Snowless Winter Dream [Comple...

By Ennia_Yawn

106K 5.1K 355

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (2)

Extra (1)

2.3K 95 0
By Ennia_Yawn

လန်ဒန်မြို့၏ ဆောင်းနံနက်ခင်းကား နီညိုရောင်အိမ်ဝင်း၏ အပြင်ဖက်၌ နှင်းခဲတွေ ထူထပ်စွာ ဖုံးအုပ်နေရုံမကဘဲ တစ်ချက်တစ်ချက် ခပ်ပြင်းပြင်း တိုက်ခတ်လာသော ‌လေအေးတွေကြောင့် အိမ်ထဲ၌ပင် ရေခဲတမျှ အလွန်အေးစိမ့်နေ၏။

ထိုကဲ့သို့ မေးချင်းရိုက်တမျှ အေးစက်နေသော မနက်ခင်း၌ ဒေါသတကြီးဖြင့် မအေးချမ်းနိုင်သော လူတစ်ယောက် ရှိနေသည်။

ရိုင်ယန်တစ်‌ယောက် သူ့ညီအိမ်ထဲ၌ သူ့ညီ၏ အိမ်ထောင်ဖက်ကြောင့် မိုးလင်းကတည်းက အလွန်စိတ်တိုနေရခြင်းဖြစ်သည်။

"ရေးခေတ္တရာ မင်း ချစ်တီးသေလို့ ဝင်စားတာလား၊ အမျိုးအချင်းချင်းကို ပန်းခင်းကြေးကို အဲ့လောက်ယူရလားကွ၊ အား. . .ငါ မင်းကို ဒီတစ်ခါတော့ တကယ် သည်းမခံနိုင်တော့ဘူး! ! !"

ရေး ထိုလူ့အား ဆိုဖာပေါ်၌ လက်ပိုက်ပြီးသာ ထိုင်ကြည့်နေရင်း သူ့လာဗင်ဒါပန်းခင်းထဲ၌ လုပ်ကြမည့် ရိုင်ယန်တို့၏ မင်္ဂလာပွဲအတွက် သူ တောင်းထားသည့် ပန်းခင်းကြေးကို တစ်ပြားမှ မလျှော့နိုင်ကြောင်းသာ ထပ်ပြောလိုက်တာမို့ ရိုင်ယန် ပေါက်ကွဲနေရပြီ။

ရိုင်ယန် ထိုကောင်လေးရှေ့ ထရပ်လိုက်တော့ပြီး-

"မင်း သူဌေးဖြစ် နောက်ကျနေဦးမယ် သိလား၊ တော်ပြီ ငါ မင်းပန်းခင်းမှာ မလုပ်ရလည်း ဖြစ်တယ်၊ လန်ဒန်မှာ မင်းတစ်ယောက်တည်း လာဗင်ဒါပန်းခင်း ပိုင်တာကျလို့"

"ဒါဆိုလည်း ဒိုးတော့၊ မနက်စောစောစီးစီး သူများအိမ်လာပြီး. . ."

"အားးး"

ရိုင်ယန် ထိုကောင်လေးအား ကြည့်မရတာ တော်တော်ကြာပြီမို့ နဘန်ကျင်းဖို့ လက်ရွယ်လိုက်တုန်းတင် သူ့ခြေသလုံးအား အုန်းခနဲ ပိတ်ကန်ခြင်းကိုသာ ခံလိုက်ရတာကြောင့် လူကြီးကို ထိုမျှလောက်ထိ ပြန်လုပ်မည် မထင်ထားတဲ့ ရိုင်ယန်တစ်ယောက် ဖင်ထိုင်ရက်ပင် ပစ်လဲကျသွားခဲ့သည်။

"မင်း! မင်း ရိုင်းလ် အားကိုးနဲ့ ဆိုးနေတာပဲ"

"ဖြစ်ရတယ်၊ ကျွန်တော် အစ်ကိုနဲ့မတွေ့ခင်ကတည်းက ဆိုးတာ။ ခင်ဗျားသာ အစ်ကို အိမ်မှာ မရှိတုန်း ဗိုလ်လာကျနေတာလေ။ မိန်းမပဲ ယူရတော့မှာကို ကပ်စေးကနည်းနေသေးတယ်။ အမျိုးကအမျိုး၊ စီးပွားရေးက စီးပွားရေးပဲ"

"မင်းတောင်းထားတဲ့ ကြေးက မနည်းဘူးလေကွာ၊ ဒီအချိန် ပန်းပွင့်တဲ့အချိန်လည်း မဟုတ်တာကို မင်းရဲ့ ပန်းခင်းကို ဘယ်သူက လာကြည့်မှာမို့လဲ။ အလကားငှားလိုက်ရင်တောင် ရနေတဲ့ဟာကို. . .တော်ပြီ၊ မင်းနဲ့ပြောရတာ တကယ် အကုသိုလ်များတယ်"

သူ့အား အငြိုးနဲ့ လုပ်နေသလား ထင်ရတဲ့ မတန်မဆကြေးကြောင့် ရိုင်ယန် ထိုပန်းခင်းအား လက်လျှော့လိုက်ဖို့ ပြင်လိုက်စဉ် သူ့ဇနီးလောင်းဆီမှ ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်ရသည်။

"ဒါလင် ပန်းခင်း‌ငှားပြီးပြီဟုတ်၊ ဟန်နီ အဲ့ပန်းခင်းကလွဲရင် ကျန်တဲ့နေရာမှာ ပွဲမလုပ်ချင်ဘူးနော်။ ဒါလင် ငှားပြီးရင် ဟန်နီ ဒီနေ့ပဲ decoration အပ်လိုက်တော့မယ်"

တစ်ဖက်မှ တက်ကြွလွန်း‌နေသည့် အမျိုးသမီး၏အသံကို အပြင်ကနေပင် ကြား‌နေရတာကြောင့် သူ့ချစ်ဇနီးကို မယူခင်ကတည်းက အလွန်မျက်နှာလုပ်ချင်နေသော ရိုင်ယန့်၏ စပ်ဖြဲဖြဲမျက်နှာကို ကြည့်မရတာမို့ ရေးခေတ္တရာ လှောင်ပြုံးပြုံးရင်း လေချွန်နေလိုက်သည်။

"အဟမ်း. . .ငါ့ဇနီးလောင်းက ဒီနေရာမှ ဒီနေရာ ဖြစ်နေတော့လည်း မင်း တောင်းထားတဲ့ ကြေး ပေးရုံအပြင် မတတ်နိုင်တော့ဘူးပေါ့ကွာ။ စာချုပ်ယူခဲ့၊ တစ်ခါတည်း ငွေချေခဲ့မယ်"

"ဟင့်အင်း၊ အစ်ကို့ကို မငှားတော့ဘူး"

"ဘာ!!!"

"အစ်ကို ကျွန်တော့်ကို လက်ပါလို့ အခုနှစ်ဆထပ်တိုးပေးမယ်ဆိုရင်တောင် မငှားတော့ဘူး"

"ဟ. .ငါက ရွယ်တုန်းရှိသေး မင်းက အရင်ပိတ်ကန်တာကိုလည်း ထည့်ပြောဦးလေ"

"ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလို့ ‌ခေါ်တယ်"

"တောက်. .မင်းဟာ ရုပ်လေးနဲ့မှမလိုက် အကျင့်က တစ်စက်မှ မကောင်းပါလား။ အဲ့ဒါကိုများ ငါ့ညီက မင်းလိုကောင်ကို အခုထိ ဘယ်နေရာကိုများ ဓာတ်ကျနေလဲမသိဘူး"

"သူ ဘယ်နေရာ ဓာတ်ကျဓာတ်ကျ အစ်ကို့အပူပါလား။ ဟက်. .သူများတကာတွေက အိမ်ထောင်ဖက်အတွက် လာဗင်ဒါ ပန်းခင်းတစ်ခင်းလုံးကိုတောင် လက်မတွန့်ဘဲ ဝယ်ပေးနိုင်တာကို ခင်ဗျားကတော့ ပန်းခင်း တစ်ရက်စာကြေးကိုတောင် ယောက်ျားကြီးတန်မဲ့ ဈေးလာဆစ်နေသေး။ မရီးအစား ရင်လေးမိတယ်"

"တောက်. . ."

သောက်ကျင့်တစ်စက်မှ မကောင်းတဲ့ ဒီကောင်လေးကို စိတ်ရှိအတိုင်းသာဆို ရိုက်သတ်ပစ်လိုက်ချင်နေသော်ငြား သူ့ဇနီးလောင်းမျက်နှာကြောင့် ရိုင်ယန် မျက်နှာချို ထိုင်သွေးခဲ့ရသည်။ နာရီဝက်နီးပါး တောင်းပန်ပြီးသကာလ အရင်တောင်းထားတဲ့ ပန်းခင်းကြေးထက် လေးဆပိုပေးပြီးချိန်၌ နှစ်ယောက်သား ထိုနေရာကိုငှားဖို့ အဆင်ပြေသွားကြသလို ရိုင်းလ် ပြောဖူးတဲ့ ရေးခေတ္တရာက မောင်နှမတွေအပေါ် ဗိုလ်ကျတတ်မယ့်ပုံဆိုတာအား ရိုင်ယန် လုံးဝ ထောက်ခံလိုက်ရတော့သည်။

.
.
.

ရိုင်းလ်စေတန် အိမ်ထဲဝင်ခါနီး၌ သူ့အစ်ကို ပြန်ထွက်လာတာနဲ့ တိုးလိုက်တာကြောင့် နှုတ်ဆက်ဖို့ပြင်လိုက်စဉ်-

"ရိုင်းလ်စေတန် မင်းဟာလေးကို မင်း ထိန်းထားနော်၊ ငါ မင်္ဂလာဆောင်ခါနီးမို့ စိတ်လျှော့လိုက်ရတာ"

နှင်းတွေဖွေးဖွေးလှုပ်နေသည့် မနက်ခင်း၌ ရိုင်းလ်တစ်ယောက် သူ့ကောင်လေး စားဖို့အတွက် မနက်စာအပြင် တစ်နေ့လုံးစာအတွက် ဟင်းချက်စရာ‌တွေပါ သွားထွက်ဝယ်နေခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက် ရိုင်ယန့် မင်္ဂလာပွဲအတွက် လန်ဒန်၌ ပြန်လာနေဖြစ်ကြခြင်းပင်။

ခေတ္တရာက ဟင်းကောင်းကောင်းချက်နိုင်သူမို့ ခေတ္တရာချက်မည်ဆိုလျှင် ရိုင်းလ်က ဟင်းချက်စရာ‌တွေ ယခုကဲ့သို့ ထွက်ဝယ်ပေးဖြစ်သည်။ ခေတ္တရာ၏ ဆန္ဒအတိုင်း သူတို့နှစ်ယောက်လုံး အိမ်မှုကိစ္စတွေအား ညီတူညီမျှသာ ခွဲလုပ်ဖြစ်ခဲ့ကြသည်။ သူတစ်ယောက်တည်း အကုန်လုပ်ပေးနေတာအား ခေတ္တရာက ခွင့်မပြုခဲ့။

ရိုင်းလ်စေတန် သူ့အား တွန်းတိုက်ပြီးပင် ထွက်သွားသော ရိုင်ယန့်ကြောင့် ဘာများဖြစ်ကြပြန်ပြီလဲ စိုးရိမ်စွာ အိမ်ထဲအမြန်ဝင်လာခဲ့စဉ် ထုံးစံအတိုင်း သူ့ရင်ခွင်ထဲ ပြေးဝင်လာကာ ဖက်နမ်းလာသော ကောင်လေးကြောင့်-

"မင်း အစ်ကိုရိုင်ယန်နဲ့ စောစောစီးစီး ရန်ဖြစ်နေပြန်ပြီလား"

"အင်း၊ သူ့ကို ပန်းခင်းကြေး ထပ်တိုးတောင်းလိုက်လို့ စိတ်ဆိုးသွားတာ။ ထားလိုက်၊ သူ့ကို အာရုံစိုက်မနေပါနဲ့။ လာ. . .ကိုကို ချမ်းနေပြီမလား၊ နွေးသွား‌အောင် ဖက်ထားပေးမယ်

အပြင်၌ အလွန်အေးနေခဲ့ရတာမို့ သူ့လက်ထဲက အထုပ်တွေကို ပစ်ချလိုက်ပြီး ရိုင်းလ် သူ့မြတ်နိုးရာလေးကို သေချာဖက်တွယ်ထားလိုက်ရသည်။

ခေတ္တရာက ရိုင်ယန့်အား လွန်ခဲ့သော နှစ်တွေက သူတို့ကို ကွဲကွာစေခဲ့တဲ့ ကိစ္စအတွက် အခုချိန်ထိ မကျေမနပ်ဖြစ်နေဆဲပါပင်။ ထို့အတွက်ကြောင့် ဒီကောင်လေးနဲ့ သူ့အစ်ကို အခုလို ရန်ဖြစ်နေလျှင် ရိုင်းလ် မသိချင်ယောင်သာ ဆောင်နေရသည်။

"အစ်ကိုရိုင်ယန်က အခုမှ သူ့မိန်းမကို ချစ်ပြနေလိုက်။ ကျွန်တော် သူ့ကို နည်းနည်းမှ ကြည့်မရဘူး။ တစ်ချိန်တုန်းက သူသာ ကျွန်တော့်ကို ဆက်သွယ်ပေးခဲ့မယ်ဆိုရင် ကျွန်တော် ကိုကို့ကို စိတ်ကျန်းမာရေး အကျဉ်းထောင်ထဲမှာ ဒီအတိုင်း ပစ်ထားဖြစ်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော် သူ့ကို တကယ်မကျေနပ်ဘူး၊ အဲ့ဒါမို့ ပန်းခင်းကြေးကို လေးဆလောက် တိုးတောင်းထားတာ"

"အင်းအင်း၊ ဘေဘီ့သဘောနော်၊ ခြောက်ဆလောက် တိုးတောင်းလည်း သူက ဘောစိပဲ။ ကိုယ့်ကို အားမနာဘဲ ဘေဘီ စိတ်ကျေနပ်သွားတဲ့အထိသာ တောင်းပစ်လိုက်။ ကိုယ် မရီးကို ဘေဘီ့ပန်းခင်းထဲမှာမှ မဟုတ်ရင် မင်္ဂလာမဆောင်ချင်တော့အောင် promotion ဆင်းထားပြီးသား"

သူ့ကို ရန်ဖြစ်ရင် လက်မပါဖို့သာ ဆူပူဆုံးမတတ်သည့် ကိုကိုက အခုလို လူမိုက်လုပ်ဖို့တော့ အမြဲအားပေးနေဆဲပါပင်။

ထို့အတွက် ရေးတစ်ယောက် သူ့ကို အခုလိုမျိုး အလိုလိုက်တတ်သည့် ထိုအမျိုးသားအား လွန်စွာမှ ချစ်မြတ်နိုးရတာမို့ ကိုကို့ပါးတွေကလည်း အေးနေသေးတာကြောင့် ခြေဖျားထောက်ပြီး စတင်နမ်းရှိုက်လိုက်မိသည်။

ထို့အတွက် ရိုင်းလ်တစ်ယောက် နှစ်တွေပိုကြာလာလေလေ အနမ်းပိုသန်လွန်းလာသည့် ခေတ္တရာကို မနက်စာမ‌ကျွေးခင် သူ့ဘေဘီ စားချင်သည့် တခြားဟာကိုသာ အရင်ကျွေးဖို့အတွက် အိပ်ခန်းထဲသို့ ပွေ့ခေါ်ခဲ့လိုက်ရသည်။

နှင်းတွေတဖွဲဖွဲကျနေသော လန်ဒန်ဆောင်းမနက်ခင်း၌ ရိုင်းလ်၏ အိပ်ရာကား သူ့ဘေဘီလေးကြောင့် အလွန့်အလွန်နွေးနေခဲ့ရပါ၏။

-----------------------------

ရေးခေတ္တရာဟု အမည်တွင်သည့် လာဗင်ဒါ ပန်းခင်းထဲ၌ ရိုင်ယန့်၏ မင်္ဂလာပွဲကို စတင် ကျင်းပနေပြီဖြစ်သည်။

ရစ်ချက်တောင်မှ သူ့သားကြီးကို အိမ်ထောင်မပြုတော့ဘူးဟု ထင်နေတာကြောင့် အခုလို အဖြူမလေး တစ်ယောက်နဲ့ အတည်တကျ ဖြစ်သွားခဲ့တာကို မြင်လိုက်ရချိန်၌ သားနှစ်ယောက်လုံးအတွက် အလွန်စိတ်အေးသွားခဲ့ရသည်။ သူ့နောက်မိန်းမ၌ သားသုံးယောက်ပါခဲ့ပေမယ့် ရစ်ချက်တစ်ယောက် ရိုင်ယန့်ကိုတော့ သူ့သားအရင်းနီးပါးလိုကို ချစ်ခဲ့ရလေသည်။

ဒီကာလက လာဗင်ဒါပန်းပွင့်ချိန်မဟုတ်သော်လည်း မရီးက ထိုပန်းခင်း၌သာ မင်္ဂလာပွဲလုပ်ချင်ခဲ့သည်။ မရီး သေချာအပ်ထားခဲ့သည့် အပြင်အဆင်တွေကြောင့် လာဗင်ဒါ အငွေ့အသက်တွေ အပြည့်ရနေခဲ့သော မင်္ဂလာပွဲလေးပါပင်။

"ကျွန်တော်လည်း လာဗင်ဒါ ပန်းခင်းထဲမှာ မင်္ဂလာဆောင်ချင်လိုက်တာ"

"ဒါဆို ကိုယ်တို့ မင်္ဂလာပွဲထပ်လုပ်ကြမလား"

"ဟက်. .ဒီအရွယ်ကျမှ"

သူတို့နှစ်ယောက်အသက်က အခုမှ သုံးဆယ့်ငါးကျော်ကျော်ပဲ ရှိသေးတာကို အဖိုးကြီးပေါက်စလေးလို ညည်းညူနေသော သူ့ဘေးက ကောင်လေး၏ ပခုံးကို ရိုင်းလ် သိုင်းဖက်ထားလိုက်တာနဲ့ ထိုကောင်လေး သူ့ပခုံးပေါ် ခေါင်းမှီချလာပြီး ပန်းခင်းထဲက ထိုမင်္ဂလာမောင်နှံကို ကြည်နူးစွာ ကြည့်နေခဲ့ကြသည်။

.
.

ပွဲပြီးခါနီးပြီးမို့ ရိုင်းလ်စေတန် သူ့အစ်ကိုနား လျှောက်လာခဲ့စဉ် မရီး သူ့လက်ကိုင်ပန်းစည်းပစ်တော့မှာမို့ စင်အောက်၌ ခဏရပ်နေလိုက်ရသည်။

သတို့သမီး သူ့လက်ကိုင်ပန်းကို နောက်ပြန်ပစ်လိုက်ချိန်၌ စောင့်ဖမ်းနေသူ လူပျို အပျို နိုင်ငံခြားသားများစွာကို ရေးတစ်ယောက် ထိုင်ခုံ၌သာ ထိုင်ကြည့်နေစဉ် လာဗင်ဒါပန်းအစစ်နဲ့ ပြုလုပ်ထားသည့် ထိုလက်ကိုင်ပန်းစည်းက ရေး၏ပေါင်ပေါ်သို့ ကွက်တိပြုတ်ကျလာခဲ့သည်။

"Wowwwwww"
"Heyyyyyyyyy"

ရေးခေတ္တရာ သူ့ပေါင်ပေါ်က ပန်းစည်းကို ကြည့်လိုက် စင်နားက ကိုကို့ကို ကြည့်လိုက်လုပ်နေရင်း နှစ်ယောက်သား ပြိုင်တူ ရယ်မိသွားကြ၏။

ကြည့်ရတာ လာဗင်ဒါ ပန်းလေးတွေက အမြဲလိုလို ခေတ္တရာဆီကိုသာ ရောက်အောင်သွားချင်ကြတယ် ထင်ပါရဲ့။

လာဗင်ဒါပန်းစည်းကို ငုံ့နမ်းနေသော သူ့ကောင်လေးကို ရိုင်းလ်စေတန် မင်္ဂလာမောင်နှံနားကနေသာ မြတ်နိုးစွာ လှမ်းကြည့်နေလိုက်ရင်း နောက်ဘဝတွေကျရင်လည်း သူ ဒီကောင်လေးကို ရှာတွေ့နိုင်ဖို့ လာဗင်ဒါပန်းလေးတွေက အခုလိုပဲ ကူညီပေးဖို့ စိတ်ထဲကနေ တောင်းဆုတစ်ခု ပြုလိုက်မိသည်။

ရေး ထိုပန်းစည်းမှ လာဗင်ဒါရနံ့ကို ငုံ့နမ်းနေရင်း သူတစ်ယောက်တည်းသာ ကြားနိုင်မည့် ခပ်တိုးတိုးလေသံဖြင့် ဆိုလိုက်မိသည်။

"နောက်ဘဝတွေကျရင်လည်း ကိုကို ကျွန်တော့်ကို တွေ့အောင် မရှာနိုင် ဖြစ်နေခဲ့ရင် ဒီလာဗင်ဒါပန်းတွေက ကိုကိုရှာ‌‌တွေ့နိုင်ဖို့ အခုလိုပဲ အကူအညီပေးလာပါစေ"

---------------------------

ရိုင်ယန်တို့လင်မယား၏ မင်္ဂလာညစာစားပွဲကအပြန် ရိုင်းလ်တို့နှစ်ယောက်လုံး လန်ဒန်မြို့၏ နာမည်အကြီးဆုံး ဘားထဲ၌ အရက်ဝင်ထိုင်သောက်နေကြပေပြီ။

နှစ်ယောက်လုံးက ဆိုးမိုက်တာချင်းအတူတူအပြင် အရက်သောက်နိုင်တာချင်းပါ တူတူမို့ ရိုင်းလ်ကတော့ သူနဲ့ အမြဲလိုလို အပြိုင်လိုက်ကြမ်းနိုင်သည့် ခေတ္တရာအား တစ်နေ့တခြား အချစ်ပိုနေခဲ့ရသည်။ အခုဆို ရန်ကုန်က ရေး၏ ဘား၌သာမကဘဲ လန်ဒန်က ဘားတိုင်း၌လည်း သူတို့နှစ်ယောက်ပေါင်းပြီး လူမိုက်အုပ်စုတွေနဲ့ ချိန်းပွဲဖြစ်ပေါင်းလည်း မနည်းတော့။

"ဘေဘီ ဒီည ရန်မဖြစ်နဲ့တော့၊ ကိုယ်တို့ ကားရော ဆေးအိတ်ရော ပါမလာခဲ့ဘူး။ လိမ္မာတယ်၊ ပြန်ကြရအောင်နော်"

အိုခေ sign လုပ်ပြလာသည့် all black ဝတ်ထားသည့် ခေတ္တရာကို ပွဲလာမရှာကြသေးခင် ဘားထဲမှ ရိုင်းလ် ခေါ်ထုတ်လာခဲ့ရတော့သည်။

ထိုကောင်လေးက အခုချိန်ထိ မျက်နှာမြင် ချစ်ခင်ပါစေ မဟုတ်ဘဲ မျက်နှာမြင် ရိုက်ချင်ပါစေ အချိုးမျိုးပဲမို့ ခေတ္တရာ သွားရာနေရာတိုင်း၌ ရန်ပွဲဖြစ်တတ်သည်။

ရိုင်းလ်ကိုယ်တိုင်ပင် ထိုကဲ့သို့ ဆိုးမိုက်နေသူမို့ သူ့ကောင်လေး လက်မလွန်အောင်သာ ဘေးမှ ထိန်းကျောင်းပေးရင်း အချိန်တော်တော်များ၌ သူပါ ဝင်ဆော်ပေးတတ်သလို၊ ခေတ္တရာ ဒဏ်ရာရလာရင်လည်း ကိုယ်တိုင် သေချာကုသပေးနိုင်တာပဲမို့ သူ ဆရာဝန်လုပ်ခဲ့မိတာအား အခုချိန်၌ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိနေခဲ့သည်။

"ကိုယ် ကားငှားလိုက်ဦးမယ်၊ ဒီမှာ ခဏစောင့်နေ"

"အိမ်က နီးနီးလေးပဲကို လမ်းလျှောက်ပြန်ကြမယ်လေ"

ကိုကို သဘောကျတဲ့ နှင်းတွေ အဆက်မပြတ်ကျနေတာမို့ ရေး ကိုကို့လက်မောင်းကိုသာ ချိတ်တွယ်လိုက်ရင်း ရှုပ်ထွေးစည်ကားနေသော လန်ဒန်လမ်းတွေပေါ်၌ နှင်းခဲတွေကြား ခြေရာတွေ ချန်ဖြစ်ခဲ့ကြသည့်အလား။

‌ထိုစဉ် tattoo ဆိုင်ရှေ့အရောက်၌ ရေး ရပ်တန့်လိုက်တာမို့ သူ့အား ပူဆာတော့မည်ကို သိနေသော ရိုင်းလ်ကတော့ ထိုနေရာကနေ အတင်းဆွဲခေါ်လာခဲ့ရပြန်သည်။

"ကိုကို"

"မရဘူး။ လက်တွေလည်း အေးနေပြီကို မြန်မြန်လျှောက်ရအောင်"

ဒီတစ်ခါတော့ အရက်တွေ အများကြီး ဝင်ထားပြီမို့ ရေး ကိုကို့ရှေ့က ပိတ်ရပ်လိုက်ရင်း-

"ဒီတစ်ခါ မထိုးရရင် အိမ်မပြန်ဘူး။ လုပ်ပါ၊ ကိုကို ထိုးပေးလေ"

ခေတ္တရာက သူနဲ့ဆင်တူ လိပ်ပြာ tattoo လိုက်ထိုးချင်နေခဲ့ပေမယ့် ရိုင်းလ်ကတော့ ထိုကောင်လေး ကိုယ်ပေါ်၌ လိပ်ပြာနဲ့ ပတ်သက်တာတွေ ထပ်မရှိ‌စေချင်တာမို့ ဒီတစ်ခုကိုတော့ ခွင့်မပြုခဲ့။

"နော်. . .ပခုံးတို့ ကျောတို့မှာ မထိုးဘူးလေ၊ ကိုကိုတစ်ယောက်တည်းပဲ မြင်နိုင်မယ့်နေရာမှာ ကိုကို ကိုယ်တိုင် ထိုးပေး၊ ကိုကို သင်ခဲ့တာပဲကို၊ နော်လို့"

"အဲ့ဒါက ကိုယ် ထောင်ထဲမှာ ပျင်းလို့ သင်ခဲ့တာပဲ ရှိတာလေ၊ လက်တွေ့မှ မလုပ်ဖူးတာကို။ မရဘူး၊ ဒါနဲ့ မင်း ဘယ်နေရာမှာ ထိုးချင်တာ?"

"ပေါင်အတွင်းထဲမှာလေ၊ အဲ့ဒါဆို ကိုကိုတစ်ယောက်ပဲ မြင်ရမှာ"

ပြောနေရင်းကို လမ်းမအလယ် နှင်းပုံထဲ၌ ဝုန်းခနဲ လှဲချပစ်လိုက်တဲ့ ခေတ္တရာကြောင့် ရိုင်းလ် ခေါင်းနပန်းကြီးသွားရသည်။

"ဘေဘီ မဆိုးနဲ့ကွာ"

"ဒီည မထိုးပေးရင် ဒီမှာပဲ လှဲအိပ်နေခဲ့တော့မယ်"

အလွန့်အလွန်ကိုမှ အသားနာခံချင်နေတဲ့ ထိုကောင်လေးကို မနိုင်တော့တာမို့ နောက်ဆုံးတော့ ရိုင်းလ် လက်လျှော့လိုက်ရတော့သည်။

ထို့အတွက် tattoo ထိုးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝင်ဝယ်ခဲ့ရင်း အိမ်ပြန်ရောက်လာခဲ့ကြသည်။

‌‌အိမ်ထဲရောက်တာနဲ့ တက်ကြွစွာ ရေသွားချိုးနေပြီဖြစ်တဲ့ ခေတ္တရာကို စောင့်နေရသည့် ရိုင်းလ်တစ်ယောက် သူ့အပေါ်ပိုင်း၌ အင်္ကျီတောင် မကပ်နိုင်တော့။

ရိုင်းလ် ထိုကောင်လေး ထိုးချင်သည့် လိပ်ပြာ tattoo ပုံစံကို စာရွက်ပေါ်၌ အရင်အကြမ်းချဆွဲကြည့်ရသည်။ လူ့အသားပေါ်မှာ ထိုးရတာနဲ့ စာရွက်ပေါ်ဆွဲရတာက မတူတာမို့ ရိုင်းလ် သူ့ပထမဆုံးအကြိမ်အတွက် ‌သေချာပြင်ဆင်ရသည်။

"ကိုကို ကျွန်တော် အဆင်သင့်ဖြစ်ပြီ"

ရေချိုးပြီးစ bathrobe နဲ့ ပြန်ထွက်လာသော ခေတ္တရာကို ကုတင်ပေါ် ထိုင်ခိုင်းလိုက်ရရင်း အကိုက်အခဲပျောက်ဆေး အရင်ထိုးပေးထားရမလား ရိုင်းလ် ဗျာများနေရစဉ်-

"ကိုကို ကျွန်တော် ဒီလောက်နာမှာလေးကို မကြောက်ပါဘူးဆို။ ကျွန်တော် ကိုကိုနဲ့ ခွဲရမှာလောက် ဘယ်အရာကိုမှ မကြောက်ဘူး"

"အင်းပါ၊ ဒါဆို ကိုယ့်ကို အရမ်းနာရင်ပြောနော်၊ နားနားပြီး ဆက်ထိုးလို့ ရတယ်"

"အင်း"

tattoo ထိုးဖို့ လိုအပ်သည့် ပစ္စည်းတွေနဲ့အတူ ရိုင်းလ်ပါ ကုတင်ပေါ် တက်ထိုင်လိုက်ကာ ခေတ္တရာ၏ bathrobe ကို အပေါ်ကို မ,တင်လိုက်ရသည်။ ထိုကောင်လေး၏ နှင်းလိုဖြူတဲ့အသားအရေက အခုလို အတွင်းပိုင်းနေရာတွေ၌ ပိုတောင် ဖြူဥနေ၏။

ရိုင်းလ်စေတန် ထိုကောင်လေး ထိုးမည့် ဘယ်ဖက်ပေါင်အတွင်းသားပေါ်သို့ အရင်ငုံ့နမ်းလိုက်တာမို့ ခေတ္တရာ၏ ခြေချောင်းလေးတွေ ကုပ်သွားခဲ့တာကြောင့်-

"ဒါဆို ကိုယ် စထိုးတော့မယ်။ နာရင် ငို၊ ကြောက်ရင် ပြော၊ မလုပ်ချင်တော့ဘူးဆိုလည်း ရတယ်"

ရေး ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်ရင်း ထိုစကားတွေက သူတို့အတူနေတိုင်း ကိုကို ပြောနေကျစကားတွေမို့ အခုက tattoo ထိုးမှာလား၊ တခြားဟာထိုးမှာလားတောင် ဇဝေဇဝါ ဖြစ်သွားရတာမို့ ကိုကို စမထိုးသေးခင် ကိုကို့နှုတ်ခမ်းတွေကို အရင် လှမ်းနမ်းပစ်လိုက်မိသွားခဲ့သည်။

ထိုအနမ်းရိုင်းတွေ အချိန်အတန်ကြာ ဝေနေခဲ့ကြပြီးမှ-

"ဘေဘီ ကိုယ် tattoo မထိုးတော့ဘဲ တခြားဟာ ပြောင်းလုပ်ချင်အောင် ရန်မစနဲ့တော့"

"အဟက်"

ရေး အမြန်လှဲအိပ်လိုက်ရပြီး ကိုကို့ကို tattoo စထိုးလို့ရပြီဖြစ်ကြောင်း ပြောလိုက်ရတော့သည်။

.
.

"အ့"

ထိုကောင်လေး သူ့ခြေထောက်တွေကို လှုပ်လှုပ်ရှားရှား စတင်လုပ်လာပြီမို့ ရိုင်းလ် သူ့ထိုးလက်စကို ခဏရပ်လိုက်ပြီး ထိုကောင်လေး နဖူးပေါ်သို့ လက်တစ်ဖက် သွားအုပ်တင်လိုက်ရကာ နောက်လက်တစ်ဖက်နဲ့ ခေတ္တရာ၏ ပခုံးသားတွေကို ပွတ်သပ်ပေးနေရင်း သူ့ရင်ခွင်ထဲက ကောင်လေးအာရုံပြန်ပြောင်းသွားအောင် ချော့မြှူနေရသည်။

"ခဏလေးပဲ သည်းခံနော်၊ ပြီးတော့မယ်။ ရပ်ချင်ရင် ကိုယ့်ကို အရင်ပြောနော်၊ တအား မရုန်းပစ်လိုက်နဲ့၊ တခြားနေရာတွေကိုပါ ခိုက်မိသွားလိမ့်မယ်"

အပြင်က အေးနေသော်ငြား ရိုင်းလ်ကတော့ အိပ်ရာပေါ်၌ ချွေးပြန်နေရလေသည်။ ထိုနေရာက အသားများပေမယ့် ထိလွယ်ရှလွယ်ဖြစ်တတ်သည့် နေရာလည်း ဖြစ်သလို၊ နုနယ်သည့် နေရာတွေလည်း ဖြစ်တာကြောင့် သူ့ကျောပေါ်မှာ ထိုးခဲ့ရတုန်းကလို ခံစားမှုထက် ခေတ္တရာခမျာ ပိုနေရခက်၊ ခံရခက်နေပုံရသည်။

ရေးခေတ္တရာ သူ့အား သေချာအာရုံစိုက်ပြီး ဆက်ထိုးပေးနေသည့် အပေါ်ပိုင်းဗလာကျင်းနဲ့ ကိုကို့ကျောပေါ်က လိပ်ပြာလေးကို ခပ်ဖွဖွ တို့ထိကြည့်နေမိသည်။ သူလည်း ထိုကဲ့သို့ ကျောပေါ်မှာ ဆင်တူ လိုက်ထိုးချင်ပေမယ့် ကိုကိုက တခြားသူ အလွယ်တကူ မြင်ရနိုင်တဲ့ မည်သည့်နေရာပေါ်မှာမဆို ခွင့်မပြုတာမို့ ပေါင်အတွင်းဖက်မှာသာ ရွေးချယ်ဖြစ်ခဲ့တာပင်။

.
.

လိပ်ပြာခပ်သေးသေးလေး ထိုးရတာတောင် tattoo ထိုးခြင်း အပြည့်အစုံပြီးစီးဖို့ တစ်နာရီခွဲနီးပါး ရိုင်းလ် အချိန်ယူခဲ့ရသည်။

"ဟူး. . .ပြီးပြီ၊ ဒီနေရာကို ရေမထိစေနဲ့ဦး၊ မနက်ဖြန် နေ့လယ်လောက်ထိ ရေထိလို့ မရသေးဘူး"

ရိုင်းလ်စေတန် သူ့လက်ထဲက စက်ကို ချလိုက်ပြီး ထိုကောင်လေး၏ နီရဲသွားသော ပေါင်အတွင်းသားနေရာကို ခပ်ဖြည်းဖြည်း လေမှုတ်ပေးနေရင်း ပြောနေသော်ငြား ထိုကောင်လေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေပြီ။

မေ့မြောသွားတာမဟုတ်ဘဲ အိပ်ပျော်နေတာ သေချာတယ်ဆိုမှ သက်ပြင်းချနိုင်ခဲ့ကာ ရိုင်းလ် ထိုကောင်လေးကို တစ်ညလုံးလည်း သတိထားပြီး ထထကြည့်နေခဲ့မိသည်။ tattoo ထိုးတာ နူးညံ့တဲ့ မိန်းမငယ်လေးတွေတောင် လုပ်နေပြီဖြစ်တဲ့ မထူးဆန်းတဲ့ အရာဖြစ်တာမို့ ခေတ္တရာအတွက် ထိုမျှလောက် နာကျင်မှုက ပြောစရာတောင် မလိုတာကို ရိုင်းလ် သိသော်ငြား သိနေရက်နဲ့ကို တစ်ညလုံး စိတ်မချနိုင်ဖြစ်နေခဲ့ရသည်။

ရိုင်းလ်စေတန် ထို‌ကောင်လေး ကိုယ်ပေါ်သို့ စောင်အပါးကိုသာ ခြုံပေးထားလိုက်ရင်း၊ ပေါင်ကို ဖိမိသွားမှာစိုးလို့ ခပ်ခွာခွာ အိပ်ပေးနေလိုက်ရင်း၊ အိပ်မောကျနေတဲ့ ကောင်လေးကို ဘေးတစောင်း ငေးကြည့်နေရင်း ဒီကောင်လေး သူ့ဘေးမှာ အခုလို ရှိနေရင် လန်ဒန်ကလည်း ပျော်စရာအတိ၊ ရန်ကုန်ကလည်း နေချင်စဖွယ်အတိ၊ ပုဂံကလည်း ခဏခဏ ခြေချချင်စရာပါပင်။

သူတို့နှစ်ယောက်လုံး အခုချိန်ထိ ကလေးမွေးစားဖို့ အတွေးမရှိခဲ့သည်မှာ ခေတ္တရာက ကလေး သိပ်မချစ်တတ်တာမို့ပင်။

ရိုင်းလ်ဖက်ကတော့ ရှင်းပါ၏။

သူ ခေတ္တရာတစ်ယောက်တည်းအပေါ်ကိုသာ ထိုကောင်လေး နှစ်ဆယ့်ငါးနှစ်နီးပါးလုံး ဘယ်သူ့ဆီကမှ မရခဲ့တဲ့ မေတ္တာတွေကို အပြည့်အဝ ပြန်ပေးချင်လို့ ကလေး မမွေးစားခဲ့တာပင်။

သူ ခေတ္တရာကို အဖေလို စောင့်ရှောက်ရင်း အမေလို နွေးထွေးမှု ပေးချင်သည်။ အစ်ကိုတစ်‌ယောက်လို ထိုကောင်လေး လမ်းမှားပေါ် ရောက်သွားချင်တာတွေရှိနေရင် ဆုံးမသွန်သင်ရင်း သူငယ်ချင်းလို ဆိုးဖော်ဆိုးဖက်လည်း အပြည့်အဝ ဖြစ်ပေးချင်သည်။ သူ ခေတ္တရာကို သူ့အိမ်ထောင်ဖက်လို သ‌ဘောထားသော်ငြား တပြိုင်တည်းမှာလည်း သူ့ကလေးလို အရိပ်တကြည့်ကြည့် ရှိနေခဲ့ရတာမို့ တခြားကလေးတွေ ထပ်လိုချင်တာမျိုး မရှိခဲ့။

ရေးခေတ္တရာအတွက် ရိုင်းလ်စေတန်ဆိုသည်မှာ ခင်ပွန်း၊ အမျိုးသားဆိုတဲ့ ဖြစ်တည်မှုတစ်ခုထက် ပိုလေးနက်ခဲ့သည်မှာ ယခုလို အိမ်ထောင်သက်တွေ ကြာသွားသော်ငြား မပြောင်းလဲဆဲပါတကား။

__________________________________________

[Zawgyi]

လန္ဒန္ၿမိဳ႕၏ ေဆာင္းနံနက္ခင္းကား နီညိုေရာင္အိမ္ဝင္း၏ အျပင္ဖက္၌ ႏွင္းခဲေတြ ထူထပ္စြာ ဖုံးအုပ္ေန႐ုံမကဘဲ တစ္ခ်က္တစ္ခ်က္ ခပ္ျပင္းျပင္း တိုက္ခတ္လာေသာ ‌ေလေအးေတြေၾကာင့္ အိမ္ထဲ၌ပင္ ေရခဲတမွ် အလြန္ေအးစိမ့္ေန၏။

ထိုကဲ့သို႔ ေမးခ်င္းရိုက္တမွ် ေအးစက္ေနေသာ မနက္ခင္း၌ ေဒါသတႀကီးျဖင့္ မေအးခ်မ္းနိုင္ေသာ လူတစ္ေယာက္ ရွိေနသည္။

ရိုင္ယန္တစ္‌ေယာက္ သူ႕ညီအိမ္ထဲ၌ သူ႕ညီ၏ အိမ္ေထာင္ဖက္ေၾကာင့္ မိုးလင္းကတည္းက အလြန္စိတ္တိုေနရျခင္းျဖစ္သည္။

"ေရးေခတၱရာ မင္း ခ်စ္တီးေသလို႔ ဝင္စားတာလား၊ အမ်ိဳးအခ်င္းခ်င္းကို ပန္းခင္းေၾကးကို အဲ့ေလာက္ယူရလားကြ၊ အား. . .ငါ မင္းကို ဒီတစ္ခါေတာ့ တကယ္ သည္းမခံနိုင္ေတာ့ဘူး! ! !"

ေရး ထိုလူ႕အား ဆိုဖာေပၚ၌ လက္ပိုက္ၿပီးသာ ထိုင္ၾကည့္ေနရင္း သူ႕လာဗင္ဒါပန္းခင္းထဲ၌ လုပ္ၾကမည့္ ရိုင္ယန္တို႔၏ မဂၤလာပြဲအတြက္ သူ ေတာင္းထားသည့္ ပန္းခင္းေၾကးကို တစ္ျပားမွ မေလွ်ာ့နိုင္ေၾကာင္းသာ ထပ္ေျပာလိုက္တာမို႔ ရိုင္ယန္ ေပါက္ကြဲေနရၿပီ။

ရိုင္ယန္ ထိုေကာင္ေလးေရွ႕ ထရပ္လိုက္ေတာ့ၿပီး-

"မင္း သူေဌးျဖစ္ ေနာက္က်ေနဦးမယ္ သိလား၊ ေတာ္ၿပီ ငါ မင္းပန္းခင္းမွာ မလုပ္ရလည္း ျဖစ္တယ္၊ လန္ဒန္မွာ မင္းတစ္ေယာက္တည္း လာဗင္ဒါပန္းခင္း ပိုင္တာက်လိဳ႕"

"ဒါဆိုလည္း ဒိုးေတာ့၊ မနက္ေစာေစာစီးစီး သူမ်ားအိမ္လာၿပီး. . ."

"အားးး"

ရိုင္ယန္ ထိုေကာင္ေလးအား ၾကည့္မရတာ ေတာ္ေတာ္ၾကာၿပီမို႔ နဘန္က်င္းဖို႔ လက္႐ြယ္လိုက္တုန္းတင္ သူ႕ေျခသလုံးအား အုန္းခနဲ ပိတ္ကန္ျခင္းကိုသာ ခံလိုက္ရတာေၾကာင့္ လူႀကီးကို ထိုမွ်ေလာက္ထိ ျပန္လုပ္မည္ မထင္ထားတဲ့ ရိုင္ယန္တစ္ေယာက္ ဖင္ထိုင္ရက္ပင္ ပစ္လဲက်သြားခဲ့သည္။

"မင္း! မင္း ရိုင္းလ္ အားကိုးနဲ႕ ဆိုးေနတာပဲ"

"ျဖစ္ရတယ္၊ ကြၽန္ေတာ္ အစ္ကိုနဲ႕မေတြ႕ခင္ကတည္းက ဆိုးတာ။ ခင္ဗ်ားသာ အစ္ကို အိမ္မွာ မရွိတုန္း ဗိုလ္လာက်ေနတာေလ။ မိန္းမပဲ ယူရေတာ့မွာကို ကပ္ေစးကနည္းေနေသးတယ္။ အမ်ိဳးကအမ်ိဳး၊ စီးပြားေရးက စီးပြားေရးပဲ"

"မင္းေတာင္းထားတဲ့ ေၾကးက မနည္းဘူးေလကြာ၊ ဒီအခ်ိန္ ပန္းပြင့္တဲ့အခ်ိန္လည္း မဟုတ္တာကို မင္းရဲ႕ ပန္းခင္းကို ဘယ္သူက လာၾကည့္မွာမို႔လဲ။ အလကားငွားလိုက္ရင္ေတာင္ ရေနတဲ့ဟာကို. . .ေတာ္ၿပီ၊ မင္းနဲ႕ေျပာရတာ တကယ္ အကုသိုလ္မ်ားတယ္"

သူ႕အား အၿငိဳးနဲ႕ လုပ္ေနသလား ထင္ရတဲ့ မတန္မဆေၾကးေၾကာင့္ ရိုင္ယန္ ထိုပန္းခင္းအား လက္ေလွ်ာ့လိုက္ဖို႔ ျပင္လိုက္စဥ္ သူ႕ဇနီးေလာင္းဆီမွ ဖုန္းဝင္လာတာေၾကာင့္ ကိုင္လိုက္ရသည္။

"ဒါလင္ ပန္းခင္း‌ငွားၿပီးၿပီဟုတ္၊ ဟန္နီ အဲ့ပန္းခင္းကလြဲရင္ က်န္တဲ့ေနရာမွာ ပြဲမလုပ္ခ်င္ဘူးေနာ္။ ဒါလင္ ငွားၿပီးရင္ ဟန္နီ ဒီေန႕ပဲ decoration အပ္လိုက္ေတာ့မယ္"

တစ္ဖက္မွ တက္ႂကြလြန္း‌ေနသည့္ အမ်ိဳးသမီး၏အသံကို အျပင္ကေနပင္ ၾကား‌ေနရတာေၾကာင့္ သူ႕ခ်စ္ဇနီးကို မယူခင္ကတည္းက အလြန္မ်က္ႏွာလုပ္ခ်င္ေနေသာ ရိုင္ယန႔္၏ စပ္ၿဖဲၿဖဲမ်က္ႏွာကို ၾကည့္မရတာမို႔ ေရးေခတၱရာ ေလွာင္ၿပဳံးၿပဳံးရင္း ေလခြၽန္ေနလိုက္သည္။

"အဟမ္း. . .ငါ့ဇနီးေလာင္းက ဒီေနရာမွ ဒီေနရာ ျဖစ္ေနေတာ့လည္း မင္း ေတာင္းထားတဲ့ ေၾကး ေပး႐ုံအျပင္ မတတ္နိုင္ေတာ့ဘူးေပါ့ကြာ။ စာခ်ဳပ္ယူခဲ့၊ တစ္ခါတည္း ေငြေခ်ခဲ့မယ္"

"ဟင့္အင္း၊ အစ္ကို႔ကို မငွားေတာ့ဘူး"

"ဘာ!!!"

"အစ္ကို ကြၽန္ေတာ့္ကို လက္ပါလို႔ အခုႏွစ္ဆထပ္တိုးေပးမယ္ဆိုရင္ေတာင္ မငွားေတာ့ဘူး"

"ဟ. .ငါက ႐ြယ္တုန္းရွိေသး မင္းက အရင္ပိတ္ကန္တာကိုလည္း ထည့္ေျပာဦးေလ"

"ဒါကေတာ့ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္တာလို႔ ‌ေခၚတယ္"

"ေတာက္. .မင္းဟာ ႐ုပ္ေလးနဲ႕မွမလိုက္ အက်င့္က တစ္စက္မွ မေကာင္းပါလား။ အဲ့ဒါကိုမ်ား ငါ့ညီက မင္းလိုေကာင္ကို အခုထိ ဘယ္ေနရာကိုမ်ား ဓာတ္က်ေနလဲမသိဘူး"

"သူ ဘယ္ေနရာ ဓာတ္က်ဓာတ္က် အစ္ကို႔အပူပါလား။ ဟက္. .သူမ်ားတကာေတြက အိမ္ေထာင္ဖက္အတြက္ လာဗင္ဒါ ပန္းခင္းတစ္ခင္းလုံးကိုေတာင္ လက္မတြန႔္ဘဲ ဝယ္ေပးနိုင္တာကို ခင္ဗ်ားကေတာ့ ပန္းခင္း တစ္ရက္စာေၾကးကိုေတာင္ ေယာက္်ားႀကီးတန္မဲ့ ေဈးလာဆစ္ေနေသး။ မရီးအစား ရင္ေလးမိတယ္"

"ေတာက္. . ."

ေသာက္က်င့္တစ္စက္မွ မေကာင္းတဲ့ ဒီေကာင္ေလးကို စိတ္ရွိအတိုင္းသာဆို ရိုက္သတ္ပစ္လိုက္ခ်င္ေနေသာ္ျငား သူ႕ဇနီးေလာင္းမ်က္ႏွာေၾကာင့္ ရိုင္ယန္ မ်က္ႏွာခ်ိဳ ထိုင္ေသြးခဲ့ရသည္။ နာရီဝက္နီးပါး ေတာင္းပန္ၿပီးသကာလ အရင္ေတာင္းထားတဲ့ ပန္းခင္းေၾကးထက္ ေလးဆပိုေပးၿပီးခ်ိန္၌ ႏွစ္ေယာက္သား ထိုေနရာကိုငွားဖို႔ အဆင္ေျပသြားၾကသလို ရိုင္းလ္ ေျပာဖူးတဲ့ ေရးေခတၱရာက ေမာင္ႏွမေတြအေပၚ ဗိုလ္က်တတ္မယ့္ပုံဆိုတာအား ရိုင္ယန္ လုံးဝ ေထာက္ခံလိုက္ရေတာ့သည္။

.
.
.

ရိုင္းလ္ေစတန္ အိမ္ထဲဝင္ခါနီး၌ သူ႕အစ္ကို ျပန္ထြက္လာတာနဲ႕ တိုးလိုက္တာေၾကာင့္ ႏႈတ္ဆက္ဖို႔ျပင္လိုက္စဥ္-

"ရိုင္းလ္ေစတန္ မင္းဟာေလးကို မင္း ထိန္းထားေနာ္၊ ငါ မဂၤလာေဆာင္ခါနီးမို႔ စိတ္ေလွ်ာ့လိုက္ရတာ"

ႏွင္းေတြေဖြးေဖြးလႈပ္ေနသည့္ မနက္ခင္း၌ ရိုင္းလ္တစ္ေယာက္ သူ႕ေကာင္ေလး စားဖို႔အတြက္ မနက္စာအျပင္ တစ္ေန႕လုံးစာအတြက္ ဟင္းခ်က္စရာ‌ေတြပါ သြားထြက္ဝယ္ေနခဲ့ျခင္းျဖစ္သည္။ သူတို႔ႏွစ္ေယာက္ ရိုင္ယန႔္ မဂၤလာပြဲအတြက္ လန္ဒန္၌ ျပန္လာေနျဖစ္ၾကျခင္းပင္။

ေခတၱရာက ဟင္းေကာင္းေကာင္းခ်က္နိုင္သူမို႔ ေခတၱရာခ်က္မည္ဆိုလွ်င္ ရိုင္းလ္က ဟင္းခ်က္စရာ‌ေတြ ယခုကဲ့သို႔ ထြက္ဝယ္ေပးျဖစ္သည္။ ေခတၱရာ၏ ဆႏၵအတိုင္း သူတို႔ႏွစ္ေယာက္လုံး အိမ္မႈကိစၥေတြအား ညီတူညီမွ်သာ ခြဲလုပ္ျဖစ္ခဲ့ၾကသည္။ သူတစ္ေယာက္တည္း အကုန္လုပ္ေပးေနတာအား ေခတၱရာက ခြင့္မျပဳခဲ့။

ရိုင္းလ္ေစတန္ သူ႕အား တြန္းတိုက္ၿပီးပင္ ထြက္သြားေသာ ရိုင္ယန႔္ေၾကာင့္ ဘာမ်ားျဖစ္ၾကျပန္ၿပီလဲ စိုးရိမ္စြာ အိမ္ထဲအျမန္ဝင္လာခဲ့စဥ္ ထုံးစံအတိုင္း သူ႕ရင္ခြင္ထဲ ေျပးဝင္လာကာ ဖက္နမ္းလာေသာ ေကာင္ေလးေၾကာင့္-

"မင္း အစ္ကိုရိုင္ယန္နဲ႕ ေစာေစာစီးစီး ရန္ျဖစ္ေနျပန္ၿပီလား"

"အင္း၊ သူ႕ကို ပန္းခင္းေၾကး ထပ္တိုးေတာင္းလိုက္လို႔ စိတ္ဆိုးသြားတာ။ ထားလိုက္၊ သူ႕ကို အာ႐ုံစိုက္မေနပါနဲ႕။ လာ. . .ကိုကို ခ်မ္းေနၿပီမလား၊ ေႏြးသြား‌ေအာင္ ဖက္ထားေပးမယ္

အျပင္၌ အလြန္ေအးေနခဲ့ရတာမို႔ သူ႕လက္ထဲက အထုပ္ေတြကို ပစ္ခ်လိဳက္ၿပီး ရိုင္းလ္ သူ႕ျမတ္နိုးရာေလးကို ေသခ်ာဖက္တြယ္ထားလိုက္ရသည္။

ေခတၱရာက ရိုင္ယန႔္အား လြန္ခဲ့ေသာ ႏွစ္ေတြက သူတို႔ကို ကြဲကြာေစခဲ့တဲ့ ကိစၥအတြက္ အခုခ်ိန္ထိ မေက်မနပ္ျဖစ္ေနဆဲပါပင္။ ထို႔အတြက္ေၾကာင့္ ဒီေကာင္ေလးနဲ႕ သူ႕အစ္ကို အခုလို ရန္ျဖစ္ေနလွ်င္ ရိုင္းလ္ မသိခ်င္ေယာင္သာ ေဆာင္ေနရသည္။

"အစ္ကိုရိုင္ယန္က အခုမွ သူ႕မိန္းမကို ခ်စ္ျပေနလိုက္။ ကြၽန္ေတာ္ သူ႕ကို နည္းနည္းမွ ၾကည့္မရဘူး။ တစ္ခ်ိန္တုန္းက သူသာ ကြၽန္ေတာ့္ကို ဆက္သြယ္ေပးခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ ကိုကို႔ကို စိတ္က်န္းမာေရး အက်ဥ္းေထာင္ထဲမွာ ဒီအတိုင္း ပစ္ထားျဖစ္ခဲ့မွာ မဟုတ္ဘူး။ ကြၽန္ေတာ္ သူ႕ကို တကယ္မေက်နပ္ဘူး၊ အဲ့ဒါမို႔ ပန္းခင္းေၾကးကို ေလးဆေလာက္ တိုးေတာင္းထားတာ"

"အင္းအင္း၊ ေဘဘီ့သေဘာေနာ္၊ ေျခာက္ဆေလာက္ တိုးေတာင္းလည္း သူက ေဘာစိပဲ။ ကိုယ့္ကို အားမနာဘဲ ေဘဘီ စိတ္ေက်နပ္သြားတဲ့အထိသာ ေတာင္းပစ္လိုက္။ ကိုယ္ မရီးကို ေဘဘီ့ပန္းခင္းထဲမွာမွ မဟုတ္ရင္ မဂၤလာမေဆာင္ခ်င္ေတာ့ေအာင္ promotion ဆင္းထားၿပီးသား"

သူ႕ကို ရန္ျဖစ္ရင္ လက္မပါဖို႔သာ ဆူပူဆုံးမတတ္သည့္ ကိုကိုက အခုလို လူမိုက္လုပ္ဖို႔ေတာ့ အၿမဲအားေပးေနဆဲပါပင္။

ထို႔အတြက္ ေရးတစ္ေယာက္ သူ႕ကို အခုလိုမ်ိဳး အလိုလိုက္တတ္သည့္ ထိုအမ်ိဳးသားအား လြန္စြာမွ ခ်စ္ျမတ္နိုးရတာမို႔ ကိုကို႔ပါးေတြကလည္း ေအးေနေသးတာေၾကာင့္ ေျခဖ်ားေထာက္ၿပီး စတင္နမ္းရွိုက္လိုက္မိသည္။

ထို႔အတြက္ ရိုင္းလ္တစ္ေယာက္ ႏွစ္ေတြပိုၾကာလာေလေလ အနမ္းပိုသန္လြန္းလာသည့္ ေခတၱရာကို မနက္စာမ‌ေကြၽးခင္ သူ႕ေဘဘီ စားခ်င္သည့္ တျခားဟာကိုသာ အရင္ေကြၽးဖို႔အတြက္ အိပ္ခန္းထဲသို႔ ေပြ႕ေခၚခဲ့လိုက္ရသည္။

ႏွင္းေတြတဖြဲဖြဲက်ေနေသာ လန္ဒန္ေဆာင္းမနက္ခင္း၌ ရိုင္းလ္၏ အိပ္ရာကား သူ႕ေဘဘီေလးေၾကာင့္ အလြန႔္အလြန္ေႏြးေနခဲ့ရပါ၏။

-----------------------------

ေရးေခတၱရာဟု အမည္တြင္သည့္ လာဗင္ဒါ ပန္းခင္းထဲ၌ ရိုင္ယန့္၏ မဂၤလာပြဲကို စတင္ က်င္းပေနၿပီျဖစ္သည္။

ရစ္ခ်က္ေတာင္မွ သူ႕သားႀကီးကို အိမ္ေထာင္မျပဳေတာ့ဘူးဟု ထင္ေနတာေၾကာင့္ အခုလို အျဖဴမေလး တစ္ေယာက္နဲ႕ အတည္တက် ျဖစ္သြားခဲ့တာကို ျမင္လိုက္ရခ်ိန္၌ သားႏွစ္ေယာက္လုံးအတြက္ အလြန္စိတ္ေအးသြားခဲ့ရသည္။ သူ႕ေနာက္မိန္းမ၌ သားသုံးေယာက္ပါခဲ့ေပမယ့္ ရစ္ခ်က္တစ္ေယာက္ ရိုင္ယန႔္ကိုေတာ့ သူ႕သားအရင္းနီးပါးလိုကို ခ်စ္ခဲ့ရေလသည္။

ဒီကာလက လာဗင္ဒါပန္းပြင့္ခ်ိန္မဟုတ္ေသာ္လည္း မရီးက ထိုပန္းခင္း၌သာ မဂၤလာပြဲလုပ္ခ်င္ခဲ့သည္။ မရီး ေသခ်ာအပ္ထားခဲ့သည့္ အျပင္အဆင္ေတြေၾကာင့္ လာဗင္ဒါ အေငြ႕အသက္ေတြ အျပည့္ရေနခဲ့ေသာ မဂၤလာပြဲေလးပါပင္။

"ကြၽန္ေတာ္လည္း လာဗင္ဒါ ပန္းခင္းထဲမွာ မဂၤလာေဆာင္ခ်င္လိုက္တာ"

"ဒါဆို ကိုယ္တို႔ မဂၤလာပြဲထပ္လုပ္ၾကမလား"

"ဟက္. .ဒီအ႐ြယ္က်မွ"

သူတို႔ႏွစ္ေယာက္အသက္က အခုမွ သုံးဆယ့္ငါးေက်ာ္ေက်ာ္ပဲ ရွိေသးတာကို အဖိုးႀကီးေပါက္စေလးလို ညည္းၫူေနေသာ သူ႕ေဘးက ေကာင္ေလး၏ ပခုံးကို ရိုင္းလ္ သိုင္းဖက္ထားလိုက္တာနဲ႕ ထိုေကာင္ေလး သူ႕ပခုံးေပၚ ေခါင္းမွီခ်လာၿပီး ပန္းခင္းထဲက ထိုမဂၤလာေမာင္ႏွံကို ၾကည္ႏူးစြာ ၾကည့္ေနခဲ့ၾကသည္။

.
.

ပြဲၿပီးခါနီးၿပီးမို႔ ရိုင္းလ္ေစတန္ သူ႕အစ္ကိုနား ေလွ်ာက္လာခဲ့စဥ္ မရီး သူ႕လက္ကိုင္ပန္းစည္းပစ္ေတာ့မွာမို႔ စင္ေအာက္၌ ခဏရပ္ေနလိုက္ရသည္။

သတို႔သမီး သူ႕လက္ကိုင္ပန္းကို ေနာက္ျပန္ပစ္လိုက္ခ်ိန္၌ ေစာင့္ဖမ္းေနသူ လူပ်ိဳ အပ်ိဳ နိုင္ငံျခားသားမ်ားစြာကို ေရးတစ္ေယာက္ ထိုင္ခုံ၌သာ ထိုင္ၾကည့္ေနစဥ္ လာဗင္ဒါပန္းအစစ္နဲ႕ ျပဳလုပ္ထားသည့္ ထိုလက္ကိုင္ပန္းစည္းက ေရး၏ေပါင္ေပၚသို႔ ကြက္တိျပဳတ္က်လာခဲ့သည္။

"Wowwwwww"
"Heyyyyyyyyy"

ေရးေခတၱရာ သူ႕ေပါင္ေပၚက ပန္းစည္းကို ၾကည့္လိုက္ စင္နားက ကိုကို႔ကို ၾကည့္လိုက္လုပ္ေနရင္း ႏွစ္ေယာက္သား ၿပိဳင္တူ ရယ္မိသြားၾက၏။

ၾကည့္ရတာ လာဗင္ဒါ ပန္းေလးေတြက အၿမဲလိုလို ေခတၱရာဆီကိုသာ ေရာက္ေအာင္သြားခ်င္ၾကတယ္ ထင္ပါရဲ႕။

လာဗင္ဒါပန္းစည္းကို ငုံ႕နမ္းေနေသာ သူ႕ေကာင္ေလးကို ရိုင္းလ္ေစတန္ မဂၤလာေမာင္ႏွံနားကေနသာ ျမတ္နိုးစြာ လွမ္းၾကည့္ေနလိုက္ရင္း ေနာက္ဘဝေတြက်ရင္လည္း သူ ဒီေကာင္ေလးကို ရွာေတြ႕နိုင္ဖို႔ လာဗင္ဒါပန္းေလးေတြက အခုလိုပဲ ကူညီေပးဖို႔ စိတ္ထဲကေန ေတာင္းဆုတစ္ခု ျပဳလိုက္မိသည္။

ေရး ထိုပန္းစည္းမွ လာဗင္ဒါရနံ႕ကို ငုံ႕နမ္းေနရင္း သူတစ္ေယာက္တည္းသာ ၾကားနိုင္မည့္ ခပ္တိုးတိုးေလသံျဖင့္ ဆိုလိုက္မိသည္။

"ေနာက္ဘဝေတြက်ရင္လည္း ကိုကို ကြၽန္ေတာ့္ကို ေတြ႕ေအာင္ မရွာနိုင္ ျဖစ္ေနခဲ့ရင္ ဒီလာဗင္ဒါပန္းေတြက ကိုကိုရွာ‌‌ေတြ႕နိုင္ဖို႔ အခုလိုပဲ အကူအညီေပးလာပါေစ"

---------------------------

ရိုင္ယန္တို႔လင္မယား၏ မဂၤလာညစာစားပြဲကအျပန္ ရိုင္းလ္တို႔ႏွစ္ေယာက္လုံး လန္ဒန္ၿမိဳ႕၏ နာမည္အႀကီးဆုံး ဘားထဲ၌ အရက္ဝင္ထိုင္ေသာက္ေနၾကေပၿပီ။

ႏွစ္ေယာက္လုံးက ဆိုးမိုက္တာခ်င္းအတူတူအျပင္ အရက္ေသာက္နိုင္တာခ်င္းပါ တူတူမို႔ ရိုင္းလ္ကေတာ့ သူနဲ႕ အၿမဲလိုလို အၿပိဳင္လိုက္ၾကမ္းနိုင္သည့္ ေခတၱရာအား တစ္ေန႕တျခား အခ်စ္ပိုေနခဲ့ရသည္။ အခုဆို ရန္ကုန္က ေရး၏ ဘား၌သာမကဘဲ လန္ဒန္က ဘားတိုင္း၌လည္း သူတို႔ႏွစ္ေယာက္ေပါင္းၿပီး လူမိုက္အုပ္စုေတြနဲ႕ ခ်ိန္းပြဲျဖစ္ေပါင္းလည္း မနည္းေတာ့။

"ေဘဘီ ဒီည ရန္မျဖစ္နဲ႕ေတာ့၊ ကိုယ္တို႔ ကားေရာ ေဆးအိတ္ေရာ ပါမလာခဲ့ဘူး။ လိမၼာတယ္၊ ျပန္ၾကရေအာင္ေနာ္"

အိုေခ sign လုပ္ျပလာသည့္ all black ဝတ္ထားသည့္ ေခတၱရာကို ပြဲလာမရွာၾကေသးခင္ ဘားထဲမွ ရိုင္းလ္ ေခၚထုတ္လာခဲ့ရေတာ့သည္။

ထိုေကာင္ေလးက အခုခ်ိန္ထိ မ်က္ႏွာျမင္ ခ်စ္ခင္ပါေစ မဟုတ္ဘဲ မ်က္ႏွာျမင္ ရိုက္ခ်င္ပါေစ အခ်ိဳးမ်ိဳးပဲမို႔ ေခတၱရာ သြားရာေနရာတိုင္း၌ ရန္ပြဲျဖစ္တတ္သည္။

ရိုင္းလ္ကိုယ္တိုင္ပင္ ထိုကဲ့သို႔ ဆိုးမိုက္ေနသူမို႔ သူ႕ေကာင္ေလး လက္မလြန္ေအာင္သာ ေဘးမွ ထိန္းေက်ာင္းေပးရင္း အခ်ိန္ေတာ္ေတာ္မ်ား၌ သူပါ ဝင္ေဆာ္ေပးတတ္သလို၊ ေခတၱရာ ဒဏ္ရာရလာရင္လည္း ကိုယ္တိုင္ ေသခ်ာကုသေပးနိုင္တာပဲမို႔ သူ ဆရာဝန္လုပ္ခဲ့မိတာအား အခုခ်ိန္၌ ကိုယ့္ကိုယ္ကိုယ္ ေက်းဇူးတင္မိေနခဲ့သည္။

"ကိုယ္ ကားငွားလိုက္ဦးမယ္၊ ဒီမွာ ခဏေစာင့္ေန"

"အိမ္က နီးနီးေလးပဲကို လမ္းေလွ်ာက္ျပန္ၾကမယ္ေလ"

ကိုကို သေဘာက်တဲ့ ႏွင္းေတြ အဆက္မျပတ္က်ေနတာမို႔ ေရး ကိုကို႔လက္ေမာင္းကိုသာ ခ်ိတ္တြယ္လိုက္ရင္း ရႈပ္ေထြးစည္ကားေနေသာ လန္ဒန္လမ္းေတြေပၚ၌ ႏွင္းခဲေတြၾကား ေျခရာေတြ ခ်န္ျဖစ္ခဲ့ၾကသည့္အလား။

‌ထိုစဥ္ tattoo ဆိုင္ေရွ႕အေရာက္၌ ေရး ရပ္တန႔္လိုက္တာမို႔ သူ႕အား ပူဆာေတာ့မည္ကို သိေနေသာ ရိုင္းလ္ကေတာ့ ထိုေနရာကေန အတင္းဆြဲေခၚလာခဲ့ရျပန္သည္။

"ကိုကို"

"မရဘူး။ လက္ေတြလည္း ေအးေနၿပီကို ျမန္ျမန္ေလွ်ာက္ရေအာင္"

ဒီတစ္ခါေတာ့ အရက္ေတြ အမ်ားႀကီး ဝင္ထားၿပီမို႔ ေရး ကိုကို႔ေရွ႕က ပိတ္ရပ္လိုက္ရင္း-

"ဒီတစ္ခါ မထိုးရရင္ အိမ္မျပန္ဘူး။ လုပ္ပါ၊ ကိုကို ထိုးေပးေလ"

ေခတၱရာက သူနဲ႕ဆင္တူ လိပ္ျပာ tattoo လိုက္ထိုးခ်င္ေနခဲ့ေပမယ့္ ရိုင္းလ္ကေတာ့ ထိုေကာင္ေလး ကိုယ္ေပၚ၌ လိပ္ျပာနဲ႕ ပတ္သက္တာေတြ ထပ္မရွိ‌ေစခ်င္တာမို႔ ဒီတစ္ခုကိုေတာ့ ခြင့္မျပဳခဲ့။

"ေနာ္. . .ပခုံးတို႔ ေက်ာတို႔မွာ မထိုးဘူးေလ၊ ကိုကိုတစ္ေယာက္တည္းပဲ ျမင္နိုင္မယ့္ေနရာမွာ ကိုကို ကိုယ္တိုင္ ထိုးေပး၊ ကိုကို သင္ခဲ့တာပဲကို၊ ေနာ္လို႔"

"အဲ့ဒါက ကိုယ္ ေထာင္ထဲမွာ ပ်င္းလို႔ သင္ခဲ့တာပဲ ရွိတာေလ၊ လက္ေတြ႕မွ မလုပ္ဖူးတာကို။ မရဘူး၊ ဒါနဲ႕ မင္း ဘယ္ေနရာမွာ ထိုးခ်င္တာ?"

"ေပါင္အတြင္းထဲမွာေလ၊ အဲ့ဒါဆို ကိုကိုတစ္ေယာက္ပဲ ျမင္ရမွာ"

ေျပာေနရင္းကို လမ္းမအလယ္ ႏွင္းပုံထဲ၌ ဝုန္းခနဲ လွဲခ်ပစ္လိုက္တဲ့ ေခတၱရာေၾကာင့္ ရိုင္းလ္ ေခါင္းနပန္းႀကီးသြားရသည္။

"ေဘဘီ မဆိုးနဲ႕ကြာ"

"ဒီည မထိုးေပးရင္ ဒီမွာပဲ လွဲအိပ္ေနခဲ့ေတာ့မယ္"

အလြန႔္အလြန္ကိုမွ အသားနာခံခ်င္ေနတဲ့ ထိုေကာင္ေလးကို မနိုင္ေတာ့တာမို႔ ေနာက္ဆုံးေတာ့ ရိုင္းလ္ လက္ေလွ်ာ့လိုက္ရေတာ့သည္။

ထို႔အတြက္ tattoo ထိုးဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြ ဝင္ဝယ္ခဲ့ရင္း အိမ္ျပန္ေရာက္လာခဲ့ၾကသည္။

‌‌အိမ္ထဲေရာက္တာနဲ႕ တက္ႂကြစြာ ေရသြားခ်ိဳးေနၿပီျဖစ္တဲ့ ေခတၱရာကို ေစာင့္ေနရသည့္ ရိုင္းလ္တစ္ေယာက္ သူ႕အေပၚပိုင္း၌ အကၤ်ီေတာင္ မကပ္နိုင္ေတာ့။

ရိုင္းလ္ ထိုေကာင္ေလး ထိုးခ်င္သည့္ လိပ္ျပာ tattoo ပုံစံကို စာ႐ြက္ေပၚ၌ အရင္အၾကမ္းခ်ဆြဲၾကည့္ရသည္။ လူ႕အသားေပၚမွာ ထိုးရတာနဲ႕ စာ႐ြက္ေပၚဆြဲရတာက မတူတာမို႔ ရိုင္းလ္ သူ႕ပထမဆုံးအႀကိမ္အတြက္ ‌ေသခ်ာျပင္ဆင္ရသည္။

"ကိုကို ကြၽန္ေတာ္ အဆင္သင့္ျဖစ္ၿပီ"

ေရခ်ိဳးၿပီးစ bathrobe နဲ႕ ျပန္ထြက္လာေသာ ေခတၱရာကို ကုတင္ေပၚ ထိုင္ခိုင္းလိုက္ရရင္း အကိုက္အခဲေပ်ာက္ေဆး အရင္ထိုးေပးထားရမလား ရိုင္းလ္ ဗ်ာမ်ားေနရစဥ္-

"ကိုကို ကြၽန္ေတာ္ ဒီေလာက္နာမွာေလးကို မေၾကာက္ပါဘူးဆို။ ကြၽန္ေတာ္ ကိုကိုနဲ႕ ခြဲရမွာေလာက္ ဘယ္အရာကိုမွ မေၾကာက္ဘူး"

"အင္းပါ၊ ဒါဆို ကိုယ့္ကို အရမ္းနာရင္ေျပာေနာ္၊ နားနားၿပီး ဆက္ထိုးလို႔ ရတယ္"

"အင္း"

tattoo ထိုးဖို႔ လိုအပ္သည့္ ပစၥည္းေတြနဲ႕အတူ ရိုင္းလ္ပါ ကုတင္ေပၚ တက္ထိုင္လိုက္ကာ ေခတၱရာ၏ bathrobe ကို အေပၚကို မ,တင္လိုက္ရသည္။ ထိုေကာင္ေလး၏ ႏွင္းလိုျဖဴတဲ့အသားအေရက အခုလို အတြင္းပိုင္းေနရာေတြ၌ ပိုေတာင္ ျဖဴဥေန၏။

ရိုင္းလ္ေစတန္ ထိုေကာင္ေလး ထိုးမည့္ ဘယ္ဖက္ေပါင္အတြင္းသားေပၚသို႔ အရင္ငုံ႕နမ္းလိုက္တာမို႔ ေခတၱရာ၏ ေျခေခ်ာင္းေလးေတြ ကုပ္သြားခဲ့တာေၾကာင့္-

"ဒါဆို ကိုယ္ စထိုးေတာ့မယ္။ နာရင္ ငို၊ ေၾကာက္ရင္ ေျပာ၊ မလုပ္ခ်င္ေတာ့ဘူးဆိုလည္း ရတယ္"

ေရး ခပ္သြက္သြက္ ေခါင္းညိတ္ျပလိုက္ရင္း ထိုစကားေတြက သူတို႔အတူေနတိုင္း ကိုကို ေျပာေနက်စကားေတြမို႔ အခုက tattoo ထိုးမွာလား၊ တျခားဟာထိုးမွာလားေတာင္ ဇေဝဇဝါ ျဖစ္သြားရတာမို႔ ကိုကို စမထိုးေသးခင္ ကိုကို႔ႏႈတ္ခမ္းေတြကို အရင္ လွမ္းနမ္းပစ္လိုက္မိသြားခဲ့သည္။

ထိုအနမ္းရိုင္းေတြ အခ်ိန္အတန္ၾကာ ေဝေနခဲ့ၾကၿပီးမွ-

"ေဘဘီ ကိုယ္ tattoo မထိုးေတာ့ဘဲ တျခားဟာ ေျပာင္းလုပ္ခ်င္ေအာင္ ရန္မစနဲ႕ေတာ့"

"အဟက္"

ေရး အျမန္လွဲအိပ္လိုက္ရၿပီး ကိုကို႔ကို tattoo စထိုးလို႔ရၿပီျဖစ္ေၾကာင္း ေျပာလိုက္ရေတာ့သည္။

.
.

"အ့"

ထိုေကာင္ေလး သူ႕ေျခေထာက္ေတြကို လႈပ္လႈပ္ရွားရွား စတင္လုပ္လာၿပီမို႔ ရိုင္းလ္ သူ႕ထိုးလက္စကို ခဏရပ္လိုက္ၿပီး ထိုေကာင္ေလး နဖူးေပၚသို႔ လက္တစ္ဖက္ သြားအုပ္တင္လိုက္ရကာ ေနာက္လက္တစ္ဖက္နဲ႕ ေခတၱရာ၏ ပခုံးသားေတြကို ပြတ္သပ္ေပးေနရင္း သူ႕ရင္ခြင္ထဲက ေကာင္ေလးအာ႐ုံျပန္ေျပာင္းသြားေအာင္ ေခ်ာ့ျမႇူေနရသည္။

"ခဏေလးပဲ သည္းခံေနာ္၊ ၿပီးေတာ့မယ္။ ရပ္ခ်င္ရင္ ကိုယ့္ကို အရင္ေျပာေနာ္၊ တအား မ႐ုန္းပစ္လိုက္နဲ႕၊ တျခားေနရာေတြကိုပါ ခိုက္မိသြားလိမ့္မယ္"

အျပင္က ေအးေနေသာ္ျငား ရိုင္းလ္ကေတာ့ အိပ္ရာေပၚ၌ ေခြၽးျပန္ေနရေလသည္။ ထိုေနရာက အသားမ်ားေပမယ့္ ထိလြယ္ရွလြယ္ျဖစ္တတ္သည့္ ေနရာလည္း ျဖစ္သလို၊ ႏုနယ္သည့္ ေနရာေတြလည္း ျဖစ္တာေၾကာင့္ သူ႕ေက်ာေပၚမွာ ထိုးခဲ့ရတုန္းကလို ခံစားမႈထက္ ေခတၱရာခမ်ာ ပိုေနရခက္၊ ခံရခက္ေနပုံရသည္။

ေရးေခတၱရာ သူ႕အား ေသခ်ာအာ႐ုံစိုက္ၿပီး ဆက္ထိုးေပးေနသည့္ အေပၚပိုင္းဗလာက်င္းနဲ႕ ကိုကို႔ေက်ာေပၚက လိပ္ျပာေလးကို ခပ္ဖြဖြ တို႔ထိၾကည့္ေနမိသည္။ သူလည္း ထိုကဲ့သို႔ ေက်ာေပၚမွာ ဆင္တူ လိုက္ထိုးခ်င္ေပမယ့္ ကိုကိုက တျခားသူ အလြယ္တကူ ျမင္ရနိုင္တဲ့ မည္သည့္ေနရာေပၚမွာမဆို ခြင့္မျပဳတာမို႔ ေပါင္အတြင္းဖက္မွာသာ ေ႐ြးခ်ယ္ျဖစ္ခဲ့တာပင္။

.
.

လိပ္ျပာခပ္ေသးေသးေလး ထိုးရတာေတာင္ tattoo ထိုးျခင္း အျပည့္အစုံၿပီးစီးဖို႔ တစ္နာရီခြဲနီးပါး ရိုင္းလ္ အခ်ိန္ယူခဲ့ရသည္။

"ဟူး. . .ၿပီးၿပီ၊ ဒီေနရာကို ေရမထိေစနဲ႕ဦး၊ မနက္ျဖန္ ေန႕လယ္ေလာက္ထိ ေရထိလို႔ မရေသးဘူး"

ရိုင္းလ္ေစတန္ သူ႕လက္ထဲက စက္ကို ခ်လိဳက္ၿပီး ထိုေကာင္ေလး၏ နီရဲသြားေသာ ေပါင္အတြင္းသားေနရာကို ခပ္ျဖည္းျဖည္း ေလမႈတ္ေပးေနရင္း ေျပာေနေသာ္ျငား ထိုေကာင္ေလးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့ေလၿပီ။

ေမ့ေျမာသြားတာမဟုတ္ဘဲ အိပ္ေပ်ာ္ေနတာ ေသခ်ာတယ္ဆိုမွ သက္ျပင္းခ်နိဳင္ခဲ့ကာ ရိုင္းလ္ ထိုေကာင္ေလးကို တစ္ညလုံးလည္း သတိထားၿပီး ထထၾကည့္ေနခဲ့မိသည္။ tattoo ထိုးတာ ႏူးညံ့တဲ့ မိန္းမငယ္ေလးေတြေတာင္ လုပ္ေနၿပီျဖစ္တဲ့ မထူးဆန္းတဲ့ အရာျဖစ္တာမို႔ ေခတၱရာအတြက္ ထိုမွ်ေလာက္ နာက်င္မႈက ေျပာစရာေတာင္ မလိုတာကို ရိုင္းလ္ သိေသာ္ျငား သိေနရက္နဲ႕ကို တစ္ညလုံး စိတ္မခ်နိဳင္ျဖစ္ေနခဲ့ရသည္။

ရိုင္းလ္ေစတန္ ထို‌ေကာင္ေလး ကိုယ္ေပၚသို႔ ေစာင္အပါးကိုသာ ၿခဳံေပးထားလိုက္ရင္း၊ ေပါင္ကို ဖိမိသြားမွာစိုးလို႔ ခပ္ခြာခြာ အိပ္ေပးေနလိုက္ရင္း၊ အိပ္ေမာက်ေနတဲ့ ေကာင္ေလးကို ေဘးတေစာင္း ေငးၾကည့္ေနရင္း ဒီေကာင္ေလး သူ႕ေဘးမွာ အခုလို ရွိေနရင္ လန္ဒန္ကလည္း ေပ်ာ္စရာအတိ၊ ရန္ကုန္ကလည္း ေနခ်င္စဖြယ္အတိ၊ ပုဂံကလည္း ခဏခဏ ေျခခ်ခ်င္စရာပါပင္။

သူတို႔ႏွစ္ေယာက္လုံး အခုခ်ိန္ထိ ကေလးေမြးစားဖို႔ အေတြးမရွိခဲ့သည္မွာ ေခတၱရာက ကေလး သိပ္မခ်စ္တတ္တာမို႔ပင္။

ရိုင္းလ္ဖက္ကေတာ့ ရွင္းပါ၏။

သူ ေခတၱရာတစ္ေယာက္တည္းအေပၚကိုသာ ထိုေကာင္ေလး ႏွစ္ဆယ့္ငါးႏွစ္နီးပါးလုံး ဘယ္သူ႕ဆီကမွ မရခဲ့တဲ့ ေမတၱာေတြကို အျပည့္အဝ ျပန္ေပးခ်င္လို႔ ကေလး မေမြးစားခဲ့တာပင္။

သူ ေခတၱရာကို အေဖလို ေစာင့္ေရွာက္ရင္း အေမလို ေႏြးေထြးမႈ ေပးခ်င္သည္။ အစ္ကိုတစ္‌ေယာက္လို ထိုေကာင္ေလး လမ္းမွားေပၚ ေရာက္သြားခ်င္တာေတြရွိေနရင္ ဆုံးမသြန္သင္ရင္း သူငယ္ခ်င္းလို ဆိုးေဖာ္ဆိုးဖက္လည္း အျပည့္အဝ ျဖစ္ေပးခ်င္သည္။ သူ ေခတၱရာကို သူ႕အိမ္ေထာင္ဖက္လို သ‌ေဘာထားေသာ္ျငား တၿပိဳင္တည္းမွာလည္း သူ႕ကေလးလို အရိပ္တၾကည့္ၾကည့္ ရွိေနခဲ့ရတာမို႔ တျခားကေလးေတြ ထပ္လိုခ်င္တာမ်ိဳး မရွိခဲ့။

ေရးေခတၱရာအတြက္ ရိုင္းလ္ေစတန္ဆိုသည္မွာ ခင္ပြန္း၊ အမ်ိဳးသားဆိုတဲ့ ျဖစ္တည္မႈတစ္ခုထက္ ပိုေလးနက္ခဲ့သည္မွာ ယခုလို အိမ္ေထာင္သက္ေတြ ၾကာသြားေသာ္ျငား မေျပာင္းလဲဆဲပါတကား။

__________________________________________

Continue Reading

You'll Also Like

95.1K 2.5K 22
age gap အရမ္​းႀကိဳက္​တဲ့ ကြၽန္​​ေတာ္​့အတြက္​ တစ္​ခါမွ မ​ေရးဖူးတဲ့ age gapမ်ိဳးပါ😁😁😁 အသက္​၂၀​ေလာက္​ကြာျခားမႈၾကားက ႐ိုဆန္​ဆန္​ခ်စ္​ျခင္​းႏွင္​့ angs...
2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
76.6K 8.6K 15
لەوە خۆشتر هەیە بۆنت بکەم؟! کە بۆنی تۆ دەکەم وەک ئەوە وایە گرانترین بۆنی جیهانم بەکارهێنابێ لێم تێبگە شێتانە ئاشقت بووم!!.