ရန်ကုန်မြို့၏ ရှုပ်ထွေးသော လမ်းတွေကြား၌ သူတို့၏ သခင်လေးကို မျက်ခြေပြတ်သွားကြတာကြောင့် ယခုကိစ္စတွေအား ကိုင်တွယ်ခွင့် အာဏာ အပြည့်အဝ ရနေသော ဆက်ခွန်းသစ်ထံ ပြန်ဆက်သွယ်ကြရသည်။
သခင်လေး၏ အစ်ကိုက သူတို့အား သခင်လေး၏ အိမ်ထောင်ဖက်ဖြစ်လာမည့်သူ၏ စကားကိုသာ နားထောင်ကြဖို့ မှာထားခဲ့သည်။
ဆက်ခွန်းသစ် ထိုသတင်းကြောင့် ဒီတစ်နေ့လုံး ပေါက်ကွဲနေရတာတွေက မပြီးဆုံးနိုင်သော ပြဿနာတွေလိုပင်။
"ကားတောင် တွေ့ပြီး လူမတွေ့ဘူးဆိုတော့ မင်းတို့ကို ဘယ်လို ဆက်အားကိုးရတော့မှာလဲ။ အခုချက်ချင်း မရရအောင် ထပ်ရှာခဲ့။ နောက်ပြီး မင်းတို့ကို ရေးခေတ္တရာရဲ့ အိမ်ရှေ့မှာ မလှုပ်ရှားဖို့ မှာထားခဲ့တယ်မလား။ အလကား အသုံးမကျတဲ့ကောင်တွေ။ အခု အစီအစဉ်နှစ်ခုလုံး သွားပြီလေ"
သခင်လေး၏ ကားကို လမ်းဘေးတစ်နေရာ၌ ရပ်ထားတာတွေ့လိုက်ရပေမယ့် ကားပေါ်၌ လူနှစ်ယောက်လုံးကို မတွေ့ရတော့သလို ထိုနားက ဟိုတယ်တွေ၊ တည်းခိုခန်းတွေအပြင် ပုန်းအောင်းနေနိုင်မည့် နေရာတွေကို ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်ငြား နှစ်ယောက်လုံးကို အရိပ်တောင် မမြင်ရတော့။
"ကျွန်တော်တို့အမှားပါ"
"ဒီမင်္ဂလာပွဲပျက်ခဲ့ရရင် မင်းတို့အားလုံး သေဖို့သာ ပြင်ထား"
ဖုန်းကို အားနဲ့ ပစ်ထုတ်လိုက်ရင်း သူ့လမ်းလာလာပိတ်နေသည့် မကောင်းဆိုးဝါးကောင်ကို သတ်ဖြတ်လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်နေလေသည်။
ထို့နောက် သူ ဖုန်းကို ဝရန်တာဖက် ထွက်ပြောနေခဲ့တာမို့ အိမ်ထဲပြန်ဝင်ဖို့အလှည့် သူ့အား ရပ်ပြီး စိုက်ကြည့်နေသော မာန့်ကို မြင်လိုက်ရတာကြောင့် လန့်သွားမိသည်။
"မင်္ဂလာပွဲဆိုပဲ၊ မင်းနဲ့ အဲ့ကောင်ရဲ့ မင်္ဂလာပွဲလို့တော့ ငါ့ကို လာမပြောနဲ့နော်"
ဆက်ခွန်းသစ်၏ ဒေါသတွေက ပုံချစရာ လူရှာနေသည့်အလားပင်။ သူ ထိုမျှော့လိုကောင်ကို လုံးဝသည်းမခံနိုင်တော့။
"ဖြစ်တော့ရော ဘာလုပ်ချင်လို့လဲ၊ ငါ ဘယ်သူနဲ့ လက်ထပ်လက်ထပ် ဒါ ငါ့လွတ်လပ်ပိုင်ခွင့်ပဲ။ မင်းနဲ့ငါက ဘာဆိုင်လို့လဲ"
"ပြောတော့ အစ်ကိုလိုပဲဆို"
"ဟုတ်တယ်၊ အစ်ကိုလိုပဲ။ ဒါပေမဲ့ ငါ့အစ်ကိုကို ရေးနဲ့တော့ လုံးဝခွင့်မပြုဘူး။ ရေးခေတ္တရာ အဲ့ကောင် ငါ့ချစ်သူကိုတော့ ကျိန်စာတိုက်သတ်ထားပြီး သူကကျ အခုလို ငါ့အစ်ကိုနဲ့ အေးဆေးသာယာနေတာကို လက်ပိုက်ရပ်ကြည့်နေရမှာလား၊ ဝေးသေး။
ငါ သလွန်းလွင်ပြင်လောက် ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး။ တကယ်လို့များ သလွန်းသာ အသက်ရှင်နေဦးမယ်ဆိုရင် သူ ငါ့ကို ချစ်လာအောင် ထပ်ထပ်ပြီး ကြိုးစားဖို့ အခွင့်အရေးရဦးမှာ။ ရေးသာ သလွန်းကို သေအောင်မလုပ်ခဲ့ရင် ငါတို့ အခုလို သေကွဲမကွဲရဘူးကွ ! !"
သျှိုင်းစက်မာန် အိန္ဒြေမပျက်အောင် နေလိုက်ရသော်ငြား အဲ့ကောင်ကို အပြီးရှင်းထုတ်ခဲ့တာတောင် အခုချိန်ထိ သူက သလွန်းနေရာကို မရသေးတာအတွက် နာကျင်သွားမိသည်။
ဆက်ခွန်းသစ် အလွန်အမင်း ပေါက်ကွဲပစ်နေမိတော့သည်။
"ငါ ရေးကို သတ်ချင်တာ သေတော့မယ်။ ငါတို့ သူ့အပေါ် အသုံးချခဲ့တဲ့ ကိစ္စတွေ မျက်နှာထောက်ပြီး အဲ့ကောင် သလွန်းကို လုပ်ခဲ့တာကို ငါ သည်းခံခဲ့တာ။ လူသတ်ထားပြီး မျက်နှာပြောင်တိုက်နိုင်တဲ့ အဲ့ကောင်မျက်နှာကို မြင်နေရရင် အကုသိုလ်များလွန်းလို့ စင်ကာပူထွက်သွားခဲ့တာ။ အဲ့ဒါကို အဲ့ကောင် အခု ငါ့အချစ်ဆုံးအစ်ကိုကို ဇယားလာကပ်နေပြန်ပြီ။ ငါ့အစ်ကိုက အဲ့ကောင်ထက်သာတဲ့ လူတွေနဲ့ပဲ တန်တာ"
သျှိုင်းစက်မာန် သူ့ဘေးက ခုံကို ပိတ်ကန်ထုတ်လိုက်မိတော့သည်။
"အဲ့ကောင်က ငါ့ထက် ဘာတွေသာလို့လဲ၊ နိုင်ငံခြားပြန်မို့လား၊ ဆရာဝန်ဖြစ်နေလို့လား၊ အထက်တန်းလွှာကမို့လို့လား။ တော်စမ်းပါ၊ မင်း သတ္တိရှိရင် ရှေ့ဆက်တိုးရဲတိုးကြည့်လိုက်၊ အဲ့ကောင်နဲ့ ယူတဲ့နေ့က မင်းတို့နှစ်ယောက်လုံး အသေပဲ"
ဆက်ခွန်းသစ် ပေါက်ကွဲနေရာကနေ လှောင်ရယ်မိသွားခဲ့သည်။
"မင်းလို ငကြောက်က ကျိန်းနေတာကို ငါက ကြောက်မယ်များ ထင်နေတာလား။ မင်းပုံစံက ငါ့လို အချစ်ရူးဖြစ်နေရှာတာ သနားမိလို့ အရောဝင်နေတာကို အပိုင်လာတွက်မနေစမ်းပါနဲ့။ ငါ့ကို မင်း အတင်းအကျပ် လာသိမ်းလိုက်ရင်တောင် ငါဆိုတာ ထူးပြီး ဝမ်းနည်းနေမယ့်ကောင်မျိုး မဟုတ်ဘူးနော်။ ငါ မင်းကိုတော့ သေတာတောင် ချစ်လာမှာမဟုတ်ဘူး"
"မင်း!"
"ငကြောက်! ဟက်! ရေးရှိမှ အဲ့ကောင်ကို အသုံးချပြီး မဟုတ်တာတွေကိုတောင် လုပ်ရဲတဲ့ကောင်ကများ! ငါ့အိမ်ထဲက အခုထွက်သွား၊ ငါ့ကိုပဲ မျှော့လိုလာကပ်နေမယ့်အစား မင်းကိုဆို မျက်နှာတစ်ချက်မပျက်အောင် အရမ်းထားပေးချင်နေတဲ့ ရေးကိုပဲ ယူလိုက်စမ်းပါကွာ။ နှစ်ကောင်လုံး တကယ်အာရုံနောက်စရာတွေ၊ ထွီ!"
သူ့အား ရန်လိုရင်း တွန်းတိုက်ပြီး ထွက်သွားသော ခွန်းကို သူ ဘာမှမလုပ်ရက်ပေမယ့် နှစ်ကြိမ်တိုင်တိုင် အငြင်းခံနေရတာက သူ့အား ကျားနာတစ်ကောင်လို ဖြစ်လာစေသည်။ သူ ထိုဆရာဝန်ကောင်ကို မသတ်ရရင် ခွန်းကိုပဲ သူနဲ့တူတူ နောက်ဘဝဆီ ခေါ်သွားပစ်ချင်လာတဲ့အထိ ပြောမပြတတ်အောင် နာကျင်သွားရသည်။
အခုချိန် ရေးသာရှိရင် သူ့ကို ပျော်အောင် အစွမ်းကုန် နှစ်သိမ့်ပေးနေဦးမှာကို သတိရလိုက်တာကြောင့် အရင်အချိန်တွေကို သတိရမိသား။
သျှိုင်းစက်မာန် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ပြုံးလိုက်မိသည်။ ထို့နောက် စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။
"သလွန်း သလွန်း၊ မင်း ငါ့ကိုကြည့်ပြီး လှောင်နေတယ်မလား။ ဟက်. .မင်း မပျင်းရအောင် ငါ မင်းချစ်တဲ့ ရေးကို အဖော်အဖြစ် ထည့်ပေးလိုက်မယ်"
ရေးသာ သူတို့သုံးယောက်ကြားထဲ ဝင်မလာခဲ့ရင် အခုလောက်ဆို သူက ခွန်းရဲ့ပထမဆုံးချစ်သူ ဖြစ်နေရလောက်မှာ သေချာတယ်။ ရေး အတင်းလိုက်ကပ်နေခဲ့တာကို ဖယ်ထုတ်ချင်လို့ အဲ့နှစ်ယောက် ဟန်ဆောင်တွဲပြခဲ့ကြရာကနေ သူ ခွန်းကို အပြီးလက်လွှတ်ခဲ့ရတာ။
--------------------------
နောက်ထပ်ကားတစ်စီးဖြင့် ခြေရာဖျောက်နိုင်ခဲ့ပြီဖြစ်သော ရေးတစ်ယောက် သူတို့ အခုလို လူအများကြီးကြားက လွတ်မြောက်နိုင်လာကြတာကို ဂုဏ်ယူမိသွား၏။
ကပြားကောင်က ရန်ကုန်ထဲမှာရှိတဲ့ သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တာနဲ့ ထိုသူငယ်ချင်းက ချက်ချင်း သူ့ကားနဲ့အိမ်သော့ထုတ်ပေးလာပြီး ကားပြောင်းစီးနိုင်ခဲ့ကြတာကြောင့် ရိုင်းလ်၏လူတွေ သူတို့ကို အစပျောက်သွားကြသည်။
ဒီကောင်က လူမိုက်တွေနဲ့ ပြိုင်ချတဲ့နေရာမှာပါ တော်တာမဟုတ်၊ အခုလို ပတ်ပြေးတဲ့နေရာမှာ ပိုတောင် ဆရာကျပုံရသည်။
"ဒီလောက်ဆို မင်းအဖေလက်က မင်း တကယ်လွတ်လောက်ပါပြီ။ ငါလည်း ငါ့ဆွေမျိုးတွေလက်က လွတ်အောင်လုပ်ဖို့လိုသေးတယ်လေ။ အဲ့ဒါမို့ ငါ ဒီည ဒီနိုင်ငံက ထွက်လိုက်တော့မယ်။ မင်းအဖေက သေချာပေါက် ငါ့ကို ကယ်ထုတ်ပေးမှာပါ။ သူက မင်းနဲ့ငါ တူတူမရှိရင်ဘဲ ကျေနပ်နေလောက်ပြီ၊ ချပေးတော့။ ငါ အခုနေသွားရင် မီသေးတယ်"
ထိုကောင်လေးက လည်မလိုနဲ့ အညာမိလွယ်တာကို ရိုင်းလ် သိလိုက်ရသည်။ အဲ့လိုပုံစံကြောင့်များ ဟိုကောင့်ရဲ့ အသုံးချခြင်းကို ခံခဲ့ရတာလားပဲ။ မနေ့ညက ထိန်းချုပ်ခံရသည့် လုပ်ရပ်ကို မြင်လိုက်ရကတည်းက ဖူးစာဖက်လက်ထဲ သေချာအပ်ပေးမည့် အစီအစဉ်က လုံးဝပျောက်ကွယ်သွားခြင်းဖြစ်သည်။ သူ ထိုကောင်လေးကို သျှိုင်းစက်မာန်လိုကောင်မျိုးရဲ့ လက်ထဲတော့ လုံးဝ မထည့်ပေးနိုင်တော့ပါပေ။
ခေတ္တရာရဲ့ ကျိန်စာတွေပြယ်သွားဖို့ အဲ့ကောင်ကို သူ ကိုယ်စားသတ်ပစ်လို့မရတာ နာတယ်။
"မင်းမို့လို့ ဒယ်ဒီ့စကားကို ယုံတယ်လား။ မင်းအဖေအာဏာရှိတယ်ဆိုတာ ကိုယ့်ဒယ်ဒီနဲ့ ယှဉ်လိုက်ရင် ပမွှားပဲရှိတာ။ မင်းလို တစ်ကောင်ကြွက်ဖြစ်နေတဲ့ လူမျိုးကို လက်စဖျောက်ရတာ သူ့အတွက် အလွယ်ဆုံးဖြစ်မှာကို လိုက်သွားချင်သေးတယ်။ ကိုယ် ပျောက်နေသေးတာကို မင်းကို ဒယ်ဒီက အေးဆေးလွှတ်ပေးလိုက်ရအောင်လည်း စိတ်ကောင်းဝင်နိုင်မယ် ထင်လို့လား။ ခေတ္တရာ မင်း လူတွေကို အဲ့လောက်ထိ အယုံမလွယ်စမ်းပါနဲ့"
ရေး ဟိုလူဒီလူဆီက ထွက်ထွက်ပြေးနေရတာမို့ တစ်ယောက်လက်က လွတ်ဖို့ နောက်တစ်ယောက်လက်ကို ယုံယုံကြည်ကြည် လှမ်းလှမ်းဆွဲမိသလို ဖြစ်သွားပြန်တာကို သတိိထားလိုက်မိတာမို့ ဘာပြန်ပြောရမှန်းမသိတာကြောင့် ငြိမ်ငြိမ်လေးသာ ထိုင်နေရတော့သည်။
သူ ခုနကထဲက အသံမာမာနေခဲ့တာကို ရိုင်းလ်် သတိထားလိုက်မိသည်။ တစ်နေ့လုံး သူ့ကြောင့် အနိုင်ကျင့်ခံထားရတဲ့ ကောင်လေးကို သူကပါ ပိုစိတ်ဒဏ်ရာပေးမိသလို ဖြစ်နေပြီဆိုတာကို အသိပြန်ကပ်လိုက်မိတာမို့ ကားစတီယာတိုင်ကို လက်တစ်ဖက်နဲ့ ထိန်းမောင်းနေရင်း အပြင်ကိုငေးနေသည့် ခေတ္တရာလက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။
"ကိုယ့်အနားမှာနေရတာကလည်း အန္တရာယ်များတယ်ဆိုရင်တောင် မင်း ကိုယ့်အနားမှာပဲ နေပါ။ ဒီလူတွေကိုများ ဘာကြောက်စရာရှိလို့လဲ၊ မင်းကို ထိခိုက်အောင် လုပ်လာရင် လက်သီးသုံးမရရင် ကျိန်ဆဲပြီးသာ ရှင်းထုတ်လိုက်၊ အလောင်းဖျောက်ပေးဖို့ကို ကိုယ်တာဝန်ယူတယ်"
"ဟက်. . .အစ်ကိုတစ်ယောက်အနေနဲ့ လူတွေမသတ်ဖို့ကို တားရမှာမဟုတ်ဘူးလား။ ငါ တကယ် လူမိုက်နဲ့ ပေါင်းမိနေတာပဲ"
"ဘာလဲ၊ မင်းက အန္တရာယ်တွေကြားမှာတောင် လူကောင်းဖြစ်ချင်နေတာလား။ ကောင်လေး. . .မင်း ဘယ်လောက်လူကောင်းဖြစ်အောင် ကြိုးစားကြိုးစား လောကကြီးမှာ အားကြီးတဲ့သူတွေပဲ ရှင်သန်ကျန်ရစ်နိုင်တာ၊ မကောင်းတဲ့သူတွေပဲ သက်ဆိုးရှည်ကြတာ။ အဲ့ဒါမို့ ကိုယ်တော့ ငယ်ငယ်ကတည်းက လူကောင်းဖြစ်ဖို့ အတင်းကြိုးစားမနေဘူး။ မသေခင်မှာ လုပ်ချင်တာတွေ အကုန်လုပ်သွားမှာ။
ကိုယ် အရေးပေါ်လူနာတွေ၊ သေဖို့အချိန်ကို လက်ချိုးရေနေရင်း နောက်ဆုံးရက်တွေကို ဖြတ်ကျော်နေရတဲ့ လူနာတွေ၊ မရေတွက်နိုင်လောက်တဲ့ သေဆုံးမှုတွေနဲ့ နေ့တိုင်းကြုံတွေ့ခဲ့ရတာမို့ သေရမှာ နည်းနည်းမှ မကြောက်ဘူး။ မသေခင်မှာ ငါ အရင်ကတည်းက ဒါကို လုပ်ခဲ့မိရင်ကောင်းသားကွာလို့ နောင်တရစရာမျိုး မရှိသွားရင်ပဲ ကျေနပ်ပြီ။
ကိုယ့်အတွက် ဘယ်တော့မှ နောင်တမရချင်တဲ့အရာက ကိုယ့်သူရဲကောင်းလေးကို မနက်ကလို နောက်တစ်ကြိမ် သေချာမကာကွယ်လိုက်နိုင်မှာကိုပဲ။ မင်း တစ်နေ့လုံး ကိုယ့်ကြောင့် အခုလို ပင်ပန်းခဲ့ရတာအတွက် တကယ် တောင်းပန်ပါတယ်"
ရေး ခေါင်းညိတ်ပြလိုက်ရင်း ကပြားကောင် သူ့ကို အခုလို စကားအကောင်းပြောနေတာ နားထောင်ရတာ ကြက်သီးတောင် ထလာစေသည်။ သူ ထိုလူနဲ့ ရန်စကားပြောရတာပဲ အသားကျပါသေး၏။
ထို့အတွက် မနေတတ် မထိုင်တတ် ဖြစ်သွားတာမို့ သူ့လက်ကို ဆုပ်ကိုင်ထားသည့် ထိုလူ့လက်ကိုသာ လုပ်မိလုပ်ရာ ပြန်ဆုပ်ကိုင်ထားလိုက်ရင်း-
"ခွန်းနဲ့ လက်ထပ်ရမှာကိုတောင် ပတ်ပြေးနေတယ်ဆိုတော့ မင်းမှာ တခြားချစ်ရတဲ့သူ ရှိနေလို့လား"
ထိုမေးခွန်းကို ရေး အလေးအနက် မေးလိုက်မိခြင်းဖြစ်သည်။ သူ ထိုဒေါက်တာ့ကို ဆွဲထားသင့်မသင့်က ဒီအဖြေပေါ်မှာ မူတည်၏။ သူ့မှာ ချစ်ရတဲ့သူရှိတယ်ဆိုရင်တော့ ရေး ထိုဒေါက်တာအပေါ် လုံးဝနောက်ဆုတ်လိုက်တော့မှာပင်။
ရိုင်းလ် ခေါင်းညိတ်ပြလာ၏။
"ဘယ်သူလဲ"
"နောက်တော့မှ သေချာပြောပြမယ်"
ရေး ထိုလူ့လက်ကို လွှတ်ပေးလိုက်တော့ကာ နောက်ကျောကို မှီလိုက်ရင်း မျက်လုံးတွေသာ ပိတ်ထားလိုက်တော့သည်။
အဲ့ဒါကြောင့် ကပြားကောင်က အဲ့ဒေါက်တာပါလို့ သူ့ကို ပြောမထွက်ခဲ့တာ ထင်ပါရဲ့။ သူ့အချစ်ရေးကလည်း တခြားအရာတွေလိုပဲ ကံဆိုးတယ်ဆိုတာ ရေး လက်ခံလိုက်ရတော့သည်။
ရန်ကုန်မြို့၏ ချောင်အကျဆုံး ဆိတ်ငြိမ်ရပ်ကွက်ထဲသို့ ရိုင်းလ်တို့၏ကား ဝင်ရောက်လာခဲ့သည်။
သူ့ဘေးက ကောင်လေးက ငြိမ်သွားတာ ကြာပြီ၊ အိပ်ချင်နေတာလား မသိတာကြောင့် လွှတ်ထားလိုက်ရခြင်းဖြစ်ပြီး ထိုအိမ်နားရောက်လာခါနီးလေ ရိုင်းလ် ရင်ခုန်ရလေဖြစ်နေသည်။ သူ ခေတ္တရာကို ဟီးရိုးတစ်ယောက်လို သဘောကျရတဲ့အဆင့်ထက်ပိုပြီး ချစ်မိနေခဲ့တယ်ဆိုတာကို မနေ့ညကတည်းက သေချာ နားလည်ခဲ့ရပြီး ဒီတစ်နေ့လုံး ရှာမတွေ့ခဲ့ချိန်၌ သူ့စိတ်ကိုသူ ပိုမြင်ခဲ့ခြင်းဖြစ်သည်။
ဒီတစ်နေ့လုံး မရပ်မနား ရှာဖွေခဲ့ရင်း သူ ဒီတစ်ခါပြန်ရှာတွေ့ရင် ဘယ်တော့မှ မလွှတ်ပေးတော့ဖို့၊ ညကလို တစ်ယောက်တည်းပဲ နေချင်တယ်ဆိုလည်း ခွင့်မပြုတော့ဖို့၊ သူက ထိုကောင်လေးမျှော်နေခဲ့သည့် ဒေါက်တာပါဆိုတာ ဖွင့်ပြောလိုက်တော့ဖို့ ဆုံးဖြတ်ခဲ့သည်။
"ဟေ့. . .မင်း အိပ်ပျော်နေတာလား၊ ရောက်ပြီ၊ ဆင်းရအောင်"
ရေး တကယ်အိပ်ပျော်သွားခြင်းဖြစ်သည်။
သူ ရိုင်းလ်နောက်ကနေ ထိုအိမ်ထဲ လိုက်ဝင်ခဲ့လိုက်ရင်း ဒီအိမ်ဘေးမှာ တခြားအိမ်မရှိတာကို သတိထားလိုက်မိသည်။ ထို့အတွက် ဒီကောင် သူ့ကို အနိုင်ကျင့်ရင် ရိုက်ထုတ်နိုင်ဖို့ တုတ်လိုက်ရှာနေမိသည်။
တခြားအန္တရာယ်ပေးမယ့်သူဆိုရင်တောင် ကျိန်ဆဲလိုက်လို့ရဦးမှာ၊ ဒီကောင်က သူ့ဖူးစာဖက်လည်း မဟုတ်ပါဘဲ ဘာလို့အစွမ်းတွေ မသက်ရောက်ရတာလဲပဲ။
ရေး အခုထိ ဒီကောင်က စားဘဲကြီးဆိုတာ နားထဲက မထွက်သေးသလို ထိုကဲ့သို့ အများကြီး စားခဲ့တာကိုလည်း ရုတ်တရက်ကြီး စိတ်တိုလာမိတာမို့ သူ့ရှေ့က ကပြားကောင်ကို ဆောင့်ကန်လိုက်မိသည်။
"အယ်. . .မင်း ဗလိုင်းကြီး ဘာလုပ်တာလဲ "
"လူယုတ်မာ"
နေရင်းထိုင်ရင်း အားကြီးတဲ့ကန်ချက်စာ မိလိုက်ရတာကြောင့် ခါးပင်မျက်သွားချင်သလိုအထိ ရိုင်းလ် အီစိမ့်သွားရသည်။
မဟုတ်မှလွဲရော ထိုကောင်လေး စိတ်ဖောက်လာပြန်တာလား။
"ဘယ်လောက်ပဲ နောင်တမရှိချင်လို့ ဆိုးခဲ့ဆိုးခဲ့ လူတွေအများကြီးနဲ့တော့ အိပ်ခဲ့စရာလား။ မင်းမှာ အချစ်တွေ အဲ့လောက်ပဲ ပေါရလား။ အဲ့လောက်ဖြစ်နေတာ အဲ့ချစ်နေတဲ့သူနဲ့ အတူနေလို့မရအောင် ပန်းသေသွားပါစေ"
"ဟ. . .နေရင်းထိုင်ရင်း လာကျိန်ဆဲနေတာပါလား။ ကိုယ်မထောင်နိုင်တော့ရင် မင်းပဲ ဒုက္ခရောက်မှာနော်"
ရိုင်းလ် ထိုကောင်လေးကို စနောက်ရတာ အလွန်သဘောကျနေမိသည်။ သို့သော်ငြား ခေတ္တရာကတော့ သူ့ကို အတည်ရန်လိုနေကာ ထိုးဖို့ ရှေ့တိုးလာခဲ့သည်။ ထို့အတွက် လေလိုလျင်သည့်ကောင်လေး၏ လက်ကောက်ဝတ်ကို အမြန်ဆွဲထိန်းလိုက်ရင်း ခါးကနေ သိုင်းမလိုက်ပြီး နောက်က ကုတင်ကျယ်ပေါ်သို့ ပစ်တင်လိုက်ပြီးတာနဲ့ တက်ဖိထားလိုက်တော့သည်။
ရေး အမြန်ကုန်းထလိုက်ပေမယ့် ကပြားကောင်က သူ့ကို အုပ်မိုးလာကာ အတင်း ပြန်ဖိချလာတာကြောင့် ဘေးက ပန်းအိုးကို အလျင်အမြန် ဆွဲယူလိုက်ပြီး ခေါင်းရိုက်ခွဲဖို့ ပြင်လိုက်စဉ်-
"ကိုကို မင်းကို ချစ်တယ်"
ရေး သူ့လက်ထဲမှ ပန်းအိုးကို ယောင်ပြီး လွှတ်ချလိုက်မိသွားခဲ့သည်။
ခွမ်း!
"မင်းကိုပဲ ချစ်တာမို့ မင်းမဟုတ်တဲ့ တခြားကောင်လေးတွေနဲ့ လက်မထပ်ချင်တာ"
". . . ."
"ကိုယ်နေတဲ့နိုင်ငံမှာဆို ဒီလိုကိစ္စတွေက မထူးဆန်းပေမယ့် ကိုယ် တကယ်ချစ်မိသွားတဲ့ကောင်လေးက မြန်မာနိုင်ငံက ဖြစ်နေလို့ ပထမဆုံးအကြိမ် ကိုယ် ဒီလိုတွေ ဆိုးခဲ့မိတာကို နောင်တရလာခဲ့တာပဲ။ အဲ့အတွက် မင်း ရင်ဖွင့်နေခဲ့တုန်းက ကိုယ်က မင်းမျှော်နေတဲ့ ဒေါက်တာပါလို့ ဝမ်းသာအားရ ပြောလိုက်ရမယ့်အစား ကိုယ့်ကိုယ်ကိုယ် မင်းနဲ့ မတန်ဘူးလို့ပဲ ခံစားနေမိတာ။ ဒါပေမဲ့ ကိုယ်က မင်းရဲ့ဖူးစာဖက် ဟုတ်မနေခဲ့ပေမယ့် မင်းရဲ့အိမ်ထောင်ဖက်အဖြစ် အတူရှိခွင့်ရနိုင်မလား"
ရေး ထိုလူ့ကိုသာ ပြောနေစဉ်တလျှောက်လုံး တောက်လျှောက် ငေးကြည့်နေခဲ့မိသည်။ ထိုလူ့ရဲ့ လာဗင်ဒါနံ့ အမြဲရနေတတ်သည့် ကိုယ်သင်းနံ့ကို ရေး အလွန်သဘောကျသည်။ ထိုကိုကို၏ ထူးခြားသည့် မျက်ဝန်းညိုများကို စွဲလမ်းမိသည်။ အပျော်ရဆုံးက သူ ယုံကြည်လို့ရသည်ဟု ခံစားမိခဲ့တဲ့ ဒီလူက သူ့စိတ်ကို လုံခြုံမှု နွေးထွေးမှုတွေ ဖြစ်ပေါ်စေခဲ့သည့် ဒေါက်တာဖြစ်နေခဲ့ခြင်းပင်။
ထို့ကြောင့် သူ့အပေါ် အုပ်မိုးထားသည့် ရိုင်းလ်၏ ကျောပြင်ကျယ်ကြီးပေါ်သို့ ရေး သူ့လက်တွေ ချိတ်တွယ်လိုက်မိသည်။ ဒါ မားပြီးရင် တခြားလူတစ်ယောက်နဲ့ အခုလောက် နီးနီးကပ်ကပ် ပထမဆုံး နေဖူးတာပါပင်။
"ဒါပေမဲ့ အဲ့စကားတွေကို အိပ်ရာဖော်တိုင်းကို ပြောခဲ့တာပဲမလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ပထမဆုံး မဖြစ်ရတာကို မကျေနပ်ဘူး"
ရေး ထိုလူ့ကို ပြောပြီးတာနဲ့ ဖျတ်ခနဲ အပေါ်အောက်နေရာချိန်းလိုက်ရင်း နောက်ဆုံးတော့ ထိုလူ့ကိုယ်ပေါ် သူ အောင်မြင်စွာ တက်ခွနိုင်ခဲ့ပြီ။
ရိုင်းလ် လျှော့ပေးလိုက်လို့ သူ တက်ခွလို့ရသွားတာကိုတော့ မသိချင်ယောင်ဆောင်နေလိုက်၏။ သူ ဘာလို့များ ဒီလောက်ထိ လူမိုက်လုပ်လာတာတောင် ထိုလူ့လောက်တော့ အားမကြီးရလဲဆိုတာကို တဖြည်းဖြည်း စိတ်တိုလာသည်။
"အဲ့တော့ အောက်မှာ နေပေးမယ်ဆိုရင် ဒီညီလေးက ကိုကို့ကို စဉ်းစားပေးမယ်"
ရိုင်းလ် အသံထွက်အောင် ရယ်လိုက်မိကာ သူ့ကို အားကုန်ချုပ်ထားသည့် ထိုကောင်လေးကို ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်ရသည်။
"အင်း၊ ကိုယ့်အပေါ်မှာ နေတာတော့ မင်းက တကယ် ပထမဆုံးပဲ။ ဒါဆို ကျေနပ်ပြီး ကိုယ့်ကို လက်ခံပေးမယ်မလား"
သူ့ကို အားရပါးရ ခွထားသည့် အလှလေး၏ နှုတ်ခမ်းကို လက်မနဲ့ ဖိဆွဲလိုက်ရင်း-
"ကျန်တာတော့ ကိုယ် တကယ် ပြန်ပြင်လို့မရတော့ဘူးလေ။ အဲ့ဒါမို့ အခုကစပြီး လုပ်ပေးလို့ရတာတွေ အားလုံး တကယ်လုပ်ပေးမှာ။ ကိုယ်တို့နှစ်ယောက်က ဘာသာမတူ၊ လူမျိုးမတူ၊ ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင် မတူပေမယ့် ကိုယ် မင်းအတွက် အကုန်လိုက်ညှိပေးမယ်။ မင်းနောက်မှာ ဘယ်သူမှ မရှိစေရတော့ပါဘူး"
ရေး အပြောကောင်းသည့် ထိုလူ့နှုတ်ခမ်းတွေကို ငုံ့နမ်းလိုက်မိသည်။
သူ ဘာလုပ်ရမလဲ တကယ်မသိတော့ဘူး၊ ဖြစ်သင့်ရဲ့လားလည်း မတွေးနိုင်တော့ဘူး၊ ဖူးစာဖက်မဟုတ်ကြဘဲ ကံကြမ္မာက သူတို့နှစ်ယောက်ကို နီးစပ်ခွင့်ပေးပါ့မလားလည်း မသိတော့ဘူး။
ဒီအိမ်ရဲ့အပြင်မှာ မကြာခင် အန္တရာယ်တွေ ရောက်လာမှာလား၊ သူ့သက်တမ်းက ဘယ်လောက်ရှိမှာလဲဆိုတာလဲလည်း ရေး တကယ် မသိချင်တော့ပါဘူး။
ဒါက သူ့ရဲ့နောက်ဆုံးည၊ ဒါမှမဟုတ် သူ့ကို သေစေချင်တဲ့သူတွေ များလွန်းလို့ သူ အသက်ရှင်ရမယ့်အချိန်တွေ သိပ်မကျန်တော့ဘူးဆိုရင်တောင်မှ သူ့ရဲ့နောက်ဆုံးထွက်သက်ကိုတော့ ထိုလူ့တစ်ယောက်တည်း၏ ဘေးမှာပဲ ကုန်ဆုံးခွင့်ရချင်ပါသည်။
အခုအနမ်းတွေလိုပဲ သူတို့နှစ်ယောက်စတွေ့ခဲ့ချိန်ကလည်း ကိုးရိုးကားရားနိုင်လှပါ၏။
ရိုင်းလ် ဆုံးဖြတ်ထားခဲ့သည့်အတိုင်း ဒီကောင်လေးက သူ့အပေါ်မှာ နေမှာဆိုရင် သူ ဒီည အတူနေဖို့အတွက် ငြင်းဆန်နေမှာ မဟုတ်သလို ထိုကောင်လေးရဲ့အပေါ်မှာ သူ နေခွင့်ရမယ်ဆိုရင်တော့ လက်ထပ်ပွဲ မလုပ်ပြီးမချင်း အတူနေဖို့ ကြိုးစားမှာ မဟုတ်ပါပေ။
ထိုကောင်လေးက သူ့အတွက် တန်ဖိုးဖြတ်မရလောက်အောင် တန်ဖိုးရှိသူဖြစ်ပြီး သူက ခေတ္တရာ၏ ဖူးစာဖက် ဟုတ်မနေတာမို့ သူတို့နှစ်ယောက်ကို ကံကြမ္မာက ခွဲနိုင်ခဲ့ရင် ခေတ္တရာ နစ်နာသွားရမှာအား သူ အစိုးရိမ်ဆုံးပင်။
စိတ်ဒဏ်ရာတွေများနေတဲ့ကောင်လေးကို သူကပါ စိတ်ဒဏ်ရာထပ်ပေးမိသူ မဖြစ်စေချင်တာက ထိုကောင်လေးအပေါ်ထားတဲ့ သူ့အချစ်ပင် ဖြစ်သည်။
"Pretty boy of mine, I do love you"
နှင်းလိုဖြူတဲ့အလှလေးက ဘာစကားမှ ပြန်မပြောတဲ့အပြင် အဖြေလည်း ပြန်မပေးလာဘဲ သူ့အား အကောင်လိုက်မျိုချဖို့၊ ဒါမှမဟုတ်ရင် ခေါင်းအစခြေအဆုံး လိုက်ကြည့်နေတာက သူ့အား ဘယ်အပိုင်းက စစားပစ်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေရှာပုံရလေ၏။
___________________________________________
[Zawgyi]
ရန္ကုန္ၿမိဳ႕၏ ရႈပ္ေထြးေသာ လမ္းေတြၾကား၌ သူတို႔၏ သခင္ေလးကို မ်က္ေျချပတ္သြားၾကတာေၾကာင့္ ယခုကိစၥေတြအား ကိုင္တြယ္ခြင့္ အာဏာ အျပည့္အဝ ရေနေသာ ဆက္ခြန္းသစ္ထံ ျပန္ဆက္သြယ္ၾကရသည္။
သခင္ေလး၏ အစ္ကိုက သူတို႔အား သခင္ေလး၏ အိမ္ေထာင္ဖက္ျဖစ္လာမည့္သူ၏ စကားကိုသာ နားေထာင္ၾကဖို႔ မွာထားခဲ့သည္။
ဆက္ခြန္းသစ္ ထိုသတင္းေၾကာင့္ ဒီတစ္ေန႕လုံး ေပါက္ကြဲေနရတာေတြက မၿပီးဆုံးနိုင္ေသာ ျပႆနာေတြလိုပင္။
"ကားေတာင္ ေတြ႕ၿပီး လူမေတြ႕ဘူးဆိုေတာ့ မင္းတို႔ကို ဘယ္လို ဆက္အားကိုးရေတာ့မွာလဲ။ အခုခ်က္ခ်င္း မရရေအာင္ ထပ္ရွာခဲ့။ ေနာက္ၿပီး မင္းတို႔ကို ေရးေခတၱရာရဲ႕ အိမ္ေရွ႕မွာ မလႈပ္ရွားဖို႔ မွာထားခဲ့တယ္မလား။ အလကား အသုံးမက်တဲ့ေကာင္ေတြ။ အခု အစီအစဥ္ႏွစ္ခုလုံး သြားၿပီေလ"
သခင္ေလး၏ ကားကို လမ္းေဘးတစ္ေနရာ၌ ရပ္ထားတာေတြ႕လိုက္ရေပမယ့္ ကားေပၚ၌ လူႏွစ္ေယာက္လုံးကို မေတြ႕ရေတာ့သလို ထိုနားက ဟိုတယ္ေတြ၊ တည္းခိုခန္းေတြအျပင္ ပုန္းေအာင္းေနနိုင္မည့္ ေနရာေတြကို ပိုက္စိပ္တိုက္ ရွာေဖြခဲ့ေသာ္ျငား ႏွစ္ေယာက္လုံးကို အရိပ္ေတာင္ မျမင္ရေတာ့။
"ကြၽန္ေတာ္တို႔အမွားပါ"
"ဒီမဂၤလာပြဲပ်က္ခဲ့ရရင္ မင္းတို႔အားလုံး ေသဖို႔သာ ျပင္ထား"
ဖုန္းကို အားနဲ႕ ပစ္ထုတ္လိုက္ရင္း သူ႕လမ္းလာလာပိတ္ေနသည့္ မေကာင္းဆိုးဝါးေကာင္ကို သတ္ျဖတ္လိုက္ခ်င္စိတ္ေတြ တဖြားဖြားေပၚေနေလသည္။
ထို႔ေနာက္ သူ ဖုန္းကို ဝရန္တာဖက္ ထြက္ေျပာေနခဲ့တာမို႔ အိမ္ထဲျပန္ဝင္ဖို႔အလွည့္ သူ႕အား ရပ္ၿပီး စိုက္ၾကည့္ေနေသာ မာန႔္ကို ျမင္လိုက္ရတာေၾကာင့္ လန႔္သြားမိသည္။
"မဂၤလာပြဲဆိုပဲ၊ မင္းနဲ႕ အဲ့ေကာင္ရဲ႕ မဂၤလာပြဲလို႔ေတာ့ ငါ့ကို လာမေျပာနဲ႕ေနာ္"
ဆက္ခြန္းသစ္၏ ေဒါသေတြက ပုံခ်စရာ လူရွာေနသည့္အလားပင္။ သူ ထိုေမွ်ာ့လိုေကာင္ကို လုံးဝသည္းမခံနိုင္ေတာ့။
"ျဖစ္ေတာ့ေရာ ဘာလုပ္ခ်င္လို႔လဲ၊ ငါ ဘယ္သူနဲ႕ လက္ထပ္လက္ထပ္ ဒါ ငါ့လြတ္လပ္ပိုင္ခြင့္ပဲ။ မင္းနဲ႕ငါက ဘာဆိုင္လို႔လဲ"
"ေျပာေတာ့ အစ္ကိုလိုပဲဆို"
"ဟုတ္တယ္၊ အစ္ကိုလိုပဲ။ ဒါေပမဲ့ ငါ့အစ္ကိုကို ေရးနဲ႕ေတာ့ လုံးဝခြင့္မျပဳဘူး။ ေရးေခတၱရာ အဲ့ေကာင္ ငါ့ခ်စ္သူကိုေတာ့ က်ိန္စာတိုက္သတ္ထားၿပီး သူကက် အခုလို ငါ့အစ္ကိုနဲ႕ ေအးေဆးသာယာေနတာကို လက္ပိုက္ရပ္ၾကည့္ေနရမွာလား၊ ေဝးေသး။
ငါ သလြန္းလြင္ျပင္ေလာက္ ဘယ္သူ႕ကိုမွ စိတ္မဝင္စားဘူး။ တကယ္လို႔မ်ား သလြန္းသာ အသက္ရွင္ေနဦးမယ္ဆိုရင္ သူ ငါ့ကို ခ်စ္လာေအာင္ ထပ္ထပ္ၿပီး ႀကိဳးစားဖို႔ အခြင့္အေရးရဦးမွာ။ ေရးသာ သလြန္းကို ေသေအာင္မလုပ္ခဲ့ရင္ ငါတို႔ အခုလို ေသကြဲမကြဲရဘူးကြ ! !"
သွ်ိုင္းစက္မာန္ အိေႏၵျမပ်က္ေအာင္ ေနလိုက္ရေသာ္ျငား အဲ့ေကာင္ကို အၿပီးရွင္းထုတ္ခဲ့တာေတာင္ အခုခ်ိန္ထိ သူက သလြန္းေနရာကို မရေသးတာအတြက္ နာက်င္သြားမိသည္။
ဆက္ခြန္းသစ္ အလြန္အမင္း ေပါက္ကြဲပစ္ေနမိေတာ့သည္။
"ငါ ေရးကို သတ္ခ်င္တာ ေသေတာ့မယ္။ ငါတို႔ သူ႕အေပၚ အသုံးခ်ခဲ့တဲ့ ကိစၥေတြ မ်က္ႏွာေထာက္ၿပီး အဲ့ေကာင္ သလြန္းကို လုပ္ခဲ့တာကို ငါ သည္းခံခဲ့တာ။ လူသတ္ထားၿပီး မ်က္ႏွာေျပာင္တိုက္နိုင္တဲ့ အဲ့ေကာင္မ်က္ႏွာကို ျမင္ေနရရင္ အကုသိုလ္မ်ားလြန္းလို႔ စင္ကာပူထြက္သြားခဲ့တာ။ အဲ့ဒါကို အဲ့ေကာင္ အခု ငါ့အခ်စ္ဆုံးအစ္ကိုကို ဇယားလာကပ္ေနျပန္ၿပီ။ ငါ့အစ္ကိုက အဲ့ေကာင္ထက္သာတဲ့ လူေတြနဲ႕ပဲ တန္တာ"
သွ်ိုင္းစက္မာန္ သူ႕ေဘးက ခုံကို ပိတ္ကန္ထုတ္လိုက္မိေတာ့သည္။
"အဲ့ေကာင္က ငါ့ထက္ ဘာေတြသာလို႔လဲ၊ နိုင္ငံျခားျပန္မို႔လား၊ ဆရာဝန္ျဖစ္ေနလို႔လား၊ အထက္တန္းလႊာကမို႔လို႔လား။ ေတာ္စမ္းပါ၊ မင္း သတၱိရွိရင္ ေရွ႕ဆက္တိုးရဲတိုးၾကည့္လိုက္၊ အဲ့ေကာင္နဲ႕ ယူတဲ့ေန႕က မင္းတို႔ႏွစ္ေယာက္လုံး အေသပဲ"
ဆက္ခြန္းသစ္ ေပါက္ကြဲေနရာကေန ေလွာင္ရယ္မိသြားခဲ့သည္။
"မင္းလို ငေၾကာက္က က်ိန္းေနတာကို ငါက ေၾကာက္မယ္မ်ား ထင္ေနတာလား။ မင္းပုံစံက ငါ့လို အခ်စ္႐ူးျဖစ္ေနရွာတာ သနားမိလို႔ အေရာဝင္ေနတာကို အပိုင္လာတြက္မေနစမ္းပါနဲ႕။ ငါ့ကို မင္း အတင္းအက်ပ္ လာသိမ္းလိုက္ရင္ေတာင္ ငါဆိုတာ ထူးၿပီး ဝမ္းနည္းေနမယ့္ေကာင္မ်ိဳး မဟုတ္ဘူးေနာ္။ ငါ မင္းကိုေတာ့ ေသတာေတာင္ ခ်စ္လာမွာမဟုတ္ဘူး"
"မင္း!"
"ငေၾကာက္! ဟက္! ေရးရွိမွ အဲ့ေကာင္ကို အသုံးခ်ၿပီး မဟုတ္တာေတြကိုေတာင္ လုပ္ရဲတဲ့ေကာင္ကမ်ား! ငါ့အိမ္ထဲက အခုထြက္သြား၊ ငါ့ကိုပဲ ေမွ်ာ့လိုလာကပ္ေနမယ့္အစား မင္းကိုဆို မ်က္ႏွာတစ္ခ်က္မပ်က္ေအာင္ အရမ္းထားေပးခ်င္ေနတဲ့ ေရးကိုပဲ ယူလိုက္စမ္းပါကြာ။ ႏွစ္ေကာင္လုံး တကယ္အာ႐ုံေနာက္စရာေတြ၊ ထြီ!"
သူ႕အား ရန္လိုရင္း တြန္းတိုက္ၿပီး ထြက္သြားေသာ ခြန္းကို သူ ဘာမွမလုပ္ရက္ေပမယ့္ ႏွစ္ႀကိမ္တိုင္တိုင္ အျငင္းခံေနရတာက သူ႕အား က်ားနာတစ္ေကာင္လို ျဖစ္လာေစသည္။ သူ ထိုဆရာဝန္ေကာင္ကို မသတ္ရရင္ ခြန္းကိုပဲ သူနဲ႕တူတူ ေနာက္ဘဝဆီ ေခၚသြားပစ္ခ်င္လာတဲ့အထိ ေျပာမျပတတ္ေအာင္ နာက်င္သြားရသည္။
အခုခ်ိန္ ေရးသာရွိရင္ သူ႕ကို ေပ်ာ္ေအာင္ အစြမ္းကုန္ ႏွစ္သိမ့္ေပးေနဦးမွာကို သတိရလိုက္တာေၾကာင့္ အရင္အခ်ိန္ေတြကို သတိရမိသား။
သွ်ိုင္းစက္မာန္ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းတြန႔္ၿပဳံးလိုက္မိသည္။ ထို႔ေနာက္ စိတ္ထဲကေန ေရ႐ြတ္လိုက္မိသည္။
"သလြန္း သလြန္း၊ မင္း ငါ့ကိုၾကည့္ၿပီး ေလွာင္ေနတယ္မလား။ ဟက္. .မင္း မပ်င္းရေအာင္ ငါ မင္းခ်စ္တဲ့ ေရးကို အေဖာ္အျဖစ္ ထည့္ေပးလိုက္မယ္"
ေရးသာ သူတို႔သုံးေယာက္ၾကားထဲ ဝင္မလာခဲ့ရင္ အခုေလာက္ဆို သူက ခြန္းရဲ႕ပထမဆုံးခ်စ္သူ ျဖစ္ေနရေလာက္မွာ ေသခ်ာတယ္။ ေရး အတင္းလိုက္ကပ္ေနခဲ့တာကို ဖယ္ထုတ္ခ်င္လို႔ အဲ့ႏွစ္ေယာက္ ဟန္ေဆာင္တြဲျပခဲ့ၾကရာကေန သူ ခြန္းကို အၿပီးလက္လႊတ္ခဲ့ရတာ။
--------------------------
ေနာက္ထပ္ကားတစ္စီးျဖင့္ ေျခရာေဖ်ာက္နိုင္ခဲ့ၿပီျဖစ္ေသာ ေရးတစ္ေယာက္ သူတို႔ အခုလို လူအမ်ားႀကီးၾကားက လြတ္ေျမာက္နိုင္လာၾကတာကို ဂုဏ္ယူမိသြား၏။
ကျပားေကာင္က ရန္ကုန္ထဲမွာရွိတဲ့ သူ႕သူငယ္ခ်င္းကို ဖုန္းဆက္ၿပီး အကူအညီေတာင္းလိုက္တာနဲ႕ ထိုသူငယ္ခ်င္းက ခ်က္ခ်င္း သူ႕ကားနဲ႕အိမ္ေသာ့ထုတ္ေပးလာၿပီး ကားေျပာင္းစီးနိုင္ခဲ့ၾကတာေၾကာင့္ ရိုင္းလ္၏လူေတြ သူတို႔ကို အစေပ်ာက္သြားၾကသည္။
ဒီေကာင္က လူမိုက္ေတြနဲ႕ ၿပိဳင္ခ်တဲ့ေနရာမွာပါ ေတာ္တာမဟုတ္၊ အခုလို ပတ္ေျပးတဲ့ေနရာမွာ ပိုေတာင္ ဆရာက်ပဳံရသည္။
"ဒီေလာက္ဆို မင္းအေဖလက္က မင္း တကယ္လြတ္ေလာက္ပါၿပီ။ ငါလည္း ငါ့ေဆြမ်ိဳးေတြလက္က လြတ္ေအာင္လုပ္ဖို႔လိုေသးတယ္ေလ။ အဲ့ဒါမို႔ ငါ ဒီည ဒီနိုင္ငံက ထြက္လိုက္ေတာ့မယ္။ မင္းအေဖက ေသခ်ာေပါက္ ငါ့ကို ကယ္ထုတ္ေပးမွာပါ။ သူက မင္းနဲ႕ငါ တူတူမရွိရင္ဘဲ ေက်နပ္ေနေလာက္ၿပီ၊ ခ်ေပးေတာ့။ ငါ အခုေနသြားရင္ မီေသးတယ္"
ထိုေကာင္ေလးက လည္မလိုနဲ႕ အညာမိလြယ္တာကို ရိုင္းလ္ သိလိုက္ရသည္။ အဲ့လိုပုံစံေၾကာင့္မ်ား ဟိုေကာင့္ရဲ႕ အသုံးခ်ျခင္းကို ခံခဲ့ရတာလားပဲ။ မေန႕ညက ထိန္းခ်ဳပ္ခံရသည့္ လုပ္ရပ္ကို ျမင္လိုက္ရကတည္းက ဖူးစာဖက္လက္ထဲ ေသခ်ာအပ္ေပးမည့္ အစီအစဥ္က လုံးဝေပ်ာက္ကြယ္သြားျခင္းျဖစ္သည္။ သူ ထိုေကာင္ေလးကို သွ်ိုင္းစက္မာန္လိုေကာင္မ်ိဳးရဲ႕ လက္ထဲေတာ့ လုံးဝ မထည့္ေပးနိုင္ေတာ့ပါေပ။
ေခတၱရာရဲ႕ က်ိန္စာေတြျပယ္သြားဖို႔ အဲ့ေကာင္ကို သူ ကိုယ္စားသတ္ပစ္လို႔မရတာ နာတယ္။
"မင္းမို႔လို႔ ဒယ္ဒီ့စကားကို ယုံတယ္လား။ မင္းအေဖအာဏာရွိတယ္ဆိုတာ ကိုယ့္ဒယ္ဒီနဲ႕ ယွဥ္လိုက္ရင္ ပမႊားပဲရွိတာ။ မင္းလို တစ္ေကာင္ႂကြက္ျဖစ္ေနတဲ့ လူမ်ိဳးကို လက္စေဖ်ာက္ရတာ သူ႕အတြက္ အလြယ္ဆုံးျဖစ္မွာကို လိုက္သြားခ်င္ေသးတယ္။ ကိုယ္ ေပ်ာက္ေနေသးတာကို မင္းကို ဒယ္ဒီက ေအးေဆးလႊတ္ေပးလိုက္ရေအာင္လည္း စိတ္ေကာင္းဝင္နိုင္မယ္ ထင္လို႔လား။ ေခတၱရာ မင္း လူေတြကို အဲ့ေလာက္ထိ အယုံမလြယ္စမ္းပါနဲ႕"
ေရး ဟိုလူဒီလူဆီက ထြက္ထြက္ေျပးေနရတာမို႔ တစ္ေယာက္လက္က လြတ္ဖို႔ ေနာက္တစ္ေယာက္လက္ကို ယုံယုံၾကည္ၾကည္ လွမ္းလွမ္းဆြဲမိသလို ျဖစ္သြားျပန္တာကို သတိိထားလိုက္မိတာမို႔ ဘာျပန္ေျပာရမွန္းမသိတာေၾကာင့္ ၿငိမ္ၿငိမ္ေလးသာ ထိုင္ေနရေတာ့သည္။
သူ ခုနကထဲက အသံမာမာေနခဲ့တာကို ရိုင္းလ္္ သတိထားလိုက္မိသည္။ တစ္ေန႕လုံး သူ႕ေၾကာင့္ အနိုင္က်င့္ခံထားရတဲ့ ေကာင္ေလးကို သူကပါ ပိုစိတ္ဒဏ္ရာေပးမိသလို ျဖစ္ေနၿပီဆိုတာကို အသိျပန္ကပ္လိုက္မိတာမို႔ ကားစတီယာတိုင္ကို လက္တစ္ဖက္နဲ႕ ထိန္းေမာင္းေနရင္း အျပင္ကိုေငးေနသည့္ ေခတၱရာလက္ကို ဆုပ္ကိုင္ထားလိုက္မိသည္။
"ကိုယ့္အနားမွာေနရတာကလည္း အႏၲရာယ္မ်ားတယ္ဆိုရင္ေတာင္ မင္း ကိုယ့္အနားမွာပဲ ေနပါ။ ဒီလူေတြကိုမ်ား ဘာေၾကာက္စရာရွိလို႔လဲ၊ မင္းကို ထိခိုက္ေအာင္ လုပ္လာရင္ လက္သီးသုံးမရရင္ က်ိန္ဆဲၿပီးသာ ရွင္းထုတ္လိုက္၊ အေလာင္းေဖ်ာက္ေပးဖို႔ကို ကိုယ္တာဝန္ယူတယ္"
"ဟက္. . .အစ္ကိုတစ္ေယာက္အေနနဲ႕ လူေတြမသတ္ဖို႔ကို တားရမွာမဟုတ္ဘူးလား။ ငါ တကယ္ လူမိုက္နဲ႕ ေပါင္းမိေနတာပဲ"
"ဘာလဲ၊ မင္းက အႏၲရာယ္ေတြၾကားမွာေတာင္ လူေကာင္းျဖစ္ခ်င္ေနတာလား။ ေကာင္ေလး. . .မင္း ဘယ္ေလာက္လူေကာင္းျဖစ္ေအာင္ ႀကိဳးစားႀကိဳးစား ေလာကႀကီးမွာ အားႀကီးတဲ့သူေတြပဲ ရွင္သန္က်န္ရစ္နိုင္တာ၊ မေကာင္းတဲ့သူေတြပဲ သက္ဆိုးရွည္ၾကတာ။ အဲ့ဒါမို႔ ကိုယ္ေတာ့ ငယ္ငယ္ကတည္းက လူေကာင္းျဖစ္ဖို႔ အတင္းႀကိဳးစားမေနဘူး။ မေသခင္မွာ လုပ္ခ်င္တာေတြ အကုန္လုပ္သြားမွာ။
ကိုယ္ အေရးေပၚလူနာေတြ၊ ေသဖို႔အခ်ိန္ကို လက္ခ်ိဳးေရေနရင္း ေနာက္ဆုံးရက္ေတြကို ျဖတ္ေက်ာ္ေနရတဲ့ လူနာေတြ၊ မေရတြက္နိုင္ေလာက္တဲ့ ေသဆုံးမႈေတြနဲ႕ ေန႕တိုင္းႀကဳံေတြ႕ခဲ့ရတာမို႔ ေသရမွာ နည္းနည္းမွ မေၾကာက္ဘူး။ မေသခင္မွာ ငါ အရင္ကတည္းက ဒါကို လုပ္ခဲ့မိရင္ေကာင္းသားကြာလို႔ ေနာင္တရစရာမ်ိဳး မရွိသြားရင္ပဲ ေက်နပ္ၿပီ။
ကိုယ့္အတြက္ ဘယ္ေတာ့မွ ေနာင္တမရခ်င္တဲ့အရာက ကိုယ့္သူရဲေကာင္းေလးကို မနက္ကလို ေနာက္တစ္ႀကိမ္ ေသခ်ာမကာကြယ္လိုက္နိုင္မွာကိုပဲ။ မင္း တစ္ေန႕လုံး ကိုယ့္ေၾကာင့္ အခုလို ပင္ပန္းခဲ့ရတာအတြက္ တကယ္ ေတာင္းပန္ပါတယ္"
ေရး ေခါင္းညိတ္ျပလိုက္ရင္း ကျပားေကာင္ သူ႕ကို အခုလို စကားအေကာင္းေျပာေနတာ နားေထာင္ရတာ ၾကက္သီးေတာင္ ထလာေစသည္။ သူ ထိုလူနဲ႕ ရန္စကားေျပာရတာပဲ အသားက်ပါေသး၏။
ထို႔အတြက္ မေနတတ္ မထိုင္တတ္ ျဖစ္သြားတာမို႔ သူ႕လက္ကို ဆုပ္ကိုင္ထားသည့္ ထိုလူ႕လက္ကိုသာ လုပ္မိလုပ္ရာ ျပန္ဆုပ္ကိုင္ထားလိုက္ရင္း-
"ခြန္းနဲ႕ လက္ထပ္ရမွာကိုေတာင္ ပတ္ေျပးေနတယ္ဆိုေတာ့ မင္းမွာ တျခားခ်စ္ရတဲ့သူ ရွိေနလို႔လား"
ထိုေမးခြန္းကို ေရး အေလးအနက္ ေမးလိုက္မိျခင္းျဖစ္သည္။ သူ ထိုေဒါက္တာ့ကို ဆြဲထားသင့္မသင့္က ဒီအေျဖေပၚမွာ မူတည္၏။ သူ႕မွာ ခ်စ္ရတဲ့သူရွိတယ္ဆိုရင္ေတာ့ ေရး ထိုေဒါက္တာအေပၚ လုံးဝေနာက္ဆုတ္လိုက္ေတာ့မွာပင္။
ရိုင္းလ္ ေခါင္းညိတ္ျပလာ၏။
"ဘယ္သူလဲ"
"ေနာက္ေတာ့မွ ေသခ်ာေျပာျပမယ္"
ေရး ထိုလူ႕လက္ကို လႊတ္ေပးလိုက္ေတာ့ကာ ေနာက္ေက်ာကို မွီလိုက္ရင္း မ်က္လုံးေတြသာ ပိတ္ထားလိုက္ေတာ့သည္။
အဲ့ဒါေၾကာင့္ ကျပားေကာင္က အဲ့ေဒါက္တာပါလို႔ သူ႕ကို ေျပာမထြက္ခဲ့တာ ထင္ပါရဲ႕။ သူ႕အခ်စ္ေရးကလည္း တျခားအရာေတြလိုပဲ ကံဆိုးတယ္ဆိုတာ ေရး လက္ခံလိုက္ရေတာ့သည္။
ရန္ကုန္ၿမိဳ႕၏ ေခ်ာင္အက်ဆဳံး ဆိတ္ၿငိမ္ရပ္ကြက္ထဲသို႔ ရိုင္းလ္တို႔၏ကား ဝင္ေရာက္လာခဲ့သည္။
သူ႕ေဘးက ေကာင္ေလးက ၿငိမ္သြားတာ ၾကာၿပီ၊ အိပ္ခ်င္ေနတာလား မသိတာေၾကာင့္ လႊတ္ထားလိုက္ရျခင္းျဖစ္ၿပီး ထိုအိမ္နားေရာက္လာခါနီးေလ ရိုင္းလ္ ရင္ခုန္ရေလျဖစ္ေနသည္။ သူ ေခတၱရာကို ဟီးရိုးတစ္ေယာက္လို သေဘာက်ရတဲ့အဆင့္ထက္ပိုၿပီး ခ်စ္မိေနခဲ့တယ္ဆိုတာကို မေန႕ညကတည္းက ေသခ်ာ နားလည္ခဲ့ရၿပီး ဒီတစ္ေန႕လုံး ရွာမေတြ႕ခဲ့ခ်ိန္၌ သူ႕စိတ္ကိုသူ ပိုျမင္ခဲ့ျခင္းျဖစ္သည္။
ဒီတစ္ေန႕လုံး မရပ္မနား ရွာေဖြခဲ့ရင္း သူ ဒီတစ္ခါျပန္ရွာေတြ႕ရင္ ဘယ္ေတာ့မွ မလႊတ္ေပးေတာ့ဖို႔၊ ညကလို တစ္ေယာက္တည္းပဲ ေနခ်င္တယ္ဆိုလည္း ခြင့္မျပဳေတာ့ဖို႔၊ သူက ထိုေကာင္ေလးေမွ်ာ္ေနခဲ့သည့္ ေဒါက္တာပါဆိုတာ ဖြင့္ေျပာလိုက္ေတာ့ဖို႔ ဆုံးျဖတ္ခဲ့သည္။
"ေဟ့. . .မင္း အိပ္ေပ်ာ္ေနတာလား၊ ေရာက္ၿပီ၊ ဆင္းရေအာင္"
ေရး တကယ္အိပ္ေပ်ာ္သြားျခင္းျဖစ္သည္။
သူ ရိုင္းလ္ေနာက္ကေန ထိုအိမ္ထဲ လိုက္ဝင္ခဲ့လိုက္ရင္း ဒီအိမ္ေဘးမွာ တျခားအိမ္မရွိတာကို သတိထားလိုက္မိသည္။ ထို႔အတြက္ ဒီေကာင္ သူ႕ကို အနိုင္က်င့္ရင္ ရိုက္ထုတ္နိုင္ဖို႔ တုတ္လိုက္ရွာေနမိသည္။
တျခားအႏၲရာယ္ေပးမယ့္သူဆိုရင္ေတာင္ က်ိန္ဆဲလိုက္လို႔ရဦးမွာ၊ ဒီေကာင္က သူ႕ဖူးစာဖက္လည္း မဟုတ္ပါဘဲ ဘာလို႔အစြမ္းေတြ မသက္ေရာက္ရတာလဲပဲ။
ေရး အခုထိ ဒီေကာင္က စားဘဲႀကီးဆိုတာ နားထဲက မထြက္ေသးသလို ထိုကဲ့သို႔ အမ်ားႀကီး စားခဲ့တာကိုလည္း ႐ုတ္တရက္ႀကီး စိတ္တိုလာမိတာမို႔ သူ႕ေရွ႕က ကျပားေကာင္ကို ေဆာင့္ကန္လိုက္မိသည္။
"အယ္. . .မင္း ဗလိုင္းႀကီး ဘာလုပ္တာလဲ "
"လူယုတ္မာ"
ေနရင္းထိုင္ရင္း အားႀကီးတဲ့ကန္ခ်က္စာ မိလိုက္ရတာေၾကာင့္ ခါးပင္မ်က္သြားခ်င္သလိုအထိ ရိုင္းလ္ အီစိမ့္သြားရသည္။
မဟုတ္မွလြဲေရာ ထိုေကာင္ေလး စိတ္ေဖာက္လာျပန္တာလား။
"ဘယ္ေလာက္ပဲ ေနာင္တမရွိခ်င္လို႔ ဆိုးခဲ့ဆိုးခဲ့ လူေတြအမ်ားႀကီးနဲ႕ေတာ့ အိပ္ခဲ့စရာလား။ မင္းမွာ အခ်စ္ေတြ အဲ့ေလာက္ပဲ ေပါရလား။ အဲ့ေလာက္ျဖစ္ေနတာ အဲ့ခ်စ္ေနတဲ့သူနဲ႕ အတူေနလို႔မရေအာင္ ပန္းေသသြားပါေစ"
"ဟ. . .ေနရင္းထိုင္ရင္း လာက်ိန္ဆဲေနတာပါလား။ ကိုယ္မေထာင္နိုင္ေတာ့ရင္ မင္းပဲ ဒုကၡေရာက္မွာေနာ္"
ရိုင္းလ္ ထိုေကာင္ေလးကို စေနာက္ရတာ အလြန္သေဘာက်ေနမိသည္။ သို႔ေသာ္ျငား ေခတၱရာကေတာ့ သူ႕ကို အတည္ရန္လိုေနကာ ထိုးဖို႔ ေရွ႕တိုးလာခဲ့သည္။ ထို႔အတြက္ ေလလိုလ်င္သည့္ေကာင္ေလး၏ လက္ေကာက္ဝတ္ကို အျမန္ဆြဲထိန္းလိုက္ရင္း ခါးကေန သိုင္းမလိုက္ၿပီး ေနာက္က ကုတင္က်ယ္ေပၚသို႔ ပစ္တင္လိုက္ၿပီးတာနဲ႕ တက္ဖိထားလိုက္ေတာ့သည္။
ေရး အျမန္ကုန္းထလိုက္ေပမယ့္ ကျပားေကာင္က သူ႕ကို အုပ္မိုးလာကာ အတင္း ျပန္ဖိခ်လာတာေၾကာင့္ ေဘးက ပန္းအိုးကို အလ်င္အျမန္ ဆြဲယူလိုက္ၿပီး ေခါင္းရိုက္ခြဲဖို႔ ျပင္လိုက္စဥ္-
"ကိုကို မင္းကို ခ်စ္တယ္"
ေရး သူ႕လက္ထဲမွ ပန္းအိုးကို ေယာင္ၿပီး လႊတ္ခ်လိဳက္မိသြားခဲ့သည္။
ခြမ္း!
"မင္းကိုပဲ ခ်စ္တာမို႔ မင္းမဟုတ္တဲ့ တျခားေကာင္ေလးေတြနဲ႕ လက္မထပ္ခ်င္တာ"
". . . ."
"ကိုယ္ေနတဲ့နိုင္ငံမွာဆို ဒီလိုကိစၥေတြက မထူးဆန္းေပမယ့္ ကိုယ္ တကယ္ခ်စ္မိသြားတဲ့ေကာင္ေလးက ျမန္မာနိုင္ငံက ျဖစ္ေနလို႔ ပထမဆုံးအႀကိမ္ ကိုယ္ ဒီလိုေတြ ဆိုးခဲ့မိတာကို ေနာင္တရလာခဲ့တာပဲ။ အဲ့အတြက္ မင္း ရင္ဖြင့္ေနခဲ့တုန္းက ကိုယ္က မင္းေမွ်ာ္ေနတဲ့ ေဒါက္တာပါလို႔ ဝမ္းသာအားရ ေျပာလိုက္ရမယ့္အစား ကိုယ့္ကိုယ္ကိုယ္ မင္းနဲ႕ မတန္ဘူးလို႔ပဲ ခံစားေနမိတာ။ ဒါေပမဲ့ ကိုယ္က မင္းရဲ႕ဖူးစာဖက္ ဟုတ္မေနခဲ့ေပမယ့္ မင္းရဲ႕အိမ္ေထာင္ဖက္အျဖစ္ အတူရွိခြင့္ရနိုင္မလား"
ေရး ထိုလူ႕ကိုသာ ေျပာေနစဥ္တေလွ်ာက္လုံး ေတာက္ေလွ်ာက္ ေငးၾကည့္ေနခဲ့မိသည္။ ထိုလူ႕ရဲ႕ လာဗင္ဒါနံ႕ အၿမဲရေနတတ္သည့္ ကိုယ္သင္းနံ႕ကို ေရး အလြန္သေဘာက်သည္။ ထိုကိုကို၏ ထူးျခားသည့္ မ်က္ဝန္းညိုမ်ားကို စြဲလမ္းမိသည္။ အေပ်ာ္ရဆုံးက သူ ယုံၾကည္လို႔ရသည္ဟု ခံစားမိခဲ့တဲ့ ဒီလူက သူ႕စိတ္ကို လုံၿခဳံမႈ ေႏြးေထြးမႈေတြ ျဖစ္ေပၚေစခဲ့သည့္ ေဒါက္တာျဖစ္ေနခဲ့ျခင္းပင္။
ထို႔ေၾကာင့္ သူ႕အေပၚ အုပ္မိုးထားသည့္ ရိုင္းလ္၏ ေက်ာျပင္က်ယ္ႀကီးေပၚသို႔ ေရး သူ႕လက္ေတြ ခ်ိတ္တြယ္လိုက္မိသည္။ ဒါ မားၿပီးရင္ တျခားလူတစ္ေယာက္နဲ႕ အခုေလာက္ နီးနီးကပ္ကပ္ ပထမဆုံး ေနဖူးတာပါပင္။
"ဒါေပမဲ့ အဲ့စကားေတြကို အိပ္ရာေဖာ္တိုင္းကို ေျပာခဲ့တာပဲမလား။ ဘယ္လိုပဲျဖစ္ျဖစ္ ငါက ပထမဆုံး မျဖစ္ရတာကို မေက်နပ္ဘူး"
ေရး ထိုလူ႕ကို ေျပာၿပီးတာနဲ႕ ဖ်တ္ခနဲ အေပၚေအာက္ေနရာခ်ိန္းလိုက္ရင္း ေနာက္ဆုံးေတာ့ ထိုလူ႕ကိုယ္ေပၚ သူ ေအာင္ျမင္စြာ တက္ခြနိုင္ခဲ့ၿပီ။
ရိုင္းလ္ ေလွ်ာ့ေပးလိုက္လို႔ သူ တက္ခြလို႔ရသြားတာကိုေတာ့ မသိခ်င္ေယာင္ေဆာင္ေနလိုက္၏။ သူ ဘာလို႔မ်ား ဒီေလာက္ထိ လူမိုက္လုပ္လာတာေတာင္ ထိုလူ႕ေလာက္ေတာ့ အားမႀကီးရလဲဆိုတာကို တျဖည္းျဖည္း စိတ္တိုလာသည္။
"အဲ့ေတာ့ ေအာက္မွာ ေနေပးမယ္ဆိုရင္ ဒီညီေလးက ကိုကို႔ကို စဥ္းစားေပးမယ္"
ရိုင္းလ္ အသံထြက္ေအာင္ ရယ္လိုက္မိကာ သူ႕ကို အားကုန္ခ်ဳပ္ထားသည့္ ထိုေကာင္ေလးကို ေက်ေက်နပ္နပ္ ေခါင္းညိတ္ျပလိုက္ရသည္။
"အင္း၊ ကိုယ့္အေပၚမွာ ေနတာေတာ့ မင္းက တကယ္ ပထမဆုံးပဲ။ ဒါဆို ေက်နပ္ၿပီး ကိုယ့္ကို လက္ခံေပးမယ္မလား"
သူ႕ကို အားရပါးရ ခြထားသည့္ အလွေလး၏ ႏႈတ္ခမ္းကို လက္မနဲ႕ ဖိဆြဲလိုက္ရင္း-
"က်န္တာေတာ့ ကိုယ္ တကယ္ ျပန္ျပင္လို႔မရေတာ့ဘူးေလ။ အဲ့ဒါမို႔ အခုကစၿပီး လုပ္ေပးလို႔ရတာေတြ အားလုံး တကယ္လုပ္ေပးမွာ။ ကိုယ္တို႔ႏွစ္ေယာက္က ဘာသာမတူ၊ လူမ်ိဳးမတူ၊ ႀကီးျပင္းလာခဲ့တဲ့ ပတ္ဝန္းက်င္ မတူေပမယ့္ ကိုယ္ မင္းအတြက္ အကုန္လိုက္ညွိေပးမယ္။ မင္းေနာက္မွာ ဘယ္သူမွ မရွိေစရေတာ့ပါဘူး"
ေရး အေျပာေကာင္းသည့္ ထိုလူ႕ႏႈတ္ခမ္းေတြကို ငုံ႕နမ္းလိုက္မိသည္။
သူ ဘာလုပ္ရမလဲ တကယ္မသိေတာ့ဘူး၊ ျဖစ္သင့္ရဲ႕လားလည္း မေတြးနိုင္ေတာ့ဘူး၊ ဖူးစာဖက္မဟုတ္ၾကဘဲ ကံၾကမၼာက သူတို႔ႏွစ္ေယာက္ကို နီးစပ္ခြင့္ေပးပါ့မလားလည္း မသိေတာ့ဘူး။
ဒီအိမ္ရဲ႕အျပင္မွာ မၾကာခင္ အႏၲရာယ္ေတြ ေရာက္လာမွာလား၊ သူ႕သက္တမ္းက ဘယ္ေလာက္ရွိမွာလဲဆိုတာလဲလည္း ေရး တကယ္ မသိခ်င္ေတာ့ပါဘူး။
ဒါက သူ႕ရဲ႕ေနာက္ဆုံးည၊ ဒါမွမဟုတ္ သူ႕ကို ေသေစခ်င္တဲ့သူေတြ မ်ားလြန္းလို႔ သူ အသက္ရွင္ရမယ့္အခ်ိန္ေတြ သိပ္မက်န္ေတာ့ဘူးဆိုရင္ေတာင္မွ သူ႕ရဲ႕ေနာက္ဆုံးထြက္သက္ကိုေတာ့ ထိုလူ႕တစ္ေယာက္တည္း၏ ေဘးမွာပဲ ကုန္ဆုံးခြင့္ရခ်င္ပါသည္။
အခုအနမ္းေတြလိုပဲ သူတို႔ႏွစ္ေယာက္စေတြ႕ခဲ့ခ်ိန္ကလည္း ကိုးရိုးကားရားနိုင္လွပါ၏။
ရိုင္းလ္ ဆုံးျဖတ္ထားခဲ့သည့္အတိုင္း ဒီေကာင္ေလးက သူ႕အေပၚမွာ ေနမွာဆိုရင္ သူ ဒီည အတူေနဖို႔အတြက္ ျငင္းဆန္ေနမွာ မဟုတ္သလို ထိုေကာင္ေလးရဲ႕အေပၚမွာ သူ ေနခြင့္ရမယ္ဆိုရင္ေတာ့ လက္ထပ္ပြဲ မလုပ္ၿပီးမခ်င္း အတူေနဖို႔ ႀကိဳးစားမွာ မဟုတ္ပါေပ။
ထိုေကာင္ေလးက သူ႕အတြက္ တန္ဖိုးျဖတ္မရေလာက္ေအာင္ တန္ဖိုးရွိသူျဖစ္ၿပီး သူက ေခတၱရာ၏ ဖူးစာဖက္ ဟုတ္မေနတာမို႔ သူတို႔ႏွစ္ေယာက္ကို ကံၾကမၼာက ခြဲနိုင္ခဲ့ရင္ ေခတၱရာ နစ္နာသြားရမွာအား သူ အစိုးရိမ္ဆုံးပင္။
စိတ္ဒဏ္ရာေတြမ်ားေနတဲ့ေကာင္ေလးကို သူကပါ စိတ္ဒဏ္ရာထပ္ေပးမိသူ မျဖစ္ေစခ်င္တာက ထိုေကာင္ေလးအေပၚထားတဲ့ သူ႕အခ်စ္ပင္ ျဖစ္သည္။
"Pretty boy of mine, I do love you"
ႏွင္းလိုျဖဴတဲ့အလွေလးက ဘာစကားမွ ျပန္မေျပာတဲ့အျပင္ အေျဖလည္း ျပန္မေပးလာဘဲ သူ႕အား အေကာင္လိုက္မ်ိဳခ်ဖိဳ႕၊ ဒါမွမဟုတ္ရင္ ေခါင္းအစေျခအဆုံး လိုက္ၾကည့္ေနတာက သူ႕အား ဘယ္အပိုင္းက စစားပစ္ရမလဲဆိုတာ ေဝခြဲမရ ျဖစ္ေနရွာပုံရေလ၏။
___________________________________________