ဆေးရုံအမည် - ရေးခေတ္တရာ
ဆေးရုံတည်နေရာ - ရန်ကုန်မြို့
ရေးခေတ္တရာဟု အမည်တွင်သည့် ဆေးရုံထဲ၌ ဂျူတီကုတ်အဖြူဝတ်ဆင်ထားသည့် ဒေါက်တာ ရိုင်းလ်စေတန်၏ အညိုရောင် မျက်ဝန်းများက ပျော်မြူးရိပ်တွေ ပြည့်လျှံနေလျက်။ ဂျူတီကုတ်အောက်ရှိ ခြေတံရှည်များက သူ့ဦးတည်ရာနေရာဆီသို့ အမြန်ရောက်ဖို့အတွက် တာဝန်ကျေစွာ ထမ်းဆောင်နေကြသည်။
ရိုင်းလ်စေတန် ဆေးရုံ၏ အမြင့်ဆုံးထပ်၌ တည်ရှိသည့် ဆေးရုံအုပ်၏ ရုံးခန်းဆီသို့ လျင်မြန်စွာ တက်လာခဲ့သည်။
နောက်ဆုံးတော့ သူ နှစ်ပတ်လုံး လွမ်းနေခဲ့ရသည့် ဒီဆေးရုံအုပ်ဖြစ်သည့် သူ့လိပ်ပြာလေးက သူ့ရင်ခွင်ထဲ ပြန်လည်ပျံသန်းရောက်ရှိလာခဲ့ပြီ။
ရုံးခန်းထဲ၌ ဖိုင်တွဲတွေစစ်ရင်း ရပ်စောင့်နေခဲ့သည့် ရေးခေတ္တရာတစ်ယောက် ဘယ်သောအခါမှ မရိုးနိုင်ဆဲ လာဗင်ဒါနံ့တွေ စွဲနေတတ်သည့် ကိုယ်သင်းနံ့အား ရလိုက်ချိန်၌ ချက်ချင်း နောက်လှည့်ကြည့်လိုက်မိသည်။
ထို့နောက် သူ့ထံသို့ အပြုံးတွေဖြင့် လှမ်းလာသည့် လက်နှစ်ဖက်နောက်ပစ်ကာ လျှောက်လာနေသော ကိုကို့ကို တွေ့လိုက်ရတာကြောင့် ရေး သူ့လက်နှစ်ဖက်အား ဘေးသို့ ချက်ချင်းဆန့်ကားပေးထားလိုက်မိသည်။
ရိုင်းလ်စေတန် သူ့လက်နောက်မှ လာဗင်ဒါ ပန်းစည်းအား လက်တစ်ဖက်ဖြင့် ပြောင်းကိုင်လိုက်ရင်း ရင်ဖွင့်ပေးထားသည့် သူ့အမျိုးသားအား သူ့လက်မောင်းကြားထဲ အမြန်ပွေ့ဖက်ထားလိုက်ရပြီး နှစ်ပတ်လုံး လွမ်းနေရသည့် ကောင်လေး၏ လည်တိုင်ထက်သို့ နှာခေါင်းနစ်ဝင်လိုက်မိတော့၏။
"ကိုယ် မင်းကို လွမ်းလိုက်ရတာကွာ။ ရော့. . .ဒါ ဘေဘီ အိမ်ပြန်လာတာကို ကြိုဆိုတဲ့အနေနဲ့ မနက်က ဝင်ဝယ်လာခဲ့တာ"
ရေး ကိုကို့လက်ထဲက လာဗင်ဒါပန်းစည်းကို တစ်ချက်ငုံ့နမ်းလိုက်ပြီး ကိုကို့နှုတ်ခမ်းတွေကိုတော့ ခြေဖျားထောက်ရင်း အဆက်မပြတ် တဖွဖွ လှမ်းနမ်းနေမိ၏။
ဒီအမျိုးသားရဲ့ ကိုယ်သင်းနံ့ရမှပဲ ရေး သူ လွမ်းနေတာတွေ အနည်းငယ် နေသာထိုင်သာ ရှိသွားတာကြောင့် နောက်ဆို ကိုကို့ကို အကြာကြီးထားခဲ့ပြီး လျှောက်မသွားတော့ဖို့ပင် ဆုံးဖြတ်ထားလိုက်မိသည်။
ညညတွေ ကိုကို့အသံလောက်သာ ကြားရပြီး နမ်းလို့လည်း မရဘဲ တစ်ယောက်တည်း အိပ်ရတာ သူ အလွန်အထီးကျန်လှပါ၏။
ရိုင်းလ်ခမျာ ခေတ္တရာ၏ မပျော်မရွှင်ဖြစ်နေပုံရသည့် ဟော်မုန်းတွေအား သူပါ ခံစားမိလာတာကြောင့် ရိုင်းလ်စေတန် သူ့ကောင်လေး၏ ပခုံးနှစ်ဖက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ရင်း သူ့ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်ရကာ-
"ဘေဘီ အဆင်ပြေရဲ့လား၊ ဘာလို့လဲ၊ ပုဂံမှာ မပျော်ခဲ့ဘူးလား။ အန်တီတို့အိမ်မှာ တစ်ခုခုဖြစ်လာလို့လား"
"လွမ်းဖျားလွမ်းနာကျနေတာလေ၊ ကိုကို ကျွန်တော့်ကို စမ်းကြည့်ဦး၊ ကိုကို့ကို လွမ်းရလွန်းလို့ နှလုံးသားလေး နေမကောင်းဖြစ်နေတယ်"
"ဟက်၊ ဒါဆို နေ့လယ်စာ နောက်မှပဲ စားတော့၊ ကိုယ် အခုချက်ချင်း ပျောက်သွားအောင် ကုပေးမယ်"
ရိုင်းလ် ထိုကောင်လေး၏ ခါးကို သူ့လက်နှစ်ဖက်ဖြင့် ချက်ချင်းဖယ်တွယ်လိုက်ရင်း သူ ခေတ္တရာအား ကြမ်းပြင်မှ ကြွသွားအောင်ပင် ချီမလိုက်ပြီး နံရံဖြင့် ကပ်ဖိထားလိုက်ရကာ ခပ်ကြမ်းကြမ်း ငုံ့မိုးနမ်းရှိုက်လိုက်မိသည်။
ရေးခမျာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ အဖိခံလိုက်ရတာကြောင့် သူ့လက်ထဲမှ ပန်းစည်းအား ခုံပေါ် ပစ်တင်လိုက်ရင်း ကိုကို့ရင်ဘတ်အား ခဏတွန်းထားရသည်။
"ကိုကို ခဏ၊ ကျွန်တော် ကားအဝေးကြီး မောင်းလာရတာ ခါးနာနေလို့ ဆိုဖာပေါ် သွားရအောင်"
ဆေးရုံအုပ်ရဲ့ ရုံးခန်းမို့ အခေါ်မရှိဘဲ မည်သူမျှဝင်မရသလို၊ သူတို့နှစ်ယောက်က နေရာမရွေး တူတူနေတတ်ကြသည့် စုံတွဲမို့ နှစ်ယောက်လုံး နမ်းနေရက်နဲ့ပဲ ဆိုဖာပေါ် ဘယ်လိုရောက်သွားကြမှန်းပင် မသိလိုက်။
ဆိုဖာအောက်၌ ရိုင်းလ်၏ ဂျူတီကုတ်သာမက ရှပ်အင်္ကျီများပါ တစ်နေရာစီ ပစ်ထုတ်ခြင်း ခံထားရသည်။
"ကိုကိုက ဂျူတီကုတ်နဲ့ ကြည့်ကောင်းပေမယ့် အခုလို ဘာမှမဝတ်ထားတာက ပိုကြည့်ကောင်းတယ်"
ကျောပြင်အပြည့် လိပ်ပြာ tattoo ပိုင်ဆိုင်ထားသည့် ရိုင်းလ်၏ မျက်လုံးများက သူ့ရင်ခွင်အောက်က မှင်သက်စွာ ငေးကြည့်လောက်ရအောင် လှပလွန်းသည့် လိပ်ပြာလေးအား အတောင်ပါမကျန် ဝါးစားမိတော့မတတ် ရီဝေလာခဲ့တာကြောင့် နှစ်ပတ်လုံး အသံပဲ ကြားခဲ့ရသည့် ခေတ္တရာ၏ တစ်ကိုယ်လုံးကို ဖျစ်ညှစ် ပွတ်သပ်နေမိသလို၊ ခဏအတွင်းပင် သူ့အား ရန်စနေသည့် ကောင်လေး ကိုယ်ပေါ်က အတွင်းခံပါ မကျန်အောင် ဖယ်ရှားပစ်လိုက်ပြီးပြီဖြစ်သည်။
"အိုခေ၊ နောက်တစ်နာရီလောက်ဆို ဘေဘီ ကိုယ့်ကို အဲ့လို ထပ်ပြောနိုင်ဦးမလား စမ်းကြည့်ရအောင်"
ရေးခေတ္တရာ ဆိုဖာပေါ်မှနေ အခန်းဝကို ခေါင်းထောင်ကြည့်လိုက်မိ၏။ ကိုကို တံခါးလော့ချလာပုံရတာကို မြင်လိုက်ရတာကြောင့် စိတ်အေးလက်အေး ပြန်လှဲအိပ်သွားကာ သူ့ပေါင်တံတစ်ဖက်အား ဆိုဖာနောက်ကျောပေါ် မြှောက်တင်ပေးထားလိုက်ပြီး သူ့ခြေတံများအား ကိုကို့အောက်၌ လုံလောက်စွာ ကားပေးထားလိုက်ရင်း မျက်စိတစ်ဖက် မှိတ်ပြလိုက်မိ၏။
ထို့အတွက်ကြောင့် ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်ပေါ်၌ လာဗင်ဒါနံ့တွေ နေရာအနှံ့ စွဲကျန်ခဲ့ရသည်။
"အာ့~ ကိုကို ဖြည်းဖြည်း၊ ဖြည်းဖြည်းလုပ်"
နေ့လယ်စာ စားချိန်ကိုပင် ကျော်သွားပြီးချိန်၌ ရေးခမျာ အော်သံပင် မထွက်နိုင်တော့ပြီဖြစ်သည်။ သူ ဒီလန်ဒန်က လူမိုက်ကြီးအား ရန်မစကောင်းဆိုတာ သိသော်ငြား ဒီလူ့အား အခုလို အမှတ်မရှိ မြှူဆွယ်ရတာကိုလည်း အလွန် ခရေစီ ဖြစ်ဖြစ်နေခဲ့သည်။ အဆုံးသတ်၌ သူ့ထံတွင် ထွက်စရာ အရည်ပင် တစ်စက်မှ မကျန်တော့တာကြောင့် အလံဖြူ ထောင်ပြလိုက်ရတော့သည်။
"အာ့~အာ့~ ကိုကို့ကို ချစ်လို့ စတာဆို၊ တော်ချင်ပြီ၊ ကျွန်တော် မခံနိုင်တော့ဘူး"
သူ့ကိုယ်ပေါ်၌ အပြည့်အဝ အုပ်မိုးထားကာ အောက်ပိုင်းကို စည်းချက်ကျစွာ လှုပ်ရှားလိုက်၊ ပြိုင်မြင်းတစ်ကောင်လို ကြမ်းကြမ်းတမ်းတမ်း ဆောင့်သွင်းလိုက်ဖြင့် တစ်လှည့်စီ ဆက်တိုက်လှုပ်ရှားနေသည့် ကိုကို့၏ ခါးလှုပ်ရှားမှုများ တိခနဲ ရပ်တန့်သွား၏။ ထို့နောက် သူ့အား ပြုံးကြည့်လာရင်း ငုံ့ကိုင်းလာကာ သူ့လည်တိုင်ကြား၌ မျက်နှာအပ်လာပြီး ချက်ချင်းပေးနားလာခဲ့သည်။
ရိုင်းလ်စေတန်အတွက် ဒါက နောက်တစ်ချီ ပြန်စဖြစ်သွားတာမို့ သူ့ဖက်ကတော့ မပြီးသေးသော်ငြား အခုမှ ခရီးက ပြန်ရောက်လာသည့် ကလေးကို ဆေးထိုးပေးရပြီး နှစ်ရက်သုံးရက် အိပ်ရာထဲ လဲသွားမှာမျိုး မဖြစ်စေချင်တာကြောင့် အမြဲလိုလို သူတို့ဆိုသည်မှာ နေရာဒေသမရွေး အခုလို တူတူနေတတ်ကြသူ ဖြစ်လင့်ကစား ခေတ္တရာဖက်မှ တော်ချင်ပြီဆိုလျှင် ရိုင်းလ်ဖက်မှ ယခုကဲ့သို့ ချက်ချင်း ရပ်တန့်ပေးလိုက်ဖို့ ဝန်မလေးပါပေ။
သူ့ဖက်မှလည်း တစ်ကြိမ် ဆန္ဒပြည့်ပြီးသွားပြီမို့ ကျန်သည့်ကိစ္စကို သူ့လက်နဲ့ပဲ ဖြေရှင်းလိုက်တော့သလို၊ ခေတ္တရာဖက်မှလည်း သူ့ကိစ္စအား တခြားနည်းလမ်းနှစ်သွယ်ဖြင့် ပြီးမြောက်အောင် လုပ်ပေးလာခဲ့သည်။
သူ့အောက်၌ နေ့တိုင်း နေ့တိုင်း၊ နေရာတိုင်း နေရာတိုင်း နှစ်ပေါင်းများစွာ လိုလိုချင်ချင် ရှိနေပေးခဲ့သည့် ခေတ္တရာ၏ ခံနိုင်ရည်လစ်မစ်ကို ရိုင်းလ် အမြဲအလေးထားနေဆဲပါပင်။
.
.
ရိုင်းလ်စေတန် ဒီရုံးခန်းထဲမှာပဲ ရေပြန်ချိုးလိုက်ရကာ အဝတ်အစားတွေ သပ်ရပ်စွာ ဝတ်ဆင်ပြီး ပြန်ထွက်လာခဲ့သည်။
သူ့နှင်းဖြူလုံးလေးကတော့ ဆိုဖာပေါ်ရှိ စောင်အောက်ထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပေပြီ။
ထို့အတွက် ရိုင်းလ် ထိုကလေးအား ခဏ သေချာအနားပြန်ယူစေချင်တာကြောင့် ခေတ္တရာအတွက် ဆိုဖာဘေး၌ စာကပ်ခဲ့သည်။ ထို့နောက် အခန်းလော့ချခဲ့ပြီး ဆေးရုံအုပ်အား အနှောင့်အယှက်မပေးသေးဖို့ အတွင်းရေးမှူးကို မှာခဲ့ရပြီး လူနာတွေရှိရာ ပြန်ဆင်းလာခဲ့ရသည်။
-----------------------------
ရေး ပြန်နိုးလာချိန်၌ သူ့ဘေး၌ ကပ်ထားသည့် စာရွက်ကို လှမ်းကြည့်လိုက်ရသည်။
ကိုကို သူနဲ့အတူတူ နေ့လယ်စာစားဖို့ လူနာတွေကြည့်ရင်း စောင့်နေသည်ဆိုသည့် စာရွက်လေးကို ရေး ပြုံးကြည့်လိုက်မိသည်။
ဒီလူမိုက်လိုလူက တကယ့်ဆရာဝန်ရော ဟုတ်ရဲ့လားဆိုပြီး တွေးခဲ့မိတဲ့ အချိန်တွေအတွက် ကိုကို သူ့အား အတိုးချပြီး သက်သေပြန်ပြနေသည့်အလားပင်။
.
.
ရိုင်းလ်စေတန် ရှေးအက္ခရာ၏ အခန်းထဲ၌ လူနာဖိုင်တွဲအား သေချာကြည့်လိုက်ရင်း ရှေးရှေ့ ခဏဝင်ထိုင်လိုက်ရသည်။
"ရှေး. .ဆရာ့ကို မှတ်မိတယ်မလား"
သူ့ကို လာကြည့်သည့် ဆရာဝန်တွေက တစ်ယောက်ထဲ မဟုတ်။ ထိုအထဲမှ ဒီဒေါက်တာ့ဆီက လာဗင်ဒါနံ့တွေကြောင့် ရှေး ကွဲကွဲပြားပြား မှတ်မိနေရခြင်းဖြစ်သည်။
"ဟုတ်"
"မင်း စကားပြန်ပြောလာနိုင်တာ ဆရာ တကယ် ဝမ်းသာတယ်။ နောက်တစ်ပတ်ဆို မျက်ကြည်လွှာအလှူရှင်လည်း ထပ်ရထားလို့ ခွဲခန်းပြန်ဝင်ရမှာမို့ အားတင်းထား"
ထိုကောင်လေး ခေါင်းညိတ်ပြလာတာကြောင့် ခွဲစိတ်မှု၏ နောက်ဆက်တွဲ အခြေအနေကို လူနာနှင့် လူနာရှင်တွေအား ရှင်းပြထားဖို့ တာဝန်ရှိတာကြောင့် အခန်းထဲ၌ ရှိနေသည့် လူနာ၏အဖေ ဦးမင်းမြတ်နှင့် ရှေးအား-
"ဆရာ မင်းအမျိုးသားကိုတော့ ရှင်းပြထားပြီးပြီ။ မင်းရဲ့ ခုခံအားစနစ်က ရှားမှရှားထဲ ပါနေလို့ ဒီခွဲစိတ်မှုကလည်း ငါးဆယ်၊ ငါးဆယ်ပဲ။ မင်း အရှေ့မှာလည်း ခွဲခန်း ခဏခဏဝင်ထားရတော့ ဒီတစ်ခါ မအောင်မြင်ရင် မင်းအသက်ကိုပါ လက်လွှတ်ရနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်"
ရှေး သူ့ရှေ့က ဒေါက်တာ့အား မှန်းပြီး လိုက်စမ်းလိုက်ရကာ ထိုဒေါက်တာ့၏လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားလိုက်ရင်း-
"အဲ့အလှူရှင်က ကျွန်တော့်အမျိုးသားတော့ မဟုတ်ဘူးမလား၊ ကျွန်တော် ဒီတစ်ခါ မအောင်မြင်လို့ သေသွားရလည်း ဖြစ်ပေမယ့် ကျွန်တော် ပြန်မြင်လာရရင် သူ့ကို အရင်ဆုံး ပြန်မြင်ရမှာ ဖြစ်မှာ။ ဘာလို့ ကျွန်တော့်ကျမှ အရာရာ ခက်ခဲနေရတာလဲ။ ငယ်ငယ်ကလည်း ယာယီဆွံ့အသွားတာပါဆိုပြီး ဆယ်နှစ်ကျော်တောင် ကြာခဲ့တယ်။ ဘာလို့ ကျွန်တော်ပဲ အခုလို ဖြစ်နေရတာလဲ။ ကျွန်တော် လူကောင်းမဟုတ်ပေမယ့် လူဆိုးလည်း မဟုတ်ဘူး။ အဲ့ဒါကို ဘာလို့ ကျွန်တော်ပဲ နာကျင်နေရတာလဲ!!!"
ထိုကောင်လေး သူ့လက်အား ဒေါသတကြီး လှုပ်ရမ်းနေရာမှ သူ စကားစပြောနိုင်စ အချိန်မို့ စိတ်တွေယောက်ယက်ခတ်နေသည်ဟု သူ့အမျိုးသားဆီမှ သိထားပြီးဖြစ်သလို၊ ရိုင်းလ်ကိုယ်တိုင်လည်း စိတ်ကျန်းမာရေး အကျဉ်းထောင်ထဲ၌ အချိန်တွေ ကုန်ဆုံးဖူးတာမို့ ရှေး၏ စိတ်အခြေအနေကိုပါ သူ အချိန်မီ ကုသပေးနေဖြစ်ခဲ့ပြီဖြစ်သည်။
ရေးခေတ္တရာ ကိုကိုရှိနေသည့် အခန်းကို မေးမြန်းလာခဲ့ရရင်း ထိုအခန်းရှေ့ရောက်လာခဲ့စဉ် တဝုန်းဝုန်း တဒိုင်းဒိုင်း ပေါက်ကွဲပြုတ်ကျသံတွေကြောင့် အခန်းထဲ ဝင်ဖို့ မှန်ချပ်တွေကြားမှ အရင်ကြည့်လိုက်မိစဉ် ထိုအခန်းရှေ့ရှိ သက်တော်စောင့်ဟု ထင်ရသည့် လူတွေထဲမှ တစ်ယောက် အမြန်ပြေးဝင်သွားတာကြောင့် ရေး အပြင်၌သာ အရင်ရပ်ကြည့်နေလိုက်ရသည်။
"သား~ဒေါက်တာ့ကိုပါ ခိုက်မိကုန်လိမ့်မယ်လေ။ စိတ်ထိန်း"
ရှေးတစ်ယောက် သူ့အား ပွေ့ဖက်လာသည့် ဦးသီဟအား ဒေါသတကြီး တွန်းထုတ်နေပြန်တာကြောင့် ရိုင်းလ်စေတန် ထိုကောင်လေးအား စိတ်ငြိမ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေရသည်။
"ထွက်သွား၊ ခင်ဗျားလည်း ထွက်သွား၊ ဒါ ခင်ဗျားဖြစ်စေချင်တဲ့ အခြေအနေပဲလေ။ ဘာလို့လဲ!!! ဘာလို့ ကျွန်တော့်ကို အသေမသတ်ဘဲ အခုလို ဒုက္ခိတဖြစ်အောင်ပဲ လုပ်ထားရတာလဲ။ တွေ့လား၊ ကျွန်တော် တစ်နေ့လုံး ငိုနေလို့ ကိုကိုကပါ အနားမှာ မနေချင်တော့ဘူး။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ၊ အခုလို အကျယ်ကြီး အော်ပြီး အဆက်မပြတ် ငိုချင်နေတာ ဘယ်လိုလုပ်ရမလဲ။ မျက်ရည်တွေက သူ့အလိုလိုကျလာတာ ဘယ်လိုလုပ်ရမလဲ"
ရှေးတစ်ယောက် သူ့ကမ္ဘာကြီး ယခုလို အမှောင်ကျနေတာကို လက်မခံနိုင်ဖြစ်နေတာမို့ သူ့အသံပြန်ထွက်လာခဲ့တာကိုတောင် မပျော်နိုင်ဖြစ်နေခဲ့ကာ၊ သူ့အဖေရင်းက သူ့အပေါ် လုပ်ရက်တာကိုလည်း အလွန်အမင်း နာကျင်နေရပါသည်။
ရိုင်းလ်တစ်ယောက် သူ့လက်ဖျံပေါ် ဖျတ်ခနဲ ထိုးစိုက်လာခဲ့သည့် ဖန်ကွဲစကို ရှောင်လိုက်သော်လည်း ဒီကောင်လေးကို ဆေးထိုးပေးရမှာမို့ သေချာထိန်းချုပ်ထားရကာ ဒီလူနာ၌ မိသားစုရေးရာ ပြဿနာတွေပါ ရှိနေပုံရတာကို ခန့်မှန်းလိုက်မိ၏။
အော်ဟစ်သောင်းကျန်းနေသည့် ရှေးအား ဒေါက်တာနှင့် သက်တော်စောင့်ကြီးတို့ ထိန်းမရဖြစ်နေတာအတွက် ဦးမင်းမြတ် အမြန်ထရပ်လိုက်ရတော့ကာ မင်းမဟော်ထိုက်ကိုပဲ ခေါ်လိုက်ရတော့မယ့်ပုံပင်။ ရှေးကို သေချာထိန်းနိုင်သည့် ဇာဏီထွဋ်ခေါင်က ဇာမ့်အား အပြစ်ပေးဖို့ ထွက်သွားတာကြောင့် ဆေးရုံထဲ၌ မရှိ။
နောက်ဆုံးတော့ ရိုင်းလ်စေတန် ထိုလူနာအား ဦးသီဟဖက်မှ ဝိုင်းချုပ်နှောင်ပေးထားသည့် အကူအညီဖြင့် အောင်မြင်စွာ ဆေးထိုးပေးလိုက်နိုင်ခဲ့သည်။
ရေးခေတ္တရာ သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး ကိုကို့နားမှာ ကူပေးမယ့် တခြားဆရာ၊ ဆရာမတွေလည်း မတွေ့မိတာကြောင့် ဖုန်းလှမ်းဆက်ခေါ်ပေးဖို့ ပြင်လိုက်စဉ် သူ့လက်ကောက်ဝတ်ကို ချိုးပစ်တော့မတတ် ဆွဲလိမ်လာသည့် အမျိုးသားတစ်ယောက် သူ့ဘေး ရောက်လာခဲ့သည်။
ရေး ထိုလူ့အား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ချက်ချင်း စိုက်ကြည့်လိုက်မိသည်။ သူ အခုလေးတင်မှ တူတူနေခဲ့ပြီးတာကြောင့် သူ့အသားတွေနာနေသေးလေသည်။
"ခင်ဗျား အခု ဘာလုပ်နေတာလဲ"
မင်းမဟော်ထိုက် ထိုကောင်လေး၏ လက်အား ဆတ်ခနဲ ဆွဲလှန်ပစ်လိုက်ပြီး ထိုကောင်လေးလက်ထဲမှ ဖုန်းကို လွတ်ကျသွားအောင် လုပ်ပစ်လိုက်ရသည်။ ထို့နောက် သူ့ခြေရင်းနား ကျလာသည့် ထိုကောင်လေး၏ ဖုန်းကို သူ့ရှူးဖိနပ်ဖြင့် နင်းချပစ်လိုက်ရသည်။
"ခင်ဗျား! မင်း ငါ့ဖုန်းကို ဘာလို့ဖျက်ဆီးနေတာလဲ"
"မင်း သတင်းယူနေတယ်ဆို ဒီနေရာက လစ်လိုက်တော့"
မင်းမဟော်ထိုက်အနေဖြင့် ခုလေးတင်မှ ရှေးနှင့်ဇာဏီ့ကို ကင်မရာတွေကြားက ခေါ်ထုတ်ထားခဲ့ရတာမို့ ခိုးကြောင်ခိုးဝှက်လုပ်နေသည့် ဒီကောင်လေးကိုလည်း ပါပါရာဇီဟု အထင်ရှိနေခဲ့သည်။
ရေး ထိုလူ့အား အရင်လိုအစွမ်းနဲ့သာဆို ကျိန်ဆဲမိသွားမှာ အသေအချာ။
"ဘယ်သတင်းကို ယူရမှာလဲ။ မင်း ငါ ဘယ်သူလဲဆိုတာ မသိဘူးမလား၊ ငါ. .ဒီဆေးရုံ. ."
မင်းမဟော်ထိုက် ထိုကောင်လေး၏ လက်ကို ပြန်လွှတ်ပေးလိုက်ရင်း-
"မင်း ဘယ်သူလဲဆိုတာ စိတ်မဝင်စားတာမို့ ဒီအခန်းရှေ့ကသာ မြန်မြန်ကြွ၊ သတင်းယူချင်လို့ပဲ ချောင်းနေနေ၊ အပျင်းပြေ ပွဲကြည့်ချင်လို့ပဲ ရပ်နေနေ လစ်တော့"
ပြောပြီးတာနဲ့ မင်းမဟော်ထိုက် အခန်းထဲ အမြန်ဝင်သွားလိုက်တာမို့ ရေးတစ်ယောက် သူ့ဖုန်းကို ဗလိုင်းကြီး ချေမွသွားသည့် ထိုကောင့်အား ကျိန်ဆဲနေမိတော့သည်။
"အဲ့ဖန်ကွဲစတွေ သူ့ခြေထောက်ကို စူးစမ်း၊ စူးစမ်း၊ မျက်နှာကြက်လိုက် အဲ့လူခေါင်းပေါ် ပိကျလိုက်စမ်းပါ"
ဘာအစွမ်းမှ မရှိတော့သည့် ရေးအတွက် အချိုးမပြေသည့် လူနာစောင့်အား ဒီဆေးရုံပေါ်က မောင်းထုတ်ခိုင်းဖို့ ထိုအခန်းရှေ့မှ ထွက်သွားတော့သည်။
--------------------
နေ့လယ်စာ စားရန်အတွက် ရောက်နေကြသည့် တိတ်တိတ်ဆိတ်ဆိတ် ရှိသည့် စားသောက်ဆိုင်လေးထဲ၌ ရေးခေတ္တရာ၏ ဒေါသများအား ဆွဲယူပစ်လိုက်သလို ပျောက်သွားစေသည့် လာဗင်ဒါနံ့ပိုင်ရှင် ဘဲကြီးကြောင့် ရေး ထိုအချိုးမပြေလူအား မေ့သွားခဲ့ကာ ကိုကို့လက်မှ ဒဏ်ရာကိုသာ အုံဖွ အခါခါ လုပ်ပေးနေမိတော့သည်။
"ကိုကို နောက်တစ်ခါ လူနာကြည့်ရင် တခြားသူတွေကိုပါ ကူဖို့ခေါ်ထားလေ"
"ကိုယ် သူ့ကို ခွဲစိတ်မှု နောက်ဆက်တွဲ အခြေအနေ သေချာပြောချင်လို့ တစ်ယောက်တည်း ကျန်ဖြစ်ခဲ့သွားတာပါ။ အဲ့ကောင်လေး အခုလို ရုတ်တရက် သောင်းကျန်းလာမယ်လည်း မထင်ထားလိုက်ဘူးလေ"
ရေး လူနာစောင့်ဖြစ်သည့် ခုနလူအား တော်တော်လေး စိတ်ဆိုးမိသွားခဲ့သော်ငြား ကိုကိုပြောပြသလောက် လူနာ၏ အခြေအနေကို သိလိုက်ရပြီးပြီမို့ ထိုကောင်လေးအပေါ် ကရုဏာ သက်သွားမိသည်။
ရိုင်းလ်စေတန် သူ့ကလေး စားဖို့ အသားများကို ကိုယ်တိုင်လှီးဖြတ်ပေးနေစဉ် ခေတ္တရာ ရုတ်တရက်ကြီး လက်နှစ်ဖက်အား ယှက်တွယ်လိုက်ပြီး ရင်ဘတ်၌ ကပ်ထားကာ နှုတ်ခမ်းလှုပ်ရုံသာ တတွတ်တွတ် ရွတ်ဆိုနေခဲ့တာကြောင့်-
"ဘေဘီ ဘာတွေ လျှောက်ရွတ်နေပြန်ပြီလဲ၊ လိမ်မာတယ်၊ စားတော့နော်"
"ကိုကိုသိလား၊ ကျွန်တော့်ပါးစပ်က ထွက်သမျှ ကျိန်စာတွေ အစွမ်းထက်ခဲ့သလိုပဲ ကျွန်တော့်နှုတ်က ဆုတောင်းတွေကလည်း အလုပ်ဖြစ်ရင် သိပ်ကောင်းမှာပဲ။ ကျွန်တော် ခုန ကောင်လေး ခွဲစိတ်တာ အောင်မြင်ဖို့ ဆုတောင်းပေးနေတာ"
ရေးတစ်ယောက် သူ ကျိန်စာတွေ တိုက်ဖူးတဲ့အချိန်တွေတုန်းကလိုပဲ သူ့စိတ်အာရုံအားလုံးကို ထိုကောင်လေးအတွက် ဆုတောင်းပေးနေခြင်းအမှု၌ အသုံးချနေမိသည်။
အသားတွေအားလုံး တစ်ကိုက်စီစာ လှီးဖြတ်ပေးပြီးသွားပြီဖြစ်သည့် ရိုင်းလ်စေတန် ထိုကောင်လေး ဆုတောင်းနေတာအား မေးထောက်ပြီး ထိုင်ငေးနေမိခဲ့သည်။
သူတို့ အိမ်ထောင်သက် ကြာလာပြီဖြစ်သော်လည်း ခေတ္တရာအား သူ မြတ်နိုးမိနေဆဲပါပင်။ ချစ်မဝ ဖြစ်နေဆဲပါပင်။
ရိုင်းလ်စေတန် ခရမ်းဖျော့ရောင် ရှပ်အင်္ကျီဝတ်ဆင်ထားသည့် သူ့နှင်းဖြူလုံးလေး၏ ပါးကို ခပ်ဖွဖွ နမ်းလိုက်ရပြီး သူ့ကလေးလေးက ပင်ပန်းထားတာမို့ အစားဝင်အောင် စားတော့ဖို့ ပြောနေရသည်။
ထို့အတွက် ရေးခေတ္တရာ သူ့ပန်းကန်ထဲမှ အသားတွေကို ခက်ရင်းဖြင့် ထိုးစိုက်ပြီး မစားရသေးခင် ကိုကို့နှုတ်ခမ်းတွေအား မီနူးစာရွက်ကွယ်ပြီး အရင် စားသုံးလိုက်မိသည်။
သူ ကိုကို့အား လူတွေကြား နမ်းရတာ ပိုတောင် သဘောကျနေပြီမို့ အခုက လန်ဒန်မှာ မဟုတ်တာကြောင့်သာ ခပ်တိုတို အနမ်းပဲ ပေးလိုက်ရ၏။
သူဆိုသည်မှာ ကိုကို့အား အချိန်ပြည့်နမ်းချင်နေသူ ဖြစ်လင့်ကစား ဒီတစ်ခါ အနမ်းကတော့ ကိုကို့လက်မှ ဒဏ်ရာ အမြန်သက်သာပါစေကြောင်း၊ သူ့အနမ်းတွေကြောင့် ကိုကို့နာကျင်မှု နည်းနည်းလောက် လျော့သွားပါစေကြောင်း ရည်ရွယ်ရင်း နမ်းလိုက်တာ ဖြစ်ပါသည်။
___________________________________________
A/N
RyeRay couple ကို လွမ်းနေတာမို့ အခုရေးလက်စ The Loudest Silence မှာ အလွမ်းပြေ ဇာတ်တစ်ကွက်စာလောက် ထည့်ဖို့ ရည်ရွယ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ကို မသိတဲ့ စာဖတ်သူတွေအတွက် အနှောင့်အယှက်နဲ့ ဖတ်ရတာ ကန့်လန့်ကြီးလို ဖြစ်သွားမှာစိုးလို့ ဟိုမှာ ဆက်မထည့်တော့ဘဲ ဒီမှာပဲ Extra အဖြစ်ထုတ်ရေးဖြစ်သွားတာပါ။
ဒီအတွဲကို လွမ်းနေခဲ့တယ်ဆို ခဏဖြစ်ဖြစ် အလွမ်းပြေသွားစေဖို့ ရည်ရွယ်ပါတယ်။ ဒေါက်တာကိုကိုက သူ့လိပ်ပြာလေးကို အခုချိန်ထိ မြတ်နိုးနေဆဲပါပဲတဲ့။
ရေးကိုရော ရှေးကိုပါ သဘောကျပေးခဲ့လို့လည်း တကယ် ကျေးဇူးအများကြီး တင်မိပါတယ်။
___________________________________________
[Zawgyi]
ေဆး႐ုံအမည္ - ေရးေခတၱရာ
ေဆး႐ုံတည္ေနရာ - ရန္ကုန္ၿမိဳ႕
ေရးေခတၱရာဟု အမည္တြင္သည့္ ေဆး႐ုံထဲ၌ ဂ်ဴတီကုတ္အျဖဴဝတ္ဆင္ထားသည့္ ေဒါက္တာ ရိုင္းလ္ေစတန္၏ အညိုေရာင္ မ်က္ဝန္းမ်ားက ေပ်ာ္ျမဴးရိပ္ေတြ ျပည့္လွ်ံေနလ်က္။ ဂ်ဴတီကုတ္ေအာက္ရွိ ေျခတံရွည္မ်ားက သူ႕ဦးတည္ရာေနရာဆီသို႔ အျမန္ေရာက္ဖို႔အတြက္ တာဝန္ေက်စြာ ထမ္းေဆာင္ေနၾကသည္။
ရိုင္းလ္ေစတန္ ေဆး႐ုံ၏ အျမင့္ဆုံးထပ္၌ တည္ရွိသည့္ ေဆး႐ုံအုပ္၏ ႐ုံးခန္းဆီသို႔ လ်င္ျမန္စြာ တက္လာခဲ့သည္။
ေနာက္ဆုံးေတာ့ သူ ႏွစ္ပတ္လုံး လြမ္းေနခဲ့ရသည့္ ဒီေဆး႐ုံအုပ္ျဖစ္သည့္ သူ႕လိပ္ျပာေလးက သူ႕ရင္ခြင္ထဲ ျပန္လည္ပ်ံသန္းေရာက္ရွိလာခဲ့ၿပီ။
႐ုံးခန္းထဲ၌ ဖိုင္တြဲေတြစစ္ရင္း ရပ္ေစာင့္ေနခဲ့သည့္ ေရးေခတၱရာတစ္ေယာက္ ဘယ္ေသာအခါမွ မရိုးနိုင္ဆဲ လာဗင္ဒါနံ႕ေတြ စြဲေနတတ္သည့္ ကိုယ္သင္းနံ႕အား ရလိုက္ခ်ိန္၌ ခ်က္ခ်င္း ေနာက္လွည့္ၾကည့္လိုက္မိသည္။
ထို႔ေနာက္ သူ႕ထံသို႔ အၿပဳံးေတြျဖင့္ လွမ္းလာသည့္ လက္ႏွစ္ဖက္ေနာက္ပစ္ကာ ေလွ်ာက္လာေနေသာ ကိုကို႔ကို ေတြ႕လိုက္ရတာေၾကာင့္ ေရး သူ႕လက္ႏွစ္ဖက္အား ေဘးသို႔ ခ်က္ခ်င္းဆန႔္ကားေပးထားလိုက္မိသည္။
ရိုင္းလ္ေစတန္ သူ႕လက္ေနာက္မွ လာဗင္ဒါ ပန္းစည္းအား လက္တစ္ဖက္ျဖင့္ ေျပာင္းကိုင္လိုက္ရင္း ရင္ဖြင့္ေပးထားသည့္ သူ႕အမ်ိဳးသားအား သူ႕လက္ေမာင္းၾကားထဲ အျမန္ေပြ႕ဖက္ထားလိုက္ရၿပီး ႏွစ္ပတ္လုံး လြမ္းေနရသည့္ ေကာင္ေလး၏ လည္တိုင္ထက္သို႔ ႏွာေခါင္းနစ္ဝင္လိုက္မိေတာ့၏။
"ကိုယ္ မင္းကို လြမ္းလိုက္ရတာကြာ။ ေရာ့. . .ဒါ ေဘဘီ အိမ္ျပန္လာတာကို ႀကိဳဆိုတဲ့အေနနဲ႕ မနက္က ဝင္ဝယ္လာခဲ့တာ"
ေရး ကိုကို႔လက္ထဲက လာဗင္ဒါပန္းစည္းကို တစ္ခ်က္ငုံ႕နမ္းလိုက္ၿပီး ကိုကို႔ႏႈတ္ခမ္းေတြကိုေတာ့ ေျခဖ်ားေထာက္ရင္း အဆက္မျပတ္ တဖြဖြ လွမ္းနမ္းေနမိ၏။
ဒီအမ်ိဳးသားရဲ႕ ကိုယ္သင္းနံ႕ရမွပဲ ေရး သူ လြမ္းေနတာေတြ အနည္းငယ္ ေနသာထိုင္သာ ရွိသြားတာေၾကာင့္ ေနာက္ဆို ကိုကို႔ကို အၾကာႀကီးထားခဲ့ၿပီး ေလွ်ာက္မသြားေတာ့ဖို႔ပင္ ဆုံးျဖတ္ထားလိုက္မိသည္။
ညညေတြ ကိုကို႔အသံေလာက္သာ ၾကားရၿပီး နမ္းလို႔လည္း မရဘဲ တစ္ေယာက္တည္း အိပ္ရတာ သူ အလြန္အထီးက်န္လွပါ၏။
ရိုင္းလ္ခမ်ာ ေခတၱရာ၏ မေပ်ာ္မ႐ႊင္ျဖစ္ေနပုံရသည့္ ေဟာ္မုန္းေတြအား သူပါ ခံစားမိလာတာေၾကာင့္ ရိုင္းလ္ေစတန္ သူ႕ေကာင္ေလး၏ ပခုံးႏွစ္ဖက္ကို ၿမဲၿမံစြာ ဆုပ္ကိုင္လိုက္ရင္း သူ႕ခႏၶာကိုယ္ကို ငုံ႕ကိုင္းလိုက္ရကာ-
"ေဘဘီ အဆင္ေျပရဲ႕လား၊ ဘာလို႔လဲ၊ ပုဂံမွာ မေပ်ာ္ခဲ့ဘူးလား။ အန္တီတို႔အိမ္မွာ တစ္ခုခုျဖစ္လာလို႔လား"
"လြမ္းဖ်ားလြမ္းနာက်ေနတာေလ၊ ကိုကို ကြၽန္ေတာ့္ကို စမ္းၾကည့္ဦး၊ ကိုကို႔ကို လြမ္းရလြန္းလို႔ ႏွလုံးသားေလး ေနမေကာင္းျဖစ္ေနတယ္"
"ဟက္၊ ဒါဆို ေန႕လယ္စာ ေနာက္မွပဲ စားေတာ့၊ ကိုယ္ အခုခ်က္ခ်င္း ေပ်ာက္သြားေအာင္ ကုေပးမယ္"
ရိုင္းလ္ ထိုေကာင္ေလး၏ ခါးကို သူ႕လက္ႏွစ္ဖက္ျဖင့္ ခ်က္ခ်င္းဖယ္တြယ္လိုက္ရင္း သူ ေခတၱရာအား ၾကမ္းျပင္မွ ႂကြသြားေအာင္ပင္ ခ်ီမလိုက္ၿပီး နံရံျဖင့္ ကပ္ဖိထားလိုက္ရကာ ခပ္ၾကမ္းၾကမ္း ငုံ႕မိုးနမ္းရွိုက္လိုက္မိသည္။
ေရးခမ်ာ တုံ႕ျပန္ခ်ိန္ပင္ မရလိုက္ဘဲ အဖိခံလိုက္ရတာေၾကာင့္ သူ႕လက္ထဲမွ ပန္းစည္းအား ခုံေပၚ ပစ္တင္လိုက္ရင္း ကိုကို႔ရင္ဘတ္အား ခဏတြန္းထားရသည္။
"ကိုကို ခဏ၊ ကြၽန္ေတာ္ ကားအေဝးႀကီး ေမာင္းလာရတာ ခါးနာေနလို႔ ဆိုဖာေပၚ သြားရေအာင္"
ေဆး႐ုံအုပ္ရဲ႕ ႐ုံးခန္းမို႔ အေခၚမရွိဘဲ မည္သူမွ်ဝင္မရသလို၊ သူတို႔ႏွစ္ေယာက္က ေနရာမေ႐ြး တူတူေနတတ္ၾကသည့္ စုံတြဲမို႔ ႏွစ္ေယာက္လုံး နမ္းေနရက္နဲ႕ပဲ ဆိုဖာေပၚ ဘယ္လိုေရာက္သြားၾကမွန္းပင္ မသိလိုက္။
ဆိုဖာေအာက္၌ ရိုင္းလ္၏ ဂ်ဴတီကုတ္သာမက ရွပ္အကၤ်ီမ်ားပါ တစ္ေနရာစီ ပစ္ထုတ္ျခင္း ခံထားရသည္။
"ကိုကိုက ဂ်ဴတီကုတ္နဲ႕ ၾကည့္ေကာင္းေပမယ့္ အခုလို ဘာမွမဝတ္ထားတာက ပိုၾကည့္ေကာင္းတယ္"
ေက်ာျပင္အျပည့္ လိပ္ျပာ tattoo ပိုင္ဆိုင္ထားသည့္ ရိုင္းလ္၏ မ်က္လုံးမ်ားက သူ႕ရင္ခြင္ေအာက္က မွင္သက္စြာ ေငးၾကည့္ေလာက္ရေအာင္ လွပလြန္းသည့္ လိပ္ျပာေလးအား အေတာင္ပါမက်န္ ဝါးစားမိေတာ့မတတ္ ရီေဝလာခဲ့တာေၾကာင့္ ႏွစ္ပတ္လုံး အသံပဲ ၾကားခဲ့ရသည့္ ေခတၱရာ၏ တစ္ကိုယ္လုံးကို ဖ်စ္ညွစ္ ပြတ္သပ္ေနမိသလို၊ ခဏအတြင္းပင္ သူ႕အား ရန္စေနသည့္ ေကာင္ေလး ကိုယ္ေပၚက အတြင္းခံပါ မက်န္ေအာင္ ဖယ္ရွားပစ္လိုက္ၿပီးၿပီျဖစ္သည္။
"အိုေခ၊ ေနာက္တစ္နာရီေလာက္ဆို ေဘဘီ ကိုယ့္ကို အဲ့လို ထပ္ေျပာနိုင္ဦးမလား စမ္းၾကည့္ရေအာင္"
ေရးေခတၱရာ ဆိုဖာေပၚမွေန အခန္းဝကို ေခါင္းေထာင္ၾကည့္လိုက္မိ၏။ ကိုကို တံခါးေလာ့ခ်လာပုံရတာကို ျမင္လိုက္ရတာေၾကာင့္ စိတ္ေအးလက္ေအး ျပန္လွဲအိပ္သြားကာ သူ႕ေပါင္တံတစ္ဖက္အား ဆိုဖာေနာက္ေက်ာေပၚ ျမႇောက္တင္ေပးထားလိုက္ၿပီး သူ႕ေျခတံမ်ားအား ကိုကို႔ေအာက္၌ လုံေလာက္စြာ ကားေပးထားလိုက္ရင္း မ်က္စိတစ္ဖက္ မွိတ္ျပလိုက္မိ၏။
ထို႔အတြက္ေၾကာင့္ ရလဒ္အေနျဖင့္ သူ႕ခႏၶာကိုယ္ေပၚ၌ လာဗင္ဒါနံ႕ေတြ ေနရာအႏွံ႕ စြဲက်န္ခဲ့ရသည္။
"အာ့~ ကိုကို ျဖည္းျဖည္း၊ ျဖည္းျဖည္းလုပ္"
ေန႕လယ္စာ စားခ်ိန္ကိုပင္ ေက်ာ္သြားၿပီးခ်ိန္၌ ေရးခမ်ာ ေအာ္သံပင္ မထြက္နိုင္ေတာ့ၿပီျဖစ္သည္။ သူ ဒီလန္ဒန္က လူမိုက္ႀကီးအား ရန္မစေကာင္းဆိုတာ သိေသာ္ျငား ဒီလူ႕အား အခုလို အမွတ္မရွိ ျမႇူဆြယ္ရတာကိုလည္း အလြန္ ခေရစီ ျဖစ္ျဖစ္ေနခဲ့သည္။ အဆုံးသတ္၌ သူ႕ထံတြင္ ထြက္စရာ အရည္ပင္ တစ္စက္မွ မက်န္ေတာ့တာေၾကာင့္ အလံျဖဴ ေထာင္ျပလိုက္ရေတာ့သည္။
"အာ့~အာ့~ ကိုကို႔ကို ခ်စ္လို႔ စတာဆို၊ ေတာ္ခ်င္ၿပီ၊ ကြၽန္ေတာ္ မခံနိုင္ေတာ့ဘူး"
သူ႕ကိုယ္ေပၚ၌ အျပည့္အဝ အုပ္မိုးထားကာ ေအာက္ပိုင္းကို စည္းခ်က္က်စြာ လႈပ္ရွားလိုက္၊ ၿပိဳင္ျမင္းတစ္ေကာင္လို ၾကမ္းၾကမ္းတမ္းတမ္း ေဆာင့္သြင္းလိုက္ျဖင့္ တစ္လွည့္စီ ဆက္တိုက္လႈပ္ရွားေနသည့္ ကိုကို႔၏ ခါးလႈပ္ရွားမႈမ်ား တိခနဲ ရပ္တန႔္သြား၏။ ထို႔ေနာက္ သူ႕အား ၿပဳံးၾကည့္လာရင္း ငုံ႕ကိုင္းလာကာ သူ႕လည္တိုင္ၾကား၌ မ်က္ႏွာအပ္လာၿပီး ခ်က္ခ်င္းေပးနားလာခဲ့သည္။
ရိုင္းလ္ေစတန္အတြက္ ဒါက ေနာက္တစ္ခ်ီ ျပန္စျဖစ္သြားတာမို႔ သူ႕ဖက္ကေတာ့ မၿပီးေသးေသာ္ျငား အခုမွ ခရီးက ျပန္ေရာက္လာသည့္ ကေလးကို ေဆးထိုးေပးရၿပီး ႏွစ္ရက္သုံးရက္ အိပ္ရာထဲ လဲသြားမွာမ်ိဳး မျဖစ္ေစခ်င္တာေၾကာင့္ အၿမဲလိုလို သူတို႔ဆိုသည္မွာ ေနရာေဒသမေ႐ြး အခုလို တူတူေနတတ္ၾကသူ ျဖစ္လင့္ကစား ေခတၱရာဖက္မွ ေတာ္ခ်င္ၿပီဆိုလွ်င္ ရိုင္းလ္ဖက္မွ ယခုကဲ့သို႔ ခ်က္ခ်င္း ရပ္တန႔္ေပးလိုက္ဖို႔ ဝန္မေလးပါေပ။
သူ႕ဖက္မွလည္း တစ္ႀကိမ္ ဆႏၵျပည့္ၿပီးသြားၿပီမို႔ က်န္သည့္ကိစၥကို သူ႕လက္နဲ႕ပဲ ေျဖရွင္းလိုက္ေတာ့သလို၊ ေခတၱရာဖက္မွလည္း သူ႕ကိစၥအား တျခားနည္းလမ္းႏွစ္သြယ္ျဖင့္ ၿပီးေျမာက္ေအာင္ လုပ္ေပးလာခဲ့သည္။
သူ႕ေအာက္၌ ေန႕တိုင္း ေန႕တိုင္း၊ ေနရာတိုင္း ေနရာတိုင္း ႏွစ္ေပါင္းမ်ားစြာ လိုလိုခ်င္ခ်င္ ရွိေနေပးခဲ့သည့္ ေခတၱရာ၏ ခံနိုင္ရည္လစ္မစ္ကို ရိုင္းလ္ အၿမဲအေလးထားေနဆဲပါပင္။
.
.
ရိုင္းလ္ေစတန္ ဒီ႐ုံးခန္းထဲမွာပဲ ေရျပန္ခ်ိဳးလိုက္ရကာ အဝတ္အစားေတြ သပ္ရပ္စြာ ဝတ္ဆင္ၿပီး ျပန္ထြက္လာခဲ့သည္။
သူ႕ႏွင္းျဖဴလုံးေလးကေတာ့ ဆိုဖာေပၚရွိ ေစာင္ေအာက္ထဲ၌ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနေပၿပီ။
ထို႔အတြက္ ရိုင္းလ္ ထိုကေလးအား ခဏ ေသခ်ာအနားျပန္ယူေစခ်င္တာေၾကာင့္ ေခတၱရာအတြက္ ဆိုဖာေဘး၌ စာကပ္ခဲ့သည္။ ထို႔ေနာက္ အခန္းေလာ့ခ်ခဲ့ၿပီး ေဆး႐ုံအုပ္အား အေႏွာင့္အယွက္မေပးေသးဖို႔ အတြင္းေရးမႉးကို မွာခဲ့ရၿပီး လူနာေတြရွိရာ ျပန္ဆင္းလာခဲ့ရသည္။
-----------------------------
ေရး ျပန္နိုးလာခ်ိန္၌ သူ႕ေဘး၌ ကပ္ထားသည့္ စာ႐ြက္ကို လွမ္းၾကည့္လိုက္ရသည္။
ကိုကို သူနဲ႕အတူတူ ေန႕လယ္စာစားဖို႔ လူနာေတြၾကည့္ရင္း ေစာင့္ေနသည္ဆိုသည့္ စာ႐ြက္ေလးကို ေရး ၿပဳံးၾကည့္လိုက္မိသည္။
ဒီလူမိုက္လိုလူက တကယ့္ဆရာဝန္ေရာ ဟုတ္ရဲ႕လားဆိုၿပီး ေတြးခဲ့မိတဲ့ အခ်ိန္ေတြအတြက္ ကိုကို သူ႕အား အတိုးခ်ၿပီး သက္ေသျပန္ျပေနသည့္အလားပင္။
.
.
ရိုင္းလ္ေစတန္ ေရွးအကၡရာ၏ အခန္းထဲ၌ လူနာဖိုင္တြဲအား ေသခ်ာၾကည့္လိုက္ရင္း ေရွးေရွ႕ ခဏဝင္ထိုင္လိုက္ရသည္။
"ေရွး. .ဆရာ့ကို မွတ္မိတယ္မလား"
သူ႕ကို လာၾကည့္သည့္ ဆရာဝန္ေတြက တစ္ေယာက္ထဲ မဟုတ္။ ထိုအထဲမွ ဒီေဒါက္တာ့ဆီက လာဗင္ဒါနံ႕ေတြေၾကာင့္ ေရွး ကြဲကြဲျပားျပား မွတ္မိေနရျခင္းျဖစ္သည္။
"ဟုတ္"
"မင္း စကားျပန္ေျပာလာနိုင္တာ ဆရာ တကယ္ ဝမ္းသာတယ္။ ေနာက္တစ္ပတ္ဆို မ်က္ၾကည္လႊာအလႉရွင္လည္း ထပ္ရထားလို႔ ခြဲခန္းျပန္ဝင္ရမွာမို႔ အားတင္းထား"
ထိုေကာင္ေလး ေခါင္းညိတ္ျပလာတာေၾကာင့္ ခြဲစိတ္မႈ၏ ေနာက္ဆက္တြဲ အေျခအေနကို လူနာႏွင့္ လူနာရွင္ေတြအား ရွင္းျပထားဖို႔ တာဝန္ရွိတာေၾကာင့္ အခန္းထဲ၌ ရွိေနသည့္ လူနာ၏အေဖ ဦးမင္းျမတ္ႏွင့္ ေရွးအား-
"ဆရာ မင္းအမ်ိဳးသားကိုေတာ့ ရွင္းျပထားၿပီးၿပီ။ မင္းရဲ႕ ခုခံအားစနစ္က ရွားမွရွားထဲ ပါေနလို႔ ဒီခြဲစိတ္မႈကလည္း ငါးဆယ္၊ ငါးဆယ္ပဲ။ မင္း အေရွ႕မွာလည္း ခြဲခန္း ခဏခဏဝင္ထားရေတာ့ ဒီတစ္ခါ မေအာင္ျမင္ရင္ မင္းအသက္ကိုပါ လက္လႊတ္ရနိုင္တဲ့အထိ ျဖစ္သြားနိုင္တယ္"
ေရွး သူ႕ေရွ႕က ေဒါက္တာ့အား မွန္းၿပီး လိုက္စမ္းလိုက္ရကာ ထိုေဒါက္တာ့၏လက္ကို အားကိုးတႀကီး ဆုပ္ကိုင္ထားလိုက္ရင္း-
"အဲ့အလႉရွင္က ကြၽန္ေတာ့္အမ်ိဳးသားေတာ့ မဟုတ္ဘူးမလား၊ ကြၽန္ေတာ္ ဒီတစ္ခါ မေအာင္ျမင္လို႔ ေသသြားရလည္း ျဖစ္ေပမယ့္ ကြၽန္ေတာ္ ျပန္ျမင္လာရရင္ သူ႕ကို အရင္ဆုံး ျပန္ျမင္ရမွာ ျဖစ္မွာ။ ဘာလို႔ ကြၽန္ေတာ့္က်မွ အရာရာ ခက္ခဲေနရတာလဲ။ ငယ္ငယ္ကလည္း ယာယီဆြံ႕အသြားတာပါဆိုၿပီး ဆယ္ႏွစ္ေက်ာ္ေတာင္ ၾကာခဲ့တယ္။ ဘာလို႔ ကြၽန္ေတာ္ပဲ အခုလို ျဖစ္ေနရတာလဲ။ ကြၽန္ေတာ္ လူေကာင္းမဟုတ္ေပမယ့္ လူဆိုးလည္း မဟုတ္ဘူး။ အဲ့ဒါကို ဘာလို႔ ကြၽန္ေတာ္ပဲ နာက်င္ေနရတာလဲ!!!"
ထိုေကာင္ေလး သူ႕လက္အား ေဒါသတႀကီး လႈပ္ရမ္းေနရာမွ သူ စကားစေျပာနိုင္စ အခ်ိန္မို႔ စိတ္ေတြေယာက္ယက္ခတ္ေနသည္ဟု သူ႕အမ်ိဳးသားဆီမွ သိထားၿပီးျဖစ္သလို၊ ရိုင္းလ္ကိုယ္တိုင္လည္း စိတ္က်န္းမာေရး အက်ဥ္းေထာင္ထဲ၌ အခ်ိန္ေတြ ကုန္ဆုံးဖူးတာမို႔ ေရွး၏ စိတ္အေျခအေနကိုပါ သူ အခ်ိန္မီ ကုသေပးေနျဖစ္ခဲ့ၿပီျဖစ္သည္။
ေရးေခတၱရာ ကိုကိုရွိေနသည့္ အခန္းကို ေမးျမန္းလာခဲ့ရရင္း ထိုအခန္းေရွ႕ေရာက္လာခဲ့စဥ္ တဝုန္းဝုန္း တဒိုင္းဒိုင္း ေပါက္ကြဲျပဳတ္က်သံေတြေၾကာင့္ အခန္းထဲ ဝင္ဖို႔ မွန္ခ်ပ္ေတြၾကားမွ အရင္ၾကည့္လိုက္မိစဥ္ ထိုအခန္းေရွ႕ရွိ သက္ေတာ္ေစာင့္ဟု ထင္ရသည့္ လူေတြထဲမွ တစ္ေယာက္ အျမန္ေျပးဝင္သြားတာေၾကာင့္ ေရး အျပင္၌သာ အရင္ရပ္ၾကည့္ေနလိုက္ရသည္။
"သား~ေဒါက္တာ့ကိုပါ ခိုက္မိကုန္လိမ့္မယ္ေလ။ စိတ္ထိန္း"
ေရွးတစ္ေယာက္ သူ႕အား ေပြ႕ဖက္လာသည့္ ဦးသီဟအား ေဒါသတႀကီး တြန္းထုတ္ေနျပန္တာေၾကာင့္ ရိုင္းလ္ေစတန္ ထိုေကာင္ေလးအား စိတ္ၿငိမ္ေဆး ထိုးေပးဖို႔ ျပင္ဆင္ေနရသည္။
"ထြက္သြား၊ ခင္ဗ်ားလည္း ထြက္သြား၊ ဒါ ခင္ဗ်ားျဖစ္ေစခ်င္တဲ့ အေျခအေနပဲေလ။ ဘာလို႔လဲ!!! ဘာလို႔ ကြၽန္ေတာ့္ကို အေသမသတ္ဘဲ အခုလို ဒုကၡိတျဖစ္ေအာင္ပဲ လုပ္ထားရတာလဲ။ ေတြ႕လား၊ ကြၽန္ေတာ္ တစ္ေန႕လုံး ငိုေနလို႔ ကိုကိုကပါ အနားမွာ မေနခ်င္ေတာ့ဘူး။ ဒါေပမဲ့ ဘယ္လိုလုပ္ရမလဲ၊ အခုလို အက်ယ္ႀကီး ေအာ္ၿပီး အဆက္မျပတ္ ငိုခ်င္ေနတာ ဘယ္လိုလုပ္ရမလဲ။ မ်က္ရည္ေတြက သူ႕အလိုလိုက်လာတာ ဘယ္လိုလုပ္ရမလဲ"
ေရွးတစ္ေယာက္ သူ႕ကမာၻႀကီး ယခုလို အေမွာင္က်ေနတာကို လက္မခံနိုင္ျဖစ္ေနတာမို႔ သူ႕အသံျပန္ထြက္လာခဲ့တာကိုေတာင္ မေပ်ာ္နိုင္ျဖစ္ေနခဲ့ကာ၊ သူ႕အေဖရင္းက သူ႕အေပၚ လုပ္ရက္တာကိုလည္း အလြန္အမင္း နာက်င္ေနရပါသည္။
ရိုင္းလ္တစ္ေယာက္ သူ႕လက္ဖ်ံေပၚ ဖ်တ္ခနဲ ထိုးစိုက္လာခဲ့သည့္ ဖန္ကြဲစကို ေရွာင္လိုက္ေသာ္လည္း ဒီေကာင္ေလးကို ေဆးထိုးေပးရမွာမို႔ ေသခ်ာထိန္းခ်ဳပ္ထားရကာ ဒီလူနာ၌ မိသားစုေရးရာ ျပႆနာေတြပါ ရွိေနပုံရတာကို ခန႔္မွန္းလိုက္မိ၏။
ေအာ္ဟစ္ေသာင္းက်န္းေနသည့္ ေရွးအား ေဒါက္တာႏွင့္ သက္ေတာ္ေစာင့္ႀကီးတို႔ ထိန္းမရျဖစ္ေနတာအတြက္ ဦးမင္းျမတ္ အျမန္ထရပ္လိုက္ရေတာ့ကာ မင္းမေဟာ္ထိုက္ကိုပဲ ေခၚလိုက္ရေတာ့မယ့္ပုံပင္။ ေရွးကို ေသခ်ာထိန္းနိုင္သည့္ ဇာဏီထြဋ္ေခါင္က ဇာမ့္အား အျပစ္ေပးဖို႔ ထြက္သြားတာေၾကာင့္ ေဆး႐ုံထဲ၌ မရွိ။
ေနာက္ဆုံးေတာ့ ရိုင္းလ္ေစတန္ ထိုလူနာအား ဦးသီဟဖက္မွ ဝိုင္းခ်ဳပ္ေႏွာင္ေပးထားသည့္ အကူအညီျဖင့္ ေအာင္ျမင္စြာ ေဆးထိုးေပးလိုက္နိုင္ခဲ့သည္။
ေရးေခတၱရာ သူ႕ေဘာင္းဘီအိတ္ထဲမွ ဖုန္းကို ထုတ္လိုက္ၿပီး ကိုကို႔နားမွာ ကူေပးမယ့္ တျခားဆရာ၊ ဆရာမေတြလည္း မေတြ႕မိတာေၾကာင့္ ဖုန္းလွမ္းဆက္ေခၚေပးဖို႔ ျပင္လိုက္စဥ္ သူ႕လက္ေကာက္ဝတ္ကို ခ်ိဳးပစ္ေတာ့မတတ္ ဆြဲလိမ္လာသည့္ အမ်ိဳးသားတစ္ေယာက္ သူ႕ေဘး ေရာက္လာခဲ့သည္။
ေရး ထိုလူ႕အား မီးဝင္းဝင္းေတာက္ေနသည့္ မ်က္လုံးမ်ားျဖင့္ ခ်က္ခ်င္း စိုက္ၾကည့္လိုက္မိသည္။ သူ အခုေလးတင္မွ တူတူေနခဲ့ၿပီးတာေၾကာင့္ သူ႕အသားေတြနာေနေသးေလသည္။
"ခင္ဗ်ား အခု ဘာလုပ္ေနတာလဲ"
မင္းမေဟာ္ထိုက္ ထိုေကာင္ေလး၏ လက္အား ဆတ္ခနဲ ဆြဲလွန္ပစ္လိုက္ၿပီး ထိုေကာင္ေလးလက္ထဲမွ ဖုန္းကို လြတ္က်သြားေအာင္ လုပ္ပစ္လိုက္ရသည္။ ထို႔ေနာက္ သူ႕ေျခရင္းနား က်လာသည့္ ထိုေကာင္ေလး၏ ဖုန္းကို သူ႕ရႉးဖိနပ္ျဖင့္ နင္းခ်ပစ္လိုက္ရသည္။
"ခင္ဗ်ား! မင္း ငါ့ဖုန္းကို ဘာလို႔ဖ်က္ဆီးေနတာလဲ"
"မင္း သတင္းယူေနတယ္ဆို ဒီေနရာက လစ္လိုက္ေတာ့"
မင္းမေဟာ္ထိုက္အေနျဖင့္ ခုေလးတင္မွ ေရွးႏွင့္ဇာဏီ့ကို ကင္မရာေတြၾကားက ေခၚထုတ္ထားခဲ့ရတာမို႔ ခိုးေၾကာင္ခိုးဝွက္လုပ္ေနသည့္ ဒီေကာင္ေလးကိုလည္း ပါပါရာဇီဟု အထင္ရွိေနခဲ့သည္။
ေရး ထိုလူ႕အား အရင္လိုအစြမ္းနဲ႕သာဆို က်ိန္ဆဲမိသြားမွာ အေသအခ်ာ။
"ဘယ္သတင္းကို ယူရမွာလဲ။ မင္း ငါ ဘယ္သူလဲဆိုတာ မသိဘူးမလား၊ ငါ. .ဒီေဆး႐ုံ. ."
မင္းမေဟာ္ထိုက္ ထိုေကာင္ေလး၏ လက္ကို ျပန္လႊတ္ေပးလိုက္ရင္း-
"မင္း ဘယ္သူလဲဆိုတာ စိတ္မဝင္စားတာမို႔ ဒီအခန္းေရွ႕ကသာ ျမန္ျမန္ႂကြ၊ သတင္းယူခ်င္လို႔ပဲ ေခ်ာင္းေနေန၊ အပ်င္းေျပ ပြဲၾကည့္ခ်င္လို႔ပဲ ရပ္ေနေန လစ္ေတာ့"
ေျပာၿပီးတာနဲ႕ မင္းမေဟာ္ထိုက္ အခန္းထဲ အျမန္ဝင္သြားလိုက္တာမို႔ ေရးတစ္ေယာက္ သူ႕ဖုန္းကို ဗလိုင္းႀကီး ေခ်မြသြားသည့္ ထိုေကာင့္အား က်ိန္ဆဲေနမိေတာ့သည္။
"အဲ့ဖန္ကြဲစေတြ သူ႕ေျခေထာက္ကို စူးစမ္း၊ စူးစမ္း၊ မ်က္ႏွာၾကက္လိုက္ အဲ့လူေခါင္းေပၚ ပိက်လိဳက္စမ္းပါ"
ဘာအစြမ္းမွ မရွိေတာ့သည့္ ေရးအတြက္ အခ်ိဳးမေျပသည့္ လူနာေစာင့္အား ဒီေဆး႐ုံေပၚက ေမာင္းထုတ္ခိုင္းဖို႔ ထိုအခန္းေရွ႕မွ ထြက္သြားေတာ့သည္။
--------------------
ေန႕လယ္စာ စားရန္အတြက္ ေရာက္ေနၾကသည့္ တိတ္တိတ္ဆိတ္ဆိတ္ ရွိသည့္ စားေသာက္ဆိုင္ေလးထဲ၌ ေရးေခတၱရာ၏ ေဒါသမ်ားအား ဆြဲယူပစ္လိုက္သလို ေပ်ာက္သြားေစသည့္ လာဗင္ဒါနံ႕ပိုင္ရွင္ ဘဲႀကီးေၾကာင့္ ေရး ထိုအခ်ိဳးမေျပလူအား ေမ့သြားခဲ့ကာ ကိုကို႔လက္မွ ဒဏ္ရာကိုသာ အုံဖြ အခါခါ လုပ္ေပးေနမိေတာ့သည္။
"ကိုကို ေနာက္တစ္ခါ လူနာၾကည့္ရင္ တျခားသူေတြကိုပါ ကူဖို႔ေခၚထားေလ"
"ကိုယ္ သူ႕ကို ခြဲစိတ္မႈ ေနာက္ဆက္တြဲ အေျခအေန ေသခ်ာေျပာခ်င္လို႔ တစ္ေယာက္တည္း က်န္ျဖစ္ခဲ့သြားတာပါ။ အဲ့ေကာင္ေလး အခုလို ႐ုတ္တရက္ ေသာင္းက်န္းလာမယ္လည္း မထင္ထားလိုက္ဘူးေလ"
ေရး လူနာေစာင့္ျဖစ္သည့္ ခုနလူအား ေတာ္ေတာ္ေလး စိတ္ဆိုးမိသြားခဲ့ေသာ္ျငား ကိုကိုေျပာျပသေလာက္ လူနာ၏ အေျခအေနကို သိလိုက္ရၿပီးၿပီမို႔ ထိုေကာင္ေလးအေပၚ က႐ုဏာ သက္သြားမိသည္။
ရိုင္းလ္ေစတန္ သူ႕ကေလး စားဖို႔ အသားမ်ားကို ကိုယ္တိုင္လွီးျဖတ္ေပးေနစဥ္ ေခတၱရာ ႐ုတ္တရက္ႀကီး လက္ႏွစ္ဖက္အား ယွက္တြယ္လိုက္ၿပီး ရင္ဘတ္၌ ကပ္ထားကာ ႏႈတ္ခမ္းလႈပ္႐ုံသာ တတြတ္တြတ္ ႐ြတ္ဆိုေနခဲ့တာေၾကာင့္-
"ေဘဘီ ဘာေတြ ေလွ်ာက္႐ြတ္ေနျပန္ၿပီလဲ၊ လိမ္မာတယ္၊ စားေတာ့ေနာ္"
"ကိုကိုသိလား၊ ကြၽန္ေတာ့္ပါးစပ္က ထြက္သမွ် က်ိန္စာေတြ အစြမ္းထက္ခဲ့သလိုပဲ ကြၽန္ေတာ့္ႏႈတ္က ဆုေတာင္းေတြကလည္း အလုပ္ျဖစ္ရင္ သိပ္ေကာင္းမွာပဲ။ ကြၽန္ေတာ္ ခုန ေကာင္ေလး ခြဲစိတ္တာ ေအာင္ျမင္ဖို႔ ဆုေတာင္းေပးေနတာ"
ေရးတစ္ေယာက္ သူ က်ိန္စာေတြ တိုက္ဖူးတဲ့အခ်ိန္ေတြတုန္းကလိုပဲ သူ႕စိတ္အာ႐ုံအားလုံးကို ထိုေကာင္ေလးအတြက္ ဆုေတာင္းေပးေနျခင္းအမႈ၌ အသုံးခ်ေနမိသည္။
အသားေတြအားလုံး တစ္ကိုက္စီစာ လွီးျဖတ္ေပးၿပီးသြားၿပီျဖစ္သည့္ ရိုင္းလ္ေစတန္ ထိုေကာင္ေလး ဆုေတာင္းေနတာအား ေမးေထာက္ၿပီး ထိုင္ေငးေနမိခဲ့သည္။
သူတို႔ အိမ္ေထာင္သက္ ၾကာလာၿပီျဖစ္ေသာ္လည္း ေခတၱရာအား သူ ျမတ္နိုးမိေနဆဲပါပင္။ ခ်စ္မဝ ျဖစ္ေနဆဲပါပင္။
ရိုင္းလ္ေစတန္ ခရမ္းေဖ်ာ့ေရာင္ ရွပ္အကၤ်ီဝတ္ဆင္ထားသည့္ သူ႕ႏွင္းျဖဴလုံးေလး၏ ပါးကို ခပ္ဖြဖြ နမ္းလိုက္ရၿပီး သူ႕ကေလးေလးက ပင္ပန္းထားတာမို႔ အစားဝင္ေအာင္ စားေတာ့ဖို႔ ေျပာေနရသည္။
ထို႔အတြက္ ေရးေခတၱရာ သူ႕ပန္းကန္ထဲမွ အသားေတြကို ခက္ရင္းျဖင့္ ထိုးစိုက္ၿပီး မစားရေသးခင္ ကိုကို႔ႏႈတ္ခမ္းေတြအား မီႏူးစာ႐ြက္ကြယ္ၿပီး အရင္ စားသုံးလိုက္မိသည္။
သူ ကိုကို႔အား လူေတြၾကား နမ္းရတာ ပိုေတာင္ သေဘာက်ေနၿပီမို႔ အခုက လန္ဒန္မွာ မဟုတ္တာေၾကာင့္သာ ခပ္တိုတို အနမ္းပဲ ေပးလိုက္ရ၏။
သူဆိုသည္မွာ ကိုကို႔အား အခ်ိန္ျပည့္နမ္းခ်င္ေနသူ ျဖစ္လင့္ကစား ဒီတစ္ခါ အနမ္းကေတာ့ ကိုကို႔လက္မွ ဒဏ္ရာ အျမန္သက္သာပါေစေၾကာင္း၊ သူ႕အနမ္းေတြေၾကာင့္ ကိုကို႔နာက်င္မႈ နည္းနည္းေလာက္ ေလ်ာ့သြားပါေစေၾကာင္း ရည္႐ြယ္ရင္း နမ္းလိုက္တာ ျဖစ္ပါသည္။
___________________________________________
A/N
RyeRay couple ကို လြမ္းေနတာမို႔ အခုေရးလက္စ The Loudest Silence မွာ အလြမ္းေျပ ဇာတ္တစ္ကြက္စာေလာက္ ထည့္ဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္ကို မသိတဲ့ စာဖတ္သူေတြအတြက္ အေႏွာင့္အယွက္နဲ႕ ဖတ္ရတာ ကန႔္လန႔္ႀကီးလို ျဖစ္သြားမွာစိုးလို႔ ဟိုမွာ ဆက္မထည့္ေတာ့ဘဲ ဒီမွာပဲ Extra အျဖစ္ထုတ္ေရးျဖစ္သြားတာပါ။
ဒီအတြဲကို လြမ္းေနခဲ့တယ္ဆို ခဏျဖစ္ျဖစ္ အလြမ္းေျပသြားေစဖို႔ ရည္႐ြယ္ပါတယ္။ ေဒါက္တာကိုကိုက သူ႕လိပ္ျပာေလးကို အခုခ်ိန္ထိ ျမတ္နိုးေနဆဲပါပဲတဲ့။
ေရးကိုေရာ ေရွးကိုပါ သေဘာက်ေပးခဲ့လို႔လည္း တကယ္ ေက်းဇူးအမ်ားႀကီး တင္မိပါတယ္။
___________________________________________