Chapter 34

1.8K 98 3
                                    

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့။

မြန်မာနိုင်ငံ၌ မိုးဦးကာလဖြစ်သော ဇွန်လဟူသည် လန်ဒန်၌တော့ နွေကာလ ဖြစ်သည်။ ထို့အတူ ဇွန်လမှစတင်၍ အင်္ဂလန်နိုင်ငံတစ်ဝှမ်း၌ အင်္ဂလိပ်လာဗင်ဒါ ပန်းခင်းတွေကို မျက်စိတစ်ဆုံး မြင်ရချိန်မို့ ရေးခေတ္တရာ သူတို့ ဟန်းနီးမွန်းအား လန်ဒန်ကို ရွေးချယ်ခဲ့ခြင်းပင်။

သူ လာဗင်ဒါ ပန်းအချို့ကို မြင်ဖူးသော်ငြား ပန်းခင်းလိုက်တော့ သေချာမမြင်ဖူးသေးသလို၊ ကိုကို ကြီးပြင်းလာရာ ပတ်ဝန်းကျင်ကိုလည်း ‌စူးစမ်းချင်နေခဲ့သည်။

ရိုင်းလ်တို့နှစ်ယောက်လုံး မင်္ဂလာပွဲပြီး ကတည်းက လန်ဒန်သို့ တန်းဆင်းခဲ့ကြ၏။

ခြောက်နာရီခွဲနီးပါး အချိန်ကွာခြားတဲ့ နှစ်နိုင်ငံကြား ရေး၏ ပထမဆုံး အခက်အခဲကား အခုဆို မြန်မာနိုင်ငံ၌ ညဆယ့်တစ်ခွဲ ရှိပြီမို့ အိပ်ချိန်ဖြစ်နေပေမယ့် အင်္ဂလန်မှာတော့ ညနေ ငါးနာရီသာ ရှိသေးတာကြောင့် အိပ်ရမလို၊ ထိုင်နေရဦးမလို။

ထို့အတွက် ကိုကိုနဲ့အတူ လန်ဒန်မြို့ထဲကိုသာ လျှောက်ပတ်ကြည့်ဖို့အပြင် ရေး ဒီရောက်ကတည်းက မြင်းစီးချင်နေခဲ့တာမို့ မြင်းစီးကွင်းရှိရာဆီသို့ ထွက်လာခဲ့ကြလေသည်။

ရိုင်းလ်စေတန် ကားမောင်းနေရင်းကနေ အပြင်ဖက်ကို စိတ်ဝင်တစား လိုက်ကြည့်နေသော ကောင်လေး၏ အပြုအမူကြောင့် ဒီယောက်ျားကိုလည်း အဖက်လုပ်ဦးဖို့ ခဏခဏ ချောင်းဟန့်ပြနေရလေသည်။

သို့သော်ငြား ရေးကတော့ သူ့ဘေးက လူကို နည်းနည်းတောင် အာရုံမရှိပါပေ။

"ဝိုး. .ဒီကစုံတွဲတွေက လမ်းမကြီးပေါ်မှာလည်း နမ်းနေကြတာပဲ"

"အင်း၊ ဒီမှာ အဲ့မြင်ကွင်းတွေက မထူးဆန်းဘူးလေ၊ သူတို့နမ်းတာကို ဘယ်သူမှလည်း လိုက်မကြည့်ဘူး၊ ဆိုင်တွေထဲမှာဆို အဲ့ထက်တောင် ပိုဆိုးသေးတယ်"

ရေး ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်ရင်း နှုတ်ခမ်းချင်း ဂဟေဆက်နေကြ‌သော စုံတွဲတွေကို သဘောတကျ လိုက်ကြည့်နေရာမှ-

"မိုက်တယ်၊ ဒါဆို ကိုယ့်ချစ်သူကို နမ်းချင်တဲ့နေရာ ကောက်နမ်းလိုက်ရုံပဲ။ လူကွယ်ရာတို့၊ လူလစ်တုန်းတို့ ဂရုစိုက်နေစရာ မလိုတော့ဘူး။ ကျွန်တော့်ရဲ့ ဒါလင် မွမွ. . .ကျွန်တော့်ရဲ့ဟန်နီ ပြွတ်"

Snowless Winter Dream [Completed]Opowieści tętniące życiem. Odkryj je teraz