာ!! ဦးဂျွန်က အဲ့လိုလုပ်မယ့်လူလား!! မဖြစ်နိုင်ဘူး!
မဖြစ်နိုင်ဘူးလို့!!”
“စိတ်လျှော့ သားငယ်!!!”
“မေမေတို့!!!”
“အခု မေမေ မင်းကိုလာပြတာက မင်းကိုအသိပေးချင်လို့ပဲ မင်းကို အခုလိုဖြစ်ဖို့မဟုတ်ဘူး!! စိတ်ကို မာစမ်းပါ!!”
“လုပ်ရက်လိုက်ကြတာ.....”
ဖိတ်စာလေးကိုပိုက်ပြီး ဆော့ဂျင် ငိုချလိုက်တာရှူံးပွဲချ။ တသိမ့်သိမ့်တုန်နေတဲ့ ပခုံးကို မေမေကဖက်ထားပေမယ့် ရင်ဘတ်ထဲကနာတယ်။ ဘာလို့ဦးဂျွန်က အဲ့လိုလုပ်ရက်တာလဲ သူ့ကို။ တစ်သက်လုံး ဦးစားပေးဟာ သူပါဆို ဘာလို့များလဲ။
“ဦးဂျွန်က သားကိုပဲရွေးချယ်မှာလို့ ပြောခဲ့တာမေမေ။ အခုဒီဟာက တစ်ခုခုမှားနေတာ။
မေမေ ပြန်ကြည့်ကြည့်ပါလားဟင် တစ်ခုခုမှားနေတာနေမှာပါ မမဟန်လည်း အသိပဲ မေမေ မမဟန်ကို မေးလို့ရတယ်!!!”
“ဖြောင်း!!!”
လည်ထွက်သွားတဲ့ မျက်နှာလေး။ ပူထူသွားတဲ့ပါးတစ်ဖက်ဟာ ဘယ်လိုပင်နှစ်သိမ့်ရမလဲမသိ။နာကျင်ပေမယ့် ရင်ဘတ်ထဲက ပိုနာတော့ ဒဏ်ရာကိုလည်းမမြင်။ ဦးဂျွန်သာ မြင်သည်။
“နင့်အသိစိတ်ကို ကပ်ထားစမ်း!! နင့်မှာအခု မမဟန်လည်းမရှိဘူး! ဦးဂျွန်လည်း မရှိတော့ဘူး!! နင့်ဟာနင်ရှင်သန်ဖို့ပဲတွေးစမ်း! အမြဲတမ်း သူများအားကိုးနေလို့ နင့်ဘ၀ကြီးဘယ်လိုဖြစ်ခဲ့လဲ နင်အသိပဲ!!”
ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဆွဲခါရင်း မေမေကအော်ပြောသည်။ ဆော့ဂျင် ဘယ်လိုမှမတုန့်ပြန်နိုင်။ အင်အားတွေမဲ့ကာ မျက်၀န်းသေတွေဟာဖိတ်စာလေးပေါ် တဝဲလည်လည်။
အသိစိတ်နဲ့ စိတ်ဝိညာဉ်ဟာ အဝါရောင် ဖိတ်စာပေါ်က နာမည်လေးတွေဆီ ရပ်တန့်နေသည်။ ရင်တွေနာလိုက်ရတာ။ အသည်းတွေကွဲလိုက်ရတာ။ ချစ်တဲ့သူဟာ သူ့ကိုမရွေးချယ်ခဲ့တဲ့ ဖြစ်ရပ်ဟာ ပြန်ခလုတ်
တိုက်တိုင်း ကြေကွဲရမယ့် အဖြစ်မျိုးပဲ။
ဘာတွေများ အပြစ်ရှိလို့လဲ....ဆိုပြီးလည်း
မမေးရဲပါဘူး။ သူများအပိုင်ကို ယူခဲ့မိတဲ့အတွက်ဒါဟာ ဘုရားသခင်က ဒဏ်ခတ်တာလို့ပဲ မှတ်ယူပါတယ်။ ဒါပေမယ့်.....ဒါပေမယ့် သူရော ဦးဂျွန်ရောသိပ်ချစ်ကြတဲ့ ဇာတ်လမ်းမှာ အားလုံးညှိရခဲ့တာပဲလေ။
“ဦးဂျွန်ကို ဘယ်လောက်ချစ်လဲ မေမေမှမသိဘဲ”
“ဘာ”
“မေမေတို့မပေးနိုင်တဲ့ ဂရုစိုက်မှုတွေကို မမဟန်နဲ့ဦးဂျွန်က ပေးခဲ့တာ။ မေမေတို့ မပေးနိုင်ခဲ့တဲ့အချိန်တွေကိုလည်း သူတို့က ဖဲ့ပေးခဲ့တာ။ မေမေသားအကြောင်းဘာသိလဲ ။ မေမေ ဘာမှမသိဘူး။အမြဲတမ်း ပုံစံခွက်ထဲ နေစေချင်ခဲ့တဲ့ မေမေက သားဘာကြိုက်လဲ မသိဘူး။ သူတို့ကသိတယ်။သူတို့က သားရဲ့အရာအားလုံးကို သိတယ်။အဲ့လိုသိလို့ သူတို့ကိုချစ်မိတာ သားမှားလား !!”
“ကင်ဆော့ဂျင် နင်”
ရိုက်ရန်ရွယ်လာတဲ့ မေမေ့လက်တွေ။ သတ္တိတွေမရှိပေမယ့် အားမွေးကာ မော်ကြည့်ပေးတော့ မေမေ့လက်တွေ လေထဲ၌ရပ်တန့်သွားသည်။
“ရိုက်လေမေမေ ရိုက်စမ်းပါ!! ပါးတစ်ဖက်ကျန်သေးတယ် ရိုက်လိုက်!! ”
“ငါတို့စကားဆက်မပြောတာ အကောင်းဆုံးဖြစ်မယ်ထင်တယ် ။ အိပ်လိုက်တော့ .....နှလုံးအစားထိုးပြီးတာနဲ့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ခေါင်းထဲထည့်ထား.....”
မေမေက ပြောပြီးတာနဲ့ အခန်းထဲမှ ထွက်သွားသည်။ ထိုအခါမှ ဒူးနှစ်ဖက်ကို ထောင်ကာ ဖိတ်စာလေးကိုပိုက်ရင်း မျက်ရည်တွေကို ရှိုက်ကြီးတငင်လွတ်လပ်ခွင့်ပေးလိုက်တော့သည်။ ထိုနေ့ညကတော့ ငိုသံတွေညံနေခဲ့တဲ့ ဆေးရုံခန်းထဲမှကောင်လေးရယ် ဂစ်တာပိုက်ပြီးငိုနေခဲ့တဲ့ကောင်လေးရယ်။
ဖြစ်တည်မှုနှစ်ခုဟာ ကမ္ဘာခြားမတတ်
၀မ်းနည်းစရာကောင်းနေလေရဲ့.......။
####
ဒီနေ့က ဦးဂျွန်ရဲ့ စေ့စပ်ပွဲ။ မေမေက သူ့ကိုသွားခွင့်မပေးပေမယ့် ရအောင်ခိုးထွက်လာခဲ့သည်။ရောဂါက သက်သာနေတာမျိုးမဟုတ်ပေမယ့် ဆေးတွေသောက်ခဲ့သလို ဆောင်လည်းဆောင်ခဲ့သည်။နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ဦးဂျွန်ကို မြင်ချင်ခဲ့သေးသည်။
ဒါဟာ သူ့အတွက် နောက်ဆုံးဆန္ဒလေးပါပဲ။
မေမေ ဆရာ၀န်နဲ့ ခွဲစိတ်ဖို့တိုင်ပင်နေစဉ် ခိုးထွက်လာခဲ့တာဖြစ်သည်။ မေမေကတော့ အခန်းထဲပြန်လာရင် သူ့ကိုမတွေ့လို့ သေချာပေါက် စိတ်ပူနေမှာ။သိပေမယ့်လည်း မတတ်နိုင်။ စေ့စပ်ပွဲက ဉီးဂျွန်ကိုမမြင်လိုက်ရရင် မနက်ဖြန် ခွဲစိတ်မှုကိုကောင်းကောင်းလုပ်နိုင်မည်မထင်။
ရုပ်ဖျက်သင့်သလောက်ဖျက်ပြီး တက္ကစီတစ်စီးငှားလာခဲ့သည်။ စေ့စပ်ပွဲနေရာနဲ့ အချိန်ကို သိရအောင်ဖိတ်စာလည်းယူလာခဲ့သေးသည်။
“မြန်မြန်လေးမောင်းပေးပါနော် ဦးလေး”
“ဟုတ်ကဲ့ပါဗျ ”
တက္ကစီသမားကြီးကို မြန်မြန်မောင်းခိုင်းပြီးကူရှင်၌မှီချကာ မျက်လုံးတွေ ခဏမှိတ်ထားလိုက်သည်။တော်တော်ပင်ပန်းနေပေမယ့် ပွဲရောက်သည်အထိသူအားတင်းရအုံးမှာ။ ဇောချွေးတွေထွက်ပြီးလူကမူးနောက်နောက်ဖြစ်လာပေမယ့် အားကိုတင်းထား
ကာ မနည်းစိတ်တင်းထားရသည်။
မကြာခင်မှာပဲ စေ့စပ်ပွဲကျင်းပရာ နေရာကိုရောက်တော့ စိတ်တွေဟာပိုပြိုလာသလို။ တက္ကစီခရှင်းပေးပြီး ကားထွက်သွားသည်အထိ သူထိုနေရာမှမရွေ့နိုင်သေး။ ကြီးကျယ်ခမ်းနားလှတဲ့ မျက်စိရှေ့က
အဆောက်အအုံကိုကြည့်ပြီး လူသည် အလိုလိုသိမ်ငယ်သွားသလို။ မဟုတ်ဘူး ။ အရာအားလုံးနဲ့သူနဲ့ဝေးကွာသွားတာ။
အားအင်ချိနဲ့နေတဲ့ ခြေထောက်တွေကို အားတင်းကာ ချွေးတွေသုတ်၍ ခန်းမထဲ၀င်လာခဲ့သည်။ခန်းမထဲ၌ လူတွေဟာအပြည့်။ လူတွေကြည့်ပြီး ပို၍မူးကာ အသက်ပင် ရှူမရတော့။ သို့ပေမယ့် သူ့ကိုမမြင်အောင် ဦးထုပ်ကို မျက်နှာအုပ်ဆောင်းကာ လွတ်နေတဲ့ဝိုင်းတစ်ဝိုင်းနား လျှောက်သွားလိုက်သည်။
ဦးဂျွန် မေမေနဲ့ဖေဖေကတော့ လှလှပပ၀တ်စားကာခန်းမအလယ်၌ ပရိသတ်တွေကို ဧည့်ခံနေကြသည်။သတို့သားနဲ့ သတို့သမီးကတော့ အခုထိမတွေ့သေး။ဒေါက်တာထယ်ယောင်းကိုလည်း မတွေ့။ ရွာကနမ်ဂျွန်းနဲ့ဟိုဆော့ကိုလည်း မတွေ့ပါ။ သတို့သားများ
ပေါ်လာမလားဆိုပြီး ခန်းမထဲ ဝှေ့ဝိုက်ကာ ရှာကြည့်တော့ ထောင့်ကျကျဝိုင်းတစ်ခုမှာ တွေ့လိုက်ရသည့်လိမ္မော်ရောင်တွေ.....။
“မမဟန်”
နူတ်ခမ်းမှ လွှတ်ခနဲထွက်သွားမိသည်။ မမဟန်ကသူ့ကိုမြင်သည့်ပုံမပေါ်။ ဖုန်းသုံးနေဟန်ပေါ်သည်။အဝေးကမြင်နေရတာတောင် မမဟန်ကိုအကဲခတ်ကြည့်သလောက် အတော်ပိန်သွားသလို။ အရင်လိုတက်တက်ကြွကြွပုံရိပ်တွေ ပျောက်သွားကာညို့မှိုင်းမှိုင်း ဟန်ဖြစ်နေသည် ။ မမဟန်အား စိုက်
ကြည့်နေတုန်းမှာပဲ ဖုန်းသုံးနေတဲ့ မမက သူ့အားဖြတ်ခနဲမော်ကြည့်လာ၏။
“ငယ်လေး....”
မျက်စိအရှေ့၌ မြင်နေရတဲ့ငယ်လေး။ ဟန်နဲ့ခပ်ဝေးဝေးက ဝိုင်းမှာ ထိုင်နေတဲ့ ငယ်လေး။ ပိန်သွားလိုက်တာ ငယ်လေးရယ်။
ဟန်သည် စက္ကန့်မျှ မလူပ်မယှက် ငယ်လေးကိုကြည့်နေခဲ့မိသည်။ ဘယ်လောက်တောင် လွမ်းနေခဲ့ရတာလဲ။ နေ့တိုင်း ဆေးရုံကိုရောက်ခဲ့ပေမယ့် အပြင်ကနေပဲ ငေးခဲ့ရတဲ့ နေ့ရက်တွေ။ အသံကြားချင်လို့ဖုန်းထဲ ရိုက်ခဲ့တဲ့ Videoတွေ ပြန်ကြည့်ခဲ့ရတဲ့ညတွေ။
သိပ်လွမ်းနေတာ ငယ်လေးရဲ့......။
အသံတွေမထွက်လာပေမယ့် မျက်၀န်းချင်းစကားတွေပြောနေခဲ့သည်။ သုံးလတ်စ ဖုန်းကိုပင်ဆက်မသုံးနိုင်သည်အထိ အလွမ်းတွေဟာ ကြီးမားခဲ့ပုံ။အမြင်အာရုံကို ဖုံးလွှမ်းလာတဲ့ အရည်ကြည်တွေပါးပြင်ထက် မကျဆင်းခင် အမြန်သုတ်ကာ ထိုဝိုင်းမှထလာခဲ့သည်။
ဂါ၀န်အရှည်ကို မ,ကာ ဒေါက်ဖိနပ်တွေစီးထားပေမယ့် ချော်လဲမှာကို တွေးမပူခဲ့ဘူး။ သူ့မျက်စိရှေ့ကငယ်လေး ပျောက်သွားမှာကိုပဲ စိတ်ပူနေခဲ့တာ။ပွဲထဲက ပရိတ်သတ်အချို့ကတော့ ဟန့်ကိုသတိထားမိပေမယ့် သိပ်ဂရုမစိုက်။ ဟန်ကတော့ ငယ်လေးထံပြေးပြီးရင်း ပြေးသွားနေခဲ့သည်။
“ငယ်လေး”
“မမ”
ဟိုဖက်ဝိုင်းမှ ဒီဖက်ဝိုင်းအား ကူးခတ်စဉ် အရှိန်တွေအပြည့်ပါခဲ့ပေမယ့် ဒီဖက်ဝိုင်းကိုရောက်တော့အရှိန်တွေဟာ မျက်၀န်းတွေဆုံလိုက်ရုံဖြင့် ငြိမ်ကျသွားခဲ့သည်။
“မမကို....လွမ်းနေတာ”
မျက်ရည်တွေနဲ့ ငယ်လေး။
ဒဏ်ရာတွေနဲ့ ငယ်လေး။
အရင်ကထက် ပိန်သွားလိုက်တာ.....။
“မမရောပဲ လာပါအုံး ကလေးရယ်”
လက်ဆန့်တန်းပေးတော့ ငယ်လေးက အားရပါးရရင်ခွင်ထဲကို၀င်လာသည်။ တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်လေးကို ဖွဖွလေးပုတ်ပေးရင် လက်တစ်ဖက်က ငိုနေသူကို လူမမြင်စေဖို့ ဖွတ်ထားပေးလိုက်
သည်။ ငယ်လေးဟာ သူငိုနေရင် လူကြည့်တာမကြိုက်။ ထိုအချက်လေးတွေဟာ အတိတ်တွေမှာတော့ အားနည်းချက်လှလှလေးတွေဆိုပေမယ့်ဟန့်ဘ၀အတွက်တော့ မှတ်ထားရမည့်အချက်ပင်။
“ဘယ်လိုရောက်လာတာလဲ မမကိုပြောပါအုံး”
“ခိုးထွက်လာခဲ့တာ မေမေ မသိအောင်”
ထိုအခါမမက ဘာစကားမှမဆို။ သူ့ခေါင်းကိုဖွဖွလေးပုတ်လာသည်။ မျက်၀န်းတွေက ငိုနေသလို။ဟုတ်သည်။ မမမျက်၀န်းတွေ ငိုနေခဲ့သည်။
“မမ...ဘာလို့ ငယ်လေးကို ထားခဲ့တာလဲ
ခရီးထွက်တယ်လို့ပြောကြပေမယ့် မယုံဘူး”
“မမက.....”
‘ဖျပ်’
ထိုစဉ် ခန်းမ မီးတွေမှိတ်ကြသွားသည်။ ဆော့ဂျင်လည်းထိုမှတုန်လူပ်သွားကာ ပွဲစတော့မယ်ဆိုတဲ့အသိနဲ့ ရင်တွေတုန်လာသည်။ မမက သူ့ကိုလက်ကောက်၀တ်မှဆွဲကာ ခုံ၌ထိုင်စေသည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်လက် တစ်ယောက်ဆုပ်
ကိုင်ထားပေမယ့် ဘာစကားမှ မဆိုဖြစ်။
မမဟာ သူ့ရဲ့ခံစားချက်တွေကို သိနေသလို
သူဟာလည်း မမသူ့ကို မနှစ်သိမ့်နိုင်မှန်းသိနေလို့။
ပွဲဟာ မီးအမှောင်များကြားထဲမှ လင်းလက်လာသည်။ ပွဲစီစဉ်သူက စင်ပေါ်တက်လာပြီး ဧည့်ပရိတ်သတ်တွေကို အရင်နူတ်ဆက်နေသည်။
“သတို့သား ဂျွန်ဂျောင်ဂု စင်ပေါ်တက်လို့ရပါပြီ”
စီစဉ်သူက သတို့သားကိုခေါ်တော့ စင်ပေါ်ကို
ခပ်သွက်သွက်တက်လာတဲ့ ဦးဂျွန်။ ဘေးတစ်စောင်းမြင်လိုက်ရတဲ့ တစ်ခဏ သူ့နူတ်ခမ်းတွေ ကွေးသွားမိသည်။
ဦးဂျွန်က သိပ်ခန့်တာပဲ.......။
သူထိုးဖွခဲ့ဖူးတဲ့ ဆံပင်တွေကို သေသပ်စွာသပ်တင်ထားသည်။ ထင်းနေတဲ့ မေးရိုးသွဲ့သွဲ့တွေ။ စိတ်ဆိုးတိုင်း ဆွဲလိမ်ခဲ့ဖူးတဲ့ နှာတံမြင့်မြင့်။ သတို့သား၀တ်စုံနဲ့ ခန့်ညားနေပေမယ့် မျက်နှာထားကတော့ရေပြင်ညီလိုမျိုး။
ပြုံးပြုံးလေးနေပါ ဦးဂျွန်ရယ်လို့ပြောချင်ပေမယ့် ပြောခွင့်မှမရှိဘဲ။ ဘာလို့သူ့ကို မရွေးချယ်ခဲ့လဲလို့မေးချင်ပေမယ့် မေးခွန်းမှမရှိဘဲ။ ပစ္စပ္ပုန်တွေဟာအတိတ်တွေဖြစ်ခဲ့တယ်ဆိုပေမယ့် ကံဟာ ကံပါပဲ။
သတို့သားဟာ လျှောက်လမ်းထက် အခန့်ညားဆုံးလျှောက်သွားကာ စင်အလယ်၌ နေရာယူလိုက်သည်။ စင်ပေါ်က သတို့သားအား မျက်ရည်တွေနဲ့ငေးကြည့်နေတဲ့ သူ့ကိုမမက သတိထားမိတော့အေးစက်နေတဲ့ လက်ဖျားတွေကို ပိုမိုဆုပ်ကိုင်လာ
ခဲ့သည်။
“ငယ်လေး ”
“ဟင်”
“ရန်ဖြစ်ချင်သေးလားဟင် ငယ်လေးသာ စိတ်ရှိရင် မမ ဒီစေ့စပ်ပွဲကို ဇောက်ထိုးဖြစ်အောင် လုပ်ပေးလို့ရတယ် မမအတွက် ကိစ္စမရှိပေမယ့်....”
မမဟန်စကားအဆုံး ငယ်လေးက သက်ပြင်းခပ်တိုးတိုးလေးချသည်။ ထိုသက်ပြင်းသံဟာ နားထဲမှတဆင့် ဟန့်ရင်ထဲ နာကျင်စွာတိုး၀င်လာ၏။
“ကံပါသလောက် ချစ်ခဲ့ပြီးပြီပဲ
မဆုံနိုင်တာ သေချာနေမှတော့ ဘာတွေကို
ရန်ဖွဲ့နေရမှာတဲ့လဲ မမရယ် ”
မလိုချင်ခဲ့လည်း ဖူးစာဟာ ဆန်းကြယ်ခဲ့ပြီးပြီ။ကံကြမ္မာရဲ့ ဇာတ်ကွက်တွေဟာ သူ့အတွက်တော့တစ်သက်စာ ဆန်းကြယ်ခဲ့ပြီးပြီ။ တစ်သက်လုံးသံသရာမှာ ၀င်တိုက်ချင်ခဲ့တဲ့ သူကို နောက်ထပ်ဘယ်အကွေ့မှာမှ ခလုတ်မတိုက်ချင်တော့ဘူး။
ပင်လယ်တစင်းရဲ့ ရွှတ်လှေလိုပဲ။
သူပိုင်တဲ့ ဆိပ်ကမ်းကို မဆိုက်ဘဲ သူများပိုင်တဲ့ဆိပ်ကမ်းဆီ စိုက်ကပ်ခဲ့သလိုမျိုး......။
“မမ ကျွန်တော် ပြန်တော့မယ် ”
သူ ဆက်၍မကြည့်နိုင်တော့။ သတို့သမီး၀င်လာချိန်ရောက်ရင် ဒီပွဲမှာ အသက်ထွက်သွားနိုင်သည်။ဒီလောက်ဆို လုံလောက်ပါပြီ။လုံလောက်သွားပါပြီ။
“မမပြန်ပို့ပေးမယ်လေ”
“နေ နေ.... မေမေ တွေ့ရင် မမကိုရန်ရှာလိမ့်မယ်ငယ်လေးတစ်ယောက်ထဲ ပြန်တတ်တယ်”
မမက ဘာမှဆက်မပြောတော့။ ဆုပ်ကိုင်ထားတဲ့သူ့လက်တွေကို ဖြည်ကာ နှစ်ယောက်သားတူတူမတ်တပ်ရပ်လိုက်ကြသည်။ ထိုအချိန် စင်ပေါ်ကသတို့သားကိုကြည့်လိုက်မိသည်။
နောက်ဆုံးအနေနဲ့ပါပဲ ဦးဂျွန်။
ကျွန်တော် ဆရာ၀န်နားကြပ်တွေထက်
ဦးဂျွန်ကိုပိုချစ်ခဲ့ပါတယ်......။
ချက်ချင်း မထွက်သွားနိုင်သေးဘဲ ထိုနေရာလေး၌စိုက်ကြည့်နေမိသေးသည် ။ တိုက်ဆိုင်စွာဖြင့်သတို့သားနှင့် အကြည့်ချင်းဆုံသွားတော့ သူ့စိတ်တွေ လူပ်ခတ်ကာ မျက်တောင်တွေ တဖျပ်ဖျပ်ခတ်မိသွားသည်။ မီးမှောင်နေလို့ သိပ်မြင်ရမှာမဟုတ်
ပေမယ့် ဦးဂျွန်က သူ့ကို သေသေချာချာစိုက်ကြည့်နေသည်။ ဆက်၍နေလို့မဖြစ်တော့။ မမဟန်နဲ့အတူခန်းမအပြင်ကိုထွက်လာခဲ့ကြသည်။
“မမ ကျွန်တော် ဒီနေ့ ပျော်တယ်လို့ခံစားရတယ်”
“လိမ်နေတယ် မသိတာကျလို့”
“သိရင်လည်း တိုးတိုးနေလေ...”
ဟန်သည် ခပ်တိုးတိုးရယ်သည်။ နှစ်ယောက်သားတူတူ ပန်းခြံမှတဆင့် ဂိတ်ပေါက်၀ဆီသို့လျှောက်လာခဲ့ကြသည်။
“နှလုံးအစားထိုးရတော့မယ်ဆို”
“အင်း မနက်ဖြန် ”
“ခွဲစိတ်မှုအောင်မြင်ပါစေလို့ မမ ဆုတောင်းပေးမယ်ပြီးတော့လေ ....”
မမဟန်က သူ့ခြေလှမ်းတွေကိုရပ်ကာ ဆော့ဂျင်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။ ငယ်လေးသည်တကယ်ကို မျက်နှာသေးသေးလေးပဲ ကျန်တော့သည်။ စိတ်တွေ ဘယ်လောက်ပြိုနေလဲဆိုတာ ဟန် ဘာသာမပြန်တတ်တော့ဘူး။
“မမကို တွေ့ချင်လာရင် မနက်ဖြန်ညနေ လာခဲ့မယ်မနက်ဖြန်တစ်ရက်ပဲ”
“ကျန်တဲ့ရက်တွေကရော....”
“မမ တကယ်ခရီးသွားရတော့မှာမို့”
စကားအဆုံး၌ ငိုသံလေးသည်စွတ်ခနဲ။ ဆော့ဂျင်သဘောပေါက်ပြီမို့ မမလက်တွေကို ဆုပ်ကိုင်ကာပါးနှစ်ဖက်မို့တက်သည်အထိ ပြုံးပြလိုက်သည်။
“ဖုန်းမပိတ်ထားပါနဲ့....ကျွန်တော် မမကိုလွမ်းရင်အသံလေးတော့ ကြားချင်သေးတယ် ။
ခရီးတွေထွက်ပါ ဆံပင်တွေလည်း အရောင်တွေစိတ်ကြိုက်ဆိုးပစ် လည်ပတ်လို့၀သွားရင် ပြန်လာလည်နော်...စောင့်နေမှာ ငယ်လေးက”
“ကလေးဆိုး....ငါ့ကိုငိုအောင်”
“တစ်ခါလောက် ဖက်ထားရအောင်”
နောက်ဆုံးဟု မဆိုနိုင်သည့် ပွေ့ဖက်ခြင်းအတွက်သူတို့နှစ်ယောက် ခပ်ကြာကြာလေး ပွေ့ဖက်လိုက်သည်။ မောင်နှမနှစ်ယောက် ဘယ်တော့ပြန်ဆုံမလဲမသိနိုင်ပေမယ့် ထိုပွေ့ဖက်မှုတွေကတော့ ထာ၀ရနွေးထွေးနေမှာပင်။
“သွားပြီနော် တာ့တာ မမ”
“ကောင်းကောင်းသွား”
တက္ကစီပေါ်ရောက်သည်အထိ တာ့တာပြကာ နူတ်ဆက်နေတဲ့ ငယ်လေး။ ငိုနေတယ်ဆိုတာ သိတာပေါ့။ မျက်၀န်းတွေက ငိုနေတုန်းပဲဆိုတာ သိတာပေါ့။သူလည်းတူတူပဲလေ။
မြင်ကွင်းထဲမှ ဆော့ဂျင်ပုံရိပ်လေး ပျောက်သွားပြီဆိုမှ ခန်းမထဲပြန်၀င်လာခဲ့သည်။ ထိုစဉ် ခန်းမထဲပြေး၀င်သွားတဲ့ ရဲတစ်ချို့ကြောင့် ဟန် ကြောင်သွားရသည်။
“ဘာတွေဖြစ်နေကြတာလဲ”
သိချင်စိတ်တွေနဲ့ ခန်းမထဲကိုပြေး၀င်တော့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေတဲ့ ပရိတ်သတ်တွေနဲ့ ရဲတွေ။ သတို့သားကိုကြည့်တော့ စင်ပေါ်မှာ မရှိတော့။ ထိုစဉ်ရဲ၀န်းထမ်းတစ်ယောက်က ဟန့်အနားကိုရောက်ချလာသည်။
“ဘာတွေဖြစ်နေကြတာလဲ ”
“သတို့သမီး ပျောက်နေလို့ပါ အစ်မ သတို့သမီးနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်လေးကို ပြောပြပေးလို့ရမလား”
“ဘာ! သတို့သမီးပျောက်နေတယ် ဟုတ်လား!”
“ဟုတ်ပါတယ်။ ပွဲမစခင် နာရီ၀က်အလိုထဲက
ပျောက်သွားတာပါတဲ့”
TBC ......
####
ဒါဟာ သူ့အတှကျ နောကျဆုံးဆန်ဒလေးပါပဲ။
TBC ......