Snowless Winter Dream [Comple...

By Ennia_Yawn

77.2K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Final 🦋
Extra (1)
Extra (2)

Chapter 35

2.2K 85 1
By Ennia_Yawn

ဆယ့်ငါးမိနစ်ခန့် သနားချင့်စဖွယ်ကောင်းလာအောင် ဒရာမာချိုးပြီးသကာလ ရေးခေတ္တရာ ဆိုဖာပေါ်သို့ ခပ်ဖြည်းဖြည်း ပြန်လှဲချလိုက်ရသည်။

"ဟေ့ကောင် မင်း ဆရာဝန်ဖြစ်ပြီးတော့ လူနာက ခါးနာနေတာကို အခုလို ဆိုဖာ မာမာကြီးပေါ်မှာ ပြီးစလွယ် ပေးအိပ်ထားရလားကွ"

ရိုင်းလ်စေတန် မကြားချင်‌ယောင်သာ ဆောင်နေလိုက်တော့သည်။ သူ ခေတ္တရာမှာ မောင်နှမတွေသာရှိရင် ဗိုလ်ကျတတ်မယ့်ပုံဟု သတ်မှတ်ခဲ့ဖူးပေမယ့် အခုလောက်ထိ ဗလောင်းဗလဲနိုင်ပြီး မျက်နှာပြောင်တိုက်တတ်မည်ဟုတော့ မထင်ထားခဲ့ပေ။

"ထားလိုက် ဒယ်ဒီ၊ ကျွန်တော် ခါးနာတုန်းကဆို ထောင်ကြမ်းပြင်အေးအေးကြီးမှာတောင် ဒီအတိုင်း အိပ်. . ."

ဘတ်!

"ဒယ်ဒီ! ! !"

ဘန်းခနဲ ဘန်းခနဲ နဘန်ကျင်းခံနေရတာမို့ ရိုင်းလ် ထအော်လိုက်မိစဉ် ရေးကတော့ စောင်နဲ့အုပ်ပြီး ကြိတ်ခွီးနေသည်။

"ကိုယ့်ဒေါသနဲ့ကိုယ် ထောင်ထဲဝင်သွားလို့ အဲ့လိုအိပ်ရတာကို အခုလို နေမကောင်းတဲ့ကလေးနဲ့ ယှဉ်စရာလား။ သွား. . .ကလေးက အခန်းထဲမှာ မနေချင်ဘူးဆို အပြင်မှာ မွေ့ရာသွားပြင်ပေးလိုက်။ မင်း နောက်တစ်ခါ ရန်ဖြစ်ရင် လက်ပါရဲပါကြည့်။ ‌ယောက်ျားကောင်းဆိုတာ ကိုယ့်အိမ်ထောင်ဖက်အ‌ပေါ် ဘယ်တော့မှ လက်မပါရဘူးကွ"

ဘန်း!

အပြောနဲ့အလုပ် အလွန်ညီပါသော ဒယ်ဒီ့၏ လက်သံပြောင်ပြောင်တွေကြောင့် ရိုင်းလ်စေတန် အိမ်ထဲ ပတ်ပြေးနေရလေသည်။

ဆိုဖာပေါ်၌ ထိုမြင်ကွင်းကို လှဲအိပ်နေရင်း လိုက်ကြည့်နေခဲ့သော ရေးတစ်ယောက် ကိုကိုတို့ သားအဖတွေ အခုလို ရင်းရင်းနှီးနှီး နေတတ်ကြတဲ့ ဆက်ဆံရေးကို အားကျမိသွားခဲ့သည်။ သူ ငယ်စဉ်ကတည်းက ပါးနဲ့ ထိုကဲ့သို့ နေချင်ဖူးသလို မွေးစားအဖေနဲ့လည်း ထိုသို့ နေချင်ခဲ့ဖူးသည်။ ပါးနဲ့ အခုချိန် အဆင်ပြန်ပြေသွားကြသော်ငြား သူတို့သားအဖ၏ ဆက်ဆံရေးကား အနည်းငယ်တော့ ခပ်တန်းတန်း ဖြစ်သွားခဲ့ရတာပါပင်။

သူ့ကောင်လေး ပြုံးနေရာကနေ မျက်နှာညှိုးသွားတာကို သတိထားလိုက်မိတဲ့ ရိုင်းလ်စေတန် ဒယ်ဒီ့ဆန္ဒအတိုင်း ဧည့်ခန်းထဲမှာသာ မွေ့ရာ အမြန်ပြင်ပေးလိုက်ရသည်။

ခေတ္တရာက ဆိုးတယ်ဆိုပေမယ့်လည်း ထိုကဲ့သို့ မလိမ္မာတာလေးကိုသာ သူ မြတ်နိုးရပါ၏။

သူ့သားမက်လေး မွေ့ရာပေါ်၌ သက်တောင့်သက်သာ လှဲနေနိုင်မှပင်-

"မင်း ငါ့နောက်လိုက်ခဲ့၊ ဈေးသွားဝယ်ရမယ်"

"ဈေးကို ကျွန်တော်က ဘာလိုက်လုပ်ရမှာလဲ၊ ဒယ်ဒီ့မိန်းမနဲ့ သွားလေ"

"ဟ. .မင်းကောင်လေးအတွက် ကိုယ်တိုင် တစ်ခုခု လုပ်ကျွေးဖို့လည်း အစီအစဉ် မရှိဘူးမလား။ ဘော်ကြော့ကောင်! နောက်ဆို ကိုယ့်ယောက်ျားကို တစ်ခါတလေလောက်တော့ မြန်မာထမင်းဟင်း ချက်ကျွေးနိုင်အောင် အခုကတည်းက လိုက်သင်ထား"

အခုမှ အမှတ်ဝင်ယူနေသော သူ့ဒယ်ဒီကို အဖေ ဖြစ်နေလို့ ဘာမှလုပ်မရတာအား ရိုင်းလ် ကြိတ်မနိုင်ခဲမရ ဖြစ်လာရသည်။

ရစ်ချက်ကတော့ သူ့သားမက်ခမျာ ဒီနိုင်ငံက အနောက်တိုင်း အစားအစာတွေကို သေချာစားနိုင်လောက်မှာမဟုတ်ဟု ယုံကြည်တာမို့ နေမကောင်းချိန်၌ မြန်မာထမင်းဟင်း ချက်ကျွေးဖို့ ဆုံးဖြတ်လိုက်တာပင်။ သူ့အရင်မိန်းမက မြန်မာအမျိုးသမီး ဖြစ်တာမို့ မြန်မာထမင်းဟင်းကို ရစ်ချက် ကောင်းစွာ ချက်တတ်သည်။ သူဆိုသည်မှာ သူ့သားလို စားဖို့တစ်ခုပဲ သိတဲ့သူ မဟုတ်ပါပေ။

ရေး ထိုမျှလောက်ထိ လုပ်ပေးမှာကိုတော့ မနေတတ်ဖြစ်သွားပြီမို့ လှဲနေရာကနေ ဝုန်းခနဲ ပြန်ကုန်းထဖို့ပြင်လိုက်စဉ်-

"ဖြည်းဖြည်း ဖြည်းဖြည်း. . .ခါးနာတာက ဖြစ်စကတည်းက သေချာ ဂရုမစိုက်ရင် ပျောက်ဖို့ကြာနေလိမ့်မယ်။ ဒယ်ဒီ မင်းအစ်ကိုကို ဟင်းချက်နည်းပါ သင်ပေးခဲ့မှာမို့ နောက်ဆို စားချင်တဲ့အချိန် ခိုင်းသာခိုင်း"

"ဟက်"

သူ့သား၏ ‌ရယ်သံကြောင့်-

"အဲ့ဒါက ဘာဖြစ်တာလဲ၊ ချစ်လှပါချည်ရဲ့ဆိုပြီး အခုကျ မလုပ်ပေးချင်ဘူးဆိုတဲ့ သဘောလား"

ခေတ္တရာကပါ သူ့အား မျက်ထောင့်နီနဲ့ စိုက်ကြည့်လာတာမို့ ဒယ်ဒီ့ကိုတော့ မကြောက်သော်ငြား သူ့ဘေဘီလေး အထင်လွဲပြီး စိတ်ဆိုးသွားမှာကိုတော့ စိုးမိသည်။

"ဒါဆို ဘေဘီ တစ်ယောက်တည်း ခဏနေခဲ့နော်၊ ကိုယ်တို့ အမြန်ပြန်လာခဲ့မယ်"

ထိုသားအဖတွေ အပြင်ထွက်သွားချိန်၌ အခုလို ယောက္ခထီးက ဂရုစိုက်ပြီး ယောက်ျား၏ အလိုလိုက်တာ ခံနေရတာကို ရေး အလွန်အူမြူးနေမိတာမို့ ‌စောင်ပုံထဲ၌ ပျော်ရွှင်စွာ သူ့ခြေထောက်တွေကို လှုပ်ရမ်းနေမိသည်။

ထို့နောက် သူ တကယ် နေမကောင်းတာကြောင့် ဆေးအရှိန်နှင့်အတူ မွေ့ရာပေါ်၌ အိပ်မောကျသွားခဲ့သည်။

.
.
.

ရိုင်းလ်တို့သားအဖ အိမ်ထဲပြန်ဝင်လာချိန်၌ ခေတ္တရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်လိုက်ရတာ‌ကြောင့် နှစ်ယောက်သား ခြေသံ မကြားရအောင် ဂရုစိုက်ရင်း ဟင်းချက်စရာ အထုပ်တွေနဲ့အတူ မီးဖိုချောင်ထဲ ဝင်သွားကြသည်။

"မင်း ဟင်းချက်တတ်အောင်ပါ သေချာသင်ထား။ အိမ်ထောင်ပြုပြီးရင် အိမ်ထောင်ဖက်ရဲ့ အချစ်တိုးအောင် လုပ်တဲ့နည်းက စားကောင်းသောက်ဖွယ်တွေကို အခုလို ချက်ချက်ကျွေးတတ်တာပဲ"

ရိုင်းလ်လည်း တစ်ယောက်တည်း ဖြစ်သလို စားတတ်ပုံရသည့် ခေတ္တရာကို အခုလို ဖွယ်ဖွယ်ရာရာ ချက်ကျွေးဖို့ အရင်ကတည်းက ဆန္ဒရှိတာမို့ သူ ဒီနေ့တော့ ဒယ်ဒီ့ဆီကနေ မြန်မာဟင်းအချို့ချက်နည်းကို ကြိုးစားသင်ယူ‌နေရလေသည်။

ဘာမဆို အတတ်မြန်ပုံရသော သူ့သားကို ရစ်ချက် စိတ်ချသွားပြီမို့ ကျန်တာဆက်လုပ်ခိုင်းထားခဲ့ပြီး သူ့သားမက် အခြေအနေကို ကြည့်ဖို့ ဧည့်ခန်းဖက် ပြန်ထွက်လာခဲ့သည်။

စောင်ပုံအောက်ထဲ၌ အေးချမ်းစွာ အိပ်ပျော်နေဆဲ ထိုကောင်လေးဘေး ဝင်ထိုင်လိုက်ရင်း စောင်ပြင်က လက်နှစ်ဖက်ကို ‌စောင်ထဲပြန်သွင်းပေးဖို့ ခပ်ဖြည်းဖြည်း ထိကိုင်လိုက်စဉ် လုံးဝ နူးညံ့မှုမရှိသော လက်ဖဝါး အထိအတွေ့ကြောင့် သက်ပြင်းချလိုက်ပြီး မနိုးသွားအောင် အသာအယာ သွင်းပေးလိုက်ရသည်။

သူ ထိုကလေးအကြောင်း အစအဆုံး စုံစမ်းဖြစ်ခဲ့တာမို့ ထိုကလေး၏ ငယ်ဘဝက အရွယ်နဲ့မလိုက်အောင် ကြမ်းတမ်းပင်ပန်းခဲ့တာကို သိခဲ့ရသည်။ သူတစ်ပါးဖိနပ် လိုက်တိုက်ပေးခဲ့ရတဲ့ ကလေးတစ်ယောက်၏ ငယ်ဘဝကို တွေးကြည့်မိတာနဲ့တင် ရင်ထဲမကောင်းဖြစ်သွားခဲ့ရ၏။

သူ့အမှားတွေအတွက် ထိုကောင်လေးအပေါ် တစ်ခုခု ပြန်လုပ်ပေးချင်မိတာမို့ ရစ်ချက်တစ်ယောက် သူ့သားနဲ့ နှစ်ယောက်တည်း စကားပြောဖို့ ပြန်ထထွက်သွားခဲ့သည်။

"မင်း မနေ့က ပြောခဲ့တာဟာ အကောင်အထည် ဖော်လိုက်တော့"

ရိုင်းလ်စေတန် ဟင်းအိုးတွေကြား တိုင်ပတ်နေရစဉ် ဒယ်ဒီ လာပြောသော စကားကြောင့် သူ ကျေနပ်စွာ ပြုံးမိသွားခဲ့ပြီး ဒယ်ဒီ့အား ဖက်ပင်နမ်းလိုက်မိသွားခဲ့သည်။

"ဟက်. .အခုမှ အဖေကို နမ်းဖို့ သတိရနေလိုက်၊ ငါက အဲ့ပိုင်ရှင်ကို သွားကူပြောပေးရုံပဲ ပြောပေးမှာနော်။ လိုတဲ့ပိုက်ဆံ‌တွေက မင်းကိုပေးမယ့် အမွေတွေထဲက ပြန်ဖြတ်မှာ"

သူ့သား အခုလို ချစ်တတ်တာကို ရစ်ချက် ကြည်နူးမိသော်ငြား သူ့သားက သူ ထင်ထားတာထက်တောင် ချစ်တတ်နေတာအပေါ် ဒီစုံတွဲကိုတော့ သူ တကယ် လက်မြှောက်လိုက်မိပြီဖြစ်သည်။

-----------------------

နှစ်ရက်နီးပါး နားလိုက်ရပြီးနောက် ရေး အပြင်ပြန်ထွက်လို့ရအောင်အထိ ကျန်းမာလာခဲ့ပြီ။

ဒီနှစ်ရက်လုံး သူ့ထံသို့ ကိုကို့ဒယ်ဒီနဲ့ မာမီအပြင် ရိုင်ယန်တို့ပါ အလှည့်ကျ လာကြည့်ကြပြီး ဂရုစိုက်ပေးနေကြ‌သော်ငြား ကိုကိုကတော့ လှစ်ခနဲ လှစ်ခနဲ ပျောက်သွားတတ်သည်။

"အစ်ကို ဘယ်ထွက်သွားတာလဲ သိလား"

ရိုင်ယန် သူ့အား အိမ်စောင့်ထားသွားသော ရိုင်းလ်ကြောင့် ခေါင်းကုတ်ရပြန်သည်။

"ဒယ်ဒီ့ဆီ ထင်တယ်။ မင်းဆိုသည်မှာလည်း သူ့ကို မျက်စိအောက်ကကို အပျောက်မခံဘူးနော်။ ငြိမ်ငြိမ် သွားအိပ်နေတော့။ ဟော. .သွားပါကွာ၊ သူ နောက်တစ်ယောက်ဆီ သွားတာ မဟုတ်တာတော့ ကျိန်ရဲတယ် ဟုတ်ပြီလား၊ အားးးးးး. . ."

ရေး ဒီအစ်ကို့ကို လွန်ခဲ့တဲ့နှစ်တွေထဲက သိပ်ကြည်နေခဲ့တာ မဟုတ်ရတဲ့အပြင် ဟိုရက်က သူ့ရှေ့မှာ 108 ယောက်ရှိတယ်ဟု ဂျင်းထည့်သွားခဲ့တဲ့ ထိုလူ့ခြေထောက်ကို အားနဲ့တက်နင်းပစ်လိုက်ပြီး အခန်းထဲ ပြန်ဝင်သွားတော့သည်။

"တောက်. .ဒီကောင်ကတော့! မင်း ငါ့အိမ်အတွက် လျော်ကြေးကျ အခုထိ မပေးဘဲနော်။ အေး. .ငါ့ခြေထောက်ပါ ကျိုးသွားကြည့်"

သူ ‌အော်ပြောနေစဉ် အခန်းတံခါး ဝုန်းခနဲ ပြန်ပွင့်လာပြီး နံရံကိုမှီရင်း လက်ပိုက်ရပ်ကြည့်လာတဲ့ ရေးခေတ္တရာကြောင့် ရိုင်ယန် ရန်ထပ်မစရဲတော့ဘဲ ဆိုဖာပေါ်ပါ သူ့ခြေထောက်ကို အမြန်တင်ထားရတော့သည်။

ထို့ကြောင့် ရေး လှောင်ပြုံးပြုံးလိုက်ရင်း အခန်းထဲ ပြန်ဝင်သွားတော့သည်။

သူဆိုသည်မှာ ရိုင်းလ်အပေါ်ကလွဲရင် ကျန်တဲ့သူအပေါ်ဆို အလွန်လက်ရဲဇက်ရဲ နိုင်နေဆဲပင်။ ကိုကို့ကိုတော့ ဘယ်လောက်ထိတောင် နာအောင် မလုပ်ရက်နိုင်လဲဆိုရင် အတူနေကြတိုင်း ရိုင်းလ်အား သူ့အောက်ထားခွင့် ရနေသော်ငြား ကိုကို နာသွားမှာကြောက်လို့ သူသာ အမြဲ အောက်နေရာပဲ ယူခဲ့သည်။

------------------------

နောက်ဆုံးတော့ ကိုကိုနဲ့အတူ ရေး အပြင်ထွက်လည်နိုင်ခဲ့ပြီ။

ရိုင်းလ်စေတန် မြင်းစီးကွင်းထဲ၌ သူ့ဘေဘီလေး မြင်းစီးနေတာကို စိုးရိမ်စွာ လိုက်ကြည့်နေခဲ့ရပေမယ့် ထိုကောင်‌လေးက သူ ထင်ထားတာထက် ကျွမ်းကျင်စွာ စီးတတ်တာကို တွေ့လိုက်ရသည်။

"ကိုကိုပါ တက်"

ရေး ကိုကို့အား မြင်းပေါ်မှ လက်ကမ်းပေးလိုက်တာနဲ့ ရိုင်းလ် သူ့မြင်းပေါ်သို့ လွှားခနဲ ခုန်တက်လာခဲ့သည်။

မြင်းတစ်စီးကို နှစ်ယောက်တူတူ စီးကြည့်ချင်ခဲ့တဲ့ ဆန္ဒပြည့်သွားပြီးနောက် သေနတ်ပစ်ကွင်းထဲသို့ ရေးတို့ ရောက်ရှိလာခဲ့ပြန်သည်။

"မင်း တကယ် သေနတ်ပစ် သင်ဖို့လား"

"အင်း၊ ဒါဆို ကိုကို နောက်မီးလင်းတာနဲ့ အဲ့ကောင်ကို အသံတိတ်သေနတ်နဲ့ ပစ်သတ်ပစ်ဖို့"

"အယ်"

"သင်ပေးပါဆို"

ရိုင်းလ်စေတန် ကျောချမ်းသွားမိသည်။ ထိုကောင်လေးက ကြောက်စရာကောင်းလောက်အောင် သဝန်တိုတတ်တာများ သူ ဒီကိစ္စမျိုးနဲ့ ထပ်မနောက်ပြောင်ဖို့ပင် ဆုံးဖြတ်ချက်ချလိုက်ရပြီ။

ထို့အတွက် ‌အရှေ့က ပစ်မှတ်ကို ချိန်နေသော သူ့ဘေဘီ၏ ခါးကို သိုင်းဖက်ထားလိုက်ပြီး ရင်ခွင်ထဲ သွင်းလိုက်ရသည်။ ထို့နောက် သေနတ်ကိုင်ထားရာ လက်ကို အသာထိန်းကိုင်လိုက်ရင်း ကိုယ်ဖိရင်ဖိ သင်ကြားပေးနေပြီးနောက် နားရွက်ဖျားနား ကပ်ပြောလိုက်မိသည်။

"ကိုယ် ဘယ်တော့မှ နောက်တစ်ယောက် မထားပါဘူးကွာ၊ ဘာလို့ဆို ကိုယ့်ဘေဘီလေး လူသတ်မိပြီး ထောင်ထပ်ကျမှာစိုးလို့လေ။ ကိုယ် မင်းကို ထောင်ထဲ ဘယ်တော့မှ ထပ်ပေးဝင်တော့မှာ မဟုတ်ဘူး"

ဒိုင်း!

ရိုင်းလ်၏ အနီးကပ်သင်ကြားပေးမှုကြောင့် ပစ်မှတ်က အလယ်ကွက်တိ မှန်သွားရသည်။ တစ်ခါပစ်နိုင်ပြီးတာနဲ့ ရေး ထိုလူ့လည်ပင်းကို အရင်သိုင်းဖက်လိုက်ကာ ကိုကို့နှုတ်ခမ်းကို ကျေနပ်စွာ နမ်းပစ်လိုက်မိတော့သည်။

အခုလို ကိုကို့အား လူတွေကြားထဲမှာ နမ်းရတာ သဘောကျလွန်းလို့ ရေးတစ်ယောက် ဒီနိုင်ငံမှာ လာပြောင်းနေလိုက်ရင် ကောင်းမလားဟုပင် တွေးနေမိသလို ဒီနေ့အတွင်း ရိုင်းလ်ခမျာ မြင်းပေါ်မှာသာမကဘဲ ထိုကောင်လေး နမ်းချင်စိတ်ပေါ်လာတိုင်း လာလာနမ်းနေတာကို အခုလို ခံနေရတာကြောင့် သူ့အောက်ပိုင်းဆိုသည်မှာ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေရသည်မှာ ပန်းသေသွားမှာတောင် စိုးနေရပါ၏။

-------------------------

ဒီနေ့လယ်ပိုင်း၌ ရေးတို့ လာဗင်ဒါ ပန်းခင်းတွေရှိရာဆီသို့ ကားဖြင့် ထွက်လာခဲ့ကြသည်။ လန်ဒန်မှာ ရှိသည့် လာဗင်ဒါအများစုက အပြာဖက် ပိုရောက်တဲ့ အင်္ဂလိပ်လာဗင်ဒါ မျိုးစိတ်တွေမို့ ရိုင်းလ်စေတန် ထိုကောင်လေးအကြိုက် ခရမ်းရောင် ပန်းခင်းတွေ ရှိရာသို့ မောင်းလာဖြစ်ခဲ့သည်။

အင်္ကျီခရမ်းရောင်ကို အဖြူရောင် ဘောင်းဘီဖြင့် တွဲဖက်ဝတ်ဆင်ထားသော ရေးကဲ့သို့ပင် ရိုင်းလ်ကလည်း အဖြူရောင် ရှပ်အင်္ကျီကို ဘောင်းဘီခရမ်းဖြင့် တွဲဝတ်လာခဲ့သည်။ တစ်ထပ်တည်း ဆင်တူဖြစ်မနေကြသော်ငြား နှစ်ယောက်တွဲရပ်လိုက်ရင် အလွန်လိုက်ဖက်ညီလှသော ဝတ်စားပုံမျိုးပင်။

ရေး ကားအောက်သို့ အရင်ဆင်းလာခဲ့သည်။ သူ ထိုကဲ့သို့ ခရမ်းရောင်ပင်လယ်ကြီးအလား ပန်းခင်းကြီးကို ကိုယ်တွေ့မြင်လိုက်ရချိန်၌ သဘောကျလွန်းလို့ အသက်ရှူဖို့ပင် မေ့သွားမိတဲ့အထိ။

သူ့နောက်ကနေ ကိုကိုပါ ဆင်းလာပြီမို့ ရေး ထိုပန်းခင်းထဲ ဝင်ဖို့အတွက် ဝင်ကြေးပေးရန် ပိုက်ဆံထုတ်ဖို့ ပြင်လိုက်ပြီး ဒီပန်းခြံနာမည်ကို လှမ်းဖတ်ကြည့်လိုက်စဉ်-

"‌ဝိုး. .ကိုကို ဟိုမှာကြည့်လိုက်၊ ဒီပန်းခြံရဲ့နာမည်က ကျွန်တော့်နာမည်နဲ့ တူတူပဲ"

ရေးခေတ္တရာဟု အမည်တွင်သည့် ပန်းခြံနာမည်ကို သူ့ကောင်လေး မြင်သွားပြီမို့ ရိုင်းလ် ပြုံးပြလိုက်ပြီး ထိုကောင်လေး ပခုံးကို သိုင်းဖက်ထားလိုက်ရင်း-

"နောက်ဆို ဒီပန်းခင်းက ကိုကို့ဘေဘီလေး အပိုင်ပဲနော်။ ကိုယ် မင်းအတွက် ဒီပန်းခြံတစ်ခုလုံးကို ချစ်သက်လက်ဆောင်အဖြစ် ပေးတာ။ ဒီပန်းခြံနာမည်က အရင်က သက်သက်တစ်ခုရှိတယ်။ အခုတော့ ဘေဘီ့အပိုင်ဖြစ်သွားပြီမို့ ကိုယ် နာမည်ပါ ပြောင်းလိုက်တာ"

ရေး တစ်ခဏမျှ မှင်သက်သွားမိပြီး ကိုကို သူ့အား ထိုပန်းခြံဝင်ပေါက်မှတဆင့် ခရမ်းရောင်ပန်းခင်းထဲသို့ လက်ဆွဲခေါ်လာတာကို ဘာမှပြန်မပြောနိုင်တော့ဘဲ လိုက်လာခဲ့ရတဲ့အထိ။

လာဗင်ဒါအနံ့တို့၏ ထုံးစံအတိုင်း အမွှေးရနံ့ အရမ်းပြင်းတာမို့ ရေး၏ နှာခေါင်းထဲသို့ လာဗင်ဒါနံ့တွေ အလုံးအရင်းဖြင့် တိုးဝင်လာခဲ့သည်။

ထိုပန်းခင်းတွေကြားထဲသို့ သူ့ကောင်လေး ပြေးထွက်သွားတာကို ရိုင်းလ် ရပ်ကြည့်နေခဲ့ပြီး ‌ခရမ်းရောင်ကြိုက်တဲ့ကောင်လေးအတွက် ခရမ်းရောင်ပန်းခင်းကြီးတစ်ခု အပိုင်ဝယ်ပေးနိုင်ဖို့ သူ မည်မျှအထိ ဒီရက်ပိုင်းအတွင်း ကြိုးစားခဲ့ရလဲဆိုတာ ဒယ်ဒီသာ သိသည်။ ဒီပန်းခင်းတစ်ခုလုံးကို ဝယ်နိုင်ဖို့ ပိုင်ရှင်ကို မနည်းပြောခဲ့ကြရသလို ငွေပေါင်းမြောက်မြားစွာ သုံးရမည့်အရေးမို့ သူ့ပိုက်ဆံတွေအပြင် ဒယ်ဒီ့ပိုက်ဆံတွေပါ ခဏ ယူသုံးခဲ့ရသည်။

"ကိုကို့မှာ ပိုက်ဆံတွေ အဲ့လောက်‌တောင် အများကြီး ရှိတယ်လား"

ရေး ကိုကို့နား ပြန်ပြေးလာခဲ့ရင်း အခုမှ စကားပြန်ပြောနိုင်တော့သည်။

"ဒယ်ဒီ ကူညီပေးလို့လည်း လုပ်ပေးနိုင်တာပါ။ ဒီပန်းခင်းက ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလလောက်ပဲ ခံမှာ။ အဲ့ဒါပြီးရင် ဒီပန်းတွေကို ရိတ်သိမ်းရတော့မှာ၊ ပြီးရင် မင်း အဲ့ကနေ စီးပွားရှာပေတော့ပဲ။ ကိုယ့်ဘေဘီလေးက စီးပွားရေးသမား‌ဆိုတော့ ကျန်တာတော့ ကိုယ် အကုန်လုပ်ပေးစရာ မလိုတော့ဘူးဟုတ်။

ဒယ်ဒီက ပြောတယ်၊ သူ့သားမက်ရဲ့ စီးပွားရေးက လန်ဒန်မှာလည်း တစ်ခုလောက်ရှိနေခဲ့ရင် မင်း လန်ဒန်ကိုပါ ခဏခဏ လာလည်အောင်လို့တဲ့။ ဒါမှ သူ မင်းကို  တစ်နှစ်ကို ခဏခဏ မြင်ရမှာတဲ့"

လာဗင်ဒါ ပန်းခင်းတစ်ခု၏ စီးပွားရေးက အတိုင်းအဆမဲ့သည်။ အခုလို ပန်းပွင့်ချိန်၌ တစ်ကမ္ဘာလုံးက ခရီးသွားတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြတာအပေါ် ငွေပေါင်းမြောက်မြားစွာ ဝင်နိုင်သလို ထိုပန်းတွေကို အမွှေးနံ့သာ ကုမ္ပဏီတွေအပြင် လာဗင်ဒါကနေ လူသုံးပစ္စည်းများစွာ ထုတ်နေကြတာကြောင့် ထိုပန်းခင်းတစ်ခု ပိုင်ဆိုင်သူ၏ နောက်ဆက်တွဲ စီးပွားရေးလုပ်ငန်းက မနည်းမနော။

ရိုင်းလ်စေတန် သူ့‌အိမ်ထောင်ဖက်အတွက် စီးပွားရေး လုပ်ငန်းတစ်ခု ထပ်ဖန်တီးပေးချင်တာပင်။

ရေး တကယ် အခုလို အသိအမှတ်ပြုခံနေရတာအပေါ် ငိုချင်လာခဲ့သည်။

"မငိုပါနဲ့၊ ကိုယ် မင်းဆီ လူကိုယ်တိုင် မရောက်လာနိုင်ခင်ကတည်းက ဒီလာဗင်ဒါပန်းလေးတွေက မင်းဆီ အရင်ရောက်လာခဲ့တာ။ အခု ကိုယ်ရော ဒီပန်းခင်းကြီးကပါ မင်းကို တစ်သက်လုံး အဖော်ပြုပေးတော့မှာ။ ကိုယ် မင်းနာမည်နဲ့ အမှတ်တရ တစ်ခုခု လုပ်ပေးချင်ပေမယ့် မင်းမှာ အကုန်ရှိနေပြီးသားဆိုတော့ ဒီပန်းခင်းကိုပဲ ကိုယ့်ရဲ့တင်တောင်းမှုအဖြစ် အသိအမှတ်ပြုပေးနော်"

ရိုင်းလ် သူ့ဖက်က လက်ထပ်ခွင့်လည်း အရင် မတောင်းခဲ့ရသလို၊ လက်ထပ်ပွဲကိုလည်း ထိုအချိန်က ခေတ္တရာမိဘတွေကသာ အခမ်းနားဆုံး လုပ်ပေးခဲ့သည်။ ထို့အပြင် သူတို့နေဖို့အတွက်ကလည်း ရန်ကုန်က ခေတ္တရာ၏အိမ်မှာသာ နေဖြစ်ကြမှာမို့ သူ ဘယ်နေရာမှာမှ တာဝန်မကျေသလို ခံစားနေရတာကြောင့် အခုလို ခရမ်းရောင် လာဗင်ဒါပန်းခင်းတစ်ခင်း လက်ဆောင်ပေးဖို့သာ ဆုံးဖြတ်မိသွားခြင်းဖြစ်သည်။

သူ ထင်ထားသည့်အတိုင်း ငိုမဲ့မဲ့ဖြစ်လာတဲ့ ရေးကြောင့်-

"ဒါဆို ပန်းခင်းဖွင့်ပွဲအနေနဲ့ ကကြရအောင်"

ကျလုဆဲဆဲ မျက်ရည်တွေပင် ရပ်တန့်သွားရကာ ရေး ထိုလူ့အား မော့ကြည့်လိုက်မိသည်။

"မင်း အနောက်တိုင်းစုံတွဲအကကို ကတတ်လား၊ ကိုယ်ဆို ဒီက ကပွဲတွေသွားရင် တွဲကဖို့ အများဆုံး ကမ်းလှမ်းခံရတဲ့အထိ ကောင်းကောင်း ကနိုင်တာနော်"

ရေး ထိုလူ့ကို အားကျမခံစွာပင်-

"ဘားမှာတုန်းကလည်း ကျွန်တော့်ကိုဆို တွဲကဖို့အမြဲ ကမ်းလှမ်းခံနေခဲ့ရတာ ကိုကို သိဖို့"

သူတို့နှစ်ယောက်ထဲပဲ ရှိသည့် ကိုယ်ပိုင် ပန်းခင်းကြီးထဲ၌ တခြားဧည့်သည်တွေ မရှိ။

ထို့အတွက် ရိုင်းလ် သူ စီစဉ်ထားသည့်အတိုင်း ဘောင်းဘီအိတ်ထဲမှ ခလုတ်ကို နှိပ်လိုက်တာနဲ့ သီချင်းသံ တကယ်ထွက်လာခဲ့သည်။

ထိုလူ တကယ်ကြီး ကဖို့ ပြင်နေတာကြောင့် ကပွဲတို့၏ အစဉ်အလာအတိုင်း ကိုကို ဒူးကွေးပြီး ခါးညွှတ်ပြလာစဉ် သူလည်း အရိုအသေပြုလိုက်ရင်း စည်းချက်သံတွေအတိုင်း ခြေလှည့်လိုက်ရပြီး ရေး ကိုကို့ကကွက်အတိုင်း လိုက်ကနေခဲ့ရသည်။

ထိုခရမ်းရောင် ပန်းခင်းကြီးထဲ၌ ခရမ်းရောင်ဝတ်ဆင်ထားသော စုံတွဲတစ်တွဲ၏ သွက်လက်လှပစွာ ကခုန်နေမှုကို တွေ့နိုင်သည်။

ရေး ထိုလူနဲ့ နေလာရတဲ့တစ်လျှောက်လုံး အခုလို မလုပ်ဖူးတာတွေသာ တောက်လျှောက် လုပ်လာခဲ့ရတာပင်။

သူ ကိုကိုနဲ့ တူတူပြေးခဲ့ဖူးတဲ့အချိန်လိုပဲ အခုလို ခန္ဓာကိုယ်ကို အခေါက်ပေါင်းများစွာ လှည့်ကနေရတာကိုလည်း သဘောကျသည်။

အမြဲရုပ်တည်နဲ့သာ နေတတ်ပြီး အပြုံးအရယ် သိပ်မရှိတဲ့ ရေး၏ဘဝထဲသို့ အရာရာကို အကောင်းမြင်တတ်လွန်းပါသော၊ အန္တရာယ်တွေကြားမှာတောင် ဟာသလုပ်ပစ်နိုင်ပါသော၊ အခုလို အမြဲရယ်မောပျော်ရွှင်နေတတ်ပါသော ဒီလူ့ကို သူ့အိမ်ထောင်ဖက်အဖြစ် ရခဲ့တာက ကံကောင်းတာထက်ကို ပိုနေရပြီ။

ပန်းခင်းထဲ၌ သီချင်းသံနဲ့အတူ လှပစွာ ကနေကြသော ပိုင်ရှင်စုံတွဲကို ဝင်ပေါက်က ဝန်ထမ်းလေးတွေ မျက်စိမလွှဲတမ်း လိုက်ငေးနေမိကြစဉ် သီချင်းပြီးတာနဲ့ ပန်းခင်းကြားထဲ လှဲချသွားကြသော အတွဲကြောင့် မျက်နှာလွှဲထားလိုက်ရတော့သည်။

"မွ~ ကျွန်တော် ဒီပန်းခင်းထဲမှာ ကိုကိုနဲ့ အတူနေချင်တယ်"

သူ့ကိုယ်ပေါ် တက်ခွထားသည့် ထိုကောင်လေးကြောင့် ရိုင်းလ် အလွန်အူမြူးသွားခဲ့သည်။ နောက်ဆုံးတော့ ဒီကောင်လေးက သူ့ကို လူကြားသူကြားထဲမှာ နမ်းနမ်းပြီး နှိပ်စက်ရုံပဲ မဟုတ်တော့ဘဲ အတူ‌နေဖို့ အခွင့်အရေးပါ ပေးလာခဲ့ပြီ။

ပန်းခင်းတွေ ကွယ်နေလို့ သူတို့ ဘာလုပ်လည်း အတိအကျ မမြင်ရနိုင်တာမို့ အဆင်ပြေပါ၏။ ရေးတစ်‌ယောက် သူတို့ပိုင်သည့် ပန်းခင်းကြားထဲ၌ အချစ်မှတ်တိုင်စိုက်ထူချင်စိတ် ရုတ်တရက် ပေါ်လာခဲ့တာမို့ အပြာရောင် ကောင်းကင်ကြီးအောက်၌ အပြာရောင် ချစ်ခရီးလမ်းကို အတူ ဖန်တီးနေခဲ့ကြသည်။

"အာ့~"

ခေတ္တရာ နေမကောင်းဖြစ်သွားကတည်းက သူတို့အတူ ထပ်မနေဖြစ်ခဲ့ကြပေ။

ပန်းခင်းတွေကြား၌ သူ့၏ နှင်းဖြူလုံးလေး ယခုကဲ့သို့ သူ့အောက်၌ လူးလှိမ့်အော်ညည်းနေတာကကို ရိုင်းလ်စေတန်၏ နတ်ဆိုးဆန်တဲ့စိတ်တွေအား အားပေးနေသလို ဖြစ်နေခဲ့သည်။

ရိုင်းလ်တစ်ယောက် ထိုကောင်လေးအား ချစ်ရည်လူးလို့ကို မဝနိုင်ခဲ့တော့တာ တစ်ခါပြီးလည်း မလွတ်ပေးချင်၊ နောက်တစ်ခါပြီးသွားလည်း မလွတ်ပေးနိုင်သေးလိုက်သည်မှာ ထိုကောင်လေး တော်ချင်ပြီဆိုမှပဲ မမှောင်ခင်၌ ရပ်တန့်ပေးလိုက်ရလေသည်။

"ကျွန်တော် ဒီပန်းခင်းကြီးထက် ဒီပန်းခင်းကြီးကို ဖန်တီးပေးခဲ့တဲ့ ကိုကို့ကို ပိုချစ်တယ်။ ကိုကို့ကို ကျွန်တော့်ရဲ့ အသွေးအသားထဲကကို ချစ်နေပြီ။ ကိုကို ကျွန်တော့်နားမှာ အခုလို အကြာကြီး နေသွားရမယ်နော်"

"အသေအချာပဲပေါ့။ မင်းသာရှိရင် ကိုယ်က ထောင်ထဲမှာလည်း နေနိုင်တယ်၊ ဘယ်နိုင်ငံမှာမဆိုလည်း လိုက်နေနိုင်တယ်။ ကိုယ် မချစ်တော့မှာစိုးလို့ဆိုပြီး မင်းရဲ့နဂိုပုံစံတွေကို ပြောင်းလဲစရာမလိုဘူး။ ကိုယ် မင်းရဲ့ အခုလို ပုံစံလေးကိုပဲ သဘောကျတယ်။ ဒီအူယားစရာကောင်းအောင် ဆိုးနေတာလေးကိုပဲ ပိုချစ်မိတာ"

ထိုကောင်လေး၏ ပါးနှစ်ဖက်ကို ခပ်ဖွဖွ လိမ်ဆွဲလိုက်ပြီး အားရပါးရ နမ်းရှိုက်နေမိသည်။

အင်္ဂလန်နွေက ညနေလောက်ဆို အေးလာပြန်သည်။ ထို့ကြောင့် ခေတ္တရာကို မြေကြီးပေါ်အစား သူ့ကိုယ်ပေါ်၌ ပြန်တက်အိပ်ခိုင်းလိုက်ရသည်။

"ခဏနေ ဘေဘီ အမောပြေရင် ပြန်ကြမယ်နော်၊ တော်ကြာ အအေးပတ်သွားဦးမယ်"

"အွန်း"

နှစ်ယောက်လုံး လာဗင်ဒါပန်းနံ့တွေကို ရှူရှိုက်နေရင်း အမောဖြေကာ တိတ်ဆိတ်နေကြသည်။

သူတို့ကြား၌ စကားလုံးလှလှလေးတွေ၊ ရိုမန့်တစ်ဆန်တဲ့ အပြုအမူတွေ အများကြီး မလိုပေ။ ဖူးစာဖက် မဟုတ်ခဲ့ကြပေမယ့် ရိုင်းလ်စေတန်ဆိုတာ ရေးခေတ္တရာအတွက် မွေးဖွားလာခြင်းဖြစ်ပြီး ဒီကျိန်စာဆိုးနဲ့ ပုဂံက ကောင်လေးဆိုတာကလည်း လန်ဒန်က ဒီအမျိုးသားအတွက် အန္တရာယ်တွေကြားမှာတောင် ရှင်သန်ကျန်ရစ်နိုင်ခဲ့ရင်း ကြီးပြင်းလာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

___________________________________________

[Zawgyi]

ဆယ့္ငါးမိနစ္ခန႔္ သနားခ်င့္စဖြယ္ေကာင္းလာေအာင္ ဒရာမာခ်ိဳးၿပီးသကာလ ေရးေခတၱရာ ဆိုဖာေပၚသို႔ ခပ္ျဖည္းျဖည္း ျပန္လွဲခ်လိဳက္ရသည္။

"ေဟ့ေကာင္ မင္း ဆရာဝန္ျဖစ္ၿပီးေတာ့ လူနာက ခါးနာေနတာကို အခုလို ဆိုဖာ မာမာႀကီးေပၚမွာ ၿပီးစလြယ္ ေပးအိပ္ထားရလားကြ"

ရိုင္းလ္ေစတန္ မၾကားခ်င္‌ေယာင္သာ ေဆာင္ေနလိုက္ေတာ့သည္။ သူ ေခတၱရာမွာ ေမာင္ႏွမေတြသာရွိရင္ ဗိုလ္က်တတ္မယ့္ပုံဟု သတ္မွတ္ခဲ့ဖူးေပမယ့္ အခုေလာက္ထိ ဗေလာင္းဗလဲနိုင္ၿပီး မ်က္ႏွာေျပာင္တိုက္တတ္မည္ဟုေတာ့ မထင္ထားခဲ့ေပ။

"ထားလိုက္ ဒယ္ဒီ၊ ကြၽန္ေတာ္ ခါးနာတုန္းကဆို ေထာင္ၾကမ္းျပင္ေအးေအးႀကီးမွာေတာင္ ဒီအတိုင္း အိပ္. . ."

ဘတ္!

"ဒယ္ဒီ! ! !"

ဘန္းခနဲ ဘန္းခနဲ နဘန္က်င္းခံေနရတာမို႔ ရိုင္းလ္ ထေအာ္လိုက္မိစဥ္ ေရးကေတာ့ ေစာင္နဲ႕အုပ္ၿပီး ႀကိတ္ခြီးေနသည္။

"ကိုယ့္ေဒါသနဲ႕ကိုယ္ ေထာင္ထဲဝင္သြားလို႔ အဲ့လိုအိပ္ရတာကို အခုလို ေနမေကာင္းတဲ့ကေလးနဲ႕ ယွဥ္စရာလား။ သြား. . .ကေလးက အခန္းထဲမွာ မေနခ်င္ဘူးဆို အျပင္မွာ ေမြ႕ရာသြားျပင္ေပးလိုက္။ မင္း ေနာက္တစ္ခါ ရန္ျဖစ္ရင္ လက္ပါရဲပါၾကည့္။ ‌ေယာက္်ားေကာင္းဆိုတာ ကိုယ့္အိမ္ေထာင္ဖက္အ‌ေပၚ ဘယ္ေတာ့မွ လက္မပါရဘူးကြ"

ဘန္း!

အေျပာနဲ႕အလုပ္ အလြန္ညီပါေသာ ဒယ္ဒီ့၏ လက္သံေျပာင္ေျပာင္ေတြေၾကာင့္ ရိုင္းလ္ေစတန္ အိမ္ထဲ ပတ္ေျပးေနရေလသည္။

ဆိုဖာေပၚ၌ ထိုျမင္ကြင္းကို လွဲအိပ္ေနရင္း လိုက္ၾကည့္ေနခဲ့ေသာ ေရးတစ္ေယာက္ ကိုကိုတို႔ သားအဖေတြ အခုလို ရင္းရင္းႏွီးႏွီး ေနတတ္ၾကတဲ့ ဆက္ဆံေရးကို အားက်မိသြားခဲ့သည္။ သူ ငယ္စဥ္ကတည္းက ပါးနဲ႕ ထိုကဲ့သို႔ ေနခ်င္ဖူးသလို ေမြးစားအေဖနဲ႕လည္း ထိုသို႔ ေနခ်င္ခဲ့ဖူးသည္။ ပါးနဲ႕ အခုခ်ိန္ အဆင္ျပန္ေျပသြားၾကေသာ္ျငား သူတို႔သားအဖ၏ ဆက္ဆံေရးကား အနည္းငယ္ေတာ့ ခပ္တန္းတန္း ျဖစ္သြားခဲ့ရတာပါပင္။

သူ႕ေကာင္ေလး ၿပဳံးေနရာကေန မ်က္ႏွာညွိုးသြားတာကို သတိထားလိုက္မိတဲ့ ရိုင္းလ္ေစတန္ ဒယ္ဒီ့ဆႏၵအတိုင္း ဧည့္ခန္းထဲမွာသာ ေမြ႕ရာ အျမန္ျပင္ေပးလိုက္ရသည္။

ေခတၱရာက ဆိုးတယ္ဆိုေပမယ့္လည္း ထိုကဲ့သို႔ မလိမၼာတာေလးကိုသာ သူ ျမတ္နိုးရပါ၏။

သူ႕သားမက္ေလး ေမြ႕ရာေပၚ၌ သက္ေတာင့္သက္သာ လွဲေနနိုင္မွပင္-

"မင္း ငါ့ေနာက္လိုက္ခဲ့၊ ေဈးသြားဝယ္ရမယ္"

"ေဈးကို ကြၽန္ေတာ္က ဘာလိုက္လုပ္ရမွာလဲ၊ ဒယ္ဒီ့မိန္းမနဲ႕ သြားေလ"

"ဟ. .မင္းေကာင္ေလးအတြက္ ကိုယ္တိုင္ တစ္ခုခု လုပ္ေကြၽးဖို႔လည္း အစီအစဥ္ မရွိဘူးမလား။ ေဘာ္ေၾကာ့ေကာင္! ေနာက္ဆို ကိုယ့္ေယာက္်ားကို တစ္ခါတေလေလာက္ေတာ့ ျမန္မာထမင္းဟင္း ခ်က္ေကြၽးနိုင္ေအာင္ အခုကတည္းက လိုက္သင္ထား"

အခုမွ အမွတ္ဝင္ယူေနေသာ သူ႕ဒယ္ဒီကို အေဖ ျဖစ္ေနလို႔ ဘာမွလုပ္မရတာအား ရိုင္းလ္ ႀကိတ္မနိုင္ခဲမရ ျဖစ္လာရသည္။

ရစ္ခ်က္ကေတာ့ သူ႕သားမက္ခမ်ာ ဒီနိုင္ငံက အေနာက္တိုင္း အစားအစာေတြကို ေသခ်ာစားနိုင္ေလာက္မွာမဟုတ္ဟု ယုံၾကည္တာမို႔ ေနမေကာင္းခ်ိန္၌ ျမန္မာထမင္းဟင္း ခ်က္ေကြၽးဖို႔ ဆုံးျဖတ္လိုက္တာပင္။ သူ႕အရင္မိန္းမက ျမန္မာအမ်ိဳးသမီး ျဖစ္တာမို႔ ျမန္မာထမင္းဟင္းကို ရစ္ခ်က္ ေကာင္းစြာ ခ်က္တတ္သည္။ သူဆိုသည္မွာ သူ႕သားလို စားဖို႔တစ္ခုပဲ သိတဲ့သူ မဟုတ္ပါေပ။

ေရး ထိုမွ်ေလာက္ထိ လုပ္ေပးမွာကိုေတာ့ မေနတတ္ျဖစ္သြားၿပီမို႔ လွဲေနရာကေန ဝုန္းခနဲ ျပန္ကုန္းထဖို႔ျပင္လိုက္စဥ္-

"ျဖည္းျဖည္း ျဖည္းျဖည္း. . .ခါးနာတာက ျဖစ္စကတည္းက ေသခ်ာ ဂ႐ုမစိုက္ရင္ ေပ်ာက္ဖို႔ၾကာေနလိမ့္မယ္။ ဒယ္ဒီ မင္းအစ္ကိုကို ဟင္းခ်က္နည္းပါ သင္ေပးခဲ့မွာမို႔ ေနာက္ဆို စားခ်င္တဲ့အခ်ိန္ ခိုင္းသာခိုင္း"

"ဟက္"

သူ႕သား၏ ‌ရယ္သံေၾကာင့္-

"အဲ့ဒါက ဘာျဖစ္တာလဲ၊ ခ်စ္လွပါခ်ည္ရဲ႕ဆိုၿပီး အခုက် မလုပ္ေပးခ်င္ဘူးဆိုတဲ့ သေဘာလား"

ေခတၱရာကပါ သူ႕အား မ်က္ေထာင့္နီနဲ႕ စိုက္ၾကည့္လာတာမို႔ ဒယ္ဒီ့ကိုေတာ့ မေၾကာက္ေသာ္ျငား သူ႕ေဘဘီေလး အထင္လြဲၿပီး စိတ္ဆိုးသြားမွာကိုေတာ့ စိုးမိသည္။

"ဒါဆို ေဘဘီ တစ္ေယာက္တည္း ခဏေနခဲ့ေနာ္၊ ကိုယ္တို႔ အျမန္ျပန္လာခဲ့မယ္"

ထိုသားအဖေတြ အျပင္ထြက္သြားခ်ိန္၌ အခုလို ေယာကၡထီးက ဂ႐ုစိုက္ၿပီး ေယာက္်ား၏ အလိုလိုက္တာ ခံေနရတာကို ေရး အလြန္အူျမဴးေနမိတာမို႔ ‌ေစာင္ပုံထဲ၌ ေပ်ာ္႐ႊင္စြာ သူ႕ေျခေထာက္ေတြကို လႈပ္ရမ္းေနမိသည္။

ထို႔ေနာက္ သူ တကယ္ ေနမေကာင္းတာေၾကာင့္ ေဆးအရွိန္ႏွင့္အတူ ေမြ႕ရာေပၚ၌ အိပ္ေမာက်သြားခဲ့သည္။

.
.
.

ရိုင္းလ္တို႔သားအဖ အိမ္ထဲျပန္ဝင္လာခ်ိန္၌ ေခတၱရာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာကို ျမင္လိုက္ရတာ‌ေၾကာင့္ ႏွစ္ေယာက္သား ေျခသံ မၾကားရေအာင္ ဂ႐ုစိုက္ရင္း ဟင္းခ်က္စရာ အထုပ္ေတြနဲ႕အတူ မီးဖိုေခ်ာင္ထဲ ဝင္သြားၾကသည္။

"မင္း ဟင္းခ်က္တတ္ေအာင္ပါ ေသခ်ာသင္ထား။ အိမ္ေထာင္ျပဳၿပီးရင္ အိမ္ေထာင္ဖက္ရဲ႕ အခ်စ္တိုးေအာင္ လုပ္တဲ့နည္းက စားေကာင္းေသာက္ဖြယ္ေတြကို အခုလို ခ်က္ခ်က္ေကြၽးတတ္တာပဲ"

ရိုင္းလ္လည္း တစ္ေယာက္တည္း ျဖစ္သလို စားတတ္ပုံရသည့္ ေခတၱရာကို အခုလို ဖြယ္ဖြယ္ရာရာ ခ်က္ေကြၽးဖို႔ အရင္ကတည္းက ဆႏၵရွိတာမို႔ သူ ဒီေန႕ေတာ့ ဒယ္ဒီ့ဆီကေန ျမန္မာဟင္းအခ်ိဳ႕ခ်က္နည္းကို ႀကိဳးစားသင္ယူ‌ေနရေလသည္။

ဘာမဆို အတတ္ျမန္ပုံရေသာ သူ႕သားကို ရစ္ခ်က္ စိတ္ခ်သြားၿပီမို႔ က်န္တာဆက္လုပ္ခိုင္းထားခဲ့ၿပီး သူ႕သားမက္ အေျခအေနကို ၾကည့္ဖို႔ ဧည့္ခန္းဖက္ ျပန္ထြက္လာခဲ့သည္။

ေစာင္ပုံေအာက္ထဲ၌ ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနဆဲ ထိုေကာင္ေလးေဘး ဝင္ထိုင္လိုက္ရင္း ေစာင္ျပင္က လက္ႏွစ္ဖက္ကို ‌ေစာင္ထဲျပန္သြင္းေပးဖို႔ ခပ္ျဖည္းျဖည္း ထိကိုင္လိုက္စဥ္ လုံးဝ ႏူးညံ့မႈမရွိေသာ လက္ဖဝါး အထိအေတြ႕ေၾကာင့္ သက္ျပင္းခ်လိဳက္ၿပီး မနိုးသြားေအာင္ အသာအယာ သြင္းေပးလိုက္ရသည္။

သူ ထိုကေလးအေၾကာင္း အစအဆုံး စုံစမ္းျဖစ္ခဲ့တာမို႔ ထိုကေလး၏ ငယ္ဘဝက အ႐ြယ္နဲ႕မလိုက္ေအာင္ ၾကမ္းတမ္းပင္ပန္းခဲ့တာကို သိခဲ့ရသည္။ သူတစ္ပါးဖိနပ္ လိုက္တိုက္ေပးခဲ့ရတဲ့ ကေလးတစ္ေယာက္၏ ငယ္ဘဝကို ေတြးၾကည့္မိတာနဲ႕တင္ ရင္ထဲမေကာင္းျဖစ္သြားခဲ့ရ၏။

သူ႕အမွားေတြအတြက္ ထိုေကာင္ေလးအေပၚ တစ္ခုခု ျပန္လုပ္ေပးခ်င္မိတာမို႔ ရစ္ခ်က္တစ္ေယာက္ သူ႕သားနဲ႕ ႏွစ္ေယာက္တည္း စကားေျပာဖို႔ ျပန္ထထြက္သြားခဲ့သည္။

"မင္း မေန႕က ေျပာခဲ့တာဟာ အေကာင္အထည္ ေဖာ္လိုက္ေတာ့"

ရိုင္းလ္ေစတန္ ဟင္းအိုးေတြၾကား တိုင္ပတ္ေနရစဥ္ ဒယ္ဒီ လာေျပာေသာ စကားေၾကာင့္ သူ ေက်နပ္စြာ ၿပဳံးမိသြားခဲ့ၿပီး ဒယ္ဒီ့အား ဖက္ပင္နမ္းလိုက္မိသြားခဲ့သည္။

"ဟက္. .အခုမွ အေဖကို နမ္းဖို႔ သတိရေနလိုက္၊ ငါက အဲ့ပိုင္ရွင္ကို သြားကူေျပာေပး႐ုံပဲ ေျပာေပးမွာေနာ္။ လိုတဲ့ပိုက္ဆံ‌ေတြက မင္းကိုေပးမယ့္ အေမြေတြထဲက ျပန္ျဖတ္မွာ"

သူ႕သား အခုလို ခ်စ္တတ္တာကို ရစ္ခ်က္ ၾကည္ႏူးမိေသာ္ျငား သူ႕သားက သူ ထင္ထားတာထက္ေတာင္ ခ်စ္တတ္ေနတာအေပၚ ဒီစုံတြဲကိုေတာ့ သူ တကယ္ လက္ျမႇောက္လိုက္မိၿပီျဖစ္သည္။

-----------------------

ႏွစ္ရက္နီးပါး နားလိုက္ရၿပီးေနာက္ ေရး အျပင္ျပန္ထြက္လို႔ရေအာင္အထိ က်န္းမာလာခဲ့ၿပီ။

ဒီႏွစ္ရက္လုံး သူ႕ထံသို႔ ကိုကို႔ဒယ္ဒီနဲ႕ မာမီအျပင္ ရိုင္ယန္တို႔ပါ အလွည့္က် လာၾကည့္ၾကၿပီး ဂ႐ုစိုက္ေပးေနၾက‌ေသာ္ျငား ကိုကိုကေတာ့ လွစ္ခနဲ လွစ္ခနဲ ေပ်ာက္သြားတတ္သည္။

"အစ္ကို ဘယ္ထြက္သြားတာလဲ သိလား"

ရိုင္ယန္ သူ႕အား အိမ္ေစာင့္ထားသြားေသာ ရိုင္းလ္ေၾကာင့္ ေခါင္းကုတ္ရျပန္သည္။

"ဒယ္ဒီ့ဆီ ထင္တယ္။ မင္းဆိုသည္မွာလည္း သူ႕ကို မ်က္စိေအာက္ကကို အေပ်ာက္မခံဘူးေနာ္။ ၿငိမ္ၿငိမ္ သြားအိပ္ေနေတာ့။ ေဟာ. .သြားပါကြာ၊ သူ ေနာက္တစ္ေယာက္ဆီ သြားတာ မဟုတ္တာေတာ့ က်ိန္ရဲတယ္ ဟုတ္ၿပီလား၊ အားးးးးး. . ."

ေရး ဒီအစ္ကို႔ကို လြန္ခဲ့တဲ့ႏွစ္ေတြထဲက သိပ္ၾကည္ေနခဲ့တာ မဟုတ္ရတဲ့အျပင္ ဟိုရက္က သူ႕ေရွ႕မွာ 108 ေယာက္ရွိတယ္ဟု ဂ်င္းထည့္သြားခဲ့တဲ့ ထိုလူ႕ေျခေထာက္ကို အားနဲ႕တက္နင္းပစ္လိုက္ၿပီး အခန္းထဲ ျပန္ဝင္သြားေတာ့သည္။

"ေတာက္. .ဒီေကာင္ကေတာ့! မင္း ငါ့အိမ္အတြက္ ေလ်ာ္ေၾကးက် အခုထိ မေပးဘဲေနာ္။ ေအး. .ငါ့ေျခေထာက္ပါ က်ိဳးသြားၾကည့္"

သူ ‌ေအာ္ေျပာေနစဥ္ အခန္းတံခါး ဝုန္းခနဲ ျပန္ပြင့္လာၿပီး နံရံကိုမွီရင္း လက္ပိုက္ရပ္ၾကည့္လာတဲ့ ေရးေခတၱရာေၾကာင့္ ရိုင္ယန္ ရန္ထပ္မစရဲေတာ့ဘဲ ဆိုဖာေပၚပါ သူ႕ေျခေထာက္ကို အျမန္တင္ထားရေတာ့သည္။

ထို႔ေၾကာင့္ ေရး ေလွာင္ၿပဳံးၿပဳံးလိုက္ရင္း အခန္းထဲ ျပန္ဝင္သြားေတာ့သည္။

သူဆိုသည္မွာ ရိုင္းလ္အေပၚကလြဲရင္ က်န္တဲ့သူအေပၚဆို အလြန္လက္ရဲဇက္ရဲ နိုင္ေနဆဲပင္။ ကိုကို႔ကိုေတာ့ ဘယ္ေလာက္ထိေတာင္ နာေအာင္ မလုပ္ရက္နိုင္လဲဆိုရင္ အတူေနၾကတိုင္း ရိုင္းလ္အား သူ႕ေအာက္ထားခြင့္ ရေနေသာ္ျငား ကိုကို နာသြားမွာေၾကာက္လို႔ သူသာ အၿမဲ ေအာက္ေနရာပဲ ယူခဲ့သည္။

------------------------

ေနာက္ဆုံးေတာ့ ကိုကိုနဲ႕အတူ ေရး အျပင္ထြက္လည္နိုင္ခဲ့ၿပီ။

ရိုင္းလ္ေစတန္ ျမင္းစီးကြင္းထဲ၌ သူ႕ေဘဘီေလး ျမင္းစီးေနတာကို စိုးရိမ္စြာ လိုက္ၾကည့္ေနခဲ့ရေပမယ့္ ထိုေကာင္‌ေလးက သူ ထင္ထားတာထက္ ကြၽမ္းက်င္စြာ စီးတတ္တာကို ေတြ႕လိုက္ရသည္။

"ကိုကိုပါ တက္"

ေရး ကိုကို႔အား ျမင္းေပၚမွ လက္ကမ္းေပးလိုက္တာနဲ႕ ရိုင္းလ္ သူ႕ျမင္းေပၚသို႔ လႊားခနဲ ခုန္တက္လာခဲ့သည္။

ျမင္းတစ္စီးကို ႏွစ္ေယာက္တူတူ စီးၾကည့္ခ်င္ခဲ့တဲ့ ဆႏၵျပည့္သြားၿပီးေနာက္ ေသနတ္ပစ္ကြင္းထဲသို႔ ေရးတို႔ ေရာက္ရွိလာခဲ့ျပန္သည္။

"မင္း တကယ္ ေသနတ္ပစ္ သင္ဖို႔လား"

"အင္း၊ ဒါဆို ကိုကို ေနာက္မီးလင္းတာနဲ႕ အဲ့ေကာင္ကို အသံတိတ္ေသနတ္နဲ႕ ပစ္သတ္ပစ္ဖို႔"

"အယ္"

"သင္ေပးပါဆို"

ရိုင္းလ္ေစတန္ ေက်ာခ်မ္းသြားမိသည္။ ထိုေကာင္ေလးက ေၾကာက္စရာေကာင္းေလာက္ေအာင္ သဝန္တိုတတ္တာမ်ား သူ ဒီကိစၥမ်ိဳးနဲ႕ ထပ္မေနာက္ေျပာင္ဖို႔ပင္ ဆုံးျဖတ္ခ်က္ခ်လိဳက္ရၿပီ။

ထို႔အတြက္ ‌အေရွ႕က ပစ္မွတ္ကို ခ်ိန္ေနေသာ သူ႕ေဘဘီ၏ ခါးကို သိုင္းဖက္ထားလိုက္ၿပီး ရင္ခြင္ထဲ သြင္းလိုက္ရသည္။ ထို႔ေနာက္ ေသနတ္ကိုင္ထားရာ လက္ကို အသာထိန္းကိုင္လိုက္ရင္း ကိုယ္ဖိရင္ဖိ သင္ၾကားေပးေနၿပီးေနာက္ နား႐ြက္ဖ်ားနား ကပ္ေျပာလိုက္မိသည္။

"ကိုယ္ ဘယ္ေတာ့မွ ေနာက္တစ္ေယာက္ မထားပါဘူးကြာ၊ ဘာလို႔ဆို ကိုယ့္ေဘဘီေလး လူသတ္မိၿပီး ေထာင္ထပ္က်မွာစိုးလို႔ေလ။ ကိုယ္ မင္းကို ေထာင္ထဲ ဘယ္ေတာ့မွ ထပ္ေပးဝင္ေတာ့မွာ မဟုတ္ဘူး"

ဒိုင္း!

ရိုင္းလ္၏ အနီးကပ္သင္ၾကားေပးမႈေၾကာင့္ ပစ္မွတ္က အလယ္ကြက္တိ မွန္သြားရသည္။ တစ္ခါပစ္နိုင္ၿပီးတာနဲ႕ ေရး ထိုလူ႕လည္ပင္းကို အရင္သိုင္းဖက္လိုက္ကာ ကိုကို႔ႏႈတ္ခမ္းကို ေက်နပ္စြာ နမ္းပစ္လိုက္မိေတာ့သည္။

အခုလို ကိုကို႔အား လူေတြၾကားထဲမွာ နမ္းရတာ သေဘာက်လြန္းလို႔ ေရးတစ္ေယာက္ ဒီနိုင္ငံမွာ လာေျပာင္းေနလိုက္ရင္ ေကာင္းမလားဟုပင္ ေတြးေနမိသလို ဒီေန႕အတြင္း ရိုင္းလ္ခမ်ာ ျမင္းေပၚမွာသာမကဘဲ ထိုေကာင္ေလး နမ္းခ်င္စိတ္ေပၚလာတိုင္း လာလာနမ္းေနတာကို အခုလို ခံေနရတာေၾကာင့္ သူ႕ေအာက္ပိုင္းဆိုသည္မွာ ေဖာင္းလိုက္ပိန္လိုက္ ျဖစ္ေနရသည္မွာ ပန္းေသသြားမွာေတာင္ စိုးေနရပါ၏။

-------------------------

ဒီေန႕လယ္ပိုင္း၌ ေရးတို႔ လာဗင္ဒါ ပန္းခင္းေတြရွိရာဆီသို႔ ကားျဖင့္ ထြက္လာခဲ့ၾကသည္။ လန္ဒန္မွာ ရွိသည့္ လာဗင္ဒါအမ်ားစုက အျပာဖက္ ပိုေရာက္တဲ့ အဂၤလိပ္လာဗင္ဒါ မ်ိဳးစိတ္ေတြမို႔ ရိုင္းလ္ေစတန္ ထိုေကာင္ေလးအႀကိဳက္ ခရမ္းေရာင္ ပန္းခင္းေတြ ရွိရာသို႔ ေမာင္းလာျဖစ္ခဲ့သည္။

အကၤ်ီခရမ္းေရာင္ကို အျဖဴေရာင္ ေဘာင္းဘီျဖင့္ တြဲဖက္ဝတ္ဆင္ထားေသာ ေရးကဲ့သို႔ပင္ ရိုင္းလ္ကလည္း အျဖဴေရာင္ ရွပ္အကၤ်ီကို ေဘာင္းဘီခရမ္းျဖင့္ တြဲဝတ္လာခဲ့သည္။ တစ္ထပ္တည္း ဆင္တူျဖစ္မေနၾကေသာ္ျငား ႏွစ္ေယာက္တြဲရပ္လိုက္ရင္ အလြန္လိုက္ဖက္ညီလွေသာ ဝတ္စားပုံမ်ိဳးပင္။

ေရး ကားေအာက္သို႔ အရင္ဆင္းလာခဲ့သည္။ သူ ထိုကဲ့သို႔ ခရမ္းေရာင္ပင္လယ္ႀကီးအလား ပန္းခင္းႀကီးကို ကိုယ္ေတြ႕ျမင္လိုက္ရခ်ိန္၌ သေဘာက်လြန္းလို႔ အသက္ရႉဖို႔ပင္ ေမ့သြားမိတဲ့အထိ။

သူ႕ေနာက္ကေန ကိုကိုပါ ဆင္းလာၿပီမို႔ ေရး ထိုပန္းခင္းထဲ ဝင္ဖို႔အတြက္ ဝင္ေၾကးေပးရန္ ပိုက္ဆံထုတ္ဖို႔ ျပင္လိုက္ၿပီး ဒီပန္းၿခံနာမည္ကို လွမ္းဖတ္ၾကည့္လိုက္စဥ္-

"‌ဝိုး. .ကိုကို ဟိုမွာၾကည့္လိုက္၊ ဒီပန္းၿခံရဲ႕နာမည္က ကြၽန္ေတာ့္နာမည္နဲ႕ တူတူပဲ"

ေရးေခတၱရာဟု အမည္တြင္သည့္ ပန္းၿခံနာမည္ကို သူ႕ေကာင္ေလး ျမင္သြားၿပီမို႔ ရိုင္းလ္ ၿပဳံးျပလိုက္ၿပီး ထိုေကာင္ေလး ပခုံးကို သိုင္းဖက္ထားလိုက္ရင္း-

"ေနာက္ဆို ဒီပန္းခင္းက ကိုကို႔ေဘဘီေလး အပိုင္ပဲေနာ္။ ကိုယ္ မင္းအတြက္ ဒီပန္းၿခံတစ္ခုလုံးကို ခ်စ္သက္လက္ေဆာင္အျဖစ္ ေပးတာ။ ဒီပန္းၿခံနာမည္က အရင္က သက္သက္တစ္ခုရွိတယ္။ အခုေတာ့ ေဘဘီ့အပိုင္ျဖစ္သြားၿပီမို႔ ကိုယ္ နာမည္ပါ ေျပာင္းလိုက္တာ"

ေရး တစ္ခဏမွ် မွင္သက္သြားမိၿပီး ကိုကို သူ႕အား ထိုပန္းၿခံဝင္ေပါက္မွတဆင့္ ခရမ္းေရာင္ပန္းခင္းထဲသို႔ လက္ဆြဲေခၚလာတာကို ဘာမွျပန္မေျပာနိုင္ေတာ့ဘဲ လိုက္လာခဲ့ရတဲ့အထိ။

လာဗင္ဒါအနံ႕တို႔၏ ထုံးစံအတိုင္း အေမႊးရနံ႕ အရမ္းျပင္းတာမို႔ ေရး၏ ႏွာေခါင္းထဲသို႔ လာဗင္ဒါနံ႕ေတြ အလုံးအရင္းျဖင့္ တိုးဝင္လာခဲ့သည္။

ထိုပန္းခင္းေတြၾကားထဲသို႔ သူ႕ေကာင္ေလး ေျပးထြက္သြားတာကို ရိုင္းလ္ ရပ္ၾကည့္ေနခဲ့ၿပီး ‌ခရမ္းေရာင္ႀကိဳက္တဲ့ေကာင္ေလးအတြက္ ခရမ္းေရာင္ပန္းခင္းႀကီးတစ္ခု အပိုင္ဝယ္ေပးနိုင္ဖို႔ သူ မည္မွ်အထိ ဒီရက္ပိုင္းအတြင္း ႀကိဳးစားခဲ့ရလဲဆိုတာ ဒယ္ဒီသာ သိသည္။ ဒီပန္းခင္းတစ္ခုလုံးကို ဝယ္နိုင္ဖို႔ ပိုင္ရွင္ကို မနည္းေျပာခဲ့ၾကရသလို ေငြေပါင္းေျမာက္ျမားစြာ သုံးရမည့္အေရးမို႔ သူ႕ပိုက္ဆံေတြအျပင္ ဒယ္ဒီ့ပိုက္ဆံေတြပါ ခဏ ယူသုံးခဲ့ရသည္။

"ကိုကို႔မွာ ပိုက္ဆံေတြ အဲ့ေလာက္‌ေတာင္ အမ်ားႀကီး ရွိတယ္လား"

ေရး ကိုကို႔နား ျပန္ေျပးလာခဲ့ရင္း အခုမွ စကားျပန္ေျပာနိုင္ေတာ့သည္။

"ဒယ္ဒီ ကူညီေပးလို႔လည္း လုပ္ေပးနိုင္တာပါ။ ဒီပန္းခင္းက ဇြန္၊ ဇူလိုင္၊ ၾသဂုတ္ သုံးလေလာက္ပဲ ခံမွာ။ အဲ့ဒါၿပီးရင္ ဒီပန္းေတြကို ရိတ္သိမ္းရေတာ့မွာ၊ ၿပီးရင္ မင္း အဲ့ကေန စီးပြားရွာေပေတာ့ပဲ။ ကိုယ့္ေဘဘီေလးက စီးပြားေရးသမား‌ဆိုေတာ့ က်န္တာေတာ့ ကိုယ္ အကုန္လုပ္ေပးစရာ မလိုေတာ့ဘူးဟုတ္။

ဒယ္ဒီက ေျပာတယ္၊ သူ႕သားမက္ရဲ႕ စီးပြားေရးက လန္ဒန္မွာလည္း တစ္ခုေလာက္ရွိေနခဲ့ရင္ မင္း လန္ဒန္ကိုပါ ခဏခဏ လာလည္ေအာင္လို႔တဲ့။ ဒါမွ သူ မင္းကို  တစ္ႏွစ္ကို ခဏခဏ ျမင္ရမွာတဲ့"

လာဗင္ဒါ ပန္းခင္းတစ္ခု၏ စီးပြားေရးက အတိုင္းအဆမဲ့သည္။ အခုလို ပန္းပြင့္ခ်ိန္၌ တစ္ကမာၻလုံးက ခရီးသြားေတြ စိတ္ဝင္တစား လာေရာက္ၾကည့္ရႈၾကတာအေပၚ ေငြေပါင္းေျမာက္ျမားစြာ ဝင္နိုင္သလို ထိုပန္းေတြကို အေမႊးနံ႕သာ ကုမၸဏီေတြအျပင္ လာဗင္ဒါကေန လူသုံးပစၥည္းမ်ားစြာ ထုတ္ေနၾကတာေၾကာင့္ ထိုပန္းခင္းတစ္ခု ပိုင္ဆိုင္သူ၏ ေနာက္ဆက္တြဲ စီးပြားေရးလုပ္ငန္းက မနည္းမေနာ။

ရိုင္းလ္ေစတန္ သူ႕‌အိမ္ေထာင္ဖက္အတြက္ စီးပြားေရး လုပ္ငန္းတစ္ခု ထပ္ဖန္တီးေပးခ်င္တာပင္။

ေရး တကယ္ အခုလို အသိအမွတ္ျပဳခံေနရတာအေပၚ ငိုခ်င္လာခဲ့သည္။

"မငိုပါနဲ႕၊ ကိုယ္ မင္းဆီ လူကိုယ္တိုင္ မေရာက္လာနိုင္ခင္ကတည္းက ဒီလာဗင္ဒါပန္းေလးေတြက မင္းဆီ အရင္ေရာက္လာခဲ့တာ။ အခု ကိုယ္ေရာ ဒီပန္းခင္းႀကီးကပါ မင္းကို တစ္သက္လုံး အေဖာ္ျပဳေပးေတာ့မွာ။ ကိုယ္ မင္းနာမည္နဲ႕ အမွတ္တရ တစ္ခုခု လုပ္ေပးခ်င္ေပမယ့္ မင္းမွာ အကုန္ရွိေနၿပီးသားဆိုေတာ့ ဒီပန္းခင္းကိုပဲ ကိုယ့္ရဲ႕တင္ေတာင္းမႈအျဖစ္ အသိအမွတ္ျပဳေပးေနာ္"

ရိုင္းလ္ သူ႕ဖက္က လက္ထပ္ခြင့္လည္း အရင္ မေတာင္းခဲ့ရသလို၊ လက္ထပ္ပြဲကိုလည္း ထိုအခ်ိန္က ေခတၱရာမိဘေတြကသာ အခမ္းနားဆုံး လုပ္ေပးခဲ့သည္။ ထို႔အျပင္ သူတို႔ေနဖို႔အတြက္ကလည္း ရန္ကုန္က ေခတၱရာ၏အိမ္မွာသာ ေနျဖစ္ၾကမွာမို႔ သူ ဘယ္ေနရာမွာမွ တာဝန္မေက်သလို ခံစားေနရတာေၾကာင့္ အခုလို ခရမ္းေရာင္ လာဗင္ဒါပန္းခင္းတစ္ခင္း လက္ေဆာင္ေပးဖို႔သာ ဆုံးျဖတ္မိသြားျခင္းျဖစ္သည္။

သူ ထင္ထားသည့္အတိုင္း ငိုမဲ့မဲ့ျဖစ္လာတဲ့ ေရးေၾကာင့္-

"ဒါဆို ပန္းခင္းဖြင့္ပြဲအေနနဲ႕ ကၾကရေအာင္"

က်လဳဆဲဆဲ မ်က္ရည္ေတြပင္ ရပ္တန႔္သြားရကာ ေရး ထိုလူ႕အား ေမာ့ၾကည့္လိုက္မိသည္။

"မင္း အေနာက္တိုင္းစုံတြဲအကကို ကတတ္လား၊ ကိုယ္ဆို ဒီက ကပြဲေတြသြားရင္ တြဲကဖို႔ အမ်ားဆုံး ကမ္းလွမ္းခံရတဲ့အထိ ေကာင္းေကာင္း ကနိုင္တာေနာ္"

ေရး ထိုလူ႕ကို အားက်မခံစြာပင္-

"ဘားမွာတုန္းကလည္း ကြၽန္ေတာ့္ကိုဆို တြဲကဖို႔အၿမဲ ကမ္းလွမ္းခံေနခဲ့ရတာ ကိုကို သိဖို႔"

သူတို႔ႏွစ္ေယာက္ထဲပဲ ရွိသည့္ ကိုယ္ပိုင္ ပန္းခင္းႀကီးထဲ၌ တျခားဧည့္သည္ေတြ မရွိ။

ထို႔အတြက္ ရိုင္းလ္ သူ စီစဥ္ထားသည့္အတိုင္း ေဘာင္းဘီအိတ္ထဲမွ ခလုတ္ကို ႏွိပ္လိုက္တာနဲ႕ သီခ်င္းသံ တကယ္ထြက္လာခဲ့သည္။

ထိုလူ တကယ္ႀကီး ကဖို႔ ျပင္ေနတာေၾကာင့္ ကပြဲတို႔၏ အစဥ္အလာအတိုင္း ကိုကို ဒူးေကြးၿပီး ခါးၫႊတ္ျပလာစဥ္ သူလည္း အရိုအေသျပဳလိုက္ရင္း စည္းခ်က္သံေတြအတိုင္း ေျခလွည့္လိုက္ရၿပီး ေရး ကိုကို႔ကကြက္အတိုင္း လိုက္ကေနခဲ့ရသည္။

ထိုခရမ္းေရာင္ ပန္းခင္းႀကီးထဲ၌ ခရမ္းေရာင္ဝတ္ဆင္ထားေသာ စုံတြဲတစ္တြဲ၏ သြက္လက္လွပစြာ ကခုန္ေနမႈကို ေတြ႕နိုင္သည္။

ေရး ထိုလူနဲ႕ ေနလာရတဲ့တစ္ေလွ်ာက္လုံး အခုလို မလုပ္ဖူးတာေတြသာ ေတာက္ေလွ်ာက္ လုပ္လာခဲ့ရတာပင္။

သူ ကိုကိုနဲ႕ တူတူေျပးခဲ့ဖူးတဲ့အခ်ိန္လိုပဲ အခုလို ခႏၶာကိုယ္ကို အေခါက္ေပါင္းမ်ားစြာ လွည့္ကေနရတာကိုလည္း သေဘာက်သည္။

အၿမဲ႐ုပ္တည္နဲ႕သာ ေနတတ္ၿပီး အၿပဳံးအရယ္ သိပ္မရွိတဲ့ ေရး၏ဘဝထဲသို႔ အရာရာကို အေကာင္းျမင္တတ္လြန္းပါေသာ၊ အႏၲရာယ္ေတြၾကားမွာေတာင္ ဟာသလုပ္ပစ္နိုင္ပါေသာ၊ အခုလို အၿမဲရယ္ေမာေပ်ာ္႐ႊင္ေနတတ္ပါေသာ ဒီလူ႕ကို သူ႕အိမ္ေထာင္ဖက္အျဖစ္ ရခဲ့တာက ကံေကာင္းတာထက္ကို ပိုေနရၿပီ။

ပန္းခင္းထဲ၌ သီခ်င္းသံနဲ႕အတူ လွပစြာ ကေနၾကေသာ ပိုင္ရွင္စုံတြဲကို ဝင္ေပါက္က ဝန္ထမ္းေလးေတြ မ်က္စိမလႊဲတမ္း လိုက္ေငးေနမိၾကစဥ္ သီခ်င္းၿပီးတာနဲ႕ ပန္းခင္းၾကားထဲ လွဲခ်သြားၾကေသာ အတြဲေၾကာင့္ မ်က္ႏွာလႊဲထားလိုက္ရေတာ့သည္။

"မြ~ ကြၽန္ေတာ္ ဒီပန္းခင္းထဲမွာ ကိုကိုနဲ႕ အတူေနခ်င္တယ္"

သူ႕ကိုယ္ေပၚ တက္ခြထားသည့္ ထိုေကာင္ေလးေၾကာင့္ ရိုင္းလ္ အလြန္အူျမဴးသြားခဲ့သည္။ ေနာက္ဆုံးေတာ့ ဒီေကာင္ေလးက သူ႕ကို လူၾကားသူၾကားထဲမွာ နမ္းနမ္းၿပီး ႏွိပ္စက္႐ုံပဲ မဟုတ္ေတာ့ဘဲ အတူ‌ေနဖို႔ အခြင့္အေရးပါ ေပးလာခဲ့ၿပီ။

ပန္းခင္းေတြ ကြယ္ေနလို႔ သူတို႔ ဘာလုပ္လည္း အတိအက် မျမင္ရနိုင္တာမို႔ အဆင္ေျပပါ၏။ ေရးတစ္‌ေယာက္ သူတို႔ပိုင္သည့္ ပန္းခင္းၾကားထဲ၌ အခ်စ္မွတ္တိုင္စိုက္ထူခ်င္စိတ္ ႐ုတ္တရက္ ေပၚလာခဲ့တာမို႔ အျပာေရာင္ ေကာင္းကင္ႀကီးေအာက္၌ အျပာေရာင္ ခ်စ္ခရီးလမ္းကို အတူ ဖန္တီးေနခဲ့ၾကသည္။

"အာ့~"

ေခတၱရာ ေနမေကာင္းျဖစ္သြားကတည္းက သူတို႔အတူ ထပ္မေနျဖစ္ခဲ့ၾကေပ။

ပန္းခင္းေတြၾကား၌ သူ႕၏ ႏွင္းျဖဴလုံးေလး ယခုကဲ့သို႔ သူ႕ေအာက္၌ လူးလွိမ့္ေအာ္ညည္းေနတာကကို ရိုင္းလ္ေစတန္၏ နတ္ဆိုးဆန္တဲ့စိတ္ေတြအား အားေပးေနသလို ျဖစ္ေနခဲ့သည္။

ရိုင္းလ္တစ္ေယာက္ ထိုေကာင္ေလးအား ခ်စ္ရည္လူးလို႔ကို မဝနိုင္ခဲ့ေတာ့တာ တစ္ခါၿပီးလည္း မလြတ္ေပးခ်င္၊ ေနာက္တစ္ခါၿပီးသြားလည္း မလြတ္ေပးနိုင္ေသးလိုက္သည္မွာ ထိုေကာင္ေလး ေတာ္ခ်င္ၿပီဆိုမွပဲ မေမွာင္ခင္၌ ရပ္တန႔္ေပးလိုက္ရေလသည္။

"ကြၽန္ေတာ္ ဒီပန္းခင္းႀကီးထက္ ဒီပန္းခင္းႀကီးကို ဖန္တီးေပးခဲ့တဲ့ ကိုကို႔ကို ပိုခ်စ္တယ္။ ကိုကို႔ကို ကြၽန္ေတာ့္ရဲ႕ အေသြးအသားထဲကကို ခ်စ္ေနၿပီ။ ကိုကို ကြၽန္ေတာ့္နားမွာ အခုလို အၾကာႀကီး ေနသြားရမယ္ေနာ္"

"အေသအခ်ာပဲေပါ့။ မင္းသာရွိရင္ ကိုယ္က ေထာင္ထဲမွာလည္း ေနနိုင္တယ္၊ ဘယ္နိုင္ငံမွာမဆိုလည္း လိုက္ေနနိုင္တယ္။ ကိုယ္ မခ်စ္ေတာ့မွာစိုးလို႔ဆိုၿပီး မင္းရဲ႕နဂိုပုံစံေတြကို ေျပာင္းလဲစရာမလိုဘူး။ ကိုယ္ မင္းရဲ႕ အခုလို ပုံစံေလးကိုပဲ သေဘာက်တယ္။ ဒီအူယားစရာေကာင္းေအာင္ ဆိုးေနတာေလးကိုပဲ ပိုခ်စ္မိတာ"

ထိုေကာင္ေလး၏ ပါးႏွစ္ဖက္ကို ခပ္ဖြဖြ လိမ္ဆြဲလိုက္ၿပီး အားရပါးရ နမ္းရွိုက္ေနမိသည္။

အဂၤလန္ေႏြက ညေနေလာက္ဆို ေအးလာျပန္သည္။ ထို႔ေၾကာင့္ ေခတၱရာကို ေျမႀကီးေပၚအစား သူ႕ကိုယ္ေပၚ၌ ျပန္တက္အိပ္ခိုင္းလိုက္ရသည္။

"ခဏေန ေဘဘီ အေမာေျပရင္ ျပန္ၾကမယ္ေနာ္၊ ေတာ္ၾကာ အေအးပတ္သြားဦးမယ္"

"အြန္း"

ႏွစ္ေယာက္လုံး လာဗင္ဒါပန္းနံ႕ေတြကို ရႉရွိုက္ေနရင္း အေမာေျဖကာ တိတ္ဆိတ္ေနၾကသည္။

သူတို႔ၾကား၌ စကားလုံးလွလွေလးေတြ၊ ရိုမန့္တစ္ဆန္တဲ့ အျပဳအမူေတြ အမ်ားႀကီး မလိုေပ။ ဖူးစာဖက္ မဟုတ္ခဲ့ၾကေပမယ့္ ရိုင္းလ္ေစတန္ဆိုတာ ေရးေခတၱရာအတြက္ ေမြးဖြားလာျခင္းျဖစ္ၿပီး ဒီက်ိန္စာဆိုးနဲ႕ ပုဂံက ေကာင္ေလးဆိုတာကလည္း လန္ဒန္က ဒီအမ်ိဳးသားအတြက္ အႏၲရာယ္ေတြၾကားမွာေတာင္ ရွင္သန္က်န္ရစ္နိုင္ခဲ့ရင္း ႀကီးျပင္းလာနိုင္ခဲ့ျခင္း ျဖစ္ေပသည္။

___________________________________________

Continue Reading

You'll Also Like

4.9K 593 30
ချိုမယ်၊ ရိုမယ်၊ ရိုးရှင်းမယ် October 2 to ..... October 16,2023 #TheSecondSchoollifeStory
35.4K 2.3K 41
[ Zawgyi ] ---------------- ခ်စ္ျခင္းေမတၱာကို ရိုးရိုးေလးလို႔ထင္ထားခဲ့တာ အခုေတာ့ သီအိုရီရွာမေတြ႕တဲ့ပုစာၦတစ္ပုဒ္လိုပဲ သူ႕ရဲ႕အေျဖဟာ ဗလာနတၳိ [ Unicode ]...
359K 38.8K 67
ကျွန်တော်ကတော့ ဘာကိစ္စပဲဖြစ်ဖြစ် ပီတာထွန်းညွန့်ဆိုတဲ့ ကောင်လေးဘက်ကိုသာ ယိမ်းယိုင်ပါ့မယ် (ရွှေရိုးနော...
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022