Snowless Winter Dream [Comple...

Ennia_Yawn

77.2K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... Еще

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 31

1.7K 98 1
Ennia_Yawn

Dream catcher များ ချိတ်ဆွဲထားရာ တိုက်ခန်းကျယ်ကြီးထဲတွင် ရေးခေတ္တရာ သူ့ကုတင်ပေါ်၌ အကြီးအကျယ် သောင်းကျန်းနေခဲ့သည်။

ခေါင်းအုံးတွေကို တဝုန်းဝုန်း ထုရိုက်နေရင်း၊ စောင်ကို ရိုင်းလ်အမှတ်ဖြင့် ပါးစပ်နဲ့ကိုက်ဆွဲနေရင်း သူ အခုထိ အလွန်အမင်း ဒေါသထွက်နေဆဲပင်။ ထိုကားနောက်ပိုင်းထက် ကားပိုင်ရှင်၏ နောက်ပိုင်းကိုပဲ ဝင်ကြုံးခဲ့လိုက်ချင်တဲ့အထိ ပေါက်ကွဲနေလေသည်။

နာရီဝက်နီးပါး သောင်းကျန်းပြီးသကာလ စောင်ကို ကိုက်ရတာလည်း သွားတွေပင် နာလာပြီမို့ ရေချိုးအဝတ်အစားလဲပြီးသာ စောစောအိပ်ဖို့ ပြင်လိုက်တော့သည်။

ထိုစဉ်-

"ဒီအချိန်ကြီး ဘယ်သူတုန်း"

နာရီကိုကြည့်လိုက်တော့ ဆယ်နာရီပင် ထိုးတော့မှာကို တံခါးခေါက်သံကြောင့် အိပ်ရာထဲက ပြန်ထွက်လာရပြီး လာဖွင့်ပေးလိုက်ရစဉ် သူ့မျက်နှာရှေ့ စာရွက်တစ်ရွက် ထိုးပြလာတဲ့ ရိုင်းလ်စေတန်ကို မြင်လိုက်ရတာကြောင့် သေချာဖတ်ကြည့်လိုက်ရသည်။

"လျော်ကြေး လာတောင်းတာ၊ ငါ့ကားကို ရစရာမရှိ ဝင်ကြုံးသွားပြီးတော့ ထွက်ပြေးသွားတယ်ပေါ့"

"ဩော်. .လျော်ကြေးလား? မပေးနိုင်ဘူး၊ ပေးစရာလည်း မရှိဘူး၊ ဒိုး"

ရေး တံခါးကို အမြန်ပြန်ပိတ်ဖို့ ပြင်လိုက်စဉ် ရိုင်းလ်တစ်ယောက် ထိုတံခါးအား ခြေထိုးခံလိုက်ရပြီး တိုက်ခန်းထဲသို့ အိမ်ပိုင်ရှင်အား တွန်းတိုက်ပြီး ဝင်လာပစ်ခဲ့တော့သည်။

ရေး ထိုလူရမ်း‌ကားကြောင့် ခုနငြိမ်သွားသည့် ဒေါသတွေ ပြန်ထွက်လာရပြီ။

"ငါ့အိမ်ထဲကို ထပ်ဝင်ပြန်ပြီ၊ ဒီတစ်ခါ ငါ မင်းကို ပိုင်နက်ကျူးလွန်မှုနဲ့ တကယ်တရားစွဲတော့မှာ"

"လုပ်လေ၊ ဒါဆို ငါလည်း မင်းကို ငါ့ကားကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်သွားမှုနဲ့ တရားပြန်ဆွဲမှာ၊ သက်သေအဖြစ် CCTV မှတ်တမ်းတောင် ယူလာခဲ့သေးတယ်"

သူ့ရေခဲသေတ္တာထဲက အအေးတွေကို ခပ်တည်တည် ယူသောက်နေပြန်သော ဘဲကြီးကြောင့် ထမင်းစားပွဲပေါ်က ဘောင်ချာကိုသာ ရေး ဒေါသတကြီး ဆွဲယူလိုက်ရရင်း ကားဝပ်ရှော့က ပေးလိုက်သော ကျသင့်ငွေကို သေချာပြန်ကြည့်လိုက်ရသည်။

သူ တော်တော်ဖျက်ဆီးခဲ့လိုက်မိတာမို့ ရှင်းရမည့်ငွေ amount ကလည်း မနည်းမနောပင်။ ဒေါသမထိန်းနိုင်ခဲ့တဲ့ ရေးတစ်ယောက် စားစရာမရှိ လျော်စရာရှိ အခြေအနေတစ်ခုကို ဖန်တီးခဲ့ပြီးပြီပဲမို့ သူ့အမှားအတွက်-

"ဟုတ်ပြီ၊ မနက်ကျရင် လွှဲလိုက်မယ်၊ ရပြီမလား၊ ပြန်တော့။ ဟ. .ငါ့ရေခဲ‌သေတ္တာထဲက အသီးတွေကို ပြန်ချထား"

ရိုင်းလ်စေတန် ရေခဲသေတ္တာထဲက တွေ့သမျှ အသီးတွေကို ထုတ်ယူလိုက်ပြီး ထမင်းစားပွဲခုံ၌ အကျအန ဝင်ထိုင်လိုက်ရင်း-

"အကြွေးက ဒါပဲမဟုတ်သေးဘူး"

"ငါ မင်းဆီက ဘာယူထားသေးလို့လဲ"

ရိုင်းလ်စေတန် သူ့ကုတ်အင်္ကျီထဲမှ စာရွက်တစ်ရွက်ကို ထပ်ချပေးလိုက်တာကြောင့် ထိုစာရွက်ပေါ်က မနည်းမနော ပိုက်ဆံတွေကြောင့် ရေး ထိုင်ခုံပေါ်ပင် ဘုတ်ခနဲ ပြုတ်ကျသွားရသည်။

"ဒါတွေကရော ဘာအတွက်လဲ"

"ထောင်ထဲမှာ မင်းအတွက် အခန်းဝယ်ပေးခဲ့ရတဲ့ ပိုက်ဆံတွေ၊ ထောင်မှူးကို ပေးခဲ့ရတဲ့ မူးယစ်ဆေးဖိုးတွေ၊ ငါတို့ချစ်သူဖြစ်တုန်းက မင်းအတွက် ကုန်ကျခဲ့ရသမျှတွေလေ။ အဲ့ဒါတွေပါ အကုန်ပြန်ပေး။ အစကတော့ ငါ ဒီအတိုင်း ကျော်သွားပေးဦးမလို့ပါပဲ၊ အခုတော့ မင်းကြောင့် ငါ အမွေဖြတ်ခံရပြီ၊ သုံးစရာလည်း မရှိတော့ဘူး၊ အခု စီးစရာကားပါ မရှိတော့ဘူး"

"လခွမ်း! လမ်းခွဲပြီးရင် အဲ့လိုပြန်တောင်းတာ ဘယ်နိုင်ငံမှာရှိလို့လဲ"

"ငါကတော့ တောင်းမှာ၊ မင်းကြောင့် သုံးနှစ်နီးပါး ထောင်ထဲနေလိုက်ရတာကို မင်းကကျ ဗလိုင်းကြီးတောင် လမ်းခွဲသွားသေးတယ်လေ။ အဲ့ငွေတွေက ငါ မင်းကို ထောင်ထဲမှာ တစ်ခါ စိတ်တိုလာတိုင်း အတိုးပါ တစ်ခါ ထိုင်ထည့်ပေါင်းထားလို့ အဲ့လောက်များသွားတာ။ ပြန်မပေးနိုင်ရင်လည်း ရတယ်၊ ငါ မင်းအိမ်ပေါ်ပဲ တက်နေလိုက်မယ်"

"ချီးပဲ"

ရေး ထိုစာရွက်နဲ့သာ ရိုင်းလ်အား ပေါက်လိုက်မိတော့သည်။

"ရူးနေလား၊ ငါ အဲ့လောက်ထိ ပေးစရာလည်း တကယ် မရှိဘူး။ မင်းအကြွေးက အိမ်နှစ်လုံးစာလောက် ရှိတယ်ကွ"

ရိုင်းလ်စေတန် သူ့လက်ထဲမှ ပန်းသစ်‌တော်သီးကို တစ်ကိုက် ထပ်ကိုက်လိုက်ရင်း-

"ပေးစရာမရှိရင် ဒီအိမ်ရောင်းပြီးဖြစ်ဖြစ်၊ ဘားကို ရောင်းပြီးဖြစ်ဖြစ် ပေးလည်း ရတယ်နော်။ မိဘဆီကတော့ မတောင်းနဲ့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အ‌ကြွေးမရမချင်း ငါကတော့ ဒီအိမ်မှာပဲ တက်‌နေမှာ"

"လဲသေလိုက်၊ မကျေနပ်ရင် လူကိုသာ သိမ်းသွားလိုက်တော့၊ တစ်ပြားမှ မပေးနိုင်ဘူး"

"အာ. .တကယ် သိမ်းလိုက်ရမှာလား"

"သဘောပြောတာကွ"

ရေး ဒေါသအထွက်လွန်ပြီး စကားတွေတောင် မှားကုန်ရပြီ။

ရိုင်းလ်တစ်ယောက် သူ မှာထားတဲ့သူတွေ ရောက်လာပြီမို့ ထရပ်လိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်စဉ် အိမ်ပြောင်းရွှေ့ရေး ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းကောင်လေးတွေ ရိုင်းလ်၏ ပစ္စည်းတွေကို အိမ်ထဲသွင်းလာကြတာကြောင့် ရေး တကယ် ပြောစရာမရှိတော့။

"အစ်ကို ကျွန်တော်တို့ ဒီနား ချခဲ့ရင် ရပြီလား"

"ရပါပြီ၊ ကျေးဇူး"

ထိုကောင်လေးတွေ ပြန်ထွက်သွားချိန်၌ ရေး ထိုလူ့တင်ပါးကို တကယ် လာပိတ်ကန်လိုက်မိ‌တော့သည်။

"အေး အေး. . .ငါ့ကို ဒဏ်ရာရအောင် ထပ်လုပ်ရင် ဆေးကုသစရိတ်တွေပါ ထပ်ထည့်တွက်မှာနော်"

"မင်းဦး‌နှောက်က တကယ် အခန်းလွတ်နေတာလား။ နေစရာမရှိရင် မင်းရဲ့ရည်းစားအသစ်ဆီမှာ သွားနေလေ"

ရေး ထိုလူ့ကို မကန်တော့ဘဲ ထိုလူ့ပစ္စည်းဘူးတွေကိုသာ ကန်ထုတ်နေမိတော့သည်။

သူ တကယ် မတရား အနိုင်ကျင့်ခံနေရသလို ခံစားနေရသည်။ ထိုလူက သူ့ကို ပြန်လိုက်ဖို့ နေနေသာသာ အခုလို အကြွေးတောင် ပြန်တောင်းခံနေရတာက အလွန်စိတ်တိုစရာကောင်းနေပြီ။

ရိုင်းလ်စေတန် သူ့ပစ္စည်းတွေကို ရေး ထပ်မကန်တော့အောင် အမြန်နေရာချဖို့အတွက် ပစ္စည်းတွေကို အိပ်ခန်းထဲထိ ဆွဲသွင်းသွားတော့သည်။

"ဘာလို့ လူကြီးပစ္စည်းတွေကို လိုက်ကန်နေတာလဲ။ မင်း အဲ့ပိုက်ဆံတွေ အကုန်ပြန်ဆပ်ခဲ့ရင် ငါ အိမ်အသစ်တစ်လုံး ဝယ်နိုင်ပြီလေ၊ အဲ့ကျရင် ပြန်ဆင်းပေးမှာလေ အော်"

"မင်းရဲ့ ဟိုကောင်ဆီ သွားနေလေ"

"နေချင်ပေမယ့် သူက မိဘတွေနဲ့ နေတာမို့ပါကွာ။ ကဲပါ၊ မင်းမှာ ကန်ဖို့ အဲ့လောက် အားတွေရှိနေတယ်ဆိုတော့ ဧည့်ခန်းထဲက ငါ့ပစ္စည်းတွေကို ကူမ ပေးပါလား"

ရေး ထိုလူ့ကို တစ်ခုခုလုပ်မိရင် လျော်ကြေးထပ်ပေးရမလား မသိ‌တာမို့ စိတ်တိုစွာပင် သူသာ တိုက်ခန်းထဲက ထွက်သွားတော့သည်။

ထိုမျှလောက်ထိ ဒေါသကြီးနိုင်သော နှင်းဖြူလုံးလေး၏ နီရဲနေသော မျက်နှာကို မြင်နေရတိုင်း ရိုင်းလ် မရယ်မိအောင် အောင့်ထားခဲ့ရသည်။

နောက်ဆုံးတော့ ရိုင်းလ်တစ်ယောက် သူ့ကောင်လေး အိမ်ပေါ်သို့ ခပ်တည်တည် တက်နေပစ်ဖို့ ကြိုးစားမှု အောင်မြင်သွားခဲ့ပြီ။

ရေးခေတ္တရာ အလောတကြီး အိမ်အောက်ပြေးဆင်းလာမိတာမို့ သူ့မှာ ဘာမှမပါလာမှန်း အောက်ရောက်မှ သတိထားမိတော့သည်။ ကားသော့၊ ဖုန်း၊ ပိုက်ဆံအိတ် ဘာမှမပါလာတာမို့ ပြန်တက်ယူရင်လည်း ကျက်သတုံးကောင်နဲ့ ရန်ထပ်ဖြစ်ရဦးမှာအတွက် အကြွေးယူသောက်ရလည်း မတတ်နိုင်တော့တာမို့ သူ့အိမ်အောက်က ကော်ဖီဆိုင်ထဲသို့သာ ဝင်သွားရတော့သည်။

သူ့ကောင်လေး ကော်ဖီဆိုင်ထဲ ဝင်သွားတာ မြင်လိုက်ရတာမို့ စိတ်ချသွားပြီး ရိုင်းလ်စေတန် သူ့ပစ္စည်းတွေကို နေရာ ပြန်ချနေလေသည်။

အိပ်ခန်းက တစ်ခန်းပဲ ရှိပြီး ကုတင်ကလည်း နှစ်ယောက်အိပ်ကုတင်တော့ မဟုတ်။ ထို့အတွက် ရိုင်းလ် သူ ဆိုဖာမှာတော့ အိပ်ရမည်ကို သိလိုက်ရသည်။

အိပ်ခန်းထဲ၌ အဝတ်တွေ နေရာချပြီးချိန်၌ ရေချိုးခန်းထဲဝင်လာခဲ့ရသည်။ ထို့နောက် သူ့တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို ခေတ္တရာ၏ ပစ္စည်းတွေ ဘေးမှာ နေရာချလိုက်ရချိန်၌ သူတို့နှစ်ယောက် ထောင်ထဲမှာတုန်းကလို အတူရှိလိုက်ရသည့် ခံစားချက်မျိုး ပြန်ရလိုက်သလိုပင်။

သူ အရင်နေ့က ဒီအိမ်ထဲ ဝင်လာကတည်းက ခေတ္တရာ၏ အိမ်ထဲ၌ လာဗင်ဒါနဲ့ ပတ်သက်တာတွေ ဘာမှမရှိတာကို သတိထားလိုက်မိသည်။ ထိုကောင်လေး သူ့အပေါ် ဘယ်လောက်ထိ ပြတ်သားနိုင်ခဲ့တာလဲ သူ မသိတော့။

ရိုင်းလ်စေတန် ရေချိုးခန်း မှန်ထဲမှတဆင့် သူ့ကျောနောက်က အရာကို ကြည့်လိုက်မိပြီး ထိုကျောနေရာကို လုံခြုံအောင်တော့ အခုချိန်၌ ဂရုစိုက်ရမည်မို့ bathrobe ကြိုးကို သေချာချည်ထားလိုက်ရသည်။

ရေးခေတ္တရာ ညတွင်းချင်း အိမ်အောက်မှာပါ အကြွေးတင်ခဲ့ရတဲ့ဘဝပါပင်။ ကော်ဖီဆိုင်ထဲ၌ အတန်ကြာ နေပြီးနောက် သူတို့လည်း ဆိုင်ပိတ်တော့မှာမို့ ဆယ့်တစ်ကျော်ကျော်လောက်၌ အိမ်ပေါ် ပြန်တက်လာခဲ့ရသည်။

အိမ်ထဲဝင်ဝင်ချင်းတင် သူ ဖယ်ရှားခဲ့ရသည့် လာဗင်ဒါနံ့တွေ သူ့နှာခေါင်းထဲသို့ ပြန်တိုးဝင်လာခဲ့သည်။ ထိုအနံ့တွေရတိုင်း သူ ကိုကို့ကို ပိုသတိရရလာတာကြောင့် အကုန်ဖယ်ပစ်ခဲ့တာကို အခုတော့ ထိုလူ သူ့ဆီ ပြန်ရောက်လာခဲ့ပြန်ပြီ။

ရိုင်းလ် ဆိုဖာပေါ်၌ စာထိုင်ဖတ်နေစဉ် ထိုကောင်လေး အိပ်ခန်းထဲ ပြန်ဝင်လာပြီမို့ မသိချင်ယောင်ဆောင်နေလိုက်ရကာ စာထဲသာ အာရုံစိုက်ထားလိုက်ရသည်။

သူ ဒီတစ်နာရီနီးပါးလုံး ရေး ကော်ဖီဆိုင်ထဲ၌ ရှိမရှိ စောင့်ကြည့်နေခဲ့ပြီး ဆိုင်ထဲက ပြန်ထွက်လာမှ စာအုပ် လာကောက်ဖတ်နေခဲ့တာပင်။

"ငါ အဲ့ပိုက်ဆံတွေ တကယ်ပြန်ပေးရမှာလား"

သူ့ရှေ့လာရပ်သော ကောင်လေးကို ရိုင်းလ် တစ်ချက် မော့ကြည့်လိုက်ပြီး စာပြန်ဖတ်နေလိုက်ရင်း-

"အဆင်မပြေရင်လည်း နည်းနည်းချင်းစီ ခွဲဆပ်လေ။ ဒါမှမဟုတ်ရင် ငါ့ကို ဒီအိမ်မှာ ပေးနေလေ၊ စိတ်မပူပါနဲ့၊ အိမ်ငှားခတော့ ပေးမှာပါ"

"မင်း ရည်းစားနဲ့ ပြတ်သွားတိုင်း အခုလို ပြန်ပြန်တောင်းနေတာတော့ မဟုတ်ဘူးမလား"

"ငါ မင်းအပေါ်မှာပဲ အခုလို ပြန်တောင်းတာ၊ ငါ မင်းအပေါ်မှာပဲ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ ဂရုစိုက်မှုတွေ အချစ်တွေ ပေးခဲ့တာ၊ မင်း ငါ့ကို ဒီနှစ်တွေအတွင်း တစ်ချက်တောင် လာမကြည့်ခဲ့တာကိုတော့ စိတ်မကောင်းမိဆုံးပဲ။ ငါ မင်းကို ဒီသုံးနှစ်လုံး ဘယ်လောက်တွေ့ချင်ခဲ့ပြီး ဘယ်လောက် သတိရနေခဲ့ရလဲ သိလား။ မင်းကို ရူးလောက်အောင် တွေ့ချင်နေပေမယ့်လည်း မင်းမှ လာမကြည့်ရင် ငါ့ဖက်က ဘာမှလုပ်လို့မရခဲ့တဲ့ အဲ့ဘဝက ဘယ်လောက်ရူးချင်စရာကောင်းလဲ သိလား"

". . . ."

"ထားပါ၊ ငါတို့နှစ်ယောက်က ပြီးသွားပြီပဲလေ။ ဒါပေမဲ့ မင်းကြောင့် ငါ အခုလို မွဲတေနေရချိန်မှာတော့ နည်းနည်းလောက် ပြန်ကြည့်ပေးသင့်တာပေါ့။ အခုဆို ထောင်ထွက်မို့ အလုပ်တောင် မနည်း ပြန်ရှာရဦးမယ့်ဘဝပါဆို အဲ့ဒါကို ဘာလုပ်တယ်? ငါ့ကားကိုတောင် ခပ်တည်တည် ဝင်ကြုံးသွားသေးတယ်"

ရေး သူ ဘာလို့ အဲ့ကားကို ကြုံးမိလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ထုရိုက်ချင်သွားတဲ့အထိ။

"ငါ့ကုတင်ပေါ်တော့ တက်အိပ်မယ် ကြံလို့ကတော့. . ."

"ဒီဆိုဖာမှာပဲ အိပ်မှာ၊ အဆင်ပြေရင် ခေါင်းအုံးလေး ကမ်းလိုက်ပါဦး"

‌သူ့ဆီ ခေါင်းအုံးကို အားနဲ့ပစ်ပေါက်ထုတ်လိုက်တာမို့ ရိုင်းလ် ခေါင်းအုံးကွယ်ပြီး ကြိတ်ပြုံးလိုက်မိသည်။

"မင်း အဲ့လောက် ဒေါသကြီးနေတာ သွေးတွေလည်း တိုးကုန်ဦးမယ်၊ မအိပ်ခင် သွေးပေါင်ချိန်ပေးခဲ့ရဦးမလား"

"ငါ မင်းကို. . ."

ရေး ထိုလူကြောင့် တကယ် သွေးတက်သေတော့မှာမို့ ဘာမှတောင် ပြန်မပြောနိုင်တော့ဘဲ စောင်အောက်ထဲသာ လျှောဝင်သွားတော့သည်။

ရိုင်းလ်စေတန် ထိုကောင်လေးနား အနီးကပ် နေချင်လွန်းလို့သာ အမြဲဒုက္ခခံနေရတာက အခုလည်း သူ့အရပ်က အလွန်ရှည်တာမို့ ဆိုဖာပေါ်၌ ကွေးအိပ်နေရသည်။ သူ ထောင်ထဲ၌ သက်တောင့်သက်သာ နေခဲ့ရတယ်ဆိုသော်ငြား စိတ်‌ပင်ပန်းခဲ့ရတာတွေကဝောာ့ သွက်သွက်ခါ မရူးသွားအောင် ထိန်းခဲ့ရတဲ့ အခြေအနေပင်။ သို့သော်လည်း အခုလို အိပ်ရတာ ပင်ပန်းပေမယ့် ခေတ္တရာ၏ အနီးနားမှာမို့ အရင်ညတွေလို မဟုတ်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

ရေးကတော့ ဝါကျင့်ကျင့် မီးရောင်ဖျော့ဖျော့ အောက်‌၌ အခုချိန်ထိ အိပ်မပျော်နိုင်သေး။ ခုန ကော်ဖီတွေ အများကြီး သောက်လိုက်မိလို့လား၊ ကိုကို သူ့နား ပြန်ရောက်လာလို့လားပါပဲ။

ကိုကို အိပ်ပျော်နေတာကို ကုတင်ပေါ်ကနေ လှမ်းမြင်နေရတာကြောင့် သူ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့မိသည်။ သုံးဆယ်ကျော်သွားပြီဖြစ်တဲ့ ကိုကိုက သူတို့နှစ်ယောက် စတွေ့ကာစအရွယ် 27 နှစ်သားအရွယ်နဲ့ သိပ်မကွာသလိုဟု ထင်ရသော်ငြား ထောင်ထဲ၌ ရခဲ့သည့် ပင်ပန်းမှုတွေကတော့ ကိုကို့မျက်နှာကို သေချာသတိထားကြည့်ရင် မြင်နေရဆဲပင်။

ရေး သူ့ဘီဒိုထဲက စောင်အပိုကို ထုတ်ယူလိုက်ရပြီး ရိုင်းလ်ပေါ် လာလွှမ်းပေးလိုက်ရသည်။ ထို့နောက် ဆိုဖာဘေး၌ အချိန်အတန်ကြာ ကိုကို့မျက်နှာကို ထိုင်ငေးကြည့်နေခဲ့မိသည်။

"တကယ်လို့များ ကျွန်တော်သာ အဲ့အချိန်က သတ္တိရှိခဲ့မယ်ဆိုရင် ၊ ဘယ်‌လောက်ပင်ပန်း ပင်ပန်း ခင်ဗျားလက်ကို ဆွဲထားမိမယ်ဆိုရင်"

အဲ့လိုလုပ်မိရင် သူတို့နှစ်ယောက် ချစ်ခရီးလမ်းက ဘယ်လိုဖြစ်သွားမှာလဲ မသိပေမယ့် ရိုင်းလ်အပေါ် သူလုပ်ခဲ့သလိုမျိုး ထောင်ထဲကနေ ဘာမှထွက်မလုပ်နိုင်ချိန်မှာ သူသာ အဲ့လို လမ်းခွဲခံခဲ့ရရင် ရူးမတတ်ဖြစ်သွားမှာ။ ရေး ထိုအချိန်က သူ တစ်ကိုယ်ကောင်းဆန်ခဲ့မိတာကို တကယ် နောင်တရနေခဲ့ရပါသည်။

ထို့အတွက် ဒီလူ့ကို ပြန်လိုက်ရမလားပင် တွေဝေလာတဲ့အထိ။ ထို့ကြောင့် ရေး ဆုံးဖြတ်လိုက်ပြီ၊ သူ ထိုအကြွေးတွေ ဘယ်တော့မှ ပြန်မဆပ်တော့ဟု။

"ခင်ဗျားဖက်က အမ်းစရာမရှိရင် ဟိုကောင်လေးက ခင်ဗျားကို ကြာကြာတွဲချင်မှာ မဟုတ်လောက်ဘူး၊ ဟက်. . ."

ရေးတစ်ယောက် ပျော်ရွှင်စွာဖြင့် ကုတင်ပေါ် ပြန်တက်အိပ်သွားတော့သည်။

သူ့ကိုယ်သူ ကျေနပ်သွားပုံရသော ခေတ္တရာ၏ စကားသံခပ်တိုးတိုးတွေကြောင့် ရိုင်းလ် ထိုကောင်လေးကို ဖျတ်ခနဲ ဖက်မနမ်းမိအောင် စောင်ကိုသာ တင်းတင်းဆုပ်ထားလိုက်ရတာပင်။

ထိုကောင်လေး သူ့နား သတ္တိရှိရှိ ပြန်တိုးလာဖို့တစ်ခုသာ လိုတာပါ။ အခုအခြေအနေမှာ သူတို့နှစ်ယောက်က ဆယ်လှမ်းအကွာအ‌ဝေးမှာ ရပ်နေကြတယ်ဆိုရင် ခေတ္တရာဖက်က တစ်လှမ်းပဲ ပြန်တိုးလာခဲ့ပါ၊ ကျန်တဲ့ကိုးလှမ်း ထပ်တိုးဖို့က သူ့၏ တာဝန်ပါပင်။ အပြစ်အနာအဆာတွေများနေတဲ့ သူ့ဘဝထဲကို အတင်းပြန်ဆွဲသွင်းရမှာကို သူ တကယ် အားနာမိပေမယ့် သူ ထိုကောင်လေးကို လက်မလွှတ်နိုင်ဖြစ်နေဆဲပါပင်။

-------------------------

ရေး မီးဖိုချောင်ထဲက အသံတွေကြောင့် လန့်နိုးလာခဲ့သည်။

မနက်ခြောက်နာရီတောင် မရှိသေးတာကို ဂလုံဂလွမ် အသံတွေအပြင် ညှော်နံ့တွေကြောင့် သူ့မီးဖိုချောင် မီးလောင်နေတာလား အတွေးကြောင့် ရေး အမြန်ထလာခဲ့ရသည်။

"မင်း ငါ့အိမ်ကို မီးရှို့နေတာလား"

မီးဖိုချောင်တစ်ခုလုံး သူခိုးဝင်မွှေသွားသည့်အလား။

ရိုင်းလ်ခမျာ သူ့ကောင်လေးအတွက် မနက်စာ ပြင်ပေးချင်လို့ အစောကြီး ထလုပ်နေမိသော်ငြား သူဆိုသည်မှာ မီးဖိုချောင် သေချာမဝင်ဖူးခဲ့တာမို့ လက်မှာလည်း ဆီးပူလောင်တာတွေများစွာ။ သူတို့ ပထမဆုံးအကြိမ်အတူနေခဲ့ဖူးတဲ့ တစ်မနက်ခင်းကလို ထိုကောင်လေးအတွက် မနက်စာ ထလုပ်ပေးချင်ပေမယ့် အဲ့တုန်းကတော့ ဆန်ပြုတ်မို့ အိုခေပေမယ့် အခုတော့ တိုင်ပတ်နေခဲ့သည်။

"ဖယ်တော့၊ ငါပဲ ဆက်လုပ်တော့မယ်၊ လက်ကို ဆေးသွားထည့်လိုက်ဦး"

ရိုင်းလ်စေတန် အူမြူးသွားခဲ့သည်။ အခု ဒီကောင်လေးက သူ့ကို စိတ်ပူသွားတာမလား။

ဒီလိုစိတ်ပူခံရတာနဲ့တင် သူ အလွန်ကျေနပ်နေပြီမို့ လက်အပူလောင်တာလောက်က ဘာအရေးလဲ။ ဒီဒဏ်ရာတွေကို နောက်နေ့တွေထိပါ အမှတ်တရ သိမ်းထားဦးမှာ။

-----------------------

ရိုင်းလ်၏အဖေ သူ့သားအား သူ့အရိပ်အောက်က မထွက်သွားနိုင်အောင် သူ့သား၏ နောက်လိုက်တွေ၊ အိမ်တွေ၊ ကဒ်တွေ အကုန်ပြန်သိမ်းပစ်ခဲ့သည်။ သူ့သား ကိုယ်ပိုင်ငွေတွေက ထောင်ထဲမှာ မနည်းမနော ကုန်ခဲ့တာကို သိတာမို့ သူ့သားလို အသုံးအဖြုန်းကြီးသူက ငွေတွေအကုန်သိမ်းခံရရင် သူ့နား ပြန်ကပ်လာမည် ထင်ခဲ့ပေမယ့် အခုတော့ ရေးခေတ္တရာအိမ်ပေါ်ကိုပင် တက်သွားပြန်တာကြောင့် သူ တကယ် စိတ်ကုန်နေရပြီ။

သူတို့နှစ်ယောက်ကို တကယ်ပဲ ခွဲမရတော့ဘူးလား။ သူ့သွေးတိုးရောဂါနဲ့ ဒီသားတစ်ယောက်နဲ့တော့. . .

ထိုလူ ရေးခေတ္တရာကိုပဲ စိတ်တိုရမလို၊ သူ့သားကိုပဲ ပေါက်ကွဲရမလိုပင်။

------------------------

ရေး သူ့ဘားကို ခဏဝင်စစ်ဆေးပြီးတာနဲ့ အရင်လို ဘားမှာ အချိန်မဖြုန်းဖြစ်ဘဲ အိမ်ကိုသာ တန်းမောင်းလာတော့သည်။

ဒီညလည်း သူ့တိုက်အောက်က ဆေးခန်းက ပိတ်ထားဆဲ။

ရေး အိမ်ထဲဝင်လာတိုင်း အရင်လို လာဗင်ဒါနံ့တွေ ရနေတာကို သဘောကျတာထက် လာဗင်ဒါ ဘဲကြီး အိမ်မှာရှိနေတာကို ပိုသဘောကျမိနေသလိုပင်။

ဧည့်ခန်းထဲ၌ မီးတောင်မဖွင့်ထားဘဲ မှောင်နေတာမို့ မီးအရင်ဖွင့်လိုက်ရသည်။

တောင်. . .

ဧည့်ခန်းရှိ စားပွဲပေါ်၌ laptop နဲ့ စာရွက်တွေ ပြန့်ကြဲနေသလို၊ ဖုန်းကိုလည်း ဖွင့်ရက်သား တွေ့လိုက်ရသော်ငြား ထိုလူ့ကိုတော့ မတွေ့ရ။ တစ်အိမ်လုံး အပ်ကျသံတောင် မကြားရတဲ့အထိ တိတ်ဆိတ်နေသည်။

ရေး ထိုခုံနား လာကြည့်လိုက်မိသည်။ ကြည့်ရတာ ထိုလူ သူ့ဆေးခန်းအတွက် အခန်းနေရာ ရှာနေပုံရတာကို တွေ့လိုက်ရသည်။ ဖုန်းထဲ၌ message က တောက်လျှောက်ဝင်နေတာကြောင့် ဖုန်းထားခဲ့ပြီး ဒီလူ အပြင်ထွက်သွားတာလားပဲ။

ရေး အခုထိ တတောင်တောင်ဝင်နေဆဲ ထို message ကို ဖတ်ကြည့်လိုက်မိသည်။

"အစ်ကို့ကို အကူအညီပေးချင်တာ ဒီညီလေးရဲ့ စေတနာဆိုတာ သိတယ်မလား"

"ဒါပေမဲ့လည်း အစ်ကို့ကောင်လေးက ရေးခေတ္တရာမှန်း မသိလို့ လက်ခံလိုက်မိတာဗျ"

"အစ်ကို ကျွန်တော် မသေချင်သေးဘူးလို့"

"ကျိုးပဲ့သွားလည်း အစ်ကိုက ပြန်ကုပေးမှာပါဆိုပေမယ့် အဲ့လိုကို မကျိုးပဲ့ချင်တာဗျ"

"အာ့မို့ ကျွန်တော် အစ်ကိုနဲ့ ဟန်ဆောင်မတွဲတော့ဘူးနော်"

"ဟီး၊ အစ်ကို တခြားအကူအညီ ထပ်တောင်းရင် တကယ် ကူညီပေးမယ်လေနော်။ အကြံပေးတာပါ၊ ရေးခေတ္တရာကို ရန်စချင်ရင် ကျွန်တော့်ထက် သတ္တိရှိတဲ့ကောင်လေးသာ ထပ်ရှာလိုက်နော်။ ကျွန်တော်တော့ အစ်ကိုရေးကို အရင်ကထဲက လန့်နေတာဗျ"

ရေး ထိုစာတွေကြောင့် အံ့ဩသွားခဲ့ရသည်။

သူ တစ်ပတ်ရိုက်ခံလိုက်ရတာကို သိသွားပေမယ့်လည်း စိတ်ဆိုးရမယ့်အစား တကယ် ပျော်သွားမိသလိုပင်။ ဖြစ်နိုင်ရင် ဒီလူ့ကို ဘယ်သူ့အပိုင်မှ မဖြစ်စေချင်ခဲ့တာ။

ရေး အဝတ်လဲဖို့ အိပ်ခန်းထဲ အရင် ဝင်လာခဲ့လိုက်ရသည်။ သူ အလွန်စိတ်ပျော်သွားပြီမို့ အဝတ်လဲပြီးရင် ကိုကို့အတွက် ညစာ ကောင်းကောင်းချက်ကျွေးဖို့ ဆုံးဖြတ်ချက်နဲ့ ဝင်လာခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား ကိုကိုက ကုတင်ပေါ်မှာ အိပ်ပျော်နေတာကို တွေ့လိုက်ရတာကြောင့်-

"ခင်ဗျား အစောကြီး အိပ်နေတာလား"

ရေး ထိုလူ့ကို လှုပ်နှိုးဖို့ လက်မောင်းကို ထိကိုင်လိုက်စဉ် ပူကျစ်နေသော အထိအတွေ့ကြောင့် စောင်ကို အမြန်ဖယ်လိုက်ရသည်။

"ကိုကို ကိုကို. . .ကိုကို"

မနက်က ထားခဲ့တုန်းကတောင် အကောင်းကြီးကို အခုတော့ အဖျားတက်နေသော ထိုလူ့ကြောင့် အောက်က ဆေးခန်းကလည်း ပိတ်ထားဆဲမို့ တခြားဆရာဝန် သွားခေါ်ပေးရမလို။

သို့ပေမယ့် ရိုးရိုးအဖျားပဲ ဖြစ်လောက်မှာမို့ ရေပတ်တိုက်ပေးထားရင်း ကိုကို ပြန်နိုးလာတာသာ စောင့်ဖို့ လုပ်ရတော့သည်။

ကိုကို့နဖူးနဲ့ မျက်နှာတစ်ဝိုက်ကို ရေပတ်တိုက်ပေးရသည်။ ထို့နောက် မနက်က ထိထားတာကို ဆေးလည်း ထည့်ပုံမရတဲ့ လက်ကောက်ဝတ်တွေကို သေချာတိုက်ပေးရသည်။ ထို့အပြင် အပေါ်ပိုင်းအကုန်တိုက်ပေးနိုင်ဖို့အတွက် အင်္ကျီကို ဆွဲချွတ်ဖို့ ဘေးအရင်စောင်းလိုက်ရသည်။

"ကိုကို အိပ်ပျော်နေတာလား၊ သတိလစ်နေတာလား"

ရေး ကိုကို့အား ခပ်ဖြည်းဖြည်း လှုပ်နှိုးကြည့်နေရရင်း ဆွဲချွတ်နေရတာမို့ ရိုင်းလ်စေတန် သူ ခေါင်းအရမ်းကိုက်လာလို့ ခဏလာလှဲအိပ်နေမိတုန်း အိပ်မက်မက်နေတာလားပင်။ ခေတ္တရာ၏ အသံတွေက သူ့နားထဲ၌ နီးလာလိုက်၊ ဝေးသွားလိုက်နဲ့။

ရေး ထိုလူ့ခန္ဓာကိုယ်ကို သေချာဘေးစောင်းနေအောင် ထိန်းထားပြီးမှ အကုန်ချွတ်လို့ရပြီမို့ ကျောကိုပဲ အရင်တိုက်ပေးဖို့ အဝတ်ကို ပြန်မ,လိုက်စဉ် ကျောပေါ်က အရာကြောင့် ထိုအဝတ်စကို ပြန်လွှတ်ချလိုက်မိသည်။

သူ ထိုအရာကို သေသေချာချာကို ပွတ်သပ်ကြည့်နေမိသည်။

ထို့နောက် မျက်ရည်တွေ အဆက်မပြတ် ကျလာမိခဲ့သည်။

ထောင်ထဲမှာ အဝတ်မပါသည့် ကိုကို့ကျောပြင်ကို အကြိမ်ကြိမ် မြင်ဖူးခဲ့ပေမယ့် အခုလို ကျောပြင်ကျယ်ပေါ်၌ လိပ်ပြာ tattoo ရှိနေတာကို သူ အခုမှ မြင်ဖူးရခြင်းပင်။

ကျောပြင်တစ်ခုလုံးနီးပါးကို နေရာယူထားသော လိပ်ပြာတောင်ပံနှစ်ဖက်၏ အောက်နားလေးတွေ၌ သူ့နာမည်ကို မြန်မာလိုတစ်ဖက်၊ အင်္ဂလိပ်လိုတစ်ဖက် ထွင်းထားသော tattoo ကြောင့် ရေးခေတ္တရာ ဘာမှဆက်လုပ်မပေးနိုင်တော့ဘဲ ထိုကျောပြင်ကိုသာ မျက်ရည်တွေတွေကျပြီး စိုက်ကြည့်နေခဲ့မိတာ ကိုကို့မျက်လုံးတွေ ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့တဲ့အထိပင်။

___________________________________________

[Zawgyi]

Dream catcher မ်ား ခ်ိတ္ဆြဲထားရာ တိုက္ခန္းက်ယ္ႀကီးထဲတြင္ ေရးေခတၱရာ သူ႕ကုတင္ေပၚ၌ အႀကီးအက်ယ္ ေသာင္းက်န္းေနခဲ့သည္။

ေခါင္းအုံးေတြကို တဝုန္းဝုန္း ထုရိုက္ေနရင္း၊ ေစာင္ကို ရိုင္းလ္အမွတ္ျဖင့္ ပါးစပ္နဲ႕ကိုက္ဆြဲေနရင္း သူ အခုထိ အလြန္အမင္း ေဒါသထြက္ေနဆဲပင္။ ထိုကားေနာက္ပိုင္းထက္ ကားပိုင္ရွင္၏ ေနာက္ပိုင္းကိုပဲ ဝင္ႀကဳံးခဲ့လိုက္ခ်င္တဲ့အထိ ေပါက္ကြဲေနေလသည္။

နာရီဝက္နီးပါး ေသာင္းက်န္းၿပီးသကာလ ေစာင္ကို ကိုက္ရတာလည္း သြားေတြပင္ နာလာၿပီမို႔ ေရခ်ိဳးအဝတ္အစားလဲၿပီးသာ ေစာေစာအိပ္ဖို႔ ျပင္လိုက္ေတာ့သည္။

ထိုစဥ္-

"ဒီအခ်ိန္ႀကီး ဘယ္သူတုန္း"

နာရီကိုၾကည့္လိုက္ေတာ့ ဆယ္နာရီပင္ ထိုးေတာ့မွာကို တံခါးေခါက္သံေၾကာင့္ အိပ္ရာထဲက ျပန္ထြက္လာရၿပီး လာဖြင့္ေပးလိုက္ရစဥ္ သူ႕မ်က္ႏွာေရွ႕ စာ႐ြက္တစ္႐ြက္ ထိုးျပလာတဲ့ ရိုင္းလ္ေစတန္ကို ျမင္လိုက္ရတာေၾကာင့္ ေသခ်ာဖတ္ၾကည့္လိုက္ရသည္။

"ေလ်ာ္ေၾကး လာေတာင္းတာ၊ ငါ့ကားကို ရစရာမရွိ ဝင္ႀကဳံးသြားၿပီးေတာ့ ထြက္ေျပးသြားတယ္ေပါ့"

"ေဩာ္. .ေလ်ာ္ေၾကးလား? မေပးနိုင္ဘူး၊ ေပးစရာလည္း မရွိဘူး၊ ဒိုး"

ေရး တံခါးကို အျမန္ျပန္ပိတ္ဖို႔ ျပင္လိုက္စဥ္ ရိုင္းလ္တစ္ေယာက္ ထိုတံခါးအား ေျခထိုးခံလိုက္ရၿပီး တိုက္ခန္းထဲသို႔ အိမ္ပိုင္ရွင္အား တြန္းတိုက္ၿပီး ဝင္လာပစ္ခဲ့ေတာ့သည္။

ေရး ထိုလူရမ္း‌ကားေၾကာင့္ ခုနၿငိမ္သြားသည့္ ေဒါသေတြ ျပန္ထြက္လာရၿပီ။

"ငါ့အိမ္ထဲကို ထပ္ဝင္ျပန္ၿပီ၊ ဒီတစ္ခါ ငါ မင္းကို ပိုင္နက္က်ဴးလြန္မႈနဲ႕ တကယ္တရားစြဲေတာ့မွာ"

"လုပ္ေလ၊ ဒါဆို ငါလည္း မင္းကို ငါ့ကားကို ရည္႐ြယ္ခ်က္ရွိရွိ ဝင္တိုက္သြားမႈနဲ႕ တရားျပန္ဆြဲမွာ၊ သက္ေသအျဖစ္ CCTV မွတ္တမ္းေတာင္ ယူလာခဲ့ေသးတယ္"

သူ႕ေရခဲေသတၱာထဲက အေအးေတြကို ခပ္တည္တည္ ယူေသာက္ေနျပန္ေသာ ဘဲႀကီးေၾကာင့္ ထမင္းစားပြဲေပၚက ေဘာင္ခ်ာကိုသာ ေရး ေဒါသတႀကီး ဆြဲယူလိုက္ရရင္း ကားဝပ္ေရွာ့က ေပးလိုက္ေသာ က်သင့္ေငြကို ေသခ်ာျပန္ၾကည့္လိုက္ရသည္။

သူ ေတာ္ေတာ္ဖ်က္ဆီးခဲ့လိုက္မိတာမို႔ ရွင္းရမည့္ေငြ amount ကလည္း မနည္းမေနာပင္။ ေဒါသမထိန္းနိုင္ခဲ့တဲ့ ေရးတစ္ေယာက္ စားစရာမရွိ ေလ်ာ္စရာရွိ အေျခအေနတစ္ခုကို ဖန္တီးခဲ့ၿပီးၿပီပဲမို႔ သူ႕အမွားအတြက္-

"ဟုတ္ၿပီ၊ မနက္က်ရင္ လႊဲလိုက္မယ္၊ ရၿပီမလား၊ ျပန္ေတာ့။ ဟ. .ငါ့ေရခဲ‌ေသတၱာထဲက အသီးေတြကို ျပန္ခ်ထား"

ရိုင္းလ္ေစတန္ ေရခဲေသတၱာထဲက ေတြ႕သမွ် အသီးေတြကို ထုတ္ယူလိုက္ၿပီး ထမင္းစားပြဲခုံ၌ အက်အန ဝင္ထိုင္လိုက္ရင္း-

"အေႂကြးက ဒါပဲမဟုတ္ေသးဘူး"

"ငါ မင္းဆီက ဘာယူထားေသးလို႔လဲ"

ရိုင္းလ္ေစတန္ သူ႕ကုတ္အကၤ်ီထဲမွ စာ႐ြက္တစ္႐ြက္ကို ထပ္ခ်ေပးလိုက္တာေၾကာင့္ ထိုစာ႐ြက္ေပၚက မနည္းမေနာ ပိုက္ဆံေတြေၾကာင့္ ေရး ထိုင္ခုံေပၚပင္ ဘုတ္ခနဲ ျပဳတ္က်သြားရသည္။

"ဒါေတြကေရာ ဘာအတြက္လဲ"

"ေထာင္ထဲမွာ မင္းအတြက္ အခန္းဝယ္ေပးခဲ့ရတဲ့ ပိုက္ဆံေတြ၊ ေထာင္မႉးကို ေပးခဲ့ရတဲ့ မူးယစ္ေဆးဖိုးေတြ၊ ငါတို႔ခ်စ္သူျဖစ္တုန္းက မင္းအတြက္ ကုန္က်ခဲ့ရသမွ်ေတြေလ။ အဲ့ဒါေတြပါ အကုန္ျပန္ေပး။ အစကေတာ့ ငါ ဒီအတိုင္း ေက်ာ္သြားေပးဦးမလို႔ပါပဲ၊ အခုေတာ့ မင္းေၾကာင့္ ငါ အေမြျဖတ္ခံရၿပီ၊ သုံးစရာလည္း မရွိေတာ့ဘူး၊ အခု စီးစရာကားပါ မရွိေတာ့ဘူး"

"လခြမ္း! လမ္းခြဲၿပီးရင္ အဲ့လိုျပန္ေတာင္းတာ ဘယ္နိုင္ငံမွာရွိလို႔လဲ"

"ငါကေတာ့ ေတာင္းမွာ၊ မင္းေၾကာင့္ သုံးႏွစ္နီးပါး ေထာင္ထဲေနလိုက္ရတာကို မင္းကက် ဗလိုင္းႀကီးေတာင္ လမ္းခြဲသြားေသးတယ္ေလ။ အဲ့ေငြေတြက ငါ မင္းကို ေထာင္ထဲမွာ တစ္ခါ စိတ္တိုလာတိုင္း အတိုးပါ တစ္ခါ ထိုင္ထည့္ေပါင္းထားလို႔ အဲ့ေလာက္မ်ားသြားတာ။ ျပန္မေပးနိုင္ရင္လည္း ရတယ္၊ ငါ မင္းအိမ္ေပၚပဲ တက္ေနလိုက္မယ္"

"ခ်ီးပဲ"

ေရး ထိုစာ႐ြက္နဲ႕သာ ရိုင္းလ္အား ေပါက္လိုက္မိေတာ့သည္။

"႐ူးေနလား၊ ငါ အဲ့ေလာက္ထိ ေပးစရာလည္း တကယ္ မရွိဘူး။ မင္းအေႂကြးက အိမ္ႏွစ္လုံးစာေလာက္ ရွိတယ္ကြ"

ရိုင္းလ္ေစတန္ သူ႕လက္ထဲမွ ပန္းသစ္‌ေတာ္သီးကို တစ္ကိုက္ ထပ္ကိုက္လိုက္ရင္း-

"ေပးစရာမရွိရင္ ဒီအိမ္ေရာင္းၿပီးျဖစ္ျဖစ္၊ ဘားကို ေရာင္းၿပီးျဖစ္ျဖစ္ ေပးလည္း ရတယ္ေနာ္။ မိဘဆီကေတာ့ မေတာင္းနဲ႕ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ အ‌ေႂကြးမရမခ်င္း ငါကေတာ့ ဒီအိမ္မွာပဲ တက္‌ေနမွာ"

"လဲေသလိုက္၊ မေက်နပ္ရင္ လူကိုသာ သိမ္းသြားလိုက္ေတာ့၊ တစ္ျပားမွ မေပးနိုင္ဘူး"

"အာ. .တကယ္ သိမ္းလိုက္ရမွာလား"

"သေဘာေျပာတာကြ"

ေရး ေဒါသအထြက္လြန္ၿပီး စကားေတြေတာင္ မွားကုန္ရၿပီ။

ရိုင္းလ္တစ္ေယာက္ သူ မွာထားတဲ့သူေတြ ေရာက္လာၿပီမို႔ ထရပ္လိုက္ၿပီး တံခါးသြားဖြင့္ေပးလိုက္စဥ္ အိမ္ေျပာင္းေ႐ႊ႕ေရး ဝန္ေဆာင္မႈေပးတဲ့ ဝန္ထမ္းေကာင္ေလးေတြ ရိုင္းလ္၏ ပစၥည္းေတြကို အိမ္ထဲသြင္းလာၾကတာေၾကာင့္ ေရး တကယ္ ေျပာစရာမရွိေတာ့။

"အစ္ကို ကြၽန္ေတာ္တို႔ ဒီနား ခ်ခဲ့ရင္ ရၿပီလား"

"ရပါၿပီ၊ ေက်းဇူး"

ထိုေကာင္ေလးေတြ ျပန္ထြက္သြားခ်ိန္၌ ေရး ထိုလူ႕တင္ပါးကို တကယ္ လာပိတ္ကန္လိုက္မိ‌ေတာ့သည္။

"ေအး ေအး. . .ငါ့ကို ဒဏ္ရာရေအာင္ ထပ္လုပ္ရင္ ေဆးကုသစရိတ္ေတြပါ ထပ္ထည့္တြက္မွာေနာ္"

"မင္းဦး‌ေႏွာက္က တကယ္ အခန္းလြတ္ေနတာလား။ ေနစရာမရွိရင္ မင္းရဲ႕ရည္းစားအသစ္ဆီမွာ သြားေနေလ"

ေရး ထိုလူ႕ကို မကန္ေတာ့ဘဲ ထိုလူ႕ပစၥည္းဘူးေတြကိုသာ ကန္ထုတ္ေနမိေတာ့သည္။

သူ တကယ္ မတရား အနိုင္က်င့္ခံေနရသလို ခံစားေနရသည္။ ထိုလူက သူ႕ကို ျပန္လိုက္ဖို႔ ေနေနသာသာ အခုလို အေႂကြးေတာင္ ျပန္ေတာင္းခံေနရတာက အလြန္စိတ္တိုစရာေကာင္းေနၿပီ။

ရိုင္းလ္ေစတန္ သူ႕ပစၥည္းေတြကို ေရး ထပ္မကန္ေတာ့ေအာင္ အျမန္ေနရာခ်ဖိဳ႕အတြက္ ပစၥည္းေတြကို အိပ္ခန္းထဲထိ ဆြဲသြင္းသြားေတာ့သည္။

"ဘာလို႔ လူႀကီးပစၥည္းေတြကို လိုက္ကန္ေနတာလဲ။ မင္း အဲ့ပိုက္ဆံေတြ အကုန္ျပန္ဆပ္ခဲ့ရင္ ငါ အိမ္အသစ္တစ္လုံး ဝယ္နိုင္ၿပီေလ၊ အဲ့က်ရင္ ျပန္ဆင္းေပးမွာေလ ေအာ္"

"မင္းရဲ႕ ဟိုေကာင္ဆီ သြားေနေလ"

"ေနခ်င္ေပမယ့္ သူက မိဘေတြနဲ႕ ေနတာမို႔ပါကြာ။ ကဲပါ၊ မင္းမွာ ကန္ဖို႔ အဲ့ေလာက္ အားေတြရွိေနတယ္ဆိုေတာ့ ဧည့္ခန္းထဲက ငါ့ပစၥည္းေတြကို ကူမ ေပးပါလား"

ေရး ထိုလူ႕ကို တစ္ခုခုလုပ္မိရင္ ေလ်ာ္ေၾကးထပ္ေပးရမလား မသိ‌တာမို႔ စိတ္တိုစြာပင္ သူသာ တိုက္ခန္းထဲက ထြက္သြားေတာ့သည္။

ထိုမွ်ေလာက္ထိ ေဒါသႀကီးနိုင္ေသာ ႏွင္းျဖဴလုံးေလး၏ နီရဲေနေသာ မ်က္ႏွာကို ျမင္ေနရတိုင္း ရိုင္းလ္ မရယ္မိေအာင္ ေအာင့္ထားခဲ့ရသည္။

ေနာက္ဆုံးေတာ့ ရိုင္းလ္တစ္ေယာက္ သူ႕ေကာင္ေလး အိမ္ေပၚသို႔ ခပ္တည္တည္ တက္ေနပစ္ဖို႔ ႀကိဳးစားမႈ ေအာင္ျမင္သြားခဲ့ၿပီ။

ေရးေခတၱရာ အေလာတႀကီး အိမ္ေအာက္ေျပးဆင္းလာမိတာမို႔ သူ႕မွာ ဘာမွမပါလာမွန္း ေအာက္ေရာက္မွ သတိထားမိေတာ့သည္။ ကားေသာ့၊ ဖုန္း၊ ပိုက္ဆံအိတ္ ဘာမွမပါလာတာမို႔ ျပန္တက္ယူရင္လည္း က်က္သတုံးေကာင္နဲ႕ ရန္ထပ္ျဖစ္ရဦးမွာအတြက္ အေႂကြးယူေသာက္ရလည္း မတတ္နိုင္ေတာ့တာမို႔ သူ႕အိမ္ေအာက္က ေကာ္ဖီဆိုင္ထဲသို႔သာ ဝင္သြားရေတာ့သည္။

သူ႕ေကာင္ေလး ေကာ္ဖီဆိုင္ထဲ ဝင္သြားတာ ျမင္လိုက္ရတာမို႔ စိတ္ခ်သြားၿပီး ရိုင္းလ္ေစတန္ သူ႕ပစၥည္းေတြကို ေနရာ ျပန္ခ်ေနေလသည္။

အိပ္ခန္းက တစ္ခန္းပဲ ရွိၿပီး ကုတင္ကလည္း ႏွစ္ေယာက္အိပ္ကုတင္ေတာ့ မဟုတ္။ ထို႔အတြက္ ရိုင္းလ္ သူ ဆိုဖာမွာေတာ့ အိပ္ရမည္ကို သိလိုက္ရသည္။

အိပ္ခန္းထဲ၌ အဝတ္ေတြ ေနရာခ်ၿပီးခ်ိန္၌ ေရခ်ိဳးခန္းထဲဝင္လာခဲ့ရသည္။ ထို႔ေနာက္ သူ႕တစ္ကိုယ္ရည္သုံး ပစၥည္းေတြကို ေခတၱရာ၏ ပစၥည္းေတြ ေဘးမွာ ေနရာခ်လိဳက္ရခ်ိန္၌ သူတို႔ႏွစ္ေယာက္ ေထာင္ထဲမွာတုန္းကလို အတူရွိလိုက္ရသည့္ ခံစားခ်က္မ်ိဳး ျပန္ရလိုက္သလိုပင္။

သူ အရင္ေန႕က ဒီအိမ္ထဲ ဝင္လာကတည္းက ေခတၱရာ၏ အိမ္ထဲ၌ လာဗင္ဒါနဲ႕ ပတ္သက္တာေတြ ဘာမွမရွိတာကို သတိထားလိုက္မိသည္။ ထိုေကာင္ေလး သူ႕အေပၚ ဘယ္ေလာက္ထိ ျပတ္သားနိုင္ခဲ့တာလဲ သူ မသိေတာ့။

ရိုင္းလ္ေစတန္ ေရခ်ိဳးခန္း မွန္ထဲမွတဆင့္ သူ႕ေက်ာေနာက္က အရာကို ၾကည့္လိုက္မိၿပီး ထိုေက်ာေနရာကို လုံၿခဳံေအာင္ေတာ့ အခုခ်ိန္၌ ဂ႐ုစိုက္ရမည္မို႔ bathrobe ႀကိဳးကို ေသခ်ာခ်ည္ထားလိုက္ရသည္။

ေရးေခတၱရာ ညတြင္းခ်င္း အိမ္ေအာက္မွာပါ အေႂကြးတင္ခဲ့ရတဲ့ဘဝပါပင္။ ေကာ္ဖီဆိုင္ထဲ၌ အတန္ၾကာ ေနၿပီးေနာက္ သူတို႔လည္း ဆိုင္ပိတ္ေတာ့မွာမို႔ ဆယ့္တစ္ေက်ာ္ေက်ာ္ေလာက္၌ အိမ္ေပၚ ျပန္တက္လာခဲ့ရသည္။

အိမ္ထဲဝင္ဝင္ခ်င္းတင္ သူ ဖယ္ရွားခဲ့ရသည့္ လာဗင္ဒါနံ႕ေတြ သူ႕ႏွာေခါင္းထဲသို႔ ျပန္တိုးဝင္လာခဲ့သည္။ ထိုအနံ႕ေတြရတိုင္း သူ ကိုကို႔ကို ပိုသတိရရလာတာေၾကာင့္ အကုန္ဖယ္ပစ္ခဲ့တာကို အခုေတာ့ ထိုလူ သူ႕ဆီ ျပန္ေရာက္လာခဲ့ျပန္ၿပီ။

ရိုင္းလ္ ဆိုဖာေပၚ၌ စာထိုင္ဖတ္ေနစဥ္ ထိုေကာင္ေလး အိပ္ခန္းထဲ ျပန္ဝင္လာၿပီမို႔ မသိခ်င္ေယာင္ေဆာင္ေနလိုက္ရကာ စာထဲသာ အာ႐ုံစိုက္ထားလိုက္ရသည္။

သူ ဒီတစ္နာရီနီးပါးလုံး ေရး ေကာ္ဖီဆိုင္ထဲ၌ ရွိမရွိ ေစာင့္ၾကည့္ေနခဲ့ၿပီး ဆိုင္ထဲက ျပန္ထြက္လာမွ စာအုပ္ လာေကာက္ဖတ္ေနခဲ့တာပင္။

"ငါ အဲ့ပိုက္ဆံေတြ တကယ္ျပန္ေပးရမွာလား"

သူ႕ေရွ႕လာရပ္ေသာ ေကာင္ေလးကို ရိုင္းလ္ တစ္ခ်က္ ေမာ့ၾကည့္လိုက္ၿပီး စာျပန္ဖတ္ေနလိုက္ရင္း-

"အဆင္မေျပရင္လည္း နည္းနည္းခ်င္းစီ ခြဲဆပ္ေလ။ ဒါမွမဟုတ္ရင္ ငါ့ကို ဒီအိမ္မွာ ေပးေနေလ၊ စိတ္မပူပါနဲ႕၊ အိမ္ငွားခေတာ့ ေပးမွာပါ"

"မင္း ရည္းစားနဲ႕ ျပတ္သြားတိုင္း အခုလို ျပန္ျပန္ေတာင္းေနတာေတာ့ မဟုတ္ဘူးမလား"

"ငါ မင္းအေပၚမွာပဲ အခုလို ျပန္ေတာင္းတာ၊ ငါ မင္းအေပၚမွာပဲ တစ္ခါမွ မလုပ္ခဲ့ဖူးတဲ့ ဂ႐ုစိုက္မႈေတြ အခ်စ္ေတြ ေပးခဲ့တာ၊ မင္း ငါ့ကို ဒီႏွစ္ေတြအတြင္း တစ္ခ်က္ေတာင္ လာမၾကည့္ခဲ့တာကိုေတာ့ စိတ္မေကာင္းမိဆုံးပဲ။ ငါ မင္းကို ဒီသုံးႏွစ္လုံး ဘယ္ေလာက္ေတြ႕ခ်င္ခဲ့ၿပီး ဘယ္ေလာက္ သတိရေနခဲ့ရလဲ သိလား။ မင္းကို ႐ူးေလာက္ေအာင္ ေတြ႕ခ်င္ေနေပမယ့္လည္း မင္းမွ လာမၾကည့္ရင္ ငါ့ဖက္က ဘာမွလုပ္လို႔မရခဲ့တဲ့ အဲ့ဘဝက ဘယ္ေလာက္႐ူးခ်င္စရာေကာင္းလဲ သိလား"

". . . ."

"ထားပါ၊ ငါတို႔ႏွစ္ေယာက္က ၿပီးသြားၿပီပဲေလ။ ဒါေပမဲ့ မင္းေၾကာင့္ ငါ အခုလို မြဲေတေနရခ်ိန္မွာေတာ့ နည္းနည္းေလာက္ ျပန္ၾကည့္ေပးသင့္တာေပါ့။ အခုဆို ေထာင္ထြက္မို႔ အလုပ္ေတာင္ မနည္း ျပန္ရွာရဦးမယ့္ဘဝပါဆို အဲ့ဒါကို ဘာလုပ္တယ္? ငါ့ကားကိုေတာင္ ခပ္တည္တည္ ဝင္ႀကဳံးသြားေသးတယ္"

ေရး သူ ဘာလို႔ အဲ့ကားကို ႀကဳံးမိလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ ထုရိုက္ခ်င္သြားတဲ့အထိ။

"ငါ့ကုတင္ေပၚေတာ့ တက္အိပ္မယ္ ႀကံလို႔ကေတာ့. . ."

"ဒီဆိုဖာမွာပဲ အိပ္မွာ၊ အဆင္ေျပရင္ ေခါင္းအုံးေလး ကမ္းလိုက္ပါဦး"

‌သူ႕ဆီ ေခါင္းအုံးကို အားနဲ႕ပစ္ေပါက္ထုတ္လိုက္တာမို႔ ရိုင္းလ္ ေခါင္းအုံးကြယ္ၿပီး ႀကိတ္ၿပဳံးလိုက္မိသည္။

"မင္း အဲ့ေလာက္ ေဒါသႀကီးေနတာ ေသြးေတြလည္း တိုးကုန္ဦးမယ္၊ မအိပ္ခင္ ေသြးေပါင္ခ်ိန္ေပးခဲ့ရဦးမလား"

"ငါ မင္းကို. . ."

ေရး ထိုလူေၾကာင့္ တကယ္ ေသြးတက္ေသေတာ့မွာမို႔ ဘာမွေတာင္ ျပန္မေျပာနိုင္ေတာ့ဘဲ ေစာင္ေအာက္ထဲသာ ေလွ်ာဝင္သြားေတာ့သည္။

ရိုင္းလ္ေစတန္ ထိုေကာင္ေလးနား အနီးကပ္ ေနခ်င္လြန္းလို႔သာ အၿမဲဒုကၡခံေနရတာက အခုလည္း သူ႕အရပ္က အလြန္ရွည္တာမို႔ ဆိုဖာေပၚ၌ ေကြးအိပ္ေနရသည္။ သူ ေထာင္ထဲ၌ သက္ေတာင့္သက္သာ ေနခဲ့ရတယ္ဆိုေသာ္ျငား စိတ္‌ပင္ပန္းခဲ့ရတာေတြကေဝာာ့ သြက္သြက္ခါ မ႐ူးသြားေအာင္ ထိန္းခဲ့ရတဲ့ အေျခအေနပင္။ သို႔ေသာ္လည္း အခုလို အိပ္ရတာ ပင္ပန္းေပမယ့္ ေခတၱရာ၏ အနီးနားမွာမို႔ အရင္ညေတြလို မဟုတ္ဘဲ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားခဲ့သည္။

ေရးကေတာ့ ဝါက်င့္က်င့္ မီးေရာင္ေဖ်ာ့ေဖ်ာ့ ေအာက္‌၌ အခုခ်ိန္ထိ အိပ္မေပ်ာ္နိုင္ေသး။ ခုန ေကာ္ဖီေတြ အမ်ားႀကီး ေသာက္လိုက္မိလို႔လား၊ ကိုကို သူ႕နား ျပန္ေရာက္လာလို႔လားပါပဲ။

ကိုကို အိပ္ေပ်ာ္ေနတာကို ကုတင္ေပၚကေန လွမ္းျမင္ေနရတာေၾကာင့္ သူ မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနခဲ့မိသည္။ သုံးဆယ္ေက်ာ္သြားၿပီျဖစ္တဲ့ ကိုကိုက သူတို႔ႏွစ္ေယာက္ စေတြ႕ကာစအ႐ြယ္ 27 ႏွစ္သားအ႐ြယ္နဲ႕ သိပ္မကြာသလိုဟု ထင္ရေသာ္ျငား ေထာင္ထဲ၌ ရခဲ့သည့္ ပင္ပန္းမႈေတြကေတာ့ ကိုကို႔မ်က္ႏွာကို ေသခ်ာသတိထားၾကည့္ရင္ ျမင္ေနရဆဲပင္။

ေရး သူ႕ဘီဒိုထဲက ေစာင္အပိုကို ထုတ္ယူလိုက္ရၿပီး ရိုင္းလ္ေပၚ လာလႊမ္းေပးလိုက္ရသည္။ ထို႔ေနာက္ ဆိုဖာေဘး၌ အခ်ိန္အတန္ၾကာ ကိုကို႔မ်က္ႏွာကို ထိုင္ေငးၾကည့္ေနခဲ့မိသည္။

"တကယ္လို႔မ်ား ကြၽန္ေတာ္သာ အဲ့အခ်ိန္က သတၱိရွိခဲ့မယ္ဆိုရင္ ၊ ဘယ္‌ေလာက္ပင္ပန္း ပင္ပန္း ခင္ဗ်ားလက္ကို ဆြဲထားမိမယ္ဆိုရင္"

အဲ့လိုလုပ္မိရင္ သူတို႔ႏွစ္ေယာက္ ခ်စ္ခရီးလမ္းက ဘယ္လိုျဖစ္သြားမွာလဲ မသိေပမယ့္ ရိုင္းလ္အေပၚ သူလုပ္ခဲ့သလိုမ်ိဳး ေထာင္ထဲကေန ဘာမွထြက္မလုပ္နိုင္ခ်ိန္မွာ သူသာ အဲ့လို လမ္းခြဲခံခဲ့ရရင္ ႐ူးမတတ္ျဖစ္သြားမွာ။ ေရး ထိုအခ်ိန္က သူ တစ္ကိုယ္ေကာင္းဆန္ခဲ့မိတာကို တကယ္ ေနာင္တရေနခဲ့ရပါသည္။

ထို႔အတြက္ ဒီလူ႕ကို ျပန္လိုက္ရမလားပင္ ေတြေဝလာတဲ့အထိ။ ထို႔ေၾကာင့္ ေရး ဆုံးျဖတ္လိုက္ၿပီ၊ သူ ထိုအေႂကြးေတြ ဘယ္ေတာ့မွ ျပန္မဆပ္ေတာ့ဟု။

"ခင္ဗ်ားဖက္က အမ္းစရာမရွိရင္ ဟိုေကာင္ေလးက ခင္ဗ်ားကို ၾကာၾကာတြဲခ်င္မွာ မဟုတ္ေလာက္ဘူး၊ ဟက္. . ."

ေရးတစ္ေယာက္ ေပ်ာ္႐ႊင္စြာျဖင့္ ကုတင္ေပၚ ျပန္တက္အိပ္သြားေတာ့သည္။

သူ႕ကိုယ္သူ ေက်နပ္သြားပုံရေသာ ေခတၱရာ၏ စကားသံခပ္တိုးတိုးေတြေၾကာင့္ ရိုင္းလ္ ထိုေကာင္ေလးကို ဖ်တ္ခနဲ ဖက္မနမ္းမိေအာင္ ေစာင္ကိုသာ တင္းတင္းဆုပ္ထားလိုက္ရတာပင္။

ထိုေကာင္ေလး သူ႕နား သတၱိရွိရွိ ျပန္တိုးလာဖို႔တစ္ခုသာ လိုတာပါ။ အခုအေျခအေနမွာ သူတို႔ႏွစ္ေယာက္က ဆယ္လွမ္းအကြာအ‌ေဝးမွာ ရပ္ေနၾကတယ္ဆိုရင္ ေခတၱရာဖက္က တစ္လွမ္းပဲ ျပန္တိုးလာခဲ့ပါ၊ က်န္တဲ့ကိုးလွမ္း ထပ္တိုးဖို႔က သူ႕၏ တာဝန္ပါပင္။ အျပစ္အနာအဆာေတြမ်ားေနတဲ့ သူ႕ဘဝထဲကို အတင္းျပန္ဆြဲသြင္းရမွာကို သူ တကယ္ အားနာမိေပမယ့္ သူ ထိုေကာင္ေလးကို လက္မလႊတ္နိုင္ျဖစ္ေနဆဲပါပင္။

-------------------------

ေရး မီးဖိုေခ်ာင္ထဲက အသံေတြေၾကာင့္ လန႔္နိုးလာခဲ့သည္။

မနက္ေျခာက္နာရီေတာင္ မရွိေသးတာကို ဂလုံဂလြမ္ အသံေတြအျပင္ ေညွာ္နံ႕ေတြေၾကာင့္ သူ႕မီးဖိုေခ်ာင္ မီးေလာင္ေနတာလား အေတြးေၾကာင့္ ေရး အျမန္ထလာခဲ့ရသည္။

"မင္း ငါ့အိမ္ကို မီးရွို႔ေနတာလား"

မီးဖိုေခ်ာင္တစ္ခုလုံး သူခိုးဝင္ေမႊသြားသည့္အလား။

ရိုင္းလ္ခမ်ာ သူ႕ေကာင္ေလးအတြက္ မနက္စာ ျပင္ေပးခ်င္လို႔ အေစာႀကီး ထလုပ္ေနမိေသာ္ျငား သူဆိုသည္မွာ မီးဖိုေခ်ာင္ ေသခ်ာမဝင္ဖူးခဲ့တာမို႔ လက္မွာလည္း ဆီးပူေလာင္တာေတြမ်ားစြာ။ သူတို႔ ပထမဆုံးအႀကိမ္အတူေနခဲ့ဖူးတဲ့ တစ္မနက္ခင္းကလို ထိုေကာင္ေလးအတြက္ မနက္စာ ထလုပ္ေပးခ်င္ေပမယ့္ အဲ့တုန္းကေတာ့ ဆန္ျပဳတ္မို႔ အိုေခေပမယ့္ အခုေတာ့ တိုင္ပတ္ေနခဲ့သည္။

"ဖယ္ေတာ့၊ ငါပဲ ဆက္လုပ္ေတာ့မယ္၊ လက္ကို ေဆးသြားထည့္လိုက္ဦး"

ရိုင္းလ္ေစတန္ အူျမဴးသြားခဲ့သည္။ အခု ဒီေကာင္ေလးက သူ႕ကို စိတ္ပူသြားတာမလား။

ဒီလိုစိတ္ပူခံရတာနဲ႕တင္ သူ အလြန္ေက်နပ္ေနၿပီမို႔ လက္အပူေလာင္တာေလာက္က ဘာအေရးလဲ။ ဒီဒဏ္ရာေတြကို ေနာက္ေန႕ေတြထိပါ အမွတ္တရ သိမ္းထားဦးမွာ။

-----------------------

ရိုင္းလ္၏အေဖ သူ႕သားအား သူ႕အရိပ္ေအာက္က မထြက္သြားနိုင္ေအာင္ သူ႕သား၏ ေနာက္လိုက္ေတြ၊ အိမ္ေတြ၊ ကဒ္ေတြ အကုန္ျပန္သိမ္းပစ္ခဲ့သည္။ သူ႕သား ကိုယ္ပိုင္ေငြေတြက ေထာင္ထဲမွာ မနည္းမေနာ ကုန္ခဲ့တာကို သိတာမို႔ သူ႕သားလို အသုံးအျဖဳန္းႀကီးသူက ေငြေတြအကုန္သိမ္းခံရရင္ သူ႕နား ျပန္ကပ္လာမည္ ထင္ခဲ့ေပမယ့္ အခုေတာ့ ေရးေခတၱရာအိမ္ေပၚကိုပင္ တက္သြားျပန္တာေၾကာင့္ သူ တကယ္ စိတ္ကုန္ေနရၿပီ။

သူတို႔ႏွစ္ေယာက္ကို တကယ္ပဲ ခြဲမရေတာ့ဘူးလား။ သူ႕ေသြးတိုးေရာဂါနဲ႕ ဒီသားတစ္ေယာက္နဲ႕ေတာ့. . .

ထိုလူ ေရးေခတၱရာကိုပဲ စိတ္တိုရမလို၊ သူ႕သားကိုပဲ ေပါက္ကြဲရမလိုပင္။

------------------------

ေရး သူ႕ဘားကို ခဏဝင္စစ္ေဆးၿပီးတာနဲ႕ အရင္လို ဘားမွာ အခ်ိန္မျဖဳန္းျဖစ္ဘဲ အိမ္ကိုသာ တန္းေမာင္းလာေတာ့သည္။

ဒီညလည္း သူ႕တိုက္ေအာက္က ေဆးခန္းက ပိတ္ထားဆဲ။

ေရး အိမ္ထဲဝင္လာတိုင္း အရင္လို လာဗင္ဒါနံ႕ေတြ ရေနတာကို သေဘာက်တာထက္ လာဗင္ဒါ ဘဲႀကီး အိမ္မွာရွိေနတာကို ပိုသေဘာက်မိေနသလိုပင္။

ဧည့္ခန္းထဲ၌ မီးေတာင္မဖြင့္ထားဘဲ ေမွာင္ေနတာမို႔ မီးအရင္ဖြင့္လိုက္ရသည္။

ေတာင္. . .

ဧည့္ခန္းရွိ စားပြဲေပၚ၌ laptop နဲ႕ စာ႐ြက္ေတြ ျပန႔္ႀကဲေနသလို၊ ဖုန္းကိုလည္း ဖြင့္ရက္သား ေတြ႕လိုက္ရေသာ္ျငား ထိုလူ႕ကိုေတာ့ မေတြ႕ရ။ တစ္အိမ္လုံး အပ္က်သံေတာင္ မၾကားရတဲ့အထိ တိတ္ဆိတ္ေနသည္။

ေရး ထိုခုံနား လာၾကည့္လိုက္မိသည္။ ၾကည့္ရတာ ထိုလူ သူ႕ေဆးခန္းအတြက္ အခန္းေနရာ ရွာေနပုံရတာကို ေတြ႕လိုက္ရသည္။ ဖုန္းထဲ၌ message က ေတာက္ေလွ်ာက္ဝင္ေနတာေၾကာင့္ ဖုန္းထားခဲ့ၿပီး ဒီလူ အျပင္ထြက္သြားတာလားပဲ။

ေရး အခုထိ တေတာင္ေတာင္ဝင္ေနဆဲ ထို message ကို ဖတ္ၾကည့္လိုက္မိသည္။

"အစ္ကို႔ကို အကူအညီေပးခ်င္တာ ဒီညီေလးရဲ႕ ေစတနာဆိုတာ သိတယ္မလား"

"ဒါေပမဲ့လည္း အစ္ကို႔ေကာင္ေလးက ေရးေခတၱရာမွန္း မသိလို႔ လက္ခံလိုက္မိတာဗ်"

"အစ္ကို ကြၽန္ေတာ္ မေသခ်င္ေသးဘူးလို႔"

"က်ိဳးပဲ့သြားလည္း အစ္ကိုက ျပန္ကုေပးမွာပါဆိုေပမယ့္ အဲ့လိုကို မက်ိဳးပဲ့ခ်င္တာဗ်"

"အာ့မို႔ ကြၽန္ေတာ္ အစ္ကိုနဲ႕ ဟန္ေဆာင္မတြဲေတာ့ဘူးေနာ္"

"ဟီး၊ အစ္ကို တျခားအကူအညီ ထပ္ေတာင္းရင္ တကယ္ ကူညီေပးမယ္ေလေနာ္။ အႀကံေပးတာပါ၊ ေရးေခတၱရာကို ရန္စခ်င္ရင္ ကြၽန္ေတာ့္ထက္ သတၱိရွိတဲ့ေကာင္ေလးသာ ထပ္ရွာလိုက္ေနာ္။ ကြၽန္ေတာ္ေတာ့ အစ္ကိုေရးကို အရင္ကထဲက လန႔္ေနတာဗ်"

ေရး ထိုစာေတြေၾကာင့္ အံ့ဩသြားခဲ့ရသည္။

သူ တစ္ပတ္ရိုက္ခံလိုက္ရတာကို သိသြားေပမယ့္လည္း စိတ္ဆိုးရမယ့္အစား တကယ္ ေပ်ာ္သြားမိသလိုပင္။ ျဖစ္နိုင္ရင္ ဒီလူ႕ကို ဘယ္သူ႕အပိုင္မွ မျဖစ္ေစခ်င္ခဲ့တာ။

ေရး အဝတ္လဲဖို႔ အိပ္ခန္းထဲ အရင္ ဝင္လာခဲ့လိုက္ရသည္။ သူ အလြန္စိတ္ေပ်ာ္သြားၿပီမို႔ အဝတ္လဲၿပီးရင္ ကိုကို႔အတြက္ ညစာ ေကာင္းေကာင္းခ်က္ေကြၽးဖို႔ ဆုံးျဖတ္ခ်က္နဲ႕ ဝင္လာခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ျငား ကိုကိုက ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတာကို ေတြ႕လိုက္ရတာေၾကာင့္-

"ခင္ဗ်ား အေစာႀကီး အိပ္ေနတာလား"

ေရး ထိုလူ႕ကို လႈပ္ႏွိုးဖို႔ လက္ေမာင္းကို ထိကိုင္လိုက္စဥ္ ပူက်စ္ေနေသာ အထိအေတြ႕ေၾကာင့္ ေစာင္ကို အျမန္ဖယ္လိုက္ရသည္။

"ကိုကို ကိုကို. . .ကိုကို"

မနက္က ထားခဲ့တုန္းကေတာင္ အေကာင္းႀကီးကို အခုေတာ့ အဖ်ားတက္ေနေသာ ထိုလူ႕ေၾကာင့္ ေအာက္က ေဆးခန္းကလည္း ပိတ္ထားဆဲမို႔ တျခားဆရာဝန္ သြားေခၚေပးရမလို။

သို႔ေပမယ့္ ရိုးရိုးအဖ်ားပဲ ျဖစ္ေလာက္မွာမို႔ ေရပတ္တိုက္ေပးထားရင္း ကိုကို ျပန္နိုးလာတာသာ ေစာင့္ဖို႔ လုပ္ရေတာ့သည္။

ကိုကို႔နဖူးနဲ႕ မ်က္ႏွာတစ္ဝိုက္ကို ေရပတ္တိုက္ေပးရသည္။ ထို႔ေနာက္ မနက္က ထိထားတာကို ေဆးလည္း ထည့္ပုံမရတဲ့ လက္ေကာက္ဝတ္ေတြကို ေသခ်ာတိုက္ေပးရသည္။ ထို႔အျပင္ အေပၚပိုင္းအကုန္တိုက္ေပးနိုင္ဖို႔အတြက္ အကၤ်ီကို ဆြဲခြၽတ္ဖို႔ ေဘးအရင္ေစာင္းလိုက္ရသည္။

"ကိုကို အိပ္ေပ်ာ္ေနတာလား၊ သတိလစ္ေနတာလား"

ေရး ကိုကို႔အား ခပ္ျဖည္းျဖည္း လႈပ္ႏွိုးၾကည့္ေနရရင္း ဆြဲခြၽတ္ေနရတာမို႔ ရိုင္းလ္ေစတန္ သူ ေခါင္းအရမ္းကိုက္လာလို႔ ခဏလာလွဲအိပ္ေနမိတုန္း အိပ္မက္မက္ေနတာလားပင္။ ေခတၱရာ၏ အသံေတြက သူ႕နားထဲ၌ နီးလာလိုက္၊ ေဝးသြားလိုက္နဲ႕။

ေရး ထိုလူ႕ခႏၶာကိုယ္ကို ေသခ်ာေဘးေစာင္းေနေအာင္ ထိန္းထားၿပီးမွ အကုန္ခြၽတ္လို႔ရၿပီမို႔ ေက်ာကိုပဲ အရင္တိုက္ေပးဖို႔ အဝတ္ကို ျပန္မ,လိုက္စဥ္ ေက်ာေပၚက အရာေၾကာင့္ ထိုအဝတ္စကို ျပန္လႊတ္ခ်လိဳက္မိသည္။

သူ ထိုအရာကို ေသေသခ်ာခ်ာကို ပြတ္သပ္ၾကည့္ေနမိသည္။

ထို႔ေနာက္ မ်က္ရည္ေတြ အဆက္မျပတ္ က်လာမိခဲ့သည္။

ေထာင္ထဲမွာ အဝတ္မပါသည့္ ကိုကို႔ေက်ာျပင္ကို အႀကိမ္ႀကိမ္ ျမင္ဖူးခဲ့ေပမယ့္ အခုလို ေက်ာျပင္က်ယ္ေပၚ၌ လိပ္ျပာ tattoo ရွိေနတာကို သူ အခုမွ ျမင္ဖူးရျခင္းပင္။

ေက်ာျပင္တစ္ခုလုံးနီးပါးကို ေနရာယူထားေသာ လိပ္ျပာေတာင္ပံႏွစ္ဖက္၏ ေအာက္နားေလးေတြ၌ သူ႕နာမည္ကို ျမန္မာလိုတစ္ဖက္၊ အဂၤလိပ္လိုတစ္ဖက္ ထြင္းထားေသာ tattoo ေၾကာင့္ ေရးေခတၱရာ ဘာမွဆက္လုပ္မေပးနိုင္ေတာ့ဘဲ ထိုေက်ာျပင္ကိုသာ မ်က္ရည္ေတြေတြက်ၿပီး စိုက္ၾကည့္ေနခဲ့မိတာ ကိုကို႔မ်က္လုံးေတြ ျဖည္းျဖည္းခ်င္း ျပန္ပြင့္လာခဲ့တဲ့အထိပင္။

___________________________________________

Продолжить чтение

Вам также понравится

3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
138K 5.7K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
277K 27.8K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
151K 16.1K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...