Snowless Winter Dream [Comple...

By Ennia_Yawn

106K 5.1K 355

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 24

2.2K 121 9
By Ennia_Yawn

ရိုင်းလ်၏ အမှုကိစ္စအတွက် ရိုင်းလ်၏ အဖေနှင့် အစ်ကိုတို့ ရန်ကုန်မှာ သောင်တင်နေခဲ့ရသည်။

အခုတော့ သားလိမ္မာလေးရဲ့ ကျေးဇူးနဲ့ ထိုလူကြီး အလွန်အမင်း shock ရသွားခဲ့တာကြောင့် အိမ်ကို ဆရာဝန်ပင့်ပြီး ဆေးပင်ခေါ်ချိတ်နေရလေသည်။

"ကျားဖက်လိုက်ပြီး မိုက်ဖက်ပါတဲ့ကောင်။ နောက်တစ်ဘွဲ့တောင် ထပ်ယူထားခဲ့တာ အခုလို ထောင်ထဲ ကြိုးစားပမ်းစား ဝင်လို့ရ‌အောင် ခေါင်းသုံးဖို့ အတွက်လား။ တောက်. . .ဒီကောင့် ဦးနှောက်က ပညာတွေတတ်တတ်လာလေ ကြီးကြီးမလာဘဲ ကျုံ့ကျုံ့သွားတာလားပဲ"

"စိတ်လျှော့ပါ ဒယ်ဒီရာ၊ နောက်ထပ် သွေးစောင့်တက်သွားရင် အန္တရာယ်ရှိနိုင်တယ်လို့ ဒေါက်တာ မှာသွားတယ်လေ"

ဒီသားမိုက်ကြောင့် စိတ်ဆင်းရဲရလွန်းလို့ သေရပါတော့မည်။ ဒီဒူးမနာသားလေးကတောင် သူ့အပေါ် အခုလို သိတတ်‌သေးသည်။ ဟိုဆရာဝန်ကောင်ကတော့လား အိမ်ထောင်ဖက် ဆုံးသွားတာကိုကျ မျက်ရည်တစ်စက်တောင် မကျအားဘဲ သူ့ဒေါသနဲ့သူ လူသတ်ခဲ့လို့ ထောင်ကျသွားတဲ့ကောင်နောက်ကိုတော့ ဘယ်လမ်းက လိုက်ရမလဲ လုပ်နေခဲ့တာ လူကြားလို့တောင် ကောင်းကြသေးရဲ့လား။

ထိုလူကြီး ဆက်ခွန်းသစ်ရဲ့မိဘတွေကို မျက်နှာတောင် မပြရဲတော့။ 

ရိုင်ယန် သူ့ဒယ်ဒီအား ပြန်လှဲခိုင်းလိုက်ရပြီး-

"အရမ်းစိတ်မပူပါနဲ့၊ ရှေ့နေ ပြောတာတော့ ဆယ်နှစ်ကျသွားတယ်ဆိုပေမယ့် အထဲမှာ စံပြထောင်သားအဖြစ် လိမ်လိမ်မာမာ နေမယ်ဆို သုံးလေးနှစ်နဲ့ ပြန်လွတ်လာတဲ့သူတွေလည်း ရှိတယ်တဲ့"

"ဟက်. . .စံပြထောင်သား ဟုတ်လား။ အပြင်မှာတောင် ထိန်းမနိုင်သိမ်းမရ ဆိုးနေခဲ့တာကို မင်းညီက အဲ့ထဲရောက်တော့မှ ချက်ချင်းကြီး သူတော်ကောင်းဖြစ်သွားမယ်များ ထင်နေတာလား။ တော်ပြီ. .တော်ပြီ ငါ အဲ့ကောင်အကြောင်း ထပ်မပြောချင်တော့ဘူး။ မင်းညီ အဲ့ထဲရောက်မှ အပြင်မှာထက် နှစ်ဆသောင်းကျန်းနေလို့ အမှုထပ်တိုးလာမှာကိုပဲ မြင်ယောင်ပါတယ်ကွာ"

". . . ."

"မင်းလည်း ငါ့မျက်စိရှေ့က ဝေးဝေးနေတော့၊ အလကား မွေးရကျိုးမနပ်တဲ့ သောက်ခလေးတွေ"

ရိုင်ယန်တစ်ယောက် သူ့ဒယ်ဒီစက်ကွင်းက လွတ်အောင် အပြင်သာ ထွက်လာခဲ့တော့သည်။

သူ့ညီ ဘယ်လောက်ပွေရှုပ်ပြီး ဘယ်လောက် လွတ်လွတ်လပ်လပ် နေတတ်လဲ သူ အသိဆုံး ဖြစ်သလို အခုလို တစ်ယောက်ယောက်‌အပေါ် အဲ့လောက်ထိ ဓာတ်ကျသွားမယ်လို့လည်း သူ မထင်ထားခဲ့မိပေ။ နည်းနည်းမှ ထိန်းချုပ်မခံနိုင်တဲ့ သူ့ညီ လှောင်အိမ်ကြီးနဲ့တူတဲ့ ထောင်ကြီးထဲမှာ တစ်လတောင် နေနိုင်ပါ့မလား စိုးရိမ်နေမိတာတော့ အမှန်ပင်။

----------------------

ထောင်သားအမှတ်စဉ် 6300 . . . ရိုင်းလ်စေတန်။

အပြာရောင်ထောင်ဝတ်စုံ ဝမ်းဆက်နဲ့ မြန်မာမျက်နှာကျထက် နိုင်ငံခြားရုပ်သွင် ပိုပေါက်နေသည့် ထောင်သားအသစ်ကို နှစ်ကြီးသမားတွေ၊ အရင်ရောက်နေသည့် စီနီယာတွေ မသိမသာ အကဲခတ်နေကြသည်။

ထောင်၏ စည်းမျဉ်းတွေအရ ထောင်သားအားလုံးက ညအိပ်ချိန်သာ အခန်းထဲ ပြန်ထည့်ပိတ်ထားခံရပြီး တစ်နေကုန် ထောင်ထဲမှာ လျှောက်သွားခွင့်ရကြသည်။ သုံးယောက်တစ်ခန်း၊ လေးယောက်တစ်ခန်း တွဲအိပ်ကြရသည်။ တူတူစု၍ ရေချိုးရပြီး စားသောက်ဖို့အတွက် ဟောခန်းကျယ်တစ်ခုနဲ့ အပျင်းပြေ အုပ်စုဖွဲ့ ကိုယ်လက်လှုပ်ရှားအားကစားလုပ်လို့ရသည့် ကစားကွင်းကျယ်တစ်ခုရှိသည်။ ထောင်သားတွေ၏ ကျန်းမာရေးအတွက် ဆရာဝန်တစ်ယောက်ရှိသည့် ဆေးပေးခန်းတစ်ခုလည်း ရှိသည်။

ထောင်စောင့်တွေ အချိန်ပြည့် ကြီးကြပ်နေတတ်ပေမယ့် ထောင်တို့၏ ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်းမှုတွေကလည်း ရှိနေဆဲဖြစ်သည်။ ထောင်စောင့်တွေက ထောင်သားအချင်းချင်း လက်လွန်အောင် လုပ်မိသွားမှာကို စောင့်ကြည့်ရုံမှတပါး ထိုကဲ့သို့ နိုင်လိုမင်းထက် ဗိုလ်ကျမှုတွေကိုတော့ လွှတ်ထားပေးတတ်ကြသည်။ ထို့အတွက် အသစ်ရောက်ကာစ ကြောက်တတ်သည့် ကောင်လေးတွေဆို ဦးချိုးခံရပြီပင်။

ထို့အတွက် ဒီထဲ၌လည်း ထိုကဲ့သို့ ကြီးစိုးနေသည့် လူမိုက်အုပ်စု ရှိနေသည်။ ပုံမှန်ဆို နှစ်ကြီးထောင်သားတွေက မုဒိမ်းမှုနဲ့ ထောင်ထဲဝင်လာတဲ့အသစ်တွေကိုဆိုရင် နှစ်ဆ ပိုပညာပြတတ်သည်။ သို့သော်ငြား ဒီထဲမှာတော့ မုဒိမ်းမှုနဲ့ ထောင်ကျနေခဲ့သည့်သူက လူမိုက်ခေါင်းဆောင်ဖြစ်နေပြီး ထောင်သားတွေအား အုပ်စုဖွဲ့ ဗိုလ်ကျနေခဲ့သည်။

"အစ်ကိုကြီး ကျွန်တော်တို့ အသစ်ကောင်ကို ဆွဲခေါ်ခဲ့ပြီး ကျွန်တော်တို့အကြောင်းသိအောင် ပြလိုက်ရ‌တော့မလား"

ထော့နင်းထော့နင်းဖြစ်နေသည့် ထိုလူမိုက်ခေါင်းဆောင်က သူ့ခြေထောက်က ဒဏ်ရာ ပြန်သက်သာတဲ့ထိ စောင့်ဖို့ ပြောလိုက်ပြီး သူ့ကို အခုလို ခြေကျိုးလက်ကျိုးဖြစ်အောင် လုပ်သွားခဲ့သည့် ရေးခေတ္တရာကို အမှုန့်ကြိတ်ချင်နေတာဖြစ်သည်။

"တောက်. . .အဲ့ကောင် ဘာစားထားလို့ ဒီလောက် ကန်ချက်ပြင်းရတာလဲ"

ထိုအစ်ကိုကြီးကို မျက်နှာလိုမျက်နှာရ လုပ်နေကြတဲ့ လူမိုက်‌‌သွေးပါသည့် နောက်လိုက်ထောင်သားတစ်စုကလည်း သူတို့အစ်ကိုကြီးဖက်က မခံနိုင်ရှာပေ။ သို့သော်ငြား ရောက်တာ သိပ်မကြာသေးသည့် ရေးခေတ္တရာက တစ်ယောက်တည်းနဲ့ တစ်ဂိုဏ်းထောင်နိုင်တဲ့အထိ လက်သံပြောင်သူ ဖြစ်နေသည်။

ရေးခေတ္တရာ သူတို့အစ်ကိုကြီးနဲ့ ရန်ဖြစ်ကြရင်း ရေး တိုက်ပိတ်ခံခဲ့ရတာတောင် သုံးကြိမ်ရှိနေပြီဖြစ်သည်။ ထောင်ထဲ၌ တအားဆူပူအောင် လုပ်ရင်၊ လက်လွန်ခဲ့ရင် ထောင်စောင့်တွေက ထိုထောင်သားကို တစ်ရက်တိုက်ပိတ်ထားပြီး အပြစ်ပေးတတ်ကြသည်။

"ဒါနဲ့လေ အစ်ကိုကြီး၊ ကျွန်တော်တို့ဖက်ကို အဲ့လူသစ်ကို ‌ခေါ်လိုက်ရင်ရော။ အဲ့လူပုံစံကို ကြည့်ရတာ လက်ရည်က သာမန်‌တော့ မဟုတ်ဘူးလားလို့။ အဲ့ကောင်သာ ကျွန်တော်တို့နဲ့ ပူးပေါင်းလာမယ်ဆိုရင် ရေးခေတ္တရာကို ကျွန်တော်တို့ ဦးချိုးနိုင်ပြီ"

"ထွီ! အဲ့လို ငချွတ်လေးတစ်ကောင်ကို ရှင်းဖို့အတွက် ငါက စစ်ကူခေါ်မယ့်ရုပ်ပေါက်နေလို့လား။ သူ့ပုံစံက နူးနူးညံ့ညံ့လေးဖြစ်မယ်ဆိုပြီး လျှော့တွက်လိုက်မိလို့ ခံလိုက်ရတာကွ။ နောက်ဆို ရေးခေတ္တရာ ငါ့လက်ချက်နဲ့ သေပြီသာမှတ်"

"လုပ်သာလုပ်ပစ် အစ်ကိုကြီး။ သူ ကျွန်တော်တို့ရဲ့ အဓိကနေရာကိုလည်း အားနဲ့ ကန်သွားခဲ့တယ်။ အဲ့ဒါကြောင့် အစ်ကိုကြီးကို ကျွန်တော်တို့ မကူနိုင်ဖြစ်သွားခဲ့တာ။ နောက်ဆို အစ်ကိုကြီးကို အခုလို ဒဏ်ရာထပ်မရစေရပါဘူး"

"အေး. . .မင်းတို့ အဲ့လူသစ်ကိုသာ ငါတို့အုပ်စုအကြောင်းသိအောင် ဖြဲပေးလိုက်။ ရေးခေတ္တရာကိုတော့ ငါပဲ ရှင်းမယ်။ ဟက်. . .ရေးခေတ္တရာက နောက်မှ ဝင်လာပြီး ငါ့နေရာကို မျက်စောင်းလာထိုးရဲသေးတယ်"

"စိတ်ချ အစ်ကိုကြီး။ လူသစ်ကိုတော့ ကျွန်တော်တို့လက်ထဲ စိတ်ချလက်ချ အပ်ပစ်လိုက်။ အဲ့ကောင် အစ်ကိုကြီးကို ဆရာလို့ ‌ခေါ်လာစေအောင်အထိ ဖြဲပေးလိုက်ပါ့မယ်"

ထိုနောက်လိုက်တွေလို ဇမရှိတဲ့ ကြောက်တတ်တဲ့ကောင်လေးတွေကတော့ ထိုလူမိုက်အုပ်စုကို မျက်လုံးတောင် လှန်မကြည့်ရဲကြဘဲ ထိုလူတွေ အောက်ခြေသိမ်းခိုင်းတာကို လိုက်လုပ်ပေးနေရစဉ် နောက်ထပ် လူမိုက်ဖြစ်သည့် ရေးခေတ္တရာကိုပါ မော့မကြည့်ရဲတော့တဲ့အထိ ကြောက်စရာလူ ထပ်တိုးလာပြန်တာမို့ သူတို့ငိုချင်နေတာ ဖြစ်သည်။ ရေးက သူတို့ကို ထိုလူမိုက်တွေလိုတော့ အနိုင်မကျင့်တတ်ပေမယ့်လည်း ဒီထောင်ထဲမှာ ပွဲအရှာနိုင်ဆုံးသူက ရေးဖြစ်နေတာမို့ ထောင်သား‌လေးတွေ ဒီလူမိုက်တွေကို အလွန်ကြောက်နေရပါ၏။

ထောင်သားအမှတ်စဉ် 5972 . . . ရေးခေတ္တရာ။

ရေး ကပြားကောင်ကို ထောင်တစ်ခုလုံး၌ လိုက်ရှာနေမိသည်။ ထိုလူ ဘာလို့ အခုလို ထောင်ကျလာရတာလဲဆိုတာ ရေး တစ်ညလုံး သိချင်လွန်းလို့ ရူးတော့မယ်။ သူ့ကို ထောင်ဝင်စာ တစ်ခါလောက် လာတွေ့ပေးဖို့သာ ရေး မျှော်လင့်ထားခဲ့တာပင်။

ရိုင်းလ်က လူသစ်မို့ ရေးတို့လို လွတ်လွတ်လပ်လပ် မနေရသေးဘဲ မနက်ကတည်းက အလုပ်ကြမ်း အရင်သွားလုပ်နေရပြီး စည်းကမ်းချက်တွေကို နားထောင်ဖို့ ထောင်စောင့်တွေက သူ့အား ခေါ်ထားတုန်း။

"ညကိုးနာရီဆို မီးဖြတ်မယ်၊ အခန်းကူးပြီး မအိပ်ရဘူး။ မူးယစ်ဆေး ခိုးသုံးဖို့ မကြံရဘူး။ . . . . ရန်မဖြစ်ရဘူး။ ထောင်ထဲမှာ ဆူပူအောင်လုပ်ခဲ့ရင် တိုက်ပိတ်အပြစ်ပေးခံရမယ်"

ထောင်စောင့်တွေ ရွတ်ပြနေတဲ့ စည်းကမ်းတွေကို ခြေချိတ်ထိုင်ရင်း နားထောင်နေသည့် ရိုင်းလ်တစ်ယောက် မကောင်းတတ်လို့သာ တစ်ချက်တစ်ချက် ခေါင်းညိတ်ပြနေရပေမယ့် စည်းကမ်းချက်တွေက ဒီဖက်နားကဝင်ပြီး ဟိုဖက်နားက ပြန်ထွက်နေသည့်အလား။ မဟုတ် မဟုတ်. . .ဒီဖက်နားကနေတောင် ဝင်မလာခဲ့ပါပေ။

ရိုင်းလ် သူ့စိတ်ကို အတော်လေး ဆွဲဆန့်ထားရသည်။ ဖြစ်နိုင်ရင် သူ ခေတ္တရာဆီ သွားချင်နေပြီဖြစ်တာကြောင့်-

"တော်ပါတော့ဗျာ၊ အားလုံးဖတ်ပြပြီးရင် အဲ့စည်းကမ်းတွေကို လိုက်နာပါ့မယ်လို့ ပြောရမှာပဲမလား။ အိုခေ၊ အကုန်သဘောတူတာမို့ အခု သွားလို့ရပြီလား"

"ဒီကောင်တော့! မင်း အချိုးပြေပြေနေနော်"

"နေပါ့မယ်ဆိုဗျာ၊ ဒါနဲ့ အချိုးပြေပြေနေမှာမို့ အခန်းပြောင်းပေးလို့ ရမလား။ ဒီမှာ ကိုယ်ကြိုက်တဲ့အခန်းကို ပြောင်းအိပ်လို့ရတဲ့ အခွင့်အရေးလေးများ မရှိဘူးလား"

ဒုန်း!

"ခုနဖတ်ပြနေတဲ့ စည်းကမ်းတွေကို နားရောထောင်လိုက်ရဲ့လား၊ မင်း အခန်းကူးရဲကူးကြည့်စမ်း၊ ဒီမှာ ဝါးရင်းတုတ်မြင်လား၊ သွားတော့"

သွားတော့ဆိုတာကိုတော့ လိမ်လိမ်မာမာ ထထွက်သွားသည့် ဒီကောင့်ကို ထောင်စောင့်တွေ အခုလိုကျတော့လည်း တုတ်နဲ့ ခြောက်လိုက်တာနဲ့ အချိုးပြေသွားသားဟု ကျေနပ်သွားကြသည်။

-----------------

သွားချင်နေတာ တစ်ပိုင်းပင်မက၊ တစ်ကိုယ်လုံးပင်သေတော့မှာမို့ လေအလျင်လို ပြေးထွက်လာခဲ့သည့် ရိုင်းလ်တစ်ယောက် ထောင်သားတွေကို အပြင်မှာ သိပ်မတွေ့ရတော့တာမို့ ခေတ္တရာကို နေရာအနှံ့ လိုက်ရှာနေရစဉ် ရေချိုးခန်းတွေဖက်ထိ ရောက်လာခဲ့သည်။

ထို့အတွက် ရေချိုးဆောင်ထဲ၌ ကိုယ်လုံးတီး အမျိုးသားများစွာကို တွေ့လိုက်ရတာကြောင့် ခေါင်းထဲ ဒိန်းခနဲ။

ရေချိုးခန်းဟူ၍ သီးသန့်မရှိဘဲ ရေပန်းတွေ တန်းစီတပ်ပေးထားသည့် ရေပန်းအောက်တွေထဲ၌ တစ်ယောက်နဲ့တစ်ယောက်ကြား အကာအရံလည်း မရှိတာကို မြင်လိုက်ရသည်။

"မဟုတ်မှလွဲရော ခေတ္တရာရော ဒီလိုပဲ ချိုးတာလား"

ဟေးလားဝါးလား သောင်းကျန်း အော်ဟစ်နေကြသည့် ရေချိုးဆောင်ကြီးထဲသို့ ရိုင်းလ် အမြန်ဝင်လာခဲ့ရပြီး ရှာဖွေနေမိစဉ် နောက်ဆုံးတော့ ဒါက ရေချိုးချိန်မှန်း သူ သိလိုက်ရသလို ခေတ္တရာကိုလည်း တွေ့လိုက်ရသည်။

သူ ထင်ထားသလို ခေတ္တရာကတော့ တခြားလူတွေကဲ့သို့ တစ်ကိုယ်လုံး ဗလာကျင်းမဟုတ်ဘဲ အောက်ပိုင်းကို တဘက်ပတ်ထားတာကို တွေ့လိုက်ရသည်။ သို့သော်ငြား ဒီလို ယောက်ျားအုပ်စုလိုက်တွေ ကြားထဲမှာ ရေချိုးနေတာက ရိုင်းလ်အား ထိုနေရာသို့ အပြေးရောက်သွားစေခဲ့တဲ့အထိ။

ရေပန်းအောက်၌ ရေး သူ့အခန်းဖော်နဲ့ ဘေးချင်းကပ် ရေချိုးနေစဉ် သူ့ရေပန်း ရုတ်တရက်ပိတ်သွားပြီး သူ့ပေါ် ပဝါခပ်ကြီးကြီးတစ်ထည် အလွှမ်းခံလိုက်ရတာမို့ ဘယ်သူ ရန်လာစပြန်တာလဲ အတွေးကြောင့် ဖြတ်ရိုက်ဖို့ လှည့်ကြည့်လိုက်စဉ် သူ တစ်မနက်လုံး လိုက်ရှာနေခဲ့သည့် ကိုကိုဖြစ်နေတာကို တွေ့လိုက်ရသည်။

"မင်း ဘယ်လိုလုပ်ပြီး ထောင်ကျသွား. . .ဘာလုပ်တာလဲ၊ ငါ ရေချိုးနေတာကို"

"မင်း ကိုယ်နဲ့ လိုက်ခဲ့"

ရေး၏ အခန်းဖော်အပြင် ထိုနားတစ်ဝိုက်ကလူတွေ ရေးအား အခုလို လက်ရဲဇက်ရဲ ခေါ်သွားဝံ့တဲ့ လူသစ်ကို အံ့ဩသွားကြသည်။

"ဘာတုန်း၊ ဒီလူသစ်က ဟိုလူမိုက်တွေနဲ့ ပေါင်းသွားတာလား"

ဒီထဲက လူတချို့က ရေးကို ခင်မင်ကြသည်။ ထို့အတွက် ထိုလူမိုက်ကောင်တွေကလည်း ရေးကို ထိုကဲ့သို့ ခေါ်ခေါ်သွားတတ်ကြတာမို့ စိတ်ပူသွားကြသော်ငြား ရေးပဲ နိုင်လာပါစေဟုသာ ဆုတောင်းပေးရုံမှတပါး မတတ်နိုင်ပေ။

ထိုလူမိုက်အုပ်စုနဲ့ တတ်နိုင်သမျှ လွတ်လွတ်ကင်းကင်း သူတို့နေချင်၏။

ရိုင်းလ် ထိုနေရာကနေ ခေတ္တရာအား ချက်ချင်းဆွဲထုတ်လာပစ်ခဲ့မိသည်။ နှင်းလိုဖြူ‌ဝင်းတဲ့ အသားအရေကို ဘယ်သူမှ မမြင်တော့အောင် ပဝါခပ်ကြီးကြီးနဲ့ပါ ခြုံထားပေးခဲ့ပြီး ပခုံးမှ သိုင်းဖက်ရင်း ရေချိုးဆောင်အပြင်ဖက်က လူရှင်းတဲ့နေရာနားထိ ဆွဲထုတ်ခဲ့မိတာ ဖြစ်သည်။

"ဘာလို့ အတင်းဆွဲနေတာလဲ၊ ငါ အဝတ်မဝတ်ရသေးဘူးလေ"

ရေချိုးဆောင်အပြင်ဖက်က ကစားကွင်းဖက်ထိ ရောက်လာခဲ့ပြီမို့ ရေး ထိုလူ့လက်က အရင်ရုန်းလိုက်ရသည်။

"ဟက်. .အခုမှ အဝတ်မဝတ်ရသေးတာကို စိတ်ပူနေသေးတယ်လား။ ယောက်ျားအုပ်စုကြားထဲမှာ ဒီအတိုင်း ရေချိုးတာတော့ ဘာမှမဖြစ်ဘူးလား"

"အမ်. .ယောက်ျားတွေပဲရှိတဲ့ထောင်ကို ငါက သူတို့နဲ့ မချိုးတော့ ဘယ်သူနဲ့ သွားချိုးရမှာလဲ။ ပြီးတော့ ဒီထဲက လူတွေက အကုန်အဖြောင့်တွေပါကွာ"

"ဝေါင်း. . .သူတို့ဖြောင့်လား မဖြောင့်လားဆိုတာ မင်းက ဘယ်နား လိုက်ကြည့်ပြီး သိသွားတာလဲ။ ကိုယ်တောင် ကွေးနေပါတယ်လို့ နဖူးမှာ စာကပ်ထားလို့လား၊ လူတကာကို လိုက်ပြောနေလို့လား"

"အာ. . ."

ရေးခမျာ ဆက်ပြောစရာ ပျောက်ရှသွားရသည်။

အပြင်ဖက်၌ လေတဖြူးဖြူးတိုက်နေတာမို့ ရေး သူ့ပဝါကို သေချာဆွဲစေ့လိုက်ရင်း သူ့ရှေ့ကလူ၏ တရစပ်ထပ်ရွတ်ဖို့ ဟန်ပြင်နေသည့် နှုတ်ခမ်းအား ခြေဖျားထောက်ပြီး ဖိကပ်လိုက်မိတော့တာမို့ ရိုင်းလ်တစ်ယောက် ထပ်ပြောဖို့ ပြင်နေတာတွေ တိခနဲ ရပ်တန့်သွားရ၏။

ဖိကပ်လိုက်ပြီးတာနဲ့ ရေး အမြန်ပြန်ခွာလိုက်ရပြီး ပြုံးပြလိုက်ရကာ-

"ကြည့်ရတာ မင်းက ချစ်သူကို သဝန်တိုတတ်တဲ့ type မျိုး ထင်တယ်"

"ကိုယ်က? ဟက်. . .ကိုယ်က လုံးဝ သဝန်မတိုတတ်တဲ့သူမျိုးပါကွ။ ဒါက ဒီအတိုင်း စိတ်ပူတာ"

ရိုင်းလ် သူ့လည်ပင်းနောက်ကိုသူ ပွတ်နေမိတော့ကာ အခုမှပဲ သူ့ကိုယ်သူ အနည်းငယ် အံ့ဩသွားမိသည်။ သူ အရင်က ဘယ်သူ့အပေါ်ကိုမဆို တကယ့်ကို လုံးဝ သဝန်မတိုတတ်ခဲ့တာကို အခုတော့ လူစားထိုးခံလိုက်ရသည့်အလား။

နေကောင်းကျန်းမာတဲ့ပုံရပေမယ့် မျက်နှာကတော့ တစ်ဝက်လောက် ချောင်ကျသွားတဲ့ ခေတ္တရာကို သိမ်းကျုံးပွေ့ဖက်ပြီး ရူးမတတ် လွမ်းနေရသည့် ချစ်သူလေး၏ ဒီ Heart-shaped နှုတ်ခမ်းလေးကို အားနဲ့ နမ်းရှိုက်ဖို့ ပြင်လိုက်စဉ် သူတို့ ခပ်လှမ်းလှမ်းသို့ လူတချို့ရောက်လာတာကို တွေ့လိုက်ရတာကြောင့် ရိုင်းလ် နောက်ပြန်ဆုတ်လိုက်ရသည်။

ထိုလူမိုက်ကောင်တွေ ရိုင်းလ်အား အကဲခတ်နေမိသည်။ လူသစ်က ရေးနဲ့အတူ ရှိနေတာမို့ သူတို့ အနားတော့ ကပ်မလာသေး။

"အင်္ကျီသေချာ ပြန်သွားဝတ်လိုက်ဦး။ ဘာမှစိတ်မပူနဲ့နော်၊ ကိုယ် မင်းနဲ့ အတူရှိချင်လို့ လိုက်လာခဲ့တာပါ"

ခေတ္တရာ၏ ဘယ်ဖက်ပခုံးထက်၌ ဘာအမှတ်မှ မရှိတော့တာကို မြင်လိုက်ရတာကြောင့် ပြုံးလိုက်မိပြီး ပဝါကို သေချာအလုံထုပ်ပေးလိုက်ရင်း သူလည်း ထိုလူမိုက်ကောင်တွေကို တစ်ချက်လှမ်းရှိုးလိုက်မိသည်။

"ကိုကို ကျွန်တော့်ကို ထောင်ဝင်စာ လာတွေ့ရင်ပဲ ကျေနပ်ပြီကို၊ ကိုကို့အချိန်တွေ နှမြောဖို့ကောင်းတယ်"

"မင်းနဲ့တူတူဆိုရင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်ပဲ တူတူသွားရ သွားရ၊ ထောင်ထဲပဲ တူတူသွားရ သွားရ။ ကိုယ် ငယ်ငယ်ကဆို မင်းမှာ အစွမ်းတွေ ရှိနေတော့ ဒီကောင်လေး အန္တရာယ်ကင်းကင်း ကြီးပြင်းလာနိုင်မှာပဲလို့ ထင်ခဲ့တာတောင် မင်းကို အနိုင်ကျင့်မယ့်သူတွေ ဒီလောက်ပေါနေခဲ့တာ။ အခုလို မင်းမှာ ဘာအစွမ်းမှ မရှိတော့တာကို သိနေရဲ့သားနဲ့ ယောက်ျားတွေ အများကြီး ကြားထဲ ထည့်ထားပေးပြီး ကိုယ်က ဘယ်လိုလုပ် အိမ်ထဲမှာ စိတ်ချလက်ချ အိပ်နေနိုင်မှာလဲ"

". . . ."

"မငိုပါနဲ့ ကိုယ့်ရဲ့အလှလေးရယ်၊ ကိုယ် လူသတ်ခဲ့မိတာ မှန်ပေမယ့် တကယ် သေချာရွေးပြီးမှ သတ်ခဲ့တာပါ။ ဒီအတိုင်း တွေ့ကရာလူကို လျှောက်သတ်ခဲ့တာမျိုး မဟုတ်ဘူးနော်။ ‌သေချာပေါက် သေသင့်တဲ့လူယုတ်မာကိုပဲ ရွေးပြီးမှ သတ်ခဲ့တာမို့ ကိုယ် လူသတ်ခဲ့မိတာအတွက် လုံးဝ နောင်တရစရာမရှိဘူး၊ မင်း လုပ်ခဲ့သလိုမျိုးပဲလေ"

ထိုမျှလောက်ထိ အချစ်မခံခဲ့ရဖူးတဲ့ ရေး၏ မျက်ဝန်းတွေက ချက်ချင်း နီ‌စွေးလာခဲ့သည်။ သူ ထိုလူ့ထက်သာအောင် ပြန်ချစ်ပြနိုင်ပါတော့မလားပင် မသိတော့တဲ့အထိ ထိုလူ့အချစ်ကို ရေး ခံစားနေရသည်။

ရိုင်းလ်ကတော့ ထိုကောင်လေးကို အင်္ကျီပြန်ဝတ်လို့ရအောင် ရေချိုးခန်းဖက် ပြန်ခေါ်လာခဲ့ရင်း-

"ဒီထဲမှာ လူမိုက်တွေ ‌ရှိနေတယ်မလား"

"ရှိတာပေါ့၊ ဒီမှာလေ"

ခေတ္တရာ သူ့ကိုယ်သူ လက်ညှိုးထိုးပြလာတာမို့ အူယားသွားခဲ့မိသည်။ ထိုကောင်လေး၏ ဆံနွယ်တွေကို အသာအယာ ဖွလိုက်မိပြီး ရေချိုးခန်းထဲ၌ ခုနကလောက် လူမများတော့တာမို့ ရိုင်းလ် ထိုကောင်လေး၏ ပါးတွေကို သူ့နှာခေါင်းချွန်ချွန် နစ်ဝင်သွားအောင်ထိ တဝကြီး ရှိုက်နမ်းလိုက်မိသည်။

သို့သော်ငြား ချက်ချင်း လူချင်းပြန်ခွာလိုက်ရပြီး-

"အဝတ်ဝတ်မယ်ဆို ဝတ်တော့၊ ချိုးလို့ မပြီးသေးရင်လည်း ဆက်ချိုး၊ ကိုယ် စောင့်နေပေးမယ်"

ဒီတစ်လခွဲလုံး ရေး ဒီအတိုင်းသာ အေးဆေးချိုးခဲ့ရပြီး ထိုမျှလောက်ထိ စိတ်ပူစရာမရှိပါဟု ပြန်ပြောချင်ပေမယ့် သူ့ကို ကိုကိုက ထိုကဲ့သို့ ဂရုစိုက်နေတာကို သဘောကျမိတာမို့ ရေသာ အမြန်ပြန်သွားချိုးနေရတော့သည်။

ထောင်ထဲရောက်ပြီးကတည်းက ဒီနေ့လောက် ပျော်နေမိသည့်နေ့ မရှိတော့သည့်အလား ရေး အလွန်ပျော်ရွှင်နေမိသည်။ ပျော်လွန်းလို့ ကျလာမိသည့် မျက်ရည်တွေက ရေပန်းအောက်၌ ရေစက်တွေနဲ့ ရောနှောသွားခဲ့သည်။

ရိုင်းလ်စေတန် သူ့အား အခုထိ ထောက်လှမ်းရေးလုပ်နေတဲ့ကောင်တွေကို လူမိုက်လုပ်လာခဲ့သည့် သက်တမ်းအရ အာရုံခံမိနေပြီဖြစ်သည်။

"ဘာတုန်း၊ ဒီကောင် ဘာလို့ ရေးခေတ္တရာနား ကပ်နေတာလဲ"

"အေးဆို၊ ရေးက သူ့ဖက်ပါအောင် စည်းရုံးလိုက်နိုင်တာများလား"

"အဲ့ဒါကြောင့် အစ်ကိုကြီးကို ငါ ပြောသားပဲ။ အဲ့လူသစ်ကောင်ကို အရင်ဆွဲစိထားပါဆို"

တော်တော်အားယားနေတဲ့ လူတစ်စုကို ရိုင်းလ် စိတ်ပျက်လက်ပျက် လက်ပိုက်ရပ်ကြည့်နေမိရင်း ရေချိုးဆောင်ထဲ ဝင်ဝင်လာဆဲ ကိုယ်လုံးတီး အမျိုးသားတွေကို မြင်တိုင်း ခေတ္တရာအား ထိုလူတွေ လာငေးမကြည့်ရဲအောင်လို့ သူသာ ထိုကောင်တွေကို အရင်ပြန်စိုက်ကြည့်နေပေးလိုက်သည်။

ရိုင်းလ်၏ ဘဝကြီးကား ဒီ‌ကောင်တွေက အဖြောင့်ကောင်တွေဆိုတာ ခံစားလိုက်မိပါသော်ငြား ခေတ္တရာအား အလွန့်အလွန်ကိုမှ သဝန်တိုနေမိတုန်းပင်။ သူ့အလှလေးကို သူ တစ်ယောက်တည်းသာ ကြည့်ခွင့်ရချင်လေသည်။

ထို့နောက် ရိုင်းလ်တစ်ယောက် ထိုကောင်လေးရဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေကို လိုက်ကြည့်လိုက်ရင်း သူ သတိထားမိသွားတာတစ်ခုက ခေတ္တရာခမျာ ဒီကပေးတဲ့ ဆပ်ပြာခဲကိုသာ သုံးနေရတာကြောင့် သူ အလွန်ကြိုက်ရှာတဲ့ ဘေဘီမိုင်း‌လေးကိုဝောာင် မသုံးရတာအတွက် နောက်နေ့ သူ့အစ်ကို ထောင်ဝင်စာ လာတွေ့ရင် ဘေဘီမိုင်းပါ ထည့်မှာပေးဖို့ မှတ်ထားလိုက်တော့သည်။

__________________________________________

[Zawgyi]

ရိုင္းလ္၏ အမႈကိစၥအတြက္ ရိုင္းလ္၏ အေဖႏွင့္ အစ္ကိုတို႔ ရန္ကုန္မွာ ေသာင္တင္ေနခဲ့ရသည္။

အခုေတာ့ သားလိမၼာေလးရဲ႕ ေက်းဇူးနဲ႕ ထိုလူႀကီး အလြန္အမင္း shock ရသြားခဲ့တာေၾကာင့္ အိမ္ကို ဆရာဝန္ပင့္ၿပီး ေဆးပင္ေခၚခ်ိတ္ေနရေလသည္။

"က်ားဖက္လိုက္ၿပီး မိုက္ဖက္ပါတဲ့ေကာင္။ ေနာက္တစ္ဘြဲ႕ေတာင္ ထပ္ယူထားခဲ့တာ အခုလို ေထာင္ထဲ ႀကိဳးစားပမ္းစား ဝင္လို႔ရ‌ေအာင္ ေခါင္းသုံးဖို႔ အတြက္လား။ ေတာက္. . .ဒီေကာင့္ ဦးေႏွာက္က ပညာေတြတတ္တတ္လာေလ ႀကီးႀကီးမလာဘဲ က်ဳံ႕က်ဳံ႕သြားတာလားပဲ"

"စိတ္ေလွ်ာ့ပါ ဒယ္ဒီရာ၊ ေနာက္ထပ္ ေသြးေစာင့္တက္သြားရင္ အႏၲရာယ္ရွိနိုင္တယ္လို႔ ေဒါက္တာ မွာသြားတယ္ေလ"

ဒီသားမိုက္ေၾကာင့္ စိတ္ဆင္းရဲရလြန္းလို႔ ေသရပါေတာ့မည္။ ဒီဒူးမနာသားေလးကေတာင္ သူ႕အေပၚ အခုလို သိတတ္‌ေသးသည္။ ဟိုဆရာဝန္ေကာင္ကေတာ့လား အိမ္ေထာင္ဖက္ ဆုံးသြားတာကိုက် မ်က္ရည္တစ္စက္ေတာင္ မက်အားဘဲ သူ႕ေဒါသနဲ႕သူ လူသတ္ခဲ့လို႔ ေထာင္က်သြားတဲ့ေကာင္ေနာက္ကိုေတာ့ ဘယ္လမ္းက လိုက္ရမလဲ လုပ္ေနခဲ့တာ လူၾကားလို႔ေတာင္ ေကာင္းၾကေသးရဲ႕လား။

ထိုလူႀကီး ဆက္ခြန္းသစ္ရဲ႕မိဘေတြကို မ်က္ႏွာေတာင္ မျပရဲေတာ့။ 

ရိုင္ယန္ သူ႕ဒယ္ဒီအား ျပန္လွဲခိုင္းလိုက္ရၿပီး-

"အရမ္းစိတ္မပူပါနဲ႕၊ ေရွ႕ေန ေျပာတာေတာ့ ဆယ္ႏွစ္က်သြားတယ္ဆိုေပမယ့္ အထဲမွာ စံျပေထာင္သားအျဖစ္ လိမ္လိမ္မာမာ ေနမယ္ဆို သုံးေလးႏွစ္နဲ႕ ျပန္လြတ္လာတဲ့သူေတြလည္း ရွိတယ္တဲ့"

"ဟက္. . .စံျပေထာင္သား ဟုတ္လား။ အျပင္မွာေတာင္ ထိန္းမနိုင္သိမ္းမရ ဆိုးေနခဲ့တာကို မင္းညီက အဲ့ထဲေရာက္ေတာ့မွ ခ်က္ခ်င္းႀကီး သူေတာ္ေကာင္းျဖစ္သြားမယ္မ်ား ထင္ေနတာလား။ ေတာ္ၿပီ. .ေတာ္ၿပီ ငါ အဲ့ေကာင္အေၾကာင္း ထပ္မေျပာခ်င္ေတာ့ဘူး။ မင္းညီ အဲ့ထဲေရာက္မွ အျပင္မွာထက္ ႏွစ္ဆေသာင္းက်န္းေနလို႔ အမႈထပ္တိုးလာမွာကိုပဲ ျမင္ေယာင္ပါတယ္ကြာ"

". . . ."

"မင္းလည္း ငါ့မ်က္စိေရွ႕က ေဝးေဝးေနေတာ့၊ အလကား ေမြးရက်ိဳးမနပ္တဲ့ ေသာက္ခေလးေတြ"

ရိုင္ယန္တစ္ေယာက္ သူ႕ဒယ္ဒီစက္ကြင္းက လြတ္ေအာင္ အျပင္သာ ထြက္လာခဲ့ေတာ့သည္။

သူ႕ညီ ဘယ္ေလာက္ေပြရႈပ္ၿပီး ဘယ္ေလာက္ လြတ္လြတ္လပ္လပ္ ေနတတ္လဲ သူ အသိဆုံး ျဖစ္သလို အခုလို တစ္ေယာက္ေယာက္‌အေပၚ အဲ့ေလာက္ထိ ဓာတ္က်သြားမယ္လို႔လည္း သူ မထင္ထားခဲ့မိေပ။ နည္းနည္းမွ ထိန္းခ်ဳပ္မခံနိုင္တဲ့ သူ႕ညီ ေလွာင္အိမ္ႀကီးနဲ႕တူတဲ့ ေထာင္ႀကီးထဲမွာ တစ္လေတာင္ ေနနိုင္ပါ့မလား စိုးရိမ္ေနမိတာေတာ့ အမွန္ပင္။

----------------------

ေထာင္သားအမွတ္စဥ္ 6300 . . . ရိုင္းလ္ေစတန္။

အျပာေရာင္ေထာင္ဝတ္စုံ ဝမ္းဆက္နဲ႕ ျမန္မာမ်က္ႏွာက်ထက္ နိုင္ငံျခား႐ုပ္သြင္ ပိုေပါက္ေနသည့္ ေထာင္သားအသစ္ကို ႏွစ္ႀကီးသမားေတြ၊ အရင္ေရာက္ေနသည့္ စီနီယာေတြ မသိမသာ အကဲခတ္ေနၾကသည္။

ေထာင္၏ စည္းမ်ဥ္းေတြအရ ေထာင္သားအားလုံးက ညအိပ္ခ်ိန္သာ အခန္းထဲ ျပန္ထည့္ပိတ္ထားခံရၿပီး တစ္ေနကုန္ ေထာင္ထဲမွာ ေလွ်ာက္သြားခြင့္ရၾကသည္။ သုံးေယာက္တစ္ခန္း၊ ေလးေယာက္တစ္ခန္း တြဲအိပ္ၾကရသည္။ တူတူစု၍ ေရခ်ိဳးရၿပီး စားေသာက္ဖို႔အတြက္ ေဟာခန္းက်ယ္တစ္ခုနဲ႕ အပ်င္းေျပ အုပ္စုဖြဲ႕ ကိုယ္လက္လႈပ္ရွားအားကစားလုပ္လို႔ရသည့္ ကစားကြင္းက်ယ္တစ္ခုရွိသည္။ ေထာင္သားေတြ၏ က်န္းမာေရးအတြက္ ဆရာဝန္တစ္ေယာက္ရွိသည့္ ေဆးေပးခန္းတစ္ခုလည္း ရွိသည္။

ေထာင္ေစာင့္ေတြ အခ်ိန္ျပည့္ ႀကီးၾကပ္ေနတတ္ေပမယ့္ ေထာင္တို႔၏ ထုံးစံအတိုင္း ႀကီးနိုင္ငယ္ညွင္းမႈေတြကလည္း ရွိေနဆဲျဖစ္သည္။ ေထာင္ေစာင့္ေတြက ေထာင္သားအခ်င္းခ်င္း လက္လြန္ေအာင္ လုပ္မိသြားမွာကို ေစာင့္ၾကည့္႐ုံမွတပါး ထိုကဲ့သို႔ နိုင္လိုမင္းထက္ ဗိုလ္က်မႈေတြကိုေတာ့ လႊတ္ထားေပးတတ္ၾကသည္။ ထို႔အတြက္ အသစ္ေရာက္ကာစ ေၾကာက္တတ္သည့္ ေကာင္ေလးေတြဆို ဦးခ်ိဳးခံရၿပီပင္။

ထို႔အတြက္ ဒီထဲ၌လည္း ထိုကဲ့သို႔ ႀကီးစိုးေနသည့္ လူမိုက္အုပ္စု ရွိေနသည္။ ပုံမွန္ဆို ႏွစ္ႀကီးေထာင္သားေတြက မုဒိမ္းမႈနဲ႕ ေထာင္ထဲဝင္လာတဲ့အသစ္ေတြကိုဆိုရင္ ႏွစ္ဆ ပိုပညာျပတတ္သည္။ သို႔ေသာ္ျငား ဒီထဲမွာေတာ့ မုဒိမ္းမႈနဲ႕ ေထာင္က်ေနခဲ့သည့္သူက လူမိုက္ေခါင္းေဆာင္ျဖစ္ေနၿပီး ေထာင္သားေတြအား အုပ္စုဖြဲ႕ ဗိုလ္က်ေနခဲ့သည္။

"အစ္ကိုႀကီး ကြၽန္ေတာ္တို႔ အသစ္ေကာင္ကို ဆြဲေခၚခဲ့ၿပီး ကြၽန္ေတာ္တို႔အေၾကာင္းသိေအာင္ ျပလိုက္ရ‌ေတာ့မလား"

ေထာ့နင္းေထာ့နင္းျဖစ္ေနသည့္ ထိုလူမိုက္ေခါင္းေဆာင္က သူ႕ေျခေထာက္က ဒဏ္ရာ ျပန္သက္သာတဲ့ထိ ေစာင့္ဖို႔ ေျပာလိုက္ၿပီး သူ႕ကို အခုလို ေျခက်ိဳးလက္က်ိဳးျဖစ္ေအာင္ လုပ္သြားခဲ့သည့္ ေရးေခတၱရာကို အမႈန႔္ႀကိတ္ခ်င္ေနတာျဖစ္သည္။

"ေတာက္. . .အဲ့ေကာင္ ဘာစားထားလို႔ ဒီေလာက္ ကန္ခ်က္ျပင္းရတာလဲ"

ထိုအစ္ကိုႀကီးကို မ်က္ႏွာလိုမ်က္ႏွာရ လုပ္ေနၾကတဲ့ လူမိုက္‌‌ေသြးပါသည့္ ေနာက္လိုက္ေထာင္သားတစ္စုကလည္း သူတို႔အစ္ကိုႀကီးဖက္က မခံနိုင္ရွာေပ။ သို႔ေသာ္ျငား ေရာက္တာ သိပ္မၾကာေသးသည့္ ေရးေခတၱရာက တစ္ေယာက္တည္းနဲ႕ တစ္ဂိုဏ္းေထာင္နိုင္တဲ့အထိ လက္သံေျပာင္သူ ျဖစ္ေနသည္။

ေရးေခတၱရာ သူတို႔အစ္ကိုႀကီးနဲ႕ ရန္ျဖစ္ၾကရင္း ေရး တိုက္ပိတ္ခံခဲ့ရတာေတာင္ သုံးႀကိမ္ရွိေနၿပီျဖစ္သည္။ ေထာင္ထဲ၌ တအားဆူပူေအာင္ လုပ္ရင္၊ လက္လြန္ခဲ့ရင္ ေထာင္ေစာင့္ေတြက ထိုေထာင္သားကို တစ္ရက္တိုက္ပိတ္ထားၿပီး အျပစ္ေပးတတ္ၾကသည္။

"ဒါနဲ႕ေလ အစ္ကိုႀကီး၊ ကြၽန္ေတာ္တို႔ဖက္ကို အဲ့လူသစ္ကို ‌ေခၚလိုက္ရင္ေရာ။ အဲ့လူပုံစံကို ၾကည့္ရတာ လက္ရည္က သာမန္‌ေတာ့ မဟုတ္ဘူးလားလို႔။ အဲ့ေကာင္သာ ကြၽန္ေတာ္တို႔နဲ႕ ပူးေပါင္းလာမယ္ဆိုရင္ ေရးေခတၱရာကို ကြၽန္ေတာ္တို႔ ဦးခ်ိဳးနိုင္ၿပီ"

"ထြီ! အဲ့လို ငခြၽတ္ေလးတစ္ေကာင္ကို ရွင္းဖို႔အတြက္ ငါက စစ္ကူေခၚမယ့္႐ုပ္ေပါက္ေနလို႔လား။ သူ႕ပုံစံက ႏူးႏူးညံ့ညံ့ေလးျဖစ္မယ္ဆိုၿပီး ေလွ်ာ့တြက္လိုက္မိလို႔ ခံလိုက္ရတာကြ။ ေနာက္ဆို ေရးေခတၱရာ ငါ့လက္ခ်က္နဲ႕ ေသၿပီသာမွတ္"

"လုပ္သာလုပ္ပစ္ အစ္ကိုႀကီး။ သူ ကြၽန္ေတာ္တို႔ရဲ႕ အဓိကေနရာကိုလည္း အားနဲ႕ ကန္သြားခဲ့တယ္။ အဲ့ဒါေၾကာင့္ အစ္ကိုႀကီးကို ကြၽန္ေတာ္တို႔ မကူနိုင္ျဖစ္သြားခဲ့တာ။ ေနာက္ဆို အစ္ကိုႀကီးကို အခုလို ဒဏ္ရာထပ္မရေစရပါဘူး"

"ေအး. . .မင္းတို႔ အဲ့လူသစ္ကိုသာ ငါတို႔အုပ္စုအေၾကာင္းသိေအာင္ ၿဖဲေပးလိုက္။ ေရးေခတၱရာကိုေတာ့ ငါပဲ ရွင္းမယ္။ ဟက္. . .ေရးေခတၱရာက ေနာက္မွ ဝင္လာၿပီး ငါ့ေနရာကို မ်က္ေစာင္းလာထိုးရဲေသးတယ္"

"စိတ္ခ် အစ္ကိုႀကီး။ လူသစ္ကိုေတာ့ ကြၽန္ေတာ္တို႔လက္ထဲ စိတ္ခ်လက္ခ် အပ္ပစ္လိုက္။ အဲ့ေကာင္ အစ္ကိုႀကီးကို ဆရာလို႔ ‌ေခၚလာေစေအာင္အထိ ၿဖဲေပးလိုက္ပါ့မယ္"

ထိုေနာက္လိုက္ေတြလို ဇမရွိတဲ့ ေၾကာက္တတ္တဲ့ေကာင္ေလးေတြကေတာ့ ထိုလူမိုက္အုပ္စုကို မ်က္လုံးေတာင္ လွန္မၾကည့္ရဲၾကဘဲ ထိုလူေတြ ေအာက္ေျခသိမ္းခိုင္းတာကို လိုက္လုပ္ေပးေနရစဥ္ ေနာက္ထပ္ လူမိုက္ျဖစ္သည့္ ေရးေခတၱရာကိုပါ ေမာ့မၾကည့္ရဲေတာ့တဲ့အထိ ေၾကာက္စရာလူ ထပ္တိုးလာျပန္တာမို႔ သူတို႔ငိုခ်င္ေနတာ ျဖစ္သည္။ ေရးက သူတို႔ကို ထိုလူမိုက္ေတြလိုေတာ့ အနိုင္မက်င့္တတ္ေပမယ့္လည္း ဒီေထာင္ထဲမွာ ပြဲအရွာနိုင္ဆုံးသူက ေရးျဖစ္ေနတာမို႔ ေထာင္သား‌ေလးေတြ ဒီလူမိုက္ေတြကို အလြန္ေၾကာက္ေနရပါ၏။

ေထာင္သားအမွတ္စဥ္ 5972 . . . ေရးေခတၱရာ။

ေရး ကျပားေကာင္ကို ေထာင္တစ္ခုလုံး၌ လိုက္ရွာေနမိသည္။ ထိုလူ ဘာလို႔ အခုလို ေထာင္က်လာရတာလဲဆိုတာ ေရး တစ္ညလုံး သိခ်င္လြန္းလို႔ ႐ူးေတာ့မယ္။ သူ႕ကို ေထာင္ဝင္စာ တစ္ခါေလာက္ လာေတြ႕ေပးဖို႔သာ ေရး ေမွ်ာ္လင့္ထားခဲ့တာပင္။

ရိုင္းလ္က လူသစ္မို႔ ေရးတို႔လို လြတ္လြတ္လပ္လပ္ မေနရေသးဘဲ မနက္ကတည္းက အလုပ္ၾကမ္း အရင္သြားလုပ္ေနရၿပီး စည္းကမ္းခ်က္ေတြကို နားေထာင္ဖို႔ ေထာင္ေစာင့္ေတြက သူ႕အား ေခၚထားတုန္း။

"ညကိုးနာရီဆို မီးျဖတ္မယ္၊ အခန္းကူးၿပီး မအိပ္ရဘူး။ မူးယစ္ေဆး ခိုးသုံးဖို႔ မႀကံရဘူး။ . . . . ရန္မျဖစ္ရဘူး။ ေထာင္ထဲမွာ ဆူပူေအာင္လုပ္ခဲ့ရင္ တိုက္ပိတ္အျပစ္ေပးခံရမယ္"

ေထာင္ေစာင့္ေတြ ႐ြတ္ျပေနတဲ့ စည္းကမ္းေတြကို ေျခခ်ိတ္ထိုင္ရင္း နားေထာင္ေနသည့္ ရိုင္းလ္တစ္ေယာက္ မေကာင္းတတ္လို႔သာ တစ္ခ်က္တစ္ခ်က္ ေခါင္းညိတ္ျပေနရေပမယ့္ စည္းကမ္းခ်က္ေတြက ဒီဖက္နားကဝင္ၿပီး ဟိုဖက္နားက ျပန္ထြက္ေနသည့္အလား။ မဟုတ္ မဟုတ္. . .ဒီဖက္နားကေနေတာင္ ဝင္မလာခဲ့ပါေပ။

ရိုင္းလ္ သူ႕စိတ္ကို အေတာ္ေလး ဆြဲဆန႔္ထားရသည္။ ျဖစ္နိုင္ရင္ သူ ေခတၱရာဆီ သြားခ်င္ေနၿပီျဖစ္တာေၾကာင့္-

"ေတာ္ပါေတာ့ဗ်ာ၊ အားလုံးဖတ္ျပၿပီးရင္ အဲ့စည္းကမ္းေတြကို လိုက္နာပါ့မယ္လို႔ ေျပာရမွာပဲမလား။ အိုေခ၊ အကုန္သေဘာတူတာမို႔ အခု သြားလို႔ရၿပီလား"

"ဒီေကာင္ေတာ့! မင္း အခ်ိဳးေျပေျပေနေနာ္"

"ေနပါ့မယ္ဆိုဗ်ာ၊ ဒါနဲ႕ အခ်ိဳးေျပေျပေနမွာမို႔ အခန္းေျပာင္းေပးလို႔ ရမလား။ ဒီမွာ ကိုယ္ႀကိဳက္တဲ့အခန္းကို ေျပာင္းအိပ္လို႔ရတဲ့ အခြင့္အေရးေလးမ်ား မရွိဘူးလား"

ဒုန္း!

"ခုနဖတ္ျပေနတဲ့ စည္းကမ္းေတြကို နားေရာေထာင္လိုက္ရဲ႕လား၊ မင္း အခန္းကူးရဲကူးၾကည့္စမ္း၊ ဒီမွာ ဝါးရင္းတုတ္ျမင္လား၊ သြားေတာ့"

သြားေတာ့ဆိုတာကိုေတာ့ လိမ္လိမ္မာမာ ထထြက္သြားသည့္ ဒီေကာင့္ကို ေထာင္ေစာင့္ေတြ အခုလိုက်ေတာ့လည္း တုတ္နဲ႕ ေျခာက္လိုက္တာနဲ႕ အခ်ိဳးေျပသြားသားဟု ေက်နပ္သြားၾကသည္။

-----------------

သြားခ်င္ေနတာ တစ္ပိုင္းပင္မက၊ တစ္ကိုယ္လုံးပင္ေသေတာ့မွာမို႔ ေလအလ်င္လို ေျပးထြက္လာခဲ့သည့္ ရိုင္းလ္တစ္ေယာက္ ေထာင္သားေတြကို အျပင္မွာ သိပ္မေတြ႕ရေတာ့တာမို႔ ေခတၱရာကို ေနရာအႏွံ႕ လိုက္ရွာေနရစဥ္ ေရခ်ိဳးခန္းေတြဖက္ထိ ေရာက္လာခဲ့သည္။

ထို႔အတြက္ ေရခ်ိဳးေဆာင္ထဲ၌ ကိုယ္လုံးတီး အမ်ိဳးသားမ်ားစြာကို ေတြ႕လိုက္ရတာေၾကာင့္ ေခါင္းထဲ ဒိန္းခနဲ။

ေရခ်ိဳးခန္းဟူ၍ သီးသန႔္မရွိဘဲ ေရပန္းေတြ တန္းစီတပ္ေပးထားသည့္ ေရပန္းေအာက္ေတြထဲ၌ တစ္ေယာက္နဲ႕တစ္ေယာက္ၾကား အကာအရံလည္း မရွိတာကို ျမင္လိုက္ရသည္။

"မဟုတ္မွလြဲေရာ ေခတၱရာေရာ ဒီလိုပဲ ခ်ိဳးတာလား"

ေဟးလားဝါးလား ေသာင္းက်န္း ေအာ္ဟစ္ေနၾကသည့္ ေရခ်ိဳးေဆာင္ႀကီးထဲသို႔ ရိုင္းလ္ အျမန္ဝင္လာခဲ့ရၿပီး ရွာေဖြေနမိစဥ္ ေနာက္ဆုံးေတာ့ ဒါက ေရခ်ိဳးခ်ိန္မွန္း သူ သိလိုက္ရသလို ေခတၱရာကိုလည္း ေတြ႕လိုက္ရသည္။

သူ ထင္ထားသလို ေခတၱရာကေတာ့ တျခားလူေတြကဲ့သို႔ တစ္ကိုယ္လုံး ဗလာက်င္းမဟုတ္ဘဲ ေအာက္ပိုင္းကို တဘက္ပတ္ထားတာကို ေတြ႕လိုက္ရသည္။ သို႔ေသာ္ျငား ဒီလို ေယာက္်ားအုပ္စုလိုက္ေတြ ၾကားထဲမွာ ေရခ်ိဳးေနတာက ရိုင္းလ္အား ထိုေနရာသို႔ အေျပးေရာက္သြားေစခဲ့တဲ့အထိ။

ေရပန္းေအာက္၌ ေရး သူ႕အခန္းေဖာ္နဲ႕ ေဘးခ်င္းကပ္ ေရခ်ိဳးေနစဥ္ သူ႕ေရပန္း ႐ုတ္တရက္ပိတ္သြားၿပီး သူ႕ေပၚ ပဝါခပ္ႀကီးႀကီးတစ္ထည္ အလႊမ္းခံလိုက္ရတာမို႔ ဘယ္သူ ရန္လာစျပန္တာလဲ အေတြးေၾကာင့္ ျဖတ္ရိုက္ဖို႔ လွည့္ၾကည့္လိုက္စဥ္ သူ တစ္မနက္လုံး လိုက္ရွာေနခဲ့သည့္ ကိုကိုျဖစ္ေနတာကို ေတြ႕လိုက္ရသည္။

"မင္း ဘယ္လိုလုပ္ၿပီး ေထာင္က်သြား. . .ဘာလုပ္တာလဲ၊ ငါ ေရခ်ိဳးေနတာကို"

"မင္း ကိုယ္နဲ႕ လိုက္ခဲ့"

ေရး၏ အခန္းေဖာ္အျပင္ ထိုနားတစ္ဝိုက္ကလူေတြ ေရးအား အခုလို လက္ရဲဇက္ရဲ ေခၚသြားဝံ့တဲ့ လူသစ္ကို အံ့ဩသြားၾကသည္။

"ဘာတုန္း၊ ဒီလူသစ္က ဟိုလူမိုက္ေတြနဲ႕ ေပါင္းသြားတာလား"

ဒီထဲက လူတခ်ိဳ႕က ေရးကို ခင္မင္ၾကသည္။ ထို႔အတြက္ ထိုလူမိုက္ေကာင္ေတြကလည္း ေရးကို ထိုကဲ့သို႔ ေခၚေခၚသြားတတ္ၾကတာမို႔ စိတ္ပူသြားၾကေသာ္ျငား ေရးပဲ နိုင္လာပါေစဟုသာ ဆုေတာင္းေပး႐ုံမွတပါး မတတ္နိုင္ေပ။

ထိုလူမိုက္အုပ္စုနဲ႕ တတ္နိုင္သမွ် လြတ္လြတ္ကင္းကင္း သူတို႔ေနခ်င္၏။

ရိုင္းလ္ ထိုေနရာကေန ေခတၱရာအား ခ်က္ခ်င္းဆြဲထုတ္လာပစ္ခဲ့မိသည္။ ႏွင္းလိုျဖဴ‌ဝင္းတဲ့ အသားအေရကို ဘယ္သူမွ မျမင္ေတာ့ေအာင္ ပဝါခပ္ႀကီးႀကီးနဲ႕ပါ ၿခဳံထားေပးခဲ့ၿပီး ပခုံးမွ သိုင္းဖက္ရင္း ေရခ်ိဳးေဆာင္အျပင္ဖက္က လူရွင္းတဲ့ေနရာနားထိ ဆြဲထုတ္ခဲ့မိတာ ျဖစ္သည္။

"ဘာလို႔ အတင္းဆြဲေနတာလဲ၊ ငါ အဝတ္မဝတ္ရေသးဘူးေလ"

ေရခ်ိဳးေဆာင္အျပင္ဖက္က ကစားကြင္းဖက္ထိ ေရာက္လာခဲ့ၿပီမို႔ ေရး ထိုလူ႕လက္က အရင္႐ုန္းလိုက္ရသည္။

"ဟက္. .အခုမွ အဝတ္မဝတ္ရေသးတာကို စိတ္ပူေနေသးတယ္လား။ ေယာက္်ားအုပ္စုၾကားထဲမွာ ဒီအတိုင္း ေရခ်ိဳးတာေတာ့ ဘာမွမျဖစ္ဘူးလား"

"အမ္. .ေယာက္်ားေတြပဲရွိတဲ့ေထာင္ကို ငါက သူတို႔နဲ႕ မခ်ိဳးေတာ့ ဘယ္သူနဲ႕ သြားခ်ိဳးရမွာလဲ။ ၿပီးေတာ့ ဒီထဲက လူေတြက အကုန္အေျဖာင့္ေတြပါကြာ"

"ေဝါင္း. . .သူတို႔ေျဖာင့္လား မေျဖာင့္လားဆိုတာ မင္းက ဘယ္နား လိုက္ၾကည့္ၿပီး သိသြားတာလဲ။ ကိုယ္ေတာင္ ေကြးေနပါတယ္လို႔ နဖူးမွာ စာကပ္ထားလို႔လား၊ လူတကာကို လိုက္ေျပာေနလို႔လား"

"အာ. . ."

ေရးခမ်ာ ဆက္ေျပာစရာ ေပ်ာက္ရွသြားရသည္။

အျပင္ဖက္၌ ေလတျဖဴးျဖဴးတိုက္ေနတာမို႔ ေရး သူ႕ပဝါကို ေသခ်ာဆြဲေစ့လိုက္ရင္း သူ႕ေရွ႕ကလူ၏ တရစပ္ထပ္႐ြတ္ဖို႔ ဟန္ျပင္ေနသည့္ ႏႈတ္ခမ္းအား ေျခဖ်ားေထာက္ၿပီး ဖိကပ္လိုက္မိေတာ့တာမို႔ ရိုင္းလ္တစ္ေယာက္ ထပ္ေျပာဖို႔ ျပင္ေနတာေတြ တိခနဲ ရပ္တန႔္သြားရ၏။

ဖိကပ္လိုက္ၿပီးတာနဲ႕ ေရး အျမန္ျပန္ခြာလိုက္ရၿပီး ၿပဳံးျပလိုက္ရကာ-

"ၾကည့္ရတာ မင္းက ခ်စ္သူကို သဝန္တိုတတ္တဲ့ type မ်ိဳး ထင္တယ္"

"ကိုယ္က? ဟက္. . .ကိုယ္က လုံးဝ သဝန္မတိုတတ္တဲ့သူမ်ိဳးပါကြ။ ဒါက ဒီအတိုင္း စိတ္ပူတာ"

ရိုင္းလ္ သူ႕လည္ပင္းေနာက္ကိုသူ ပြတ္ေနမိေတာ့ကာ အခုမွပဲ သူ႕ကိုယ္သူ အနည္းငယ္ အံ့ဩသြားမိသည္။ သူ အရင္က ဘယ္သူ႕အေပၚကိုမဆို တကယ့္ကို လုံးဝ သဝန္မတိုတတ္ခဲ့တာကို အခုေတာ့ လူစားထိုးခံလိုက္ရသည့္အလား။

ေနေကာင္းက်န္းမာတဲ့ပုံရေပမယ့္ မ်က္ႏွာကေတာ့ တစ္ဝက္ေလာက္ ေခ်ာင္က်သြားတဲ့ ေခတၱရာကို သိမ္းက်ဳံးေပြ႕ဖက္ၿပီး ႐ူးမတတ္ လြမ္းေနရသည့္ ခ်စ္သူေလး၏ ဒီ Heart-shaped ႏႈတ္ခမ္းေလးကို အားနဲ႕ နမ္းရွိုက္ဖို႔ ျပင္လိုက္စဥ္ သူတို႔ ခပ္လွမ္းလွမ္းသို႔ လူတခ်ိဳ႕ေရာက္လာတာကို ေတြ႕လိုက္ရတာေၾကာင့္ ရိုင္းလ္ ေနာက္ျပန္ဆုတ္လိုက္ရသည္။

ထိုလူမိုက္ေကာင္ေတြ ရိုင္းလ္အား အကဲခတ္ေနမိသည္။ လူသစ္က ေရးနဲ႕အတူ ရွိေနတာမို႔ သူတို႔ အနားေတာ့ ကပ္မလာေသး။

"အကၤ်ီေသခ်ာ ျပန္သြားဝတ္လိုက္ဦး။ ဘာမွစိတ္မပူနဲ႕ေနာ္၊ ကိုယ္ မင္းနဲ႕ အတူရွိခ်င္လို႔ လိုက္လာခဲ့တာပါ"

ေခတၱရာ၏ ဘယ္ဖက္ပခုံးထက္၌ ဘာအမွတ္မွ မရွိေတာ့တာကို ျမင္လိုက္ရတာေၾကာင့္ ၿပဳံးလိုက္မိၿပီး ပဝါကို ေသခ်ာအလုံထုပ္ေပးလိုက္ရင္း သူလည္း ထိုလူမိုက္ေကာင္ေတြကို တစ္ခ်က္လွမ္းရွိုးလိုက္မိသည္။

"ကိုကို ကြၽန္ေတာ့္ကို ေထာင္ဝင္စာ လာေတြ႕ရင္ပဲ ေက်နပ္ၿပီကို၊ ကိုကို႔အခ်ိန္ေတြ ႏွေျမာဖို႔ေကာင္းတယ္"

"မင္းနဲ႕တူတူဆိုရင္ လမ္းထိပ္က လက္ဖက္ရည္ဆိုင္ပဲ တူတူသြားရ သြားရ၊ ေထာင္ထဲပဲ တူတူသြားရ သြားရ။ ကိုယ္ ငယ္ငယ္ကဆို မင္းမွာ အစြမ္းေတြ ရွိေနေတာ့ ဒီေကာင္ေလး အႏၲရာယ္ကင္းကင္း ႀကီးျပင္းလာနိုင္မွာပဲလို႔ ထင္ခဲ့တာေတာင္ မင္းကို အနိုင္က်င့္မယ့္သူေတြ ဒီေလာက္ေပါေနခဲ့တာ။ အခုလို မင္းမွာ ဘာအစြမ္းမွ မရွိေတာ့တာကို သိေနရဲ႕သားနဲ႕ ေယာက္်ားေတြ အမ်ားႀကီး ၾကားထဲ ထည့္ထားေပးၿပီး ကိုယ္က ဘယ္လိုလုပ္ အိမ္ထဲမွာ စိတ္ခ်လက္ခ် အိပ္ေနနိုင္မွာလဲ"

". . . ."

"မငိုပါနဲ႕ ကိုယ့္ရဲ႕အလွေလးရယ္၊ ကိုယ္ လူသတ္ခဲ့မိတာ မွန္ေပမယ့္ တကယ္ ေသခ်ာေ႐ြးၿပီးမွ သတ္ခဲ့တာပါ။ ဒီအတိုင္း ေတြ႕ကရာလူကို ေလွ်ာက္သတ္ခဲ့တာမ်ိဳး မဟုတ္ဘူးေနာ္။ ‌ေသခ်ာေပါက္ ေသသင့္တဲ့လူယုတ္မာကိုပဲ ေ႐ြးၿပီးမွ သတ္ခဲ့တာမို႔ ကိုယ္ လူသတ္ခဲ့မိတာအတြက္ လုံးဝ ေနာင္တရစရာမရွိဘူး၊ မင္း လုပ္ခဲ့သလိုမ်ိဳးပဲေလ"

ထိုမွ်ေလာက္ထိ အခ်စ္မခံခဲ့ရဖူးတဲ့ ေရး၏ မ်က္ဝန္းေတြက ခ်က္ခ်င္း နီ‌ေစြးလာခဲ့သည္။ သူ ထိုလူ႕ထက္သာေအာင္ ျပန္ခ်စ္ျပနိုင္ပါေတာ့မလားပင္ မသိေတာ့တဲ့အထိ ထိုလူ႕အခ်စ္ကို ေရး ခံစားေနရသည္။

ရိုင္းလ္ကေတာ့ ထိုေကာင္ေလးကို အကၤ်ီျပန္ဝတ္လို႔ရေအာင္ ေရခ်ိဳးခန္းဖက္ ျပန္ေခၚလာခဲ့ရင္း-

"ဒီထဲမွာ လူမိုက္ေတြ ‌ရွိေနတယ္မလား"

"ရွိတာေပါ့၊ ဒီမွာေလ"

ေခတၱရာ သူ႕ကိုယ္သူ လက္ညွိုးထိုးျပလာတာမို႔ အူယားသြားခဲ့မိသည္။ ထိုေကာင္ေလး၏ ဆံႏြယ္ေတြကို အသာအယာ ဖြလိုက္မိၿပီး ေရခ်ိဳးခန္းထဲ၌ ခုနကေလာက္ လူမမ်ားေတာ့တာမို႔ ရိုင္းလ္ ထိုေကာင္ေလး၏ ပါးေတြကို သူ႕ႏွာေခါင္းခြၽန္ခြၽန္ နစ္ဝင္သြားေအာင္ထိ တဝႀကီး ရွိုက္နမ္းလိုက္မိသည္။

သို႔ေသာ္ျငား ခ်က္ခ်င္း လူခ်င္းျပန္ခြာလိုက္ရၿပီး-

"အဝတ္ဝတ္မယ္ဆို ဝတ္ေတာ့၊ ခ်ိဳးလို႔ မၿပီးေသးရင္လည္း ဆက္ခ်ိဳး၊ ကိုယ္ ေစာင့္ေနေပးမယ္"

ဒီတစ္လခြဲလုံး ေရး ဒီအတိုင္းသာ ေအးေဆးခ်ိဳးခဲ့ရၿပီး ထိုမွ်ေလာက္ထိ စိတ္ပူစရာမရွိပါဟု ျပန္ေျပာခ်င္ေပမယ့္ သူ႕ကို ကိုကိုက ထိုကဲ့သို႔ ဂ႐ုစိုက္ေနတာကို သေဘာက်မိတာမို႔ ေရသာ အျမန္ျပန္သြားခ်ိဳးေနရေတာ့သည္။

ေထာင္ထဲေရာက္ၿပီးကတည္းက ဒီေန႕ေလာက္ ေပ်ာ္ေနမိသည့္ေန႕ မရွိေတာ့သည့္အလား ေရး အလြန္ေပ်ာ္႐ႊင္ေနမိသည္။ ေပ်ာ္လြန္းလို႔ က်လာမိသည့္ မ်က္ရည္ေတြက ေရပန္းေအာက္၌ ေရစက္ေတြနဲ႕ ေရာေႏွာသြားခဲ့သည္။

ရိုင္းလ္ေစတန္ သူ႕အား အခုထိ ေထာက္လွမ္းေရးလုပ္ေနတဲ့ေကာင္ေတြကို လူမိုက္လုပ္လာခဲ့သည့္ သက္တမ္းအရ အာ႐ုံခံမိေနၿပီျဖစ္သည္။

"ဘာတုန္း၊ ဒီေကာင္ ဘာလို႔ ေရးေခတၱရာနား ကပ္ေနတာလဲ"

"ေအးဆို၊ ေရးက သူ႕ဖက္ပါေအာင္ စည္း႐ုံးလိုက္နိုင္တာမ်ားလား"

"အဲ့ဒါေၾကာင့္ အစ္ကိုႀကီးကို ငါ ေျပာသားပဲ။ အဲ့လူသစ္ေကာင္ကို အရင္ဆြဲစိထားပါဆို"

ေတာ္ေတာ္အားယားေနတဲ့ လူတစ္စုကို ရိုင္းလ္ စိတ္ပ်က္လက္ပ်က္ လက္ပိုက္ရပ္ၾကည့္ေနမိရင္း ေရခ်ိဳးေဆာင္ထဲ ဝင္ဝင္လာဆဲ ကိုယ္လုံးတီး အမ်ိဳးသားေတြကို ျမင္တိုင္း ေခတၱရာအား ထိုလူေတြ လာေငးမၾကည့္ရဲေအာင္လို႔ သူသာ ထိုေကာင္ေတြကို အရင္ျပန္စိုက္ၾကည့္ေနေပးလိုက္သည္။

ရိုင္းလ္၏ ဘဝႀကီးကား ဒီ‌ေကာင္ေတြက အေျဖာင့္ေကာင္ေတြဆိုတာ ခံစားလိုက္မိပါေသာ္ျငား ေခတၱရာအား အလြန႔္အလြန္ကိုမွ သဝန္တိုေနမိတုန္းပင္။ သူ႕အလွေလးကို သူ တစ္ေယာက္တည္းသာ ၾကည့္ခြင့္ရခ်င္ေလသည္။

ထို႔ေနာက္ ရိုင္းလ္တစ္ေယာက္ ထိုေကာင္ေလးရဲ႕ ေရခ်ိဳးခန္းသုံး ပစၥည္းေတြကို လိုက္ၾကည့္လိုက္ရင္း သူ သတိထားမိသြားတာတစ္ခုက ေခတၱရာခမ်ာ ဒီကေပးတဲ့ ဆပ္ျပာခဲကိုသာ သုံးေနရတာေၾကာင့္ သူ အလြန္ႀကိဳက္ရွာတဲ့ ေဘဘီမိုင္း‌ေလးကိုေဝာာင္ မသုံးရတာအတြက္ ေနာက္ေန႕ သူ႕အစ္ကို ေထာင္ဝင္စာ လာေတြ႕ရင္ ေဘဘီမိုင္းပါ ထည့္မွာေပးဖို႔ မွတ္ထားလိုက္ေတာ့သည္။

__________________________________________

Continue Reading

You'll Also Like

8.5K 421 24
... "ငါမင္းကို လက္ထက္မယ္ ရန္ေက်ာ္" "ဆုေတာင္း ဝန္းရံပိုင္ ငါတို႔ကေယာက်ာ္းေလးေတြ တခါမွားတာနဲ႔ ဘာမွျဖစ္မသြားဘူး မလိုဘူး" ... "ငါမင်းကို လက်ထက်မယ် ရန်ကျေ...
95.1K 2.5K 22
age gap အရမ္​းႀကိဳက္​တဲ့ ကြၽန္​​ေတာ္​့အတြက္​ တစ္​ခါမွ မ​ေရးဖူးတဲ့ age gapမ်ိဳးပါ😁😁😁 အသက္​၂၀​ေလာက္​ကြာျခားမႈၾကားက ႐ိုဆန္​ဆန္​ခ်စ္​ျခင္​းႏွင္​့ angs...
76.4K 8.6K 15
لەوە خۆشتر هەیە بۆنت بکەم؟! کە بۆنی تۆ دەکەم وەک ئەوە وایە گرانترین بۆنی جیهانم بەکارهێنابێ لێم تێبگە شێتانە ئاشقت بووم!!.