‘ဖြောင်းးးးးးး’
ရိုက်ချက်ပြင်းပြင်းနှင့်အတူ မြေပြင်ပေါ်သို့ ပုံခနဲလဲကျသွားတဲ့ ဟန်။ လိမ္မော်ရောင်ဆံနွယ်တွေဝဲခနဲ။မျက်နှာသည် လည်ထွက်သွားကာ စပ်ဖြင်းဖြင်းအထိအတွေ့နှင့်အတူ ညာဘက်ပါးပေါ်မှ နာကျင်မှု။ပူနွေးသွားတဲ့ ပါးပြင်လေးအား လက်ဖြင့်အုပ်ပြီးမနာသလို မျက်နှာထားဖြင့် ပြန်ထလိုက်သည်။
“ငါ့ဘ၀မှာ နောင်တရတဲ့ အမှားတစ်ခုကဘာလဲသိလား”
“......”
“နင့်ကို ငါ့တူမအဖြစ် ခေါ်လာခဲ့မိတာပဲ ဟန်
မိဘမဲ့တစ်ကောင်ကြွက်မို့လို့ သနားခဲ့မိတာ
ငါ့အတွက် ထာ၀ရ အမှားပဲ”
စကားအဆုံး၌ ဟန့်မျက်၀န်းကျဉ်းကျဉ်းလေးတွေကျယ်သွားကာ အန်တီ့စကားကို နားမလည်သလိုကြည့်လိုက်သည်။ ရင်ထဲဗလာကျင်းသွားတဲ့ခံစားချက်နဲ့အတူ စိတ်တွေသည် ဆောက်တည်ရာမရ။
ခံစားချက်တွေမဲ့လာရင် သေသွားတတ်တဲ့မျက်၀န်းတွေဟာ အန်တီ့တစ်ယောက်ကိုပဲ အကြောင်းမဲ့ကြည့်ပြီး နူတ်ဆိတ်နေခဲ့သည်။
“နင့်ကြောင့် ငါ့သားအခုလိုဖြစ်ရတာ ဟန်
နင်သာ သူ့ကို ဟိုတစ်ယောက်ဆီ မခေါ်သွားရင်ငါ့သားအခုချိန် အိမ်မှာစာကောင်းကောင်းလုပ်နေမှာအားလုံးက နင့်ကြောင့် နင်ကြောင့်!!!”
“အန်တီ.....”
“နင်က တစ်ကောင်ကြွက်ဘ၀မှာပဲ နေခဲ့သင့်တယ်”
“အန်တီ ဘယ်လိုပြောလိုက်တာလဲ...”
မယုံကြည်နိုင်တဲ့ မျက်၀န်းသေတွေနဲ့အတူ အသိညဏ်တွေက ဗလာနတ္ထိပဲ။ အန်တီဟာ သူ့အတွက်အမေလည်းဟုတ်သလို ၊ သိပ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်းဟုတ်တယ်။ အမေမရှိဘဲ ကြီးပြင်းလာတဲ့ ဘ၀တစ်ခုလုံး အန်တီကထိန်းကွပ်
ပေးခဲ့လို့ ။ အန်တီသာ မကယ်တင်ခဲ့ရင် သူ့ဘ၀ကြီးပျက်စီးရတော့မှာမို့။ အန်တီတို့မိသားစုရဲ့ကျေးဇူးတွေဟာ သူ့အတွက် ဒီတစ်သက် မဆပ်ကုန်နိုင်ဘူးလို့တောင် တွေးခဲ့တာ။ဒါကို အန်တီက ဘယ်လိုများ။
“ငါ့သားကို ဖျက်ဆီးတာလဲ နင်ပဲ
ငါ့သား နှလုံးရောဂါဖြစ်ရတာလဲ နင်ပဲ
ငါ့သားရဲ့ ကောင်းခြင်းတွေကို နင်ကပဲ ဖျက်စီးခဲ့တာကျေးဇူးပြုပြီး ငါတို့မိသားစုနဲ့ ထက်ပြီးမပတ်သက်ပါနဲ့တော့....”
“ရှေ့လျှောက် ငါ့သားနဲ့လည်း အဆက်အသွယ်မလုပ်နဲ့ ကုန်ကုန်ပြောမယ် သူဖုန်းဆက်လာရင်တောင်
နင် မကိုင်ပါနဲ့ ဟန်.....”
“အန်တီ! အန်တီ!”
သူ့ကိုကျောခိုင်းကာ ထွက်သွားဖို့ပြင်နေတဲ့
အန်တီ့လက်ကိုမရမက ဆွဲလိုက်သည်။ ငယ်လေးနဲ့သူနဲ့အဆက်အသွယ်ပြတ်လို့မဖြစ်ဘူး။ ငယ်လေးကသူ့အတွက်တစ်ယောက်ထဲသော မောင်လေးလေ။သူ့မှာတွယ်တာစရာဆိုလို့ ဒါလေးပဲရှိတာ။ ဘာလို့ခွဲချင်နေကြတာလဲ။
မျက်ရည်တွေကို ခပ်မြန်မြန်သုတ်ကာ ဟန်သည်အန်တီ့အရှေ့ကို ဒူးထောက်ချလိုက်သည်။ အန်တီသည် သူ့အားမကြည့်လာသလို ၊ ခြေသလုံးအားဖက်ထားတဲ့ ဟန့်လက်တွေကိုလည်းမခွာ။ လူသွားလူလာများတဲ့ ကော်ရစ်တာ၌ ပြုမှုနေသော ဒီအဖြစ်
အပျက်သည် အနည်းငယ်တော့ ရှက်စရာ။
“အဲ့လိုမလုပ်လိုက်ပါနဲ့! ငယ်လေးနဲ့ ဟန့်ကို မခွဲပါနဲ့အန်တီ ဟန်တောင်းဆိုတာပါ ဟန့်မှာ မောင်လေးတစ်ယောက်ထဲရှိလို့ ဟန့်မှာတွယ်တာစရာဆိုလို့သူပဲရှိတာ မခွဲလိုက်ပါနဲ့ အဆက်အသွယ်မဖြတ်လိုက်ပါနဲ့ ကျေးဇူးပြုပြီး.....ဟန် ဒီလိုမျိုး တောင်းဆိုပါတယ် ”
လက်နှစ်ဖက်ကို ပူးကပ်ကာ လက်ဖဝါးတွေပူထူသည်အထိ ဟန်သည် မျက်ရည်တွေအပြိုင်ပြိုင်နဲ့ကော်ရစ်တာ၌ တောင်းဆိုနေသည်။ အရှက်တရားလည်းမစဉ်းစားမိ။ မာနတွေနဲ့ ဂုဏ်တရားတွေလည်းဘယ်ရောက်နေလဲမသိ။ ရှေ့နေကြီးရဲ့ ပူဆွေးမှု
သည် သူ့မောင်လေးနဲ့ခွဲရလို့ဆိုတဲ့ အကြောင်းပြချက်ကို အမှုသည်တွေသိရင် လှောင်ရယ်နေပါအုံးမည်။
“ဟန်...ငါနင့်ကို တစ်ခွန်းပဲပြောမယ်”
“ပြောပါ ဘာပဲဖြစ်ဖြစ် ဟန်အကုန်လိုက်လျော-”
“ငါတို့မိသားစုရေစက် ဒီမှာတင် ပြီးပြီ”
“ရှင်....”
အန်တီသည် ခြေသလုံး၌ဖက်တွယ်ထားသောဟန့်လက်တွေကို ဖယ်ချကာ ကော်ရစ်တာမှထွက်သွားသည်။ ကျန်ခဲ့တဲ့ ဟန်ကတော့ ထိုနေရာလေးတင် မလူပ်မယှက်။ အသိအာရုံနဲ့ အကြားအာရုံကြား လွန်ဆွဲနေသည့် စကားသံတွေဟာ ထပ်တလဲလဲ သူ့ပတ်၀န်းကျင်၌ ညံနေသည်။
ခံစားချက်တွေ မဲ့လာတဲ့အခါ မျက်၀န်းသေတွေဖြစ်လာတတ်သလို အားနည်းချက်တွေ များသွားတဲ့အခါ ဘယ်လိုအသက်ဆက်ရှင်ရမလဲ။
ကျွန်မဟာ ငယ်လေးမရှိရင် မဖြစ်ပါဘူးလို့
မကြွေးကြော်ခဲ့ရုံတမယ် သိပ်ချစ်ခဲ့ပေမယ့်
ကျွန်မကို နှိပ်စက်နေတဲ့ အန်တီ့စကားတွေက
သိပ်အံ့ဩဖို့ကောင်းတာပဲ။
ဟန့်မှာ တွယ်တာစရာဆိုလို့ ငယ်လေးတစ်ယောက်ပဲရှိခဲ့တာပါ။ အားနည်းချက်ဆိုလို့ ငယ်လေးပဲရှိခဲ့တာ။ဒါကို ဘာလို့များ......။
####
ဆေးရုံခန်းထဲ အောက်ဆီဂျင်အကူအညီဖြင့်အသက်မှန်မှန်ရှူကာ အိပ်ပျော်နေသော ကလေးလေးကိုမှန်အပြင်မှကြည့်ရင်း သက်ပြင်းတွေချနေမိသည်။ဆရာ၀န်ပြောတာကတော့ နှလုံးအစားမထိုးနိုင်ရင်အသက်ရှင်ဖို့ ရာခိုင်နူန်းနည်းတယ်တဲ့။လူနာကရှော့
တအားရသွားပြီး နှလုံးက အရမ်းပင်ပန်းသွားတဲ့အပြင် သွေးကြောတွေက အလုပ်မလုပ်နိုင်တော့တာတဲ့။ သူ့ကလေးလေးကျမှ ဒီလိုအဖြစ်မျိုးတွေဖြစ်ရတယ်လို့။
“ဂျောင်”
ခေါ်သံသည် နားထဲကန့်လန့်။ ဘယ်သူမှန်းသိနေတာမို့လှည့်မကြည့်ဖြစ်သလို ထူးလည်းမထူးခဲ့။
“ဂျောင် ၀မ်ခေါ်နေတယ်လေ”
“ဂျောင်မရှိတော့ဘူး”
“ဟမ်”
“ဂျောင်လို့ မင်းခေါ်နေကျ မင်းသိပ်ချစ်တဲ့ကောင်မရှိတော့ဘူး။ မင်းလုပ်ရက်တွေကြောင့် အဲ့ကောင်ပျက်စီးသေဆုံးသွားပြီ...”
“ဂျောင်ကလည်း စကားကို ကြက်သီးထအောင်”
“ငါ့အသားကိုမထိနဲ့”
ဂျောင့်လက်မောင်းတွေကို ဆွဲကိုင်မလို့ပြင်လိုက်ရုံရှိသေး။ ဂျောင်ဟာ ခါးခါးသီးသီးငြင်းလွှတ်သည်။
“ကောင်းပြီလေ ဒါဆိုလည်း ကျွန်မ လိုရင်းပဲပြောမယ် ”
“ငါလည်း မင်းကိုလိုရင်းပဲပြောမယ်
မင်း ငါ့ချစ်သူကို ဘာတွေပြောလိုက်လို့ အဲ့လိုဖြစ်သွားရတာလဲ!”
စကားအဆုံး၌ ဂျောင်ဟာ သူ့ဘက်ကိုလှည့်လာသည်။ နီနီရဲရဲမျက်၀န်းတွေ။ ခြောက်နှစ်ကျော်ကာလလုံး တစ်ခါမှမကြည့်ခဲ့ဘူးတဲ့ အစိမ်းသက်သက်မျက်၀န်းတွေ။ နေသားမကျနေခဲ့ဘူး။
“၀မ် သူ့ကို ဘာမှမပြောဘူး ဒီတိုင်း...ဒီအတိုင်းစေ့စပ်ပွဲအကြောင်း အသိပေးရုံပဲ”
၀မ်သည် မျက်နှာတစ်ဖက်လွှဲကာ ဖြေ၏။
“ဘာ! မင်းကို ဘယ်သူကစေ့စပ်မယ်ပြောလို့
မင်းကပြောလိုက်တာလဲ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ!!”
“ငါ့ခွင့်ပြုချက်နဲ့ပဲ ဂျွန်ဂျောင်ဂု”
ကော်ရစ်တာမှ လျှောက်လာသည့် မေမေ့ရဲ့အသံ။မေမေနှင့်အတူ ဆော့ဂျင်မိဘနှစ်ပါးလည်းပါလာသည်။ ထိုအခါ ၀မ်သည် အားကိုးရသွားသလို မေမေတို့ထံ လှည့်ကာ သူ့ကိုပင်လှည့်မကြည့်တော့။
“မေမေ”
“အေး ငါ့ခွင့်ပြုချက်နဲ့ပဲ မင်း ၀မ်နဲ့စေ့စပ်ရမယ်လက်ထပ်ရမယ် မင်းအနေနဲ့ ဘယ်လိုမှ ငြင်းဆိုခွင့်မရှိဘူး”
“မေမေ ဘာလို့များ သားဆန္ဒကို မမေးဘဲလုပ်တာလဲ”
“မင်းရဲ့ဆန္ဒက ငါတို့ရဲ့ တားမြစ်ချက်ပဲလေ။
မင်းဆန္ဒက ဘာလဲဆိုတာ သိနေလို့ပဲ”
“ဟင့်အင်း မစေ့စပ်နိုင်ဘူး လုံး၀မစေ့စပ်ဘူး
သားယူမယ့်လူက ကင်ဆော့ဂျင်ပဲ ဆော့ဂျင်ပဲဖြစ်ရမယ်”
“မင်း လက်မခံရင် ငါ့သားကို နှလုံးအစားထိုးခွင့်မပြုဘဲ ဒီအတိုင်းထားလိုက်မှာ....”
ဆော့ဂျင်မေမေရဲ့ စကားကြောင့် ဦးဂျွန် အံ့ဩကာပါးစပ်ပင်မစိနိုင်။ လူကြီးတွေရက်စက်လိုက်ပုံများ။ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ထိုနေရာလေးတင်သူ့နားတွေကို မယုံနိုင်ဖြစ်သွားရသည်။
“အန်တီကင်မ်....အန်တီ့သားလေ"
“ဟုတ်တယ် ဆော့ဂျင်က ငါ့သားပဲ ဒါပေမယ့်
သူအခုလိုဖြစ်ရတာ မင်းကြောင့်။ မင်းမှာတာ၀န်အပြည့်အ၀ရှိတယ် အဲ့တာကြောင့် မင်း တာ၀န်ယူကိုယူရမယ်”
“ဒီနည်းလမ်းနဲ့လား....”
“မှန်တယ်။ မင်း ၀မ်နဲ့ စေ့စပ်မယ်ဆိုတဲ့ ကတိပေး ဒါဆို ငါ့သားကို နှလုံးအစားထိုးဖို့အတွက် အလှူရှင်ကို ငါကိုယ်တိုင် ခွင့်ပြုမယ်”
ဦးနှောက်တွေကို အများကြီးအလုပ်ပေးလိုက်ရသည်။ ဒါဟာ သူသိထားတဲ့ လူကြီးတွေမှဟုတ်ရဲ့လား။ ဒါဟာ သူနားလည်ထားတဲ့ မိဘတွေမှဟုတ်ရဲ့လား.....။
မေးခွန်းတွေသည် နားထဲတဝဲဝဲလည်ကာ ချွေးတွေပြန်လာသည်။ ယဲ့ယဲ့လေးသာ ကျန်တော့တဲ့စိတ်ခံစားချက်တွေ ။ ငရဲလမ်းမှာ အသွားအပြန်လုပ်နေရသလို ပူလောင်ခြင်းတွေ။ သူ့ကလေးလေးရှင်သန်နိုင်ဖို့ ဘာမဆိုပေးနိုင်တယ်လေ။ ဒါပေမယ့် အဲ့လိုပေးဆပ်တဲ့နည်လမ်းက ဟုတ်မှမဟုတ်ဘဲ။
“မင်းကဆရာ၀န်တစ်ယောက်ပါ လူနာတစ်ယောက်ရဲ့အခြေအနေကို မင်းအသိဆုံး....လူနာတစ်ခုခုဖြစ်ရင်တာ၀န်ယူရမှာ မင်းတို့ဆရာ၀န်တွေရဲ့ အလုပ်လေ”
လူကြီးတွေရဲ့ အကြည့်အားလုံးက သူ့ဆီပြုံ၍ကျရောက်နေသည်။ မေမေ့ရဲ့ အကြည့်စူးစူးတွေ။ဆော့ဂျင်မေမေရဲ့ နာကျည်းနေသောအကြည့်တွေ။
ရုတ်တရက် ကလေးလေးရဲ့ရယ်သံတွေနားထဲကြားယောင်မိတော့ လူသည် အတိတ်ကိုပြန်မြင်ယောင်မိသွားသည်။
ရယ်သံလွင်လွင်လေးတွေ.....
စိတ်ကောက်တဲ့အခါ ဖြစ်နေကျ မျက်နှာလေးတွေဆရာ၀န်နားကြပ်ကိုင်ပြီး သူနဲ့တူတူဆေးကုတဲ့ရက်တွေဆီပြန်ရောက်တော့ ငိုနေရင်းပင် ပြုံးလိုက်မိသွားသည်။
သူ့ပြန်လာတိုင်း အဆောင်အပေါက်၀က
ကြိုဆိုနေကျ အပြုံးလှလှတွေကို မြင်ယောင်တော့ပြုံးယောင်သန်းနေသော မျက်နှာဟာ ချက်ချင်းဆိုသလို တည်သွားကာ မျက်မှောင်တွေတွန့်ချိုးသွားသည်။
ဟုတ်တယ်။ သူ့ကလေးလေး အသက်ဆက်ရှင်မှဖြစ်မယ်။ သူ့ကလေးလေး ပျော်နေဖို့အတွက်နှလုံးကျန်းမာဖို့လိုတယ်။ သူကတော့ မေ့သွားမှာမဟုတ်ပေမယ့် ကလေးလေးကတော့အချိန်တန်ရင်အနည်ထိုင်သွားမယ်မလားဟင်။
အတူဖြတ်သန်းခဲ့တဲ့ရက်တွေ တွေးမိရင်
မျက်ရည်မကျနိုင်လောက်ဘူးမလား။
အချိန်တန်လို့ မေ့သွားတဲ့အခါ မတော်တဆ
ပခုံးချင်းတိုက်မိရင် သူနဲ့ပတ်သက်တဲ့ ခံစားချက်တွေ မကျန်နိုင်လောက်ဘူးထင်ပါတယ်။
ကလေးငယ်ဟာ ပင်မြင့်ထက်က ဖြစ်တည်မှုလေးမို့သူ အများကြီး မနစ်နာစေချင်ဘူး။ သူ့ဆုံးဖြတ်ချက်တွေကို ကလေးလေး နားလည်ပေးမယ်လို့လည်းမမျှော်လင့်ရဲဘူး။
ခုံတန်းလျားပေါ်၌ ထိုင်ချလိုက်သည်။ နံရံကိုကျောမှီကာ မျက်လုံးတွေကို မှိတ်ချရင်း......။
“မေမေတို့သဘောအတိုင်း စီစဉ်ပါ
သူ့နှလုံးလေး အကောင်းအတိုင်း ရှိမယ်ဆိုရင်ကျွန်တော့် နှလုံးကွဲရလည်း ဖြစ်ပါတယ်....”
ထိုအခါ ဆော့ဂျင်မေမေက ပြုံးကာ သူ့ဘေး၌လာ၍ထိုင်သည်။ ပခုံးတစ်ဖက်ကို ဆုပ်ကိုင်ရင်း......။
“သားဂျောင်က သဘောပေါက်လွယ်သားပဲ
မပူနဲ့နော် သားငယ်ရဲ့နှလုံးက မကြာခင် ပြန်ကောင်းတော့မှာ .....အလှူရှင်ကို အတတ်နိုင်ဆုံးရှာနေပြီ”
လူကြီးတွေကတော့ ရယ်ရယ်မောမော။ သူကတော့နံရံကိုကျောမှီကာ ကမ္ဘာတွေပျက်။ ညှိမရတဲ့ဇာတ်လမ်းတွေရဲ့အဆုံးကို ရောက်တဲ့အခါ သူ့ကြောင့်ဆိုပြီး ခေါင်းစဉ်တွေတပ်၊ အပြစ်တွေတင်ကြပေမယ့်တကယ်တမ်း သူလည်း ပင်ပန်းခဲ့တာပဲလေ။
သက်ပြင်းတွေ အကြိမ်ကြိမ်ချကာ ကော်ရစ်တာမှထွက်လာခဲ့သည်။ လူကြီးတွေကိုလည်း မနူတ်ဆက်နိုင်။ ၀မ်က သူ့လက်မောင်းကိုလာဆွဲပေမယ့်မသိသလိုသာ ဖြုတ်ချခဲ့သည်။ သူ့စိတ်တွေ သိပ်ပင်ပန်းနေပြီ။
“ဆရာ၀န်ကြီး....”
ကားပါကင်ကိုရောက်တော့ ခပ်သဲ့သဲ့လေးသာကြားလိုက်ရတဲ့ အသံလေး။ သိပ်ရင်းနှီးနေသည်။လှည့်ကြည့်လိုက်တော့ သူ့အား ခပ်လှမ်းလှမ်းမှ မျက်ရည်တွေနဲ့ပြုံးပြနေတဲ့ ဟန်အာလ်ဆူး.....။
“ဟန်....”
“ဒီအတိုင်းပဲ ပြီးသွားတော့မှာလားဟင်
ရှင်ကပဲဖြစ်ဖြစ် အတိုက်အခံလုပ်ပြီး ငယ်လေးအနားမှာ နေပေးလို့ မဖြစ်ဘူးလား....ဟင်”
မျက်ရည်တွေနဲ့ဟန့်ပုံရိပ်တွေ။ မြင်ဖူးသမျှထဲ
စိတ်အထိအခိုက်ရဆုံးပဲ။ ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ခက်ခဲနေတဲ့အချိန်မှာ ဟန်ကလည်းငိုနေသည်။လိမ္မော်ရောင်ဆံနွယ်လေးတွေသည် ဖရိုဖရဲနဲ့ဟန်လည်းသူ့ကို အတည်ခံစားနေရတာပင်။
“ကျွန်တော်.....လွန်ဆန်လိုက်ရင် သူတို့က
နှလုံးအစားထိုးဖို့ အလှူမခံပေးနိုင်ဘူးတဲ့....”
“ဘာ”
“ကျွန်တော် သိသိချင်း ကျွန်တော့်နှလုံးပေးလို့ရရင်ပေးဖို့အတွက်ဆိုပြီး သွေးစစ်ခဲ့သေးတယ်ကိုက်ညီမှုမရှိဘူး ဟန်....ကျွန်တော်
ရူးမလိုပဲ”
“အကြင်နားတရားတွေ ကင်းမဲ့လိုက်ကြတာ”
ဟန်သည် မျက်ရည်တွေကိုသုတ်လိုက် ။ ငိုလိုက်။တော်တော်ပင် ပြိုလဲနေသည်။ ရုတ်တရက် ဆံပင်တွေကို နားကြားညှပ်တော့ ဖြတ်ခနဲမြင်လိုက်ရတဲ့အနီရာကြောင့် ဆရာ၀န်ကြီးမျက်လုံးတွေဝိုင်းစက်သွားသည်။
“ဟန် ....ပါးက”
“ဘာမှမဟုတ်ပါဘူး ဒီတိုင်း”
“ရိုက်ခံလိုက်ရတာလား! ဘယ်သူရိုက်တာလဲ!”
အနားကိုကပ်ကာ အတင်းမေးတော့ ဟန်ကခေါင်းခါကာ ရှောင်သည်။
“ဟန်....ခင်ဗျားမောင်လေးသိရင် ခင်ဗျားကို
သေချာပေါက်ဆူမှာ! ဘယ်သူလဲ ပြောစမ်းပါ!”
“သူ့အမေ”
“ဟမ်”
“သူ့အမေ....သူ့အမေရိုက်လိုက်တာလို့!!
ဒီပါးကို လူရှေ့မှာ ရိုက်ခဲ့တာ သူ့အမေလို့!!”
ထိုမှ မျက်ရည်တွေပိုကျကာ ရှိုက်ကြီးတငင်ဖြင့်ငိုချလိုက်သော ဟန်။ မြေပြင်၌ထိုင်ချကာ ကလေးလေးလိုအော်ငိုလာသည့်ဟန်။ သိပ်ကိုသန်မာပါတယ်ဆိုတဲ့လူတွေ ပြိုလဲရင် ကမ္ဘာဟာနှစ်ဆပျက်သုန်းသလို။ ရိုက်ချင်းတွေပြင်းသည့်အခါ သံမဏိခဲလေးသည် မခံနိုင်ခဲ့။ ထပ်ခါတလဲလဲ နားထဲကြားခဲ့တဲ့စကားတွေ ပြန်ကြားတိုင်း မာနတွေ ခပ်သဲ့သဲ့ကြွေကုန်သည်။
ဆရာ၀န်ကြီးသည် ဘာမှဆက်မပြောတော့။ မြေပြင်ပေါ်ထိုင်ကာ ရှိုက်ကြီးတငင်ငိုနေသော ဟန့်ကိုဖွဖွလေးဖက်ထားပေးလိုက်သည်။ ဟန်သာ သူ့အတွက်မရီးတစ်ယောက်လို ၊ အစ်မတစ်ယောက်လို။ပြီးတော့ သူချစ်တဲ့ လူသားရဲ့ ဒိုင်းကာလေးလို။
####
လေးလံနေသော မျက်၀န်းတွေကိုဖွင့်ကာ ဆော့ဂျင်နိုးလာခဲ့သည်။ နိုးနိုးချင်း မြင်လိုက်ရသော မျက်နှာကျက်အဖြူနှင့်အတူ စူးရှနေသော မီးအလင်းရောင်။မျက်မှောင်ကျုံ့ကာ လက်ဖြင့် မျက်လုံးကိုကွယ်လိုက်မိသည်။
အရာရာကို ပြန်မှတ်မိဖို့ ကြိုးစားနေစဉ်မှာပဲ
အတွေးထဲ ဖြတ်ခနဲ၀င်လာတာ ဦးဂျွန်။
ချက်ချင်းဆိုသလို မျက်၀န်းတွေ ဝိုင်းစက်သွားကာဆက်ခနဲ ထထိုင်မိသည်။
“သားငယ်”
“မေမေ ဦးဂျွန်ရော! ဦးဂျွန် ဘယ်မှာလဲ မေမေ!သား သူ့ကိုတွေ့ချင်တယ် သူ့ကိုခေါ်ပေးပါ!”
“တော်စမ်း ကင်ဆော့ဂျင်!!!”
မေမေ့အော်သံကြောင့် ဆော့ဂျင်ကိုယ်လေး တုန်တက်သွားကာ ဇက်ကလေးပု၀င်သွားသည်။ မေမေ့ကိုကြည့်တော့ သူ့အားဒေါသထွက်ကာ မရိုက်ရုံတမယ်။ အခြေအနေကို နားမလည်သောကြောင့်မျက်တောင်လေး ပုတ်ခတ်ကာ ပတ်၀န်းကျင်ကိုအရင်ကြည့်လိုက်မိသည်။ အခန်းထဲမှာ မေမေရယ် သူရယ် နှစ်ယောက်ထဲရယ်ရှိသည်။
“ နင် အိပ်နေတာ တစ်ပတ်ကျော်သွားပြီ ဆော့ဂျင် နင့်ကိုယ်နင်လည်း သတိထားအုံး!”
“မေမေ ဘာတွေပြောနေတာလဲ”
“နင့်မှာနှလုံးရောဂါရှိတာ သိသိရက်နဲ့ ဘာလို့
မပြောပြခဲ့တာလဲ နင့်ကိုငါမွေးထားတာ အဲ့လို
မျိုသိပ်နေဖို့မှ မဟုတ်တာ.....အနည်းဆုံးတော့ငါတို့ကိုပြောပြသင့်တယ်လေ ”
“မဟုတ်ဘူး မေမေ အဲ့တာက”
“နင့်နှလုံးက အခု အစားထိုးရတော့မယ် ဆော့ဂျင်”
“ဗျာ!”
ဆော့ဂျင် လက်ဖျားလေးတွေ အေးစက်ကာထုံကျင်သွားသည်။ မျက်၀န်းလေးတွေ ငြိမ်သက်သွားကာအရောင်မရှိတော့။ အာစေးမိနေသလို ဘာမှအသံမထွက်လာ။ ဦးဂျွန် ဘယ်ရောက်နေတာလဲလို့ပဲစိတ်ထဲ အော်ဟစ်နေမိသည်။
“နင့်နှလုံးက အစားမထိုးရင် မရတော့ဘူး
နင့်ရောဂါကိုပဲ အာရုံစိုက်ထားစမ်းပါ
ကျန်တာ ခေါင်းထဲကထုတ်ထား!
ဘာအသံမှမကြားချင်ဘူး”
“မေမေ .....”
“ICU အခန်းထဲမှာ နင်သုံးရက်နေခဲ့ရတယ်
အဲ့သုံးရက်လုံးလည်း နင့်အဖေရော ငါပါ မနားခဲ့ရဘူး။ ဒီအခန်းထဲကိုရောက်တော့လည်း လေးရက်တောင် အိပ်နေခဲ့လို့ ငါတို့မှာ စိုးရိမ်ပူပန်ခဲ့ရတာ။ကျန်တာမထောက်ရင်တောင် အဲ့တစ်ပတ်စာကိုတော့ထောက်ပါ သားရယ် မေမေ့ကို သနားပါ .....”
“.....”
“အရာအားလုံးထက် မေမေက မေမေ့သားငယ်ကိုပဲဂရုစိုက်တာ သိတယ်မလား။ အဲ့တာကြောင့် မေမေ့ကိုသနားရင် ဘာမှမမေးဘဲ ကျန်းမာရေးကောင်းအောင်သာ နေပေးပါနော် ”
မျက်ရည်အဝိုင်းသားနဲ့မေမေ့မျက်နှာကိုမြင်တော့မေးခွန်းတွေများနေတဲ့ စိတ်တွေကို ပြန်လည်သိမ်းဆည်းထားလိုက်ရသည်။ မေမေလည်း သူ့ကိုစိတ်ပူနေခဲ့ရတာပဲလေ။ ဒီအချိန်မှာ ဒါတွေမမေးလိုက်သင့်ဘူး။ သူမှားသွားတယ်။ ဒါပေမယ့် ဦးဂျွန်က ဘယ်မှာလဲ။ မမဟန်ကရော။ နှစ်ယောက်လုံး သူ့ကိုထားခဲ့ပြီလား။ မဖြစ်နိုင်တာတွေ။
“သားတောင်းပန်ပါတယ် မေမေ
သားကျန်းမာအောင် နေပါ့မယ်
ဘာမှထက်မမေးတော့ပါဘူး”
“လိမ်မာလိုက်တာ မေမေ့သားလေးက....ခဏနော်မေမေ ဆရာ၀န်ကို သွားခေါ်ပေးမယ် သားလေးနိုးလာရင် ခေါ်ရမယ်လို့ ပြောထားလို့ ငြိမ်ငြိမ်လေးနေနော်”
မေမေ့ကိုခေါင်းငြိမ့်ပြတော့ မေမေက သူ့ခေါင်းကိုဖွဖွလေးပုတ်ကာ အခန်းအပြင်ကိုထွက်သွားသည်။မေမေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ဖုန်းကိုရှာမိသည်။ ကံကောင်းစွာဖြင့် ဗီရိုအံဆွဲထဲထည့်ထား
တာကိုတွေ့လိုက်ရသည်။ စက်ပိတ်ထားသောကြောင့်စက်ဖွင့်လိုက်သည်။ ဖုန်းပွင့်ပွင်းချင်း “ဦးဂျွန်”ဆိုတဲ့နာမည်ကိုနှိပ်လိုက်သည်။
“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
စက်ပိတ်ထားပါသဖြင့်~~~”
“ဟာ! ”
ဖုန်းချကာ မမဟန်ဆီ ထက်ခေါ်ကြည့်သည်။
“လူကြီးမင်းခေါ်သော တယ်လီဖုန်းမှာ
စက်ပိတ်ထားပါသဖြင့်~~~~”
နောက်ဆုံး မျှော်လင့်ချက်လည်း ကုန်သွားပြီမို့ဖုန်းကိုပြန်ပိတ်ကာ အံဆွဲထဲ ထည့်လိုက်တော့သည်။
ဦးဂျွန်နဲ့ မမဟန်က တကယ်ပဲ
သူ့ဆီ မလာတော့ဘူးလားဟင်.......။
TBC ....
“......”
####
“မမေေ ဘာလို့မြား သားဆန်ဒကို မမေးဘဲလုပျတာလဲ”
“မငျးရဲ့ဆန်ဒက ငါတို့ရဲ့ တားမွဈခကြျပဲလေ။
မငျးဆန်ဒက ဘာလဲဆိုတာ သိနလေို့ပဲ”
####
“.....”
TBC ....