friEND(COMPLETED)

By Kattamkaung

385K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-39

7.6K 906 91
By Kattamkaung

Unicode

အချစ်နှင့် ဘဝခရီး ၁

"ဘာလို့ ညနေတိုင်း လာကြိုနေတာလဲ။ တာဝန်ကြီး တစ်ခုကျလို့ မင်းဟာက"

"တက်စမ်းပါ။ ဘာတွေ စကားများနေမှန်းမသိဘူး...ရော့"

ခွေးဘီလူးကားလေးရဲ့ ရှေ့ခန်းကို ဝင်ထိုင်လိုက်သည်ဆိုလျှင်ပဲ ဝေဖြိုးနိုင်က ကြံရည်ထုပ်ကို ခွန်းနစ်ဆီကမ်းပေးလာသည်။ သူက သူ့ဆိုင်နာမည်ရိုက်နှိပ်ထားသည့် ရှပ်အင်္ကျီအပါးကိုဝတ်ထားကာ ကြက်သွန်နံ့ပဲနံ့များ ထွက်နေပုံအရ ယခုလေးတင်မှာ ပွဲရုံကနေပြန်လာခဲ့ခြင်း ဖြစ်လိမ့်မည်။

"ကြံရည်တောင် ပေါ်နေပြီလား"

"ဦးဦးဖျားဖျားမို့ ဈေးကြီးတယ်"

"ကျေးဇူးပါ သူဌေးမင်း...ဈေးကြီးတာ ဝယ်တိုက်လို့"

ခွန်းနစ်နောက်တော့ သူက ဟင်းခနဲ အသံပြုကာလှောင်သည်။ ညနေတိုင်း ဝေဖြိုးနိုင်က လမ်းကြုံလို့ဟု အကြောင်းပြချက်ပေးကာ ဝင်ဝင်ကြိုသည်မှာ လအတော်ပင် ကြာခဲ့ပြီ။ ခွန်းနစ်တင်မက နေချို့ဆီပါ ကြိုရသေးတာကြောင့် သူအိမ်ပြန်ချိန်ဆို ညခုနှစ်နာရီပင် ထိုးလုကာ အားနာရပေမဲ့ ကာယကံရှင်ကတော့ ခုလိုမှမလုပ်ရရင် စိတ်ဆင်းရဲရကြောင်းပြောကာ စွဲစွဲမြဲမြဲ ကြိုပို့နေဆဲဖြစ်၏။

"နေချိုမောင်နဲ့ ကိစ္စရော ဘယ်လိုလဲ"

"ဟင် ဘယ်ဟာလဲ" ကြုံရည်စုပ်ရင်း မေးလိုက်တာကြောင့် ခွန်းနစ်အသံက အနည်းငယ် လုံးထွေးသွားသည်။ ဂရုတစ်စိုက် စောင်းငဲ့ကြည့်လိုက်မိသော ဝေဖြိုးနိုင်၏မျက်နှာထက်တွင် အနောက်နေ စူးစူးကျရောက်နေသည်မို့ မျက်မှောက်ကြုတ်ထားကာ စိတ်ရှုပ်ထွေးသယောင်ဖြစ်နေ၏။ သို့သော် သူက ‌ကားကိုသာ ဂရုစိုက်မောင်းရင်း " စင်္ကာပူ သွားမဲ့ ကိစ္စ" ဟု တိုတို တုတ်တုတ် စကားပြန်ထောက်လာခဲ့သည်။

နောက်တစ်ကြိမ် စုပ်ယူလိုက်ချိန်မှာ အိတ်ထဲရှိကြံရည်အားလုံးနီးပါး ကုန်လုဖြစ်သွားကာ ခွန်းနစ်လက်ထဲ အခွံသာကျန်၏။ အေးစက်နေသေးသည့် အိတ်အလွတ်ကိုကိုင်ကာ သူ့အမေးကို မဖြေခြင်းအားဖြင့် ထိုအကြောင်းမပြောချင်သည့် သဘောထားကို ပြသလိုက်သည်။

"သွားပါ မသွားပါ ငါကတော့ မပြောချင်ဘူး။ ဒါပေမဲ့ မင်း ဝေခွဲရခက်နေတာနဲ့ပဲ နေချို့အပေါ် အေးစက်စက်လုပ်မနေနဲ့"

"ငါက မလုပ်ပါဘူး"

နှာခေါင်းရှုံ့လိုက်မိသည့် ခွန်းနစ်။ ဝေဖြိုးနိုင်က အမြဲ သူ့သူငယ်ချင်းဖက်ကပဲ ပါသည်။ ခွန်းနစ်ကဖြင့် သူ့သူငယ်ချင်းကို ချစ်လွန်းလို့ လိုတာအကုန် ဖြည့်ဆည်းလို့ပင် မဝချင်။

"မင်းကတော့ တမင်မလုပ်ဖူးပေါ့။ သူကသာ အရိပ်တကြည့်ကြည့်လုပ်နေတော့ မင်းမျက်နှာ အပြောင်းလဲကစ သိနေမှာ"

"နေချိုမောင်တောင် သူ့အကြောင်း မင်းလောက်သိမှာ မဟုတ်ဘူး"

ဒီတစ်ကြိမ်တော့ ခွန်းနစ် ရွဲ့လိုက်သည်။ ထိုကိစ္စနှင့် ပက်သက်ပြီး တွေးလိုက်ရုံနှင့်ပင် ခေါင်းကိုက်ရလွန်းတာကြောင့် ကိုယ်တိုင်က မသိချင်ယောင်ဆောင်ကာ မေ့ထားခဲ့တာ ကြာခဲ့ပြီပင်။ သို့သော် ကိစ္စတစ်ခုဆိုသည်က ရှောင်ဖယ်ထားရုံနှင့် ပြီးဆုံးသွားသည် မဟုတ်။ ယခုပင်ဝေဖြိုးနိုင်က အစပျိုးကာ သတိပေးနေခဲ့ပြီ။

"ရည်းစားနဲ့ သူငယ်ချင်းက မတူဘူးလေ။မင်းက နှစ်ယောက်စာ ပျော်အောင်ကြည့်ပေမဲ့ ငါကတော့ ငါ့သူငယ်ချင်း ပျော်အောင်ပဲကြည့်တာ"

"ငါကရော မင်းသူငယ်ချင်းပဲ မဟုတ်ဘူးလား။မင်းက မျက်နှာလိုက်တယ်"

"အေးပါ အေးပါ မင်းနဲ့ စကားပြိုင်မပြောဘူး မောတယ်။ ခုတ်ရာတခြား ရှရာတလွဲ တကယ်ပဲ"

တဗျစ်တောက်တောက် ညည်းညူးရင် ဝေဖြိုးနိုင်က သူ့စကားကို အဆုံးသတ်လိုက်သည်။ ခွန်းနစ် တဟားဟား ရယ်သောအခါ သူက "ဒါနဲ့ပဲ ငါတို့ကို အနိုင်ကျင့်နေတာ" ဟု မကျေမနပ်ပြောပြန်၏။ သိသိသာသာတော့ မဟုတ်။ သူ့တစ်ကိုယ်စာ ကြားရုံပြောတာဖြစ်တာကြောင့် မသိချင်ယောင်သာ ဆောင်နေလိုက်တော့သည်။

စင်စစ်မှာတော့ ခွန်းနစ် ဘယ်လောက်ရယ်နေပါစေ စိတ်က နည်းနည်းလေးမျှပင် ချောင်လည်နေခြင်း မရှိပေ။ လျစ်လျူရှုထားသည့် အချိန်တစ်ခု နီးသည်ထက်နီးလာလေ ရင်ဘတ်တွင်းမှာ ဗလာသပ်သပ်ဖြစ်သွားတော့မည့် အတိုင်းစိုးထိတ်လာရသည်။။ ဘယ်လိုပဲ ရှောင်လွဲနေပါစေ မဖြစ်မနေ ကြုံတွေ့ရမည်ကို တွေးမိသည့်အခါ ထွက်ပေါက်မရှိသည့် ကိုယ့်အဖြစ်ကိုယ် မကျေမနပ်ဖြစ်ရပြန်၏။

ဘာကြောင့်များ ဒီလောက် ခက်ခဲနေရပါသနည်း။နေချိုနှင့် တွဲခဲ့သည့် ကာလတွေမှာ ဘယ်သူကမှ စီစဉ်ထားခြင်းမရှိပဲ သူ့အလိုလို ခံစားချက်တွေရင်းနှီးကာ ဆက်နွယ်မှုတွေ လေးနက်လာနိုင်ခဲ့ပေမဲ့ အဲ့ဒီနောက်ပိုင်း ကိစ္စတွေမှာတော့ တစ်ခုခုကို ရွေးချယ်လိုက်ဖို့ သိပ်ကိုခက်ခဲလွန်း၏။ ဆက်ဆံရေးက အထိမခံသလို ၊ ရေရှည်ကို တွေးကြည့်သည့်အခါ ရင်ဆိုင်စရာ ကိစ္စတွေက တွေးရင်ပင် ဟောဟဲလိုက်ချင်စရာ ကောင်းလှသည်။

နေချို့ကို ချစ်သည်ဆိုသော အရာနောက်မှာ ကပ်လိုက်လာသည့် အတ္တိစိတ်က ထင်ထားတာထက်ပင် ကြောက်စရာကောင်းနေ၏။ သတိထားမိချိန်မှာ တတ်နိုင်သလောက် ရပ်ဖို့ကြိုးစားပေမဲ့ လူတစ်ယောက်အပေါ် ထားမိသည့် ခံစားချက်ဆိုတာမျိုးက မော်တော်ယာဉ်တွေလို ဘရိတ်နင်းရုံနှင့် ရသည်မဟုတ်။ အချစ်စိတ်ဟာ တစ်ခါ စက်နိုးလိုက်လျှင် တစ်သက်လုံး မရပ်တော့မည့် ရထားတစ်ဆင်းလိုမျိုး ကမောက်ကမတွေကြားထဲမှာပင် သူ့နှုန်းအတိုင်း သွားနေတတ်သည်။ ကြီးမားသည့် အတားအဆီးတစ်ခုနှင့် တိုက်ကာ တစ်စဆီကြေကွဲသွားခြင်းမရှိသော် မည်သည့်နည်းနှင့်မျှ ရပ်တန့်သွားစရာ မရှိချေ။

"ယုတ်မာနေမှန်းသိပေမဲ့ နေချိုမောင်က ငါ့ကို ထားခဲ့တယ်ဆိုတာတွေးမိရင် သူ့ထက်အရင် ငါက ထားခဲ့ရမလားလို့တောင် အတွေးဝင်တယ်"

"ရူးနေတာလား!"

ဝေဖြိုးနိုင်က ရုတ်တရက် ထအော်သည်။ တိုက်တိုက်ဆိုင်ဆိုင် မီးပွိုင့်နီသွားတာကြောင့် ကားကလည်း ဆောင့်ခနဲ ရပ်သွား၏။

"ငါလည်း သားနဲ့ မယားနဲ့။ မင်းတို့ပဲ ချစ်တတ်နေကြတယ် ထင်မနေနဲ့။ ဘာ မလိုအပ်တာတွေကို တွေးမှန်းမသိဘူး မင်းက"

"...."

"နေချိုက Anti Social ဖြစ်နေပေမဲ့ တစ်ခါတစ်လေ မင်းကပိုပြီး သာမန်ထက် လွန်ကဲနေသလိုပဲ ခွန်းနစ်ကုဋေ။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ကိုယ်ပေးနိုင်သလောက်ပေးပြီး သူပြန်ပေးနိုင်သလောက်ကို မြတ်မြတ်နိုးနိုး လက်ခံယူတာမျိုးကွ"

"..."

"သူသာမလား ကိုယ်သာမလား ဆိုတဲ့စိတ်နဲ့တော့ နေချိုမောင့်ကို ချစ်မနေနဲ့"

"...."

မီးပွိုင့်ပြန်စိမ်းသွားသည်။ ဝေဖြိုးနိုင်က ကားစက်ကိုပြန်နှိုးကာ လမ်းကြောင်းအတိုင်း အလိုက်တသင့်လိုက်၏။ နေချို့နေရာနှင့် နီးနေပြီဖြစ်တာကြောင့် ကားကို အရှိန်မတင်တော့။ ကားအတွင်းမှာတော့ နွေလေပူပူတို့ကလွဲလျှင် တိတ်ဆိတ်ကာ အတွေးကိုယ်စီနှင့် လူနှစ်ဦးရှိသည်။

ငါးမိနစ်ပင်မကြာလိုက်။ အဆောက်ဦးတစ်ခုရှေ့မှာ ရပ်စောင့်နေသည့် နေချိုမောင်က ကားဆီလျှောက်လာသည်။ လမ်းလျှောက်နေသည်ဆိုသော်ငြား သူ့ရဲ့ ‌ရှည်လျားလှသည့် ခြေတံကြီးတွေရဲ့ အားကိုကြည့်လိုက်လျှင် ပြေးလာသည့်နှင်တောင် ပိုတူ၏။ သူ့လက်ထဲတွင် ဖော့ဘူးဖြင့်ထုပ်ပိုးထားသည့် အစားသောက်တချို့ရှိကာ နှဖူးတွင်တော့ ချွေးစတချို့ ခိုတွဲနေကြသည်။

"မင်းအိမ်အတွက်ရောပါတယ်။ မင်းမိန်းမကိုရော ကျွေးလိုက်"

အနားရောက်တာနှင့် ခွန်းနစ်ထိုင်နေသည့် ပြတင်းပေါက်ဆီ မျက်နှာငုံ့ချရင်း ဝေဖြိုးနိုင်ထံ လှမ်းပြောသည့်နေချို။ ချွေးနှင့် ရောနေသော အသီးရနံ့လှိုင်လှိုင်ကြောင့် နေချို့ကိုယ်က ခပ်အီအီလေးဖြစ်နေ၏။ခွန်းနစ် အလယ်တိုးမည်ပြုသည့်အခါ သူက တံခါးကိုတွန်းရင်း " ငါမဝင်တော့ဘူး" ဟု ဆိုလာသည်။

"မြန်မြန်တက်။ ဖင်ကို ဖြတ်တိုက်သွားမယ်" ဝေဖြိုးနိုင်က တစ်ဖက်မှနေရင်း လှမ်းအော်၏။

"နောက်သွားထိုင်လိုက်မယ်။ သုံးယောက်ဆို တအားပူသွားမှာ။ ခွန်းခွန်းက အသက်ရှူကြပ်လို့မရဘူး"

"မဟုတ်ဘူး...ငါ"

စကားမဆုံးခင်မှာပဲ နေချိုက ချာခနဲ လှည့်ထွက်သွားခဲ့သည်။ အပေါ်ပိုင်း ကြယ်သီးတချို့ဖြုတ်ထားသည့် အဖြူရောင်ရှပ်၊ ဖြောင့်စင်းသော စတိုင်ပန် အနက်တို့ကြောင့် နောက်ခန်းသို့ လွှားခနဲတက်လိုက်သည့် နေချို့ပုံစံက တက်ကြွသည့် လူငယ်လေး အလားပင်။ နောက်ကြည့်မှန်ကတဆင့် အကြည့်ဆုံတော့ မေးငေါ့ပြသေးသည့်နေချိုမောင်။

"ဘုရား တရား သံဃာ ခွန်းနစ်ကုဋေဖြစ်နေပြီ အဲ့အရူးကောင်က"

ခွန်းနစ် ရယ်မိသည်။ နောက်ကြည့်မှန်ကိုလည်း ထပ်မကြည့်ရဲတော့။ ဘာမှလုပ်မပြပဲ မျက်လုံးနဲ့ပဲ ကြည့်တာတောင် နေချို့ရဲ့ လျော့တိလျော့ရဲ ပုံစံက ခွန်းနစ်ကို မျက်နှာပူစေသည်။ ဖြူဖြူစင်စင် ပုံစံကလေးနှင့်တောင် နေချို့ဟန်ပန်က အရိုင်းဆန်တာဖြစ်၏။

"မင်းသိလား ဝေဖြိုးနိုင်"

"ဘာတုန်း"

"နေချိုက ဘာမှ မရှိခင်ကတောင် သေအောင်မိုက်တာ။ သူက ပိုထူးချွန်ပြီး ပိုစမတ်ကျလာရင် ငါ တော်တော်တန်သွားမှာ"

"ဟမ် "

"အချစ်တွေ ရင်းနှီးမြုပ်နှံလိုက်ရတာလေ"

"ဖွီ!!!"

တဟားဟား ရယ်သံတွေနှင့်အတူ ရွံစရာကောင်းလိုက်တာကွာ ဆိုသည့် ဝေဖြိုးနိုင်အသံကြီးက ကပ်ပါလျက်။ကျဆင်းသွားသောနေရောင်ကြောင့် လေထုဟာလည်း တဖြေးဖြေးချင်း အေးမြလို့လာခဲ့၏။

ဖျတ်ခနဲ နောက်ကြည့်မှန်ဆီ ကြည့်မိလိုက်ခြင်းမှာ ခွန်းနစ် ကိုယ်က တုန်ယင်သွားသည်။
နေချိုမောင်ကာ မှန်မှာ မျက်နှာကြီးကပ်လျက် ရှေ့ခေါင်းထဲက နှစ်ယောက် ဘာတွေပြောနေကြသည်ဆိုတာ တော်တော်လေး စိတ်ဝင်စားနေခဲ့ပုံပင်။

သူ့မျက်ခုံးတွေက တွန့်ချိုးကာ နှာခေါင်း နှင့် နှုတ်ခမ်းရာတို့ဟာ မှန်ထက်မှာ ထင်းထင်းကြီး ပေါ်နေခဲ့ပါသည်...။

........................................

တံခါးနားရောက်ခါနီးမှ ဖိနပ်မစီးခဲ့မှန်း သတိရသွားပေမဲ့ အပြင်မှာ စောင့်နေမည့် နေချို့ကိုတွေးမိသည့်အခါ ကုတင်ဆီပြန်လှည့်မည့်အစား ရှေ့ကိုသာ ဆက်လိုက်သည်။ အစောက တံခါးခေါက်သံကြားကြားချင်း စားပွဲတင်နာရီကို ကြည့်တော့ မနက်တစ်နာရီ ထိုးလုပြီ။

တစ်ခါသင်လိုက်ပြီးသည့်နောက်မှာ ဘယ်တော့မှ တဇွတ်ထိုး ဝင်မလာတတ်သည့် နေချိုက သင်လွယ်တတ်လွယ်သည့် ကလေးတစ်ယောက်လိုပင် သိပ်ချစ်စရာကောင်း၏။ ခုနောက်ပိုင်း စာမေးပွဲတွေကြောင့် ညဘက်နောက်ကျမှ အိပ်တတ်ကာ၊  ခွန်းနစ် တစ်ရေးနိုး ရေသောက်ထသည့်တိုင် ဆားကစ်များကို ဖွင့်ကာ ဟိုနှိုက်သည်နှိုက် လုပ်နေတတ်သည်။
ဒီကနေ့တော့ ဘာစိတ်ကူးပေါက်သည်မသိ။ ခွန်းနစ်တစ်ရေးမနိုးခင်ပဲ အခန်းထဲ ဝင်ချင်လို့ တောင်းဆိုနေသည့် နေချိုမောင်။

ကလစ်...

တံခါးဖွင့်လိုက်တော့ စွပ်ကျယ်ဂျိုင်းပြတ်နှင့် ရပ်နေသူက မျက်နှာမှာလည်း ချွေးစတစ်ချို့နှင့်။ ရာသီဥတုပူလာတော့ သူ့အခန်းက ပန်ကာလည်း သိပ်ပြီး မလိုက်နိုင်တော့ပုံပင်။ နောက်နှစ်နွေတော့ သေချာပေါက် အဲယားကွန်းတပ်ပေးရမည်ဟု တိတ်တဆိတ်ဆုံးဖြတ်ပြီးနောက် အပင်ရိပ်တွေ ရခြင်းကြောင့် တစ်အိမ်လုံးမှာ အအေးဆုံးဖြစ်သည့် ခွန်းနစ်အခန်းထဲသို့ သူဝင်နိုင်ရင် ကိုယ်ကို ရို့ကာဖယ်ပေးလိုက်သည်။

"နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကို နှိုးမိသွားတာလား။  ပြန်တောင် ပြန်တော့မလို့။ မင်းက တံခါးဖွင့်လာတာနဲ့"

"ရတယ်။ မဟုတ်လည်း ခဏနေရင် နိုးတော့မှာ"

"နောက်ကျ အခန်းထဲ ရေယူထားလေ။ အပြင်ထွက် သောက်နေရတာ အိပ်ရေးပျက်တယ်"

"မယူချင်ဘူး"

ခွန်းနစ် သူ့အနားကပ်ကာ လက်မောင်းကို ညှစ်လိုက်သည်။ အလုပ်များ၍ထင်သည်။ နေချိုက ခုရက်ပိုင်း ပိန်သွား၏။

"ငါဘာလို့ အပြင်ထွက် ရေသောက်လဲ သိလား"

"မသိဘူး"

"မသိရင် ပြောပြမယ်...လာ ကုတက်ပေါ်တက်"

ဆွဲခေါ်တော့ လိုက်လျောစွာပါလာရှာသည်။ မှုန်ပြပြ အလင်းအောက်မှာ နေချို့ပုံစံက နွမ်းလျကာ ပင်ပန်းနေပုံပေါ်တာကြောင့် ကုတင်ထက် ထိုင်စေကာ ခေါင်းရင်းမှာ ခေါင်းဦးကိုထောင်ရင်း မှီခိုင်းလိုက်၏။

"ဘာလို့ အပြင်ထွက်ထွက် လာတာလဲ"

"မင်းကို ကြည့်ချင်လို့"

"...."

"တစ်ရေးနိုးနေတဲ့ အချိန်မှာတောင် နေချို.. မင်းမျက်နှာကို ငါကြည့်ချင်လို့"

ရှက်ရွံ့သွားပုံပင်။ အပြုံးနုနုက သူ့မျက်နှာထက် ယှက်ပြေးသွားသည်။ ပြုံးစစဖြစ်လာသည့် မျက်နှာပေးနှင့် မျက်စိရှေ့မှ နေချိုမောင်။ ဒီလူကို နားလည်ရခက်လွန်းသည်ဟု သူများတွေထံမှ ပြန်ကြားရသည့် အပြောတွေအား နားရှိလို့သာကြားရသည်။ ခုလို အပြုမူတွေကိုသာ မြင်နေရသူ ခွန်းနစ်မှာ "ခင်ဗျားတို့အားလုံး လိမ်နေကြတာ" ဟုတောင် မောင်းခတ်ကာ ကြေညာပြလိုက်ချင်၏။

"ဒါဖြင့် အတူတူအိပ်လိုက်ပါ့လား"

"ဘာ!"

"မောင်နဲ့အတူအိပ်လေ... ထကြည့်စရာမလိုဘူး။ မျက်လုံးဖွင့်လိုက်ရုံနဲ့ မောင့်ကိုကြည့်ရုံပဲ"

"မ မအိပ်ချင်ပါဘူး"

ဒီလောက် ထိန်းထိန်းသိမ်းသိမ်းနေတာတောင် တစ်ချိန်လုံး ရင်ခွင်ထဲပွေ့ထားချင်လွန်းလို့၊ ‌အပွေ့ဖက်ခံချင်လွန်းလို့ ခက်နေတာ။ မဟုတ်ရင် ခွန်းနစ်က နှာဘူးဟုပင် ခေါင်းစဉ်တပ်ခံနေရလောက်ပြီ။ နေချို့အပေါ် တက်မက်စိတ်က ဤမျှပင် လွန်ကဲလွန်း၏။

"ဒီ တစ်ညတော့ ရလား။  မင်းနဲ့အတူ အိပ်ချင်လို့"

"အင်... အင်း...အိပ် အိပ်လို့ရပါတယ်"

စကားဆုံးတာနှင့် နေချိုက ခေါင်းအုံး ကို နေရာတကျပြန်ချကာ ကျောခင်းနေပြီဖြစ်သည်။ ခွန်းနစ် ယောင်လည်လည်လုပ်နေသည့်အခါ ခါးကနေဆွဲချလျက် သူ့ကိုယ်ပေါ်မှောက်လျက်သားလှဲစေ၏။ ဤကုတင်ပေါ် ပူးကပ်လူးလဲခဲ့တာတွေကို သတိရမိသည့်အခါ ခွန်းနစ်ကိုယ်မှာ ချက်ချင်းပင် ချွေးများစို့တက်လို့လာတော့သည်။

"ခွန်းခွန်း"

"အင်...အင်း"

"မင်း စိတ်ဆိုးအောင် လုပ်ထားတာရှိလား"

"မ မရှိဘူး"

"အဲ့ဒါဆို ဘာလို့ ကိုယ်ကတောင့်နေတာလဲ"

ဗေဒင်ဆရာလို အပြောင်းလဲတစ်ခုချင်းစီကို ထောက်ပြနေသည့် နေချိုမောင်က ခွန်းနစ်စိတ်ကိုများ ဖွင့်ကြည့်ရန်ကြိုးပမ်းနေလေသလား။ သူ့လက်တွေက ကလေးချော့သလို ကျောပြင်ကို ပွတ်သပ်လာကာ အသက်ရှူငွေ့တွေက ခွန်းနစ် ပါးပြင်နားမှာ ငြင်သာစွာဝေ့ဝဲနေကြသည်။ ထိုအပြုမူ၊အထိတွေ့တို့ဟာ ညစ်ညမ်းသည့် အတွေးတွေဝင်ရမည့်အစား သိပ်ကို ပေါ့ပါးသည့် ကမ္ဘာတစ်ခုထံ ခွန်းနစ်အား အလည်ခေါ်ဆောင်သွားသည်။ သက်တောင့် သက်သာရှိလွန်းတာကြောင့် တင်းခံထားသည့် ကိုယ်လုံးဟာ အလိုက်တသင့်ပဲ နေချို့ကိုယ်ပေါ် ထပ်လျက်သားကျသွားသလို မျက်တောင်တို့ဟာလည်း တစ်ခဏအတွင်းမှာပင် စင်းကျလို့လာ၏။

"စင်္ကာပူသွားမဲ့ ကိစ္စကြောင့်လား"

"မဟုတ်ပါဘူးကွာ"

"ဟုတ်ပါတယ် "

နေချို့လက်တွေ ပိုတင်းကြပ်သွားသည်။ သူ့နှုတ်ခမ်းလွှာတွေက ခွန်းနစ် နားရွက်တစ်ဝိုက်တွင် ပွတ်တိုက်လှုပ်ရှားနေကြရာ ရင်ဖိုလှိုက်မောကာ အလိုလိုဝမ်းနည်းလာရတော့၏။

"မလုပ်နဲ့တော့ ငါ နေရခက်တယ်"

"မင်းမသွားစေချင်ရင် မသွားဘူး"

"ဘယ်သူက မသွားစေချင်ဘူးပြောလို့လဲ။ မင်းက ဘဝတိုးတက်ရေးလုပ်နေတာ။ ငါ့ဆန္ဒက ဘာမှမဟုတ်ဘူး"

ပြောပြီးသည့်နောက် သူ့ကိုယ်ပေါ်မှလှိမ့်ချကာ ကျောပေးလိုက်သည်။ မျက်ဝန်းတွေကို မဖွင့်ချင်။ ချက်ချက်ပူးကပ်လာသည့် သူ့ရင်ခွင်ကျယ်ကတော့ ခွန်းနစ်ကျောပြင်ကို နည်းနည်းမှပင် မလွှတ်ချင်သည့်အတိုင်း၊ လက်များက ခါးဆီဖက်တွယ်လာကာ သူ့ကိုယ်နှင့် တစ်သားထဲဖြစ်သွားစေ၏။

"ငါ မင်းက ငါ့အလိုကျလုပ်ပေးပြီးတော့ ငါကကျတော့ ငါ့အတွက်ငါပဲ တွေးမိနေတာကို တကယ်မုန်းတယ်။ ငါ့ကိုယ်ငါ စိတ်တိုပြီး မတရားဘူးလို့ပဲ တွေးမိလို့"

"အင်း..."

"နေချို... ဒီတိုင်း မင်း လုပ်ချင်တာ လုပ်ကွာ။ ငါကြောင့် မဟုတ်ပဲ မင်း တကယ်ဖြစ်ချင်တာကို ပြောတာ"

‌"လောလောဆယ်တော့"

"..."

"မင်းကိုယ်မင်း စိတ်မဆိုးစေချင်ဘူး ခွန်းခွန်း"

"..."

"အဲ့ဒီအစား မောင့်ကို စိတ်ဆိုးလိုက်"

"မင်း သွားမှာလား"

ခွန်းနစ် ခေါင်းလှည့်ကာ မေးလိုက်သည်။ အသံတွေမာသွားပေမဲ့ နေချိုမောင်က စိတ်ဆိုးရမည့်အစား နှဖူးထက်သို့သာ အနမ်းဖွဖွတိုးဝှေ့ချွေချလာ၏။

"မင်း သဘောအတိုင်း မောင်လုပ်မှာ"

"ခွေးသားလေး... ငါ့ကို လွှဲချတယ်"

ပြန်ကျောပေးလိုက်မိသည့်နောက် မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် အုပ်ချမိသည်။ မျက်ရည်မကျပေမဲ့ အသက်ရှူကြပ်ကာ နေရခက်လွန်းလှ၏။

"ရွေးချယ်ရတာတွေကို မုန်းပါတယ်ဆိုမှ တစ်ခုခုဆို ‌အဲ့ဒါတွေကိုပဲ လိုက်စဉ်းစားနေရတာ။ ဖြစ်ချင်တာဖြစ်ဆိုပြီး ‌ရွေးချလိုက်ရင် ဘယ်တော့မှ မှန်တယ်မရှိဘူး"

"..."

"ငါက မဲကံမကောင်းပါဘူးဆို။ ငါ့ဘဝနဲ့ငါတောင် ဘာမှန်းမသိ ဖြစ်နေရတဲ့အထဲ အခုသူများဘဝကိုပါ လိုက်ဆုံးဖြတ်ခိုင်းနေကြတာ။ နေချိုမောင်က ငါမွေးထားတဲ့ သားလည်းမဟုတ်ဘူး"

"..."

"ခြောက်လလောက်နဲ့ အကုန်ပြောင်းလဲသွားပြီး ငါကပဲ လိုက်မှီရင် ဘယ်လို လုပ်မှာတုန်း"

"ဟင်း..."

သက်ပြင်းချလိုက်မှုမှာ လည်ကုပ်တစ်ခုလုံး ပူနွေးသွားကာ အနမ်းတို့က နောက်မှ ကပ်လိုက်လာကြသည်။ ရုန်းဖယ်ခြင်းမပြုပဲ ငြိမ်နေသည့်အခါ ပိုတိုးကပ်လာသူရဲ့ ခြေထောက်တွေဟာ ခွန်းနစ်ရဲ့ အောက်ပိုင်းကိုပါ ချုပ်နှောင်ဖို့ ပြင်နေ၏။ စွပ်ကျယ်ဂျိုင်းပြတ်ကြောင့် ပေါ်လွင်နေသည့် သူ့အသားတွေကမူ အေးစက်လျက်..။

"သွားသွား မသွားသွား ဆုံးဖြတ်ချက်က တစ်ခုထဲပဲ"

"..."

"မင်းအတွက် ပိုကောင်းတဲ့သူဖြစ်ချင်တာ။ တစ်ယောက်ထဲ ရုန်းကန်နေရတဲ့မင်းကို ငွေကြေးနဲ့ပက်သက်ပြီး ‌စိတ်ပူနေရတာမျိုး မဖြစ်ချင်တော့ဘူး။ အဲ့ဒါမျိုးလုပ်နိုင်စွမ်းရှိရဲ့သားနဲ့ မလုပ်ပေးမိရင် အသုံးမကျတဲ့သူဖြစ်သွားမှာလေ"

"ငါ ပိုက်ဆံမမက်ပါဘူး"

"သိတယ်...အဲ့ဒါက်ိုသိတယ်။ မင်းဖက်ကပဲ ပေးချင်ပြီး ၊ မလုပ်ပေးနိုင်တာတွေအပေါ် စိတ်မကောင်းဖြစ်နေတာကိုလည်း သိတယ်"

"..."

"ခွန်းခွန်း... မင်းမှာ မောင့်အပေါ် တာဝန်မရှိဘူး။ အဖေက ပြောတယ်။ ကိုယ့်တာဝန်ကိုယ် ယူရမှာတဲ့"

"...."

"တစ်ခုပဲ သေချာပြောချင်တာ။ မောင့်ကြောင့်နဲ့တော့ ကိုယ့်ကိုယ်ကိုယ် သံသယမဝင်နဲ့တော့နော်"

"..."

"ဘယ်လို အခြေနေဖြစ်ဖြစ် မင်းကိုတော့ အ ‌ေကာင်းဆုံးထားဖို့ လုပ်မှာမို့"

နေချိုကသာ တောက်လျှောက် ပြောသူဖြစ်ခဲ့ကာ ခွန်းနစ်ထံမှ တစ်ခွန်းပင် ထပ်ထွက်မလာခဲ့ချေ။ နေချိုဟာ ရင်ခွင်ထဲမှ ကိုယ်လုံးပြေလျော့သွားသည်အထိ စကားတွေပြောဖြစ်ခဲ့သည်။ သူက စကားပြောမကောင်းတာကြောင့် တောင်ရောက်မြောက်ရောက်တွေဖြစ်နေခဲ့ပေမဲ့ ခွန်းခွန်း စိတ်အဆင်ပြေဖို့ဆို ငပေါကြီးလို လျှောက်ပြောဖို့လည်း သူတတ်နိုင်ပါသည်။

နှစ်ပတ်ခန့်အကြာမှာ နေချို့ရဲ့ Internship ကာလပြီးဆုံး၏။  ထိုနေ့မှာပဲ ခွန်းနစ်က ဆုံးဖြတ်ချက်ကို ‌အတည်ချကာ နေချို့ကို စင်္ကာပူသွားဖို့ ပြောခဲ့သည်။ တခြားတောင်းဆိုချက်တွေ မရှိသည့်တိုင် "ကျန်းမာအောင် နေမယ် ပြော" ဆိုသည့် ကတိကိုတော့ တောင်း၏။

"မင်းနဲ့ပဲ နေဖို့ပြောမယ်ထင်တာ"

နေချိုစသည့်အခါ ခွန်းနစ်က ဆူပုတ်ပုတ်နှင့် ဤသို့ဖြေခဲ့သည်။

"ငါက ပိုက်ဆံမမက်ပေမဲ့ ပိုက်ဆံတွေအများကြီးရှာနိုင်မဲ့ မင်းကိုတော့မက်တယ်လေ။ မင်း အချစ်ကို သက်သေပြဖို့ အဲ့ဒီကုမ္ပဏီမှာ ဝင်ခွင့်ရအောင်လုပ်ပြီး ဒီက ရုံးခွဲကို ပြန်ခဲ့"

"အင်း"

တိုတောင်းသော အဖြေအဆုံးမှာ နင့်နေအောင်နမ်းသည့် နေချိုမောင်က ‌နွေရဲ့ညတာတွေကို ပိုမိုတိုတောင်းသွားအောင် လုပ်နိုင်စွမ်းရှိပုံပင်။ အနမ်းမဝသည့် ဒဏ်ကို ကုနိုင်မည့်ဆေးများပေါ်လျှင် သူမရှိသည့် ကာလတွေအတွက် ဆောင်ရလေမလားဟုပင် ပေါက်ပေါက်ရှာရှာ စဉ်းစားမိသွား၏။

ဖြစ်နိုင်လျှင် သူနှင့်အတူရှိသည့် နွေညများကိုတော့ဖြင့် နှစ်ဆတိုး၍ ရှည်စေချင်ပါသည်လေ....။

..............................................................

စာရေးသူ၏ အမှာစာ:

နောက်နှစ်ပိုင်းလောက်ပဲ ကျန်ပါတယ်။
ဒီရက်ပိုင်းအတွင်း အပြီးသတ်ပါလိမ့်မယ်။

Zawgyi

အခ်စ္ႏွင့္ ဘဝခရီး ၁

"ဘာလို႔ ညေနတိုင္း လာႀကိဳေနတာလဲ။ တာဝန္ႀကီး တစ္ခုက်လိဳ႕ မင္းဟာက"

"တက္စမ္းပါ။ ဘာေတြ စကားမ်ားေနမွန္းမသိဘူး...ေရာ့"

ေခြးဘီလူးကားေလးရဲ႕ ေရွ႕ခန္းကို ဝင္ထိုင္လိုက္သည္ဆိုလွ်င္ပဲ ေဝၿဖိဳးနိုင္က ႀကံရည္ထုပ္ကို ခြန္းနစ္ဆီကမ္းေပးလာသည္။ သူက သူ႕ဆိုင္နာမည္ရိုက္ႏွိပ္ထားသည့္ ရွပ္အကၤ်ီအပါးကိုဝတ္ထားကာ ၾကက္သြန္နံ႕ပဲနံ႕မ်ား ထြက္ေနပုံအရ ယခုေလးတင္မွာ ပြဲ႐ုံကေနျပန္လာခဲ့ျခင္း ျဖစ္လိမ့္မည္။

"ႀကံရည္ေတာင္ ေပၚေနၿပီလား"

"ဦးဦးဖ်ားဖ်ားမို႔ ေဈးႀကီးတယ္"

"ေက်းဇူးပါ သူေဌးမင္း...ေဈးႀကီးတာ ဝယ္တိုက္လို႔"

ခြန္းနစ္ေနာက္ေတာ့ သူက ဟင္းခနဲ အသံျပဳကာေလွာင္သည္။ ညေနတိုင္း ေဝၿဖိဳးနိုင္က လမ္းႀကဳံလို႔ဟု အေၾကာင္းျပခ်က္ေပးကာ ဝင္ဝင္ႀကိဳသည္မွာ လအေတာ္ပင္ ၾကာခဲ့ၿပီ။ ခြန္းနစ္တင္မက ေနခ်ိဳ႕ဆီပါ ႀကိဳရေသးတာေၾကာင့္ သူအိမ္ျပန္ခ်ိန္ဆို ညခုႏွစ္နာရီပင္ ထိုးလုကာ အားနာရေပမဲ့ ကာယကံရွင္ကေတာ့ ခုလိုမွမလုပ္ရရင္ စိတ္ဆင္းရဲရေၾကာင္းေျပာကာ စြဲစြဲၿမဲၿမဲ ႀကိဳပို႔ေနဆဲျဖစ္၏။

"ေနခ်ိဳေမာင္နဲ႕ ကိစၥေရာ ဘယ္လိုလဲ"

"ဟင္ ဘယ္ဟာလဲ" ႀကဳံရည္စုပ္ရင္း ေမးလိုက္တာေၾကာင့္ ခြန္းနစ္အသံက အနည္းငယ္ လုံးေထြးသြားသည္။ ဂ႐ုတစ္စိုက္ ေစာင္းငဲ့ၾကည့္လိုက္မိေသာ ေဝၿဖိဳးနိုင္၏မ်က္ႏွာထက္တြင္ အေနာက္ေန စူးစူးက်ေရာက္ေနသည္မို႔ မ်က္ေမွာက္ၾကဳတ္ထားကာ စိတ္ရႈပ္ေထြးသေယာင္ျဖစ္ေန၏။ သို႔ေသာ္ သူက ‌ကားကိုသာ ဂ႐ုစိုက္ေမာင္းရင္း " စကၤာပူ သြားမဲ့ ကိစၥ" ဟု တိုတို တုတ္တုတ္ စကားျပန္ေထာက္လာခဲ့သည္။

ေနာက္တစ္ႀကိမ္ စုပ္ယူလိုက္ခ်ိန္မွာ အိတ္ထဲရွိႀကံရည္အားလုံးနီးပါး ကုန္လုျဖစ္သြားကာ ခြန္းနစ္လက္ထဲ အခြံသာက်န္၏။ ေအးစက္ေနေသးသည့္ အိတ္အလြတ္ကိုကိုင္ကာ သူ႕အေမးကို မေျဖျခင္းအားျဖင့္ ထိုအေၾကာင္းမေျပာခ်င္သည့္ သေဘာထားကို ျပသလိုက္သည္။

"သြားပါ မသြားပါ ငါကေတာ့ မေျပာခ်င္ဘူး။ ဒါေပမဲ့ မင္း ေဝခြဲရခက္ေနတာနဲ႕ပဲ ေနခ်ိဳ႕အေပၚ ေအးစက္စက္လုပ္မေနနဲ႕"

"ငါက မလုပ္ပါဘူး"

ႏွာေခါင္းရႈံ႕လိုက္မိသည့္ ခြန္းနစ္။ ေဝၿဖိဳးနိုင္က အၿမဲ သူ႕သူငယ္ခ်င္းဖက္ကပဲ ပါသည္။ ခြန္းနစ္ကျဖင့္ သူ႕သူငယ္ခ်င္းကို ခ်စ္လြန္းလို႔ လိုတာအကုန္ ျဖည့္ဆည္းလို႔ပင္ မဝခ်င္။

"မင္းကေတာ့ တမင္မလုပ္ဖူးေပါ့။ သူကသာ အရိပ္တၾကည့္ၾကည့္လုပ္ေနေတာ့ မင္းမ်က္ႏွာ အေျပာင္းလဲကစ သိေနမွာ"

"ေနခ်ိဳေမာင္ေတာင္ သူ႕အေၾကာင္း မင္းေလာက္သိမွာ မဟုတ္ဘူး"

ဒီတစ္ႀကိမ္ေတာ့ ခြန္းနစ္ ႐ြဲ႕လိုက္သည္။ ထိုကိစၥႏွင့္ ပက္သက္ၿပီး ေတြးလိုက္႐ုံႏွင့္ပင္ ေခါင္းကိုက္ရလြန္းတာေၾကာင့္ ကိုယ္တိုင္က မသိခ်င္ေယာင္ေဆာင္ကာ ေမ့ထားခဲ့တာ ၾကာခဲ့ၿပီပင္။ သို႔ေသာ္ ကိစၥတစ္ခုဆိုသည္က ေရွာင္ဖယ္ထား႐ုံႏွင့္ ၿပီးဆုံးသြားသည္ မဟုတ္။ ယခုပင္ေဝၿဖိဳးနိုင္က အစပ်ိဳးကာ သတိေပးေနခဲ့ၿပီ။

"ရည္းစားနဲ႕ သူငယ္ခ်င္းက မတူဘူးေလ။မင္းက ႏွစ္ေယာက္စာ ေပ်ာ္ေအာင္ၾကည့္ေပမဲ့ ငါကေတာ့ ငါ့သူငယ္ခ်င္း ေပ်ာ္ေအာင္ပဲၾကည့္တာ"

"ငါကေရာ မင္းသူငယ္ခ်င္းပဲ မဟုတ္ဘူးလား။မင္းက မ်က္ႏွာလိုက္တယ္"

"ေအးပါ ေအးပါ မင္းနဲ႕ စကားၿပိဳင္မေျပာဘူး ေမာတယ္။ ခုတ္ရာတျခား ရွရာတလြဲ တကယ္ပဲ"

တဗ်စ္ေတာက္ေတာက္ ညည္းၫူးရင္ ေဝၿဖိဳးနိုင္က သူ႕စကားကို အဆုံးသတ္လိုက္သည္။ ခြန္းနစ္ တဟားဟား ရယ္ေသာအခါ သူက "ဒါနဲ႕ပဲ ငါတို႔ကို အနိုင္က်င့္ေနတာ" ဟု မေက်မနပ္ေျပာျပန္၏။ သိသိသာသာေတာ့ မဟုတ္။ သူ႕တစ္ကိုယ္စာ ၾကား႐ုံေျပာတာျဖစ္တာေၾကာင့္ မသိခ်င္ေယာင္သာ ေဆာင္ေနလိုက္ေတာ့သည္။

စင္စစ္မွာေတာ့ ခြန္းနစ္ ဘယ္ေလာက္ရယ္ေနပါေစ စိတ္က နည္းနည္းေလးမွ်ပင္ ေခ်ာင္လည္ေနျခင္း မရွိေပ။ လ်စ္လ်ဴရႈထားသည့္ အခ်ိန္တစ္ခု နီးသည္ထက္နီးလာေလ ရင္ဘတ္တြင္းမွာ ဗလာသပ္သပ္ျဖစ္သြားေတာ့မည့္ အတိုင္းစိုးထိတ္လာရသည္။။ ဘယ္လိုပဲ ေရွာင္လြဲေနပါေစ မျဖစ္မေန ႀကဳံေတြ႕ရမည္ကို ေတြးမိသည့္အခါ ထြက္ေပါက္မရွိသည့္ ကိုယ့္အျဖစ္ကိုယ္ မေက်မနပ္ျဖစ္ရျပန္၏။

ဘာေၾကာင့္မ်ား ဒီေလာက္ ခက္ခဲေနရပါသနည္း။ေနခ်ိဳႏွင့္ တြဲခဲ့သည့္ ကာလေတြမွာ ဘယ္သူကမွ စီစဥ္ထားျခင္းမရွိပဲ သူ႕အလိုလို ခံစားခ်က္ေတြရင္းႏွီးကာ ဆက္ႏြယ္မႈေတြ ေလးနက္လာနိုင္ခဲ့ေပမဲ့ အဲ့ဒီေနာက္ပိုင္း ကိစၥေတြမွာေတာ့ တစ္ခုခုကို ေ႐ြးခ်ယ္လိုက္ဖို႔ သိပ္ကိုခက္ခဲလြန္း၏။ ဆက္ဆံေရးက အထိမခံသလို ၊ ေရရွည္ကို ေတြးၾကည့္သည့္အခါ ရင္ဆိုင္စရာ ကိစၥေတြက ေတြးရင္ပင္ ေဟာဟဲလိုက္ခ်င္စရာ ေကာင္းလွသည္။

ေနခ်ိဳ႕ကို ခ်စ္သည္ဆိုေသာ အရာေနာက္မွာ ကပ္လိုက္လာသည့္ အတၱိစိတ္က ထင္ထားတာထက္ပင္ ေၾကာက္စရာေကာင္းေန၏။ သတိထားမိခ်ိန္မွာ တတ္နိုင္သေလာက္ ရပ္ဖို႔ႀကိဳးစားေပမဲ့ လူတစ္ေယာက္အေပၚ ထားမိသည့္ ခံစားခ်က္ဆိုတာမ်ိဳးက ေမာ္ေတာ္ယာဥ္ေတြလို ဘရိတ္နင္း႐ုံႏွင့္ ရသည္မဟုတ္။ အခ်စ္စိတ္ဟာ တစ္ခါ စက္နိုးလိုက္လွ်င္ တစ္သက္လုံး မရပ္ေတာ့မည့္ ရထားတစ္ဆင္းလိုမ်ိဳး ကေမာက္ကမေတြၾကားထဲမွာပင္ သူ႕ႏႈန္းအတိုင္း သြားေနတတ္သည္။ ႀကီးမားသည့္ အတားအဆီးတစ္ခုႏွင့္ တိုက္ကာ တစ္စဆီေၾကကြဲသြားျခင္းမရွိေသာ္ မည္သည့္နည္းႏွင့္မွ် ရပ္တန႔္သြားစရာ မရွိေခ်။

"ယုတ္မာေနမွန္းသိေပမဲ့ ေနခ်ိဳေမာင္က ငါ့ကို ထားခဲ့တယ္ဆိုတာေတြးမိရင္ သူ႕ထက္အရင္ ငါက ထားခဲ့ရမလားလို႔ေတာင္ အေတြးဝင္တယ္"

"႐ူးေနတာလား!"

ေဝၿဖိဳးနိုင္က ႐ုတ္တရက္ ထေအာ္သည္။ တိုက္တိုက္ဆိုင္ဆိုင္ မီးပြိုင့္နီသြားတာေၾကာင့္ ကားကလည္း ေဆာင့္ခနဲ ရပ္သြား၏။

"ငါလည္း သားနဲ႕ မယားနဲ႕။ မင္းတို႔ပဲ ခ်စ္တတ္ေနၾကတယ္ ထင္မေနနဲ႕။ ဘာ မလိုအပ္တာေတြကို ေတြးမွန္းမသိဘူး မင္းက"

"...."

"ေနခ်ိဳက Anti Social ျဖစ္ေနေပမဲ့ တစ္ခါတစ္ေလ မင္းကပိုၿပီး သာမန္ထက္ လြန္ကဲေနသလိုပဲ ခြန္းနစ္ကုေဋ။ လူတစ္ေယာက္ကို ခ်စ္တယ္ဆိုတာ ကိုယ္ေပးနိုင္သေလာက္ေပးၿပီး သူျပန္ေပးနိုင္သေလာက္ကို ျမတ္ျမတ္နိုးနိုး လက္ခံယူတာမ်ိဳးကြ"

"..."

"သူသာမလား ကိုယ္သာမလား ဆိုတဲ့စိတ္နဲ႕ေတာ့ ေနခ်ိဳေမာင့္ကို ခ်စ္မေနနဲ႕"

"...."

မီးပြိုင့္ျပန္စိမ္းသြားသည္။ ေဝၿဖိဳးနိုင္က ကားစက္ကိုျပန္ႏွိုးကာ လမ္းေၾကာင္းအတိုင္း အလိုက္တသင့္လိုက္၏။ ေနခ်ိဳ႕ေနရာႏွင့္ နီးေနၿပီျဖစ္တာေၾကာင့္ ကားကို အရွိန္မတင္ေတာ့။ ကားအတြင္းမွာေတာ့ ေႏြေလပူပူတို႔ကလြဲလွ်င္ တိတ္ဆိတ္ကာ အေတြးကိုယ္စီႏွင့္ လူႏွစ္ဦးရွိသည္။

ငါးမိနစ္ပင္မၾကာလိုက္။ အေဆာက္ဦးတစ္ခုေရွ႕မွာ ရပ္ေစာင့္ေနသည့္ ေနခ်ိဳေမာင္က ကားဆီေလွ်ာက္လာသည္။ လမ္းေလွ်ာက္ေနသည္ဆိုေသာ္ျငား သူ႕ရဲ႕ ‌ရွည္လ်ားလွသည့္ ေျခတံႀကီးေတြရဲ႕ အားကိုၾကည့္လိုက္လွ်င္ ေျပးလာသည့္ႏွင္ေတာင္ ပိုတူ၏။ သူ႕လက္ထဲတြင္ ေဖာ့ဘူးျဖင့္ထုပ္ပိုးထားသည့္ အစားေသာက္တခ်ိဳ႕ရွိကာ ႏွဖူးတြင္ေတာ့ ေခြၽးစတခ်ိဳ႕ ခိုတြဲေနၾကသည္။

"မင္းအိမ္အတြက္ေရာပါတယ္။ မင္းမိန္းမကိုေရာ ေကြၽးလိုက္"

အနားေရာက္တာႏွင့္ ခြန္းနစ္ထိုင္ေနသည့္ ျပတင္းေပါက္ဆီ မ်က္ႏွာငုံ႕ခ်ရင္း ေဝၿဖိဳးနိုင္ထံ လွမ္းေျပာသည့္ေနခ်ိဳ။ ေခြၽးႏွင့္ ေရာေနေသာ အသီးရနံ႕လွိုင္လွိုင္ေၾကာင့္ ေနခ်ိဳ႕ကိုယ္က ခပ္အီအီေလးျဖစ္ေန၏။ခြန္းနစ္ အလယ္တိုးမည္ျပဳသည့္အခါ သူက တံခါးကိုတြန္းရင္း " ငါမဝင္ေတာ့ဘူး" ဟု ဆိုလာသည္။

"ျမန္ျမန္တက္။ ဖင္ကို ျဖတ္တိုက္သြားမယ္" ေဝၿဖိဳးနိုင္က တစ္ဖက္မွေနရင္း လွမ္းေအာ္၏။

"ေနာက္သြားထိုင္လိုက္မယ္။ သုံးေယာက္ဆို တအားပူသြားမွာ။ ခြန္းခြန္းက အသက္ရႉၾကပ္လို႔မရဘူး"

"မဟုတ္ဘူး...ငါ"

စကားမဆုံးခင္မွာပဲ ေနခ်ိဳက ခ်ာခနဲ လွည့္ထြက္သြားခဲ့သည္။ အေပၚပိုင္း ၾကယ္သီးတခ်ိဳ႕ျဖဳတ္ထားသည့္ အျဖဴေရာင္ရွပ္၊ ေျဖာင့္စင္းေသာ စတိုင္ပန္ အနက္တို႔ေၾကာင့္ ေနာက္ခန္းသို႔ လႊားခနဲတက္လိုက္သည့္ ေနခ်ိဳ႕ပုံစံက တက္ႂကြသည့္ လူငယ္ေလး အလားပင္။ ေနာက္ၾကည့္မွန္ကတဆင့္ အၾကည့္ဆုံေတာ့ ေမးေငါ့ျပေသးသည့္ေနခ်ိဳေမာင္။

"ဘုရား တရား သံဃာ ခြန္းနစ္ကုေဋျဖစ္ေနၿပီ အဲ့အ႐ူးေကာင္က"

ခြန္းနစ္ ရယ္မိသည္။ ေနာက္ၾကည့္မွန္ကိုလည္း ထပ္မၾကည့္ရဲေတာ့။ ဘာမွလုပ္မျပပဲ မ်က္လုံးနဲ႕ပဲ ၾကည့္တာေတာင္ ေနခ်ိဳ႕ရဲ႕ ေလ်ာ့တိေလ်ာ့ရဲ ပုံစံက ခြန္းနစ္ကို မ်က္ႏွာပူေစသည္။ ျဖဴျဖဴစင္စင္ ပုံစံကေလးႏွင့္ေတာင္ ေနခ်ိဳ႕ဟန္ပန္က အရိုင္းဆန္တာျဖစ္၏။

"မင္းသိလား ေဝၿဖိဳးနိုင္"

"ဘာတုန္း"

"ေနခ်ိဳက ဘာမွ မရွိခင္ကေတာင္ ေသေအာင္မိုက္တာ။ သူက ပိုထူးခြၽန္ၿပီး ပိုစမတ္က်လာရင္ ငါ ေတာ္ေတာ္တန္သြားမွာ"

"ဟမ္ "

"အခ်စ္ေတြ ရင္းႏွီးျမဳပ္ႏွံလိုက္ရတာေလ"

"ဖြီ!!!"

တဟားဟား ရယ္သံေတြႏွင့္အတူ ႐ြံစရာေကာင္းလိုက္တာကြာ ဆိုသည့္ ေဝၿဖိဳးနိုင္အသံႀကီးက ကပ္ပါလ်က္။က်ဆင္းသြားေသာေနေရာင္ေၾကာင့္ ေလထုဟာလည္း တေျဖးေျဖးခ်င္း ေအးျမလို႔လာခဲ့၏။

ဖ်တ္ခနဲ ေနာက္ၾကည့္မွန္ဆီ ၾကည့္မိလိုက္ျခင္းမွာ ခြန္းနစ္ ကိုယ္က တုန္ယင္သြားသည္။
ေနခ်ိဳေမာင္ကာ မွန္မွာ မ်က္ႏွာႀကီးကပ္လ်က္ ေရွ႕ေခါင္းထဲက ႏွစ္ေယာက္ ဘာေတြေျပာေနၾကသည္ဆိုတာ ေတာ္ေတာ္ေလး စိတ္ဝင္စားေနခဲ့ပုံပင္။

သူ႕မ်က္ခုံးေတြက တြန႔္ခ်ိဳးကာ ႏွာေခါင္း ႏွင့္ ႏႈတ္ခမ္းရာတို႔ဟာ မွန္ထက္မွာ ထင္းထင္းႀကီး ေပၚေနခဲ့ပါသည္...။

........................................

တံခါးနားေရာက္ခါနီးမွ ဖိနပ္မစီးခဲ့မွန္း သတိရသြားေပမဲ့ အျပင္မွာ ေစာင့္ေနမည့္ ေနခ်ိဳ႕ကိုေတြးမိသည့္အခါ ကုတင္ဆီျပန္လွည့္မည့္အစား ေရွ႕ကိုသာ ဆက္လိုက္သည္။ အေစာက တံခါးေခါက္သံၾကားၾကားခ်င္း စားပြဲတင္နာရီကို ၾကည့္ေတာ့ မနက္တစ္နာရီ ထိုးလုၿပီ။

တစ္ခါသင္လိုက္ၿပီးသည့္ေနာက္မွာ ဘယ္ေတာ့မွ တဇြတ္ထိုး ဝင္မလာတတ္သည့္ ေနခ်ိဳက သင္လြယ္တတ္လြယ္သည့္ ကေလးတစ္ေယာက္လိုပင္ သိပ္ခ်စ္စရာေကာင္း၏။ ခုေနာက္ပိုင္း စာေမးပြဲေတြေၾကာင့္ ညဘက္ေနာက္က်မွ အိပ္တတ္ကာ၊  ခြန္းနစ္ တစ္ေရးနိုး ေရေသာက္ထသည့္တိုင္ ဆားကစ္မ်ားကို ဖြင့္ကာ ဟိုႏွိုက္သည္ႏွိုက္ လုပ္ေနတတ္သည္။
ဒီကေန႕ေတာ့ ဘာစိတ္ကူးေပါက္သည္မသိ။ ခြန္းနစ္တစ္ေရးမနိုးခင္ပဲ အခန္းထဲ ဝင္ခ်င္လို႔ ေတာင္းဆိုေနသည့္ ေနခ်ိဳေမာင္။

ကလစ္...

တံခါးဖြင့္လိုက္ေတာ့ စြပ္က်ယ္ဂ်ိဳင္းျပတ္ႏွင့္ ရပ္ေနသူက မ်က္ႏွာမွာလည္း ေခြၽးစတစ္ခ်ိဳ႕ႏွင့္။ ရာသီဥတုပူလာေတာ့ သူ႕အခန္းက ပန္ကာလည္း သိပ္ၿပီး မလိုက္နိုင္ေတာ့ပုံပင္။ ေနာက္ႏွစ္ေႏြေတာ့ ေသခ်ာေပါက္ အဲယားကြန္းတပ္ေပးရမည္ဟု တိတ္တဆိတ္ဆုံးျဖတ္ၿပီးေနာက္ အပင္ရိပ္ေတြ ရျခင္းေၾကာင့္ တစ္အိမ္လုံးမွာ အေအးဆုံးျဖစ္သည့္ ခြန္းနစ္အခန္းထဲသို႔ သူဝင္နိုင္ရင္ ကိုယ္ကို ရို႔ကာဖယ္ေပးလိုက္သည္။

"ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနတာကို ႏွိုးမိသြားတာလား။  ျပန္ေတာင္ ျပန္ေတာ့မလို႔။ မင္းက တံခါးဖြင့္လာတာနဲ႕"

"ရတယ္။ မဟုတ္လည္း ခဏေနရင္ နိုးေတာ့မွာ"

"ေနာက္က် အခန္းထဲ ေရယူထားေလ။ အျပင္ထြက္ ေသာက္ေနရတာ အိပ္ေရးပ်က္တယ္"

"မယူခ်င္ဘူး"

ခြန္းနစ္ သူ႕အနားကပ္ကာ လက္ေမာင္းကို ညွစ္လိုက္သည္။ အလုပ္မ်ား၍ထင္သည္။ ေနခ်ိဳက ခုရက္ပိုင္း ပိန္သြား၏။

"ငါဘာလို႔ အျပင္ထြက္ ေရေသာက္လဲ သိလား"

"မသိဘူး"

"မသိရင္ ေျပာျပမယ္...လာ ကုတက္ေပၚတက္"

ဆြဲေခၚေတာ့ လိုက္ေလ်ာစြာပါလာရွာသည္။ မႈန္ျပျပ အလင္းေအာက္မွာ ေနခ်ိဳ႕ပုံစံက ႏြမ္းလ်ကာ ပင္ပန္းေနပုံေပၚတာေၾကာင့္ ကုတင္ထက္ ထိုင္ေစကာ ေခါင္းရင္းမွာ ေခါင္းဦးကိုေထာင္ရင္း မွီခိုင္းလိုက္၏။

"ဘာလို႔ အျပင္ထြက္ထြက္ လာတာလဲ"

"မင္းကို ၾကည့္ခ်င္လို႔"

"...."

"တစ္ေရးနိုးေနတဲ့ အခ်ိန္မွာေတာင္ ေနခ်ိဳ.. မင္းမ်က္ႏွာကို ငါၾကည့္ခ်င္လို႔"

ရွက္႐ြံ႕သြားပုံပင္။ အၿပဳံးႏုႏုက သူ႕မ်က္ႏွာထက္ ယွက္ေျပးသြားသည္။ ၿပဳံးစစျဖစ္လာသည့္ မ်က္ႏွာေပးႏွင့္ မ်က္စိေရွ႕မွ ေနခ်ိဳေမာင္။ ဒီလူကို နားလည္ရခက္လြန္းသည္ဟု သူမ်ားေတြထံမွ ျပန္ၾကားရသည့္ အေျပာေတြအား နားရွိလို႔သာၾကားရသည္။ ခုလို အျပဳမူေတြကိုသာ ျမင္ေနရသူ ခြန္းနစ္မွာ "ခင္ဗ်ားတို႔အားလုံး လိမ္ေနၾကတာ" ဟုေတာင္ ေမာင္းခတ္ကာ ေၾကညာျပလိုက္ခ်င္၏။

"ဒါျဖင့္ အတူတူအိပ္လိုက္ပါ့လား"

"ဘာ!"

"ေမာင္နဲ႕အတူအိပ္ေလ... ထၾကည့္စရာမလိုဘူး။ မ်က္လုံးဖြင့္လိုက္႐ုံနဲ႕ ေမာင့္ကိုၾကည့္႐ုံပဲ"

"မ မအိပ္ခ်င္ပါဘူး"

ဒီေလာက္ ထိန္းထိန္းသိမ္းသိမ္းေနတာေတာင္ တစ္ခ်ိန္လုံး ရင္ခြင္ထဲေပြ႕ထားခ်င္လြန္းလို႔၊ ‌အေပြ႕ဖက္ခံခ်င္လြန္းလို႔ ခက္ေနတာ။ မဟုတ္ရင္ ခြန္းနစ္က ႏွာဘူးဟုပင္ ေခါင္းစဥ္တပ္ခံေနရေလာက္ၿပီ။ ေနခ်ိဳ႕အေပၚ တက္မက္စိတ္က ဤမွ်ပင္ လြန္ကဲလြန္း၏။

"ဒီ တစ္ညေတာ့ ရလား။  မင္းနဲ႕အတူ အိပ္ခ်င္လို႔"

"အင္... အင္း...အိပ္ အိပ္လို႔ရပါတယ္"

စကားဆုံးတာႏွင့္ ေနခ်ိဳက ေခါင္းအုံး ကို ေနရာတက်ျပန္ခ်ကာ ေက်ာခင္းေနၿပီျဖစ္သည္။ ခြန္းနစ္ ေယာင္လည္လည္လုပ္ေနသည့္အခါ ခါးကေနဆြဲခ်လ်က္ သူ႕ကိုယ္ေပၚေမွာက္လ်က္သားလွဲေစ၏။ ဤကုတင္ေပၚ ပူးကပ္လူးလဲခဲ့တာေတြကို သတိရမိသည့္အခါ ခြန္းနစ္ကိုယ္မွာ ခ်က္ခ်င္းပင္ ေခြၽးမ်ားစို႔တက္လို႔လာေတာ့သည္။

"ခြန္းခြန္း"

"အင္...အင္း"

"မင္း စိတ္ဆိုးေအာင္ လုပ္ထားတာရွိလား"

"မ မရွိဘူး"

"အဲ့ဒါဆို ဘာလို႔ ကိုယ္ကေတာင့္ေနတာလဲ"

ေဗဒင္ဆရာလို အေျပာင္းလဲတစ္ခုခ်င္းစီကို ေထာက္ျပေနသည့္ ေနခ်ိဳေမာင္က ခြန္းနစ္စိတ္ကိုမ်ား ဖြင့္ၾကည့္ရန္ႀကိဳးပမ္းေနေလသလား။ သူ႕လက္ေတြက ကေလးေခ်ာ့သလို ေက်ာျပင္ကို ပြတ္သပ္လာကာ အသက္ရႉေငြ႕ေတြက ခြန္းနစ္ ပါးျပင္နားမွာ ျငင္သာစြာေဝ့ဝဲေနၾကသည္။ ထိုအျပဳမူ၊အထိေတြ႕တို႔ဟာ ညစ္ညမ္းသည့္ အေတြးေတြဝင္ရမည့္အစား သိပ္ကို ေပါ့ပါးသည့္ ကမာၻတစ္ခုထံ ခြန္းနစ္အား အလည္ေခၚေဆာင္သြားသည္။ သက္ေတာင့္ သက္သာရွိလြန္းတာေၾကာင့္ တင္းခံထားသည့္ ကိုယ္လုံးဟာ အလိုက္တသင့္ပဲ ေနခ်ိဳ႕ကိုယ္ေပၚ ထပ္လ်က္သားက်သြားသလို မ်က္ေတာင္တို႔ဟာလည္း တစ္ခဏအတြင္းမွာပင္ စင္းက်လိဳ႕လာ၏။

"စကၤာပူသြားမဲ့ ကိစၥေၾကာင့္လား"

"မဟုတ္ပါဘူးကြာ"

"ဟုတ္ပါတယ္ "

ေနခ်ိဳ႕လက္ေတြ ပိုတင္းၾကပ္သြားသည္။ သူ႕ႏႈတ္ခမ္းလႊာေတြက ခြန္းနစ္ နား႐ြက္တစ္ဝိုက္တြင္ ပြတ္တိုက္လႈပ္ရွားေနၾကရာ ရင္ဖိုလွိုက္ေမာကာ အလိုလိုဝမ္းနည္းလာရေတာ့၏။

"မလုပ္နဲ႕ေတာ့ ငါ ေနရခက္တယ္"

"မင္းမသြားေစခ်င္ရင္ မသြားဘူး"

"ဘယ္သူက မသြားေစခ်င္ဘူးေျပာလို႔လဲ။ မင္းက ဘဝတိုးတက္ေရးလုပ္ေနတာ။ ငါ့ဆႏၵက ဘာမွမဟုတ္ဘူး"

ေျပာၿပီးသည့္ေနာက္ သူ႕ကိုယ္ေပၚမွလွိမ့္ခ်ကာ ေက်ာေပးလိုက္သည္။ မ်က္ဝန္းေတြကို မဖြင့္ခ်င္။ ခ်က္ခ်က္ပူးကပ္လာသည့္ သူ႕ရင္ခြင္က်ယ္ကေတာ့ ခြန္းနစ္ေက်ာျပင္ကို နည္းနည္းမွပင္ မလႊတ္ခ်င္သည့္အတိုင္း၊ လက္မ်ားက ခါးဆီဖက္တြယ္လာကာ သူ႕ကိုယ္ႏွင့္ တစ္သားထဲျဖစ္သြားေစ၏။

"ငါ မင္းက ငါ့အလိုက်လဳပ္ေပးၿပီးေတာ့ ငါကက်ေတာ့ ငါ့အတြက္ငါပဲ ေတြးမိေနတာကို တကယ္မုန္းတယ္။ ငါ့ကိုယ္ငါ စိတ္တိုၿပီး မတရားဘူးလို႔ပဲ ေတြးမိလို႔"

"အင္း..."

"ေနခ်ိဳ... ဒီတိုင္း မင္း လုပ္ခ်င္တာ လုပ္ကြာ။ ငါေၾကာင့္ မဟုတ္ပဲ မင္း တကယ္ျဖစ္ခ်င္တာကို ေျပာတာ"

‌"ေလာေလာဆယ္ေတာ့"

"..."

"မင္းကိုယ္မင္း စိတ္မဆိုးေစခ်င္ဘူး ခြန္းခြန္း"

"..."

"အဲ့ဒီအစား ေမာင့္ကို စိတ္ဆိုးလိုက္"

"မင္း သြားမွာလား"

ခြန္းနစ္ ေခါင္းလွည့္ကာ ေမးလိုက္သည္။ အသံေတြမာသြားေပမဲ့ ေနခ်ိဳေမာင္က စိတ္ဆိုးရမည့္အစား ႏွဖူးထက္သို႔သာ အနမ္းဖြဖြတိုးေဝွ႕ေခြၽခ်လာ၏။

"မင္း သေဘာအတိုင္း ေမာင္လုပ္မွာ"

"ေခြးသားေလး... ငါ့ကို လႊဲခ်တယ္"

ျပန္ေက်ာေပးလိုက္မိသည့္ေနာက္ မ်က္ႏွာကို လက္ဝါးႏွစ္ဖက္ႏွင့္ အုပ္ခ်မိသည္။ မ်က္ရည္မက်ေပမဲ့ အသက္ရႉၾကပ္ကာ ေနရခက္လြန္းလွ၏။

"ေ႐ြးခ်ယ္ရတာေတြကို မုန္းပါတယ္ဆိုမွ တစ္ခုခုဆို ‌အဲ့ဒါေတြကိုပဲ လိုက္စဥ္းစားေနရတာ။ ျဖစ္ခ်င္တာျဖစ္ဆိုၿပီး ‌ေ႐ြးခ်လိဳက္ရင္ ဘယ္ေတာ့မွ မွန္တယ္မရွိဘူး"

"..."

"ငါက မဲကံမေကာင္းပါဘူးဆို။ ငါ့ဘဝနဲ႕ငါေတာင္ ဘာမွန္းမသိ ျဖစ္ေနရတဲ့အထဲ အခုသူမ်ားဘဝကိုပါ လိုက္ဆုံးျဖတ္ခိုင္းေနၾကတာ။ ေနခ်ိဳေမာင္က ငါေမြးထားတဲ့ သားလည္းမဟုတ္ဘူး"

"..."

"ေျခာက္လေလာက္နဲ႕ အကုန္ေျပာင္းလဲသြားၿပီး ငါကပဲ လိုက္မွီရင္ ဘယ္လို လုပ္မွာတုန္း"

"ဟင္း..."

သက္ျပင္းခ်လိဳက္မႈမွာ လည္ကုပ္တစ္ခုလုံး ပူေႏြးသြားကာ အနမ္းတို႔က ေနာက္မွ ကပ္လိုက္လာၾကသည္။ ႐ုန္းဖယ္ျခင္းမျပဳပဲ ၿငိမ္ေနသည့္အခါ ပိုတိုးကပ္လာသူရဲ႕ ေျခေထာက္ေတြဟာ ခြန္းနစ္ရဲ႕ ေအာက္ပိုင္းကိုပါ ခ်ဳပ္ေႏွာင္ဖို႔ ျပင္ေန၏။ စြပ္က်ယ္ဂ်ိဳင္းျပတ္ေၾကာင့္ ေပၚလြင္ေနသည့္ သူ႕အသားေတြကမူ ေအးစက္လ်က္..။

"သြားသြား မသြားသြား ဆုံးျဖတ္ခ်က္က တစ္ခုထဲပဲ"

"..."

"မင္းအတြက္ ပိုေကာင္းတဲ့သူျဖစ္ခ်င္တာ။ တစ္ေယာက္ထဲ ႐ုန္းကန္ေနရတဲ့မင္းကို ေငြေၾကးနဲ႕ပက္သက္ၿပီး ‌စိတ္ပူေနရတာမ်ိဳး မျဖစ္ခ်င္ေတာ့ဘူး။ အဲ့ဒါမ်ိဳးလုပ္နိုင္စြမ္းရွိရဲ႕သားနဲ႕ မလုပ္ေပးမိရင္ အသုံးမက်တဲ့သူျဖစ္သြားမွာေလ"

"ငါ ပိုက္ဆံမမက္ပါဘူး"

"သိတယ္...အဲ့ဒါက္ိုသိတယ္။ မင္းဖက္ကပဲ ေပးခ်င္ၿပီး ၊ မလုပ္ေပးနိုင္တာေတြအေပၚ စိတ္မေကာင္းျဖစ္ေနတာကိုလည္း သိတယ္"

"..."

"ခြန္းခြန္း... မင္းမွာ ေမာင့္အေပၚ တာဝန္မရွိဘူး။ အေဖက ေျပာတယ္။ ကိုယ့္တာဝန္ကိုယ္ ယူရမွာတဲ့"

"...."

"တစ္ခုပဲ ေသခ်ာေျပာခ်င္တာ။ ေမာင့္ေၾကာင့္နဲ႕ေတာ့ ကိုယ့္ကိုယ္ကိုယ္ သံသယမဝင္နဲ႕ေတာ့ေနာ္"

"..."

"ဘယ္လို အေျခေနျဖစ္ျဖစ္ မင္းကိုေတာ့ အ ‌ေကာင္းဆုံးထားဖို႔ လုပ္မွာမို႔"

ေနခ်ိဳကသာ ေတာက္ေလွ်ာက္ ေျပာသူျဖစ္ခဲ့ကာ ခြန္းနစ္ထံမွ တစ္ခြန္းပင္ ထပ္ထြက္မလာခဲ့ေခ်။ ေနခ်ိဳဟာ ရင္ခြင္ထဲမွ ကိုယ္လုံးေျပေလ်ာ့သြားသည္အထိ စကားေတြေျပာျဖစ္ခဲ့သည္။ သူက စကားေျပာမေကာင္းတာေၾကာင့္ ေတာင္ေရာက္ေျမာက္ေရာက္ေတြျဖစ္ေနခဲ့ေပမဲ့ ခြန္းခြန္း စိတ္အဆင္ေျပဖို႔ဆို ငေပါႀကီးလို ေလွ်ာက္ေျပာဖို႔လည္း သူတတ္နိုင္ပါသည္။

ႏွစ္ပတ္ခန႔္အၾကာမွာ ေနခ်ိဳ႕ရဲ႕ Internship ကာလၿပီးဆုံး၏။  ထိုေန႕မွာပဲ ခြန္းနစ္က ဆုံးျဖတ္ခ်က္ကို ‌အတည္ခ်ကာ ေနခ်ိဳ႕ကို စကၤာပူသြားဖို႔ ေျပာခဲ့သည္။ တျခားေတာင္းဆိုခ်က္ေတြ မရွိသည့္တိုင္ "က်န္းမာေအာင္ ေနမယ္ ေျပာ" ဆိုသည့္ ကတိကိုေတာ့ ေတာင္း၏။

"မင္းနဲ႕ပဲ ေနဖို႔ေျပာမယ္ထင္တာ"

ေနခ်ိဳစသည့္အခါ ခြန္းနစ္က ဆူပုတ္ပုတ္ႏွင့္ ဤသို႔ေျဖခဲ့သည္။

"ငါက ပိုက္ဆံမမက္ေပမဲ့ ပိုက္ဆံေတြအမ်ားႀကီးရွာနိုင္မဲ့ မင္းကိုေတာ့မက္တယ္ေလ။ မင္း အခ်စ္ကို သက္ေသျပဖို႔ အဲ့ဒီကုမၸဏီမွာ ဝင္ခြင့္ရေအာင္လုပ္ၿပီး ဒီက ႐ုံးခြဲကို ျပန္ခဲ့"

"အင္း"

တိုေတာင္းေသာ အေျဖအဆုံးမွာ နင့္ေနေအာင္နမ္းသည့္ ေနခ်ိဳေမာင္က ‌ေႏြရဲ႕ညတာေတြကို ပိုမိုတိုေတာင္းသြားေအာင္ လုပ္နိုင္စြမ္းရွိပုံပင္။ အနမ္းမဝသည့္ ဒဏ္ကို ကုနိုင္မည့္ေဆးမ်ားေပၚလွ်င္ သူမရွိသည့္ ကာလေတြအတြက္ ေဆာင္ရေလမလားဟုပင္ ေပါက္ေပါက္ရွာရွာ စဥ္းစားမိသြား၏။

ျဖစ္နိုင္လွ်င္ သူႏွင့္အတူရွိသည့္ ေႏြညမ်ားကိုေတာ့ျဖင့္ ႏွစ္ဆတိုး၍ ရွည္ေစခ်င္ပါသည္ေလ....။

..............................................................

စာေရးသူ၏ အမွာစာ:

ေနာက္ႏွစ္ပိုင္းေလာက္ပဲ က်န္ပါတယ္။
ဒီရက္ပိုင္းအတြင္း အၿပီးသတ္ပါလိမ့္မယ္။

Continue Reading

You'll Also Like

41.8K 5.3K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
270K 27.1K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
6.1K 407 53
ရှိုင်းထက်ကိုကိုမောင်💗ကိုကိုချစ် my lovely ko ko maung S1 (start date-24.4.2023 end date-31.5.2023) save your life S2(ongoing) ချိုမြိန်သောအဆိပ်တစ်ခ...