အမှောင်တိုက်ကြီးစိုးနေပြီဖြစ်တဲ့ ဆောင်းညနေခင်း၏ အအေးဓာတ်များက ကားအတွင်းမှ aircon လေထုကိုပါ ပိုအေးစက်လာအောင် လုပ်နေသလိုပင်။
အဝေးပြေးကားကြီးက ဖြေးငြိမ့်စွာ မိုင်တိုင်အတော်များများကို ကျော်ဖြတ်ပြီးချိန်၌ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်၏ မျက်လုံးအကာအောက်မှ မျက်လုံးများ ဆတ်ခနဲ ဖွင့်လာခဲ့သည်။ ကားအတွင်း၌ ဒီလောက်အေးစက်နေတာတောင် မီးပူနဲ့ အကပ်ခံလိုက်ရသလို အထိအတွေ့ကြောင့် သူ လန့်နိုးသွားခြင်းပင်။
ထို့အတွက် မျက်လုံးအကာကို ဖြုတ်လိုက်ပြီး သူ့ပခုံးပေါ် ခေါင်းမှီနေတဲ့ ဘေးက ခရီးသည်၏ ခေါင်းကို လက်ညှိုးနဲ့ အသာတွန်းဖယ်လိုက်ရသည်။ ထိုလူ့ကိုယ်မှ အပူဓာတ်က သူ့အား မီးပူနဲ့ကပ်လိုက်သလို ခံစားချက်မျိုးအထိ ပေးလိုက်နိုင်တာကြောင့် ထိုလူ ဖျားနေတာလားဟု တွေးလိုက်မိကာ လှည့်ကြည့်လိုက်ပေမယ့် ထိုလူက သူ့လိုပဲ mask တပ်ထားပြီး မျက်လုံးမှိတ်အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။
ထို့ကြောင့် ကိုယ်ကို အနည်းငယ် ကျုံ့လိုက်ပြီး သူ့ပခုံးပေါ် ထပ်လာမမှီရန် ပြတင်းပေါက်နား ပိုပိုကပ်ထိုင်လိုက်ပေမယ့် ဒုန်းခနဲ မှီချလာပြန်သည်။
"ကျစ်. . ."
လက်ညှိုးနဲ့သာ ထိုလူ့နားထင်ကို တွန်းလိုက်ပြီး ပခုံးပေါ်က ထပ်ဖယ်လိုက်ရပြန်သည်။
သို့သော်ငြား ခဏအတွင်း နောက်တစ်ကြိမ် ပြန်မှီလာပြန်တာမို့ ထိုအနက်ရောင်ကောင်လေး စိတ်မရှည်တော့။ ထို့အတွက် သူ့ပခုံးကို အားနဲ့ စောင့်မြှောက်ပစ်လိုက်တာမို့ အိပ်ပျော်နေသည့် ရိုင်းလ် ချက်ချင်းလန့်နိုးသွားခဲ့သည်။
အပြင်က အမှောင်ထုနဲ့အတူ ကားပေါ်မှ မီးရောင်ကလည်း ခပ်မှိန်မှိန်။ အိပ်ချင်မူးတူးဖြစ်နေဆဲ ရိုင်းလ်တစ်ယောက် သူ့အား မျက်မှောင်ကြုတ်ကြည့်နေသော ဘေးက လူကို တွေ့လိုက်ရသည်။
ထိုအနက်ရောင်ကောင်လေးက သူ့ပခုံးပေါ် လာမမှီနဲ့ဆိုတဲ့ အမူအရာမျိုး လုပ်ပြလာတာမို့ အခုမှပဲ ရိုင်းလ် သူ ဘာလုပ်မိမှန်း သတိထားမိသွားတာကြောင့် အားနာသွားမိသည်။
CZYTASZ
Snowless Winter Dream [Completed]