ကျိုးကျားယွီနဲ့ ရှန်ရိချောင်တို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြတယ်။ ကျိုးကျားယွီက စကားမပြောရဲတာကြောင့် လှည့်ကာထွက်ပြေးလာပြီး ၊ သူ့အခန်းထဲ ဝင်ရုံသာရှိသေး အပြင်ဘက်ကနေ ရှန်ရိချောင်ရဲ့ တံခါးကို ထုနေသံ ကြားလိုက်ရပြီး သူကအော်ဟစ်လာတယ် ။
" ကျိုးကျားယွီ မင်းက စက်ဆုပ်ဖို့ကောင်းတဲ့ လူလိမ်ကောင်! ဘယ်လို အလိမ်အညာမန္တန်တွေနဲ့ ရှန်ရှန်းအပေါ် ပြုစားထားတာလဲ...."
ကျိုးကျားယွီ : "...."
" ရှန်ရှန်းနဲ့အတူ အိပ်ယာဝင်ဖို့ အရည်အချင်းရှိရင် ဒီတံခါးကို ဖွင့်ဖို့လည်း အရည်အချင်းရှိရမယ်! ကျိုးကျားယွီ မင်းငါ့ကို ပုန်းမနေနဲ့ ! "
[Note - ရှန်ရိချောင်က drama ထဲက စကားကိုယူသုံးထားတာပါ ။]
ကျိုးကျားယွီ ဒီ ဒိုင်ယာလော့ တွေကို ထူးထူးခြားခြား ကြီးကို ရင်းနှီးနေတယ် ။
ရှန်ရိချောင်လည်း သူတစ်ခုခုမှားနေမှန်း ခံစားမိပုံရတယ် ။ ခဏလောက် တိတ်ဆိတ်သွားပြီးမှ လေသံ ဖျော့ဖျော့နဲ့ ပြောလာတယ် ။
" ထွက်လာခဲ့။ ငါတို့ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်။ "
" ကျွန်တော် တကယ်ဘာမှမလုပ်ထားပါဘူး ။ ကျွန်တော်က အပြစ်ကင်းပါတယ်ဗျာ ။ "
ရှန်ရိချောင်က အေးစက်စွာနဲ့ -
" ဪ... "
" ကျွန်တော့် ကို ယုံကြည်ရမယ်! "
" ငါမင်းကို ယုံတယ် ... အဲ့လိုပဲ! "
နောက်ထပ်ဆူဆူညံညံတွေ တိုက်ခိုက်နေရပြီး နောက်ဆုံးတော့ ကျိုးကျားယွီ အားအင် ကုန်ကာ အိပ်ယာပေါ်မှာ ဟောဟဲ လိုက်နေတယ် ။
" မင်းက အိမ်မှာ အမြဲတမ်းနေတဲ့သူပဲလေ ။ ကျွန်တော်တစ်ခုခုလုပ်ထားရင် မင်းသတိမထားမိပဲ ရှိမလား ။ "
ရှန်ရိချောင်က ဒါကို သိနေလည်း ခွင့်မလွှတ်နိုင်ဆဲပဲ ။ ဒီပြိုင်ပွဲက လေးနှစ်တစ်ကြိမ်မှ ရှိတာ ။ နောက်ဆုံးအကြိမ်က ကျောင်းဇန် သွားရပြီး ဒီနှစ်မှာတော့ မုစီ သွားရမှာ ။ ဒါပေမယ့် မုစီက အဟန့်အတားတစ်ခုဖြစ်သွားပြီး ဒီအချိန်မှာ ပြန်မလာနိုင်ခဲ့ဘူး ။ သူရော ရှန်အာ့ပိုင်ရောပါ ရှန်ရှန်းက သူတို့ထဲက တစ်ယောက်ကို ရွေးချယ်လိမ့်မယ်လို့ သေချာနေခဲ့တာ ။ ဒါပေမယ့် ဘယ်သူမှ မထင်ထားတာက ဘယ်ကနေ ဘယ်လို ကျိုးကျားယွီက ထွက်လာရတာလဲ ။
နောက်ဆုံးတော့ ရှန်ရိချောင် ခံစားချက်တွေ တည်ငြိမ်သွားတယ် ။ ကျိုးကျားယွီက လင်းကျုရွှေသူ့ကို ဘာတွေသဘောကျသွားလဲ ဆိုတာ ကျီးပါးကို မေးနေတယ် ။
ကျီပါး : " သူငါ့ကို သဘောကျသွားတာ နေမှာပေါ့ ။ "
" ဪ ဒါဆို သူက ငါ့ရဲ့ ကျီပါး လေးကို သဘောကျသွားတာပေါ့ ။ "
သူဒီစကားပြောပြီးတဲ့ အချိန် တစ်နေရာရာမှာ တစ်ခုခုတော့ မှားနေတဲ့အကြောင်း ခံစားမိသွားတယ် ။ သူ အဲ့ဒီအကြောင်း တွေးမိလိုက်တာနဲ့ အရိပ်အမြွက်အနည်းငယ်ရအောင် ဖန်တီးလိုက်ပြီး ကြံမိကြံရာ မေးမြန်းလိုက်တယ် ။
" မင်းရဲ့နံမည်ကို မင်းပြောင်းလို့မရဘူးလား ။ "
" မဖြစ်နိုင်ဘူး ။ ငါ့မိသားစု အားလုံးမှာ မျိုးရိုးနံမည် ကျီ ရှိတယ် ။ ငါက ရှစ်ယောက်မြောက် ကလေးပဲလေ ။ "
" .... "
အနည်းဆုံးတော့ သူ့မျိုးရိုးနံမည်က ဝမ်မဟုတ်ဘူးပဲ ။
[Note - ဝမ်ပါး ဆိုတာ ဆဲလိုက်တာပါ ။ Wangbada ရဲ့ အတိုကောက်ပေါ့ ။ Wangbada ကို ဥပမာ ပေးရရင် -ာသယ်မသား တို့ဘာတို့ ဆိုးဆိုးရွားရွား ဆဲရေးတာမျိုးပေါ့။ ]
အောက်ထပ်က သူနှစ်ယောက်ကတော့ ကျိုးကျားယွီက ကျီပါးရဲ့ ခြေထောက်အောက်က လိပ်ခွံလို ကြိုးပမ်းထားရတဲ့ ပြန်လည်ချက်ပြုတ်ပေးမှုကြောင့် သဘောထား ပျော့ပျောင်းသွားတယ် ။
ထိုညက ညစာပြင်ဖို့ ကျိုးကျားယွီ အောက်ထပ်ဆင်းသွားတယ် ။ ရှန်ရိချောင်က အထင်သေးစက်ဆုပ်ကြောင်း ပြတဲ့အနေနဲ့ စားပွဲကို ရိုက်ပြီး -
" ကျိုးကျားယွီ မင်းနောက်ထပ် ဘာလုပ်လုပ် ငါစားမှာ မဟုတ်ဘူး ။ "
ရှန်အာ့ပိုင် : " ကိစ္စမရှိဘူး ။ သူမစားရင် ငါစားမယ် ။ "
ရှန်ရိချောင် : "...."
ကျိုးကျားယွီက အပြစ်မဲ့တဲ့ လမ်းသွားလမ်းလာလိုပဲ မဆီမဆိုင် ကြားညှပ်တိုက်ခိုက်ခံလိုက်ရသလို ခံစားမိတယ် ။ လင်းကျုရွှေက ရှန်ရိချောင်နဲ့ ရှန်အာ့ပိုင်တို့က သူ့ကို မုန်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလားလို့တောင် တိတ်တဆိတ် တွေးမိတယ် ။ တကယ့် အမှန်တရားကတော့ လင်းကျုရွှေက အဲဒါတွေ အပေါ် စိတ်ပါဝင်စားမှု လုံးဝရှိမနေပါ ။ ပြီးတော့လည်း အဲ့ဒီရိုးရှင်းတဲ့ အတွေးလေးကိုသာ သိရင် ကျိုးကျားယွီက တရွတ်တိုက်ဆွဲခံရပြီး အုတ်ဂူထဲပါထည့်ခံရနိုင်တယ် ။
ရှန်ရိချောင်က မစားဘူးပြောပေမယ့် သူ့ခန္ဓာကိုယ်ကတော့ ရိုးသားရှာပါတယ် ။ ကျိုးကျားယွီက သူတို့ဆက်ဆံရေး ပိုဆိုးရွားလာမှာ ဒါမှမဟုတ် အနေခက်လာမှာ ကို မလိုချင်ပါဘူး ။ ဒါကြောင့် ကလေးတစ်ယောက်ကို ချော့မြူသလို ရှန်ရိချောင်ကိုလည်း စားပွဲဆီလာဖို့ ချော့ခေါ်လိုက်တယ် ။
ဖြစ်ရပ်တွေကို မှန်းဆရရင် ရှန်ရိချောင်က ၁၇ နှစ်လောက်ပဲရှိတဲ့ ဆယ်ကျော်သက်ပဲ ရှိသေးတယ် ။ မကြာသေးခင်ကမှ ရှန်ရိချောင်နဲ့ ရင်းနှီးလာပြီး သူထင်တာ မှန်ကန်မှန်းရှာတွေ့ခဲ့တယ် ။ သူတို့ ပထမဆုံးတွေ့ချိန်ကတောင် ၁၈ နှစ်မပြည့်ခင် နှစ်ဝက်လောက် လိုသေးတယ်တဲ့ ။
ကလေးလို နူးနူးညံ့ညံ့ ချော့မော့ဖို့ လိုအပ်သေးတဲ့ အရွယ်ပါပဲ ။ ကျိုးကျားယွီက ပြသနာ တစ်ခုခုအပေါ် တရစ်ဝဲဝဲ လုပ်မနေတတ်ပါဘူး ။
ဒါပေမယ့် သူနားမလည်နိုင်တာက လင်းကျုရွှေ က ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ သူ့ကိုဘာကြောင့် ရွေးချယ်ရလဲ ဆိုတာပဲ။ ဘာပဲ ဖြစ်ဖြစ် အခုတော့ အရှေ့၊အနောက်၊တောင်၊မြောက် ခွဲခြားဖို့အတွက် သံလိုက်အိမ်မြှောင် လိုအပ်နေပြီ ။
လင်းကျုရွှေထွက်မသွားခင်က နောက်တစ်ည နေရင် ကျိုးကျားယွီကို သူနေထိုင်တဲ့နေရာ ခေါ်လာဖို့ ရှန်ရိချောင်ကို မှာခဲ့တယ်။ ကျိုးကျားယွီက ဒါကို အာရုံမထားမိပေမယ့် ရှန်ရိချောင်ကတော့ ကောင်းကောင်းကြီး မှတ်မိနေတယ် ။
ဒါကြောင့်ပဲ နောက်နေ့ညနေခင်းမှာ ရှန်ရိချောင်က ကျိုးကျားယွီကို အိမ်အပြင်ဘက် ဆွဲခေါ်ထုတ်ပြီး ပြောလေတယ်။
" ရှန်ရှန်းက ဒီနေ့ မင်းကိုခေါ်လာဖို့ပြောထားတယ် ။ သွားကြစို့ ။ "
ကျိုးကျားယွီရဲ့ တုန်လှုပ်မှုက သားသတ်ရုံကိုဆွဲခေါ်ခံနေရတဲ့ ဝက်တစ်ကောင် အတိုင်းပင် ။
ရှန်ရိချောင်ရဲ့ ဆွဲခေါ်မှုကြောင့် သူတို့နေထိုင်တဲ့ သုံးထပ်ဆောင်အဆောက်အဦးက တဖြည်းဖြည်း ကျန်ရစ်လာတယ် ။
သူရောက်ကတည်းက ပထမဆုံးအကြိမ်အဖြစ် သဘာဝ ရှုခင်းကို ခံစားလိုက်ရတယ်။ မတိုင်ခင်ကဆို အတွင်းနဲ့အပြင်ကိုပဲ ဆွဲခေါ်ခံနေရတာ။
ဥယျာဉ် ရဲ့မြင်ကွင်းက တကယ်ကို လှပလွန်းတယ် ။ ဖုန်းရွှေကို နားမလည်တဲ့သူဖြစ်တဲ့ ကျိုးကျားတောင် စိတ်အေးလက်အေး ခံစားချက်မျိုးရမိတယ် ။ ပတ်ဝန်းကျင်တစ်လျှောက် သန်မာပြီး စိမ်းစိုနေတဲ့ ထင်းရှုးပင်၊ ကျောက်ပန်းပင် ရှိတယ်။ သူတို့တွေကြားထဲမှာ စီးဆင်းနေတဲ့ စမ်းရေကျသံတွေ ထွက်ပေါ်နေပြီး ဝါးတွေက အခိုင်အမာ စီရီပေါက်ရောက်နေပုံက သေးငယ်တဲ့ခြံစည်းရိုးအဝန်းအဝိုင်းလေးသဖွယ်ပင် ။
ကျိုးကျားယွီက စိုးထိတ်စွာနဲ့ -
" ရှန်ရိချောင်၊ ရှန်ရှန်းက ငါ့ကို ဘာကြောင့် ခေါ်တယ်လို့ ထင်လဲဟင် ။ "
ရှန်ရိချောင် စိတ်မချမ်းမြေ့စွာနဲ့-
" ငါဘယ်လို သိမလဲ ။ ဖြစ်နိုင်တာကတော့ မင်းကိုတွေ့ပြီး ရိုက်နှက်ချင်လို့ ဖြစ်မှာပေါ့ ။ "
ကျိုးကျားယွီ : "...."
ရှန်ရိချောင်က လင်းကျုရွှေ ကျိုးကျားယွီကို ရွေးချယ်တဲ့အပေါ် သိသိသာသာကို စိတ်ထွေပြားနေခဲ့တယ် ။ သူ့ကိုယ်သူလည်း ပြောမိတယ် ။
' မသိနားမလည်တာက တကယ်ကောင်းတာပဲ ။တကယ်လို့ ရှန်ရှန်းသာ ငါ့ကိုရွေးရင် ငါ့ကိုရိုက်သတ်ရင်တောင် ကျေကျေနပ်နပ်ကြီး အသေခံလိုက်မှာ ။ "
ကျိုးကျားယွီလည်း စိတ်ထဲမှာ တွေးနေမိတယ် ။ ကံကောင်းလို့ပေါ့ လင်းကျုရွှေက ပိရမစ် စနစ် တည်ဆောက်တဲ့သူမဟုတ်လို့ ။ မဟုတ်ရင် ရှန်ရိချောင်ရဲ့ပုံစံက တလွဲလုပ်တတ်လွန်းတဲ့ ကောလိပ်ကျောင်းသားကို ဆွဲခေါ်တဲ့ ပုံဖြစ်နေမှာ သေချာပေါက်ပဲ ။
လူနှစ်ယောက်က ကျောက်သားလမ်းအတိုင်း ဝါးပင်အုပ်ကြီးရဲ့ နောက်ဘက်ကို လျှောက်လာကြတယ် ။
နောက်ဆုံးတော့ ကျိုးကျားယွီက ဝါးပင်တွေကြားထဲမှာ ဖုံးကွယ်ထားပေမယ့် ထင်ထင်ရှားရှား မြင်နိုင်တဲ့ အိမ်ငယ်လေး ကို တွေ့လိုက်ရတယ် ။ အိမ်ကို သစ်သားနဲ့ ပြုလုပ်ထားပြီး ခေတ်ဟောင်းပုံစံဖြစ်နေပေမယ့် ခေတ်နောက်ကျတဲ့ ဒီဇိုင်းလိုတော့ မခံစားရပေ ။ ရှန်ရိချောင်က တံခါးခေါက်လိုက်ပြီး ခေါ်လိုက်တယ်။
" ရှန်ရှန်း "
" ဝင်ခဲ့ ။ "
လင်းကျုရွှေရဲ့ အသံက ဝေးကွာတဲ့နေရာက လာသလိုမျိုး ကြားရတယ် ။
ရှန်ရိချောင်က သစ်သား တံခါးကိုတွန်းလိုက်ပြီး ကျိုးကျားယွီကိုပါ ခေါ်ကာ ဝင်တယ် ။
အိမ်အတွင်းပိုင်းက ကျယ်ဝန်းပြီး အလင်းရောင်ပေါက်ရောက်စရာ မရှိတာတောင် လင်းထိန်နေတယ် ။ သူ့စိတ်အထင်အမြင်က မှားနေတာလား မသေချာပေမယ့် အိမ်အတွင်းထဲမှာ အေးစက်စက် ခံစားချက်မျိုးရတယ် ။ အထူးသဖြင့် သူ့ခြေထောက်အောက်က ကြမ်းခင်းပဲ ။ အေးစက်တဲ့ လေလှိုင်းတွေဖြာထွက်နေသလို ထင်ရပြီး မတ်တပ်ရပ်နေတာကြောင့် ခေါင်းကနေခြေဖျားထိတောင် အေးစိမ့်သွားစေတယ် ။
လင်းကျုရွှေက အိမ်ရဲ့နောက်ဘက်ကနေ အေးအေးဆေးဆေးထွက်လာပြီး ပဝါနဲ့သူ့လက်ကို အနုစိတ်သုတ်နေရင်း ပြောတယ် ။
" မင်းလာပြီပေါ့ ။ "
ရှန်ရိချောင်က ခေါင်းညိတ်ပြီး ထွက်သွားတာကြောင့် ကျိုးကျားယွီက တံခါးမပိတ်သွားခင်အထိ ရှန်ရိချောင်ကို အသနားခံမျက်လုံးတွေနဲ့ ကြည့်နေမိတယ် ။ နောက်တော့ ကျိုးကျားယွီကပဲ တုန်ယင်နေတဲ့အသံနဲ့ နှုတ်ဆက်လိုက်ရတယ် ။
" မစ္စတာ လင်း ။ "
လင်းကျုရွှေက ပဝါကို စားပွဲပေါ်ချလိုက်ပြီး ကျိုးကျားယွီ မထိုင်ခင် အရင်ထိုင်လိုက်တယ် ။ သူ့ရဲ့အသံက အမြဲတစေ ကွဲပြားမှု မရှိစွာပဲ -
" ကျိုးကျားယွီ ... "
" ဟုတ်ကဲ့ ။ "
" ငါဘယ်တုန်းကမှ မင်းအသက်ကို သက်ညှာပေးဖို့ မရည်ရွယ်ထားဘူး ။ "
ကျိုးကျားယွီ အံ့ဩသွားတယ် ။
" မင်း လုပ်ထားတဲ့အရာတွေက အကြိမ်ပေါင်း ထောင်သောင်းမကအောင် သေလိုက်ဖို့ လုံလောက်တာထက် ပိုတယ် ။ "
ကျိုးကျားယွီ ခံငြင်းစရာမရှိအောင် လင်းကျုရွှေက အမှန်တရားတွေပြောနေတာပဲ ။ ကျိုးကျားယွီ မူလပိုင်ရှင်နဲ့သက်ဆိုင်တဲ့ မှတ်ညဏ်တွေကို ကျီပါးပြတုန်းက သူတောင် မူလပိုင်ရှင်က သေသင့်တယ်လို့ တွေးမိသေးတယ်လေ ။
" ဒါပေမယ့် အတိတ်နိမိတ် ကောင်းတွေမင်းဆီမှာ မြင်နေရတာကြောင့်သာ ဖုန်းရွှေနဲ့ပတ်သတ်တဲ့ ကံကြမ္မာ တချို့မင်းဆီမှာ ရှိနိုင်တယ်ဆိုပြီး အသက်အပိုပေးထားတာ ။ "
ကျိုးကျားယွီက အားတင်းပြီး -
" ကျေးဇူးတင်ပါတယ် မစ္စတာလင်း ။ "
လက်းကျုရွှေက ထရပ်လိုက်ပြီး -
" ငါ့နောက်လိုက်ခဲ့ ။ "
ဒီအချိန်မှာ သူတို့နှစ်ယောက်က အရမ်းနီးကပ်သွားတယ် ။ လင်းကျုရွှေက သူ့ရဲ့ခေါင်းတစ်ဝက်စာလောက် သူ့ထက်ပိုမြင့်တဲ့အကြောင်း သတိထားမိလိုက်တယ် ။ မတိုင်ခင်က ကျိုးကျားယွီထင်ခဲ့တာက လင်းကျုရွှေဟာ ထူးခြားပြောင်မြောက်တဲ့ သမိုင်းဝင် ရတနာတစ်ပါးလို့ အနုစိတ်ကျပြီး လှပတယ်ပေါ့ ။ ဒါပေမယ့် အခုတော့ အထိမခံနိုင်သူတစ်ယောက်လို ထင်ရတယ် ။
သူတို့လမ်းလျှောက်နေချိန်မှာပဲ ကျိုးကျားယွီက သူ့အာရုံထဲမှာ ကျီပါးကို မေးနေတယ် ။
" လင်းကျုရွှေသာ ငါ့ကိုသတ်ချင်ရင် ငါဘာလုပ်သင့်လဲ ။ "
" အဲ့တာက ဖြစ်မလာပေမယ့်လည်း ကောင်းပြီလေ ။ မင်းဒီနေ့တော့ မသေမှာ သေချာတယ် ။ မင်းရဲ့ ကံကြမ္မာက ငါ့ဆီမှာ ရှိတယ် ။ "
" တကယ်လား ။ "
" တကယ်ပေါ့ ။ "
သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ် ။ လင်းကျုရွှေက တံခါးတစ်ချပ်ရှေ့မှယ ရပ်လိုက်ပြီး တွန်းဖွင့်လိုက်တယ် ။
တံခါးနောက်က ရေနွေးငွေ့တွေ လုံးထွက်လာတော့မှ ဒါကရေချိုးခန်းဖြစ်မှန်း သဘောပေါက်သွားတယ် ။ ဒါက ရေးနွေးနွေးတွေဖြည့်ထားတဲ့ ကြီးမားတဲ့ ကျောက်ရေကန်တစ်ခုဖြစ်ပြီး လေထုထဲမှာလဲ ထူးခြားတဲ့ ဆေးဖက်ဝင်အပင်ရနံ့တွေ ရနေတယ် ။
ရေချိုးခန်းက သူ့ရှေ့မှာရှိနေပေမယ့်လည်း ကျိုးကျားယွီက မယုံကြည်နိုင်သေးဘူး ။ မတွေးတတ်အောင်ပဲ နီရဲနေတဲ့မျက်နှာနဲ့ ထစ်အစွာ -
" မစ္စ မစ္စတာ လင်း . ... "
" ဝင်လိုက် ..."
" ဝင် ဝင်ရမယ် ? "
" သဘတ်က ဟိုဘက်မှာရှိတယ် ။ဒီမှာ မင်းတစ်နာရီလောက် ရေစိမ်ရမယ် ။ ဒုက္ခရောက်လာရင်တောင် အပူကို မရှောင်ရှားရဘူး ။ "
ဒီစကားကို ကြားလိုက်ရတဲ့အချိန် ကျိုးကျားယွီရဲ့ စိတ်က ဗလာဖြစ်သွားတယ် ။
" မစ္စတာလု ပြောတာက ဒီမှာ ရေချိုးရမယ်လို့လား ။ "
လင်းကျုရွှေက ခေါင်းညိတ်ကာ စကားထပ်မပြောဘဲ ထွက်သွားတယ် ။ ကျိုးကျားယွီက ကြောင်အမ်းအမ်းနဲ့ ရေကန်နားမှာ ကျန်ခဲ့တယ်။
" လင်းကျုရွှေပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲ? "
ကျီပါး : " မြန်မြန် သွားတော့လေ ။ သူမင်းကို အန္တရာယ်မပေးလောက်ပါဘူး ။ သူလုပ်ရင်တောင် ဒီလို နေရခက်တဲ့နည်းလမ်းမျိုး မသုံးလောက်ဘူး ။ "
ကျိုးကျားယွီက ဆွံ့အနေဆဲပဲ ။
" ဒါပေမယ့် ဘာလုပ်မလဲဆိုတာ ငါမသိတော့ဘူး ။ "
" မင်းကအရမ်းညစ်ပတ်နေတယ်လို့ သူထင်နေတာလည်း ဖြစ်နိုင်ပါတယ် ။ "
ကျိုးကျားယွီ : "...."
သူ့ရဲ့အဝါရောင် နှုတ်သီးကို ကြက်ဥနှစ်ရောင် ခြေထောက်နဲ့ ကုတ်ခြတ်လိုက်ပြီး -
" ကောင်းပြီ ၊ ငါလည်း တစ်ခုမှ မသိဘူးလေ ။ "
ကျိုးကျားယွီက ကန်ထဲက ရေတွေကို စိုက်ကြည့်ပြီး တွန့်ဆုတ်နေပေမယ့် အဝတ်တွေကို ဖြည်းဖြည်းခြင်း ချွတ်လိုက်ပြီး ရေကန်ဆီ သွားလိုက်တယ် ။
☘️☘️☘️☘️(6/3/23)
က်ိဳးက်ားယြီနဲ႕ ရွန္ရိေခ်ာင္တို႔က တစ္ေယာက္နဲ႕တစ္ေယာက္ ၾကည့္ေနၾကတယ္။ က်ိဳးက်ားယြီက စကားမေျပာရဲတာေၾကာင့္ လွည့္ကာထြက္ေျပးလာၿပီး ၊ သူ႕အခန္းထဲ ဝင္႐ုံသာရွိေသး အျပင္ဘက္ကေန ရွန္ရိေခ်ာင္ရဲ႕ တံခါးကို ထုေနသံ ၾကားလိုက္ရၿပီး သူကေအာ္ဟစ္လာတယ္ ။
" က်ိဳးက်ားယြီ မင္းက စက္ဆုပ္ဖို႔ေကာင္းတဲ့ လူလိမ္ေကာင္! ဘယ္လို အလိမ္အညာမႏၲန္ေတြနဲ႕ ရွန္ရွန္းအေပၚ ျပဳစားထားတာလဲ...."
က်ိဳးက်ားယြီ : "...."
" ရွန္ရွန္းနဲ႕အတူ အိပ္ယာဝင္ဖို႔ အရည္အခ်င္းရွိရင္ ဒီတံခါးကို ဖြင့္ဖို႔လည္း အရည္အခ်င္းရွိရမယ္! က်ိဳးက်ားယြီ မင္းငါ့ကို ပုန္းမေနနဲ႕ ! "
[Note - ရွန္ရိေခ်ာင္က drama ထဲက စကားကိုယူသုံးထားတာပါ ။]
က်ိဳးက်ားယြီ ဒီ ဒိုင္ယာေလာ့ ေတြကို ထူးထူးျခားျခား ႀကီးကို ရင္းႏွီးေနတယ္ ။
ရွန္ရိေခ်ာင္လည္း သူတစ္ခုခုမွားေနမွန္း ခံစားမိပုံရတယ္ ။ ခဏေလာက္ တိတ္ဆိတ္သြားၿပီးမွ ေလသံ ေဖ်ာ့ေဖ်ာ့နဲ႕ ေျပာလာတယ္ ။
" ထြက္လာခဲ့။ ငါတို႔ေကာင္းေကာင္းမြန္မြန္ စကားေျပာၾကရေအာင္။ "
" ကြၽန္ေတာ္ တကယ္ဘာမွမလုပ္ထားပါဘူး ။ ကြၽန္ေတာ္က အျပစ္ကင္းပါတယ္ဗ်ာ ။ "
ရွန္ရိေခ်ာင္က ေအးစက္စြာနဲ႕ -
" ဪ... "
" ကြၽန္ေတာ့္ ကို ယုံၾကည္ရမယ္! "
" ငါမင္းကို ယုံတယ္ ... အဲ့လိုပဲ! "
ေနာက္ထပ္ဆူဆူညံညံေတြ တိုက္ခိုက္ေနရၿပီး ေနာက္ဆုံးေတာ့ က်ိဳးက်ားယြီ အားအင္ ကုန္ကာ အိပ္ယာေပၚမွာ ေဟာဟဲ လိုက္ေနတယ္ ။
" မင္းက အိမ္မွာ အၿမဲတမ္းေနတဲ့သူပဲေလ ။ ကြၽန္ေတာ္တစ္ခုခုလုပ္ထားရင္ မင္းသတိမထားမိပဲ ရွိမလား ။ "
ရွန္ရိေခ်ာင္က ဒါကို သိေနလည္း ခြင့္မလႊတ္နိုင္ဆဲပဲ ။ ဒီၿပိဳင္ပြဲက ေလးႏွစ္တစ္ႀကိမ္မွ ရွိတာ ။ ေနာက္ဆုံးအႀကိမ္က ေက်ာင္းဇန္ သြားရၿပီး ဒီႏွစ္မွာေတာ့ မုစီ သြားရမွာ ။ ဒါေပမယ့္ မုစီက အဟန႔္အတားတစ္ခုျဖစ္သြားၿပီး ဒီအခ်ိန္မွာ ျပန္မလာနိုင္ခဲ့ဘူး ။ သူေရာ ရွန္အာ့ပိုင္ေရာပါ ရွန္ရွန္းက သူတို႔ထဲက တစ္ေယာက္ကို ေ႐ြးခ်ယ္လိမ့္မယ္လို႔ ေသခ်ာေနခဲ့တာ ။ ဒါေပမယ့္ ဘယ္သူမွ မထင္ထားတာက ဘယ္ကေန ဘယ္လို က်ိဳးက်ားယြီက ထြက္လာရတာလဲ ။
ေနာက္ဆုံးေတာ့ ရွန္ရိေခ်ာင္ ခံစားခ်က္ေတြ တည္ၿငိမ္သြားတယ္ ။ က်ိဳးက်ားယြီက လင္းက်ဳေ႐ႊသူ႕ကို ဘာေတြသေဘာက်သြားလဲ ဆိုတာ က်ီးပါးကို ေမးေနတယ္ ။
က်ီပါး : " သူငါ့ကို သေဘာက်သြားတာ ေနမွာေပါ့ ။ "
" ဪ ဒါဆို သူက ငါ့ရဲ႕ က်ီပါး ေလးကို သေဘာက်သြားတာေပါ့ ။ "
သူဒီစကားေျပာၿပီးတဲ့ အခ်ိန္ တစ္ေနရာရာမွာ တစ္ခုခုေတာ့ မွားေနတဲ့အေၾကာင္း ခံစားမိသြားတယ္ ။ သူ အဲ့ဒီအေၾကာင္း ေတြးမိလိုက္တာနဲ႕ အရိပ္အႁမြက္အနည္းငယ္ရေအာင္ ဖန္တီးလိုက္ၿပီး ႀကံမိႀကံရာ ေမးျမန္းလိုက္တယ္ ။
" မင္းရဲ႕နံမည္ကို မင္းေျပာင္းလို႔မရဘူးလား ။ "
" မျဖစ္နိုင္ဘူး ။ ငါ့မိသားစု အားလုံးမွာ မ်ိဳးရိုးနံမည္ က်ီ ရွိတယ္ ။ ငါက ရွစ္ေယာက္ေျမာက္ ကေလးပဲေလ ။ "
" .... "
အနည္းဆုံးေတာ့ သူ႕မ်ိဳးရိုးနံမည္က ဝမ္မဟုတ္ဘူးပဲ ။
[Note - ဝမ္ပါး ဆိုတာ ဆဲလိုက္တာပါ ။ Wangbada ရဲ႕ အတိုေကာက္ေပါ့ ။ Wangbada ကို ဥပမာ ေပးရရင္ -ာသယ္မသား တို႔ဘာတို႔ ဆိုးဆိုး႐ြား႐ြား ဆဲေရးတာမ်ိဳးေပါ့။ ]
ေအာက္ထပ္က သူႏွစ္ေယာက္ကေတာ့ က်ိဳးက်ားယြီက က်ီပါးရဲ႕ ေျခေထာက္ေအာက္က လိပ္ခြံလို ႀကိဳးပမ္းထားရတဲ့ ျပန္လည္ခ်က္ျပဳတ္ေပးမႈေၾကာင့္ သေဘာထား ေပ်ာ့ေပ်ာင္းသြားတယ္ ။
ထိုညက ညစာျပင္ဖို႔ က်ိဳးက်ားယြီ ေအာက္ထပ္ဆင္းသြားတယ္ ။ ရွန္ရိေခ်ာင္က အထင္ေသးစက္ဆုပ္ေၾကာင္း ျပတဲ့အေနနဲ႕ စားပြဲကို ရိုက္ၿပီး -
" က်ိဳးက်ားယြီ မင္းေနာက္ထပ္ ဘာလုပ္လုပ္ ငါစားမွာ မဟုတ္ဘူး ။ "
ရွန္အာ့ပိုင္ : " ကိစၥမရွိဘူး ။ သူမစားရင္ ငါစားမယ္ ။ "
ရွန္ရိေခ်ာင္ : "...."
က်ိဳးက်ားယြီက အျပစ္မဲ့တဲ့ လမ္းသြားလမ္းလာလိုပဲ မဆီမဆိုင္ ၾကားညွပ္တိုက္ခိုက္ခံလိုက္ရသလို ခံစားမိတယ္ ။ လင္းက်ဳေ႐ႊက ရွန္ရိေခ်ာင္နဲ႕ ရွန္အာ့ပိုင္တို႔က သူ႕ကို မုန္းေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္လိုက္တာလားလို႔ေတာင္ တိတ္တဆိတ္ ေတြးမိတယ္ ။ တကယ့္ အမွန္တရားကေတာ့ လင္းက်ဳေ႐ႊက အဲဒါေတြ အေပၚ စိတ္ပါဝင္စားမႈ လုံးဝရွိမေနပါ ။ ၿပီးေတာ့လည္း အဲ့ဒီရိုးရွင္းတဲ့ အေတြးေလးကိုသာ သိရင္ က်ိဳးက်ားယြီက တ႐ြတ္တိုက္ဆြဲခံရၿပီး အုတ္ဂူထဲပါထည့္ခံရနိုင္တယ္ ။
ရွန္ရိေခ်ာင္က မစားဘူးေျပာေပမယ့္ သူ႕ခႏၶာကိုယ္ကေတာ့ ရိုးသားရွာပါတယ္ ။ က်ိဳးက်ားယြီက သူတို႔ဆက္ဆံေရး ပိုဆိုး႐ြားလာမွာ ဒါမွမဟုတ္ အေနခက္လာမွာ ကို မလိုခ်င္ပါဘူး ။ ဒါေၾကာင့္ ကေလးတစ္ေယာက္ကို ေခ်ာ့ျမဴသလို ရွန္ရိေခ်ာင္ကိုလည္း စားပြဲဆီလာဖို႔ ေခ်ာ့ေခၚလိုက္တယ္ ။
ျဖစ္ရပ္ေတြကို မွန္းဆရရင္ ရွန္ရိေခ်ာင္က ၁၇ ႏွစ္ေလာက္ပဲရွိတဲ့ ဆယ္ေက်ာ္သက္ပဲ ရွိေသးတယ္ ။ မၾကာေသးခင္ကမွ ရွန္ရိေခ်ာင္နဲ႕ ရင္းႏွီးလာၿပီး သူထင္တာ မွန္ကန္မွန္းရွာေတြ႕ခဲ့တယ္ ။ သူတို႔ ပထမဆုံးေတြ႕ခ်ိန္ကေတာင္ ၁၈ ႏွစ္မျပည့္ခင္ ႏွစ္ဝက္ေလာက္ လိုေသးတယ္တဲ့ ။
ကေလးလို ႏူးႏူးညံ့ညံ့ ေခ်ာ့ေမာ့ဖို႔ လိုအပ္ေသးတဲ့ အ႐ြယ္ပါပဲ ။ က်ိဳးက်ားယြီက ျပသနာ တစ္ခုခုအေပၚ တရစ္ဝဲဝဲ လုပ္မေနတတ္ပါဘူး ။
ဒါေပမယ့္ သူနားမလည္နိုင္တာက လင္းက်ဳေ႐ႊ က ဒီၿပိဳင္ပြဲမွာ ပါဝင္ဖို႔ သူ႕ကိုဘာေၾကာင့္ ေ႐ြးခ်ယ္ရလဲ ဆိုတာပဲ။ ဘာပဲ ျဖစ္ျဖစ္ အခုေတာ့ အေရွ႕၊အေနာက္၊ေတာင္၊ေျမာက္ ခြဲျခားဖို႔အတြက္ သံလိုက္အိမ္ျမႇောင္ လိုအပ္ေနၿပီ ။
လင္းက်ဳေ႐ႊထြက္မသြားခင္က ေနာက္တစ္ည ေနရင္ က်ိဳးက်ားယြီကို သူေနထိုင္တဲ့ေနရာ ေခၚလာဖို႔ ရွန္ရိေခ်ာင္ကို မွာခဲ့တယ္။ က်ိဳးက်ားယြီက ဒါကို အာ႐ုံမထားမိေပမယ့္ ရွန္ရိေခ်ာင္ကေတာ့ ေကာင္းေကာင္းႀကီး မွတ္မိေနတယ္ ။
ဒါေၾကာင့္ပဲ ေနာက္ေန႕ညေနခင္းမွာ ရွန္ရိေခ်ာင္က က်ိဳးက်ားယြီကို အိမ္အျပင္ဘက္ ဆြဲေခၚထုတ္ၿပီး ေျပာေလတယ္။
" ရွန္ရွန္းက ဒီေန႕ မင္းကိုေခၚလာဖို႔ေျပာထားတယ္ ။ သြားၾကစို႔ ။ "
က်ိဳးက်ားယြီရဲ႕ တုန္လႈပ္မႈက သားသတ္႐ုံကိုဆြဲေခၚခံေနရတဲ့ ဝက္တစ္ေကာင္ အတိုင္းပင္ ။
ရွန္ရိေခ်ာင္ရဲ႕ ဆြဲေခၚမႈေၾကာင့္ သူတို႔ေနထိုင္တဲ့ သုံးထပ္ေဆာင္အေဆာက္အဦးက တျဖည္းျဖည္း က်န္ရစ္လာတယ္ ။
သူေရာက္ကတည္းက ပထမဆုံးအႀကိမ္အျဖစ္ သဘာဝ ရႈခင္းကို ခံစားလိုက္ရတယ္။ မတိုင္ခင္ကဆို အတြင္းနဲ႕အျပင္ကိုပဲ ဆြဲေခၚခံေနရတာ။
ဥယ်ာဥ္ ရဲ႕ျမင္ကြင္းက တကယ္ကို လွပလြန္းတယ္ ။ ဖုန္းေ႐ႊကို နားမလည္တဲ့သူျဖစ္တဲ့ က်ိဳးက်ားေတာင္ စိတ္ေအးလက္ေအး ခံစားခ်က္မ်ိဳးရမိတယ္ ။ ပတ္ဝန္းက်င္တစ္ေလွ်ာက္ သန္မာၿပီး စိမ္းစိုေနတဲ့ ထင္းရႈးပင္၊ ေက်ာက္ပန္းပင္ ရွိတယ္။ သူတို႔ေတြၾကားထဲမွာ စီးဆင္းေနတဲ့ စမ္းေရက်သံေတြ ထြက္ေပၚေနၿပီး ဝါးေတြက အခိုင္အမာ စီရီေပါက္ေရာက္ေနပုံက ေသးငယ္တဲ့ၿခံစည္းရိုးအဝန္းအဝိုင္းေလးသဖြယ္ပင္ ။
က်ိဳးက်ားယြီက စိုးထိတ္စြာနဲ႕ -
" ရွန္ရိေခ်ာင္၊ ရွန္ရွန္းက ငါ့ကို ဘာေၾကာင့္ ေခၚတယ္လို႔ ထင္လဲဟင္ ။ "
ရွန္ရိေခ်ာင္ စိတ္မခ်မ္းေျမ့စြာနဲ႕-
" ငါဘယ္လို သိမလဲ ။ ျဖစ္နိုင္တာကေတာ့ မင္းကိုေတြ႕ၿပီး ရိုက္ႏွက္ခ်င္လို႔ ျဖစ္မွာေပါ့ ။ "
က်ိဳးက်ားယြီ : "...."
ရွန္ရိေခ်ာင္က လင္းက်ဳေ႐ႊ က်ိဳးက်ားယြီကို ေ႐ြးခ်ယ္တဲ့အေပၚ သိသိသာသာကို စိတ္ေထြျပားေနခဲ့တယ္ ။ သူ႕ကိုယ္သူလည္း ေျပာမိတယ္ ။
' မသိနားမလည္တာက တကယ္ေကာင္းတာပဲ ။တကယ္လို႔ ရွန္ရွန္းသာ ငါ့ကိုေ႐ြးရင္ ငါ့ကိုရိုက္သတ္ရင္ေတာင္ ေက်ေက်နပ္နပ္ႀကီး အေသခံလိုက္မွာ ။ "
က်ိဳးက်ားယြီလည္း စိတ္ထဲမွာ ေတြးေနမိတယ္ ။ ကံေကာင္းလို႔ေပါ့ လင္းက်ဳေ႐ႊက ပိရမစ္ စနစ္ တည္ေဆာက္တဲ့သူမဟုတ္လို႔ ။ မဟုတ္ရင္ ရွန္ရိေခ်ာင္ရဲ႕ပုံစံက တလြဲလုပ္တတ္လြန္းတဲ့ ေကာလိပ္ေက်ာင္းသားကို ဆြဲေခၚတဲ့ ပုံျဖစ္ေနမွာ ေသခ်ာေပါက္ပဲ ။
လူႏွစ္ေယာက္က ေက်ာက္သားလမ္းအတိုင္း ဝါးပင္အုပ္ႀကီးရဲ႕ ေနာက္ဘက္ကို ေလွ်ာက္လာၾကတယ္ ။
ေနာက္ဆုံးေတာ့ က်ိဳးက်ားယြီက ဝါးပင္ေတြၾကားထဲမွာ ဖုံးကြယ္ထားေပမယ့္ ထင္ထင္ရွားရွား ျမင္နိုင္တဲ့ အိမ္ငယ္ေလး ကို ေတြ႕လိုက္ရတယ္ ။ အိမ္ကို သစ္သားနဲ႕ ျပဳလုပ္ထားၿပီး ေခတ္ေဟာင္းပုံစံျဖစ္ေနေပမယ့္ ေခတ္ေနာက္က်တဲ့ ဒီဇိုင္းလိုေတာ့ မခံစားရေပ ။ ရွန္ရိေခ်ာင္က တံခါးေခါက္လိုက္ၿပီး ေခၚလိုက္တယ္။
" ရွန္ရွန္း "
" ဝင္ခဲ့ ။ "
လင္းက်ဳေ႐ႊရဲ႕ အသံက ေဝးကြာတဲ့ေနရာက လာသလိုမ်ိဳး ၾကားရတယ္ ။
ရွန္ရိေခ်ာင္က သစ္သား တံခါးကိုတြန္းလိုက္ၿပီး က်ိဳးက်ားယြီကိုပါ ေခၚကာ ဝင္တယ္ ။
အိမ္အတြင္းပိုင္းက က်ယ္ဝန္းၿပီး အလင္းေရာင္ေပါက္ေရာက္စရာ မရွိတာေတာင္ လင္းထိန္ေနတယ္ ။ သူ႕စိတ္အထင္အျမင္က မွားေနတာလား မေသခ်ာေပမယ့္ အိမ္အတြင္းထဲမွာ ေအးစက္စက္ ခံစားခ်က္မ်ိဳးရတယ္ ။ အထူးသျဖင့္ သူ႕ေျခေထာက္ေအာက္က ၾကမ္းခင္းပဲ ။ ေအးစက္တဲ့ ေလလွိုင္းေတြျဖာထြက္ေနသလို ထင္ရၿပီး မတ္တပ္ရပ္ေနတာေၾကာင့္ ေခါင္းကေနေျခဖ်ားထိေတာင္ ေအးစိမ့္သြားေစတယ္ ။
လင္းက်ဳေ႐ႊက အိမ္ရဲ႕ေနာက္ဘက္ကေန ေအးေအးေဆးေဆးထြက္လာၿပီး ပဝါနဲ႕သူ႕လက္ကို အႏုစိတ္သုတ္ေနရင္း ေျပာတယ္ ။
" မင္းလာၿပီေပါ့ ။ "
ရွန္ရိေခ်ာင္က ေခါင္းညိတ္ၿပီး ထြက္သြားတာေၾကာင့္ က်ိဳးက်ားယြီက တံခါးမပိတ္သြားခင္အထိ ရွန္ရိေခ်ာင္ကို အသနားခံမ်က္လုံးေတြနဲ႕ ၾကည့္ေနမိတယ္ ။ ေနာက္ေတာ့ က်ိဳးက်ားယြီကပဲ တုန္ယင္ေနတဲ့အသံနဲ႕ ႏႈတ္ဆက္လိုက္ရတယ္ ။
" မစၥတာ လင္း ။ "
လင္းက်ဳေ႐ႊက ပဝါကို စားပြဲေပၚခ်လိဳက္ၿပီး က်ိဳးက်ားယြီ မထိုင္ခင္ အရင္ထိုင္လိုက္တယ္ ။ သူ႕ရဲ႕အသံက အၿမဲတေစ ကြဲျပားမႈ မရွိစြာပဲ -
" က်ိဳးက်ားယြီ ... "
" ဟုတ္ကဲ့ ။ "
" ငါဘယ္တုန္းကမွ မင္းအသက္ကို သက္ညွာေပးဖို႔ မရည္႐ြယ္ထားဘူး ။ "
က်ိဳးက်ားယြီ အံ့ဩသြားတယ္ ။
" မင္း လုပ္ထားတဲ့အရာေတြက အႀကိမ္ေပါင္း ေထာင္ေသာင္းမကေအာင္ ေသလိုက္ဖို႔ လုံေလာက္တာထက္ ပိုတယ္ ။ "
က်ိဳးက်ားယြီ ခံျငင္းစရာမရွိေအာင္ လင္းက်ဳေ႐ႊက အမွန္တရားေတြေျပာေနတာပဲ ။ က်ိဳးက်ားယြီ မူလပိုင္ရွင္နဲ႕သက္ဆိုင္တဲ့ မွတ္ညဏ္ေတြကို က်ီပါးျပတုန္းက သူေတာင္ မူလပိုင္ရွင္က ေသသင့္တယ္လို႔ ေတြးမိေသးတယ္ေလ ။
" ဒါေပမယ့္ အတိတ္နိမိတ္ ေကာင္းေတြမင္းဆီမွာ ျမင္ေနရတာေၾကာင့္သာ ဖုန္းေ႐ႊနဲ႕ပတ္သတ္တဲ့ ကံၾကမၼာ တခ်ိဳ႕မင္းဆီမွာ ရွိနိုင္တယ္ဆိုၿပီး အသက္အပိုေပးထားတာ ။ "
က်ိဳးက်ားယြီက အားတင္းၿပီး -
" ေက်းဇူးတင္ပါတယ္ မစၥတာလင္း ။ "
လက္းက်ဳေ႐ႊက ထရပ္လိုက္ၿပီး -
" ငါ့ေနာက္လိုက္ခဲ့ ။ "
ဒီအခ်ိန္မွာ သူတို႔ႏွစ္ေယာက္က အရမ္းနီးကပ္သြားတယ္ ။ လင္းက်ဳေ႐ႊက သူ႕ရဲ႕ေခါင္းတစ္ဝက္စာေလာက္ သူ႕ထက္ပိုျမင့္တဲ့အေၾကာင္း သတိထားမိလိုက္တယ္ ။ မတိုင္ခင္က က်ိဳးက်ားယြီထင္ခဲ့တာက လင္းက်ဳေ႐ႊဟာ ထူးျခားေျပာင္ေျမာက္တဲ့ သမိုင္းဝင္ ရတနာတစ္ပါးလို႔ အႏုစိတ္က်ၿပီး လွပတယ္ေပါ့ ။ ဒါေပမယ့္ အခုေတာ့ အထိမခံနိုင္သူတစ္ေယာက္လို ထင္ရတယ္ ။
သူတို႔လမ္းေလွ်ာက္ေနခ်ိန္မွာပဲ က်ိဳးက်ားယြီက သူ႕အာ႐ုံထဲမွာ က်ီပါးကို ေမးေနတယ္ ။
" လင္းက်ဳေ႐ႊသာ ငါ့ကိုသတ္ခ်င္ရင္ ငါဘာလုပ္သင့္လဲ ။ "
" အဲ့တာက ျဖစ္မလာေပမယ့္လည္း ေကာင္းၿပီေလ ။ မင္းဒီေန႕ေတာ့ မေသမွာ ေသခ်ာတယ္ ။ မင္းရဲ႕ ကံၾကမၼာက ငါ့ဆီမွာ ရွိတယ္ ။ "
" တကယ္လား ။ "
" တကယ္ေပါ့ ။ "
သူစိတ္သက္သာရာရစြာ သက္ျပင္းခ်လိဳက္တယ္ ။ လင္းက်ဳေ႐ႊက တံခါးတစ္ခ်ပ္ေရွ႕မွယ ရပ္လိုက္ၿပီး တြန္းဖြင့္လိုက္တယ္ ။
တံခါးေနာက္က ေရေႏြးေငြ႕ေတြ လုံးထြက္လာေတာ့မွ ဒါကေရခ်ိဳးခန္းျဖစ္မွန္း သေဘာေပါက္သြားတယ္ ။ ဒါက ေရးေႏြးေႏြးေတြျဖည့္ထားတဲ့ ႀကီးမားတဲ့ ေက်ာက္ေရကန္တစ္ခုျဖစ္ၿပီး ေလထုထဲမွာလဲ ထူးျခားတဲ့ ေဆးဖက္ဝင္အပင္ရနံ႕ေတြ ရေနတယ္ ။
ေရခ်ိဳးခန္းက သူ႕ေရွ႕မွာရွိေနေပမယ့္လည္း က်ိဳးက်ားယြီက မယုံၾကည္နိုင္ေသးဘူး ။ မေတြးတတ္ေအာင္ပဲ နီရဲေနတဲ့မ်က္ႏွာနဲ႕ ထစ္အစြာ -
" မစၥ မစၥတာ လင္း . ... "
" ဝင္လိုက္ ..."
" ဝင္ ဝင္ရမယ္ ? "
" သဘတ္က ဟိုဘက္မွာရွိတယ္ ။ဒီမွာ မင္းတစ္နာရီေလာက္ ေရစိမ္ရမယ္ ။ ဒုကၡေရာက္လာရင္ေတာင္ အပူကို မေရွာင္ရွားရဘူး ။ "
ဒီစကားကို ၾကားလိုက္ရတဲ့အခ်ိန္ က်ိဳးက်ားယြီရဲ႕ စိတ္က ဗလာျဖစ္သြားတယ္ ။
" မစၥတာလု ေျပာတာက ဒီမွာ ေရခ်ိဳးရမယ္လို႔လား ။ "
လင္းက်ဳေ႐ႊက ေခါင္းညိတ္ကာ စကားထပ္မေျပာဘဲ ထြက္သြားတယ္ ။ က်ိဳးက်ားယြီက ေၾကာင္အမ္းအမ္းနဲ႕ ေရကန္နားမွာ က်န္ခဲ့တယ္။
" လင္းက်ဳေ႐ႊေျပာခ်င္တဲ့ အဓိပၸာယ္က ဘာလဲ? "
က်ီပါး : " ျမန္ျမန္ သြားေတာ့ေလ ။ သူမင္းကို အႏၲရာယ္မေပးေလာက္ပါဘူး ။ သူလုပ္ရင္ေတာင္ ဒီလို ေနရခက္တဲ့နည္းလမ္းမ်ိဳး မသုံးေလာက္ဘူး ။ "
က်ိဳးက်ားယြီက ဆြံ႕အေနဆဲပဲ ။
" ဒါေပမယ့္ ဘာလုပ္မလဲဆိုတာ ငါမသိေတာ့ဘူး ။ "
" မင္းကအရမ္းညစ္ပတ္ေနတယ္လို႔ သူထင္ေနတာလည္း ျဖစ္နိုင္ပါတယ္ ။ "
က်ိဳးက်ားယြီ : "...."
သူ႕ရဲ႕အဝါေရာင္ ႏႈတ္သီးကို ၾကက္ဥႏွစ္ေရာင္ ေျခေထာက္နဲ႕ ကုတ္ျခတ္လိုက္ၿပီး -
" ေကာင္းၿပီ ၊ ငါလည္း တစ္ခုမွ မသိဘူးေလ ။ "
က်ိဳးက်ားယြီက ကန္ထဲက ေရေတြကို စိုက္ၾကည့္ၿပီး တြန႔္ဆုတ္ေနေပမယ့္ အဝတ္ေတြကို ျဖည္းျဖည္းျခင္း ခြၽတ္လိုက္ၿပီး ေရကန္ဆီ သြားလိုက္တယ္ ။
☘️☘️☘️☘️(6/3/23)