Unicode
အပိုင်း (၈၇) မေးခွန်း(၂)
အခြားတစ်ဖက်တွင် ထန်းကျန်းက ချန်းသဲ့တောင်စံအိမ်သို့ ပြန်ပြီးနောက် သူ၏အားအင်တိုင်းကို ထိုစုံစမ်းစစ်ဆေးမှုတွင် အားစိုက်ထားသည်။ လုရှန်းကျစ်၏မြင်းက ဘာကြောင့် ရုတ်တရက် ဝရုန်းသုန်းကားထလုပ်ပြီး သေသွားကြောင်း သိလိုသည်။
သူ၏လက်ထဲတွင် သတင်းအချက်အလက်များကို ရရှိသောအခါ ထျန်းကျန့်က မော့ရုန်ကျန်းကို သွားတွေ့၏။
“မြင်းဇောင်းမှာ အဓိကတာဝန်ယူရတဲ့ ကောင်လေးနှစ်ယောက်က ပူးပေါင်းဆောင်ရွက်လာပါတယ်၊ လုလင်ကျစ်ရဲ့ညီကို ပေးလာတဲ့ အဲဒီမြင်းက တကယ်တော့ သီးသန့်ချိပ်ပိတ်ထားတဲ့မြင်းလို့ ဆိုပါတယ်၊ လက်ထောက်ဝန်ကြီးက တောင်အောက်ကို လူတွေလွှတ်ပြီး မြင်းရဲ့အလောင်းကို သွားကောက်ပြီး စုံစမ်းစစ်ဆေးခိုင်းထားပါတယ် …”
အမတ်က ဆက်လက်ပြီး စာရွက်ကိုလှန်ကာ ပြောလာသည်။
“အရှင်မင်းကြီး အဲဒီမြင်းကို ရွှေဆေးကျွေးထားတာပါ၊ အဲဒီအရွက်က သာမန်နဲ့တူပေမဲ့ တကယ်တော့ အဆိပ်ရှိပြီး အချိန်တစ်ခုကြာရင် မြင်းကို ရူးသွပ်သွားတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်၊ မြင်းက တောင်စွန်းပေါ်က ပြုတ်မကျသွားခဲ့ရင်တောင်မှ သေချာပေါက် သေသွားအုံးမှာပါ”
ထျန်းကျန့်က သူ ရှာတွေ့သမျှကို လျှောက်တင်သည်။
မော့ရုန်ကျန်းက တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် အသံတိုးတိုးဖြင့် မေးလာသည်။
“ဘယ်သူက အမိန့်ပေးတာလဲဆိုတာ မင်းသိလား”
ထျန်းကျန့်က တစ်ခဏခန့် တွေးတောပြီးနောက် ခပ်တိုးတိုးပြောသည်။
“မြင်းစာကျွေးတဲ့ကောင်လေးတွေက အဲဒီအရွက်တွေ ဘယ်ကလာမှန်း မသိဘူးလို့ စစ်မေးရရှိပါတယ်၊ မြင်းစာကျွေးတဲ့ဌာနက အဲဒီတာဝန်ရှိတဲ့ဝမ်ဟန်က ဒီမနက်ခင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်၊ ကျွန်တော် လူလွှတ်ပြီး သူ့ကို ရှာခိုင်းထားပါတယ်”
ဧကရာဇ်၏နှုတ်ခမ်းများက မသာမယာတွန့်သွားသည်။ သူက အထင်သေးဟန်ပြုံး၏။
“ဒီကိစ္စက အရင်မင်းဆက်ရဲ့ ဧကရာဇ်ဟောင်းနဲ့ တစ်စုံတစ်ရာ ပတ်သက်နေနိုင်ပါတယ်”
အမတ်က ဆက်ပြောသည်။
မော့ရုန်ကျန်းက ရုပ်သေးဧကရာဇ်ကို မသတ်ခဲ့ပေ။ ထိုအစား အကျဉ်းချထားခဲ့၏။ သို့ရာတွင် ထိုရုပ်သေးဧကရာဇ်ကို ထောက်ပံ့သေးသောသူများရှိပြီး ထိုသူက ဧကရာဇ်ပြန်ဖြစ်ရန် မျှော်လင့်နေကြသေးသည်။
“ဒါဆိုလည်း အခုနောက်ပိုင်း အဲဒီဧကရာဇ်ကို ဘယ်သူတွေ့နေခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးလိုက်ပါ”
သူက အမိန့်ပေးသည်။
သူ၏မျက်ဝန်းအတွင်း ဒေါသကိုမြင်ရ၏။
ထျန်းကျန့်က ခေါင်းငုံ့သည်။
“ဒီအမတ် ချက်ချင်းစုံစမ်းစစ်ဆေးလိုက်ပါ့မယ်”
“မင်း အခုသွားနိုင်ပြီ”
မော့ရုန်ကျန်းက လက်ကာပြသည်။
သို့သော် ထျန်းကျန့်သည် တံခါးဝသို့ ရောက်လုနီးပါးအချိန်တွင် ရုတ်တရက် တစ်ဖက်သူက တားပြန်၏။
“လုလင်ကျစ်ရဲ့ညီမနာမည်က ဘယ်လိုခေါ်လဲ”
လုယောင်ယောင်၏ နာမည်ကို ထည့်သွင်းပြောသံကြားသောအခါ ထျန်းကျန့်၏ပုခုံးများ တင်းကျပ်သွား၏။ သူ ဧကရာဇ်ကို မျက်နှာပြန်မူရသည်။
“အရှင်မင်းကြီး တတိယသခင်မလေးလုရဲ့နာမည်က … လုယောင်ယောင်လို့ ခေါ်ပါတယ်”
ထျန်းကျန့် စိတ်အချဉ်ပေါက်သလို ခံစားနေရ၏။
ဧကရာဇ်က တကယ်ပဲ စိတ်ဝင်စားသွားပြီလား၊ မော့ရုန်ကျန်းကသာ ဆန္ဒရှိသွားရင် ယောင်ယောင် သူ့ကို မကြိုက်လာခင်မှာ နန်းတော်ထဲကိုဝင်အောင် ဖိအားပေးအုံးမှာပဲ။
မော့ရုန်ကျန်းက မျက်လုံးကို အောက်သို့ အကြည့်ပို့သည်။ စားပွဲပေါ်ရှိလက်များကို လက်သီးအဖြစ် ဆုပ်လိုက်၏။
“မင်း သူမဆီမှာ ငွေရောင်ကြာပွတ် ရှုံးသွားခဲ့တာလား”
“အရှင်မင်းကြီး ဒီအမတ်က တကယ်ပဲ သခင်မလေးလုဆီမှာ ငွေရောင်ကြာပွတ် ရှုံးသွားခဲ့တာပါ”
“ကျန်း သိပြီ၊ မောင်မင်း သွားနိုင်ပြီ”
မော့ရုန်ကျန်းက ညင်သာစွာ ခေါင်းညိတ်နေသည်။
တိုက်ဆိုင်မှုလည်း ဖြစ်နိုင်တာပဲ၊ တတိယသခင်မလေးလုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြို့တော်ကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးဘဲ သူ့ကို ကယ်ခဲ့တဲ့သူ မဟုတ်တာလည်းဖြစ်နိုင်တာပဲ။
ထျန်းကျန့်ကမူ မော့ရုန်ကျန်းကို တစ်ခဏခန့်မော့ကြည့်သည်။ တစ်ဖက်သူက တတိယသခင်မလေးလုကို ဆက်၍ စိတ်ဝင်စားဟန် မပြသောအခါ သူ စိတ်အေးသွားရ၏။ သူ ဦးညွှတ်ပြီးနောက် ထွက်သွားသည်။ မတိုင်မီက တတိယသခင်မလေး၏စကားများကို ပဟေဠိ ဖြစ်နေသော ထျန်းကျန့်က လုလင်ကျစ်ထံ သွားတွေ့ရန်ဆုံးဖြတ်လိုက်၏။
လမ်းတွင် ဆေးများသွားပို့ရန် ထွက်လာသော ဖေးရှီနှင့်ဆုံ၏။
“သခင်မလု ဒီလိုကိစ္စတွေကို အစေခံတွေကိုပဲ လွှဲထားလိုက်ပါ၊ သခင်မလုအနေနဲ့ ဆေးကို ကိုယ်တိုင်ကိုယ်ကျ သွားကြိုဖို့မလိုအပ်ပါဘူး”
ထန်းကျန်းက အသင့်စောင့်နေသော အစေခံအကြောင်းကို တွေးမိပြီးနောက် တတိယသခင်မလုကို ထိုသို့မလုပ်သင့်ကြောင်း ဖျောင်းဖျလိုက်သည်။ သူမ၏အနားရှိ မိန်းမစိုးကိုပင် သူ ဆူပူလိုက်သေး၏။
ထိုမိန်းမစိုးက ခေါင်းကိုငုံ့ထားသည်။ သူက ခပ်မြန်မြန်ရှင်းပြ၏။
“အမတ်မင်းကို ပြန်ဖြေပါတယ်၊ ဒီမိန်းမစိုးက ဒီအတိုင်းပဲ သခင်မလုကို ပြောပြခဲ့သေးပါတယ်၊ ဒါပေမဲ့ သခင်မလုက …”
ဖေးရှီက ရယ်ပြီးခေါင်းခါသည်။
“ကျွန်မကိုယ်တိုင်ကိုယ်ကျ ဆေးကြိုချင်လို့ပါ၊ တခြားသူတွေက ကျွန်မလောက် တော်တာမှ မဟုတ်တာ”
လုလင်ကျစ်က ဆေးသောက်နေချိန်တွင် ဖေးရှီက အခန်းအပြင်သို့ထွက်လာသည်။ လုလင်ကျစ်နှင့် ထန်းကျန်းကိုသာ အဆောင်တွင်း ထားခဲ့ပေး၏။
“မင်း ရှာတွေ့ပြီလား”
“ငါ သဲလွန်စတော့ရထားပြီ၊ ကြည့်ရတာ သူက မင်းကို တကယ်ပဲ ရင်ဆိုင်ချင်တာ ဖြစ်လောက်တယ်”
ထျန်းကျန့်က အထင်တသေးပြောသည်။
“အမိန့်ပေးတဲ့လူကတော့ ငါ ဆက်ပြီး အသေးစိတ်ကျကျစုံစမ်းဖို့ လိုအပ်နေသေး တယ်”
သတင်းကြောင့် ကျေနပ်သွားသော လုလင်ကျစ်က မျက်လုံးကို မှိတ်ထားသည်။ ထိုအချိန်တွင် ထျန်းကျန့်က ဆက်ပြောလာ၏။
“အဲဒါထက် ငါ မင်းကို နောက်ထပ်မေးချင်တဲ့ကိစ္စ ရှိသေးတယ်”
...
အပိုင်း (၈၈) အခြား လူတစ်ယောက်က သူမအပေါ် ဆန္ဒရှိလာတဲ့အခါ
လုလင်ကျစ်က ထျန်းကျန့်၏ စိုးရိမ်သောအမူအရာကို မြင်လိုက်သည်။ သူသာ သိနိုင်သော အခြားအကြောင်းအရာ ရှိနိုင်ကြောင်း လုလင်ကျစ် ခံစားမိလိုက်၏။
“ဘာကိစ္စလဲ၊ အဲဒီမြင်းနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေလို့လား”
လုလင်ကျစ်က မေးသည်။
ထျန်းကျန့်က ခေါင်းကို ညင်သာစွာခါသည်။
“ဒီကိစ္စနဲ့ပတ်သက်တာမျိုး မဟုတ်ဘူး၊ ဒါက … ယောင်ယောင်နဲ့ ပတ်သက်တယ်”
သူ၏တတိယညီမအကြောင်း ထည့်ပြောလာသော လုလင်ကျစ်က မျက်မှောင်ကြုတ်သည်။
“ယောင်ယောင်က ဘာလုပ်လို့လဲ”
ထိုအမတ်က တိတ်သွားပြန်သည်။ သူက မျက်မှောင်ကိုကြုတ်ပြီး အတွေးထဲ နစ်သွားပုံရ၏။
“ယောင်ယောင်က တကယ်ပဲ နယ်မြို့မှာ ကြီးပြင်းလာခဲ့တာလား၊ ယောင်ယောင် ယဲ့မိသားစုနဲ့များ သိလား၊ ယောင်ယောင့် ကြည့်ရတာ သူတို့နဲ့ ထူးခြားတဲ့ခံစားချက် ရှိနေတဲ့ပုံပဲ”
ယဲ့မိသားစုအကြောင်း ထည့်ပြောလာသောကြောင့် ထျန်းကျန့်၏ လေသံက ခပ်တိုးတိုးအသံထက်ပင် ပို၍ တိုးလျသွားသေး၏။ သူ၏မိတ်ဆွေရှေ့တွင် သူ၏စိုးရိမ်မှုကို ထုတ်ပြောနေခြင်းဖြစ်သည်။
လုယောင်ယောင်၏ ရုပ်ရည်ကို မမြင်ခင်က လုလင်ကျစ်အတွက် ယဲ့မိသားစုက ဘာအဓိပ္ပာယ်မှ မရှိတော့ပေ။ သို့သော် သူ အဆိပ်ဖြင့်သတ်ခဲ့သော ထိုအမျိုးသမီးကို ပြန်သတိရချိန်တိုင်း အနည်းငယ်သောရှက်ရွံ့မှုကို ခံစားရရုံမျှသာဖြစ်၏။
သို့ရာတွင် လုယောင်ယောင်က ယဲ့ကျန်းနှင့် တစ်ထေရာတည်းနီးပါး တူညီနေသည်။ အသတ်ခံရပြီးနောက် ယဲ့မိသားစုနှင့် ပတ်သက်သော မှတ်ဉာဏ်များကို ခုခံနိုင်ရန်အတွက် ဖော်ပြ၍မရသော ခံစားချက်တစ်မျိုးက ကျန်ရစ်နေသေး၏။ လုယောင်ယောင်က ယဲ့ကျန်းနှင့် ပတ်သက်သော မှတ်ဉာဏ်များကို အခြားသူများအတွက် ပြန်လည်ခေါ်ဆောင်လာမည်ကို သူ စိုးရိမ်သည်။ သို့သော် လက်ရှိသူ၏ညီမက ယခင်ဝမ်ဖေးအကြောင်း သိနေကြောင်း သူ သိလိုက်ရ၏။
“ယောင်ယောင်က တစ်ဘဝလုံးနီးပါး နယ်မြို့မှာနေခဲ့တာပါ၊ ယောင်ယောင်က ဘယ်လိုများ ယဲ့မိသားစုအကြောင်းကို သိနိုင်ပါ့မလဲ၊”
လုလင်ကျစ်က တိုက်ရိုက်ဖြေသည်။ မနှစ်မြို့မှုကပင် ပါလာသေး၏။
စိတ်မအေးသေးသော ထျန်းကျန့်က ယဲ့ကျန်း၏စကားတိုင်းကို လုလင်ကျစ်ကို ပြန်ပြောသည်။ ပြန်ပြောလေလေ လုလင်ကျစ် တုန်လှုပ်လာလေလေဖြစ်သည်။
“သူမ ကြည့်ရတာ ယဲ့ကျန်းနဲ့ ရင်းနှီးနေတဲ့ပုံပဲ၊ ယောင်ယောင့်ကို ဘယ်သူကများ ဒီလိုအလိမ်အညာတွေ ပြောလိုက်သလဲလို့ မင်း စုံစမ်းသင့်တယ်”
လုယောင်ယောင်နဲ့ယဲ့ကျန်း လုယောင်ယောင်က သူမက ယခင်ဝမ်ဖေးနဲ့ တူတာမျိုးများ သိသွားလို့လား။
လုလင်ကျစ် ထိုအတွေးကို ဖယ်လိုက်သည်။
ကောင်းကင်က သူ့ကိုနှိပ်စက်ရန် လှည့်စားနေခြင်းဖြစ်လောက်သည်။
ရည်ရွယ်ချက်ရှိရှိနဲ့ ယဲ့ကျန်းနဲ့တစ်ထေရာတည်းတူတဲ့ ယောင်ယောင့်ကို သူ့အနားလွှတ်ပြီး အဲဒီအမျိုးသမီးအပေါ် သူ ဘာတွေ လုပ်ခဲ့သလဲဆိုတာ ပြန်သတိရနေအောင်များ ကောင်းကင်က လှည့်စားနေခဲ့တာလား။
“ဘယ်သူလဲဆိုတာ ငါ သိတယ်”
လုလင်ကျစ်က အန္တရာယ်များသော လေသံဖြင့်ပြောသည်။
“ယောင်ယောင့်ရဲ့အနားမှာရှိနေတဲ့ အဲဒီအမျိုးသမီးက တကယ်တော့ ယဲ့ကျန်းရဲ့ လက်ဦးဆရာပဲ”
ထျန်းကျန့်က ရုတ်တရက် အေးခဲသွားသည်။ သူ တစ်စုံတစ်ရာကို သတိရသွား၏။
“အဲဒီအမျိုးသမီးက လှည့်ကွက်တွေ သုံးနိုင်နေတာပဲ၊ စိတ်မပူနဲ့ ငါ ဂရုစိုက်လိုက်မယ်”
အချို့ကိစ္စများက သည်အမတ်ကို လွှဲထားနိုင်သည်။ လုလင်ကျစ်က သူ၏ခြေရာလက်ရာများကို ဖျောက်ထားနိုင်၏။
“အဲဒီဆရာမက အင်အားကြီးတဲ့မိသားစုက လာတယ်ပဲ ငါ သိထားတယ်၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် ပထမဇနီးက မွေးထားတာပဲ၊ သူမ အသက်ရှင်သမျှ ကာလပတ်လုံး ငါတို့ သူမကို ထိလို့မရနိုင်သေးဘူး”
“ဒါဆိုရင် ဒီအတိုင်း အဲဒီမိန်းမ ယောင်ယောင့်ရဲ့စိတ်ကို အဆိပ်ခတ်နေတာကို ငါတို့ ခွင့်ပြုထားရမှာလား”
ထျန်းကျန့်က မေးသည်။
“စိတ်မစောနဲ့ ငါ တတိယညီမနဲ့ စကားပြောလိုက်မယ်”
လုလင်ကျစ်က သက်ပြင်းချသည်။
ယောင်ယောင် သူ့အပေါ် အမြဲတမ်းအေးစက်သလို ဆက်ဆံနေတာ အံ့ဩစရာမရှိတော့ဘူးပဲ၊ ဒါက ယဲ့မိသားစုနဲ့ ပတ်သက်ပြီး သူက မှားခဲ့တာလို့ အဲဒီဆရာမက ယောင်ယောင့်ကို သင်ပေးထားခဲ့လို့များလား။
ထျန်းကျန့်က သူ့ကိုကြည့်သည်။
“ယောင်ယောင်ကလည်း မင်းကိုသဘောကျတယ်လို့ ငါတော့ မထင်ပါဘူး၊ မင်း သူမကိုပြောရင် နားထောင်မှာတဲ့လား”
သူ ဝန်ခံရမည်ကို မုန်းတီးသော်လည်း ထျန်းကျန့်ပြောသည်က အမှန်တရားဖြစ်သည်။ လုလင်ကျစ်၏ မျက်နှာက ထိုစကားကြောင့် မည်းမှောင်သွား၏။
“ငါကိုယ်တိုင်ပြောတာက အကောင်းဆုံးပဲ”
ထျန်းကျန့်က သတိထားကာပြောသည်။
“သူကသာ ထန်းမိသားစုအကြောင်း သိသွားခဲ့မယ်ဆိုရင် ယဲ့မိသားစုက သေဖို့တန်မှန်း နားလည်သွားပါလိမ့်မယ်”
လုလင်ကျစ်က ထျန်းကျန့်ထံသို့ လည်ပင်းကိုလှည့်ကာ စောင့်ကြည့်ပြီး သတိပေးသလိုကြည့်သည်။
“မင်း ယောင်ယောင်နဲ့ဝေးဝေးနေရင် ကောင်းမယ်၊ ယောင်ယောင်က ငါ့ရဲ့တတိယဦးလေးရဲ့သမီး၊ ဒါက ငါ့ညီမပဲဆိုပေမဲ့ သူမကိုယ်တိုင်က လက်ထပ်ပြီး အာဏာတိုးပွားအောင် လုပ်မဲ့ လက်ထပ်ပွဲစင်ပေါ်ကို တင်ပေးရမဲ့ အနေအထားမျိုးမဟုတ်ဘူး၊ ငါတို့ရဲ့ တတိယဦးလေးက အမတ်တစ်ယောက်နဲ့ လက်ထပ်မှာကို သဘောကျ မှာမဟုတ်ဘူး”
လုလင်ကျစ်က သူ၏စိတ်ကို အလွယ်တကူ မြင်နိုင်နေသည်။ သို့သော် ထျန်းကျန့်က ရန်စခံရသလို မခံစားရပေ။
“ငါ့မှာမိဘတွေမှ မရှိတာ ယောင်ယောင်က အနာဂတ်မှာ မိသားစုဝင်ဟောင်းတွေကို ကျေနပ်အောင် လုပ်ပေးနေစရာမလိုဘူး၊ ငါ စိတ်ဝင်စားတဲ့ အခြားမိန်းမလည်း မရှိဘူး၊ ဘာလို့ တတိယသခင်က သဘောမတူရမှာလဲ”
သူ့မိတ်ဆွေက တကယ်ပဲ အတည်ပြောနေတာလား၊ ဘာပဲဖြစ်ဖြစ် သူက လက်ထပ်ဖို့အတွက် တစ်လောကလုံးမှာ အကောင်းဆုံးလူငယ်တွေထဲက တစ်ယောက် ဖြစ်နေသေးတာပဲလေ။
လုလင်ကျစ်လည်း မသက်မသာ ခံစားနေရသည်။ သူ၏မိတ်ဆွေနှင့် စကားပြောနေရင်းမှ သည်လိုအခြေအနေ ဖြစ်လာမည်ဟု မထင်ထားမိပေ။
“မင်း ယောင်ယောင်ရဲ့ဆန္ဒကို လေးစားရမယ်၊ ယောင်ယောင်က အမျိုးသမီးအကယ်ဒမီကို တက်ချင်နေတာ၊ ဒီတော့ လက်ထပ်ဖို့ကိစ္စ ဆန္ဒရှိနေရင် တောင်မှ အနည်းဆုံး နှစ်နှစ်လောက်တော့ စောင့်ရအုံးမှာပဲ”
ထျန်းကျန့်က ရယ်သည်။
“ဟုတ်တယ်၊ ငါ အရင်ဆုံး ဒီနှစ်နှစ်အတွင်းမှာ ယောင်ယောင်နဲ့ ရင်းနှီးအောင်လုပ်ဖို့ စဉ်းစားထားတယ်”
သူ တတိယသခင်မလေးလုကို လေးစားသည်။ ထျန်းကျန့်က သည်အချက်အတွက် သေချာ၏။ သူမကို သည်နှစ်အတောအတွင်း ပိုးပန်းပြီး ကမ်းလှမ်းလိုက်မည်ဆိုလျှင် သူ၏စစ်မှန်မှုကိုသာ သူမ နားလည်သွားခဲ့ပါက သူမအနေဖြင့် သူ့ကို ငြင်းစရာမရှိဟု ထင်သည်။
“ယောင်ယောင်က လောကအကြောင်း မသိသေးတဲ့ကောင်မလေးပဲ၊ မင်း သူမရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးရဲရင် မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး”
လုလင်ကျစ်က အေးစက်စွာပြောသည်။
ထျန်းကျန့်ကလည်း တည်ငြိမ်စွာ ခေါင်းညိတ်သည်။
“ငါ အလေးတုံးရဲ့အလေးချိန်ကို နားလည်တယ်”
Zawgyi
အပိုင္း (၈၇) ေမးခြန္း(၂)
အျခားတစ္ဖက္တြင္ ထန္းက်န္းက ခ်န္းသဲ့ေတာင္စံအိမ္သို႔ ျပန္ၿပီးေနာက္ သူ၏အားအင္တိုင္းကို ထိုစုံစမ္းစစ္ေဆးမႈတြင္ အားစိုက္ထားသည္။ လုရွန္းက်စ္၏ျမင္းက ဘာေၾကာင့္ ႐ုတ္တရက္ ဝ႐ုန္းသုန္းကားထလုပ္ၿပီး ေသသြားေၾကာင္း သိလိုသည္။
သူ၏လက္ထဲတြင္ သတင္းအခ်က္အလက္မ်ားကို ရရွိေသာအခါ ထ်န္းက်န႔္က ေမာ့႐ုန္က်န္းကို သြားေတြ႕၏။
“ျမင္းေဇာင္းမွာ အဓိကတာဝန္ယူရတဲ့ ေကာင္ေလးႏွစ္ေယာက္က ပူးေပါင္းေဆာင္႐ြက္လာပါတယ္၊ လုလင္က်စ္ရဲ႕ညီကို ေပးလာတဲ့ အဲဒီျမင္းက တကယ္ေတာ့ သီးသန႔္ခ်ိပ္ပိတ္ထားတဲ့ျမင္းလို႔ ဆိုပါတယ္၊ လက္ေထာက္ဝန္ႀကီးက ေတာင္ေအာက္ကို လူေတြလႊတ္ၿပီး ျမင္းရဲ႕အေလာင္းကို သြားေကာက္ၿပီး စုံစမ္းစစ္ေဆးခိုင္းထားပါတယ္ …”
အမတ္က ဆက္လက္ၿပီး စာ႐ြက္ကိုလွန္ကာ ေျပာလာသည္။
“အရွင္မင္းႀကီး အဲဒီျမင္းကို ေ႐ႊေဆးေကြၽးထားတာပါ၊ အဲဒီအ႐ြက္က သာမန္နဲ႕တူေပမဲ့ တကယ္ေတာ့ အဆိပ္ရွိၿပီး အခ်ိန္တစ္ခုၾကာရင္ ျမင္းကို ႐ူးသြပ္သြားတဲ့အထိ ျဖစ္သြားေစနိုင္ပါတယ္၊ ျမင္းက ေတာင္စြန္းေပၚက ျပဳတ္မက်သြားခဲ့ရင္ေတာင္မွ ေသခ်ာေပါက္ ေသသြားအုံးမွာပါ”
ထ်န္းက်န႔္က သူ ရွာေတြ႕သမွ်ကို ေလွ်ာက္တင္သည္။
ေမာ့႐ုန္က်န္းက တိတ္ဆိတ္စြာ နားေထာင္ေနၿပီးေနာက္ အသံတိုးတိုးျဖင့္ ေမးလာသည္။
“ဘယ္သူက အမိန႔္ေပးတာလဲဆိုတာ မင္းသိလား”
ထ်န္းက်န႔္က တစ္ခဏခန႔္ ေတြးေတာၿပီးေနာက္ ခပ္တိုးတိုးေျပာသည္။
“ျမင္းစာေကြၽးတဲ့ေကာင္ေလးေတြက အဲဒီအ႐ြက္ေတြ ဘယ္ကလာမွန္း မသိဘူးလို႔ စစ္ေမးရရွိပါတယ္၊ ျမင္းစာေကြၽးတဲ့ဌာနက အဲဒီတာဝန္ရွိတဲ့ဝမ္ဟန္က ဒီမနက္ခင္းမွာပဲ ေပ်ာက္ကြယ္သြားခဲ့ပါတယ္၊ ကြၽန္ေတာ္ လူလႊတ္ၿပီး သူ႕ကို ရွာခိုင္းထားပါတယ္”
ဧကရာဇ္၏ႏႈတ္ခမ္းမ်ားက မသာမယာတြန႔္သြားသည္။ သူက အထင္ေသးဟန္ၿပဳံး၏။
“ဒီကိစၥက အရင္မင္းဆက္ရဲ႕ ဧကရာဇ္ေဟာင္းနဲ႕ တစ္စုံတစ္ရာ ပတ္သက္ေနနိုင္ပါတယ္”
အမတ္က ဆက္ေျပာသည္။
ေမာ့႐ုန္က်န္းက ႐ုပ္ေသးဧကရာဇ္ကို မသတ္ခဲ့ေပ။ ထိုအစား အက်ဥ္းခ်ထားခဲ့၏။ သို႔ရာတြင္ ထို႐ုပ္ေသးဧကရာဇ္ကို ေထာက္ပံ့ေသးေသာသူမ်ားရွိၿပီး ထိုသူက ဧကရာဇ္ျပန္ျဖစ္ရန္ ေမွ်ာ္လင့္ေနၾကေသးသည္။
“ဒါဆိုလည္း အခုေနာက္ပိုင္း အဲဒီဧကရာဇ္ကို ဘယ္သူေတြ႕ေနခဲ့သလဲဆိုတာ စုံစမ္းစစ္ေဆးလိုက္ပါ”
သူက အမိန႔္ေပးသည္။
သူ၏မ်က္ဝန္းအတြင္း ေဒါသကိုျမင္ရ၏။
ထ်န္းက်န႔္က ေခါင္းငုံ႕သည္။
“ဒီအမတ္ ခ်က္ခ်င္းစုံစမ္းစစ္ေဆးလိုက္ပါ့မယ္”
“မင္း အခုသြားနိုင္ၿပီ”
ေမာ့႐ုန္က်န္းက လက္ကာျပသည္။
သို႔ေသာ္ ထ်န္းက်န႔္သည္ တံခါးဝသို႔ ေရာက္လုနီးပါးအခ်ိန္တြင္ ႐ုတ္တရက္ တစ္ဖက္သူက တားျပန္၏။
“လုလင္က်စ္ရဲ႕ညီမနာမည္က ဘယ္လိုေခၚလဲ”
လုေယာင္ေယာင္၏ နာမည္ကို ထည့္သြင္းေျပာသံၾကားေသာအခါ ထ်န္းက်န႔္၏ပုခုံးမ်ား တင္းက်ပ္သြား၏။ သူ ဧကရာဇ္ကို မ်က္ႏွာျပန္မူရသည္။
“အရွင္မင္းႀကီး တတိယသခင္မေလးလုရဲ႕နာမည္က … လုေယာင္ေယာင္လို႔ ေခၚပါတယ္”
ထ်န္းက်န႔္ စိတ္အခ်ဥ္ေပါက္သလို ခံစားေနရ၏။
ဧကရာဇ္က တကယ္ပဲ စိတ္ဝင္စားသြားၿပီလား၊ ေမာ့႐ုန္က်န္းကသာ ဆႏၵရွိသြားရင္ ေယာင္ေယာင္ သူ႕ကို မႀကိဳက္လာခင္မွာ နန္းေတာ္ထဲကိုဝင္ေအာင္ ဖိအားေပးအုံးမွာပဲ။
ေမာ့႐ုန္က်န္းက မ်က္လုံးကို ေအာက္သို႔ အၾကည့္ပို႔သည္။ စားပြဲေပၚရွိလက္မ်ားကို လက္သီးအျဖစ္ ဆုပ္လိုက္၏။
“မင္း သူမဆီမွာ ေငြေရာင္ၾကာပြတ္ ရႈံးသြားခဲ့တာလား”
“အရွင္မင္းႀကီး ဒီအမတ္က တကယ္ပဲ သခင္မေလးလုဆီမွာ ေငြေရာင္ၾကာပြတ္ ရႈံးသြားခဲ့တာပါ”
“က်န္း သိၿပီ၊ ေမာင္မင္း သြားနိုင္ၿပီ”
ေမာ့႐ုန္က်န္းက ညင္သာစြာ ေခါင္းညိတ္ေနသည္။
တိုက္ဆိုင္မႈလည္း ျဖစ္နိုင္တာပဲ၊ တတိယသခင္မေလးလုက လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာ ၿမိဳ႕ေတာ္ကို ဘယ္တုန္းကမွ မေရာက္ခဲ့ဖူးဘဲ သူ႕ကို ကယ္ခဲ့တဲ့သူ မဟုတ္တာလည္းျဖစ္နိုင္တာပဲ။
ထ်န္းက်န႔္ကမူ ေမာ့႐ုန္က်န္းကို တစ္ခဏခန႔္ေမာ့ၾကည့္သည္။ တစ္ဖက္သူက တတိယသခင္မေလးလုကို ဆက္၍ စိတ္ဝင္စားဟန္ မျပေသာအခါ သူ စိတ္ေအးသြားရ၏။ သူ ဦးၫႊတ္ၿပီးေနာက္ ထြက္သြားသည္။ မတိုင္မီက တတိယသခင္မေလး၏စကားမ်ားကို ပေဟဠိ ျဖစ္ေနေသာ ထ်န္းက်န႔္က လုလင္က်စ္ထံ သြားေတြ႕ရန္ဆုံးျဖတ္လိုက္၏။
လမ္းတြင္ ေဆးမ်ားသြားပို႔ရန္ ထြက္လာေသာ ေဖးရွီႏွင့္ဆုံ၏။
“သခင္မလု ဒီလိုကိစၥေတြကို အေစခံေတြကိုပဲ လႊဲထားလိုက္ပါ၊ သခင္မလုအေနနဲ႕ ေဆးကို ကိုယ္တိုင္ကိုယ္က် သြားႀကိဳဖို႔မလိုအပ္ပါဘူး”
ထန္းက်န္းက အသင့္ေစာင့္ေနေသာ အေစခံအေၾကာင္းကို ေတြးမိၿပီးေနာက္ တတိယသခင္မလုကို ထိုသို႔မလုပ္သင့္ေၾကာင္း ေဖ်ာင္းဖ်လိဳက္သည္။ သူမ၏အနားရွိ မိန္းမစိုးကိုပင္ သူ ဆူပူလိုက္ေသး၏။
ထိုမိန္းမစိုးက ေခါင္းကိုငုံ႕ထားသည္။ သူက ခပ္ျမန္ျမန္ရွင္းျပ၏။
“အမတ္မင္းကို ျပန္ေျဖပါတယ္၊ ဒီမိန္းမစိုးက ဒီအတိုင္းပဲ သခင္မလုကို ေျပာျပခဲ့ေသးပါတယ္၊ ဒါေပမဲ့ သခင္မလုက …”
ေဖးရွီက ရယ္ၿပီးေခါင္းခါသည္။
“ကြၽန္မကိုယ္တိုင္ကိုယ္က် ေဆးႀကိဳခ်င္လို႔ပါ၊ တျခားသူေတြက ကြၽန္မေလာက္ ေတာ္တာမွ မဟုတ္တာ”
လုလင္က်စ္က ေဆးေသာက္ေနခ်ိန္တြင္ ေဖးရွီက အခန္းအျပင္သို႔ထြက္လာသည္။ လုလင္က်စ္ႏွင့္ ထန္းက်န္းကိုသာ အေဆာင္တြင္း ထားခဲ့ေပး၏။
“မင္း ရွာေတြ႕ၿပီလား”
“ငါ သဲလြန္စေတာ့ရထားၿပီ၊ ၾကည့္ရတာ သူက မင္းကို တကယ္ပဲ ရင္ဆိုင္ခ်င္တာ ျဖစ္ေလာက္တယ္”
ထ်န္းက်န႔္က အထင္တေသးေျပာသည္။
“အမိန႔္ေပးတဲ့လူကေတာ့ ငါ ဆက္ၿပီး အေသးစိတ္က်က်စဳံစမ္းဖို႔ လိုအပ္ေနေသး တယ္”
သတင္းေၾကာင့္ ေက်နပ္သြားေသာ လုလင္က်စ္က မ်က္လုံးကို မွိတ္ထားသည္။ ထိုအခ်ိန္တြင္ ထ်န္းက်န႔္က ဆက္ေျပာလာ၏။
“အဲဒါထက္ ငါ မင္းကို ေနာက္ထပ္ေမးခ်င္တဲ့ကိစၥ ရွိေသးတယ္”
...
အပိုင္း (၈၈) အျခား လူတစ္ေယာက္က သူမအေပၚ ဆႏၵရွိလာတဲ့အခါ
လုလင္က်စ္က ထ်န္းက်န႔္၏ စိုးရိမ္ေသာအမူအရာကို ျမင္လိုက္သည္။ သူသာ သိနိုင္ေသာ အျခားအေၾကာင္းအရာ ရွိနိုင္ေၾကာင္း လုလင္က်စ္ ခံစားမိလိုက္၏။
“ဘာကိစၥလဲ၊ အဲဒီျမင္းနဲ႕ပတ္သက္ၿပီး တစ္ခုခု မွားေနလို႔လား”
လုလင္က်စ္က ေမးသည္။
ထ်န္းက်န႔္က ေခါင္းကို ညင္သာစြာခါသည္။
“ဒီကိစၥနဲ႕ပတ္သက္တာမ်ိဳး မဟုတ္ဘူး၊ ဒါက … ေယာင္ေယာင္နဲ႕ ပတ္သက္တယ္”
သူ၏တတိယညီမအေၾကာင္း ထည့္ေျပာလာေသာ လုလင္က်စ္က မ်က္ေမွာင္ၾကဳတ္သည္။
“ေယာင္ေယာင္က ဘာလုပ္လို႔လဲ”
ထိုအမတ္က တိတ္သြားျပန္သည္။ သူက မ်က္ေမွာင္ကိုၾကဳတ္ၿပီး အေတြးထဲ နစ္သြားပုံရ၏။
“ေယာင္ေယာင္က တကယ္ပဲ နယ္ၿမိဳ႕မွာ ႀကီးျပင္းလာခဲ့တာလား၊ ေယာင္ေယာင္ ယဲ့မိသားစုနဲ႕မ်ား သိလား၊ ေယာင္ေယာင့္ ၾကည့္ရတာ သူတို႔နဲ႕ ထူးျခားတဲ့ခံစားခ်က္ ရွိေနတဲ့ပုံပဲ”
ယဲ့မိသားစုအေၾကာင္း ထည့္ေျပာလာေသာေၾကာင့္ ထ်န္းက်န႔္၏ ေလသံက ခပ္တိုးတိုးအသံထက္ပင္ ပို၍ တိုးလ်သြားေသး၏။ သူ၏မိတ္ေဆြေရွ႕တြင္ သူ၏စိုးရိမ္မႈကို ထုတ္ေျပာေနျခင္းျဖစ္သည္။
လုေယာင္ေယာင္၏ ႐ုပ္ရည္ကို မျမင္ခင္က လုလင္က်စ္အတြက္ ယဲ့မိသားစုက ဘာအဓိပၸာယ္မွ မရွိေတာ့ေပ။ သို႔ေသာ္ သူ အဆိပ္ျဖင့္သတ္ခဲ့ေသာ ထိုအမ်ိဳးသမီးကို ျပန္သတိရခ်ိန္တိုင္း အနည္းငယ္ေသာရွက္႐ြံ႕မႈကို ခံစားရ႐ုံမွ်သာျဖစ္၏။
သို႔ရာတြင္ လုေယာင္ေယာင္က ယဲ့က်န္းႏွင့္ တစ္ေထရာတည္းနီးပါး တူညီေနသည္။ အသတ္ခံရၿပီးေနာက္ ယဲ့မိသားစုႏွင့္ ပတ္သက္ေသာ မွတ္ဉာဏ္မ်ားကို ခုခံနိုင္ရန္အတြက္ ေဖာ္ျပ၍မရေသာ ခံစားခ်က္တစ္မ်ိဳးက က်န္ရစ္ေနေသး၏။ လုေယာင္ေယာင္က ယဲ့က်န္းႏွင့္ ပတ္သက္ေသာ မွတ္ဉာဏ္မ်ားကို အျခားသူမ်ားအတြက္ ျပန္လည္ေခၚေဆာင္လာမည္ကို သူ စိုးရိမ္သည္။ သို႔ေသာ္ လက္ရွိသူ၏ညီမက ယခင္ဝမ္ေဖးအေၾကာင္း သိေနေၾကာင္း သူ သိလိုက္ရ၏။
“ေယာင္ေယာင္က တစ္ဘဝလုံးနီးပါး နယ္ၿမိဳ႕မွာေနခဲ့တာပါ၊ ေယာင္ေယာင္က ဘယ္လိုမ်ား ယဲ့မိသားစုအေၾကာင္းကို သိနိုင္ပါ့မလဲ၊”
လုလင္က်စ္က တိုက္ရိုက္ေျဖသည္။ မႏွစ္ၿမိဳ႕မႈကပင္ ပါလာေသး၏။
စိတ္မေအးေသးေသာ ထ်န္းက်န႔္က ယဲ့က်န္း၏စကားတိုင္းကို လုလင္က်စ္ကို ျပန္ေျပာသည္။ ျပန္ေျပာေလေလ လုလင္က်စ္ တုန္လႈပ္လာေလေလျဖစ္သည္။
“သူမ ၾကည့္ရတာ ယဲ့က်န္းနဲ႕ ရင္းႏွီးေနတဲ့ပုံပဲ၊ ေယာင္ေယာင့္ကို ဘယ္သူကမ်ား ဒီလိုအလိမ္အညာေတြ ေျပာလိုက္သလဲလို႔ မင္း စုံစမ္းသင့္တယ္”
လုေယာင္ေယာင္နဲ႕ယဲ့က်န္း လုေယာင္ေယာင္က သူမက ယခင္ဝမ္ေဖးနဲ႕ တူတာမ်ိဳးမ်ား သိသြားလို႔လား။
လုလင္က်စ္ ထိုအေတြးကို ဖယ္လိုက္သည္။
ေကာင္းကင္က သူ႕ကိုႏွိပ္စက္ရန္ လွည့္စားေနျခင္းျဖစ္ေလာက္သည္။
ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ယဲ့က်န္းနဲ႕တစ္ေထရာတည္းတူတဲ့ ေယာင္ေယာင့္ကို သူ႕အနားလႊတ္ၿပီး အဲဒီအမ်ိဳးသမီးအေပၚ သူ ဘာေတြ လုပ္ခဲ့သလဲဆိုတာ ျပန္သတိရေနေအာင္မ်ား ေကာင္းကင္က လွည့္စားေနခဲ့တာလား။
“ဘယ္သူလဲဆိုတာ ငါ သိတယ္”
လုလင္က်စ္က အႏၲရာယ္မ်ားေသာ ေလသံျဖင့္ေျပာသည္။
“ေယာင္ေယာင့္ရဲ႕အနားမွာရွိေနတဲ့ အဲဒီအမ်ိဳးသမီးက တကယ္ေတာ့ ယဲ့က်န္းရဲ႕ လက္ဦးဆရာပဲ”
ထ်န္းက်န႔္က ႐ုတ္တရက္ ေအးခဲသြားသည္။ သူ တစ္စုံတစ္ရာကို သတိရသြား၏။
“အဲဒီအမ်ိဳးသမီးက လွည့္ကြက္ေတြ သုံးနိုင္ေနတာပဲ၊ စိတ္မပူနဲ႕ ငါ ဂ႐ုစိုက္လိုက္မယ္”
အခ်ိဳ႕ကိစၥမ်ားက သည္အမတ္ကို လႊဲထားနိုင္သည္။ လုလင္က်စ္က သူ၏ေျခရာလက္ရာမ်ားကို ေဖ်ာက္ထားနိုင္၏။
“အဲဒီဆရာမက အင္အားႀကီးတဲ့မိသားစုက လာတယ္ပဲ ငါ သိထားတယ္၊ ငါ ၾကားထားတဲ့အတိုင္းဆိုရင္ ပထမဇနီးက ေမြးထားတာပဲ၊ သူမ အသက္ရွင္သမွ် ကာလပတ္လုံး ငါတို႔ သူမကို ထိလို႔မရနိုင္ေသးဘူး”
“ဒါဆိုရင္ ဒီအတိုင္း အဲဒီမိန္းမ ေယာင္ေယာင့္ရဲ႕စိတ္ကို အဆိပ္ခတ္ေနတာကို ငါတို႔ ခြင့္ျပဳထားရမွာလား”
ထ်န္းက်န႔္က ေမးသည္။
“စိတ္မေစာနဲ႕ ငါ တတိယညီမနဲ႕ စကားေျပာလိုက္မယ္”
လုလင္က်စ္က သက္ျပင္းခ်သည္။
ေယာင္ေယာင္ သူ႕အေပၚ အၿမဲတမ္းေအးစက္သလို ဆက္ဆံေနတာ အံ့ဩစရာမရွိေတာ့ဘူးပဲ၊ ဒါက ယဲ့မိသားစုနဲ႕ ပတ္သက္ၿပီး သူက မွားခဲ့တာလို႔ အဲဒီဆရာမက ေယာင္ေယာင့္ကို သင္ေပးထားခဲ့လို႔မ်ားလား။
ထ်န္းက်န႔္က သူ႕ကိုၾကည့္သည္။
“ေယာင္ေယာင္ကလည္း မင္းကိုသေဘာက်တယ္လို႔ ငါေတာ့ မထင္ပါဘူး၊ မင္း သူမကိုေျပာရင္ နားေထာင္မွာတဲ့လား”
သူ ဝန္ခံရမည္ကို မုန္းတီးေသာ္လည္း ထ်န္းက်န႔္ေျပာသည္က အမွန္တရားျဖစ္သည္။ လုလင္က်စ္၏ မ်က္ႏွာက ထိုစကားေၾကာင့္ မည္းေမွာင္သြား၏။
“ငါကိုယ္တိုင္ေျပာတာက အေကာင္းဆုံးပဲ”
ထ်န္းက်န႔္က သတိထားကာေျပာသည္။
“သူကသာ ထန္းမိသားစုအေၾကာင္း သိသြားခဲ့မယ္ဆိုရင္ ယဲ့မိသားစုက ေသဖို႔တန္မွန္း နားလည္သြားပါလိမ့္မယ္”
လုလင္က်စ္က ထ်န္းက်န႔္ထံသို႔ လည္ပင္းကိုလွည့္ကာ ေစာင့္ၾကည့္ၿပီး သတိေပးသလိုၾကည့္သည္။
“မင္း ေယာင္ေယာင္နဲ႕ေဝးေဝးေနရင္ ေကာင္းမယ္၊ ေယာင္ေယာင္က ငါ့ရဲ႕တတိယဦးေလးရဲ႕သမီး၊ ဒါက ငါ့ညီမပဲဆိုေပမဲ့ သူမကိုယ္တိုင္က လက္ထပ္ၿပီး အာဏာတိုးပြားေအာင္ လုပ္မဲ့ လက္ထပ္ပြဲစင္ေပၚကို တင္ေပးရမဲ့ အေနအထားမ်ိဳးမဟုတ္ဘူး၊ ငါတို႔ရဲ႕ တတိယဦးေလးက အမတ္တစ္ေယာက္နဲ႕ လက္ထပ္မွာကို သေဘာက် မွာမဟုတ္ဘူး”
လုလင္က်စ္က သူ၏စိတ္ကို အလြယ္တကူ ျမင္နိုင္ေနသည္။ သို႔ေသာ္ ထ်န္းက်န႔္က ရန္စခံရသလို မခံစားရေပ။
“ငါ့မွာမိဘေတြမွ မရွိတာ ေယာင္ေယာင္က အနာဂတ္မွာ မိသားစုဝင္ေဟာင္းေတြကို ေက်နပ္ေအာင္ လုပ္ေပးေနစရာမလိုဘူး၊ ငါ စိတ္ဝင္စားတဲ့ အျခားမိန္းမလည္း မရွိဘူး၊ ဘာလို႔ တတိယသခင္က သေဘာမတူရမွာလဲ”
သူ႕မိတ္ေဆြက တကယ္ပဲ အတည္ေျပာေနတာလား၊ ဘာပဲျဖစ္ျဖစ္ သူက လက္ထပ္ဖို႔အတြက္ တစ္ေလာကလုံးမွာ အေကာင္းဆုံးလူငယ္ေတြထဲက တစ္ေယာက္ ျဖစ္ေနေသးတာပဲေလ။
လုလင္က်စ္လည္း မသက္မသာ ခံစားေနရသည္။ သူ၏မိတ္ေဆြႏွင့္ စကားေျပာေနရင္းမွ သည္လိုအေျခအေန ျဖစ္လာမည္ဟု မထင္ထားမိေပ။
“မင္း ေယာင္ေယာင္ရဲ႕ဆႏၵကို ေလးစားရမယ္၊ ေယာင္ေယာင္က အမ်ိဳးသမီးအကယ္ဒမီကို တက္ခ်င္ေနတာ၊ ဒီေတာ့ လက္ထပ္ဖို႔ကိစၥ ဆႏၵရွိေနရင္ ေတာင္မွ အနည္းဆုံး ႏွစ္ႏွစ္ေလာက္ေတာ့ ေစာင့္ရအုံးမွာပဲ”
ထ်န္းက်န႔္က ရယ္သည္။
“ဟုတ္တယ္၊ ငါ အရင္ဆုံး ဒီႏွစ္ႏွစ္အတြင္းမွာ ေယာင္ေယာင္နဲ႕ ရင္းႏွီးေအာင္လုပ္ဖို႔ စဥ္းစားထားတယ္”
သူ တတိယသခင္မေလးလုကို ေလးစားသည္။ ထ်န္းက်န႔္က သည္အခ်က္အတြက္ ေသခ်ာ၏။ သူမကို သည္ႏွစ္အေတာအတြင္း ပိုးပန္းၿပီး ကမ္းလွမ္းလိုက္မည္ဆိုလွ်င္ သူ၏စစ္မွန္မႈကိုသာ သူမ နားလည္သြားခဲ့ပါက သူမအေနျဖင့္ သူ႕ကို ျငင္းစရာမရွိဟု ထင္သည္။
“ေယာင္ေယာင္က ေလာကအေၾကာင္း မသိေသးတဲ့ေကာင္မေလးပဲ၊ မင္း သူမရဲ႕ဂုဏ္သိကၡာကို ဖ်က္ဆီးရဲရင္ မင္းကို ခြင့္လႊတ္မွာမဟုတ္ဘူး”
လုလင္က်စ္က ေအးစက္စြာေျပာသည္။
ထ်န္းက်န႔္ကလည္း တည္ၿငိမ္စြာ ေခါင္းညိတ္သည္။
“ငါ အေလးတုံးရဲ႕အေလးခ်ိန္ကို နားလည္တယ္”