Snowless Winter Dream [Comple...

By Ennia_Yawn

77.2K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 28

1.5K 85 5
By Ennia_Yawn

"ထကြတော့၊ ထကြတော့"

ထောင်စောင့်တွေ၏ အခန်းပြင်ဖက်၌ ကျယ်လောင်စွာ အော်ဟစ်လိုက်နှိုးနေသံက ထောင်အတွင်းရှိ မနက်နှိုးစက်အလားပင်။ သတ်မှတ်ချိန်ရောက်မှသာ ထောင်ခန်းတံခါးတွေကို တစ်ညလုံး သော့ပိတ်ထားခဲ့တာအား ပြန်လိုက်ဖွင့်ပေးနေပြီမို့ ငှက်ဆိုးထိုးသံနှင့်တူသည့် ထောင်စောင့်တွေ၏ အသံကို အရင်ကြားလိုက်ရတဲ့ ရိုင်းလ်စေတန် သူ့ဘေး၌ တစ်ကိုယ်လုံး ဗလာကျင်းနေသည့် ကောင်လေး၏ ခန္ဓာကိုယ်ပေါ်သို့ စောင်အရင်ကောက်ယူလွှမ်းပေးလိုက်ရသည်။

"ဟင်း. . ."

ရေး အလွန်ပင်ပန်းနေရသလို ခံစားနေရဆဲမို့ အရင်ရက်တွေလို ဝုန်းခနဲ တန်းမထနိုင်သေးပေ။

"မထနဲ့ဦး၊ ထပ်အိပ်လိုက်။ ကိုယ်ပဲ လူ ထွက်ပြလိုက်မယ်"

မနက်ပိုင်းဆို လူအရင်စစ်တတ်ကြတာမို့ ထောင်သားအားလုံး အပြင်ထွက် တန်းစီရင်း လူလုံးထွက်ပြရသည်။ လူစစ်ခံပြီးမှသာ မနက်စာ ထွက်စားကြရပြီး အလုပ်လုပ်ရမည့်နေရာတွေဆီ သွားကြရတာဖြစ်သည်။

ရေး ခေါင်းညိတ်ပြလိုက်ပြီး စောင်အောက်ထဲ ပြန်လျှောဝင်သွားတော့သည်။

ညတုန်းကတော့ ညမီးသီး အလင်းဖျော့ဖျော့ကြားမှာသာ အချစ်စမ်းဖြစ်ခဲ့ကြတာမို့ ခေတ္တရာ၏ လည်ပင်းတစ်ဝိုက်၌ သူ ကိုက်ဖောက်ထားခဲ့သည့် အကွက်များစွာက အခုမနက်အလင်းနဲ့မှ မြင်မကောင်းအောင် အလွန်များနေမှန်း ရိုင်းလ် သတိထားလိုက်မိသည်။ သူတို့၏ ထောင်ဝတ်စုံက ကော်လာပါတဲ့ ဝတ်စုံတွေမို့သာ တော်ပါသေးရဲ့။

"နောက်တစ်ယောက်ရော"

"နေမကောင်းလို့ မထနိုင်သေးတာ၊ နှစ်ယောက်လုံး ထွက်မပြေးဘူး၊ စိတ်မပူနဲ့"

မျက်လုံးပွင့်ကတည်းက စကားပြောတာကအစ တစ်စက်မှ အချိုးမပြေသော ရိုင်းလ်စေတန်ကို ထောင်စောင့်တွေ နဘန်ပိတ်ကျင်းလိုက်ချင်ပေမယ့် ထောင်မှူးအမိန့်ကြောင့် အချိုးမပြေ လာလုပ်နေတာကိုလည်း ဒီအတိုင်းသာ ကျော်သွားပေးလိုက်ရတော့၏။

ရိုင်းလ် အခန်းထဲ ပြန်ဝင်လာချိန်၌ ခေတ္တရာက အဝတ်အစားပင် ပြန်ဝတ်ပြီးနေပြီး ထရပ်နေပြီ။

ရိုင်းလ် အခန်းတံခါး ပိတ်လိုက်တာနဲ့တပြိုင်နက် ခေတ္တရာ သူ့ရင်ခွင်ထဲ ပြေးဝင်လာပြီး သူ့လည်တိုင်ကို တမွမွနဲ့ လာနမ်းနေတာကို ခံလိုက်ရပြန်တာကြောင့် ရိုင်းလ် ဒီတစ်ညအတွင်း သေချာသိလိုက်ရတဲ့အရာက ခေတ္တရာက အလွန်အနမ်းသန်တာကိုပင်။ ထိုကောင်လေးက သူ့အား တစ်ညလုံးကို ပေးမအိပ်ဘဲ အဆက်မပြတ် ထိုင်နမ်းနေခဲ့သည်။

ထို့အတွက် တစ်ညလုံးနီးပါး သူ ထိုကောင်‌လေး၏ နူးညံ့သော အနမ်းတွေနဲ့ ခေတ္တရာ၏ အထိအတွေ့တွေကြား ဘယ်နှစ်ကြိမ် ပြီးမြောက်ခဲ့ရမှန်းပင် မမှတ်မိတော့။ သူလည်း ခါးမကောင်းသေးသလို ရေးလည်း အဖျားငွေ့ငွေ့ရှိနေသေးတာမို့ သူတို့နှစ်ယောက် အဆုံးထိ ဘာမှမဖြစ်ခဲ့ကြသော်ငြား ခေတ္တရာက သာမန်အချိန်မှာသာမကဘဲ အိပ်ရာပေါ်၌ပါ အလွန့်အလွန် ကြမ်းတမ်းပါ၏။

"ကိုကို ဒီနေ့ နားလိုက်တော့၊ ဒီနေ့ အလုပ်ကြမ်းတွေကို ကျွန်တော်ပဲ သွားလုပ်ပေးမယ်"

"နိုး"

ရေး ထိုလူ့ကို ဆွဲမြှောက်လိုက်ပြီး ကလေးလေးတွေကို လုပ်သလိုမျိုး ဝှေ့ရမ်းလိုက်ချင်ပေမယ့် ရိုင်းလ်ကို သူ မချီနိုင်သလို ကြွအောင်တောင် မ,မနိုင်‌တာမို့ ကိုကို့ပါးတွေကိုသာ ကိုက်ဆွဲလိုက်မိတော့သည်။

"အဲ့လို သေချာမနားရင် ကိုကို့ခါးက ဘယ်တော့မှ ပြန်ကောင်းမှာလဲ။ ခါးမကောင်းတော့ရင် ကိုကို့ကို ကျွန်တော့်အောက်ကိုပဲ တကယ်ပို့လိုက်တော့မှာ။ ကျွန်တော် ကိုကိုနဲ့ ညတိုင်း ဖက်ချည်းပဲတော့ မအိပ်နိုင်ဘူးနော်"

ရိုင်းလ် ‌ထိုကောင်လေးကို ညကတည်းက တကယ် လက်မြှောက်ထားလိုက်ရပြီမို့ သူတို့နှစ်ယောက် တော်တော်နဲ့ ရေချိုးခန်း မရောက်နိုင်ကြတဲ့အထိ အခန်းထဲ၌ နှစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေကြဆဲပင်။

"ခေါင်းမမာနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း သေချာပြန်ဂရုစိုက်ပါဦး။ ကျွန်တော် နေမကောင်းရင် ကိုကို ကုပေးလို့ ရပေမယ့် ကိုကို တစ်ခုခုဖြစ်နေရင်‌ကျတော့ ကျွန်တော် ဘာမှ သေချာပြန်မလုပ်ပေးနိုင်ဘူးလေ။ ကျွန်တော့်ကို စိတ်ပူအောင် မလုပ်ပါနဲ့"

ရေး ထိုလူ ခါးသိပ်မလှုပ်ရှားနိုင်‌သေးတာကို မနေ့ညကမှ သေချာသိခဲ့ရသည်။

ထို့အတွက် ကိုကို့ကို သေချာနားခိုင်းမှ ဖြစ်တော့မှာမို့ ရေးတစ်ယောက် ရိုင်းလ်အား မနက်ခင်း အနမ်းတွေနဲ့ မွေ့ရာပေါ်၌ အချိန်အတန်ကြာ နှစ်သိမ့်ခဲ့ပြီးနောက် ရိုင်းလ်ဆီက အလုပ်ကြမ်းသွားလုပ်ခွင့် ပါမစ်ရလာခဲ့ပြီ။

.
.
.

သူတို့နှစ်ယောက်၏ ထောင်တွင်းအချစ်ဇာတ်လမ်းက ထင်ထားတာထက်တောင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ခဲ့ရသည်။ ရေး၏ အပျော်ရွှင်ရဆုံးအချိန်ကို ပြပါဆိုရင် ဒီထောင်ထဲမှာ ကိုကိုနဲ့ ရှိနေခဲ့ရတဲ့ ဒီတစ်လကိုသာ ဘယ်အချိန်မေးမေး လက်ညှိုးထိုးပြမိမှာပင်။

သူ ထိုမျှလောက်ထိကို ပျော်ရွှင်နေခဲ့ရပါ၏။

ရိုင်းလ်စေတန် ထောင်မှူးစကားကြောင့် နောက်ကျောကို အသာမှီချလိုက်မိသည်။

"တကယ်ပဲ နှစ်ယောက်လုံးအတွက် နည်းမရှိဘူးလား"

"ဒါ ငါ မင်းအတွက် သီးသန့်လုပ်ပေးထားတယ်ဆိုတာ ယုံ။ ဒီလွတ်ငြိမ်းခွင့်မှာ ဘယ်သူတွေ ပြန်လွတ်မယ်ဆိုတာ အထက်က စာရင်းအတိအကျ ထွက်ပြီးသွားပြီ။ ဒါပေမဲ့ မင်း ငါ့အတွက် လုပ်ပေးခဲ့တာက မနည်းမနောမို့ မင်းကို အဲ့စာရင်းထဲ ရအောင်ထည့်ပေးဖို့တောင် ငါ အတော်ကြိုးစားရမှာ။ မင်း ပိုက်ဆံတွေ ပုံပေးလည်း နှစ်ယောက်တော့ လုံးဝမရဘူး"

လေးလပိုင်း သင်္ကြန်ပွဲတော်အတွင်း တစ်နိုင်ငံလုံးက ထောင်သားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အစီအစဉ်ထဲအား ရိုင်းလ်ကို လာဘ်ထိုးပြီး ပါအောင်လုပ်ကြည့်ဖို့ ထောင်မှူးက အကြံပေးလာတာပင်။ သို့သော်ငြား ဒီလွတ်ငြိမ်းခွင့်က ထောင်ကျနေသည့် နှစ်အတော်များနေတဲ့သူတွေကိုသာ ဦးစားပေးမှာမို့ ရိုင်းလ်တို့လို ထောင်ကျတာ တစ်လတောင် မပြည့်သေးတဲ့သူအတွက်တော့ ဒါမျိုးကို မျှော်လင့်လို့ မရသေး။

"မင်းတို့ကို တရားစွဲထားတဲ့ တစ်ဖက်မိသားစုဖက်ကိုလည်း ကြည့်ပေးရဦးမှာပဲလေ။ သူတို့ဖက်က လူသေထားတာကို မင်းတို့က တစ်လအတွင်း ပြန်လွတ်လာတယ်ဆို ဥပဒေက ရယ်စရာ ဖြစ်နေတော့မှာ။ အထက်ကို မင်း လိုက်မယ်ဆိုရင်တောင် ဒီကဒ်တွေလောက်နဲ့ မရဘူးဆိုတာပါ သတိပေးလိုက်မယ်။ ကျန်တာ မင်းသဘောပဲ။ သေချာတာက နှစ်ယောက်တော့ လုံးဝ မရဘူး။ ငါလည်း မင်းတို့နှစ်ယောက်ကို မခွဲချင်ပါဘူး"

ရိုင်းလ် ခေါင်းညိတ်ပြလိုက်ပြီး အခန်းပြင် ထွက်လာခဲ့တော့သည်။

ထောင်တွင်း၌ သူတို့နှစ်ယောက်အကြောင်းကို မသိတဲ့သူ မရှိသလောက်ဖြစ်နေသလို မုဒိမ်းကောင် အုပ်စုကလွဲရင် သူတို့နှစ်ယောက်ကို လှောင်ပြောင်ကဲ့ရဲ့တာမျိုးတော့ မရှိခဲ့။ ရှိလည်း သူတို့နှစ်ယောက်လုံး ဂရုမစိုက်နိုင်လောက်အောင် အလွန်ကြည်နူးနေရပါ၏။

ရိုင်းလ် ထိုကောင်လေးရှိရာ အုပ်စုလိုက် ဘောလုံးကန်နေကြရာ ကစားကွင်းဖက်ထဲသို့ လျှောက်လာခဲ့ပြီး ထောင်ထဲက သူငယ်ချင်းတွေနဲ့ ခေတ္တရာ ရယ်မောပျော်ရွှင်နေတာကို အဝေးကနေ ငေးကြည့်နေမိသည်။

ရိုင်းလ် အတန်ကြာ တွေဝေနေပြီးနောက် သူ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ထို့အတွက် ရိုင်းလ် အန်ကယ့်ကို ထောင်ထဲက ဖုန်းနဲ့သာ ဆက်သွယ်လိုက်ရပြီး အကျိုးအကြောင်းပြောပြလိုက်ရသည်။

"အင်း အင်း၊ အန်ကယ် နားလည်ပြီ။ စိတ်မပူနဲ့၊ အန်ကယ် ရေးအတွက်ဆို ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး၊ ပုဂံက အိမ်တစ်ခုလုံး ရောင်းလိုက်ရရင်တောင် ရအောင် လိုက်မှာမို့ အခုလို သတင်းပေးလို့ သားကို ကျေးဇူးပါပဲ"

"ကျွန်တော် ခေတ္တရာကို အန်တီနဲ့ နေစေချင်လို့ ထည့်ပေးလိုက်တယ်ဆိုတာ အန်ကယ် နားလည်တယ်မလား၊ သေချာပေါက် ကျွန်တော် ပြန်ထွက်မလာရမချင်း သူ့ကို အန်တီနဲ့ပဲ နေရအောင် လုပ်ပေးမယ်လို့ ယုံကြည်ပါရစေ"

ဦးရဲဝဏ္ဏ ကတိအထပ်ထပ် ပေးနေမိသည်။ ဆွေတော်မျိုးတော်တွေကို ခေတ္တရာအကြောင်း သူ အကုန်ဖွင့်ပြောပြီးသားမို့ သူ့သား၏ ကျိန်စာလည်း ပြယ်သွားတာကြောင့် သူတို့နားလည်နေကြပြီ။

"အန်ကယ် မင်းကို ထပ်ထုတ်ဖို့ပါ နည်းလမ်းရှာပါ့မယ်၊ ဒီကျေးဇူးကို အန်ကယ် မမေ့ပါဘူး"

ဦးရဲဝဏ္ဏ အခုချိန် တစ်ယောက်ပဲ လွတ်နိုင်သည့် အခွင့်အရေးကို အမိအရ ယူလိုက်မိတာအတွက် သားသမီးချင်းကိုယ်ချင်းမစာမိမှန်း သိသော်ငြား  သူ အခုချိန် ဒါတွေ လိုက်မတွေးနိုင်တော့။ သူ့သားကို သူတို့ရင်ခွင်ထဲ ပြန်ခေါ်ထားချင်နေတာ ရူးမတတ်ဖြစ်နေကြတာမို့ပါပင်။

------------------------------

လွတ်ငြိမ်းခွင့် စာရင်းထဲ သူ့နာမည်ပါလာတာကို တွေ့လိုက်ရချိန်၌ ရေး ကိုကို့နာမည်ကိုပါ အစအဆုံး သုံးလေးခေါက် ပြန်ရှာကြည့်နေမိသည်။

ထို့နောက် သူတို့အခန်းရှိရာသို့ ရေး ပြေးတက်လာခဲ့စဉ် အခန်းထဲ၌ ကိုကိုက သူ့အထုပ်တွေကို သိမ်းဆည်းပေးနေတာကို တွေ့လိုက်ရတာကြောင့် သူ ထိုအထုပ်ကို မွေ့ရာပေါ် အကုန်ပြန်သွန်ချလိုက်ရသည်။

"မသွားဘူး၊ ကိုကိုက ကျွန်တော့်ကြောင့် ဒီထဲ လိုက်လာခဲ့တာကို၊ ကျွန်တော် ကိုကိုပါ မလွတ်မချင်း ဒီထဲက မထွက်ဘူး။ ကျွန်တော့်နေရာမှာ တခြားတစ်ယောက်ကို အစားထိုးဖို့ ထောင်မှူးကို ‌သွားပြောလိုက်မယ်"

"ရေးခေတ္တရာ မင်း မဟုတ်တာကို ခေါင်းမမာစမ်းနဲ့"

ရိုင်းလ် ထိုကောင်လေးလက်ကို ဆွဲထားလိုက်ပြီး တားထားလိုက်ရတာမို့ ရေး ထိုလူ့လက်ကို ဆွဲဖယ်လိုက်ရသည်။

"ကိုကိုရော ကျွန်တော်မပါရင် အခုလို ထွက်သွားနိုင်လို့လား၊ ထွက်သွားနိုင်တယ်ဆိုရင် ကျွန်တော့်အစား ခင်ဗျားပဲ ထွက်သွားလိုက်"

ရိုင်းလ်ပါ ထိုကောင်လေးနဲ့အတူ လိုက်ငိုမိမတတ်ပါပင်။ သူ ခေတ္တရာကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်မိပြီး နောက်တစ်ကြိမ် အခုလို ဖက်ခွင့်ရဖို့က ဘယ်လောက်ကြာဦးမှာလဲ မသိနိုင်တာမို့ ထိုကောင်လေး ရုန်းကန်နေသော်ငြား သူ မြဲမြံစွာ သိုင်းဖက်ထားခဲ့ရသည်။

"ကိုယ် ဖတ်ဖူးတဲ့ စာတစ်ခုရှိတယ်။ လူဆိုတာ တစ်နေ့တစ်ရက်တည်း အသက်ရှင်ရမယ့် ရောင်စုံလိပ်ပြာမဟုတ်ဘူး၊ လိပ်ပြာလေးတွေဆိုရင် သူတို့ရှင်သန်နေထိုင်ရမယ့် တစ်နေ့တာမှာ သူတို့ပိုင်ဆိုင်တဲ့ အသိဉာဏ်လေးနဲ့ သူတို့လုပ်ချင်တာကို လုပ်သွားကြမှာပဲတဲ့။ 

မင်းက ကိုယ့်ရဲ့လိပ်ပြာလေးမှန်ပေမယ့် တကယ့်လိပ်ပြာအစစ်တွေလို နေချင်သလိုနေလို့မရဘူးလေကွာ။ မင်းကို မျှော်နေတဲ့ အမေရှိသေးတယ်၊ အန်တီ မင်းကို နှစ်ပေါင်းများစွာ ဘယ်လောက်ထိ မျှော်နေခဲ့လဲဆိုတာ မင်း တွေးကြည့်လို့ မရနိုင်လောက်တဲ့ အတိုင်းအတာတစ်ခုထိနီးပါးပဲ။ ကိုယ် မင်းနဲ့ နေ့ရက်တိုင်းကို တူတူဖြတ်သန်းချင်ပေမယ့် အဲ့ဒါ ထောင်ထဲမှာတော့ မဟုတ်ဘူး။ မင်း လူသတ်ခဲ့တာ မှားခဲ့တယ်ဆိုပေမယ့်လည်း ဒါ အဲ့ကောင် အရင် စမှားခဲ့တာ။ ကိုယ် မင်းကို ဒီနေရာကနေ အမြန်လွတ်မြောက်စေချင်ပြီ ခေတ္တရာ"

"ကျွန်တော်လည်း မားဆီ ပြန်ချင်ပေမယ့် ခင်ဗျားကို ထားခဲ့ပြီး ဘယ်လိုစိတ်နဲ့. . .ကျွန်တော် ဘယ်လိုစိတ်နဲ့. . ."

နှစ်ယောက်သား ဘာစကားမှ ဆက်မပြောနိုင်အောင်ထိ ဆို့နင့်ကြေကွဲနေကြရပါသည်။

သူကပါ အခုလို လုပ်နေရင် ပိုဆိုးသွားမှာမို့ ရိုင်းလ်စေတန် သူ့စိတ်ကို အမြန်ထိန်းချုပ်လိုက်ရတော့ပြီး ထိုကောင်လေးကို ခွာလိုက်ရတော့ကာ ခေတ္တရာပါးပေါ်က မျက်ရည်တွေကို ခပ်ဖွဖွ ဖိသုတ်ပေးလိုက်ရသည်။

"စိတ်မပူနဲ့နော်၊ ကိုယ့်ကို ဒယ်ဒီက ပစ်ထားမှာ မဟုတ်ဘူး။ ကိုယ်တို့‌ ဝေးရမှာ အများဆုံးမှ သုံးနှစ်လောက်ပဲ ဖြစ်မလားမသိနိုင်တာမို့ အဲ့သုံးနှစ်လုံး အန်တီတို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေရင်း ကိုယ် ပြန်လာမှာကိုစောင့်နေ။ ဘယ်လိုစိတ်နဲ့ ထွက်သွားရမလဲ မသိရင် ဒီအတိုင်းလေးပဲ အခုထွက်သွားပြီး ကိုယ် ပြန်ထွက်လာတဲ့အချိန်ကျရင် ကိုယ် အခုချစ်ခဲ့တာထက် နှစ်ဆပိုချစ်ပေးရင် ကျေနပ်ပြီ"

". . . ."

"တိတ်တော့၊ မင်း ကိုယ့်ကို နာမည်မသိ ရုပ်မမြင်ဖူးဘဲနဲ့တောင် နှစ်နှစ်လုံး စောင့်နေခဲ့သေးတာပဲလေ၊ အခုက သေချာပေါက် ကိုယ် မင်းဆီ ပြန်လာမှာမို့ ပုဂံမှာပဲ စောင့်နေ။ မင်း လွတ်တော့မယ် ကြားတုန်းက သျှိုင်းစက်မာန် မိဘတွေ အရမ်းစိတ်တိုနေတယ် ပြောတယ်။ အဲ့တော့ ရန်ကုန်မှာ မနေဘဲ ပုဂံမှာပဲ အန်ကယ့်စောင့်ရှောက်မှုအောက်မှာ အန်တီနဲ့ပဲ တူတူသွားနေနော်"

ဘာ‌ပြောပြော မထွက်နိုင်ဖြစ်နေသည့် ကောင်လေးကို ရိုင်းလ် ထောင်စောင့်တွေလက်ထဲ ထည့်ပေးလိုက်ရတော့သည်။

မုဒိမ်းကောင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါသွားပြီ။ ထိုလူကတော့ ထောင်ဒဏ်ငါးနှစ်နီးပါး ရှိနေပြီမို့ မသိသာသော်လည်း ရေး၏ ထောင်သက်က သုံးလတောင် မရှိသေးတာမို့ အကုန်အာရုံစိုက်မိနေကြသည့် အမှုဖြစ်နေခဲ့သည်။ နောက်တစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ထဲတော့ သေချာပေါက် ပါစေရမည်ဟု အန်ကယ်ရော ထောင်မှူးပါ ရိုင်းလ်အား ကတိပေးလာခဲ့ကြသည်။

ထောင်ဝင်းအပြင်ဖက်၌ ဦးရဲဝဏ္ဏနဲ့ ဒေါ်ခတ္တာလင်းတို့ သူတို့သားလေးကို လာစောင့်နေကြပြီး ထောင်ဝင်းကို အကြိမ်ပေါင်းများစွာ လည်ပြန်လှည့်ကြည့်နေသည့် သားလေးကြောင့် စိတ်မကောင်းတာတော့ အမှန်ပင်။

ရေး တကယ် လွတ်လပ်သွားရပါ၏။ သို့သော်လည်း လူကသာ အပြင်ရောက်လာခဲ့ရပေမယ့် သူ့စိတ်နဲ့ သူ့နှလုံးသားကတော့ ထောင်ထဲမှာပဲ ကျန်ခဲ့ရပါပြီ။

----------------------

ရေး၏ ပုဂံမှာနေထိုင်ရသည့် ရက်များက မိဘတွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရတာမို့ အရာရာ အသစ်အဆန်း ဖြစ်နေရသည်။

မားနဲ့ တူတူနေချင်သည့် ဆုတောင်းတွေက ပြည့်ခဲ့ရပြီး ပါး သူ့ကို အရိပ်တကြည့်ကြည့်ရှိနေတာကိုလည်း သူ အလွန်ကြည်နူးနေရ၏။

ရန်ကုန်က အိမ်ကိုတော့ ဒီအတိုင်းသာ ပိတ်ထားခဲ့လိုက်ရပြီး Victory ဘားကိုတော့ ဝန်ထမ်းတွေနဲ့သာ ဆက်ဖွင့်ထားခဲ့သည်။ ပါးက သူ့အား ရန်ကုန်ပြန်မလွှတ်သလို မားကလည်း သူ့အား အစစအရာရာ လိုလေသေးမရှိ ပျော်အောင်လုပ်ပေးနေခဲ့သည်။

.
.

ရိုင်ယန် သူ့ဒယ်ဒီနောက်က ပြေးလိုက်ခဲ့ရသည်။

ထိုလူကြီး ရေးခေတ္တရာတို့၏ အိမ်ထဲသို့ ဒေါသတကြီး ဝင်လာခဲ့ပြီး ဧည့်ခန်းထဲ၌ အေးအေးချမ်းချမ်း ထိုင်နေနိုင်သည့် ရေးကို တွေ့လိုက်ရချိန်၌ ထိုကောင့်ကို ကော်လာကနေ ဆွဲမလိုက်ပြီး ပိတ်ထိုးလိုက်မိသည်။

"ဒယ်ဒီ တော်ပါတော့ဗျာ"

ရိုင်ယန်ခမျာ သူ့ဒယ်ဒီအား ဘာမှပြန်မတုံ့ပြန်သော ရေးဖက်ကနေ ရပ်ပေးနေရသော်ငြား ဒယ်ဒီက ရိုင်ယန့်ကိုပါ ‌ဒေါသတကြီး ပိတ်ထိုးလာခဲ့စဉ် ဦးရဲဝဏ္ဏ ရောက်လာခဲ့သည်။

"ငါ့အိမ်ထဲထိဝင်ပြီးတော့ ငါ့သားကို ကိုယ်ထိလက်ရောက် စော်ကားရဲတယ်လား"

"ဟက်. . .ကိုယ့်သားကမှ အဖိုးတန်တာလား၊ ကိုယ့်သားသမီးက အဖိုးတန်မှန်းသိရင် သူများ သားသမီးကိုလည်း တန်ဖိုးထားတတ်ရတယ်ကွ။  ကျုပ်က ကျုပ်သားကို နှစ်ဆယ့်ရှစ်နှစ်လုံး တန်ဖိုးထားပြီး စောင့်ရှောက်လာတာ၊ ခင်ဗျားလို ကိုယ့်သားကို သတ်ပစ်ဖို့ဆိုတာ ဝေးလာဝေး"

ရန်ပွဲက လူကြီးနှစ်ယောက်ဆီ ရောက်သွားပြီမို့ ရိုင်ယန် ရေးအား ဆွဲထူလိုက်ရသည်။

"တစ်ခါတည်း ရှင်းအောင် ပြောထားမယ်၊ ကျုပ်သားကို လွတ်အောင်လုပ်ပေးလို့ရရဲ့သားနဲ့ သားသမီးချင်း မစာနာတဲ့ ခင်ဗျားကို တကယ် ရွံလို့"

"အဲ့လိုပြောနေတဲ့ ခင်ဗျားကရော ကျုပ်သားကို ထောင်ထဲပို့ခဲ့တာပဲမလား၊ ကိုယ့်ဖက်က အမှားတစ်ခုမှ မရှိတဲ့ စောက်ချိုးမျိုး ကျုပ်အိမ်ထဲ လာချိုးမနေနဲ့"

"ထောင်ထဲပို့တယ်? အဲ့တော့ ကျုပ်က လီဆယ်ပြီး ပို့ခဲ့တာမို့လား။ ခင်ဗျားသား လူသတ်လို့ ကိုယ့်အကုသိုလ်နဲ့ကိုယ် ကျခဲ့တာပဲလေ။ ဖူးစာဖက်ကို သတ်လာနိုင်မှ အိမ်ပေါ်ခေါ်တင်ထားရဲတဲ့ မိဘတွေကများ။ ဟက်. .ကျုပ်သားက ဖူးစာဖက်ဆိုရင်ရော ဒီကောင်က သူ့ကျိန်စာပြယ်ဖို့၊ သူ့တစ်ကိုယ်စာ ကောင်းစားဖို့ သတ်ပစ်မှာပဲမလား။

ကျုပ်သားကို မိတဆိုးလေးမို့ ပိုးမွေးသလို မွေးခဲ့ရတာ၊ လူကယ်တဲ့လက်နဲ့ လူသတ်ခဲ့တဲ့ သားတစ်ယောက်ရဲ့လုပ်ရပ်ကို ခင်ဗျား မိဘချင်း ကိုယ်ချင်းစာနိုင်ရဲ့လား။ ကျုပ်သားက ပင်ပန်းဆင်းရဲနေတာကို ခင်ဗျားသားက အခုလို အေးအေးလူလူ နေနိုင်တာ လိပ်ပြာလုံကြတယ်လား။ ဒီလိုကောင်မျိုးနဲ့သာ မတွေ့ခဲ့ရင် ကျုပ်သားဘဝက အခုလို စုတ်ပြတ်မသွားဘူးကွ"

‌‌ဦးရဲဝဏ္ဏ ဘာပြန်ပြောရမလဲ မသိအောင် ထိုလူ့ခံစားချက်ကို မိဘချင်းနားလည်မိသွားသည်။

ရိုင်းလ်အဖေ ရေးနား ပြန်လျှောက်လာခဲ့ပြီး-

"မင်းက ငါ့သားအတွက်တော့ တကယ့် အနှောင့်အယှက်ပဲ။ ငါ့သား တက်လမ်းတွေကို ရိုက်ချိုးခဲ့နိုင်တာ ဂုဏ်ယူပါတယ်"

ဒယ်ဒီ အပြင်ပြန်ထွက်သွားပြီမို့ ရိုင်ယန် အားလုံးကို နှုတ်ဆက်ခဲ့လိုက်ရပြီး ဒယ်ဒီ့နောက် ပြေးလိုက်သွားရသည်။

.
.
.

ရေး သူ့အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး ခရမ်းရောင် အိပ်ရာခင်း ခင်းကျင်းထားရာ ကုတင်ထက်၌ စိတ်မောစွာ ထိုင်ချလိုက်မိသည်။

သူ ဒီပြတင်းပေါက်က ကျော်ကျော်ဝင်ခဲ့ပြီး ကိုကိုနဲ့ ဆုံခဲ့တဲ့အချိန်တွေ၊ ပုဂံတစ်မြို့လုံးကို တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ပတ်ပြေးခဲ့ရတဲ့အချိန်တွေကို အမြဲမြင်ယောင်နေမိသည်။ 

ထိုစဉ် သူ့ဖုန်းထဲ နံပါတ်စိမ်း ဝင်လာတာကြောင့် ရေး ကိုင်လိုက်ရစဉ် ရိုင်းလ်၏ဒယ်ဒီ ဖြစ်နေတာကို သိလိုက်ရသည်။

"ငါ မင်းကို ရှင်းရှင်းပဲ ပြောထားရတော့မယ်ထင်တယ်။ ငါ မင်းကို ငါ့သားနဲ့ လုံးဝ သ‌ဘောမတူနိုင်လို့ သတ်ပစ်ဖို့ထိပါ လုပ်ထားခဲ့တာ"

". . . ."

"ငါ အခု အဲ့လိုလုပ်ရမှာ တကယ် ပင်ပန်းနေပြီ။ အဲ့တော့ ငါ့သား ပြန်ထွက်လာတဲ့နေ့မှာ မင်းတို့ အဆက်မဖြတ်နိုင်သေးဘဲ ရှေ့ဆက်တိုးနေမယ်ဆိုရင် ငါ မင်းကို မသတ်တော့ဘူး၊ ငါ့ကိုယ်ငါပဲ သတ်သေလိုက်တော့မယ်"

"အန်ကယ်"

"ငါ အဲ့လောက်ထိကို မင်းကို မုန်းတာ။ ငါ့သားရဲ့ အညွှန့်ကို ချိုးသွားတဲ့မင်းကို ငါ ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူး။ ဟက်. .ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ် ပြောရင်တောင် မင်း ဘယ်လိုမှ နေမှာ မဟုတ်တာ သိပါတယ်။ ကိုယ့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးခဲ့တဲ့ မွေးစားအဖေကိုတောင် သတ်ပစ်ရဲသေးတာပဲလေ"

". . . ."

"ကိုယ့်ဖူးစာဖက်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီးတာတောင် နောင်တတစ်စက်မှ ရပုံမရတဲ့ကောင်၊ မင်း သူငယ်ချင်းတွေ မင်း စနက်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေကုန်ရတာကွ။ ငါ့သား လူသတ်ရဲတဲ့ထိတောင် မင်း ဘယ်လိုလုပ်နိုင်ရတာလဲ။

မင်းကြောင့် လူတွေ ဘယ်လောက်သေပေးရဦးမှာလဲ၊ မင်းကြောင့် လူတွေ ဘယ်လောက် ပေးဆပ်ရဦးမှာလဲ။ ငါ့သား အဲ့လိုလုပ်ရလောက်အောင် တန်တယ်လို့များ မင်းကိုယ်မင်း တွေးမနေဘူးဆိုရင် ငါ့သားအပေါ် နည်းနည်းလောက် အားနာစိတ်များရှိခဲ့ရင် မင်းဖက်က အရင်ပြတ်သားပေးလိုက်"

". . . ."

ရေး ထိုလူ့ဖုန်းကို ချလိုက်တော့ဖို့ လုပ်လိုက်စဉ်-

"ငါက ဒူးထောက်ပြီး တောင်းပန်ဆိုလည်း တောင်းပန်နိုင်တာမို့ ကျေးဇူးပြုပြီး ငါ့သားကို မဆွဲထားပါနဲ့။ ငါ့သား မလွတ်သေးခင် မင်း လက်ထပ်လိုက်။ ရိုင်းလ်က ရည်းစားရှိတဲ့လူကိုတောင် ဘယ်တော့မှ မပစ်မှားတတ်ဘူး။ မင်း အိမ်ထောင်ပြုပြီးသွားရင် သူ ဘာမှတတ်နိုင်တော့မှာမဟုတ်ဘူး"

"ကျွန်တော်က ဘာလို့အဲ့လိုလုပ်ရမှာလဲ။ ကျွန်တော်တို့ တစ်ယောက်ပေါ်တစ်ယောက် ချစ်နေတာပဲကို ဘာလို့ခက်ခဲအောင် လိုက်လုပ်နေတာလဲ။ အတိတ်က အမှားတွေအတွက် ကျွန်တော်က ဘာလို့ အမြဲခေါင်းငုံ့ထားရမှာလဲ။ ကျွန်တော်လည်း နစ်နာခဲ့ရသူပါ။ ကျွန်တော်လည်း ပင်ပန်းခဲ့ရသူပါ"

"မင်းက ခေါင်းမာတဲ့သူဆိုတာ ထင်သားပဲ။ ဒါဆို ငါက မင်းတို့နှစ်ယောက်ကို တမလွန်ကနေ ငုံ့ကြည့်နေတဲ့အချိန်ကျရင် မင်း လိပ်ပြာလုံရင် ပြီးတာပဲလေ။ မိဘနဲ့ မနေဖူးတဲ့ကောင်က မိဘတန်ဖိုးကို နားလည်မှာမဟုတ်တာကို ငါ အလကား လေကုန်ခံမိတာပဲ။ ရိုင်းလ် ထွက်လာတဲ့အချိန် မင်း ဘယ်လိုလုပ်မလဲ ငါ စောင့်ကြည့်နေမယ်။ မင်းတို့ ရှေ့ဆက်တိုးလို့ ငါ သေသွားရင် အဲ့ဒါ မင်းကြောင့်ပဲဆိုတာ မင်း သေတဲ့ထိ ခေါင်းထဲစွဲနေအောင် မှတ်ထား"

ရေး ထိုဖုန်းကို နံရံဆီ အားနဲ့ပစ်ပေါက်လိုက်မိတော့သည်။

ဘာလို့ သူ့ဘဝက အခုလို ကံဆိုးမှုတွေပဲ ရှိနေရတာလဲ။ သူ ပျော်ရမှာတောင် လန့်လာတဲ့အထိ သူ့ဘဝသူ စိတ်ပျက်လာခဲ့ရသည်။

ရေး ထိုညကစပြီး ညတိုင်း အိပ်မက်ဆိုးတွေမက်ပြီး လန့်လန့်နိုးလာခဲ့သည်။ အိပ်မက်ထဲ၌ သူ သတ်ခဲ့တဲ့ လူပေါင်းများစွာ၏ သူ့အား ‌လိုက်ခြောက်လှန့်ခြင်းကို ခံနေရသည်။

မာန့်၏ လှောင်ရယ်သံတွေ၊ သလွန်း၏ ခနဲ့သံတွေ၊ ခွန်း၏ မကျေနပ်သံတွေအပြင် မွေးစားအဖေနဲ့ သူ သတ်မိတဲ့ လူပေါင်းများစွာ၊ ထို့အပြင် ကိုကို့ဒယ်ဒီကိုပါ သူ သတ်မိပြန်ပြီဆိုတဲ့ လိုက်ခြောက်လှန့်မှုတွေက သူ့အား ညစဉ်ရက်ဆက် လာဗင်ဒါအနံ့တွေ ရရင်တောင် ပြန်အိပ်မရတော့တဲ့အထိ ဖြစ်လာစေခဲ့သည်။

သူ ထိုအချိန်တွေတိုင်း ဘေးမှာ ရိုင်းလ်ရှိနေခဲ့တဲ့ ညတွေကို အရူးအမူး ပြန်တမ်းတနေမိခဲ့သည်။

သူ ထောင်ထဲကနေ ထွက်လာခဲ့မိတာကိုပင် နောင်တရလာမိသော်ငြား မားမျက်နှာကြောင့် အပြုံးမပျက်နေခဲ့ရလေသည်။

.
.
.

ရိုင်ယန် သူ့ဒယ်ဒီလုပ်ရပ်ကို နားမလည်နိုင်တော့တာမို့-

"ဒယ်ဒီ အဲ့ကောင်လေးကို ဘာလို့ အဲ့လိုခြောက်နေတာလဲ"

ရိုင်ယန် သူ့အား ပစ်ပေးလာသည့် ဖိုင်တွဲကို ယူကြည့်လိုက်ရစဉ် အကုန်နီးပါးကို နားမလည်သော်ငြား ဒါ ရေးခေတ္တရာ၏ စိတ်ကျန်းမာရေး မှတ်တမ်းဖိုင်ဆိုတာကိုတော့ သိလိုက်ရတာကြောင့်-

"ဒယ်ဒီ ဒါက?"

"ရိုင်းလ် ပြန်မလွတ်ခင် အဲ့ကောင် ရူးသေသွားလည်း အေးတာပဲ။ အဲ့ဖိုင်ကို မင်းညီရဲ့အခန်းထဲက တွေ့ခဲ့လို့ ငါ ဆရာဝန်နဲ့တောင် မေးကြည့်ခဲ့ပြီးပြီ။ အဲ့လိုလူမျိုးတွေက စိတ်ဖိစီးမှုအရမ်းများလာရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတတ်ကြလို့ အထူးဂရုစိုက်ဖို့ မှာလိုက်တယ်။ မဟုတ်လည်း အဆုံးထိ ရူးသွားတတ်တယ်တဲ့"

"ဒယ်ဒီ!! ရိုင်းလ်ကိုပါ ရူးသွားစေချင်တာလား"

သူ့အဖေ သူ့လက်ထဲက ဖိုင်ကို ပြန်သိမ်းသွားခဲ့ပြီး-

"ရိုင်းလ်က လူတစ်ယောက်ကို ဘယ်တုန်းကများ အဲ့လောက်ချစ်နိုင်ဖူးလို့လဲ။ ရိုင်းလ် ပြန်ထွက်လာရင်ပဲ သူ အဲ့ကောင်အပေါ် ဘာစိတ်မှ ရှိမှာမဟုတ်တော့ဘူးဆိုတာ ဒယ်ဒီ ကျိန်းသေပြောရဲတယ်"

ရိုင်ယန် သက်ပြင်းသာချလိုက်မိသည်။

ဒယ်ဒီက တစ်အိမ်လုံး၌ ရိုင်းလ်ကို အချစ်ဆုံးမို့ ဒယ်ဒီ အခုလို သူ့သားကို ထောင်ထဲမှာ မြင်ရတာ ပူလောင်နေတာကို နားလည်ပါ၏။

အရင်အချိန်တွေသာဆိုရင် သူလည်း ရိုင်းလ်ကို အဲ့လောက်ချစ်တတ်မှာမဟုတ်ဟု ဒယ်ဒီ့အပေါ် တထစ်ချ ကူထောက်ခံပေးနိုင်မှာ ဖြစ်သော်လည်း သူ့ညီ ရေးခေတ္တရာအပေါ်ကိုတော့ တကယ်ချစ်နေတယ်ဆိုတာ သူ အပြည့်အဝ ယုံကြည်မိနေလေသည်။

___________________________________________

[Zawgyi]

"ထၾကေတာ့၊ ထၾကေတာ့"

ေထာင္ေစာင့္ေတြ၏ အခန္းျပင္ဖက္၌ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ႏွိုးေနသံက ေထာင္အတြင္းရွိ မနက္ႏွိုးစက္အလားပင္။ သတ္မွတ္ခ်ိန္ေရာက္မွသာ ေထာင္ခန္းတံခါးေတြကို တစ္ညလုံး ေသာ့ပိတ္ထားခဲ့တာအား ျပန္လိုက္ဖြင့္ေပးေနၿပီမို႔ ငွက္ဆိုးထိုးသံႏွင့္တူသည့္ ေထာင္ေစာင့္ေတြ၏ အသံကို အရင္ၾကားလိုက္ရတဲ့ ရိုင္းလ္ေစတန္ သူ႕ေဘး၌ တစ္ကိုယ္လုံး ဗလာက်င္းေနသည့္ ေကာင္ေလး၏ ခႏၶာကိုယ္ေပၚသို႔ ေစာင္အရင္ေကာက္ယူလႊမ္းေပးလိုက္ရသည္။

"ဟင္း. . ."

ေရး အလြန္ပင္ပန္းေနရသလို ခံစားေနရဆဲမို႔ အရင္ရက္ေတြလို ဝုန္းခနဲ တန္းမထနိုင္ေသးေပ။

"မထနဲ႕ဦး၊ ထပ္အိပ္လိုက္။ ကိုယ္ပဲ လူ ထြက္ျပလိုက္မယ္"

မနက္ပိုင္းဆို လူအရင္စစ္တတ္ၾကတာမို႔ ေထာင္သားအားလုံး အျပင္ထြက္ တန္းစီရင္း လူလုံးထြက္ျပရသည္။ လူစစ္ခံၿပီးမွသာ မနက္စာ ထြက္စားၾကရၿပီး အလုပ္လုပ္ရမည့္ေနရာေတြဆီ သြားၾကရတာျဖစ္သည္။

ေရး ေခါင္းညိတ္ျပလိုက္ၿပီး ေစာင္ေအာက္ထဲ ျပန္ေလွ်ာဝင္သြားေတာ့သည္။

ညတုန္းကေတာ့ ညမီးသီး အလင္းေဖ်ာ့ေဖ်ာ့ၾကားမွာသာ အခ်စ္စမ္းျဖစ္ခဲ့ၾကတာမို႔ ေခတၱရာ၏ လည္ပင္းတစ္ဝိုက္၌ သူ ကိုက္ေဖာက္ထားခဲ့သည့္ အကြက္မ်ားစြာက အခုမနက္အလင္းနဲ႕မွ ျမင္မေကာင္းေအာင္ အလြန္မ်ားေနမွန္း ရိုင္းလ္ သတိထားလိုက္မိသည္။ သူတို႔၏ ေထာင္ဝတ္စုံက ေကာ္လာပါတဲ့ ဝတ္စုံေတြမို႔သာ ေတာ္ပါေသးရဲ႕။

"ေနာက္တစ္ေယာက္ေရာ"

"ေနမေကာင္းလို႔ မထနိုင္ေသးတာ၊ ႏွစ္ေယာက္လုံး ထြက္မေျပးဘူး၊ စိတ္မပူနဲ႕"

မ်က္လုံးပြင့္ကတည္းက စကားေျပာတာကအစ တစ္စက္မွ အခ်ိဳးမေျပေသာ ရိုင္းလ္ေစတန္ကို ေထာင္ေစာင့္ေတြ နဘန္ပိတ္က်င္းလိုက္ခ်င္ေပမယ့္ ေထာင္မႉးအမိန႔္ေၾကာင့္ အခ်ိဳးမေျပ လာလုပ္ေနတာကိုလည္း ဒီအတိုင္းသာ ေက်ာ္သြားေပးလိုက္ရေတာ့၏။

ရိုင္းလ္ အခန္းထဲ ျပန္ဝင္လာခ်ိန္၌ ေခတၱရာက အဝတ္အစားပင္ ျပန္ဝတ္ၿပီးေနၿပီး ထရပ္ေနၿပီ။

ရိုင္းလ္ အခန္းတံခါး ပိတ္လိုက္တာနဲ႕တၿပိဳင္နက္ ေခတၱရာ သူ႕ရင္ခြင္ထဲ ေျပးဝင္လာၿပီး သူ႕လည္တိုင္ကို တမြမြနဲ႕ လာနမ္းေနတာကို ခံလိုက္ရျပန္တာေၾကာင့္ ရိုင္းလ္ ဒီတစ္ညအတြင္း ေသခ်ာသိလိုက္ရတဲ့အရာက ေခတၱရာက အလြန္အနမ္းသန္တာကိုပင္။ ထိုေကာင္ေလးက သူ႕အား တစ္ညလုံးကို ေပးမအိပ္ဘဲ အဆက္မျပတ္ ထိုင္နမ္းေနခဲ့သည္။

ထို႔အတြက္ တစ္ညလုံးနီးပါး သူ ထိုေကာင္‌ေလး၏ ႏူးညံ့ေသာ အနမ္းေတြနဲ႕ ေခတၱရာ၏ အထိအေတြ႕ေတြၾကား ဘယ္ႏွစ္ႀကိမ္ ၿပီးေျမာက္ခဲ့ရမွန္းပင္ မမွတ္မိေတာ့။ သူလည္း ခါးမေကာင္းေသးသလို ေရးလည္း အဖ်ားေငြ႕ေငြ႕ရွိေနေသးတာမို႔ သူတို႔ႏွစ္ေယာက္ အဆုံးထိ ဘာမွမျဖစ္ခဲ့ၾကေသာ္ျငား ေခတၱရာက သာမန္အခ်ိန္မွာသာမကဘဲ အိပ္ရာေပၚ၌ပါ အလြန့္အလြန္ ၾကမ္းတမ္းပါ၏။

"ကိုကို ဒီေန႕ နားလိုက္ေတာ့၊ ဒီေန႕ အလုပ္ၾကမ္းေတြကို ကြၽန္ေတာ္ပဲ သြားလုပ္ေပးမယ္"

"နိုး"

ေရး ထိုလူ႕ကို ဆြဲျမႇောက္လိုက္ၿပီး ကေလးေလးေတြကို လုပ္သလိုမ်ိဳး ေဝွ႕ရမ္းလိုက္ခ်င္ေပမယ့္ ရိုင္းလ္ကို သူ မခ်ီနိုင္သလို ႂကြေအာင္ေတာင္ မ,မနိုင္‌တာမို႔ ကိုကို႔ပါးေတြကိုသာ ကိုက္ဆြဲလိုက္မိေတာ့သည္။

"အဲ့လို ေသခ်ာမနားရင္ ကိုကို႔ခါးက ဘယ္ေတာ့မွ ျပန္ေကာင္းမွာလဲ။ ခါးမေကာင္းေတာ့ရင္ ကိုကို႔ကို ကြၽန္ေတာ့္ေအာက္ကိုပဲ တကယ္ပို႔လိုက္ေတာ့မွာ။ ကြၽန္ေတာ္ ကိုကိုနဲ႕ ညတိုင္း ဖက္ခ်ည္းပဲေတာ့ မအိပ္နိုင္ဘူးေနာ္"

ရိုင္းလ္ ‌ထိုေကာင္ေလးကို ညကတည္းက တကယ္ လက္ျမႇောက္ထားလိုက္ရၿပီမို႔ သူတို႔ႏွစ္ေယာက္ ေတာ္ေတာ္နဲ႕ ေရခ်ိဳးခန္း မေရာက္နိုင္ၾကတဲ့အထိ အခန္းထဲ၌ ႏွစ္ေယာက္တည္း တစ္ကမာၻျဖစ္ေနၾကဆဲပင္။

"ေခါင္းမမာနဲ႕၊ ကိုယ့္ကိုယ္ကိုယ္လည္း ေသခ်ာျပန္ဂ႐ုစိုက္ပါဦး။ ကြၽန္ေတာ္ ေနမေကာင္းရင္ ကိုကို ကုေပးလို႔ ရေပမယ့္ ကိုကို တစ္ခုခုျဖစ္ေနရင္‌က်ေတာ့ ကြၽန္ေတာ္ ဘာမွ ေသခ်ာျပန္မလုပ္ေပးနိုင္ဘူးေလ။ ကြၽန္ေတာ့္ကို စိတ္ပူေအာင္ မလုပ္ပါနဲ႕"

ေရး ထိုလူ ခါးသိပ္မလႈပ္ရွားနိုင္‌ေသးတာကို မေန႕ညကမွ ေသခ်ာသိခဲ့ရသည္။

ထို႔အတြက္ ကိုကို႔ကို ေသခ်ာနားခိုင္းမွ ျဖစ္ေတာ့မွာမို႔ ေရးတစ္ေယာက္ ရိုင္းလ္အား မနက္ခင္း အနမ္းေတြနဲ႕ ေမြ႕ရာေပၚ၌ အခ်ိန္အတန္ၾကာ ႏွစ္သိမ့္ခဲ့ၿပီးေနာက္ ရိုင္းလ္ဆီက အလုပ္ၾကမ္းသြားလုပ္ခြင့္ ပါမစ္ရလာခဲ့ၿပီ။

.
.
.

သူတို႔ႏွစ္ေယာက္၏ ေထာင္တြင္းအခ်စ္ဇာတ္လမ္းက ထင္ထားတာထက္ေတာင္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ ျဖစ္ခဲ့ရသည္။ ေရး၏ အေပ်ာ္႐ႊင္ရဆုံးအခ်ိန္ကို ျပပါဆိုရင္ ဒီေထာင္ထဲမွာ ကိုကိုနဲ႕ ရွိေနခဲ့ရတဲ့ ဒီတစ္လကိုသာ ဘယ္အခ်ိန္ေမးေမး လက္ညွိုးထိုးျပမိမွာပင္။

သူ ထိုမွ်ေလာက္ထိကို ေပ်ာ္႐ႊင္ေနခဲ့ရပါ၏။

ရိုင္းလ္ေစတန္ ေထာင္မႉးစကားေၾကာင့္ ေနာက္ေက်ာကို အသာမွီခ်လိဳက္မိသည္။

"တကယ္ပဲ ႏွစ္ေယာက္လုံးအတြက္ နည္းမရွိဘူးလား"

"ဒါ ငါ မင္းအတြက္ သီးသန႔္လုပ္ေပးထားတယ္ဆိုတာ ယုံ။ ဒီလြတ္ၿငိမ္းခြင့္မွာ ဘယ္သူေတြ ျပန္လြတ္မယ္ဆိုတာ အထက္က စာရင္းအတိအက် ထြက္ၿပီးသြားၿပီ။ ဒါေပမဲ့ မင္း ငါ့အတြက္ လုပ္ေပးခဲ့တာက မနည္းမေနာမို႔ မင္းကို အဲ့စာရင္းထဲ ရေအာင္ထည့္ေပးဖို႔ေတာင္ ငါ အေတာ္ႀကိဳးစားရမွာ။ မင္း ပိုက္ဆံေတြ ပုံေပးလည္း ႏွစ္ေယာက္ေတာ့ လုံးဝမရဘူး"

ေလးလပိုင္း သၾကၤန္ပြဲေတာ္အတြင္း တစ္နိုင္ငံလုံးက ေထာင္သားတခ်ိဳ႕ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမည့္ အစီအစဥ္ထဲအား ရိုင္းလ္ကို လာဘ္ထိုးၿပီး ပါေအာင္လုပ္ၾကည့္ဖို႔ ေထာင္မႉးက အႀကံေပးလာတာပင္။ သို႔ေသာ္ျငား ဒီလြတ္ၿငိမ္းခြင့္က ေထာင္က်ေနသည့္ ႏွစ္အေတာ္မ်ားေနတဲ့သူေတြကိုသာ ဦးစားေပးမွာမို႔ ရိုင္းလ္တို႔လို ေထာင္က်တာ တစ္လေတာင္ မျပည့္ေသးတဲ့သူအတြက္ေတာ့ ဒါမ်ိဳးကို ေမွ်ာ္လင့္လို႔ မရေသး။

"မင္းတို႔ကို တရားစြဲထားတဲ့ တစ္ဖက္မိသားစုဖက္ကိုလည္း ၾကည့္ေပးရဦးမွာပဲေလ။ သူတို႔ဖက္က လူေသထားတာကို မင္းတို႔က တစ္လအတြင္း ျပန္လြတ္လာတယ္ဆို ဥပေဒက ရယ္စရာ ျဖစ္ေနေတာ့မွာ။ အထက္ကို မင္း လိုက္မယ္ဆိုရင္ေတာင္ ဒီကဒ္ေတြေလာက္နဲ႕ မရဘူးဆိုတာပါ သတိေပးလိုက္မယ္။ က်န္တာ မင္းသေဘာပဲ။ ေသခ်ာတာက ႏွစ္ေယာက္ေတာ့ လုံးဝ မရဘူး။ ငါလည္း မင္းတို႔ႏွစ္ေယာက္ကို မခြဲခ်င္ပါဘူး"

ရိုင္းလ္ ေခါင္းညိတ္ျပလိုက္ၿပီး အခန္းျပင္ ထြက္လာခဲ့ေတာ့သည္။

ေထာင္တြင္း၌ သူတို႔ႏွစ္ေယာက္အေၾကာင္းကို မသိတဲ့သူ မရွိသေလာက္ျဖစ္ေနသလို မုဒိမ္းေကာင္ အုပ္စုကလြဲရင္ သူတို႔ႏွစ္ေယာက္ကို ေလွာင္ေျပာင္ကဲ့ရဲ႕တာမ်ိဳးေတာ့ မရွိခဲ့။ ရွိလည္း သူတို႔ႏွစ္ေယာက္လုံး ဂ႐ုမစိုက္နိုင္ေလာက္ေအာင္ အလြန္ၾကည္ႏူးေနရပါ၏။

ရိုင္းလ္ ထိုေကာင္ေလးရွိရာ အုပ္စုလိုက္ ေဘာလုံးကန္ေနၾကရာ ကစားကြင္းဖက္ထဲသို႔ ေလွ်ာက္လာခဲ့ၿပီး ေထာင္ထဲက သူငယ္ခ်င္းေတြနဲ႕ ေခတၱရာ ရယ္ေမာေပ်ာ္႐ႊင္ေနတာကို အေဝးကေန ေငးၾကည့္ေနမိသည္။

ရိုင္းလ္ အတန္ၾကာ ေတြေဝေနၿပီးေနာက္ သူ ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။

ထို႔အတြက္ ရိုင္းလ္ အန္ကယ့္ကို ေထာင္ထဲက ဖုန္းနဲ႕သာ ဆက္သြယ္လိုက္ရၿပီး အက်ိဳးအေၾကာင္းေျပာျပလိုက္ရသည္။

"အင္း အင္း၊ အန္ကယ္ နားလည္ၿပီ။ စိတ္မပူနဲ႕၊ အန္ကယ္ ေရးအတြက္ဆို ဘယ္ေလာက္ကုန္ကုန္ ကိစၥမရွိဘူး၊ ပုဂံက အိမ္တစ္ခုလုံး ေရာင္းလိုက္ရရင္ေတာင္ ရေအာင္ လိုက္မွာမို႔ အခုလို သတင္းေပးလို႔ သားကို ေက်းဇူးပါပဲ"

"ကြၽန္ေတာ္ ေခတၱရာကို အန္တီနဲ႕ ေနေစခ်င္လို႔ ထည့္ေပးလိုက္တယ္ဆိုတာ အန္ကယ္ နားလည္တယ္မလား၊ ေသခ်ာေပါက္ ကြၽန္ေတာ္ ျပန္ထြက္မလာရမခ်င္း သူ႕ကို အန္တီနဲ႕ပဲ ေနရေအာင္ လုပ္ေပးမယ္လို႔ ယုံၾကည္ပါရေစ"

ဦးရဲဝဏၰ ကတိအထပ္ထပ္ ေပးေနမိသည္။ ေဆြေတာ္မ်ိဳးေတာ္ေတြကို ေခတၱရာအေၾကာင္း သူ အကုန္ဖြင့္ေျပာၿပီးသားမို႔ သူ႕သား၏ က်ိန္စာလည္း ျပယ္သြားတာေၾကာင့္ သူတို႔နားလည္ေနၾကၿပီ။

"အန္ကယ္ မင္းကို ထပ္ထုတ္ဖို႔ပါ နည္းလမ္းရွာပါ့မယ္၊ ဒီေက်းဇူးကို အန္ကယ္ မေမ့ပါဘူး"

ဦးရဲဝဏၰ အခုခ်ိန္ တစ္ေယာက္ပဲ လြတ္နိုင္သည့္ အခြင့္အေရးကို အမိအရ ယူလိုက္မိတာအတြက္ သားသမီးခ်င္းကိုယ္ခ်င္းမစာမိမွန္း သိေသာ္ျငား  သူ အခုခ်ိန္ ဒါေတြ လိုက္မေတြးနိုင္ေတာ့။ သူ႕သားကို သူတို႔ရင္ခြင္ထဲ ျပန္ေခၚထားခ်င္ေနတာ ႐ူးမတတ္ျဖစ္ေနၾကတာမို႔ပါပင္။

------------------------------

လြတ္ၿငိမ္းခြင့္ စာရင္းထဲ သူ႕နာမည္ပါလာတာကို ေတြ႕လိုက္ရခ်ိန္၌ ေရး ကိုကို႔နာမည္ကိုပါ အစအဆုံး သုံးေလးေခါက္ ျပန္ရွာၾကည့္ေနမိသည္။

ထို႔ေနာက္ သူတို႔အခန္းရွိရာသို႔ ေရး ေျပးတက္လာခဲ့စဥ္ အခန္းထဲ၌ ကိုကိုက သူ႕အထုပ္ေတြကို သိမ္းဆည္းေပးေနတာကို ေတြ႕လိုက္ရတာေၾကာင့္ သူ ထိုအထုပ္ကို ေမြ႕ရာေပၚ အကုန္ျပန္သြန္ခ်လိဳက္ရသည္။

"မသြားဘူး၊ ကိုကိုက ကြၽန္ေတာ့္ေၾကာင့္ ဒီထဲ လိုက္လာခဲ့တာကို၊ ကြၽန္ေတာ္ ကိုကိုပါ မလြတ္မခ်င္း ဒီထဲက မထြက္ဘူး။ ကြၽန္ေတာ့္ေနရာမွာ တျခားတစ္ေယာက္ကို အစားထိုးဖို႔ ေထာင္မႉးကို ‌သြားေျပာလိုက္မယ္"

"ေရးေခတၱရာ မင္း မဟုတ္တာကို ေခါင္းမမာစမ္းနဲ႕"

ရိုင္းလ္ ထိုေကာင္ေလးလက္ကို ဆြဲထားလိုက္ၿပီး တားထားလိုက္ရတာမို႔ ေရး ထိုလူ႕လက္ကို ဆြဲဖယ္လိုက္ရသည္။

"ကိုကိုေရာ ကြၽန္ေတာ္မပါရင္ အခုလို ထြက္သြားနိုင္လို႔လား၊ ထြက္သြားနိုင္တယ္ဆိုရင္ ကြၽန္ေတာ့္အစား ခင္ဗ်ားပဲ ထြက္သြားလိုက္"

ရိုင္းလ္ပါ ထိုေကာင္ေလးနဲ႕အတူ လိုက္ငိုမိမတတ္ပါပင္။ သူ ေခတၱရာကို တင္းက်ပ္စြာ ဖက္တြယ္ထားလိုက္မိၿပီး ေနာက္တစ္ႀကိမ္ အခုလို ဖက္ခြင့္ရဖို႔က ဘယ္ေလာက္ၾကာဦးမွာလဲ မသိနိုင္တာမို႔ ထိုေကာင္ေလး ႐ုန္းကန္ေနေသာ္ျငား သူ ၿမဲၿမံစြာ သိုင္းဖက္ထားခဲ့ရသည္။

"ကိုယ္ ဖတ္ဖူးတဲ့ စာတစ္ခုရွိတယ္။ လူဆိုတာ တစ္ေန႕တစ္ရက္တည္း အသက္ရွင္ရမယ့္ ေရာင္စုံလိပ္ျပာမဟုတ္ဘူး၊ လိပ္ျပာေလးေတြဆိုရင္ သူတို႔ရွင္သန္ေနထိုင္ရမယ့္ တစ္ေန႕တာမွာ သူတို႔ပိုင္ဆိုင္တဲ့ အသိဉာဏ္ေလးနဲ႕ သူတို႔လုပ္ခ်င္တာကို လုပ္သြားၾကမွာပဲတဲ့။ 

မင္းက ကိုယ့္ရဲ႕လိပ္ျပာေလးမွန္ေပမယ့္ တကယ့္လိပ္ျပာအစစ္ေတြလို ေနခ်င္သလိုေနလို႔မရဘူးေလကြာ။ မင္းကို ေမွ်ာ္ေနတဲ့ အေမရွိေသးတယ္၊ အန္တီ မင္းကို ႏွစ္ေပါင္းမ်ားစြာ ဘယ္ေလာက္ထိ ေမွ်ာ္ေနခဲ့လဲဆိုတာ မင္း ေတြးၾကည့္လို႔ မရနိုင္ေလာက္တဲ့ အတိုင္းအတာတစ္ခုထိနီးပါးပဲ။ ကိုယ္ မင္းနဲ႕ ေန႕ရက္တိုင္းကို တူတူျဖတ္သန္းခ်င္ေပမယ့္ အဲ့ဒါ ေထာင္ထဲမွာေတာ့ မဟုတ္ဘူး။ မင္း လူသတ္ခဲ့တာ မွားခဲ့တယ္ဆိုေပမယ့္လည္း ဒါ အဲ့ေကာင္ အရင္ စမွားခဲ့တာ။ ကိုယ္ မင္းကို ဒီေနရာကေန အျမန္လြတ္ေျမာက္ေစခ်င္ၿပီ ေခတၱရာ"

"ကြၽန္ေတာ္လည္း မားဆီ ျပန္ခ်င္ေပမယ့္ ခင္ဗ်ားကို ထားခဲ့ၿပီး ဘယ္လိုစိတ္နဲ႕. . .ကြၽန္ေတာ္ ဘယ္လိုစိတ္နဲ႕. . ."

ႏွစ္ေယာက္သား ဘာစကားမွ ဆက္မေျပာနိုင္ေအာင္ထိ ဆို႔နင့္ေၾကကြဲေနၾကရပါသည္။

သူကပါ အခုလို လုပ္ေနရင္ ပိုဆိုးသြားမွာမို႔ ရိုင္းလ္ေစတန္ သူ႕စိတ္ကို အျမန္ထိန္းခ်ဳပ္လိုက္ရေတာ့ၿပီး ထိုေကာင္ေလးကို ခြာလိုက္ရေတာ့ကာ ေခတၱရာပါးေပၚက မ်က္ရည္ေတြကို ခပ္ဖြဖြ ဖိသုတ္ေပးလိုက္ရသည္။

"စိတ္မပူနဲ႕ေနာ္၊ ကိုယ့္ကို ဒယ္ဒီက ပစ္ထားမွာ မဟုတ္ဘူး။ ကိုယ္တို႔‌ ေဝးရမွာ အမ်ားဆုံးမွ သုံးႏွစ္ေလာက္ပဲ ျဖစ္မလားမသိနိုင္တာမို႔ အဲ့သုံးႏွစ္လုံး အန္တီတို႔နဲ႕ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရင္း ကိုယ္ ျပန္လာမွာကိုေစာင့္ေန။ ဘယ္လိုစိတ္နဲ႕ ထြက္သြားရမလဲ မသိရင္ ဒီအတိုင္းေလးပဲ အခုထြက္သြားၿပီး ကိုယ္ ျပန္ထြက္လာတဲ့အခ်ိန္က်ရင္ ကိုယ္ အခုခ်စ္ခဲ့တာထက္ ႏွစ္ဆပိုခ်စ္ေပးရင္ ေက်နပ္ၿပီ"

". . . ."

"တိတ္ေတာ့၊ မင္း ကိုယ့္ကို နာမည္မသိ ႐ုပ္မျမင္ဖူးဘဲနဲ႕ေတာင္ ႏွစ္ႏွစ္လုံး ေစာင့္ေနခဲ့ေသးတာပဲေလ၊ အခုက ေသခ်ာေပါက္ ကိုယ္ မင္းဆီ ျပန္လာမွာမို႔ ပုဂံမွာပဲ ေစာင့္ေန။ မင္း လြတ္ေတာ့မယ္ ၾကားတုန္းက သွ်ိုင္းစက္မာန္ မိဘေတြ အရမ္းစိတ္တိုေနတယ္ ေျပာတယ္။ အဲ့ေတာ့ ရန္ကုန္မွာ မေနဘဲ ပုဂံမွာပဲ အန္ကယ့္ေစာင့္ေရွာက္မႈေအာက္မွာ အန္တီနဲ႕ပဲ တူတူသြားေနေနာ္"

ဘာ‌ေျပာေျပာ မထြက္နိုင္ျဖစ္ေနသည့္ ေကာင္ေလးကို ရိုင္းလ္ ေထာင္ေစာင့္ေတြလက္ထဲ ထည့္ေပးလိုက္ရေတာ့သည္။

မုဒိမ္းေကာင္လည္း လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲ ပါသြားၿပီ။ ထိုလူကေတာ့ ေထာင္ဒဏ္ငါးႏွစ္နီးပါး ရွိေနၿပီမို႔ မသိသာေသာ္လည္း ေရး၏ ေထာင္သက္က သုံးလေတာင္ မရွိေသးတာမို႔ အကုန္အာ႐ုံစိုက္မိေနၾကသည့္ အမႈျဖစ္ေနခဲ့သည္။ ေနာက္တစ္ႀကိမ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲေတာ့ ေသခ်ာေပါက္ ပါေစရမည္ဟု အန္ကယ္ေရာ ေထာင္မႉးပါ ရိုင္းလ္အား ကတိေပးလာခဲ့ၾကသည္။

ေထာင္ဝင္းအျပင္ဖက္၌ ဦးရဲဝဏၰနဲ႕ ေဒၚခတၱာလင္းတို႔ သူတို႔သားေလးကို လာေစာင့္ေနၾကၿပီး ေထာင္ဝင္းကို အႀကိမ္ေပါင္းမ်ားစြာ လည္ျပန္လွည့္ၾကည့္ေနသည့္ သားေလးေၾကာင့္ စိတ္မေကာင္းတာေတာ့ အမွန္ပင္။

ေရး တကယ္ လြတ္လပ္သြားရပါ၏။ သို႔ေသာ္လည္း လူကသာ အျပင္ေရာက္လာခဲ့ရေပမယ့္ သူ႕စိတ္နဲ႕ သူ႕ႏွလုံးသားကေတာ့ ေထာင္ထဲမွာပဲ က်န္ခဲ့ရပါၿပီ။

----------------------

ေရး၏ ပုဂံမွာေနထိုင္ရသည့္ ရက္မ်ားက မိဘေတြနဲ႕ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနခဲ့ရတာမို႔ အရာရာ အသစ္အဆန္း ျဖစ္ေနရသည္။

မားနဲ႕ တူတူေနခ်င္သည့္ ဆုေတာင္းေတြက ျပည့္ခဲ့ရၿပီး ပါး သူ႕ကို အရိပ္တၾကည့္ၾကည့္ရွိေနတာကိုလည္း သူ အလြန္ၾကည္ႏူးေနရ၏။

ရန္ကုန္က အိမ္ကိုေတာ့ ဒီအတိုင္းသာ ပိတ္ထားခဲ့လိုက္ရၿပီး Victory ဘားကိုေတာ့ ဝန္ထမ္းေတြနဲ႕သာ ဆက္ဖြင့္ထားခဲ့သည္။ ပါးက သူ႕အား ရန္ကုန္ျပန္မလႊတ္သလို မားကလည္း သူ႕အား အစစအရာရာ လိုေလေသးမရွိ ေပ်ာ္ေအာင္လုပ္ေပးေနခဲ့သည္။

.
.

ရိုင္ယန္ သူ႕ဒယ္ဒီေနာက္က ေျပးလိုက္ခဲ့ရသည္။

ထိုလူႀကီး ေရးေခတၱရာတို႔၏ အိမ္ထဲသို႔ ေဒါသတႀကီး ဝင္လာခဲ့ၿပီး ဧည့္ခန္းထဲ၌ ေအးေအးခ်မ္းခ်မ္း ထိုင္ေနနိုင္သည့္ ေရးကို ေတြ႕လိုက္ရခ်ိန္၌ ထိုေကာင့္ကို ေကာ္လာကေန ဆြဲမလိုက္ၿပီး ပိတ္ထိုးလိုက္မိသည္။

"ဒယ္ဒီ ေတာ္ပါေတာ့ဗ်ာ"

ရိုင္ယန္ခမ်ာ သူ႕ဒယ္ဒီအား ဘာမွျပန္မတုံ႕ျပန္ေသာ ေရးဖက္ကေန ရပ္ေပးေနရေသာ္ျငား ဒယ္ဒီက ရိုင္ယန႔္ကိုပါ ‌ေဒါသတႀကီး ပိတ္ထိုးလာခဲ့စဥ္ ဦးရဲဝဏၰ ေရာက္လာခဲ့သည္။

"ငါ့အိမ္ထဲထိဝင္ၿပီးေတာ့ ငါ့သားကို ကိုယ္ထိလက္ေရာက္ ေစာ္ကားရဲတယ္လား"

"ဟက္. . .ကိုယ့္သားကမွ အဖိုးတန္တာလား၊ ကိုယ့္သားသမီးက အဖိုးတန္မွန္းသိရင္ သူမ်ား သားသမီးကိုလည္း တန္ဖိုးထားတတ္ရတယ္ကြ။  က်ဳပ္က က်ဳပ္သားကို ႏွစ္ဆယ့္ရွစ္ႏွစ္လုံး တန္ဖိုးထားၿပီး ေစာင့္ေရွာက္လာတာ၊ ခင္ဗ်ားလို ကိုယ့္သားကို သတ္ပစ္ဖို႔ဆိုတာ ေဝးလာေဝး"

ရန္ပြဲက လူႀကီးႏွစ္ေယာက္ဆီ ေရာက္သြားၿပီမို႔ ရိုင္ယန္ ေရးအား ဆြဲထူလိုက္ရသည္။

"တစ္ခါတည္း ရွင္းေအာင္ ေျပာထားမယ္၊ က်ဳပ္သားကို လြတ္ေအာင္လုပ္ေပးလို႔ရရဲ႕သားနဲ႕ သားသမီးခ်င္း မစာနာတဲ့ ခင္ဗ်ားကို တကယ္ ႐ြံလို႔"

"အဲ့လိုေျပာေနတဲ့ ခင္ဗ်ားကေရာ က်ဳပ္သားကို ေထာင္ထဲပို႔ခဲ့တာပဲမလား၊ ကိုယ့္ဖက္က အမွားတစ္ခုမွ မရွိတဲ့ ေစာက္ခ်ိဳးမ်ိဳး က်ဳပ္အိမ္ထဲ လာခ်ိဳးမေနနဲ႕"

"ေထာင္ထဲပို႔တယ္? အဲ့ေတာ့ က်ဳပ္က လီဆယ္ၿပီး ပို႔ခဲ့တာမို႔လား။ ခင္ဗ်ားသား လူသတ္လို႔ ကိုယ့္အကုသိုလ္နဲ႕ကိုယ္ က်ခဲ့တာပဲေလ။ ဖူးစာဖက္ကို သတ္လာနိုင္မွ အိမ္ေပၚေခၚတင္ထားရဲတဲ့ မိဘေတြကမ်ား။ ဟက္. .က်ဳပ္သားက ဖူးစာဖက္ဆိုရင္ေရာ ဒီေကာင္က သူ႕က်ိန္စာျပယ္ဖို႔၊ သူ႕တစ္ကိုယ္စာ ေကာင္းစားဖို႔ သတ္ပစ္မွာပဲမလား။

က်ဳပ္သားကို မိတဆိုးေလးမို႔ ပိုးေမြးသလို ေမြးခဲ့ရတာ၊ လူကယ္တဲ့လက္နဲ႕ လူသတ္ခဲ့တဲ့ သားတစ္ေယာက္ရဲ႕လုပ္ရပ္ကို ခင္ဗ်ား မိဘခ်င္း ကိုယ္ခ်င္းစာနိုင္ရဲ႕လား။ က်ဳပ္သားက ပင္ပန္းဆင္းရဲေနတာကို ခင္ဗ်ားသားက အခုလို ေအးေအးလူလူ ေနနိုင္တာ လိပ္ျပာလုံၾကတယ္လား။ ဒီလိုေကာင္မ်ိဳးနဲ႕သာ မေတြ႕ခဲ့ရင္ က်ဳပ္သားဘဝက အခုလို စုတ္ျပတ္မသြားဘူးကြ"

‌‌ဦးရဲဝဏၰ ဘာျပန္ေျပာရမလဲ မသိေအာင္ ထိုလူ႕ခံစားခ်က္ကို မိဘခ်င္းနားလည္မိသြားသည္။

ရိုင္းလ္အေဖ ေရးနား ျပန္ေလွ်ာက္လာခဲ့ၿပီး-

"မင္းက ငါ့သားအတြက္ေတာ့ တကယ့္ အေႏွာင့္အယွက္ပဲ။ ငါ့သား တက္လမ္းေတြကို ရိုက္ခ်ိဳးခဲ့နိုင္တာ ဂုဏ္ယူပါတယ္"

ဒယ္ဒီ အျပင္ျပန္ထြက္သြားၿပီမို႔ ရိုင္ယန္ အားလုံးကို ႏႈတ္ဆက္ခဲ့လိုက္ရၿပီး ဒယ္ဒီ့ေနာက္ ေျပးလိုက္သြားရသည္။

.
.
.

ေရး သူ႕အိပ္ခန္းထဲသို႔ ျပန္ဝင္လာခဲ့ၿပီး ခရမ္းေရာင္ အိပ္ရာခင္း ခင္းက်င္းထားရာ ကုတင္ထက္၌ စိတ္ေမာစြာ ထိုင္ခ်လိဳက္မိသည္။

သူ ဒီျပတင္းေပါက္က ေက်ာ္ေက်ာ္ဝင္ခဲ့ၿပီး ကိုကိုနဲ႕ ဆုံခဲ့တဲ့အခ်ိန္ေတြ၊ ပုဂံတစ္ၿမိဳ႕လုံးကို တစ္ေယာက္လက္တစ္ေယာက္ဆြဲၿပီး ပတ္ေျပးခဲ့ရတဲ့အခ်ိန္ေတြကို အၿမဲျမင္ေယာင္ေနမိသည္။ 

ထိုစဥ္ သူ႕ဖုန္းထဲ နံပါတ္စိမ္း ဝင္လာတာေၾကာင့္ ေရး ကိုင္လိုက္ရစဥ္ ရိုင္းလ္၏ဒယ္ဒီ ျဖစ္ေနတာကို သိလိုက္ရသည္။

"ငါ မင္းကို ရွင္းရွင္းပဲ ေျပာထားရေတာ့မယ္ထင္တယ္။ ငါ မင္းကို ငါ့သားနဲ႕ လုံးဝ သ‌ေဘာမတူနိုင္လို႔ သတ္ပစ္ဖို႔ထိပါ လုပ္ထားခဲ့တာ"

". . . ."

"ငါ အခု အဲ့လိုလုပ္ရမွာ တကယ္ ပင္ပန္းေနၿပီ။ အဲ့ေတာ့ ငါ့သား ျပန္ထြက္လာတဲ့ေန႕မွာ မင္းတို႔ အဆက္မျဖတ္နိုင္ေသးဘဲ ေရွ႕ဆက္တိုးေနမယ္ဆိုရင္ ငါ မင္းကို မသတ္ေတာ့ဘူး၊ ငါ့ကိုယ္ငါပဲ သတ္ေသလိုက္ေတာ့မယ္"

"အန္ကယ္"

"ငါ အဲ့ေလာက္ထိကို မင္းကို မုန္းတာ။ ငါ့သားရဲ႕ အၫႊန႔္ကို ခ်ိဳးသြားတဲ့မင္းကို ငါ ဘယ္ေတာ့မွ အသိအမွတ္ျပဳမွာမဟုတ္ဘူး။ ဟက္. .ငါ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမယ္ ေျပာရင္ေတာင္ မင္း ဘယ္လိုမွ ေနမွာ မဟုတ္တာ သိပါတယ္။ ကိုယ့္ကို ႏွစ္ေပါင္းမ်ားစြာ ေကြၽးေမြးခဲ့တဲ့ ေမြးစားအေဖကိုေတာင္ သတ္ပစ္ရဲေသးတာပဲေလ"

". . . ."

"ကိုယ့္ဖူးစာဖက္ကို ရက္ရက္စက္စက္ သတ္ပစ္ခဲ့ၿပီးတာေတာင္ ေနာင္တတစ္စက္မွ ရပုံမရတဲ့ေကာင္၊ မင္း သူငယ္ခ်င္းေတြ မင္း စနက္ေၾကာင့္ တစ္ေယာက္ၿပီးတစ္ေယာက္ ေသကုန္ရတာကြ။ ငါ့သား လူသတ္ရဲတဲ့ထိေတာင္ မင္း ဘယ္လိုလုပ္နိုင္ရတာလဲ။

မင္းေၾကာင့္ လူေတြ ဘယ္ေလာက္ေသေပးရဦးမွာလဲ၊ မင္းေၾကာင့္ လူေတြ ဘယ္ေလာက္ ေပးဆပ္ရဦးမွာလဲ။ ငါ့သား အဲ့လိုလုပ္ရေလာက္ေအာင္ တန္တယ္လို႔မ်ား မင္းကိုယ္မင္း ေတြးမေနဘူးဆိုရင္ ငါ့သားအေပၚ နည္းနည္းေလာက္ အားနာစိတ္မ်ားရွိခဲ့ရင္ မင္းဖက္က အရင္ျပတ္သားေပးလိုက္"

". . . ."

ေရး ထိုလူ႕ဖုန္းကို ခ်လိဳက္ေတာ့ဖို႔ လုပ္လိုက္စဥ္-

"ငါက ဒူးေထာက္ၿပီး ေတာင္းပန္ဆိုလည္း ေတာင္းပန္နိုင္တာမို႔ ေက်းဇူးျပဳၿပီး ငါ့သားကို မဆြဲထားပါနဲ႕။ ငါ့သား မလြတ္ေသးခင္ မင္း လက္ထပ္လိုက္။ ရိုင္းလ္က ရည္းစားရွိတဲ့လူကိုေတာင္ ဘယ္ေတာ့မွ မပစ္မွားတတ္ဘူး။ မင္း အိမ္ေထာင္ျပဳၿပီးသြားရင္ သူ ဘာမွတတ္နိုင္ေတာ့မွာမဟုတ္ဘူး"

"ကြၽန္ေတာ္က ဘာလို႔အဲ့လိုလုပ္ရမွာလဲ။ ကြၽန္ေတာ္တို႔ တစ္ေယာက္ေပၚတစ္ေယာက္ ခ်စ္ေနတာပဲကို ဘာလို႔ခက္ခဲေအာင္ လိုက္လုပ္ေနတာလဲ။ အတိတ္က အမွားေတြအတြက္ ကြၽန္ေတာ္က ဘာလို႔ အၿမဲေခါင္းငုံ႕ထားရမွာလဲ။ ကြၽန္ေတာ္လည္း နစ္နာခဲ့ရသူပါ။ ကြၽန္ေတာ္လည္း ပင္ပန္းခဲ့ရသူပါ"

"မင္းက ေခါင္းမာတဲ့သူဆိုတာ ထင္သားပဲ။ ဒါဆို ငါက မင္းတို႔ႏွစ္ေယာက္ကို တမလြန္ကေန ငုံ႕ၾကည့္ေနတဲ့အခ်ိန္က်ရင္ မင္း လိပ္ျပာလုံရင္ ၿပီးတာပဲေလ။ မိဘနဲ႕ မေနဖူးတဲ့ေကာင္က မိဘတန္ဖိုးကို နားလည္မွာမဟုတ္တာကို ငါ အလကား ေလကုန္ခံမိတာပဲ။ ရိုင္းလ္ ထြက္လာတဲ့အခ်ိန္ မင္း ဘယ္လိုလုပ္မလဲ ငါ ေစာင့္ၾကည့္ေနမယ္။ မင္းတို႔ ေရွ႕ဆက္တိုးလို႔ ငါ ေသသြားရင္ အဲ့ဒါ မင္းေၾကာင့္ပဲဆိုတာ မင္း ေသတဲ့ထိ ေခါင္းထဲစြဲေနေအာင္ မွတ္ထား"

ေရး ထိုဖုန္းကို နံရံဆီ အားနဲ႕ပစ္ေပါက္လိုက္မိေတာ့သည္။

ဘာလို႔ သူ႕ဘဝက အခုလို ကံဆိုးမႈေတြပဲ ရွိေနရတာလဲ။ သူ ေပ်ာ္ရမွာေတာင္ လန႔္လာတဲ့အထိ သူ႕ဘဝသူ စိတ္ပ်က္လာခဲ့ရသည္။

ေရး ထိုညကစၿပီး ညတိုင္း အိပ္မက္ဆိုးေတြမက္ၿပီး လန႔္လန႔္နိုးလာခဲ့သည္။ အိပ္မက္ထဲ၌ သူ သတ္ခဲ့တဲ့ လူေပါင္းမ်ားစြာ၏ သူ႕အား ‌လိုက္ေျခာက္လွန႔္ျခင္းကို ခံေနရသည္။

မာန့္၏ ေလွာင္ရယ္သံေတြ၊ သလြန္း၏ ခနဲ႕သံေတြ၊ ခြန္း၏ မေက်နပ္သံေတြအျပင္ ေမြးစားအေဖနဲ႕ သူ သတ္မိတဲ့ လူေပါင္းမ်ားစြာ၊ ထို႔အျပင္ ကိုကို႔ဒယ္ဒီကိုပါ သူ သတ္မိျပန္ၿပီဆိုတဲ့ လိုက္ေျခာက္လွန႔္မႈေတြက သူ႕အား ညစဥ္ရက္ဆက္ လာဗင္ဒါအနံ႕ေတြ ရရင္ေတာင္ ျပန္အိပ္မရေတာ့တဲ့အထိ ျဖစ္လာေစခဲ့သည္။

သူ ထိုအခ်ိန္ေတြတိုင္း ေဘးမွာ ရိုင္းလ္ရွိေနခဲ့တဲ့ ညေတြကို အ႐ူးအမူး ျပန္တမ္းတေနမိခဲ့သည္။

သူ ေထာင္ထဲကေန ထြက္လာခဲ့မိတာကိုပင္ ေနာင္တရလာမိေသာ္ျငား မားမ်က္ႏွာေၾကာင့္ အၿပဳံးမပ်က္ေနခဲ့ရေလသည္။

.
.
.

ရိုင္ယန္ သူ႕ဒယ္ဒီလုပ္ရပ္ကို နားမလည္နိုင္ေတာ့တာမို႔-

"ဒယ္ဒီ အဲ့ေကာင္ေလးကို ဘာလို႔ အဲ့လိုေျခာက္ေနတာလဲ"

ရိုင္ယန္ သူ႕အား ပစ္ေပးလာသည့္ ဖိုင္တြဲကို ယူၾကည့္လိုက္ရစဥ္ အကုန္နီးပါးကို နားမလည္ေသာ္ျငား ဒါ ေရးေခတၱရာ၏ စိတ္က်န္းမာေရး မွတ္တမ္းဖိုင္ဆိုတာကိုေတာ့ သိလိုက္ရတာေၾကာင့္-

"ဒယ္ဒီ ဒါက?"

"ရိုင္းလ္ ျပန္မလြတ္ခင္ အဲ့ေကာင္ ႐ူးေသသြားလည္း ေအးတာပဲ။ အဲ့ဖိုင္ကို မင္းညီရဲ႕အခန္းထဲက ေတြ႕ခဲ့လို႔ ငါ ဆရာဝန္နဲ႕ေတာင္ ေမးၾကည့္ခဲ့ၿပီးၿပီ။ အဲ့လိုလူမ်ိဳးေတြက စိတ္ဖိစီးမႈအရမ္းမ်ားလာရင္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတတ္ၾကလို႔ အထူးဂ႐ုစိုက္ဖို႔ မွာလိုက္တယ္။ မဟုတ္လည္း အဆုံးထိ ႐ူးသြားတတ္တယ္တဲ့"

"ဒယ္ဒီ!! ရိုင္းလ္ကိုပါ ႐ူးသြားေစခ်င္တာလား"

သူ႕အေဖ သူ႕လက္ထဲက ဖိုင္ကို ျပန္သိမ္းသြားခဲ့ၿပီး-

"ရိုင္းလ္က လူတစ္ေယာက္ကို ဘယ္တုန္းကမ်ား အဲ့ေလာက္ခ်စ္နိုင္ဖူးလို႔လဲ။ ရိုင္းလ္ ျပန္ထြက္လာရင္ပဲ သူ အဲ့ေကာင္အေပၚ ဘာစိတ္မွ ရွိမွာမဟုတ္ေတာ့ဘူးဆိုတာ ဒယ္ဒီ က်ိန္းေသေျပာရဲတယ္"

ရိုင္ယန္ သက္ျပင္းသာခ်လိဳက္မိသည္။

ဒယ္ဒီက တစ္အိမ္လုံး၌ ရိုင္းလ္ကို အခ်စ္ဆုံးမို႔ ဒယ္ဒီ အခုလို သူ႕သားကို ေထာင္ထဲမွာ ျမင္ရတာ ပူေလာင္ေနတာကို နားလည္ပါ၏။

အရင္အခ်ိန္ေတြသာဆိုရင္ သူလည္း ရိုင္းလ္ကို အဲ့ေလာက္ခ်စ္တတ္မွာမဟုတ္ဟု ဒယ္ဒီ့အေပၚ တထစ္ခ် ကူေထာက္ခံေပးနိုင္မွာ ျဖစ္ေသာ္လည္း သူ႕ညီ ေရးေခတၱရာအေပၚကိုေတာ့ တကယ္ခ်စ္ေနတယ္ဆိုတာ သူ အျပည့္အဝ ယုံၾကည္မိေနေလသည္။

___________________________________________

Continue Reading

You'll Also Like

4.9K 593 30
ချိုမယ်၊ ရိုမယ်၊ ရိုးရှင်းမယ် October 2 to ..... October 16,2023 #TheSecondSchoollifeStory
40.4K 2K 26
ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]
244K 27.6K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...