Snowless Winter Dream [Comple...

Galing kay Ennia_Yawn

77.1K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... Higit pa

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 25

1.6K 79 1
Galing kay Ennia_Yawn

ထောင်ဝင်းကြီးထဲ၌ အချုပ်ကျ‌နေခဲ့ရသော ရိုင်းလ်၏ နေ့စဉ်လှုပ်ရှားနေထိုင်ရသော ဘဝက လွယ်ကူမနေဘဲ ပင်ပန်းဆင်းရဲလွန်းလှပေသည်။

အလုပ်ကြမ်းလုပ်နေရင်း ရိုင်းလ် သူ့ခါးကို ပြန်မတ်လိုက်ရပြီး ကျောနောက်ကို လက်နဲ့ အသာထုထောင်းနေမိသည်။

သူ နလန်ထူစကတည်းက ဆေးရုံတန်းဆင်းခဲ့ပြီး သေချာမနားခဲ့ဘဲ ထောင်ထဲဝင်နိုင်ဖို့ လုံးပန်းနေခဲ့ရတာမို့ သေနတ်ဒဏ်ရာအား ခွဲစိတ်ထားခဲ့ရတာတွေနဲ့ ခါးပေါ် ထုပ်တန်းပြုတ်ကျထားတဲ့ အရှိန်က အခုချိန်ထိ အကောင်းပကတိ ဖြစ်မနေသေးပေ။ ထိုအချိန်က သူ့အာရုံကြောမကြီးကို မထိခိုက်သွားတာကိုပင် ကျေးဇူးတင်နေရလေ၏။

ဆေးရုံဆင်းကတည်းက ဇောနဲ့ ပင်ပန်းခဲ့ရသမျှက အထဲရောက်ရင်တော့ စိတ်လျှော့နိုင်ပြီဟု ထင်ခဲ့မိပေမယ့် အထဲရောက်မှ တစ်ဘဝလုံး မကြုံခဲ့ရဖူးတဲ့ ပင်ပန်းဆင်းရဲဒဏ်တွေကို နဖူးတွေ့ ဒူးတွေ့ကြုံနေရပြီ။ ရိုင်းလ်ဆိုသည်မှာ အထက်တန်းလွှာမိသားစုထဲ၌ အပူအပင်မရှိစွာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေထိုင်ခဲ့ရသူ ဖြစ်တဲ့အပြင် ‌ဆေးရုံမှာလည်း သူ့အလုပ်က ဦးနှောက်ကိုသာ အဓိက သုံးခဲ့ရတာဖြစ်သည်။

အခုတော့ ထောင်ထဲ၌ အခုလို ကာယလုပ်သားဖြစ်နေရတာက သူ့အတွက် တော်တော်လေး အသားမကျဖြစ်နေသလို အကောင်းတက အကောင်းဆုံးဆိုတာတွေနဲ့သာ စားခဲ့၊ အိပ်ခဲ့ရသူမို့ ထောင်ထမင်းဟင်းတွေကိုလည်း မျိုမချနိုင်၊ ကြမ်းပြင်မှာလည်း လုံးဝမအိပ်နိုင်ပေ။

သို့သော်ငြား ခေတ္တရာကတော့ သူ့ထက် အဆပေါင်းများစွာ အပင်ပန်းခံနိုင်ပြီး ဘာနဲ့မဆို အေးအေးဆေးဆေး စားသောက်နိုင်သူ ဖြစ်နေတာကို တွေ့လိုက်ရတာကြောင့် ရိုင်းလ်စေတန် သူ ဒီထက် ပိုသန်မာဖို့ လိုအပ်ကြောင်း နားလည်လိုက်ရသည်။

သို့ပေသိ သူ အရမ်းပင်ပန်းလာရင် ထိုကောင်လေးကို တစ်ခါလောက် အဝနမ်းလိုက်ရရင်ပဲ တစ်နေ့လုံးအတွက် အားပြည့်သွားသလိုပါပင်။ 

နှင်းဖြူလုံးလေးက သူ့အတွက်တော့ ဘက်ထရီတုံးလေးအလား။

"အမြန်ပြေး၊ အမြန်ပြေးကြ၊ တော်ကြာ နေရာကောင်းမရဘဲ နေဦးမယ်"

ရိုင်းလ် အမောဖြေနေတုန်း ထောင်သားတချို့ သူ့ဘေးက တဝုန်းဝုန်း ပြေးထွက်သွားကြတာကို မြင်လိုက်ရတာကြောင့်-

"ဘာလို့ပြေးနေကြတာလဲ၊ ထောင်ထဲမှာ တစ်ခုခုဖြစ်လို့လား"

ပြေးနေသည့် ကောင်လေးတစ်ယောက် ရိုင်းလ်နား၌ ခဏရပ်လိုက်ရသည်။

"ထောင်ထဲမှာ ရန်ပွဲ ပြန်စနေပြီလေ၊ အဲ့ဒါ သွားကြည့်ကြမလို့။ အစ်ကိုရေးနဲ့ ဟိုကောင်တွေ ချနေတာ အစအဆုံး မမီတော့ဘဲ နေတော့မယ်၊ သွားပြီဗျာ"

ထိုကောင်လေး ပြေးထွက်သွားရာကနေ ရိုင်းလ်ဆီ ပြန်ပြေးလာခဲ့ကာ-

"အစ်ကိုလည်း လိုက်ကြည့်လေ၊ ကျွန်တော်တို့က လောင်းပါ လောင်းထားကြတာ။ အစ်ကိုက လူသစ်မို့ သနားလို့ ကျွန်တော် ပြောပြလိုက်မယ်၊ လောင်းမယ်ဆို အစ်ကိုရေးဖက်ကပဲ လောင်းလိုက်နော်၊ ဒီတစ်ခါလည်း သူပဲ နိုင်ဦးမှာ သေချာတယ်"

ပြောပြီးတာနဲ့ ပြေးထွက်သွားပြီမို့ ရိုင်းလ် ခေါင်းရမ်းလိုက်မိပြီး ပြုံးလိုက်မိသည်။

ခေတ္တရာကတော့ ဘယ်နေရာရောက်ရောက် ပွဲရှာနေပုံပင်။

ထို့အတွက် ရိုင်းလ်ကတော့ ထိုကောင်လေးရဲ့ လက်ရည်ကို ယုံကြည်ပြီးသားမို့ စိတ်တော့မပူမိပေမယ့် ဘားမှာတုန်းက သူ့ပေါင်ပေါ် ပစ်လဲကျလာခဲ့ဖူးသည့် ထိုကောင်လေးကို သူ လုံးဝ ဥပေက္ခာပြုထားနိုင်ခဲ့တဲ့အချိန်ကိုတော့ ပြန်သတိရသွားမိသည်။

အုန်း! ဒုန်း! ခွပ်!

"အား. . .ငါ့သွားကျိုးသွားပြီ"

"ဟာ၊ အစ်ကိုကြီးရဲ့ အံသွားကျိုးသွားတာဗျ"

ရေးခေတ္တရာ သူ့ပါးစောင်ကို လျှာနဲ့ထိုးလိုက်ရင်း ထိုလူမိုက်အုပ်စုကို မျက်ခုံးပင့်ပြလိုက်ပြီး-

"မကျေနပ်ရင် သတ္တိရှိတဲ့ကောင် ထပ်ထွက်လာခဲ့"

ထိုလူ သူ့ပါးစပ်ကနေ စီးကျနေသည့် သွေးကို လက်ခုံနဲ့ ဖိသုတ်လိုက်ပြီး ခြေထောက်ပြန်ကောင်းတာမှ မနက်က၊ အခု သွားကျိုးသွားပြန်တာအတွက် ရေးခေတ္တရာအား ဓားနဲ့ ထိုးသတ်ချင်လာမိမတတ် ပေါက်ကွဲနေပြီဖြစ်သည်။

ထို့ကြောင့် သူ့လူတွေအား-

"မင်းတို့ဘာလုပ်နေတာလဲ၊ အဲ့ကောင်ကို ပညာပြလိုက်လေ၊ ထွီ"

"ဟို. . .အစ်ကိုကြီး ဒီထဲမှာ သွားဆေးခန်းတော့ မရှိဘူးလေ။ ကျွန်တော်တို့ပါ ထမင်း မဝါးနိုင်တော့ရင်. . ."

ရိုင်းလ် ထိုရန်ပွဲကို လက်ပိုက်ကြည့်နေရင်းက‌နေ ကြိတ်ရယ်လိုက်မိသွားခဲ့သည်။

အလုအယက် ပွဲလာကြည့်ကြသည့် ထောင်သားတွေကလည်း ရေးကို ပေါ်တင် လက်ခုပ် မတီးပေးရဲပေမယ့် တိတ်တဆိတ် လက်မထောင်ပြနေကြပြီး ဂုဏ်ပြုနေကြသည်။

သို့သော်ငြား ထိုရန်ပွဲနားသို့ ထောင်စောင့်တွေ ရောက်လာလုနီးနီးချိန်၌ ရိုင်းလ်၏ ဘေးက ထောင်သားတချို့ တီးတိုးပြောနေလေသည်။

"ပွဲပြီးမှ ‌တုတ်တရမ်းရမ်းနဲ့ ရောက်လာတတ်တဲ့ ဟိုဘိုးတော်တွေ လာပြန်ပြီ၊ အစ်ကိုရေးတော့ တိုက်ပိတ်ခံရပြန်ဦးမယ်"

ရိုင်းလ်တစ်ယောက် သူ့ကောင်လေးအတွက် ဂုဏ်ယူနေမှုတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပေသည်။ လက်လွန်ရင် တိုက်ပိတ်ထားခံရမယ်ဆိုတဲ့စည်းကမ်းကို ရိုင်းလ် ခုမှ ပြန်သတိရမိသွားတာကြောင့် ထိုရန်ပွဲထဲသို့ အမြန်ဝင်ချလာလိုက်ပြီး ထိုလူမိုက်ကောင်၏ လက်ကို သူ့ခြေထောက်နဲ့ တက်နင်းထားပစ်လိုက်တော့သည်။

"အား. . .အား. . .ခွေးကောင် ငါ့လက်ကျိုးသွားမယ်ကွ! ! !"

ပွဲကြည့်နေသည့် ထောင်သားအားလုံးနဲ့အတူ မိုက်ကြေးခွဲနေသည့် ရေးပါ အလန့်တကြား ဖြစ်သွားစဉ် ထောင်စောင့်တွေ ထိုရန်ပွဲထဲ ရောက်လာခဲ့ပြီ။

"ဟေ့ကောင် ငါ မင်းကို ရန်မဖြစ်ရဘူးလို့ မှာထားတယ်မလား"

ထောင်ထဲ၌ ရန်ပွဲတစ်ခုဖြစ်လာရင် ဘယ်သူလွန်တယ်ဆိုတာအား ထောင်စောင့်တွေက အစအဆုံး စစ်မေးမနေပါ။ အလုပ်မရှိ ရန်ထိုင်ဖြစ်နေကြတဲ့ကောင်တွေပဲမို့ လက်လွန်အောင် လုပ်တဲ့သူကိုသာ အပြစ်ပေးလိုက်ပြီး အလွယ်ဖြေရှင်းလိုက်ကြသည်။

ထောင်စောင့်တွေ မျက်နှာတစ်ခုလုံး ဖူးယောင်နေသည့် လူမိုက်ကောင်ကို ငုံ့ကြည့်လိုက်ပြီး ထိုရန်ပွဲနား၌ ရေးခေတ္တရာလည်း ရှိနေတာမို့-

"ရေးခေတ္တရာ မင်းမှာ ကောင်းကောင်းမွန်မွန် နေဖို့ရော အတွေးရှိရဲ့လား၊ ဒီကောင် တော်တော် တိုက်ပိတ်ခံချင်နေတာပဲ"

ရေး ထိုထောင်စောင့်တွေကို အဖက်ကို လုပ်မနေဘဲ လှောင်ပြောင်သရော်ဟန်အပြည့်ပါဝင်နေသည့် အကြည့်တွေနဲ့သာ လူမိုက်ကောင်တွေကို လိုက်ကြည့်နေမိသည်။

ထို့‌ကြောင့် ရိုင်းလ် ခေါင်းကြိမ်းသွားရ၏။

"အစအဆုံး ကျွန်တော်ပဲလုပ်တာ၊ သူ မဟုတ်ဘူး"

"ဘာ၊ မင်း အချိုးပြေပြေနေပါ့မယ်လို့ ပြောသွားတာ ဘယ်နှစ်ရက် ရှိသေးလို့လဲ၊ ခေါ်သွားတော့၊ ဒီကောင့်ကို မှတ်လောက်သားလောက်အောင် ဒီည တိုက်ပိတ်ထားလိုက်ကြ"

ရေးရော လူမိုက်ကောင်တွေပါ ထောင်စောင့်တွေ လူမှားဖမ်းနေပြီဖြစ်ကြောင်း ပြောဖို့ပြင်လိုက်သော်ငြား ရိုင်းလ်၏ အကြည့်စူးစူးတွေကြောင့် အားလုံးခေါင်းပြန်ငုံ့သွားကြရစဉ် ထောင်စောင့်တွေကလည်း ‌ရိုင်းလ်အား ခေါ်ထုတ်သွားပြီဖြစ်သည်။

လူမိုက်ခေါင်းဆောင်သိပ်ဖြစ်ချင်နေသည့် မုဒိမ်းကောင်ကိုလည်း ဆေးပေးခန်း ခေါ်သွားကြလေသည်။

-----------------------

တစ်ညတာ တိုက်ပိတ်ခံရပြီးချိန်၌ ကိုကိုပြန်ထွက်လာရပြီမို့ ရေး ကိုကို့နား အပြေးရောက်လာခဲ့သည်။

"ကိုကို့အတွက် ကျွန်တော် ထမင်းသွားယူထားပေးပြီးပြီ၊ ဗိုက်ဆာနေပြီမလား၊ သွားစားရအောင်"

မျက်နှာရှစ်ခေါက်ချိုးဖြစ်နေသည့် ရိုင်းလ်ကို ထမင်းစားဆောင်ထဲသို့ ရေး ဆွဲခေါ်လာခဲ့ရသည်။

"နောက်ဆို အဲ့လိုမလုပ်ပါနဲ့၊ ကျွန်တော် စိတ်မကောင်းလို့ တစ်ညလုံး အိပ်လို့တောင် မရဘူး"

ထမင်းသိပ်မဝါးနိုင်ရှာတော့သည့် လူမိုက်ဝိုင်းက လူတွေ ရေးတို့ဝိုင်းကို ဝါးစားမတတ် စိုက်ကြည့်လာပြန်သည်။

ရိုင်းလ်စေတန် စိတ်မကြည်ဖြစ်နေခဲ့တာမို့ ထမင်းပန်းကန်ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်က ခေတ္တရာကိုသာ ထိုင်ကြည့်နေရင်း-

"မင်း ခဏခဏ တိုက်ပိတ်ခံရတာလား"

"သုံးကြိမ်ပဲ ရှိသေးတာပါ"

"ဟ. . .တစ်လခွဲအတွင်းမှာ သုံးကြိမ်တောင် ရှိပြီဆိုတာ လူကြားလို့တောင် ကောင်းရဲ့လား"

ထမင်းစားဖို့ပြင်နေသည့် ရေး၏ မျက်လုံးတွေ ထိုလူ့၏ အသံမာမာကြောင့် ဝိုင်းသွားရသည်။

ရိုင်းလ် တိုက်ပိတ်ခံရပြီးပြီမို့ တိုက်ပိတ်အကျဉ်းချခံထားရတာက ဘယ်လောက်ဆိုးလည်း ကိုယ်တိုင်မျက်မြင်ဖြစ်ခဲ့ရသည်။ အမှောင်ခန်းထဲမှာ လူတစ်ကိုယ်စာ လှဲရုံလောက်သာ အကျယ်အဝန်းရှိသော၊ အခန်းဟုပင် မဆိုနိုင်သည့် နေရာ၌ ရေမသောက်ရ၊ အစားမစားရ အပိတ်ခံထားရတာဖြစ်သည်။ ယုတ်စွအဆုံး အပေါ့အလေးစွန့်ဖို့ပင် ခွက်သာ ထားပေးထားသည်။ ထိုအခန်းထဲ၌ အကောင်ဗလောင်တွေ သူ့ဘေးက နံရံမှာ တွယ်တက်သွားလာနေတာကိုလည်း အဆိပ်ရှိ အကောင်ဟုတ်မဟုတ်ပင် သေချာ သဲသဲကွဲကွဲ မမြင်ရ။

ရိုင်းလ် တစ်ညလုံး ပိတ်ထားခံလိုက်ရချိန်၌ သူ့အတွက်မဟုတ်ဘဲ ခေတ္တရာအစား သွေးပျက်သွားမိခြင်းပင်။

"ကိုယ် ပြောတာ သေချာနားထောင်၊ ကိုယ် မင်း ဘယ်လောက်ဆိုးဆိုး ဘယ်လောက်သောင်းကျန်းကျန်း ချစ်တယ်။ ဒါပေမဲ့ မင်း အဲ့လောက် လက်ရဲဇက်ရဲဖြစ်နေတာတော့ လျှော့သင့်ပြီ။ သူတို့အနိုင်ကျင့်တာကို ငုံ့ခံဖို့ ပြောနေတာမဟုတ်ဘူး၊ ရန်ပွဲဖြစ်လာရင် ကိုယ့်ဖက်က safe zone ဖြစ်ဖို့လည်း ဂရုစိုက်ရမယ်လေ။

ကိုယ် ပုဂံမှာ ပြောခဲ့တာ မှတ်မိလား၊ ထွက်ပြေးတိုင်း ငကြောက်မဟုတ်သလို ထထဖြဲတိုင်းလည်း သူရဲကောင်း မဟုတ်ဘူး။ တန်လို့လား၊ တန်တယ်ထင်မှ ရန်ပွဲတစ်ခုကို ဖန်တီးစမ်းပါကွာ"

"သူတို့ ဘယ်လောက်ဆိုးလဲ မင်း သိလို့လား"

"သူတို့ဘယ်လောက်ဆိုးဆိုး ကိုယ် စိတ်မဝင်စားဘူး၊ နောက်ဆုံးမှာ လက်လွန်မိတဲ့သူကပဲ အဲ့ထဲသွားရမယ်ဆိုတာ စိတ်ဝင်စားတယ်။ မင်း ‌လက်လွန်ပြီးတိုင်း ကိုယ် အခုလို ဝင်ပေးလို့ရမယ်ဆိုရင်တော့ စိတ်ကြိုက်လုပ်။ ထောင်ကြီးက အကျယ်ကြီး‌‌လေ၊ မတော်တဆ ကိုယ် မသိလိုက်တဲ့ ပွဲတွေဆို ဘယ်လိုလုပ်မလဲ"

ရိုင်းလ် လေသံပြန်လျှော့လိုက်ရကာ ခန္ဓာကိုယ်ကို အနည်းငယ် ကုန်းလိုက်ရပြီး တခြားဝိုင်းတွေ မကြားရအောင် ‌အသံနှိမ့်ပြောရသည်။

"အဲ့ထဲ ခဏခဏဝင်နေရရင် မင်းရဲ့ စိတ်ကျန်းမာရေး ထိခိုက်လာလိမ့်မယ်"

ရိုင်းလ် ထိုကောင်လေး၏ စိတ်ကျန်းမာရေး အခြေအနေ မှတ်တမ်းဖိုင်ကိုပင် ကြည့်ခဲ့ပြီးပြီဖြစ်သည်။ ရေး၏ အခြေအနေက ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်မှုကြားနဲ့ သူ့ပါးစပ်ကို အလွန်ထိန်းချုပ်ခဲ့သည့်ကြားက အစွန်းနှစ်ဖက် ဖြစ်ခဲ့ရတဲ့အပြင် ကြောက်စိတ်တွေ၊ အတွင်းနက်နက်ထိ စိုက်ဝင်နေပြီဖြစ်တဲ့ စိတ်ဒဏ်ရာတွေကြောင့် ကုသမှုမြန်ခဲ့လို့သာ အခုလို အကောင်းပကတိ ရှိ‌သော်ငြား လွတ်လွတ်ထွက်သွားသည့် အချိန်တွေလည်း ရှိနေဆဲပင်။ ထိုအချက်ကို သျှိုင်းစက်မာန်က အမိအရ အသုံးချနိုင်ခဲ့တာကို ရိုင်းလ် နားလည်ခဲ့ရသည်။

"အဲ့ဒါ ဘာဖြစ်တာလဲ၊ စိတ်ဆိုးသွားတာလား"

ရေး သူ့ပန်းကန်ထဲမှ ဟင်း‌တွေကို ခက်ရင်းနဲ့ တဝုန်းဝုန်း ထိုးစိုက်နေပြီဖြစ်သည်။

ဒီလူက သူ့ကို လာအော်နေတယ် ! ! ! 

"ဟေ့. . .ကိုယ်ပြောတာ မင်းကို စိုးရိမ်. . ."

ဝုန်း!

ရေး ထိုဝိုင်းကနေ စိတ်ဆိုးပြီး ထထွက်သွားပြီဖြစ်သည်။

ခေတ္တရာ စိတ်ကောက်သွားတာကို ရိုင်းလ် သိလိုက်တာမို့ ထိုကောင်လေး သူ‌ ပြောတာတွေကို နားလည်မှု လွဲသွားတာလားပဲ။ ခေတ္တရာက ငယ်ငယ်ကတည်းက ဘယ်သူ့ဆိုဆုံးမမှုမှ ကောင်းကောင်းမခံရဘဲ ကြီးပြင်းလာခဲ့တဲ့ ကလေးမို့ အစ်ကိုတစ်ယောက်အနေနဲ့လည်း သူ ထိန်းကျောင်းပေးရမယ့် တာဝန်ရှိနေသည်။ ဒီပုံအတိုင်းသာ ဆက်လွှတ်ပေးထားလိုက်ရင် ဒီကောင်လေး ရောက်ရာအရပ် ရန်ဝိုင်းနေမှာ မြင်ယောင်ပါ၏။

တစ်ဖက်ဝိုင်း၌လည်း ဆန်ပြုတ်ပဲ စားနေရသည့် အစ်ကိုကြီးအား-

"မ‌နေ့က ဆေးပေးခန်းမှာ ကျွန်တော် ကြားခဲ့တာ ရှိတယ် အစ်ကိုကြီး၊ အဲ့ကောင်က ဆရာဝန်တဲ့၊ ဒါပေမဲ့ ဟက်. . .အခြောက်တဲ့"

"ထွီ! တကယ်လား၊ ရွံစရာကောင်ပဲကွာ"

"အဲ့ဒါပြောတာ၊ ဒီထဲက ကောင်လေးချောချောလေးတွေအတွက်တော့ ရင်လေးစရာပဲ။ ဟုတ်မဟုတ်တော့ သေချာမသိဘူး၊ အပြင်မှာ စားဘဲကြီးလို့တော့ ကြားခဲ့တာပဲ"

"အခုလည်း အဲ့ဒါကြောင့် အဲ့ကောင် ရေးခေတ္တရာကို လိုက်ကြောင်နေတာလားမှ မသိတာ။ အဲ့လိုကောင်ဆိုရင်တော့ ဝေါ့ပဲ။ ငါတို့ဖက် ခေါ်မသွင်းလာနဲ့တော့"

နားပါးလွန်းသည့် ရိုင်းလ်တစ်ယောက် သူ့ခပ်လှမ်းလှမ်းက စကားတွေကို ကြားလိုက်ရတာကြောင့် ထရပ်လိုက်တော့သည်။ ထိုကောင်တွေ သူ မကြားကြားအောင် တမင်ပြောပြီး ရန်စနေမှန်း ရိုင်းလ် သိသည်။

အဖြောင့်ကောင်တွေ သူ့ကို ထိုကဲ့သို့ ပြောတာအား ခဏခဏခံဖူးနေကျမို့ စိတ်ထဲ ဘယ်လိုမှမနေ။ ထို့အပြင် သူ့ဖက်က အရင် ထဖြဲရတာမျိုးလည်း ဝါသနာမပါတာမို့ ထမင်းစားဆောင်ထဲက ထထွက်လာခဲ့လိုက်တော့သည်။

သူ့လက်ကို တက်နင်းသွားခဲ့သည့် လူသစ်ကောင်ကလည်း အကြောတင်းဆိုတာကို ထိုခေါင်းဆောင် သိလိုက်ရတာကြောင့်-

"ဒီကောင်လေးတွေကတော့ ဒါကိုများ အဆန်းလုပ်နေကြတယ်။ ရေးခေတ္တရာကိုရော အဖြောင့်လို့များ မင်းတို့ ထင်နေကြတာလား။ သူ ရေချိုးရင် ဘယ်တော့မှ တစ်ကိုယ်လုံး ချွတ်မချိုးရဲတာ မမြင်ဘူးလား။ ဟက်. . .gay ဆိုးလေးတွေကို ဒီကိုကြီးက ပညာပြမှဖြစ်တော့မယ်"

အံသွားကျွတ်ထားတာတောင် ဇွဲမလျှော့နိုင်သေးသည့် သူတို့ကိုကြီးအတွက် မြှောက်ပေးရုံမှတပါး အခြားမရှိပါပေ။

----------------------

ရိုင်းလ်တစ်ယောက် ချစ်သူကို ချော့ရတဲ့အလုပ်က အဲ့လောက် ခက်ခဲမှန်း အခုမှ သိတော့သည်။

ခေတ္တရာက သူ့ကို အကပ်တောင် မခံတော့တဲ့အထိ စိတ်ဆိုးနေတာကြောင့် ကစားကွင်းနား၌ နှစ်ယောက်သား လုံးထွေးနေကြရပြီဖြစ်သည်။

"မင်း ငါ့အပေါ်က ဖယ်လိုက်နော်၊ ထွက်သွား၊ ငါ့ကို အသံမာမာနဲ့ လာမပြောနဲ့။ မကြိုက်ဘူး! ! !"

ကစားကွင်းထဲမှာ ရှိနေတဲ့ ထောင်သားတချို့ကတော့ ထိုနှစ်ယောက် ရန်ဖြစ်နေကြသည်ဟုပဲ ထင်နေတာမို့ ထကြည့်ရမလို၊ ထောင်စောင့်တွေကို ပြေးခေါ်ရမလို။

"ဟ. . .အစ်ကိုရိုင်းလ်က အစ်ကိုရေးရဲ့ လည်ပင်းကို ကိုက်ဆွဲနေပြီ"

ရေးခမျာ လူမြင်ကွင်းမှာ မြေကြီးပေါ်၌ အခုလို မတော်တရော် အဖိခံထားရတဲ့အပြင် လည်ပင်းကိုပါ အမှတ်ပေးဖို့ ကြိုးစားနေတဲ့ ကပြားကောင်ကြောင့် အရှက်ကွဲနေရပြီ။ ထို့ကြောင့် ထိုကောင့်ခါးကို ဖက်တွယ်လိုက်ပြီး အပေါ်အောက် လူချင်းလဲလိုက်ရင်း ကပြားကောင်ပေါ် တက်ခွထားလိုက်နိုင်တာနဲ့ တပြိုင်နက် ထိုလူ့လည်ပင်းကို ရေး ပြန်ကိုက်ဖောက်နေမိပြီဖြစ်သည်။

ထောင်သားလေးတွေခမျာ ဒီနှစ်ယောက် ရန်ဖြစ်ပုံက အရင်ပွဲတွေနဲ့ သိပ်မတူဟု ခံစားမိသွားကြသည်။ ထို့အပြင် လက်သီးလည်း မသုံးကြဘဲနဲ့ မြေကြီးပေါ်၌သာ အပေါ်အောက် လူးလှိမ့်နေကြသည့် ထိုနှစ်ယောက်ရန်ပွဲက ပျင်းဖို့ကောင်းတာကြောင့် စိတ်မဝင်စားကြတော့ဘဲ စာအုပ်သာ ပြန်ထိုင်ဖတ်နေကြတော့သည်။

ရိုင်းလ်စေတန် ထိုကောင်လေးကို သူ့အောက်ပြန်ပို့လိုက်ရင်း ရန်လို‌နေတဲ့ကောင်လေးကို အတင်းအကျပ် တက်ဖိထားရတော့သည်။

"စေတန်လို‌ကောင်! မင်း ဘယ်လိုဖြစ်လို့ လူမြင်ကွင်းမှာ အကြမ်းဖက်ဖို့ ကြိုးစားနေတာလဲ"

"ကိုယ် မှားသွားပါတယ်ဆို၊ စိတ်မဆိုးပါနဲ့ကွာ၊ နောက်ဆို အသံမာမာ မပြောတော့ပါဘူး"

". . . ."

"ဟေ့. .ဘာလို့ အဲ့လောက် ရုန်း‌နေတာလဲ။ စိတ်မပူနဲ့၊ ကိုယ့်ခါး သိပ်မကောင်းသေးလို့ မင်းကို တခြား ဘာမှမလုပ်နိုင်သေးဘူး"

"ဒီကောင်တော့! ထောင်ထဲမှာကိုရော ဘာလုပ်ချင်သေးလို့လဲ။ နတ်ဆိုးကောင် ငါ့အပေါ်က ဖယ်ပေးဆို။ အရှေ့က ကောင်လေးတွေကိုရော မင်း အဲ့လို အသံမာဖူးလား၊ သူတို့ စိတ်ဆိုးသွားရင်ရော ဒီလို တက်ဖိပြီး ချော့တာပဲလား"

ရိုင်းလ်တစ်ယောက် သူ့အောက်က ကောင်လေးကို တကယ်အူယားနေပြီမို့ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်ပြီးတာနဲ့ သူတို့ကို ဘယ်သူမှ ကြည့်မနေဘူးဆိုတာ သေချာမှ ထိုကောင်လေး၏ ပါးနှစ်ဖက်နဲ့ နဖူးကို အားနဲ့ နမ်းရှိုက်လိုက်မိသည်။

ကောင်းကင်ပြာအောက်က အခုလို လူမြင်ကွင်းကြီးထဲမှာ အနမ်းခံနေရတဲ့ ရေးတစ်ယောက် ကြက်သေသေသွားရသည်။

သူ စိတ်ကောက်နေတာ မဟုတ်သလို စိတ်ဆိုးနေတာလည်း မဟုတ်ပါပေ။ သူ ဘယ်သူ့အပေါ်ကိုမှ ယုတ်စွအဆုံး မားအပေါ်ကိုတောင် ဂျီမကျခဲ့ရဖူးတာမို့ ထိုလူ့အပေါ်ကို ဆိုးလို့ရမရ သိချင်နေတာဖြစ်သည်။ သူ သိချင်လို့၊ ဒီလူ သူ့ကို စိတ်ရှည်နိုင်ရဲ့လား သိချင်မိလို့။ ခွန်းကို အရမ်းချစ်ပုံရတဲ့ ဒီအမျိုးသားက ခွန်းကို အလွန်မုန်းတီးခဲ့မိတဲ့ သူ့အပေါ် ဘာလို့ အခုလောက် ကောင်းပေးနေရတာလည်းဆိုတာ နားမလည်နိုင်လို့။

"ကိုယ် မင်းနဲ့ရှိနေရလို့ထင်တယ်၊ ထောင်ထဲကလည်း နေပျော်စရာလိုပဲ။ ကိုယ်တို့ ဒီထဲမှာ တူတူကြီးပြင်းသွားကြမယ်၊ အပြင်ရောက်တာနဲ့ လက်ထပ်ကြမယ်၊ မင်္ဂလာပွဲကို ပုဂံမှာလုပ်ကြမယ်။ အဲ့အချိန်တွေထိ ကိုယ်က ကိုယ့်ကောင်လေးကို စိတ်ရောလူပါ ကျန်းကျန်းမာမာရှိနေတာမျိုးပဲ ဖြစ်စေချင်လို့ပါ"

ခေတ္တရာ ခေါင်းညိတ်ပြလာတာမို့ ထိုကောင်လေး ကိုယ်ပေါ်က ဖယ်ပေးလိုက်ရတော့သည်။ ရိုင်းလ်က မြန်မာသွေးပါ‌ပေမယ့် အလွန့်အလွန်ကိုမှ အနောက်တိုင်းဆန်သူမို့ လူမြင်ကွင်းမှာ ခုလို ပြုမူရတာမျိုးကို နည်းနည်းမှ ရှက်တတ်တဲ့သူမျိုး မဟုတ်ပေ။

သို့သော်ငြား ခေတ္တရာကို စချစ်မိကတည်းက သူ့အမူအကျင့်တွေကို အရှေ့တိုင်းက ကောင်လေးအတွက် သတိထားနေရတာဖြစ်သည်။

ထို့အပြင် သူ အနေအထိုင် မဆင်ခြင်မိလို့ ခေတ္တရာကိုပါ အဖြောင့်မဟုတ်မှန်း ဒီထဲကလူ‌တွေ သိသွားကြရင် တခြားကောင်တွေ ခေတ္တရာကို လက်တည့်စမ်းလာတာမျိုး ဖြစ်မှာလည်း စိုးရိမ်တာမို့ ပါးလေးနမ်းဖို့ပင် ရိုင်းလ် ပတ်ဝန်းကျင်ကို အရင်အကဲခတ်ပြီးမှ နမ်းရတဲ့အထိ သတိကပ်ထားရတာဖြစ်သည်။ 

ဖြစ်နိုင်ရင်တော့ ထောင်ကြမ်းပြင်က အေးစက်လွန်းတာမို့ သူ့အိပ်ရာနွေးအောင် ထိုကောင်လေးကို ညတိုင်း ခေါ်အိပ်ပစ်ချင်စိတ်တွေက ထိန်းမရပေ။

"အလုပ်ကြမ်းလုပ်ရမယ့် အချိန်ရောက်နေပြီ၊ သွားပြီ၊ ပြီးမှ တွေ့တာပေါ့"

ရေး ကိုကို့ကို နှုတ်ဆက်ခဲ့လိုက်ရတော့ကာ သူတို့အလုပ်လုပ်ရသည့်နေရာက ထောင်ဝင်းရဲ့တစ်နေရာစီမှာမို့ တစ်လမ်းစီ ထွက်လာခဲ့ရပြီး အားလုံးလုပ်ပြီးသွားချိန်၌ သူ့ရှေ့ပိတ်ရပ်လာသည့် သူ့အခန်းဖော်ကောင်လေးကို တွေ့လိုက်ရသည်။

"အစ်ကိုရေးကို အစ်ကိုရိုင်းလ်က ခေါ်ခိုင်းလိုက်လို့"

"သူက ဘာလို့လဲ"

"အဲ့ဒါတော့ မသိဘူးဗျ၊ ကစားကွင်းရဲ့ အနောက်ဖက်ထဲကို အစ်ကိုရေး တစ်ယောက်တည်းပဲ လာခဲ့ဖို့ ပြောခိုင်းလိုက်လို့။ ဒါဆို သွားပြီနော်"

ရေး ခေါင်းညိတ်ပြလိုက်ရကာ ကစားကွင်းအနောက်ဖက်က လူပြတ်သည့်နေရာမို့ ထိုနေရာကို သူ့အား ကိုကိုက ဘာလို့ခေါ်တာပါလိမ့်ဟူသည့်အတွေးဖြင့် ထိုနေရာဆီသို့ ရေး ထွက်လာခဲ့ရသည်။

___________________________________________

[Zawgyi]

ေထာင္ဝင္းႀကီးထဲ၌ အခ်ဳပ္က်‌ေနခဲ့ရေသာ ရိုင္းလ္၏ ေန႕စဥ္လႈပ္ရွားေနထိုင္ရေသာ ဘဝက လြယ္ကူမေနဘဲ ပင္ပန္းဆင္းရဲလြန္းလွေပသည္။

အလုပ္ၾကမ္းလုပ္ေနရင္း ရိုင္းလ္ သူ႕ခါးကို ျပန္မတ္လိုက္ရၿပီး ေက်ာေနာက္ကို လက္နဲ႕ အသာထုေထာင္းေနမိသည္။

သူ နလန္ထူစကတည္းက ေဆး႐ုံတန္းဆင္းခဲ့ၿပီး ေသခ်ာမနားခဲ့ဘဲ ေထာင္ထဲဝင္နိုင္ဖို႔ လုံးပန္းေနခဲ့ရတာမို႔ ေသနတ္ဒဏ္ရာအား ခြဲစိတ္ထားခဲ့ရတာေတြနဲ႕ ခါးေပၚ ထုပ္တန္းျပဳတ္က်ထားတဲ့ အရွိန္က အခုခ်ိန္ထိ အေကာင္းပကတိ ျဖစ္မေနေသးေပ။ ထိုအခ်ိန္က သူ႕အာ႐ုံေၾကာမႀကီးကို မထိခိုက္သြားတာကိုပင္ ေက်းဇူးတင္ေနရေလ၏။

ေဆး႐ုံဆင္းကတည္းက ေဇာနဲ႕ ပင္ပန္းခဲ့ရသမွ်က အထဲေရာက္ရင္ေတာ့ စိတ္ေလွ်ာ့နိုင္ၿပီဟု ထင္ခဲ့မိေပမယ့္ အထဲေရာက္မွ တစ္ဘဝလုံး မႀကဳံခဲ့ရဖူးတဲ့ ပင္ပန္းဆင္းရဲဒဏ္ေတြကို နဖူးေတြ႕ ဒူးေတြ႕ႀကဳံေနရၿပီ။ ရိုင္းလ္ဆိုသည္မွာ အထက္တန္းလႊာမိသားစုထဲ၌ အပူအပင္မရွိစြာ ေျခေမြးမီးမေလာင္ လက္ေမြးမီးမေလာင္ ေနထိုင္ခဲ့ရသူ ျဖစ္တဲ့အျပင္ ‌ေဆး႐ုံမွာလည္း သူ႕အလုပ္က ဦးေႏွာက္ကိုသာ အဓိက သုံးခဲ့ရတာျဖစ္သည္။

အခုေတာ့ ေထာင္ထဲ၌ အခုလို ကာယလုပ္သားျဖစ္ေနရတာက သူ႕အတြက္ ေတာ္ေတာ္ေလး အသားမက်ျဖစ္ေနသလို အေကာင္းတက အေကာင္းဆုံးဆိုတာေတြနဲ႕သာ စားခဲ့၊ အိပ္ခဲ့ရသူမို႔ ေထာင္ထမင္းဟင္းေတြကိုလည္း မ်ိဳမခ်နိဳင္၊ ၾကမ္းျပင္မွာလည္း လုံးဝမအိပ္နိုင္ေပ။

သို႔ေသာ္ျငား ေခတၱရာကေတာ့ သူ႕ထက္ အဆေပါင္းမ်ားစြာ အပင္ပန္းခံနိုင္ၿပီး ဘာနဲ႕မဆို ေအးေအးေဆးေဆး စားေသာက္နိုင္သူ ျဖစ္ေနတာကို ေတြ႕လိုက္ရတာေၾကာင့္ ရိုင္းလ္ေစတန္ သူ ဒီထက္ ပိုသန္မာဖို႔ လိုအပ္ေၾကာင္း နားလည္လိုက္ရသည္။

သို႔ေပသိ သူ အရမ္းပင္ပန္းလာရင္ ထိုေကာင္ေလးကို တစ္ခါေလာက္ အဝနမ္းလိုက္ရရင္ပဲ တစ္ေန႕လုံးအတြက္ အားျပည့္သြားသလိုပါပင္။ 

ႏွင္းျဖဴလုံးေလးက သူ႕အတြက္ေတာ့ ဘက္ထရီတုံးေလးအလား။

"အျမန္ေျပး၊ အျမန္ေျပးၾက၊ ေတာ္ၾကာ ေနရာေကာင္းမရဘဲ ေနဦးမယ္"

ရိုင္းလ္ အေမာေျဖေနတုန္း ေထာင္သားတခ်ိဳ႕ သူ႕ေဘးက တဝုန္းဝုန္း ေျပးထြက္သြားၾကတာကို ျမင္လိုက္ရတာေၾကာင့္-

"ဘာလို႔ေျပးေနၾကတာလဲ၊ ေထာင္ထဲမွာ တစ္ခုခုျဖစ္လို႔လား"

ေျပးေနသည့္ ေကာင္ေလးတစ္ေယာက္ ရိုင္းလ္နား၌ ခဏရပ္လိုက္ရသည္။

"ေထာင္ထဲမွာ ရန္ပြဲ ျပန္စေနၿပီေလ၊ အဲ့ဒါ သြားၾကည့္ၾကမလို႔။ အစ္ကိုေရးနဲ႕ ဟိုေကာင္ေတြ ခ်ေနတာ အစအဆုံး မမီေတာ့ဘဲ ေနေတာ့မယ္၊ သြားၿပီဗ်ာ"

ထိုေကာင္ေလး ေျပးထြက္သြားရာကေန ရိုင္းလ္ဆီ ျပန္ေျပးလာခဲ့ကာ-

"အစ္ကိုလည္း လိုက္ၾကည့္ေလ၊ ကြၽန္ေတာ္တို႔က ေလာင္းပါ ေလာင္းထားၾကတာ။ အစ္ကိုက လူသစ္မို႔ သနားလို႔ ကြၽန္ေတာ္ ေျပာျပလိုက္မယ္၊ ေလာင္းမယ္ဆို အစ္ကိုေရးဖက္ကပဲ ေလာင္းလိုက္ေနာ္၊ ဒီတစ္ခါလည္း သူပဲ နိုင္ဦးမွာ ေသခ်ာတယ္"

ေျပာၿပီးတာနဲ႕ ေျပးထြက္သြားၿပီမို႔ ရိုင္းလ္ ေခါင္းရမ္းလိုက္မိၿပီး ၿပဳံးလိုက္မိသည္။

ေခတၱရာကေတာ့ ဘယ္ေနရာေရာက္ေရာက္ ပြဲရွာေနပုံပင္။

ထို႔အတြက္ ရိုင္းလ္ကေတာ့ ထိုေကာင္ေလးရဲ႕ လက္ရည္ကို ယုံၾကည္ၿပီးသားမို႔ စိတ္ေတာ့မပူမိေပမယ့္ ဘားမွာတုန္းက သူ႕ေပါင္ေပၚ ပစ္လဲက်လာခဲ့ဖူးသည့္ ထိုေကာင္ေလးကို သူ လုံးဝ ဥေပကၡာျပဳထားနိုင္ခဲ့တဲ့အခ်ိန္ကိုေတာ့ ျပန္သတိရသြားမိသည္။

အုန္း! ဒုန္း! ခြပ္!

"အား. . .ငါ့သြားက်ိဳးသြားၿပီ"

"ဟာ၊ အစ္ကိုႀကီးရဲ႕ အံသြားက်ိဳးသြားတာဗ်"

ေရးေခတၱရာ သူ႕ပါးေစာင္ကို လွ်ာနဲ႕ထိုးလိုက္ရင္း ထိုလူမိုက္အုပ္စုကို မ်က္ခုံးပင့္ျပလိုက္ၿပီး-

"မေက်နပ္ရင္ သတၱိရွိတဲ့ေကာင္ ထပ္ထြက္လာခဲ့"

ထိုလူ သူ႕ပါးစပ္ကေန စီးက်ေနသည့္ ေသြးကို လက္ခုံနဲ႕ ဖိသုတ္လိုက္ၿပီး ေျခေထာက္ျပန္ေကာင္းတာမွ မနက္က၊ အခု သြားက်ိဳးသြားျပန္တာအတြက္ ေရးေခတၱရာအား ဓားနဲ႕ ထိုးသတ္ခ်င္လာမိမတတ္ ေပါက္ကြဲေနၿပီျဖစ္သည္။

ထို႔ေၾကာင့္ သူ႕လူေတြအား-

"မင္းတို႔ဘာလုပ္ေနတာလဲ၊ အဲ့ေကာင္ကို ပညာျပလိုက္ေလ၊ ထြီ"

"ဟို. . .အစ္ကိုႀကီး ဒီထဲမွာ သြားေဆးခန္းေတာ့ မရွိဘူးေလ။ ကြၽန္ေတာ္တို႔ပါ ထမင္း မဝါးနိုင္ေတာ့ရင္. . ."

ရိုင္းလ္ ထိုရန္ပြဲကို လက္ပိုက္ၾကည့္ေနရင္းက‌ေန ႀကိတ္ရယ္လိုက္မိသြားခဲ့သည္။

အလုအယက္ ပြဲလာၾကည့္ၾကသည့္ ေထာင္သားေတြကလည္း ေရးကို ေပၚတင္ လက္ခုပ္ မတီးေပးရဲေပမယ့္ တိတ္တဆိတ္ လက္မေထာင္ျပေနၾကၿပီး ဂုဏ္ျပဳေနၾကသည္။

သို႔ေသာ္ျငား ထိုရန္ပြဲနားသို႔ ေထာင္ေစာင့္ေတြ ေရာက္လာလုနီးနီးခ်ိန္၌ ရိုင္းလ္၏ ေဘးက ေထာင္သားတခ်ိဳ႕ တီးတိုးေျပာေနေလသည္။

"ပြဲၿပီးမွ ‌တုတ္တရမ္းရမ္းနဲ႕ ေရာက္လာတတ္တဲ့ ဟိုဘိုးေတာ္ေတြ လာျပန္ၿပီ၊ အစ္ကိုေရးေတာ့ တိုက္ပိတ္ခံရျပန္ဦးမယ္"

ရိုင္းလ္တစ္ေယာက္ သူ႕ေကာင္ေလးအတြက္ ဂုဏ္ယူေနမႈေတြ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ျဖစ္သြားေပသည္။ လက္လြန္ရင္ တိုက္ပိတ္ထားခံရမယ္ဆိုတဲ့စည္းကမ္းကို ရိုင္းလ္ ခုမွ ျပန္သတိရမိသြားတာေၾကာင့္ ထိုရန္ပြဲထဲသို႔ အျမန္ဝင္ခ်လာလိုက္ၿပီး ထိုလူမိုက္ေကာင္၏ လက္ကို သူ႕ေျခေထာက္နဲ႕ တက္နင္းထားပစ္လိုက္ေတာ့သည္။

"အား. . .အား. . .ေခြးေကာင္ ငါ့လက္က်ိဳးသြားမယ္ကြ! ! !"

ပြဲၾကည့္ေနသည့္ ေထာင္သားအားလုံးနဲ႕အတူ မိုက္ေၾကးခြဲေနသည့္ ေရးပါ အလန႔္တၾကား ျဖစ္သြားစဥ္ ေထာင္ေစာင့္ေတြ ထိုရန္ပြဲထဲ ေရာက္လာခဲ့ၿပီ။

"ေဟ့ေကာင္ ငါ မင္းကို ရန္မျဖစ္ရဘူးလို႔ မွာထားတယ္မလား"

ေထာင္ထဲ၌ ရန္ပြဲတစ္ခုျဖစ္လာရင္ ဘယ္သူလြန္တယ္ဆိုတာအား ေထာင္ေစာင့္ေတြက အစအဆုံး စစ္ေမးမေနပါ။ အလုပ္မရွိ ရန္ထိုင္ျဖစ္ေနၾကတဲ့ေကာင္ေတြပဲမို႔ လက္လြန္ေအာင္ လုပ္တဲ့သူကိုသာ အျပစ္ေပးလိုက္ၿပီး အလြယ္ေျဖရွင္းလိုက္ၾကသည္။

ေထာင္ေစာင့္ေတြ မ်က္ႏွာတစ္ခုလုံး ဖူးေယာင္ေနသည့္ လူမိုက္ေကာင္ကို ငုံ႕ၾကည့္လိုက္ၿပီး ထိုရန္ပြဲနား၌ ေရးေခတၱရာလည္း ရွိေနတာမို႔-

"ေရးေခတၱရာ မင္းမွာ ေကာင္းေကာင္းမြန္မြန္ ေနဖို႔ေရာ အေတြးရွိရဲ႕လား၊ ဒီေကာင္ ေတာ္ေတာ္ တိုက္ပိတ္ခံခ်င္ေနတာပဲ"

ေရး ထိုေထာင္ေစာင့္ေတြကို အဖက္ကို လုပ္မေနဘဲ ေလွာင္ေျပာင္သေရာ္ဟန္အျပည့္ပါဝင္ေနသည့္ အၾကည့္ေတြနဲ႕သာ လူမိုက္ေကာင္ေတြကို လိုက္ၾကည့္ေနမိသည္။

ထို႔‌ေၾကာင့္ ရိုင္းလ္ ေခါင္းႀကိမ္းသြားရ၏။

"အစအဆုံး ကြၽန္ေတာ္ပဲလုပ္တာ၊ သူ မဟုတ္ဘူး"

"ဘာ၊ မင္း အခ်ိဳးေျပေျပေနပါ့မယ္လို႔ ေျပာသြားတာ ဘယ္ႏွစ္ရက္ ရွိေသးလို႔လဲ၊ ေခၚသြားေတာ့၊ ဒီေကာင့္ကို မွတ္ေလာက္သားေလာက္ေအာင္ ဒီည တိုက္ပိတ္ထားလိုက္ၾက"

ေရးေရာ လူမိုက္ေကာင္ေတြပါ ေထာင္ေစာင့္ေတြ လူမွားဖမ္းေနၿပီျဖစ္ေၾကာင္း ေျပာဖို႔ျပင္လိုက္ေသာ္ျငား ရိုင္းလ္၏ အၾကည့္စူးစူးေတြေၾကာင့္ အားလုံးေခါင္းျပန္ငုံ႕သြားၾကရစဥ္ ေထာင္ေစာင့္ေတြကလည္း ‌ရိုင္းလ္အား ေခၚထုတ္သြားၿပီျဖစ္သည္။

လူမိုက္ေခါင္းေဆာင္သိပ္ျဖစ္ခ်င္ေနသည့္ မုဒိမ္းေကာင္ကိုလည္း ေဆးေပးခန္း ေခၚသြားၾကေလသည္။

-----------------------

တစ္ညတာ တိုက္ပိတ္ခံရၿပီးခ်ိန္၌ ကိုကိုျပန္ထြက္လာရၿပီမို႔ ေရး ကိုကို႔နား အေျပးေရာက္လာခဲ့သည္။

"ကိုကို႔အတြက္ ကြၽန္ေတာ္ ထမင္းသြားယူထားေပးၿပီးၿပီ၊ ဗိုက္ဆာေနၿပီမလား၊ သြားစားရေအာင္"

မ်က္ႏွာရွစ္ေခါက္ခ်ိဳးျဖစ္ေနသည့္ ရိုင္းလ္ကို ထမင္းစားေဆာင္ထဲသို႔ ေရး ဆြဲေခၚလာခဲ့ရသည္။

"ေနာက္ဆို အဲ့လိုမလုပ္ပါနဲ႕၊ ကြၽန္ေတာ္ စိတ္မေကာင္းလို႔ တစ္ညလုံး အိပ္လို႔ေတာင္ မရဘူး"

ထမင္းသိပ္မဝါးနိုင္ရွာေတာ့သည့္ လူမိုက္ဝိုင္းက လူေတြ ေရးတို႔ဝိုင္းကို ဝါးစားမတတ္ စိုက္ၾကည့္လာျပန္သည္။

ရိုင္းလ္ေစတန္ စိတ္မၾကည္ျဖစ္ေနခဲ့တာမို႔ ထမင္းပန္းကန္ကို တစ္ခ်က္သာ လွမ္းၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာခ်င္းဆိုင္က ေခတၱရာကိုသာ ထိုင္ၾကည့္ေနရင္း-

"မင္း ခဏခဏ တိုက္ပိတ္ခံရတာလား"

"သုံးႀကိမ္ပဲ ရွိေသးတာပါ"

"ဟ. . .တစ္လခြဲအတြင္းမွာ သုံးႀကိမ္ေတာင္ ရွိၿပီဆိုတာ လူၾကားလို႔ေတာင္ ေကာင္းရဲ႕လား"

ထမင္းစားဖို႔ျပင္ေနသည့္ ေရး၏ မ်က္လုံးေတြ ထိုလူ႕၏ အသံမာမာေၾကာင့္ ဝိုင္းသြားရသည္။

ရိုင္းလ္ တိုက္ပိတ္ခံရၿပီးၿပီမို႔ တိုက္ပိတ္အက်ဥ္းခ်ခံထားရတာက ဘယ္ေလာက္ဆိုးလည္း ကိုယ္တိုင္မ်က္ျမင္ျဖစ္ခဲ့ရသည္။ အေမွာင္ခန္းထဲမွာ လူတစ္ကိုယ္စာ လွဲ႐ုံေလာက္သာ အက်ယ္အဝန္းရွိေသာ၊ အခန္းဟုပင္ မဆိုနိုင္သည့္ ေနရာ၌ ေရမေသာက္ရ၊ အစားမစားရ အပိတ္ခံထားရတာျဖစ္သည္။ ယုတ္စြအဆုံး အေပါ့အေလးစြန႔္ဖို႔ပင္ ခြက္သာ ထားေပးထားသည္။ ထိုအခန္းထဲ၌ အေကာင္ဗေလာင္ေတြ သူ႕ေဘးက နံရံမွာ တြယ္တက္သြားလာေနတာကိုလည္း အဆိပ္ရွိ အေကာင္ဟုတ္မဟုတ္ပင္ ေသခ်ာ သဲသဲကြဲကြဲ မျမင္ရ။

ရိုင္းလ္ တစ္ညလုံး ပိတ္ထားခံလိုက္ရခ်ိန္၌ သူ႕အတြက္မဟုတ္ဘဲ ေခတၱရာအစား ေသြးပ်က္သြားမိျခင္းပင္။

"ကိုယ္ ေျပာတာ ေသခ်ာနားေထာင္၊ ကိုယ္ မင္း ဘယ္ေလာက္ဆိုးဆိုး ဘယ္ေလာက္ေသာင္းက်န္းက်န္း ခ်စ္တယ္။ ဒါေပမဲ့ မင္း အဲ့ေလာက္ လက္ရဲဇက္ရဲျဖစ္ေနတာေတာ့ ေလွ်ာ့သင့္ၿပီ။ သူတို႔အနိုင္က်င့္တာကို ငုံ႕ခံဖို႔ ေျပာေနတာမဟုတ္ဘူး၊ ရန္ပြဲျဖစ္လာရင္ ကိုယ့္ဖက္က safe zone ျဖစ္ဖို႔လည္း ဂ႐ုစိုက္ရမယ္ေလ။

ကိုယ္ ပုဂံမွာ ေျပာခဲ့တာ မွတ္မိလား၊ ထြက္ေျပးတိုင္း ငေၾကာက္မဟုတ္သလို ထထၿဖဲတိုင္းလည္း သူရဲေကာင္း မဟုတ္ဘူး။ တန္လို႔လား၊ တန္တယ္ထင္မွ ရန္ပြဲတစ္ခုကို ဖန္တီးစမ္းပါကြာ"

"သူတို႔ ဘယ္ေလာက္ဆိုးလဲ မင္း သိလို႔လား"

"သူတို႔ဘယ္ေလာက္ဆိုးဆိုး ကိုယ္ စိတ္မဝင္စားဘူး၊ ေနာက္ဆုံးမွာ လက္လြန္မိတဲ့သူကပဲ အဲ့ထဲသြားရမယ္ဆိုတာ စိတ္ဝင္စားတယ္။ မင္း ‌လက္လြန္ၿပီးတိုင္း ကိုယ္ အခုလို ဝင္ေပးလို႔ရမယ္ဆိုရင္ေတာ့ စိတ္ႀကိဳက္လုပ္။ ေထာင္ႀကီးက အက်ယ္ႀကီး‌‌ေလ၊ မေတာ္တဆ ကိုယ္ မသိလိုက္တဲ့ ပြဲေတြဆို ဘယ္လိုလုပ္မလဲ"

ရိုင္းလ္ ေလသံျပန္ေလွ်ာ့လိုက္ရကာ ခႏၶာကိုယ္ကို အနည္းငယ္ ကုန္းလိုက္ရၿပီး တျခားဝိုင္းေတြ မၾကားရေအာင္ ‌အသံႏွိမ့္ေျပာရသည္။

"အဲ့ထဲ ခဏခဏဝင္ေနရရင္ မင္းရဲ႕ စိတ္က်န္းမာေရး ထိခိုက္လာလိမ့္မယ္"

ရိုင္းလ္ ထိုေကာင္ေလး၏ စိတ္က်န္းမာေရး အေျခအေန မွတ္တမ္းဖိုင္ကိုပင္ ၾကည့္ခဲ့ၿပီးၿပီျဖစ္သည္။ ေရး၏ အေျခအေနက ကိုယ့္စိတ္ကိုယ္ မထိန္းခ်ဳပ္နိုင္မႈၾကားနဲ႕ သူ႕ပါးစပ္ကို အလြန္ထိန္းခ်ဳပ္ခဲ့သည့္ၾကားက အစြန္းႏွစ္ဖက္ ျဖစ္ခဲ့ရတဲ့အျပင္ ေၾကာက္စိတ္ေတြ၊ အတြင္းနက္နက္ထိ စိုက္ဝင္ေနၿပီျဖစ္တဲ့ စိတ္ဒဏ္ရာေတြေၾကာင့္ ကုသမႈျမန္ခဲ့လို႔သာ အခုလို အေကာင္းပကတိ ရွိ‌ေသာ္ျငား လြတ္လြတ္ထြက္သြားသည့္ အခ်ိန္ေတြလည္း ရွိေနဆဲပင္။ ထိုအခ်က္ကို သွ်ိုင္းစက္မာန္က အမိအရ အသုံးခ်နိဳင္ခဲ့တာကို ရိုင္းလ္ နားလည္ခဲ့ရသည္။

"အဲ့ဒါ ဘာျဖစ္တာလဲ၊ စိတ္ဆိုးသြားတာလား"

ေရး သူ႕ပန္းကန္ထဲမွ ဟင္း‌ေတြကို ခက္ရင္းနဲ႕ တဝုန္းဝုန္း ထိုးစိုက္ေနၿပီျဖစ္သည္။

ဒီလူက သူ႕ကို လာေအာ္ေနတယ္ ! ! ! 

"ေဟ့. . .ကိုယ္ေျပာတာ မင္းကို စိုးရိမ္. . ."

ဝုန္း!

ေရး ထိုဝိုင္းကေန စိတ္ဆိုးၿပီး ထထြက္သြားၿပီျဖစ္သည္။

ေခတၱရာ စိတ္ေကာက္သြားတာကို ရိုင္းလ္ သိလိုက္တာမို႔ ထိုေကာင္ေလး သူ‌ ေျပာတာေတြကို နားလည္မႈ လြဲသြားတာလားပဲ။ ေခတၱရာက ငယ္ငယ္ကတည္းက ဘယ္သူ႕ဆိုဆုံးမမႈမွ ေကာင္းေကာင္းမခံရဘဲ ႀကီးျပင္းလာခဲ့တဲ့ ကေလးမို႔ အစ္ကိုတစ္ေယာက္အေနနဲ႕လည္း သူ ထိန္းေက်ာင္းေပးရမယ့္ တာဝန္ရွိေနသည္။ ဒီပုံအတိုင္းသာ ဆက္လႊတ္ေပးထားလိုက္ရင္ ဒီေကာင္ေလး ေရာက္ရာအရပ္ ရန္ဝိုင္းေနမွာ ျမင္ေယာင္ပါ၏။

တစ္ဖက္ဝိုင္း၌လည္း ဆန္ျပဳတ္ပဲ စားေနရသည့္ အစ္ကိုႀကီးအား-

"မ‌ေန႕က ေဆးေပးခန္းမွာ ကြၽန္ေတာ္ ၾကားခဲ့တာ ရွိတယ္ အစ္ကိုႀကီး၊ အဲ့ေကာင္က ဆရာဝန္တဲ့၊ ဒါေပမဲ့ ဟက္. . .အေျခာက္တဲ့"

"ထြီ! တကယ္လား၊ ႐ြံစရာေကာင္ပဲကြာ"

"အဲ့ဒါေျပာတာ၊ ဒီထဲက ေကာင္ေလးေခ်ာေခ်ာေလးေတြအတြက္ေတာ့ ရင္ေလးစရာပဲ။ ဟုတ္မဟုတ္ေတာ့ ေသခ်ာမသိဘူး၊ အျပင္မွာ စားဘဲႀကီးလို႔ေတာ့ ၾကားခဲ့တာပဲ"

"အခုလည္း အဲ့ဒါေၾကာင့္ အဲ့ေကာင္ ေရးေခတၱရာကို လိုက္ေၾကာင္ေနတာလားမွ မသိတာ။ အဲ့လိုေကာင္ဆိုရင္ေတာ့ ေဝါ့ပဲ။ ငါတို႔ဖက္ ေခၚမသြင္းလာနဲ႕ေတာ့"

နားပါးလြန္းသည့္ ရိုင္းလ္တစ္ေယာက္ သူ႕ခပ္လွမ္းလွမ္းက စကားေတြကို ၾကားလိုက္ရတာေၾကာင့္ ထရပ္လိုက္ေတာ့သည္။ ထိုေကာင္ေတြ သူ မၾကားၾကားေအာင္ တမင္ေျပာၿပီး ရန္စေနမွန္း ရိုင္းလ္ သိသည္။

အေျဖာင့္ေကာင္ေတြ သူ႕ကို ထိုကဲ့သို႔ ေျပာတာအား ခဏခဏခံဖူးေနက်မိဳ႕ စိတ္ထဲ ဘယ္လိုမွမေန။ ထို႔အျပင္ သူ႕ဖက္က အရင္ ထၿဖဲရတာမ်ိဳးလည္း ဝါသနာမပါတာမို႔ ထမင္းစားေဆာင္ထဲက ထထြက္လာခဲ့လိုက္ေတာ့သည္။

သူ႕လက္ကို တက္နင္းသြားခဲ့သည့္ လူသစ္ေကာင္ကလည္း အေၾကာတင္းဆိုတာကို ထိုေခါင္းေဆာင္ သိလိုက္ရတာေၾကာင့္-

"ဒီေကာင္ေလးေတြကေတာ့ ဒါကိုမ်ား အဆန္းလုပ္ေနၾကတယ္။ ေရးေခတၱရာကိုေရာ အေျဖာင့္လို႔မ်ား မင္းတို႔ ထင္ေနၾကတာလား။ သူ ေရခ်ိဳးရင္ ဘယ္ေတာ့မွ တစ္ကိုယ္လုံး ခြၽတ္မခ်ိဳးရဲတာ မျမင္ဘူးလား။ ဟက္. . .gay ဆိုးေလးေတြကို ဒီကိုႀကီးက ပညာျပမွျဖစ္ေတာ့မယ္"

အံသြားကြၽတ္ထားတာေတာင္ ဇြဲမေလွ်ာ့နိုင္ေသးသည့္ သူတို႔ကိုႀကီးအတြက္ ျမႇောက္ေပး႐ုံမွတပါး အျခားမရွိပါေပ။

----------------------

ရိုင္းလ္တစ္ေယာက္ ခ်စ္သူကို ေခ်ာ့ရတဲ့အလုပ္က အဲ့ေလာက္ ခက္ခဲမွန္း အခုမွ သိေတာ့သည္။

ေခတၱရာက သူ႕ကို အကပ္ေတာင္ မခံေတာ့တဲ့အထိ စိတ္ဆိုးေနတာေၾကာင့္ ကစားကြင္းနား၌ ႏွစ္ေယာက္သား လုံးေထြးေနၾကရၿပီျဖစ္သည္။

"မင္း ငါ့အေပၚက ဖယ္လိုက္ေနာ္၊ ထြက္သြား၊ ငါ့ကို အသံမာမာနဲ႕ လာမေျပာနဲ႕။ မႀကိဳက္ဘူး! ! !"

ကစားကြင္းထဲမွာ ရွိေနတဲ့ ေထာင္သားတခ်ိဳ႕ကေတာ့ ထိုႏွစ္ေယာက္ ရန္ျဖစ္ေနၾကသည္ဟုပဲ ထင္ေနတာမို႔ ထၾကည့္ရမလို၊ ေထာင္ေစာင့္ေတြကို ေျပးေခၚရမလို။

"ဟ. . .အစ္ကိုရိုင္းလ္က အစ္ကိုေရးရဲ႕ လည္ပင္းကို ကိုက္ဆြဲေနၿပီ"

ေရးခမ်ာ လူျမင္ကြင္းမွာ ေျမႀကီးေပၚ၌ အခုလို မေတာ္တေရာ္ အဖိခံထားရတဲ့အျပင္ လည္ပင္းကိုပါ အမွတ္ေပးဖို႔ ႀကိဳးစားေနတဲ့ ကျပားေကာင္ေၾကာင့္ အရွက္ကြဲေနရၿပီ။ ထို႔ေၾကာင့္ ထိုေကာင့္ခါးကို ဖက္တြယ္လိုက္ၿပီး အေပၚေအာက္ လူခ်င္းလဲလိုက္ရင္း ကျပားေကာင္ေပၚ တက္ခြထားလိုက္နိုင္တာနဲ႕ တၿပိဳင္နက္ ထိုလူ႕လည္ပင္းကို ေရး ျပန္ကိုက္ေဖာက္ေနမိၿပီျဖစ္သည္။

ေထာင္သားေလးေတြခမ်ာ ဒီႏွစ္ေယာက္ ရန္ျဖစ္ပုံက အရင္ပြဲေတြနဲ႕ သိပ္မတူဟု ခံစားမိသြားၾကသည္။ ထို႔အျပင္ လက္သီးလည္း မသုံးၾကဘဲနဲ႕ ေျမႀကီးေပၚ၌သာ အေပၚေအာက္ လူးလွိမ့္ေနၾကသည့္ ထိုႏွစ္ေယာက္ရန္ပြဲက ပ်င္းဖို႔ေကာင္းတာေၾကာင့္ စိတ္မဝင္စားၾကေတာ့ဘဲ စာအုပ္သာ ျပန္ထိုင္ဖတ္ေနၾကေတာ့သည္။

ရိုင္းလ္ေစတန္ ထိုေကာင္ေလးကို သူ႕ေအာက္ျပန္ပို႔လိုက္ရင္း ရန္လို‌ေနတဲ့ေကာင္ေလးကို အတင္းအက်ပ္ တက္ဖိထားရေတာ့သည္။

"ေစတန္လို‌ေကာင္! မင္း ဘယ္လိုျဖစ္လို႔ လူျမင္ကြင္းမွာ အၾကမ္းဖက္ဖို႔ ႀကိဳးစားေနတာလဲ"

"ကိုယ္ မွားသြားပါတယ္ဆို၊ စိတ္မဆိုးပါနဲ႕ကြာ၊ ေနာက္ဆို အသံမာမာ မေျပာေတာ့ပါဘူး"

". . . ."

"ေဟ့. .ဘာလို႔ အဲ့ေလာက္ ႐ုန္း‌ေနတာလဲ။ စိတ္မပူနဲ႕၊ ကိုယ့္ခါး သိပ္မေကာင္းေသးလို႔ မင္းကို တျခား ဘာမွမလုပ္နိုင္ေသးဘူး"

"ဒီေကာင္ေတာ့! ေထာင္ထဲမွာကိုေရာ ဘာလုပ္ခ်င္ေသးလို႔လဲ။ နတ္ဆိုးေကာင္ ငါ့အေပၚက ဖယ္ေပးဆို။ အေရွ႕က ေကာင္ေလးေတြကိုေရာ မင္း အဲ့လို အသံမာဖူးလား၊ သူတို႔ စိတ္ဆိုးသြားရင္ေရာ ဒီလို တက္ဖိၿပီး ေခ်ာ့တာပဲလား"

ရိုင္းလ္တစ္ေယာက္ သူ႕ေအာက္က ေကာင္ေလးကို တကယ္အူယားေနၿပီမို႔ ပတ္ဝန္းက်င္ကို တစ္ခ်က္ အကဲခတ္လိုက္ၿပီးတာနဲ႕ သူတို႔ကို ဘယ္သူမွ ၾကည့္မေနဘူးဆိုတာ ေသခ်ာမွ ထိုေကာင္ေလး၏ ပါးႏွစ္ဖက္နဲ႕ နဖူးကို အားနဲ႕ နမ္းရွိုက္လိုက္မိသည္။

ေကာင္းကင္ျပာေအာက္က အခုလို လူျမင္ကြင္းႀကီးထဲမွာ အနမ္းခံေနရတဲ့ ေရးတစ္ေယာက္ ၾကက္ေသေသသြားရသည္။

သူ စိတ္ေကာက္ေနတာ မဟုတ္သလို စိတ္ဆိုးေနတာလည္း မဟုတ္ပါေပ။ သူ ဘယ္သူ႕အေပၚကိုမွ ယုတ္စြအဆုံး မားအေပၚကိုေတာင္ ဂ်ီမက်ခဲ့ရဖူးတာမို႔ ထိုလူ႕အေပၚကို ဆိုးလို႔ရမရ သိခ်င္ေနတာျဖစ္သည္။ သူ သိခ်င္လို႔၊ ဒီလူ သူ႕ကို စိတ္ရွည္နိုင္ရဲ႕လား သိခ်င္မိလို႔။ ခြန္းကို အရမ္းခ်စ္ပုံရတဲ့ ဒီအမ်ိဳးသားက ခြန္းကို အလြန္မုန္းတီးခဲ့မိတဲ့ သူ႕အေပၚ ဘာလို႔ အခုေလာက္ ေကာင္းေပးေနရတာလည္းဆိုတာ နားမလည္နိုင္လို႔။

"ကိုယ္ မင္းနဲ႕ရွိေနရလို႔ထင္တယ္၊ ေထာင္ထဲကလည္း ေနေပ်ာ္စရာလိုပဲ။ ကိုယ္တို႔ ဒီထဲမွာ တူတူႀကီးျပင္းသြားၾကမယ္၊ အျပင္ေရာက္တာနဲ႕ လက္ထပ္ၾကမယ္၊ မဂၤလာပြဲကို ပုဂံမွာလုပ္ၾကမယ္။ အဲ့အခ်ိန္ေတြထိ ကိုယ္က ကိုယ့္ေကာင္ေလးကို စိတ္ေရာလူပါ က်န္းက်န္းမာမာရွိေနတာမ်ိဳးပဲ ျဖစ္ေစခ်င္လို႔ပါ"

ေခတၱရာ ေခါင္းညိတ္ျပလာတာမို႔ ထိုေကာင္ေလး ကိုယ္ေပၚက ဖယ္ေပးလိုက္ရေတာ့သည္။ ရိုင္းလ္က ျမန္မာေသြးပါ‌ေပမယ့္ အလြန႔္အလြန္ကိုမွ အေနာက္တိုင္းဆန္သူမို႔ လူျမင္ကြင္းမွာ ခုလို ျပဳမူရတာမ်ိဳးကို နည္းနည္းမွ ရွက္တတ္တဲ့သူမ်ိဳး မဟုတ္ေပ။

သို႔ေသာ္ျငား ေခတၱရာကို စခ်စ္မိကတည္းက သူ႕အမူအက်င့္ေတြကို အေရွ႕တိုင္းက ေကာင္ေလးအတြက္ သတိထားေနရတာျဖစ္သည္။

ထို႔အျပင္ သူ အေနအထိုင္ မဆင္ျခင္မိလို႔ ေခတၱရာကိုပါ အေျဖာင့္မဟုတ္မွန္း ဒီထဲကလူ‌ေတြ သိသြားၾကရင္ တျခားေကာင္ေတြ ေခတၱရာကို လက္တည့္စမ္းလာတာမ်ိဳး ျဖစ္မွာလည္း စိုးရိမ္တာမို႔ ပါးေလးနမ္းဖို႔ပင္ ရိုင္းလ္ ပတ္ဝန္းက်င္ကို အရင္အကဲခတ္ၿပီးမွ နမ္းရတဲ့အထိ သတိကပ္ထားရတာျဖစ္သည္။ 

ျဖစ္နိုင္ရင္ေတာ့ ေထာင္ၾကမ္းျပင္က ေအးစက္လြန္းတာမို႔ သူ႕အိပ္ရာေႏြးေအာင္ ထိုေကာင္ေလးကို ညတိုင္း ေခၚအိပ္ပစ္ခ်င္စိတ္ေတြက ထိန္းမရေပ။

"အလုပ္ၾကမ္းလုပ္ရမယ့္ အခ်ိန္ေရာက္ေနၿပီ၊ သြားၿပီ၊ ၿပီးမွ ေတြ႕တာေပါ့"

ေရး ကိုကို႔ကို ႏႈတ္ဆက္ခဲ့လိုက္ရေတာ့ကာ သူတို႔အလုပ္လုပ္ရသည့္ေနရာက ေထာင္ဝင္းရဲ႕တစ္ေနရာစီမွာမို႔ တစ္လမ္းစီ ထြက္လာခဲ့ရၿပီး အားလုံးလုပ္ၿပီးသြားခ်ိန္၌ သူ႕ေရွ႕ပိတ္ရပ္လာသည့္ သူ႕အခန္းေဖာ္ေကာင္ေလးကို ေတြ႕လိုက္ရသည္။

"အစ္ကိုေရးကို အစ္ကိုရိုင္းလ္က ေခၚခိုင္းလိုက္လို႔"

"သူက ဘာလို႔လဲ"

"အဲ့ဒါေတာ့ မသိဘူးဗ်၊ ကစားကြင္းရဲ႕ အေနာက္ဖက္ထဲကို အစ္ကိုေရး တစ္ေယာက္တည္းပဲ လာခဲ့ဖို႔ ေျပာခိုင္းလိုက္လို႔။ ဒါဆို သြားၿပီေနာ္"

ေရး ေခါင္းညိတ္ျပလိုက္ရကာ ကစားကြင္းအေနာက္ဖက္က လူျပတ္သည့္ေနရာမို႔ ထိုေနရာကို သူ႕အား ကိုကိုက ဘာလို႔ေခၚတာပါလိမ့္ဟူသည့္အေတြးျဖင့္ ထိုေနရာဆီသို႔ ေရး ထြက္လာခဲ့ရသည္။

___________________________________________

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

271K 21.5K 42
#Unicode အကယ်၍ အချစ်ကိုအချစ်အတိုင်းသာ သီးသန့်ခံစားကြည့်ခဲ့ပါလျှင် #Zawgyi အကယ္၍ အခ်စ္ကိုအခ်စ္အတိုင္းသာ သီးသန႔္ခံစားၾကည့္ခဲ့ပါလွ်င္
4.9K 593 30
ချိုမယ်၊ ရိုမယ်၊ ရိုးရှင်းမယ် October 2 to ..... October 16,2023 #TheSecondSchoollifeStory
6.9K 441 52
Started - 15.3.2022 { Tue } Zawgyi ချစ်ခြင်းမေတ္တာ ဟူသည် အသွားရှိရင် အပြန်ရှိသလို ချစ်ခြင်းမေတ္တာ သည်လည်း စစ်မှန်ရင် တစ်နေ့ ကိုယ့်ဆီ ပြန်လာပါလိမ့်မည...
40.4K 2K 26
ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]