Snowless Winter Dream [Comple...

By Ennia_Yawn

106K 5.1K 355

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 23

2.2K 125 36
By Ennia_Yawn

အိမ်ခန်းထဲရှိ ကုတင်ထက်၌ သီချင်းဆိုသံ ခပ်တိုးတိုး လွင့်ပျံနေခဲ့သည်။

ရိုင်းလ်စေတန် သူ့လက်မောင်းနှစ်ဖက်ကြား၌ ရေးအား ထွေးပွေ့ထားခဲ့ပြီး ထိုကောင်လေး၏ အာရုံ အပြင်ဖက်ကို သိပ်မရောက်တော့အောင် သီချင်းဆိုပြီး ချော့သိပ်နေခဲ့သော်ငြား ခေတ္တရာက ပြန်မအိပ်တော့ဘဲ သူ့ကိုပါ ကုတင်ပေါ်က ဆင်းမရတော့အောင် ဆွဲထားသည်။

"ကိုယ် တကယ် ဘာမှထွက်မယူတော့ပါဘူးဆို။ စိတ်လျှော့ပြီး ခဏပြန်အိပ်လိုက်တော့နော်။ ဆေးလည်း သောက်ထားပြီးပြီဆိုတော့ နိုးလာရင် ကိုယ်တို့နှစ်ယောက်တူတူ အပြင်ထွက်လို့ ရပြီ"

ဒီအိမ်ကလည်း အကြာကြီး နေလို့ကောင်းလောက်မည့် နေရာမဟုတ်တာကြောင့် ရေး နေလို့ကောင်းသွားရင် ဒီကပြန်ထွက်ကြဖို့ ရိုင်းလ် စီစဉ်ထားခဲ့သည်။

ရေး ခေါင်းညိတ်ပြလိုက်ရင်း-

"မင်းက သေနတ်တောင် ကိုင်တယ်ဆိုတော့ လူသတ်ခဲ့ဖူးသေးလား"

သူ ထိုလူ့အား ကိုကိုလို့ခေါ်ရတာ အသားမကျသေးသလို ခံစားရသည်။ ထို့အတွက် သူတို့နှစ်ယောက်မှာ အတူတူ ရှိရဦးမည့် အချိန်တွေ အများကြီး ရှိသေးတာပဲမို့ နည်းနည်းအချိန်ယူပြီးမှ ခေါ်လည်း နောက်မကျလောက်သေးဘူးလို့ တွေးလိုက်မိသည်။

"ကိုယ် လူတော့မသတ်ဖူးပါဘူး။ ကိုယ် ဘယ်လောက်ဆိုးဆိုး အမြဲလက်မလွန်အောင် ဂရုစိုက်တယ်။ ဘာလို့ဆို ကိုယ့်အချိန်တွေကို ထောင်ထဲမှာ အလကား အကုန်မခံချင်လို့လေ။ ဆရာဝန်တစ်ယောက်အနေနဲ့ လူသတ်လောက်ရတဲ့ထိလည်း ကိုယ် မရက်စက်ပါဘူး။ ဘာလို့မေးတာလဲ"

"ကောင်းတယ်၊ ‌ဒါဆို ဘယ်တော့မှ လူမသတ်မိစေနဲ့။ တစ်ခါ လူသတ်ဖူးရင် အဲ့အရိပ်က သေတဲ့ထိ လိုက်ခြောက်လှန့်နေတော့မှာ။ အခုနေ အပြင်မှာ လူမိုက်တွေရောက်လာရင် လူသတ်ရမယ့်ကိစ္စဆို ငါပဲလုပ်မှာမို့ ဒီတစ်ခါတော့ မင်း ငါ့စကားနားထောင်ရမယ်နော်။ ငါက လူသတ်နေကျမို့ မထူးဆန်းတော့ဘူး၊ မင်းကိုတော့ လူသတ်သမား မဖြစ်စေချင်လို့ပါ"

ရိုင်းလ် ပြိုင်မငြင်းချင်တော့တာမို့ ထိုကောင်လေးကိုသာ စောင်အောက်ထဲ ပြန်သွင်းလိုက်ရတော့သည်။ ဒီလိုမျိုး စိုးရိမ်စိတ်များပြီး ပူပန်နေမှုမျိုးနဲ့သာဆို ခေတ္တရာ စိတ်ဝေဒနာသည် ဖြစ်သွားမှာကိုတောင် သူ တကယ် စိုးရိမ်စပြုလာပြီ။

"အိပ်တော့၊ ကိုယ် ပြတင်းပေါက်ကပဲ အခြေအနေ ထကြည့်မှာ။ ဟုတ်ပြီ၊ ကိုယ် အပြင်ရောက်ရင် လူမသတ်မိစေရဘူးနော်"

ရေး ခုမှပဲ စိတ်ချသွားနိုင်ပြီမို့ မျက်လုံးမှိတ်နိုင်တော့သည်။

လူကယ်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ မတော်တဆ လူသတ်မိခဲ့ရင် အဲ့ဒါ ခေတ္တရာ တစ်‌ယောက်အတွက်ပဲဆိုတာတော့ ရိုင်းလ် ထုတ်ပြောမနေတော့ဘဲ ပြတင်းပေါက်ကိုသာ လှပ်ကြည့်လိုက်သည်။

အပြင်ဖက်၌ ဘာမှထူးခြားတာ မရှိသယောင်ဆိုပေမယ့် သူလည်း ခေတ္တရာနည်းတူ ဒီနေရာမှာ အန္တရာယ်ရှိနေတယ်ဟု ခံစားမိနေသည်။

ထိုစဉ် ရေး ကုတင်ပေါ်က ဝုန်းခနဲ ဆင်းလာတာကြောင့် ရိုင်းလ် ထိုနေရာနား ပြန်‌ပြေးလာခဲ့ရသည်။

"ဘာဖြစ်လို့လဲ၊ အရမ်းအရမ်း မထနဲ့ဦးလေ"

"မင်း အနံ့တစ်ခုခု မရဘူးလား"

"အနံ့လား"

ရေး၏ အနံ့ခံအာရုံက တခြားလူတွေထက် ပိုကောင်းသည်။ အခုလည်း သူ့နှာခေါင်းထဲ၌ ညှော်နံ့တွေ ရနေတာကြောင့် အိမ်၏ အနောက်ဖက်ထဲသို့ ပြေးထွက်လာခဲ့မိသည်။

ရိုင်းလ်ပါ အိမ်နောက်ဖက်ထဲ ပြေးလိုက်လာခဲ့စဉ် နှစ်ယောက်လုံး အလန့်တကြား ဖြစ်သွားခဲ့ကြသည်။

"အိမ်မီးလောင်နေတယ်! ! !"

"ခေတ္တရာ နောက်ဆုတ်"

မီးထပ်မကူးအောင် ဘေစင်ပိုက်က ရေနဲ့ အမြန်ငြှိမ်းကြည့်ပေမယ့် မီးက ရှို့မီးအလား လျင်မြန်စွာ တစ်နေရာပြီး တစ်နေရာ စွဲလာခဲ့သည်။ မီးကူးတာက ကြောက်စရာကောင်းလောက်အောင် မြန်နေသည်။

ရေးလည်း မီးသတ်ဆေးဘူး ရှိလိုရှိငြား အမြန်ရှာကြည့်မိပေမယ့် ဒါက သူတို့အိမ် မဟုတ်တာမို့ ဘယ်နေရာ ဘာထားမှန်း မသိသလို မျက်စိရှေ့မှာလည်း မမြင်မိ။

"အဟွတ်. . .အဟွတ်"

"မီးကူးတာ အရမ်းမြန်နေတယ်၊ ကိုယ်တို့ အိမ်ရှေ့က အမြန်ထွက်မှ ဖြစ်တော့မယ်"

မီးခိုးငွေ့တွေ အလုံးအရင်းတိုးဝင်လာတာကြောင့် နှစ်ယောက်လုံး အသက်ရှူ ကြပ်လာကြသည်။ ထို့အတွက် အိမ်ရှေ့ထွက်ဖို့ အမြန်ပြင်လိုက်ချိန်၌ သူတို့ခေါင်းပေါ်က ထုပ်တန်း မီးစွဲပြီး အရှိန်နဲ့ ပြုတ်ကျလာတာကို ရိုင်းလ် အရင်မြင်လိုက်ရတာမို့ ရေး၏ ခေါင်းကို သူ့လက်နဲ့ အုပ်မိုးလိုက်ပြီး ရေးကို သူ့အောက်သို့ လျင်မြန်စွာ ဆွဲချလိုက်ရသည်။

ကပ်သီးလေး သူ့ခန္ဓာကိုယ်နဲ့ အုပ်မိုးလိုက်နိုင်တာမို့ ထိုထုပ်တန်းက ရိုင်းလ်၏ ကျောပေါ်သို့သာ အရှိန်နဲ့ ပြုတ်ကျလာခဲ့သည်။

ဒုန်း!

ကျောပေါ်က ထုပ်တန်းအရှိန်ကြောင့် ရိုင်းလ်၏ နဖူးကြောတွေ ထောင်ထလာခဲ့သည်။ သို့‌သော်ငြား ခေတ္တရာပါ သူ့အောက်မှာ ပိတ်မိမသွားစေဖို့ ရိုင်းလ် သူ့ခန္ဓာကိုယ်ကို တံတောင်နဲ့ အမြန်ထောက်ထားလိုက်ရကာ-

"ကိုယ့်အောက်က အမြန်လှိမ့်ထွက်၊ အမြန်လုပ်"

ထိုထုပ်တန်းက မီးစွဲနေပြီမို့ ရေး ရိုင်းလ်အောက်က အမြန်လှိမ့်ထွက်လိုက်ရသည်။ ထို့နောက် ထုပ်တန်းကို အတင်း ပြန်ဆွဲမပေး နေရသည်။

"ကိုယ့်ကို မကူနဲ့တော့၊ မင်း အရင် အိမ်ရှေ့က ထွက်၊ မီးက တစ်အိမ်လုံးကို ကူးတော့မှာ။ ထွက်ပေါက်ပိတ်သွားလိမ့်မယ်"

ရေး သူ့အားအကုန်သုံးပြီး ထုပ်တန်းအောက်က ကပြားကောင် လွတ်အောင်သာ အားစိုက်နေမိသည်။

"အား. . .ရပြီ. .ထွက်တော့၊ အမြန်လှိမ့်လိုက်"

ရိုင်းလ် ထုပ်တန်းအောက်က အမြန်လှိမ့်လိုက်ရသော်ငြား သူ့ခါးတစ်ခုခု ဖြစ်သွားမှန်း သိလိုက်သည်။ ခါးပေါ် ပြုတ်ကျတဲ့အရှိန်က ပြင်းပြီး ထုပ်တန်းက လေးတာမို့ သူ အခုချက်ချင်း ထမရပ်နိုင်ဖြစ်နေသည်။

ရိုင်းလ်စေတန် နာကျင်မှုကြောင့် နှုတ်ခမ်းကို တင်းကျပ်စွာစေ့ထားပြီး အံကိုကြိတ်ထားမိသည်။ ထို့နောက် ‌အမြန်အားယူလိုက်ပြီး ထိုကောင်လေးက သူ မပါရင် ထွက်မှာမဟုတ်တာကို သိနေတာမို့ ခေတ္တရာလက်ကိုဆွဲရင်း အိမ်ရှေ့ဖက်ဆီ တွဲထွက်လာခဲ့ရသည်။

"မီးက အိမ်ရှေ့ကိုပါ စွဲနေပြီ"

သူတို့တကယ် ပိတ်မိနေပြီဖြစ်သည်။ ဘေးမှာ အိမ်မရှိတော့ သူတို့အိမ်အခြေအနေကို သိကြပါ့မလားမသိ။

ထိုစဉ် ရိုင်းလ် သူတို့ကုတင်ဘေးက ဆေးထိုးအပ်ကို မြင်လိုက်ရတာကြောင့် ခေတ္တရာကို ထိုးပေးဖြစ်ခဲ့သည့် အကိုက်အခဲပျောက်ဆေးတွေကို သူ့လက်မောင်းထဲ အမြန်ထိုးထည့်လိုက်ရသည်။

ထိုလူ အရမ်းနာကျင်နေပုံရတာကို မေးကြောတွေ ထောင်နေတာကို ကြည့်ခြင်းဖြင့် သိနိုင်ပေမယ့် ရေး ဘာမှမလုပ်ပေးနိုင်တာမို့ သူ လုပ်နိုင်တဲ့အရာက ဒီအိမ်ထဲက နှစ်ယောက်အမြန်လွတ်အောင် နည်းလမ်းရှာနေရသည်။

.
.
.

ဆက်ခွန်းသစ် ကားနောက်ကျောကို မှီထိုင်နေရာကနေ မတ်ခနဲ ဖြစ်သွားလေသည်။

"ဟာ. .ဘာဖြစ်တာလဲ၊ ဘာလို့ ရုတ်တရက်ကြီး အိမ်မီးလောင်နေတာလဲ၊ အမြန်တစ်ခုခု ဆင်းလုပ်ကြလေ။ အစ်ကို့ကိုပဲ ရအောင်ကယ်ထုတ်ခဲ့"

ထိုနောက်လိုက်တွေ မီးသတ်ကို အကြောင်းကြားသူ ကြားကြသလို တချို့က အိမ်နား ပြေးထွက်လာကြပြီး သူတို့သခင်လေးကို ကယ်ဖို့ တိုးကပ်လာခဲ့ပေမယ့် မီးက တစ်အိမ်လုံးကို ဝါးမျိုနေပြီဖြစ်သည်။

ထိုမြင်ကွင်းကို သျှိုင်းစက်မာန် ကျေနပ်စွာ အရသာ ခံကြည့်နေမိလေသည်။ သျှိုင်းစက်မာန် သူ့လူယုံကို ပြန်လွှတ်လိုက်တော့ပြီး သေနတ်ကို ဆုပ်ကိုင်ထားရင်း ထိုလူမိုက်တွေ ကယ်ထုတ်နိုင်လို့ အဲ့ဆရာဝန်‌ကောင် ထွက်လာနိုင်ခဲ့ရင် ကျည်ဆံစာကျွေးပစ်ဖို့အထိ ဆုံးဖြတ်ထားပြီးသား။

ဒီနေ့မှ အဲ့ကောင်မသေရင် သူ ကျေနပ်နိုင်မည်မဟုတ်။ အဲ့ကောင်ကို သူနဲ့ နောက်ဘဝ ဆွဲခေါ်သွားဖို့ပါ ဝန်မလေးတော့တဲ့အထိ သျှိုင်းစက်မာန် ထိုကောင့်အား ရူးမတတ် မုန်းတီးနေမိသည်။

မီးခိုးငွေ့တွေကြား၌ တစ်ယောက်နဲ့တစ်ယောက် မမြင်ရအောင်ထိ ဝေဝါးနေရချိန်၌ ရိုင်းလ် ထိုကောင်လေးနားသို့ မရရအောင် ပြန်ထလာနိုင်ခဲ့ပြီ။

"ခေတ္တရာ ဒီဖက်လာ၊ ကိုယ်တို့ ဒီဘေးပြတင်းပေါက်က ဖောက်ထွက်ဖို့ပဲ ရှိတော့တယ်၊ မင်း အဲ့ကနေ အမြန်ခုန်ချလိုက်"

ထိုနေရာ မီးစွဲဖို့တောင် သိပ်မလိုတော့တာကြောင့် နှစ်ယောက်အတူ မထွက်ရရင် နှစ်ယောက်အတူ သေဖို့ကြိုးစားနေသည့် ခေတ္တရာကို ပြတင်းပေါက်ဘောင်ပေါ် အမြန်တွန်းတင်လိုက်ရသည်။

"ကိုယ် ပြီးတာနဲ့ တကယ်လိုက်မှာပါဆို၊ မင်း အရင်ခုန်ချတော့"

ဒီအိမ်က သိပ်မမြင့်တာမို့သာ တော်တော့သည်။ ရေးက ဘယ်လောက်မြင့်မြင့် အခုန်ကျွမ်းသူဖြစ်သလို ဆေးအရှိန်ကြောင့်ရော ဇောကြောင့်ပါ ရိုင်းလ်လည်း ချက်ချင်း ခုန်တက်လာနိုင်ခဲ့ပြီး အိမ်ဘေးပေါက်ကနေ အပြင်ဖက်သို့ ခုန်ချလာနိုင်ခဲ့ကြသည်။

အိမ်ရှေ့ပေါက်၌ ရိုင်းလ်၏ လူတွေ သူတို့သခင်လေးကို ကယ်ထုတ်ဖို့ မရရတဲ့နည်းနဲ့ မီးငြှိမ်းနေကြစဉ် ဆက်ခွန်းသစ် သူ့အစ်ကိုအတွက် တကယ်စိုးရိမ်လာခဲ့သည်။

သျှိုင်းစက်မာန်၏ကားက ခွန်းတို့မမြင်အောင် အိမ်ရဲ့ဘေးဖက်မှာ ရပ်ထားတာမို့ နှစ်ယောက်လုံး အန္တရာယ်ကင်းကင်းထွက်လာကြတာအား မာန် ပေါက်ကွဲသွားခဲ့သည်။

ထို့အတွက် သေနတ်မောင်းဆွဲတင်ရင်း ကားအောက်သို့ ထိုနှစ်ယောက်မသိအောင် တိတ်တဆိတ်ဆင်းလာခဲ့သည်။

"မင်းရဲ့ ခါးက တစ်ခုခုဖြစ်သွားတာလား"

"ရတယ်၊ စိတ်မ. . .ခေတ္တရာ ငုံ့လိုက်၊ အား. . ."

ဒိုင်း!

သျှိုင်းစက်မာန် သတိကြီးကြီးထားပြီး ကပ်လာခဲ့တာတောင်မှ ထိုဆရာဝန်ကောင်က မျက်စိလျင်လွန်းနေသည်။ သျှိုင်းစက်မာန် ထို‌ကောင့်ကို မရှင်းထုတ်နိုင်ခင် ရေး၏ပါးစပ်မှ ကျိန်စာ အရင်ထွက်လာမှာစိုးလို့ ပထမဆုံးကျည်ဆံကို ရေးဆီ အရင်ပစ်သွင်းလိုက်ခြင်းဖြစ်သော်ငြား ဆရာဝန်ကောင်၏ ကျောကိုသာ ဖောက်ဝင်သွားခဲ့သည်။

"ကိုကို"

ဒီတစ်ခေါက်တော့ ကျည်ဆံက ရှပ်ထိတာမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားတာကို ရိုင်းလ် သိလိုက်ပေမယ့် သူ ခေတ္တရာကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး သူ့ကျောနဲ့ ကွယ်ထားပေးဆဲပင်။

သေနတ်သံတွေကြောင့် ဆက်ခွန်းသစ် ထိုအသံကြားရာ အမြန်ပြေးထွက်လာခဲ့မိသည်။ ထိုအချိန်၌ မာန် သူ့အစ်ကိုအား သွေးအေးအေးနဲ့ ကျည်ဆံတစ်တောင့်ပြီး တစ်တောင့် ပစ်သွင်းနေတာက သူ့အား သွေးလန့်သွားစေမတတ်။

ရေး ဘယ်သောအခါကမှ အခုလောက်ထိ သျှိုင်းစက်မာန်အား ရန်မလိုခဲ့ဖူးပေ။ သူ အခုချိန် ဒီကောင့်ကို သတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီ။

သို့ပေမယ့် ကျည်ဆံတွေကြား ရေး ပြေးထွက်မသွားအောင် ရိုင်းလ် သူ့ရဲ့နောက်ဆုံးလက်ကျန်အားတွေနဲ့ ထိုကောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်းထားဆဲပင်။

သျှိုင်းစက်မာန်တစ်ယောက် ရေးက သူ့အား အခုလောက်လုပ်နေတာကို ကျိန်စာမတိုက်လာတာကို သတိထားလိုက်မိသည်။

"ဟက်၊ ရိုင်းလ်စေတန် မင်းက အရင်သေချင်နေတာဆိုတော့လည်း Head shot နဲ့ပဲ ပွဲသိမ်းလိုက်တော့"

ထိုနေရာသို့ ရိုင်းလ်၏ လူတွေပါ မီးငြှိမ်းနေရာကနေ ရောက်ရှိလာပြီဖြစ်သည်။

"အစ်ကို့ကို မပစ်နဲ့. . .အား"

သူ့အစ်ကို ခေါင်းတည့်တည့်ကို ချိန်ရွယ်လာတဲ့ သေနတ်ကြောင့် ဆက်ခွန်းသစ် မာန့်ကို အမြန်တားဖို့အတွက် ထိုသေနတ်ရှေ့ ပြေးဝင်သွားခဲ့မိသော်လည်း. . .

"ခွန်း! ! !"

မာန် ဆရာဝန်ကောင်အပေါ် အပိုင်တွက်ထားခဲ့သည့် ကျည်ဆံက သူ့ရှေ့ ရုတ်တရက်ကြီး ပြေးဝင်လာခဲ့သော ဆက်ခွန်းသစ်၏ နဖူးတည့်တည့်သို့ ဖောက်ဝင်သွားခဲ့သည်။

အား. . . . . . . .

သျှိုင်းစက်မာန် သူ့သေနတ်ကို အမြန်လွှတ်ချလိုက်ပြီး အရုပ်ကြိုးပြတ်လဲကျသွားသည့် ခွန်းကြောင့် သူ့ကမ္ဘာတစ်ခုလုံး ချာချာလည်ကုန်ရပြီ။

"မဟုတ်ဘူး၊ ခွန်း မင်း ငါ့ကို ထားသွားလို့ မရဘူးနော်"

သူ့လူတွေကို တွေ့လိုက်ရတာကြောင့် ရိုင်းလ်လည်း ဒူးထောက်လဲကျသွားခဲ့ရသည်။

ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားတဲ့ ကျည်ဆံသုံးတောင့်က သူ့ကို ခေတ္တရာအား ဖက်တွယ်ဖို့ အားတောင် မရှိစေတဲ့အထိ ဆွဲချသွားခဲ့သည်။

"သခင်လေး"

"ခွန်း ! ! !"

ရေး သူ့ရှေ့က အဖြစ်အပျက်တွေကို မျက်တောင်မခတ်တမ်း၊ အသက်မရှူတမ်း စိုက်ကြည့်‌နေသည်။

ခွန်း၏ ခေါင်းမှ သွေးတွေက သူ့ခြေရင်းထိတောင် စီးကျလာခဲ့ပြီး ရိုင်းလ် လဲကျသွားရာ ခန္ဓာကိုယ်နားထိ အိုင်ထွန်းနေခဲ့သည်။

မီးသတ်ကားသံတွေကိုလည်း ရေး ကြားနေရသည်။

ရိုင်းလ်ကို အသက်ကယ်ဖို့လုပ်နေသည့် သူ့လူတွေရဲ့ စိုးရိမ်ပူပန်သံတွေကိုလည်း ကြားနေရသည်။

ငြိမ်သက်သွား‌သော ခွန်း၏ အလောင်းကို ဖက်ပြီး မာန့်၏ ရူးမတတ် ငိုကြွေးနေသံကိုလည်း ကြားနေရသည်။

သူတို့နားက အနိဌာရုံတွေကို မြင်နေ ကြားနေရစဉ် မျက်လုံးတွေ မှိတ်ကျသွားတော့မည့် ကိုကို့ကို ငုံ့ကြည့်လိုက်မိချိန်၌ ဘာမှထပ်တွေးမနေတော့ဘဲ ကျိန်စာတိုက်သတ်လို့ မရမယ့်ကောင်ကို သူ့လက်နဲ့ သတ်ပစ်ဖို့သာ ရိုင်းလ်၏ လူတွေလက်ထဲက ဓားကို ရေး ဆတ်ခနဲ ဆွဲယူလိုက်ပြီး မာန့်ဆီ ပြေးဝင်လာခဲ့သည်။

"လူယုတ်မာ! မင်းကြောင့် အကုန် ပျက်စီးကုန်ပြီ၊ မင်းကြောင့် လူတွေ သေကုန်ပြီ"

ဇွပ်!

သူ့ဆီ ဓားနဲ့ပြေးဝင်လာသည့် ရေးကို မြင်သော်ငြား သျှိုင်းစက်မာန် မရှောင်မိတော့။ အခုနေ ကျိန်စာတိုက်သတ်ရင်တောင် သူ မစိုးရိမ်တော့။ မာန် သူ့လက်ထဲက ခွန်းရဲ့ခန္ဓာကိုယ်ကိုသာ အတင်းဖက်တွယ်ထားမိသော်လည်း ရေးက သူ့ကို ခွန်းနဲ့ ဝေးရာကို ကန်ထုတ်ပစ်လိုက်ပြီး ဝမ်းဗိုက်ဆီသို့ ဓားဖြင့် ‌ဒေါသတကြီး ထိုးသွင်းလာခဲ့သည်။ 

"မင်း! ! မင်း! !"

ရေး အခု ဒီကောင့်ကို ပိုးစိုးပက်စက် ကျိန်စာတိုက်ချင်နေပေမယ့် ပါးစပ်ကို တင်းနေအောင် စေ့ထားရပြီး ဓားဖြင့်သာ ဘယ်နှစ်ချက်တောင် ထိုးမိနေလဲမသိတော့၊ မီးသတ်ကားသံတွေနဲ့ ရဲကား‌သံတွေ ကြားနေရတဲ့အထိ ဒေါသတကြီး ထိုးသွင်းနေမိဆဲပင်။

ရိုင်းလ်၏ လူတွေကတော့ ထိုမြင်ကွင်းကို အာရုံမရဘဲ သူတို့သခင်လေး အသက်ရှူနှုန်းတွေ ၊ သွေးခုန်နှုန်းတွေ တရိပ်ရိပ်ကျလာတာကိုသာ အလန့်တကြားဖြစ်နေသည်။

သခင်လေး ဆက်ခွန်းသစ်ကတော့ အသက်မမီတော့တာကြောင့် သူတို့ တိုင်ပတ်နေစဉ် ရေးခေတ္တရာကြောင့် နောက်ထပ် အလောင်းတစ်လောင်း တိုးလာသည့်အလား။

ရေး သူ့ပခုံးပေါ်က စူးရဲတက်လာတဲ့နာကျင်မှုကြောင့် ဓားကို လွှတ်ချလိုက်မိတာနဲ့ မာန်လည်း ကြမ်းပြင်ပေါ် ပစ်လဲကျသွားပြီး မာန့်၏ တိုးဖျဖျအသံကိုသာ ရေး နောက်ဆုံး ကြားလိုက်ရသည်။

"မင်းမသတ်လည်း ငါက ခွန်းနောက်ကို လိုက်သွား မယ့် ကောင် ပါ ကွာ"

သျှိုင်းစက်မာန် သူ့မျက်လုံးတွေ မှိတ်မကျသွားခင် သူ အသက်တမျှ မြတ်နိုးခဲ့ရသည့် ကောင်လေးကို သူ့လက်နဲ့ သတ်ခဲ့မိတာအတွက် ရင်ဘတ်ထဲက နာကျင်မှုက ဓားဒဏ်ရာဆီက နာကျင်မှုထက် ပိုများနေသည်။

သူ သဘောကျခဲ့ရသည့် အမြဲပြုံးရိပ်သမ်းနေတတ်တဲ့ ခွန်း၏ မျက်လုံးတွေကို သူ လှမ်းပိတ်ပေးချင်နေမိပေမယ့် လက်တစ်ချောင်းတောင် မမြှောက်နိုင်တော့ဘဲ သလွန်းက သူ့ကို လာခေါ်နေတာကိုသာ မြင်လိုက်ရပြီး သွေးပွက်ပွက်အန်ကာ ခွန်းရဲ့အနားဆီသို့တောင် သူ မသွားနိုင်တော့ပေ။ 

"အဲ့ကောင်ကို သတ်လိုက်တာ ရေးခေတ္တရာပါ"

မီးသတ်ကားတွေနဲ့ ရဲကားတွေ ရောက်လာချိန် မျက်မြင်သက်သေအဖြစ် ရိုင်းလ်၏လူတွေ ထိုကောင့်ကို ရဲလက်အပ်ခဲ့ကြသည်။

အရေးပေါ်ကားတွေပါ ရောက်လာချိန်၌ ရိုင်းလ်တောင် အသက်မမီနိုင်‌‌တော့တာကို စမ်းသပ်မိလိုက်တာမို့ ရလိုရနိုင်သေးငြား ဆေးရုံကားပေါ် အမြန်တင်လိုက်ကြသည်။

ရိုင်းလ် သူ့နားထဲ၌ ရဲကားသံတွေကို မပီဝိုးတဝါး ကြားနေရသည်။ ခေတ္တရာကို လက်ထိပ်ခတ်လိုက်ကြတာကို မသဲမကွဲမြင်နေရသည်။ သူ့ကို ဆေးရုံကားပေါ် တင်လိုက်တာကိုလည်း သိသလိုလို မသိသလိုလို ဖြစ်နေပေမယ့် ခေတ္တရာကို ရဲကားထဲ ဆွဲသွင်းသွားတာကိုတော့ သေချာသိနေတာကြောင့်-

"ခေတ္တရာကို ထောင်ထဲ မ ခေါ် သွား ပါနဲ့"

လက်အသာမြှောက်ပြီး တား‌နေရင်း ထိုစကားတွေကို ခပ်တိုးတိုးရေရွတ်ပြီးချိန်၌ ရိုင်းလ် လုံးဝ သတိလွတ်သွားပြီဖြစ်သည်။

နောက်ဆုံးတော့ ရေးလက်က တကယ် သွေးစွန်းခဲ့ပြီ။ သူ ဖူးစာဖက်ကို သတ်ခဲ့မိပြီ၊ သူ့ကျိန်စာတွေပြယ်ဖို့ မာန့်ကို သူ သတ်ပစ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေမယ့် အခုတော့ လုပ်မိသွားခဲ့ပြီ။

-----------------------

ဦးရဲဝဏ္ဏ ထိုသတင်းကြားကြားချင်း ချက်ချင်း လင်မယားနှစ်ယောက်လုံး ရန်ကုန်ဆင်းလာခဲ့ကြသည်။ အကောင်းဆုံးဆိုတဲ့ ရှေ့နေငှားပြီး ထိုအမှုကို ပိတ်နိုင်ဖို့ကြိုးစားကြပေမယ့် သျှိုင်းစက်မာန်၏ မိဘတွေက တရားစွဲသည်။ ဆက်ခွန်းသစ်၏ မိသားစုတွေဖက်ကလည်း သူတို့သားသေဆုံးရမှုကြောင့် ထိုအမှုကို မကြီးကြီးအောင် ဖန်တီးကြသည်။

ဦးရဲဝဏ္ဏဖက်ကလည်း ထိုအိမ်ကို မီးရှို့မှုနဲ့ သျှိုင်းစက်မာန်ဖက်ကို ပြန်လည်တရားစွဲခဲ့ပေမယ့် သူ့သားက အသက်ရှင်ကျန်ရစ်နေသူဖြစ်ပြီး တစ်ဖက်က တရားခံက ဆုံးသွားပြီဖြစ်သည်။

"သားကို ပါး ရအောင်ကယ်မှာပါ။ ဒါပေမဲ့ ရိုင်းလ်ရဲ့ဖက်က မျက်မြင်သက်သေတွေနဲ့ ပိုကြီးအောင်လုပ်နေတယ်။ သားသတ်ခဲ့တဲ့ကောင်လေးရဲ့ မိဘတွေကလည်း သူတို့သားရဲ့ လုပ်ရပ်ကို မမြင်ဘဲ ငါ့သားကိုပဲ ပုံချနေတယ်"

ရေး ထိုအရာတွေ စိတ်မဝင်စား။ သူ သိချင်တာ ရိုင်းလ်၏ အခြေအနေတစ်ခုသာ။

တရားရုံးထဲ၌ ရေး ရုံးချိန်း အကြိမ်ကြိမ် ဝင်နေရသလို ဆေးရုံ၌လည်း ရိုင်းလ် ခွဲခန်းအကြိမ်ကြိမ် ဝင်နေရသည်။

ခွန်းနဲ့မာန့်ရဲ့ ရက်လည်ကို ကျော်ပြီးချိန်ထိ ရုံးချိန်း အကြိမ်ကြိမ် ဝင်ရပြီးတဲ့ ရေးတစ်ယောက် သူ့အား စီရင်ချက်ချမယ့်နေ့ကို ရောက်လာခဲ့ပြီ။

အခုချိန်၌ ဦးရဲဝဏ္ဏ အမုန်းဆုံးလူကိုပြောပါဆိုရင် ရိုင်းလ်၏ အဖေကို ပြရလိမ့်မည်။ သူ့သားကို သူ့အာဏာအကုန်သုံးပြီး ကယ်ခဲ့သော်ငြား ထိုလူက သူ့သား ထောင်မကျကျအောင် လုပ်နေခဲ့သည်။ သူ့သားဖက်က မှားမှားမှန်မှန် ခေတ္တရာ လူသတ်ခဲ့တာကလည်း ငြင်းလို့မရတော့တဲ့ အမှန်တရားကြီး ဖြစ်နေခဲ့ပြီ။ မျက်မြင်သက်သေတွေပါ ရှိနေခဲ့တာကြောင့် ဦးရဲဝဏ္ဏ ဘာမှလုပ်မရတော့။

ဒီနေ့က နောက်ဆုံးစီရင်ချက်ချမယ့်နေ့။

ဦးရဲဝဏ္ဏနဲ့ ဒေါ်ခတ္တာလင်း အသက်မရှူနိုင်ဖြစ်နေကြသည်။ သူ့သား ထောင်နားနီးနေတယ်ဆိုတာ တကယ်ဖြစ်လာခဲ့တာအတွက် သူမ ငိုရလွန်းလို့ မျက်ရည်တောင် မကျန်တော့ဘူး ဖြစ်နေပြီ။ သူ့သားမျက်နှာကို သေချာထိုင်ကြည့်လို့ ရခဲ့ချိန်၌ သူ့သားနဲ့ သူမကြားကို မှန်ချပ်တွေခြားနေသည့် အချိန်ဖြစ်လာခဲ့ပြီ။

"တရားခံ ရေးခေတ္တရာသည် ပုဒ်မ ၃၀၂ အရ. . ."

ဦးရဲဝဏ္ဏ သူ လုပ်လို့ရသမျှလုပ်ခဲ့တာမို့ လူသေစေခဲ့တာမှန်ပေမယ့် သူ့သား အပြစ်ပေါ့ပါစေလို့ပဲ ဆုတောင်းနေမိသည်။

". . .ပြစ်မှုထင်ရှားသောကြောင့် တရားခံ ရေးခေတ္တရာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်"

ဒေါ်ခတ္တာလင်း ထိုင်ခုံပေါ်ကနေ ထအရပ် သူ့ယောက်ျားပေါ်သို့ မူးလဲကျသွားခဲ့ပြီ။

----------------------

တစ်လကြာပြီးနောက်. . .

"ရေးခေတ္တရာ မင်းကို ထောင်ဝင်စာ လာတွေ့တယ်၊ ထွက်ခဲ့"

ရေး အမြန်ထရပ်လိုက်ပြီး သူ့ကို လာတွေ့သူက ရိုင်းလ် ဖြစ်မလားဟူသည့်အတွေးဖြင့် အပြေးလိုက်လာခဲ့ပေမယ့် မားကိုသာ မြင်လိုက်ရတာကြောင့် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ရသည်။

"တစ်လပဲ ရှိသေးတာကို ပိန်သွားလိုက်တာကွယ်၊ အထဲမှာ အလုပ်ကြမ်းလုပ်ရတာ အရမ်းပင်ပန်းနေပြီလား"

ရေး ခေါင်းခါပြလိုက်ပြီး မားကို ဖက်ငိုလို့မရပေမယ့် မားရှေ့မှာမို့ ရှိုက်ကြီးတငင် စငိုမိတော့သည်။

သူ အလုပ်ကြမ်း လုပ်နိုင်ပါတယ်၊ လူသတ်ပြီးမှတော့ ဆယ်နှစ်ဆိုတာ နည်းတောင် နည်းပါသေးတယ်။ သူ ပိုဝမ်းနည်းရတာက ရိုင်းလ် ဆေးရုံဆင်းနိုင်ခဲ့တာ နှစ်ပတ်နီးပါးရှိနေပြီဆိုတာ သူ့အဖေ ပြောပြလို့ သိခဲ့ရပေမယ့် ရိုင်းလ်က အခုချိန်ထိ သူ့အား တစ်ခါလေးတောင် လာမကြည့်တာမို့ နာကျင်နေရခြင်းဖြစ်သည်။

"ဒီဆယ်နှစ်ပြီးရင် ကျွန်တော် ပုန်းကွယ်စရာမလိုဘဲ မားနဲ့ ပြန်လာနေလို့ရပြီလေ။ ဆယ်နှစ်ပဲ ထပ်စောင့်ပေးပါ။ အဲ့အချိန်ထိ ကျန်းကျန်းမာမာ ရှိနေရမယ်နော်"

"သားလေးရယ်"

"ဒါနဲ့ ကိုကို ဘာလို့ ကျွန်တော့်ဆီ မလာတာလဲ မား သိလား"

"သူ မားဆီကိုလည်း လုံးဝအဆက်အသွယ် မလုပ်တော့တာပါ"

ရေး ခေါင်းညိတ်ပြလိုက်တော့ပြီး အချိန်စေ့သွားပြီမို့ မားကို နှုတ်ဆက်ခဲ့လိုက်တော့သည်။

ကြည့်ရတာ ခွန်း ဆုံးသွားလို့ ဒီလူ သူ့ကို စိတ်နာသွားတာ ထင်ပါရဲ့။ ဒီလူက သူနဲ့ တစ်ညလောက်ပဲ တူတူရှိခဲ့တာ၊ ခွန်းနဲ့က နှစ်ပေါင်းများစွာ တူတူရှိလာတာ။ ခွန်းကို ထိုလူ ဘယ်လောက်ချစ်လဲဆိုတာ သိချင်ရင် သူတို့နှစ်‌ယောက် စတွေ့ချိန်က သူ့လက်ကို ထိုလူချိုးခဲ့တဲ့ အချိန်ကိုပဲ ရေး အမြဲပြန်ပြန်တွေးမိပါ၏။

--------------------

ထောင်ကြမ်းပြင်က အေးစက်လွန်းတာကြောင့် ရေး ကွေးပြီး အိပ်လိုက်မိသည်။

အခုမှ သူ ထောင်ကျတာ တစ်လခွဲပဲ ရှိသေးတယ်၊ ဆယ်နှစ်တောင် သူ ဘယ်လိုနေရမလဲ။ သူ့ဘေးက သူငယ်ချင်းသုံးယောက်လုံးကလည်း သူ့ကြောင့် အကုန်မရှိကြတော့တဲ့အပြင် ကိုကိုကလည်း သူ့ကို တစ်ခါလေးဝောာင် လာမတွေ့တော့ဘူး။

ဒယ်ဒီက ပိတ်ထားလို့ လာမတွေ့နိုင်တာပါဆိုတဲ့ ဆင်ခြေကို ယုံရအောင်ထိတော့ သူက ငယ်ရွယ်တဲ့ မနူးမနပ်လေး မဟုတ်တော့သလို ကပြားကောင်ကလည်း ပိတ်ထားတာနဲ့ ဘာမှမကြိုးစားမယ့်သူ မဟုတ်မှန်း ခံစားမိနေပြီးသားပင်။

ထို့အတွက် ဒီလူ သူ့ကို လာမတွေ့တော့တာ လာမတွေ့ချင်ရုံမှတပါး မရှိတော့ပါပြီ။

သလွန်းလွင်ပြင်. . .ဆက်ခွန်းသစ်. . .သျှိုင်းစက်မာန်. . .နောက်ဆုံး ဒီလူကပါ သူ့ကို ကျောခိုင်းသွားခဲ့ပြီဆိုတာကို ရေး နားလည်လိုက်ရသည်။

အလုပ်ကြမ်းမလုပ်ရချိန်ဆို အိပ်ခြင်းနဲ့သာ ကုန်ဆုံးနေတာမို့ ရေး လှဲအိပ်ပြီး လျှောက်တွေးရင်း မျက်ရည်ကျနေမိစဉ် ထင်ယောင်ထင်မှား ဖြစ်လာသည့်အလားပင်။ ရေး သူ့နှာခေါင်းထဲသို့ လာဗင်ဒါနံ့တွေ ရလာတာကြောင့် ဝုန်းခနဲ ပြန်ထထိုင်လိုက်မိသည်။

"ထောင်ထဲမှာ လာဗင်ဒါအနံ့က ဘယ်က ရောက်လာတာပါလိမ့်"

ထောင်စောင့်တွေ လက်ထိပ်ခတ်ထားသော စီရင်ချက်ချပြီးသည့် နောက်ထပ် ထောင်သားအသစ်ကို ထောင်ခန်းတွေကြားက အလယ်လမ်းမကြီးမှ ထောင်ခန်းတွေရှေ့ တစ်ခန်းပြီး တစ်ခန်းဖြတ်ရင်း ခေါ်သွင်းလာခဲ့သည်။

ထိုလူ့ကိုယ်မှ လာဗင်ဒါနံ့ကြောင့် သံတိုင်တွေကြားက ထောင်သားတွေ ‌တရားခံအသစ်ကို အာရုံစိုက်မိသွားကြသည်။ ထို့အပြင် ထိုလူ့ကို မြင်လိုက်ရသည့် ထောင်သားတိုင်း တူညီတဲ့မှတ်ချက်တစ်ခု ချလိုက်မိသည်။

"မဟုတ်မှလွဲရော ထောင်ကျတာကို ဒီကောင် ပျော်နေတာတော့ မဟုတ်ဘူးမလား"

ရိုင်းလ်စေတန် တကယ် ပျော်ရွှင်နေပါ၏။ သူ အသိပြန်ဝင်လာကတည်းက သူ့ဒယ်ဒီကို ခေတ္တရာကို လွတ်အောင် လုပ်ပေးဖို့ ဒူးထောက်ပြီးပင် တောင်းဆိုခဲ့သော်ငြား ဒယ်ဒီက အမှုပိုကြီးအောင်ပင် လုပ်လိုက်သေးသည်။ ထို့ကြောင့် ခေတ္တရာကို ထောင်ထဲကနေ ပြန်ထုတ်လို့မရရင် သူပါ ထောင်ထဲလိုက်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တစ်ခါမှ မလုပ်ခဲ့ဖူးသည့် လူသတ်မှုကို လုပ်ခဲ့ပြီး နောက်ဆုံးတော့ သူ ခေတ္တရာနဲ့ ဒီထဲမှာ ဆယ်နှစ်တူတူနေနိုင်ခဲ့ပြီ။ ဒယ်ဒီ ကယ်ထုတ်လို့မရအောင်ပါ သက်သေနဲ့တကွ အဖမ်းခံခဲ့ရတာ ဖြစ်သည်။

ထောင်ခန်းတွေ တစ်ခန်းပြီး တစ်ခန်း ဖြတ်ကျော်လာချိန် ရိုင်းလ် ထိုကောင်လေး ဘယ်အခန်းမှာ ရှိနေမလဲ လိုက်‌ကြည့်နေခဲ့ရင်း အခန်းတစ်ခန်းရှေ့၌ ရပ်တန့်မိသွားခဲ့သည်။

"ဟင်. . .ကိုကိုလား?"

ရေး သူ အိပ်မက်မက်နေတာလား၊ ရိုင်းလ်နဲ့တူတဲ့သူများလား ဇဝေဇဝါ ဖြစ်ရင်း သံတိုင်တွေကြားက ငေးကြည့်နေမိစဉ် ထိုလူက သူ့အား မျက်စိတစ်ဖက်မှိတ်ပြလာပြီး ပြုံးပြလာခဲ့သည်။

ထို့အတွက် ထောင်စောင့်တွေ ရိုင်းလ်အား နဘန်ကျင်းလိုက်မိပေသည်။

"ဒီမျက်နှာရူးကောင်ကတော့! မင်း ထောင်ကျတာ တော်တော် အူမြူးနေတယ်ဟုတ်လား၊ မြန်မြန်လျှောက်၊ ဒီထဲမှာ ကောင်လေးတွေပဲ ရှိတာ၊ ငမ်းမနေနဲ့"

ထောင်စောင့်နှစ်ယောက် ဒီကောင့်ကို ကြည့်မရဖြစ်နေတာ ခုနစီရင်ချက်ချပြီးကတည်းက။ သူတို့လုပ်သက်အတွင်း ထောင်ဆယ်နှစ်ကျော်ကျတာကို ပျော်သွားတဲ့ တရားခံဆိုတာ မမြင်ဖူးသေးပေ။ ထောင်ထဲဝင်ခါနီးတောင် သူ့အစ်ကိုလားမသိ၊ ထိုလူ့ကို ရေမွှေးစွတ်ခိုင်းနေသေးတဲ့ ဒီကောင်က အခန်းလွတ်နေတာလားပဲ။ ဒီလူက စိတ္တဇ လူသတ်သမားများလားဟု သေချာစုံစမ်းခဲ့ရသေးသည်ဟု ကြားခဲ့ရသည်။

"ဩော်၊ မြန်မြန်ဆက်လျှောက်ပါဆို"

ရေး ဘာမှပြန်မတုံ့ပြန်နိုင်ခင် ထိုလူ့ကို သူ့ရဲ့သုံးခန်းကျော်အထိ ဆွဲခေါ်သွားကြပြီဖြစ်သည်။

ရိုင်းလ် ထိုကောင်လေး ကျန်းကျန်းမာမာရှိနေတာ မြင်လိုက်ရမှပဲ စိတ်ချသွားနိုင်တော့ကာ သူ နေရမည့် သံတိုင်တွေကြားထဲ ဝင်လိုက်ရတော့သည်။

သူ ခေတ္တရာအား ထောင်ဝင်စာ လာလာတွေ့ပြီး မှန်ချပ်တွေကြားက‌နေ ထိုကောင်လေးကို ယူကျုံးမရ ငေးကြည့်နေရမယ့်အစား ထိုကောင်လေးနဲ့အတူ ဒုက္ခတွေကို အခုလိုသာ မျှဝေခံစားချင်ပါသည်။

ခေတ္တရာ ဒီထဲမှာ တစ်ယောက်တည်း အထီးကျန်နေရတာကို အပြင်ဖက်က လာနှစ်သိမ့်‌ပေးရရုံလောက်နဲ့ ရိုင်းလ် မကျေနပ်နိုင်ပါ။ ဆရာဝန်အဖြစ်ရော ချစ်သူအဖြစ်ပါ ဒီကောင်လေး ဘယ်နေရာရောက်ရောက် လိုက်စောင့်ရှောက်ပေးနိုင်ဖို့က သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက် ဖြစ်နေခဲ့ပါပြီ။

__________________________________________

[Zawgyi]

အိမ္ခန္းထဲရွိ ကုတင္ထက္၌ သီခ်င္းဆိုသံ ခပ္တိုးတိုး လြင့္ပ်ံေနခဲ့သည္။

ရိုင္းလ္ေစတန္ သူ႕လက္ေမာင္းႏွစ္ဖက္ၾကား၌ ေရးအား ေထြးေပြ႕ထားခဲ့ၿပီး ထိုေကာင္ေလး၏ အာ႐ုံ အျပင္ဖက္ကို သိပ္မေရာက္ေတာ့ေအာင္ သီခ်င္းဆိုၿပီး ေခ်ာ့သိပ္ေနခဲ့ေသာ္ျငား ေခတၱရာက ျပန္မအိပ္ေတာ့ဘဲ သူ႕ကိုပါ ကုတင္ေပၚက ဆင္းမရေတာ့ေအာင္ ဆြဲထားသည္။

"ကိုယ္ တကယ္ ဘာမွထြက္မယူေတာ့ပါဘူးဆို။ စိတ္ေလွ်ာ့ၿပီး ခဏျပန္အိပ္လိုက္ေတာ့ေနာ္။ ေဆးလည္း ေသာက္ထားၿပီးၿပီဆိုေတာ့ နိုးလာရင္ ကိုယ္တို႔ႏွစ္ေယာက္တူတူ အျပင္ထြက္လို႔ ရၿပီ"

ဒီအိမ္ကလည္း အၾကာႀကီး ေနလို႔ေကာင္းေလာက္မည့္ ေနရာမဟုတ္တာေၾကာင့္ ေရး ေနလို႔ေကာင္းသြားရင္ ဒီကျပန္ထြက္ၾကဖို႔ ရိုင္းလ္ စီစဥ္ထားခဲ့သည္။

ေရး ေခါင္းညိတ္ျပလိုက္ရင္း-

"မင္းက ေသနတ္ေတာင္ ကိုင္တယ္ဆိုေတာ့ လူသတ္ခဲ့ဖူးေသးလား"

သူ ထိုလူ႕အား ကိုကိုလို႔ေခၚရတာ အသားမက်ေသးသလို ခံစားရသည္။ ထို႔အတြက္ သူတို႔ႏွစ္ေယာက္မွာ အတူတူ ရွိရဦးမည့္ အခ်ိန္ေတြ အမ်ားႀကီး ရွိေသးတာပဲမို႔ နည္းနည္းအခ်ိန္ယူၿပီးမွ ေခၚလည္း ေနာက္မက်ေလာက္ေသးဘူးလို႔ ေတြးလိုက္မိသည္။

"ကိုယ္ လူေတာ့မသတ္ဖူးပါဘူး။ ကိုယ္ ဘယ္ေလာက္ဆိုးဆိုး အၿမဲလက္မလြန္ေအာင္ ဂ႐ုစိုက္တယ္။ ဘာလို႔ဆို ကိုယ့္အခ်ိန္ေတြကို ေထာင္ထဲမွာ အလကား အကုန္မခံခ်င္လို႔ေလ။ ဆရာဝန္တစ္ေယာက္အေနနဲ႕ လူသတ္ေလာက္ရတဲ့ထိလည္း ကိုယ္ မရက္စက္ပါဘူး။ ဘာလို႔ေမးတာလဲ"

"ေကာင္းတယ္၊ ‌ဒါဆို ဘယ္ေတာ့မွ လူမသတ္မိေစနဲ႕။ တစ္ခါ လူသတ္ဖူးရင္ အဲ့အရိပ္က ေသတဲ့ထိ လိုက္ေျခာက္လွန႔္ေနေတာ့မွာ။ အခုေန အျပင္မွာ လူမိုက္ေတြေရာက္လာရင္ လူသတ္ရမယ့္ကိစၥဆို ငါပဲလုပ္မွာမို႔ ဒီတစ္ခါေတာ့ မင္း ငါ့စကားနားေထာင္ရမယ္ေနာ္။ ငါက လူသတ္ေနက်မိဳ႕ မထူးဆန္းေတာ့ဘူး၊ မင္းကိုေတာ့ လူသတ္သမား မျဖစ္ေစခ်င္လို႔ပါ"

ရိုင္းလ္ ၿပိဳင္မျငင္းခ်င္ေတာ့တာမို႔ ထိုေကာင္ေလးကိုသာ ေစာင္ေအာက္ထဲ ျပန္သြင္းလိုက္ရေတာ့သည္။ ဒီလိုမ်ိဳး စိုးရိမ္စိတ္မ်ားၿပီး ပူပန္ေနမႈမ်ိဳးနဲ႕သာဆို ေခတၱရာ စိတ္ေဝဒနာသည္ ျဖစ္သြားမွာကိုေတာင္ သူ တကယ္ စိုးရိမ္စျပဳလာၿပီ။

"အိပ္ေတာ့၊ ကိုယ္ ျပတင္းေပါက္ကပဲ အေျခအေန ထၾကည့္မွာ။ ဟုတ္ၿပီ၊ ကိုယ္ အျပင္ေရာက္ရင္ လူမသတ္မိေစရဘူးေနာ္"

ေရး ခုမွပဲ စိတ္ခ်သြားနိုင္ၿပီမို႔ မ်က္လုံးမွိတ္နိုင္ေတာ့သည္။

လူကယ္တဲ့ ဆရာဝန္တစ္ေယာက္အေနနဲ႕ မေတာ္တဆ လူသတ္မိခဲ့ရင္ အဲ့ဒါ ေခတၱရာ တစ္‌ေယာက္အတြက္ပဲဆိုတာေတာ့ ရိုင္းလ္ ထုတ္ေျပာမေနေတာ့ဘဲ ျပတင္းေပါက္ကိုသာ လွပ္ၾကည့္လိုက္သည္။

အျပင္ဖက္၌ ဘာမွထူးျခားတာ မရွိသေယာင္ဆိုေပမယ့္ သူလည္း ေခတၱရာနည္းတူ ဒီေနရာမွာ အႏၲရာယ္ရွိေနတယ္ဟု ခံစားမိေနသည္။

ထိုစဥ္ ေရး ကုတင္ေပၚက ဝုန္းခနဲ ဆင္းလာတာေၾကာင့္ ရိုင္းလ္ ထိုေနရာနား ျပန္‌ေျပးလာခဲ့ရသည္။

"ဘာျဖစ္လို႔လဲ၊ အရမ္းအရမ္း မထနဲ႕ဦးေလ"

"မင္း အနံ႕တစ္ခုခု မရဘူးလား"

"အနံ႕လား"

ေရး၏ အနံ႕ခံအာ႐ုံက တျခားလူေတြထက္ ပိုေကာင္းသည္။ အခုလည္း သူ႕ႏွာေခါင္းထဲ၌ ေညွာ္နံ႕ေတြ ရေနတာေၾကာင့္ အိမ္၏ အေနာက္ဖက္ထဲသို႔ ေျပးထြက္လာခဲ့မိသည္။

ရိုင္းလ္ပါ အိမ္ေနာက္ဖက္ထဲ ေျပးလိုက္လာခဲ့စဥ္ ႏွစ္ေယာက္လုံး အလန႔္တၾကား ျဖစ္သြားခဲ့ၾကသည္။

"အိမ္မီးေလာင္ေနတယ္! ! !"

"ေခတၱရာ ေနာက္ဆုတ္"

မီးထပ္မကူးေအာင္ ေဘစင္ပိုက္က ေရနဲ႕ အျမန္ျငႇိမ္းၾကည့္ေပမယ့္ မီးက ရွို႔မီးအလား လ်င္ျမန္စြာ တစ္ေနရာၿပီး တစ္ေနရာ စြဲလာခဲ့သည္။ မီးကူးတာက ေၾကာက္စရာေကာင္းေလာက္ေအာင္ ျမန္ေနသည္။

ေရးလည္း မီးသတ္ေဆးဘူး ရွိလိုရွိျငား အျမန္ရွာၾကည့္မိေပမယ့္ ဒါက သူတို႔အိမ္ မဟုတ္တာမို႔ ဘယ္ေနရာ ဘာထားမွန္း မသိသလို မ်က္စိေရွ႕မွာလည္း မျမင္မိ။

"အဟြတ္. . .အဟြတ္"

"မီးကူးတာ အရမ္းျမန္ေနတယ္၊ ကိုယ္တို႔ အိမ္ေရွ႕က အျမန္ထြက္မွ ျဖစ္ေတာ့မယ္"

မီးခိုးေငြ႕ေတြ အလုံးအရင္းတိုးဝင္လာတာေၾကာင့္ ႏွစ္ေယာက္လုံး အသက္ရႉ ၾကပ္လာၾကသည္။ ထို႔အတြက္ အိမ္ေရွ႕ထြက္ဖို႔ အျမန္ျပင္လိုက္ခ်ိန္၌ သူတို႔ေခါင္းေပၚက ထုပ္တန္း မီးစြဲၿပီး အရွိန္နဲ႕ ျပဳတ္က်လာတာကို ရိုင္းလ္ အရင္ျမင္လိုက္ရတာမို႔ ေရး၏ ေခါင္းကို သူ႕လက္နဲ႕ အုပ္မိုးလိုက္ၿပီး ေရးကို သူ႕ေအာက္သို႔ လ်င္ျမန္စြာ ဆြဲခ်လိဳက္ရသည္။

ကပ္သီးေလး သူ႕ခႏၶာကိုယ္နဲ႕ အုပ္မိုးလိုက္နိုင္တာမို႔ ထိုထုပ္တန္းက ရိုင္းလ္၏ ေက်ာေပၚသို႔သာ အရွိန္နဲ႕ ျပဳတ္က်လာခဲ့သည္။

ဒုန္း!

ေက်ာေပၚက ထုပ္တန္းအရွိန္ေၾကာင့္ ရိုင္းလ္၏ နဖူးေၾကာေတြ ေထာင္ထလာခဲ့သည္။ သို႔‌ေသာ္ျငား ေခတၱရာပါ သူ႕ေအာက္မွာ ပိတ္မိမသြားေစဖို႔ ရိုင္းလ္ သူ႕ခႏၶာကိုယ္ကို တံေတာင္နဲ႕ အျမန္ေထာက္ထားလိုက္ရကာ-

"ကိုယ့္ေအာက္က အျမန္လွိမ့္ထြက္၊ အျမန္လုပ္"

ထိုထုပ္တန္းက မီးစြဲေနၿပီမို႔ ေရး ရိုင္းလ္ေအာက္က အျမန္လွိမ့္ထြက္လိုက္ရသည္။ ထို႔ေနာက္ ထုပ္တန္းကို အတင္း ျပန္ဆြဲမေပး ေနရသည္။

"ကိုယ့္ကို မကူနဲ႕ေတာ့၊ မင္း အရင္ အိမ္ေရွ႕က ထြက္၊ မီးက တစ္အိမ္လုံးကို ကူးေတာ့မွာ။ ထြက္ေပါက္ပိတ္သြားလိမ့္မယ္"

ေရး သူ႕အားအကုန္သုံးၿပီး ထုပ္တန္းေအာက္က ကျပားေကာင္ လြတ္ေအာင္သာ အားစိုက္ေနမိသည္။

"အား. . .ရၿပီ. .ထြက္ေတာ့၊ အျမန္လွိမ့္လိုက္"

ရိုင္းလ္ ထုပ္တန္းေအာက္က အျမန္လွိမ့္လိုက္ရေသာ္ျငား သူ႕ခါးတစ္ခုခု ျဖစ္သြားမွန္း သိလိုက္သည္။ ခါးေပၚ ျပဳတ္က်တဲ့အရွိန္က ျပင္းၿပီး ထုပ္တန္းက ေလးတာမို႔ သူ အခုခ်က္ခ်င္း ထမရပ္နိုင္ျဖစ္ေနသည္။

ရိုင္းလ္ေစတန္ နာက်င္မႈေၾကာင့္ ႏႈတ္ခမ္းကို တင္းက်ပ္စြာေစ့ထားၿပီး အံကိုႀကိတ္ထားမိသည္။ ထို႔ေနာက္ ‌အျမန္အားယူလိုက္ၿပီး ထိုေကာင္ေလးက သူ မပါရင္ ထြက္မွာမဟုတ္တာကို သိေနတာမို႔ ေခတၱရာလက္ကိုဆြဲရင္း အိမ္ေရွ႕ဖက္ဆီ တြဲထြက္လာခဲ့ရသည္။

"မီးက အိမ္ေရွ႕ကိုပါ စြဲေနၿပီ"

သူတို႔တကယ္ ပိတ္မိေနၿပီျဖစ္သည္။ ေဘးမွာ အိမ္မရွိေတာ့ သူတို႔အိမ္အေျခအေနကို သိၾကပါ့မလားမသိ။

ထိုစဥ္ ရိုင္းလ္ သူတို႔ကုတင္ေဘးက ေဆးထိုးအပ္ကို ျမင္လိုက္ရတာေၾကာင့္ ေခတၱရာကို ထိုးေပးျဖစ္ခဲ့သည့္ အကိုက္အခဲေပ်ာက္ေဆးေတြကို သူ႕လက္ေမာင္းထဲ အျမန္ထိုးထည့္လိုက္ရသည္။

ထိုလူ အရမ္းနာက်င္ေနပုံရတာကို ေမးေၾကာေတြ ေထာင္ေနတာကို ၾကည့္ျခင္းျဖင့္ သိနိုင္ေပမယ့္ ေရး ဘာမွမလုပ္ေပးနိုင္တာမို႔ သူ လုပ္နိုင္တဲ့အရာက ဒီအိမ္ထဲက ႏွစ္ေယာက္အျမန္လြတ္ေအာင္ နည္းလမ္းရွာေနရသည္။

.
.
.

ဆက္ခြန္းသစ္ ကားေနာက္ေက်ာကို မွီထိုင္ေနရာကေန မတ္ခနဲ ျဖစ္သြားေလသည္။

"ဟာ. .ဘာျဖစ္တာလဲ၊ ဘာလို႔ ႐ုတ္တရက္ႀကီး အိမ္မီးေလာင္ေနတာလဲ၊ အျမန္တစ္ခုခု ဆင္းလုပ္ၾကေလ။ အစ္ကို႔ကိုပဲ ရေအာင္ကယ္ထုတ္ခဲ့"

ထိုေနာက္လိုက္ေတြ မီးသတ္ကို အေၾကာင္းၾကားသူ ၾကားၾကသလို တခ်ိဳ႕က အိမ္နား ေျပးထြက္လာၾကၿပီး သူတို႔သခင္ေလးကို ကယ္ဖို႔ တိုးကပ္လာခဲ့ေပမယ့္ မီးက တစ္အိမ္လုံးကို ဝါးမ်ိဳေနၿပီျဖစ္သည္။

ထိုျမင္ကြင္းကို သွ်ိုင္းစက္မာန္ ေက်နပ္စြာ အရသာ ခံၾကည့္ေနမိေလသည္။ သွ်ိုင္းစက္မာန္ သူ႕လူယုံကို ျပန္လႊတ္လိုက္ေတာ့ၿပီး ေသနတ္ကို ဆုပ္ကိုင္ထားရင္း ထိုလူမိုက္ေတြ ကယ္ထုတ္နိုင္လို႔ အဲ့ဆရာဝန္‌ေကာင္ ထြက္လာနိုင္ခဲ့ရင္ က်ည္ဆံစာေကြၽးပစ္ဖို႔အထိ ဆုံးျဖတ္ထားၿပီးသား။

ဒီေန႕မွ အဲ့ေကာင္မေသရင္ သူ ေက်နပ္နိုင္မည္မဟုတ္။ အဲ့ေကာင္ကို သူနဲ႕ ေနာက္ဘဝ ဆြဲေခၚသြားဖို႔ပါ ဝန္မေလးေတာ့တဲ့အထိ သွ်ိုင္းစက္မာန္ ထိုေကာင့္အား ႐ူးမတတ္ မုန္းတီးေနမိသည္။

မီးခိုးေငြ႕ေတြၾကား၌ တစ္ေယာက္နဲ႕တစ္ေယာက္ မျမင္ရေအာင္ထိ ေဝဝါးေနရခ်ိန္၌ ရိုင္းလ္ ထိုေကာင္ေလးနားသို႔ မရရေအာင္ ျပန္ထလာနိုင္ခဲ့ၿပီ။

"ေခတၱရာ ဒီဖက္လာ၊ ကိုယ္တို႔ ဒီေဘးျပတင္းေပါက္က ေဖာက္ထြက္ဖို႔ပဲ ရွိေတာ့တယ္၊ မင္း အဲ့ကေန အျမန္ခုန္ခ်လိဳက္"

ထိုေနရာ မီးစြဲဖို႔ေတာင္ သိပ္မလိုေတာ့တာေၾကာင့္ ႏွစ္ေယာက္အတူ မထြက္ရရင္ ႏွစ္ေယာက္အတူ ေသဖို႔ႀကိဳးစားေနသည့္ ေခတၱရာကို ျပတင္းေပါက္ေဘာင္ေပၚ အျမန္တြန္းတင္လိုက္ရသည္။

"ကိုယ္ ၿပီးတာနဲ႕ တကယ္လိုက္မွာပါဆို၊ မင္း အရင္ခုန္ခ်ေတာ့"

ဒီအိမ္က သိပ္မျမင့္တာမို႔သာ ေတာ္ေတာ့သည္။ ေရးက ဘယ္ေလာက္ျမင့္ျမင့္ အခုန္ကြၽမ္းသူျဖစ္သလို ေဆးအရွိန္ေၾကာင့္ေရာ ေဇာေၾကာင့္ပါ ရိုင္းလ္လည္း ခ်က္ခ်င္း ခုန္တက္လာနိုင္ခဲ့ၿပီး အိမ္ေဘးေပါက္ကေန အျပင္ဖက္သို႔ ခုန္ခ်လာနိုင္ခဲ့ၾကသည္။

အိမ္ေရွ႕ေပါက္၌ ရိုင္းလ္၏ လူေတြ သူတို႔သခင္ေလးကို ကယ္ထုတ္ဖို႔ မရရတဲ့နည္းနဲ႕ မီးျငႇိမ္းေနၾကစဥ္ ဆက္ခြန္းသစ္ သူ႕အစ္ကိုအတြက္ တကယ္စိုးရိမ္လာခဲ့သည္။

သွ်ိုင္းစက္မာန္၏ကားက ခြန္းတို႔မျမင္ေအာင္ အိမ္ရဲ႕ေဘးဖက္မွာ ရပ္ထားတာမို႔ ႏွစ္ေယာက္လုံး အႏၲရာယ္ကင္းကင္းထြက္လာၾကတာအား မာန္ ေပါက္ကြဲသြားခဲ့သည္။

ထို႔အတြက္ ေသနတ္ေမာင္းဆြဲတင္ရင္း ကားေအာက္သို႔ ထိုႏွစ္ေယာက္မသိေအာင္ တိတ္တဆိတ္ဆင္းလာခဲ့သည္။

"မင္းရဲ႕ ခါးက တစ္ခုခုျဖစ္သြားတာလား"

"ရတယ္၊ စိတ္မ. . .ေခတၱရာ ငုံ႕လိုက္၊ အား. . ."

ဒိုင္း!

သွ်ိုင္းစက္မာန္ သတိႀကီးႀကီးထားၿပီး ကပ္လာခဲ့တာေတာင္မွ ထိုဆရာဝန္ေကာင္က မ်က္စိလ်င္လြန္းေနသည္။ သွ်ိုင္းစက္မာန္ ထို‌ေကာင့္ကို မရွင္းထုတ္နိုင္ခင္ ေရး၏ပါးစပ္မွ က်ိန္စာ အရင္ထြက္လာမွာစိုးလို႔ ပထမဆုံးက်ည္ဆံကို ေရးဆီ အရင္ပစ္သြင္းလိုက္ျခင္းျဖစ္ေသာ္ျငား ဆရာဝန္ေကာင္၏ ေက်ာကိုသာ ေဖာက္ဝင္သြားခဲ့သည္။

"ကိုကို"

ဒီတစ္ေခါက္ေတာ့ က်ည္ဆံက ရွပ္ထိတာမဟုတ္ဘဲ သူ႕ခႏၶာကိုယ္ထဲ ေဖာက္ဝင္သြားတာကို ရိုင္းလ္ သိလိုက္ေပမယ့္ သူ ေခတၱရာကို တင္းက်ပ္စြာ ဖက္တြယ္ထားၿပီး သူ႕ေက်ာနဲ႕ ကြယ္ထားေပးဆဲပင္။

ေသနတ္သံေတြေၾကာင့္ ဆက္ခြန္းသစ္ ထိုအသံၾကားရာ အျမန္ေျပးထြက္လာခဲ့မိသည္။ ထိုအခ်ိန္၌ မာန္ သူ႕အစ္ကိုအား ေသြးေအးေအးနဲ႕ က်ည္ဆံတစ္ေတာင့္ၿပီး တစ္ေတာင့္ ပစ္သြင္းေနတာက သူ႕အား ေသြးလန႔္သြားေစမတတ္။

ေရး ဘယ္ေသာအခါကမွ အခုေလာက္ထိ သွ်ိုင္းစက္မာန္အား ရန္မလိုခဲ့ဖူးေပ။ သူ အခုခ်ိန္ ဒီေကာင့္ကို သတ္ပစ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ။

သို႔ေပမယ့္ က်ည္ဆံေတြၾကား ေရး ေျပးထြက္မသြားေအာင္ ရိုင္းလ္ သူ႕ရဲ႕ေနာက္ဆုံးလက္က်န္အားေတြနဲ႕ ထိုေကာင္ေလးကို ရင္ခြင္ထဲ ဆြဲသြင္းထားဆဲပင္။

သွ်ိုင္းစက္မာန္တစ္ေယာက္ ေရးက သူ႕အား အခုေလာက္လုပ္ေနတာကို က်ိန္စာမတိုက္လာတာကို သတိထားလိုက္မိသည္။

"ဟက္၊ ရိုင္းလ္ေစတန္ မင္းက အရင္ေသခ်င္ေနတာဆိုေတာ့လည္း Head shot နဲ႕ပဲ ပြဲသိမ္းလိုက္ေတာ့"

ထိုေနရာသို႔ ရိုင္းလ္၏ လူေတြပါ မီးျငႇိမ္းေနရာကေန ေရာက္ရွိလာၿပီျဖစ္သည္။

"အစ္ကို႔ကို မပစ္နဲ႕. . .အား"

သူ႕အစ္ကို ေခါင္းတည့္တည့္ကို ခ်ိန္႐ြယ္လာတဲ့ ေသနတ္ေၾကာင့္ ဆက္ခြန္းသစ္ မာန႔္ကို အျမန္တားဖို႔အတြက္ ထိုေသနတ္ေရွ႕ ေျပးဝင္သြားခဲ့မိေသာ္လည္း. . .

"ခြန္း! ! !"

မာန္ ဆရာဝန္ေကာင္အေပၚ အပိုင္တြက္ထားခဲ့သည့္ က်ည္ဆံက သူ႕ေရွ႕ ႐ုတ္တရက္ႀကီး ေျပးဝင္လာခဲ့ေသာ ဆက္ခြန္းသစ္၏ နဖူးတည့္တည့္သို႔ ေဖာက္ဝင္သြားခဲ့သည္။

အား. . . . . . . .

သွ်ိုင္းစက္မာန္ သူ႕ေသနတ္ကို အျမန္လႊတ္ခ်လိဳက္ၿပီး အ႐ုပ္ႀကိဳးျပတ္လဲက်သြားသည့္ ခြန္းေၾကာင့္ သူ႕ကမာၻတစ္ခုလုံး ခ်ာခ်ာလည္ကုန္ရၿပီ။

"မဟုတ္ဘူး၊ ခြန္း မင္း ငါ့ကို ထားသြားလို႔ မရဘူးေနာ္"

သူ႕လူေတြကို ေတြ႕လိုက္ရတာေၾကာင့္ ရိုင္းလ္လည္း ဒူးေထာက္လဲက်သြားခဲ့ရသည္။

ခႏၶာကိုယ္ထဲ ေဖာက္ဝင္သြားတဲ့ က်ည္ဆံသုံးေတာင့္က သူ႕ကို ေခတၱရာအား ဖက္တြယ္ဖို႔ အားေတာင္ မရွိေစတဲ့အထိ ဆြဲခ်သြားခဲ့သည္။

"သခင္ေလး"

"ခြန္း ! ! !"

ေရး သူ႕ေရွ႕က အျဖစ္အပ်က္ေတြကို မ်က္ေတာင္မခတ္တမ္း၊ အသက္မရႉတမ္း စိုက္ၾကည့္‌ေနသည္။

ခြန္း၏ ေခါင္းမွ ေသြးေတြက သူ႕ေျခရင္းထိေတာင္ စီးက်လာခဲ့ၿပီး ရိုင္းလ္ လဲက်သြားရာ ခႏၶာကိုယ္နားထိ အိုင္ထြန္းေနခဲ့သည္။

မီးသတ္ကားသံေတြကိုလည္း ေရး ၾကားေနရသည္။

ရိုင္းလ္ကို အသက္ကယ္ဖို႔လုပ္ေနသည့္ သူ႕လူေတြရဲ႕ စိုးရိမ္ပူပန္သံေတြကိုလည္း ၾကားေနရသည္။

ၿငိမ္သက္သြား‌ေသာ ခြန္း၏ အေလာင္းကို ဖက္ၿပီး မာန႔္၏ ႐ူးမတတ္ ငိုေႂကြးေနသံကိုလည္း ၾကားေနရသည္။

သူတို႔နားက အနိဌာ႐ုံေတြကို ျမင္ေန ၾကားေနရစဥ္ မ်က္လုံးေတြ မွိတ္က်သြားေတာ့မည့္ ကိုကို႔ကို ငုံ႕ၾကည့္လိုက္မိခ်ိန္၌ ဘာမွထပ္ေတြးမေနေတာ့ဘဲ က်ိန္စာတိုက္သတ္လို႔ မရမယ့္ေကာင္ကို သူ႕လက္နဲ႕ သတ္ပစ္ဖို႔သာ ရိုင္းလ္၏ လူေတြလက္ထဲက ဓားကို ေရး ဆတ္ခနဲ ဆြဲယူလိုက္ၿပီး မာန႔္ဆီ ေျပးဝင္လာခဲ့သည္။

"လူယုတ္မာ! မင္းေၾကာင့္ အကုန္ ပ်က္စီးကုန္ၿပီ၊ မင္းေၾကာင့္ လူေတြ ေသကုန္ၿပီ"

ဇြပ္!

သူ႕ဆီ ဓားနဲ႕ေျပးဝင္လာသည့္ ေရးကို ျမင္ေသာ္ျငား သွ်ိုင္းစက္မာန္ မေရွာင္မိေတာ့။ အခုေန က်ိန္စာတိုက္သတ္ရင္ေတာင္ သူ မစိုးရိမ္ေတာ့။ မာန္ သူ႕လက္ထဲက ခြန္းရဲ႕ခႏၶာကိုယ္ကိုသာ အတင္းဖက္တြယ္ထားမိေသာ္လည္း ေရးက သူ႕ကို ခြန္းနဲ႕ ေဝးရာကို ကန္ထုတ္ပစ္လိုက္ၿပီး ဝမ္းဗိုက္ဆီသို႔ ဓားျဖင့္ ‌ေဒါသတႀကီး ထိုးသြင္းလာခဲ့သည္။ 

"မင္း! ! မင္း! !"

ေရး အခု ဒီေကာင့္ကို ပိုးစိုးပက္စက္ က်ိန္စာတိုက္ခ်င္ေနေပမယ့္ ပါးစပ္ကို တင္းေနေအာင္ ေစ့ထားရၿပီး ဓားျဖင့္သာ ဘယ္ႏွစ္ခ်က္ေတာင္ ထိုးမိေနလဲမသိေတာ့၊ မီးသတ္ကားသံေတြနဲ႕ ရဲကား‌သံေတြ ၾကားေနရတဲ့အထိ ေဒါသတႀကီး ထိုးသြင္းေနမိဆဲပင္။

ရိုင္းလ္၏ လူေတြကေတာ့ ထိုျမင္ကြင္းကို အာ႐ုံမရဘဲ သူတို႔သခင္ေလး အသက္ရႉႏႈန္းေတြ ၊ ေသြးခုန္ႏႈန္းေတြ တရိပ္ရိပ္က်လာတာကိုသာ အလန႔္တၾကားျဖစ္ေနသည္။

သခင္ေလး ဆက္ခြန္းသစ္ကေတာ့ အသက္မမီေတာ့တာေၾကာင့္ သူတို႔ တိုင္ပတ္ေနစဥ္ ေရးေခတၱရာေၾကာင့္ ေနာက္ထပ္ အေလာင္းတစ္ေလာင္း တိုးလာသည့္အလား။

ေရး သူ႕ပခုံးေပၚက စူးရဲတက္လာတဲ့နာက်င္မႈေၾကာင့္ ဓားကို လႊတ္ခ်လိဳက္မိတာနဲ႕ မာန္လည္း ၾကမ္းျပင္ေပၚ ပစ္လဲက်သြားၿပီး မာန႔္၏ တိုးဖ်ဖ်အသံကိုသာ ေရး ေနာက္ဆုံး ၾကားလိုက္ရသည္။

"မင္းမသတ္လည္း ငါက ခြန္းေနာက္ကို လိုက္သြား မယ့္ ေကာင္ ပါ ကြာ"

သွ်ိုင္းစက္မာန္ သူ႕မ်က္လုံးေတြ မွိတ္မက်သြားခင္ သူ အသက္တမွ် ျမတ္နိုးခဲ့ရသည့္ ေကာင္ေလးကို သူ႕လက္နဲ႕ သတ္ခဲ့မိတာအတြက္ ရင္ဘတ္ထဲက နာက်င္မႈက ဓားဒဏ္ရာဆီက နာက်င္မႈထက္ ပိုမ်ားေနသည္။

သူ သေဘာက်ခဲ့ရသည့္ အၿမဲၿပဳံးရိပ္သမ္းေနတတ္တဲ့ ခြန္း၏ မ်က္လုံးေတြကို သူ လွမ္းပိတ္ေပးခ်င္ေနမိေပမယ့္ လက္တစ္ေခ်ာင္းေတာင္ မျမႇောက္နိုင္ေတာ့ဘဲ သလြန္းက သူ႕ကို လာေခၚေနတာကိုသာ ျမင္လိုက္ရၿပီး ေသြးပြက္ပြက္အန္ကာ ခြန္းရဲ႕အနားဆီသို႔ေတာင္ သူ မသြားနိုင္ေတာ့ေပ။ 

"အဲ့ေကာင္ကို သတ္လိုက္တာ ေရးေခတၱရာပါ"

မီးသတ္ကားေတြနဲ႕ ရဲကားေတြ ေရာက္လာခ်ိန္ မ်က္ျမင္သက္ေသအျဖစ္ ရိုင္းလ္၏လူေတြ ထိုေကာင့္ကို ရဲလက္အပ္ခဲ့ၾကသည္။

အေရးေပၚကားေတြပါ ေရာက္လာခ်ိန္၌ ရိုင္းလ္ေတာင္ အသက္မမီနိုင္‌‌ေတာ့တာကို စမ္းသပ္မိလိုက္တာမို႔ ရလိုရနိုင္ေသးျငား ေဆး႐ုံကားေပၚ အျမန္တင္လိုက္ၾကသည္။

ရိုင္းလ္ သူ႕နားထဲ၌ ရဲကားသံေတြကို မပီဝိုးတဝါး ၾကားေနရသည္။ ေခတၱရာကို လက္ထိပ္ခတ္လိုက္ၾကတာကို မသဲမကြဲျမင္ေနရသည္။ သူ႕ကို ေဆး႐ုံကားေပၚ တင္လိုက္တာကိုလည္း သိသလိုလို မသိသလိုလို ျဖစ္ေနေပမယ့္ ေခတၱရာကို ရဲကားထဲ ဆြဲသြင္းသြားတာကိုေတာ့ ေသခ်ာသိေနတာေၾကာင့္-

"ေခတၱရာကို ေထာင္ထဲ မ ေခၚ သြား ပါနဲ႕"

လက္အသာျမႇောက္ၿပီး တား‌ေနရင္း ထိုစကားေတြကို ခပ္တိုးတိုးေရ႐ြတ္ၿပီးခ်ိန္၌ ရိုင္းလ္ လုံးဝ သတိလြတ္သြားၿပီျဖစ္သည္။

ေနာက္ဆုံးေတာ့ ေရးလက္က တကယ္ ေသြးစြန္းခဲ့ၿပီ။ သူ ဖူးစာဖက္ကို သတ္ခဲ့မိၿပီ၊ သူ႕က်ိန္စာေတြျပယ္ဖို႔ မာန႔္ကို သူ သတ္ပစ္ဖို႔ ဘယ္တုန္းကမွ မေတြးခဲ့ေပမယ့္ အခုေတာ့ လုပ္မိသြားခဲ့ၿပီ။

-----------------------

ဦးရဲဝဏၰ ထိုသတင္းၾကားၾကားခ်င္း ခ်က္ခ်င္း လင္မယားႏွစ္ေယာက္လုံး ရန္ကုန္ဆင္းလာခဲ့ၾကသည္။ အေကာင္းဆုံးဆိုတဲ့ ေရွ႕ေနငွားၿပီး ထိုအမႈကို ပိတ္နိုင္ဖို႔ႀကိဳးစားၾကေပမယ့္ သွ်ိုင္းစက္မာန္၏ မိဘေတြက တရားစြဲသည္။ ဆက္ခြန္းသစ္၏ မိသားစုေတြဖက္ကလည္း သူတို႔သားေသဆုံးရမႈေၾကာင့္ ထိုအမႈကို မႀကီးႀကီးေအာင္ ဖန္တီးၾကသည္။

ဦးရဲဝဏၰဖက္ကလည္း ထိုအိမ္ကို မီးရွို႔မႈနဲ႕ သွ်ိုင္းစက္မာန္ဖက္ကို ျပန္လည္တရားစြဲခဲ့ေပမယ့္ သူ႕သားက အသက္ရွင္က်န္ရစ္ေနသူျဖစ္ၿပီး တစ္ဖက္က တရားခံက ဆုံးသြားၿပီျဖစ္သည္။

"သားကို ပါး ရေအာင္ကယ္မွာပါ။ ဒါေပမဲ့ ရိုင္းလ္ရဲ႕ဖက္က မ်က္ျမင္သက္ေသေတြနဲ႕ ပိုႀကီးေအာင္လုပ္ေနတယ္။ သားသတ္ခဲ့တဲ့ေကာင္ေလးရဲ႕ မိဘေတြကလည္း သူတို႔သားရဲ႕ လုပ္ရပ္ကို မျမင္ဘဲ ငါ့သားကိုပဲ ပုံခ်ေနတယ္"

ေရး ထိုအရာေတြ စိတ္မဝင္စား။ သူ သိခ်င္တာ ရိုင္းလ္၏ အေျခအေနတစ္ခုသာ။

တရား႐ုံးထဲ၌ ေရး ႐ုံးခ်ိန္း အႀကိမ္ႀကိမ္ ဝင္ေနရသလို ေဆး႐ုံ၌လည္း ရိုင္းလ္ ခြဲခန္းအႀကိမ္ႀကိမ္ ဝင္ေနရသည္။

ခြန္းနဲ႕မာန႔္ရဲ႕ ရက္လည္ကို ေက်ာ္ၿပီးခ်ိန္ထိ ႐ုံးခ်ိန္း အႀကိမ္ႀကိမ္ ဝင္ရၿပီးတဲ့ ေရးတစ္ေယာက္ သူ႕အား စီရင္ခ်က္ခ်မယ့္ေန႕ကို ေရာက္လာခဲ့ၿပီ။

အခုခ်ိန္၌ ဦးရဲဝဏၰ အမုန္းဆုံးလူကိုေျပာပါဆိုရင္ ရိုင္းလ္၏ အေဖကို ျပရလိမ့္မည္။ သူ႕သားကို သူ႕အာဏာအကုန္သုံးၿပီး ကယ္ခဲ့ေသာ္ျငား ထိုလူက သူ႕သား ေထာင္မက်က်ေအာင္ လုပ္ေနခဲ့သည္။ သူ႕သားဖက္က မွားမွားမွန္မွန္ ေခတၱရာ လူသတ္ခဲ့တာကလည္း ျငင္းလို႔မရေတာ့တဲ့ အမွန္တရားႀကီး ျဖစ္ေနခဲ့ၿပီ။ မ်က္ျမင္သက္ေသေတြပါ ရွိေနခဲ့တာေၾကာင့္ ဦးရဲဝဏၰ ဘာမွလုပ္မရေတာ့။

ဒီေန႕က ေနာက္ဆုံးစီရင္ခ်က္ခ်မယ့္ေန႕။

ဦးရဲဝဏၰနဲ႕ ေဒၚခတၱာလင္း အသက္မရႉနိုင္ျဖစ္ေနၾကသည္။ သူ႕သား ေထာင္နားနီးေနတယ္ဆိုတာ တကယ္ျဖစ္လာခဲ့တာအတြက္ သူမ ငိုရလြန္းလို႔ မ်က္ရည္ေတာင္ မက်န္ေတာ့ဘူး ျဖစ္ေနၿပီ။ သူ႕သားမ်က္ႏွာကို ေသခ်ာထိုင္ၾကည့္လို႔ ရခဲ့ခ်ိန္၌ သူ႕သားနဲ႕ သူမၾကားကို မွန္ခ်ပ္ေတြျခားေနသည့္ အခ်ိန္ျဖစ္လာခဲ့ၿပီ။

"တရားခံ ေရးေခတၱရာသည္ ပုဒ္မ ၃၀၂ အရ. . ."

ဦးရဲဝဏၰ သူ လုပ္လို႔ရသမွ်လုပ္ခဲ့တာမို႔ လူေသေစခဲ့တာမွန္ေပမယ့္ သူ႕သား အျပစ္ေပါ့ပါေစလို႔ပဲ ဆုေတာင္းေနမိသည္။

". . .ျပစ္မႈထင္ရွားေသာေၾကာင့္ တရားခံ ေရးေခတၱရာအား အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ဆယ္ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္လိုက္သည္"

ေဒၚခတၱာလင္း ထိုင္ခုံေပၚကေန ထအရပ္ သူ႕ေယာက္်ားေပၚသို႔ မူးလဲက်သြားခဲ့ၿပီ။

----------------------

တစ္လၾကာၿပီးေနာက္. . .

"ေရးေခတၱရာ မင္းကို ေထာင္ဝင္စာ လာေတြ႕တယ္၊ ထြက္ခဲ့"

ေရး အျမန္ထရပ္လိုက္ၿပီး သူ႕ကို လာေတြ႕သူက ရိုင္းလ္ ျဖစ္မလားဟူသည့္အေတြးျဖင့္ အေျပးလိုက္လာခဲ့ေပမယ့္ မားကိုသာ ျမင္လိုက္ရတာေၾကာင့္ ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးျပလိုက္ရသည္။

"တစ္လပဲ ရွိေသးတာကို ပိန္သြားလိုက္တာကြယ္၊ အထဲမွာ အလုပ္ၾကမ္းလုပ္ရတာ အရမ္းပင္ပန္းေနၿပီလား"

ေရး ေခါင္းခါျပလိုက္ၿပီး မားကို ဖက္ငိုလို႔မရေပမယ့္ မားေရွ႕မွာမို႔ ရွိုက္ႀကီးတငင္ စငိုမိေတာ့သည္။

သူ အလုပ္ၾကမ္း လုပ္နိုင္ပါတယ္၊ လူသတ္ၿပီးမွေတာ့ ဆယ္ႏွစ္ဆိုတာ နည္းေတာင္ နည္းပါေသးတယ္။ သူ ပိုဝမ္းနည္းရတာက ရိုင္းလ္ ေဆး႐ုံဆင္းနိုင္ခဲ့တာ ႏွစ္ပတ္နီးပါးရွိေနၿပီဆိုတာ သူ႕အေဖ ေျပာျပလို႔ သိခဲ့ရေပမယ့္ ရိုင္းလ္က အခုခ်ိန္ထိ သူ႕အား တစ္ခါေလးေတာင္ လာမၾကည့္တာမို႔ နာက်င္ေနရျခင္းျဖစ္သည္။

"ဒီဆယ္ႏွစ္ၿပီးရင္ ကြၽန္ေတာ္ ပုန္းကြယ္စရာမလိုဘဲ မားနဲ႕ ျပန္လာေနလို႔ရၿပီေလ။ ဆယ္ႏွစ္ပဲ ထပ္ေစာင့္ေပးပါ။ အဲ့အခ်ိန္ထိ က်န္းက်န္းမာမာ ရွိေနရမယ္ေနာ္"

"သားေလးရယ္"

"ဒါနဲ႕ ကိုကို ဘာလို႔ ကြၽန္ေတာ့္ဆီ မလာတာလဲ မား သိလား"

"သူ မားဆီကိုလည္း လုံးဝအဆက္အသြယ္ မလုပ္ေတာ့တာပါ"

ေရး ေခါင္းညိတ္ျပလိုက္ေတာ့ၿပီး အခ်ိန္ေစ့သြားၿပီမို႔ မားကို ႏႈတ္ဆက္ခဲ့လိုက္ေတာ့သည္။

ၾကည့္ရတာ ခြန္း ဆုံးသြားလို႔ ဒီလူ သူ႕ကို စိတ္နာသြားတာ ထင္ပါရဲ႕။ ဒီလူက သူနဲ႕ တစ္ညေလာက္ပဲ တူတူရွိခဲ့တာ၊ ခြန္းနဲ႕က ႏွစ္ေပါင္းမ်ားစြာ တူတူရွိလာတာ။ ခြန္းကို ထိုလူ ဘယ္ေလာက္ခ်စ္လဲဆိုတာ သိခ်င္ရင္ သူတို႔ႏွစ္‌ေယာက္ စေတြ႕ခ်ိန္က သူ႕လက္ကို ထိုလူခ်ိဳးခဲ့တဲ့ အခ်ိန္ကိုပဲ ေရး အၿမဲျပန္ျပန္ေတြးမိပါ၏။

--------------------

ေထာင္ၾကမ္းျပင္က ေအးစက္လြန္းတာေၾကာင့္ ေရး ေကြးၿပီး အိပ္လိုက္မိသည္။

အခုမွ သူ ေထာင္က်တာ တစ္လခြဲပဲ ရွိေသးတယ္၊ ဆယ္ႏွစ္ေတာင္ သူ ဘယ္လိုေနရမလဲ။ သူ႕ေဘးက သူငယ္ခ်င္းသုံးေယာက္လုံးကလည္း သူ႕ေၾကာင့္ အကုန္မရွိၾကေတာ့တဲ့အျပင္ ကိုကိုကလည္း သူ႕ကို တစ္ခါေလးေဝာာင္ လာမေတြ႕ေတာ့ဘူး။

ဒယ္ဒီက ပိတ္ထားလို႔ လာမေတြ႕နိုင္တာပါဆိုတဲ့ ဆင္ေျခကို ယုံရေအာင္ထိေတာ့ သူက ငယ္႐ြယ္တဲ့ မႏူးမနပ္ေလး မဟုတ္ေတာ့သလို ကျပားေကာင္ကလည္း ပိတ္ထားတာနဲ႕ ဘာမွမႀကိဳးစားမယ့္သူ မဟုတ္မွန္း ခံစားမိေနၿပီးသားပင္။

ထို႔အတြက္ ဒီလူ သူ႕ကို လာမေတြ႕ေတာ့တာ လာမေတြ႕ခ်င္႐ုံမွတပါး မရွိေတာ့ပါၿပီ။

သလြန္းလြင္ျပင္. . .ဆက္ခြန္းသစ္. . .သွ်ိုင္းစက္မာန္. . .ေနာက္ဆုံး ဒီလူကပါ သူ႕ကို ေက်ာခိုင္းသြားခဲ့ၿပီဆိုတာကို ေရး နားလည္လိုက္ရသည္။

အလုပ္ၾကမ္းမလုပ္ရခ်ိန္ဆို အိပ္ျခင္းနဲ႕သာ ကုန္ဆုံးေနတာမို႔ ေရး လွဲအိပ္ၿပီး ေလွ်ာက္ေတြးရင္း မ်က္ရည္က်ေနမိစဥ္ ထင္ေယာင္ထင္မွား ျဖစ္လာသည့္အလားပင္။ ေရး သူ႕ႏွာေခါင္းထဲသို႔ လာဗင္ဒါနံ႕ေတြ ရလာတာေၾကာင့္ ဝုန္းခနဲ ျပန္ထထိုင္လိုက္မိသည္။

"ေထာင္ထဲမွာ လာဗင္ဒါအနံ႕က ဘယ္က ေရာက္လာတာပါလိမ့္"

ေထာင္ေစာင့္ေတြ လက္ထိပ္ခတ္ထားေသာ စီရင္ခ်က္ခ်ၿပီးသည့္ ေနာက္ထပ္ ေထာင္သားအသစ္ကို ေထာင္ခန္းေတြၾကားက အလယ္လမ္းမႀကီးမွ ေထာင္ခန္းေတြေရွ႕ တစ္ခန္းၿပီး တစ္ခန္းျဖတ္ရင္း ေခၚသြင္းလာခဲ့သည္။

ထိုလူ႕ကိုယ္မွ လာဗင္ဒါနံ႕ေၾကာင့္ သံတိုင္ေတြၾကားက ေထာင္သားေတြ ‌တရားခံအသစ္ကို အာ႐ုံစိုက္မိသြားၾကသည္။ ထို႔အျပင္ ထိုလူ႕ကို ျမင္လိုက္ရသည့္ ေထာင္သားတိုင္း တူညီတဲ့မွတ္ခ်က္တစ္ခု ခ်လိဳက္မိသည္။

"မဟုတ္မွလြဲေရာ ေထာင္က်တာကို ဒီေကာင္ ေပ်ာ္ေနတာေတာ့ မဟုတ္ဘူးမလား"

ရိုင္းလ္ေစတန္ တကယ္ ေပ်ာ္႐ႊင္ေနပါ၏။ သူ အသိျပန္ဝင္လာကတည္းက သူ႕ဒယ္ဒီကို ေခတၱရာကို လြတ္ေအာင္ လုပ္ေပးဖို႔ ဒူးေထာက္ၿပီးပင္ ေတာင္းဆိုခဲ့ေသာ္ျငား ဒယ္ဒီက အမႈပိုႀကီးေအာင္ပင္ လုပ္လိုက္ေသးသည္။ ထို႔ေၾကာင့္ ေခတၱရာကို ေထာင္ထဲကေန ျပန္ထုတ္လို႔မရရင္ သူပါ ေထာင္ထဲလိုက္ဝင္ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ တစ္ခါမွ မလုပ္ခဲ့ဖူးသည့္ လူသတ္မႈကို လုပ္ခဲ့ၿပီး ေနာက္ဆုံးေတာ့ သူ ေခတၱရာနဲ႕ ဒီထဲမွာ ဆယ္ႏွစ္တူတူေနနိုင္ခဲ့ၿပီ။ ဒယ္ဒီ ကယ္ထုတ္လို႔မရေအာင္ပါ သက္ေသနဲ႕တကြ အဖမ္းခံခဲ့ရတာ ျဖစ္သည္။

ေထာင္ခန္းေတြ တစ္ခန္းၿပီး တစ္ခန္း ျဖတ္ေက်ာ္လာခ်ိန္ ရိုင္းလ္ ထိုေကာင္ေလး ဘယ္အခန္းမွာ ရွိေနမလဲ လိုက္‌ၾကည့္ေနခဲ့ရင္း အခန္းတစ္ခန္းေရွ႕၌ ရပ္တန႔္မိသြားခဲ့သည္။

"ဟင္. . .ကိုကိုလား?"

ေရး သူ အိပ္မက္မက္ေနတာလား၊ ရိုင္းလ္နဲ႕တူတဲ့သူမ်ားလား ဇေဝဇဝါ ျဖစ္ရင္း သံတိုင္ေတြၾကားက ေငးၾကည့္ေနမိစဥ္ ထိုလူက သူ႕အား မ်က္စိတစ္ဖက္မွိတ္ျပလာၿပီး ၿပဳံးျပလာခဲ့သည္။

ထို႔အတြက္ ေထာင္ေစာင့္ေတြ ရိုင္းလ္အား နဘန္က်င္းလိုက္မိေပသည္။

"ဒီမ်က္ႏွာ႐ူးေကာင္ကေတာ့! မင္း ေထာင္က်တာ ေတာ္ေတာ္ အူျမဴးေနတယ္ဟုတ္လား၊ ျမန္ျမန္ေလွ်ာက္၊ ဒီထဲမွာ ေကာင္ေလးေတြပဲ ရွိတာ၊ ငမ္းမေနနဲ႕"

ေထာင္ေစာင့္ႏွစ္ေယာက္ ဒီေကာင့္ကို ၾကည့္မရျဖစ္ေနတာ ခုနစီရင္ခ်က္ခ်ၿပီးကတည္းက။ သူတို႔လုပ္သက္အတြင္း ေထာင္ဆယ္ႏွစ္ေက်ာ္က်တာကို ေပ်ာ္သြားတဲ့ တရားခံဆိုတာ မျမင္ဖူးေသးေပ။ ေထာင္ထဲဝင္ခါနီးေတာင္ သူ႕အစ္ကိုလားမသိ၊ ထိုလူ႕ကို ေရေမႊးစြတ္ခိုင္းေနေသးတဲ့ ဒီေကာင္က အခန္းလြတ္ေနတာလားပဲ။ ဒီလူက စိတၱဇ လူသတ္သမားမ်ားလားဟု ေသခ်ာစုံစမ္းခဲ့ရေသးသည္ဟု ၾကားခဲ့ရသည္။

"ေဩာ္၊ ျမန္ျမန္ဆက္ေလွ်ာက္ပါဆို"

ေရး ဘာမွျပန္မတုံ႕ျပန္နိုင္ခင္ ထိုလူ႕ကို သူ႕ရဲ႕သုံးခန္းေက်ာ္အထိ ဆြဲေခၚသြားၾကၿပီျဖစ္သည္။

ရိုင္းလ္ ထိုေကာင္ေလး က်န္းက်န္းမာမာရွိေနတာ ျမင္လိုက္ရမွပဲ စိတ္ခ်သြားနိုင္ေတာ့ကာ သူ ေနရမည့္ သံတိုင္ေတြၾကားထဲ ဝင္လိုက္ရေတာ့သည္။

သူ ေခတၱရာအား ေထာင္ဝင္စာ လာလာေတြ႕ၿပီး မွန္ခ်ပ္ေတြၾကားက‌ေန ထိုေကာင္ေလးကို ယူက်ဳံးမရ ေငးၾကည့္ေနရမယ့္အစား ထိုေကာင္ေလးနဲ႕အတူ ဒုကၡေတြကို အခုလိုသာ မွ်ေဝခံစားခ်င္ပါသည္။

ေခတၱရာ ဒီထဲမွာ တစ္ေယာက္တည္း အထီးက်န္ေနရတာကို အျပင္ဖက္က လာႏွစ္သိမ့္‌ေပးရ႐ုံေလာက္နဲ႕ ရိုင္းလ္ မေက်နပ္နိုင္ပါ။ ဆရာဝန္အျဖစ္ေရာ ခ်စ္သူအျဖစ္ပါ ဒီေကာင္ေလး ဘယ္ေနရာေရာက္ေရာက္ လိုက္ေစာင့္ေရွာက္ေပးနိုင္ဖို႔က သူ႕ရဲ႕ အႀကီးမားဆုံး ရည္မွန္းခ်က္ ျဖစ္ေနခဲ့ပါၿပီ။

__________________________________________

Continue Reading

You'll Also Like

161K 23.4K 57
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 (Zawgyi +Unicode)...
156K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
83.3K 5.6K 39
ကိုလေးက ရေလိုပဲ ကြည်လင်တယ် ပြတ်သားတယ် ထိုးဖောက်ပီးမြင်နေရတယ် တစ်ခါတစ်လေကျတော့လည်း ကျွန်တော့်ကို အသက်မရှူနိုင်စေတော့တဲ့အထိ နစ်မွန်းသွားစေတယ် ပျော့...
95.1K 2.5K 22
age gap အရမ္​းႀကိဳက္​တဲ့ ကြၽန္​​ေတာ္​့အတြက္​ တစ္​ခါမွ မ​ေရးဖူးတဲ့ age gapမ်ိဳးပါ😁😁😁 အသက္​၂၀​ေလာက္​ကြာျခားမႈၾကားက ႐ိုဆန္​ဆန္​ခ်စ္​ျခင္​းႏွင္​့ angs...